“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 22, 2010

နိုင်ငံရေး အကျဉ်းသား မသင်းဇူလိုင်ကျော် လွတ်မြောက်


ရန်ပိုင် Tuesday, 21 December

ပဲခူးတိုင်း ပြည်မြို့အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သော မသင်းဇူလိုင်ကျော် သည် လွတ် ရက် စေ့၍ ယမန်နေ့နံနက်က ပြန်လည် လွတ်မြောက်လာသည်။

ကျန်းမာရေး ကောင်းမွန်ကြောင်း၊ လွတ်ရက်စေ့၍ လွတ်လာခြင်းဟု ဆိုနိုင်သော်လည်း ရုံးတင်တရားမစွဲဆိုမီနှင့် အမှုရင်ဆိုင် နေရ စဉ် အချိန်အတွင်း ထောင်တွင်းနေထိုင်ရသည့် အချိန်ကာလကိုပါ ရေတွက်ကြည့်လျှင် ချမှတ်ခံရသည့် ပြစ်ဒဏ်ထက် ၅ လခန့်ပင် ပိုပြီး အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရသည်ဟု မသင်းဇူလိုင်ကျော် ကဆိုသည်။

“ကျန်းမာရေးရော စိတ်ဓာတ်ရော ကောင်းတယ်၊ ကိုယ်လွတ်ပေမယ့် အပြည့်အ၀ မပျော်နိုင်ဘူး၊ တခြားဘ၀တူ နိုင်ငံရေး အကျဉ်း သားတွေ အကုန်လွတ်စေချင်တယ်”ဟု ၎င်းက ဆိုသည်။

မသင်းဇူလိုင်ကျော်သည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလက ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ ကော်ဖီဆိုင်တဆိုင်တွင် ဘလော့ဂါ နေဘုန်း လတ် နှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတော်အား အကြည်အညိုပျက်စေသည့် ပုဒ်မ ၅၀၅ (ခ) နှင့် ထောင်ဒဏ် ၂ နှစ်၊ သီးလေးသီး အငြိမ့် အဖွဲ့၏ ဗီဒီယို အခွေလက်ဝယ်တွေ့ရှိမှုကြောင့် ပုဒ်မ ၃၆ (ခ) ဗီဒီယို အက်ဥပဒေဖြင့် ထောင်ဒဏ် ၆လ စုစုပေါင်း ထောင်ဒဏ် ၂ နှစ် နှင့် ၆ လ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရသည်။
ကိုနေဘုန်းလတ်မှာ အီလက်ထရွန်နစ် ပုဒ်မ အတွက် ၁၅ နှစ်၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ၊ အများပြည်သူ ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လ ချမှတ်ခံရ ပြီး ယခုအခါ ကရင်ပြည်နယ် ဘားအံထောင်တွင် ထောင်ဒဏ် ကျခံနေရသည်။

လက်ရှိ ပြည်မြို့အကျဉ်းထောင်တွင် ရန်ကုန်တိုင်း သာကေတမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ချို၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ်ကျနေသည့် ဒဂုံမြို့နယ်မှ ကျောင်းသူ မသရဖီသိမ့်သိမ့်ထွန်း တို့အပြင် တောင်ဒဂုံမြို့နယ်မှ သားကြီး(ခ) မြင့်လွင် ဦး၊ သံဃာတော် ဦးခေမာဝံသ၊ ကိုအောင်ကျော် စသည့် နိုင်ငံရေး အကျဉ်းသားများ ကျန်နေသေး ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသည့် အမျိုးသမီး နိုင်ငံရေး အကျဉ်းသား ဦးရေမှာ ၁၇၅ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။

၂၀၀၇ ခုနှစ် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့သည့် အတွက် မကွေးတိုင်း သရက်ထောင် တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းသည် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြနေ ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
မနီလာသိန်းမှာ အမျိုးသမီးရောဂါ ရှိနေပြီး မျက်စိကြောင့် ခေါင်းကိုက်သည့် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရကြောင်း၊ ထို့ကြောင့် လစဉ် ဆေးများပို့ပေး နေရကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုမှာလည်း တောင်ကြီးထောင်တွင် ပြစ်ဒဏ်ကျခံနေရပြီး သမီးငယ်နှင့်လည်း ခွဲခွာနေရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးလွတ်မြောက်လာခဲ့သေးသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေးလ် ကင်တာနာကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင်ရှိသည့် နိုင်ငံရေး အကျဉ်းသားများမှာ ကျန်းမာရေးဆိုးရွားကြောင်း၊ အဆိုပါ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်ကို ပြန်လွှတ် ပေးရန် ပြီးခဲသည့် ရက်ပိုင်းက တောင်းဆိုခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */