“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label နှိုးဆော်ခြင်း. Show all posts
Showing posts with label နှိုးဆော်ခြင်း. Show all posts

Sunday, January 15, 2012

ဗိုလ်ခင်ညွန့် ကို ခွင့်လွှတ် မြန်ကြသူများ အတွက်

(ဓာတ်ပုံ - မဇ္ဈိမ)
ဦးခင်ညွန့်ကို လွှတ်လိုက် တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ် ကြည့်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့ လူဟာ ပြန်လည် ထင်ပေါ် လာနိုင်သေးလား ဆိုတာ စမ်းကြည့် တာလဲ ဖြစ်နိုင်တယ်။ သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေ ရှိတယ် ဘာဘာ ညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွား သွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်း ဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ် အစိုးရဖွဲ့ ဖို့  နှောင့်နှေး ခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင် သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေ ဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြ သွားတာ သူပဲ။ အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင် လိုက်ရတယ် ဆိုတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ အလှည့်စား ခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ် နှိမ်နှင်းရေး တွေကို လူ မဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ သူပါပဲ။

ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေး စခန်းတွေက ငရဲခန်း နှိပ်စက်ခန်း တွေဟာ သူ့ စနက်တွေ ချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်း တာက အစ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက် ပျက်အောင် လုပ်တဲ့ အထိ ဆိုးရွား ခဲ့တာ သူပါပဲ။

ရေကြည်အိုင်ကို ၀င်သွားတဲ့ သူမှန်သမျှ အကောင်းအတိုင်း ပြန်ထွက် လာတယ် ဆိုတာ အလွန် ရှားပါတယ်။ လူမသိ သူမသိ လက်လွန် သွားတဲ့ သူတွေ ဘယ်လောက် ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက် တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကို တို့နဲ့ ခဏ လိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ် ခံရမလဲ ဆိုတဲ့ အကြောက် တရားမျိုးကို လူတွေ စိတ်ထဲ ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။ နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်း ကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ သူပါ။

စစ်သားတွေဟာ မျက်ကန်း မျိုးချစ်နဲ့ ငါ တကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ် ခင်ညွန့်လို ပါးပါး နပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သား မဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည် ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင် ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာ ပေးခြင်း ခံခဲ့ရတာပါ။

ဦးနေ၀င်း ဆင်းပြီး သူ့ သြဇာခံတွေလဲ ထည့်မရတဲ့ အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံး လက်နက် အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊ တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် မျိုးညွန့်တို့ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲ သူက ဗိုလ်ချုပ် ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေ ကိုလဲ အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ် ရောက်သွားလို့ ခံလိုက်ရတာ။

သေနတ် ရှိမှ နေရာ မြဲတဲ့ စစ်တပ် ထဲမှာ စစ် ကောင်းကောင်း မတိုက်တတ်၊ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ခင်ညွန့်ဟာ သူ့ အခြေအနေ မကောင်းဘူး ဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေး လုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခို အဖွဲ့ ၊ လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်း အဖွဲ့တွေ အဖြစ် ဖန်တီးပြီး ကျောထောက် နောက်ခံ ရအောင် ကြိုးစား ခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့် တို့ဟာ မြန်မာ လူမျိုးထဲတောင် ပါဝင်ခွင့် ရခဲ့ ပါတယ်။ သူ့ ကြောင့် ငြိမ်း အဖွဲ့တွေ သူတလူ ငါတမင်း လုပ်ချင်တိုင်း လုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည် သွားတာဟာ နောက်ဆုံး သူ ဒုက္ခ ရောက်မယ် ဆိုတာကို သဘောပေါက် လာပါတယ်။

စစ်အစိုးရ အနေနဲ့ ရည်ရှည် သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက် တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီ အချိန်မှာသာ သူ့ကို ပေးက ခဲ့ရင် အခု ပုဆိုး ၀တ်ကြီးတွေကို ဗီလိန် နေရာထားပြီး သူက မင်းသား နေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချ ခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ် ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ် ပါဘူး။ ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြော တတ်ဘူး။ စစ် တက္ကသိုလ် ဆင်းလဲ မဟုတ် ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်း နဲ့ပဲ လုပ်တတ် ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့ သူပါ။ ကဲ ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာ မလိုဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ အတွက် အချိန် မရှိလို့ပဲ။ တခြား တိုးတက်ရေး လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် နိုင်ငံ တိုးတက်ရေးမှာ ၀င် မနှောင့်ယှက် နိုင်အောင်တော့ သတိထား နေရမယ်။ သူ လုပ်ခဲ့တာတွေကို တော့ မေ့မပစ်ပဲ ထပ်မခံ ရအောင် သင်ခန်းစာတော့ ယူရမယ်။

မောင်ညီ MMCP


ဦးခင်ညွှန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား

၁ - စစ်အစိုးရ တတ်ခါစမှာ သူ တစ်ဦးတည်းမှာ ပါဝါ အပြည့် ရှိတယ်လို့ ပြောလို့ ရလောက်အောင်ကို ပါဝါရှိပါတယ်… အဲ့အချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့ လူ့ဘောင်သစ် ပါတီဝင်တွေကို ဘယ်လို့ ဘ၀တွေ ရိုက်ချိုး ခဲ့တယ် ဆိုတာ ပြန်ပြောပြဖို့ လိုမယ် မထင်ပါဘူး… မန္တလေး သံဃာ့ အရေးအခင်း ကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်း အကျဉ်းချ ခဲ့ပါသလဲ….

၂ - အာဏာ တည်ဆောက်ပုံ… ကြမ်းတဲ့ နေရာမှာ သူ့လောက် ဘယ်သူမှ မကြမ်းပါဘူး… သူ့ အထက်က ဦးစောမောင် ၊ သူ့ လယ်ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည်တို့ အုပ်စု ၊သူတွေကို ဘယ်လို ရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေတောင် သူ့ ပါဝါ သူအသာလေး စုနေရတဲ့ အဆင့်ဘဲ ရှိသေးပါတယ်… နောက် ဦးတင်ဦး ကေစ့်… မသေမချင်း လုပ်ကြံ ခံရတာ သူ့ကြောင့် မဟုတ်ဘူး ဆိုရင်တောင် သူ အကာအကွယ် မပေးနိုင်ခဲ့တာ ဟာလည်း သူ့ ကိုယ်သူ လုံလှပြီ လို့တော့ ပြောလို့ မရနိုင်ပါဘူး… နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ် သုတ်ခ အလုပ်မှာ တချက်၊ သူ့ လူတွေ လည်လွန်းပြီး - ချီးနင်းမိ နေချိန်မှာ တချက် အခြေပျက် သွားလို့သာ သူ ခံလိုက်ရတာပါ။

အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန် အရှိဆုံးလည်း ဆိုတာ ပေါ်လောက် ပါပြီ။ ဦးသန်းရွှေက သူ့လောက် မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာ လုပ်ရင် လူသိတာ များတယ်… သူ မဟုတ်တာ လုပ်တာ လူသိပ်မသိဘူး… သူက ဆင်ဖြုမရှင်နဲ့ စုဘုရားလတ် ပုံစံ တဘက်က ပွဲခင်းပြီး တဘက်က လူသတ်တဲ့ သူစားမို့ပါ… သူ လုပ်သွားတာ အားလုံးဟာ ဆန်းဆန်း ပြားပြား မပါပါဘူး… တကယ်တော့ သူ သိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက် ငခြောက်ကောင် ကလည်း အဲ့လို နေရာလေးသာ ရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ ရတယ်လို့ ကြွေးကြော် ချင်ပါတယ်… ဘာကြောင့်လဲ မေးရင်တော့ မြန်မာ လူမျိုးတွေက မြန်မာ လူမျိုးတွေမို့ ပါဘဲ….

အခုတောင် ဖေ့စ်ဘုတ်မှာ အရင် ထောက်လှမ်းရေး အတွက် အသုံးတော် ခံခဲ့တဲ့ 7days ၊ voice ၊ eleven တို့က တဖြည်းဖြည်းနဲ့ မင်းကိုနိုင် တပုံ သူ့ ပုံ တပုံ တင်ပြီး စည်းရုံးရေး ဆင်းနေပါပြီ… အားလုံး ကလည်း ဘဘကြီး နေကောင်းလားတို့ အရမ်း ၀မ်းသာတာဘဲတို့ ဖြစ်ကုန်ကြရော…. ကျုပ်တို့ လူမျိုး ကလည်း မေ့တတ်တာကို…. ၁၉၈၈ အရေးအခင်း ဖြစ်တယ်… အရေးအခင်း ပြီးတာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့… မေ့ကုန်ပြီ… မသေတဲ့ မိသားစု တွေက… ၁၉၉၀ ရွေးကောက်ပွဲ လုပ်တယ်… မနက်ဖြန်ဘဲ ပေးမလိုလို လုပ်နေလိုက်တယ်… ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော… အမှတ် မမှားရင် လွတ်တော် ခေါ်မယ်ကို ၁၉၉၁ - ၉၂ နှစ် လောက်မှ ကြေငြာတာ ရွေးကောက်ပွဲ ပြီးတယ်… ၁၉၉၃ ညီလာခံ ခေါ်တယ်… တနှစ် တကြိမ် တခါတလေ ၂ - ၃ကြိမ် ခေါ်တယ်… လူတွေ ဆူပူမှာ ဆိုးလို့ မြို့တော်ဝန် မာရသွန်….. ပြေးလိုက်ကြ တာဘဲ… တီကို ကားရအောင်လို့…. နအဖ ဖလား လှေသဘင်၊ မြင်းခင်း သဘင်၊ ဟောပြီးတော့ အမျိုးသား အားကစား ပွဲတော်၊ နောက်တော့ ကျောင်းသား အားကစား ပွဲတော် လုပ်ပေးတယ်၊ ဒါတွေဟာ ပုံမှန်ပါဘဲ… တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတယောက် အတွက် တကယ့်ကို ပုံမှန်ပါဘဲ…. အခု အွန်လိုင်းမှာ ဟော့နေတဲ့ မြန်မာ့ အင်တာနက် ဖောင်ဒါ ဆိုတဲ့ စကားလုံး…. မှားတယ်… ပုဂံ ဆိုက်ဘာကို စလုပ်တဲ့ ရည်ရွယ်ချက် ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်း အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ… သူမလုပ်ရင် သူ ကျန်ခဲ့တော့မယ်…

အဲ့နောက်ကနေမှ လူတွေ မသုံးနိုင်တဲ့ ဈေး၊ လူတွေ မသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထား ပေးလိုက်တာပါ… ဒါလည်း လေးစား လောက်စရာ မရှိပါဘူး… သူနိုင်ငံ အုပ်ချုပ် နေတဲ့ သူတယောက်… သူ့ အလုပ် သူ လုပ်ရမှာပေါ့… ဒါ ကျွန်တော်

တို့က ပိုပြီး ချီးကျူး ထောပနာ ပြုနေစရာ ဘာလိုလို့လဲ…. ကောင်းတာကို ချီးကျူး ခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူလုပ်ပါ… ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ … ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့… နောက် လူတွေ ပြောတဲ့ မာလ်တီ မီဒီယာ… ဟားတိုက်တာ ရယ်ချင်ရဲ့… စက်ရှိတယ်.. ရုပ်ပြ၊ အင်တာနက် ကနေ စာသင်မယ်တဲ့ မီးမလာဘဲ… အဲ့တော့ အဲ့တာ တွေဟာ အပိုဆိုတာ သဘောပေါက်ပေါ့… ထမင်းကျွေးလို့ ထိုင်စားမယ့် လူကို ထမင်းသိုး ဟင်းသိုး ကျွေးတာ ထုတ်ပြီး ချီးကျူးလောက်တဲ့ သူဟာ ထမင်းသိုး ဟင်းသိုး ကြိုက်တဲ့ သူဘဲ ဖြစ်မှာပေါ့…

နောက်တခု မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်း… ဒါဟာ တပ်တွင်း အားပြိုင်ဖို့လောက် နေရာ တခုပါ… အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ… သူ့ မိန်းမက ဒေါက်တာ ဆိုတော့ ပိုပြီး လူဝင်ဆန့်တော့ ဒါကို တည်ခဲ့တာဘဲ…. နောက် အတန်း ပညာရေးကို ဘယ်လောက်ထိ ဖျက်ဆီး ပစ်တယ် ဆိုတာ အားလုံး အသိပါ… မအောင် မနေရ အတန်းတင် ပညာရေး စနစ်ဟာ သူ့ကြောင့် ပေါ်ထွန်း လာတာပါ။ အဲ့ဒီ ပညာရေး စနစ်က ထွက်လာတဲ့ သူတွေ အခု အချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ခြင်း တူရင် ဒီပလိုမာခြင်း တူရင် ဘယ်သူက ခေါင်းမော့ ရင်ကော့ ရပ်တည် နိုင်ပါသလဲ… ကိုယ့်ဘာသာ ကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်… အဲ့လောက် ဆိုရင် သူ့ ဘာလဲသိလောက်ပါပြီ…

သူဟာ ရုပ်ရှင် သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်)ရဲ့ ညီလို့ မပြောရဘူး သရုပ်ဆောင် ကောင်းသူပါ… ဘုရား ထီးတော် တင်ရင် ဆုတခုဘဲ တောင်းတယ်… နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီး အေးချမ်းပါစေ… တဲ့ (နည်းနည်းတော့ စကားလုံး ကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန် ပါပါနဲ့ ဆုတောင်းလို့ လူကောင်း ထင်နေရင်တော့ မှားမှာပေါ့…

ကျွန်တော် အိမ်ကနေ ရှေ့ တပြက ဘုရား သူထီးတင်ခဲ့ သလို ကျွန်တော့် လမ်းထိပ်က ကကလှမ်း ရုံးမှာလည်း သူ့ တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်…. အဲ့တော့ မိချောင်း မျက်ရည်လို့သာ ပြောချင်တယ်… သူ့ အကြောင်း ထဲကနေ ကောင်းတာလေး တခု နှစ်ခု လောက်တော့ ရှိတာပေါ့… သူ့ တပ်မတော် ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်း ယူဖို့ အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ ပုံစံ ချိုးယူ တာမျိုး အာဆီယံမှာ သူ့တပည့် ဦးဝင်းအောင်ကို အလှည့် အပြောင်း လာတော့မယ် ဆိုတဲ့ စကားထွက် စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ် ဆိုရင်ပေါ့…. ဒါပေမယ့် ဒီလူဟာ ကျွန်တော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလို ပြောရရင် မှင်အနက်ဘဲ… ဘယ်လို မှင်နဲ့မှ သူ့ကို အရောင်ပြောင်းလို့ မရနိုင်ဘူး… သူဟာ လူ

မကြမ်းဘဲ စိတ်ဓါတ်ကြမ်းတဲ့ အတွင်းကောက် သမားပါ…ကျေးဇူး

ဗလ (MMCP)


ရွှေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသား အရေးအခင်း ဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျ မသိဘဲလို့ ဆိုရအောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင် လတ်လတ်ကြီး ညွှန်ကြား နေတာကွယ့်။ လှည်းတန်းမှာ နံနက် လင်းအားကြီး ကတ္တရာ လမ်းပေါ်ထိုင် လက်ချင်း ချိတ်တွဲ ထားတဲ့ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ် အတင်း ထိုးခွဲ ကားပေါ် ပစ်တင်ခိုင်းတာ အခု ရွှေဘို ထောင်က လွှတ်တဲ့ထဲ ပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင်တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူး ထင်တယ်။ အမိန့်ရ အနီးကပ် ညွှန်ကြား သူပေါ့။ ထောက်လှန်းရေး တစ်စု ရက်ရက် စက်စက် နှိမ်နင်းခဲ့တဲ့ မန္တလေး သံဃာ့ အရေးအခင်း ဆိုတာလဲ မှီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသား တစ်ယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်း ကျောင်းသူတောင် မချန်) ထောင်ထဲ ဖမ်းထည့် ပလိုက်တာကော သူ တော်တဲ့ အချက်လို့ ပြောဦး မလား။ မျှားခေါ် တတ်လိုက်တာ ပေါ့နော် အဲဒီ တ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံ အကြောင်း အကောင်း အဆိုး နည်းနည်းတောင် မဟ၀ံ့ ၊ ကချင် ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစု ပုံတောင် မထားရဲတဲ့ သာမန် ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်း စကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီး အကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။ …………………………………….

ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော် ဘွဲ့တွေ ရွတ်နေကြ ပါစေ ကျနော်တော့ သူ့မျက်နှာ မြင်တာနဲ့ ပထမဆုံး ပြေးမြင် မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

အဘညွှန့် ဘာလုပ်ခဲ့ သလဲတော့ မသိပါဘူး အဘညွှန့်ရဲ့ သားသမီး အမ်အိုင် တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ်ပေါ် တင်တင် ဖွင့်ရဲလာတာတော့ အတော် ထင်ထင် ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီး ကျေးဇူးတင် ရမယ် ဆိုရင် ကိုရင် ချက်ကြီးတို့ ပြည်တွင်းဖြစ် ကုန်ကြမ်း ရစေဖို့ စတင် မိတ်ဆက် ကျေးဇူး ပြုခဲ့တာ အဘ ညွှန့်ရဲ့ အမ်အိုင် တွေပဲ။

ဒါပေမဲ့ သူ လွတ်ခြင်း မလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစား မိပါဘူး၊ အကျဉ်းကျ နေသူ လွတ်မြောက်တဲ့ အတွက် မုဒိတာပွား ပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရား နွံထဲ ဆွဲချ ခဲ့တဲ့ အဖွဲ့အစည်းကြီး တစ်ခုကို ဦးဆောင် ခဲ့တဲ့ သူတစ်ယောက် ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

မော်ကင်းလေး


မခံခဲ့ရဘူးတဲ့ သူတွေကတော့ ခံခဲ့ရတဲ့ အမြင်ကို ဘယ်သိ မလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ.. ဖြစ်ခဲ့တာတွေ၊ လူဘ၀ သက်တမ်း တ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ် ကိုယ်နေတာတောင် ကြီးလန့်စာ စားနေ ခဲ့ရတာတွေ၊.. ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ် ပေးတဲ့ သူတွေ facebook ပေါ်မှာလဲ အတော်များသား ကလား။ ဒီလူကြီးရဲ့ လက်တံက တော်တော် ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့် ဟောင်းတွေ တော်တော် များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့ အတိုင်း ဉာဏ်နီ ဉာဏ်နက်၊ ကလိမ်ကကျစ် ဉာဏ်ကတော့ တော်တော် ကြောက်ဖို့ ကောင်းရိုး အမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျတာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။

သွားလေသူကြီးက မြွေပွေး တစ်ကောင်ကို ပခြုပ်ထဲ ထည့်လိုက် တာပါ။ (သူတို့ အာဏာ ထိပါးမှာ မြင်လို့လား မသိ) ခုတော့ မြွေပွေး တစ်ကောင် ပြန်လွတ်လာပြီပေါ့။

xxMMCPxx


သူတို့ တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ် သားသား အသာစီးရ အပေါ်စီးက နေပြီး လုပ်ခြင် သလို လုပ်ခဲ့ကြတယ်။ ကျတော် တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပစ်ခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီး ရလာရင်

ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာ တွေကို စိတ်မ၀င်စား တော့ဘူး။ အားလုံး အတူတကွ လက်တွဲ နေထိုင်ရေးကို ပိုဦးစား ပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီး ခံခဲ့ကြရတယ်။

တစ်ခါ တစ်လေ တော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ချင် လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစ္ဆာန် မဟုတ်ဘူး လို့ ပြန်စဉ်းစား လိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ် သွားတယ်။ လူ အဖြစ်ကို အဆုံးရှုံး ခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တစ်ကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစား စရာတွေ ဖြစ်လာ ခဲ့တယ်။

အခု အချိန်မှာ အခုလို လွှတ်ပေး လိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့် သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာအောင် လုပ် ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေ အားလုံး ရင်သပ် ရှုမော စရာ ဖြစ်သွားတယ်။ မြစ်ဆုံ ကိစ္စ အကျဉ်းသား လွတ်ပေးရေး ကိစ္စ တွေမှာ သေသေ ချာချာ ပလန် ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက် တွေလို ကျတော်လည်း အစ်ကို တစ်ချို့နဲ့ အမြင် တူတယ်။

သစ်တာကြီးပေါ် ကျောက်တုံး တင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုး ဆိုတဲ့ အဖြစ်မျိုး ဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တစ်ပြိုင်နက် ထွက်ပြီးမှ ဆိုတာ လေးကို ပိုပြီး သိခြင်လာတယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေး ပါလား။

အခု တစ်လော မြောက်ပိုင်း ကျောင်းသား တပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန် နေတယ်။ ခွင့်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံ သင်ဘူး။ အရေး ယူတာ မယူတာက နောက် တစ်ပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ နောက် တစ်ပိုင်းပါ။ ထို့အတူ ဒီပဲယင်း ဆိုတာလည်း လူ အများအပြား လူ မသိ သူမသိ၊ လူလို သူလို မဟုတ်ဘဲ အသက် ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့်လွှတ် နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အပြည်အစုံ ရှိသင့်တယ်။ နောက် လူတွေလည်း သိသင့်တယ်။ အခုဘဲကြည့် ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင် နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်း သင်တာပါ ဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန် အမှတ်ရကြပါ။

ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်း သလား ဆိုး သလား တော် သလား ဆိုတာတွေ ဆွေးနွေးခြင်ရင် နိုင်ငံရေး သရက်ထဲမှာ သူ့အမည်နဲ့ သီးခြား တစ်ခု ရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျှော်လေ မလားလို့ အကြံ ပေးတာပါ။ ကျတော် ဂရုပြု မိသလောက် အမည်ကျော်တွေ ထဲမှာ ကိုယ်ကိုယ့်ကိုယ် publicity ဖြစ်အောင် promotion ကို သေသေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန် အကုန်ခံပြီး လုပ်ယူတဲ့ လူ နှစ်ယောက်ကို တွေ့မိတယ်။ တစ်ယောက်က ကျော်ဟိန်းပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ် အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တစ်ကျ လုပ်သွားတာပါ။ နောက် တစ်ယောက် အခု မြို့မေတ္တာ ခံယူ နေသူကြီးပါ။

လူတွေဟာ တစ်ခုခုကို အများထဲက ရွေးရတော့မယ် ဆိုရင် ယဉ်ပါးနေတဲ့ ကြားဘူးတဲ့ အရာကိုဘဲ ရွေးတယ် ဆိုတာ စနစ်တကျ လေ့လာချက် များမှာ တွေ့ရှိရတဲ့ လူ အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် ဆိုးတဲ့ ကိစ္စနဲ့ဘဲ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စိ ထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါ တလည်းလည်း ၀င်အောင် လုပ်ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည် လူဟာ တစ်ခုခုကို ရွေးရတော့ မယ်ဆိုရင် မသိ စိတ်ကနေပြီး သူ မကြာခဏ ကြားဘူး နေတဲ့ အမည် ကိုဘဲ ရွေးတော့တယ် ဆိုတာ အခြေခံ မားကက်တင်း နိယာမ တစ်ခုပါ။ ဒါကို တီဗီ မင်းသားကြီးက ကောင်းကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူ ကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုး နေတဲ့ မဆလ မားကက်တင်း နည်း စနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည် တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူ လုပ်ခဲ့သူတွေကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူး ဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး

လက်ခံ သွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။

အောင်အောင်ဦး
ခင်ရတနာ(facebook) မှ


ဒေါ်စု ကို အပျော့ဂိုဏ်း ခင်ညွန့်က စကား ပြောချင် နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့် ဆိုပြီး ဆရာ တပည့် နှစ်ယောက် အပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပြီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။

ထောက်လှမ်းရေး တွေကို သန်းရွှေက လိုက် ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေ အိမ်မှာ ရွှေတွေ ပိသာ များစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွာ နံရံမှာ မြုပ်ထားတယ်။ ထူးခြား တာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင် တွေမှာ ဘုရား မရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။

ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်း အလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက် ဖြုတ်ရာမှာ အဓိက ဇာတ်ကောင်လို့ စွပ်စွဲ ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန် ပို့ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့ နေရာမှာ ကျော်ဝင်း ခိုးဝှက် ထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ (ဆယ် ဂဏန်းလို့ နီးစပ် သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီ အချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာ သံရုံးမှာ ရှိနေတုံးပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ် က အကုန် စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပြီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့ အခါ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏ နေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းလဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်းစိမ် ခံနိုင်မှာမို့ ဟန်ကို ကျလို့။ ကနေ့ အမေရိကန် အစိုးရက အောင်လင်းထွဋ်ကို လုံးဝ နိုင်ငံရေး ခိုလှုံခွင့် မပေးပါ။ အမေရိကန်မှာ နေခွင့်သာ ပေးတယ်လို့ နိုင်ငံခြား သတင်း တခုမှာ ဖတ်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြား မတန်အောင် မြန်မာ့ အလင်း သတင်းစာ ကနေ ဆောင်းပါး မျိုးစုံနဲ့ အပုတ် ချခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး အရာရှိတွေ ဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်လ်ဒီကို အောက်လမ်း နည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါရှင့်

(မြင့်မိုဦး facebook မှ စုစည်းတင်ပြချက်)

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 22, 2011

ကမ္ဘာအေး ဘုရား အန္တရာယ် များနေပြီ ကူညီစေချင်သည် 力を貸してくださいませんか。

ဒီကမ္ဘာအေး ဘုရားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက ကျနော်ရဲ့ မိတ်ဆွေ Mr. Yasuhiro Kurashima ရဲ့ ကျေးဇူးကြောင့် သိခွင့် ရခဲ့တာပါ။ Mr. Yasuhiro Kurashima ရဲ့ မနီးမဝေး နေရာမှာ နေထိုင်ပြီး၊ အဲဒီဘုရားကို တစ်နှစ် ၃ ခေါက်လောက် ရောက်ပါတယ်။ ကျနော်လည်း ကျနော်ထုတ်ထားတဲ့ ဝိပဿနာ တရား အားထုတ်နည်း (မိုးကုတ် ဆရာတော် ဘုရားကြီးနည်း) ဂျပန် ဘာသာပြန်ကို မြန်မာပြည် ကနေ ပို့ပေးခဲ့ဘူးပါတယ်။ သို့သော်လည်း မည်သည့် အကြောင်း ပြန်ကြားစာကိုမျှ မရခဲ့ဘူးပါဘူး။ ဒါပေမဲ့ ဒီကနေ့တော့ မည်သည့် အကြောင်းကြောင့်ရယ် မသိ။ ပြဿနာ တက်နေပြီ ဆိုတာတော့ အမှန်ပါ။ ဒီကိစ္စကို လည်း ဒီဘုရားကို သံယောဇဉ်ရှိနေတဲ့ ကျနော့် မိတ်ဆွေ ကပင် ( “ကမ္ဘာ့ ငြိမ်းချမ်းရေး ဘုရား” ပျောက်ကွယ် သွားတော့မလား မသိဘူး။ တကယ် ဖြစ်လာ ခဲ့ရင်တော့ ဝမ်းနည်းစရာပဲ)လို့ Face book မှာ ဆုံတွေ့ပြီး၊ ၁၅.၁၂.၂၀၁၁ နေ့က ပေးပို့ အကြောင်းကြား ခဲ့တာပါ။

မြန်မာပြည်မှ မြန်မာများ ( သို့ ) ဂျပန်ရောက် မြန်မာများ၊ ဂျပန်နိုင်ငံနှင့် အဆက်သွယ် ရှိသော၊ သက်ဆိုင်ရာ အကြီးအကဲများနှင့် ရင်းနှီး ကျွမ်းဝင်သော၊ တစ်ဖက် တစ်လမ်းက တတ်နိုင်စွမ်း ရှိသော ပုဂ္ဂိုလ်များ ရှိပါက အကူအညီများ ပေးနိုင်ပါရန် ပေးပို့လာသော ဆောင်းပါး မူရင်းနှင့် အတူ အောက်ပါ အတိုင်း(တိုက်ရိုက်) ဘာသာပြန်ပေး လိုက်ပါသည်။ စေတီတော်ရဲ့ ဓါတ်ပုံကိုပါ ပို့ပေး လိုက်ပါတယ်။

တတ်စွမ်း သရွေ့ သာသနာပြု နိုင်ကြပါစေ
သောင်းနိုင်ဦး (ဧည့်လမ်းညွှန်)
မန္တလေး
========================================
門司・世界平和パゴダの存続(そんぞく)を呼びかける声明(せいめい)
2011年12月11日

門司・世界平和パゴダの存続を求(もと)める有志の会

現在、北九州市門司区の「世界平和パゴダ」が閉鎖の危機にあり、現在お住まいのお2人のビルマ僧が年内に建物から退去することを求(もと)められています。私たちはこの問題を深く憂慮するものです。

このパゴダと僧院は1957年、当時のビルマ首相ウー・ヌのもと、ビルマ仏教会と日本側の寄付ならびに門司市の協力により、門司港(もじこう)を望む高台にある和布刈公園内に建立されました。本僧院は日本唯一のビルマ式仏教僧院であり、設立以来一貫して、ビルマ本国から派遣された高僧が滞在されてきました。そして第二次世界大戦の犠牲者の供養と世界平和を祈念する場として、また日本国内のビルマ仏教の布教の拠点として、関係者の皆様や地域の方々に支えられながら、過去50年以上にわたって存続してきました。

私たちは、異なる伝統である上座部仏教の教えを日本に広めてこられた長老の方々はもちろんのこと、建物の維持管理や僧侶方のお世話も含め、これまで尽力されてきたすべての方々に敬意を表します。世界平和パゴダの半世紀を越える歩みそのものが、アジア太平洋戦争後の日緬両国の民間交流の一つの象徴であり、たいへん貴重な財産であると考えます。

しかし現在、この僧院の存続が危ぶまれる状況にあります。RFAビルマ語放送では既に報じられていますが、現在僧院におられる長老や関係者の話によると、宗教法人の役員会内部に、施設の閉鎖を主張する強い意見があります。そして近いうちにパゴダ全体の閉鎖が予定されているだけでなく、お2人の長老については今月25日までの退去を迫られているのです。この件については、RFAでの放送を契機として在日ビルマ人の間にも危惧する声が広がり始めています。他方、東京のミャンマー大使館や本国政府関係者もこの問題は把握しているとのことですが、施設の今後と僧侶の処遇に関してはっきりとした態度を表明するには至っていません。

ウー・ヌ政権の仏教振興政策については、皆様の評価も決して一様ではないと存じます。しかしビルマ本国でも知られる「門司のパゴダ」は、日緬両国の文化交流の歴史にとってかけがえのない場所であることは確かです。建物はビルマ戦線に多くの兵士を送り出した門司港を見下ろす高台に位置し、戦争犠牲者の供養の意味も込(こ)められています。こうした文化的・歴史的にも貴重な場が、十分な議論のないまま一方的に閉鎖・廃止されることがあってはならないと考えます。もし廃止となれば、再建は事実上不可能でしょう。

門司の世界平和パゴダは、日本とビルマの間に仏教文化を中心として親善を深め、人類の幸福と世界平和を願って両国民の善意により出来た、このように言われております。私たちは日緬両国と世界の皆さんに対し、今回の問題への注目を訴えるとともに、世界平和パゴダという、日緬両国の文化と友好のかけがえのない財産を守るために、日緬両政府におかれましては積極的な役割を果たすよう訴えます。また関係(かんけい)する皆様方におかれましては、パゴダの存続にお力をお貸しいただけるよう、何らかの形でご尽力を賜りたいと存じます。
なお、詳細については以下にお問い合わせください。
馬島浄圭(僧侶、電話:090-3958-3743)
守屋友江(阪南大学教授 tmoriya@hannan-u.ac.jp)

Address

U Khe Min Da
Myanmar Buddhist Mission to Japan
World Pesce Pagoda, Mekari Park
Mojiku, kitakyushu city, Japan
(Taung Goo City, Myanmar)
Tel: (093)(321)1024
Po: Box 8010855

========================================

ဂျပန်နိုင်ငံ MOJI အရပ်ရှိ “ကမ္ဘာ့ ငြိမ်းချမ်းရေး ဘုရား”(ကမ္ဘာအေးစေတီ) ၏ ဆက်လက် ရပ်တည်မှု ကျေညာချက်

( ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် )

ဂျပန် နိုင်ငံ MOJI အရပ်ရှိ “ကမ္ဘာ့ငြိမ်းချမ်းရေး ဘုရား”(ကမ္ဘာအေး စေတီ) တည်တံ့ ခိုင်မြဲမှု တောင်းဆိုရေး အဖွဲ့

ယခုအခါ ဂျပန်နိုင်ငံ မြောက်ပိုင်း kyushuမြို့ MOJI အရပ်ရှိ “ကမ္ဘာ့ ငြိမ်းချမ်းရေး ဘုရား”ဟာ ပိတ်သိမ်း မည့် အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး၊ လက်ရှိ သီတင်းသုံး နေသော ဘုန်းတော်ကြီး နှစ်ပါးသည် ယခုနှစ် အတွင်းမှာ ကျောင်း သင်္ခန်းများမှ စွန့်ခွာဖို့ တောင်းဆို နေကြသည်။ ကျွန်တော် တို့သည် ၎င်းပြဿနာ အတွက် အတော်လေးပင် စိုးရိမ် နေကြရပါသည်။

အဆိုပါ ဘုရား စေတီနှင့် ဘုန်းတော်ကြီး ကျောင်းသည် ၁၉၅၇ ခုနှစ်၊ ထိုအချိန်က ဗမာနိုင်ငံ ဝန်ကြီးချုပ် ဦးနု အစ ထား၍ ဗမာ နိုင်ငံ ဗုဒ္ဓဘာသာ အသင်းနှင့် ဂျပန် နိုင်ငံဘက်မှ အလှူရှင် တို့နှင့် အတူ၊ MOJI မြို့ရဲ့ ပူးပေါင်း ပါဝင် ကူညီမှုတို့ဖြင့်၊ MOJI ဆိပ်ကမ်းကို မျက်နှာမူ နေသည့် TAKADAI တွင်ရှိ WAMEKARI ပန်းခြံ အတွင်းမှာ တည်ထား ကိုယ်းကွယ် ခဲ့ပါသည်။ ပင်မ ဘုန်းတော်ကြီး ကျောင်းဟာ ဂျပန် နိုင်ငံမှသာ ကုန်ကျခံခဲ့ကာ ဗမာ နိုင်ငံ ပုံစံ ဘုန်းတော်ကြီးကျောင်း ဖြစ်ပြီး၊ တည်ဆောက်ပြီးသည့် အချိန်မှ စ၍ ဗမာပြည်မှ စေလွှတ်ထားသည့် ဆရာတော်မြတ် သီတင်းသုံး နေထိုင်တော် မူလာခဲ့ပါသည်။ ထို့နောက် ဒုတိယကမ္ဘာ စစ်ကြီးမှာ အနစ်နာ ခံစားခဲ့ရသော သူတို့၏ လှူဒါန်းမှုနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဆုတောင်း မေတ္တာ ပို့သရာ နေရာတစ်ခု အနေဖြင့် လည်းကောင်း၊ တဖန် ဂျပန် နိုင်ငံတွင်းသို့ ဗမာနိုင်ငံ၏ ဗုဒ္ဓဘာသာ ပြန့်ပွားရေး ခြေကုပ်ဌာန အဖြစ်ဖြင့် လည်းကောင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဒေသ ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ထောက်ပံ့ ကူညီမှု တို့ကို ရယူကာ အတိတ် ဆိုသော နှစ်ပေါင်း ၅၀ ကျော်ကို ဖြတ်သန်း လာလျှက် ယနေ့ထက်တိုင် ရပ်တည်လျှက် ရှိနေပါသည်။

ကျွန်တော် တို့သည် မတူညီတဲ့ ရိုးရာ ကိုယ်းကွယ်သည့် ဘာသာ ဖြစ်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ တရားတော် များကို ဂျပန် နိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့ပွားအောင် ဆောင်ရွက် ပေးခဲ့သော လူကြီးမင်း အပေါင်း တို့မှာ ဆိုဖွယ်ရာ မရှိအောင် ကျေးဇူးတရားကြီးမားလှပြီး၊ ဘုရား ကျောင်းကန် စသည့် သာသနိက အဆောက်အဦများ ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဆရာတော်များ၏ ပစ္စည်း လေးပါးမှ အစ ယနေ့ ထက်တိုင် ကြိုးပမ်း အားထုတ် ပေးခဲ့သော ပုဂ္ဂိုလ် အပေါင်း တို့အား အလေးအမြတ် ပြုပါကြောင်း ပြောကြား လိုပါသည်။ ကမ္ဘာ့ ငြိမ်းချမ်းရေးဘုရားရဲ့ ရာစု နှစ်ဝက်ကျော် ဖြတ်သန်း လျှောက်လှမ်း လာနိုင်ခဲ့ခြင်းဟာ အာရှ ပစိဖိတ် စစ်ပွဲကြီး အပြီး နောက်ပိုင်း ဂျပန် မြန်မာ နှစ်နိုင်ငံ လုပ်သား ပြည်သူများ ပေါင်းကူး ဆက်ဆံရေးတို့၏ တစ်ခုတည်းသော အမှတ် သင်္ကေတ ဖြစ်ပြီး၊ အလွန် တန်ဘိုးကြီးသော အမွေအနှစ်ပင် ဖြစ်ကြောင်း မှတ်ယူမိသည်။

သို့သော်လည်း ယနေ့ အဆိုပါ ဘုန်းတော်ကြီးကျောင်းရဲ့ ဆက်လက်ရပ်တည်မှုအတွက် အန္တရာယ်များနှင့် ရင်ဆိုင်နေရပါသည်။ RFA ဗမာစာအသံလွှင့်ဌာနက ကြိုတင်လွှင့်ထုတ်ထားပြီဖြစ်ပြီး၊ ယခုလက်ရှိ ဘုန်းတော်ကြီးကျောင်းတွင်သတင်းသုံးနေထိုင်နေသော ဆရာတော်များ၊ ဆက်နွယ်ရာ ပုဂ္ဂိုလ်များ၏ ပြောစကား အရ၊ ဘာသာရေး ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အလုပ် အမှုဆောင်အဖွဲ့ အတွင်းမှာ သာသနိက အဆောက်အဦးများ ဖျက်သိမ်းရန် အတွက် အပြင်းအထန် အရေး ဆိုနေသည့် သဘောများ ရှိနေပါသည်။ ၄င်းအပြင် မကြာသေးမီက စေတီ တစ်ခုလုံးကို ပိတ်ဆို့ရုတ်သိမ်းပစ်ရုံသာမက၊ အဆိုပါ ဆရာတော် ၂ ပါး မှာလည်း ယခုလ ၂၅ ရက်နေ့ အထိ ပစ်ခွာ ရှောင်ဖယ် နေပါတော့သည်။ ၄င်း အမှုကိစ္စနှင့် ပတ်သက်ပြီး RFA ၏ ထုတ်လွှင့်ချက်ကို အကြောင်းပြု၍ ဂျပန်နိုင်ငံရောက် ဗမာ လူမျိုးများကြားမှာလည်း စိုးရိမ်ကြောင့်ကြမှု ပြောဆိုသံများ ပျံ့နှံ့နေပါသည်။ အနယ်နယ် အရပ်ရပ်၊ တိုကျိုမြို့ရှိ မြန်မာ သံရုံးနှင့် မြန်မာ နိုင်ငံ အစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များပါ ၎င်းပြဿနာကို သေချာ ကိုင်တွယ် ဖြေရှင်း နေကြရပြီး၊ အဆောက်အဦ များရဲ့ အနာဂါတ် အရေးနဲ့ ဆရာတော်များ အတွက် မျှတ ညီညွတ်စေရန် သိသိ သာသာ ဆောင်ရွက် မပေးနိုင်သေး ဖြစ်နေပါသည်။

ဦးနု အစိုးရရဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ မူဝါဒနှင့် ပတ်သက်ပြီး လူကြီးမင်း တို့၏ တန်ဘိုးထားမှုလည်းပဲ မည်သို့မျှ မတူညီပါလို့ ယုံကြည်သည်။ သို့သော်လည်း ဗမာနိုင်ငံ အနေနဲ့လည်း သိရှိပြီးဖြစ်သည့် အဆိုပါ MOJI မှ ဘုရား စေတီဟာ ဂျပန် မြန်မာ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး သမိုင်းကြောင်း တစ်လျှောက်မှာ နောက်ထပ် ဘယ်လိုမှ အစားထိုး မရနိုင်တော့တဲ့ နေရာ ဖြစ်တယ် ဆိုတာ အသေအချာ ပြောနိုင်ပါသည်။ အဆောက်အဦများဟာ ဗမာပြည် စစ်လမ်းကြောင်းသို့ များစွာသော တပ်သားများကို ပို့လွှတ်တဲ့ Moji ဆိပ်ကမ်းကို အပေါ်မှ မြင်နိုင်သည့် TAKADAI မှာ တည်ရှိကာ၊ စစ်အတွင်းမှ အနစ်နာခံ ဆုံးရှုံးခဲ့ရသူများ အတွက် အမျှပေးဝေမှုအဓိပ္ပါယ်များလည်း ပါဝင်ကိန်းအောင်းနေပါသည်။ ထိုကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ အားဖြင့် လည်းကောင်း၊ သမိုင်းကြောင်း ဆိုင်ရာ အားဖြင့် လည်းကောင်း တင်ဘိုးကြီးမားလှသော နေရာတစ် ခုသည် ပြီးပြည့်စုံ လုံလောက်သော ဆွေးနွေးမှု အလျဉ်း မရှိစွာဖြင့် တစ်ဖက်သတ် ပိတ်ဆို့ ရုပ်သိမ်းခံ ရခြင်းဟာ မည်သို့မျှ မစဉ်းစားနိုင် ဖြစ်ရသည်။ အကယ်၍ ရုပ်သိမ်းမည်ဟု ဆိုခဲ့ပါလျင် ပြန်လည် တည်ဆောက်ဖို့ ဆိုသည်မှာ လက်တွေ့တွင် မည်သို့မျှ မဖြစ်နိုင်ပါ။

MOJI မှာ တည်ရှိသည့် ကမ္ဘာ့ငြိမ်းချမ်းရေး ဘုရားသည် ဂျပန် နိုင်ငံနှင့် ဗမာ နိုင်ငံကြားမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ဗဟိုပြု၍ ချစ်ကြည်ရေးတို့ကို ပိုမို နက်ရှိုင်းစေပြီး၊ လူသား အားလုံး၏ သာယာ ချမ်းမြေ့မှုနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို တောင်းဆုပြုပြီး နှစ်နိုင်ငံ ပြည်သူ အများရဲ့ စိတ်ရင်း စေတနာ ကောင်းမှုတို့ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဆိုကြပါသည်။ ကျွန်တော် တို့သည် ဂျပန် မြန်မာ နှစ်နိုင်ငံနှင့် ကမ္ဘာ့ လူသား အားလုံးကို ဦးတည်၍ ယခု ပြဿနာရဲ့ ရင်းမြစ်ကို တိုင်ကြားခြင်းနှင့် အတူ ကမ္ဘာ့ ငြိမ်ချမ်းရေး ဘုရားလို့ ခေါ်သော ဂျပန် မြန်မာ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ချစ်ကြည်ရေး အတွက် အစားထိုးမရနိုင်တဲ့ အမွေအနှစ်ကို ကာကွယ် စောင့်ထိန်းဖို့ အတွက် ဂျပန် မြန်မာ နှစ်နိုင်ငံ အစိုးရများမှ စေတနာ ထက်သန် တာဝန် ကျေပွန်စွာ ဆောင်ရွက် ပေးနိုင်သည် အထိ တင်ပြတိုင်ကြားသွားမည်ဖြစ်ပါသည်။ ၄င်းအပြင် အဓိက သက်ဆိုင်နေပါသော ဆရာ တော်များအားလည်း ကမ္ဘာ့ ငြိမ်းချမ်းရေး ဘုရား ဆက်လက် တည်တဲ့ခိုင်မြဲ နေစေရေး အတွက် အကူအညီ ပေးကြပါရန် အနူးအညွတ် မေတ္တာ ရပ်ခံ တောင်းခံ အပ်ပြီး၊ တဖက် တလမ်းမှ အစွမ်းကုန် ကြိုးစားဆောင်ကြဉ်း ပေးကြလိမ့်မည်လို့လည်း ယုံကြည်ပါသည်။

အသေးစိပ် သိရှိလိုပါက အောက်ပါ အတိုင်း မေးမြန်း နိုင်ပါသည်။
Umashima shokei ( ဆရာတော် Ph: 090 – 3958 – 3743 )
Moriyatomoe ( Hannandaigaku kyoju) ( tmoriya@hannan-u.ac.jp )

သာသနာပြုနိုင်ကြပါစေ
မေတ္တာအနန္တဖြင့်
သောင်းနိုင်ဦး (ဧည့်လမ်းညွှန်)
မန္တလေး
===========================================================
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, August 24, 2011

PULANG KE NEGARA ASAL = Return To Country Origin

To : Allen Vernon & all UNHCR personnel concerned
The UN Refugee Agency, Malaysia

Dear, Representative, Officers, Officers in Charge, Coordinators and all UNHCR personnel concerned at the respective Departments in UNHCR, Malaysia,

Kindly would I like to beg for my request to you all that UNHCR have to make clear information to all the Refugees who are presently holding UNHCR Reg-Cards and UNHCR Reg-Documents about whether the Refugee have to take photos and finger prints at Putrajaya Immigration Center, Kuala lumpur, Malaysia or not.


As a result that yesterday setting off UNHCR & Malaysia Finger-Prints program to all the Burmese ethnical Refugees in Malaysia make them all in trouble in Malaysia, UNHCR surely should give announcement in no time.

Because yesterday, at there, Malaysia Police’ Immigration and Relar Police beat some refugees including children, their mothers, old refugees, a lot of boys and girls at the mob crowd due to mismanagement of Malaysia UNHCR and when they've got their papers from Immigration, mostly their papers say "PULANG KE NEGARA ASAL" meaning "Returning Home" or "Leaving" or "Coming back native country."

If that so, what is UNHCR playing roles in Refugees to protect and care turns up-side-down to the wicked tool of Immigration Center, Malaysia? Does UNHCR itself put all Burmese ethnical Refugees in Malaysia into Malaysia Jail? Are these Refugees exiled by both evil spirits and plots of UNHCR and Malaysia Immigration?

What is the role of UNHCR in the international human right affairs and Refugees affairs? Do UNHCR and UNOs also smear themselves at the stage of world peace?

Thus, just in case I submit some real Immigration Issued-paper to a refugee with 6-P WORK PERMIT Form to match with each other to all UNHCR personnel concerned.

Besides UNHCR Malaysia instruct all Community-based Refugees to take finger prints at and UNHCR does not release other personal-case UNHCR card-holders how to do it exactly, UNHCR give forces to drive away all Refugees in Malaysia (?).

UNHCR Malaysia is obliged to take every responsibility of the situation demanded on Burmese ethnical Refugees Issue in Malaysia.
If so, are we all put into jail or exile? Come to think of it! How UNHCR grant the sense of International Care and Protection to all Burmese ethnical Refugees and Asylum-seekers in Malaysia?

All the Refugees including me are looking forward to hearing good news from UNHCR Malaysia personnel concerned.

Thanks
Kind regards

yours sincerely

Mr. Myat Ko Ko (UNHCR Refugees-Reg-Card-Number-Holder)ကာယကံရှင်၏ လုံခြုံရေး အတွက်ကြောင့် ဓါတ်ပုံ နှင့် နံပါတ်များအား ပြုပြင်ထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, July 04, 2010

ခမောက် ဆင်တူယိုးမှား ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြစို့

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 29, 2010

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR

မေလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Chinese Assembly Hall တွင် UNHCR မှ မြန်မာ ဒုက္ခသည်အဖွဲ့အစည်းများကို တွေ့ဆုံ၍ မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဆွေးနွေးခဲ့သည်။

UNHCR ၏ Community Development Unit (CDU) အနေနှင့် မလေးရှားရောက် UNHCR ကဒ်ရထားသူ မြန် မာဒုက္ခသည်များအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် မလေးရှားအာဏာပိုင်များနှင့် တိုင်ပင်ဆွေး နွေးနေကြောင်းနှင့် ရလဒ်ကောင်းတွေရလာနိုင်ကြောင်းပြောကြားခဲ့သည်။ CDU မှ မြန်မာဒုက္ခသည်အဖွဲ့အစည်း များကို ပြောကြားရာတွင် UNHCR ကဒ်ရရှိထားပြီး အလုပ်လုပ်ကိုင်နေသူများ၊ အလုပ်မဲ့နေသူ ဒုက္ခသည်များ၏ နာမည်၊ စာရင်း၊ အလုပ်လုပ်ကိုင်ရာနေရာ၊ ဆက်သွယ်ရန်လိပ်စာ စသည့်အချက်များပါသည့် စာရင်းကို UNHCR သို့ပေးပို့ပေးကြရန် ပါဝင်သည်။
UNHCR ၏ မြန်မာဒုက္ခသည်များ အလုပ်အကိုင်ရရှိရေးအတွက် ကူညီဆောက်ရွက်ပေးမှုသည် ကောင်းမွန်သော အစီအစဉ်ဖြစ်ပေမယ့် မလေးရှား uNHCR အရာရှိတစ်ချို့ အထူးသဖြင့် Registration Unit ၏ ခွဲခြားဆက်ဆံမှု များကြောင့် အခက်အခဲ အကန့်အသတ်များရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) ဥက္ကဌ ဦးမောင်လှက အစည်းအဝေးတွင် ပြောကြားရာတွင် “ အလုပ်အကိုင်ရရှိရေးအတွက် UNHCR မှ ယခုလို ကူညီဆောင်ရွက်နေခြင်းသည် ၀မ်းသာ စရာကောင်းသည်။ သို့သော် UNHCR ကဒ်ရရှိထားသူများအတွက်သာဖြစ်နေပြီး ဒုက္ခသည်ဖြစ်ထိုက်ပေမယ့် UNHCR Registration တွင် နာမည်စာရင်းသွင်းဖို့တောင် အခွင့်အရေး မရကြသော မြန်မာဒုက္ခသည်များအဖို့ အင်မတန်ဝမ်းနည်းစရာကောင်းနေပါတယ် ” ဟု ပြောဆိုသွားသည်။

မလေးရှား UNHCR ၏ ခွဲခြားဆက်ဆံနေမှုနှင့်ပတ်သတ်၍ ဦးမောင်လှက “ ယခုအခါ မလေးရှား UNHCR အရာ ရှိတစ်ချို့၏ မြန်မာလူမျိုးအချင်းချင်းအပေါ် သွေးခွဲနေခြင်း၊ ခွဲခြားဆက်ဆံနေမှုများသည် လုံးဝလက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ဗမာလူမျိုးအပါအ၀င် အချို့မြန်မာအဖွဲ့အစည်းများမှာ UNHCR ကဒ်ရဖို့ဝေးစွ၊ Registration လုပ်ခွင့်မရသည်မှာ ၃ နှစ်ကျော်နေပြီဖြစ်ကြောင်း၊ ဒါဟာ လုံးဝ မတရားသက်သက် ဖိနှိပ်၊ အနိုင်ကျင့်တာ ဖြစ် ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

UNHCR အနေနဲ့ မလေးအာဏာပိုင်များ နှင့် ဆွေးနွေး၍ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရင်တောင်မှ UNHCR ကဒ်မရသေးသော မြန်မာဒုက္ခသည်များမှာ ဘာအခွင့်အရေးမှ မရသည့်အပြင် မလေးအာဏာပိုင်များ၏ အတင်း အကြပ်ဖမ်းဆီးထောင်ချ အပြစ်ပေးခြင်းကို ပိုမိုခံရနိုင်ဖွယ်ရှိနေသည်ဟု စိုးရိမ်မှုများလည်းရှိသည်။ ထို့ပြင် ဒုက္ခ သည်ချင်းအတူတူ UNHCR ကဒ်ရရှိထားသူများ နှင့် UNHCR ကဒ်မရသေးသောသူများကြား ကွာဟချက်လည်း အလွန်ကြီးများသွားမည်။

ဒီလိုမြန်မာဒုက္ခသည်အချင်းချင်းမညီမျှမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်ရတာဟာ မလေးရှား UNHCR အရာရှိတစ် ချို့ရဲ့ မတရားခွဲခြားမှုကြောင့်ဘဲဖြစ်တယ်။ မလေးရှား အစိုးရက လူသားချင်းစာနာလို့ တရားဝင်လုပ်ကိုင်ခွင့် ပြု လာရင်တောင်မှ မလေးရှား UNHCR အရာရှိတစ်ချို့ရဲ့ နှစ်ရှည်လများ ခွဲခြားဆက်ဆံမှုတွေကြောင့် UNHCR ကဒ်ရထားတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေကျတော့ အလုပ်အကိုင်တွေရစေ၊ သူတို့ UNHCR ကဒ်မပေးတဲ့ ဗ မာလူမျိုးတွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကျတော့ ထောင်ကျစေ သ ဘောဖြစ်နေပြီ။

မလေးရှား UNHCR က ဗမာလူမျိုး နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဗမာတွေကို UNHCR စာရင်းပေးသွင်းခွင့်မရတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။

တစ်ချို့ UNHCR အရာရှိတွေကဆိုရင် “ မင်းတို့ကဗမာ၊ အစိုးရကလည်းဗမာ၊ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရဟာလည်း ဗုဒ္ဓဘာသာအစိုးရ၊ ဒါကြောင့် မြန်မာပြည်မှာ မင်းတို့ကို အစိုးရက မနှိပ်စက်ဘူး၊ မင်းတို့အနေနဲ့ အချိန်မရွေးပြန်သွားလို့ရတယ် ” လို့ ပြောတာတွေရှိပါတယ်။ ဒီလို ယုတ္တိမရှိတဲ့ ပြောကြားမှုတွေနှင့်ပတ်သတ်ပြီး ကျနော့်မှာ အထောက်အထားတွေရှိပါတယ် ” ဟု BRO ဥက္ကဌ ဦမောင်လှက ဆိုသည်။

အစည်းအဝေးတွင် CDU မှ တာဝန်ရှိသူများက မိမိတို့အနေနဲ့ UNHCR Registration Unit နဲ့ ဆွေးနွေးတိုင်ပင် မည်ဖြစ်ကြောင်း နှင့် မြန်မာဒုက္ခသည်အဖွဲ့အစည်းများ၏ ဆွေးနွေးတင်ပြမှုများကို အလေးထားပါကြောင်း ပြော ကြားခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းများမှ မိမိတို့၏ အဖွဲ့ဝင်များ၏ အမည်၊ နေရပ်လိပ်စာ၊ ရောက်ရှိရာနေရာ၊ အ လုပ်ရှိလျှင် အလုပ်၏လိပ်စာ စသည့်အချက်အလက်များပါသော စာရင်းကို ပို့ပေးပါရန်လည်း ပြောကြားခဲ့သည်။

မလေးရှား UNHCR ၏ အဖွဲ့အစည်းများ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား၊ အနိုင်ကျင့်တတ်ပုံနှင့်ပတ်သတ်၍ BRO ဥက္ကဌ ဦးမောင်လှက ယခုလိုပြောပြခဲ့သည်။

“ ကျနော်တို့အနေနဲ့ UNHCR ရဲ့ ဂုဏ်သိက္ခာကိုလေးစားပြီး မလေးရှား UNHCR ရဲ့ Registration Unit က ယခု လိုဘဲ ကျနော်တို့ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) အဖွဲ့ဝင်တွေရဲ့ နာမည်၊ လိပ်စာ၊ ရောက်ရှိရာနေရာ၊ မလေးရှားရောက်သည့်နှစ်၊ အိမ်ထောင်ရှိ/မရှိ အစရှိသဖြင့် အချက်အလက်များပါတဲ့ စာရင်းကို ၂၀၁၀ ဖေဖော် ၀ါရီလဆန်းပိုင်းနောက်ဆုံးထားပို့ပေးရန် အကြောင်းကြားခဲ့သည်။ UNHCR ပြောတဲ့အတိုင်း ကျနော်တို့ အချိန်မီ ပို့ပေးနိုင်ခဲ့တယ်။ ဒီအဖွဲ့ဝင်တွေကို UNHCR စာရင်းသွင်းပြုလုပ်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်။

BRO အနေနဲ့လည်း UNHCR ရဲ့ ဂုဏ်သိက္ခာကို လေးစားတာကြောင့် သူတို့ပေးထားတဲ့ ကတိကိုယုံကြည်ခဲ့မိ တယ်။ သို့သော် အချိန်အတော်ကြာတဲ့အထိ မျှော်လင့်နေခဲ့သော်လည်း ဘာမှအကြောင်းပြန်ကြားခြင်းမရှိတာ ကြောင့် ကျနော်ကိုယ်တိုင်သွားရောက် စုံစမ်းမေးမြန်းတဲ့အခါ UNHCR အရာရှိရဲ့ တုံ့ပြန်ချက်ဟာ လုံးဝကို အံ့ အားသင့် တုန်လှုပ်သွားခဲ့ရပါတယ်။

UNHCR Registration အရာရှိက “ ငါတို့မင်းတို့အဖွဲ့ဝင်စာရင်းကို မလေးရှား Immigration(လူဝင်မှုကြီးကြပ် ရေး) ဌာနကို ပေးပို့ထားတယ်လို့ ” ကျနော့်ကိုပြောတယ်။ UNHCR လိုအဖွဲ့အစည်းမှာ ဒုက္ခသည်အဖြစ်လျှောက် ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မလေးရှားအာဏာပိုင်တွေကို ပေးပို့လိုက်တာဟာ ဗမာလူမျိုး ဒုက္ခသည်တွေ သက်သက်ဖမ်းဆီးထောင်ချစေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုဖြစ်နေတယ်။ ပြီးတော့ ယုံ ကြည်မှုကို အလွဲသုံးစားလုပ်လိုက်တာလေ။


အခုလည်း မလေးရှား UNHCR ရဲ့ စီမံကိန်းတွေဟာ UNHCR ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်မရတဲ့ ကျနော်တို့ BRO အဖွဲ့ဝင်တွေနဲ့ အခြား UNHCR ရဲ့ခွဲခြားဆက်ဆံ၊ ဖိနှိပ်၊ အနိုင်ကျင့်ခံနေရတဲ့ ဒုက္ခသည်တွေအတွက်တော့ “ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR ရယ် ” လို့ဘဲ မေးရမလိုဖြစ်နေပါတော့တယ်ဗျာ။ ”
ပေးပို့ပေးသူ - ခမိခဆဲ http://kamikaze-2010.blogspot.com

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 18, 2010

ဆရာဇော်ဇော်အောင်ရဲ့ အသက် ၇၃ နှစ်မြောက်မွေးနေ့ ဂုဏ်ပြုစာ

ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့်


ရေးသားပေးပို့သူ - ဏီအဲY @ ခမိခဆဲ
“ အနုပညာသမားသည် သူ့သဘာဝအရ “ ရှင်းလင်းဖွင့်ဆိုသူ ” မဟုတ်ပါ။ “ ဖန်တီးသူ ” သာဖြစ်ရပါမည်။ ” ဟု အနုပညာသဘောတရားသစ်များကို ကိုယ်တိုင်တွေးတောကြံဆသူ၊ နိုင်ငံရပ်ခြားရှိ စာပေသဘောတရား၊ သီအို ရီစသည်တို့ကို မြန်မာစာဖတ်ပရိသတ်များ ခံစားသိနိုင်အောင် နှစ်ပေါင်းများစွာကတည်းက ရေးသားပြုစုနေခဲ့သူ စာရေးဆရာ ဇော်ဇော်အောင် သည် မေလ ၁၈ ရက် ၂၀၁၀ တွင် အသက် ၇၃ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် လက်ထောက်ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဇော်ဇော်အောင် အမည်အပြင် မော်ဇော်၊ ဇော်ရဲ အောင်၊ ဇော်မြင့်သက်၊ ဇော်သလ္လာ၊ အမည်များဖြင့်လည်း မဂ္ဂဇင်းအတော်များများတွင် ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေးများကို ရေးသားလျက်ရှိသည်။

သူ၏ အသွင်းဆန်းပြီး စူးရှသော စာပေဝေဖန်ရေးသဘောတရားအမြင်များကြောင့် စာပေအနုပညာလောက တွင် ထင်ရှားလာပြီး မော်ဒန်၊ ပို့စ်မော်ဒန်သဘောတရားများ ကျယ်ပြန့်လာသည်ဟု ဆိုနိုင်သည်။

အနုပညာသည် အနုပညာအတွက် သက်သက်ဆိုတဲ့ဝါဒ ဒီနေ့မြန်မာပြည်မှာမရှိဘူး။ အဲ့ဒီဝါဒဟာ ကမ္ဘာမှာလည်း ခေတ်ကုန်သွားပြီ။ မော်ဒန်သမားများသည် အမှန်တရားဘက်မှ ရပ်ကြပါသည်ဟု ဆိုသူဖြစ်သည်။ “ ကျနော်တို့ ၏ မော်ဒန် နှင့် ပို့စ်မော်ဒန်သမားများသည် ၀ါဒတစ်ခု၊ အတွေးအခေါ်စနစ်တစ်ခု၏ လက်အောက်ခံမဟုတ်ပါ။ ဘယ်ဝါဒကိုမှ ကျနော်တို့ ဦးထိပ်ရွက်မပန်ဆင်ပါ။ ” ဟု သူ၏ စာပေ၀ါဒသဘောထားအမြင်ကို ဖော်ပြရဲသူဖြစ် သည်။

“ မြန်မာမော်ဒန်စာပေ၏ ရေသောက်မြစ်သည် လူငယ်ထု၏ ဝေဒနာပြည့်လျှမ်းသောနှလုံးသားများ ” ဖြစ်သည်။ မြန်မာမော်ဒန်သည် မြန်မာ့ရေမြေတွင် မြန်မာ့ခံစားမှု၊ မြန်မာ့ဝေဒနာကို မြန်မာ့အနုပညာသမားများမှ ရေးဖွဲ့ကြ သော အနုပညာဖြစ်သည်။ “ မြန်မာ့ခံစားမှု ” ၊ “ မြန်မာ့ဝေဒနာ ” ဟု ဖွင့်ဆိုပြသည်။ မော်ဒန်၊ ပို့စ်မော်ဒန်ကို ကျ နော်တို့ မြန်မာလူငယ်များက လွတ်လပ်စွာ ထူထောင်နေကြခြင်းသာဖြစ်သည်။ ကျနော်တို့၏ သီးခြားလက္ခဏာ မှာ လူတစ်ယောက်ခံစားရသော ခံစားမှုသာမက မြန်မာလူငယ်တစ်ယောက်ခံစားရသော ခံစားမှုအာရုံများကို လွတ်လပ်စွာ ရေးဖွဲ့ဖန်တီးခြင်းသည် အနှစ်သာရဖြစ်သည်ဟု သူ၏စာပေအမြင်ကို ရဲရဲဝင့်ဝင့် တွေးခေါ်တင်ပြ နိုင်သူဖြစ်သည်။ ဆရာက “ ၁၉၇၀ နောက်ပိုင်း လူငယ်များရေးသားသော ကဗျာ၊ ၀တ္ထုတွေကို အာရုံစိုက်လေ့ လာခံစားကြည့်တဲ့အခါ လူငယ်တွေမှာ လူကြီးတွေ ထင်ထားတာထက် ဝေဒနာတွေ ပိုများနေတာတွေ့ရတယ် ” ဟု ပြောခဲ့သည်။
စာရေးဆရာ အနုပညာသမားက တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ့တွင် ဖြစ်ပေါ်လာသော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီးရေးသားလိုက်သော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီး ရေးသားလိုက်သောစာကို “ စာပေ (သို့) စာပေအနုပညာပစ္စည်း (Literature Art) ” ဟုခေါ်ဆိုရပါမည်ဟု အဓိ ပ္ပါယ်ဖွင့်ဆိုချက် အသစ်ကို ဖွင့်ဆိုပြသည်။ သူ၏ “ ၀တ္ထုအကြောင်းစာပေါင်းစာတမ်း ” တွင် “ အနုပညာသမား တစ်ယောက်အဖို့ အရေးကြီးဆုံးက သူ့ရင်ထဲဖြစ်ပေါ်လာသော ခံစားမှုကို သူရေးချင်သောအခါ ရေးချင်သလို ရေးချလိုက်ဖို့ပင်ဖြစ်သည် ” ဟု သူ၏ အနုပညာခံယူချက်ကို ဖော်ပြထားသည်။

ယနေ့မြန်မာစာပေလောကတွင် အငြင်းပွားဖွယ်၊ နားလည်ရခက်နေသော မော်ဒန်၊ ပို့စ်မော်ဒန် စာပေသဘောတ ရားသီအိုရီအမြင်များ နှင့်ပတ်သတ်၍ သူ၏ “ ဇော်ဇော်အောင်ဖတ်စာ ” တွင် အတော်အတန်ဖွင့်ဆိုရှင်းပြထား သည်။ နိုင်ငံရပ်ခြားရှိ စာပေသဘောတရားများနှင့်လည်း ထိစပ်ခံစားနားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်း ပြနိုင်သူဖြစ်သည်။

မော်ဒန် မှ ပို့စ်မော်ဒန်ပြောင်းလဲလာသည်နှင့်ပတ်သတ်၍ ဆရာက အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူ ငယ်တန်းအောင်မှ ပထမတန်းတတ်ရမည်ဆိုသော ကိစ္စနှင့် မတူကြောင်းနှင့် ပို့စ်မော်ဒန်၏လောကအမြင်သည် “ ရှိမှု ” (Modes of Being) ပေါ်တွင် မူတည်ကြောင်း ယုံကြည်သူဖြစ်သည်။

မော်ဒန်တွေ၊ ပို့စ်မော်ဒန်တွေသည် တိုင်းတစ်ပါးမှ သွင်းလာသောမှောင်ခိုပစ္စည်းဖြစ်သည်ဆိုသောသူများရှိ၏။ မော်ဒန်၊ ပို့စ်မော်ဒန်အယူအဆများကို ကျနော်တို့ တင်သွင်းယူဆောင်လာခြင်းမဟုတ်။ ကမ္ဘာပေါ်မှာ ပြောင်းလဲ ဖြစ်ပေါ်နေသော ခေတ်တစ်ခေတ်တစ်ခုအတွင်း “ အချိန်ခရီးသည်များဖြစ်ကြသော ကျနော်တို့က တိုးဝင်ရောက် ရှိသွားခြင်းသာဖြစ်သည်။ ကျနော်တို့က ယူဆောင်မလာ၊ သူတို့ရှိရာသို့ ကျနော်တို့ရောက်ရှိသွားခြင်းဖြစ်၏ ” ဟု သုံးသပ်ခဲ့သည်။

ယင်းအမြင်နှင့်ပတ်သတ်၍ ပြောကြားရာတွင် “ ကျနော်က ၁၉၉၅-၉၆ မှာ သရဖူမဂ္ဂဇင်းမှာ မော်ဒန်အကြောင်း စရေးခဲ့တယ်။ အဲ့ဒါကို တင်းသွင်းတယ်ထင်လို့ ပြောဆိုစွပ်စွဲကြရင်တော့ ကျနော်မငြင်းပါဘူး။ ဒါပေမယ့် ဓါတ် မြေသြဇာတွေ တင်သွင်းသလိုတော့မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာ ရှိပြီးသား မွန်းကြပ်မှု၊ ပိတ်လှောင်မှု၊ ချုပ် ကိုင်မှုတွေကြောင့်သာ မော်ဒန်၊ ပို့စ်မော်ဒန်က ပိုပြီး အသက်ဝင်လာတာပါဗျာ ” ဟုဆိုသည်။

လူငယ်တွေကို အားပေးရန်လိုလားသောဆရာသည် ယခုသော်လည်း လူငယ်များနှင့်စပ်လျဉ်း၍ သူ၏အမြင်ကို ပြောကြားရာတွင်
“ ကျနော်လူငယ်တွေကို ယုံတယ်၊ သူတို့တွေမှာ မှားတယ်ဆိုတာသိပ်မရှိကြ ဘူး။ သမိုင်းအ ကွေ့တွေဟာ လူငယ်တွေဟာ မှန်တဲ့ဘက်ကရပ်တည်တာများတယ်။ ကျနော်က ကျောင်းဆရာဆိုတော့ လူငယ် တွေနဲ့ အနေနီးတာလည်းပါမယ်။ လူငယ်တွေကို အခင်းအကျင်းတွေ၊ လမ်းကြောင်းတွေ ဖောက်ပေးရမယ်၊ အဲ့ဒါ တွေဟာ လူကြီးတွေရဲ့တာဝန်ပဲဗျ။ ”

“ သီချင်းဆိုချင်သူတွေဆိုပါစေ၊ စာရေးချင်သူတွေရေးပါစေ၊ က ချင်သူတွေ က ပါစေ၊ ဆိုတာ မှားရင်မှားမယ်။ ရေးတာ အမှားပါရင်ပါမယ်။ က တာ ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် သူတို့ရဲ့ အမှားတွေဟာ လောကကြီး အမှောင်ကျသွားမယ်။ ဒုက္ခရောက်သွားလိမ့်မယ်မဟုတ်ဘူး။ လူငယ်တွေဟာ မဟုတ်တာတော့ လုပ်မှာမဟုတ် ဘူးလို့ ကျနော်ယုံကြည်ပါတယ် ” လို့ ဆိုသည်။

ကျနော်တို့အခေါ် ကိုရဲ(ခ)ဆရာသစ္စာနီ နှင့် ဆရာဇော်ဇော်အောင်


ပို့စ်မော်ဒန်တို့၏ လောကအတွင်းက အစစ်အမှန်တို့များပြားရှုပ်ထွေးနေသောကြောင့် သူတို့လောကသည်လည်း မြောက်မြားရှုပ်ထွေးနေပါတယ်။ ဆရာက “ ပို့စ်မော်ဒန်လောကကတော့ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် ကျနော် တို့ဆီမှာက ရှင်းနေပါတယ်။ အဲ့ဒီလောက်မရှုပ်ပါဘူး။ ပို့စ်မော်ဒန်သဘောတရားသီအိုရီကသာ ရှုပ်နေတာပါ။ ကျနော်တို့ဆီမှာ ပစ္စုပ္ပန်ကော၊ အနာဂါတ်ကော၊ အင်မတန်မှ ရှင်းနေပါတယ် ” ဟု ဆိုခဲ့သည်။

မော်ဒန်၊ အထူးသဖြင့် ပို့စ်မော်ဒန်သမားသည် ဘာသာစကား၏ မပြည့်စုံမှု၊ အားနည်းမှုကို သိမြင်လာကြသည်။ သူတို့ အဓိကလောကအမြင်နှစ်ခုအဖြစ် ရှိမှုမသေချာခြင်း (Ontological Uncertainty) နှင့် ဗဟိုချက်မဲ့ခြင်း (Theme of Absent Center / Decentred) ဟု ဆရာကဆိုသည်။ မော်ဒန်၊ ပို့စ်မော်ဒန်သမားများသည် သူတို့ ယုံကြည်မှုလျော့ပါးနေသော ဘာသာစကား Medium ဖြင့်လောကကို သူတို့မြင်သည့်အတိုင်းရေးဖွဲ့ကြသည်။ အစဉ်အလာ စည်းမျဉ်းစည်းကမ်းတွေ၊ နှုန်းစံတွေ၊ လိုက်နာရမည့်ဥပဒေသတွေ စတာတွေကို စွန့်ပစ်လိုက်ကြ သည်။

ပို့စ်မော်ဒန်အမြင်ကိုလက်ခံရခြင်းနှင့်ပတ်သတ်၍ ဆရာက “ ကျနော်က ဗဟိုချက်(Center) ဆိုသော ဖိနှိပ်တဲ့သ ဘော၊ နှိပ်ကွပ်တယ်ဆိုတဲ့သဘောကို တွေ့နေရတော့ ဒီ ဗဟိုချက်သဘောထားကို မနှစ်သက်ဘူး။ ဒါကြောင့် ဒီ ဗဟိုချက်မဲ့ခြင်း(Decentred) သဘောဟာ ငါတို့အခြေအနေနဲ့လိုက်မယ်ထင်လို့ ဒီပို့စ်မော်ဒန်သဘောထားကို တင်သွင်းခဲ့တာပါဘဲ ” လို့ ဆိုပါတယ်။

“ လူသတ်မှုအတွက်ထားရှိသောပုဒ်မသည် (၃၀၂) ဖြစ်သည်ဆိုပါလျှင် အတွေးအခေါ်သတ်မှုအတွက်ပုဒ်မ သည် သုံးကုဋေနှစ်ဖြစ်နိုင်စရာအကြောင်းရှိ၏။ သူတို့ ဘယ်သွားနေကြသည်လဲ ……. ” ဟု “ နိုင်တဲ့သူအကုန်ယူသွား သည် (The winner takes it all) ” ဆိုသည့် ဆရာ၏ ၀တ္ထုတိုထဲတွင် ဆိုထားသည်။

ကျနော်တို့ မြန်မာစာပေ၊ အထူးသဖြင့် မြန်မာဝတ္ထုတိုသည် မော်ဒန် မှ ပို့စ်မော်ဒန်သို့ လျင်မြန်သော အရှိန်အ ဟုန်ဖြင့် ဦးတည်ရွေ့လျားနေသည်ဟု ကျနော်ယုံကြည်ပါသည်။ ထိုသို့ဆိုလိုက်သဖြင့် စာပေလောကတွင် ဝေ ဖန်မှုများရှိခဲ့ရာ ဆရာက “ အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူငယ်တန်းအောင်မှ ပထမတန်းတက်ရမည် ဆိုသော ကိစ္စ နှင့် မတူပါ ” ဟု ချေပသည်။

ဆရာက “ ယခုအခါ ကျနော်တို့ဆီမှာ ခံနေရတဲ့လူတွေဘက်က လူတွေဘက်ကတစ်ခုခုလုပ်ဖို့ လိုနေလို့ ပို့စ် မက်စ်ဝါဒ(Post Marxism) ကို ပုံဖော်နေပါတယ်။ မက်စ်ဝါဒအမြင်များဖြင့် လေ့လာသောစာပေများ ကို ပြန် လည် စိတ်ဝင်စားတာ၊ လေ့လာတာကို ဆိုတာပါ။ အရေးကြီးတာက ခံနေရတဲ့သူတွေအတွက် စာပေဘက်က တစ်ခုခု လုပ်ပေးဖို့ ရည်ရွယ်ပါတယ် ” ဟု ဖြေကြားခဲ့ပါတယ်။

ရေးသားသူ။ ဏီဆက်
http://kamikaze-2010.blogspot.com/



အမှာစာမဟုတ်သော အမှာစာ


ဒီနေ့ မေလ ၁၈ ရက်နေ့ဟာ ကျနော်သိပ်တန်ဖိုးထားလေးစားရတဲ့ ဆရာဇော်ဇော်အောင်ရဲ့ ၇၃ နှစ်မြောက် မွေး နေ့ပါ။ ကျနော် ဆရာဇော်ဇော်အောင်နဲ့ပတ်သတ်ပြီး ရေးချင်နေတာ နှစ်အတော်ကြာပါပြီ။ အခု ဆရာဇော်ဇော် အောင်ရဲ့စာပေအမြင်တစေ့တစောင်း ဆောင်းပါးကိုလည်း မနှစ် ဧပြီလကတည်းက ရေးထားတာပါ။ ဆရာကြီး ဆီကိုလည်း အကြာကြီးဖုန်းဆက်စကားပြောပြီး ဆရာကြီးရဲ့ စာပေအမြင်တွေကို ကြားသိခွင့်ရခဲ့ပါတယ်။ နှစ် တွေ ဘယ်လိုပြောင်းပေမယ့် ကျနော်တို့ရဲ့ နိုင်ငံကြီးကတော့ မပြောင်းသေးပါ။ ရှင်းနေပါတယ်။ အတိတ်ကော၊ ပစ္စုပ္ပာန်ကော၊ အနာဂါတ်ကော။

ကျနော်ဟာ စာပေပညာရှင်၊ စာပေဝေဖန်ရေးသမားမဟုတ်တာကိုတော့ ထပ်တလဲလဲဝန်ခံပါရစေ။ ဒါပေမယ့် စာပေကိုမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ စာပေဖန်တီးသူတွေကိုလေးစားတယ်။ ဒါကြောင့်လည်း စာပေဖန် တီးသူတွေများများပေါ်ထွက်လာစေချင်ပါတယ်။ ကျနော်ကျောင်းသားဘ၀က မော်ဒန်၊ ပို့စ်မော်ဒန် ဆိုတဲ့စ ကားကို တက္ကသိုလ်ရဲ့မြေသင်းသင်းမှာလည်းကြားရတယ်။ မလေးရှားပိတောက်ရနံ့စူးစူးကြားမှာလည်း ကြားရ တယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အခုထိကောင်းကောင်း နားလည်သဘောမပေါက်နိုင်သေးပါဘူး။ မော်ဒန်၊ ပို့စ် မော်ဒန်စကားလုံးတွေနဲ့အတူ တွဲပါလာတဲ့ စကားလုံးများ ……… Decentered, Hermaneutics, Uncertainty, Deconstruction စတာတွေနဲ့အတူ ဆရာဇော်ဇော်အောင်၊ ဆရာသစ္စာနီ၊ ဆရာမြတ်သစ်၊ ဆရာဇေယျာလင်း၊ ဆရာနေမျိုး စတဲ့ ကျနော်တို့နိုင်ငံရှိ ဆရာကြီးများနာမည်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ထို့ပြင် နိုင်ငံရပ် ခြားရှိ သီအိုရီပညာရှင်ကြီးများ၏ နာမည်များနှင့်အတူ သူတို့ရဲ့ အတွေးအခေါ်၊ သီအိုရီအပိုင်းအစများလည်း ကျနော်တို့ရဲ့ ရေနွေးကြမ်းဝိုင်းထဲသို့ နည်းအမျိုးမျိုး၊ အသွင်အဖုံဖုံနဲ့ ပဲ့ကျလာကြသည်။ လွင့်ပါးလာကြသည်။

ကျနော် ဆရာဇော်ဇော်အောင်ရဲ့စာနဲ့ စတင်ရင်းနှီးခွင့်ရတာကတော့ ၂၀၀၆ ခုနှစ်တုန်းကပါ။ သူငယ်ချင်းတစ် ယောက်အိမ်မှာ ဆရာ့ရဲ့ခြောက်ဒဿမသုညတစ် ဆိုတဲ့ ပို့စ်မော်ဒန်မှတ်ချက်တစ်ချို့ပါတဲ့ စာအုပ်လေးပါ။ စာ အုပ်က အတော်အတန်ပါးပါတယ်။ ဒါပေမယ့် ကျနော့်အတွက် တော်တော်နားလည်ရခက်စေပါတယ်။ ဆရာရဲ့ အစ စကားလုံးကိုက ကျနော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ “ ကျနော်ပြောချင်တာကိုပြောပါမည် ” တဲ့။

သူငယ်ချင်းအိမ်မှာ ကမန်းကတန်းဖတ်လိုက်ရလို့ အားမရတာနဲ့ ငါ့ကိုပေးကွာဆိုပြီး ယူလာခဲ့ပါတယ်။ ပို့စ်မော် ဒန်သမားဆိုသူတွေကို ကျနော်သဘောကျတာက သူတို့ရဲ့အတွေးရဲ၊ အရေးရဲ၊ တင်ပြရဲ၊ ဖန်တီးရဲ တာပါဘဲ။ ဆ ရာဇော်ဇော်အောင် စာအုပ်တွေကိုဖတ်တဲ့အခါတိုင်း ဆရာရဲ့ သဘောတရား၊ အရေးအသားတွေမှာ အင်အား ပါတာကိုတွေ့ရပါတယ်။ အထူုးသဖြင့် ဆရာရဲ့ ရဲရဲမြင်၊ ရဲရဲပြော၊ ရဲရဲရေး ထားတဲ့ အမှာစာတွေပါဘဲ။ “ နားမ လည်ရင်မဖတ်နဲ့။ ”

ဆရာရေးဖူးတယ် ပို့စ်မော်ဒန်သမားတွေအဖို့ “ အရှိလောက၏ရှိမှုသည်လည်း မသေချာ၊ မရှိလောက၏ ရှိမှု သည်လည်း မသေချာ ” ဆိုတဲ့ အမြင်ဟာ ကျနော်တို့လို ချွတ်ခြုံကျနေသူတွေအတွက် ဖြေသိမ့်စရာလိုလို ခံစား မိခဲ့တယ်။

မည်သည့်အကြောင်းခြင်းရာ အရေးကိစ္စမဆို တစ်နေရာမှ စုစည်းချုပ်ကိုင်ထားသော အရာဟူ၍မရှိ၊ အားလုံးအ ထိန်းအကွပ်မရှိဘဲ မျောချင်ရာမျောပါနေကြသည်ဟု ပို့စ်မော်ဒန်သမားများအချို့၏ ခံယူချက်ကိုလည်း ကျနော် သဘောကျ၏။

မကျေနပ်ချက်တွေ၊ ဝေဒနာတွေအပြည့်နဲ့ ခံစားနေရသော ယနေ့ခေတ် ကျနော်တို့လို လူငယ်လူရွယ်တွေအ တွက် ဆရာဇော် စာများက ဖော်ထုတ်တင်ပြလိုစိတ်ဖြစ်လာစေသည်။ ကျနော့်လို စာပေသီအိုရီဘာမျှမသိနားမ လည်သူတောင်မှ အခုလို မိမိပြောချင်တာ၊ ရေးချင်တာကို ဖော်ထုတ်ရဲလာအောင် ဆရာ့စာများက လှုံ့ဆော်နိုင် တယ်။ ကျနော်လည်း ခံယူထားတယ်။ “ မကြိုက်ရင် မဖတ်နဲ့ ” လို့။

ကျနော်တို့ရဲ့ ခံစားချက်၊ ဖန်တီးချက်၊ အတွေးတွေကို ဘယ်သူကမှ လာရောက်ထိန်းချုပ်ခွင့်မပြုသင့်ပါဘူး။ တစ် ခုဘဲ လိုမည်… ကောက်ကျစ်တဲ့စိတ်တော့ မမွေးသင့်ဘူး။

ဆရာအတွက် အမှတ်တရရေးမယ်၊ တင်ပြမယ်၊ ဒါဘဲ ကျနော်စိတ်ရှိတယ်။ ကျနော့်အရေးအသားမှားရင်မှား နေ မယ်။ ၀ါကျအထားအသိုတွေ လွဲရင်လွဲနေမယ်။ ကျနော့်အတွေးတွေ သင်တို့နဲ့ တူချင်မှလဲတူမယ်။ မတူဖို့ ပိုများ တယ်။ ဒါပေမယ့် ကိစ္စမရှိပါ။ အားလုံး လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ အဲ့ဒါကိုက အနုပညာရဲ့ ရသ၊ အလှတစ်ခုလို့မြင်တယ်။ သင်တို့ရဲ့ အမြင်တွေကိုလည်း ရဲရဲဖော်ထုတ်ကြပါ။ ရဲရဲရေးသားကြပါ။ ရဲရဲဖန်တီးကြပါ။

အခု ကျနော် ဆရာဇော်ဇော်အောင်ဆောင်းပါးနဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ်၊ ဆရာ့စာပေသဘောထားအမြင် တွေ နဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ် ဝေဖန်ကြပါ။ ရေးသားကြပါ။ ငြင်းခုံကြပါ။ ဓါးတွေ၊ တုတ်တွေ၊ လက်တွေတော့မပါနဲ့ ပေါ့။ အခုခေတ် ပါလီမန်တွေမှာ ငြင်းခုံနေတာ၊ ထိုးကြိတ်ရန်ဖြစ်နေတာထက်တော့ ပိုပြီးသိမ်မွေ့ညင်သာ မယ် လို့တော့ ယုံကြည်ပါတယ်။ စာပေအနုပညာသမားတွေ၊ ဝေဖန်ရေးသမားတွေ၊ စာပေအပေါ်အမြင်မတော်သူ တွေအားလုံး ဆွေးနွေးကြပါ၊ ဝေဖန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆရာဇော် ဆောင်းပါးနဲ့ပတ်သတ်ပြီး ဆရာဇော်ပုံတွေကို တလေးတစားပို့ ပေးသော ပြည်တွင်းကဗျာဆရာသူ ငယ်ချင်းတစ်ဦး ကိုလည်း ကျေးဇူးတင်တယ်။ အထူးသဖြင့် ဒီ “ အမှာစာမဟုတ်သောအမှာစာ ” ကို ရေးချင်လာ အောင်၊ ရေးဖြစ်အောင်တိုက်တွန်းသော “ ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့် ” လို့ ခေါင်းစဉ်အတွက် အကြံ ပေးခဲ့သူ ကျနော်လေးစားချစ်ခင်ရတဲ့ အကိုကြီး ကဗျာဆရာသစ်ကောင်းအိမ်အား ရင်ထဲက မှတ်တမ်းတင် အပ်ပါသည်။

ဏီဆက်
၁၈ မေလ ၂၀၁၀


x x x x x x x x x x x x x x x x x x x x x


ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် )

၁၉၃၇ ခုနှစ် မေလ (၁၈) ရက်၊ ၁၂၉၉ ခုနှစ် နယုန်လဆန်း (၁၀) ရက်၊ (အင်္ဂါနေ့) ညနေ ၃း၀၀ နာရီတွင် ဖွား မြင်သည်။ ဖွားရာဇာတိချက်မြှုပ်သည် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့ဖြစ်၏။ အဖဦးဘသက်၊ အမိဒေါ်တု တို့၏ တစ်ဦးတည်းသောသားဖြစ်၏။ စစ်ကြီးအပြီးတွင် မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း (ယခု အ.ထ.က-၁) တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဆယ်တန်းအောင်၍ မန္တလေးတက္ကသိုလ်သို့ တက်ခဲ့သည်။ ရန်ကုန်တက္က သိုလ်သို့ပြောင်းရွှေ့၍ ၁၉၆၀ ခုနှစ်တွင် ၀ိဇ္ဇာမြန်မာစာဂုဏ်ထူးဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ယူကျမ်းခေါင်းစဉ်မှာ “ဇော်ဂျီ၏ ဗေဒါလမ်းကဗျာအပုဒ် (၄၀) ဖွဲ့စည်းတည်ဆောက်ပုံလေ့လာချက်” ဖြစ်၏။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနသို့ ၀င်ရောက်ခဲ့၍ ၁၉၈၉ ခုနှစ်တွင် စွန့်ခွာခဲ့ရသည်။ ၁၉၅၃ ခုနှစ်မှစ၍ စာတိုပေစက လေးများ ရေးခဲ့သည်။ ယနေ့အထိ အပျော်ဖတ်ဝတ္ထုလုံးချင်း အုပ် (၄၀) ခန့်ရေးခဲ့သည်။ စာပေသဘောတရား နှင့် စာပေဝေဖန်ရေးစာအုပ် (၂၁) အုပ် ရေးခဲ့သည်။ စာပေဆောင်းပါးများလည်း ယနေ့အထိ ရေးဆဲဖြစ်သည်။

ငယ်စဉ်က အတော်တေတေပေပေ နေခဲ့သည်။ ဘ၀တွင် အမှန်မဖြစ်စလောက်နှင့် အမှားတွေ အများကြီးလုပ် ခဲ့သည်။ ယခုအခါတွင် လိမ္မာဖို့ ကြိုးစားရင်း စာအမှန်များ ရေးသားနေဆဲဖြစ်သည်။


x x x x x x x x x x x x x x x x x x x x


“ ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် ) ” မှာ သုံးပွင့်ညီညာစာပေ မှ ထုတ်ဝေခဲ့ သော ဆရာဇော်ဇော်အောင် ၏ “ မိုးပိတောက်စကားပြေများလက်ရွေးစင်ဝတ္ထုတိုစု ” စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

ရေးသားသူ။ ဏီဆက်
http://kamikaze-2010.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

Monday, May 10, 2010

အဘဦးဝင်းတင်ပြောတဲ့ လူထုကို အခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်း



5.5.2010နေ့က အဘဦးဝင်းတင်နဲ့ other side အပါအ၀င်အင်အား စုတော်တော်များများ အစည်းအဝေးလုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ အဘဦးဝင်းတင်ပြောတဲ့ လူထုကိုအခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့အတွက် ဆွေးနွေးကြပါတယ်။

၎င်းကန်ပိန်းကို အဘဦးဝင်းတင်က ဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် 7 နယ်မှ အင်အားစုများက ပါဝင်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
လှုပ်ရှားမှုကာလကို 7.5.2010 ကနေစပြီး 7.7.2010 (7 ဇူလိုင်နေ့) အထိ သုံးလတာ သတ်မှတ်ထားပါတယ်။
လှုပ်ရှားမှုစတင်တဲ့ 7.5.2010 နေ့မှာပဲ လက်မှတ်ပေါင်း သုံးရာကျော် ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက်ခြောက်ချက်ရှိပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသော ကျောင်းသားများ အပါအ၀င်နိုင်ငံရေး အကျဉ်းသားများ ချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်ပေးရန်
၂။ 2008 ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုပြန်လည်ပြင်ဆင်ပေးရန်
၃။ 2010 ရွေးကောက်ပွဲ ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန်
၎။ 1990 ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်
၅။ 1990 ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအား လုပ်ပိုင်ခွင့်များ အပ်နှင်းရန်
၆။ NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန် တို့ ပဲဖြစ်ပါတယ်။
ရရှိလာတဲ့လက်မှတ်များကို ဘယ်ကိုမှတင်ပြမှာ မဟုတ်ပဲ လှုပ်ရှားမှုကိုဦးဆောင်တဲ့ အဘ ဦးဝင်းတင် အပါအ၀င် အဖွဲ့ဝင်များက သိမ်းထားမှာဖြစ်ပြီးတော့ မကြာခဏအနေနဲ့ မီဒီယာကနေ တဆင့် ဘယ်ရွေ့ ဘယ်မျှ ရရှိကြောင်း ကြေငြာပြီးနအဖကို မပြတ်သတိပေးသွားမှာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့များကတော့ NLD လူငယ်များ၊ youth 109 ၊2007 မျိုးဆက်ကျောင်းသားများ (ရန်ကုန်)နဲ့ အခြားဒီမိုကရေစီရေး ဆောင်ရွက်နေသူ ပြည်သူအများပါဝင်ပါတယ်။ အဖွဲ့နာမည်ကိုတော့ ရွှေဝါရောင် မျိုးဆက်ဒီမိုကရေစီ လိုလားသူများ လို့ ပေးထားပါတယ်။ နောက်ရက်တွေ အချက်အလက်တွေထပ်ရရင်ပို့ ပေးပါဦးမယ်။ ဒီသတင်းကို လဲဘလော့တွေ ဆိုက်ဒ်တွေ ပေါ်မှာဖြန့် ပေးပါ။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 04, 2010

မလေးရှားရှိ UNHCR မြန်မာလူမျိုး အချင်းအချင်းကို သွေးခွဲနေ


“ Everyone that needs to be protected, should be protected. ” “ ကာကွယ်စောင့်ရှောက်မှုခံ ယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ် ” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး ( UNHCR ) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။

အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့်ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည်ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့်အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့်ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထ၀ီသ မိုင်းကြောင်းနှင့်လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။ သူတို့ သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာစစ်တပ်တို့ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးပြီး ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရပါသည်။
ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသားလူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့်မတရားသောဆုံဖြတ်ချက်ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ
“ မတရားအပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည် ”
ဟူသော အချက်ကို လည်း ချိုးဖောက်ရာကြပါသည်။

ယခုမြန်မာနိုင်ငံတွင် အာဏာသိမ်းထားသူများမှာ စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ UN အပါအ၀င် တကမ္ဘာလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာအရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များကိုလည်း UN အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုံ့ချပြစ်တင်ထောက်ပြနေသည်မှာလည်း နှစ်ပေါင်းအ တော်ကြာပြီဖြစ်ပါသည်။

မလေးရှား UNHCR မှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင် များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့်ကင်းကွာနေပါသည်။ အနီးစပ်ဆုံးပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းနေသော ရဟန်းသံဃာများအပါအ၀င် ကျောင်းသားနှင့်လူထုကို ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းများကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတောင်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်းကာလတုန်းကပါဘဲ။ လူသိန်းနဲ့ချီသေကြေပြီး အိုးအိမ်ပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာသနားမှုမရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေးအပါအ၀င် စစ်ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေကြသည်ကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိ နေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက်အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေးဘယ်လောက်ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်းတွေ ဘယ်လောက် ရက်စက်ယုတ်မာတယ်ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံးရေးဝန်ထမ်းအထိ အားလုံးအသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့မပြယ်တဲ့ သေနတ်ပြောင်းအောက် ခက်ခက်ခဲခဲနေထိုင်ရသော မြန်မာနိုင်ငံသားအား လုံးကို စာနာနားလည်မှုမပေးနိုင်သော မလေးရှား UNHCR အရာရှိတစ်ချို့အတွက် ၀မ်းနည်းမိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့်ကမ္ဘာ့ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိ မူသင့်ပါသည်။

UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်းတို့ ကြောင့် မတရားညှင်းပန်းနှိပ်စက်အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င်လူမှုရေးအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှုခေါင်းပါးသော UNHCR အရာရှိတစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များဖြစ်ကြ ရသော မြန်မာနိုင်ငံသားအများစုမှာ အားကိုးရာမဲ့ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသားအချင်းချင်းခွဲခြားဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင်ဖြစ်ကြရရုံမက ကြင်နာနား လည်မှုကင်းသော UNHCR အရာရှိတို့၏ သားကောင်းဘ၀ဖြစ်ကြရပြီး ဘ၀ပျက်ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့်ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့်ပတ် သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ်တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြပြီဖြစ်ပါသည်။

UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့်လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကိုလက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင်ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့်နိုင်ငံမဲ့များအားလုံးကို တရားမ၀င်ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စ လင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများနေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံ ခြင်းနှင့်တရားမျှတမှုမရှိသောလုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင် သာအောင်ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာ နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့်ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသောဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက် ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက်တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင်မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံ စေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာအဖွဲ့အ စည်းများကို ချန်ထားသည့်အပြင် လာရောက်လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထားသေးသိမ်သော အရာရှိ များရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေသောအကြောင်းများလည်းရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်း ရင်းသားအဖွဲ့အစည်းများရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ် လာနိုင်ပါသည်။ စစ်ဖိနပ်အောက်နှိပ်ကွပ်ခံရတာချင်းအတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့်ကူညီစောင့် ရှောက်မှုခံရမှုတွင် ကွဲပြားခြားနားသောကြောင့်ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ်လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများကပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူး ပေါင်းကူညီဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများအပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့ ၏လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်းဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကားမပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်းအတူတူခံနေရသော ဘ၀တူလူမျိုးအချင်းချင်း ယခုလိုခွဲခြားဆက် ဆံနေခြင်းကို အမြန်ဆုံးဖြေရှင်းသင့်ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသားအားလုံး အတူတူညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်းတွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ်ညှင်းပန်းမှုကိုခံရသည့်အပြင်၊ ယခုပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသောဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူ သားစစ်စစ်ဖြစ်သောကြောင့် လူသားတိုင်းခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသောလုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင်အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့မြန်မာနိုင်ငံသားကလေးငယ်များနှင့်အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံးအမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခု ချိန်ကစပြီး အားလုံးညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာဒုက္ခသည်များ

၁၇ ဧပြီ ၂၀၁၀
ပေးပို့သူ - ခမိခဆဲ

အပြည့်အစုံသတင်းဖတ်ရန်....

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပူးပေါင်းပါဝင်ပေးကြပါ

နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ လှုပ်ရှားမှုအစီအစဉ်၊ ရည်ရွယ်ချက်နှင့် လိုအပ်သော ပစ္စည်များ ကို PDF ဖိုင်ဖြင့် ဖော်ပြထားပါသည်။ ဆက်လက်မျှဝေ တိုက်တွန်းနှိုးဆော်ပေးကြပါရန် www.humanright-myanmar.com/ မှ တိုက်တွန်းအပ်ပါသည်။
Global Day of aCtion 27 May_burmese Translation

အပြည့်အစုံသတင်းဖတ်ရန်....

Monday, April 26, 2010

ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့

ပြည်တွင်း လူမှုရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖြစ် မဲအများဆုံး ရွေးချယ်ခံရသူ ဆန်ကာတင် ၅ဦးထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ပြည်သူ့ဂုဏ်ရည်ဆုရှင် ချီးမြှင့်ခံရတဲ့အတွက် www.humanright-myanmar.com မှ လေးစားဂုဏ်ယူပါသည်။

ဦးကျော်သူအား ဆက်လတ်အားပေးသွားကြမည်ဖြစ်ပါသည်။
ပြည်သူများရဲ့အားပေးမှုကို facebook မှာ အခုလို တုံ့ပြန်ပေးထားပါတယ်။ အားပေးမှုများသည်.. ကျွန်တော့်အတွက်အားဆေးများ သောက်ရသလိုခံစားရပါတယ်။ ရှေ့ဆက်ပြီးပြည်သူ့ အတွက်ပေးဆပ်သွားရန် အသင့်ပါ။ ကျွန်တော်ရဲ့  လိပ်စာက..(၇)မိုင်၊ ပြည်သူ့ လမ်း.. ဒါကြောင့်..(၇)ရက်သားသမီးပြည်သူလူထု ကိုပေးဆပ်မည့် ..ကျော်သူ.. ဆိုတဲ့လူသားတစ်ယောက်သာ ထာဝရဖြစ်နေတော့မည်။
နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများအနေဖြင့် အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါနိုင်ပါသည်။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

အပြည့်အစုံသတင်းဖတ်ရန်....

Monday, March 01, 2010

Tribunal Invitation

Tribunal Invitation

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, January 27, 2010

နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူများသို့

နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများ အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါ။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်
။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, January 16, 2010

မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဖြစ်သောနယ်စပ်ကုန်သွယ်ရေးရှိ အကောက်ခွန်ဝန်ထမ်းများ ပြည်သူ၏ မျက်နှာကိုမကြည့်ဘဲ တဘို့တည်းသာကြည့်နေခြင်း

ကိုသီလ | အပေါ်မှာရေးထားသောစာသားများသည် အကောက်ခွန်ဝန်ထမ်းများအဖို့ တော့ရှက်ရမည့်အစား ပန်းနှင့်ပေါက်နေသလိုပင်ဖြစ်နေပါလိမ့်မည်...

အကောက်ခွန်ဌာန၏ အမျိုးမျိုးသောလာဘ်စားမှုများသည် မည်သူ့ကိုထိခိုက်စေသနည်း.. မည်မျှထိ ဆိုးကျိုးထိရောက်သနည်း… ဒီမိုမီဒီယာတွေ ဘာကြောင့်ဒီအကောက်ခွန်တွေရဲ့ လာဘ်စားမှုတွေ အမြဲလိုလို ထောက်ပြနေရတာလဲ..

အဲဒါ တွေကိုမရှင်းမီ အခုမြ၀တီမှာကြည့်မကောင်းအောင်မြင်နေရသော တရားမ၀င် ပစ္စည်းသယ်ယူမှုကို ကြည့်ပါလေ.. မြင်တတ်သူတိုင်းမြင်ပါလိမ့်မည်…
- လျှပ်စစ်ပစ္စည်းအမျိုးမျိုး
- အထည်အလိပ်အမျိုးမျိုး
- ဂတ်စ်အိုးနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး
- ကားနှင့်ပတ်သတ်သည့်စက်ပစ္စည်းအမျိုးမျိုး
- အလှကုန်အမျိုးမျိုး
- လူသုံးကုန်ပစ္စည်းမျိုးစုံ
- ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး
- ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုး
များကို မဲဆောက်တခွင် ပြဲပြဲစင်အောင် မြ၀တီမှ Light Track ၊ Town Ace၊ Hilux များတင်ဆောင်ကြသည်.. သူတို့သည် မည့်သည်အခွန်မှပေးဆောင်စရာမလိုပါ..
မည့်သည့်အစစ်အဆေးကိုမှလည်း မခံရပါ… ဘာကြောင့်ပါလဲ

ရှင်းရှင်းလေးပါ… သူတို့အကောက်ခွန်ဝန်ထမ်းများ၏ ရှိသမျှ ဒွါရခြောက်ပေါက်လုံးကို တန်ဖိုးမရှိသောပိုက်ဆံနှင့် ထိုးထားလေသည်… ကားတစ်စီး စီ တစ်ခေါက်ကို ဘတ် ၃၀၀၀ ယူပြီး အကောက်ခွန်ဝန်ထမ်းများ အိတ်မတရားဖောင်းနေကြသည်.. ကားတစ်စီးသည် တစ်နေ့ကို ၁ ခေါက်မှ ၅ ခေါက်ဝန်းကျင် ကားနောက်ခန်းပြည့်ကျပ်ပြီး ခေါင်းထောင်နေအောင် တရားမ၀င်ပစ္စည်းမျိုးစုံကိုသယ်သည်.. အဲဒီလို ကားပေါင်းစုံ၏သယ်ယူသည့်အားသည်တစ်နေ့တည်းတွင်ပင် ၁၀ ဘီးကား ၁၀ စီးစာနဲ့ညီမျှနေလေသည်… ကားအားလုံးနီးပါးသည် ပစ္စည်းကိုပုံစံမျိုးစုံနှင့် ချည်နှောင်ပြီးသယ်နေကြသည်…

တရားဝင်ပစ္စည်းသယ်ယူသည့် ကားများကိုတချက်လောက်ကြည့်ကြည့်ပါ… ဒီလိုတရားဝင်ကုန် သွယ်ခွင့်ရအောင် နေပြည်တော်ရုံးအဆင့်ဆင့်ကို လျှောက်လွာတင့်ရလေသည်… အခွန်ဆောင်ထားသည့် ကုမ္မဏီတစ်ခုကိုလည်း ထောင်ထားရသည်… ပြီးမှ ပို့ကုန်ဖြစ်သော ဆန်၊ ပြောင်း၊ နှမ်း၊ ပဲမျိုးစုံ နှင့် ပရိဘောဂ အစရှိသောပစ္စည်းများကို ပို့ရလေသည်…

ထိုပို့ကုန်ဖြစ်ဒေါ်လာရမှ သူတင်သွင်းချင်သည့် သွင်းကုန်ကို ပစ္စည်းအမည်တိတိကျကျဖော်ပြ၍ နိုင်ငံတော်က သတ်မှတ်နှုန်းထားအတိုင်း အခွန်ပေးချေပြီးမှ သွင်းခွင့်ရသည်… ထိုသွင်းကုန်သည်လည်း လျှောက်ထားပြီး ခွင့်ပြုချက်ရမှ တင်သွင်းရခြင်းဖြစ်သည်…

ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှ ပစ္စည်းတင်သွင်းလာသည့်အခါတွင်လည်း အကောက်ခွန်ဂိတ်တွင် ပစ္စည်းတစ်ခုချင်းစီ ကို လျှောက်လွာနှင့်တိုက်ဆိုင်စစ်ဆေးပါသေးသည်…
ဒီလိုဘာကြောင့်နိုင်ငံတော်ကလုပ်ရပါသလဲ…

နည်းပညာခေတ်ကြီးတွင် အင်အားကြီးနိင်ငံတွေ၏ စွန့်ပစ်ပစ္စည်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံထဲတွင် ဈေးကွက်ကြီးတစ်ခုဖြစ်လာလေသည်… သူတို့ဆီက အမှိုက်သည် ကိုယ့်ဆီမှ ရွေဖြစ်နေသည့်အခါ အလုံးအရင်းနှင့် ၀င်လာလေသည်… တိုအခါတွင် ကြောက်စရာအကောင်းဆုံး စီးပွားရေး ကျွန်ပြုမှုကြီးဖြစ်လာလေသည်… တိုင်းပြည်၏ ပိုက်ဆံသည် လုံးဝတန်ဖိုးမရှိသည့် အဆင့်ကိုထိုးဆင်းသွားသည်…

တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ တနိုင်တပိုင်ထောင်ထားသော လျှပ်စစ်စက်ရုံလေးတွေ၊ ပလပ်စတစ် စက်ရုံလေးတွေ၊ တရွာလုံးယက်ကန်းရက်ပြီး အသက်မွေးတဲ့ ယက်ကန်းစင်လေးတွေ၊ ကာယ နှင့် ဥာဏအားကိုးပြီးဆင်ထားတဲ့ ကားတွေ၊ မိတ်ကပ်၊ ပေါင်ဒါထုတ်ပြီးစားနေတဲ မိသားစုလုပ်ငန်းလေးတွေ၊ သန်လျှက်လေး၊ ရေအိုးလေးလုပ်ပြီး ခြေတိုအောင်လိုက်ရောင်းပြီး အသက်မွေး၇တဲ့ ပြည်သူ သန်းပေါင်းများစွာဟာ အလုပ်လက်မဲ့တွေဖြစ်ကုန်ပြီပေါ့ဗျာ…

ဒီလိုအလုပ်လက်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေသန်းနှင့်ချီအောင်ဖြစ်နေပါပြီ… တကယ်ကိုဖြစ်ခဲ့တဲ့အဖြစ်လေးတစ်ခုကတော့…“တရွာလုံး ဆိုင်ကယ်မှာထည့်တဲ့ စပရိန်လေးကိုထုတ်ပြီး အသက်မွေးနေတာကနေ ကုန်သည်က တရုတ်ကနေ ဖေါ်ဖေါ်သီသီနဲ့ အကောက်ခွန်ဌာနကို ပိုက်ဆံပေးပြီး တန်နဲ့ချီသွင်းလိုက်တာ ရွာလုံးကျွတ် ထမင်းအိုးကွဲသွားကြပါတယ်ဗျာ”…. အခုဆို ကားလုပ်ငန်းတွေလည်း ရပ်ဆိုင်းလုနီးပါးဖြစ်နေပါပြီ..
ဘာကြောင့်လဲဆိုတော့… ထိုင်းဘက်ကမ်းမှာ ကြောက်စရာကောင်းလောက်အောင် သူများနိုင်ငံ အမှိုက်ပုံကားတွေက တောင်လိုပုံနေပြီလေ…

ဒါကြောင့် မြ၀တီရှိ အကောက်ခွန်ဝန်ထမ်းတွေသည် သန်းကြွယ်သူဌေးဖြစ်ဖို့ အမျှော်မှန်းကြီးမှန်းနေလေပြီ.. အကောက်ခွန်ဝန်ထမ်းတွေ ကြွယ်ဝချမ်းသာဖို့အတွက် တိုင်းပြည်က လခပေးပြီးခန့်ထားသလိုတောင်ဖြစ်နေပါပြီ…

ဘယ်လောက်တောင်လဲဆိုတော့ ထိုင်းနိုင်ငံကထုတ်ပြန်သော တိုင်း - မြန်မာ ၂၀၀၉ တွင်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၂၄ သန်း ရှိခဲ့လေသည်.. သို့ပေမယ့် အကောက်ခွန် ၀န်ထမ်းများတွေ၏ လောဘဇောတိုက်ငွေများကိုပါ ထည့်သွင်းရေလိုက်ပါက အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်သွားပေလိမ့်မည်... တိုင်းပြည်ငတ်အောင်လုပ်မယ့်သူတွေကိုမှ ဒီတာဝန်ကိုပေးရလေခြင်းဗျာ...


မဖြစ်စလောက်ဘဲနဲ့ ရလိုက်သောပိုက်ဆံသည် မြန်မာပြည်သူအတတ်ပညာရှင်တွေ သန်းနှင့်ချီပြီး အလုပ်လက်မဲ့ဖြစ်စေပါသည်….တို့ထက်လည်း ခန့်မှန်း၍ မရနိုင်သော ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်ပါသည်……….

မည်သို့ပင်ဆိုစေ ၂၀၀၉ နှစ်ကုန်ခါနီးမှရောက်လာသော အကောက်ခွန်ဝန်ထမ်းများ၏ လုပ်ရပ်သည် ယုတ်မာ မိုင်းရိုင်းလှသည်… ထိုကားများသည် အရင်ကတည်းက လည်းပြေးနေသည်… အခုလည်းပြေးနေသည်… ဒါပေမယ့် ဦးတည်ချက်ချင်းမတူတော့ချေ… အရင် ကားများသည် မြန်မာပြည်သားတွေ အဆင်ပြေစေရေး ကိုဦးတည်ပေမယ့်...

အခုလက်ရှိကားများကတော့ လူသည်ပဓာနမဟုတ်… ပစ္စည်းသာ အဓိကဖြစ်နေလေပြီ… မြင်မကောင်း ရှုမကောင်းအောင်တင်ပြီး တဖက်နိုင်ငံမှထွက်သော ပစ္စည်းများကို ကိုယ့်အိမ်မှပစ္စည်းကဲ့သို့ အခေါက်ခေါက်အခါခါ ကဲ့ယူနေပုံကတော့ ဖြင့် မြ၀တီ အကောက်ခွန်ဝန်ထမ်း တွေ ဘယ်လောက်တောင် စည်းပျက်ကမ်းပျက်ဖြစ်နေပြီး ပိုက်ဆံကို ငန်းငန်းတတ်လိုချုင်နေသလဲဆိုတာကတော့ ချစ်ကြည်ရေးတံတားမှာ ကားပေါ်က အကောက်ခွန်မဲ့ တရားမ၀င် ပစ္စည်း အမြင့်သည် မြန်မာဘက်ကမ်း ချစ်ကြည်ရေးတံတားအမိုးကိုပငိနေပါတကား ရင်လေးစွာဖြင့်

ကိုသီလ

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, January 10, 2010

နအဖရဲ့  အတုအယောင် အလိမ်အညာ ကောက်ကျစ်ဟန်ဆောင်လှည့်ဖြားမယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဒီလိုပါဗျာ


တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့၊ စီစဉ်ဖေါ်ပြပေးသည့် ဒီမိုကရက်တစ်မြန်မာ့အသံနှင့် မျှဝေပေးသူ ကိုနစ် www.niknayman-niknayman.co.cc တို့အား အထူးလေးစား ကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 08, 2010

ကမ်းလင့်မယ့်လက်များဖြင့် လက်ကမ်းလို့ကူပါ

၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းကြောင့် ဆိုးရွားစွာ ပျက်စီးရသည့် နာဂစ် ဒုက္ခသည်များသည် ယနေ့အချိန်ထိ ပြန်လည် နလန်မထူနိုင်သေးကြောင်း သိရပါသည်။ ထိုနာဂစ်ဆိုင်ကလုန်း ရိုက်ခက်မှုကြောင့် အနည်းဆုံး လူတစ်သိန်းသုံးသောင်း (၁၃၀,၀၀၀) ခန့်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သည်ဟု wiki-မြန်မာတွင် ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်း စေတနာ့ဝန်ထမ်း အလုပ်သမားများ အများအပြားပေါ်ထွက်လာသလို အမြတ်ထုတ်သူများလည်း ရှိခဲ့သည်။ စစ်အုပ်စုအနေနဲ့ ပြည်သူများမည်သို့ပင် ဒုက္ခရောက်နေပါစေ လစ်လှူရှုဝံ့တယ်ဆိုတာ နာဂစ်ဒဏ်သင့်နေသည့်ကြားမှ ၂၀၀၈ ခုနှစ် အခြေခံမူကြမ်းကို မရမက ရေးဆွဲသွားတာကို ကြည့်ရင် သိနိုင်ပါသည်။ အမြတ်ထုတ်သူများနှင့် စစ်အုပ်စု၏ လစ်လှူရှုမှုများကြောင့် နာဂစ် ဒုက္ခသည်များမှာ ယနေ့တိုင် ပြန်လည်နလန်မထူနိုင်သေးခြင်းဖြစ်ကြောင်း သိရပါသည်။

နာဂစ် ဒုက္ခသည်များ ပြန်လည်နလန်ထူလာနိုင်ရေးအတွက် စာဖတ်သူ၏ အကူအညီများ လိုအပ်နေပါသည်။ ထိုကြောင့် မိမိတို့တက်နိုင်သည့်ဘက်မှ မိမိတို့၏ အဆက်အသွယ်များနှင့် ဆက်သွယ်ကာ ကမ်းလင့်မယ့်လက်များဖြင့် လက်ကမ်းလို့ကူပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 01, 2010

၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနား အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် အောင်မြင်စွာပြုလုပ်

ဖြိုးဝေ-mmp | ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ sugamo(ဆုဂါမို) ဘူတာအနီးရှိ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် ၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနားတစ်ရပ်အား ဂျပန်ဌာနခွဲ၏ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ ဦးဆောင်ကာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အရှင်ဓမ္မဇောတိ
နိုင်ငံခြားရပ်ခြားမှာသတင်းသုံးနေတဲ့ ဆရာ တော်များကို ဆက်သွယ်ဖိတ်ကြားပြီး ဒီအခမ်းအနား ကိုဖြစ်မြောက်အောင် ကြီုးစားခဲ့တာဖြစ် ကြောင်း တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ မိန့်ကြားပါသည်။ “ပြည်ပကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ/ နိုင်ငံသားတွေအနေနဲ့ ပါတီ တွေ၊ အဖွဲ့ အစည်းတွေ အမျိုးမျိုးရှိနေပေ မယ့် အားလုံးဟာ မြန်မာ လူမျိုး ဒကာ/ဒကာမတွေလို့ပဲမြင်တယ်။ ဘုန်းဘုန်းတို့ အနေနဲ့လည်း ပါတီတွေ၊ အဖွဲ့အစည်းတွေဆိုတဲ့ အဆွဲမရှိဖူး၊ ကန့်သတ်မထားဖူး အဲ့တာကြောင့် သံဃာတွေကို အမှီသဟဲ ပြုပြီးတော့ ဂျပန်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအပြင်၊ နိုင်ငံရပ်ခြားမှာ ရှိတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေကို စုစည်းစေဖို့လည်းပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံသူ/ နိုင်ငံသားအားလုံးဟာ သံဃာတော်တွေကို ဆက်သွယ်ရေး ဗဟိုကွန်တက်တစ်ခုကို ရရှိအောင် ပြုလုပ်တာပါ။”ဟု တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ မိန့်ကြားတော်မူပါသည်။

တာဝန်ခံ အရှင်ဓမ္မဇောတိနှင့် အခမ်းအနားသို့ ကြွရောက်လာ ဒကာ/ဒကာမများအား သတ်သတ်လွတ် နေ့ဆွမ်းနှင့် အချိုပွဲများ ကပ်လှူဒါန်းခဲ့ပါသည်။ “မြန်မာနိုင်ငံသူ/နိုင်ငံသားများအားလုံးကို မင်္ဂလာရှိတဲ့ နှစ်သစ်မှာ ဘေးန္တာရယ်ကင်းရှင်းစေရန်ဖို့နဲ့ နှစ် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို မတရားပြုလုပ်မဲ့ နအဖ စစ်အုပ်စုကိုလည်း မေတ္တာနဲ့ အတက်နိုင်ဆုံးသွားဖို့၊ နှစ်ပေါင်း(၂၀)ကျော်လုံးလုံး ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံကို အခြားနိုင်ငံကြီးများကဲ့ တို့ကဲ့သို့ ဒီမိုကရေစီစနစ်အမြန်ဆုံးရရှိစေရန် မေတ္တာပို့ရင်း ဆုတောင်းတဲ့ အခမ်းအနားပွဲလေး တစ်ရပ်ဖြစ်ပါတယ်”ဟု သတ်သတ်လွတ် နေ့ဆွမ်းနှင့် အချိုပွဲများ ကပ်လှူဒါန်းခဲ့သူ ဦးမြသိန်းမှ ရှင်းပြပါသည်။

အဆိုပါ ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနားတွင် တာဝန်ခံ အရှင်ဓမ္မဇောတိနှင့် အတူ ယူးဇီလန် နိုင်ငံမှ သာသနာ့ဥသျှောင်ဆရာတော် အရှင်ဦးသြဘာသ၊ ဂျာမဏီ နိုင်ငံ မှ သာသနာ့ဥသျှောင် ဆရာတော် အရှင်ဦးသောပါက၊ အင်္ဂလန်နိုင်ငံမှသာသန ဥသျှောင်ဆရာတော် အရှင်ဦးဝိန္ဒက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် (အတွင်းရေးမှူး) ဆရာတော် အရှင်ဦးထာဝရနှင့် ထိုင်းနိုင်ငံ မှ သာသနာ့ဥသျှောင် အတွင်းရေးမှူးဆရာတော် အရှင်ဦးကုဿရိယတို့မှ Online(အွန်လိုင်း)မှ တဆင့် ၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ် မေတ္တာနှင့်ကြိုဆိုသော သြ၀ါဒဂါထာများ သံဃာတော်များ ဦးဆောင်ပြီးဖြေရှင်းရန် လိုအပ်ချက်နှင့် သတိထားရှေ့ဆက်ဆောင်ရွက်သင့်သည့် အချက်များကို ဟောကြားပေးခဲ့ကြောင်းသိရပါသည်။

“အခမ်းအနား အစီအဉ်အရ ကြွရောက်လာတဲ့ ဒကာ/ဒကာမများမှ“ နမော တဿ ” (၃) ကြိမ် ရွတ်ဆိုပြီး “ငါးပါးသီလ”ခံယူခဲ့ကြတယ်။ တာဝန်ခံ ဆရာတော်နဲ့ အွန်လိုင်းမှ ဖိတ်ကြားထားတဲ့ ဆရာတော်များမှ အွန်လိုင်းမေတ္တာပို့ရခြင်း ရည်ရွယ်ချက်များနှင့် မေတ္တာနှင့်ကြိုဆိုသော သြ၀ါများ/ဒဂါထာများကို ရွတ်ဖတ်ပေးတော်မူခဲ့တယ်။”ဟု အခမ်းအနားမှူးအဖြစ် ဆောင်ရွတ်ပေးခဲ့သူ ဦးထွန်းဦးမှ ပြောပြပါသည်။

ဆက်လက်ပြီး မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနား ရည်ရွယ်ချက်နဲ့ ပါတ်သတ်ပြီး အရှင်ဓမ္မဇောတိမှ“နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသူအနေနဲ့ ကိုယ်ဟာ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် လုပ်နိုင်စွမ်းရှိမယ်၊ လုပ်နိုင်တဲ့ အခွင့်အရေးရှိမယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်မှာ တာဝန်ရှိတယ်။ အဲ့လို ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်ကိုင်သွားကြမယ် ဆိုရင် ဘုန်းဘုန်းတို့ လိုလားတောင်းတနေတဲ့ တစ်မျိုးသားလုံး လွတ်မြောက်ရေးဟာ မကြာမီအောင်မြင်မယ်လို့ ဘုန်းဘုန်းအနေနဲ့ ယုံကြည်ပါတယ်”ဟု မိန့်ကြားတော်မူပါသည်။

မေတ္တာပို့ ပြီးနောက် မင်္ဂလာအခမ်းအနားအောင်မြင်စွာပြီးမြောက်ပြီဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ အရှင်ဓမ္မဇောတိ အရှင်မြတ်မှ ကြေညာပေးပြီး လှူဒါန်းမှု အစုစုအတွက်ရေစက်ချ အမျှဝေပေးတော်မူခဲ့ကြကာ “ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုလျှက် အခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ကြပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */