“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, December 30, 2010

ဝ..ကလည်း ထိုင်စောင့်မည်။

ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည်
-မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်း ပရေးကို စောင့်ကြည့်သွားရန် ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP က ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်အရှေ့မြောက် မိုင်းမောခရိုင်တွင် ယခုလ ၂ဝ ရက်နေ့မှ ယနေ့ထိ ၁ဝ ရက်ကြာ ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် UWSP ခရိုင်ပါတီညီလာခံက ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးနှင့် ပတ်သက်၍ စောင့်ကြည့်သွားမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်မယ့် ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ သူတို့ ဘယ်လို လုပ် ဆောင် မယ်ဆိုတာကို သေသေချာချာ၊ ရှင်းရှင်းလင်းလင်း နားလည်ခြင်း မရှိတဲ့အတွက် ဒါကို လက်ခံဖို့ စောင့်ကြည့်နေတုန်းပါပဲ” ဟု UWSP မှ အမည်မဖော်လိုသူ ဗိုလ်မှူးကြီးတဦးက မဇ္ဈိမကို ပြောသည်။

အဖွဲ့ဝင် ၃ဝဝဝ ကျော် တက်ရောက်ခဲ့သည့် UWSP ညီလာခံက “ဝ” တပ်မတော်သည် လက်နက်မချ၊ ပြည်ထောင်စုမှ ခွဲထွက်မည့် အဆို မပြု၊ သီးခြားလွတ်လပ်ရေး တောင်းဆိုမည် မဟုတ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆက်လက် တောင်းဆိုမည်၊ အစိုးရ သစ်နှင့် တွေ့ဆုံဆွေးနွေးရေး မူဝါဒကို ဆက်လက်ကျင့်သုံးမည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက် သွားမည်ဟု ဆုံးဖြတ်ချက် ၆ ရပ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ၂၁ ရာစု ဒုတိယပင်လုံညီလာခံ ကျင်းပရေး ဦးတည်ချက်ကို ထောက်ခံသည့် တိုင်းရင်းသား အဖွဲ့ များ ရှိသော်လည်း အချို့ကမူ စစ်အစိုးရ အုပ်ချုပ်နေစဉ် မည်ကဲ့သို့ ခေါ်ယူကျင်းပနိုင်မလဲဟူ၍ သံသယများ ရှိနေသည်။

NLD အလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က “၂၁ ရာစုလို့ သုံးတဲ့ စကားဟာ ၂၁ ရာစုရဲ့ နည်းပညာတွေကို အသုံးချချင်တဲ့ သဘောကို ဆောင်တယ်။ ညီလာခံ ကျင်းပမယ်ဆိုရင် ရန်ကုန်မြို့မှာ၊ မန္တလေးမှာ၊ တောင်ကြီးမှာ လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ စစ်အစိုးရနဲ့ တင်းမာ မှုက ရှိဦးမယ်၊ မလိုလားမှုမျိုး ရှိဦးမယ်ဆိုတော့ ကျင်းပဖို့ မလွယ်ဘူး။ မလွယ်ဆိုတာနဲ့ဘဲ ပင်လုံစိတ်ဓာတ်တို့၊ ပြည်ထောင်စု စိတ်ဓာတ် တို့လိုမျိုး အရေးကြီးတဲ့ ကိစ္စတွေကို ပစ်မထားနိုင်ဘူး။ ဆွေးနွေးဖို့လိုမယ်၊ ညှိနှိုင်းဖို့လိုမယ်။ ၂၁ ရာစုရဲ့ စွမ်းရည်တွေ၊ နည်းပညာတွေ ယူသုံးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆတယ်လို့ ထင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၇ ရက်နေ့တွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းစဉ် ဒေါ်အောင်ဆန်းစုကြည်က “အန်တီက ပြောတာ၊ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့ လုပ်ရမယ်ဆိုတာ၊ ဒုတိယ ပင်လုံညီလာခံဆိုတာကလည်း အန်တီ အထဲမှာရှိနေတုန်း ထွက်လာတာလေ၊ ရေဒီယိုကနေ ကြားရ တာ၊ အဲဒီတည်းက အန်တီစဉ်းစားနေတယ်။ ၂၁ ရာစုပုံစံနဲ့လုပ်ရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့နော်။ နည်းလမ်းတွေ ဘာတွေကတော့ အန်တီတို့ လူငယ်တွေက ရှာရမှာပေါ့” ဟု ပြောဆိုခဲ့သည်။

ခေတ်မီနည်းပညာများနှင့် ညီလာခံကို ခေါ်ယူပါက တရားဝင်မှု အားနည်းဖွယ်ရှိကြောင်း ရှမ်းပြည် ကွန်ဂရက်အဖွဲ့၏ ဥပဒေရေးရာ အကြံပေး အဖွဲ့ဝင် ဦးခွန်ဥက္ကာက သုံးသပ်သည်။

“ဒုတိယပင်လုံ ခေါ်တဲ့အချိန်မှာ တက်ရောက်လာတဲ့ သူတွေက ခေတ်မီနည်းပညာတွေကို သုံးမယ်ဆိုရင် ညီလာခံရဲ့ သဘော သဘာဝ ကိုက တရားဝင်မှု အားနည်းမယ်လို့ ထင်တယ်။ ညီလာခံတခုလုံးက တရားဝင်မှု အားနည်းမယ်ဆိုရင် ညီလာခံက ထွက်လာမယ့် ရလဒ် တွေက ပိုပြီးတော့ အားပျော့သွားနိုင်တယ်။ အဲဒီလို အားပျော့နေတဲ့ ရလဒ်ကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့က အခက်အခဲဖြစ် လာမယ်လို့ ထင်တယ်” ဟု သူက ပြောသည်။

လက်ရှိ အာဏာယူထားသည့် အဖွဲ့အစည်းအနေဖြင့် ညီလာခံ၏ တစိတ်တဒေသအဖြစ် ပါဝင်မှသာ ညီလာခံ၏ ရလဒ်ကို တစိတ်တဒေသ အာမခံချက် ရရှိမှာဖြစ်ပြီး အာဏာပိုင်များဘက်က မပါဝင်လျှင် တခြမ်းပဲ့ ညီလာခံသာ ဖြစ်လာမည်ဟု သူက ဆိုသည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း က လေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည် ဆောက်ရေးအတွက် ရည်ရွယ်ကာ ကျင်းပရန် စတင်အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်ခံမှ ပြန်လွတ်လာ ပြီး နောက် ဦးဆောင်အကောင်အထည်ဖော်ရန် တာဝန်လွှဲအပ်ပေးခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည် ပင်လုံမြို့၌ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းမည်ဟူသော သဘောတူညီချက် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက စည်းဝေးခဲ့ရာ ပင်လုံညီလာခံ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး သဘောတူညီမှုပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရပြီဟု စစ်အစိုးရပြောလေ့ရှိသော် လည်း နိုင်ငံရေးသဘောတူညီချက် မပါရှိကြောင်း ၎င်းအဖွဲ့များက ပြောဆိုခဲ့ကြသည်။

ခန့်မှန်းခြေ လူအင်အား ၄ သောင်းခန့်ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်များကို ကာကွယ်ရေး ဦးစီးချုပ်အောက် သွတ်သွင်းမည့် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ကြိုးပမ်းနေပြီး၊ အပစ်မရပ်ဘဲ ဆက်လက်၍ တိုက်ခိုက်နေသော တိုင်းရင်းသားအ ဖွဲ့များလည်း ရှိနေသည်။ UWSP သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ဝ' ပြည်နယ် ရရှိရေးကို လိုလားပြီး ပါတီလက်အောက်ခံ UWSA တပ်မတော် တွင် တပ်သားအင်အား နှစ်သောင်းကျော်ရှိသည်ဟု ခန့်မှန်းရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */