“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 29, 2010

စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????

3 Watt နဲ့ 5 Watt ဆိုတာ..ခရမ်းချဉ်သီး မီးသီး သာသာပါ..ဒါကို..175 ဒေါ်လာပေးရမယ်..၂သိန်းလောက်ကျမယ်..ဘယ်သူ ၀ယ်သုံးနိုင်မလဲ..စဉ်းစားကြည့်ပါအုံး..
လက်လုပ်လက်စားအောက်ခြေက ပြည်သူလူထုဘ၀..င်္ကြဖွတ်က နှိပ်စက်.. နအဖ က နှိပ်စက်နဲ့ .. ဖယောင်းတိုင်လေးတောင် ထွန်းဖို့ အနိုင်နိုင်ဗျာ..
နေရောင်ခြည်သုံး လျှပ်စစ် ဓာတ်အား စနစ်များ အနည်းဆုံး ကျပ်နှစ်သိန်း ၀န်းကျင်ဖြင့် ရောင်းချ
လျှပ်စစ်မီး မရရှိ နိုင်သည့် ဒေသများတွင် အနည်းဆုံး ငွေကျပ် နှစ်သိန်း ၀န်းကျင်ဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားကို သုံးစွဲ နိုင်ရန် အမှတ် (၂) စက်မှု ၀န်ကြီး ဌာနက စီစဉ် ပေးနေကြောင်း သိရသည်။ နေရောင်ခြည် စွမ်းအင် အသုံးပြု၍ လျှပ်စစ် ထုတ်ယူသည့် စနစ် အတွက် ကျေးလက် ဒေသသုံး 3 Watt မီးသီး ရှစ်လုံး တစ်စုံ သို့မဟုတ် 5 Watt မီးသီး လေးလုံး ပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊ မြို့ပြတွင် အသုံးပြု နိုင်မည့် 3 Watt မီးသီး ၁၂ လုံး သို့မဟုတ် 5 Watt မီးသီး ရှစ်လုံး သို့မဟုတ် 7 Watt မီးသီးေ ခြာက်လုံး ပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀၀ နှင့် လုံခြုံရေးမီး နှင့် လမ်းမီးများ အဖြစ် အသုံးပြု နိုင်သော သုံးမီတာ နိုင်ရင် အရှည် ရှိသည့် 10 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၂၉၅၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း၊ ခြောက်မီတာ အရှည်ရှိသည့် 25 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၆၀၀၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီး ဌာနက သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ ဆိုလာ စနစ်ဖြင့် လျှပ်စစ်မီး၊ ၂၂ လက်မ LCD TV, DVD၊ ကွန်ပျူတာ၊ အဲကွန်းနှင့် ပန်ကာများ သုံးနိုင်သည့် 1000 Watt တစ်စုံကို ကျပ်သိန်း ၃၀၊ 3000 Watt ကို ကျပ်သိန်း ၉၀ နှင့် 5000 Watt ကို ကျပ်သိန်း ၁၂၀ စသည်ဖြင့် ရှိပြီး ဆိုလာ စနစ်များ အတွက် လုပ်ငန်း အပ်နှံ လာပါက ဈေးနှုန်း ချိုသာစွာ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အပ်နှံလာတဲ့ Watt အမျိုးအစား အလိုက် နေအိမ်များတွင် ရုပ်မြင်သံကြား၊ အိမ်သုံးမီး၊ ပန်ကာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ နှင့် ရေမော်တာ စက်များအထိ အသုံးပြု နိုင်သည်ဟု သိရသည်။

နေရောင်ခြည် စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြား များကို ရာနှုန်းပြည့် ဂျပန် နည်းပညာဖြင့် အမှတ်(၂) စက်မှု ၀န်ကြီး ဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း ထုတ်လုပ်မှု စက်ရုံ (ဒဂုံ)၊ LED မီးသီး ထုတ်လုပ်မှု စက်ရုံက ထုတ်လုပ်ထား ပြီး၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အစိုးရ အဖွဲ့ အစည်း များ၏ တရားဝင် ထောက်ခံ အသိ အမှတ် ပြုထားသော ဆိုလာပြားများ ဖြစ်ကြောင်း သိရသည်။ ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အား ထွက်ရှိမှုကို အနှစ် ၂၀ အထိ အာမခံ ပေးထားပြီး ၀ယ်ယူလို ပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ၀၁-၆၅၁၄၃၁) နှင့် နေပြည်တော် ၌ မြန်မာ့ စက်ကိရိယာ နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း ၀၆၇-၄၀၅၀၅၉၊ ၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ် နိုင်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

၂၉ . ၆ . ၂၀၁၀ http://www.htwd.info/2010/06/solar.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */