“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label အထူးကဏ္ဍ. Show all posts
Showing posts with label အထူးကဏ္ဍ. Show all posts

Wednesday, August 24, 2011

PULANG KE NEGARA ASAL = Return To Country Origin

To : Allen Vernon & all UNHCR personnel concerned
The UN Refugee Agency, Malaysia

Dear, Representative, Officers, Officers in Charge, Coordinators and all UNHCR personnel concerned at the respective Departments in UNHCR, Malaysia,

Kindly would I like to beg for my request to you all that UNHCR have to make clear information to all the Refugees who are presently holding UNHCR Reg-Cards and UNHCR Reg-Documents about whether the Refugee have to take photos and finger prints at Putrajaya Immigration Center, Kuala lumpur, Malaysia or not.


As a result that yesterday setting off UNHCR & Malaysia Finger-Prints program to all the Burmese ethnical Refugees in Malaysia make them all in trouble in Malaysia, UNHCR surely should give announcement in no time.

Because yesterday, at there, Malaysia Police’ Immigration and Relar Police beat some refugees including children, their mothers, old refugees, a lot of boys and girls at the mob crowd due to mismanagement of Malaysia UNHCR and when they've got their papers from Immigration, mostly their papers say "PULANG KE NEGARA ASAL" meaning "Returning Home" or "Leaving" or "Coming back native country."

If that so, what is UNHCR playing roles in Refugees to protect and care turns up-side-down to the wicked tool of Immigration Center, Malaysia? Does UNHCR itself put all Burmese ethnical Refugees in Malaysia into Malaysia Jail? Are these Refugees exiled by both evil spirits and plots of UNHCR and Malaysia Immigration?

What is the role of UNHCR in the international human right affairs and Refugees affairs? Do UNHCR and UNOs also smear themselves at the stage of world peace?

Thus, just in case I submit some real Immigration Issued-paper to a refugee with 6-P WORK PERMIT Form to match with each other to all UNHCR personnel concerned.

Besides UNHCR Malaysia instruct all Community-based Refugees to take finger prints at and UNHCR does not release other personal-case UNHCR card-holders how to do it exactly, UNHCR give forces to drive away all Refugees in Malaysia (?).

UNHCR Malaysia is obliged to take every responsibility of the situation demanded on Burmese ethnical Refugees Issue in Malaysia.
If so, are we all put into jail or exile? Come to think of it! How UNHCR grant the sense of International Care and Protection to all Burmese ethnical Refugees and Asylum-seekers in Malaysia?

All the Refugees including me are looking forward to hearing good news from UNHCR Malaysia personnel concerned.

Thanks
Kind regards

yours sincerely

Mr. Myat Ko Ko (UNHCR Refugees-Reg-Card-Number-Holder)ကာယကံရှင်၏ လုံခြုံရေး အတွက်ကြောင့် ဓါတ်ပုံ နှင့် နံပါတ်များအား ပြုပြင်ထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 14, 2011

အထူး သတိပေး နှိုးဆော်ချက်

မြန်မာနိုင်ငံတွင် No. 1 စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းဟု အမည် တပ်ကာ ဒစ္စကို အကများကို သင်တန်း ပေးနေသော ဗုဒ္ဓဘာသာ အရေခြုံ ဘာသာဖျက် ဘုန်းကြီး ဦးဣဒ္ဓိပါလသည် ၁၅.၅.၂၀၁၁ ရက်နေ့တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ SM ကုန်တိုက်တွင် စိတ်ဓာတ် မြှင့်တင်ရေး ဟောပြော ပွဲဟုဆိုကာ ဒစ္စကို အကများကို သင်တန်း ပေးရန် ရောက်ရှိနေပါသည်။

အဆိုပါ ဦးဣဒ္ဓိပါလက ရဟန်းတို့ စောင့်ထိန်း အပ်သော ကျင့်ဝတ် သိက္ခာနှင့် ဆန့်ကျင်ကာ ထိုကဲ့သို့ အက သင်တန်းများ ဘာသာရေးနှင့် သက်ဆိုင်ခြင်း မရှိသော ဟောပြော ပို့ချမှုများ ပြုလုပ် နေခြင်းသည် ဗုဒ္ဓသာသနာ၏ အသရေကို ညှိုးနွမ်း စေခြင်း၊ အသိအမြင် ကြွယ်ဝခြင်း မရှိသေးသည့် အချို့သော ဗုဒ္ဓဘာသာဝင် လူငယ် လူရွယ် များကို အသိေ၀၀ါးကာ လမ်းမှားသို့ ရောက်ရှိ စေခြင်းများ ဖြစ်ပေါ် စေနိုင်ပါသည်။

သို့ပါသောကြောင့် အမျိုး ဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်း အလို့ငှါ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အဆိုပါ သာသနာဖျက် ဘုန်းကြီး၏ ဟောပြောပွဲသို့ မတက်ရောက် ကြပါရန် နှိုးဆော် အပ်ပါသည်။

တာဝန်သိ ဗုဒ္ဓဘာသာဝင် တစ်ဦး

မလေးရှား နိုင်ငံရောက် မြန်မာ ထေရ၀ါဒ သံဃာတော်များ၏ ကြေညာချက်
၁၁. ၅. ၂၀၁၁

မြန်မာပြည် ထေရ၀ါဒ ရဟန်းတော်များသည် ဂန္ထဓူရ၊ ၀ိပဿနာ ဓူရ နှစ်ခုသာ ကျင့်ကြံတော်မူ ပါ၏။ ဂန္ထဓူရသည် စာသင်စာချခြင်း ဖြစ်၍ ၀ိပဿနာ ဓူရသည် တရား အားထုတ်၊ တရားဟောခြင်း ဖြစ်၏။

ထိုနှစ်ပါးမှ လွဲ၍ အက သင်တန်း ပေးခြင်း၊ ဗေဒင်ဟောခြင်း၊ ယတြာချေခြင်း၊ ဓာတ်ရိုက် ဓာတ်ဆင် ဆေးကုခြင်း စသည်များသည် ထေရ၀ါဒ ရဟန်းတော် များ၏ အလုပ် မဟုတ်ပါ။ အလဇ္ဇီ ဒုဿီလ များ၏ အလုပ်များသာ ဖြစ်၏။

ထို့ကြောင့် ၁၅. ၅. ၂၀၁၁ နေ့ SM ခန်းမတွင် ပြုလုပ်မည် ဖြစ်သော ရဟန်း အမည်ခံ ပုဂ္ဂ္ဂိုလ်၏ လုပ်ရပ်များသည် သာသနာတော်နှင့် လုံးဝဆန့်ကျင်၍ မသင့်လျှော်သော လုပ်ရပ်များဖြစ်သောကြောင့် မလေးရှားနိုင်ငံရောက် ထေရ၀ါဒသံဃာတော်များက ဆန့်ကျင် ကန့်ကွက် ပါကြောင်း ကြေငြာအပ် ပါသည်။

မလေးရှား ရောက် မြန်မာ ထေရ၀ါဒ သံဃာတော်များ

၁။ ဓမ္မဂုဏ်ရည်ကျောင်း ဆရာတော်…
၂။ ဓမ္မရံသီကျောင်း ဆရာတော်…
၃။ ဓမ္မရောင်ခြည်ကျောင်း ဆရာတော်…
၎။ ဓမ္မ၀ိဟာရကျောင်း ဆရာတော်…
၅။ ဗုဒ္ဓ၀ိဟာရကျောင်း ဆရာတော်…
၆။ သမ္မာသမ္ဗောဓိကျောင်း ဆရာတော်…
၇။ ချမ်ပကာကျောင်း ဆရာတော်…
၈။ သီရိမင်္ဂလာဓမ္မာရုံကျောင်း ဆရာတော်…
၉။ မေတ္တာဝိဟာရကျောင်း ဆရာတော်…
၁၀။ ရတနာဒီပံကျောင်း ဆရာတော်…
၁၁။ ဇေယျဝတီကျောင်း ဆရာတော်…
၁၂။ ညောင်ကန်အေး ကူချိုင်း လားမားကျောင်း ဆရာတော်…
၁၃။ ညောင်ကန်အေး စမှုံညင်း ဆရာတော်…
၁၄။ ညောင်ကန်အေး သတိပဋ္ဌာန ဓမ္မရိပ်သာကျောင်း ဆရာတော်…
၁၅။ သီတ၀ိဟာရကျောင်း ဆရာတော်…
၁၆။ စန္ဒ၀ိဟာရကျောင်း ဆရာတော်…
၁၇။ ငြိမ်းချမ်းအေးကျောင်း ဆရာတော်…
၁၈။ ဆူဘန်းကျောင်း ဆရာတော်…
၁၉။ သာသနာ့ အောင်စည်ကျောင်း ဆရာတော်…
၂၀။ မြန်မာ ဂုဏ်ရည်ကျောင်း ဆရာတော်…
၂၁။ KAPAR သာသနာ့ရံသီ မြန်မာ ဗုဒ္ဓဘာသာကျောင်း ဆရာတော်…
၂၂။ ဂျိုဟိုး ညောင်ကန်အေးကျောင်း ဆရာတော်…
၂၃။ ပဋ္ဌာန်းကျောင်း ဆရာတော်…
၂၄။ ဓမ္မဒီပ ရွှေကျောင်း ဆရာတော်…

ဗုဒ္ဓဘာသာ သံဃာတော်များ အနေဖြင့် ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းများကို မပြုလုပ်ရဟု ဗုဒ္ဓမြတ်စွာ မိန့်မှာတော် မူခဲ့ပါသည်။ သို့ဖြစ်ပါလျက် သင်္ကန်းဝတ်ရုံကာ အက သင်တန်းများ ပေးခြင်း သည် သံဃာတော်တို့၏ လုပ်ရပ်နှင့် လုံးဝ ဆန့်ကျင် နေပါသည်။ အဆိုအက သင်တန်းများသည် လူဝတ် ကြောင် တို့နှင့်သာ သက်ဆိုင် ပါသည်။ ထို့ကြောင့် သင်္ကန်းကို ၀တ်ရုံလျက် အက သင်တန်း ပေးခြင်းသည် သာသနာကို ဖျက်ဆီးသူ ဖြစ်ပါသည်။ အခုချိန်တွင် အ၀ီစိမှာ ခံစားနေရ ရှာသော အရှင် ဒေ၀ဒတ်သည် ဘုရားရှင် လက်ထက်တော် အခါတုန်းက သံဃာကို အသင်းခွဲခဲ့သူ၊ သာသနာကို ဖျက်ဆီးခဲ့သူ၊ ဗုဒ္ဓကို စော်ကားခဲ့သူ ဖြစ်ပါသည်။ အခု No. 1 အမည်ဖြင့် အက သင်တန်း ပေးသော အရှင်ဣဒ္ဓိပါလ သည်လည်း ဗုဒ္ဓဘာသာကို ဖျက်ဆီး လိုသော စိတ်ဓာတ်နှင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

နောက်ဆုံး အနေဖြင့် ပြောရလျှင် ဗုဒ္ဓဘာသာကို ချစ်မြတ်နိုး ကြသော၊ ဗုဒ္ဓဟော ဓမ္မကို လိုက်နာ ကျင့်ကြံကြသော ဗုဒ္ဓ ဘာသာဝင် များသည် သာသနာကို ဖျက်ဆီးနေသော အရှင်ဣဒ္ဓိပါလ၏ အကသင်တန်းသို့ တက်ရောက်ခြင်း မပြုလုပ် ကြပါရန် စေတနာ မေတ္တာ ရှေ့ထား၍ အထူးပဲ တိုက်တွန်း သတိပေး အပ်ပါသည်။

အားလုံးသော သမဂ္ဂ္ဂ သံဃာတို့၏ ကိုယ်စား

အရှင်ဣဒ္ဓိပါလ၏ ၀က်ဆိုဘ် www.no-1sociology.com တွင် သာသနာနှင့် မသင့်လျော်သော အပြုအမူများကို ၀င်ရောက် ကြည့်ရှု နိုင်ပါသည်။

Ref:
http://www.taukpakyesin.com/ တောက်ပကြယ်စင်
http://www.srimingalar.com/ သီရိမင်္ဂလာ

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, September 01, 2010

ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက်စွဲ

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, August 12, 2010

“ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇာတ်မှာ သားကောင် ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

သင်္ကြန် ဗုံးဖေါက်ခွဲမှုတွင် ပါဝင် “ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇာတ်မှာ သားကောင် ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”
မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အပါအဝင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော် ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့် ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရ ခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံး ဒါဏ်ရာ ပြင်းစွာ ရခဲ့ပြီးး ပြည်သူ လူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန် အကြတ်နေ့ ကန်တော်ကြီး ဗုံးပေါက် ကွဲမှုကို ဘယ်သူ လုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာ ပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်း ခဲ့ပြီး ကျောင်းသား လူငယ်လေးတွေက အစ သေနတ်ကိုင် ပြန်တိုက်တဲ့ ခေတ် (၂၂ နှစ် ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ် သုံးရာ ကျော်ပြီးလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက် တွေမှာ ဖေါ်ပြ ထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တလ တကြိမ် နှုန်းလောက် ကွဲနေသလိုမို့ ဗမာ ပြည်သူ တွေရော၊ နိုင်ငံတကာ ကပါ ယဉ်ပါးနေပြီးး ဗုံးကွဲ တယ်ဆိုတာ ကို သိပ် စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီး၊ တိုင်းပြည် မတည်ငြိမ်ဘူး ဆိုပြီး ဆက် အုပ်ချုပ်လို့ ရအောင် သူတို့ဘာ သူတို့ ခွဲတာ နေမှာ ပါဆိုတာမျိုးလဲ ပြည်သူ အများစုက သဘော ထားခဲ့ ကြပါတယ်။ ခု ဧပြီးလ (၁၅) ရက်၊ သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊ လူအများအပြား ထိခိုက် တာကြောင့်ရော၊ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေး တာဝန်ရှိ ရာထူး ကြီးကြီး မားမား ပုဂ္ဂိုလ်များနဲ့ အာဏာပိုင် အသိုင်းအဝိုင်းကြား ထိခိုက်မှု များတာကြောင့်ရော၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စု အချင်းချင်း လုပ်တာလို့ အမျိုးမျိုး ပြောနေ ကြတာတွေကြောင့်ပါ ကမ္ဘာ ကရော မြန်မာ ပြည်သူ တရပ်လုံး ကပါ စိတ်ဝင်တ စားရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံး ဒါဏ်ရာရ စာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာက လွဲရင်) ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြခွင့် ပေးခဲ့ပါတယ်။ နောက် ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေ ဆယ်သိန်း ပေးမယ်လို့ တယက ကြေငြာချက် ထုတ်ပြန် ပြီးး ရန်ကုန်တိုင်း မြို့နယ် ပေါင်းစုံက ရယက ရုံးတွေနဲ့ လူစည်ကားရာ လမ်းဆုံ လမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါ တယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက် ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး ဝပ်လို့ အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရ စာပေ စိစစ်ရေးက ခွင့်ပြု ထုတ်ဝေတဲ့ ဂျာနယ် တွေထဲမှာလည်း ဖေါ်ပြ ထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပြီးး သုံးပါတ် အကြာမှာတော့ အားလုံး သိပြီးးတဲ့ အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာ ရှင်းပွဲလုပ်ပါ တယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင် ပါဝင် ကျူးလွန်သူ တယောက်ကို ဖမ်းမိ ထားတယ် ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့ များစွာကိုလည်း စွပ်စွဲ လိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက် မညီ အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲကို သေချာ လေ့လာပြီးချိန် မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင် ပါဝင် ကျူးလွန် သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ် ကျူးလွန်သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာ ပါတယ်။

နဂိုကတည်းက ယုံစရာ မကောင်းလို့ စစ်အစိုးရ ပြောတာတွေ မို့လို့၊ စိတ် အခံကြောင့် လက်မခံတာမျိုး မဟုတ်ပဲ လုပ်ကြံ ဖန်တီးထားတဲ့ ဇတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ် ခင်ရီ ဆက်စပ် ပြနေတဲ့ အလွဲ တွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံ ဇတ်ထွင် ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့် တရားခံ အဖြစ် ပြခံရလဲ ဆိုတာ ပြောစရာ ရှိလာပါတယ်။

အဓိက လုပ်ကြံ ဇတ်ထွင် ရတဲ့ အကြောင်းက သူ့တပ် သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူ ဘာပြောပြော၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရု မစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကို လိမ်ဘို့ ဆိုတာထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့၊ အာဏာရှင် သန်းရွှေနဲ့ စဉ်းစား ဉာဏ်မရှိတဲ့ သူ့တပ် အသိုင်းအဝိုင်းကို ပြန်လိမ် တာပါ။

X2O ရေကစား မဏ္ဍပ်ဟာ စစ်အုပ်စု ရာထူးကြီး ပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါ လာသွား နေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက သူ့အပိုင် စစ်ဒေသ မဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေး အတွက် သီးသန့် လာစောင့် ပေးနေရတာပါ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဝင်ထွက်ခွင့် တံဆိပ်ပါ ကားတွေ ရပ်ထားပြီးး ဗိုလ်မှူးကြီး ကိုယ်တိုင် လုံခြုံရေး ယူပေးနေတာမို့ သက်ဆိုင်ရာ မြို့နယ် ရဲမှူးနဲ့ မယက ဥက္ကဋ္ဌ အပါအဝင် လုံခြုံရေး များစွာ ရှိနေတဲ့ ကြားမှာ ကွဲခဲ့ ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ် စရာတွေ ဖြစ်လာ ပါတော့တယ်၊ ဖိုးလပြည့်ကို မကြည် တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ တခြား VIP သားသမီး တချို့ကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီး အုန်းချိုကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း တခုခုက လုပ်တာလို့ သူတို့ အချင်းချင်း ကြားမှာကို ထင်ကြေးတွေ ယူဆချက်တွေ အမျိုးမျိုး ဖြစ်လာ ခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပ မြို့နယ်၊ ချယ်ရီ ဥယျာဉ် အိမ်ယာက နေပြည်တော် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလွင် နေအိမ်နဲ့ နယ်စပ် စည်ပင် ဒုဝန်ကြီး ဗိုလ်မှူးကြီး တင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေ တွေ့ခဲ့ပြီးး သတင်း ထုတ်ပြန်ခြင်း မရှိပဲ ဖုံးကွယ် ထားခဲ့ပါတယ်၊ (သုံးလကျော် ကြာပြီးးမှ ခု သတင်းစာ ရှင်းပွဲမှ ထုတ်ပြောတာပါ)၊ ထောက်လှမ်းရေး အသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာ သိခဲ့ပြီး ချယ်ရီဥ ယာဉ် အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ ကိုတောင် အဲဒီ ဝန်းထဲမှာပဲ ကျိတ်ပြီး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက် လေးစားမှု မရှိပဲ အကျိုး ခံစားမှု တွေနဲ့၊ အမိန့် အာဏာတွေက ပေါ်နေ ပတ်သက် နေကြတဲ့ အသိုင်း ဝိုင်းဖြစ်တာကြောင့်၊ သတင်း လုံခြုံမှု မရှိဘဲ ပေါက်ထွက်လာပြီး ပြည်ပ သတင်းဌာနတွေ ကနေ ပြောမှ သိကြ ရတာကြောင့် တပ်တွင်း မှာပဲ အချင်းချင်း ပြန်လုပ် နေသလား၊ တယောက်ကို တယောက် မယုံ သင်္ကာနဲ့ ကြည့်နေ ခဲ့ကြတာမှာ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာ ပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာ မလုံမခြုံ ဖြစ်လာပြီးး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့် အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ် လိုက်တာ၊ လူအင်အား လက်နက် အင်အား စာရင် ကြိုသတင်းပို့ ရမှာတွေ ဖြစ်လာပါ တယ်။

သို့လော သို့လောနဲ့ အချင်းချင်း မယုံမကြည် ဖြစ်လာတဲ့ တပ်တွင်း ပဋိပက္ခကို ထိန်းဖို့၊ မျက်မာန်ရှ နေတဲ့ အာဏာရှင်ကြီး သန်းရွှေ ကို နှစ် သိမ့်နိုင်ဖို့၊ အသုံးမကျ သလို ဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေး တွေရဲ့ သိက္ခာကို ကာကွယ်ဖို့၊ ပြည်သူတွေ ကြားမှာ ပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင်ခွဲတာပါကွာ ဆိုတာကို ရှင်းပြီးးသား ဖြစ်အောင်လို့၊ အတိုက်အခံ တွေကို နိုင်ငံရေး အရ ထိုးနှက် ရအောင်လို့ စသဖြင့် အကြောင်းရာတွေကြောင့် လုပ်ကြံ ဇတ်ထွင် ရခြင်း ဖြစ်ပါတယ်။

ရဲချုပ် ခင်ရီရဲ့ အကြံပေး ဇတ်လမ်းရေး ဆရာတွေရဲ့ ရွှေဉာဏ်တော် စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံ အဖြစ် ပြခံရလဲ ဆိုတာက ဇတ်လမ်း ဖန်တီး လွယ်မယ့် ဆက်စပ်မှုမှာ ရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှူးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ် တာဝန်ခံ အင်ဂျင်နီယာ အဖြစ် လုပ်ခဲ့ ဖူးသူ တယောက်ဖြစ်ပြီး သံသယ ဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီး နေထိုင် ခဲ့တာကြောင့် အဲဒီ ဗုံးကိစ္စမှာ စစ်မေးခံဖူး သူ၊ ထောက်လှမ်းရေးတွင် ခံဝန် လုပ်ထား ရသူ ဖြစ်ပါတယ်။ သင်္ကြန် အပြီးး ပြစ်ချက်ဟောင်း ရှိသူ သံသယ ဖြစ်စရာ အားလုံးကို ဖမ်းတာ မှာ ပြန်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမ အကြိမ် ချယ်ရီ ဥယျာဉ် အိမ်ယာ ဝန်းထဲမှာ အလုပ်သမားတွေ ရှေ့မှာ စစ်ဆေးတာမျိုး မဟုတ်ဘဲ စစ်ကြောရေး စခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာ ဖြစ်တဲ့ အတွက် အရင်က နိုင်ငံရေး လုပ်ခဲ့တာတွေ၊ နိုင်ငံရေး နယ်ပယ်က သူတွေနဲ့ ပတ်သက် ခဲ့တာတွေကို ပြောပြ ဖြစ်ခဲ့မှာ ဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်း တွက် စာဖြန့်တယ် ဆိုပြီးး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေး ကင်းရှင်းပြီးး ကောင်းမွန်စွာ နေထိုင် ကျောင်းတက် ပါမည်ဟု ဝန်ခံ လက်မှတ် ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်း တက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော် များအား ထောက်ခံ သင့်ကြောင်းစာကို အစ္စလာမ် ဘာသာဝင် များကြား ကိုယ်တိုင် ရေးသား ဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်းကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေး နေချိန် ဖြစ်၍ ၎င်းသံဃာတော်များနှင့် အတူ လမ်းလျှောက်စဉ် လိုက်ပါ ခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြ ဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

မူလထဲက လက်တွေ့ ကျူးလွန် သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံ အစားထိုးဘို့ ကြံစည် နေတဲ့ ရဲချုပ် ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့ တခြား စွပ်ဆွဲသူတွေကို ဇွတ် ဆက်စပ် ရပါတော့တယ်။ တခြား စွပ်ဆွဲ ခံရသူတွေကို ဒီကိစ္စမှာပါဝင်ပတ်သက် တာ ဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီး လုပ်ပေးမယ် လက်ခံ ခဲ့တာကြောင့် နှစ်ယောက် အတူတွဲပြီးး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှု ဖြစ်တဲ့နေ့)က တနေ့လုံး ရန်ကင်း စင်တာ မှာပဲ ရှိနေတယ် ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်း စင်တာမှ တာဝန်ကျ ဝန်ထမ်းများ၊ လုံခြုံရေး များလည်း သိကြောင်း၊ လာဖမ်းသွားပြီး နောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံး ကိစ္စ စစ်မေးရန် ခေါ်သွားကြောင်း ပြောရာ ငါနဲ့ အတူရှိနေ တာပဲ၊ သူနဲ့မှ မဆိုင်တာ၊ ဒါဆို ပြန်လွတ် လာမှာပါ ပူမနေနဲ့ ပြောကြောင်း၊ ကျွန်မ အမျိုးသားက မတရား စွပ်ဆွဲ ခံရတာပါလို့ RFA ကိုပြော သွားတာ တွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင် ထားပြီးး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင် ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာ ထက်ဝေအောင်တို့ ၁၅ မိနစ် တွေ့ခွင့် ရခဲ့ပါတယ်၊ ဒေါက်တာ ထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်း ဆိုင်ရာ ညှင်းပန်း နှိပ်စက်မှုမျိုး လုပ်ခံ ထားရပုံ ပေါ်နေပြီး တွေ့ခွင့် ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာ လေးမျိုးကိုပဲ ထပ်ကာ ထပ်ကာ ပြောနေ ခဲ့တယ်လို့ ပြောပါတယ်၊ အဓိက ကတော့ သူမတရားခံ ရတာ ဖြစ်ကြောင်း၊ လုံးဝ မပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့ သိရ ပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေ ဦးကျော်ဟိုးကို ငှားရမ်းထားပြီး ကိုယ်စားလှယ်လွှဲ ရှေ့နေ ပါဝါ ယူဘို့ အင်းစိန် ထောင်ကို သွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့် မရခဲ့ဘဲ ထောင် အာဏာပိုင်တွေက သူတို့ ဘက်က လက်မှတ်ထိုး လုပ်ပေး ရမဲ့ဟာ လုပ်ပေး ထားပြီးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲ ဖြစ်ဖြစ် ဘာမှုပဲ ဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေက ရှင်းပါတယ်၊ ရှေ့နေ ပါဝါ လွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခု တပ်ထားတာ ပြောရ တော့မယ်၊ ထောင် ပို့ပြီး ဆိုကထဲက ပုဒ်မ တခုခု တပ်ပို့ ရတာပါ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာ အမှု (ပုဒ်မ) နဲ့ ပတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန် သိရတဲ့ အခါ ရှေ့နေက သက်သေပြလို့ ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ ရန်ကင်း စင်တာက ဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေ ဖြစ်လာရင် လုပ်ကြံ ဇတ်လမ်း သတင်းစာ ရှင်းပွဲဆိုတာ ထင်ရှား သွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့် မပေး၊ သက်သေ ပြခွင့် မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှု မပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရား ထောင်ချမယ် ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖြေရှင်းချက် ပေးဖို့နဲ့ ထုံးစံ အတိုင်း ပြည်သူတွေကို လိမ်ညာ လှည့်ဖြားဖို့ ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင် ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင် ဖြစ်သွား နိုင်တာမို့ အခြေခံ အကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို ဝိုင်းဝန်း တိုက်ဖျက်ကြပါစို့။

မောင်ချင့်ချိန်
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီး ကြည့်နိုင်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 18, 2010

ဆရာဇော်ဇော်အောင်ရဲ့ အသက် ၇၃ နှစ်မြောက်မွေးနေ့ ဂုဏ်ပြုစာ

ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့်


ရေးသားပေးပို့သူ - ဏီအဲY @ ခမိခဆဲ
“ အနုပညာသမားသည် သူ့သဘာဝအရ “ ရှင်းလင်းဖွင့်ဆိုသူ ” မဟုတ်ပါ။ “ ဖန်တီးသူ ” သာဖြစ်ရပါမည်။ ” ဟု အနုပညာသဘောတရားသစ်များကို ကိုယ်တိုင်တွေးတောကြံဆသူ၊ နိုင်ငံရပ်ခြားရှိ စာပေသဘောတရား၊ သီအို ရီစသည်တို့ကို မြန်မာစာဖတ်ပရိသတ်များ ခံစားသိနိုင်အောင် နှစ်ပေါင်းများစွာကတည်းက ရေးသားပြုစုနေခဲ့သူ စာရေးဆရာ ဇော်ဇော်အောင် သည် မေလ ၁၈ ရက် ၂၀၁၀ တွင် အသက် ၇၃ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် လက်ထောက်ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဇော်ဇော်အောင် အမည်အပြင် မော်ဇော်၊ ဇော်ရဲ အောင်၊ ဇော်မြင့်သက်၊ ဇော်သလ္လာ၊ အမည်များဖြင့်လည်း မဂ္ဂဇင်းအတော်များများတွင် ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေးများကို ရေးသားလျက်ရှိသည်။

သူ၏ အသွင်းဆန်းပြီး စူးရှသော စာပေဝေဖန်ရေးသဘောတရားအမြင်များကြောင့် စာပေအနုပညာလောက တွင် ထင်ရှားလာပြီး မော်ဒန်၊ ပို့စ်မော်ဒန်သဘောတရားများ ကျယ်ပြန့်လာသည်ဟု ဆိုနိုင်သည်။

အနုပညာသည် အနုပညာအတွက် သက်သက်ဆိုတဲ့ဝါဒ ဒီနေ့မြန်မာပြည်မှာမရှိဘူး။ အဲ့ဒီဝါဒဟာ ကမ္ဘာမှာလည်း ခေတ်ကုန်သွားပြီ။ မော်ဒန်သမားများသည် အမှန်တရားဘက်မှ ရပ်ကြပါသည်ဟု ဆိုသူဖြစ်သည်။ “ ကျနော်တို့ ၏ မော်ဒန် နှင့် ပို့စ်မော်ဒန်သမားများသည် ၀ါဒတစ်ခု၊ အတွေးအခေါ်စနစ်တစ်ခု၏ လက်အောက်ခံမဟုတ်ပါ။ ဘယ်ဝါဒကိုမှ ကျနော်တို့ ဦးထိပ်ရွက်မပန်ဆင်ပါ။ ” ဟု သူ၏ စာပေ၀ါဒသဘောထားအမြင်ကို ဖော်ပြရဲသူဖြစ် သည်။

“ မြန်မာမော်ဒန်စာပေ၏ ရေသောက်မြစ်သည် လူငယ်ထု၏ ဝေဒနာပြည့်လျှမ်းသောနှလုံးသားများ ” ဖြစ်သည်။ မြန်မာမော်ဒန်သည် မြန်မာ့ရေမြေတွင် မြန်မာ့ခံစားမှု၊ မြန်မာ့ဝေဒနာကို မြန်မာ့အနုပညာသမားများမှ ရေးဖွဲ့ကြ သော အနုပညာဖြစ်သည်။ “ မြန်မာ့ခံစားမှု ” ၊ “ မြန်မာ့ဝေဒနာ ” ဟု ဖွင့်ဆိုပြသည်။ မော်ဒန်၊ ပို့စ်မော်ဒန်ကို ကျ နော်တို့ မြန်မာလူငယ်များက လွတ်လပ်စွာ ထူထောင်နေကြခြင်းသာဖြစ်သည်။ ကျနော်တို့၏ သီးခြားလက္ခဏာ မှာ လူတစ်ယောက်ခံစားရသော ခံစားမှုသာမက မြန်မာလူငယ်တစ်ယောက်ခံစားရသော ခံစားမှုအာရုံများကို လွတ်လပ်စွာ ရေးဖွဲ့ဖန်တီးခြင်းသည် အနှစ်သာရဖြစ်သည်ဟု သူ၏စာပေအမြင်ကို ရဲရဲဝင့်ဝင့် တွေးခေါ်တင်ပြ နိုင်သူဖြစ်သည်။ ဆရာက “ ၁၉၇၀ နောက်ပိုင်း လူငယ်များရေးသားသော ကဗျာ၊ ၀တ္ထုတွေကို အာရုံစိုက်လေ့ လာခံစားကြည့်တဲ့အခါ လူငယ်တွေမှာ လူကြီးတွေ ထင်ထားတာထက် ဝေဒနာတွေ ပိုများနေတာတွေ့ရတယ် ” ဟု ပြောခဲ့သည်။
စာရေးဆရာ အနုပညာသမားက တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ့တွင် ဖြစ်ပေါ်လာသော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီးရေးသားလိုက်သော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီး ရေးသားလိုက်သောစာကို “ စာပေ (သို့) စာပေအနုပညာပစ္စည်း (Literature Art) ” ဟုခေါ်ဆိုရပါမည်ဟု အဓိ ပ္ပါယ်ဖွင့်ဆိုချက် အသစ်ကို ဖွင့်ဆိုပြသည်။ သူ၏ “ ၀တ္ထုအကြောင်းစာပေါင်းစာတမ်း ” တွင် “ အနုပညာသမား တစ်ယောက်အဖို့ အရေးကြီးဆုံးက သူ့ရင်ထဲဖြစ်ပေါ်လာသော ခံစားမှုကို သူရေးချင်သောအခါ ရေးချင်သလို ရေးချလိုက်ဖို့ပင်ဖြစ်သည် ” ဟု သူ၏ အနုပညာခံယူချက်ကို ဖော်ပြထားသည်။

ယနေ့မြန်မာစာပေလောကတွင် အငြင်းပွားဖွယ်၊ နားလည်ရခက်နေသော မော်ဒန်၊ ပို့စ်မော်ဒန် စာပေသဘောတ ရားသီအိုရီအမြင်များ နှင့်ပတ်သတ်၍ သူ၏ “ ဇော်ဇော်အောင်ဖတ်စာ ” တွင် အတော်အတန်ဖွင့်ဆိုရှင်းပြထား သည်။ နိုင်ငံရပ်ခြားရှိ စာပေသဘောတရားများနှင့်လည်း ထိစပ်ခံစားနားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်း ပြနိုင်သူဖြစ်သည်။

မော်ဒန် မှ ပို့စ်မော်ဒန်ပြောင်းလဲလာသည်နှင့်ပတ်သတ်၍ ဆရာက အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူ ငယ်တန်းအောင်မှ ပထမတန်းတတ်ရမည်ဆိုသော ကိစ္စနှင့် မတူကြောင်းနှင့် ပို့စ်မော်ဒန်၏လောကအမြင်သည် “ ရှိမှု ” (Modes of Being) ပေါ်တွင် မူတည်ကြောင်း ယုံကြည်သူဖြစ်သည်။

မော်ဒန်တွေ၊ ပို့စ်မော်ဒန်တွေသည် တိုင်းတစ်ပါးမှ သွင်းလာသောမှောင်ခိုပစ္စည်းဖြစ်သည်ဆိုသောသူများရှိ၏။ မော်ဒန်၊ ပို့စ်မော်ဒန်အယူအဆများကို ကျနော်တို့ တင်သွင်းယူဆောင်လာခြင်းမဟုတ်။ ကမ္ဘာပေါ်မှာ ပြောင်းလဲ ဖြစ်ပေါ်နေသော ခေတ်တစ်ခေတ်တစ်ခုအတွင်း “ အချိန်ခရီးသည်များဖြစ်ကြသော ကျနော်တို့က တိုးဝင်ရောက် ရှိသွားခြင်းသာဖြစ်သည်။ ကျနော်တို့က ယူဆောင်မလာ၊ သူတို့ရှိရာသို့ ကျနော်တို့ရောက်ရှိသွားခြင်းဖြစ်၏ ” ဟု သုံးသပ်ခဲ့သည်။

ယင်းအမြင်နှင့်ပတ်သတ်၍ ပြောကြားရာတွင် “ ကျနော်က ၁၉၉၅-၉၆ မှာ သရဖူမဂ္ဂဇင်းမှာ မော်ဒန်အကြောင်း စရေးခဲ့တယ်။ အဲ့ဒါကို တင်းသွင်းတယ်ထင်လို့ ပြောဆိုစွပ်စွဲကြရင်တော့ ကျနော်မငြင်းပါဘူး။ ဒါပေမယ့် ဓါတ် မြေသြဇာတွေ တင်သွင်းသလိုတော့မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာ ရှိပြီးသား မွန်းကြပ်မှု၊ ပိတ်လှောင်မှု၊ ချုပ် ကိုင်မှုတွေကြောင့်သာ မော်ဒန်၊ ပို့စ်မော်ဒန်က ပိုပြီး အသက်ဝင်လာတာပါဗျာ ” ဟုဆိုသည်။

လူငယ်တွေကို အားပေးရန်လိုလားသောဆရာသည် ယခုသော်လည်း လူငယ်များနှင့်စပ်လျဉ်း၍ သူ၏အမြင်ကို ပြောကြားရာတွင်
“ ကျနော်လူငယ်တွေကို ယုံတယ်၊ သူတို့တွေမှာ မှားတယ်ဆိုတာသိပ်မရှိကြ ဘူး။ သမိုင်းအ ကွေ့တွေဟာ လူငယ်တွေဟာ မှန်တဲ့ဘက်ကရပ်တည်တာများတယ်။ ကျနော်က ကျောင်းဆရာဆိုတော့ လူငယ် တွေနဲ့ အနေနီးတာလည်းပါမယ်။ လူငယ်တွေကို အခင်းအကျင်းတွေ၊ လမ်းကြောင်းတွေ ဖောက်ပေးရမယ်၊ အဲ့ဒါ တွေဟာ လူကြီးတွေရဲ့တာဝန်ပဲဗျ။ ”

“ သီချင်းဆိုချင်သူတွေဆိုပါစေ၊ စာရေးချင်သူတွေရေးပါစေ၊ က ချင်သူတွေ က ပါစေ၊ ဆိုတာ မှားရင်မှားမယ်။ ရေးတာ အမှားပါရင်ပါမယ်။ က တာ ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် သူတို့ရဲ့ အမှားတွေဟာ လောကကြီး အမှောင်ကျသွားမယ်။ ဒုက္ခရောက်သွားလိမ့်မယ်မဟုတ်ဘူး။ လူငယ်တွေဟာ မဟုတ်တာတော့ လုပ်မှာမဟုတ် ဘူးလို့ ကျနော်ယုံကြည်ပါတယ် ” လို့ ဆိုသည်။

ကျနော်တို့အခေါ် ကိုရဲ(ခ)ဆရာသစ္စာနီ နှင့် ဆရာဇော်ဇော်အောင်


ပို့စ်မော်ဒန်တို့၏ လောကအတွင်းက အစစ်အမှန်တို့များပြားရှုပ်ထွေးနေသောကြောင့် သူတို့လောကသည်လည်း မြောက်မြားရှုပ်ထွေးနေပါတယ်။ ဆရာက “ ပို့စ်မော်ဒန်လောကကတော့ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် ကျနော် တို့ဆီမှာက ရှင်းနေပါတယ်။ အဲ့ဒီလောက်မရှုပ်ပါဘူး။ ပို့စ်မော်ဒန်သဘောတရားသီအိုရီကသာ ရှုပ်နေတာပါ။ ကျနော်တို့ဆီမှာ ပစ္စုပ္ပန်ကော၊ အနာဂါတ်ကော၊ အင်မတန်မှ ရှင်းနေပါတယ် ” ဟု ဆိုခဲ့သည်။

မော်ဒန်၊ အထူးသဖြင့် ပို့စ်မော်ဒန်သမားသည် ဘာသာစကား၏ မပြည့်စုံမှု၊ အားနည်းမှုကို သိမြင်လာကြသည်။ သူတို့ အဓိကလောကအမြင်နှစ်ခုအဖြစ် ရှိမှုမသေချာခြင်း (Ontological Uncertainty) နှင့် ဗဟိုချက်မဲ့ခြင်း (Theme of Absent Center / Decentred) ဟု ဆရာကဆိုသည်။ မော်ဒန်၊ ပို့စ်မော်ဒန်သမားများသည် သူတို့ ယုံကြည်မှုလျော့ပါးနေသော ဘာသာစကား Medium ဖြင့်လောကကို သူတို့မြင်သည့်အတိုင်းရေးဖွဲ့ကြသည်။ အစဉ်အလာ စည်းမျဉ်းစည်းကမ်းတွေ၊ နှုန်းစံတွေ၊ လိုက်နာရမည့်ဥပဒေသတွေ စတာတွေကို စွန့်ပစ်လိုက်ကြ သည်။

ပို့စ်မော်ဒန်အမြင်ကိုလက်ခံရခြင်းနှင့်ပတ်သတ်၍ ဆရာက “ ကျနော်က ဗဟိုချက်(Center) ဆိုသော ဖိနှိပ်တဲ့သ ဘော၊ နှိပ်ကွပ်တယ်ဆိုတဲ့သဘောကို တွေ့နေရတော့ ဒီ ဗဟိုချက်သဘောထားကို မနှစ်သက်ဘူး။ ဒါကြောင့် ဒီ ဗဟိုချက်မဲ့ခြင်း(Decentred) သဘောဟာ ငါတို့အခြေအနေနဲ့လိုက်မယ်ထင်လို့ ဒီပို့စ်မော်ဒန်သဘောထားကို တင်သွင်းခဲ့တာပါဘဲ ” လို့ ဆိုပါတယ်။

“ လူသတ်မှုအတွက်ထားရှိသောပုဒ်မသည် (၃၀၂) ဖြစ်သည်ဆိုပါလျှင် အတွေးအခေါ်သတ်မှုအတွက်ပုဒ်မ သည် သုံးကုဋေနှစ်ဖြစ်နိုင်စရာအကြောင်းရှိ၏။ သူတို့ ဘယ်သွားနေကြသည်လဲ ……. ” ဟု “ နိုင်တဲ့သူအကုန်ယူသွား သည် (The winner takes it all) ” ဆိုသည့် ဆရာ၏ ၀တ္ထုတိုထဲတွင် ဆိုထားသည်။

ကျနော်တို့ မြန်မာစာပေ၊ အထူးသဖြင့် မြန်မာဝတ္ထုတိုသည် မော်ဒန် မှ ပို့စ်မော်ဒန်သို့ လျင်မြန်သော အရှိန်အ ဟုန်ဖြင့် ဦးတည်ရွေ့လျားနေသည်ဟု ကျနော်ယုံကြည်ပါသည်။ ထိုသို့ဆိုလိုက်သဖြင့် စာပေလောကတွင် ဝေ ဖန်မှုများရှိခဲ့ရာ ဆရာက “ အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူငယ်တန်းအောင်မှ ပထမတန်းတက်ရမည် ဆိုသော ကိစ္စ နှင့် မတူပါ ” ဟု ချေပသည်။

ဆရာက “ ယခုအခါ ကျနော်တို့ဆီမှာ ခံနေရတဲ့လူတွေဘက်က လူတွေဘက်ကတစ်ခုခုလုပ်ဖို့ လိုနေလို့ ပို့စ် မက်စ်ဝါဒ(Post Marxism) ကို ပုံဖော်နေပါတယ်။ မက်စ်ဝါဒအမြင်များဖြင့် လေ့လာသောစာပေများ ကို ပြန် လည် စိတ်ဝင်စားတာ၊ လေ့လာတာကို ဆိုတာပါ။ အရေးကြီးတာက ခံနေရတဲ့သူတွေအတွက် စာပေဘက်က တစ်ခုခု လုပ်ပေးဖို့ ရည်ရွယ်ပါတယ် ” ဟု ဖြေကြားခဲ့ပါတယ်။

ရေးသားသူ။ ဏီဆက်
http://kamikaze-2010.blogspot.com/



အမှာစာမဟုတ်သော အမှာစာ


ဒီနေ့ မေလ ၁၈ ရက်နေ့ဟာ ကျနော်သိပ်တန်ဖိုးထားလေးစားရတဲ့ ဆရာဇော်ဇော်အောင်ရဲ့ ၇၃ နှစ်မြောက် မွေး နေ့ပါ။ ကျနော် ဆရာဇော်ဇော်အောင်နဲ့ပတ်သတ်ပြီး ရေးချင်နေတာ နှစ်အတော်ကြာပါပြီ။ အခု ဆရာဇော်ဇော် အောင်ရဲ့စာပေအမြင်တစေ့တစောင်း ဆောင်းပါးကိုလည်း မနှစ် ဧပြီလကတည်းက ရေးထားတာပါ။ ဆရာကြီး ဆီကိုလည်း အကြာကြီးဖုန်းဆက်စကားပြောပြီး ဆရာကြီးရဲ့ စာပေအမြင်တွေကို ကြားသိခွင့်ရခဲ့ပါတယ်။ နှစ် တွေ ဘယ်လိုပြောင်းပေမယ့် ကျနော်တို့ရဲ့ နိုင်ငံကြီးကတော့ မပြောင်းသေးပါ။ ရှင်းနေပါတယ်။ အတိတ်ကော၊ ပစ္စုပ္ပာန်ကော၊ အနာဂါတ်ကော။

ကျနော်ဟာ စာပေပညာရှင်၊ စာပေဝေဖန်ရေးသမားမဟုတ်တာကိုတော့ ထပ်တလဲလဲဝန်ခံပါရစေ။ ဒါပေမယ့် စာပေကိုမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ စာပေဖန်တီးသူတွေကိုလေးစားတယ်။ ဒါကြောင့်လည်း စာပေဖန် တီးသူတွေများများပေါ်ထွက်လာစေချင်ပါတယ်။ ကျနော်ကျောင်းသားဘ၀က မော်ဒန်၊ ပို့စ်မော်ဒန် ဆိုတဲ့စ ကားကို တက္ကသိုလ်ရဲ့မြေသင်းသင်းမှာလည်းကြားရတယ်။ မလေးရှားပိတောက်ရနံ့စူးစူးကြားမှာလည်း ကြားရ တယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အခုထိကောင်းကောင်း နားလည်သဘောမပေါက်နိုင်သေးပါဘူး။ မော်ဒန်၊ ပို့စ် မော်ဒန်စကားလုံးတွေနဲ့အတူ တွဲပါလာတဲ့ စကားလုံးများ ……… Decentered, Hermaneutics, Uncertainty, Deconstruction စတာတွေနဲ့အတူ ဆရာဇော်ဇော်အောင်၊ ဆရာသစ္စာနီ၊ ဆရာမြတ်သစ်၊ ဆရာဇေယျာလင်း၊ ဆရာနေမျိုး စတဲ့ ကျနော်တို့နိုင်ငံရှိ ဆရာကြီးများနာမည်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ထို့ပြင် နိုင်ငံရပ် ခြားရှိ သီအိုရီပညာရှင်ကြီးများ၏ နာမည်များနှင့်အတူ သူတို့ရဲ့ အတွေးအခေါ်၊ သီအိုရီအပိုင်းအစများလည်း ကျနော်တို့ရဲ့ ရေနွေးကြမ်းဝိုင်းထဲသို့ နည်းအမျိုးမျိုး၊ အသွင်အဖုံဖုံနဲ့ ပဲ့ကျလာကြသည်။ လွင့်ပါးလာကြသည်။

ကျနော် ဆရာဇော်ဇော်အောင်ရဲ့စာနဲ့ စတင်ရင်းနှီးခွင့်ရတာကတော့ ၂၀၀၆ ခုနှစ်တုန်းကပါ။ သူငယ်ချင်းတစ် ယောက်အိမ်မှာ ဆရာ့ရဲ့ခြောက်ဒဿမသုညတစ် ဆိုတဲ့ ပို့စ်မော်ဒန်မှတ်ချက်တစ်ချို့ပါတဲ့ စာအုပ်လေးပါ။ စာ အုပ်က အတော်အတန်ပါးပါတယ်။ ဒါပေမယ့် ကျနော့်အတွက် တော်တော်နားလည်ရခက်စေပါတယ်။ ဆရာရဲ့ အစ စကားလုံးကိုက ကျနော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ “ ကျနော်ပြောချင်တာကိုပြောပါမည် ” တဲ့။

သူငယ်ချင်းအိမ်မှာ ကမန်းကတန်းဖတ်လိုက်ရလို့ အားမရတာနဲ့ ငါ့ကိုပေးကွာဆိုပြီး ယူလာခဲ့ပါတယ်။ ပို့စ်မော် ဒန်သမားဆိုသူတွေကို ကျနော်သဘောကျတာက သူတို့ရဲ့အတွေးရဲ၊ အရေးရဲ၊ တင်ပြရဲ၊ ဖန်တီးရဲ တာပါဘဲ။ ဆ ရာဇော်ဇော်အောင် စာအုပ်တွေကိုဖတ်တဲ့အခါတိုင်း ဆရာရဲ့ သဘောတရား၊ အရေးအသားတွေမှာ အင်အား ပါတာကိုတွေ့ရပါတယ်။ အထူုးသဖြင့် ဆရာရဲ့ ရဲရဲမြင်၊ ရဲရဲပြော၊ ရဲရဲရေး ထားတဲ့ အမှာစာတွေပါဘဲ။ “ နားမ လည်ရင်မဖတ်နဲ့။ ”

ဆရာရေးဖူးတယ် ပို့စ်မော်ဒန်သမားတွေအဖို့ “ အရှိလောက၏ရှိမှုသည်လည်း မသေချာ၊ မရှိလောက၏ ရှိမှု သည်လည်း မသေချာ ” ဆိုတဲ့ အမြင်ဟာ ကျနော်တို့လို ချွတ်ခြုံကျနေသူတွေအတွက် ဖြေသိမ့်စရာလိုလို ခံစား မိခဲ့တယ်။

မည်သည့်အကြောင်းခြင်းရာ အရေးကိစ္စမဆို တစ်နေရာမှ စုစည်းချုပ်ကိုင်ထားသော အရာဟူ၍မရှိ၊ အားလုံးအ ထိန်းအကွပ်မရှိဘဲ မျောချင်ရာမျောပါနေကြသည်ဟု ပို့စ်မော်ဒန်သမားများအချို့၏ ခံယူချက်ကိုလည်း ကျနော် သဘောကျ၏။

မကျေနပ်ချက်တွေ၊ ဝေဒနာတွေအပြည့်နဲ့ ခံစားနေရသော ယနေ့ခေတ် ကျနော်တို့လို လူငယ်လူရွယ်တွေအ တွက် ဆရာဇော် စာများက ဖော်ထုတ်တင်ပြလိုစိတ်ဖြစ်လာစေသည်။ ကျနော့်လို စာပေသီအိုရီဘာမျှမသိနားမ လည်သူတောင်မှ အခုလို မိမိပြောချင်တာ၊ ရေးချင်တာကို ဖော်ထုတ်ရဲလာအောင် ဆရာ့စာများက လှုံ့ဆော်နိုင် တယ်။ ကျနော်လည်း ခံယူထားတယ်။ “ မကြိုက်ရင် မဖတ်နဲ့ ” လို့။

ကျနော်တို့ရဲ့ ခံစားချက်၊ ဖန်တီးချက်၊ အတွေးတွေကို ဘယ်သူကမှ လာရောက်ထိန်းချုပ်ခွင့်မပြုသင့်ပါဘူး။ တစ် ခုဘဲ လိုမည်… ကောက်ကျစ်တဲ့စိတ်တော့ မမွေးသင့်ဘူး။

ဆရာအတွက် အမှတ်တရရေးမယ်၊ တင်ပြမယ်၊ ဒါဘဲ ကျနော်စိတ်ရှိတယ်။ ကျနော့်အရေးအသားမှားရင်မှား နေ မယ်။ ၀ါကျအထားအသိုတွေ လွဲရင်လွဲနေမယ်။ ကျနော့်အတွေးတွေ သင်တို့နဲ့ တူချင်မှလဲတူမယ်။ မတူဖို့ ပိုများ တယ်။ ဒါပေမယ့် ကိစ္စမရှိပါ။ အားလုံး လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ အဲ့ဒါကိုက အနုပညာရဲ့ ရသ၊ အလှတစ်ခုလို့မြင်တယ်။ သင်တို့ရဲ့ အမြင်တွေကိုလည်း ရဲရဲဖော်ထုတ်ကြပါ။ ရဲရဲရေးသားကြပါ။ ရဲရဲဖန်တီးကြပါ။

အခု ကျနော် ဆရာဇော်ဇော်အောင်ဆောင်းပါးနဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ်၊ ဆရာ့စာပေသဘောထားအမြင် တွေ နဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ် ဝေဖန်ကြပါ။ ရေးသားကြပါ။ ငြင်းခုံကြပါ။ ဓါးတွေ၊ တုတ်တွေ၊ လက်တွေတော့မပါနဲ့ ပေါ့။ အခုခေတ် ပါလီမန်တွေမှာ ငြင်းခုံနေတာ၊ ထိုးကြိတ်ရန်ဖြစ်နေတာထက်တော့ ပိုပြီးသိမ်မွေ့ညင်သာ မယ် လို့တော့ ယုံကြည်ပါတယ်။ စာပေအနုပညာသမားတွေ၊ ဝေဖန်ရေးသမားတွေ၊ စာပေအပေါ်အမြင်မတော်သူ တွေအားလုံး ဆွေးနွေးကြပါ၊ ဝေဖန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆရာဇော် ဆောင်းပါးနဲ့ပတ်သတ်ပြီး ဆရာဇော်ပုံတွေကို တလေးတစားပို့ ပေးသော ပြည်တွင်းကဗျာဆရာသူ ငယ်ချင်းတစ်ဦး ကိုလည်း ကျေးဇူးတင်တယ်။ အထူးသဖြင့် ဒီ “ အမှာစာမဟုတ်သောအမှာစာ ” ကို ရေးချင်လာ အောင်၊ ရေးဖြစ်အောင်တိုက်တွန်းသော “ ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့် ” လို့ ခေါင်းစဉ်အတွက် အကြံ ပေးခဲ့သူ ကျနော်လေးစားချစ်ခင်ရတဲ့ အကိုကြီး ကဗျာဆရာသစ်ကောင်းအိမ်အား ရင်ထဲက မှတ်တမ်းတင် အပ်ပါသည်။

ဏီဆက်
၁၈ မေလ ၂၀၁၀


x x x x x x x x x x x x x x x x x x x x x


ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် )

၁၉၃၇ ခုနှစ် မေလ (၁၈) ရက်၊ ၁၂၉၉ ခုနှစ် နယုန်လဆန်း (၁၀) ရက်၊ (အင်္ဂါနေ့) ညနေ ၃း၀၀ နာရီတွင် ဖွား မြင်သည်။ ဖွားရာဇာတိချက်မြှုပ်သည် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့ဖြစ်၏။ အဖဦးဘသက်၊ အမိဒေါ်တု တို့၏ တစ်ဦးတည်းသောသားဖြစ်၏။ စစ်ကြီးအပြီးတွင် မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း (ယခု အ.ထ.က-၁) တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဆယ်တန်းအောင်၍ မန္တလေးတက္ကသိုလ်သို့ တက်ခဲ့သည်။ ရန်ကုန်တက္က သိုလ်သို့ပြောင်းရွှေ့၍ ၁၉၆၀ ခုနှစ်တွင် ၀ိဇ္ဇာမြန်မာစာဂုဏ်ထူးဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ယူကျမ်းခေါင်းစဉ်မှာ “ဇော်ဂျီ၏ ဗေဒါလမ်းကဗျာအပုဒ် (၄၀) ဖွဲ့စည်းတည်ဆောက်ပုံလေ့လာချက်” ဖြစ်၏။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနသို့ ၀င်ရောက်ခဲ့၍ ၁၉၈၉ ခုနှစ်တွင် စွန့်ခွာခဲ့ရသည်။ ၁၉၅၃ ခုနှစ်မှစ၍ စာတိုပေစက လေးများ ရေးခဲ့သည်။ ယနေ့အထိ အပျော်ဖတ်ဝတ္ထုလုံးချင်း အုပ် (၄၀) ခန့်ရေးခဲ့သည်။ စာပေသဘောတရား နှင့် စာပေဝေဖန်ရေးစာအုပ် (၂၁) အုပ် ရေးခဲ့သည်။ စာပေဆောင်းပါးများလည်း ယနေ့အထိ ရေးဆဲဖြစ်သည်။

ငယ်စဉ်က အတော်တေတေပေပေ နေခဲ့သည်။ ဘ၀တွင် အမှန်မဖြစ်စလောက်နှင့် အမှားတွေ အများကြီးလုပ် ခဲ့သည်။ ယခုအခါတွင် လိမ္မာဖို့ ကြိုးစားရင်း စာအမှန်များ ရေးသားနေဆဲဖြစ်သည်။


x x x x x x x x x x x x x x x x x x x x


“ ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် ) ” မှာ သုံးပွင့်ညီညာစာပေ မှ ထုတ်ဝေခဲ့ သော ဆရာဇော်ဇော်အောင် ၏ “ မိုးပိတောက်စကားပြေများလက်ရွေးစင်ဝတ္ထုတိုစု ” စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

ရေးသားသူ။ ဏီဆက်
http://kamikaze-2010.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */