“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 22, 2010

အဟောင် အကောင်းဆုံး ချေးစားခွေး ဆု


တစ်နှစ်တာ လူဆိုး

The Voice ဂျာနယ် ၏ အယ်ဒီတာ ချုပ် နှင့် Myanmar E gress တည်ထောင်သူ ဒေါက်တာ နေ၀င်းမောင် အား တစ်နှစ် တာ ထူးချွန်မှု အရှိ ဆုံး လူဆိုး အဖြစ် Freedom News Group မှ ရွေးချယ် သတ်မှတ် လိုက်သည်။ Villain of the year ဆု အတွက် Freedom News Group မှ စာဖတ် ပရိသတ်နှင့် ရန်ကုန်မြို့ နေပြည်သူများ ၊ လူငယ် များ ၏ ဆန္ဒကို ကောက် ခံကြည့် ရာဒေါက်တာ နေ၀င်းမောင် နှင့် မြို့ တော်ဝန် ဦးအောင် သိန်း လင်း တို့ ကို ဆန္ဒပြုခဲ့ကြသည်။
ဒေါက်တာ နေ၀င်းမောင် သည် စစ်အစိုးရ၏ လွတ်လပ်ပြီး တရားမျှတမှု ကင်း မဲ့သည့် ရွေးကောက် ပွဲ အတွက် ၎င်း ၏ The Voice ဂျာနယ် မှ အူလှိုက် သဲလှိုက် ထောက် ခံခဲ့ပြီး နိုင်ငံ၏စတ္ထု ထ မဏ္ဍိုင် မီဒီယာ တစ်ခု အနေဖြင့် ပြည်သူ ကို လမ်းမှန်ညွှန် ပြပေးရန် ၀တ္တရားပျက် ကွက် ခဲ့သည်။

ကုန်လွန်တော့မည် တစ်နှစ် တာ အတွင်း ဒီမိုကရေစီ အင်အား စု များ ကို လည်း ပြို ကွဲအောင်လုပ်ဆောင် ခဲ့ပြီး နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက်လာစ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူမကြောင့် အရပ်ဘက် လူမှု အဖွဲ့ အစည်း များဒုက္ခရောက် ရသည် ဟု လတ်တလောတွင် ၀ါးလုံး ချီး သုပ် ရမ်း ခဲ့သေး သည်။

ဒီမိုကရေစီ အင်အားစု များ ကို နည်းမျိုး စုံ ဖြင့် ဝေဖန် သော်လည်း စစ်အဏာရှင် စနစ်ကို သော် ၎င်း စစ်အာဏာရှင် စနစ် ကို ပုံဖော် သူများ နှင့် ၎င်း တို့ ၏ ဒေါက်တိုင် များ ကို မူမည် သည့် မှတ်ချက်မှ မပေး ဘဲ တတ်အား သရွေ့ ချီးမွမ်းမှု ပြု ခဲ့သည်။

သံရုံး အမှု ထမ်း တစ်ဦး၏ ပြောပြချက် အရ ဒေါက်တာ နေ၀င်းမောင် သည် အနောက်နိုင်ငံ သံ အမှုထမ်း များ အား ဒီမိုကရေ လှုပ်ရှား သူများ ၏ အားနည်း ချဲ့  အချို့ ကို ပုံကြီး
ချဲ့ ပြောတတ်သည် ဟု ဆိုသည်။
ဒေါက်တာ နေ၀င်းမောင် အား FNG မှ တစ်နှစ်တာ လူဆိုး ဆု ပေးရခြင်း နှင့် ပတ်သက်၍ရန် ကုန် မြို့ မှ ၀ါရင့် သတင်း စာ ဆရာ တစ်ဦး က ဘယ်လိုခေါ်မလဲ ကျောင်း မှ ဆိုရင် SchoolBully လိုကလေးတွေ ရှိတယ် ..ခပ် ဆိုးဆိုး နဲ့ မှားမှန်း သိသိ စွပ် မှားတာ အပြစ်မဲ့သူတွေ ကိုဒုက္ခ ပေးတာ ..သူက တော့ State Bully ပေါ့ ဟု သုံးသပ် ပြောကြားသည်။
Freedom News Group မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */