ဒေါ်စု ကို ပြန်မလွှတ်ရန် တရုတ် က မြန်မာ ကို အကြံပေးခဲ့
by Myanmar wikileaks
မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ရီ ဒေါင်ဘို က အောက်တိုဘာလ ၂၀ ရက်နေ့ မှာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ကို နေပြည် တော် မှာ သွားရောက် တွေ့ ဆုံပြီး တရုတ် အစိုးရ က ပေးပို့ ထား တဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက် တဲ့ အမှာစကားကို သွား ရောက် ပြောကြား ရာမှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေး ဖို့ အတွက် ကို စဉ်းစား ပါအုံး လို့ ပြောဆို ခဲ့တယ် လို့  မိနစ် ပိုင်းလေး အ တွင်း ကပဲ မြန်မာ အစိုးရရဲ့  နိုင်ငံခြားရေး ၀န်ကြီး ဌာန သံတမန် ရေး ရာဦး စီးဌာန က တာဝန်ရှိ သူ တစ်ဦးက ၎င်း ရဲ့  နိုင်ငံခြားရေး ၀န်ကြီး ဌာန ရဲ့  အီးမေး လိပ်စာ နဲ့ ပဲ ပို့ လာ တဲ့ စာ မှာ အခု လို ဖော်ပြထား ပါတယ်။
အနောက် အုပ်စု နိုင်ငံ တွေ ဟာ မထင်မရှား လျှုလျှောက်ဘို ကို နိုဘလ် ဆုပေးလိုက် တာကြောင့် မြန်မာ နိုင်ငံရဲ့  အချိန်တိုင်းမှာ မိတ်ဆွေရင်း ချာ ဖြစ်ခဲ့တဲ့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော် ကြီး ရဲ့ ခေါင်းဆောင်တွေဟာ စိတ်ပျက်ရကြောင်းတ ကယ် လို့ ဒေါ် အောင်ဆန်းစုကြည် ကို ပြန် လွှတ် မယ် ဆိုရင် တရုတ် အစိုးရ အနေ နဲ့  လတ်တလောမှာ အခြားပြစ်မှုတွေ ပါရှိသေးတဲ့ လျှု လျှောက် ဘို ကို ပြန်လွှတ်မှာ မဟုတ်သေးတဲ့ အတွက် မြန်မာ အစိုးရ အနေနဲ့  ဒေါ်စု ကို ပြန်လွှတ်ပေးတာ ဟာ တရုတ် ကို အရှက် ခွဲ သ လို မရည် ရွယ် ဘဲနဲ့  ဖြစ်နေမှာ ဆိုးတဲ့ အတွက် ပြန်လွှတ်ပေး ဖို့ ကို စဉ်းစား သင့် တဲ့ လို့ နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာန မှာ
အောက်တိုလ ၂၀ ရက်နေ့  က တွေ့ ဆုံစဉ် ပြောကြားခဲ့တယ်လို့  အဆိုပါ အီးမေးမှာ ဖော်ပြထား ပါတယ်။ ထို နေ့ က နေပြည်တော် ကို ရောက်ရှိ နေတဲ့ တရုတ် သံအမတ်ဟာ အစိုးရရဲ့  အလံပြောင်း မယ့် ပွဲ ကို လည်း တက်ရောက် ခဲ့ပါတယ် လို့ အဆိုပါ နိုင်ငံခြားရေး ၀န် ကြီး ဌာ န အကြီးတန်း ၀န်ထမ်း တစ်ဦး ရဲ့ မေးမှာ ဖော်ပြထား တာ ဖြစ်ပြီး ဦးဥာဏ်ဝင်း နဲ့  သံအမတ်ကြီး ဘာတွေဆွေးနွေးတယ် ဘာ အ ကြောင်း တွေ ပါတယ် ဆိုတာ မသိရပေမယ့် ဦးဥာဏ်ဝင်းဟာ အရှေ့တောင်အရှ နိုင်ငံခြားရေးဝန်ကြီးများ၏ အာရှဒေသအတွင်း အ စည်းအဝေးအတွက် ဟနွိုင်း ကို မသွား ခင် သူ့ ကို တရုတ် သံအမတ် နဲ့  တွေ့ ဆုံစဉ် ပြောကြာားခဲ့တာ ဖြစ်တယ် လို့ လဲ အီးမေးမှာ ရေး သားထားပါတယ်။
မြန်မာ နိုင်ငံခြားရေး ၀န်ကြီး က တရုတ် သံအမတ်ကြီး ရဲ့ တိုက်တွန်းချက် နဲ့ ပတ်သက်ပြီး လည်း စစ်အစိုးရ ခေါင်းဆောင် များ ကို အစီ ရင်ခံ စာ တင်ထားကြောင်း သူ့ ကို တစ်ဆက်တည်း ပြောခဲ့ပေ မယ် နှစ်နိုင်ငံခေါင်းဆောင် အချင်းချင်း တယ်လီဖုန်း နဲ့  ဖြစ်ဖြစ် ဒေါ်စု အ ကြောင်း ဆွေးနွေး ကြဖြစ် ခဲ့ကြပေမယ့် အသေးစိတ် ကို သူ မသိရှိ ရဘူး လို့ ဆို ပါတယ်။
မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဟာ အခု လို တရုတ် သံမတ်ကြီး နဲ့ တွေ ဆုံ အပြီး နောက် ရှစ်ရက် အကြာ ဟနွိုင်း အစည်း အဝေးမှာ ဗိုလ် ချုပ်မှုးကြီး သန်းရွှေက ရွေးကောက် ပွဲမှာ ပါဝင်ယှဉ် ပြိုင်မှာ မဟုတ် ကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို တော့ အတိအကျပြောသွားခြင်းမရှိ ပါဘူး။
နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည် လွှတ်ပေး ခဲ့တော့ လည်း တရုတ်က ထူးထူးခြားခြား တိတ်ဆိတ် နေခဲ့ပါတယ်။
အခု လို မြန်မာဝီကီလိခ် ကို မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန က နေ တရားဝင်မဟုတ် တဲ့ စာပေးပို့ မှု ဟာ ယမန် နေ့ က ၀ီကီလိခ် ၀ဘ်ဆိုတ် က နေ ဖွင့်ချထားတဲ့ အမေရိကန် သံ အရာရှိ တစ်ဦး နဲ့  တရုတ် သံအရာရှိ နေ့ လည် စာ သုံးဆောင် စဉ် မှာ တရုတ် သံ က မြန်မာ စစ်ခေါင်းဆောင် နဲ့ စစ် အုပ်စု ကို ဝေဖန် အပုပ် ချပြီး ၂၄ နာရီ အကြာမှာ ဖြစ်ပါတယ်။ တစ်ဆက် တည်း မှာ ပေးပို့ သူ့ ရဲ့ စာ အဆုံး သတ်မှာတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပး ဖို့ အတွက် ၎င်း တို့ ဘက် က နှစ်ကာလ ကြာရှည်စွာ ရပ်တည် ပေးခဲ့သူ တစ်ဦး ရဲ့ အငြို အငြင် ကို ခံခဲ့ရတယ် လို့ ရေးသားထား ပါတယ်။

0 comments:
Post a Comment