“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, December 30, 2010

ကိုယ့်ဘက်ကျ အမှောင်..သူတို့ ဘက်ကျ အလင်းရောင်

ရွှေလီမြန်မာကနေ လျှပ်စစ်ဓာတ်အား နာရီဝပ် သန်း ၃ ထရီလီယံ တရုတ် တင်သွင်းခဲ့

2010-12-29

တရုတ်အစိုးရပိုင် တောင်ပိုင်းပြည်နယ်များ စွမ်းအင်ကုမ္ပဏီရဲ့ ယူနန်ပြည်နယ် လုပ်ငန်းခွဲဟာ ၂၀၁၀ ပြည့်နှစ် ပထမ ၁၁ လ အတွင်း မြန်မာနိုင်ငံက ရွှေလီ မြန်မာရေအား လျှပ်စစ်ဓာတ်အား စက်ရုံ အမှတ် ၁ ကနေ နာရီဝပ် သန်းပေါင်း ၃ ထရီလီယံ တင်သွင်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အခုလို မြန်မာဖက်က လျှပ်စစ်ဓာတ်အား အမြောက်အများ တင်သွင်းခဲ့တဲ့ အတွက် တရုတ်နိုင်ငံဖက်မှာ ကျောက်မီးသွေး တန်ချိန် ၂ သန်း အကုန်ကျ သက်သာခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု တန်ချိန် ၂ သန်း ၅ သိန်းကျော် လျှော့ချနိုင်ခဲ့တယ် လို့လည်း ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။ ယူနန်ပြည်နယ် စွမ်းအင်ကုမ္ပဏီခွဲဟာ တရုတ်ပြည်ရဲ့ စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းရေး အတွက် မြန်မာ အပါအ၀င် မဲခေါင်မြစ်ဝှမ်း နိုင်ငံတွေက စွမ်းအင်တွေ ရရှိဖို့ မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ရွှေလီမြန်မာရေအား လျှပ်စစ်စက်ရုံဟာ မြန်မာနိုင်ငံမှာ တရုတ် အစိုးရ ကိုယ်တိုင် အကုန်ကျခံ တည်ဆောက် လည်ပတ်ပြီး ကိုယ်တိုင် တရုတ်ပြည်ကို ပြန်လည်တင်ပို့တဲ့ တရုတ် ရင်းနှီးမြုပ်နှံမှုတွေထဲမှာ အကြီးဆုံး လုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ် လျှပ်စစ် စွမ်းအင် နာရီသန်း ၄ ထောင်အထိ ထုတ်လုပ်နိုင်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစပြီး စက်ရုံက ဓာတ်အားခွဲရုံ ၃ ရုံကနေ လစဉ် လျှပ်စစ် စွမ်းအင် နာရီဝပ် သန်းပေါင်း ၁၄၀ ထုတ်လုပ် နိုင်တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/china_imports_hydro_power-12292010160054.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */