NLD မှတ်ပုံတင်၊ ဒေါ်စု ရွေးကောက်ပွဲဝင်တာ ဦးသိန်းစိန်အတွက် မင်္ဂလာသတင်းဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကို ဥပဒေတစ်ခုခုကျူးလွန်ထားလို့  အရေးယူထားရတာလို့ ဖြေဆိုသွားတဲ့ ဦးသိန်းစိန်ရဲ့ စကားဟာ ကျွန်တော့်အတွက် အ မင်္ဂလာသတင်းဖြစ်ပါတယ်။
အကျယ်ဖတ်လိုပါက ဗီအိုအေနဲ့ အလဲဗင်းအွန်လိုင်းစာမျက်နှာများတွင် ရှုပါ။
.......................................................
ဦးသိန်းစိန်။ ။ “ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာခက်တယ်။ ကျနော်တို့ကတော့ ယုံကြည်ချက်ဆိုတာကိုတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ အဲဒီတော့ သူ့လိုပဲ ဥပဒေတစ်ခုခုတွေ ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့အတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျတယ်။
( VOA မြန်မာပိုင်းနှင့် ဦးသိန်းစိန် အင်တာဗျူး )
ဦးသိန်းစိန်။ ။နောက်သတင်းကောင်း တစ်ခုကတော့ နောက်ကနေပြီးတော့ ကျွန်တော်လှမ်းပြီးတော့ ကြားတာ။ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ပါတီပြန်ပြီးတော့ မှတ်ပုံတင်မယ်။မှတ်ပုံတင်ပြီးတော့
ရွေးကောက်ပွဲဝင်မယ်။ ဘာပဲဖြစ်ဖြစ်မှတ်ပုံတင်မယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုတာဟာအခွင့်အလမ်းပါပဲ။ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးချယ်ခံရတယ်ဆိုရင် ဒါလွှတ်တော်ထဲရောက်လာမှာပါပဲ။ လွှတ်တော်ထဲရောက်ရင် တန်းတူ ညီတူ ခင်ဗျားတို့လည်း သိနေတာပဲ။ မေးစရာရှိ တာတွေမေး၊ ပြောစရာရှိတာတွေပြော၊ ဒါကတော့ တန်းတူရည်တူ ပြောကြပြုကြ ဒါ ကျွန်တော်တို့တွေ ရသွားတာပဲ။ ဒီဟာကျွန်တော်တို့ကောင်းတဲ့ လက္ခဏာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် လည်းရွေးကောက်ပွဲဝင်မယ် ပြုမယ် ဆိုတာ ဒါလည်း ကျွန်တော်တို့အတွက် မင်္ဂလာသတင်းကောင်း ပဲ ဖြစ်ပါတယ်''
( မြန်မာသတင်းသမားများနှင့် ဦးသိန်းစိန် အင်တာဗျူး )
အောင်မျိုးထွန်း ၂၀- ၁၁- ၂၀၁၁

0 comments:
Post a Comment