“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, January 27, 2010

ရောင်းတယ် ၀ယ်တယ်..ပဲလှော်နဲ့လဲတယ်..(အကျင့်ပျက်စစ်တပ်)

စစ်သားများ ခိုးရောင်းစားသည့် သံဆူးကြိုး ဘင်္ဂလာရဲမှ ဖမ်းဆီး1/26/2010


တာကလူး (နိရဉ္စရာ) မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ကာရံနေသည့် နယ်စပ် ခြံစည်းရိုး စီမံကိန်းမှ စစ်သားများ ခိုးထုတ် ရောင်းစားလိုက်သည့် သံဆူးကြိုး ကီလို ၃၀၀ ကျော်ကို ဘင်္ဂလာရဲက တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ သံဆူးကြိုးများကို လွန်ခဲ့သော တနင်္ဂနွေနေ့ နံနက် ၅း၀၀ နာရီ အချိန်တွင် ဘင်္ဂလာဒေ့ရှ်တောင်ပိုင်း ကော့စ်ဘာဇားခရိုင် အိုကီးယားမြို့အနီးတွင် ဒေသခံရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။


ဒေသခံ ဘင်္ဂလာရဲတပ်ဖွဲ့က “၄င်းသံဆူးကြိုးများကို ရခိုင်နယ်စပ်မှ ဂျစ်ကားတစ်စီးဖြင့် အဝေးပြေး ကားလမ်းမအတိုင်း ကော့ဘဇားမြို့ဘက်သို့ သယ်ယူလာစဉ် အိုကီးယားမြို့ ကောလိပ်ကျောင်း အနီးသို့ အရောက်တွင် တာဝန်ကျ ရဲတပ်ဖွဲ့မှ ဖမ်းဆီး မိခဲ့ခြင်းဖြစ်သည်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ခ်ျ့ရှိ အိုကီးယားမြို့မှာ မြန်မာနိုင်ငံ အနောက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ တောင်ပြိုမြို့နယ်ခွဲ၏ အနောက် တောင်ဘက် (၁၀) ကီလိုမီတာခန့် အကွာတွင် တည်ရှိသည်။

ဖမ်းဆီးရမိသော သံဆူးကြိုးများမှာ အရည်အသွေး စံချိန် အလွန်မြင့်မားပြီး၊ အလွန်ခိုင်ခန့်ကာ မြန်မာနယ်စပ်တွင် ကာရံနေသည့် ခြံစည်းရိုး သံဆူးကြိုးများ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ရဲသတင်း ရပ်ကွက်က အတည်ပြု ပြောကြားသည်။

သံဆူးကြိုးများ သယ်ယူလာသော ဂျစ်ကားနှင့် ပါဝင် ပတ်သတ်နေသူများနှင့် ပတ်သက်ပြီး ရဲအဖွဲ့က အသေးစိတ် ထုတ်ဖေါ်ပြောကြား မရှိဟု သိရသည်။

အဆိုပါ သံဆူးကြိုးများမှာ နအဖ စစ်သားများက ခိုးထုတ်ရောင်းချလိုက်သော သံဆူးကြိုးများ ဖြစ်သည်ဟု တခြား စီးပွားရေး သမား တဦးက ပြောသည်။

နအဖ စစ်သားများသည် ယခင်က သံဆူးကြိုးများကို ထုတ်ယူ ရောင်းချခြင်း မရှိသော်လည်း ဘိလပ်မြေနှင့် သံချောင်းများကို မှောင်ခိုသမားများနှင့် ပူးပေါင်းကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ အခါအားလျော်စွာ ဈေးပေါပေါဖြင့် ခိုးထုတ် ရောင်းချ လျက်ရှိသည်ဟု သိရသည်။

မြန်မာဘက်မှ ခြံစည်းရိုးကာရံနေသည့် တစ်နှစ်နီးပါးအချိန်ခန့်တွင် ပထမဆုံးအကြိမ် နအဖ စစ်သားများ ခိုးထုတ် ရောင်းချသော သံဆူးကြိုးများကို ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီး ရမိခြင်း ဖြစ်သည်။

အနောက်ဘက် နယ်စပ် တလျှောက်ရှိ မှောင်ခိုမှုများနှင့် ဥပဒေမဲ့ သွားလာ နေမှုများကို တားဆီးရန် ရည်ရွယ်ချက်များဖြင့် မြန်မာဘက်က ယမန်နှစ် နှစ်ဆန်းပိုင်း မှ စတင် တည်ဆောက်နေသည့် မိုင် (၄၀) နယ်စပ် ခြံစည်းရိုးမှာ လက်ရှိအချိန်တွင် မိုင် (၂၀)ကျော်ခန့်မှာ ပြီးစီးနေပြီ ဖြစ်ကြောင်း နယ်စပ် သတင်း ရပ်ကွက် အရ သိရသည်။
http://www.narinjara.com/detailsbur.asp?id=2280

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */