“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, January 25, 2010

ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့

Saturday, 23 January 2010 19:06 ဖြိုးကြီး

စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုခဲ့သည်အတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားသွား ခဲ့သည်။
ယခုလ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး မောင်ဦး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက “အဓိက ပြောသွားတာက နိုင်ငံတော်က ၀န်ထမ်းတွေကို လစာတိုးပေး ခဲ့တာ သဘောပေါက်ဖို့လိုကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေအနေနဲ့ အစိုးရအလိုရှိတဲ့အတိုင်း မဲထည့်ကြဖို့၊ ဈေးကွက် စီးပွားရေးစနစ်ကို ပီပြင်စွာ ဖော်ဆောင်သွားမယ်ဆိုတာ ပြောသွားတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကို စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုခဲ့သည့်အတိုင်း လုပ်ဆောင်သွားကာ ဝန်ထမ်းများထံမှ ကြိုတင်မဲများ ရယူသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု တက်ရောက်ခဲ့သည့် ဝန်ထမ်းက ဆက်ပြောသည်။

“အဲဒီအခမ်းအနားမှာ ဝန်ကြီးပြောသွားတာတွေကို မေးမြန်းတာရှိတယ်၊ ဝန်ထမ်းတယောက်က ဈေးကွက်စီးပွားရေးစနစ်လုပ်နေတာ နှစ် ၄၀ ရှိနေပြီ ဘာမှမဖြစ်သေးဘူးဆိုတဲ့အကြောင်းကို မေးတယ်၊ ညပိုင်းရောက်တော့ အဲဒီဝန်ထမ်းကို ခေါ်ယူစစ်ဆေးတာတွေလုပ်တယ်” ဟု ပြောသည်။

ဝန်ကြီးလာရောက်သည့် ခရီးစဉ်အတွင်း တက်ရောက်ခဲ့သူများကို ကြံ့ဖွံ့ဝတ်စုံများကို ဝတ်ဆင်ခိုင်းပြီး ဝန်ထမ်းများအနေဖြင့် အထွေအထူး စဉ်းစားရန်မလိုအပ်ဘဲ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်သွားရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောခဲ့သည်။

စစ်အစိုးရအနေဖြင့် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်အတွင်း တဖက်သက်အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဟု စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာသေးခင်က ပြောခဲ့သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=475:2010-01-23-12-08-14&catid=41:2008-09-21-07-44-45&Itemid=124

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */