“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, November 21, 2011

စွန့်လွှတ်စွန့်စားရမယ့် စိန်ခေါ်မှုဆီသို့

စွန့်လွှတ်စွန့်စားရမယ့် စိန်ခေါ်မှုဆီသို့
ဦးဝင်းတင်နဲ့မေးခွန်းများ၊ မိုးမခ၊ နိုဝင်ဘာ ၂၁၊ ၂၀၁၁

နိုဝင်ဘာ၁၈ ရက်နေ့က အင်န်အယ်ဒီပါတီက ဗဟိုဦးစီးအစည်းအဝေးနဲ့ ထုတ်ပြန်ချက်ပြုတဲ့ဆီမှာလက်ရှိ အစိုးရ ရဲ့ ပြဋ္ဌာန်းချက်များနဲ့ ပါတီကို မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ပြည်တွင်း ပြည်ပကပရိသတ်တွေ၊ အင်အားတွေ၊ အစုအဖွဲ့တွေက စိတ်အားထက်သန်စွာ၊ စိတ်လှုပ်ရှားစွာ ထိုဆုံးဖြတ်ချက်ကို စောင့်မျှော်ခဲ့ကြတာဖြစ်ပါတယ်။ အဲသည်နောက်ပိုင်းမှာ အဲသည်နိုဝင်ဘာ ၁၈ နောက်ပိုင်း မေးခွန်းထုတ်နေတဲ့ အချက်တချို့ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

အခု ပါတီမှတ်ပုံတင်ဖို့နဲ့ရွေးကောက်ပွဲဝင်ဖို့ကို ဆုံးဖြတ်လိုက်တော့၊လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှုများကနေ လွှတ်တော်တွင်းနိုင် ငံရေးလှုပ်ရှားမှု ဆီကို ဦးတည်တယ်လို့ ပြောရတော့မှာပေါ့။ အဲဒီအချက်ကိုဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ သဘောထား တယ်လို့ ပြောသလဲ။

- ဟုတ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ အချက်ကတော့ ယခင်တုန်းကရွှေဂုံတိုင်ကြေညာချက်မှာကအခြေခံပဒေကို လက်မခံနိုင်လို့ ရွေးကောက်ပွဲကိုမ၀င်ခဲ့ဘူး။ အဲသည်တုန်းက အခြေအနေတွေ အဖြစ်အပျက်တွေကို သူကိုယ်တိုင်လက်ခံတယ်၊ သဘောပေါက်တယ်။ သို့သော် အခုနောက်ပိုင်းမှာ၊ အခုအချိန်မှာက အခြေအနေတွေအပြောင်းအလဲတွေရှိလာလို့ အခြေခံဥပဒေ ကို ပြောင်းလဲနိုင်ဖို့အတွက်ရွေးကောက်ပွဲဝင်မယ်။ လွှတ်တော်ထဲကနေ အခြေခံဥပဒေပြောင်းလဲနိုင်ဖို့ ကြိုးစားမယ်လို့ပြော တာဖြစ်တယ်။

နိုဝင်ဘာ ၁၈ ရက်နေ့မှာဗဟိုဦးစီးအစည်းအဝေးမှာ အားလုံး ကန့်ကွက်သူမရှိဘူးဆိုရင် ပါတီမှတ်ပုံတင်၊ရွေးကောက်ပွဲဝင်ဆိုတာကို အားလုံးကလည်း ၀ိုင်းလုပ်ကြရမယ်လို့ဒေါ်စုကပြောလိုက်တော့ ဆရာတို့အားလုံးမှာ ဒါကို ၀ိုင်းလုပ်ကြဖို့ တာဝန်ရှိသွားပြီပေါ့။ ပါတီခေါင်းဆောင်၊ ပါတီဝင်နဲ့ ကွန်ယက်တွေမှာ ဒါ တာဝန်ရှိသွားပြီပေါ့။

- အခြေခံဥပဒေကိုပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်ထဲကို သယ်ဆောင်သွားမယ် ဆိုတဲ့ အဓိကအချက်ဖြစ်ပေါ်လာတယ် လို့ ပြောနိုင်ပါတယ်။ ဒါဟာ နိုင်ငံရေးသဘောထားအရထူးခြားတဲ့အချက်လို့ ပြောနိုင်ပါတယ်။


အဲသည်လိုမျိုး အပြောင်းအလဲပေါ့လေ၊ဒေါ်စုပြောတဲ့အတိုင်း စွန့်လွှ့တ် စွန့်စားမှုကို ဆောင်ရွက်ကြတော့မယ်ဆိုတော့ ဆရာ့ပတ်ဝန်းကျင်မှာ ဘယ်လိုမျိုး ထူးထူးခြားခြား အပြောင်းအလဲတွေ တွေ့ရသလဲ။

- သိပ်မရှိပါဘူး။ခုချိန်မှာတော့ ပါတီထဲကတော့ သည်အတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်းအားလုံးက ပြီးတာပါပဲ။ အားလုံးက ပျော်ပျော်ပါးပါးပါပဲ။ ထပ်ပြီး ဆွေးနွေးတာတွေလည်းမရှိပါဘူး။ ပါတီက ဒါကို ဆုံးဖြတ်တယ်၊ ရွေးကောက်ပွဲဝင်ကြမယ် ဆိုတော့ အဲသည်အတွက်လက်ခံလိုက်ကြတယ်။ အဲလိုပဲ တွေ့ရပါတယ်။

ဘာပဲပြောပြောပေါ့လေ၊အခုဆုံးဖြတ်ချက်ကို ကျနော်တို့ကတော့အကောင်းမြင်ပါတယ်။ အပြောင်းအလဲတခုခု အတွက် အခြေအနေပေး တဲ့ဆီမှာ စွန့်လွှတ် စွန့်စားမှုတခုကိုလုပ်လိုက်တယ်။ စိန်ခေါ်မှုတခုကို လုပ်လိုက် တယ်။ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ ပါတီ၊ ပါတီဝင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ကွန်ယက်တွေဟာ ဒီအပြောင်းအ လဲအတွက် စိန်ခေါ်မှုအ တိုင်း လုပ်ကိုင်နိုင်မလားဆိုတာကသိပ်မကြာခင်အတွင်း အဖြေပေါ်လာမှာပေါ့နော်။

-ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကညှိနှိုင်းနိုင်တဲ့ အရည်အ ချင်းတွေရှိတယ်။ ဒီမိုကရေစီအင်အားတွေနဲ့ လက်တွဲပြီးလုပ်နိုင်သလို၊ အခြား အဖွဲ့အစည်းတွေ၊ အင်အားတွေနဲ့ လည်းအလုပ်လုပ်နိုင်လိမ့်မယ်၊ ဆွေးနွေးနိုင်လိမ့်မယ်လို့ ထင်တယ်။ တဆညတွေ၊ကြံ့ဖွံ့တွေ၊ ပြီးတော့ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ စသည်ဖြင့် အားလုံးနဲ့တွေ့ဆုံ စကားပြောနိုင်ဖို့ အခွင့်အလမ်းတွေ ရှိလာမယ်။ သူကိုယ်တိုင်ကလည်းအခုအချိန်မှာက ကြီးမားတဲ့သြဇာရှိတယ်ဆိုတာကိုလည်း သိတယ်လေ။ အခြေခံဥပဒေကိုပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်ထဲမှာလည်း ဆောင်ရွက်နိုင်မယ်လို့လည်းမျှော်လင့်နေတယ်လို့ ပြောနိုင်မယ် ထင်တယ်။

အဲသည်တော့လွှတ်တော်တွင်း၊ လွှတ်တော်ပြင် နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လာနိုင်ဖို့၊ကြားဖြတ်ရွေးကောက်ပွဲဝင်နိုင်ဖို့၊ နောက်တခါ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာဥပဒေပြုအခွင့်အရေးတွေသာမက အုပ်ချုပ်ရေးကိစ္စတွေမှာပါဆောင်ရွက်လာနိုင်ဖို့တွေကို စဉ်းစားနေပြီဆိုရင် အခုလက်ရှိ လူကြီးတွေ၊ လူငယ်တွေနဲ့တင်သာမဟုတ်ပဲအင်အားသစ်တွေ၊ မျိုးဆက်သစ်တွေ ခုကတည်းက ထူထောင်ရတော့မှာပေါ့နော် ဆရာ။

- ဟုတ်ပါတယ်။ ပါတီပြန်လည်တည်ဆောက်ရေးတွေ၊ ထူထောင်ရေးတွေ လုပ်လာကြလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိကြားဖြတ်ရွေးကောက်ပွဲ ကို ၀င်ရောက်ဖို့ကိုလည်း လူငယ်တွေ၊ လူရွယ်တွေ၊ ကွန်ယက်ထဲကအင်အားတွေထဲကနေ ထွက်ပေါ်လာလိမ့်မယ် ထင်ပါတယ်။

သံဃာတော်တွေက မြန်မာပြည်အရေးကိစ္စတွေကိုပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတယ်။ မန္တလေးမှာ အရေးဆိုမှုဖြစ်တယ်။ အခုကျတော့မဟနတွေက ဒီကိစ္စကို အချိန်ဆွဲပြီး ရှင်းလင်းလိုက်တယ်။ သူတို့တွေကိုလူစုခွဲပြီး နယ်တွေ ရွာတွေ ပြန်ပို့ဖို့ လုပ်တယ်။ ဒါတွေကို အစိုးရအဆက်ဆက်ကလုပ်ခဲ့ဖူးတဲ့ နည်းတွေပဲ မဟုတ်လားဆရာ။

- ဦးသန့်အရေးအခင်းမှတုန်းကမန္တလေးမှာ သံဃာတော်တွေနဲ့ လူထုတွေ စုဝေးပြီး ဟောပြောပွဲတွေ ကျင်းပကြတယ်။ အဲသည်တော့ အဲသည်တုန်းက မန္တလေးမှာမဆလခေါင်းဆောင်က ဦးအေးကို နဲ့တူတယ်။ သူတို့ကဘာတွေလွှတ်ပြီး ဟောပြော ပွဲတွေထဲကို ၀င်ဖျက်ခိုင်းသလဲဆိုတော့ပြည့်တန်ဆာခေါင်းတွေ၊ ပြည့်တန်ဆာတွေကိုပါ ဟောပြောပွဲထဲမှာ ၀င်ပြီးပြောဟော ခိုင်းတယ်။ လူတွေက ၂၄ နာရီ အစောင့်ချ ကာကွယ်နေရာကနေပြီးတော့အဲသည်လိုဖြစ်လာတော့ အယုံအကြည်တွေလျော့ပြီး လူစုတွေ ခေါင်းကွဲကုန်တော့မှစစ်တပ်ကို လွှတ်ပြီး သပိတ်စခန်းကို စီးနင်းလိုက်တယ်။ အခုကျတော့ အာဏာပိုင်တွေကလုပ်စရာမ လိုဘဲနဲ့ သံဃာ့မဟာနာယကတွေ အဆင့်ဆင့်နဲ့ ပြီးကုန်ကြတယ်။
- အခုအချိန်မှာကလည်းတိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားလူငယ်ခေါင်းဆောင်တွေ၊သံဃာတော်တွေ မလွှတ်သေးဘူး၊ လွှတ်ပေးရမယ့်အစား ထောင်နေရာတွေတောင် ရွှေ့ပေးဦးမယ်လို့ဆိုတယ်။ သူတို့မလွတ်မြောက်သေးတာဟာ လက်ရှိအာဏာပိုင်တွေက သူတို့အပေါ်မှာ အဃာတတွေမဖြေဖျောက်နိုင်သေးလို့လို့ ပြောနိုင်တယ်။ သူတို့တွေ လွတ်မြောက်ဖို့ အရေးဆိုတာတွေဟာဆက်ပြီးတော့ တောင်းဆိုမှုတွေ ဖြစ်နေဦးမယ်လို့ ထင်ပါတယ်။

မိုးမခမှ မျှပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */