“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, June 17, 2012

နှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးပွဲကျင်းပပြုလုပ်သွားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လူကိုယ်တိုင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တက်ရောက်လက်ခံယူခဲ့သည်။  
နိုဘယ်လ်ဆုပေးပွဲအခမ်းအနား ကျင်းပပွဲတွင် တေးရေး ဆရာ အောင်လင်းရေးသားခဲ့သည့် မေတ္တာရွှေစောင်း သီချင်းကို မြန်မာအမျိုးသား စောင်းမောင်နေ၀ါက မြန်မာ့ရိုးရာ စောင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့သည်။ 

 ဒေါ်အောင်ဆန်းစုကြည်ယခု ရရှိသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်က မြန်မာနိုင်ငံတွင် နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီးခံနေရစဉ် နိုဘယ်ငြိမ်းချမ်းရေးဆု ကို ရရှိခဲ့ခြင်းဖြစ်သော်လည်း နိုဘယ်လ်ဆုကို ကိုယ်တိုင်တက်ရောက်ယူခွင့် မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဆိုပါဆုပေးပွဲကို ခင်ပွန်းဖြစ်သူ Michael Aris နှင့် သားဖြစ်သူနှစ်ဦးတို့တက်ရောက်ခဲ့ပြီး ၄င်း၏သားဖြစ်သူနှစ်ဦးဖြစ်သော Alexander Aris (ခ)မြင့်ဆန်းအောင် နှင့် Kim Aris ((ခ) ကိုထိန်လင်း တို့က လက်ခံရယူခဲ့သည်။ 

 ပထမဦးဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဒေါ်အောင်ဆန်းစုကြည် အသက် ၄၆ နှစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး၊ ၂၁နှစ်အကြာ ယခုအသက် ၆၇ နှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒုတိယအကြိမ်မြောက် ပေးအပ်ချီးမြှင့်ခြင်းခံရသူဖြစ်ပြီး ယခုကဲ့သို့ နှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိသူမှာ ကမ္ဘာတွင် ပထမဦးဆုံးဖြစ်သည်။ 

 နိုဘယ်ဆုအပြင် နိုင်ငံတစ်ကာအစိုးရမှ ပေးအပ်သော Rafto Prize, Jawaharlal Nehru Award International Simón Bolívar Prize, Olof Palme Prize, Bhagwan Mahavir World Peace ဆုများကိုလည်း ရရှိခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းကို နိုဘယ်လ်ဆု ချီးမြှင့်ရေး ကော်မတီ ၀က်ဆိုဒ်ဖြစ်သော http://www.nobelprize.org/ တွင် တိုက်ရိုက် ကြည့်ရှူနိုင်သည်။ 

ညီအာဇာနည် 
 Photo by : AFP ,thestar news and daylife

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, June 16, 2012

မောင်တောတွင် နောက်ထပ် အန်ဂျီအို ၀န်ထမ်း တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း

မောင်းတောတွင် UNHCR တွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်း ရရှိသည်။ ဖမ်းဆီးခံရသူမှာ မချိုလေးမာ ဆိုသူ အမျိုးသမီး ဖြစ်ပြီး မောင်တော အမှတ် (၃) သုံးမိုင်ဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ရဲထောက်လှမ်းရေး သတင်းရပ်ကွက်ကို ကိုးကားပြီး ဒေသခံ တစ်ဦးက ပြောသည်။ သူမအား ဖမ်းဆီးခြင်းမှာ မောင်တောတွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူများနှင့် ပတ်သက်၍ ဖြစ်နိုင်ကြောင်း သူက ဆိုသည်။ သူမအား အာလီဆိုသူနှင့် အတူ ဇွန်လ ၁၄ ရက်နေ့က မောင်တောရဲအဖွဲ့မှ ဖမ်းဆီးပြီး (၂) ရက်တိုင် ရဲစခန်းတွင် စစ်ဆေးမေးမြန်းကာ ယခုအခါ နစက ကျီးကန်းပြင် ဌာနချုပ်သို့ လွဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ မောင်တောမြို့ရှိ နိုင်ငံခြား အန်ဂျီအိုများတွင် ၀င်ရောက်လုပ်ကိုင်နေသူ တချို့ထံမှ နိုင်ငံတော်အား ဆန့်ကျင် ရန် ကြံစည်သော စာရွက် စာတန်းများကို ဖမ်းဆီးရမိခဲ့သည်ဆိုသော သတင်းများလည်း ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ သို့သော်လည်း အဆိုပါ သတင်းများကို တာဝန်ရှိသူများက တစုံ တရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ မြန်မာ အစိုးရ အာဏာပိုင်များသည် ဒေါက်တာ ထွန်းအောင်အားလည်း ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်း ထားပြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။ မောင်တောတွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ အနေဖြင့် အသေးစိတ် စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး နောက်ကွယ်က ဆက်စပ် အကြောင်းအရာများကို ဖေါ်ထုတ်နေကြောင်း စုံစမ်း သိရှိရသည်။ သတင်း : နိရဉ္စရာ သတင်းဌာန

အပြည့်အစုံသတင်းဖတ်ရန်....

Monday, June 04, 2012

"အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြထုတ်ဖော် သွားမည်" ဆိုသည့် ငါးမင်းဆွေ(ခ) နွားမင်းဆွေ

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာသည့် ပေးစာ တစောင်မှာ (၃.၆.၁၂ တနင်္ဂနွေနေ့ မနက်က လှည်းတန်း မီးပွိုင့်တွင် ဖားပြုတ် မျက်နှာနှင့် လူတစ်ယောက် စာများ လိုက်ဝေနေပါသည်။ ယခုစာအား ပေးပို့လာသူမှာ ထိုစာကို ဖတ်ပြီးသည့် အချိန်မှ စပြီး ခုချိန်ထိအောင် စာ အဆိပ်သင့် ဖြစ်နေရတယ်လို့ ရေးသားလာပါတယ်..) ထိုစာသည် ငါးမင်းဆွေ (ဒေ၀ဒတ် လက်သစ်) ရေးသားထားသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စိန်ခေါ် ပုတ်ခတ်ထားသည့် စာ ဖြစ်တယ်လို့ ဆိုပါတယ်..။

စာပါ အကြောင်းအရာတွေ ကတော့ ပြီးခဲ့တဲ့ World Economic Forumမှာ ပြောကြားခဲ့တဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များအား ဝေဖန် ပြောဆိုချက်များ ပါဝင်ပြီး။ ဒေါ်အောင်ဆန်းစုကြည် အား တွေ့ဆုံ ဆွေးနွေးလိုကြောင်း ရေးသား ဖော်ပြ ထားပြီး ဇူလိုင်လ(၂၁)ရက်နေ့ အထိ အကြောင်း ပြန်ကြားခြင်း မရှိပါက အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြမယ်လို့ ဆိုပါတယ်..။

ငါးမင်းဆွေ(ခ) နွားမင်းဆွေရဲ့ အထက်ပါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အသရေ ဖျက်စာများ လူထုကြားထဲမှာ လိုက်လံ ဝေငှနေမှုများအား သက်ဆိုင်ရာ အာဏာပိုင်များမှ အရေးယူခြင်း မသိကျိုးကျွန် လျစ်လျှူရှု ပြုနေခြင်းဟာ စဉ်းစားစရာ အချက်ဖြစ်နေပြီး နောက်ကွယ်မှ အဖွဲ့အစည်း တခုခုမှ ထောက်ခံ အားပေး နေသည်အလား ထင်မှတ် ရပေသည်။ ယခုကဲ့သို့ ငါးမင်းဆွေ၏ လုပ်ရပ်သည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်း နေပါသည်ဆိုသည့် လက်ရှိ အစိုးရအားလည်း ထင်ယောင် ထင်မှား ဖြစ်စေမည့် သိက္ခာ ကျစရာ လုပ်ရပ် ဖြစ်နေပေသည်..။ ပြီးခဲ့တဲ့ နှစ်များကလည်း ဂျာနယ်တစောင်မှ ၎င်းအား တုံ့ပြန်ရေးသားမှုနှင့် ပတ်သက်ပြီး တောင်းပန်ခြင်း မရှိပါက အစာငတ်ခံ ဆန္ဒပြမည်ဟု ကြေငြာချက် ထုတ်ခဲ့ဘူးသည်...။


ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ သရုပ်မှန်အား ပြန်ဖတ်လိုလျှင်
တို့မီး ရှို့မီး မလုပ်ပါနဲ့ ငါးမင်းဆွေ
ငါးမင်းဆွေ သို့....... (၁)
ငါးမင်းဆွေ သို့....(၂)
ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ
မြို့မေတ္တာ ခံယူမယ့် ဖားမင်းဆွေ




source by : ဒီမိုဝေယံ

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, February 16, 2012

ဖေဖေါ်ဝါရီလ ၁၄ ရက် နေ့က ကျင်းပခဲ့တဲ့ "ကျည်ဆံတွေ အစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ"

Rock singer Aung La and his band Reason support our Peace Campaign by wearing T- Shirts which was written "Let The Flowers Bloom, But Not Bullets." in their Live Concert on Valentine's Day.
Please see the photos in attached files. And we also would like to share
a poem of one of Generation Wave member.

Moethway
External Affairs Committee
Generation Wave
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
" ကျည်ဆံတွေအစား ပန်းများပွင့်စေ "

ကြွေခဲ့တဲ့ ကြယ်တွေဟာ
တစ်ကယ်တော့ ကျနော်တို့ရဲ့
လမ်းတွေပါ မေမေ...
ကျခဲ့တဲ့ မျက်ရည်
အပြာရောင် ရနံ့တွေဝေ့လို့
ဘယ်လမ်း လျှောက်လျှောက်
ငြိမ်းချမ်းရေးပဲ မော့သောက်ချင်ခဲ့တာ

ရှင်သူအလောင်းတွေအကြောင်း
သေသူတွေက ရွက်ဆိုပြတဲ့ အခါ
စတေးခဲ့သမျှ ပြန်တွေး
ဖိနပ်ပေါက်နေတဲ့ ခြေထောက်တွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ရိုးရိုးဖြောင်းဖြောင်း
ကျောအောင့်နေတဲ့ ပြည်သူတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

မိမဲ့ဖမဲ့ လူမမယ်လေးတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ယမ်းငွေ့တွေကြား
နာဖျားခဲ့ရ ဘ၀တွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

အိမ်မက်တွေခြောက်
သားသမီး ပျောက်သွားတဲ့ မိဘတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ရင်ခွင်တွေပြို
အနာဂတ်ရေစိုးသွားတဲ့ သားသမီးတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ကြွေခဲ့တဲ့ ကြယ်တွေ
ကျခဲ့တဲ့ မျက်ရည်
စတေးခဲ့သမျှ ပြန်တွေး

ကျနော် ငိုနေပြီ မေမေ
စတေးခဲ့သမျှ ပြန်တွေး
စတေးခဲ့သမျှ ပြန်တွေး
ကျည်ဆံတွေအစား ပန်းများပွင့်ပါစေ မေမေ....။

ဘုန်းလူ

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, February 14, 2012

စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ

တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရှည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။

ကြက်သီးထစရာ

'ဗလင်တိုင်းဒေး'လို့ ခေါ်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေပါ ၀င်ပါတယ်။ မြို့တွင်း
လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။ လူငယ်တစ်ယောက်က အသင့်ပါလာတဲ့ အိတ်ဆောင် ကွန်ပျူတာကိုထုတ်ပြီး ကြည့်ပါဦးဆိုပြီး စားပွဲပေါ်တင်လိုက်တယ်။



ပထမပုံတစ်ပုံကိုကြည့်လိုက်တော့ ရေးထားတဲ့စာသားတွေက ကြက်သီးထစရာကောင်းလွန်းလို့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။

အရေးယူလိုရတယ်

ပထမဆုံးစုံတွဲ ၅၀၀ အား ဗေ ဒင်တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေးပြီးအလိုက်ဖက် ဆုံးစုံတွဲများအား ပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့် အခန်းများကို ကံစမ်းမဲဖောက်၍ ပေးသွားပါမည် 'အဲဒီကြော်ငြာ စာသားတွေဖတ် ပြီး စာဖတ်သူများရော ကြက်သီးမထဘဲ နေနိုင်ပါ့မလားခင်ဗျာ။ ဒီစာသားဟာ ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားတယ်ဆိုတာ မစဉ်းစားမဆင်ခြင်နိုင်ဘဲ လက်မှတ်များများရောင်းရပြီး အမြတ်များများ ရဖို့သာ လောဘဇောတိုက်နေတာ မဟုတ်ဘူးလား။ ပြောရရင်တော့(ကန်တော့ပါရဲ့)ဆောင်ကြာမြိုင်လုပ်ငန်းကို ပေါ်တင်ကြီးလုပ်မှုနဲ့ အရေးယူလို့တောင် ရနိုင်ပါတယ်။

ပြောင်းလိုက်မှပိုဆိုး

ဒီကြော်ငြာဆိုင်းဘုတ်ကြီး အင်တာနက်ပေါ်တက်လာတော့ ကန့်ကွက်သံတွေညံနေအောင် ထွက်ပေါ်လာတယ်။ ပြည်တွင်းက လူတွေသာမက ပြည်ပရောက်နေသူတွေကလည်း ၀ိုင်းရေးကြတယ်။ အဲဒီကန့်ကွက်သံတွေ ညံလာတော့ ဆိုင်းဘုတ်တချို့က စာသားတွေကိုပြင်ပြီး ရေးလိုက်တယ်။ တချို့မပြင်ဘဲ ကျန်နေတာတွလည်း ရှိတယ်။ ပြင်ရေးလိုက်တာက -'ပထမဆုံးစုံတွဲ ၅၀၀ အား ဗေဒင် တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေး၍ Dinner စား ခွင့်နှင့် ချောင်းသာခရီးစရိတ်ငြိမ်း (အခန်းခ၊ စားစရိတ်၊ ကားခ) ငါးဦးကို ကံစမ်းမဲများဖောက်ပေးသွားပါမည်။ ကံစမ်းမဲတစ်စောင်ပေါက်လျင် နှစ်ဦးသွားခွင့်ရှိသည်' လို့ဖြစ်တယ်။

ပိုက်ဆံတွေအလကားရသလို

ပြင်လိုက်မှပိုဆိုးသွားသေးတယ်။ တစ်ခါတည်း 'ဟန်းနီးမွန်း' ထွက်ခိုင်းလိုက်သလို ဖြစ်သွားတော့တယ်။ သားသမီးရှိတဲ့မိဘတိုင်း ရင်လေးမိကြမှာ အမှန်ပဲ။ ပိုက်ဆံတွေအလကား ရသလိုရချင်တိုင်းရနေတဲ့ လူ့အသိုင်းအ၀ိုင်း ကလေးတစ်ခုအတွင်းမှာ ဖြစ် ချင်သလိုဖြစ်နေကြတဲ့ သတင်းတွေ ကြားနေရတာကြာပြီ။ သူတို့အသိုင်းအ၀ိုင်းအတွင်းမှာ ဖြစ်နေတာပဲဆိုပြီး သိပ်မစိုးရိမ်ခဲ့ဘူး။ အခုတော့ ဗြောင်ကျကျ မြို့လယ်ကောင်မှာ ဆိုင်းဘုတ်ကြီးတွေထောင်ပြီးတောင် ကြော်ငြာတာကတော့ အတင့်ရဲလွန်းရာ ကျတယ်။ ဒီစရိုက်မျိုးတွေ တစ်စထက် တစ်စ ကျယ်ပြန့်သွားမှာ စိုးရိမ်မိတယ်။
လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွားကာကွယ်ရေး' မူဝါဒတွေ၊ ဥပဒေတွေ ရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မထိခိုက်အောင် တားသင့်တာတား၊ ပိတ်သင့်တာ ပိတ်လုပ်ပေးကြရတယ် ...

ကန်ပေါင်ပေါ်ကစုံတွဲ

ကျယ်ပြန့်သွားမှာစိုးရိမ်ကြောင်းပြောတော့ လူငယ်တစ်ယောက်က အင်တာနက်မှာတွေ့ရတဲ့ ပုံတစ်ပုံအကြောင်းပြောပြတယ်။ အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ မျက်နှာချင်းအပ်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ်တဲ့။ ပုံ အောက်မှာ ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့ ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့ ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့ ပြန်ရေးသူက ရေးသတဲ့။ ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့ တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား။

ကူးလူးယှက်နွှယ်နေကြတယ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကူးသန်းရောင်ဝယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြသလို၊ ယဉ်ကျေးမှုတွေလည်း နိုင်ငံတစ်ခုနဲ့တစ်ခု အပြန်အလှန် လွတ်လွတ်လပ်လပ် ကူးလူးယှက်နွှယ်နေကြမှာဖြစ်တယ်။ ဒါကို ဘယ်လိုမှပိတ်ပင်တား ဆီးလို့မရဘူး။ ပြုလည်း မပြုအပ်ဘူး။ ဒါပေမဲ့ လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွား ကာကွယ်ရေး' မူဝါဒတွေ ဥပဒေတွေရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေမထိခိုက်အောင် တားသင့်တာ တား၊ ပိတ်သင့်တာ ပိတ် လုပ်ပေးကြရတယ်။

သဘာဝချစ်သူများ

အိမ်ထောင်သားမွေး၊ လူရေးလူမှုကိစ္စတွေမှာ အင်မတန်လွတ်လပ်တဲ့ အနောက်နိုင်ငံကြီးတွေမှာ 'သဘာဝချစ်သူများ' အဖွဲ့ (Nature Society) ဆိုတာမျိုးတွေရှိကြတယ်။ အဲဒီအဖွဲ့တွေက သီးသန့်သတ်မှတ်ထားတဲ့ တောအုပ်ကနေရာမျိုး၊ ဒါမှမဟုတ် ပန်းခြံမျိုးမှာ အ၀တ်အစားမ၀တ်ကြဘဲ သဘာဝအတိုင်းနေထိ၊ လေထိခံကြတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ သူတို့ရဲ့ သီးသန့်နေရာတွေမှာ သူတို့ကြိုက်သလို နေကြ ထိုင်ကြတာကို ဘယ်သူကမှ ပိတ်ပင်တားဆီးမလုပ်ဘူး။ ဒါပေမဲ့ သီးသန့်နေရာက အပြင်ထွက်လာပြီး လမ်းတွေပေါ်မှာ အ၀တ်မပါ၊ ဗလာ ကိုယ်ချည်းလျောက်သွားရင်တော့ Decency Act ဆိုတဲ့ ယဉ်ကျေးမှု အက်ဥပဒေတစ်မျိုးမျိုးနဲ့ အရေးယူ တရားစွဲခံရပါတယ်။

မတင့်တယ်တဲ့ကိစ္စ

ဒီယဉ်ကျေးမှု အက်ဥပဒေဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု၊ ကွဲပြားခြား နားမှုရှိကြတယ်။ Decent ဖြစ်တယ်။ ယဉ်ကျေးတယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ နိုင်ငံတစ်ခုနဲ့တစ်ခု လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ နောက်ခံယဉ်ကျေးမှု ဓလေ့စရိုက်ကွာ ခြားရင် ကွာခြားသလောက် မတူ မတူကွဲပြားသွားကြတယ်။ အနောက်တိုင်းယဉ်ကျေးမှုအရ လူမြင်ကွင်းမှာ ယောက်ျားနဲ့မိန်းမ ဖက်ယမ်းနမ်းရှုံ့လုပ်တာကို မတင့်တယ်တဲ့ကိစ္စလို့ သဘောမထားကြဘူး။ မြန်မာအပါအ၀င် အရှေ့တိုင်းဓလေ့စရိုက်အရ တော့ ဒီလိုလုပ်တာဟာအများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာကိစ္စလို့ သဘောထားကြတယ်။

တင်းတင်းကြပ်ကြပ်ကာကွယ်ထား

အိမ်နီးချင်းနိုင်ငံအတော်များများမှာ အနောက်ယဉ်ကျေးမှုတွေကို လက်ခံကျင့်သုံးသူတွေ တစ်နေ့တခြား များသထက်များလာပေမယ့် မြန်မာတွေကတော့ အတော်လေး တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ရှောက် ထားကြတယ်။ ဒီလို ကာကွယ်စောင့် ရှောက်ထားတဲ့ကြားက ဒီလောက် ပြောင်ပြောင်တင်းတင်းနဲ့ လက်ရဲ ဇက်ရဲ လုပ်ရဲလာကြတာတွေ့ရတော့ အတော်ကြီးကို အလန့်တကြား ဖြစ်သွားရတယ်။ လူငယ်တွေအတွက် စိုးရိမ်သလို တိုင်းပြည်ရဲ့အနာဂတ်ကိုလည်း တွေးပြီးရင်လေးမိတယ်။

အားသစ်တွေတိုးလာတယ်

ဒါပေမဲ့ဒီစိုးရိမ်စိတ်က ချက်ချင်းပျောက်သွားတယ်။ ဟေးလားဝါးလားနဲ့ ပေါက်လွှတ်ပဲစားနေကြတဲ့ လူငယ်မျိုးက များများစားစားရှိတာ မဟုတ်ပါဘူး။ အထက်မှာရေးခဲ့သလို ပိုက်ဆံကို အလကားရသလို၊ ရ ချင်တိုင်းရနေတဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီ အသိုင်းအ၀ိုင်းထဲမှာပဲ ရှိနေတာဖြစ်တယ်။ အခုဒီကိစ္စလာပြောပြတဲ့ သန့်သန့်ပြန့်ပြန့် လူငယ်လေးတွေလို၊ လူငယ်တွေက တစ်နိုင်ငံလုံးအနှံ့ သန်းပေါင်းများစွာ ရှိနေကြတယ်။ ဒီလူငယ်လေးတွေ က အမြင်မတော်တာကို လက်ပိုက်ပြီးငုတ် တုတ်ထိုင် ကြည့်နေကြမှာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သူတို့အကောင်းဆုံး ကာကွယ်စောင့်ရှောက်ကြမှာ သေချာတယ်။ ရေကြောင်း တက္ကသိုလ်က လူငယ်လေးယောက်ကိုကြည့်ပြီး အားသစ်တွေ တိုးလာတယ်။ တိုင်းပြည်ကို သူတို့လူငယ်တွေလက်ထဲ အမြန်ဆုံးထည့်ပေးလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။
http://news-eleven.com/

အပြည့်အစုံသတင်းဖတ်ရန်....

လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း

VOA|စစ်မှန်တဲ့ပြည်ထောင်စုကို လက်တွေ့ တည်ဆောက် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေတွေ တွေ့နေရပြီ ဆိုပြီး ဒီကနေ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မြန်မာပြည် တ၀ှမ်းက ပြည်ထောင်စုနေ့ အခမ်းအနားတွေ အပြင် လက်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကေအိုင်အိုက ဘယ်လို တုံ့ပြန် ပြောကြားလိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ လက်တွဲမဖြုတ်ဘဲ မြန်မာ့ နိုင်ငံရေးလောကမှာ အတူလက်တွဲ လုပ်ဆောင်နိုင်ခဲ့တာကို ကြည့်ရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်တယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ယုံကြည်မှု ရှိတယ် ဆိုပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ပြုလုပ်တဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောသွားပါတယ်။ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေဟာ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပါတီဖျက်သိမ်းခံရတာတွေ ဖမ်းဆီးခံရတာတွေ ရှိနေပေမဲ့ အန်အယ်လ်ဒီနဲ့ တသားတည်း ရပ်တည်ခဲ့ကြတယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ ပြည်ထောင်စုကို ဘယ်လို သွားကြမလဲ ဆိုတာကိုလည်း အခုလို ပြောဆိုလိုက်ပါတယ်။

“ပင်လုံစာချုပ်ကို အခြေခံဟာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးကြားထဲမှာ ယုံကြည် စိတ်ချမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု၊ တစ်ဦးပေါ်တစ်ဦး သစ္စာရှိမှုအပေါ်မှာ အခြေခံတာပါ။ ဒါကြောင့် အခုထိ တိုင်းရင်းသားများက နောင် ပြည်ထောင်စုတစ်ခုကို၊ နောင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို တည်ထောင်ဖို့ ဆိုတာဟာ ပင်လုံစာချုပ်ရဲ့ စိတ်ဓါတ်၊ ပင်လုံစာချုပ် အပေါ်မှာ အခြေခံရမယ်လို့ ထပ်တလဲလဲ ပြောနေတာ ဒီဟာတွေကြောင့် ဖြစ်တယ်လို့ ကျမတို့ ထင်ပါတယ်။”

တိုင်းရင်းသား ပါတီတွေလည်း ဒီကနေ့ ရန်ကုန်မြို့တော်မှာ ပြည်ထောင်စုနေ့ အထိမ်အမှတ်ပွဲ ကျင်းပခဲ့ကြပါသေးတယ်။ ညနေပိုင်းမှာ ကျင်းပတဲ့ ဒီပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရခိုင်တိုင်းရင်းသား ပါတီက ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပင်လုံညီလာခံက မျှော်မှန်းခဲ့တဲ့အတိုင်း ဒီကနေ့ ရောက်နေသလား၊ မရောက်ဘူးလား ဆိုတာကို ပြန် သုံးသပ်ဖို့လိုတယ် ဆိုတာကို ကိုယ့်အမြင် သူ့အမြင်နဲ့ သုံးသပ် ဝေဖန်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့အခါမှာလည်း စစ်မှန်တဲ့ ပြည်ထောင်စုကို ကျမတို့ တည်ဆောက်ဖို့ လိုပြီဆိုတာကို သူ ညွှန်း ဖော်ပြသွားတာ တော်တော်လည်း တိုင်းရင်းသားတွေ လက်ခုပ်သြဘာ တီးကြပါတယ်။”

နိုင်ငံတော် စစ်တပ် အင်အားကို ခိုင်မာတောင့်တင်းအောင် သားစဉ်မြေးဆက် တည်ဆောက်ထားဖို့ စစ်တပ် အင်အား မကောင်းရင် တိုင်းရင်းသား ပြည်သူတွေ အနေနဲ့ အင်အားကြီး နိုင်ငံတွေရဲ့ အနိုင်အထက် ပြုကျင့်တာကို ခံရမှာ ဖြစ်တယ်၊ ဒါကြောင့် မြန်မာ့ တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်အောင် ဖွဲ့စည်းတာမှာ တိုင်းရင်းသား အားလုံး ပါဝင် လုပ်ဆောင်ရမယ်လို့ ဒီကနေ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာ အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်က ပြောကြားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ကြဖို့လည်း သူက တိုက်တွန်းထားတာပါ။

ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်းကတော့ မြန်မာ အစိုးရက ပြောဆိုနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်လိုတယ် ဆိုတာကို သံသယ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

“မနှစ်တုန်းက မတ်လ ၃၀ ရက်နေ့ကနေ ဒီအစိုးရ တက်လာတယ်။ အဲဒီနေ့ကနေ စပြီးတော့မှ ငြိမ်းချမ်းရေးက သူ ပြောနေတာပဲ။ နောက် တပြည်လုံးက လူတွေကိုလည်း ခေါ်တယ်။ နောက် သူ့ရဲ့စစ်ဗိုလ်ချုပ်တွေကိုလည်း အမိန့်ပေးတယ်။ အပစ်အခတ် ရပ်စဲဖို့ရာ ပြန်ပြီးတော့ ခေါ်ယူဖို့ ဆိုပြီးတော့ အဲဒီ အမိန့်ပေးတဲ့ စစ်တပ်တွေကတော့ ပိုပြီးတော့ ပို့တယ်၊ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျနော်တို့ဘက်မှာ ဘယ်လောက် အချင်းချင်း သတ်ဖြတ်ကြသလဲ။ အဲဒီတော့ သူကတော့ နေပြည်တော်မှာ အော်နေတယ်။ ပြည်ထောင်စု စိတ်ဓါတ် မွေးမြူပြီးတော့မှ ကျနော်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းလာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ ငြိမ်းချမ်းလာတာကို ကျနော်ကတော့ ခံစားရတာ မျက်စိအားဖြင့်သော်လည်းကောင်း ခံစားချက်ကို လိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က လွန်ခဲ့တဲအချိန်ကို ထားလိုက်ပါ။ အခု ပြည်ထောင်စုနေ့ကစပြီး ရှေ့ရှုပြီးတော့မှ အပြောနဲ့အလုပ် လက်တွေ့ ညီပါစေ။”

ဒီအစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှုတွေ ရရှိထားပေမဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့တော့ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် ပျက်ပျယ်ခဲ့ပြီး စစ်ရေး တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, February 04, 2012

ဗိုလ်ကြီးဟောင်းနေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲဆိုထားတဲ့ တရားမဝင်ပစ္စည်း ခိုးသွင်းမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။


ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့လက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့နေ့မှာပဲ ပုဒ်မ ၄၂ နဲ့ ပြန်ပြီးတော့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အပြစ်မရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်း အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။





ပြည်တဲရေးဝန်ကြီးဌာနလက်အောက်၊ အကျဉ်းစီးဦးဌာနကနေ တရားလိုလုပ် တိုင်ကြားပြီး အမှုဖွင့် ခဲ့တာကတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီနဲ့ ဒေါ်အေင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကို အင်းစိန်ထောင်ထဲ ယူဆောင်လာတယ်ဆိုပြီး အမှုဖွင့် တရားစွဲခဲ့တာပါ။


ဒီနေ့တရားရုံးထုတ်ချိန်မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုချမှတ်ခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။


“အင်းစိန်မြို့နယ်တရားရုံးမှာပါ။ တရားသူကြီးရဲ့ တရားခွင်မှာ NLD ပါတီဝင်လူငယ်တွေရော၊ စိတ်ပါဝင်စားတဲ့ သူတွေရော တော်တော်များများလာရောက် နားထောင်ပါတယ်။ နောက် တရားသူကြီးက စတင်ဖတ်ကြားပါတယ်။ လျှောက်လဲချက်တွေနဲ့ စွဲဆိုချက်တွေကိုတော့ မပြောတော့ပါဘူးတဲ့- မပြောတော့ဘဲနဲ့ သုံးသပ်ချက်နဲ့ အမိန့်ကိုပဲ ဖတ်ပြပါတယ်။ သုံးသပ်ချက်ကို ဖတ်ပြရာမှာလည်း တရားလို အရာရှိတွေ တင်သွင်းလာတဲ့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သော့ချိတ်တွေဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်း လုံလောက်တဲ့ အထောက်အထားမရှိပါဘူး၊ နောက်ပြီး ဥပဒေပုဒ်မတွေလည်း မရှိပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ပြဌာန်းထားတဲ့အထဲမှာလည်း မပါပါဘူးတဲ့။


ပြီးတော့ ကျနော်က သူတို့စွပ်စွဲသလို ခိုးသွင်းဖို့ ကြိုးစားတာ မဟုတ်တဲ့အပြင် ဒီပစ္စည်းတွေကလည်း တရားမဝင်ပစ္စည်း မဟုတ်ဘူးဆိုပြီးတော့ ပေါ်လွင်ထင်ရှား တွေ့ရှိရတဲ့အတွက်ကြောင့် ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်တဲ့။ ကျနော်အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပါတယ်တဲ့”


ဒါဟာ ပြည်တဲရေးဝန်ကြီးဌာနလက်အောက်မှာ တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တာဟာ ဖြစ်တောင့်ဖြစ်ခဲ အမှုကိစ္စ ဖြစ်ပြီး သူရဲ့အမှုဟာ ပထမဦးဆုံးတောင် ဖြစ်နိုင်တယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။


“ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းယန္တရားကနေ တရားလိုပြုပြီးတော့ စွဲတင်တဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲခံရသူ လွတ်တယ်ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ်- ကျနော်တို့ သမိုင်းမှာ။ ကျနော်သိ သလောက်ပေါ့နော် - ကျနော် ထမဆုံးပဲ ဖြစ်မလားတော့ မသိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက စွဲဆိုတဲ့ အမှုတခုကို တရားရုံးက အပြစ်မရှိကြောင်းဆိုပြီးတော့ ကွင်းလုံးကျွတ် လွှတ်လိုက်တဲ့အမှုဟာ။ ကျနော်တို့ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ ကျနော်တို့ေ လးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ တရားမဝင်ဘူးလို့ သုံးနှုံးစွပ်စွဲလာတာကိုခံရတဲ့ အမှုကြီးပေါ့နော်”


တရားမဝင် ပစ္စည်းလို့ အကျဉ်းထောင်က သတ်မှတ်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတီရှပ်နဲ့ ဒေါ် အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ဖြစ်နေတဲ့အတွက် ဒါဟာ မဖြစ်သင့်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တယ်လို့ ယူဆတယ်လို့လည်း ပြောပါတယ်။


“အားလုံး အထွေထွေ ပါပါလိမ့်မယ် ခင်ဗျ၊ အားလုံးက ဝိုင်းဝန်း စိတ်ဝင်တစား စောင့်ကြည့် နေတာလည်း ပါပါတယ်။ ပြီးတော့ ဒီအမှုဖြစ်စဉ်ကိုကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်း တရားသူကြီးတွေ ကိုယ်တိုင်ကလည်း လေးလေးနက်နက် ယုံကြည်တာလည်း ပါပါမယ်။ တရားသူကြီးတွေမှာ ချုပ်ခြယ်လွှမ်းမိုးခံရခြင်း မရှိဘဲ လွတ်လပ်စွာ၊ တည့်မတ်စွာစီရင်ပိုင်ခွင့် သူတို့မှာ ရရှိသွားလို့လည်း ပါပါမယ်ခင်ဗျ”


မြန်မာနိုင်ငံရဲ့တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေဖို့အတွက် မတရားပြစ်ဒဏ်ချထာတဲ့အမှုတွေကို လည်း ဆက်လက်စိစစ်ပေးဖို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တောင်းဆိုပါတယ်။


“အစိုးရသစ်ရဲ့လက်ထက်မှာ ကျနော်ဟာ ပထမဆုံး အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားလည်း ဖြစ်ခဲ့ ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာပဲ နောက်တမှုနဲ့ အစွဲခံရပြီးတော့ ထပ်ပြီးအစွဲခံရ သူလည်း ဖြစ်ပါတယ်။


ဒါပေမယ့် အခု ၂ ပတ်ကျော် အကြာမှာပေါ့- နောက်ဆုံးစီရင်ချက် ချတဲ့ အချိန်မှာ ကျနော့်ကို ကွင်းလုံးကျွတ် လွှတ်လိုက်တယ် ဆိုတဲ့ အတွက်ကြောင့် ဒီ လပိုင်း အတောအတွင်းမှာ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့တော့ တည့်မတ်မှန်ကန်လာတယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာတယ်လို့တော့ ပြောချင်ပါတယ်။


ဒါပေမယ့် ဆုံးဖြတ်ခဲ့ပြီးသော အမိန့်များ- အဲဒါက လက်ရှိ ထောင်ထဲမှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ အမှုများကို၊ တရားစီရင်ရေးစနစ်ဟောင်းမှာ ဖမ်းဆီးထားခံရတဲ့သူများကို ပြန်လည်စစ်ဆေး ဖော်ထုတ်ပြီးတော့ မတရား ဖမ်းဆီးထားခံရသူများအရေးကိုလည်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဖြစ်နေတဲ့ အမှုတခုခုကို မှန်ကန်စွာ ဆုံးဖြတ်လိုက်ရုံနဲ့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်သွားမှာ မဟုတ်ပါဘူး”


ဗိုလ်ကြိးဟောင်းနေမျိုးဇင်ဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံရပြီး မကြာခင်ကမှ ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။


သူဟာ သွေးအကူအညီပေးရေးနဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အဖမ်းဆီးခံခဲ့ရပြီး နောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး ဒီအမှုကတော့ ပြန်လွတ်တဲ့နေ့မှာပဲ တရားစွဲဆို ခံခဲ့ရတဲ့အမှုလည်း ဖြစ်ပါတယ်။


နားဆင်ရန်


source by :
http://www.voanews.com

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 27, 2012

တိုကျိုတွင် လာမည့် ၄ နှစ်အတွင်း ငလျင်ကြီးများ လှုပ်ခတ်နိုင်ဟုဆို

Planet |ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုသည် လာမည့် (၄)နှစ်အတွင်း အလွန်အင်အားကြီးမားသော ငလျင်ပြင်းကြီးများ လှုပ်ခတ်မှုနှင့် ကြုံရနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ မြို့တော် အနေဖြင့် လာမည့် (၄)နှစ်အတွင်း ရစ်ခ်ျတာစကေး (၇)ထိရှိသည့် ငလျင်ကြီးများနှင့် ကြုံကြိုက်ရမည့် အနေအထားသည် (၇၀)ရာခိုင်နှုန်းထိ ရှိနေကြောင်း သိရသည်။ လာမည့် နှစ်ပေါင်း(၃၀)အတွင်း အဆိုပါ ငလျင်ကြီးမျိုးနှင့် တိုက်ရိုက်ထိတွေ့ရမည့် အခြေအနေမှာမူ (၉၈)ရာခိုင်နှုန်းထိ သေချာနေကြောင်း တိုကျိုတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။ ဂျပန်မှ ငလျင်တိုင်းတာရေး ကျွမ်းကျင်သူများက (၄)နှစ်အတွင်း ဂျပန်သည် သေချာပေါက်နီးပါး ငလျင်ကြီးတစ်ခုခုနှင့် ကြုံရနိုင်ကြောင်း သတိပေးထားသည်။

တိုကျိုတက္ကသိုလ်၏ ငလျင်သုတေသန ဌာနက ငလျင်၏ ပြင်းအားသည် ရစ်ခ်ျတာစကေး (၉)ထိ မြင့်တက်လာနိုင်ကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့်နှစ် အစောပိုင်းက ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ရာ နိုင်ငံ၏ အရှေ့မြောက် ကမ်းခြေ ဒေသတွင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၂၃၀၀၀)ကျော် သေကြေ ပျက်စီးခဲ့သည်။ တိုကျိုတွင် ဆောက်လုပ်ထားသော အဆောက်အအုံသစ် အများအပြားသည် ငလျင်ဒဏ် ခံနိုင်အောင် နည်းပညာ မြှင့်တင်ထားသော်လည်း အစိုးရက ပြင်းအားအဆင့် (၇.၃)ရှိသော ငလျင်တစ်ခု ရိုက်ခတ်ပါက လူပေါင်း (၅၆၀၀)မျှ သေကြေကာ အိမ်ခြေ (၈၅၀၀၀၀)မျှ ပျက်စီးနိုင်ကြောင်း ခန့်မှန်းထားသည်။

သုတေသီများ၏ ခန့်မှန်းချက်နှင့်မူ အစိုးရဘက်က အတည်ပြုရန် ငြင်းဆိုခဲ့ပြီး မတူညီသော ကွန်ပျူတာ အမျိုးအစားများအပေါ် အခြေခံ တွက်ချက်မှုအလိုက် ရလဒ် ကွာခြားနိုင်ကြောင်း ထောက်ပြခဲ့သည်။ ဂျပန်တွင် ကိုဘေးငလျင်ကြီးကြောင့် လူ(၆၄၀၀)ကျော် သေဆုံးပြီးနောက် (၁၉၉၅)မှစ၍ အဆောက်အအုံများ တည်ဆောက်မှုကို ငလျင်ဒဏ်ခံနိုင်မှု အဆင့်အတန်း သတ်မှတ်လာခဲ့သည်။

Source: Guardian

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, December 31, 2011

ပညာရေး ရန်ပုံငွေ ဓါတ်ပုံနှင့် ဗီဒီယို



အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 29, 2011

မင်္ဂလာတောင်ညွန် စက်ဆန်း မေတ္တာမွန် ဂိုဒေါင်များ မီးလောင် ပေါက်ကွဲမှု ဓာတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

မင်္ဂလာတောင်ညွှန့်၊ စက်ဆန်း သင်္ဘောကျင်း အနီး လောင်ကျွမ်းနေသော မီးကြောင့် မီးသတ်သမား (၄) ဦး တိုင်းပြည် အတွက် အသက်ပေး လှူသွားခဲ့ရသည်။အဆိုပါ မီးသတ် ၀န်ထမ်း(၄)ဦး၏ နာမည် များမှာ ဦးမျိုးကျော်ကျော် ၊ ဦးအောင်အောင် ၊ ဦးဇော်ဌေး ၊ ဦးတင်စိုးတို့ ဖြစ်ကြောင်း ဒဏ်ရာရသူ ကျား (၅၅) ဦး၊ မ (၁၆) ဦး၊ ပျောက်ဆုံးဆဲ (၂၃) ဦး ဖြစ်ကြောင်း လျှပ်တစ်ပြက် အထူး သတင်းထောက်က နံနက် (၅) နာရီခွဲ အချိန် တိုက်ရိုက် သတင်း ပေးပို့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */