“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, January 28, 2010

Jan 25 နေ့ကလားရှိုးတွင်ဖြန့်ဝေခဲ့သောစာ

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်တွင်းထွက်ပစ္စည်းလည်းယူ ပြည့်သူ့ ဆန်လည်း မျက်နှာသာမပေး ....ဟေး.... ဒါတဲ့ကွ ဒို့ တပ်မတော်

ပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပွဲ လူအားရာချီနှင့်ဆန်များဆင့်ဆို
ကြာသပတေးနေ့၊ 28 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်

ယခုလကုန်ပိုင်း၌ ကျင်းပမည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် လားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲအတွက် လူထုရာနှင့်ချီဆင့်ခေါ်သည့်အပြင် ဒေသခံများထံမှလည်း ပွဲဧည့်ခံကျွေးမွေးရန် ဆန်ပါကောက်ခံ သည်ဟု နယ်စပ်သတင်းရပ်ကွက်ကပြောပါသည်။

“ဧည့်ခံကျွေးမွေးဖို့ စားဝတ်နေရေးဖူလုံတဲ့အိမ်ကို ဆန်တင်းတစ်ဝက် (၈ ပြည်) ကနေ ၄ တင်းအထိ ကောက်ခံ တယ်။ အိမ်တိုင်းတော့မကောက်ဘူး”- ဟု အမည်မဖေါ်လိုသည့် နားကောင်းမူးဒေခံ တဦးက ပြောပြပါသည်။

မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာအုပ်စုအခြေစိုက် ဂျပီးကွယ်ဦးဆောင်သည့် လားဟူပြည်သူ့စစ် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပွဲ ပွဲတက်ရောက်ရန် မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင် (မြို့နယ်ခွဲ) ဒေသခံများ တမြို့နယ် အယောက် ၄၀၀ ထက်မနည်း နအဖဒေသခံစစ်တပ်က ဆင့်ခေါ်ထားသည်ဟုဆိုပါသည်။

“ပွဲက အခုလကုန် ဂျန္န၀ါရီ ၃၁ ရက်နေ့လုပ်မှာ၊ ပွဲတက်ဖို့ သုံးမြို့နယ်ဆိုအယောက် ၁၂၀၀ ဖြစ်နေပြီ၊ ဒါတောင် ဗမာ စစ်တပ်မိသားစုနဲ့ ဒေသခံမပါသေးဘူး၊ ပရိတ်သတ်တွေကို အိမ်ရှင် နားကောင်းမူးကျေးရွာအုပ်စုက ဧည့်ခံကျွေးမွေး ရေးတာဝန်ယူဖို့ ကျေးရွာဥက္ကဌကို ညွှန်ကြားထားတယ်လို့သိရတယ်” - ဟု နားကောင်းမူးဒေသခံ နောက် တဦးက သျှမ်းသံတော်ဆင့်သို့ ပြော၏။

နားကောင်းမူးကျေးရွာအုပ်စု ၅ ရွာထံမှလည်း ဆန်အပြင် လူအားတရွာ အယောက် ၁၀၀ ထက်မနည်း ပွဲတက်ရောက်ရ မည်ဟု နားကောင်းမူး အခြေစိုက် ခလရ ၆၅ က ဆင့်ဆိုထားကြောင်း ဆက်ပြော၏။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းမည့် မိုင်းတုံ မိုင်းဆတ်နှစ်မြို့နယ်အတွင်း လားဟူပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၈၀၀ ခန့်ရှိပြီး တြိဂံတိုင်းမှူးက ၃၀ ရက်နေ့၊ နေပြည်တော် အဆင့်မြင့်အရာရှိများ ၃၁ ရက်နေ့အသွင်ပြောင်းပွဲသို့ရောက် မည် ဖြစ်ကြောင်း လားဟူအမျိုးသားတဦးက ပြောပါသည်။

မိုင်းတုံအခြေစိုက် လားဟူပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ဂျပီးကွယ်အား နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဆင့်တိုးမြှင့် ပေးမည်ဖြစ်ပြီး နအဖ စစ်တပ် တပ်ရင်းမှူးရာထူးနှင့်ညီသည့် ခံစားခွင့် ရမည်ဟုဆိုသည်။ မိုင်းဆတ် မြို့နယ်အတွက်လည်း လားဟူနယ်ခြားစောင့်တပ် တပ်ရင်းတစ်ခု တပြိုင်တည်းဖွဲ့စည်းဖွယ်ရှိသည်ဟု အဆိုပါ လားဟူအမျိုးသားကပြော၏။

“အရင်တုန်းက တင်ဝင်းကို တပ်ရင်းမှူးရာထူးပေးမယ်ကြားရပေမယ့် သူ့ကိုတာဆန်းဘက် ပို့ထားလိုက်ပြီ၊ တင်ဝင်းက ၀ နဲ့ ဆက်ရေးမှာ လိမ္မာပါးနပ်မှုမရှိဘူးလို့ကြားတယ်” - ဟု လားဟူပြည်သူ့စစ် အဖွဲ့ဝင်တဦးက ပြောပါသည်။

မြန်မာစစ်အစိုးရတပ်တွင် ရဲဘော်တဦး လစာ ၂၂,၀၀၀ ကျပ် ခံစားရပြီး၊ တပ်ရင်းမှူးတာဝန် ရာထူး ဒုဗိုလ်မှူးကြီး အဆင့် လစာ မှာ ၁၈၀,၀၀၀ ကျပ် ရှိ၏။ ထိုင်းနိုင်ငံသား သျှမ်းအမျိုးသားတဦးက - “ကျနော့်သား ထိုင်းရဲ ဘော်တဦး လစာက ဘတ်ငွေ ၈,၂၀၀ ရတယ်၊ ဒေါ် ၂၀၀ ကျော်နဲ့ညီတယ်။ ဗမာစစ်သားရဲ့ ရဲဘော်တဦး လစာက ဒေါ်လာ၂၀ ကျော်ကျော် လောက်ဘဲရတယ်။ ဘယ်လောက်မလဲဗျာ” - ဟု ပြော၏။

နယ်ခြားစောင့်တပ်ရင်းပြောင်းလဲခြင်းခံရသည့် လားဟူပြည်သူ့စစ်များမှာလည်း စစ်အစိုးရပေးသည့်လစာ လောက်ငှ မည်မဟုတ်။ သို့သော် စစ်သား ရာနှုန်းပြည့်မဟုတ်သောကြောင့် နယ်စပ်တ၀ိုက် လုပ်ကိုင် စားသောက်ခွင့်အပြည့်အ၀ ရှိကြောင်း၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် အပစ်ရပ်တပ်ဖွဲ့များ ဖိအားပေးခံနေရချိန် ပြည်သူ့တပ်ဖွဲ့များ ပိုမိုအခွင့်ထူးများရရှိနေကြောင်း၊ ၀ တပ်ဖွဲ့ပင် ကူးသန်းရောင်းဝယ်ရေး အတွက်လားပြည်သူ့စစ်တပ်ဖွဲ့ကိုငှားရမ်းရ ကြောင်း - သျှမ်းပြည် မူးယစ်စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျောက်ကြီးမြို့ နယ် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ KNU ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်


Microsoft Word - KNU-St-BBinKyaikkyi -

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တိုက်ပွဲသတင်း နှင့် တပ်မတော်သဘောထားမှန်သိရှိသွားသူများ

တောင်ငူခရိုင် ကေအဲန်ယူ တပ်မဟာ(၂) ဒေသတွင် နအဖ စစ်တပ်နှင့် ကရင်ပျောက်ကြား တပ်များ ယခုလ ၂၃၊ ၀၁၊ ၂၀၁၀ မှ ၂၄၊၀၁၊ ၂၀၁၀ ရက်နေ့ အထိ ပျောက်ကြားတိုက်ပွဲ လေးကြိမ် ဖြစ်ပွားပြီး နအဖ စစ်တပ်မှ (၄)ဦးဒဏ်ရ ရရှိကြောင်းသတင်းရရှိပါသည်။

ဖာပွန်ခရိုင် တပ်မဟာ (၅) ဒေသတွင် ၂၀၊ ၀၁၊ ၂၀၁၀ မှ ၂၃၊ ၀၁၊ ၂၀၁၀ ရက်နေ့ အထိ နအဖ စစ်တပ် နှင့် ကရင်ပျောက်ကြားများ တိုက်ပွဲလေးကြိမ် ဖြစ်ပွားပြီး DKBA နှင့်ရင်ဆိုင်တိုက်ပွဲတကြိမ် ဖြစ်ပွားကြောင်း သတင်းရရှိ။ ၄င်းတိုက်ပွဲများမှ နအဖ တပ် (၈)ဦးဒဏ်ရာရပြီး DKBA ဖက်မှ နှစ်ဦးကျဆုံးပြီး ကရင်ပျောက်ကြားများ AR ၂ လက်သိမ်းစည်းရမိ။ သည့်ပြင် ၂၊ ၀၁၊ ၂၀၁၀ ရက်နေ့ စကခ(၂၁) ခမရ (၂၃၇) မှ တပ်သား ဆန်းလင်းကို(ကိုယ်ပိုင်အမှတ်- တ/၄၁၉၃၈၄) သည် ကေအဲန်အယ်အေ တပ်မဟာ(၅)တပ်ဖွဲ

့များထံသို့  MA-1 တစ်လက်၊ ကျည်ထောင့် ၁၃၈ ထောင့်၊ ခွင်းဗုံးတလုံး ဖြင့် လက်နက်ချ ၀င်ရောက်လာ ကြောင်းသတင်းရရှိ။

ဒူးပယာခရိုင် ကေအဲန်ယူ တပ်မဟာ(၆) ဒေသတွင်လည်း နအဖ စစ်တပ် ခမရ (၄၀၇) တပ်ခွဲ ၃ မျိုးကျော်သူ ဦးစီးတပ်မှ တပ်သား အောင်ဝင်းနိုင်(ကိုယ်ပိုင်အမှတ်-တ/၂၈၈၃၃၂) သည် MA2 တစ်လက်၊ ကျည်ထောင့် ၁၀၂ ထောင့်၊ ကျည်ကပ် ၃ချပ်၊ ခွင်းဗုံးတလုံး ဖြင့် တပ်မဟာ ၆ ထံသို့ လက်နက်ချဝင်ရောက် ကြောင်းသိရှိရ။
ဆက်လက်ပြီး ၂၄၊ ၀၁၊ ၂၀၁၀ ရက်နေ့ တွင် ကေအဲန်အယ်အေ တပ်မဟာ(၆) တပ်ရင်း(၁၈)တပ်ဖွဲ့ များနှင့် နအဖ ခမရ ၄၀၄ တပ်များ ထောနောခီးလေးဒေးတွင် တိုက်ပွဲဖြစ်ပွားရာ နအဖ တပ်မှ ၂ ဦးကျဆုံးပြီး ပြင်းထန်စွာ တစ်ဦးဒဏ်ရာရကာ သေဆုံးသူ နှစ်ဦးထဲမှာ တဦးသည် စစ်ကြောင်းမှူး တစ်ဦးဖြစ်ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, January 27, 2010

ရောင်းတယ် ၀ယ်တယ်..ပဲလှော်နဲ့လဲတယ်..(အကျင့်ပျက်စစ်တပ်)

စစ်သားများ ခိုးရောင်းစားသည့် သံဆူးကြိုး ဘင်္ဂလာရဲမှ ဖမ်းဆီး1/26/2010


တာကလူး (နိရဉ္စရာ) မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ကာရံနေသည့် နယ်စပ် ခြံစည်းရိုး စီမံကိန်းမှ စစ်သားများ ခိုးထုတ် ရောင်းစားလိုက်သည့် သံဆူးကြိုး ကီလို ၃၀၀ ကျော်ကို ဘင်္ဂလာရဲက တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ သံဆူးကြိုးများကို လွန်ခဲ့သော တနင်္ဂနွေနေ့ နံနက် ၅း၀၀ နာရီ အချိန်တွင် ဘင်္ဂလာဒေ့ရှ်တောင်ပိုင်း ကော့စ်ဘာဇားခရိုင် အိုကီးယားမြို့အနီးတွင် ဒေသခံရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။


ဒေသခံ ဘင်္ဂလာရဲတပ်ဖွဲ့က “၄င်းသံဆူးကြိုးများကို ရခိုင်နယ်စပ်မှ ဂျစ်ကားတစ်စီးဖြင့် အဝေးပြေး ကားလမ်းမအတိုင်း ကော့ဘဇားမြို့ဘက်သို့ သယ်ယူလာစဉ် အိုကီးယားမြို့ ကောလိပ်ကျောင်း အနီးသို့ အရောက်တွင် တာဝန်ကျ ရဲတပ်ဖွဲ့မှ ဖမ်းဆီး မိခဲ့ခြင်းဖြစ်သည်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ခ်ျ့ရှိ အိုကီးယားမြို့မှာ မြန်မာနိုင်ငံ အနောက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ တောင်ပြိုမြို့နယ်ခွဲ၏ အနောက် တောင်ဘက် (၁၀) ကီလိုမီတာခန့် အကွာတွင် တည်ရှိသည်။

ဖမ်းဆီးရမိသော သံဆူးကြိုးများမှာ အရည်အသွေး စံချိန် အလွန်မြင့်မားပြီး၊ အလွန်ခိုင်ခန့်ကာ မြန်မာနယ်စပ်တွင် ကာရံနေသည့် ခြံစည်းရိုး သံဆူးကြိုးများ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ရဲသတင်း ရပ်ကွက်က အတည်ပြု ပြောကြားသည်။

သံဆူးကြိုးများ သယ်ယူလာသော ဂျစ်ကားနှင့် ပါဝင် ပတ်သတ်နေသူများနှင့် ပတ်သက်ပြီး ရဲအဖွဲ့က အသေးစိတ် ထုတ်ဖေါ်ပြောကြား မရှိဟု သိရသည်။

အဆိုပါ သံဆူးကြိုးများမှာ နအဖ စစ်သားများက ခိုးထုတ်ရောင်းချလိုက်သော သံဆူးကြိုးများ ဖြစ်သည်ဟု တခြား စီးပွားရေး သမား တဦးက ပြောသည်။

နအဖ စစ်သားများသည် ယခင်က သံဆူးကြိုးများကို ထုတ်ယူ ရောင်းချခြင်း မရှိသော်လည်း ဘိလပ်မြေနှင့် သံချောင်းများကို မှောင်ခိုသမားများနှင့် ပူးပေါင်းကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ အခါအားလျော်စွာ ဈေးပေါပေါဖြင့် ခိုးထုတ် ရောင်းချ လျက်ရှိသည်ဟု သိရသည်။

မြန်မာဘက်မှ ခြံစည်းရိုးကာရံနေသည့် တစ်နှစ်နီးပါးအချိန်ခန့်တွင် ပထမဆုံးအကြိမ် နအဖ စစ်သားများ ခိုးထုတ် ရောင်းချသော သံဆူးကြိုးများကို ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီး ရမိခြင်း ဖြစ်သည်။

အနောက်ဘက် နယ်စပ် တလျှောက်ရှိ မှောင်ခိုမှုများနှင့် ဥပဒေမဲ့ သွားလာ နေမှုများကို တားဆီးရန် ရည်ရွယ်ချက်များဖြင့် မြန်မာဘက်က ယမန်နှစ် နှစ်ဆန်းပိုင်း မှ စတင် တည်ဆောက်နေသည့် မိုင် (၄၀) နယ်စပ် ခြံစည်းရိုးမှာ လက်ရှိအချိန်တွင် မိုင် (၂၀)ကျော်ခန့်မှာ ပြီးစီးနေပြီ ဖြစ်ကြောင်း နယ်စပ် သတင်း ရပ်ကွက် အရ သိရသည်။
http://www.narinjara.com/detailsbur.asp?id=2280

အပြည့်အစုံသတင်းဖတ်ရန်....

ကျောက်ကြီးမြို့နယ် ဗုံးဖေါက်မှု KNU လက်ချက်ဟု နအဖ သတင်းစာများစွပ်စွဲရေးသား

ရန်ကုန် ၊ ဇန်နဝါရီ ၂၇။
မနေ့က မနက်စောစောပိုင်းတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရှိနေရာ နှစ်ခုတွင် အချိန်အနည်းငယ်ကွာ၍ ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့ကြောင်းနှင့် ထိုလုပ်ရပ်သည် KNU တပ်မဟာ၃၏ လုပ်ရပ်ဖြစ်ကြောင်း စစ်အုပ်စု၏ သတင်းစာများက စွပ်စွဲရေးသားခဲ့ပါသည်။
ပေါက်ကွဲမှု ဖြစ်ပွါးချိန်မှာ လူသွားလူလာ မရှိသေးသည့် အချိန်ဖြစ်၍ သေဆုံးမှု မရှိပဲ အဆောက်အဦးများ၏ ခြံစည်းရိုးနှင့် ပြူတင်းပေါက် အချို့သာပျက်စီးမူဖြစ်ခဲ့ရသည်ဟု ထိုသတင်းတွင် ရေးသား ဖေါ်ပြခဲ့ပါသည်။ ထိုသတင်းကို စစ်အုပ်စု၏ အာဘော်ကိုသာ ဖေါ်ပြခွင့်ရှိသော ပြည်တွင်းထုတ် သတင်းစာ ၃စောင်လုံးတွင် ဖေါ်ပြခဲ့ပါသည်။
ထို့အတူ ပြီးခဲ့သော ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ကရင်ပြည်နယ် ဖါပွန်မြို့နယ်တွင် ကရင်နှစ်သစ်ကူး နေ့က ဖြစ်ပွါးခဲ့သည့် လူ၇ဦးသေပြီး ၁၁ယောက် ဒဏ်ရာရခဲ့သည့် ဗုံးဖေါက်ခွဲမှုကိုလည်း KNU တပ်မဟာ ၅ လက်အောက်ခံ အဖွဲ့တခုက ပြုလုပ်ခဲ့သည်ဟု ထပ်မံစွပ်စွဲသွား ခဲ့ပါသည်။
http://saffrontoward.blogspot.com/2010/01/knu-knu-knu-saffron-news-letter.html မှ

<\span>

အပြည့်အစုံသတင်းဖတ်ရန်....

ညာပြန်ပြီ...

ဖောက်ခွဲရေးအဖွဲ့များဖမ်းဆီးရမိသည့်သတင်းအစိုးရမှ ထုတ်ပြန်ကြေညာ

ဒီနေ့ ( ဇန်န၀ါရီ ၂၇) မြန်မာ့ရုပ်မြင်သံကြား ည ၈နာရီသတင်းမှာ ရဲတပ်ဖွဲ့က ဖောက်ခွဲရေးသမား (၁၁) ဦးကို ဖော်ထုတ် ဖမ်းဆီးရမိတဲ့ သတင်းကို ထုတ်ပြန် သွားပါတယ်။ သတင်းကြေညာချက်နဲ့ သတင်းဓာတ်ပုံတွေမှာ မိုင်းလုပ်ပြီး ၃ ခု၊ ပြုလုပ်ဆဲမိုင်း ၅ ခု၊ ဒီတိုနေတာ ငါးဆယ်ကျော်၊ ပစ္စတို တစ်လက်၊ ဂြိုလ်တုဖုန်းတစ်လုံး။ ယမ်းကြိုးများနဲ့ အခြား ဖောက်ခွဲရေး ပစ္စည်း အမြောက်အများကို ဖမ်းဆီး ရမိတဲ့အကြောင်း ဖော်ပြသွားပါတယ်။

သတင်း ဖော်ပြချက်များမှာ ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင်ဟာ ကျော်ဇေလင်း ဖြစ်ပြီး ဇေယျဝတီ ဇာတိ ဖြစ်တယ်လို့ ဖော်ပြထားပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အတွင်းမှာ မဲဆောက်ကို ၇ ကြိမ် သွားပြီး မဲဆောက် အခြေစိုက် ရှေ့နေများ ကောင်စီက ပြန်ကြားရေး တာဝန်ခံ ၀င်းကိုရဲ့ အဆက်အသွယ်နဲ့ ဖောက်ခွဲရေး သင်တန်းများ တက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျော်ဇေလင်းဟာ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ ည မင်္ဂလာဒုံ စက်မှုဇုံမှာ ဗုံး ၇လုံး ပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး နောက်ထပ် ဖောက်ခွဲမှုတွေ လုပ်ဆောင်ဖို့ ကြိုးစားတဲ့ အခါမှာတော့ လုံခြုံရေး အစီအစဉ်တွေ တင်းကျပ်တာကြောင့် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ကျော်ဇေလင်းဟာ စွမ်းအားမြှင့် ကျောင်းသား စစ်သည်တော်များ အဖွဲ့က ဖွဲ့စည်းထားတဲ့ ပြည်သူ့ ပျောက်ကြားတပ်ဦး ရဲအဖွဲ့ဝင် ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့ ဗုံးခွဲမှုတွေ အပြီးမှာ ပြည်သူ့ ပြောက်ကျားတပ်ဦး အမည်နဲ့ သူတို့ တိုက်ခိုက်တာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ကျော်ဇေလင်း ဟာ ဖောက်ခွဲမှုတွေ ပြုလုပ်ခြင်း၊ ဖောက်ခွဲရေးသင်တန်း အတွက် လူသစ်များ စုဆောင်းပေးခြင်း တို့အတွက် ငွေ ၆၇ သိန်းရခဲ့ပြီး ဖောက်ခွဲရေး သင်တန်းတွေကိုတော့ ကေအင်ယူ ၀ဲကြီးစခန်းမှာ လုပ်ခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြ ထားပါတယ်။ သတင်းထဲမှာ ကျော်ဇေလင်းနဲ့ သုံးဦးဟာ မင်္ဂလာဒုံမြို့နယ်ထဲက ရွာတစ်ရွာမှာ စာအုပ်အငှားဆိုင် ဖွင့်ပြီး နေထိုင်တာ ဖြစ်ပြီး သူတို့ဆီက တဆင့် ကျန်တဲ့လူတွေကို ဆက်စပ်ဖော်ထုတ် ဖမ်းဆီးခဲ့တယ်။ ဖမ်းမိတဲ့ ဖောက်ခွဲ ယမ်းတွေဟာ အမေရိကန်လုပ် စီဖိုးယမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပိတောက်မြေ မှ http://padaukmyay.blogspot.com/2010/01/blog-post_7600.html

အပြည့်အစုံသတင်းဖတ်ရန်....

ဒီလို လှည့်လို့ ရမယ်ထင်သလား..

ဒေါ်စုကို ရွေးကောက်ပွဲပြီးမှ လွှတ်မယ့်ကိစ္စ အမေရိကန် လက်မခံ 27 January 2010

မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြန်ပါတယ်။ ဒီနှစ် နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရက ပြောလိုက်တယ်လို့ သတင်းတွေ ပေါ်ထွက်လာပြီးနောက် မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖိလစ် ခရော်လီ (Philip Crowley) က အခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံ အစိုးရနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ကျနော်တို့ အမေရိကန် အစိုးရရဲ့ မူဝါဒကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်ကို ဖွင့်ပေးဖို့ ကျနော်တို့ လိုလားပါတယ်။ သူတို့မှာ ဒီနှစ် အရေးကြီးတဲ့ ရွေးကောက်ပွဲ ပြုလုပ်စရာ ရှိနေပါတယ်။ နိုင်ငံရေးသမားတွေသာ မက တိုင်းရင်းသား လူမျိုးစုတွေပါ အားလုံး ပါဝင်ခွင့် ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာစစ်အစိုးရဘက်က ပိုပြီးလုပ်ဖို့ လိုအပ်နေတယ် ဆိုတာကို မစ္စတာ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ကလည်း ပြောခဲ့ပြီးပါပြီ။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာရေးကို တောင်းဆိုတာ ကျနော်တို့အနေနဲ့ ကြာလှပါပြီ။ စစ်အစိုးရက အခုထိ မလွှတ်သေးပါဘူး။ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်ပေးဖို့ လိုပါတယ်။ အခု ရွေးကောက်ပွဲပြီးမှ လွှတ်မယ် ဆိုတာကတော့ အင်မတန် ကံမကောင်း အကြောင်းမလှတဲ့ကိစ္စ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ကတော့ သူမကို လွှတ်ပေးဖို့ ဆက်လက်ပြီး တောင်းဆိုနေမှာ ဖြစ်ပါတယ်။”
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖိလစ် ခရော်လီ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ သူတို့ ကျင်းပမယ်လို့ ကတိပေးထားတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ အတိအကျ မကြေညာသေးပေမဲ့ အောက်တိုဘာလမှာ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေကတော့ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်မယ်ဆိုတာဟာ ရွေးကောက်ပွဲ မ၀င်နိုင်အောင် တမင်လုပ်တာလို့ သုံးသပ်သူတွေက ဆိုပါတယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလဟာ အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ၀င်ရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး အကျယ်ချုပ် ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ လွတ်ရက် စေ့မြောက်တဲ့အချိန်လည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-01-27-voa1.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရကြောင်း AAPP မှ သတင်းထုတ်ပြန်

သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ။ ဇန္န၀ါရီလ ၂၇ ရက်၊ ၂၀၁၀ ခုနှစ်
ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရ

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကျော်ဇောလွင် အား အာဏာပိုင်များက မိသားစုတွေ့ခွင့်နှင့် ထောင်ဝင်စာတွေခွင့်ကို လုံးဝ ခွင့်မပြုတော့ကြောင်း သတင်းရရှိပါသည်။
ကိုညီညီအောင်၏ မိသားစုမှ ၂၀၁၀ ဇန္န၀ါရီလ ၁၈ ရက်နေ့တွင် ထောင်ဝင်စာ သွားတွေ့ခဲ့ရာ ထောင်မှုးကျော်မင်းထွန်းမှ လောလောဆယ် တွေ့ခွင့်မရသေးကြောင်းနှင့် လာမည့် ဇန္န၀ါရီလ ၂၇ ရက်နေ့ (စီရင်ချမည့်ရက်) တွင် တွေ့ခွင့်ရနိုင်မည်ထင်ကြောင်း မိသားစုထံ ပြောကြားခဲ့သည်။ ထို့နောက် ဇန္န၀ါရီလ ၂၅ ရက်နေ့တွင် အမေရိကန်သံရုံး တာဝန်ရှိသူတဦးမှတဆင့် ကိုညီညီအောင်၏ မိသားစုထံသို့ ၂၇ ရက်နေ့တွင် ထောင်ဝင်စာ တွေ့ခွင့် ရမည်မဟုတ်ကြောင်း အကြောင်းကြားလာခဲ့သည်။ မိသားစုမှ ထောင်အာဏာပိုင်များထံ မေးမြန်းစုံစမ်းခဲ့ရာ ထောင်ပိုင်လေးမှ လုံးဝ တွေ့ခွင့်မရှိတော့ကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု သိရှိရသည်။
ကိုညီညီအောင်၏ စီရင်ချက်ကိုလည်း တရားသူကြီးမှ လက်ရှိရင်ဆိုင်နေရသော အမှုအား ပြန်လည်စီစစ်စရာရှိသေးသဖြင့် ၂၀၁၀ ဖေဖော်ဝါရီလ ၁၀ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း သိရှိရသည်။
ကိုညီညီအောင်၏ မိသားစုအနေဖြင့် ထိုသို့ ထောင်ဝင်စာတွေ့ခွင့်မရတော့သည့် အပေါ် အလွန်စိုးရိမ်နေလျှက် ရှိကြောင်းသိရှိရသည်။
ပုံမှန်အားဖြင့် အချုပ်ကျခံနေစဉ်ကာလအတွင်း မိသားစုများမှ တပတ်လျှင် တကြိမ် ပုံမှန်ထောင်ဝင်စာ တွေ့ခွင့်ရရှိကြသည်။
ကိုညီညီအောင်အား ထိုသို့ ထောင်ဝင်စာပိတ်လိုက်ခြင်းနှင့်ပတ်သက်၍ အေအေပီပီ၏ အတွင်းရေးမှုး ကိုတိတ်နိုင်က ထောင်ဝင်စာမတွေ့ရတော့တဲ့အခါ အာဟာရချို့တဲ့မှုကို ခံစားရမယ့်အပြင် စိတ်ပိုင်းဆိုင်ရာအရပါ များစွာထိခိုက်စေတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာဖြစ်တယ်။ ဒါ့အပြင် ကိုညီညီအောင်ကိုသာမက သူ့ရဲ့ မိသားစုကိုပါ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်လိုက်တာပါပဲ ဟုပြောဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန် -
ကိုတိတ်နိုင် ၆၆(၀)၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် ၆၆(၀)၈၁ ၃၂၄ ၈၉၃၅

Thanks N Regards,

Assistant Association for Political Prisoners (Burma)
Web: http://www.aappb.org, http://www.fbppn.net
"There can be no national reconciliation in Burma,
as long as there are political prisoners."

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ပခုံးပေါ် ကျရောက်နေပြီလဲ ?

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတုန်းက ကျောင်းသားတွေ အာဏာရှင်တွေကို စတင်ဆန့် ကျင်တော်လှန်ခဲ့ကြတယ်။ ကျောင်းသားတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။ ပြည်သူနဲ့  ပူးပေါင်းပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေ ပေါ်ပေါက်ခဲ့ကြတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်တွေကို ဘုရားသားတော်တွေဖြစ်ကြတဲ့ သံဃာတော်တွေ စုပေါင်းတော်လှန်ခဲ့ကြတယ်။ သံဃာတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။

ဒီနှစ် ၂၀၁၀ မှာ နောက်ဆုံးကျန်နေတဲ့ တပ်မတော်သား (စစ်သား) တွေ အာဏာရှင်ကို မနှေးအမြန် ဆန့် ကျင်တော်လှန်ကြရမယ်။ တပ်မတော်သား (စစ်သား) တွေမှာ လက်နက်တွေ ရှိကြတယ်။ သတ္တိပြဖို့ ဘဲ လိုတယ်။

ပြည်သူကို မတရား အနိုင်ကျင့် စိုးမိုးနေတဲ့ အာဏာရှင်တွေကို အဆုံးသတ်ပေးဖို့  တာဝန်ဟာ ဘယ်သူ့ ပခုံးပေါ်မှာ ကျရောက်နေပြီးလည်းဆိုတာ သိကြပါ။ ပြည်သူ့ အတွက် ဘယ်သူအောင်ပွဲခံပေးမှာလည်း။ ဘယ်သူ တာဝန်ကျေမှာလည်း။

ပြည်သူနဲ့  လက်တွဲပြီး အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေရဲ့  ပြောစကားတွေနဲ့  ပုံရိပ်လွှာတွေကို ဖေါ်ပြလိုက်တယ်။ အစဉ်အလာ ဆက်ထိန်းကြဖို့ နောင်တော် တပ်မတော်သားတွေရဲ့  အသက်သွေးတွေ စိတ်ဓါတ်တွေ လက်ရှိ တပ်မတော်သားတွေ ခန္ဓာကိုယ်ထဲ စီးဆင်းပါစေသောဝ်။

စစ်သည်တော် ကျင့်ဝတ်ထဲမှာ “ရန်သူကို နေလို မီးလိုကျင့်၊ ပြည်သူကို ရေလို လ လိုကျင့်” ဆိုတာ ပါပါတယ်။ ပြည်သူ့ ရန်သူဖြစ်တဲ့ နအဖအာဏာရှင် (ရန်သူ) တွေကို နေလို မီးလိုကျင့်နိုင်ပြီး၊ ပြည်သူတွေအပေါ်မှာ ရေလို လ လို ကျင့်နိုင်ပါစေသား။
မျှဝေပေးသူ ကိုနစ် http://www.niknayman-niknayman.co.cc အား ကျေးဇူးတင်ရှိပါသည်။





အပြည့်အစုံသတင်းဖတ်ရန်....

နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူများသို့

နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများ အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါ။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်
။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

အပြည့်အစုံသတင်းဖတ်ရန်....

ဖတ်ကော ဖတ်တတ်ပါစ

လားရှိုးတွင် စစ်တပ်ကို စည်းရုံးသည့် စာများကပ်
စိုင်းဇွမ်ဆိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လူထုစားဝတ်နေရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် စစ်တပ်ပါ ပူးတွဲဖြေရှင်းစေလိုသည့် စည်းရုံးရေး စာများအား မကြာသေးခင်က ဓာတ်တိုင်နှင့် သစ်ပင်များတွင်ကပ်၍ လှုံ့ဆော်ခဲ့ကြောင်း နယ်မြေခံ ရဲစခန်းနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုလ ၂၄ ရက်ညနှင့် ၂၅ ရက်နံနက်တွင် လားရှိုးမြို့ တိုင်းရုံးလမ်း၊ ဗျူဟာလမ်းနှင့် ဘူတာလမ်းတို့တွင် ကပ်သွားကြောင်း ရပ်ကွက် ၂ ရှိ အမှတ် (၁) ရဲစခန်းက မဇ္ဈိမကို ပြောသည်။

“စာတွေကို လိုက်ဖြန့်တဲ့ လူတွေကိုမှ ကျနော်တို့ မတွေ့လိုက်ရဘူး။ ကျနော်တို့အနေနဲ့ကတော့ အဲဒီစာတွေကို ပြန်သွားခွာကြတာမျိုးလောက်ပဲ လုပ်ခဲ့ရပါတယ်” ဟု ရဲစခန်းတာဝန်မှူးက ပြောသည်။

“တပ်နဲ့ပြည်သူ ဘဝတူ၊ အတူလက်တွဲ ဒို့အောင်ပွဲ” ၊ “စားဝတ်နေရေး ဖူလုံရေး၊ ချက်ချင်း ဖြေရှင်းပေး” “တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ လက်တွေ့ဦးစားပေး” စသည့် လှုံ့ဆော်စာများဖြစ်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံရှိ တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးကလည်း လားရှိုးရှိ အဆက်အသွယ်များမှ တဆင့် လှုံ့ဆော်စာများ ဖြန့်သွားသည်ကို ကြားသိရကြောင်းနှင့် မည်သူကပ်သွားသည်ကို မသိရသော်လည်း လားရှိုးမြို့မှ စစ်တပ်အသိုင်းအဝိုင်းကို အဓိကထား အသိပေးလိုခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“အဲဒီလိုမျိုးနေရာတွေက တပ်ကမိသားစုတွေပဲ အနေများတယ်လေ။ နောက်တခု ထူးခြားတာက ဒီစစ်သားတွေရဲ့ မိသားစုတွေက သူတို့ရတဲ့ လစာတို့၊ ရိက္ခာတို့ မလုံလောက်ဘူးလို့လည်း ခဏခဏ ပြောတယ်လေ” ဟု အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ဒယ်အိုးပုံစံရှိ လားရှိုးမြို့ပတ်လည်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် - ရမခ အပါအဝင် လက်အောက်ခံ ခလရ ၄၁၊ ၆၈၊ ၅ဝ၇ နှင့် အမှတ် ၁ဝ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် ၆၂၆ ထောက်ပို့၊ အမြောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ မော်တော်ယာဉ် သိုလှောင်ရေး တပ်ရင်း၊ ဝန်တင်တပ်ရင်း စသည့် တပ်များတည်ရှိကြောင်း မြိုခံများထံမှ သိရသည်။

ယင်းစာများ ကပ်ပြီးနောက်ပိုင်း အမှုဖွင့်အရေးယူနိုင်ခြင်း မရှိခဲ့သော်လည်း နယ်မြေခံရဲများနှင့် စစ်သားများ ပူးပေါင်းသည့် “လှည့်ကင်း” အကြိမ် အရေအတွက်မှာမူ ပိုမိုများပြားလာကြောင်း အမှတ် (၁) ရဲစခန်းက ဆိုသည်။

ယခင်က လားရှိုးတွင် ရဲတပ်ဖွဲ့တခုတည်းသာ ကင်းလှည့်လေ့ရှိကြောင်း ရဲ တာဝန်မှူးက ပြောသည်။

ထို့ပြင် ယခင်က ရမခ စစ်ဌာနချုပ် ဝင်းအတွင်းသို့ အရပ်သားများ ဝင်ထွက်သွားလာနိုင်သော်လည်း ယခုမူ ရမခ ဝင်းအတွင်းနေ မိသားစုများမှလွဲ၍ အပြင်လူများ ဝင်ခွင့်မရတော့ကြောင်း တိုင်းရုံးအတွင်း နေထိုင်သူတဦးထံမှ သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေ ကချင်ဒေသအား ပထွေးလက်အပ်ပြီးနောက်

နိုင်ငံတကာရောက် ကချင်များ တရုတ်အစိုးရကို ကန့်ကွက်
Wednesday, 27 January 2010 17:43 ရှောင်ဆန့်
E-mail Print
ဧရာဝတီ မြစ်ဆုံ ရေလှောင်တမံ ဆောက်လုပ် နေခြင်းအား ကန့်ကွက်ကြောင်း ၀ိုင်းဝန်း လက်မှတ်ရေးထိုး ထားသည့် စာကို နိုင်ငံတကာရောက် ကချင် တိုင်းရင်းသား များက တရုတ် အစိုးရသို့ ပေးပို့ရန် ပြင်ဆင်နေကြသည်။


ရေလှောင်တမံ ပြိုကျပါက မြစ်အောက် ပိုင်းရှိ ဒေသခံ သန်းနှင့်ချီ ဒုက္ခ ရောက်မည်၊ သဘာဝ အပန်းဖြေ စခန်းနှင့် ကချင်လူမျိုးများ ဆင်းသက် လာသော သမိုင်း ပျောက်ကွယ် သွားမည်၊ ဒေသခံ ၁၅၀၀၀ ကျော် အတင်းအကျပ် ပြောင်းရွှေ့ ခံရမည် စသည့် အချက် သုံးချက်ကို ကန့်ကွက် စာတွင် ဖော်ပြ ထားကြောင်း သိရသည်။ ရေလှောင် တမံသည် စစ်ကိုင်းတိုင်း ငလျင်လမ်း ကြောင်းတွင် တည်ရှိသည်ဟု ကန့်ကွက်စာက ဆိုသည်။

ရေအား လျှပ်စစ် ထုတ်လုပ်ရန် တည်ဆောက် နေသော မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း ရပ်တန့်ရေး အတွက် ယုံကြည်ချက် အပြည့်ဖြင့် လက်မှတ် ရေးထိုးခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်တဦးက ပြောသည်။

“ကျမတို့ကလည်း နည်းအမျိုးမျိုး သုံးပြီး ရေကာတာ မဖြစ်မြောက်အောင် တားနေမှာပဲ၊ လုံးဝ ဖြစ်မြောက်လာမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ထားတယ်” ဟု သူက ဆိုသည်။

ရေလှောင်တမံ စီမံကိန်း ရပ်တန့်ရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့မှ ကိုနော်လာက ကန့်ကွက်စာသည် အဆင်သင့် ဖြစ်နေပြီး မနက်ဖြန်တွင် ပေးပို့မည်ဟု ပြောသည်။

မကြာသေးမီကလည်း စီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် မြစ်ကြီးနား ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ်က ဦးဆောင်ပြီး အသင်းတော် နေရာပေါင်း ၅၉ နေရာတွင် ၂၄ နာရီ ဆုတောင်းပွဲများ ကျင်းပခြင်း၊ နှိုးဆော်သည့် ပိုစတာများ ကပ်ခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။

အသင်းသူ အသင်းသား တသိန်း နီးပါးရှိသည့် မြစ်ကြီးနားနှင့် အနီးတ၀ိုက်မှ အဆိုပါ အသင်းတော်များ၏ ဇန်န၀ါရီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော လှုပ်ရှားမှုများသည် အစိုးရ၏ စီမံကိန်းကို ဆန့်ကျင်သည့် လုပ်ရပ်များ ဖြစ်သော်လည်း အတားအဆီး၊ အနှောင့်အယှက်များ မပေါ်ပေါက်ခဲ့ပေ။

ဧရာဝတီ၏အစ မေခ နှင့် မလိခ မြစ်၂ ခု ဆုံစည်းရာ ဒေသတွင် တည်ဆောက်နေသော ရေလှောင်တမံ တည်ဆောက်ရေး စီမံကိန်းကို ပြီးခဲ့သည့်နှစ်က အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီ၊ တရုတ် စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) တို့ ပူးပေါင်း တည်ဆောက်ခဲ့သည်။ ထွက်ပေါ်လာသော လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်သည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရေတပ် အမြာက်တပ် ဆက်ကြေးအကောက်ကြမ်း၍ လူထု အခက်တွေ့ 

ရေတပ်နှင့် အမြှောက်တပ် အကောက်ကြမ်း၍ ရခိုင်လူထု အခက်ကြုံ

1/26/2010

ရခိုင် ပင်လယ်ပြင်တွင် အခြေစိုက်ထားသော ရေတပ်သင်္ဘောများနှင့် အမြှောက်တပ်ရင်းများမှ ပင်လယ်ပြင်နှင့် မြစ်ချောင်းများတွင် သွားလာနေသော ပုဂ္ဂလိက မော်တော်ဘုတ်များနှင့် လှေသဗ္ဗာန်များမှ မတရားသဖြင့် ငွေကောက်နေသဖြင့် ရခိုင်လူထု အနေဖြင့် အထူး ဒုက္ခတွေ့နေကြသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ကျောက်ဖြူမြို့နယ်မှ စက်လှေပိုင်ရှင် တဦးက ရေတပ်နှင့် အမြှောက်တပ် အကောက်ကြမ်း နေပုံကို ယခုကဲ့သို့ ပြောသည်။

“တရားဝင် ကုန်ပစ္စည်းတွေ တင်တဲ့ စက်လှေရော၊ တရားမ၀င် ကုန်ပစ္စည်းတွေ တင်တဲ့ စက်လှေရော အကုန်လုံးဆီက ကောက်ပါတယ်။ ငါးဖမ်းလှေတွေကလည်း ကောက်ပါတယ်။ ကောက်တာက နေရာတခုတည်းမှာ မဟုတ်ပါ။ ကျောက်ဖြူမြို့နယ်မှာ ဆိုရင် အနည်းဆုံးနေရာ (၅) နေရာကနေပြီး ကောက်နေတာဖြစ်ပါတယ်။ တရားမ၀င် ကောက်ခံနေတာ ဖြစ်ပါတယ်။ ရေတပ် တခုနဲ့ တခု အပြိုင်အဆိုင် ကောက်ခံနေကြတာ ဖြစ်ပါတယ်။”

ရခိုင်ပင်လယ် ကမ်းခြေ တလျှောက်တွင် လူထုထံမှ မတရားသဖြင့် အကောက်ခွန် ကောက်ခံနေသော ရေတပ် စခန်းများမှာ ကျောက်ဖြူမြို့နယ်ရှိ အုန်းကျွန်း၊ အုန်းပြင်၊ သစ်ပုတ်တောင်နှင့် မြေပုံမြို့နယ် ငပသုံနှင့် ကျွန်းသာယာတို့တွင် တပ်စွဲထားသော အမြှောက်တပ်ရင်းတို့ ဖြစ်ကြသည်။

“ ဘယ်ကလာတဲ့ စက်လှေဘဲ ဖြစ်ဖြစ် လောင်းလှေဘဲ ဖြစ်ဖြစ် အဲဒီ စခန်းတွေမှာဆိုက်ကပ်ရပါတယ်။ ငါးဖမ်းလှေတွေလည်း ကပ်ရပါတယ်။ မကပ်ရင် ပိုက်ဆံ ၅၀၀၀ ကနေ ၅၀၀၀၀ ထိ ဒဏ်ငွေ ရိုက်ခံရပါတယ်။ သေနတ်ပစ်ပီး လှေတွေကို ကပ်ခိုင်းတာတွေ အပြင် လူတွေကို ရိုက်နက် ညှဉ်းပမ်းမူတွေလည်း ပြုလုပ်ပါတယ်။ လူထုတွေကတော့ အထူး ဒုက္ခရောက်နေကြရပါတယ်။ အထက်အာဏာပိုင်တွေကလည်း ဘာမှ တားဆီးတာ မလုပ်ပါဘူး” ဟု သူက ဆက်ပြောသည်။

၎င်းပြင် အဆိုပါ ရေတပ်နှင့် အမြှောက်တပ်များသည် စက်လှေ တစီးစီမှ ကျပ်ငွေ တသိန်းက တသိန်းခွဲထိ ကောက်ခံလေ့ရှိပြီး ပါလာသော ကုန်ပစ္စည်းပေါ်တွင် မူတည်ပြီး ငွေများ ကောက်ခံနေသည်ဟု သူက ပြောသည်။

ယခုကဲ့သို့ ပင်လယ်ပြင်တွင် ရေတပ်နှင့် အမြှောက်တပ်များ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပြီး လူထုအား နှိပ်စက်နေ သဖြင့် ရခိုင်လူထု အနေဖြင့် အဆိုပါ လုပ်ရပ်များ အပေါ် လူမျိုးရေးအရ အနိုင့်ကျင့်စော်ကားမူ အဖြစ် ရှု့မြင်နေကြသည်ဟု သူက ဆက်ပြောသည်

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဝ က အင်အားကြီးတယ်ပြောပေမယ့်

ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA သည် သျှမ်းပြည်အတွင်းလက်နက်ကိုင်တပ်ဖွဲ့အားလုံးအနက် အင်အား အတောင့်တင်းဆုံးဖြစ်သည်ဟုဆိုသော်လည်း မိမိလူမျိုး/တပ်ဖွဲ့/နယ်မြေတခုထဲအတွက် ကိုယ်လွတ်ရုန်း ထွက်လို့မရ ဟု ပလောင်ခေါင်းဆောင်မိုင်အိုက်ဖုန်းက ပြောပါသည်။

“သျှမ်းပြည်အရေးက တိုင်းရင်းသား အားလုံးနဲ့ဆိုင်တယ်။ အချင်းချင်းအပြစ်ရှာရမယ့်အချိန်မဟုတ်ဘူး၊ ၀ က အင်အားကြီးတယ်ပြောပေမယ့် သူ့အမျိုးသားတခုထဲ လွတ်မြောက်ဖို့ ရုန်းထွက်လို့ရမှာမဟုတ်ဘူး”

စစ်မှန်သည့်လွတ်လပ်ခြင်း တန်းတူအခွင့်အရေးရရှိခြင်းအတွက် ယခုအချိန်သည် စုပေါင်းအဖြေရှာ ၊ လက်တွဲဝိုင်းဝန်း ဖြေရှင်းကာ တဦးတယောက်အားနှင့်တွန်း၍မရသော် အများအားနှင့်တွန်းလျှင် လိုရာပန်းတိုင်သို့ အမှန်ရောက်ရှိမည် ဖြစ်ကြောင်း PSLF ဥက္ကဌ မိုင်အိုက်ဖုန်းက သျှမ်းသံတော်ဆင့်သို့ပြော၏။
[ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF ဥက္ကဌ မိုင်အိုက်ဖုန်း]

ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF ဥက္ကဌ မိုင်အိုက်ဖုန်း

“သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေမယ်ဆိုရင် စစ်အာဏာရှင်အတွက်ဘဲ အထောက်အကူ ဖြစ်မယ်။ ၂၀၀၁-၂၀၀၂ နဲ့ ၂၀၀၅ တုန်းက နအဖ သွေးထိုးလှုံ့ဆော်မှုကြောင့် သျှမ်းပြည်တပ်မတော် လွယ်တိုင်း လျဲန်း ဌာနချုပ်ကို ၀ တပ်ဖွဲ့က တက်တိုက်ခဲ့တယ်။ PSLF အနေနဲ့ သျှမ်းပြည်သားအချင်းချင်း မတိုက်ခိုက်ကြဖို့ တတ်အားသမျှကြားဝင် ပေးသေးတယ်။ မရဘူး။ အခုလဲ နယ်ခြားစောင့်တပ်အသွင်မပြောင်းမချင်း ၀ ကို နအဖ က သပ်လျှိုဖြိုခွဲ နေမှာဘဲ” - ဟု ဆက်ပြောပါသည်။

သျှမ်းပြည်သားများ စည်းလုံးညီညွတ်ရေးအတွက် ပလောင်ခေါင်းဆောင် ဝေဖန်အကြံပေးနေချိန် နအဖ အရာရှိ တို့လည်း ‘အခုအချိန်ဟာ ခေါင်းမာလွန်းတဲ့ ၀ တပ်ဖွဲ့ကို ဆုံးမဖို့အချိန်တန်ပြီ’ ဟူသည့် ကြိမ်းဝါး ၀ါဒဖြန့်ပြော ဆို နေသည်ကိုလည်း ကြားနေရ၏။

သျှမ်း၊ ကချင်တို့ကဲ့သို့ ပလောင်အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အတွက် ၁၉၆၃ ကစ၍ ပလောင်အမျိုးသားတပ်ဖွဲ့ (PNF) ကို ဖွဲ့စည်း၍ စစ်အာရှင်အုပ်စုကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၉၇၆ တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်အဖြစ်အမည် ပြောင်းခဲ့သည်။ ၁၉၈၆ တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ (PSLF) ဟုအမည် ပြောင်းလဲ ခဲ့သည်။ ၁၉၉၁ တွင် အထူးဒေသ ၇ ဟူ၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး ၂၀၀၅ တွင် လက်နက်ချလိုက်ရသည်။ PSLA/PSLO အပစ်ရပ်စဉ် မပါဝင်ဘဲ မိုင်အိုက်ဖုန်းတို့အဖွဲ့ ခွဲထွက်၍ PSLF ပလောင်အမျိုးသားလွတ်မြောက် ရေးတပ်ဦး ဖွဲ့စည်းထူထောင်ခဲ့သည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

“အဆိပ်သင့် တောင်တန်းများ”

ဇန္န၀ါရီ ၂၆

ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ယနေ့နေ့လည်ပိုင်းက “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ စာတမ်းတစ်စောင်အား ပလောင်အမျိုးသမီး အစည်းအရုံးက ထုတ်ဝေလိုက်သည်။

စာမျက်နှာ ၅၆ မျက်နှာပါရှိသော အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံ၏ အရှေ့  မြောက်ပိုင်း ရှမ်းပြည်နယ် ဒေသများတွင် လွန်ခဲ့သည့် ၃နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အလျှင်အမြန် တိုးတက်များပြား လာနေကြောင်း ဖေါ်ပြထားသည်။

ပလောင်အမျိုးသမီး အစည်းအရုံး(PWO)၏ အဆိပ်သင့်တောင်တန်းများအမည်ရှိ အစီရင်ခံစာတွင် မန်တုန်နှင့် နမ့်ခမ်းမြို့ နယ်များရှိ ဘိန်းစိုက်ပျိုးရာ နေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ၅ဆမျှတိုးတက်လာပြီး ဧရိယာ ၅၄၀၀ ဟက်တာရှိကြောင်း ဖေါ်ပြထားသည်။ ဤကိန်းဂဏန်းများမှာ နှစ်စဉ် ထုန်ပြန်လေ့ရှိသော ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC) ၏ နှစ်စဉ်ဘိန်းထုတ်လုပ်မှု စစ်တမ်းကောက်ယူမှု ခန့်မှန်းချက်ထက် လွန်စွာများပြားနေကြောင်း တွေ့ ရှိရသည်။

ပလောင်အမျိုးသမီးအစည်းအရုံး ဗဟိုကော်မီတီဝင် လိုည်းအေးနန်းက “အမျိုးသားတွေက ဘိန်းရှုတယ်။ မူးယစ်ဆေးဝါး သုံးစွဲတယ်၊ ကျမတို့အမျိုးသမီးအစည်းအရုံးကဘာဖြစ်လို့ ဒီအစီရင်ခံစာကို သုတေသနပြုပြီးတော့ ထုတ်ရသလဲဆိုရင်၊ အဲဒီယောက်ျားတွေ ဘိန်းစွဲ၊မူးယစ်ဆေးစွဲတဲ့ ဒဏ်ကိုခံရတာက အမျိုးးသမီးတွေဖြစ်တဲ့ မိခင်တွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ညီမတွေ၊ ဇနီးမယားတွေပဲ ခံရပါတယ်၊ ဘိန်းစွဲတဲ့လူဟာ ထမင်းဆာတာနဲ့  မတူဘူးလေ၊ အဲဒီအချိန်မှာ ဘိန်းရှုကိုရှုရမှဖြစ်တာ၊ သူတို့ ဘိန်းရှုချိန်ရောက်လို့ မရှုရရင် မိန်းမတွေကို နှိပ်စက်မယ်၊ အမျိုးမျိုးပေါ့နော်။ စကားဝိုင်းတွေ ထိုင်လိုက်တိုင်း အမျိုးသမီးတွေ ခံစားနေရတဲ့ အသံမျိုးစုံကိုပဲ ကျမတို့ ကြားသိနေရလို့ ဒီလို အစီရင်ခံစာ ထုတ်နိုင်အောင် ကြိုးစားခဲ့ကြတာပါ”ဟု ပြောသည်။ ယခုထုတ်ပြန်သော ကိန်းဂဏန်းများမှာ ဒေသတွင်း ပလောင်အမျိုးသမီး အစည်းအရုံးအဖွဲ့ ဝင်များက စနစ်တကျ မှန်မှန်ကန်ကန် အချိန်ယူပြီး စာရင်းကောက်ခံခဲ့ခြင်းဖြစ်ကြောင်း အချက်အလက်ခိုင်လုံကြောင်း လိုည်းအေးနန်းက ရှင်းပြသည်။ မန်းတုန်မြို့ နယ် ကျေးရွာတစ်ရွာတွင် ဆန်းစစ်လေ့လာချက်အရ အသက် ၁၅နှစ်အထက် လူငယ်နှင့် ယောက်ျား ၈၅ ရာခိုင်နုန်းတို့ မှာ ဘိန်း(သို့ မဟုတ်)ဘိန်းဖြူ စွဲနေကြကြောင်း၊ မူးယစ်ဆေးစွဲနေသူကိုမှ မယူလျှင် အိမ်ထောင်ပြုဖက် မရှိတော့ကြောင်း၊ လူတိုင်းနီးပါး မူးယစ်ဆေးဝါး စွဲနေကြသဖြင့် ဘုန်းတော်ကြီး ကျောင်းရှိ သံဃာတော်များ သာ ကျန်တော့သည်။

အစီရင်ခံစာထုတ်ဝေသည့် အခမ်းအနားတွင် ၀င်ရောက်တင်ပြသူ တစ်ဦးဖြစ်သည့် ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေး သုတေသနမှူး ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ၊ ဦးခွန်ဆိုင်းက“ နအဖက သူတို့ တပ်တွေကို ထမင်းဝအောင် မကျွေးနိုင်ဘူးလေ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ ရှမ်းပြည်နယ်၊ ပလောင်ဒေသ၊ ၀ဒေသတွေမှာ ဘိန်းစိုက်ခိုင်းတယ်၊ ဆိုတော့ သူတို့လည်း အခွန်ရတယ်၊ ဒေသခံတွေလည်း မူးယစ်ဆေးဝါး စွဲသွားပြီး ဘ၀ပျက်တယ်။ ဒေသတွင်းမှာတာဝန်ကျနေတဲ့ တပ်ရင်းတပ်မတွေက အခွန်ယူထားတော့ မဖျက်ဆီးဘူး၊ အခြားကလာတဲ့ တပ်တွေကပဲ ဖျက်ဆီးတာ။ အဲဒါလည်း အယောင်ဆောင်ပါပဲ၊ နည်းနည်းပဲ ဖျက်ဆီးပြတာ။ အင်္ဂလိပ်ခေတ် က မြန်မာနိုင်ငံမှာ တပ်ရင်း ၁၅ရင်းနဲ့အုပ်ချုပ်တယ်၊ ခု စစ်အစိုးရက တပ်ရင်း ၅၀၀ ကျော်နဲ့ အုပ်ချုပ်တယ်၊ အင်္ဂလိပ်လောက် အုပ်ချုပ်ဖို့ မတတ်တာပြနေတာပဲ၊ တပ်တွေ ရွာတိုင်းနယ်တိုင်းမှာ တိုးချဲ့ပြီး ထမင်းဝအောင် မကျွေးနိုင်ပဲ ဒေသတွင်းမှာ ကိုယ့်ဟာကိုယ် ရှာစားခိုင်းထားတော့ အကုန်လုံး ပျက်စီး ကုန်တော့တာပေါ့ ” ဟု ပြောသည်။

အာဏာပိုင်များ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်သူ့စစ်အဖွဲ့များနှင့် အစိုးရ မူးယစ်နှိမ်နင်းရေးအဖွဲ့  များက ဘိမ်းခင်းများကို သုတ်သင်ရှင်းလင်းရမည့် အစား အခွန် ကောက်ယူ၍ အကျိုးထူးများ ခံစားနေကြကြောင်း၊ ၂၀၀၇-၂၀၀၈ ဘိန်းစိုက်ရာသီအတွင်း မန်တုန်မြို့ နယ် တစ်ခုတည်း၌ပင် ကျပ် ငွေ ၃၇ သန်း (အမေရိကန်ဒေါ်လာ ၃၇,၀၀၀)ရှိကြောင်း ဖေါ်ပြထားသည်။

ပလောင်အမျိုးသမီး အစည်းအရုံး သတင်းနှင့်သုတေသနဌာန လက်ထောက်တာဝန်ခံ လိုည်းဒါင်းဇျားက “၂၀၀၆ခုနှစ်က “အဆိပ်သင့်ပန်းများ”အမည်နဲ့ စာတမ်းတစ်စောင်ထုတ်ခဲ့ပါတယ်။

ခုဒုတိယအကြိမ် ထုတ်ဝေတာပါ။ ဒေသတွင်းမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်နေတာကြောင့် ဒေသတွင်း ပြည်သူတွေမှာ အကျိုးနည်းပြီး အပြစ်များပါတယ်၊ လူငယ်တွေဟာ အနာဂတ်တွေပျောက်ပြီး မူးယစ်ဆေးဝါးတွေ စွဲသွားတာ၊ ဘ၀တွေ ပျက်စီးသွားတာ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ကုန်ဆုံးသွားတာတွေ ကို သိစေချင်တာ ပေါ့နော်”ဟု ပြောသည်။

ယခင်က ပလောင်ဒေအတွင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်(PSLA)တို့က မိမိတို့ နယ်မြေကို ထိန်းချုပ်ထားစဉ်က ပလောင်ကျေးရွာအချို့တွင် ဘိန်းစားတတ်သူ တစ်ဦးတလေသာ ရှိခဲ့သော်လည်း ၂၀၀၅ ခုနှစ်အတွင်း နအဖစစ်အစိုးရက အတင်းအကျပ်ကိုင် လက်နက်ချခိုင်းခဲ့ပြီး ပြည်သူစစ်များကို အခွန်ကောက် လုပ်ခွင့်ပြုခဲ့သည်။

ပလောင်ဒေသ နန့်ဆန်မြို့တွင် တပ်မတော် လဖက်အချိုခြောက် စက်ရုံတည်ထောင် ကတည်းက၊ လဘက် ဈေးများမှာ စက်ရုံသတ်မှတ်ဈေး အတိုင်းသာ ရရှိပြီး၊ ကုန်သည်များကလည်း စစ်တပ်ကို မလွန်ဆန်နိုင်သဖြင့် လဖက်စိုက် တောင်သူများမှာ ၀မ်းစာဆန်ကိုပင် ဖုံလုံအောင် ၀ယ်မထားနိုင်ကြပေ။ နန်းဆန်တွင် အကြီးဆုံး စက်ရုံတစ်ခုဖြစ်သော အဆိုပါစက်ရုံကို စတင်တည်ထောင်ကတည်းက ဗိုလ်မှူးကြီးသန်းထွန်းက ဆက်တိုက် တာဝန်ယူလာခဲ့ပြီး ထင်သလိုစီပွားရှာ နေကြောင်း ပလောင်အမျိုးသမီး အစည်းအရုံးက ပြောသည်။

မျိုးရိုးစဉ်ဆက် လဖက်တောင်သူများအဖြစ် ရပ်တည်လာကြသော မိသားစုများမှာ လဖက်စိုက်ပျိုးရေး တစ်ခုတည်းဖြင့် ရပ်တည်၍ မရလောက်အောင် ၀င်ငွေကျဆင်းလာသဖြင့် ရှမ်းပြည်နယ်စပ်ဒေသအချို့သို့ ပလောင်လူငယ် အချို့ စီးပွားရှာ အလုပ်သွားလုပ်ကြသည်၊ ထိုမှဘိန်းစွဲ၊ မူးယစ်ဆေးစွဲ အပြင် အခြား ရောဂါများလည်း ကူးစက်လာခဲ့ကြသည်။

ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စိုက်ပျိုးထုတ်လုပ်မှုကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ HIV ကဲ့သို့သော ရောဂါများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့သည်။ ဤဖြစ်စဉ်အားလုံး ပပျောက်ရေးကို နိုင်ငံတော် အစိုးရက စေတနာမှန်ကန်စွာဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှသာ လုံးဝ အောင်မြင်နိုင်ကြောင်း အပြင် မြန်မာနိုင်ငံတွင် စစ်အစိုးရအာဏာ တည်မြဲနေသ၍ မြန်မာပြည်ဒေသတွင်း ဘိန်းနှင့် မူးယစ်ဆေးဝါးများ အဆိပ်သင့်နေကြမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
__._,_.___

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လက်မရွံ့ တပ်၏ Master Plan (အထူး လှို ၀ှက်သတင်း ပေါက်ကြားခြင်း)



နိုင်ငံရေးလှုပ်ရှားမှုကို ခြေမှုန်းဖို့အတွက် ပြင်ဆင်ထားပြီ

Tuesday, 26 January 2010 13:33
ဗထူး
ရန်ကုန်တိုင်း ဌာနချုပ် ညွှန်ကြားချက်အရ ဆန္ဒပြမှုတွေဖြစ်လာခဲ့ပါက မည်သို့ခြေမှုန်းမည်ကို တပ်နယ်အသီးသီးကို ညွှန်ကြားထားသည်။
ပြည်သူ့စစ်၊ အရံမီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယနေ့မှစ၍ အသင့်အနေအထားနေရန် ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ ပြည်ခိုင်ဖြိုး စသည့် အင်အားများ တပ်နယ်အသီးသီးသို့ ပေးပို့ရန် ပြောထားပြီးပြီ” ဟု ပြောသည်။


၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်တွေမှာ အပြောင်းအလဲရှိလိမ့်မည်လို့ မြင်တယ်။ တပ်ရင်းတွေအားလုံး လုံခြုံရေး အသေအချာ ဂရုစိုက်ဖို့ ညွှန်ကြားထားသည်။ လာမည့် လှုပ်ရှားမှုတွေအားလုံး ဒီပုံစံအတိုင်းပဲလုပ်ဖို့ စီစဉ်ထားတယ်။

http://www.yoma3.org/index.php?option=com_content&view=article&id=478:2010-01-26-06-37-06&catid=41:2008-09-21-07-44-45&Itemid=124

အပြည့်အစုံသတင်းဖတ်ရန်....

Monday, January 25, 2010

သင်တို့  ၂၀၁၀

အပြည့်အစုံသတင်းဖတ်ရန်....

Haiti's Earthquake vs. Burma's Cyclone Nargis

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေပြောတဲ့ရွှေနိုင်ငံကြီး..ကမ္ဘာပေါ်ကျ ဘိတ်ချေး..

ြုမန်မာမှ ပါရဲ့လားဟဲ့ ဥုံဖွ..ဗေဒင်မမေးနဲ့  ငွေကုန်တယ်...မကောင်းတာမှန်သမျှ ရှေု ဆုံးကRichest And Poorest Countries (by region, 2010)

အပြည့်အစုံသတင်းဖတ်ရန်....

ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့

Saturday, 23 January 2010 19:06 ဖြိုးကြီး

စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုခဲ့သည်အတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားသွား ခဲ့သည်။
ယခုလ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး မောင်ဦး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက “အဓိက ပြောသွားတာက နိုင်ငံတော်က ၀န်ထမ်းတွေကို လစာတိုးပေး ခဲ့တာ သဘောပေါက်ဖို့လိုကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေအနေနဲ့ အစိုးရအလိုရှိတဲ့အတိုင်း မဲထည့်ကြဖို့၊ ဈေးကွက် စီးပွားရေးစနစ်ကို ပီပြင်စွာ ဖော်ဆောင်သွားမယ်ဆိုတာ ပြောသွားတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကို စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုခဲ့သည့်အတိုင်း လုပ်ဆောင်သွားကာ ဝန်ထမ်းများထံမှ ကြိုတင်မဲများ ရယူသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု တက်ရောက်ခဲ့သည့် ဝန်ထမ်းက ဆက်ပြောသည်။

“အဲဒီအခမ်းအနားမှာ ဝန်ကြီးပြောသွားတာတွေကို မေးမြန်းတာရှိတယ်၊ ဝန်ထမ်းတယောက်က ဈေးကွက်စီးပွားရေးစနစ်လုပ်နေတာ နှစ် ၄၀ ရှိနေပြီ ဘာမှမဖြစ်သေးဘူးဆိုတဲ့အကြောင်းကို မေးတယ်၊ ညပိုင်းရောက်တော့ အဲဒီဝန်ထမ်းကို ခေါ်ယူစစ်ဆေးတာတွေလုပ်တယ်” ဟု ပြောသည်။

ဝန်ကြီးလာရောက်သည့် ခရီးစဉ်အတွင်း တက်ရောက်ခဲ့သူများကို ကြံ့ဖွံ့ဝတ်စုံများကို ဝတ်ဆင်ခိုင်းပြီး ဝန်ထမ်းများအနေဖြင့် အထွေအထူး စဉ်းစားရန်မလိုအပ်ဘဲ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်သွားရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောခဲ့သည်။

စစ်အစိုးရအနေဖြင့် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်အတွင်း တဖက်သက်အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဟု စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာသေးခင်က ပြောခဲ့သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=475:2010-01-23-12-08-14&catid=41:2008-09-21-07-44-45&Itemid=124

အပြည့်အစုံသတင်းဖတ်ရန်....

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ အရေးယူပေးပါရန် တိုင်ကြားတင်ပြသည်..


အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */