“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, January 20, 2010

ငါတော့ စိတ်မရှည်နိုင်..ဆက်ထိုင်မလား..ဆင်းမလား အဖြေပေး..

စစ်အစိုးရနှင့် ဆက်ဆံရေး အမေရိကန် စိတ်မရှည်နိုင်
Wednesday, 20 January 2010 14:30 ကိုထွေး .

အမေရိကန် အိုဘားမား အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို စောင့်ဆိုင်းရန် စိတ်မရှည် တော့ကြောင်း စစ်အစိုးရ ခေါင်းဆောင်များကို ယမန်နေ့က သတိပေး ပြောကြား လိုက်သည်။
မြန်မာ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုနှင့် ပတ်သက်၍ တစုံတရာ ရှင်းရှင်း လင်းလင်း မရှိဘဲ ရောနှော ရှုပ်ထွေး နေသည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောကြား လိုက်သည်။

“စိန်ခေါ်မှုတွေကို သေချာ ရှင်းလင်း နားလည်ပြီးမှ ဒီကိစ္စကို ကျနော်တို့ ဆောင်ရွက် ခဲ့တာပါ၊ ကျနော်တို့ သိပ်စိတ်မရှည် တော့ဘူး၊ ဒီကိစ္စ အတွက် ရှင်းလင်း မြင်သာတဲ့ အပြောင်းအလဲ တခုကို ကျနော်တို့ လိုအပ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် မစ္စတာ ကာ့တ် ကမ်းဘဲလ်က သတင်းထောက်များကို ပြောကြား လိုက်သည်။

အမေရိကန် အစိုးရက စစ်ခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံရန် မျှော်လင့်နေပြီး ပိုမိုထိတွေ့ ဆက်ဆံရန် နိုင်ငံရေး အပြောင်း အလဲကို စောင့်မျှော်လျက် ရှိကြောင်း၊ စစ်အစိုးရ အရာရှိများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ထိတွေ့ဆက်ဆံမှု ပိုမိုများပြား လာခြင်းကို ထုတ်ဖော် ပြောဆိုသကဲ့သို့ တိုင်းရင်းသား ဒေသများတွင် စစ်အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အခြားသော ပြဿနာ များကိုလည်း ၎င်းက ပြောကြားခဲ့သည်။

“မြန်မာ စစ်အစိုးရနဲ့ အပြန်အလှန် တိုက်ရိုက် ဆက်သွယ်မှုတွေရှိခဲ့ပါတယ်၊ သိပ်မကြာခင်မှာ ကျနော်တို့ နောက်ထပ် ဆွေးနွေးပွဲ လုပ်ဖို့မျှော်လင့်ပါတယ်”ဟု မစ္စတာ ကမ်းဘဲလ်က ဆိုသည်။

လာမည့် သတင်းပတ်များအတွင်း ထင်သာမြင်သာသည့် အခြေအနေကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် အဖွဲ့က စောင့်ကြည့်နေကြောင်းသိရသည်။

အမေရိကန် အစိုးရအနေဖြင့်လည်း စစ်အစိုးရက ကျင်းပရန် စီစဉ်လျက်ရှိသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန် အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် ၀န်ကြီးဦးသောင်းနှင့် နယူးယောက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

မူဝါဒသစ်အရ မြန်မာ့ဒီမိုကရေစီအရေး တစုံတရာ ပြောင်းလဲတိုးတက်မှု မရှိသရွေ့ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပြီး မြန်မာအစိုးရနှင့်လည်း တိုက်ရိုက် ဆက်ဆံသွားမည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦးတို့လည်း ပါဝင်ခဲ့သည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် အဖွဲ့သည် ၀န်ကြီးချုပ်သိန်းစိန် အပါအ၀င် စစ်အစိုးရ ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ တိုင်းရင်းသားခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။ http://www.irrawaddy.org/bur/index.php/news/1-news/2450-2010-01-20-07-37-34

1 comments:

Unknown said...
This comment has been removed by a blog administrator.
 
----------------------------------------- */ /* EOT ----------------------------------------- */