“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, January 18, 2010

ဇာကနာ့ ဟာသထက် ရီရတယ်ဗျ..ငါပြောသလိုလုပ်...ငါလုပ်သလို မလုပ်နဲ့ တဲ့


လာဘ်ပေးလာဘ်ယူကိစ္စ အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်ထုတ်
မျိုးဝင်းဇော်/ ၁၈ ဇန်န၀ါရီ ၂ဝ၁ဝ

လာဘ်ပေးလာဘ်ယူကိစ္စနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာအကြီးအကဲများက မိမိလက်အောက်ဝန်ထမ်းများကို ပညာပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်တစောင် ထုတ်ပြန်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

၎င်းက “အစိုးရအဖွဲ့ရုံးကနေ ညွှန်ကြားချက် ထုတ်တာပါ။ ဒီဇင်ဘာ နောက်ဆုံးအပတ်က ကျနော်တို့ လက်ခံရခဲ့တာပါ။ စာမှာပါတာ က တော့ ဝန်ကြီးဌာနအသီးသီးမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကို ဝန်ခံထားပြီး ဒါကို သက်ဆိုင်ရာ အကြီး အကဲတွေက ထိန်းပေးဖို့ ဆိုပြီးပါတယ်။ ဒါပေမယ့် အဲဒီအကြီးအကဲတွေရော ဝန်ကြီးတွေရော၊ ထိပ်ပိုင်းနိုင်ငံတော်အဆင့် ခေါင်းဆောင်တွေ ရော အားလုံး လာဘ်ပေးလာဘ်ယူမှုနဲ့ မကင်းကြဘူးဆိုတော့ ဒါကြီး လျော့နည်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

အဆိုပါစာသည် ဌာနတွင်းပေးသည့် လျှို့ဝှက်စာဖြစ်ပြီး အပိုဒ် (၄) ပိုဒ် ပါဝင်ကာ အပိုဒ် (၂) တွင် “သို့သော်လည်း မြန်မာနိုင်ငံသည် လာဘ်ပေးလာဘ်ယူမှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် စာရင်းတွင် ထည့်သွင်းဖော်ပြခံရခြင်းသည် နိုင်ငံတော် အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ သို့သော်လည်း ငြင်းဆိုရန် ခက်ခဲပြီး အထူးသဖြင့် အောက်ခြေတွင် ဌာနတွင်း ဝန်ထမ်းအချင်းချင်းပင် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းကို သိရှိရပါသည်” ဟု ပါရှိသည်။

အပိုဒ် (၃) တွင် “လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလွယ်တကူ ချောမွေ့စေရန် ဝန်ထမ်းများမှ ပြည်သူလူထု၏ အကျိုးစီးပွား အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုကြောင်း၊ အချို့အောက်ခြေ ဝန်ထမ်းများသည် လွယ်ကူသည့် အလုပ်ကို ခက်ခဲစေရန်၊ ခက်ခဲသည့်အ လုပ်ကို လုပ်ဆောင်၍မရစေရန် ပြုမူလျက်ရှိရာ ပြည်သူလူထုနှင့် ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတွင် လွယ်လွယ်ကူကူနှင့် အောင်မြင်ပြီးမြောက်စေရေးအတွက် စေတနာထား၍ ကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများအား ပြည်သူလူထု မုန်းတီးပါက အစိုးရကို မုန်းတီးခြင်းနှင့် အတူတူပင်ဖြစ်၍ နိုင်ငံရေးအမြင်နှင့်ကြည့်ပြီး ဝန်ထမ်းများကို ပညာပေး စည်းရုံးထိန်းသိမ်း လုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိပါသည်” ဟု ဖော်ပြထားသည်။

အစိုးရ ဝန်ကြီးဌာန အသီးသီးတွင် လာဘ်ပေးလာဘ်ယူမှုသည် ခိုင်မာစွာ အမြစ်တွယ်နေပြီး အရာရှိမှ အထက်ဆင့် အားလုံးလိုလို အစိုးရ ပေးသည့် လစာ (၅-၆) သောင်းမှ (၁) သိန်းကျော်ကို မည်သူမှ ဂရုမစိုက်ကြောင်း၊ ယင်းငွေဖြင့်လည်း လူတန်းမစေ့ ကြောင်း၊ လာဘ်ယူမှုမှ ရသည့် ဝင်ငွေသည်သာ အဓိကဝင်ငွေဖြစ်ကြောင်း၊ ဌာနတွင်း ရာထူးတက်ချင်ရင်၊ နေရာပြောင်းချင်ရင် ကိုယ်ကိုယ်တိုင် လာဘ်ပြန် ပေးရ ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။

၎င်းက “ဒီလောက် အမြစ်တွယ်နေတဲ့ လာဘ်ပေးလာဘ်ယူမှုကို အစိုးရအဖွဲ့ရုံးက စာတစောင် ထုတ်ရုံနဲ့ ပပျောက်မသွားနိုင်ဘူး။ လွတ်လပ် တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းအရေးယူတာမျိုး၊ အရေးယူရာမှာလည်း ပိုပြီး ရာထူးကြီးသူတွေကို ဦးစားပေး အရေးယူ နှိမ်နင်းတာမျိုး စတာတွေ လုပ်ရင်တော့ လျော့နည်းသွားနိုင်တယ်။ ခုဟာက အထက်အာဏာပိုင်တွေကိစ္စ ဘာမှမပြောဘဲ အောက်ခြေ ဝန်ထမ်းတွေကိစ္စလောက်သာ ညွှန်ကြားချက်ထုတ်တာမို့ ဘာမှ ထူးခြားမလာနိုင်ဘူး” ဟု ပြောဆိုသည်။
http://www.khitpyaing.org/news/January%2010/18110d.php

2 comments:

Unknown said...

ကြောင်တောင်တောင်နဲ့ ညွှန်ကြားချက်တွေထုတ်ရင် အင်္ဂလိပ်စားလုံးထည့်မရေးရဘူးဆိုတာ မသိဘူးလား....ကိုယ်ပိုင်ရိုက် ကိုယ်ပိုင်ထုတ်ပြီး ဒါစစ်အစိုးရ ညွှန်ကြားချက်ဆိုပြီး လုပ်ပြနေတာ မသိရင်ခက်မယ်...

Life in Japan said...

Can anyone verify whether this paper is real or nor?

 
----------------------------------------- */ /* EOT ----------------------------------------- */