“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, January 28, 2010

ပါးစပ်ထဲရှိရာ ဖြီးကာချ..လူယုတ်နအဖ

ရွေးကောက်ပွဲ ဖျက်ရန် ဗုံးခွဲနေဟု စစ်အစိုးရဆို
ရန်ပိုင်
လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြား သွားစေရန် အတွက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့က ဗုံးဖာက်ခွဲ မှုများကို ပြုလုပ်ခဲ့သည် ဟု ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယင်း သတင်းထုတ်ပြန်ချက်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှု နှင့် ဖွံဖြိုးတိုး မှုအရှိန်အဟုန် နှောင့်နှေးရပ်တန့်သွားစေရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်အတွက် ရည်ရွယ်၍ အကြမ်းဖက်သမားများက လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကျော်ဇေလင်း (ခ) ကိုဆိုင်းအပါအ၀င် ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ၊ လက် ကိုင်ဂြိုဟ်တုဖုန်း နှင့် ပစ္စတို သေနတ်တလက်ကိုပါ သိမ်းဆည်းရမိကြောင်း၊ ထိုင်းနိုင်ငံအခြေစိုက် မတရားသင်းကြေညာထားသော BLC နှင့် ဆက်သွယ်ခဲ့ပြီး KNU ၀ဲကြီးစခန်းတွင် လက်နက် သင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ရှိ စက်မှုဇုန်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု သတင်းစာက ဆိုသည်။

BLC အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဦးက စစ်အစိုးရသည် ယခင်က ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) စသည့် အဖွဲ့အစည်းများကိုသာ စွပ်စွဲပြောကြားလေ့ရှိ ကြောင်း၊ စစ်အစိုးရ အကြီး အကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား BLC အဖွဲ့မှ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တင်ရန်အတွက် ကြိုးပမ်း သည့် အချိန်မှစတင်ပြီး စစ်အစိုရက အကြမ်းဖက်အဖွဲ့အစည်းအသွင်သို့ ပုံဖော်စွပ်စွဲခဲ့ကြောင်း ပြောဆို သည်။

“စစ်အစိုးရကို ကျနော်တို့ အဖွဲ့က နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တင်ဖို့လုပ်နေတဲ့အချိန်လေ”ဟု ၎င်းက ဆိုသည်။

ယခု စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း၊ ကျော်ဇေလင်း ဆိုသူအားလည်း မသိကြောင်း၊ နိုင်ငံတကာနှင့် အိမ်နီးချင်း တိုင်းပြည်များ အထင်အမြင်လွဲမှားစေရန် အတွက် စစ်အစိုးရက ရည်ရွယ်၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဦးသိန်းဦးက ဆက် လက်ရှင်းပြသည်။

၂၀၀၉ ခုနှစ်မေလက ဘန်ကောက်မြို့တွင်ပြုလုပ်သည့် BLC အစည်းအဝေးတခုကိုလည်း ထိုင်းအာဏာပိုင်များက ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

BLC အဖွဲ့သည် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ပြုလုပ်သည့်အပြည်ပြည် ဆိုင်ရာ ရာဇ၀တ် မှုခုံရုံး (ICC) ညီလာခံတွင် တက်ရောက်၍ စစ်အစိုးရ၏ ကျူးလွန်ခဲ့သည့်စစ်ရာဇ၀တ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက် မှုများကို ဆွေးနွေးခဲ့သည်။

အဆိုပါ BLC အဖွဲ့အား စစ်အစိုးရက ၂၀၀၉ ခုနှစ် ဧပြီလတွင် မတရားသင်းကြေညာခဲ့ပြီး အဖွဲ့အတွင်းရေးမှူး ဦးအောင်ထူးကို လည်း ဖမ်းဝရမ်းထုတ်ခဲ့သည်။

BLC အဖွဲ့ကို ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေတွင် ၁၉၉၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း ယခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့နှင်၂၃ရက်နေ့က လောပိတ မှ တောင်ငူသို့ ပို့လွှတ်သည့် ဓာတ်အားလိုင်း တာဝါတိုင်များကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးတွင်လည်း မိုင်းထောင်မှုများကို ပြုလုပ်ခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ရေးသားထားသည်။

စစ်အစိုးရအနေဖြင့် ဗုံးပေါက်ကွဲမှုတိုင်းတွင် KNU အဖွဲ့အား အမြဲတမ်းစွပ်စွဲပြောဆိုလေ့ရှိကြောင်း၊ ယခုကဲ့သို့ ပြည်သူများ အသက် အိုးအိမ်ဆုံးရှုံးစေရန်အတွက် မပြုလုပ်ကြောင်း၊စစ်အစိုးရကသာ ကရင်ရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားများအား သတ်ဖြတ် နေကြောင်း၊ ယခုကဲ့သို့ စွပ်စွဲပြောဆိုခြင်းသည် KNU အပါအ၀င် တိုင်းရင်းသားများနှင့် ဒီမိုကရေစီလိုလားသူများအားလုံးကို အထင် အမြင်လွှဲမှားစေရန်ပြောဆိုခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။
http://www.irrawaddy.org/bur/index.php/news/1-news/2499-2010-01-28-11-50-33

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */