V OA| မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဖွံ့ဖြိုးရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုဟာ အပြုသဘောဆောင်တယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုကို ရောက်နေစဉ်မှာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID အပါအဝင် ထောက်ပံ့ကူညီရေး အဖွဲ့တချို့နဲ့ တွေ့ဆုံအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ George Washington တက္ကသိုလ် ကျောင်းသားဟောင်းလည်းဖြစ်တဲ့ ဝန်ကြီး ဦးဌေးအောင်ဟာ တက္ကသိုလ်ကပေးတဲ့ ထူးချွန်ကျောင်းသားဟောင်းဆုကို လာရောက်လက်ခံယူရင်း မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း တိုးတက်ရေးကို တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မစုမြတ်မွန်က ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကို ဆက်သွယ်ပြီး ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုအကြောင်းတွေ အဓိက တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို မေးတဲ့အခါ ဝန်ကြီး ဦးဌေးအောင် က အခုလို စပြီး ဖြေခဲ့ပါတယ်။ “ဒီဆွေးနွေးတဲ့ အဖွဲ့အစည်းတွေမှာတော့ World Bank ပါတယ်၊ နောက်တခု ISC အဖွဲ့ပေါ့ အဲ့ဒါက Finance နဲ့ပတ်သက်တာ။ အဲဒီအဖွဲ့နဲ့လည်း ကျနော်တွေ့ရတယ်။ နောက်ဒီမှာရှိတဲ့ ADB နဲ့တွေ့ရတယ်။ USAID အဖွဲ့တွေနဲ့ တွေ့ရတယ်။ အဲ့ဒါတွေနဲ့ တွေ့ပြီးတော့ ကျနော်တို့ရဲ့ Master Plan ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့အခါမှာ ဘယ်လို အခက်ခဲတွေရှိတယ်၊ ဘယ်လို လိုအပ်ချက်တွေရှိတယ်၊ အဲဒါလေးတွေကို ဆွေးနွေးတာဖြစ်ပါတယ်။ အဲတော့ ဒီဆွေးနွေးချက်အပေါ်မှာ မူတည်ပြီး သူတို့လည်း စိတ်ဝင်စားကြတာဖြစ်တဲ့အတွက် သြော် အဲ့ဒီထဲမှာ ဂျက်ကာပါ ပါတယ်။ အစည်းအဝေးပြီးသွားတယ်။ ဆိုတော့ အဲဒီလိုတွေ ပါတဲ့အခါကျတော့ ဒါဟာ နောက် ကျနော်တို့ လုပ်ရမယ့် ကိစ္စတွေမှာ ကျနော်တို့ရဲ့ Master Plan မှာပါတဲ့ 38 Project ကို အကောင်အထည်ဖော်တဲ့နေရာမှာ သူတို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပံ့ပိုး ကူညီပေးမယ့် အခြေအနေမှာဖြစ်ပါတယ်။ မေး။ ။ ၀န်ကြီးတို့ အခုလို တွေ့တဲ့ကိစ္စမှာ ခုနက ၀န်ကြီး ရှင်းပြသလိုဆိုရင်တော့ အကောင်အထည် ဖော်စရာလိုတဲ့ Project တွေမှာ သူတို့အနေနဲ့ ဘယ်လို အကူညီပေးမယ်ဆိုတဲ့ဟာကို ဆွေးနွေးတယ်ဆိုတော့ အခုလို တွေ့ဆုံပြီးတဲ့ အချိန်မှာကော သူတို့ဘက်ကပေါ့နော် မြန်မာနိုင်ငံမှာ ဒီဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးမှာ ဘယ်လို အကူညီတွေ သူတို့အနေနဲ့ ထပ်ပေးမယ်ဆိုတဲ့ ကတိပေးမှုတွေ အာမခံချက်တွေရော ရခဲ့တယ်လို့ ပြောနိုင်ပါလဲရှင့်။ ဖြေ။ ။ “ဒါက အခုချက်ချင်းကြီးတော့ ပြောဖို့ခက်တာပေါ့လေ သို့သော်လည်း ဥပမာဆိုရင် ADB ဆိုရင် ကျနော်တို့က ဆွဲတည်းကိုက ADB နဲ့ ဆွဲထားတယ်။ ADB က အခုဆိုရင် မွန်နဲ့ ကရင်ပြည်နယ်ဘက်မှာ SME Development အတွက် စပေးနေပြီ။ အဲဒါမျိုးရှိတယ်။ နောက်တခါ Luzenberg နဲ့ Luzenberg နဲ့ကလည်း Capacity Building အတွက်ကို ကျနော်တို့ကို Euro ၅ သန်းပေါ့ ဒါကို ၅ သန်းပေးဖို့အတွက်ကို မစ်ရှင်းအဖွဲ့က စပြီးတော့ Fact Finding နဲ့ Survey တွေ လုပ်နေတယ်။ ဒါတွေဟာ မကြာခင်မှာ ၁၄ အစမှာ စပြီးတော့ ကျနော်တို့ အကောင်အထည်ဖော်မယ်။ ဒါမျိုးတွေရှိနေတာပေါ့။ တဆက်တည်းမှာပဲ အခု ဒီ USAID တို့ World Bank တို့ ဒါတွေကလည်း ဆွေးနွေးတဲ့အထဲမှာ ဂျက်ကာပေါ့ ဂျက်ကာအပါအ၀င်ပေါ့ ဒါတွေကလည်း ကျနော်တို့ အခု ဆွေးနွေးတဲ့အထဲမှာ Very Positive ပေါ့လေ ကျနော်တို့အတွက် အများကြီး အားရစရာ ကောင်းတာပေါ့လေ။ ဘာလို့လဲဆိုတော့ ဒီမှာရှိတဲ့ George Washington University က ဆရာတွေကလည်း သူတို့ကိုယ်တိုင် ဦးစီးပြီးတော့ ကျနော့်ကို ၀ိုင်းလုပ်ပေးနေကြတာဆိုတော့ အခြေအနေတွေက အများကြီး ကောင်းလာနိုင်ပါတယ်။” မေး။ ။ ဒီ USAID ပေါ့လေ ၀န်ကြီးပြောသလိုဆိုရင်တော့ ဒါ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းပေါ့။ သူကကော အခု ၀န်ကြီးတို့ လုပ်နေတဲ့ လုပ်ငန်းတွေ စီမံကိန်းတွေမှာ ဘယ်လိုအနေထားတွေနဲ့ ကူညီမယ်ဆိုတာမျိုးကိုကော စိတ်ဝင်စားမှုကို သိရပါသလဲရှင့်။ ဖြေ။ ။ “သူတို့ဆီက အခု ကျနော်တို့ ဒီ ဒါရိုက်တာအဖွဲ့ အဆင့်နဲ့လည်း ဆွေးနွေးခွင့်ရတာပေါ့လေ။ သူတို့ ဒီမှာရှိတဲ့ သူတို့ Team ပေါ့လေ သူတို့ Team အဖွဲ့ကလည်း အကုန် ဒီ Master Plan နဲ့ပတ်သက်ပြီး ကျနော် ရှင်းပြတယ်။ ပြီးတဲ့အခါမှာ ကျနော်တို့အနေနဲ့ သူတို့ဘက်က လုပ်ပေးနိုင်တဲ့ အနေထားရှိလာမယ်လို့ မြင်ပါတယ်။ ဒါကတော့ အခုချက်ချင်းတော့ ကျနော် ဘယ်ဟာကို ပေးမယ်ဆိုတာတော့ ပြောလို့မရဘူးပေါ့။ ဥပမာ - ကျနော်တို့မှာ အခု Strategist Program ၆ ခု ရှိပါတယ်။ အဲဒီအထဲမှာမှ Institutional Framework အဲ့ဒီဥစ္စာကို သူတို့ စိတ်ဝင်စားလား။ Product Development ကို စိတ်ဝင်စားလား။ Connectivity ကို စိတ်ဝင်စားလား။ Human Resource Development ကို စိတ်ဝင်စားလား။ Nation Branding Campaign ကို စိတ်ဝင်စားလား။ ဒါတွေကတော့ အကုန်ရှင်းပြထားပြီးပြီ ဆိုတဲ့အခါမှာ သူတို့သိချင်တာတွေကို ယူထားပြီးရင် ဒါ ဆက်ပြီး ကျနော်တို့နဲ့ Contact လုပ်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” မေး။ ။ နောက်တခုက အခု ၀န်ကြီးရဲ့ အခုခရီးစဉ်မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ဥက္ကဌ တို့၊ ဒုဥက္ကဌ တို့ အပါအ၀င်ပေါ့ တခြားတာဝန်ရှိသူတွေလည်း ပါလာတယ်ဆိုတော့ ဒီမြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို ဒီအမေရိကန်မှာ မြှင့်တင်နိုင်ဖို့ အကြောင်းရင်းတခုလည်း ပါတယ်လို့ စောစောက ၀န်ကြီး ပြောသွားတယ်ဆိုတော့ ဘယ်လောက်ထိ ဒီခရီးစဉ်မှာ အောင်မြင်အောင် မြှင့်တင်နိုင်တယ်လို့ရော ပြောလို့ရပါလဲရှင့်။ ဖြေ။ ။ “ဒါက ကျနော်တို့ အခု ဒီ Private Public Partnership က အရေးကြီးတယ်။ အဲဒီတော့ ကျနော်တို့ လာတဲ့အခါမှာကို ကျနော်တို့ရဲ့ ဌာနဆိုင်ရာကြီးပဲ မဟုတ်ဘူး။ Private Sector လည်း ပါတယ်။ Private Sector နဲ့ ပတ်သက်ရင်လည်း သူတို့ အကုန် ဆွေးနွေးနိုင်တယ်။ ဒီမှာ ကျနော်တို့က ဟိုတယ် Association ကလည်း ပါတယ်။ Travel Association ကလည်းပါတယ် စသည်အားဖြင့် အကုန် ဒီလို ပါလာတဲ့အခါကျတော့ လိုအပ်တဲ့ဥစ္စာကို သူတို့ Private နဲ့လည်း ကျနော်တို့ ဆွေးနွေးလို့ရတယ်။ Private ကို ပေးချင်တာတွေရှိရင် သူတို့ ချက်ချင်း ဆွေးနွေးပြီး ပေးလို့ရအောင် ဒါ First Connection ပဲ။ ဒါကို ကျနော်တို့ ဒါ ချိတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ မေး။ ။ ဒီအမေရိကန်ကို အခုတခေါက် လာတဲ့အခါမှာ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ပိုပြီးတော့ တိုးတက် ကောင်းမွန်အောင်လို့ အတုယူသင့်တယ် ဆိုတဲ့အမြင်တွေ အကြံတွေပေါ့လေ အဲဒါတွေ ဘာတွေရတယ်လို့ ပြောနိုင်ပါလဲရှင့်။ ဖြေ။ ။ “အဓိကကတော့ မြန်မာနိုင်ငံကို လာနေတဲ့ ဧည့်သည်တွေကို ကြည့်ရတာ Market Survey ပေါ့ ဟုတ်လား။ အခု မြန်မာနိုင်ငံ ဒီဘက် ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အခါမှာ မြန်မာနိုင်ငံကိုလာတဲ့ အမေရိကန်ဈေးကွက်က တော်တော့်ကို ထူးထူးခြားခြား တက်လာတာ ရှိတယ်။ အဲတော့ ဒီလူတွေ အခု လာတဲ့အခါမှာ ပြောပြနိုင်သလောက်ကို ပြောပြလို့ရှိရင် သူတို့ ပိုပြီးတော့ နားလည်နိုင်တာပေါ့နော်။ သူတို့ နားလည်နိုင်လို့ရှိရင် ဘာပဲဖြစ်ဖြစ် များများလာရင် များများ အကျိုးရှိမှာပေါ့လေ။ ဒီသဘောပါပဲ။ ဧည့်သည်တွေ များများလာတယ်၊ အခု အမေရိကန်နိုင်ငံကို ရောက်လာတော့ အမေရိကန်အဖွဲ့တွေနဲ့ တွေ့ပြီးတော့ ဒါ ကျနော့်ကိုကူညီတဲ့ ကျောင်းကလည်း ရှိနေတယ်။ နောက်ဒီမှာလည်း အသင်းအဖွဲ့တွေကလည်း နားထောင်ကြတယ်။ ဆိုတော့ အထူးသဖြင့်တော့ ခရီးသွားလုပ်ငန်း အဖွဲ့တွေက လာနားထောင်တာဆိုတော့ ကျနော်တို့ နောင် လုပ်ဖို့ ရသွားပြီ ဒီမှာ တကယ်လို့ ဈေးကွက်ကို မြှင့်တင်မယ် ဘာညာဆို အရမ်းကို Private Sector အတွက် လွယ်သွားပြီ။ သူတို့ Connection တွေ Attachment တွေ ရသွားပြီဆိုရင် ဒါ ကျနော်တို့အတွက် အများကြီး ကောင်းတာပေါ့လေ တိုင်းပြည်အတွက်။” အမေရိကန်ပြည်ထောင်စုမှာ ဖွံ့ဖြိုးရေးအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ကို မစုမြတ်မွန် က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Showing posts with label သတင်း ဆောင်းပါး. Show all posts

Thursday, October 10, 2013
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

Sunday, June 17, 2012
နှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးပွဲကျင်းပပြုလုပ်သွားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လူကိုယ်တိုင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တက်ရောက်လက်ခံယူခဲ့သည်။
နိုဘယ်လ်ဆုပေးပွဲအခမ်းအနား ကျင်းပပွဲတွင် တေးရေး ဆရာ အောင်လင်းရေးသားခဲ့သည့် မေတ္တာရွှေစောင်း သီချင်းကို မြန်မာအမျိုးသား စောင်းမောင်နေ၀ါက မြန်မာ့ရိုးရာ စောင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ယခု ရရှိသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်က မြန်မာနိုင်ငံတွင် နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီးခံနေရစဉ် နိုဘယ်ငြိမ်းချမ်းရေးဆု ကို ရရှိခဲ့ခြင်းဖြစ်သော်လည်း နိုဘယ်လ်ဆုကို ကိုယ်တိုင်တက်ရောက်ယူခွင့် မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဆိုပါဆုပေးပွဲကို ခင်ပွန်းဖြစ်သူ Michael Aris နှင့် သားဖြစ်သူနှစ်ဦးတို့တက်ရောက်ခဲ့ပြီး ၄င်း၏သားဖြစ်သူနှစ်ဦးဖြစ်သော Alexander Aris (ခ)မြင့်ဆန်းအောင် နှင့် Kim Aris ((ခ) ကိုထိန်လင်း တို့က လက်ခံရယူခဲ့သည်။
ပထမဦးဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဒေါ်အောင်ဆန်းစုကြည် အသက် ၄၆ နှစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး၊ ၂၁နှစ်အကြာ ယခုအသက် ၆၇ နှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒုတိယအကြိမ်မြောက် ပေးအပ်ချီးမြှင့်ခြင်းခံရသူဖြစ်ပြီး ယခုကဲ့သို့ နှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိသူမှာ ကမ္ဘာတွင် ပထမဦးဆုံးဖြစ်သည်။
နိုဘယ်ဆုအပြင် နိုင်ငံတစ်ကာအစိုးရမှ ပေးအပ်သော Rafto Prize, Jawaharlal Nehru Award International Simón Bolívar Prize, Olof Palme Prize, Bhagwan Mahavir World Peace ဆုများကိုလည်း ရရှိခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းကို နိုဘယ်လ်ဆု ချီးမြှင့်ရေး ကော်မတီ ၀က်ဆိုဒ်ဖြစ်သော http://www.nobelprize.org/ တွင် တိုက်ရိုက် ကြည့်ရှူနိုင်သည်။
ညီအာဇာနည်
Photo by : AFP ,thestar news and daylife

Thursday, June 16, 2011
ဒါဟာ တချိန်မှာ သမိုင်းတွင်မှာနော်
်အီးမေလ်ပေးပို့သူ eimmet mahotpar
တိုင်းရင်းသားအဖွဲ့တွေကို စစ်တိုက်နေတယ်လို့သိရပါတယ် အဲဒီဆုံးဖြတ်ချက်
ဘယ်သူချတာလဲ ဘယ်သူတာဝန်ခံမှာလဲ ဒါဟာ တချိန်မှာ သမိုင်းတွင်မှာနော်
ဦးနှောက်ရှိတဲ့သူ ဆုံးဖြတ်တာလား အမျှော်အမြင်ရှိတဲ့သူ ဆုံးဖြတ်တာလား
ဘယ်သူအကျိုးရှိဖို့ ဆုံးဖြတ်တာလဲ အဲဒီလိုစစ်ပွဲတွေဖြစ်ရင်
ဘယ်သူတွေအကျိုးရှိမှာလဲ ဘယ်သူတွေ အဆင်ပြေမှာလဲ
အောက်ခြေက စစ်ဗိုလ်စစ်သားတွေကတော့ သေမယ် ခြေပြတ် လက်ပြတ် ဖြစ်မယ်
မယားတွေမုဆိုးမဖြစ်မယ် သားသမီးတွေ အဖမဲ့ဖြစ်မယ်
အဲဒီစစ်ပွဲတွေရဲ့ ကုန်ကျစရိတ်ကရော ဘယ်သူခံရတာလဲ ဘယ်သူ့အိတ်ထဲက ပိုက်ဆံတွေလဲ
ငါတို့ ဗမာပြေကို လူလည်ကျနေတဲ့ စစ်ဗိုလ်ချုပ်အမည်ခံ ကိုယ်ကျိုးရှာ
အာဏာရူး တွေကလက်တဆုပ်ထဲပါ
လက်ချိုးရေကြည့်ရင် လူတစ်ရာမရှိပါဘူး အဲဒီလက်တဆုပ် ပြုသမျှနု
ခိုင်းသမျှကျွန်ခံ နေရတာ နှစ်ပေါင်း ၆၀ကျော်ပြီ
ငါတို့ဗမာတွေ အဲဒီလောက် ညံ့ရလား
အာဏာရူးလက်တဆုပ် အရူးထ ခိုင်းတိုင်း အောက်ခြေက စစ်ဗိုလ်စစ်သားတွေ
လိုက်လုပ်နေရမှာလား တကယ်တမ်း သေနတ်ကိုင်ပြီး မျက်နှာချင်းဆိုင်
ဖြစ်နေကြတာဟာ တိုင်းရင်းသားတွေရဲ့ သားသမီးတွေပါ
အမှန်တော့ မောင်နှမတွေပါ တကယ့်အရင်းအချာတွေပါ ဘယ်အာဏာရူးဗိုလ်ချုပ်က
သူ့သားသမီးတွေကို စစ်သားလုပ်ခိုင်းတာကြားဖူးလဲ အောက်ခြေမှာ
ဘာအလုပ်လုပ်ခိုင်းဖူးလဲ
အာဏာရူးတွေ သားစဉ်မြေးဆက် ကောင်းစားဘို့ အတွက် စစ်တပ်ကြီးကို
ကျွန်လိုခိုင်းနေကြတယ် တကယ်တော့ အဲဒီ စစ်တပ်ကြီးကို လစာပေး
အစားအစာကျွေးနေတာ ပြည်သူတွေပါ ပြည်သူတွေရဲ့ အိတ်ကပ်ထဲကပိုက်ဆံတွေပါ
တောထဲက ကျွန်းသစ်တွေ မြေအောက်ကရွှေတွေ ရေနံ သဘာဝဓါငွေ့တွေ အဲဒါတွေဟာ
အမှန်တော့ ပြည်သူပြည်သားအားလုံးရဲ့ ပိုင်ဆိုင်မှုတွေပါ
အခုတော့ လက်တဆုပ် အာဏာရူးတွေရဲ့ အကောက်ကြံမှုကြောင့် အားလုံး ဒုက္ခ ရောက်နေကြရတယ်
ထပ်ပြီး ဒုက္ခရောက်ဖို့လည်း မြင်နေပါတယ်
မင်းရော ငါရော မင်းမိသားစုရော ငါ့မိသားစုပါ ပါတယ် အားလုံး ဘယ်သူမှ
မလွတ်ပါဘူး အနာဂါတ် မျိုးဆက်သစ် ရင်သွေးငယ် နီတာရဲလေးတွေအတွက်
စဉ်းစားပေးကြပါအုံး
ညီအစ်ကိုမောင်နှမ မျိုးချစ်စစ်သည် အပေါင်းတို့ သင်တို့သေနတ်ထဲက
ကျည်ဆံတွေဟာ အားလုံးရဲ့ အနာဂါတ်ကို အလင်းရောင်ပးမယ့်
တိုင်းကျိုးပြည်ပြုကျည်ဆံများဖြစ်ပါစေ
Rest of your post

Saturday, October 16, 2010
ကောင်းတဲ့ သူတွေက ထောင်ထဲရောက်နေပြီး၊ မကောင်းတဲ့ သူတွေက အပြင်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ တာစူနေတဲ့ အချိန်ပဲ မဟုတ်လား
မစ်ရှီဂန်မှပေးသောစာ အမှတ်(၂၆) အောင်ဝေး အောက်တိုဘာ ၁၅၊ ၂၀၁၀
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့...မာပါစ။ အရင်တစ်ပတ်က လက်ငင်း မြန်မာ့နိုင်ငံရေးမှာ ဖြစ်နေတဲ့ ကျပန်း နိုင်ငံရေးသမားတွေ၊ ခါတော်မီ နိုင်ငံရေး အင်အားစုတွေ၊ ပျံကျ နိုင်ငံရေးအုပ်စုတွေ အကြောင်း ကျနော် ပြောခဲ့တယ်။
နိုင်ငံရေးအလုပ် ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန် လိုအပ်တဲ့ အလုပ်ပါ။ လူဆိုတာ နိုင်ငံရေး သတ္တဝါပဲ ဆိုတဲ့ စကားလည်း ရှိတာပဲ။ လူတိုင်းဟာ နိုင်ငံရေးနဲ့ ဘယ်ကင်းပါ့မလဲ။ တက္ကသိုလ် ပါမောက္ခကြီး ကနေ လမ်းဘေး ဈေးသည်၊ ကလေးတွေ အထိ၊ အားလုံးဟာ နိုင်ငံရေးနဲ့ ဆက်စပ် ပတ်သက်နေတာပဲ မဟုတ်လား။
Saturday, May 22, 2010
မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
အာဏာရှင်စနစ်လက်အောက်က ပြည်သူတွေရဲ့ တန်ဖိုးဟာ အမြဲတမ်းနိမ့် ကျတာ အာဏာရှင်လက်အောက်နိုင်ငံတိုင်းလိုလိုပါဘဲ။ ဗမာပြည်မှာလူတယောက်ရဲ့တန်ဖိုးကို ဘာနဲ့ ဖြတ်တယ်တော့မသိ ၊ တိုင်းပြည်အုပ်စိုးသူတွေက သိက္ခာကို ငွေနဲ့ ဖြတ်ကြတာ ကမ္ဘာသိပါ။ ကိုပီတာရဲ့  ထူးဆန်းဖွယ်ရာ အဖြာဖြာ အင်တာနက် စာမျက်နှာပေါ်မှ ဤ သတင်းပုဒ်ကို အများ သိနိုင်ရန်ဖြန့် ဝေလိုက်ပါတယ်။ (ကိုပီတာရဲ့ အတွေးပုံရိပ်များ ဤနေရာကိုနှိပ်၍လည်ပါတ်နိုင်ပါတယ်) ကိုပီတာရဲ့ ဘာသာပြန်ကို ကျေးဇူးတင်စွာဖြင့် (Arzarni team)
မြောက်အိုပါးက မိန်းကလေးတွေ တစ်ဦးကို ဒေါ်လာ ၁၂၀၀ နှင့် အပိုင်၇မည်...
သူတို့ လည်း ဆာဒန်းငဲ လို့ ပြောကြတာပါပဲ...
ဒေါ်လာ ၁၂၀၀ ဆိုယင် တစ်သက်လုံးအပိုင်ရမှာတဲ့ ဗျာ...
တော့ ခေတ်မှီဖွံ့ ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးလို့ ဆိုပေမပေါ့ ...) မှ ငယ်ရွယ်သည့် အမျိုးသမီးလေး
များကို ယခုအခါ တစ်ဦးလျှင် ဒေါ်လာ ၁၅၀၀ မျှဖြင့် တရုတ်နိုင်ငံမှ ချမ်းသာကြွယ်ဝသည့် လယ်သမားများ
ကိုရောင်းစားနေကြသည့် အတွက် မြောက်ကိုရီးယားနိုင်ငံ၏ လူမှောင်ခိုလုပ်ငန်းပြဿနာမှာ ပိုမိုနက်ရှိုင်း
ကြီးမားလာခဲ့ ရပြီဖြစ်ပါတယ်...
အမှန်စင်စစ်အားဖြင့် ဆိုလျှင်မြောက်ကိုရီးယားမှ စီးပွားရေးအကြပ်အတည်းအခက်အခဲကြောင့် ဒုက္ခ
ရောက်နေကြရသည့် အမျိုးသမီးများဟာ တရုတ်နိုင်ငံတွင် မိသားစုတစ်ခု ကလေးတစ်ဦး မူဝါဒ ( One
Child Policy ) ကြောင့် သမီးမိန်းကလေးမွေးလာခဲ့ တဲ့ ဇနီးမောင်နှံများဟာ ၎င်းတို့ ရဲ့ မျိုးရိုးစဉ်ဆက် အ
မည်ကိုဆက်လက်သယ်ဆောင်ထိန်းသိမ်းနိုင်မည့် သားယောကျာင်္းလေးထပ်မံရရှိမွေးမြူနိုင်ဖို့ ထိုသမီးမိန်း
ကလေးများကို စွန့် ပစ်လေ့ ရှိကြတာမို့  အိမ်ထောင်ဖက်၊အမျိုးသမီးများရဖို့ ခက်ခဲ လာနေတဲ့ တရုတ်အ
မျိုးကောင်းသားများအတွက် လူကြိုက်များသည့် လူသုံးကုန်ပစ္စည်း တစ်မျိုးဖြစ်နေခဲ့ ပါပြီ...
( တရုတ်ရိုးရာထုံးစံအရ မိန်းကလေးများဟာ ဖခင်ရဲ့ မိသားစုအမည်ကိုဆက်ခံခွင့် မရှိပါဘူး...အိမ်ထောင်
ကျလို့ သားသမီးရလာယင် ခင်ပွန်းယောကျာင်္းဘက်က အမျိုးအနွယ်အမည်ကိုသာ ပေးလေ့ ရှိပါတယ်...)
အခုလို အမျိုးသမီးများကို လူကုန်ကူးခဲ့ ကြတာဟာ အသစ်အဆန်းကိစ္စမဟုတ်ပေမယ့် တောရွာများမှာ
တရုတ်အမျိုးသမီးတွေရှားပါးလာတာကြောင့် အမျိုးသမီးတွေဈေးတက်လာရလို့ နယ်စပ်မှဖြတ်ကျော်ပြီး
ရောက်ရှိလာတာတွေပိုမို များပြားလာရခြင်းဖြစ်ပါတယ်...
လိုယင်အကုန်လုံးယူ...
သုံးလို့ ဝယင် အမြတ်နဲ့ တောင်ပြန်ရောင်းလို့ ရသေးတယ်ဆိုပဲ....
စနစ်တစ်ခု၊ ခေတ်တစ်ခုရဲ့ သားကောင်များ...

တရုတ်နိုင်ငံမှ မြောက်ကိုရီးယားအမျိုးသမီးပေါင်း ၉၀၀ ကျော်ကိုလွတ်မြောက်အောင်ကူညီကယ်တင်ခဲ့ 
တဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှ စည်းရုံးလှုံ့ ဆော်သူ ခရစ်ယာန်ဘုန်းတော်ကြီး ချွန်ကီဝန်း က
( မြောက်ကိုရီးယား ) အမျိုးသမီးငယ်များဟာ သူတို့ ရဲ့ သခင် ( သူတို့ ကိုဝယ်ယူပေါင်းသင်းဆက်ဆံ
ကြတဲ့ တရုတ်အမျိုးသားများ ) တွေဆီမှာ တိရိစ္ဆာန်တွေလို အတင်းအဓမ္မနေထိုင်ဆက်ဆံခြင်းခံကြရပါ
တယ် လို့ ဆိုခဲ့ ပါတယ်...
" တ၇ုတ်နိုင်ငံဟာ ယခုဆိုလျှင်သိက္ခာရှိရှိ၊ တာဝန်သိသည့် တိုင်းပြည်ဖြစ်နေပါပြီ... လူ့ အခွင့် အရေးပြ
ဿနာများကိုဖြေရှင်းခြင်းအားဖြင့် ၎င်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုဂရုစိုက်သင့် ပါတယ်..." လို့ ဘုန်းတော်ကြီး
ချွန် က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ ပါတယ်...
ပြဿနာရဲ့ အရင်းမြစ်က နယ်စပ်မှာစတင်တာဖြစ်ပါတယ်...တရုတ်နိုင်ငံက လူမှောင်ခိုပွဲစားတွေဟာ
မြောက်ကိုရီးယားနယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေကို ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးကို ယွမ် ၅၀၀ ကနေ
ယွမ် ၁၀၀၀ အထိ လာဘ်ထိုးပြီး နယ်စပ်ကနေတရုတ်ပြည်ထဲကိုဝင်ရောက်စေပါတယ်...
ထိုမှတစ်ဆင့် ဝင်ရောက်လာမိတဲ့ မိန်းကလေးများအတွက် အသက်အရွယ်ကြီးရင့် နေပြီဖြစ်တဲ့ တရုတ်
လယ်သမား အမျိုးသားများ၊ သို့ မဟုတ်မသန်မစွမ်းဒုက္ခိတများနှင့် လက်ထပ်ခံရခြင်း ထို့ အပြင် အင်တာ
နက်အွန်လိုင်ပေါ်မှာ အခကြေးငွေယူပြီးပြသတဲ့ ဖော်ချွတ်ပွဲ၊ လိင်ဆက်ဆံပွဲများရိုက်ကူးဖို့ အတွက်အသုံးချ
ခံရခြင်းစတဲ့ ကြမ္မာဆိုးများက စောင့် ဆိုင်းနေကြတာဖြစ်ပါတယ်...
( ရွှေပြည်ကြီးက နိုင်ငံရဲ့ အနာဂတ်သမီးပျိုများလည်း တရုတ်နယ်စပ်ကနေတစ်ဆင့် ဒီလူ့ ငရဲ ထဲရောက်
နေကြရတာတွေရှိနေပါပြီ...)
စီးပွားရေးအခြေအနေခြားနားမှုကြောင့် မြောက်ကိုရီးယားအမျိုးသမီးများဟာ တရုတ်နိုင်ငံနယ်စပ်ကို
ဖြတ်ကျော်ပြီး အဆင်ပြေရာ၊ရေကြည်ရာမျက်နုရာသွားရောက်ခိုလှုံနေကြရတာဖြစ်ပါတယ်...
ယခုလိုအမျိုးသမီးများရဲ့ အရေအတွက်ဟာ တ၇ုတ်နိုင်ငံမှာလက်ရှိ တ၇ားမ၀င်ပုန်းအောင်းနေထိုင်လျှက်
၇ှိတဲ့ ထောင်သောင်းချီတဲ့ မြောက်ကိုရီးယားနိုင်ငံသားများရဲ့ ၈၀ ရာခိုင်နှုံးအထိရှိတယ်လို့ ဆိုပါတယ်...
" ၉၀ ရာခိုင်နှုံးကျော်ဟာ တရားမ၀င်လူကုန်ကူးခြင်းရဲ့ သားကောင်တွေဖြစ်ပါတယ်..." လို့ ဘုန်းတော်ကြီး
ချွန်က ဆက်ပြောပြခဲ့ ပါတယ်...
အကယ်၍ အမျိုးသမီးငယ်ကိုဝယ်ယူခဲ့  သူတစ်ဦးဟာ ၎င်းရဲ့ ဇနီးကိုမကြိုက်ခဲ့ ၊ မနှစ်သက်ခဲ့ တော့ လျှင်
သူကကို အမြတ်တင်ပြီးတော့ တောင်ပြန်ရောင်းနိုင်ပါသေးတယ်...
တစ်ချို့ သောမိန်းကလေးများဟာ ယခုလိုလက်လွှဲရောင်းချခံရမှုပေါင်း ရှစ်ကြိမ်မှ ကိုးကြိမ်အထိခံကြရပါ
တယ်...
လွန်ခဲ့ တဲ့ နှစ် ဧပြီလက ၀ါရှင်တန်မှာပြုလုပ်ခဲ့ တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တရုတ်နိုင်ငံ လိင်ကျေး
ကျွန်အဖြစ်ရောင်းဝယ်ခြင်းခံရမှုမှ လွတ်မြောက်လာခဲ့ တဲ့ မြောက်ကိုရီးယားအမျိုးသမီးတစ်ဦးက လူကုန်
ကူးပွဲစားတွေဟာ သူမတို့ ကို ဈေးကွက်ဝင်ကြက်ဝက်တိရိစ္ဆာန်တွေလို သဘောထားပြုမူကြပြီး လင်
ယောကျာင်္း တစ်ဦး သို့ မဟုတ် တစ်ဦးထက်ပိုပြီး ရောင်းချခဲ့ ကြပါတယ်လို့ ပြောကြားခဲ့ ပါတယ်...
ရွှေပြည်ကြီးက မိန်းကလေးတွေလည်း ဒီထက်ပေါတဲ့ ဈေးနဲ့ အလွယ်တစ်ကူ ၀ယ်ယူရရှိနိုင်ပါပြီဆိုတဲ့ 
သတင်းမျိုးပါမလာပါစေနဲ့ လို့ ပဲဆုတောင်းနေမိပါတယ်...
အခုလို ဖြစ်ပျက်နေတာတွေကို ပလိုင်းပေါက်ကနေဖားကောက်သလို လိုက်လံကယ်တင်နေတာမျိုး၊
နယ်ခြားစောင့် ဝန်ထမ်းတွေကိုအရေးယူတာမျိုးတွေလုပ်တာထက် တစ်ခါတည်းပြဿနာပေါင်းစုံဖြေ
ရှင်းပြီးသားလုပ်နိုင်တဲ့ နည်းလမ်းကတော့ နိုင်ငံကိုအမှန်တစ်ကယ်ဖွံ့ ဖြိုးတိုးတက်အောင်လုပ်တာထက်
တစ်ခြားဘာမှမရှိပါဘူး...
စင်္ကာပူ၊မလေးရှားလိုမျိုး နိုင်ငံအတွင်းမှာပဲ လုံလောက်တဲ့ စားဝတ်နေရေးဖန်တီးရရှိနိုင်တဲ့ အလုပ်အကိုင်
အခွင့် အလမ်းရှိနေမယ်ဆိုယင် ဘယ်မိန်းကလေးမှ တစ်ခြားနိုင်ငံသားကို နယ်စပ်ကနေဖြတ်ကျော်ပြီး
အရောင်းစားခံကာ လက်ထပ်ပေါင်းသင်းနေထိုင်မှာမဟုတ်ပါဘူး...
အဲဒီနိုင်ငံဖွံ့ ဖြိုးတိုးတက်ချမ်းသာဖို့ ကတော့ ဒီမိုးဒီရေ၊ ဒီလူတွေနဲ့ တော့ ဒီတစ်သက် ဘယ်နည်းနဲ့ မှ မဖြစ်
နိုင်တာအသေအချာပါပဲ...
ကြိုးစားခဲ့ တာ ( လို့ ဆိုတာ ) လည်း နှစ်ပေါင်းများစွာကြာခဲ့ ပေါ့ ...
ငယ်စဉ်က ကြည့် ခဲ့ ဘူးတဲ့ ရုပ်ရှင်းကားတစ်ခုနာမည်လေးသတိရမိသေးတယ်...
"မျှော်လေတိုင်းမှိုင်းရီ " တဲ့ ....
အင်္ဂလိပ်လို သတင်းလေးပါ...
The human trafficking crisis in North Korea deepens as more young girls from the poverty-stricken country are sold for as little as US$1,500 (RM4980) per head to rich farmers in China.
In fact, North Korean female refugees are dubbed as "hot commodity" among Chinese men, who find it hard to get a woman of their own due to China's one-child policy that forces most couples to give up having a baby girl in favour of a baby boy who can carry on their family surname.
The human trafficking is far from new but has become more prevalent as prices soar amid a shortage of Chinese women in the countryside.
Reverend Chun Ki Won, a Seoul campaigner who has helped more than 900 North Korean girls escape from China says that the girls are forced to live "like animals" by their "masters".
"China is now a responsible nation. It should care about national prestige through solving human rights issues," Rev Chun tells AFP.
The process starts at the border, where Chinese brokers bribe the North's border guards to let the women through - usually between 500 and 1,000 yuan (RM243 - RM486) for each woman.
Ill fate awaits the women who make it through: marriage to a farmer - often elderly or disabled - or taking their clothes off for Internet sex shows.
North Korean women can easily find a safe shelter across the Chinese border because of their economic value.
They now make up around 80 per cent of the tens of thousands of North Koreans hiding in China.
"More than 90 per cent of them fall victim to human trafficking," adds Rev Chun.
If a customer doesn't like his "wife", he can sell her for a profit. Some girls get sold eight or nine times.
At a Washington press conference in April last year, North Korean women who escaped the sex trade in China said brokers there treated them like livestock, selling them to one or more "husbands".
- Agencies
Posted by peter kyaw | at 1:11 AM |
Labels: news: agencies Rest of your post
Friday, April 16, 2010
Subscribe to:
Posts (Atom)