“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 30, 2010

ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း

EU Banned List 0809

အပြည့်အစုံသတင်းဖတ်ရန်....

သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်ရမည်

(မည်သည့် နိုင်ငံတွင်မဆို ကမ္ဘာအရပ်ရပ်တွင် ပညာတော်သင်တက်နေသော နအဖ မှ သားသမီးများ ၏ အချက်အလက်များသိရှိပါက သတင်းပေးပို့ ကြပါခင်များ ၊ အဆိပ်ပင်ရေမလောင်း နိုင်တော့သော သြစတြေးလျားမှ သင်ခန်းစာဖတ်ရှုနိုင်ပါတယ်)
စိုင်းဇွမ်ဆိုင်း Wednesday, June 30, 2010 . သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် မဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ဗိုလ်မှူးချုပ် ဇင်ယော်၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။

ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့က အနောက်နိုင်ငံများမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်း တွင်လည်း ဗိုလ်မှူးချုပ် ဇင်ယော်နှင့် ဒေါ်ခင်သီရိ တို့ ပါဝင်နေခဲ့ပြန်သည်။

University of Western Sydney တွင် စာရင်းကိုင် ပညာဖြင့် မဟာတန်း တက်ရောက်နေသူ အသက် ၂၅ နှစ် အရွယ်ရှိ မဇင်မွန်အေး ၏ ရှေ့နေဖြစ်သူ တိုနီ ဆေးလ်ဗား က“သူ့မှာ အပြစ်မရှိဘူး ဆိုပေမယ့် အပြစ်ပေးခံရတော့မှာဖြစ်တဲ့ အတွက် ဝမ်းနည်း မိပါတယ်”ဟု The Australian သတင်းစာသို့ ပြောကြားထားသည်။

မဇင်မွန်အေးသည် သြစတြေးလျ နိုင်ငံသို့ ၂၀၀၈ ခုနှစ်က ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းကို နေထိုင်ခွင့်ပေးခဲ့သော သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဖင် စမစ် ကို ပြည်ထောင်စု တရားရုံးက မေးခွန်းထုတ်ခဲ့သေးသည်။

ပြည်ထောင်စု တရားရုံး၏ တရားခွင်အတွင်း၌ မဇင်မွန်အေးက“သူမ၏ ဖခင်သည် မြန်မာ စစ်အစိုးရအုပ်စုအတွင်းတွင် ပါဝင်နေသဖြင့် သူမက မိဘဖြစ်သူများနှင့် ကင်းကင်းရှင်းရှင်းနေခဲ့ကြောင်း”တရားရုံးသို့ ထွက်ဆိုခဲ့သည်ဟု ယနေ့ထုတ် The Australian သတင်းစာတွင် ဖော်ပြထားသည်။

ဆက်လက်၍“သူမသည် မိဘများကို ငွေကြေးအရပင် ပတ်သက်မှု မရှိကြောင်း၊ ကိုယ်ပိုင်အလုပ်လည်း ရှိ ကြောင်း” တရားရုံးတွင် ထွက်ဆိုထားခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မဇင်မွန်အေး က အယူခံဝင်ခဲ့သော်လည်း အယူခံ ပယ်ချခံခဲ့ရကြောင်း သိရသည်။

မဇင်မွန်အေး က“စစ်ဗိုလ်ချုပ် သားသမီးများ ဖြစ်နေသော်လည်း စစ်အာဏာရှင် စနစ်ကို မထောက်ခံသည့်အတွက် သြစတြေးလျ နိုင်ငံ အနေဖြင့် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု မပြုသင့်ကြောင်း”လျှောက်လဲချက် ပေးခဲ့ကြောင်းလည်း The Australian သတင်းစာကဖော်ပြသည်။

ထို မဇင်မွန်အေး တဦးတည်းသာ မဟုတ်ဘဲ ပြည်ပတွင် ပညာသင်ကြားနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီး များစွာ ကျန်ရှိနေသေးကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောဆိုသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Sanctions force exit of Burmese general's daughter

LIKE many overseas students, Zin Mon Aye hoped to parlay her accounting degree into permanent residency.

But her days in Australia were numbered once officials from the Department of Foreign Affairs and Trade learned she was on campus at the University of Western Sydney.

Ms Aye, 25, is the daughter of Brigadier-General Zin Yaw, a senior figure in the Burmese dictatorship.

Australia is a party to sanctions supposed to put pressure on the regime by targeting its leaders and their families.

Foreign Minister Stephen Smith decided in 2008 that allowing Ms Aye to stay in the country would be at odds with Australia's international policy on Burma.

She is expected to return to Burma within days, having fought Mr Smith all the way to the full bench of the Federal Court, and lost.

Start of sidebar. Skip to end of sidebar.
Related Coverage


"Sadly, she's being punished for something of which she is innocent," said her lawyer, Tony Silva.

According to the court decision this month, Ms Aye said "she was estranged from her parents because of her father's association with the brutal Burmese military dictatorship".

She said she did not depend on her parents financially and had a full-time job waiting once she finished her masters at UWS.

Her argument was that Australia's sanctions should not penalise "adult children of senior Burmese regime figures, who are not supporters of the regime".

The three judges who heard her appeal agreed it must fail, although they split 2-1 on the degree to which she could challenge Mr Smith's essentially political decision in the courts.

One judge, Bruce Lander, said Mr Smith's decision directly affected her right to stay in Australia.

This meant he should have given her procedural fairness by allowing her to say whether or not she was in fact Brigadier-General Zin Yaw's daughter. But since her identity was not in question, her appeal had to fail.

The other two judges, Jeffrey Spender and Neil McKerracher, took a more absolute position on the separation of powers issue.

They said Ms Aye was inviting the courts to second-guess Mr Smith's sanctions policy. This they could not do.Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ NDF ခမောက်ကိစ္စ အငြင်းပွား

ခမောက်တု


NLD နဲ့ NDF ခမောက်ကိစ္စ အငြင်းပွား By ဦးကျော်အောင်လွင် ဗုဒ္ဓဟူး, 30 ဇွန် 2010

၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးချယ်ထားတဲ့ ပါတီအမှတ်တံဆိပ်ဟာ NLD ပါတီ အသုံးပြုခဲ့တဲ့ ခမောက်သင်္ကေတပဲ ဖြစ်နေတဲ့အတွက် NLD ပါတီဘက်က မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ NDF ပါတီကတော့ ခမောက်ကို ရွေးချယ်ရတာဟာ NLD ပါတီကို တုပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးချယ်ထားတဲ့ အလံနဲ့ ပါတီရဲ့ တံဆိပ်တွေကို ဖော်ပြထားပါတယ်။ အလံမှာပါတဲ့ ကြယ် ၂ လုံးပုံက ပြဿနာမရှိပေမဲ့ ပါတီရဲ့ အမှတ်တံဆိပ်က အရင် NLD ပါတီ သုံးစွဲခဲ့တဲ့ ခမောက်တံဆိပ် ဖြစ်နေပြီး အဲဒီခမောက် အပေါ်မှာ ကြယ် ၂ လုံး ပါနေတာပဲ ကွာပါတယ်။ အဲဒါကြောင့် NLD အဖွဲ့ဝင်တွေက မကျေမနပ် ဖြစ်နေကြတဲ့အကြောင်း NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“NLD ပါတီဝင်တွေ၊ ရုံးမှာရောက်နေတဲ့ လူတွေကတော့ မကျေနပ်ကြဘူးပေါ့၊ ကျနော် အပါအ၀င်ပေါ့။ လူကြီးတွေက ဘာလုပ်မယ် ဆိုတာတော့ ကျနော်လည်း မပြောတတ်သေးဘူးဗျ။ တခုခုတော့ ဆုံးဖြတ်ပေးမယ် ထင်တာပဲ။ လူကြီးတွေ သိတော့ သိနေပြီ။ တရားဝင် ဘာလုပ်မယ်ဆိုတာ မပြောသေးဘူး။ ကျနော်ကတော့ ဘယ်လက်ခံပါ့မလဲ။ ဒါက ပြည်သူလူထုရဲ့ အောင်ပွဲ အထိမ်းအမှတ်ဗျ။

“ဒီကိစ္စက သေသွားတဲ့ ခေါင်းဆောင်ကြီးများ၊ ဦးကျော်မင်းတို့ ကိုယ်တိုင် သေသေချာချာ သူတို့စိတ်ဓာတ်နဲ့ အံကျမယ့်ဟာကို ရွေးခဲ့တာ။ တကယ့်ကို ကြိုးစားပမ်းစား၊ စဉ်းစားချင့်ချိန်ပြီး ရွေးချယ်ထားတဲ့ဟာ။ အောင်ပွဲအထိမ်းအမှတ် လက်ခံထားတာကြီး။ ဒါကို အခုကျမှ ဒီလို ကောက်ပြီးလုပ်လိုက်တာ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲဗျာ။ ထင်ယောင်ထင်မှားတွေ လျှောက်ဖြစ်ကုန်မှာပေါ့ဗျာ။ လက်တလုံးခြား မလုပ်သင့်ဘူးပေါ့ဗျ၊ နိုင်ငံရေးလုပ်တာပဲ ပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်း၊ ရိုးရိုးသားသား လုပ်သင့်တာပေါ့ဗျ။ တိုင်းပြည်ခေါင်းဆောင်ဖို့ စိတ်ကူးပြီး နိုင်ငံရေး လုပ်တာပဲ။”

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ ဒါဟာ NLD ကို တုပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ပြည်သူအများစုက ကျေးလက်နေ ပြည်သူတွေ ဖြစ်တာကိုး။ လူများစုကို သက်ရောက်စေတဲ့ ခမောက်ကို သုံးခြင်းဖြစ်ပါတယ်။ အပေါ်က ကြယ်နှစ်ထပ်ကတော့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါ NLD တံဆိပ် မဟုတ်ပါဘူး။ NLD တုန်းက ရှိခဲ့တဲ့ ခမောက်က NLD ရဲ့ တံဆိပ် မဟုတ်ပါဘူး။ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲမှာ အသုံးချဖို့ သင်္ကေတကိုသာ ကော်မရှင်က ပေးတဲ့ဟာကို သူတို့ ရွေးလိုက်တာ ဖြစ်ပါတယ်။ ရွေးတုန်းကလည်း ကျနော်ကိုယ်တိုင် ရွေးလိုက်တာပါ၊ ဒီ ခမောက်ကိစ္စကို၊ NLD တုန်းက။

“အခု ကျနော်တို့သုံးတာက ရွေးကောက်ပွဲ သင်္ကေတ မဟုတ်ပါဘူး။ ကျနော်တို့ပါတီရဲ့ တံဆိပ်ပါ။ NLD ပါတီရှိတုန်းက NLD ပါတီရဲ့ တံဆိပ်က ခွပ်ဒေါင်းပဲဖြစ်ပါတယ်။ အလံအတိုင်း တံဆိပ်ကို သုံးတာ ဖြစ်ပါတယ်။ အဲတော့ NLD ကို တုပခြင်း မဟုတ်ပါဘူး။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်း လုပ်ခဲ့ပါတယ်။ သူက ခမောက်ဟာ NLD ပါတီရဲ့ မူပိုင်မဟုတ်ဘူးလို့ ယူဆပါတယ်။

“ခမောက်ဟာ NLD မူပိုင် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ သူတို့ ဖြေရှင်းရမှာပါ။ NLD ရဲ့မူပိုင် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းကို သူတို့ အရင် ရှင်းပြီးမှသာလျှင် ကန့်ကွက်ချင်လည်း ကန့်ကွက်ပေါ့ဗျာ။ ကန့်ကွက်တဲ့အခါမှာလည်း ခမောက် သူတို့နဲ့ မဟုတ်ဘဲနဲ့ အောက်မှာ စာတမ်းနှစ်တန်း ပါပြီးတော့ အပေါ်မှာ နှစ်ထပ်ကြယ် ပါတဲ့အတွက် NLD ကို တုခြင်း မဟုတ်ဘဲနဲ့ ခမောက်ဟာ ပြည်သူတယောက်မှာ သုံးခွင့်ရှိတဲ့အတိုင်း ကျနော်တို့ NDF က ယူသုံးခြင်းဖြစ်တယ် ဆိုရင်တော့ လုံလောက်မယ်လို့ ကျနော် ယူဆပါတယ်။

“ကန့်ကွက်မယ်ဆိုရင်လည်း သူတို့ သွားပြီး ကန့်ကွက်ခွင့် ရှိပါတယ်။ သို့သော်လည်း ကော်မရှင်အနေနဲ့ ဆုံးဖြတ်တဲ့အခါမှာ ကော်မရှင်က ချပေးခဲ့ဖူးတဲ့ ခမောက်နဲ့လည်း မတူပါဘူး။ NLD သုံးခဲ့တဲ့ ခမောက်က ထိပ်မှာ ပန်းဖွားပါပြီး ခမောက် အကွက်အကွက်တွေ ပါပါတယ်။ ကျနော်တို့က ခမောက်မှာ အကွက်တွေ မဟုတ်ဘဲနဲ့ သီးခြားခမောက် ဖြစ်ပါတယ်။ ခမောက်ခြင်းလည်း မတူပါဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာထဲမှာ ဒီကနေ့ ဖော်ပြထားတာကတော့ NDF ပါတီရဲ့ အလံနဲ့ တံဆိပ်ကို ဒီကနေ့ကစပြီး ၇ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ကန့်ကွက်နိုင်တယ်လို့ ဆိုပါတယ်။ ၇ ရက်အတွင်း ကန့်ကွက်မှုမရှိရင် ဒီအမှတ်တံဆိပ်တွေကိုပဲ အတည်ပြုမှာဖြစ်ပြီး မကြာခင် ရက်ပိုင်းမှာပဲ ပါတီကို တရားဝင် ဖွဲ့စည်းခွင့် ပြုနိုင်တယ်လို့လည်း ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းသဘောကို ရှင်းပြပါတယ်။ သူတို့ရဲ့ NDF ပါတီဟာ အရင် NLD ပါတီဝင်ဟောင်းတွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးမှာ NLD နဲ့ အယူအဆ မတူကြတဲ့သူတွေလည်း ဖြစ်ပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)

ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
မြန်မာစာကို ကျနော် မကျွမ်းပါ။ဒါပေမဲ့အခုမြန်မာစာပညာရှင်တွေစာရေးဆရာကြီိးတွေ၊ အယ်ဒီတာကြီးတွေ၊ပညာရှင်တွေရေငုံနှုတ်ပိတ်နေကြတော့မြန်မာ စာမကျွမ်းတဲ့လူကဝေဖန်ရတာအတော်တော့ဂွကျပါတယ်ဗျာ ။ ၀ိုင်းပြီုး ဖြစ်သင့်တာလေးတွေ ဝေဖန်ကြစေချင်ပါတယ် ။
ပထမ ဆုံးကတော့၁၉၉၃ မှာ ညီလာခံ အတုကြီးးစလိုက်တယ် ။ သူတို့စိတ်ကြိုက် ဆွဲ ခိုင်းတဲ့ အဓိက အကျဆုံးအခြေခံ မူကြီး၁၀၄ ချက်ကိုအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေပါ လက်မှတ်ထိုးလိုက်ကြတယ် ။ အဲဒီ အခြေခံ မူကြိး၁၀၄ ချက်ထဲမှာနေပြည်တော် ဆိုလို့ တခွန်းတပါဒ မှမပါဘူး ။ ဒါကတော့ အသေအခြာကိုမပါတာ ။ ဘယ်မှာ ရှိမှန်းတောင်မသိသေးသလို သန်းရွှေခေါင်းထဲမှာလဲ တစက်ကလေးမှ မရှိသေးဘူး ။ ရှိခြင်းရှိ ကြိုင်ကြိုင် ခေါင်းထဲမှာရှိရင်တော့ မသိဘူး ။ ညီလာခံမှာတော့ လုံးဝ မရှိသေးဘူး ။

၂၀၀၀ - ၂၀၀၁ လောက်မှာအယုတ်တမာ မြောက်ကိုးရိးယားနဲ့  အဆက်ဖြစ်လာတော့ ဟိုကစစ်ဌာနချုပ် ပြောင်းဘို့ အကြံပြုလာတယ် ။ အခု ဥမင်လိုဏ်ခေါင်းတွေ ပါမှာပေါ့ ။ အတိအကျတော့ မသိဘူး ။ ဒီအကောင်တွေ ကို တိုင်ပင်တာတော့ သိနေရတယ် ။ သူကလဲ နဂိုကတော့ စစ်ဌာနချုပ် လောက်ကိုသာ ရွှေ့ ဘို့ ပါ ။ ၂၀၀၃ - ဒိပဲယင်း မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသေသတ်ဘို့ အပီ ဆိုပြိး လုပ်တာဘုန်းကံခြင်းက မမှီတော့ အသေမသတ်နိုင်လိုက်ဘူး ။

သူမြင်ထားတာကလဲဒေါ်စုကိုရှင်းလိုက်ရင်ကျန်တဲ့နောက်လိုက်တွေ ဘာမှ သိပ် မလုပ်တတ်ဘူး ။ မလုပ်ရဲဘူးပေါ့ ။ ပွဲ ပြတ်ပြီ ဒီလို အပိုင်တွက်ပြီ်းလုပ်တာဘဲ ။

အဲဒီ ဒီပဲယင်း အပြီးမှာသောက်ရှက်ပြေအနေနဲ့ ကမ္ဘာ ကိုလှည့်စားဘို့ ( Road Map ၇ ချက် ) ကိုချရှိုးတယ် ။ ပြီးတော့သူကိုယ်တိုင်ကပြင်ပ ကမ္ဘာ ကို မျက်နှာမပြရဲတော့လို့ ခင်ညွှန့် ကို ၀န်ကြီးးချုပ်ဆိုပြီးနေရာပေးလိုက်ရတယ် ။ ယော်ကျား ရင့်မကြီးစစ်သားကြီးတွေကကအမျိုးသမိး ၂၀၀ လောက်ပါတဲ့ ယဉ်တန်းကိုလူ ၄၀၀၀ လောက်နဲ့ ဝိုင်း ပြီးအမှောင်ထု အကာအကွယ်ယူ ရိုက်သတ်( ရဲ ) ကြတာ ကမ္ဘာမှာ ဗမာ စစ်သားကွ လို့  ကြွေးကြော် ရလောက်အောင်စောက်ရှက်ကွဲသွားတာ ။ အဲဒီမှာတင် ကမန်းကတန်း ထပြီးလူတွေနဲ့ဝေးရာကြက်ပြေးကိုတောတိုးပြေးတော့ပါဘဲ။

ဘယ် ဗေဒင်ကမှ အကြံပေးလို့ မဟုတ်ဘူး ။ လူကြားမျက်နှာမပြရဲ တော့ လို့  ။ သူ့ သိက္ခာ သူ မလုံလို့  ။ အဲဒီကထဲ က သူဘဲ တသက်လုံး တက်လာခဲ့တဲ့ အာဆီယံ ထိပ်သိးအစည်းအဝေး ဆိုတာ ဖိတ်မှာ အသေ ကြောက်နေတာ ။ အခုနေ အာဆီယံတို့၊ အမေရိကန် တို့ ကသန်းရွှေကိုဖိတ်ရင်သွေးတတ်ပြီးသေသွားလိမ့်မယ်။

ခုတော့သန်းရွှေ က နေပြည်တော် နေပြည်တော် နဲ့  တတော်ထဲ တော်နေလိုက်တာ ။ ပြည်တွင်းက ဆရာတွေ ပညာရှင်တွေကိုတော့ မဝေဖန်လိုပါဘူး ။ နီးရာဓါး က ရမ်းလွန်းအားကြိးတော့ ကိုယ်လဲ ကြောက်ရမှာဘဲ ။ ပြည်ပကမီဒယာတွေ၊ ဆရာကြီးးတွေ၊အနေနဲ့တော့ဒီအတိုင်းကြည့်နေကြတာ မသင့်လှပါဘူးဗျာ ။

ရှေးထုံးကိုလဲမပယ်နဲ့  ဆိုစကား ရှိတယ် ။ မြန်မာစာပေ အရေးအသား ကို သန်းရွှေ ဘာမှ မသိသူက လုပ်ချင်ရာ လုပ်နေတာ ကိုထောက်ပြကြပါအုံး ။ အခုဟာ သန်းရွှေ သုံးထားတာ အမှန်ယူရင်ကျနော်တို့  ဘိုးဘေးတွေ မှားနေတယ် ဖြစ်နေလို့ ပါ ။ ရှေးမြန်မာစာ ကိုတီထွင်လာခဲ့သူ ကျေးဇူးရှင်ကြီးးတွေ ကို မှားတယ် သတ်မှတ်ရာရောက် နေ လို့ ပါ ။

ရှေးတုံးက စာပေတွေမှာမန်းရတနာပုံနေပြည်တော် လို့ သုံးနှုန်း ပါတယ် ။ အခု သန်းရွှေ သုံးနှုန်း သလိုသာရေးရရင်မန်းရတနာပုံ နေပြည်တော် ဟာနေပြည်တော် မန်းရတနာပုံ ဖြစ်မနေဘူးလား ။

ကဲ ဥပမာဗျာစကားအဖြစ်ပြောရရင်ခွေးနေပြည်တော် နဲ့  နေပြည်တော် ခွေးဥပမာပေးရရင်ခွေးနေပြည်တော် ဆိုရင်ခွေးတွေ စိတ်ကြိုက်နေသော နေရာ လို အဓိပါယ် ရပါမယ် ။ နေပြည်တော်ခွေး ဆိုရင်နေပြည်တော် က ခွေး လို့ အဓိပါယ် က အတော်လေးကို ကွာသွားပါပြီ ။ လုံးဝ ကိုကွာသွားပါပြီ ။

ထပ်ဥပမာပေးပါရစေပုဂံ နေပြည်တော် ဆိုရင်ပုဂံ မြို့တော် ကိုဆိုလိုတာဖြစ်ပါတယ် ။ နေပြည်တော်ပုဂံ ဆိုလိုက်ရင်နေပြည်တော်က ပုဂံ ဖြစ်သွားတော့အဲဒီမှာ အဓိပါယ်က တက်တက်စင်အောင်ကို ကွဲလွဲ သွားပါပြီ ။ ဒီနေရာမှာနေပြည်တော် ကဘယ်နေပြည်တော်မှန်းတောင် အတတ်ပြောလို့ မရတဲ့ ပုဒ် ဖြစ်နေပါတယ် ။

ထပ်ဥပမာပေးပါရစေအုံးဗျာ ။ ကျနော်တို့ မြန်မာတွေက ရေးတော့ အမှန် ဖတ်တော့ အသံ လို့ ဆိုထားသေးတယ် ။ ကျနော်တို့ အညာမှာဆိုရှေးက ပိုဆိုးတယ် ။ အင်းဝ ကို( အ၀ ) လို့ဘဲ သုံးနှုန်းကြတယ် ။ အဲဒီတော့အင်းဝနေပြည်တော် လို့ ရေးရင်အညာသားက

( အ၀နေပြည်တော် ) ဘဲအသံထွက်တာ ။ ထားတော့ ။ အဲဒါကို သန်းရွှေ သုံးသလို သုံးလိုက်ရင်နေပြည်တော်အင်းဝဟာ.( နေပြည်တော်အ၀ ) လို့ အသံထွက်ရင်နေပြည်တော်အပေါက်ဝ လို့ အဓိပါယ်ရောာက်သွားပါတယ် ။

နောက်တခုကနေပြည်တော် ဆိုတာ မြန်မာ စာမှာ အဓိပါယ်က မပြောသော်လည်းနားလည်ပြီးးသားနေပြည်တော် ဆိုတာနဲ့ ( မင်းနေသောပြည်တော် ) တနည်း( မင်းနေပြည်တော် ) လို့ လူတိုင်းနားလည်ထားကြတယ် ။ နေပြည်တော် ခေါ်ဆိုသုံးနှုန်းရင်အဲဒီဝေါဟာရ နဲ့  လိုက်ဖက်ဖို့ဲမြို့ မှာ မင်း( ဘုရင် ) ရှိကိုရှိမှ သုံးနှုန်း လို့ ရတယ်ဆိုတာလည်း လူတိုင်းက အလိုလိုနားလည်နေတာ ။

အလိုလိုနားလည်နေသလိုဘဲ ဘုရင်မရှိဘဲ ဒီလိုသုံးတာ လွှဲ နေပြီ မှားနေပြီ လို့ လဲ ခံစားမိလျှက်သားဖြစ်နေတယ် ။

သန်းရွှေ ဟာ အခုတော့ သူခိုးဘုရင်ကြီးး တင်မက( ခိုးတတ်လွန်းလို့ သူခိုး ပါ ) ကနေ ဘုရင်ဘွဲ့ ကိုပါ ခိုးကြောင်ခိုးဝှက် ယူနေတာပါလားလို့ လဲ နားလည်လိုက်ပါတယ် ။ ကျုပ်ပြောတာ နဲနဲ လွန်တယ်ပြောခြင်သေးလား ။ လူချင်းတော့မသိပါမြန်မာစာ ဆရာကြီးးဆရာမောင်သာရ ကိုရှင်းပေးစေချင်ပါတယ်။

ခိုးတာမှ လွန်လွန်ကဲကဲ ခိုးလို့ သူခိုးကြီးဘဝကနေ ဘုရင် အဖြစ်ကို တရားဝင် ဘိသိတ် မခံဘဲ ခိုးကြောင်ခိုးဝှက်ဘုရင်လို့  ဗြောင် မကြေညာဘဲ ခိုး ပြိးဘုရင်အသုံးအနှုန်းတွေ သုံးနေတော့ဘယ်လိုခေါ်ရမလဲ ပြောရမလဲ အရပ်တို့ ကူညီကြပါအုံးကျုပ်ကလဲ မြန်မာစာ ညံ့ ညံ့ပါဆိုနေမှ ။

သန်းရွှေ ကိုနဲနဲ သတိလေး ကပ်ဘို့ ပြောချင်တာကအိမ်စောင့်အစိုးရ လက်ထက်မှာရှမ်းစော်ဘွား တွေကိုစော်ဘွားစံနစ်ဟာပဒေသရာဇ် စံနစ်ဖြစ်တာမို့ ခေတ်ကာလနဲ့ မဆီလျှော်တော့လို့စော်ဘွားစနစ်ကို တပ်မတော် အစိုးရကဘဲ ရပ်ပ်ြစခဲ့ပြီးပါပြီ ။ သန်းရွှေ ကိုတိုင်လဲသတင်းတွေမှာညောင်ရွှေ စော်ဘွားကြီးအဆက်အနွယ်တွေကိုအာဏာရူးနေတဲ့ပုံစံရေးစေတယ် ။ သူကိုယ်တိုင်ကဘုရင်ရူးရူးနေတာ ကိုယ်ကသူများကိုတော့ပြောတယ် ။ ဟိုစော်ဘွားအနွယ်တွေ စော်ဘွားပြန်ဖြစ်ချင်တာ သူတို့ က စောဘွားအဆက်တွေမို့ ပြောလို့ကောင်းသေးတယ် ။ ကိုယ်ကတော့ဘာမှမဟုတ်တဲ့တောသား ။်

ဘုရင်လုပ်ချင်ရင်အရင်ဆုံး ကြိုင်ကြိုင် ကို ကွာရှင်းအုံး ။ တလင်ကွာမကြီးနဲ့ ဘိတ်သိပ်ခံလို့ ကတော့( မပြောတော့ပါဘူး ) ။ တခါ ဘုရင်ဆိုတော့ ထိးမွေနန်းမွေ ပေးရအောင်ကလဲသား - ၃ယောက်မှာကြိုင်စန်းရွှေ က မယားပါသား ။ သားအစစ်ကလဲ ကလေးနှစ်ယောက်အမေ တလင်ကွာမ ကိုယူထားတာ ။ အငယ်ကတော့ ကြောင်နေတဲ့ အရူး ။ သမီးနှစ်ယောက်ကလဲစိတ်မမှန်ရှာဘူး ။ အတွင်းလူယုံတွေ ကောင်းကောင်းသိကြပါတယ် ။ ညသကောင်တလွဲ ထပြိး ဇီိးသီိး စာချင်တယ်ဆိုရင်လူကြီိးတွေ၊ ၀န်ကြီိး၊၀န်လေးတွေမီးဆလိုက်တွေထိုးပြီးဇီးပင်တက် ကြရရှာတယ် ။ အခုရေချိုးချင်တယ်ဆို အခု လူပုံလယ် အ၀တ်တွေချွတ်ချတဲ့အထိစိတ် လွတ်တတ်တယ် ဆိုဘဲ ။

မြေးတော်ကလဲ ဆေးသမားဆိုတာလူတိုင်းအသိပါ။

ဘုရင်လုပ်ရင်လဲပုဂံ ရဲ့ နောက်ဆုံးမင်းဆက်နာရသီဟပတေ့ လိုဘဲနာမည်ဆိုးတွင်ကျန်ခဲ့ဘို့ သေခြာနေပြီ ။ ဟိုက ( တရုတ်ပြေးမင်း ) တရုပ်ရန်ကြောက်လို့ ထွက်ပြေးခဲ့ရလို့  ။ သန်းရွှေကတော့ ( တရုပ်ကျွေးမင်း ) တတိုင်းတပြည်လုံး ကို တရုပ် လက်ထဲ ထိုးကျွေးလို့ပါ။

ထပ်ပြီိးပန်ကြားလိုပါတယ်မြန်မာစာ ဆရာကြီးးများဝေဖန်ရင် ကျနော်ထက်ပို ထိမိပါမယ် ။ ဝေဖန်စ၇ာတွေလည်း အများကြီးးရှိနိင်ပါတယ် ။

အားလုံးကိုလေးစားလျက်Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Rodent ‘migration’ sparks disaster fears


The Burmese government has previously ordered farmers to kill rats or face punishment (Reuters)By NAW NOREEN Published: 30 June 2010
An apparent mass migration of mice away from waterways in central Burma has caused locals to question whether a natural disaster is looming.

Mice are moving “in their thousands” away from lakes and reservoirs in central Burma’s Bago and Mandalay division and towards urban areas. One man reporting seeing fleets of mice on the Mandalay-to-Naypyidaw highway.

A local in Bago division’s Dike Oo township said that outlying villages had witnessed terns of thousands of mice leave the areas close to Kawliya and Bawni reservoirs and head towards villages.

“They looked like they were migrating. They have white fur on their chest and are running with their tails straight; they looked as if they were running for their lives,” he said.

“We don’t know whether this [is a sign of] a weather disaster, natural disaster or damaged reservoir. But elderly people are saying the mice are fleeing from a disaster of some sort. Now is not yet [the time of the year] for disasters but the mice were running for their lives.”

Migration of animals is closely tied to weather patterns, but evidence of mass movement being a forewarning of natural disasters is less clear. Famously, a freak migration of hundreds of thousands of frogs in central China in early May 2008 pre-empted the country’s worst earthquake in a generation.

Dike Oo residents said the arrival of mice would have little impact on farming as late rains have delayed the growing of crops, although there had been some damage to bean plants.

Locals also expressed concern about the possible spread of diseases, with one man claiming that Burmese authorities had done little to tackle the problem.

An ongoing famine in Burma’s northwestern Chin state has been exacerbated in recent years by the bi-centurial flowering of bamboo plants, which attracts rats in their millions.

Thousands of acres of crops have been lost in Chin state since the flowering began in 2007. The Canada-based Chin Human Rights Organisation (CHRO) said that the fallout from the last mass bamboo flowering in Burma reportedly caused the deaths of 10,000 to 15,000 in India’s neighbouring Mizoram state. The UN claims that Chin state needs around 23,000 tons of food aid to counter the famine.

Similarly, in September last year the UN warned of the potential damage to crop harvests in Burma’s southern Irrawaddy delta from a rodent infestation. According to the UN Office for the Coordination of Humanitarian Affairs, the Burmese government had instructed farmers to kill up to 15 rats per day, and submit their tails to local authorities, or risk being fined.
Author: NAW NOREEN Category: Environment, News Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည့်ကလေးကို ကျပ်သိန်းချီကောက်


Wednesday, 30 June 2010 20:54 သျှမ်းသံတော်ဆင့်
သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံ လ၀က ရုံးတွင် အသက် ၁၈ နှစ်ပြည့် ကြံ့ဖွံ့အသင်းဝင်များ မှတ်ပုံတင် အခမဲ့ လုပ်ပေးသော်လည်း ၁၀ နှစ်ပြည့်ကလေးများအတွက် ကျပ်သိန်းချီကောက်ခံနေကြောင်း စုံစမ်းသိရှိရ သည်။

ကလေးတယောက်အတွက်မှတ်ပုံတင်လုပ်ခ ကျပ်ငွေ ၅ သိန်းပေးဆောင်ရန် လ၀က ခရိုင်မှူး ဦးအောင် မျိုးလွင် ကိုယ်တိုင် ကလေးမိဘများအားခေါ်ယူတွေ့ဆုံပြောကြားကြောင်း၊ ၁၈ နှစ် ပြည့်ပြီး ငွေကြေးမပြည့် စုံသူများ ကြံ့ခိုင်ရေးအသင်း ၀င်လျှင် မှတ်ပုံတင် အခမဲ့လုပ်ပေးမည်ဟုလည်း ကျိုင်းတုံ လ၀ကမြို့နယ်မှူး စိုင်းဆိုင်တွီ က စည်းရုံးပြောဆိုခဲ့ကြောင်း ကျိုင်းတုံမြို့သား စိုင်းဆမ်တစ် ဤကဲ့သို့ပြောပြ၏။

[ မြန်မာ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကဒ်]

မြန်မာ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကဒ်

“မှတ်ပုံတင် လုပ်ခတစ်ယောက် ၅ သိန်းထည့်ရမယ်။ ထည့်တဲ့သူ မှတ်ပုံတင် လုပ်ပေးမယ်။ မထည့်ရင် မလုပ်ပေးဘူး။ မကျေနပ်ရင် ဘယ်ဌါနကို တိုင်ချင်တိုင်။ ဒါပေမယ့် အသက် ၁၈ နှစ်ပြည့်သူတွေ ကြံ့ဖွံ့ အသင်းဝင်ရင် မှတ်ပုံတင် အလကား ရမယ် - လို့ လ၀ကရုံးကပြောတယ်”

ကျိုင်းတုံမြို့နယ်တွင် အသက် ၁၀ နှစ်အထက် ကလေးများအား ဧပြီလမှစ၍ မှတ်ပုံတင်ပြုလုပ်ပေးမည် ဖြစ် ကြောင်း နံရံတွင်စာကပ်ထားသည်ဟုဆို၏။

ငွေကြေးတတ်နိုင်သူ လူနည်းစုကသာ ပြုလုပ်ကြသော်လည်း ငွေကြေးမတတ်နိုင်သူအများအပြားက “ သူတို့ ၁၈ နှစ်ပြည့်မှဘဲလုပ်ပေးမယ်။ အခုလဲ ဘယ်မှ သွားစရာမှမလိုတာ။ အဲ့ဒီအချိန်ကျမှ ကြံ့ဖွတ်အသင်းဝင်ပြီး မှတ်ပုံတင် အလကားလုပ်ပေါ့” - ဟု ဆိုကြကာ လ၀ကရုံးမှ အသီးသီး ပြန်လှည့်ထွက်ကြကြောင်း အမည် မဖေါ်လိုသည့် ကလေးမိခင်တဦးက ပြောသည်။

မှတ်ပုံတင်လုပ်ခအတွက် ငွေကြေးကောက်ခံသူများမှာ ဦးအောင်မျိုးလွင်(လ၀ကခရိုင်ဦးစီးမှူး)၊ စိုင်းဆိုင်တွီ (လ၀ကမြို့နယ်မှူး)နှင့် ဦးကျော်ကျော်လှိုင် (လ၀ကစာရေး) တို့ဖြစ်ကြသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသထွက်


ဧရာဝတီ Wednesday, June 30, 2010
နျူကလီးယား စစ်ဆေးရေးမှူးဟောင်း ရေးသား ပြုစုသည့် စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက် ဆိုင်ရာ အစီရင်ခံစာကို ဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသ ထွက်လျက် ရှိကြောင်း သိရသည်။

ပြည်ပသို့ တိမ်းရှောင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင်လာသည့် အထောက်အထားများအပေါ် မူတည်၍ နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ ဦးဆောင်ပြုစုပြီး ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလ အစောပိုင်းတွင် အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။

[ချွေးပြန်နေသော ဗိုလ်ချုပ်မှူးကြီးကို သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ရှိ စွယ်တော်ပူဇော်ထားရာ ကျောင်းတော်သို့ ရောက်စဉ်က တွေ့ရပုံ (ဓာတ်ပုံ - Reuters)]

ချွေးပြန်နေသော ဗိုလ်ချုပ်မှူးကြီးကို သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ရှိ စွယ်တော်ပူဇော်ထားရာ ကျောင်းတော်သို့ ရောက်စဉ်က တွေ့ရပုံ (ဓာတ်ပုံ - Reuters)
“မြန်မာ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရ၏ နျူကလီးယား အစီအစဉ် များသည် “ကျွမ်းကျင် သေသပ်မှု မရှိ”၊ “အကြမ်းထည် ဆန်လွန်းသည်” ဟု ရောဘတ် ကယ်လီက ကောက်ချက် ချထားသည်။

“နျူကလီးယား ထုတ်လုပ်ရေးနှင့် ဆက်စပ်သည့် စစ်ဌာနချုပ် များတွင် လက်တွေ့ သုတေသန ဆောင်ရွက်မှု ရှိပုံမရ။ အနည်းဆုံး အားဖြင့် နျူကလီးယား ဆိုင်ရာ အစိတ် အပိုင်းများ၊ စမ်းသပ်မှု များကိုပင် လုပ်နိုင်ပုံ မရသေး”ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

စနစ်တကျ အသေးစိတ် သုံးသပ်ထားသော အစီရင်ခံစာကို ဖတ်ရှုပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် နီးစပ်လာပြီဟု အစဉ်တစိုက် သတင်းပို့နေခဲ့သော သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဦးသောင်း စသည့် ထိပ်တန်းအစိုးရအရာရှိများ၏ လိမ်ညာ ထား ချက်များကို သိမြင်လာသဖြင့် ဗိုလ်ချုပ်မှူးကြီးက ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် စစ်အသိုင်းအဝိုင်းက ဆိုသည်။

စစ်ဗိုလ်ချုပ်များ အနေဖြင့် နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီးနိုင်ငံဖြစ်ရေး အောင်မြင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိကြောင်း၊ စစ်အစိုးရသည် နျူကလီးယားဗုံး ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပြီး နိုင်ငံတကာ သဘောတူညီချက်များ ကို ချိုးဖောက်နေကြောင်း ရောဘတ် ကယ်လီက အစီရင်ခံစာထဲတွင် သုံးသပ်ထားသည်။

“အထောက်အထားများကို ကြည့်ခြင်းအားဖြင့် နျူကလီးယားတပ်ဖွဲ့က ရေးဆွဲထားသည့် ပုံစံမူကြမ်းများမှာ ကျွမ်းကျင်မှု မရှိ ခြင်းကို ပြနေသည်။ အချက်အလက်များ စိစစ်မှုအရ မြန်မာစစ်အစိုးရ၏ နျူကလီးယား အစီအစဉ်မှာ ခေတ်နောက်ကျလွန်း လှပေသည်”ဟု ရောဘတ် ကယ်လီက ဆိုထားရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက အာဏာရှင် ဦးနေဝင်းကို အောက်ခြေ အရာရှိများက လိမ်ညာ ဖုံးဖိထားသည့် အစီရင်ခံစာများ၊ အာဏာရှင် အကြိုက်ဖြစ်မည့် သတင်းလွဲများသာ တင်ပြခဲ့ကြသဖြင့် နောက်ဆုံးတွင် မည်သည့်စီမံကိန်းမျှ အကောင်အထည် မပေါ်ခဲ့ခြင်းကို ဗိုလ်ချုပ်မှူးကြီး စေ့စေ့တွေးရင်း အံတကြိတ်ကြိတ် ဖြစ်နေမည်မှာ မလွဲဟု ဝေဖန်သုံးသပ်သူများက ဆိုကြသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်ကားသူကို ရုံးတင်တရားစွဲ


မြတ်ခိုင်ဦး / ၃၀ ဇွန် ၂၀၁၀
အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား အကြိမ်ကြိမ်စော်ကား မတရားကျင့်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအား တရားရုံးတင်ရန် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ပြီဖြစ်သည်။

မိဘများမရှိခိုက် မိန်းကလေးငယ်လေးအား သေနတ်ပြခြိမ်းခြောက်၍ မတရားပြုကျင့်ခဲ့သူ ရာဘာခြံအလုပ်သမား စိုးမောင်မောင်အား Rask Thai ဖောင်ဒေးရှင်းနှင့် ကလေးသူငယ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ဘန်ဖတ်ဒတ်) တို့မှ ပူးပေါင်း၍ ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရပ်ဌာနီခရိုင်၊ ထချန်းမြို့နယ်၊ ဆပ်ဝီယ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ထချန်းမြို့နယ်ရှိ နန်းတလေ ရော်ဘာခြံအတွင်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော ကိုမိုးလှိုင်နှင့် မသိန်းကြည်တို့၏ အသက် (၁၁) နှစ်အရွယ် သမီးငယ် မမိုးဝါအား မိဘများ ရော်ဘာသွားခြစ်သော ညများတွင် အဆိုပါခြံမှ မန်နေဂျာအမျိုးသမီး၏ ယောက်ျားဖြစ်သူ စိုးမောင်မောင်က မကြာခဏလာရောက် ခြိမ်းခြောက် အနိုင်ကျင့်စော်ကားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။

မမိုးဝါ၏မိခင်ဖြစ်သူ မသိန်းကြည်က “ကျမတို့က ညဘက်ဆို (၁၁) နာရီလောက်စပြီး ရော်ဘာခြစ်ရတယ်လေ။ အဲဒါ သမီးနဲ့သားငယ် (၂) ယောက်ကို အိမ်မှာ သေသေချာချာမှာထားခဲ့တယ်။ ဘယ်သူလာလာ တံခါးမဖွင့်ပေးရဘူးလို့။ သူက မန်နေဂျာမရဲ့ ယောက်ျားဆိုတော့ သမီးကကြောက်တော့ ဖွင့်ပေးတာနေမယ်။ သမီးပြောတာက သူ (၄) ခါ၊ (၅) ခါ အဲဒီလို လာတယ်လို့ပြောတယ်။ လက်ထဲမှာ သေနတ်နဲ့ ဘယ်သူမှ မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြောက်ထားတော့ ကလေးက မပြောရဲဘူး။ အခုက စကားများရန်ဖြစ်မှ သမီးက ငိုပြီးပြောလို့ သိရတာ” ဟု ဝမ်းနည်းစွာ ပြောပြသည်။

စိုးမောင်မောင်သည် အသက် (၂၅) နှစ်ခန့်ရှိပြီး ၎င်း၏ဇနီးဖြစ်သူ ရာဘာခြံမန်နေဂျာမှာ အသက် (၄၅) နှစ်ခန့်ရှိကာ ထိုအမျိုးသမီးတွင် ယခင်အိမ်ထောင်နှင့် သားသမီး (၃) ဦးရှိသည်။

မတရားပြုကျင့်မှု ပေါ်ပေါက်ရသည်မှာ အဆိုပါမန်နေဂျာ အမျိုးသမီး၏သားဖြစ်သူနှင့် ပတ်သက်၍ မမိုးဝါ၏ မိဘများနှင့် စကားများရန်ဖြစ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ မန်နေဂျာအမျိုးသမီး၏ အသက် (၂၀) ခန့်ရှိသူ သားဖြစ်သူက မိဘတို့ထမင်းစားချိန် အချိန်မမီ၍ မစားရသော အခါများတွင် တခါတရံ၌ မမိုးဝါထံ လာရောက်၍ ထမင်းတောင်းစားလေ့ရှိပြီး ပြီးခဲ့သည့်လ မနက်လင်းပိုင်းတွင် မမိုးဝါ၏ မိဘများ ရော်ဘာခြစ်ရာမှပြန်အလာ အိမ်တွင် စားပြီးသား ထမင်းပန်းကန်တွေ့၍ သမီးဖြစ်သူအားမေးမြန်းကာ မန်နေဂျာမိသားစုထံ မိဘများမရှိခိုက် ယင်းသို့ အိမ်ကိုလာရောက် တောင်းစားသည်ကို မကြိုက်ကြောင်း သားဖြစ်သူကို ဆုံးမပေးရန်ပြောကြားရာမှ အခြေအတင် စကားများကြပြီး ယခုကဲ့သို့ စိုးမောင်မောင်က မမိုးဝါအား မတရားကျင့်သည့် ကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။

ပထမပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် လမ်းလွှဲရန် စိုးမောင်မောင် မိသားစုက ကြိုးပမ်းသော်လည်း၊ အဖွဲ့အစည်းများမှ တရားဝင် ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များ ဆောင်ရွက်ပေးနိုင်မှုအရ အခိုင်အမာ သက်သေပြနိုင်ပြီဖြစ်သည့်အတွက် တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိုသို့သော ကလေးသူငယ်များကို စော်ကားမှုများအား မိဘများက တရားရင်မဆိုင်လျှင်ပင် အခြားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက တရားစွဲဆိုပိုင်ခွင့်ရှိသည်။

မမိုးဝါသည် မိဘများ ရော်ဘာသွားခြစ်ခိုက် မောင်ငယ် (၂) ဦးကို စောင့်ရှောက်ရင်း အိမ်တွင် ကျန်ရှိနေသည်ကို စိုးမောင်မောင်က လူသူကင်းရှင်းသော ည (၁၁) နာရီခွဲခန့်တွင် လာရောက်လေ့ရှိကာ မမိုးဝါအား စော်ကားနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသည်မှာ တလခန့်ကြာမြင့်ခဲ့ပြီး လိုအပ်သော ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များလည်း ဝီဖဝတီဆူရပ်ဌာနီ ဆေးရုံကြီးမှ အခိုင်အမာရရှိထားပြီး ဖြစ်သည်ဟု Raks Thai ဖောင်ဒေးရှင်းမှ တရားစွဲဆိုနိုင်ရန် လိုက်ပါဆောင်ရွက်ပေးနေသူ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ရဲစခန်းကလည်း လိုအပ်တာအကုန်လုံး သေချာစစ်ဆေးပါတယ်။ ကျနော်တို့အတွက်လည်း ပညာရတယ်။ နောက်ဆို ဘယ်လို စနစ်တကျ လုပ်ရမယ်ဆိုတာပေါ့။ လာမယ့် (၆) ရက်နေ့မှာ ထချန်းတရားရုံးမှာ အမှုစတင်ရင်ဆိုင်ရမှာပါ” ဟု ပြောသည်။

ယခုအခါတွင် မသိန်းကြည်တို့ မိသားစုအား ထိုရော်ဘာခြံမှ ထွက်သွားခိုင်း၍ မောင်နှမဝမ်းကွဲတော်သူတဦး၏ခြံတွင် ဆက်လက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းသည် ရော်ဘာခြံများ၊ သီးပင်၊ စားပင် စိုက်ပျိုးပင်များဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရော်ဘာခြစ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြသူများ ရှိသည်။ ညပိုင်း ပတ်ဝန်းကျင် အေးမြလာချိန်တွင် ရော်ဘာအစေးခြစ် ထွက်ကြရပြီး မနက်ခင်းပိုင်းတွင် အနားယူ အိပ်စက်ကြရသည်။

ပုံမှန်အားဖြင့် (၁၅) ရက်တခါခန့် ခြစ်ပြီးသား အခြောက်လှန်းထားသော ရော်ဘာချပ်များကို ရောင်းချလေ့ရှိကာ ထိုသို့ရောင်းချသော ရက်များကို စနည်းနာ၍ မသမာသူများ၏ ဓားပြတိုက်မှုများလည်း အမြဲလိုလို ဖြစ်ပေါ်နေတတ်၍ ရော်ဘာခြံပိုင်ရှင်များက မိမိတို့၏တပည့်တပန်းများကို သေနတ်များပေးကာ ကိုင်ဆောင်စေလေ့ရှိသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, June 29, 2010

တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..

EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်
By ဦးသားညွန့်ဦး တနင်္လာ, 28 ဇွန် 2010
EU ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို EU ဘက်က ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်းမှာ မကြာခင် ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကိစ္စ ပြောဆိုဆွေးနွေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ EU ရဲ့ ခရီးစဉ် ဘာကြောင့် ပျက်သွားသလဲဆိုတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မကြာခင် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲ အခြေအနေကို စနည်းနာဖို့နဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်နိုင်ရေး မြန်မာအာဏာပိုင်တွေကို ဆွေးနွေးဖို့အတွက် EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဖာဆီနို (Piero Fassino) မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ကိစ္စ မအောင်မမြင် ဖြစ်နေတဲ့ အချိန်မှာ EU ဘက်က အခုလို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို သွားဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။

NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ EU ဥရောပရုံး တာဝန်ခံ ဦးနွယ်အောင်ကတော့ EU ဘက်က တောင်းဆိုတဲ့ အချက်တွေကို မြန်မာအာဏာပိုင်တွေဘက်က မလိုက်လျောတာကြောင့် စီစဉ်ထားတဲ့ ခရီးစဉ် ပျက်သွားတာလို့ ပြောပါတယ်။

“အဓိကကတော့ သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ချင်တယ်၊ သူတို့လာတဲ့အခါ စစ်အာဏာပိုင်တွေနဲ့လည်း တွေ့မယ်။ ပြီးတော့ မြန်မာပြည် ရှေ့ရေးကိစ္စတွေ ဆွေးနွေးချင်တယ်။ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးချင်တယ် ဆိုပြီးတော့ ပြောတာ။ ပြောတော့ စစ်အာဏာပိုင်တွေက တခုမှ လက်မခံဘူး။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ် ဆိုတာကို သူတို့က သဘောခွေ့ပုံ မပေါ်ဘူးလေ။”

အဲဒီတော့ EU ဘက်က ဖျက်လိုက်တာလား၊ မြန်မာအစိုးရဘက်က လက်မခံတာလား၊ ခရီးစဉ်နဲ့ ပတ်သက်လို့။

“မြန်မာအစိုးရဘက်က ဒီအချက်အလက်တွေကို လက်မခံဘူးဆိုတော့ သူတို့က ငြင်းဆိုတာပဲ ဖြစ်တာကိုး။ EU အဖွဲ့ အနေနဲ့ကလည်း သူတို့က အချက် ၃ ချက်လောက် တောင်းတယ်၊ တချက်မှ မရဘူးဆိုတော့ သွားလို့လည်း သူတို့ ဗီဇာပေးမှ ရမှာကိုး။ အဲဒီတော့ စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့လည်း လက်မခံဘူး၊ တခြား အချက်အလက်တွေကိုလည်း လက်မခံတဲ့ သဘောနဲ့ဆိုတော့ လက်မခံရင် ဗီဇာမရဘူးပေါ့။”

အန်ကယ်သိသလောက်ပေါ့ အခု EU ဥရောပသမဂ္ဂ မြန်မာနိုင်ငံသွားဖို့ ဆိုတာက အဓိက ဘယ်ကိစ္စတွေကို ဦးစားပေးပြီး ဆွေးနွေးဖို့ စဉ်းစားချက်ရှိလဲခင်ဗျ။

“အဓိကကတော့ ရွေးကောက်ပွဲကိစ္စပဲ။ ရွေးကောက်ပွဲကိစ္စကို တရားမျှတဖို့၊ All inclusive ဖြစ်ဖို့၊ အထူးသဖြင့် ပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီက ရွေးကောက်ပွဲကို အနိုင်ရထားတဲ့ပါတီ၊ ပါတီအကြီးဆုံး ဖြစ်တဲ့အတွက်ကြောင့် NLD ကို ပါစေချင်တယ်။ အဲတော့ ပါဖို့အတွက်ကို စစ်အာဏာရှင်တွေဘက်က ဘယ်လိုများ ပြန်လည် စဉ်းစားပေးနိုင်မလဲ ဆိုတဲ့ အချက်အလက်တွေပေါ့လေ။ အဲဒီဟာတွေကို သူတို့ အဓိက ပြောချင်တာပါ။ ပြီးတော့ ထုံးစံအတိုင်းပေါ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆိုတာကလည်း အဓိကကျပါတယ်၊ သူတို့ သွားတဲ့အထဲမှာ။”

EU ရဲ့ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရပ်တည်ချက်ကရော အခုလက်ရှိ နောက်ဆုံးအနေအထားမှာ ဘယ်လိုများ ရှိလဲခင်ဗျ။

“သူတို့ကတော့ အစကတည်းက ပြောထားတာပဲ၊ ရွေးကောက်ပွဲဟာ Free and Fair ဖြစ်ရမယ်၊ All inclusive ဖြစ်ရမယ်၊ ပြီးတော့ International Standard ကို မီရမယ်ဆိုပြီးတော့ သူတို့ ပြောထားတာကိုး။ ဆိုတော့ အဲဒီ stand အတိုင်းပဲ သူတို့ကလည်း သွားပြီး ပြောမှာပဲလေ။”

EU ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌက စပိန်နိုင်ငံ ဖြစ်ပါတယ်။ အခုလာမယ့် သီတင်းပတ်မှာတော့ သူဟာ သက်တမ်းပြည့်မှာပါ။ နောက်လာမယ့် အလှည့်ကျ ဥက္ကဋ္ဌကတော့ ဂျာမဏီနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ သွားရောက်နိုင်ရေးကို ရန်ကုန်မှာရှိတဲ့ ဂျာမန်သံရုံးက စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ EU တာဝန်ရှိသူတွေဘက်က သီးခြား အတည်ပြုချက် တစုံတရာ မှတ်ချက်ပေးတာတော့ မရသေးပါဘူး။
http://www1.voanews.com/burmese/news/burma/eu-myanmar-97357784.html

အပြည့်အစုံသတင်းဖတ်ရန်....

စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????

3 Watt နဲ့ 5 Watt ဆိုတာ..ခရမ်းချဉ်သီး မီးသီး သာသာပါ..ဒါကို..175 ဒေါ်လာပေးရမယ်..၂သိန်းလောက်ကျမယ်..ဘယ်သူ ၀ယ်သုံးနိုင်မလဲ..စဉ်းစားကြည့်ပါအုံး..
လက်လုပ်လက်စားအောက်ခြေက ပြည်သူလူထုဘ၀..င်္ကြဖွတ်က နှိပ်စက်.. နအဖ က နှိပ်စက်နဲ့ .. ဖယောင်းတိုင်လေးတောင် ထွန်းဖို့ အနိုင်နိုင်ဗျာ..
နေရောင်ခြည်သုံး လျှပ်စစ် ဓာတ်အား စနစ်များ အနည်းဆုံး ကျပ်နှစ်သိန်း ၀န်းကျင်ဖြင့် ရောင်းချ
လျှပ်စစ်မီး မရရှိ နိုင်သည့် ဒေသများတွင် အနည်းဆုံး ငွေကျပ် နှစ်သိန်း ၀န်းကျင်ဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားကို သုံးစွဲ နိုင်ရန် အမှတ် (၂) စက်မှု ၀န်ကြီး ဌာနက စီစဉ် ပေးနေကြောင်း သိရသည်။ နေရောင်ခြည် စွမ်းအင် အသုံးပြု၍ လျှပ်စစ် ထုတ်ယူသည့် စနစ် အတွက် ကျေးလက် ဒေသသုံး 3 Watt မီးသီး ရှစ်လုံး တစ်စုံ သို့မဟုတ် 5 Watt မီးသီး လေးလုံး ပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊ မြို့ပြတွင် အသုံးပြု နိုင်မည့် 3 Watt မီးသီး ၁၂ လုံး သို့မဟုတ် 5 Watt မီးသီး ရှစ်လုံး သို့မဟုတ် 7 Watt မီးသီးေ ခြာက်လုံး ပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀၀ နှင့် လုံခြုံရေးမီး နှင့် လမ်းမီးများ အဖြစ် အသုံးပြု နိုင်သော သုံးမီတာ နိုင်ရင် အရှည် ရှိသည့် 10 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၂၉၅၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း၊ ခြောက်မီတာ အရှည်ရှိသည့် 25 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၆၀၀၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီး ဌာနက သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ ဆိုလာ စနစ်ဖြင့် လျှပ်စစ်မီး၊ ၂၂ လက်မ LCD TV, DVD၊ ကွန်ပျူတာ၊ အဲကွန်းနှင့် ပန်ကာများ သုံးနိုင်သည့် 1000 Watt တစ်စုံကို ကျပ်သိန်း ၃၀၊ 3000 Watt ကို ကျပ်သိန်း ၉၀ နှင့် 5000 Watt ကို ကျပ်သိန်း ၁၂၀ စသည်ဖြင့် ရှိပြီး ဆိုလာ စနစ်များ အတွက် လုပ်ငန်း အပ်နှံ လာပါက ဈေးနှုန်း ချိုသာစွာ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အပ်နှံလာတဲ့ Watt အမျိုးအစား အလိုက် နေအိမ်များတွင် ရုပ်မြင်သံကြား၊ အိမ်သုံးမီး၊ ပန်ကာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ နှင့် ရေမော်တာ စက်များအထိ အသုံးပြု နိုင်သည်ဟု သိရသည်။

နေရောင်ခြည် စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြား များကို ရာနှုန်းပြည့် ဂျပန် နည်းပညာဖြင့် အမှတ်(၂) စက်မှု ၀န်ကြီး ဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း ထုတ်လုပ်မှု စက်ရုံ (ဒဂုံ)၊ LED မီးသီး ထုတ်လုပ်မှု စက်ရုံက ထုတ်လုပ်ထား ပြီး၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အစိုးရ အဖွဲ့ အစည်း များ၏ တရားဝင် ထောက်ခံ အသိ အမှတ် ပြုထားသော ဆိုလာပြားများ ဖြစ်ကြောင်း သိရသည်။ ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အား ထွက်ရှိမှုကို အနှစ် ၂၀ အထိ အာမခံ ပေးထားပြီး ၀ယ်ယူလို ပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ၀၁-၆၅၁၄၃၁) နှင့် နေပြည်တော် ၌ မြန်မာ့ စက်ကိရိယာ နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း ၀၆၇-၄၀၅၀၅၉၊ ၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ် နိုင်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

၂၉ . ၆ . ၂၀၁၀ http://www.htwd.info/2010/06/solar.html

အပြည့်အစုံသတင်းဖတ်ရန်....

ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ပိုမို သတိထားသင့်


ယခုနှစ် သည် လာနီညာ နှစ် ဖြစ်ပါက မိုးနှောင်း နှင့် မိုးလွန်ကာလများ တွင် မုန်တိုင်း အန္တရာယ်ကို ပိုမို သတိ ထားသင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။ အကယ်၍ ဒီနှစ်သာ လာနီညာနှစ် ဖြစ်မယ်ဆိုရင် မိုးနှောင်း နဲ့ မိုးလွန် ကာလ တွေမှာ မိုး ကောင်းနိုင်မယ်။ ပြီးတော့ အဲဒီ ကာလ တွေမှာ မုန်တိုင်း ပိုဖြစ်နိုင်ပြီး မြန်မာပြည် အတွက်လည်း အန္တရာယ် ရှိနိုင်တယ်။ ပြီးတော့ ဒီနှစ်ဆောင်း တွင်း မှာ ပိုအေး နိုင်တယ်ဟု ၄င်းက ပြောပါသည်။ ယခုလ တိုင်းထွာ ချက်များ အရ လာနီညာနှစ် ဖြစ်နိုင် ခြေ ၄၆ ရာခိုင်နှုန်း၊ ကြားနေနှစ် ၅၁ ရာခိုင်နှုန်းနှင့် အယ်နီညို ၃ ရာခိုင်နှုန်း ရှိနေပြီး၊ လာနီညာနှစ် ဖြစ် မဖြစ်ကိုမူ ဇူလိုင်လကုန်တွင် အတိအကျ သိရှိရမည် ဖြစ်သည်။ အကယ်၍ လာနီညာနှစ် ဖြစ်ပါက သက် တမ်းမှာ ယခုနှစ် နိုဝင်ဘာလမှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အထိ ကြာမြင့်မည် ဖြစ်သည်။ ခုတောင် လာနီ ညာနှစ် ဖြစ်နိုင်ခြေက ၄၆ ရာခိုင်နှုန်း ဆိုရင် နောက်လတွေမှာ ပိုများ လာနိုင်တယ်။
လောလောဆယ်မှာ မကြေ ညာနိုင် သေးပေမယ့် လာနီညာနှစ် ဖြစ်နိုင်ခြေ ပိုများတယ်ဟု ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။ အကယ်၍ လာနီညာနှစ် ဖြစ်ခဲ့ပါက သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလ များတွင် မိုးကောင်း နိုင်ပြီး ယင်း မိုးသည် သက်နုနှင့် သက်လတ် စပါးများ စိုက်ပျိုးလိုသူ တောင်သူ လယ်သမားများ အတွက် အဖျက်မိုး ဖြစ်နိုင်သဖြင့် သက် ကြီး စပါးမျိုးကိုသာ စိုက်ပျိုး သင့်ကြောင်း ၄င်းက ထည့်သွင်း ပြောဆိုပါသည်။

၂၉ . ၆ . ၂၀၁၀
http://www.htwd.info/2010/06/storm.html

အပြည့်အစုံသတင်းဖတ်ရန်....

ဒီအပြောတွေ အလိမ်..

ကျွန်တော်တို့  အဖိုးတွေ အင်္ဂလိပ်ခေတ်က ရန်ကုန်ဆိုတာ မီးပြတ်တယ်မရှိခဲ့ပါဖူး။
ကျွန်တော်တို့  အဖေတွေ ဖဆပလခေတ်က ရန်ကုန်ဆိုတာ မီးပြတ်တယ်မရှိခဲ့ပါဖူး။
ကျွန်တော်တို့  ငယ်ငယ်တွေ မဆလခေတ်က ရန်ကုန်ဆိုတာ မီးပြတ်တယ်မရှိခဲ့ပါဖူး။
ကျွန်တော်တို့  ကလေးတွေ ကြံဖွတ်ခေတ်မှာ မှ ရန်ကုန်ဆိုတာ မီးပြတ်တော့တာဘဲ။
၂၄ နာရီ..မီးပေးမယ်ပြော မဲဆွယ်တာ..ရီစရာဘဲ..ဒါတွေ ရိုးနေပြီ
အခွန်စား အစိုးရလုပ်နေရင်..လမ်းဖောက်တံတားဆောက်.. မီးရေအပြည့်အစုံပေးရမှာ အစိုးရရဲ့တာဝန်..
ငါလက်ထက် မှ မီးရတယ် ပြောပြီးဂုဏ်ယူတာ...အထင်ကြီးစရာမှ မဟုတ်တာဘဲကွယ်...

ရန်ကုန်တွင် ၂၄ နာရီ လျှပ်စစ်မီး ပေးတော့မည်
ညိမ်းသူ | တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၆ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တွင် လာမည့်လဆန်းမှ စတင်၍ လျှပ်စစ်မီး ၂၄ နာရီပေးမည်ဟု မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့ အကြီးတန်းအရာရှိတဦး အဆိုအရ သိရသည်။
ယင်းသို့ ၂၄ နာရီမီးပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားထားကာ ယင်းအတွက် ဇူလိုင်လကို သတ်မှတ်ကြောင်း သိရခြင်း ဖြစ်သည်။
’’ရွေးကောက်ပွဲကလည်း အားလုံး ကြားထားတဲ့အတိုင်းပဲ အောက်တိုဘာလို့ အကြမ်းအားဖြင့် သိထားပါတယ်။ ဒါက ပြောနေကြတာ အပြင်မှာလည်း ပြန့်နေပါပြီ။ အဲဒီအခါကျတော့ အစိုးရက ဖွဲ့ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲရရှိဖို့အတွက် ၂၄ နာရီ မီးပေးဖို့ ကိစ္စကို လုပ်တာလို့ ထင်မိတယ်’’ ဟု အကြီးတန်း အရာရှိက ပြောသည်။

လက်ရှိတွင် ရန်ကုန်ရှိ ၄၅ မြို့နယ်တွင် မီးပေးချိန်ကို ပြီးခဲ့သည့်ဇွန်လ ၁၂ ရက်နေ့က စတင်ကာ ပြောင်းလဲထားရာ ယခင်ထက် ၆ နာရီ တိုးပေးထားသည့်အတွက် စုစုပေါင်း တနေ့လျှင် ၁၂ နာရီ ရရှိနေကြသည်။ အချို့မြို့နယ်များတွင် ၁၂ နာရီထက်ပိုကာ ရရှိကြသည်။

စမ်းချောင်းမြို့နယ်တွင်မူ တနေ့လျှင် ၁၈ နာရီခန့် မီးရရှိကြောင်း ၎င်းမြို့နယ် လက်ဆောင်ကုန်း (မြောက်) ရပ်ကွက်သားတဦးက ပြောသည်။

ရန်ကုန်မြို့အတွက် လိုအပ်သော မဂ္ဂါဝပ်မှာ ၆၈ဝ ခန့်ရှိသည့်အနက် ယခုပေးနေသော မဂ္ဂါဝပ်မှာ ၄၅ဝ ခန့် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

လက်ရှိပေးဝေမှုမှာ ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့က ထုတ်လွှတ်သော ဓာတ်အားတို့ကို ၂ ခုပေါင်းကာ မဟာဓာတ်အား လိုင်းဖြင့် ပေးနေသည်ဟု ယင်းအကြီးတန်းအရာရှိက ပြောသည်။

လက်ရှိတွင် မြန်မာတနိုင်ငံလုံးအတွက် လျှပ်စစ်ထုတ်ဝေပေးနိုင်မှုမှာ ၆ဝဝ မဂ္ဂါဝပ်ကျော်သာ ရှိသေးသော်လည်း ရန်ကုန်အတွင်း လျှပ်စစ်ဓာတ်အားပေးမှုမှာ မဂ္ဂါဝပ် ၄၅ဝ ခန့် ရှိနေခြင်း ဖြစ်သည်။

လာမည့်လတွင် မြန်မာတနိုင်ငံလုံးအတွက် မဂ္ဂါဝပ် ၉ဝဝ ကျော် ထုတ်လုပ်နိုင်တော့မည်ဖြစ်သဖြင့် ရန်ကုန်ကို ၂၄ နာရီ မီးပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ကို ၂၄ နာရီ မီးပေးသည့်အချိန်တွင် ရန်ကုန်ရှိ စက်မှုဇုန်များကို တနေ့လျှင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ မီးပေးသွားမည်ဟု လည်း အမည်ဖော်လိုသူ အရာရှိကြီးက ပြောသည်။

ယခုလ ၁၆ ရက်နေ့မှ စတင်ကာ စက်မှုဇုန်များကို တနေ့လျှင် ၅ နာရီ မီးပေးလျက်ရှိကာ၊ ရန်ကုန်တွင် စက်မှုဇုန် ၁၉ ဇုန်ရှိပြီး ယင်းစက်မှု ဇုန်များ လျှပ်စစ်မီး သုံးစွဲမှုမှာ မဂ္ဂါဝပ် ၉ဝ နီးပါးရှိသည်။

’’စက်မှုဇုန်တွေအားလုံး လည်ပတ်မှု မရှိဘူးလေ။ ရန်ကုန်မှာက အလုပ်ဖြစ်တယ်လို့ ပြောလို့ရတဲ့ စက်မှုဇုန်ကို ပြောပါဆိုရင်တော့ လှိုင်သာယာကိုပဲ ပြောရမှာ။ ကျန်တဲ့ ဇုန်တွေထဲမှာတော့ ရွှေပြည်သာ၊ သာဓုကန်၊ ဒဂုံအရှေ့ အဲဒါလောက်ပဲ နည်းနည်းပါးပါး လည်ကြတာ ရှိတယ်’’ ဟု စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/5604-2010-06-28-13-17-19.html

အပြည့်အစုံသတင်းဖတ်ရန်....

ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့် ပါးချတယ်ဟယ်..

မန္တလေး မြို့တော်ဝန် ပါးရိုက် အပြစ်ပေးရန်ပိုင် Tuesday, June 29, 2010

မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်က စည်ပင် သာယာရေး ကော်မတီရုံးရှိ ၀န်ထမ်းတချို့ကို ပါးရိုက် အပြစ်ပေးသည့် အဖြစ် အပျက်တခု မကြာသေးမီ ရက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ထိုသို့အပြစ် ပေးရခြင်းမှာ စွပ်ကျယ်အင်္ကျီ လက်ပြတ်နှင့် ဘောင်းဘီတို ၀တ်ဆင်ထားသည့် တရုတ်လူမျိုး လင်မယားနှစ်ဦးကို ရုံးအတွင်း ၀င်ခွင့်ပေးသောကြောင့် ဖြစ်ကြောင်း ၊ ထိုလင်မယားကိုလည်း သရုပ်ပျက် ၀တ်စားဆင်ယင်သည်ဟု ဆိုကာ မြို့တော် ၀န်က ရုံးအတွင်းမှ နှင်ထုတ်ကြောင်း မန္တလေးမြို့စည်ပင်သာယာ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“လင်မယားနှစ်ယောက်က ဘောင်းဘီတိုတွေနဲ့ ဆိုတော့ မြို့တော်ဝန်ကြီး ဒေါသထွက်ပြီး မောင်းထုတ်ပစ်တာ”ဟု ၎င်းကဆိုသည်။

အပြစ်ပေးခံရသည့် ၀န်ထမ်းများမှာ ရုံး၏ ၀င်ပေါက်များရှိ ဧည့်စာရင်းဌာနတွင် နာမည်နှင့် မှတ်ပုံတင်များကို တိုက်ဆိုင်စစ်ဆေး ရ သည့် ၀န်ထမ်းများ ဖြစ်သည်ဟု မန္တလေးမြို့စည်ပင်သာယာ ၀န်ထမ်းကဆိုသည်။

ယခုအခါ မန္တလေး စည်ပင်သာယာရုံးများသို့ အလုပ်ကိစ္စလာရောက်မည်ဆိုလျှင် သပ်ရပ်စွာ ၀တ်စားဆင်ယင်ပြီး လာရမည်ဖြစ် ကြောင်း၊ စွပ်ကျယ်၊ ဘောင်းဘီတိုများ ၀တ်ဆင်၍ လာရောက်ခွင့်မပြုကြောင်း ဆိုသည့် သတိပေး စာတန်းများကို ဆိုင်းဘုတ်များ ရေးသားပြီး စိုက်ထူထားကြောင်း သိရသည်။

ဦးဖုန်းဇော်ဟန်သည် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) (၁)တွင် ဗိုလ်မှူးချုပ် ရာထူးဖြင့် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပြီး မကြာသေးမီက စစ်ဘက်ဆိုင်ရာရာထူးကို စွန့်လွှတ်ထားသူ ဖြစ်သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးမြို့သို့ နယ်စပ်မှ တရုတ်လူမျိုး အမြောက်အမြား ၀င်ရောက်လာကြောင်း၊ ၎င်းတို့သည် ရှေး ယခင်က တည်း နေထိုင်ခဲ့သည့် တရုတ်လူမျိုးများကဲ့သို့ မြန်မာ့ယဉ်ကျေးမှုကို နားမလည်၍ ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားခြင်းဖြစ် ကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမား တဦးက ပြောသည်။

လူရွှင်တော် ချစ်စရာကလည်း မန္တလေးမြို့တွင် တရုတ်လူမျိုးများ ကြီးစိုးနေခြင်းကို“မန္တလေးသားစစ်စစ်ကြီးပါဗျာ”ဟူသော ပြဇာတ် ဖြင့် သရော်ခဲ့ဖူးသည်။ ထိုပြဇာတ်ကို ပြီးခဲ့သည့် ဧပြီလက ကျင်းပသည့် မန္တလေးမြို့ နှစ် ၁၅၀ ပြည့် အကြိုဖျော်ဖြေပွဲတွင် တင်ဆက် ကပြ ရာ လူကြိုက်အလွန်များပြီး မန္တလေးမြို့ အာဏာပိုင်များကပါ ကြိုက်နှစ်သက်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ရှေးယခင် မြန်မာဘုရင်များလက်ထက်ကပင် တရုတ်လူမျိုးများ လာရောက်နေထိုင်ခဲ့ကြပြီး မန္တလေးမြို့ ကျက် သ ရေဆောင် မြို့မ တူရိယာအသင်းကြီးကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူတည်ထောင်ခဲ့သည့် “ဦးတော်လုံ”ကဲ့သို့ မြန်မာ့ရိုးရာကို လေးစား မြတ်နိုးသည့် တရုတ်လူမျိုးများလည်း ရှိခဲ့သည်။
http://www.irrawaddy.org/bur/index.php/news/1-news/3501-2010-06-29-12-37-37

အပြည့်အစုံသတင်းဖတ်ရန်....

မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်းအတွက် ချိုးရေ ထမ်းပို့ ပေးနေရ

ရေရှားသည့်ပြဿနာကြားက နောက်ထပ်ပြဿနာ ပေါ်ပေါက်နေရေးသားသူ - ကူးရယ် တနင်္လာနေ့, 28 ဇွန် 2010 05:00
မိုးရာသီရောက်ရှိနေပြီဖြစ်သော်လည်း ကရင်နီပြည်တွင်းဒေသတွင် မိုးရွာသွင်းမှုနည်းပါးပြီး တောင်သူများအနေဖြင့် စိုက်ပျိုးထားသော ပျိုးပင်များကို ရေမပေးနိုင်သည့်အပြင် သောက်သုံးရန်အတွက်ပါ ရေလုံလောက်မှုမရှိသည့် အခက်အခဲများ ကြုံတွေ့နေရသည်။

ထိုကြားထဲက နောက်ထပ်ပြဿနာတခု ထပ်ပေါ်လာသည်မှာ ကျေးရွာအနီးအနားတွင် အခြေစိုက်နေသော မြန်မာစစ်တပ်များက စခန်းအတွက် ရေမပို့မနေရ အမိန့်ထုတ်ထားသည့် အတွက်ကြောင့် ရွာသားများအနေဖြင့် ပိုမိုခက်ခဲမှုများကို ရင်ဆိုင်ရပြန်ပါသည်။

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းမှ ရွာသားများသည် ရွာအနီးအခြေစိုက်ထားသော စစ်တပ်စခန်းအား နေ့စဉ်နေ့တိုင်း ရေထမ်းပို့ပေးနေရသည်။ စစ်တပ်အတွက် သောက်သုံးရေအပြင် ချိုးရေကိုပါခတ်ပို့ပေးနေရသည်ဟု ရွာသားများကပြောသည်။

တပ်စခန်းတခုလျင် တရက်ကို ၀ါးမောက်ဗူး (တစ်ဂါလံရှိသောရေဗူး) ၄၅ဗူးအချိန်မှန် ပို့ပေးနေရပြီး မပို့ပေးပါက ဒဏ်ငွေသော်လည်းကောင်း၊ အိမ်မွေးတိရိစ္ဆာန်များကိုသော်လည်းကောင်း ပေးဆောင်ရသည်ဟုဆိုသည်။

“မြန်မာ စစ်တပ်တွေ ရေဆင်းချိုးတယ်ဆိုတာ တခါမှ မတွေ့ဖူးဘူး။ တပ်ထဲမှာဘဲ ချိုးတယ်လေ။ ကျနော်တို့အတွက်တော့ တခါတလေဆို စားဖိုးအတွက်တောင်မရှိဘူး” ဟု တပ်စခန်းများအတွက် အမြဲလိုလို ရေထမ်းပို့ပေးနေရသော ဖရူဆိုမြို့နယ်အတွင်းမှ ရွာသားတဦးကပြောသည်။

ဖရူဆိုမြို့နယ် ဖူးကရားခူကျေးရွာအနီးတွင် စစ်အစိုးရတပ်ရင်း ၅၁၃ မှ တပ်အင်အား ၂၀ ဦးဖြင့် အခြေစိုက်လျက်ရှိသည်။ ကရင်နီပြည်သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ယခင်ကမိုးခေါင်ရေရှားပါးမှု မဖြစ်ပေါ်ခဲ့သော်လည်း ယခု၂၀၁၀ခုနှစ်သည် ရေရှားပါးဆုံးနှစ်ဖြစ်ပေါ်စေခဲ့ပြီး လာမည့်အချိန်ကာလတွင်လည်း မိုးရွာသွင်းမှုမရှိပါက ပိုမိုဒုက္ခရောက်နိုင်သည်ဟု ရွာသားများက ယူဆထားကြသည်။

“ရေထွက်ပေါက်နဲ ကျနော်တို့ ရွာက တနာရီလောက် လမ်းလျှောက်ရပါတယ် ပြီတော့ ရေကိုရဖို့အတွက် အကြာကြီးထပ်စောင့်နေရတော့ အချိန်အရမ်းကုန်တယ် တောင်ယာ အလုပ်တွင်ကိုပါ ပျက်တယ်။ အခုချိန်ထိ မိုးမရွာသေးဘူး ရွာမှာဘယ်လိုလာမလဲမသိသေးဘူး။ အခုရာသီမှာဆိုရင် ထွန်းယက် စိုက်ပျိုးရမယ့်အချိုန်ပါ ဒါပေမဲ့ မိုးမရွာတော့ ဘာမှ လုပ်လို့မရဘူး။” ဟုဖရူဆိုမြို့နယ် ဖူကရားခူကျေးရွာမှ လယ်သမားတဦးကပြောသည်။
ခန်းခြောက်နေသောရေထွက်ပေါက်မှရေပြန်ထွက်လာရန် သက်ကြီးရွယ်အိုတဦးမှ ရေနတ်တင်ပူဇော်နေစဉ်(ဓါတ်ပုံ-ကေတီ)
ခန်းခြောက်နေသော ရေထွက်ပေါက်မှ ရေပြန်ထွက်လာရန် သက်ကြီးရွယ်အိုတဦးမှ ရေနတ်တင် ပူဇော်နေစဉ် (ဓါတ်ပုံ-ကေတီ)
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။

တွန့် ဆုတ် တွန့် ဆုတ်နဲ့ 
ခင်များ တာထွက်ဖို့ ကျိုးစားနေတာလား

ဒါနဲ့ 
တွန့် ဆုတ်တွန့် ဆုတ်နဲ့ 
ဘာလုပ်ရမယ်မှန်း မသိဖြစ်နေတာလား


ဒါမှ မဟုတ်
တွန့် ဆုတ်ပြီး ဘာလုပ်ရမှာမှန်းကို မသိဖြစ်နေရော့လား။

ဒါလေးအတွက် ခင်များမှာ အပြစ်မရှိပါဘူး။


ဒါပေမယ့်  အများကောင်းစားရေးအတွက်
အဓိက ဘာလုပ်ရမှာ မှန်းသိလျက်နဲ့ 
တွန့် ဆုတ်နေတဲ့ လူ
သန်း ဆယ်ဂဏန်းနဲ့ ချီသွားတဲ့ အခါ
ခင်များတင်မက ကျွန်တော့ မှာလည်း အပြစ်ရှိတယ်။

ဒေါင်းတမာန်။

အပြည့်အစုံသတင်းဖတ်ရန်....

တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေနှင့်ပိုမို စိတ်အားထက်သန်နေ



Monday, 28 June 2010 20:03 သျှမ်းသံတော်ဆင့်
တာဝေးပစ် အမြောက်များ တရုပ်ထံမှ မြန်မာစစ်တပ် ထပ်ဝယ်
မြန်မာစစ်တပ်အတွက် တာဝေးပစ်ခတ်နိုင်သော ၁၅၅ မီလီမီတာ အမြောက်ကြီးများကို တရုတ်နိုင်ငံမှ မေလတတိယပတ် အတွင်းဝယ်ယူခဲ့ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၏ ဂျွန်လ ၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်မီ မြန်မာစစ်တပ်မှ လက်နက်ရေးရာ ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကာ အကြီးစားတရုတ်လက်နက်ကုမ္ပဏီ တစ်ခုဖြစ်သည့် China North Industries Corporation ခေါ် (Norinco ) ကုမ္ပဏီထံမှ ၎င်းလက်နက်များ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချခဲ့သည့် တရုတ် Norinco ကုမ္ပဏီသည် တရုတ်ဝန်ကြီးချုပ်နှင့်အတူ မြန်မာပြည်သို့ သွားရောက်ပြီး မုံရွာကြေးနီသတ္တုတွင်း စီမံကိန်း ဆောင်ရွက်ရေးကိစ္စ မြန်မာအာဏာပိုင်များနှင့် စာချုပ်ချုပ်ခဲ့ကြောင်း သိရသည်။

[၁၅၅ မီလီမီတာ အမြောက်ကြီး (www.militarypictures)]

၁၅၅ မီလီမီတာ အမြောက်ကြီး (www.militarypictures)

ယခု ၀ယ်ယူသည့် အမြောက်ကြီးများအား မြန်မာစစ်တပ် အမြောက်တပ်မများတွင် အသုံးပြုတပ်ဆင်သွားမည် ဖြစ်၏။ မြန်မာစစ်တပ်တွင် အိန္ဒိယနိုင်ငံလုပ် ၁၀၅ မမ အမြောက်များလည်း ၀ယ်ယူတပ်ဆင်ထားကြောင်းလည်း သိရသည်။

မြန်မာစစ်တပ်က အမြောက်ကြီးစခန်းဋ္ဌာနချုပ်များ အပါအ၀င် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များ ကို ၂၀၀၂ မှ စတင် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လိုအပ်သည့် လက်နက်ခဲယမ်းများဖြည့်တင်းရန် နိုင်ငံခြားတိုင်းပြည်များမှ ၀ယ်ယူနေခြင်းဖြစ်သည်။

၎င်းအပြင် ယခုနှစ်အတွင်း တရုတ်လုပ် K8 အမျိုးအစား လေ့ကျင့်ရေးတိုက်လေယာဉ်များ ၀ယ်ယူခဲ့ပြီး လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိသည့် ရုရှားနိုင်ငံမှ MIG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ၀ယ်ယူခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ၀င်ငွေ အများစုသည် ရေနံနှင့်သဘာဝ ဓါတ်ငွေတူးဖေါ်ခြင်းမှ ရရှိနေပြီး အဆိုပါဝင်ငွေ၏ ၆၀ ရာခိုင်နှုန်း ခန့်ကို မြန်မာစစ်တပ် စစ်အသုံးစာရိတ်အတွက် အသုံးချနေကြောင်း နိုင်ငံတကာလေ့လာရေးအဖွဲ့များက ခန့်မှန်း ကြသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်တွေတော့ဘေးသိလို့ ပြေးပြီ

နေပြည်တော်တွင် ကြွက်များ ထောင်နှင့်ချီ ရွှေ့ပြောင်း
ခက်ထန် Tuesday, June 29, 2010
E-mail Print
Share/Save/Bookmark နေပြည်တော် - ရန်ကုန် လမ်းမသစ် ကြီးပေါ်တွင် နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်း နေကြသည့် ထောင်နှင့်ချီသော ကြွက်အုပ်များကို ယခု ရက်အတွင်း တွေ့ရကြောင်း ခရီးသွားများက ပြောသည်။

[နေပြည်တော်-ရန်ကုန် လမ်းမပေါ်တွင် ကားကြိတ်မိထားသော ကြွက်များ (ဓာတ်ပုံ - blog.nyilynnseck.com)]


နေပြည်တော်-ရန်ကုန် လမ်းမပေါ်တွင် ကားကြိတ်မိထားသော ကြွက်များ (ဓာတ်ပုံ - blog.nyilynnseck.com)
မိုင်တိုင် ၄၇ တလျှောက်တွင် ဧရာမ ကြွက်အုပ်ကြီး ရွှေ့လျား နေသည်ကို တွေ့ရကြောင်း၊ ကားများက နင်းကြိတ်မိ သဖြင့် အမြားအပြား သေနေကြသည် များလည်း ရှိကြောင်း ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာသည့် ခရီး သည်တဦးက ပြောသည်။

တခြားသော ခရီးသွား တဦးကလည်း သူတွေ့ရှိ ချိန်တွင် မိုင်တိုင် ၄၅ ဘက်သို့ ရောက်ရှိနေပြီး ပဲခူးဘက်သို့ ဦးတည် နေကြောင်း ပြောဆိုသည်။

“ကားတွေဆိုတာ ရပ်တောင် မရပ်ရဲကြဘူး။ ကြွက်တွေ ကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက် သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေ တွေကို ကြွက်ရှင် တွေက စားသောက်နေ လိုက်ကြတာ မြင်မကောင်းဘူး” ဟု ဇွန်လ ၂၈ ရက်နေ့ညက ကိုယ်တွေ့ကြုံခဲ့သည့် ဘလော့ဂါ ညီလင်းဆက်ကလည်း သူ၏ ဘလော့ဂ် (http://blog.nyilynnseck.com/2010/06/blog-post.html) တွင် ရေးသားထားသည်။



လမ်းမပေါ်တွင် သေနေသော ကြွက်တကောင် (ဓာတ်ပုံ - blog.nyilynnseck.com)
ထိုသို့ ကြွက်များ ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုမှုများလည်း ပေါ်ထွက်နေသည်။ တချို့က ငလျင်ကဲ့သို့သော သဘာဝဘေးဒဏ်၏ ရှေ့ပြေးနိမိတ်ဟု ယူဆလျက်ရှိကြောင်း၊ တချို့ကမူ ကြွက်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်တတ်သည့် ပလိပ် ရောဂါ ကဲ့သို့သော ရောဂါမျိုး ဖြစ်ပွားမည်ကို ထိတ်လန့်လျက်ရှိကြောင်း သိရသည်။ တချို့က ပဲခူရိုးမတွင် ဝါးများပွင့်ခြင်း ကြောင့် ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံတွင်၂၀၀၈ ခုနှစ် စီချွမ် ငလျင် မတိုင်ခင်ကလည်းကောင်း၊ ယခုနှစ် မေလကုန်ပိုင်းကလည်း ဂရိတွင်လည်းကောင်း ထောင်ပေါင်းများစွာသော ဖားများ လမ်းပေါ်ထွက်လာပြီး အစုလိုက် အပြုံလိုက် ပြောင်းရွှေ့မှု ဖြစ်ပေါ်ဖူးသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

“ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်ပါ” ဆန်မှုန့် ရောင်ဆင်မ သန်းရွှေခွတော်မူပါတော့မယ် ခင်မျ

မောင်တောတွင် ဆင်ဖြူတကောင် ဖမ်းမိ
ခိုင်စု | အင်္ဂါနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၀၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆင်ဖြူပေါ်လျှင် နိမိတ်ကောင်းသည်ဟု မှတ်ယူသည့် စစ်အစိုးရအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အဖြူရောင်အဆင်းရှိ ဆင်မတကောင်ကို ဒေသအာဏာပိုင်များက ယခုလ ၂၆ ရက်နေ့တွင် ဖမ်းဆီးရမိလိုက်သည်။

မောင်တောမြို့အနောက်ဘက် ၁၂ နှစ်မိုင်ခန့်ရှိ ဖက်ဝန်းချောင်းရွာအနီး တောင်တန်းပေါ်၌ အခြားတောဆင် ၄ ကောင်နှင့် သွားလာနေစဉ် ဆင်ရှာဖွေရေးအဖွဲ့များက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဘူးသီးတောင် အခြေစိုက် စကခ (စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်) ဗျူဟာမှူးနဲ့ နေပြည်တော် နယ်စပ်ဒေသ စစ်ဆေးရေးနဲ့ ကွပ်ကဲရေးဌာန (နစက) ညွှန်ချုပ် ဗိုလ်ချုပ်မောင်မောင်အေး ဦးစီးပြီး ဆင်ဖြူလိုက်နေတာ။ ၄ ရက်လောက်အကြာမှာ ဖမ်းမိတာပါ။ ဆင်ရှာအဖွဲ့က မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းတယ်လေ” ဟု မောင်တောအခြေစိုက် (နစက) နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

သွားရောက်ကြည့်ရှုခဲ့သူ မောင်တောမြို့ခံတဦးက “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်ပါ” ဟု ပြောသည်။

ယင်းဆင်ဖြူကို ယခုလ ၁၄ ရက်နေ့တွင် မောင်တောမြို့နယ် ဖက်ဝန်းချောင်ရွာအနီး၌ ရွာသားများက တွေ့ရှိခဲ့ရာ အာဏာပိုင်များထံ သတင်းပေးပို့ခဲ့ပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း နစကနှင့် နီးစပ်သူက ပြောသည်။

စစ်အစိုးရထုတ် ယမန်နေ့ ကြေးမုံသတင်းစာထဲတွင်လည်း ဒေသခံပြည်သူတို့၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့များက ရှာဖွေဖမ်းဆီးခဲ့ရာ ယခုလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ဆင်ဖြူတော်တစီး ဖမ်းဆီးရမိကြောင်းနှင့် အသက် ၃၈ နှစ်ခန့်ရှိ ဆင်မဖြစ်ပြီး အရပ် ၇ ပေ ၄ လက္မရှိကာ လုံးပတ်မှာ ၁ဝ ပေ ၁၁ လက္မရှိကြောင်း ဖော်ပြထားသည်။

ယခုလ ၂၃ ရက်နေ့မှ စတင်ကာ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၇၆ နှင့် မောင်တောမြို့ ၄ မိုင်အခြေစိုက် လုံထိန်းတပ်ရင်း ၂ ရင်းမှ တပ်သားအင်အား ၇ဝဝ ခန့်အား နေပြည်တော်မှ နစက ညွှန်ချုပ် ဗိုလ်ချုပ် မောင်မောင်အေးနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ) ၁၅ ဗျူဟာမှူးတို့က မောင်တော နစက ဌာနချုပ်မှနေ၍ ဦးစီးကွပ်ကဲပြီး စစ်ဆင်ရေးတရပ်အနေဖြင့် ဆင်ဖြူတော်ရှာဖွေရေး ပြုလုပ်နေစဉ် ယခုလို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဆင်ဖြူမအား မောင်တောမြို့နယ် ဖါးဝပ်ချောင်းရွာ ဘုန်းကြီးကျောင်း၌ ထားရှိပြီး သစ်တောရဲက အနီးကပ် စောင့်ရှောက်ကာ နစက၊ စစ်တပ်နှင့် လုံထိန်းတပ်သားများက လုံခြုံရေးယူထားသည်။ ယခုလ ၂၆ ရက်နေ့၌ပင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သေးသည်။

၂ဝဝ၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တောခရိုင် မယူတောင်တန်း၌ ဆင်ဖြူတကောင်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မောင်တောမြို့နယ်၌ ဆင်ဖြူတကောင်စီ တွေ့ရှိခဲ့သေးကြောင်း နယ်စပ်သတင်းများ ပေါ်ထွက်ခဲ့သေးသည်။

မယူတောင်တန်းမှ ဆင်ဖြူကိုမူ ထိုစဉ်က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က ရန်ကုန် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်တွင် ရတနာဆင်ဖြူတော် အမည်ရှိ ဥယျာဉ်တခု တည်ဆောက်ပေးကာ ထားရှိခဲ့သည်။

ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ခံယူခြင်း၊ မင်းကောင်းမင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ကာ ဆင်ဖြူပေါ်လျှင် ၎င်းတို့အတွက် အတိတ်နိမိတ်ကောင်းအဖြစ် စွဲလန်းမှုများ ရှိခဲ့သလို လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်ပါ ထိုသို့သော စွဲလန်းမှုမျိုး ရှိနေကြောင်း လေ့လာသူများက ပြောဆိုလေ့ရှိသည်။

သို့သော်လည်း ယခု ဆင်ဖြူဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ ဒေသခံများအကြား စိတ်ဝင်စားမှု မရှိကြောင်း မောင်တောမှ သံဃာတော် တပါးက မဇ္ဈိမကို မိန့်သည်။

ဦးဇင်းက “ဆင်ဖြူဆိုပေမယ့် ဖွေးဖွေးဆွတ်ဖြူနေတဲ့ ဆင်မျိုးတွေ မဟုတ်ဘူးလေ။ အရင်တုန်းကရတဲ့ ဆင်တွေလည်း ကြီးလာတော့ တဖြည်းဖြည်းနဲ့ မည်းလာတာပဲ။ အဲဒီအတွက် ပြည်သူတွေကလည်း သိပ်ပြီးတော့ စိတ်ဝင်စားမှု မရှိတော့ဘူး” ဟု ဆိုသည်။

၂ဝဝ၅ ခုနှစ်အတွင်းက ကွယ်လွန်ခဲ့သည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း (၈၂ နှစ်) ကလည်း ဆင်ကို ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ တိရစ္ဆာန်ပင်ဖြစ်သဖြင့် ရှစ်မခိုးအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

(အချက်အလက်အချို့အား ငြိမ်းချမ်း ပေးပို့သည်။)Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စားစရာတောင် အစာ တစ မရှိ ..


ဆင်ဖြူတော်တစီး ဖမ်းဆီးရမိ
မျိုးချစ်သူ / ၂၉ ဇွန် ၂၀၁၀
အစိုးရပိုင် ယနေ့သတင်းစာများနှင့် ယမန်နေ့ည မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဆင်ဖြူတော်တစီး ဖမ်းဆီးရမိကြောင်း စစ်အစိုးရက ကြေညာသည်။

အဆိုပါဆင်ဖြူတော်ကို သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ ရှာဖွေဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆင်ဖြူတော်သည် တောဆင် (၅) ကောင် အုပ်စုတွင်ပါဝင်ပြီး မောင်တောမြို့နယ်၊ ဖက်ဝပ်ချောင်း ကျေးရွာအနီး မေယုတောင်တန်းတွင် ရှားပါးဆင်ဖြူဖြစ်ပြီး ယင်းကို မောင်တောမြို့နယ်သစ်တောဌာန လက်အောက်ခံ ဆင်ဖမ်းအဖွဲ့က ကျေးရွာသားများ အကူအညီဖြင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ဆင်ဖြူတော်သည် အသက် (၃၈) နှစ်ခန့်ရှိ ဆင်မဖြစ်ပြီး အရပ် (၇) ပေ (၄) လက်မနှင့် လုံးပတ်မှာ (၁၀) ပေ (၁၁) လက်မဖြစ်ကြောင်း အစိုးရသတင်းတွင် ဖော်ပြသည်။

ဇွန် (၂၇) ရက်တွင် ဖမ်းဆီးရမိသော အဆိုပါဆင်ဖြူတော်ကို မောင်တောမြို့နယ် ငါးခူရ နစက စခန်းတွင် ထားရှိပြီး တပတ်ခန့်အကြာတွင် နေပြည်တော်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ခံများ ပြောပြချက်အရ ဆင်အရောင်သည် အဖြူရောင်ဟု ဆိုနိုင်ရုံလောက်သာ ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့ခံတဦးက “မနေ့က တီဗွီသတင်းမှာ ဆင်ကိုတွေ့လိုက်ရတယ်။ အရင်ကရတဲ့ ဆင်လောက်တော့ မဖြူဘူးလို့ ပြောလို့ရတယ်။ သိပ်မဖြူဘူးဗျ၊ ဆင်မဲနှင့်ယှဉ်လိုက်ရင်တော့ ဖြူတယ်လို့ ပြောနိုင်တာပေါ့” ဟု ပြောသည်။

နေပြည်တော်၌ ဆင်ဖြူတော်ထားရှိရန်အတွက် ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းကစ၍ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်စပ်တောင်ကြောများတို့တွင် သက်ဆိုင်ရာ ဒေသစစ်တပ်များနှင့် အာဏာပိုင်များအား ဖိအားပေးကာ ဆင်ဖြူတော်ကို တောနင်းရှာဖွေခိုင်းခဲ့ကြောင်း နေပြည်တော် နယ်စပ်စည်ပင်သာယာရေးဧ။် အကြီးတန်းအရာရှိက ပြောသည်။

ဆင်ဖြူပိုင်သော တိုင်းပြည်ကို အုပ်ချုပ်သူ မင်း၊ အစိုးရသည် ဘုန်းတန်ခိုး ပိုမိုတက်သည်ဟူသော အယူကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှေးမြန်မာမင်းများကဲ့သို့ အယူရှိသောကြောင့် နေပြည်တော်တွင်ထားရှိရန် ဆင်ဖြူတော်ကို တောနင်းရှာဖွေစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက်တွင်လည်း ရခိုင်ပြည်နယ်အတွင်းမှ ဆင်ဖြူတော် (၃) စီး ရရှိခဲ့ဖူးပြီး ယခုအခါ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတွင် ထားရှိသည်။

အဆိုပါ ဆင်ဖြူတော် (၃) စီးမှာ ရာဇဂဟသီရိပစ္စယ ဂဇရာဇာ ဘွဲ့အမည် ပေးထားသော အသက် (၁၈) နှစ်အရွယ် အုန်းခွံရောင် ဆင်အထီး (၁) ကောင်၊ သီင်္ဂီမာလာဘွဲ့ အမည်ပေးထားသော အသက် (၃၂) နှစ်အရွယ် ပန်းနုရောင်ဆင်မနှင့်
ရတီမာလာဘွဲ့ အမည်ပေးထားသော အသက် (၁၅) နှစ်အရွယ် ပန်းနုရောင်ဆင်မငယ် တို့ဖြစ်ကြသည်။

မင်းဓမ္မကုန်းရှိ ဆင်ဖြူတော်ဥယျာဉ်အတွင်းတွင် “ဆင်ဖြူတော်မှာ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်သော မင်းကောင်းမင်းမြတ်ကြောင့် ပေါ်ထွန်းခြင်းဖြစ်ပြီး တိုင်းပြည်၏ စည်းစိမ်ဥစ္စာ ရတနာ၊ ရွှေ၊ ငွေ၊ ကျောက်သံ၊ ပတ္တမြား၊ ဆန်ရေစပါး ပေါများမည့် အတိတ်နိမိတ်ဖြစ်သည်” ဟူသော စာသားကို ရေးသားထားသည်။

ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် (၄) မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ဆင်ဖြူ (၇) မျိုးရှိကြောင်း ရန်ကုန် နက္ခတ်ဗေဒင် ဆရာများကို ကိုးကားပြီး မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းတွင် ဖော်ပြထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မေတ္တာသီတာ ....

MYIT TAR TI TAR from yechit on Vimeo.

အပြည့်အစုံသတင်းဖတ်ရန်....

နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချစ်ယူဂျီတွေအကြောင်း (ပို့ သူ ဇီဇ၀ါမိုး )

Operation Anthropoit I

အပြည့်အစုံသတင်းဖတ်ရန်....

မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းရောင်ကို အမဲမြင်၏

Monday, June 28, 2010်
မြန်မာပြည်မှ နျူကလီးယား အန္တရာယ်
ရဲနည် Monday, June 28, 2010
မြန်မာ အစိုးရ၏ နျူကလီးယား ရည်မှန်းချက်နှင့် မြေအောက် လိုဏ်ဂူများ တည်ဆောက်ရေး စီမံကိန်း သတင်း မှတ်တမ်းကား တခုကြောင့် မြောက်ကိုရီးယား - မြန်မာ စစ်ရေး ဆက်နွယ်မှု အကြောင်းကို ဒေသတွင်း ပြန်လည် သတိထားလာစေရေး လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။

ပြသချိန် တနာရီခန့် ကြာမြင့်သည့် ထိုမှတ်တမ်းကားကို နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက ရိုက်ကူးထားပြီး အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားလိုင်းတွင် မကြာသေးခင်က ထုတ်လွှင့်ခဲ့သည်။

သတင်းမှတ်တမ်းကားတွင် ပါရှိသည့် အချက်အလက်များကြောင့် အာဆီယံနိုင်ငံများအတွင်း စိုးရိမ် ပူပန်လာကြသည်။ အကြောင်းမှာ အာဆီယံနိုင်ငံများက အရှေ့တောင်အာရှ ဒေသကို နျူကလီးယား လက်နက် ကင်းမဲ့ဇုန်အဖြစ် ထားရှိရန် သဘောတူပြီးသောကြောင့် ဖြစ်သည်။

သို့ရာတွင် စစ်အစိုးရက နျူကလီးယား ပိုင်ဆိုင်ရေး ကြိုးပမ်းမှုသည် မြန်မာနိုင်ငံနှင့် အလွန် အလှမ်း ဝေးလွန်းသည့်အတွက် အောင်မြင်ရန် ခက်ခဲလွန်းလှသည်ဟု ကုလသမဂ္ဂ နျူကလီးယား စစ်ဆေးရေး အငြိမ်းစား အရာရှိ ရောဘတ် ကယ်လီက ဆိုထားသည်။ “အဓိပ္ပာယ်မဲ့သော ကြိုးပမ်းချက်” ဖြစ်သည်ဟုလည်း သူက ပြောသည်။

သို့သော်လည်း သူက “နျူကလီးယား ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များကို အနှောက်အယှက် ပေးသလို ဖြစ်နေတာကတော့ အမှန်ပါပဲ” ဟု ကောက်ချက်ချခဲ့သည်။

DVB ၏ မှတ်တမ်းကားတွင် ပါဝင်သူ အဓိက မျက်မြင်သက်သေသည် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတဦး ဖြစ်၍ ဒုံးပျံတည်ဆောက်ရေး အင်ဂျင်နီယာလည်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလက ထွက်ခွာခဲ့စဉ် နျူကလီးယား အစီအစဉ်၌ လိုအပ်သော နည်းပညာနှင့် ပစ္စည်းများဆိုင်ရာ အချက်အလက်များကို တပါတည်း ယူဆောင်ခဲ့သည်။ ထိုအချက် အလက်များထဲတွင် မြောက်ကိုရီးယား၏ အကူအညီဖြင့် ယူရေနီယမ် သန့်စင်ခြင်း၊ တာဝေးပစ်ဒုံးကျည်များ တည်ဆောက်ခြင်း တို့လည်း ပါဝင်သည်။

မြန်မာစစ်အစိုးရသည် နိုင်ငံ အနှံ့အပြားတွင် လျှို့ဝှက် လိုဏ်ခေါင်းများ၊ ဘန်ကာများကို ကွန်ရက်သဖွယ် တည်ဆောက် နေသည်ဟုလည်း ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင် လာသည့် ထိုအချက် အလက်များကို ကိုးကားပြီး DVB က ဆိုထားသည်။

လေကြောင်းမှ တိုက်ခိုက်ခံလာရပါက ဘန်ကာများတွင် စစ်လက်နက် ပစ္စည်းများ သိုလှောင်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု စခန်းများအဖြစ်လည်း အသုံးပြုမည်ဟု သူနှင့် အခြား ထွက်ပြေးလာသော အရာရှိများက ပြောဆိုကြသည်။ မြေအောက်ဥမင် တချို့တွင် ဖိုင်ဘာ ကေဘယ်ကြိုးများ သွယ်တန်းမည် ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏ နိုင်ငံတဝန်း လုံခြုံ စိတ်ချရသော သတင်းကွန်ရက် တည်ဆောက်ရေး အစီအစဉ် ဖြစ်ကြောင်း ထိုမှတ်တမ်းကားတွင် ဖော်ပြထားသည်။

နျူကလီးယားစီမံကိန်း လျှို့ဝှက် လိုဏ်ခေါင်းနှင့် ဒုံးကျည်တည်ဆောက်ရေး အစီအစဉ်များအတွက် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကုန်ကျလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ စစ်အစိုးရသည် စွမ်းအင် တင်ပို့ ရောင်းချခြင်းကို ပိုမို မြှင့်တင်ခြင်းဖြင့် ထိုကြီးမားလှသော စရိတ်ကို ထေမိနိုင်သည်ဟုလည်း သိရသည်။

လာမည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သည့် စွမ်းအင်ပမာဏမှ ရရှိလာမည့် ဝင်ငွေသည် ၂ ဆ တက်လာဖွယ် ရှိသည်ဟု ဝါရှင်တန်အခြေစိုက် လေ့လာရေး အဖွဲ့တခု ဖြစ်သော အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့က ခန့်မှန်းထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့မည့် ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း ပြီးစီးသွားပါက ထိုဝင်ငွေ ရလာမည် ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်က မြန်မာနိုင်ငံ၏ စုစုပေါင်း ဝင်ငွေမှာ ဒေါ်လာ ၆ ဒဿမ ၆ ဘီလီယံ ဖြစ်ရာ ထိုအထဲတွင် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာမှ ရရှိသည့် ဝင်ငွေမှာ အနည်းဆုံး ၄၅ ရာခိုင်နှုန်း ရှိခဲ့သည်။

နေပြည်တော် စစ်အစိုးရသည် နိုင်ငံ၏ အသုံးစရိတ် အများစုကို စစ်တပ် တည်ဆောက်ရေး အတွက်သာ အသုံးပြုသည်မှာ အများသိသော အချက်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူထု လုပ်ငန်းများတွင် သုံးစွဲသော ငွေပမာဏမှာ မဆိုသလောက်သာ ရှိသည်။

စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုမှုမှာ နိုင်ငံဘတ်ဂျက်၏ ၄ဝ မှ ၆ဝ ရာခိုင်နှုန်း အထိ ရှိနေချိန်တွင် မြန်မာပြည်သူများက နေ့စဉ် ဘဝရပ်တည်မှုအတွက် အပြင်းအထန် ရုန်းကန်နေကြရသည်။

ဥပမာ ဆိုရလျှင် နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောဖြစ်သော ရန်ကုန်မှ မန္တလေး ဒေသတကြောလုံးတွင် လျှပ်စစ်မီး ပြတ်တောက်သည့် ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသည်။ ရေအားလျှပ်စစ် စက်ရုံများတွင် လိုအပ်သည့် ရေပမာဏ မရသဖြင့် အာဏာပိုင်များက စက်မှု လုပ်ငန်းရှင်များကို လျှပ်စစ်ဓာတ်အား ဖြတ်လိုက်သောကြောင့် လုပ်ငန်းများ ရပ်ဆိုင်းရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတ ထွက်ရှိမှု ပမာဏသည် ကြီးမားလှသော်လည်း မြန်မာနိုင်ငံသည် ယခုအထိ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေသေးသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ် တိုးတက်မှု နှုန်းထားသည် ၂ ဒဿမ ၉ ရာခိုင်နှုန်းသာ ရှိ၍ မဲခေါင်ဒေသတွင် အနိမ့်ဆုံး ဖြစ်နေသည်။

ထိုကဲ့သို့ ဆိုးရွားရက်စက်သည့် စစ်အာဏာရှင် အုပ်ချုပ်မှုအောက်တွင် ဘဝရပ်တည်မှု ခက်ခဲ ပြင်းထန်လွန်းသောကြောင့် ဗိုလ်မှူး စိုင်းသိန်းဝင်းကဲ့သို့ တပ်မတော်သားများ ပြင်ပသို့ မကြာခဏ ဆိုသလို ထွက်ပြေးနေကြပုံရသည်။

ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေစဉ် မကြာသေးခင်က ပြုလုပ်ခဲ့သော နေပြည်တော် လေးလပတ် အစည်းအဝေး အပြီးတွင် တပ်မတော် အတွင်း ရာထူးကြီးနေရာများ အပြောင်းအလဲ ဖြစ်ခဲ့သည်ကိုလည်း မတွေ့ရပေ။

တပ်တွင်း ခေါင်းဆောင်မှုကို ပြောင်းလဲမှု မပြုသည့် အဓိပ္ပာယ်မှာ အသက် ၇၇ နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အသက် ၇၂ နှစ် ရှိပြီ ဖြစ်သော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အသက်အရွယ်ကြီးနေပြီဖြစ်သည့် အခြားသော တပ်မတော် ခေါင်းဆောင်များ အနားယူရန် အစီအစဉ် မရှိသေးသည့် သဘောဟု ဆိုနိုင်သည်။ လက်ရှိစစ်ရာထူးများမှ အနားမယူနိုင်သေးသည်မှာ အာဏာကို ငန်းဖမ်းနေရုံသာမက အကယ်၍ အာဏာ လက်လွှတ်လိုက်ပြီးနောက် အောက်ခြေအရာရှိများ သူတို့အပေါ် သစ္စာ ရှိမရှိ ဆိုသည်ကို သံသယ ဝင်နေသောကြောင့်လည်း ဖြစ်သည်။

တချိန်တည်းတွင်လည်း ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီး အများအပြားသည် စစ်ဘက်ရာထူးများမှ အနားယူ၍ နိုင်ငံရေးပါတီတခု တည်ထောင်လိုက်သည်။ ၎င်းတို့ တည်ထောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်အစိုးရ ချုပ်ကိုင်မည့် ရွေးကောက်ပွဲတွင် စိန်ခေါ်မည့် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်မည် ဖြစ်သည်။

ထိုသို့ ထိပ်တန်းစစ်ခေါင်းဆောင်များက အာဏာ လက်မလွတ်ရေး ကြိုးစားနေချိန်တွင် မြန်မာ့အရေး ကျွမ်းကျင်သူဟု ဆိုသူများက ရွေးကောက်ပွဲအပြီး မြန်မာပြည်၏ နိုင်ငံရေးမြင်ကွင်း ပြောင်းလဲလာလိမ့်မည်ဟုပင် မိုက်မိုက်မဲမဲ ယုံကြည်နေကြသည်။

နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ရွေးကောက်ပွဲသည် နိုင်ငံ၏အနာဂတ် အပြောင်းအလဲအတွက် အကောင်းဆုံးသော အခွင့်အလမ်းဖြစ်သည်ဟု မကြာသေးခင်က သုံးသပ်ထားသည်။

ICG သည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပုံပေးခဲ့ကြသော တပ်မတော် အကြပ်တပ်သားများ အပါအဝင် မဲဆန္ဒရှင်များကို လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ပါမည်လားဟု မေးကြည့်သင့်သည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းကမူ ပြတ်ပြတ်သားသား အဖြေပေးခဲ့ပြီး ဖြစ်သည်။ အန္တရာယ် ကြီးမားပြီး ငွေကြေး အလွန်အမင်း ဖြုန်းတီးပစ်ရာ ရောက်သည်ဟု သူ ယူဆသော မြန်မာ့ နျူကလီးယား အစီအစဉ် ရပ်တန့်စေရေးအတွက် ယခုကဲ့သို့ လျှို့ဝှက်ချက်များကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ရဲနည် ရေးသားသည့် Alarm Bells Ring Over New Nuclear Evidence ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/3485-2010-06-28-08-59-57
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ) ငရဲတံခါးဝသို့ (၅၂) ကီလို (ဂါမဏိ)

ဂါမဏိ / ၂၈ ဇွန် ၂၀၁၀
“ကိုသောင်းရေး … ဥသျှစ်သီးလောက်ပဲဖြစ်ဖြစ်၊ နျူကလီးယားဗုံးတလုံးတော့ ရအောင်လုပ်ဗျာ”
(ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းကို မှာကြားချက်)

ဗိုလ်ချုပ်ကြီး သန်မာ၏ စကားဆုံးသည်နှင့် ပြည်တော်ချစ်အစိုးရ၏ တိုက်စစ်ဘက်မှ ပစ်လွှတ်လိုက်သော အမြောက်ဆန်သည် အနုမြူသိုလှောင်ကန်ကြီးကို တိုက်ရိုက်လာရောက်ထိမှန်၏။ ထို့နောက် ရွှေဝါပြည်ကြီးသည် မိနစ်ပိုင်းအတွင်း တပြည်လုံး ဆက်ကာဆက်ကာ ပေါက်ကွဲပြီးနောက် အလွန်လှပစွာ ပျောက်ကွယ်သွား၏။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အလှဆုံး ပေါ်ပေါက်လာသော မီးခိုးလုံးကြီး ပျောက်ကွယ်သွားသောအခါ ထိုနေရာ၌ ရေပြင်ကြီး ကျန်ရစ်ခဲ့သည်။ ထိုနေရာကား အချို့က ဘင်္ဂလားပင်လယ်အော်ကြီးနေရာ ဖြစ်မှာပေါ့ဟု ဆိုကြ၏။
လူကြီးတွေအတွက်ပြောသော ရွှေဝါပြည်ပုံပြင်ကား ပြီးဆုံးပါပြီ။
(စာရေးဆရာ ရန်ကုန်ဘဆွေ၏ ၁၉၆၅ ခုနှစ်ထုတ် ‘ရွှေဝါပြည်’ ဝတ္ထု ဇာတ်သိမ်းခန်း)

နျူကလီးယားဗုံး ပေါက်ကွဲတဲ့အခါ မြေကြီးပေါ်မှာ လူလုပ်ငရဲဘုံတခု ချက်ချင်းဖြစ်ပေါ်လာတယ်။ အပူချိန် စင်တီဂရိတ် ဒီဂရီ (၁၀) သန်းကျော်ကို တမုဟုတ်ချင်း ရောက်သွားပြီး ပစ်မှတ်နဲ့ အနီးကပ်ဆုံး အရာဝတ္ထုတွေ ချက်ချင်း အငွေ့ပျံ ပျောက်ကွယ်သွားပါတယ်။ လေထုဖိအားက ပုံမှန်အခြေအနေထက် အဆပေါင်း (၆၀၀) မြင့်တက်သွားပြီး တနာရီကို ကီလိုမီတာ (၁,၀၀၀) နှုန်း သိမ့်လှိုင်းအဖြစ် ပျံ့ထွက်ရိုက်ခတ်သွားပါတယ်။ ဒါတွေအပြင် သေမင်းတမန် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေကလည်း သက်ရှိကလပ်စည်းတွေကို ဖျက်ဆီးပစ်ပြီး ပြင်းထန်တဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ် အသက်ဆုံးစေပါတော့တယ်။

အခု နအဖက နျူကလီးယားဗုံးရဖို့ ကြိုးစားနေတာ မငြင်းနိုင်တဲ့ အထောက်အထားတွေ ပေါ်လာပါပြီ။ တပ်မတော် သူရဲကောင်း ဗိုလ်မှူးစိုင်းသိန်းဝင်း သက်စွန့်ဆံဖျားယူလာတဲ့ အထောက်အထား တပုံတပင်ကြီးထဲမှာ နအဖရဲ့ ရန်သူတော် အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ၊ နအဖရဲ့ မဟာရန်သူတော် အမေရိကန်နိုင်ငံရဲ့ ဒေဂိုဂါးစီးယား စစ်စခန်းနဲ့ အိုကီနာဝါ စစ်စခန်းတွေအပေါ် (ကီလိုမီတာ ၃,၅၀၀ အထိ ပစ်နိုင်မယ့် တာလတ်ပစ်ဒုံးပျံ အောင်မြင်သွားတဲ့အခါ) ငရဲမီးကျမှာကနောက်၊ ကျနော်တို့ မြန်မာပြည်သူတွေနဲ့ မြန်မာ့တပ်မတော်သားတွေအတွက် ငရဲတံခါးပွင့်သွားမှာကအရင် ဖြစ်မှာကို တွေ့နေရပါတယ်။

နအဖကတော့ ထုံးစံအတိုင်း နျူကလီးယားဗုံး မဟုတ်ပါဘူး၊ မုံလာဥပါလို့ မျက်စိမှိတ်ပြီး ဇွတ်ငြင်းမှာပါပဲ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒီအထောက်အထားတပုံကြီးကို အသေအချာ ခွဲခြမ်းစိတ်ဖြာပြီး အန္တရာယ်ကို အခိုင်အမာ ထောက်ပြနိုင်ဖို့ အရေးကြီးပါတယ်။

နျူကလီးယားလောင်စာသံသရာမှာ မြေကြီးထဲ ယူရေနီယမ်သတ္တုရိုင်း တူးတဲ့အဆင့်ကနေ နျူကလီးယားဗုံးမှာ ထည့်ဖို့ သန့်စင်ပြီး ယူရေနီယမ်သတ္တုခဲဖြစ်အောင် ဓာတုဗေဒပိုင်းအရ လုပ်ဆောင်ရာမှာ အဆင့် (၉) ဆင့် ရှိပါတယ်။
အဆင့် ၁။ ယူရေနီယမ်သတ္တုရိုင်း တူးဖော်ခြင်း (ယူ-၂၃၈)
အဆင့် ၂။ ယူရေနီယမ်သတ္တုရိုင်း စစ်ယူခြင်း (ယူ-၂၃၈)
အဆင့် ၃။ အဝါရောင်ကိတ်မုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၄။ ယူရေနီယမ်အောက်ဆိုက်အမှုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၅။ ယူရေနီယမ်တက်ထရာဖလိုရိုက်အမှုန့်ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၆။ ယူရေနီယမ်ဟက်ဆာဖလိုရိုက် ဓာတ်ငွေ့ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၇။ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ကို ယူ-၂၃၈ မှ ယူ-၂၃၅ ဖြစ်အောင် သန့်စင်ခြင်း
အဆင့် ၈။ ယူရေနီယမ်တက်ထရာဖလိုရိုက်အဖြစ်သို့ ပြန်လည်ဓာတ်လျှော့ခြင်း (ယူ-၂၃၅)
အဆင့် ၉။ မဂ္ဂနီဆီယမ်သတ္တုနှင့် ဗုံးဓာတ်လျှော့မှုလုပ်ပြီး ယူရေနီယမ်သတ္တုခဲ ပြန်လုပ်ခြင်း (ယူ-၂၃၅)
အဆင့် ၁၀။ ယူရေနီယမ်သတ္တုခဲကို နျူကလီးယားဗုံးတွင် တပ်ဆင်ခြင်း (ယူ-၂၃၅)

အခုရတဲ့ အထောက်အထားအရ နအဖဟာ အဆင့် (၉) မှာ သုံးတဲ့ ‘လေဟာနယ်သေတ္တာ’ နဲ့ ‘ဗုံးဓာတ်ပေါင်းဖို’ တို့ကို စမ်းသပ်ခဲ့တာ သေချာနေပါတယ်။ လေဟာနယ်သေတ္တာဆိုတာ ထိတဲ့အရာတွေကို လောင်လွယ်၊ စားလွယ်တဲ့ ယူရေနီယမ်တက်ထရာဖလိုရိုက် (ယူ-၂၃၅) နဲ့ မီးလောင်လွယ်၊ ဓာတ်ပြုလွယ်တဲ့ မဂ္ဂနီဆီယမ်သတ္တုတို့ကို လက်နဲ့ တိုက်ရိုက်မထိစေဘဲ လေစုပ်ထုတ်ပြီး ကြားနေဓာတ်ငွေ့ထည့်ထားတဲ့ သေတ္တာထဲမှာ သမအောင် ရောစပ်ပေးဖို့ ဖြစ်ပါတယ်။ စပ်ပြီးရင် ဗုံးဓာတ်ပေါင်းဖိုထဲထည့် အပူပေးပြီး ပြင်းထန်တဲ့ ဓာတ်ပြုမှုဖြစ်အောင် လုပ်ရပါတယ်။ အဲဒီမှာ ထွက်လာတဲ့ ယူရေနီယမ်ဟာ ယူ-၂၃၅ အဖြစ် သန့်စင်ပြီး သတ္တုခဲ ဖြစ်နေပါပြီ။ ဓာတုဗေဒနည်းပညာပိုင်း ပြီးသွားလို့ နျူကလီးယားဗုံးထဲ ထည့်ဖို့ စက်မှုနည်းပညာပိုင်းပဲကျန်ပါတော့တယ်။

ဓာတ်ပုံတွေထဲမှာ ‘ဗုံးဓာတ်ပေါင်းဖို’ bomb reactor တခုကို အသုံးပြုထားလို့ မီးကျွမ်းနေတာ တွေ့ရပါတယ်။ အဓိပ္ပာယ်ကတော့ ယူရေနီယမ်အရိုင်းကို အဆင့်ဆင့် ဓာတ်ပြောင်းတာတွေ သန့်စင်တာတွေ လုပ်ခဲ့ပြီးလို့ နောက်ဆုံးအဆင့် (၉) ကို ရောက်သွားပြီ၊ ယူ-၂၃၅ အဖြစ် သန့်စင်အောင်လုပ်ပြီးတဲ့ ယူရေနီယမ်တက်ထရာဖလိုရိုက်ကို ယူ-၂၃၅ အဖြစ် သန့်စင်တဲ့ ယူရေနီယမ်သတ္တုဖြစ်အောင် ဓာတ်ပြောင်းတဲ့ စမ်းသပ်မှု လုပ်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါ့အပြင် မေမြို့ စက်ရုံ (၁) က ထုတ်လုပ်ပေးခဲ့ရတဲ့ ဖိအားမြင့် ရေနွေးငွေ့ပေါင်းစက် autoclave ကလည်း အဆင့် (၇) က ထွက်လာတဲ့ သန့်စင်ပြီးသား ယူရေနီယမ်ဟက်ဆာဖလိုရိုက်ကို အဆင့် (၈) မှာ သုံးဖို့ တနေရာက တနေရာ ပို့ဆောင်ရာမှာ သုံးတဲ့အတွက် နအဖမှာ သန့်စင်ပြီးသား ယူ-၂၃၅ ရထားပြီဆိုတဲ့ အဓိပ္ပာယ်ထွက်နေပါတယ်။

(၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ယူရေနီယမ်ဒြပ်ပစ္စည်းဟာ သာမန်နည်းပညာနဲ့ နျူကလီးယားပေါက်ကွဲမှုဖြစ်ဖို့အတွက် (အလုံးပုံသဏ္ဌာန်မှာ) အခြေပြောင်းဒြပ်ထု (၅၂) ကီလို လိုအပ်ပါတယ်။ ဆိုလိုတာက ယူ-၂၃၅ (၅၀) ကီလိုအလုံးကို ယူ-၂၃၅ (၂) ကီလို အလုံးတလုံးက ပြေးဆောင့်လိုက်ရင် အနုမြူပေါက်ကွဲမှု ဖြစ်သွားပါလိမ့်မယ် (နည်းပညာမြင့်ရင်တော့ ၂၉ ကီလိုလောက်နဲ့ ဗုံးလုပ်နိုင်တယ်လို့လည်း ဆိုပါတယ်)။

ဗုံးဓာတ်ပေါင်းဖိုတခုကနေ ယူ-၂၃၅ ယူရေနီယမ်သတ္တု (၂၀) ကီလိုက (၂၅) ကီလိုအထိ ထွက်နိုင်ပါတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ဓာတ်ပုံတွေအရ သပိတ်ကျဉ်း နျူကလီးယားတပ်ရင်းမှာ ဗုံးဓာတ်ပေါင်းဖိုကို အသုံးချခဲ့လို့ နအဖဆီမှာ ယူ-၂၃၅ သတ္တု အနည်းဆုံး ကီလို (၂၀) ရှိနေပြီဆိုတဲ့ အဓိပ္ပာယ်ထွက်နေပါတယ်။ တကယ်လို့ အဲဒီဗုံးဓာတ်ပေါင်းဖိုတခုတည်းကို (၃-၄) ခါ သုံးခဲ့တယ် သို့မဟုတ် အဲသလို ဗုံးဓာတ်ပေါင်းဖိုမျိုး (၃-၄) ခု သုံးခဲ့တယ်၊ အောင်လည်း အောင်မြင်ခဲ့တယ်ဆိုရင် နအဖလက်ထဲမှာ နျူကလီးယားဗုံးအဖြစ် ပုံသွင်းလို့ရပြီဖြစ်တဲ့ ယူ-၂၃၅ ကီလို (၅၀) မက ရှိနေပြီဖြစ်ပါတယ်။ ဗုံးဓာတ်ပေါင်းဖိုနဲ့ စမ်းသပ်ထုတ်လုပ်တာ မအောင်မြင်ဘူးဆိုရင်တော့ ဗုံးလုပ်လို့ရတဲ့ ယူရေနီယမ်သတ္တု နအဖလက်ထဲ မရသေးတဲ့သဘော ဖြစ်နေပါလိမ့်မယ်။

ဒါပေမယ့် ယူရေနီယမ်သန့်စင်ရေး အဆင့် (၇) ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ မြှုပ်ကွက်ဖြစ်နေပါတယ်။ နျူကလီးယားလောင်စာသံသရာရဲ့ ဓာတုဗေဒပိုင်းမှာ ယူ-၂၃၅ ဖြစ်အောင် လုပ်ရတဲ့ အဆင့် (၇) ဟာ အရေးအပါဆုံး ဖြစ်ပါတယ်။ နအဖဟာ ဖြစ်နိုင်ခြေမရှိတဲ့ လေဆာရောင်ခြည်သုံးပြီး အိုင်ဆိုတုပ်ခွဲထုတ်နည်း LIS ကို ကျင့်သုံးခဲ့တယ်လို့ ဗိုလ်မှူးစိုင်းသိန်းဝင်းနဲ့ နျူကလီးယားပါရဂူ IAEA ဒါရိုက်တာဟောင်း ရောဘတ်ကယ်လီတို့က ဆိုပါတယ်။ အီရန်၊ မြောက်ကိုရီးယား အပါအဝင် ကမ္ဘာမှာ အသုံးများတာက ဓာတ်ငွေ့ဗဟိုခွာအားနည်း Gas centrifuge ဖြစ်ပြီး အနည်းစုကတော့ ဓာတ်ငွေ့အမှေးပါးဖြတ်စိမ့်ဝင်ခွဲထုတ်နည်း Gas diffusion နဲ့ လျှပ်စစ်သံလိုက်ဓာတ် သုံးပြီး အိုင်ဆိုတုပ်ခွဲထုတ်နည်း EMIS ကျင့်သုံးကြပါတယ်။

၂၀၀၉ ခု ဒီဇင်ဘာလမှာ ရခဲ့တဲ့ အတွင်းသတင်းတပုဒ်မှာ သပိတ်ကျဉ်း နျူကလီးယားတပ်ရင်းဟာ ယူရေနီယမ်သန့်စင်မှု enrichment (၈၅) ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ကြားခဲ့ရပါတယ်။ အခု ဗိုလ်မှူးသိန်းဝင်းဆီက သိရတာနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါ နအဖအနေနဲ့ ရှေ့ပြေးနမူနာ prototype တခုအတွက်လောက်တော့ သန့်စင်မှုကို တနည်းနည်းနဲ့ ဖြစ်မြောက်ခဲ့ပုံရပါတယ်။ နအဖစစ်တပ်ဟာ compartment system ခေါ် အကန့်လိုက်ခွဲတဲ့စနစ်ကို အင်မတန် တင်းတင်းကျပ်ကျပ် ကျင့်သုံးတဲ့အတွက် တပြည်လုံးမှာ လှိုဏ်ခေါင်းတွေ အကြီးအကျယ် တူးနေတာကိုတောင် နအဖစစ်တပ်ထဲမှာ မသိသေးတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေ အများကြီး ရှိနေပါသေးတယ်။

မေမြို့အရှေ့ဘက် နောင်လိုင်မှာရှိတဲ့ နည်းပညာအလုပ်ရုံ (၁) ကို ဗုံးဓာတ်ပေါင်းဖို လုပ်ခိုင်းတဲ့ ညွှန်ကြားချက်အမိန့်စာမှာ ဒီဗုံးဓာတ်ပေါင်းဖိုကို ‘နည်းပညာအလုပ်ရုံ (၅)’ ရဲ့ ‘အထူးဒြပ်ပစ္စည်းထုတ်လုပ်ရေး သုတေသနဌာန’ မှာ သုံးဖို့ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါကြောင့် အခုဟိုးလေးတကျော်နဲ့ ဘွားဘွားကြီးပေါ်သွားတဲ့ မေမြို့-နောင်လိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၁)၊ ပခုက္ကူ-မြိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၂) အပြင် နောက်ထပ်စက်ရုံ (၃) ရုံရှိနေသေးတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီစက်ရုံတွေမှာ အဆင့် (၇) ယူရေနီယမ်သန့်စင်မှုတွေ တနည်းနည်းနဲ့ လုပ်တာ၊ အဆင့် (၉) ယူရေနီယမ်ဓာတ်လျှော့မှုက ထွက်လာတဲ့ ယူ-၂၃၅ သတ္တုကို ဗုံးအဖြစ် တပ်ဆင်တာတွေ လုပ်နေနိုင်ပါတယ်။

အဆင့် (၇) နဲ့ အဆင့် (၉) မှာ ထွက်လာတဲ့ ယူရေနီယမ်က (၂၀) ရာခိုင်နှုန်းအောက်ပဲ သန့်စင်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုသုံး ယူ-၂၃၅ လည်း ဖြစ်နိုင်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုအတွက်ဆိုရင် သန့်စင်မှုနိမ့် ယူ-၂၃၅ ကီလို (၄၀၀) လောက် လိုမှာဖြစ်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုကနေ ပလူတိုနီယမ် ထွက်လာရင်တော့ နျူကလီးယားဗုံးလုပ်ဖို့ ပလူတိုနီယမ် (၁၀) ကီလိုဆိုရင် အခြေပြောင်းဒြပ်ထုရပါပြီ။ ဒါပေမယ့် ဓာတ်ပေါင်းဖိုက မြောက်ကိုရီးယားကနေ ရောက်မလာသေးပါဘူး။ နျူကလီးယားဗုံး အင်မတန် ရချင်နေတဲ့ နအဖဟာ ရှေ့ပြေးစမ်းသပ်မှုအတွက် (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ကိုပဲ (ဥသျှစ်သီးလောက်ဖြစ်ဖြစ်) အရင်ဆုံး ရသလောက်လုပ်မှာ သေချာပါတယ်။

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) က နျူကလီးယားပစ္စည်း နည်းနည်းပါးပါးကို နိုင်ငံတွေမှာ ထားခွင့်ပေးထားပါတယ်။ အဲဒီသတ်မှတ်ချက်ထက်ကျော်ရင် IAEA ကို သတင်းပို့ရမှာ ဖြစ်ပါတယ်။ သတင်းမပို့ဘဲ လက်ဝယ်ထားနိုင်တဲ့ ပမာဏတွေက သဘာဝယူရေနီယမ် (၁၀) တန်အောက်၊ (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၁.၁၁) ကီလိုအောက်၊ (၂၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၅) ကီလိုအောက်၊ ပလူတိုနီယမ် (၁) ကီလိုအောက် ဖြစ်ပါတယ်။ သတင်းမပို့ဘဲ ဒီထက်ကျော်ပြီးထားရင် IAEA က ကိုင်မှာဖြစ်ပါတယ်။ နျူကလီးယားဗုံး လုပ်နိုင်တဲ့ (၉၀) ရာခိုင်နှုန်း သန့်စင် ယူ-၂၃၅ အမျိုးအစား ယူရေနီယမ် (၁) ကီလိုရဖို့ သဘာဝယူရေနီယမ် အရိုင်း (၁) တန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် IAEA က မြန်မာနိုင်ငံကို ကိုင်မယ့် အန္တရာယ်ထက် ပိုစိုးရိမ်ဖို့ကောင်းတဲ့ ဓာတ်ရောင်ခြည်သင့်မှုအန္တရာယ်၊ မတော်တဆ ပေါက်ကွဲမှုဖြစ်မယ့် အန္တရာယ်တွေကို တပ်မတော်သားတွေနဲ့ ပြည်သူတွေ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပါပြီ။ သဘာဝဓာတ်ရောင်ခြည်ပမာဏဟာ လူတွေအပေါ် တနှစ်ကို (၃၀၀) မီလီရင်မ် ကျရောက်နေပြီး လူလုပ်ပစ္စည်းတွေက ထွက်တဲ့ ဓာတ်ရောင်ခြည်က တနှစ်ကို (၆၀-၇၀) မီလီရင်မ် ကျနော်တို့အပေါ် ရိုက်ခတ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နျူကလီးယား ထိန်းချုပ်ရေးကော်မရှင်က နျူကလီးယားအလုပ်သမားတယောက်ဟာ တနှစ်မှာ မီလီရင်မ် (၅,၀၀၀) ထက် ပိုမထိတွေ့ဖို့ ပြဋ္ဌာန်းထားပါတယ်။ ဟီရိုရှီးမား အနုမြူဗုံးကွဲတုန်းက ဓာတ်ရောင်ခြည် မီလီရင်မ် (၇) သိန်းကျော် ထွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံ ချာနိုဘိုင်လ်ဓာတ်ပေါင်းဖို ပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ပမာဏ မီလီရင်မ် (၈) သောင်းက (၁) သန်းခွဲထိ ထွက်ခဲ့လို့ လူ (၂၈) ယောက် သုံးလမပြည့်ခင် သေသွားခဲ့ပါတယ်။ ဓာတ်ရောင်ခြည် မီလီရင်မ် (၃) သိန်းခွဲက (၅) သိန်းအထိ မိနစ်ပိုင်းလောက် ထိတွေ့ခဲ့သူဟာ တလအတွင်း သေဖို့ (၅၀) ရာခိုင်နှုန်း သေချာပါတယ်။ မီလီရင်မ် (၁) သောင်းဝန်းကျင် ရေရှည်ထိတွေ့နေရသူတွေဟာ (၅) နှစ်က အနှစ် (၂၀) အကြာမှာ ကင်ဆာဖြစ်လာနိုင်ပါတယ်။ မီလီရင်မ် (၅) သောင်းကျော်ထိရင် ကင်ဆာဖြစ်ဖို့ သေချာပါပြီ။ အပြင်ကလာတဲ့ ဓာတ်ရောင်ခြည်ပမာဏနည်းလို့ မထိခိုက်နိုင်ပေမယ့်လည်း အစာထဲမှာ ပါသွားလို့ ခန္ဓာကိုယ်ထဲဝင်သွားရင် ထိခိုက်နိုင်တာမျိုးလည်း ရှိပါတယ်။

နအဖရဲ့ နျူကလီးယားစီမံကိန်းနေရာတွေက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်၊ တောင်ကြီး၊ ဆော၊ စေတုတ္တရာ၊ ပွင့်ဖြူတို့ ဖြစ်ပါတယ်။ စစ်အုပ်စုအဆက်ဆက် သမိုင်းတလျှောက်မှာ လုပ်ရည်ကိုင်ရည်ညံ့ဖျင်းလှပြီး ငစနူကျလှတဲ့ မဆလ-နဝတ-နအဖဟာ ဒီနေရာတွေမှာ ဓာတ်ရောင်ခြည်ကာကွယ်ရေး၊ မတော်တဆ ပေါက်ကွဲမှုကာကွယ်ရေးတွေ ဘယ်လောက်အာမခံချက် ပေးနိုင်ပါသလဲ။ အခုလို တနေရာနဲ့ တနေရာ ဝေးလံလှတဲ့ စက်ရုံတွေဆီ ယူရေနီယမ် ဓာတ်ပစ္စည်းတွေကို စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ကားလမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေလမ်းတွေပေါ် စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ယာဉ်တွေနဲ့ အသိပညာနိမ့်ကျအားနည်းသူတွေက သယ်ယူပို့ဆောင်ရာမှာ ဘယ်လောက် အန္တရာယ်ကင်း စိတ်ချရမလဲ။
ဓာတ်ရောင်ခြည်တိုင်းတဲ့ ဂိုင်ဂါကောင်တာ Geiger Counter စက်တလုံးကို ဒေါ်လာ (၃၀၀) ပေးရပါတယ်။ ဒါတွေကို မြန်မာပြည်မှာ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးထားသလဲ။ အပျော့စား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁,၀၀၀) ဝန်းကျင် ဈေးရှိပြီး အပြင်းစား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁၀,၀၀၀) အထက် ပေးရပါတယ်။ နအဖက ဘယ်နှစ်စုံ ဝယ်ထားသလဲ။ နျူကလီးယားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆောက်အဦတွေ ဓာတ်ခွဲခန်းတွေကရော မတော်တဆ ပေါက်ကွဲမှု ဓာတ်ရောင်ခြည်ယိုစိမ့်မှုတွေကို ခံနိုင်ရည်ရှိအောင် ဒေါ်လာ သိန်းချီတန်တဲ့ အကာအရံတွေ၊ အင်ဆူလေတာတွေ၊ သတိပေးစနစ်တွေ ဘယ်လောက်အထိ တပ်ဆင်ထားသလဲ။

တိုင်းပြည်နဲ့လူမျိုးအတွက် ကင်ဆာအဖြစ်ခံကြဆိုပြီး ကျောက်ခေတ်စဉ်းစားနည်းနဲ့တော့ (၂၁) ရာစုမှာ အလုပ်မဖြစ်ပါဘူး။ အဲသလိုဆိုရင်တော့ တပ်ချုပ်ကြီးအိမ်တော်နဲ့ ကြပ်ပြေးမြို့တော်ကို သပိတ်ကျဉ်းနျူကလီးယားစက်ရုံဘေး အရင်ရွှေ့လာခဲ့ပါ။ ငရဲပြည်ရဲ့တံခါးဝကို ရောက်ဖို့ သန့်စင်ပြီး ယူရေနီယမ် (၅၂) ကီလိုပဲ လိုပါတယ်။ ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်

ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့်  နူးယောက်ခ် မှတ်တမ်း ဓါတ်ပုံ

အပြည့်အစုံသတင်းဖတ်ရန်....

စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်

ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန်နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင်ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ အဲဒီထဲမှာ စစ်အစိုးရက အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ကြားနာချက်တွေ နားထောင်ခြင်းအားဖြင့် တွေ့ရှိရတယ်။ ပြီးတော့ ICC ကို တင်သင့်တယ်ဆိုတာ ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။
japanrefel2
တရားသူကြီးများအဖြစ် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း Mr. Hamada ၊ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Ms. Goto ၊ Aoyama တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Mr. Niikura ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရေးလိုလားသူ ရှေ့နေများအဖွဲ့ အတွင်းရေးမှူး Ms. Shikida နှင့် ရှေ့နေ Mr. Kubori တို့က ဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့က ချမှတ်ခဲ့သော တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက် ၈ ချက်တွင် မြန်မာစစ်အစိုးရသည် လူသားမဆန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း၊ ကုလသမဂ္ဂ UN အနေဖြင့် ဤအမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပါရှိသည်။

ထို့ပြင် UN အနေဖြင့် ခိုင်လုံသော အထောက်အထားများ ရရှိလာသည့်အခါ ICC သို့ လွှဲပြောင်း ပေးအပ်သင့်ကြောင်းနှင့် ဂျပန်အပါအဝင် နိုင်ငံတကာ အစိုးရများက မြန်မာပြည်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ပါရှိသည်။

ယမန်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ပြည်သူ့ခုံရုံး တရားခွင်တွင် မကြည်ကြည်ခင်၊ ဒေါ်ပုစိန်၊ နော် Sunset ကိုယ်စား WLB မှ ဒေါ်တင်တင်ညိုနှင့် WLB ကိုယ်စားလှယ် ဒေါ်မြရာဇာလင်းတို့က သက်သေထွက်ဆိုခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့သည်။

ထိုရှေ့နေများအားလုံးသည် ဂျပန်လူမျိုးများဖြစ်ပြီး တရားရုံးအသွင် ပီပြင်စေရန် ပွဲစီစဉ်သူများက လုပ်ဆောင်ထားခြင်း ဖြစ်သည်။
japanrefel1
“ကျမကို ဖမ်းပြီး စစ်ကြောရေးက အမှောင်တိုက်ထဲမှာ ထားတာတွေ၊ လုံးဝမအိပ်ရဘဲ စစ်ကြောရေးလုပ်တာတွေ၊ နောက် ထောင်ထဲကို ရောက်တဲ့အခါမှာလည်း မြင်ခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထွက်ဆိုချက်ပေးခဲ့ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်း မကြည်ကြည်ခင်က ပြောသည်။

NLD ပါတီဝင်နှင့် ဗကသ အဖွဲ့ဝင်ဖြစ်သူ မကြည်ကြည်ခင်သည် ဇူလိုင် ၇ ရက် အထိမ်းအမှတ် လက်ကမ်းစာစောင် ထုတ်ဝေမှုဖြင့် ၁၉၉ဝ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်မြို့ရှိ စစ်ထောက်လှမ်းရေးစခန်းအတွင်း တည်ရှိသည့် MI 4 စစ်ကြောရေးစခန်းတွင် ၂၈ ရက်ကြာ အမှောင်တိုက်အတွင်း အကျဉ်းချထားပြီး လူမဆန်သော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် သူမကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ ၁၉၉၂ ခုနှစ် မေလတွင် ထောင်မှ လွတ်မြောက်ခဲ့သည်။

တရားခွင်တွင် စစ်အစိုးရဘက်မှ ရှေ့နေများကလည်း ပြန်လည်ချေပ လျှောက်လဲခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ BWU ဂျပန်ဌာနခွဲ ကိုယ်စားလှယ် ဒေါ်ချိုချိုအေးက ပြောသည်။

“တရားခံ နအဖဘက်က ရှေ့နေတွေက ဒီသက်သေခံ အထောက်အထားတွေက တကယ်ဟုတ်သလား။ အောက်ခြေစစ်သားတွေက လုပ်တာကို သန်းရွှေမှာ အပြစ်ရှိတယ် ပြောနိုင်သလား စသဖြင့် ချေပလျှောက်လဲကြတယ်” ဟု သူမက ပြောသည်။

ဂျပန်နိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ခုံရုံးကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဂျပန်အခြေစိုက် လူ့အခွင့်အရေး ချက်ချင်းပေး (Human Rights Now) အဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဂျပန်နှင့် မြန်မာပရိသတ် ၃ဝဝ ကျော် တက်ရောက်နားထောင်ခဲ့ကြသည်။

ယခုကဲ့သို့ အလားတူ ခုံရုံးမျိုးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် WLB နှင့် နိုဗယ်ဆုရှင် အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသေးသည်။ ယင်းခုံရုံးတွင် မြန်မာအမျိုးသမီး ၁၂ ဦးတို့က စစ်အစိုးရကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ်အစစ်ခံခဲ့ကြသည်။

“ကျမတို့က နအဖကို ICC တင်နိုင်တဲ့အထိ နိုင်ငံတကာ မိသားစုကို စည်းရုံးလှုံ့ဆော်တာတွေ ဆက်လုပ်သွားမှာပဲ။ အဲလိုလုပ်မှသာလျှင် နအဖ စစ်ခေါင်းဆောင်တွေအနေနဲ့ ငါတို့တော့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ဆက်လုပ်နေရင် အနာဂတ်မှာ တရားစွဲဆိုတာတွေ ခံရနိုင်တယ်ဆိုတဲ့ အသိနဲ့ နောက်ဆုတ်တာတွေ၊ ရပ်တန့်တာတွေ ဖြစ်လာမှာလေ” ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။
japanrefel
၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် ပြည်နယ်ပါတီများ၊ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦးချင်းစီတို့၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်နေသည့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတဖွဲ့ဖြစ်ပြီး နယ်သာလန်နိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။

လက်စွဲဥပဒေအဖြစ် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။

ခုံရုံး၏ ရလဒ်များကို ယနေ့တွင် ပွဲစီစဉ်သူများက ဂျပန်အစိုးရထံ အပ်နှံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပပါက ထိုရလဒ်ကို အသိအမှတ်မပြုရန် တိုက်တွန်းသွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနားက UN တွင် တင်ပြထားသည့် စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေး အဆိုကို ထောက်ခံပေးရန် တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သိရသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, June 28, 2010

တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခိုင်း

ဝီရ / ၂၈ ဇွန် ၂၀၁၀

လာမည့်ရွေးကောက်ပွဲအတွက် နယ်မြို့များတွင် အိမ်ထောင်စုအလိုက် မဲပေးနိုင်သူများ ဦးရေစာရင်းတွင် စစ်အစိုးရ လက်အောက်ခံ အသင်းဝင်များအဖြစ် တအိမ်လျှင် တယောက်နှုန်း ထည့်သွင်းရန် ညွှန်ကြားထားကြောင်း အဆိုပါစာရင်းကောက်ခံသူထံမှ စုံစမ်းသိရှိရသည်။

“တအိမ်မှာ ကြံ့ဖွံ့ဝင်ထားသူ ရှိလား၊ အခြားအသင်းအဖွဲ့တွေ၊ ဌာနဆိုင်ရာက လူတွေရှိလား ဆိုတာတွေလည်း မေးခိုင်းတယ်။ အဲဒီအသင်းအဖွဲ့တွေရဲ့ အသင်းဝင်တွေ တအိမ်တယောက် ပါရမယ်လို့ ညွှန်ကြားထားတယ်။ အစိုးရ လက်အောက်ခံ အသင်းဝင် တစ်ခုခုဖြစ်ရင်ပြီးရောပေါ့” ဟု မွန်ပြည်နယ် ရေးမြို့နယ်အတွက် စာရင်းကောက်ခံပေးသူ ဝန်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ယင်းကဲ့သို့ ကောက်ခံရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြံ့ခိုင်ရေးအသင်းဝင်အပြင် အစိုးရ လက်အောက်ခံ အသင်းအဖွဲ့များ ဖြစ်သော မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ ပြည်သူ့စစ်၊ စွမ်းအားရှင်၊ ကြက်ခြေနီ၊ မီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့၊ ကျေးရွာနှင့် ရပ်ကွက်ကောင်စီအဖွဲ့ဝင်တို့ကိုလည်း ထည့်၍ရကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

“အိမ်အများစုက ဒီအဖွဲ့ထဲ ဝင်ထားတာ မဟုတ်တော့ ကြံဖန်လုပ်ရတာပေါ့။ အနည်းဆုံးတော့ အရန်မီးသတ်တို့၊ ကြက်ခြေနီတို့၊ ကြံ့ဖွံ့တို့ရဲ့အသင်းဝင်တွေလို့ ဒီအတိုင်း ထည့်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် မဲပေးနိုင်သူစာရင်းကို ဇွန်(၂၆) ရက်မှ စတင်ကောက်ယူလျက်ရှိပြီး နိုင်ငံခြားတိုင်းပြည်များသို့ ရောက်ရှိနေသူများကို စာရင်းသွင်းရန် မလိုအပ်ကြောင်း သိရသည်။

“လက်ရှိ နေအိမ်မှာ မဲပေးနိုင်တဲ့စာရင်းပဲ ကောက်ခိုင်းတာ။ နိုင်ငံခြားရောက်နေတဲ့သူတွေကို ဒီစာရင်းမှာ မထည့်ခိုင်းဘူး။ ရေးမြို့နယ်မှာ နိုင်ငံခြားရောက်နေတဲ့လူဦးရေက များတယ်လေ။ အခုကောက်တဲ့စာရင်းက အခြားဌာနဆိုင်ရာက ရှိပြီးသား စာရင်းတွေနဲ့ သိပ်မကွာသွားအောင်တော့ ကြည့်လုပ်ရတာပေါ့။ ဥပမာ ကျန်းမာရေးမှာ ပေါက်တဲ့စာရင်းနဲ့ အုပ်ချုပ်ရေးက ရှိပြီးသားစာရင်းတွေနဲ့ ကိုက်အောင်တော့ လုပ်ရမယ်လေ၊ မကွာရဘူးပေါ့” ဟု အဆိုပါစာရင်းကောက်ခံသူ ၀န်ထမ်းက ပြောကြားသည်။

နိုင်ငံရပ်ခြား ရောက်ရှိနေသူများကို လိုအပ်ပါက ခရီးသွားနေသူ စာရင်းတွင်သာ ထည့်သွင်းစေပြီး ထိုသူများအနေဖြင့် ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ လာရောက် စာရင်းပေးနိုင်ကြောင်း မြို့နယ်/ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးများတွင် ကြေညာထားသည်။

အချက်အလက်များအနေဖြင့် အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ အဘအမည်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ အစရှိသော ပုံစံစာရွက်တစောင်တွင် ဖြည့်စွက်ရမည်ဖြစ်သည်။

နအဖစစ်အစိုးရသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာချိန်၌ တနိုင်ငံလုံး မဲပေးနိုင်သူ ဦးရေ (၂၇) သန်းကျော် ရှိသည့်အနက် မဲပေးခဲ့သူပေါင်း (၂၆.၇) သန်း ကျော်ရှိကြောင်း ဖော်ပြထားသည်။ http://www.khitpyaing.org/index.php?route=detail&id=2767

အပြည့်အစုံသတင်းဖတ်ရန်....

ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်

ပေါက်ပေါက် / ၂၈ ဇွန် ၂၀၁၀
ပြီးခဲ့သည့်လအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကကဒုံးလက်အောက်ခံ ဒုံးတပ်ရင်း အသစ်များကို ဖွင့်လှစ်ခဲ့ပြီး ဒုံးလက်နက်နှင့် ဆက်စပ်ယာဉ်များအား ရန်ကုန်ရှိ အမှတ် (၁) ယမ်းသိုလှောင်ရေး တပ်ရင်းမှ သက်ဆိုင်ရာ ဒုံးတပ်ရင်း အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့တို့ တွင် ဒုံးတပ်ရင်းများဖွင့်လှစ်ခဲ့ပြီး မေလကုန်ပိုင်း၌ တပ်ရင်းတခုလျှင် အနည်းဆုံး ဒုံးပစ်ခတ်ယာဉ် (၅) စီးစီ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ပျဉ်းမနားနှင့် မန္တလေးအခြေစိုက် ပင်မယန္တရား တပ်ရင်းများတွင်လည်း အလားတူ ဒုံးယာဉ်နှင့် ဆက်စပ်ယာဉ်များ ရောက်ရှိထားပြီး ဖြစ်ကြောင်း ကကကြည်း ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “မြောက်ကိုးရီးယားလုပ်တွေပဲ။ လေးလပိုင်းက ရန်ကုန်ဆိပ်ကမ်းကို ရောက်လာပုံရတယ်။ မေလလောက်မှ ဒတရ (ဒုံတပ်ရင်း) တွေကို ရန်ကုန်ကနေ ဖြန့်ခွဲတာ။ (၁၂၂) မမ၊ အတွဲလိုက်ပစ် ဒုံးအမျိုးအစားတွေလို့ ဆိုတယ်။ ယာဉ်တွေပေါ်ကနေ ပစ်ရတဲ့ ရွှေ့ပြောင်းဒုံးပစ်စနစ် အမျိုးအစား။ မြေပြင်က ဝေဟင်ပစ်လား၊ မြေပြင်ပစ်လား ဆိုတာတော့ မရှင်းလင်းဘူး” ဟု ပြောသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏ အနောက်မြောက်ဘက် (၁ဝ) မိုင်ကျော်အကွာတွင် ဒုံးတပ်ရင်းတခု ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အဆိုပါစခန်း တွင် တပ်အဆောက်အဦ ဆောက်လုပ်ပြီးစီးကာ စစ်သားများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း မိုးညှင်းဒေသခံတဦးက ပြောသည်။

၎င်းက “မိုးညှင်းကနေ ဘီလူးမြို့ဖြတ်ပြီး တာမခံ-ဖားကန့် တက်တဲ့လမ်းပေါ်မှာ၊ ဆည်ဇင်းကျေးရွာ မရောက်ခင်မှာ တပ်တည်နေတာ (၄ ၊ ၅) လလောက်ရှိပြီ။ အဆောက်အဦတွေ ဆောက်ပြီးလို့ စစ်သားတွေလည်း ရောက်နေကြပြီ။ အဲဒီအတွက် လယ်မြေသိမ်းတာတွေ မရှိဘူး။ အခုတော့ အဲဒီလမ်းဘက် သွားလာတာ နည်းနည်းခက်သွားတယ်။ စစ်တပ်ရှိတော့ စစ်ဆေးတာတွေ လုပ်လာတာပေါ့” ဟု ပြောသည်။

တပ်မတော် အင်အားတောင့်တင်းအောင် ခေတ်နှင့်အညီ ခေတ်မီလက်နက်များ တပ်ဆင်ရသည်ဟု နအဖ စစ်ဗိုလ်ချုပ်များက ယူဆနေပြီး ပြည်သူလူထု ဆင်းရဲကျပ်တည်းနေချိန်တွင် ယခုကဲ့သို့ လက်နက်များ တပ်ဆင်နေခြင်းမှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်-မြန်မာစစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “သူတို့အာဏာ တည်မြဲဖို့အတွက် စစ်တပ်တွေ၊ လက်နက်တွေတိုးချဲ့ပြီး လူထုတွေ၊ လူမျိုးစုအဖွဲ့အစည်း လက်နက်ကိုင် အဖွဲ့ အစည်း တွေကို ခြိမ်းခြောက်နေတဲ့သဘောပဲ။ ဒီစစ်တပ်ကလည်း လူထုထဲက မွေးဖွားလာတဲ့ မိသားစုဝင်တွေ ဖြစ်နေတဲ့ အောက်မှာ အနည်းအများဆိုသလို လူထုရဲ့ဒုက္ခကို သူတို့လည်း ခံစားရတယ်။ တတိုင်းပြည်လုံးရဲ့ ကျန်းမာရေး၊ ပညာရေး နိမ့်ကျနေတဲ့အောက်မှာ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးတွေသာ ထူးပြီး ခံစားရပေမယ့် အောက်ခြေကတော့ ပြည်သူတွေနဲ့တန်းတူ ဒုက္ခကို ခံစားရတယ်။ ဒါကြောင့် ဘယ်လို လက်နက်ပဲရှိနေပါစေ၊ ဒီစစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်တွေလည်း ကျဆင်းနေတယ်” ဟု ပြောသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့တွင် တိုင်းပြည်ကုန်ထုတ်လုပ်မှု (GDP) ၏ (၁) ရာနှုန်းမျှ မသုံးစွဲဘဲ နေချိန်၌ စစ်ရေးကဏ္ဍတွင် ဂျီဒီပီ၏ (၄ဝ) ရာခိုင်နှုန်းကျော် သုံးစွဲနေသည်ဟု နိုင်ငံတကာ စောင့်ကြည့်ရေး လွတ်လပ်သည့် အဖွဲ့ အစည်းများ က ထောက်ပြပြောဆိုကြသည်။http://www.khitpyaing.org/index.php?route=detail&id=2770

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာလူမျိုးတွေ လက်ရှောင်..

မြန်မာလူမျိုးတွေ ဖာဘဲထောင်စားကြဖို့  သန်းရွှေ ကြံစည်နေပြီ
ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်း ဝင်ရောက် ဖွယ်ရှိ

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက် တွင်းသို့ ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ ဝင်ရောက် လာဖွယ် ရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) တွင် ဇွန်လ ၁၇ ရက် နေ့က ကျင်းပ ပြုလုပ်သည့် မြန်မာ - ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ်များ အဖွဲ့ တွေ့ဆုံ ဆွေးနွေး ပွဲသို့ တက်ရောက် ခဲ့သူ တစ်ဦးက ပြောကြား သည်။ ဒီမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် လာမေးကြတာ။ လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက် အနေ အထားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြခဲ့တယ်ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (ဖွဲ့စည်းဆဲ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်းသို့ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက် လာပါက အထူး သဖြင့် အလုပ်အကိုင် အခွင့် အလမ်း နှင့် နည်းပညာများ ပိုမို အဆင်ပြေ စေနိုင်မည် ဖြစ်ကြောင်း၊ ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့မှ နေ၍ အခြား စီးပွားရေး လုပ်ငန်းများ နှင့် အတူ နောက်ဆက်တွဲ အနေဖြင့် အိမ်၊ ခြံ၊ မြေ အခန်း ကဏ္ဍ ကိုလည်း ပူးတွဲ ရင်းနှီး မြှုပ်နှံ သွားရန် ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။
အိမ်၊ ခြံ၊ မြေ အခန်းကဏ္ဍက ချန်ထားလို့ မရ တဲ့ ကိစ္စပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာမယ် ဆိုရင်တော့ နှစ်ဦး နှစ်ဖက် အကျိုး ရှိနိုင်တယ်ဟု မဏ္ဍိုင်အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဒါရိုက်တာ ဦးသန်းဦးက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ ဘဏ်တစ်ခု ဖြစ်သော ဗီယက်နမ် ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး ဘဏ် (Bank of Investment and Development of Vietnam) ဘဏ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ် နိုင်ရန် အတွက် လျှောက်ထားပြီး ဖြစ်ကြောင်း မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) တွင် ပြုလုပ် သော ဗီယက်နမ် - မြန်မာ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၀ ၌ BIDV ပြခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ BIDV ဘဏ်ခွဲ ဖွင့်လှစ်ခွင့် လျှောက်ထားဆဲ ဖြစ်သော်လည်း BIDV ကိုယ်စားလှယ် ရုံးကိုမူ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ Ruby Land ဟိုတယ်တွင် ဖွင့်လှစ်ပြီး ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။ ဘဏ်ခွဲ ဘယ်တော့ စဖွင့်မယ် ဆိုတာ ကိုတော့ မပြောနိုင်သေး ပါဘူး။ လျှောက်ထား ဆဲပဲ ရှိပါ သေးတယ်ဟု ၄င်းက ဆိုသည်။ ဘဏ်ခွဲ ဖွင့်လှစ်ရန် နှင့် လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် သတင်း အချက် အလက်များ စုဆောင်းနေကြောင်း ၄င်းက ဆိုသည်။ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များ နှင့် တွေ့ဆုံခြင်း၊ စီးပွားရေး သတင်း အချက် အလက်များ စုဆောင်း ခြင်းသာ ရှိနိုင်ပြီး ဘဏ်ခွဲ ကဲ့သို့ ဘဏ်လုပ်ငန်း ဆိုင်ရာများ လုပ်ဆောင်၍ မရနိုင်ကြောင်း ဘဏ် လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူ ဦးဝင့်ကျော်က သုံးသပ် ပြောကြားသည်။

BIDV ကိုယ်စားလှယ်ရုံး အနေဖြင့် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံ စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှု မြှင့်တင်ခြင်း နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း အစီအစဉ် များတွင် အထောက် အကူ ရမည် ဖြစ်ကြောင်း ဗီယက်နမ်မှ လာသော The Voice of Vietnam သတင်းတွင် ဖော်ပြ ထားသည်။ ဗီယက်နမ် ဝန်ကြီးချုပ် ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံဘဏ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန် လွှာကို လက်မှတ် ရေးထိုး ခဲ့ရာ ယင်းတွင် ဗီယက်နမ် နိုင်ငံတော် ဘဏ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ရေး တို့လည်း ပါဝင်သည်။ BIDV ဘဏ်ခွဲကို အမေ ရိကန် ဒေါ်လာသန်း ၅၀ ရင်းနှီး မြှုပ်နှံ၍ ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀ဝ၇ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ဗီယက်နမ် နိုင်ငံ၌ ဘဏ်ခွဲ ၁၆၀ ကျော် ရှိသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု အပိုင်းတွင် ရေလုပ်ငန်းကို အဓိက ရည်ရွယ် ဆောင်ရွက် သွားရန် ရှိကြောင်း ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ် အချို့တွင် ဖော်ပြပါရှိသည်။ ပြည်တွင်း အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများက ပြောကြား The Voice ဂျာနယ်တွင် ဖော်ပြထား သည်။

အပြည့်အစုံသတင်းဖတ်ရန်....

အလုပ်မရှိ လဥ သန်းရှာသူများ..

၂၆.၆.၂၀၁၀ နေ့တွင် ဆင်ဖြူတော်တစ်စီး ဖမ်းဆီး ရရှိခြင်း (ရုပ်သံ)

ဆင်ဖြုတော်တဲ့ဗျို့  ဘုရားစူး
http://www.htwd.info/2009/12/founding-white-elephant.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ပြည်ပမှဆိုက်ရောက်လာသူများကိုမည်သို့သောအကြောင်းပြချက်မပေးဘဲပြစ်မှုကျုးလွန်ထားသောတရားခံများသဖွယ် တစ်ယောက်ချင်း Portrait ဓါတ်ပုံများ ရိုက်ယူနေသဖြင့်ခရီးသွားပြည်သူများစိတ်အနှောင့်ယှက်ဖြစ်ကြရပါတယ်။

နိုင်ငံတကာလေဆိပ်ဆိုပြီး နိုင်ငံတကာစံညွှန်းမမီတဲ့နယ်စပ် ဖြတ်သန်းရေးဂိတ်တွေမှာ တောင်မကျင့်သုးံတဲ့ ဓါတ်ပုံရိုက်ယူပြီး မှတ်တမ်းတင်တဲ့စနစ်ကို ကျင့်သုးံနေတာဟာမြန်မာ လူမျိုးတွေအတွက် အလွန်ရှက်စရာကောင်းပါတယ်။ သန်းရွှေတကယ်ကြောက်ရမှာက သူကျုးလွန်ထားတဲ့အကုသိုလ်တွေပါ။ သံဃာသတ်ထားတာတွေ၊ ပြည်သူတွေအငတ်ထားပြီး ( နာဂစ်) မှာ သတ်ခဲ့တာတွေပါ။ နိုင်ငံခြားကလာပြီး သူ့ကိုသတ်မှာကို ကြောက်ရမှာမဟုတ်ပါဘူး။

မလိုအပ်တဲ့လက်နက်စက်ရုံတွေ၊အကြောက်လွန်ပြီးလှိုင်ခေါင်းတူးမဲ့ပိုင်ဆံတွေကို တကယ် လိုအပ်တဲ့လေဆိပ် ( လေဆိပ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ရှေ့တန်းစစ်မျက်နှာပါ။တရားမဝင် ကုန်ပစ္စည်းများ၊ လူများအပြင် ကူးစက်ပြန့်ပွားနိုင်တဲ့ရောဂါပိုးမွှားများ နိုင်ငံရပ်ခြားမှမဝင် ရောက်လာဖို့ပထမဆုးံခံတပ်ကြီးလည်းဖြစ်ပါတယ် ) လို တကယ်လိုအပ်တဲ့နေရာတွေမှာ သုးံသင့်ပါတယ်။

အခုလိုနိုင်ငံတွင်းတရားဥပဒေမဲ့ထင်ရာဆိုင်း၊စိတ်ရူးပေါက်တိုင်းလုပ်ရပ်တွေကိုကျွန်တော်တွေအားလုးံဆန့်ကျင်တွန်းလှန်ကြပါစို့ လို့နှိုးဆော်အပ်ပါတယ်။

ရန်နောင်
နိုင်ငံတကာလေဆိပ်အတွေ့ကြုံတချို့ကိုမျှဝေပါတယ်။ http://www.youtube.com/watch?v=sWP81mRg1Bk&feature=related

အပြည့်အစုံသတင်းဖတ်ရန်....

စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး နာပါ့မယ်။

တရုတ် ဖိအားကြောင့် ရခိုင် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေး တိုးမြှင့်တော့မည်
6/28/2010 တာကလူး
တရုတ် အစိုးရ၏ ဖိအားကြောင့် ရခိုင်ပြည်နယ်မှ ဂတ်စ်ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေးကို တိုးမြှင့်သွားတော့မည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

သူက “ ကချင် မြစ်ဆုံမှာ ဗုံးတွေ ဆက်တိုက် ကွဲပြီးတဲ့ နောက်မှာ တရုတ် ကုမ္ပဏီတွေ ရှိတဲ့ နေရာတိုင်းမှာ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ မြန်မာ စစ်အစိုးရကို တရုတ်က ဖိအားပေးလာတဲ့ အပေါ်မှာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ဂတ်စ်ပိုင်လိုင်း စီမံကိန်းတွေမှာလည်း အခုအခါ နိုင်ငံတော် အစိုးရက လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ စီစဉ်လာတာ့ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ပထမဆုံးအနေဖြင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် အကြီးမားဆုံး ရဲစခန်း တခု တည်ဆောက်ရန် စီစဉ်နေကြောင်းကို သူက ယခုကဲ့သို့ ပြောသည်။

“ တရုတ်ကို တင်ပို့မယ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းရဲ့ အဓိက ပင်မ နေရာ ဖြစ်တဲ့ ကျောက်ဖြူ မဒေးကျွန်းမှာ အင်အားအကြီးဆုံး ရဲစခန်း တစ်ခုကို များမကြာမှီ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ထိ ရှိမှာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မှီ လက်နက် ကရိယာတွေ တပ်ဆင်မှာ ဖြစ်သလို ခေတ်မှီ စပိဘုတ်တွေနဲ့ မော်တော်ဘုတ် တွေကိုလည်း ထားရှိသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင် ရဲစခန်းများ ကို “က”မှ “င” အထိ အဆင့်ခွဲကာ ဖွဲ့စည်းထားပြီး၊ “က” အဆင့်မှာ အမြင့်ဆုံး ဖြစ်ကာ ရဲသား အင်အား (၇၀) သတ်မှတ်ထားရှိသည်။ ၄င်း “က” အဆင့် ရဲစခန်းများကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ မောင်တောမြို့နယ် တောင်ပြို၊ တောင်ဂုတ်မြို့နယ် မအီနှင့် ဂွမြို့နယ် ကျိန်တလီတွင် တစ်ခုစီ ဖွင့်လှစ်ထားကြောင်း သူက ပြောသည်။

ယခု အဆိုပါ မဒေးကျွန်း၌ တရုတ်ပိုက်လိုင်း လုံခြုံရေးအတွက် ရဲသား ၁၀၀ ထားရန် ရာတားထားသည့် အတွက်ကြောင့် မဒေးကျွန်း ရဲစခန်းမှာ ရခိုင် ပြည်နယ်တွင် “က” အဆင့်လွန် အင်အား အကြီးဆုံး ရဲစခန်း ဖြစ်လာမည် ဟုလည်း အဆိုပါ အရာရှိက ပြောသည်။

မဒေးကျွန်းတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီတို့ ပေါင်းဖက်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနှင့် ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခုကို ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စတင် အကောင်အထည်ဖေါ် တည်ဆောက်လျက်ရှိသည်။

ဒေသခံပြည်သူများ၏ အဆိုအရ နအဖအာဏာပိုင်များနှင့် အဲရှားဝေါလ် ကုမ္ပဏီတို့ ပေါင်းဖက်ပြီး တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် အဆိုပါ ကျွန်းပေါ်ရှိ ကျေးရွာများမှ နေအိမ် ၅၀ နီးပါးခန့်ကို ပြောင်းရွှေ့ ဖျက်ဆီးခဲ့ပြီး လယ်မြေဧက ၃၀ နီးပါးခန့်ကိုလည်း လျော်ကြေး တစုံတရာ မပေးပဲ အတင်း အဓမ္မ သိမ်းယူ ခဲ့ခြင်းကြောင့် ဒေသခံများ အကြား ၄င်းစီမံကိန်းနှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

လက်ရှိ အချိန်တွင်လည်း ရခိုင်ပြည်နယ် ရေတပ်ဌာနချုပ်ကို ကျောက်ဖြူ မြို့နယ် သစ်ပုတ်တောင်တွင် ဖွင့်လှစ်ထားပြီး ကျောက်ဖြူတွင်လည်း စစ်တပ် တပ်ရင်း (၃)ရင်း တပ်စွဲထားသည်။

နအဖ စစ်အာဏာပိုင်များက တရုတ်၏ ဖိအားကြောင့် နောက်ထပ် ရခိုင် ပြည်နယ်တွင် လုံခြုံရေးကို ထပ်မံ တိုးချဲ့လာသဖြင့် အာဏာပိုင်များ၏ ကန့်သတ် ချုပ်ချယ်မှု များနှင့် ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပိုမို တိုးပွားလာမည်ကို ဒေသခံများက အထူး စိုးရိမ်နေကြသည်ဟု သိရှိရသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */