“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 29, 2010

ဒေါ်အောင်ဆန်းစုကြည် က ၉၀ ရလဒ်ကို ဆက်ကိုင်ထားမယ်လို့ လူငယ်တွေ့ဆုံပွဲမှာ ပြောကြား

ယမန်နေ့က လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ လူငယ် အလွှာ ပေါင်းစုံမှ ၄၀၀ လောက် တက်ရောက်ကြပြီး ဒေါ်အောင်းဆန်းစု ကြည် နဲ့ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြ တယ်။ ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဆက် လက်ဆုပ်ကိုင်ထားမယ်လို့ ပြောသွားတယ်။

လူငယ်တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ လူငယ်တဦးက နေ့သစ်ကို ခုလို ပြောပြသွား တာက ..

မနေ့က အခြေအနေ နားထောင်လေ့လာခဲ့ရသလောက်တော့ အတိုင်းအတာတခု ထ အောင်မြင်တယ် စကားဝိုင်းမှာ ရသအစုံ ရတယ်ဗျ။ အမေ အဓိကပြောချင်တာကတော့ ပါတီတခုထဲနဲ့ ဘာကိုမှ လုပ်မရနိုင်ဘူး လူငယ်ထုတွေနဲ့ ပြည်သူလူထုတရပ်လုံးက ကိုယ် ဘာလိုချင်လဲ ဘယ်လိုလုပ်မလဲဆိုတဲ့ ကွန်ယက်ဖွဲ့စည်းထိစပ်မှုကနေ ပူးပေါင်းထိစပ် လုပ်ဆောင်မှ ရမယ်ဆိုတာကိုပါပဲ။

တွေ့ဆုံးပွဲကိုတက်လာတဲ့ လူငယ်တဦးမေးတဲ့ ၉၀ ရလဒ်ကို လက်လွှတ်လိုက်မှာလား ဆိုတဲ့ မေးကို အမေက ခုလို ပြန်ဖြေလိုက်တယ်လေ …

“၉၀ ကို ဆက်ကိုင်ထားပါတယ်တဲ့ ဘာကြောင့်လည်းဆိုတော့ ၉၀ ရလာဒ်ကို ဆုပ်ကိုင် ထားတာက အာဏာလိုချင်လို့ ၉၀ တုန်းက အနိုင်ရလို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး ပြည်သူက တခဲနက် မဲပေးထားတာကို မစော်ကားချင်လို့ပါ။ တချို့က ပြောတယ်၊ ဒီမို ကရေစီမှာ ရွေးကောက်ပွဲဆိုတာလည်း ပါတာပဲဆို၊ ဟုတ်ပြီ ၉၀ တုန်းကလည်း ဒီမိုက ရေစီအရ ရွေးကောက်ပွဲလုပ်သွားတာပဲ ဆက်လက်ကိုင်ထားမှာပဲ” တဲ့

ကွန်ယက်မှာ ထိစပ်ပါဝင်မဲ့ လူငယ်တွေကျောင်းသားတွေ ပြည်သူလူထုတွေ အနေနဲ့က တော့ တိုင်းပြည်နဲ့လူမျိုးကို တိုးတက်မြင့်မား စေချင်တဲ့ စိတ်ဆန္ဒကို အခြေခံထားပြီး မြန် မာပြည်ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ နိုင်ငံအရေးကိစ္စအသွယ်သွယ် ကို ဘယ်လို ပူးပေါင်းပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်မလဲဆိုတာ တွေဆွေးနွေး တယ်။
ရည်မှန်းထားတာကတော့ မြန်မာ့နိုင်ငံမှာ ဒီမိုကရေစီဆိုတာ လူတိုင်းသိပြီး လူတိုင်းကျင့် ကြံနိုင်မှုတွေနဲ့ ကမ္ဘာအလယ်မှာ မြန်မာကို အောက်တန်း နောက်တန်းမကျတဲ့ နိုင်ငံနဲ့ လူမျိုးအဖြစ် ဖော်ဆောင်ဖို့ပါပဲ။ နောက်ပိုင်မှာ အမေ့အနေနဲ့ တိုင်းရင်းသားလူငယ်တွေ တွေ့ဆုံဖို့ လဲ အစီအစဉ်တွေရှိတယ်လို့ သိရတယ်လေ။

တက်ရောက်လာတဲ့ NGO တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေဘက် ဆွေး တာကတော့ …

လူမှုအဖွဲ့အစည်းတွေအချင်းချင်း ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့အထိ ပူးပေါင်းမှုရှိလာစေဖို့ ညွှန်ကြားပေးဖို့နဲ့ သူတို့ရဲ့လှုပ်ရှားနေမှုတွေကို တင်ပြကြတယ်လေ နိုင်ငံရေးဆိုတာ အ မည်မခံပဲ လုပ်ဆာင်မှုတွေရဲ့ အခန်းကဏ္ဍမှာ လူမှုရေးနယ်ပယ်ကို ချန်လှပ်မထားနိုင် တာကို သူတို့က တင်ပြကြတယ်လေ။ အမေကိုယ်တိုင်ကလဲ လက်ခံအတည်ပြုဆွေးနွေး ခဲ့တယ်။

CSO တွေရဲ့ အခန်းကဏ္ဍကနေ သူတို့တက်စွမ်းတဲ့ဘက်က အမေနဲ့အတူ ပူးပေါင်းလုပ် ဆောင်ချင်ကြောင်းနဲ့ သူတို့အတွက် အမေက အားအင်ဖြစ်စေကြောင်း၊ သူတို့ထဲက တ ချို့ဟာ ပါတီကို တကြိမ်တောင်မရောက်ဖူးသူတွေဖြစ်ပေမဲ့ အမေနဲ့ လူငယ်တွေ တွေ့ဆုံ မယ့် အခြေအနေကို လက်မလွှတ်ခံနိုင်လို့ တက်ရောက်ဆွေးနွေးဖို့ လာကြတယ်လို့လဲ ဆိုတယ်ဗျ။

လူငယ်များနဲ့ တွေ့ဆုံဆွေးနွေးပွဲကို အပိုင်း ၂ ပိုင်းခွဲပြီးကျင်းပခဲ့တယ်လို့ သိရပြီး ပထမ ပိုင်းပြီးတဲ့ အချိန် အားလုံးထမင်းစားတဲ့ အခါမှာတော့ အမျိုးသားခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် က လူငယ်များနဲ့အတူ ရင်းနှီးချစ်ကြည်စွာ လက်ရည်တပြင်တည်း နေ့လည်စာကို စားခဲ့ပါတယ်။
http://www.naytthit.net/?p=5831

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */