“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, January 18, 2010

ပြည်သူကို မတရားစော်ကားနေသော စစ်သား..ဘယ်သူဆုံးမမလည်း..

ကျောင်းဆရာတဦးကို နအဖ စစ်ဗိုလ်များက အရက်မူးပြီး မတရား ရိုက်နှက်1/17/2010

မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာ တဦး ကို နအဖ စစ်ဗိုလ် နှစ်ဦးက အရက်မူးပြီး မတရားရိုက် နှက်ခဲ့ကြသည်။

ရိုက်နှက်ခံရသည့် ကျောင်းဆရာမှာ ငခူရကျေးရွာ အထက်တန်းကျောင်းတွင် တာဝန် ကျနေသည့် ဆရာ သိန်းဟန်ဖြစ်ပြီး အဆိုပါ ဖြစ်စဉ် မှာ ယခုလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသား တဦးက နိရဉ္စရာသို့ ပြောသည်။

“သူတို့နှစ်ဦးက မနက် ၉ နာရီလောက်မှာ အရပ်ဝတ်နဲ့ အရက်မူးပြီး ကျောင်းခန်းထဲမှာ ရမ်းကား နေကြတယ်။ အဓိကတော့ ဆရာမတွေ ကို နှာမွန်ပြီး ရမ်းကားနေကြတာပါ။ ဒါကို ဆရာသိန်းဟန်က သွားရောက် ဟန့်တားရာကနေ ခုလို ရိုက်ပုတ်ခံရတာပါ။ သူတို့နှစ်ဦးက ဆရာသိန်းဟန် မျက်နှာ ကို လက်သီးနဲ့ ၀ိုင်းထိုးကြတယ်။ စစ်ဗိုလ်တွေနဲ့ ဖြစ်တဲ့ ကိစ္စမို့ ကျန်တဲ့ ဆရာ ဆရာမတွေလည်း ဘာမှ မလုပ်ရဲကြဘူး။ ”

ဆရာသိန်းဟန်ကို လက်သီးနှင့် ထိုးသည့် စစ်ဗိုလ်နှစ်ဦးမှာ နယ်စပ်ခြံစည်းရိုး ကာရံသည့် စီမံကိန်းတွင် တာဝန်ကျနေ သည့် ဘူးသီး တောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ ၅၃၂ မှ ဗိုလ်ကြီး အဆင့်ရှိ အရာရှိနှစ်ဦး ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး ငခူရ အထက်တန်းကျောင်းအုပ် ဆရာကြီးမှ အထက်သို့ တိုင်ကြားရာ ဘူးသီးတောင် စစ်ဗျူဟာမှူး ထိန်လင်း မှ အဆိုပါ အမူကို စစ်ဆေးရန် ငခူရ ကျေးရွာသို့ ရောက်ရှိလာခဲ့သည်ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

“ ဗျုဟာမှူး ရောက် ရှိလာတာက ဇန္န၀ါရီလ ၁၃ ရက်နေ့ ဖြစ်ပါတယ်။ စစ်ဗိုလ်တွေကို တစုံတရာ အပြစ်ပေးတာတော့ မတွေ့ရပါဘူး။ ကျောင်းဆရာသိန်းဟန်ကိုရော စစ်ဗိုလ် နှစ်ဦးကိုပါ ခေါ်ယူပြီး နှစ်ဦးနှစ်ဘက် သင့်သင့်မြတ်မြတ် နေထိုင်ကြဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။”

ထိုကဲ့သို့ အစိုးရ ကျောင်းဆရာ တဦးကို ကျောင်းခန်းထဲထိ ၀င်ရောက်ပြီး စစ်ဗိုလ်များအား ရိုက်နက်သော်လည်း ၀တ္တရား နှောင့်ယှက်မူ ဖြင့် တရားစွဲဆို၍ မရနိုင်ကြောင်းကို မောင်တောမြို့မှ အမူလိုက်ရှေ့နေ တဦးက ယခုကဲ့သို့ ပြောသည်။

“ စစ်ဗိုလ် စစ်သားတွေ လူထုတွေကိုသာမက ၀န်ထမ်းအချင်းချင်းကိုပါ အနိုင်ကျင့် စော်ကားတဲ့ ဖြစ်စဉ်တွေ ကျနော်ဒေသမှာ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း သေမူ သေခင်းမှ အပ အဲသလို အမူမျိုးတွေကို ရဲမှာ တရားစွဲဆိုလို့ မရပါဘူး။ စစ်သားနဲ့ ဖြစ်တဲ့ မုဒိမ်းမူတွေကို လည်း ရဲမှာ အမူဖွင့် တိုင်ကြားလို့ မရပါဘူး။ အဲသလို ရိုက်ပုတ်မူတွေ၊ အနိုင်ကျင့်မူ၊ မုဒိမ်းမူတွေကို တိုင်ချက်ဖွင့်ရင် တိုင်တဲ့သူရော၊ လက်ခံတဲ့ ရဲရော ပြဿနာ အကြီးအကျယ် တက်သွားနိုင်ပါတယ်။ ဒါကြောင့် အထက် စစ်တပ် အရာရှိတွေကိုဘဲ အကြောင်းကြားရပါတယ်။ သာမန် အရပ်သားတွေဆိုရင် ခုလို ဖြစ်တဲ့ ပြဿနာတွေကို အထက်သွားတိုင်ဖို့ ဆိုတာ သိပ်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ ဖြစ်တဲ့ အမူတွေ တရားရုံးကို ရောက်တာ သိပ်မတွေ့ ရပါဘူး။”

သို့အတွက် ရခိုင်ပြည်နယ်တွင် စစ်ဗိုလ်စစ်သားများ အနေဖြင့် လူထု အပေါ် နည်းမျိုးစုံဖြင့် အနိုင်ကျင့်စော်ကားမူများ ပေါ်ပေါက်နေသည် ဟု သိရသည်။

ကျောင်းဆရာ တဦးအပေါ် စစ်ဗိုလ်များမှ ကိုယ်ထိ လက်ရောက် စော်ကားသော်လည်း အရေးယူခံရခြင်း မရှိသဖြင့် နအဖ စစ်သားများနှင့် ပြဿနာ တစုံတရာ ဖြစ်ပွားမည်ကို ကျေးရွာသားများက အထူးစိုးရိမ်လျှက်ရှိသည်ဟု တခြား သတင်းရပ်ကွက် တခုက ပြောသည်။

ငခူရကျေးရွာတွင် ကျောင်းဆရာများနှင့် တာဝန်ကျ စစ်သားများ အကြား အဆင်မပြေမူ တချို့လည်းရှိကြောင်း၊ လွန်ခဲ့သည့် နှစ်ကလည်း ကျောင်းဆရာ ဆရာမများ နေထိုင်သည့် အဆောင်များမှ မီးကြိုးများကို စစ်တပ်မှ ဖြုတ်ယူခဲ့ရာမှ ပြဿနာ တချို့ ဖြစ်ခဲ့မူများ ရှိသည်ဟု သိရသည်။ http://www.narinjara.com/detailsbur.asp?id=2268

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */