“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, December 20, 2010

မိုင်းဆတ်ရောက် ကိုကိုကြီး ၄၉ နှစ်ပြည့် မွေးနေ့အမှတ်တရ

အညာနွေတမာမြေ
ကိုကိုကြီး (၁၉၆၁ - ) ၏ ကိုယ်ရေး အကျဉ်း
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး မွေးနေ့အမှတ်တရ

၁၉၆၁ ဒီဇင်ဘာ ၁၈ တွင် ဖွားမြင်သည်။

၁၉၇၇ နိုဝင်ဘာလတွင် စက်မှုလက်မှုအထက်တန်းကျောင်း အမှတ် ၁၊ ရန်ကုန်မှ လျှပ်စစ် ဘာသာရပ်ဖြင့် အောင်မြင်သည်။

၁၉၇၈ အခြေခံပညာအထက်တန်း ခ အဆင့်ဖြင့် အောင်မြင်သည်။

၁၉၈၀ - ၈၃ တွင် AGTI (EP) စက်မှုလက်မှုသိပ္ပံ မှ လျှပ်စစ်အင်ဂျင်နီယာ ဒီပလိုမာ ရရှိအောင်မြင်သည်။

၁၉၈၄ အခြေခံပညာစာမေးပွဲတွင် သချာင်္၊ ရူပ/ဓာတု၊ ဂုဏ်ထူးတို့ဖြင့် အောင်မြင်သည်။

၁၉၈၄ - ၈၅ တက္ကသိုလ်ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ပထမဦးဆုံးအသုတ်အဖြစ် စတင်တက်ရောက် သင်ကြားသည်။

၁၉၈၆ တွင် HGP အထက်တန်းရှေ့နေ စာမေးပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်သည်။

၁၉၈၈ မတ်လ ၁၆ ရက် - တံတားနီ ကျောင်းသားလှုပ်ရှားမှုမှ စတင်၍ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်ခဲ့သည်။

၁၉၈၈ ဇွန်လ အရေးအခင်း နောက်ပိုင်း ကျောင်းများပိတ်သွားပြီး ပြန့်ကျဲသွားသော ကျောင်းသားအင်အားစုများကိုစုစည်း၍ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရန် ဦးဆောင်စည်းရုံးခဲ့သူ တဦးအဖြစ် ပါဝင်ခဲ့သည်။

၈ ၈ ၈ ၈ အရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး သြဂုတ်လ ၂၈ ရက် ရန်ကုန်တက္ကသိုလ် - သမဂ္ဂမြက်ခင်းပြင်တွင် ညီလာခံကျင်းပ ဖွဲ့စည်းခဲ့သော “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်” ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကြားဖြတ်အစိုး ရ ဖွဲ့စည်းရေး၊ ၀န်ကြီးချုပ်ဦးနု၏ စင်ပြိုင်အစိုးရ ထောက်ခံရေး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
န၀တ (တပ်မတော်) က အာဏာသိမ်းပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းရေးတွင် ပံ့ပိုးကူညီမှု ပေးခဲ့သည်။

၁၉၈၉ ဇန်န၀ါရီ ၇ ရက်နေ့တွင် တက္ကသိုလ်အလိုက် ကျောင်းသားသမဂ္ဂများနှင့် စုစည်း၍ ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာတွင် ဒုဥက္ကဋ္ဌ - ၁ အဖြစ် ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဗကသများအဖွဲ့ချုပ်၊ အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့ (LS)၊ ရဟန်းပျိုများအဖွဲ့၊ အထိန်းသိမ်းခံကျောင်းသားဟောင်းများ အဖွဲ့ (၇၄ - မှိုင်း) ၊ အခြားတပ်ဦးများနှင့် ပူးပေါင်း၍ ဒေါ်ခင်ကြည်ဈာပနကော်မီတီ အမည်ဖြင့် ဇန်န၀ါရီလ ၂ ရက်နေ့တွင် တပ်ပေါင်းစုအ သွင် စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သည်။

၁၉၈၉ မတ်လ ၁၃ ရက် ကိုဘုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မီတီ၊ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံရေးပါတီများ၊ အင်အားစုများကြား တောင်းဆိုချက် ၅ ချက်ကို ဘုံ သဘောတူညီမှုဖြင့် ညှိနှိုင်းချမှတ် စုစည်းနိုင်ခဲ့သည်။

၁၉၈၉ မတ်လ ၁၃ ရက် တွင် ကိုဘုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည် ၀မ်းနည်းခြင်းရက်သတ္တပတ်အဖြစ် ရန်ကုန်တိုင်းမြို့နယ် အနှံ့အပြား တွင် ဒီမိုကရေစီရေး လူထုဟောပြောပွဲများ ကျင်းပဟောပြောခဲ့သည်။

လက်ရှိမြန်မာနိုင်ငံနှင့် ကြားဖြတ်အစိုးရပြသနာ ခေါင်းစဉ်ဖြင့် စာတမ်းတစောင်ကို ဗကသ ခေါင်းဆောင်များအကြား တင်သွင်းဆွေးနွေး ခဲ့ပြီး ယင်းစာတမ်းနှင့်အတူ ၁၉၈၉ ဧပြီလတွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်။

၁၉၈၉ ဇွန်လတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး အထိမ်းအမှတ်၊ အခမ်းအနားများ စည်းဝေး ဟောပြောမှုများ၊ စည်းရုံးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ် ခဲ့သည်။

၁၉၈၉ ဒီဇင်ဘာလတွင် ဗကသ၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (လူငယ်) တို့ ညှိနှိုင်းဆွေးနွေး၍ ရွေးကောက်ပွဲဖြတ်သန်းရေး၊ ဒီမိုကရေစီအင်အားစုများ အနိုင်ရရေး၊ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ ကျောင်းသားလူငယ် ကိုယ်စားလှယ်များ လွှတ်တော်တွင်း ပါဝင်ရေး ဟူသော အချက်လေးချက်ကို ပါတီဂိုဏ်ဂဏစွဲမပါပဲ အမျိုးသားရေး ဦးတည်ချက်ဖြင့် ချမှတ်ထုတ်ပြန်နိုင်ခဲ့သည်။

၁၉၉၀ မေလ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ဒီမိုကရေစီအင်အားစုများ အနိုင်ရရှိရေး ကြိုးပမ်း ခြင်း များကို ဆောင်ရွက်လှုပ်ရှားခဲ့သည်။

၁၉၉၀ ဇူလိုင်လ ဂန္ဒီညီလာခံကျင်းပရေး ကူညီပံ့ပိုးခဲ့ပြီး၊ ဂန္ဒီသဘောထားကြေငြာချက်ကို ဗကသ အနေဖြင့် ထောက်ခံကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

၁၉၉၀ သြဂုတ်လတွင် န၀တ နှင့် အမျိုးသားဒီမိုကရေစီအဖွဲချူပ် ထိပ်တိုက်တွေ့ဆုံနေရမှု (၁/၉၀ နှင့် ဂန္ဒီ) ကို ကြားဝင်ဖြန်ဖြေပေးရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အား မေတ္တာရပ်ခံသည့် ကြေငြာချက်ကို ဦးရေတ(ပျံလွန်) (အထက်ဗမာပြည် လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီ ဥက္ကဋ္ဌ)၊ ဦးပညိန္ဒ (အောက်ဗမာပြည် ရဟန်းပျိုသမဂ္ဂများ အဖွဲ့ချူပ် ဥက္ကဋ္ဌ)၊ ဦးမောင်ကို (ကွယ်လွန်) (အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့) တို့နှင့်အတူ လေးဦးပူးတွဲ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

၁၉၉၀ အောက်တိုဘာလ (သီတင်းကျွတ်လပြည့်နေ့) သံဃာတော်များ သပိတ်မှောက်ကံဆောင်ပွဲ (ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ) အတွက် ပံ့ပိုးကူညီပေးခဲ့သည်။

၁၉၉၁ ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် လက်ရှိသင်ယူနေသော နိုင်ငံတကာဆက်ဆံရေးပညာနောက်ဆုံး နှစ် ကို ယင်းပညာသင်နှစ်မှ နူတ်ထွက်ကြောင်း တင်ပြခဲ့သည်။

၁၉၉၁ ဇူလိုင်လ ၁၅ ရက် နေ့စွဲဖြင့် ပညာရေးဝန်ကြီးထံ လိပ်မူ၍ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းတည်ရှိခွင့်ကို တင်ပြတောင်းဆို ခဲ့ သည်။

၁၉၉၁ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ် ဆု ရရှိခြင်း ထောက်ခံဆန္ဒပြပွဲ ဦးဆောင်သည် ဟူသော စွဲချက်ဖြင့် ၁၉၉၂ မတ်လ ၂၅ တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခံခဲ့ရသည်။

၁၉၉၄ ဇွန်လ ၁၁ ရက်နေ့တွင် သရက်အကျဉ်းထောင် သို့ ပြောင်းရွေ့ခံရပြီး ၁၉၉၉ အောက်တိုဘာ ၂၀ ရက်နေ့တွင် လွတ်မြောက်ကြောင်း အသိပေးခံခဲ့ရသည်။ ယင်းနေ့မှစ၍ တစ်ဆက် တည်း ပုဒ်မ ၁၀(က) ဖြင့် ဆက်လက်ချူပ်နှောင်ခြင်းခံရသည်။

၁၉၈၈ မတ်လ နိုင်ငံရေးစတင်လှုပ်ရှားစဉ်မှ စ၍ ဖမ်းဆီးထိမ်းသိမ်းခံနေရချိန်များ အပါအ၀င် ကျောင်းသားသမဂ္ဂသည် လွတ်လပ်ပြီး အမှီအခိုကင်းသော ( Natural and Independent) သမဂ္ဂ ဖြစ်ရမည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းရမည် ဟူသော မူ ကို တစိုက်မတ်မတ် စွဲကိုင်ရင်း ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်လျှက်ရှိသည်။

၎င်း၏ ကိုယ်ရေးအကျဉ်းမှာ အထက်ပါအတိုင်းဖြစ်ပါတယ်။ ၎င်းနောက်ပိုင်း ဖြစ်စဉ်ကို သတင်းများမှ အောက်ပါအတိုင်း ကောက်နုတ်ဖြည့် စွက်လိုက်ပါတယ်။

၂၀၀၅ မတ်လတွင် အကျဉ်းထောင်မှ လွတ်မြောက်သည်။ ထောင်ထဲတွင် စုစုပေါင်း ၁၃ နှစ် ကျခံခဲ့ရသည်။

၂၀၀၅ စက်တင်ဘာတွင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသော ၈၈ အရေးတော်ပုံက ကျောင်းသားလူငယ်များ၊ အမျိုး သမီးများကို စုစည်းပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့နှင့်အတူစုစည်း ထူထောင်ခဲ့သည်။

၂၀၀၆ တွင် အင်န်အယ်ဒီ၊ သက်ကြီးနိုင်ငံရေးသမားကြီးများ၊ စာပေအနုပညာရှင်ကြီးများ၊ ကိုဇာဂနာနှင့် မိတ်ဆွေများ၊ မျိုးဆက်သစ် လူ ငယ်ကျောင်းသားများနှင့် လက်တွဲပြီး လက်ရှိနိုင်ငံရေးအခြေအနေများကို လေ့လာဆွေးနွေးခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းများကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။
၂၀၀၆ စက်တင်ဘာမှ ၂၀၀၇ နှစ်ဆန်းအထိ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ်၊ ပြုံးချို နှင့် မင်းဇေယျာ တို့ကို စစ်အစိုးရက ဖမ်းဆီးထိန်း သိမ်းခဲ့သည်။

၂၀၀၆ အောက်တိုဘာမှ အစပြုပြီး ကျန် ၈၈ မျိုးဆက်တို့က အဖြူရောင်လှုပ်ရှားမှုအမည်ဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးကို တောင်းဆိုခဲ့သည်။ ဒေါ်အမာ၊ ဇာဂနာ စသည့် အတိုက်အခံစာပေပညာရှင်များ အပါအ၀င် လူထု လူတန်းစားပေါင်းစုံပါဝင် လက် မှတ်ထိုးခဲ့ကြသည်။

၂၀၀၇ ဇန်န၀ါရီ ထိမ်းသိမ်းခံထားရာမှ လွတ်မြောက်လာပြီး အဖြူရောင်လှုပ်ရှားမှုများကို တိုးမြှင့်ခဲ့ရာ ပြည်သူလူထု၏ ရင်ဖွင့်ချက်များကို ထုတ်ပြန်ခြင်း၊ နိုင်ငံရေးအကျဉ်းသားမိသားစုများကို သွားရောက်အားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ စစ်အုပ်စု၏ ကြံ့ဖွတ်များ၊ စွမ်းအားရှင်များက နှောက်ယှက်ခဲ့ကြသည်။

၂၀၀၇ သြဂုတ်လတွင် ၈ လေးလုံး ၁၉ နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ကြသည်။ စစ်အုပ်စု၏ လောင်စာဆီဈေးနှုန်းများ အဆမတန်တိုး မြှင့်ခြင်းကို ကန့်ကွက်ဆန္ဒပြလမ်းလျောက်ခဲ့ပြီးနောက် သြဂုတ်လ ၂၁ ရက်နေ့တွင် မင်းကိုနိုင်နှင့် အခြား ၈၈ မျိုးဆက်ကျောင်းသား ၁၂ ဦးနှင့်အတူ ဖမ်းဆီးခြင်း ခံရသည်။

၂၀၀၈ နိုဝင်ဘာတွင် စစ်အစိုးရက ထောင် ဒဏ် ၆၅ နှစ် ချလိုက်သည်။ ယခု ရှမ်းပြည် မိုင်းဆတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည်။
အညာနွေတမာမြေ blog မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */