“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, January 30, 2010

NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်ပြန်

Utf-8''Instruction of NLD to Form CC_Jan10

အပြည့်အစုံသတင်းဖတ်ရန်....

ခွေးသူခိုး ဓါးလက်ကိုင်ထိုးပေးတော့မည့် ကချင်

တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော
(မျက်လုံးလည်းဖွင့် နားလေးလည်းစွင့်ပါ ဦး ကချင်ကြီးရယ် အနှစ် ၆၀ ကျော်ပြီးသဘောပေါက်)
ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၅၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းရင်းသားလူမျိုးများ တန်းတူရေးကို စစ်အစိုးရဘက်က လက်ခံလျှင် လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်မည်ဟု ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIO က နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ယနေ့ တွေ့ဆုံရာတွင် ထပ်မံပြောဆိုလိုက်ပြန်သည်။

နအဖ အနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ တန်းတူအခွင့်အရေးကို လက်ခံပါက KIO သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မလိုအပ်ဘဲ တော်လှန်ရေးကိုပင် စွန့်လွှတ်မည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ ရုံးတွင် တွေ့ဆုံကြရာ၌ KIO က ယခုလို ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤပြောဆိုချက်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှ အခွင့်အရေး အာမခံသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ရည်ညွှန်း၍ ပြောဆိုခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် KIO အဖွဲ့ ဥက္ကဋ္ဌ ဦးဇောင်းခရား၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂေါင်ရီဇော်ဆိုင်း၊ အဖွဲ့ဝင် ၇ ဦးတို့ ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ တနာရီခန့်ကြာ ဆွေးနွေးခဲ့ကြသည်။

“ဒီနေ့ တနာရီလောက် ကြာပါတယ်။ ဗိုလ်ချုပ်ရဲမြင့်တို့ တိုင်းမှူးတို့နဲ့ သွားတွေ့ပါတယ်။ KIO က ၉ ယောက်ပါ” ဟု မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ်ထဲတွင် ၎င်းတို့အကြား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း KIO ရုံးက ဆိုသည်။

တွေ့ဆုံပွဲတွင် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကမူ နယ်ခြားစောင့်တပ် BGF ပြောင်းလဲဖွဲ့စည်းရန်ကိုသာ ပြန်လည်ပြောဆိုခဲ့သည်။

မြောက်ပိုင်းတိုင်း - မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် KIO ကိုယ်စားလှယ်တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၁ဝ ကြိမ်မြောက် တွေ့ဆုံခဲ့စဉ်ကလည်း နယ်ခြားစောင့်တပ်အရေး မည်သည့်အဖြေမျှ မရရှိခဲ့သဖြင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ယခုလို ထပ်မံဆွေးနွေးခြင်းလည်း ဖြစ်သည်။

KIO က တိုင်းရင်းသား လူမျိုးများ တန်းတူရေး တောင်းဆိုချက်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တင်ပြခဲ့သော်လည်း ယနေ့ထိ တုံ့ပြန်ခြင်း မရှိသေးကြောင်း ကချင်အရာရှိက ဆိုသည်။

ထို့ပြင် KIO အဖွဲ့အတွင်းရှိ ဌာနတချို့ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KIO က တင်ပြခဲ့သည်ကိုလည်း တိုင်းမှူးက မည်သည့် တုံ့ပြန်ချက်မှ မပေးခဲ့ကြောင်း သိရသည်။

KIO က အဖွဲ့၏ လက်နက်ကိုင်တပ် KIA ကို ကချင်ဒေသလုံခြုံရေးတပ် - KRGF အဖြစ် ပြည်နယ်အစိုးရ လက်အောက်တွင် ဖွဲ့စည်းလိုကြောင်းလည်း တင်ပြထားသည်။

နှစ်ဖက်ကိုယ်စားလှယ်များအကြား ယခုကဲ့သို့ သဘောတူညီမှုမရသေးသည့် အချိန်တွင် ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲနှင့် ကချင်ရိုးရာ မနောပွဲတော်ကို မြစ်ကြီးနားမြို့နယ် အင်ဂျန်းယန် နယ်မြေရှိ KIA တပ်မဟာ ၁ နယ်မြေတွင် လာမည့်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဟု KIO က ထုတ်ဖော်ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ် နမ္မတီးဒေသရှိ KIA တပ်ရင်း ၁၁ တွင်လည်း စစ်အစိုးရနှင့် KIO အဖွဲ့က အပစ်ခတ်ရပ်စဲခဲ့သည့် ၁၆ နှစ်ပြည့် အခမ်းအနားနှင့် တိုင်းရင်းသားပေါင်စုံ ပါဝင်သည့် ချစ်ကြည်ရေး မနောပွဲကို လာမည့်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည်ဟုလည်း ဆိုသည်။

အဆိုပါ ချစ်ကြည်ရေး မနောပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်မြို့မှ တိုင်းရင်းသားများ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များသာမက ပြည်နယ်တွင်းရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် KIO က နအဖ စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော ခံစားချက်တွေ သတင်းပုတ်တွေ

အထွေထွေအကြပ်အတည်းများကြောင့် ရဲအရာရှိတဦး ပြည်ပသို့ တိမ်းရှောင်လာ
Friday, 29 January 2010 18:54 ရိုးမ ၃
စားဝတ်နေရေးကြပ်တည်းမှုနှင့် ဥပဒေအရ လုပ်ပိုင်ခွင့်များလျော့နည်းလာသည့်အခြေအနေများကြောင့် ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း အထက်အာဏာပိုင်များ၏ အမိန့်ညွှန်ကြားချက်အဆင့်ဆင့်ကို လိုက်လံအကောင်ထည်ဖော် ဆောင်ရွက်ပေးနေရခြင်းနှင့် မိသားစု စားဝတ်နေရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့် အခြေအနေကြောင့် ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါ ဒုရဲအုပ်က ပြောသည်။

“စားဝတ်နေရေး အဆင်မပြေဘူး၊ ကျနော်တို့က နေ့မအားညမအား လိုက်လံလုပ်နေရတာ၊ မိသားစုအတွက် ဘာမှ ပြန်မကြည့်နိုင်ဘူး၊ သူတို့ ခိုင်းတာကိုဘဲ လုပ်နေရတာ၊ ရဲနဲ့မဆိုင်တဲ့အလုပ်တွေဆိုတာ မရှိသလောက် လိုက်လုပ်နေရတယ်၊ အဲဒါတွေကြောင့် အခုလိုထွက်လာရတာ” ဟု ပြောသည်။

တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ရဲအရာရှိတယောက်အနေဖြင့် လုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်ခဲများစွာကြုံတွေ့ခဲ့ရကြောင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိသည့်အခြေအနေများကို ၎င်းကဆက်ပြောသည်။

“ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျနော်တို့အထက်အရာရှိဆီ လာပြောတာတို့ဘာတို့ဆိုရင် အကြောင်းပြပြီး ပြန်လွှတ်လိုက်ရတာတွေရှိတယ်၊ တိုင်းမှူးအမ တယောက် ရှေးဟောင်း ပစ္စည်းသယ်လာတာ မိတာလည်း ပြန်လွှတ်ရတာတွေရှိတယ်၊ အဓိက ကတော့ စစ်တပ်အာဏာပိုင်တွေပေါ့၊ ကျနော်တို့က ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆက်ဆံရာမှာ တခုခုဖြစ်ရင် ကျနော်တို့အရေးယူခံရတယ်၊ ပြဿနာ မဖြစ်အောင်ကို ရှောင်တိမ်းနေရတာ အကုန်လုံးကို ကြောက်နေရတာ” ဟု ပြောသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲတပ်သားအဆင့်မှ ဒုရဲအုပ်အဆင့်အထိ (၁၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံမြို့တွင် ဒုရဲအုပ်တာဝန် (၅) နှစ်ခန့် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် မိသားစုများစားဝတ်နေရေးအခြေအနေနှင့်ပတ်သက်၍ “ကျနော်က လခ (၃၆,၀၀၀) ရတယ်၊ ကလေးနှစ်ယောက်ရှိတယ်၊ အခြားအဆင့်တွေဆို ပိုခက်ခဲတာပေါ့၊ တပ်ဖွဲ့ဝင်အမျိုးသမီးတွေက အပြင်မှာ ရရာအလုပ် လုပ်ရတယ်၊ အကျင့်ပျက်ခြစားမှုတွေကတော့ ရှိပါတယ်၊ တာဝန်ပေးထားတဲ့သူတွေကတော့ သူတို့ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ လစဉ်ငွေကောက်ခံပြီး ဖြေရှင်းနေရာတာ၊ နှစ်လုံး၊ သုံးလုံး၊ တလုံးပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် စစ်တပ်နှင့် ရဲဝန်ထမ်းများအနေဖြင့် အထက်အာဏာပိုင်အချို့သာ စီးပွားရေး ပြေလည်ပြီး အောက်ခြေအဆင့်ဝန်ထမ်းများမှာ စားဝတ်နေရေးကြပ်တည်းမှုနှင့် အခြားဖိနှိပ်မှု မျိုးစုံကို ခံစားနေရလျှက်ရှိသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြားကောင်းသေးလား ရွာသားတို့ 

တပ်တွင်းရံပုံငွေ အုတ်ဖို ရေ၀င်၍ ရွာသားများဒဏ်ငွေပေးဆောင်ရ
သောကြာနေ့၊ 29 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်
E-mail Print
စစ်တပ်နွေစပါးစိုက်ပျိုးရေးအဖွဲ့ လယ်ရေသွင်းစဉ် ၎င်းတို့၏တပ်တွင်းရံပုံငွေ အုတ်ဖိုထဲရေ၀င်သွားသဖြင့် အနီး အနားရွာသားများထံမှ လျော်ကြေးပြန်တောင်းကြောင်း နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

“အုတ်ဖိုလဲစစ်တပ်ရဲ့အုတ်ဖိုဘဲ၊ နွေစပါးလုပ်တာလဲသူတို့တွေဘဲ။ မဆီမဆိုင်နဲ့ ရွာသားတွေဆီက လျော်ကြေး တောင်း တယ်၊ အားလုံးပေါင်းစုပေါင်းပြီးတော့ ကျပ် ၅ သိန်းကျော် ပေးလိုက်ရတယ်။ လုံးဝမတရားဘူးဗျာ”- ဟုမိုင်းပြင်းမြို့ ခံတဦးကပြောပါသည်။

ယခုလ ဆန်းပိုင်း၌ မိုင်းပြင်းမြို့အခြေစိုက် ခမရ ၅၂၈ တပ်တွင်း ရန်ပုံငွေ အုတ်လုပ်ငန်းခွင်အနီး၊ နွေစပါး စိုက်ပျိုး ရေးအဖွဲ့က လယ်ရေဖြည့်စဉ် အုတ်ဖိုအတွင်း ရေလျှံဝင်သွား၍ အုတ်ခဲအလုံး ၁၅၀ ကျော် (ကာလတန်ဖိုး ၇၅၀၀ ကျပ်) ပျက်ဆီးဆုံးရှုံးသွားခြင်းအပေါ်လျော်ကြေးအဖြစ် ဒေသခံများထံ တအိမ်ထောင်ကျပ် ၁၅၀၀ သုံးရက်အတွင်းပေးသွင်းရန် ဆင့်ဆိုသည်။

“ကျနော်တို့အုပ်စုက ၁၃ ရွာရှိတယ်။ တချို့ရွာက ၁၀ အိမ် ၁၅ အိမ်၊ အကြီးဆုံးရွာက ဟောင်ကန်ရွာမ အိမ်ခြေ ၁၀၀ ကျော်တယ်။ အိမ်ခြေ ၆၀ လောက်ရှိတဲ့ ယန်းပြင်းရွာက ဒုတိယအကြီးဆုံး၊ တအိမ် ၁၅၀၀ ကျပ် မပေးမနေ ရဆိုတော့ ဒီလ ၃ ရက်နေ့ကတည်းက အားလုံးစုပေးလိုက်ပြီ” - တာချီလိတ်ရောက် မိုင်းပြင်းဒေသခံဟောင်ကန်ရွာသားတဦး ကပြောပါသည်။

ခမရ ၅၂၈ တပ်၏တပ်တွင်းရံပုံငွေ အုတ်လုပ်ငန်း၊ နွေစပါး/မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် လယ် နှင့် မြေနေရာအား ဒေသခံများထံမှသိမ်းယူထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိုင်းပြင်းလေယာဉ်ကွင်းအတွက် လယ်မြေဧကပေါင်း ၁၀၀ ကျော်လည်း ဒေသခံများ၏ လယ်များကိုသိမ်းယူထားခြင်းဖြစ်ကြောင်း၊ လေယာဉ် ပြေးလမ်းအတွက်ကျောက်ကြမ်း ခင်းထားသည်မှာ ၃ နှစ်ရှိပြီဖြစ်သော်လည်း ယခုထိလေယဉ်ဆင်းတက်ခြင်း မရှိကြောင်း - မြို့ခံများကပြော၏။

မိုင်းပြင်းမြို့ မြောက်ဘက် တမိုင်အကွာ ဟောင်ကန် ကျေးရွာအုပ်စုတွင် ယန်းပြင်းရွာ၊ ယန်းခေ၊ ၀မ့်မွန်း၊ ၀မ့်ကန်၊ စံပြရွာ(၀မ့်ကောင်းမိုက်ခီ့)၊ ၀မ့်မက်၊ လွန်းစိုင်း(ဟောင်ကန်ရွာမ)၊ ဟိုခို၊ ဟွေ့စင်း၊ ၀မ့်မိုင်(၀မ့်ကောင်း) ၀မ်နောင်နှင့် ၀မ့်မိုင်နှိုင်းယုံ့ ဟူ၍ရှိ၏။ ဒေသခံများမှာလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုကြသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ

မြင့်မောင် | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာအကျဉ်းထောင်များတွင် ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦး ရှိနေပြီး၊ လုံလောက်စွာ စောင့်ရှောက်မှုပေးရန် လိုအပ်နေကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ပြောသည်။

“လုံလောက်တဲ့ ဆေးဝါးကုသမှု မရကြဘူး။ တချို့ထောင်တွေမှာ ထောင်ဆရာဝန် မရှိဘူး။ ခန္တီးထောင်မှာရှိတဲ့ အကျဉ်းသား အတော်များများ ငှက်ဖျားရောဂါ ခံစားနေရတယ်။ အကျဉ်းသား တော်တော်များများ ငှက်ဖျားရောဂါ ရှိတယ်။ ရောဂါရှိတဲ့သူတွေ အချိန်မီ ဆေးဝါးကုသမှုမရဘဲ နောက်ကျတဲ့အတွက် ရောဂါဝေဒနာကို မခံစားသင့်ဘဲ ခံစားနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အကျဉ်းထောင်တွေထဲမှာ အကြောဆိုင်းလာတွေ ရှိသလို၊ မျက်စိ မကောင်းတဲ့ အကျဉ်းသားတွေ များလာတယ်'' ဟု AAPP-B တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

နိုင်ငံရေး အကျဉ်းသား၏ မိသားစုဝင်တဦးက “ကျန်မာရေး စောင့်ရှောက်မှုကတော့ သူတို့အနေနဲ့ ခရီးသွားဟန်လွဲ လောက်ပဲ ရှိတယ်။ ကမ္ဘာက ပြောမှာစိုးလို့ လုပ်နေတာလောက်ပဲ ရှိတယ်။ ဒီလောက်ထိ ဖိဖိစီးစီး လုပ်ပေးတာမျိုး မရှိပါဘူး။ စောင့်ရှောက်တာမျိုး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံတင်ဖို့ ခွဲစိတ်ရမယ့် လူနာဆိုရင်လည်း ခွဲစိတ်ရမယ့် အခြေအနေထက် တအားဆိုးဝါးနေတဲ့ အခြေအနေမျိုးကျမှ ဆေးရုံတင်ပေးတယ်” ဟု ပြောသည်။

ထောင်ဒဏ် ၆၅ နှစ်စီဖြင့် နိုင်ငံ့ အစွန်အဖျား ဒေသများတွင် အကျဉ်းကျနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင် (ပူတာအိုထောင်၊ ကချင်ပြည်နယ်) သည် သွေးတိုး၊ နှလုံးရောင်နှင့် အဆစ်အမြစ် ကိုက်ခဲသည့် ရောဂါ ခံစားနေရပြီး၊ ကိုကိုကြီး (မိုင်းဆတ်ထောင်၊ ရှမ်းပြည်နယ်) မှာ အသည်းရောင် အသားဝါ B ပိုးနှင့်အတူ အကျိတ်အဖုများ ထွက်နေကာ ရာသီဥတုအေးသဖြင့် ဝေဒနာများ ခံစားနေရကြောင်း AAPP-B ထံမှ သိရှိရသည်။

ထောင်ဒဏ် ၆၅ နှစ်ဖြင့်ပင် ပူတာအိုထောင်တွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေသဖြင့် မကြာသေးခင်က ECG (နှလုံးခုန်နှုန်းကို စမ်းသပ်သည့် ကိရိယာ) စစ်ဆေးကြည့်ရာ အစက်အပြောက် ၃ ခု တွေ့ရှိခဲ့ပြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမျိုးမင်းမှာလည်း ထိပ်ကပ်နာ ရောဂါ ခံစားနေရသည်။

အလားတူ ၂ဝဝ၇ ခု နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ မြရိပ်ညိုဟိုတယ်ရှေ့၌ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲမှုဖြင့် ထောင်ဒဏ် ၈ နှစ်ဖြင့် ပူတာအိုထောင်တွင် ပြစ်ဒဏ်ကျနေရသည့် ကိုဘိုဘိုဝင်းလှိုင်သည် ပြီးခဲ့သည့်လအတွင်း လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသခဲ့သော်လည်း လိုအပ်ပါက ဆေးရုံတင်ရမည် ဆိုလျှင် ထောင်အာဏာပိုင်များထံ ရက်သတ္တတပတ်ခန့် အချိန်ယူတင်ပြရကြောင်း ယခုလ ၂၆ ရက်နေ့တွင် ထောင်ဝင်စာ တွေ့ခဲ့သည့် မိခင်ဖြစ်သူ ဒေါ်မီမီလှိုင်က ပြောသည်။

သူက “ဘိုဘိုဝင်းလှိုင်ကိုလည်း ၃ ရက်နဲ့ ဆေးရုံက ဆင်းခိုင်းတာတွေ ရှိတယ်။ တကယ်လို့ ဒီလူနာက သွေးလွန်သွားရင် ဆေးရုံကို ချက်ချင်း လာပို့နိုင်မလားလို့ မေးတော့ တပတ်လောက်မှ၊ အထက်ကို စာတင်ပြီးမှ အချိန်ယူရမယ်လို့ ပြောတော့ ဆရာဝန်က သက်သာတဲ့ အချိန်မှ ဆင်းပေးလိုက်တယ်။ တခါလုပ်ပေးဖို့ဆိုရင် ၇ ရက်၊ ၈ ရက် အချိန်ယူပြီးတော့မှ အထက်ကို စာတင်ရတာတွေ ရှိတယ်” ဟု ပြောသည်။

ကိုဘိုဘိုလှိုင်ဝင်း လတ်တလော ခံစားနေရသည့် ငှက်ဖျားနှင့် နှလုံးရောဂါအတွက် ဆေးဝါးလိုအပ်နေသဖြင့် မိခင်က ဆေးဝယ်ပေးခဲ့ရသည်။

ပူတာအိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးခန့်ရှိရာ ၎င်းတို့ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်က တလလျှင် တကြိမ်မျှသာ ကျန်းမာရေး အခြေအနေကို လာရောက် စစ်ဆေးပေးကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့ အုတ်ဖိုထောင်တွင် ထောင်ဒဏ် ၁၀၄ နှစ် ကျခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ - ဗကသ (အထက်ဗမာပြည်) ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မင်းယုကို၏ ကျန်းမာရေး အခြေအနေမှာလည်း ဆိုးရွားနေကာ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်၏ နှလုံးသွေးကြောကျဉ်းရောဂါ ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း AAPP-B က ပြောဆိုသည်။

မြန်မာတနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားများမှာမူ ၂၁၀၀ ကျော်ရှိကြောင်း AAPP-B စာရင်းများက ဆိုထားသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။) http://www.mizzimaburmese.com/news/inside-burma/4695-2010-01-29-12-43-21.html

အပြည့်အစုံသတင်းဖတ်ရန်....

AAPP Political Prisoner Review (Annual Report 2009)

Annual Report 2009_final

အပြည့်အစုံသတင်းဖတ်ရန်....

နောင်ဆို..အရိပ်ခွန်ပါကောက်တော့မယ်..

ဆရာဝန်များအတွက် ၀င်ငွေခွန် တရားမျှတ စေချင်

မနက်စောစောစီးစီး ဂျူတီထွက်ခါနီးမှာ ကြားလိုက်တဲ့ သတင်းက အရေးကြီးလူနာတွေနဲ့ တညလုံးပင်ပန်းနေတဲ့ ကျမကို ပိုလို့ အမောဆို့သွားစေပါတယ်။

“အမရေ ၀န်ကြီးက specialist အဆင့်ကနေစပြီး ၀င်ငွေခွန် ၁၅ သိန်း ဆောင်ရမယ်ဆိုပြီး ၀န်ကြီးပြောတယ်လို့ သတင်းတွေထွက်နေတယ် အမ” လို့ အစချီပြီး ပြောလာတဲ့ ကျမရဲ့ AS ဆရာဝန်လေးရဲ့ စကားတွေက ရင်ကိုနင့်သွားတာပဲ။
ဝန်ကြီးကပြောတယ်တဲ့လေ။

တနှစ်ကို ၁၅ သိန်းတဲ့။ ၀င်ငွေခွန်တဲ့။
ဝန်ကြီးကပြောတယ်တဲ့လေ။ ကျမတို့လို Specialist (အထူးကုဆရာဝန်) တွေဟာ တနေ့တော့ အနည်းဆုံး လူနာ ၅ ယောက် ကြည့်ရလိမ့်မယ်။ အဲ့ဒီ လူနာတယောက်ကို အနည်းဆုံး ၂၀၀၀ ကျပ်ရလိမ့်မယ်။ အဲ့ဒီတော့ တနေ့ကိုဖြင့် ဘယ်လောက်ရမယ်။ တလကိုဖြင့် ဘယ်လောက်ရမယ်။ ဒါဆို တနှစ်တော့ ဒီလောက် ဆောင်နိုင်တယ်ဆိုပြီး လုပ်မလို့တဲ့လေ။

အဲ့ဒီအခွန်ကိစ္စက order သာ စာနဲ့ပေနဲ့ အတည်ပြု မထွက်သေးတာ ကျမတို့ ဆရာဝန်လောကထဲတော့ တော်တော်ကို သိနေကြပါသတဲ့။

ကျမတို့မှာ တလောကမှ လစာတိုးတယ်ဆိုလို့ ပျော်ရနိုး၊ လစာတိုးတဲ့သတင်းကြောင့် ကုန်ဈေးနှုန်းတွေတက်လို့ စိတ်ညစ်ရနိုးဖြစ်နေတာ အခု ဒီသတင်းကြားတော့ တွေးစရာလေးတွေ အများကြီးဖြစ်လာပါတယ်။

အော် မစဉ်းမစား လုပ်လည်း လုပ်ရက်ပါပေ့။ ဒီ ၁၅ သိန်းဆိုတာ မြို့ကြီးပြကြီးက ဆရာဝန်တွေအတွက်တော့ မထောင်းတာလှပေမယ့် နယ်စွန်နယ်ဖျားမှာ လုပ်နေရတဲ့ ဆရာဝန်တွေအဖို့ကတော့ စိတ်ပင်ပန်းစရာ တခုပါပဲ။

သူတို့ပြောပြောနေတဲ့ ပီတီကိုစားအားရှိပါ၏ ဆိုတဲ့စကား။ နယ်စွန်နယ်ဖျားက ဆရာဝန်တွေခမျာ သူတို့ပြောသလိုပဲ တကယ်ကို အပိုဝင်ငွေ မရှိ၊ ပီတီပဲ စားပြီး အသက်ရှင် ရပ်တည်နေကြရတာကို ၀န်ကြီး မသိလေရော့သလား။

မြို့ကြီးပြကြီးတွေမှာ နေနေပေမယ့် ရတဲ့လစာ၊ အပြင်ဆေးခန်းထိုင်တဲ့ လစာလေးနဲ့ မိုးထိနေတဲ့ ကုန်ဈေးနှုန်းကြားက သားသမီးတွေ နေရေးစားရေး အဆင်ပြေအောင် ရုန်းကန်နေရတဲ့ ဆရာဝန်တွေလည်း တပုံတပင်ပါ။

အသပြာဆရာဝန် မဟုတ်တဲ့ စေတနာ ဆရာဝန်တွေ အများကြီးပါ။

ကားတ၀ီဝီ စီးနေတဲ့ ဆရာဝန်တွေဆိုတာ လက်ချိုးရေလို့ ရသလို စက်ဘီးအစုတ်ကလေး၊ ဆိုင်ကယ်အစုတ်ကလေး ဖွတ်ချက်ဖွတ်ချက်နဲ့ စီးနေတဲ့၊ ခြေလျင်လျှောက်၊ လိုင်းကားစီးပြီး အလုပ်တက်၊ ဆေးခန်းသွားနေတဲ့ ဆရာဝန်တွေကိုရော မျက်စိထဲ မမြင်ကြတော့ဘူးလား။

ကျမနဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက ပြောတယ်။

“၀န်ကြီးက GP ကောင်းတဲ့ ရန်ကုန်၊ မန္တလေးလို့ မြို့ကြီးပြကြီးကနေ မပြောင်းရ မရွှေ့ရအောင် သူ့ကို လာလာ ကန်တော့နေတဲ့သူတွေ၊ လာကန်တော့နေတဲ့ တန်ဖိုးတွေကို တွက်ပြီး အဲ့လိုလုပ်ရင် ရမယ်ထင်ပြီး ပြောတာနေမှာပေါ့” တဲ့။

အော် .. သူများဌာနတွေဆိုရင် .. ငါတို့ လူကြီးက ဘယ်လိုကောင်းတယ် ဘယ်လိုမျိုး ကိုယ့်လူတွေ ပြန်ကြည့်တယ်နဲ့ ကြားနေရတယ်။

အခုငါတို့ ကျန်းမာရေး ၀န်ကြီးကတော့ ကိုယ့်ဝန်ကြီးဌာနကို ပြန်ကြည့်တာ၊ ကိုယ့်လက်အောက်ဝန်ထမ်းတွေအကျိုးကို ကြည့်တာ မရှိပဲနဲ့ ကိုယ့်လူကိုယ် ပြန်သတ်နေတာပဲ ဆိုပြီး သူက ညည်းညူနေပါတယ်။

သူများဌာနတွေက ဘယ်လိုဆိုတာ ကျမ မသိပါဘူး။ ကျမ အခုအချိန်မှာ နားလည်တာကတော့ ကျမတို့ ၀န်ထမ်းတွေရဲ့ ဘ၀ဟာ အဖက်ဖက်ကနေ အမျိုးမျိုးသော ဖိအားတွေခံစားနေရတဲ့အပြင် စီးပွားရေး ပြေလည်မှုရှိလာမယ်ကြံလိုက်တာနဲ့ တဖက်ကလည်း မတရားတဲ့ အခွန်အတုပ်ကိစ္စတွေဖြစ်လာ၊ ကုန်ဈေးနှုန်းက မြင့်လာနဲ့ ဆီပူထဲ ထည့်လှိမ့်ခံရတဲ့ ဆီးဖြူသီးလိုပါပဲရှင်။

လစာတိုးလို့ အဆင်ပြေလာမယ်မှတ်တယ် ကုန်သည်တွေက ကုန်ဈေးနှုန်းတွေ မြှင့်ပလိုက်တယ်။ တိုးပေးမယ့် လစာကဖြင့် ဘယ်နေမှန်းမသိသေးဘူး။

သူများတကာ ဘ၀တွေ အဆင်ပြေပြေနဲ့ နေရတာကို အမျိုးမျိုး ခက်ခဲအောင် တမင်တကာများ ရည်ရွယ်လုပ်နေတာများလားရှင်။
အခုတခါ လာပြန်ပေါ့ ၀င်ငွေခွန်တဲ့။ တရားမျှတစွာ ကောက်မယ်ဆိုရင်တော့ မပြောလိုပါဘူး။ အခုက အကုန်လုံးက ဒီနှုန်းချည်းသာဆိုရင် …

ဆရာဝန်တိုင်း ချမ်းသာနေကြတာမှ မဟုတ်တာရှင် …

ဒေါက်တာ မန္တလာ

မူရင်း - http://anyarnwaytamarmyay.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 29, 2010

အရက်လုံခြုံရေးနဲ့ မြန်မာပြည်

မကြာသေးခင် ရက်ပိုင်းအတွင်းက ပြည်တွင်းက မိတ်ဆွေတဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူကအနုပညာ အသိုင်းအဝိုင်း က ဖြစ်ပါတယ်။ သူနဲ့စကားပြောဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပါ။ အဲသည့်အထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက်အကြောင်းက ပိုများပါတယ်။ မြန်မာပြည်မှာ အရက်တွေဘယ်လို ချက်သလဲ ဘယ်လိုသိုလှောင်သလဲ ဘယ်လိုဖြန့်ဖြူး ရောင်းချသလဲ စသဖြင့် စုံနဖာစီ ပြောဆိုဆွေးနွေး ဖြစ်ကြပါတယ်။ အရက်အကြောင်း ပြောဖြစ်သွားတာ ကလဲ ဒီလိုပါ။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း အရွယ်မတိုင်ခင် အရက်နဲ့ အသက်ဆုံးရှုံး ခဲ့ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ပိုများ လာတဲ့ အကြောင်း၊ ဒါ့အပြင် စောစောစီးစီး ကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်း အရွယ်ကောင်း စာပေနဲ့ အနုပညာသည်များ အကြောင်းကို ပြောရင်း ပြော ရင်းနဲ့ အရက်စက်ရုံတွေ အရက်ကို ဘယ်လို ချက်ကြသလဲ ဆိုတာကနေ စတယ်လို့ ဆိုရင် လည်း မမှားပါဘူး။

မိတ်ဆွေက သူရဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ တခါက ကိစ္စတခုနဲ့ ဆက်စပ်လို့ အရက်ချက်စက်ရုံ တခုကို ရောက် သွားပါတယ်တဲ့။ ပထမဆုံး တွေ့ရတာကတော့ အရက်ချက်စက်ရုံဟာ လယ်ကွင်းထဲမှာ ဖြစ်သလို ဆောက်ထားတဲ့ အဆောက်အဦ ဖြစ်ပါတယ်တဲ့။ အရက်စက်ရုံရဲ့ အပြင်ဘက်မှာတော့ မိုးရွာအစို နေပူအခြောက် အပုံလိုက်ကြီး ထားထား တဲ့ ထန်းလျှက်ပုံကြီး ရှိနေတာကို မြင်ရပါတယ်။ ယင်ကောင်တွေ တလောင်းလောင်း ဖြစ်နေသလို ထန်းလျှက်ပုတ်နံ့ လိုလို အနံ့ကြီးကိုလဲ ရှုနေရပါတယ်။ နောက်မြင်ကွင်း တခုကတော့ အရက်ချက် စက်ရုံကို ဓာတ်မြေသြဇာ လာရောင်းတဲ့ လှည်း တန်းကြီးက မျက်စေ့တဆုံး ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ အိတ်တွေကျတော့ မိုးရွာရင် မိုးစိုမှာစိုးလို့ အမိုးအကာနဲ့ ထားပါသတဲ့။

အရက်ချက်တဲ့ စက်ရုံအတွင်းဖက်ကို ဝင်ကြည့်တဲ့အခါမှာ အလွန်စိတ်ပျက်စရာ မြင်ကွင်းကတော့ အရက်ဆီ ပေါင်းခံနေတဲ့ ဧရာမ သံကန်ကြီးတွေထဲကို ဓာတ်မြေသြဇာ အိတ်တွေဖွင့်ပြီး ဖြောကနဲဖြောကနဲ လောင်း ထဲ့ နေတာပါဘဲ။ ဓာတ်မြေသြဇာ ဆိုတာ စိုက်ပျိုးရေး အတွက်သုံးတဲ့ ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မဲ့ အရက်ကို ချက်တဲ့နေရာမှာ ပေါပေါလောလော သုံးနေတယ်ဆိုတာ ဘယ်လိုမှ ကောင်းနိုင်မယ် မဟုတ်ပါ။ သို့သော် အရက်စက်ရုံက တာဝန်ရှိတဲ့သူကတော့ သူတို့ စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ် လောက် ကောင်းကြောင်း ဘယ်လောက်ပြင်းအား ရှိကြောင်း ရှင်းပြနေ ပါသေးတယ်။ အဲသလို ထုတ်လုပ် လိုက်တဲ့ ပြင်းအားမြင့် အရက်ဆီကို ဈေးကွက်မတင်ခင် ဂိုဒေါင်ထဲမှာ နှစ်လလောက် ထားရပါတယ်။ အရက်မှာ ပါနေတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေ အခိုးပြန်သွားစေဖို့ အတွက်ဖြစ်ပါတယ်။ နှစ်လပြည့် သွားတဲ့ အခါကျမှ ရေငါးဆ ရောပြီး ပုလင်းသွတ် တံဆိပ်လှလှလေးတွေ ကပ်တဲ့ အလုပ်တွေ လုပ်ရပါတယ်။ အဲဒါတွေ ပြီးရင်တော့ ဆိုင်တင်ရောင်းရုံဘဲလို့ ဆိုပါတယ်။ သို့သော် ဈေးကွက်တောင်းဆိုမှုက မြင့်မားနေတဲ့ အတွက် အရက်ဆီကို ဂိုဒေါင်ထဲမှာ ဘယ်တော့မှ နှစ်လကြာအောင် အထိ မထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲကို တင်သွင်းလေ့ ရှိတယ်လို့လဲ သိရပြန်ပါတယ်။

အဲသလို အရက်မျိုးတွေကို သုံးလေးနှစ် ဆက်တိုက်သောက်နေတဲ့ သူတွေဟာ အသဲနဲ့ ပတ်သက်ပြီး ရောဂါတခုခု ရကြပါတယ်။ အဓိကတော့ ဓာတ်မြေသြဇာကို သုံးတဲ့အတွက်ကြောင့်ပါ။ ဓာတ်မြေသြဇာဆိုတာ အက်စစ် တမျိုးပါ။ လိုအပ်တာထက် ပိုသုံးရင် စပါးပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအား ရှိပါတယ်။ အနုပညာသည် လောကမှာ တချို့သော အရွယ်ကောင်း လူလတ်ပိုင်း တွေဟာ မနက်ကိုးနာရီ ဆယ်နာရီလောက် ကထဲက စသောက်ကြပါတယ်။ ညအိပ်ရာဝင်မှ အသောက်ကို ရပ်ပါတယ်။ အဲသလို အရက်မျိုးတွေကို မနက်ကထဲက သောက်သူတွေဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ သေဆုံးကြပါတယ်။ တလောက နာမည်ကြီး စာပေသမားတဦး အရွယ်ကောင်းတုန်းမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒါလဲ အဲသလို အရက်မျိုးတွေကို ဆက်တိုက်သောက်လို့ ဖြစ်တာလို့ မိတ်ဆွေက ရှင်းပြပါတယ်။

ကျနော်တို့နိုင်ငံက စာပေလောကနဲ့ အနုပညာသည်လောကမှာ အရက်သောက်တာ အဆန်းမဟုတ်ပါဘူး။ အတော်များ များ သောက်တတ် ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဟိုခေတ်တုံးကဆိုရင် စာရေးဆရာကြီး သော်တာဆွေဟာ အရက်နဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ "ဘရန်ဒီတခွက်ဆိုတဲ့" ဟာသ ဝတ္ထု တိုနဲ့ စာပေလောကထဲ စရောက်ခဲ့တယ်လို့ ကြားဘူးပါတယ်။ အရက်အကြောင်း လူကြိုက်အောင် အဖွဲ့အနွဲ့တွေနဲ့ ရေးတတ်လွန်းလို့ ဆရာမကြီး လူထုဒေါ်အမာက တောင် "ကိုဆွေ လူငယ်တွေ အရက်မသောက် သောက်တတ် အောင် သင်ပေးသလို ဖြစ်နေတယ်" လို့ ထောက်ပြဆုံးမခဲ့ ဘူးပါတယ်။ ထားပါတော့။ ဆိုလိုချင်တာက ဒီလိုပါ။ ဆရာ သော်တာဆွေဟာ ငယ်ရွယ်စဉ်က အရက်သောက်ကြမ်းခဲ့ တယ်။ သို့သော် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေ ခဲ့ ပါဘူး။ အသက်ကြီးမှ ဆုံးသွားခဲ့တာပါ။ ဆရာသော်တာဆွေတို့နဲ့ ခေတ်ပြိုင် နာမည်ကြီး စာရေးဆရာတဦး အရက်ကြောင့် စောစောစီးစီး ကွယ်လွန်ခဲ့တာ ရှိဖူးပါတယ်။ အရက်မူးနေတုန်း အင်းလျား ကန်မှာ ရေနစ်ပြီး ဆုံးသွားခဲ့တာပါ။ အဲသည့်ခေတ်တုံးက အရက်တွေက သတ်မှတ်ထားတဲ့ နည်းစနစ်တွေ အတိုင်း ချက်လုပ်ခဲ့တဲ့ အရက်များ ဖြစ်နိုင်ပါတယ်။ ဓာမြေသြဇာတွေ လှိုင်လှိုင်ထည့်ပြီးချက်ခဲ့တဲ့ အရက်တွေတော့ ဖြစ်ဟန် မတူပါဘူး။ တချိန်တုံးက မြန်မာပြည်မှာ အသောက်များခဲ့တဲ့ နာမည်ကြီး အရက်တွေကတော့ မန္တလေးရမ်နဲ့ ဘီအီးဒီစီိလို့ ခေါ်တဲ့ အရက်ဖြူတွေ ဖြစ်ပါတယ်။ တင်လဲဖြူတို့ အိုးဘရမ်ဒီတို့ မော့ဝီစကီတို့လည်း ထုတ်လုပ်ခဲ့ပါ သေးတယ်။ အရက်သောက်တာများရင် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ သို့သော် အဲသည့် အရက်တွေကို ထုတ်လုပ်တဲ့ ခေတ်တုန်းက သတ်မှတ်ထားတဲ့ အဆင့်အတန်း စံချိန်အတိုင်း ထုတ်လုပ်ခဲ့ကြတာ မို့လို့ နဲနဲတော့ ခံသာသေးတယ်လို့ ဆိုနိုင်ပါတယ်။

တခြားတိုင်းပြည်တွေမှာ အရက်ချက်တဲ့အခါ စနစ်တကျ ချက်ကြပါတယ်။ အဲသလို စနစ်ကျဖို့ကိုလည်း စောင့် ကြည့်နေတဲ့ တာဝန်ရှိ အဖွဲ့အစည်းများလည်း ရှိပါတယ်။ ဆိုလိုချင်တာကတော့ food security လို့ခေါ်တဲ့ စားသုံးကုန်လုံခြုံရေးကို အမြဲ မျက်ချေမပြတ် စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ရှိနေပါတယ်။ ဥပမာ တခုလောက် တင်ပြရရင် စကော့တလန်မှာ နာမည်ကြီး စကော့ဝီစကီများ ချက်ပါတယ်။ ချက်တဲ့အခါမှာလည်း အုပ်စပါးတို့ ဘာလီစပါးတို့ကို သုံးပါတယ်။ ဓာတုဗေဒပစ္စည်းများ မသုံးပါ။ မသုံးရပါ။ ဓာတုဗေဒ ပစ္စည်းလို့ ပြောရမဲ့ဟာ တခုကတော့ "ယိစ်" လို့ခေါ်တဲ့ တဆးတမျိုး ဖြစ်ပါတယ်။ အဲသည့် ယိစ်ကလည်း တကယ်ဆိုရင် သဘာဝဓာတု ပစ္စည်းပါ။ သဘာဝမှို တမျိုးပါ။ ပြီးတော့ အလွန်သန့်ရှင်းတဲ့ သန့်စင်ထားတဲ့ မိုးရေကိုအသုံးပြုပြီး ချက်ပါတယ်။ ကြုံရာရေပိုက်က၊ ချောင်းမြောင်းက၊ ရေတွင်းက ရေတွေနဲ့ အရက်ကို ချက်လုပ်ခြင်း မပြုပါဘူး။ မြန်မာပြည် မှာလို ဓာတ်မြေသြဇာတွေထဲ့ပြီး ချက်လို့ကတော့ တရားစွဲခံရလို့ အလျှော်တွေ ပေးရတာများလွန်းလို့ ကုမ္ပဏီ ပြုတ်ပြီး ထောင်တောင် ကျပါဦးမယ်။ မြန်မာပြည်မှာတော့ အရက်ချက်ဖို့ လိုင်စင်ကလည်း လာဘ်ထိုးလိုက်ရင် လွယ်လွယ်နဲ့ ရနေပါတယ်။ အရက်ကို စည်းစနစ်တကျ ချက်မချက်ဆိုတာကို စောင့်ကြည့်တဲ့ စနစ်ဇယား မရှိတော့ ချက်ချင်သလို ချက်နေကြတာပါ။ အဲသလို အရက်မျိုးတွေကို နေ့တဓူဝ သောက်နေမှတော့ ရောဂါရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာ မဆန်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေတောင် အသက်ငါးဆယ် ကျော်တန်း လောက် ဖြစ်လာရင် အသည်းကို ထိခိုက်လာတာများလို့ သူများထက်အရင် သွားရဖို့ များပါတယ်။

မြန်မာပြည်မှာ အရက်တွေက အရည်အသွေးလည်း မမှန် အဆိပ်အတောက် တွေကလည်း အများအပြား အရက်ထဲမှာ ကျန်နေသေးတော့ အရက်သောက်များရင် အသက်တိုတာ အမှန်ပါဘဲ။ အရက်အကြောင်း နဲနဲလောက် ဇာချဲ့ပြောချင် ပါသေးတယ်။ စကော့တလန်က ထုတ်လိုက်တဲ့ ဝီစကီများအကြောင်းပါ။ သာမန် ဈေးနှုန်းနဲ့ ရောင်းချတဲ့ ဝီစကီများဟာ စက်ရုံက ထုတ်ပြီးတာနဲ့ သစ်သားစည်ကြီး တွေမှာထဲ့ပါတယ်။ ပုလင်း မသွတ်သေးပါဘူး။ အဲသည့် စည်ကြီးတွေကို တနှစ်လောက် ဂိုဒေါင်ထဲမှာ သိမ်းထားပါတယ်။ အရက်ကို ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်း မပါဘဲ သဘာဝအတိုင်း ချက်တာတောင် အရက်ထဲမှာ လူကိုအန္တရာယ် ဖြစ်စေတဲ့ toxic လို့ခေါ်တဲ့ အဆိပ်ဓာတ်တွေ ကျန်ရှိနေပါသေးတယ်။ အဲဒါတွေ လျှော့ပါးအောင် အရက်ကို ဂိုဒေါင်ထဲမှာ သိမ်းထားရပါတယ်။ အဲသည့် အဆိပ်ဓာတ်များဟာ တဖြည်းဖြည်းနဲ့ အငွေ့ပျံပြီး လေထုထဲကို ရောက်သွားပါတယ်။ သို့သော် အရက်မှန်သမျှ ဈေးပေါသည် ဖြစ်စေ ဈေးကြီးသည်ဖြစ်စေ လူကိုအဆိပ်ဖြစ်စေတဲ့ ဓာတ်ဟာ ကျန်နေပါသေးတယ်။ အနည်းဆုံး တနှစ်လောက် သိမ်းထားရပါတယ်။ ဒါကြောင့်မို့ သစ်သား စည်ကြီးတွေထဲမှာ နှစ်ကြာကြာ သိမ်းထားတဲ့ အရက်အမျိုးအစားဟာ အဆိပ်ဓာတ်တွေ ပိုလျှော့သွားပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကြီး လာပါတယ်။ ပုလင်းသွပ်ပြီးမှ ဆက်သိမ်းထားရင် အဆိပ်ဓာတ်တွေဟာ လေထုထဲကို အငွေ့ပျံပြီး မတက်နိုင်တော့လို့ပါ။ ဒါကြောင့် စကော့တလန်က ထုတ်လုပ်တဲ့ ဝီစကီတွေမှာ (၁၂) နှစ်အထိ ကြာအောင် သစ်သားစည်ကြီးတွေထဲမှာ သိမ်းထားပြီးမှ ပုလင်းသွတ်တဲ့ အရက်တွေက ဈေးပိုပေးရတာ ဖြစ်ပါတယ်။ တခါ အမျိုးအစား အပေါ်မူတည်ပြီး (၁၂) နှစ်၊ (၁၆) နှစ်၊ (၁၈) နှစ်၊ (၂ဝ) နှစ်၊ (၂၅)နှစ် စသဖြင့် ရှိကြပါတယ်။

အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေလျှော့ပါးသထက် လျှော့ပါးလာလို့ သောက်တဲ့အခါမှာ လူကိုဥပါဒ် ပေး တဲ့နှုန်း လျှော့လာပါတယ်။ သို့သော် သက်တမ်းရင့် အရက်ဆိုပြီး သောက်ခြင်သလို သောက်နေရင်လည်း အသည်းရောဂါ ဖြစ်ပါ တယ်။ ရောဂါမဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ။ ဝီစကီထက် အဆိပ်အတောက်နည်းတဲ့ အရက်က ဗော့ဒကာလို့ ခေါ်တဲ့ အရက်ဖြစ်ပါတယ်။ ရုရှား၊ ဖင်လန်၊ ပိုလန်၊ ဆွီဒင်နဲ့ ဆိုဗီယက်ရုရှားခွဲထွက် နိုင်ငံများမှာ ထုတ်လုပ်ပါတယ်။ သို့သော် ရောင်းအားအပေါ် မူတည်ပြီး လွယ်လွယ်ချက် ဈေးပေါပေါနဲ့ ရောင်း ကြလို့ အခု ရုရှားနိုင်ငံမှာ ဗော့ဒကာ အပေါစား သောက်ကြတဲ့ သူများ အထူးသဖြင့် ဆင်းရဲတဲ့သူများ အသက် (၅ဝ) ကျော်ကျော်မှာ သေဆုံးတဲ့နှုန်း များလာနေတယ်လို့ ဆိုပါတယ်။ အရက်သေစာထဲမှာ အဆိပ်အတောက် အနဲဆုံးကတော့ ဝိုင်အရက် ဖြစ်ပါတယ်။ သို့သော် ဝိုင်အရက်ဟာ အနောက်နိုင်ငံများ တင်သွင်းတာမို့ အရှေ့ တိုင်းနိုင်ငံများမှာ ဈေးကြီးပါတယ်။ ဆင်းရဲသူများ ဝယ်ယူသောက်သုံးဖို့ မတတ်နိုင်ကြပါ။ ဝိုင်အရက်ဟာ အဆိပ်အတောက် နည်းတယ်ဆိုပေမဲ သူ့ကိုလည်း စိတ်ကြိုက်သောက်ချင်သလို သောက်ရင်တော့ လူကို အန္တရာယ် ဖြစ်စေပါတယ်။

အုပ်ချုပ်သူ စစ်အစိုးရဟာ မြန်မာပြည်က အရက်ကုမ္ပဏီတွေ အရက်ချက်စက်ရုံတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အာဏာပိုင်တွေက ပိုက်ဆံရတိုင်း ဒီအတိုင်းလွှတ်ထားတော့ နောက်ဆုံးမှာ စားသုံးတဲ့ သူတွေ ဒုက္ခရောက် ရပါတယ်။ စားသောက်ကုန် လုပ်ငန်းအားလုံးကို စနစ်တကျ ဖြစ်လာစေဖို့ နည်းနာတွေ၊ ဥပဒေသတွေ ရှိဖို့လိုနေပါပြီ။ တလောတုံးကလည်း လဖက်တွေမှာ ဆိုးဆေးတွေ ပါတယ်ဆိုပြီး လက်ဖက် တံဆိပ်တော်တော်များများ ရောင်းချခွင့် အပိတ် ခံရပါတယ်။ နောက်တော့ ငါးပိတွေလည်း ဆိုးဆေးပါတယ်လို့ ကြားရပြန်ပါတယ်။ အရက်ကိစ္စကိုတော့ စစ်အစိုးရက ဘာမှ မပြောဘဲ အရေးမယူဘဲ ရှိနေသေးတယ်ဆိုတော့ မဟုတ်မှလွဲရော အရက်ကုမ္ပဏီတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ ဆွေမျိုး တွေ ရှယ်ယာပါထားလို့ဘဲ ဖြစ်နိုင် ပါတယ်။ အရက်နဲ့ သေခဲ့ရတဲ့ စာပေနဲ့ အနုပညာ လောကက လူလတ်ပိုင်း အရွယ် ကောင်းတွေကို ပမာထားပြောရတာကတော့ မြင်လွယ်အောင် သိသာအောင် တင်ပြရတာပါ။ သာမန်လက်လုပ်လက်စားတွေ အရွယ်မတိုင်ခင်မှာ ဓာတုပစ္စည်းတွေနဲ့ ချက်တဲ့ စိတ်မချရတဲ့ အရက်ဆိုးတွေကို သောက်သုံးကြလို့ ငယ်ငယ်ရွယ်ရွယ်မှာ တနှစ်တနှစ် ဘယ်လောက်သေနေရ တယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။

မြန်မာပြည်မှာ အရက်ရောင်းချခြင်းဟာ တော်တော်လေး ဖွံ့ဖြိုးလာတာနေတာ အမှန်ပါဘဲ။ သို့သော် စိတ်ချရပြီး စနစ် တကျ ရှိတဲ့ အရက်ချက်လုပ်ခြင်း မဖွံ့ဖြိုးသေးဘူး ဆိုတာကိုလည်း မြင်နေရပါတယ်။ သို့သော် တဖက်မှာ ကြည့်လိုက်ပြန် တော့လည်း ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်းတွေကို သုံးပြီး အမြန်ချက် အမြန်ရောင်းတဲ့ နေရာမှာတော့ စကော့တလန် က ဝီစကီချက် သူတွေတောင် လိုက်မမှီအောင် တိုးတက်ဖွံ့ဖြိုးနေပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၅ ရက် ဇန်နဝါရီလ ၂ဝ၁ဝ ခုနှစ်
http://www.mizzimaburmese.com/edop/songpa/4656-2010-01-25-09-35-30.html

အပြည့်အစုံသတင်းဖတ်ရန်....

အကြောင်းရင်းတစ်ခု … အကျိုးဆက်အများ




မီးပျက်ခြင်းနှင့် မြန်မာပြည် ဆိုပါလျှင် တစ်ကမ္ဘာလုံးက သိပြီးသားဖြစ်နေပါပြီ ။ မြန်မာလူမျိုးများအတွက်ကလည်း တစ်ထောင့်တစ်ည ပုံပြင်ကဲ့သို့ ပင် ပြောလို့ ပင် မဆုံးနိုင်သော မရိုးနိုင်သည့်
ဇတ်လမ်းကြီးတစ်ပုဒ်ပါပဲ ။ စစ်အစိုးရ အဆက်ဆက် ပြောလာလိုက်ကြတဲ့ ဒီပုံပြင်ကြီးက (န.အ.ဖ) လက်ထက်မှာ အဆိုးဝါးဆုံးဖြစ်နေရပါပြီ ။ အလွန် ကတိသစ္စာမဲ့သော ၊ အပြောနှင့်အလုပ်မညီသော ၊
ယောကျာင်္းမပီသသော ၊ စစ်သားများ အဆက်ဆက် ပေးလိုက်တဲ့ ကတိတွေ ။ ဘယ်တော့မှ မတည်ပါဘူး ။
အခုစစ်အုပ်စုက အဆိုးဆုံး ။ သတင်းစာဆိုတာ ….အတင်းအဖျင်းနဲ့ ၊ ကြော်ငြာမျှ လောက်သာပါတော့သည် ။
အငှားဗိုက်နှင့်ဓါးထိုးခံခိုင်းသော သတင်းမကျ အတင်းမကျ အဖျင်းမကျ ကောလဟလ ဆန်ဆန် သတင်းမျိုးကိုတော့ ( အငှားဗိုက် ) ဂျာနယ်တွေမှာ ဖေါ်ပြစေပါတယ် ။ အဲဒါကို ယုံရမှာလား ?မယုံရဘူးလား?
ဒီမေးခွန်းကို ဘယ်သူဖြေနိုင်သလဲ ။ တပ်မတော်အစိုးရ လို့  တမျိုး ၊ နိုင်ငံတော်အစိုးရ လို့  တဖုံ ။ ကိုယ့်ကိုယ်ကိုယ် အမျိုးမျိုး အမွှန်းတင်နေပြီး ။ သတ္တိမရှိတဲ့ မိန်းမရှာ စစ်သားတွေဟာ ၊ တယ်လီဖုံးတွေ bill
တိုးကောက်မယ်ဆိုတာတောင် ၊ ကောလဟလ ဆန်ဆန် ဂျာနယ်ကနေ ပြောခိုင်းတယ် ။ ၂၀၀၈ ခုနှစ်မှာ မြန်မာ
တစ်နိုင်ငံလုံး မီးထိန်ထိန် လင်းတော့မယ်ဆိုပြီး ၊ ဂျာနယ်တွေကို ပြောခိုင်းခဲ့ဘူးသေးတယ် ။ မီးက တကယ်မလာခဲ့ဘူး ။ သူတို့ ကပြောမယ်လေ အဲဒါဂျာနယ်ကပြောတာ ။ သတင်းစာကပြောတာ မဟုတ်လို့ 
တရားဝင်မဟုတ်ဘူး ဆိုပြီးပေါ့ ။ အဲဒီလို ( အခြောက် ) ( gay ) ဆန်ဆန် ပြုမူပုံတွေအကြောင်းကလည်း ၊ ပြည်သူတွေအကြားမှာ ရေပန်းစား နေတဲ့ ဗိုလ်ချုပ်တွေအကြောင်း ခေတ်အမီဆုံး စကားတွေပါပဲ ။

အခု၂၀၁၀ ခုနှစ်ရောက်လာပြီ ။ ၂၀၀၈ ကတည်းက တပြည်လုံးမီးထိန်ထိန်လင်းမယ်ဆိုတဲ့ ၊ မိန်းမလျာ တွေရဲ့ 
ကတိစကားတွေဟာ ဘာမှဖြစ်မလာခဲ့ပါဘူး ၊ သဲထဲကို သေးပေါက်ရင်တောင် အမြှုပ် ကလေးလောက်တော့ တင်ကျန်ဦးမယ် ။ သူတို့ စကားတွေက ဘာမှအဖတ်မတင် အရည်မရ ။
အခုတော့ မှောင်နက်မဲမဲထဲမှာ ပြဿနာ အကျိုးဆက်တွေ တလှေကြီးပါပဲ ။မီးတွေက ပျက်မယ်ဆိုပြီး ပြောထားတဲ့ အချိန်တွေမှာပျက်ပါတယ် ။ လာမယ်လို့ ပြောတဲ့ အချိန်တွေမှာ မလာပါဘူး ။ ခဏလောက် အလာပြပြီး ပြန်ပြီး ဖျက်လိုက်ပါတယ် ။ ငါးမိနစ် ဆယ်မိနစ်လာတာရှိသလို ၊ တစ်မိနစ်ပြည့်အောင် မလာသေးပဲ ဖျက်လိုက်တဲ့အခါတွေလည်း ရှိပါတယ် ။ ရေမော်တာကို မီးအလာမှာ အပြေးအလွှား ဖွင့်လိုက်ရပေမဲ့ ချက်ချင်းပဲ ပြန်ပျက်သွားလို့  မပိတ်လိုက်ရတာကြောင့် နောက်တခါမီးအလာမှာ မော်တာကပြန်လည်တာကို မသိလိုက်ပဲ မီးအားကျတာနဲ့ ကြုံလို့  မော်တာလောင်သွားတာတွေ ၊ ပိုက်ထဲမှာရေမရှိပဲ လည်နေပြီး လောင်သွားတာတွေ ၊မီးမလာပဲနေရာက လာလိုက်တဲ့မီးဆောင့်ပြီး ရှော့ဖြစ်ရာကမီးလောင်တာတွေ ။ မီးမလာတဲ့ထဲမှာ ဖယောင်းတိုင်နဲ့ စာကျက်ရင်း မီးလောင်ရတာမျိုး ၊ မီးမလာပေမဲ့ အလုပ်ဖြစ်အောင်လုပ်နေရတဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေ ၊ စားသောက်ဆိုင်တွေ ၊ သင်တန်းကျောင်းတွေ ၊ အင်တာနက်ကဖေးတွေ
မှာသုံးရတဲ့ လောင်စာဆီတွေအတွက် ကုန်ကျရတာတင်မကသေးပါဘူး ၊မီးကိုအမီပြုပြီး စီးပွါးရေးလုပ်နေရတဲ့ ၊ လုပ်ငန်းရှင်တွေရဲ့  စီးပွါးရေးခက်ခဲမှုတွေကတိုးသထက်တိုးလို့ လာနေတော့တာပါပဲ ၊ အဆိုးဆုံးထဲက တခုကတော့ မီးမလာလို့ ၊ လာလိုက်ပျက်လိုက်ဖြစ်နေလို့ ၊ အမှောင်ထဲမှာပဲ နေနေရတဲ့ ကျောင်းသူ ကျောင်းသားတွေ ကို အမှောင်ကို ကြိုက် ၊ မှောင်မှထွက်လာတတ်တဲ့ ၊ခေတ်အမီ ဆုံး ၊ နောက်ဆုံးပေါ်
ခြင်ပုန်းတွေကြောင့် စာမေးပွဲတွေနီးနေတဲ့အချိန်မှာ ရရှိခံစားလာကြရတဲ့ ၊ (သွေးလွန်တုပ်ကွေး )
ရောဂါနဲ့ ဆေးရုံတွေမှာ ကလေးတွေ တပုံကြီး တင်ထားရတာပါပဲ ။ အခုဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးဟာ
ဟိုစဉ်ကဖြစ်ခဲ့ကြဘူးတဲ့ သွေးလွန်တုပ်ကွေးများနှင့်မတူလို့  ။ sign တွေမတူတဲ့ အဖြစ်တွေကြောင့် ၊ တလောဆီက ၀မ်းနည်းဖွယ် သေဆုံးရတဲ့ သေဆုံးမှုတွေ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေမှာဖြစ်ခဲ့ရပြီ ။
ဓါးစာခံဖြစ်သွားရတဲ့ ဆရာဝန်ကြီးတွေအတွက်လည်းနစ်နာသလို ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆုံးရှုံးမှုတွေ
လည်းဖြစ်ခဲ့ရတယ် ။ မီးမရှိလို့ ၊ မီးမလာလို့ … နောက်ဆက်တွဲတွေကို ဖြစ်စေခဲ့တာ .. ဘယ်သူတွေလဲ ။
လူတိုင်း ခံစား သိရှိမှာပါ ။ အထက်တက်ဖို့ နေပါအုံးဗျာ ။ အောက်ကဟာလေးလုံအောင်ဖုံးပါဦး ။
အပြောကတော့ ( ငအောပဲ ) ။ ဘာမှဖြစ်မလာတဲ့ ( ဂျီပုန်း ..စစ်သား ) တွေရဲ့ အလိမ်အညာစကားတွေဟာ
မြန်မာပြည်သူတွေမှာ မဖေါ်ပြနိုင်တဲ့ အကျိုးဆက်များကို ဖြစ်ပေါ်ခဲ့ ဖြစ်ပေါ်ဆဲ ဖြစ်လာဦးမှာပါပဲ ။
စည်းမရှိ ကမ်းမရှိ ညာချင်တိုင်းညာ လိမ်ချင်တိုင်းလိမ် ၊ အဲဒီလို ပါးစပ်တွေနဲ့ စစ်သားတွေက ၊ ကမ္ဘာပေါ်မှာ
လုံးဝမကြားဘူးသေးတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ဦးမယ်တဲ့ဗျာ ။
စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ ( နေပါဦး ) ။ စည်းကမ်းမဲ့ တဲ့ ကိုယ့်ပါးစပ်တွေ အရင်ပြင်ပါဦး ။
စည်းမဲ့ကမ်းမဲ့ ပြောချင်ရာပြော ၊ လုပ်ချင်ရာတွေကို ၊ အရှက်မရှိ မတရားသဖြင့် လုပ်ကြဦးမဲ့…….
၂၀၁၀ ဆိုတာ လူတိုင်းသိတဲ့ ၊ ပြည်သူတွေအတွက် ဖြစ်လာဦးမဲ့ အကုသိုလ်အကျိုးဆက်တွေပါပဲ ။
လူမှုရေး ၊ စီးပွါးရေး ၊ ပညာရေး ၊ ကျန်းမာရေး ….အလုံးစုံကျဆင်းနေရခြင်းရဲ့ အကြောင်းရင်းကိုစစ်လိုက်တော့၊
စစ်သားပီပီ ကတိမတည်ခဲ့ကြခြင်းရဲ့  အကျိုးဆက်တွေပါပဲ ။ (စည်းကမ်းမဲ့ပါးစပ်တွေကြောင့်ပါပဲ)။
အ ဘ ယ ။။


အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လုံသေး

29 January 2010

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတာ နိုင်ငံတကာက သံသယ ရှိနေဆဲ ဖြစ်ပေမဲ့ လောလောဆယ် အထောက်အထားတွေအရ အခိုင်အမာ မပြောနိုင်သေးဘူးလို့ နိုင်ငံတကာ သုတေသန အဖွဲ့တခုက ပြောကြားလိုက်ပါတယ်။ ISIS ခေါ် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ ရေးသားချက်တွေကို အမေရိကန် အစိုးရက မလေ့လာ ရသေးပေမဲ့ နျူကလီးယား လက်နက် ပျံ့နှံ့မယ့် အရေးကိုတော့ စိုးရိမ်ကြောင်း မြန်မာစစ်အစိုးရကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ISIS ခေါ် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့က မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက် ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ဒီနေ့ ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ နျူကလီးယားစက်ရုံ တည်ဆောက်ရေး ဖြစ်တယ်ဆိုတဲ့ မန္တလေးမြို့နားက မြင်ကွင်းတွေကို ညွှန်းဆိုထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ ဘာများပြောစရာရှိလဲလို့ မနေ့က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်က မေးမြန်းခဲ့ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖိလစ် ခရော်လီ (Philip Crowley) ကတော့ မြန်မာအစိုးရနဲ့ ဆွေးနွေးမှုတွေမှာ နျူကလီးယား ပျံ့နှံ့တဲ့ကိစ္စအပေါ် စိုးရိမ်မကင်းကြောင်း ထည့်သွင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအစီရင်ခံစာကို သူတို့ မလေ့လာရသေးဘူးလို့ ဖြေသွားပါတယ်။

ISIS ရဲ့ Burma Nuclear Ambition ဆိုတဲ့ အစီရင်ခံစာမှာ အဓိက ဖော်ပြထားချက်ကတော့ မြန်မာအစိုးရက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံမှုတွေအရ ဒါဟာ နျူကလီးယားကိစ္စ ဒါမှမဟုတ် ဒုံးနဲ့ပတ်သက်ပြီး အဆင့်မြင့် နည်းပညာပိုင်းအရ ပတ်သက်မှုတွေ ရှိနိုင်တယ်လို့ နိုင်ငံတကာက သံသယရှိနေတဲ့ ကိစ္စကို သေချာ ပြန်လည်စိစစ် သုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ ရထားတဲ့ အချက်အလက်တွေကို ဆန်းစစ်ကြည့်တော့ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို လျှို့ဝှက် တည်ဆောက်နေတယ်ဆိုတာ၊ နျူကလီးယားနဲ့ ပတ်သက်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မပြနိုင်ဘူးလို့ ဆိုပါတယ်။

တလောက သတင်းတွေမှာ ပေါ်ထွက်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ပေါင်းပြီး မြန်မာနိုင်ငံမှာ လိုဏ်ခေါင်း တူးဖော်တဲ့ ဓာတ်ပုံတွေ၊ နျူကလီးယား ဓာတ်ပေါင်းဖို ဖြစ်တယ်လို့ ယူဆရတဲ့ ကောင်းကင်ဂြိုဟ်တုက ရိုက်ယူထားတဲ့ အဆောက်အဦးပုံတွေကို သေချာ စိစစ်ကြည့်တဲ့ အခါမှာတော့ ဒါဟာ နျူကလီးယားစက်ရုံနဲ့ မပတ်သက်ဘဲ ရေလှောင်တမံလုပ်ငန်းနဲ့ ဆိုင်တဲ့ ပုံတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ရှိနေတဲ့ နောက်အမြင်တခုကတော့ မြောက်ကိုရီးယား နျူကလီးယား လက်နက် အစီအစဉ်အတွက် လိုအပ်နေတဲ့ ပစ္စည်းတချို့ကို မြန်မာနိုင်ငံကတဆင့် ၀ယ်ယူပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရေးထားပါတယ်။ မြောက်ကိုရီးယား ယူရေနီယံ သန့်စင်ရေး လုပ်ငန်းအတွက် တဆီးအချို့ကို မြန်မာနိုင်ငံကတဆင့် မြောက်ကိုရီးယားကို ရောက်ရှိနေတယ်လို့ ယူဆစရာရှိတယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဟာ ပွင့်လင်းမှုမရှိတဲ့ အစိုးရ ဖြစ်တာမို့ ဒီအချက်အလက်တွေကို ခိုင်လုံအောင် စုံစမ်းစစ်ဆေးဖို့တော့ ခက်ခဲတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်နွယ်တယ်ဆိုတဲ့ လိုဏ်ခေါင်းတွေကို သတင်းဌာနတွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ စစ်အရာရှိဟောင်း တဦးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်းတဦးကိုတော့ မကြာခင်ကဘဲ မြန်မာစစ်အစိုးရက သေဒဏ် အပြစ်ပေးခဲ့ပါတယ်။ http://www.voanews.com/burmese/2010-01-29-voa3.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ဘုရားရိုက်မည့် နွားငမိုက်များသို့ …


ဇာဂနာ
အမှန်အကန်
အဖန်ဖန် သစ္စာရှိကြဖို့
သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။

(ဇာဂနာ့ဝက်ဘ်ဆိုက်မှ ...)

(ကိုဇာဂနာရဲ့ ၄၉ နှစ်ပြည့် မွေးနေ့ သို့ )

အပြည့်အစုံသတင်းဖတ်ရန်....

နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ သံသယဖြစ်ကြောင်း ပြောဆို....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဟု သံသယဖြစ်မိကြောင်း ပြောဆိုတယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ နေ့လည်(၁)နာရီ မှ(၃)နာရီခွဲ အထိ (၂)နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရတဲ့ ကိစ္စ၊ နောက်ပြည်ထဲရေးဝန်ကြီး ပြောတဲ့ကိစ္စနဲ့ အဖွဲ့ချုပ်ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်.....။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြုပြင်နေတာ တဝက်တပျက်မှာ စည်ပင်က တဝက်တပျက်မှာ ရပ်ဆိုင်းခိုင်းပါတယ်......။ ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်တယ်....။ အဲ့ဒီကိစ္စအတွက် လာမယ့် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ တရားရုံးမှာပြန်ပြီး သဘောထားတင်ပြရမှာပါ....။ အဲ့ဒီကိစ္စအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ .....
ု
ဒီနေအိမ်ပြင်ဆင်ခွင့်ရဖို့ အတွက်စည်ပင်မှာ ပြင်ဆင်ခွင့်တောင်းပြီးမှ ပြင်ဆင်ခဲ့တာပါ။ နောက်အကျိုးအကြောင်း ဘာမှမသိရပဲ ပြင်ဆင်ခွင့်တားမြစ်ခဲ့တယ်...။ နောက်အခု ဦးအောင်ဆန်းဦးက တရားရုံးမှာ တားဝရမ်းလျှောက်ထားတယ်.... ဒါတွေကို ခြုံငုံစဉ်းစားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဥစ္စာသွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်လို့ ပြောပါတယ်...။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ယခုတဖန် ဦးအောင်ဆန်းဦးမှ နေအိမ်ပြင်ဆင်မှုရပ်ဆိုင်းပေးဖို့ တရားရုံးမှာ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ အတွက် တရားရုံးမှ တားဝရမ်းထုတ်ခြင်းဖြစ်ပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည် နေအိမ်အခြေအနေနဲ့ ပတ်သတ်ပြီး ဆက်လက်ပြောဆိုရာမှာ " အိမ်ကတဝက်တပျက် တို့လို့တန်းလန်းဆိုတော့ ပစ္စည်းတွေက ဟိုနားပုံ ဒီနားပုံပေါ့ ..... အပေါ်ထပ်မှာ မျက်နှာကျက်ကျောက်ပြားတွေ ခွာထားတယ် အိမ်ခေါင်မိုးတွေက ဟောင်းနွမ်းနေတော့ အောက်ကနေကြည့်ရင် အလင်းရောင်တွေ မြင်နေရတာပေါ့.... အိမ်ကဟောင်းနွမ်းနေတော့ နေရာတိုင်းမှာပြင်ဆင်ဖို့ လုပ်ထားရတာလေ ... တဝက်တပျက်နဲ့ ရပ်ဆိုင်းလိုက်ရတော့ နေရထိုင်ရတာ အဆင်မပြေဘူးလို့ အန်ကယ်မြင်တယ်... ဒေါ်အောင်ဆန်းစုကြည်ကတော့ နေထိုင်ရတာနဲ့ပတ်သတ်ပြီး ဘာမှမပြောပါဘူး"

ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ နိုဝင်ဘာလမှာ လွှတ်ပေးမယ် ဆိုတဲ့ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာ....
........ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားချက် တကယ်မှန်ခဲ့မယ်ဆိုရင် ဒါဟာမတရားတဲ့ ပြောကြားချက်ဖြစ်တယ်.. နိုင်ငံတော်တရားရုံးချုပ်မှာ ပြင်ဆင်ဖို့တင်ထားချိန်မှာ ဒီလိုပြောကြားချက်က တရားဥပဒေကို လွှမ်းမိုးတဲ့ သဘော သက်ရောက်နေတယ်လို့ ပြောဆိုပါတယ်....

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့မှာ မြို့တော်ခန်းမမှာကျင်းပတဲ့ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား ဒီနှစ်နိုဝင်ဘာလမှာ လွတ်ပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ပါတီအရေးကိစ္စများကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်......။

သတင်း...ဒီမိုဝေယံ
http://www.demowaiyan.co.cc/2010/01/blog-post_29.html

အပြည့်အစုံသတင်းဖတ်ရန်....

မွှေးလွန်းသည့်ပန်း (သို့) MAI

Summary
ဒီရက်ပိုင်းမှာ သတင်း တစ်ပုဒ်က အရမ်းမွှေးကြိုင်နေပါလား ? MAI လေကြောင်းလိုင်းက ၀န်ဆောင်မှုတွေ အရမ်းကောင်းနေတယ် ဆိုပဲ။ မနေ့ကဖော်ဝပ်မေးလ်ရောက်လာတော့ ဖတ်လိုက်တာ ကျွန်တော်တို့ ညီအကိုတော် ဒီစလုံးကနေခွင့်နဲ့ မြန်မာပြည် ပြန်တာလေ ( မြန်မာ အင်တာနေရှင်နယ် အဲယားဝေး )လေယာဉ်ပျံ ကြီးနဲ့ပေါ့။


ဘာပဲပြောပြော အိမ်အပြန်လမ်းမှာ ဘယ်သူမဆို ပျော်တပြုံးပြုံး နဲ့နေမှာပေါ့။ လေယာဉ်ကြီးစီးပြီး၊ လေဆိပ်မှာစောင့်နေမယ့် မိသားစု ၀င် တွေမြင်ယောင်ရင်း၊ လေယာဉ်မယ် ချောချောလေး ငမ်းရင်းနဲ့... ကဲ ဘယ်လောက်တောင်ပျော်ရွှင်ဖွယ် ကောင်းတဲ့ အိမ်ပြန်ခရီးလည်း ?
ပျော်ရွှင်ဖွယ် ခရီးစဉ်ကို စတင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့ရန်ကုန်လေဆိပ် ရောက်တဲ့ အချိန်ပဲ။ လ၀က ဖြတ်မယ်။ ပြီးရင် ပစ္စည်းရွေးမယ်။ဟိုမှန်တစ်ဘက်ခြမ်းက မိသားစုတွေက လက်တပြပြနဲ့ ကိုယ်တွေကလည်း အပြင်မြန်မြန် ရောက်ချင်နေပြီလေ။ ပြဿနာက ပစ္စည်းရွေးတဲ့ နေရာမှာ စတာပဲ။

ငါ့အိတ် ဘယ်မှာလည်း ? ငါ့အိတ် ဘယ်မှာလည်းနဲ့ ရှာနေတဲ့သူတွေတော်တော်များတယ်။ ပစ္စည်းရွေးတဲ့နေရာမှာ လည်နေတဲ့ ရထား ကြီးကခေါင်းမူးနေရောပေါ့။ အိတ်တွေက တော်တော် များများ ပါမလာကြဘူး။ အဲတာနဲ့ MAIကောင်တာမှာ သွားမေးကြတော့ ပစ္စည်း တွေ စင်္ကာပူမှာ လေယာဉ် သယ်ဆောင်နိုင်တဲ့အလေးချိန်ထက် ကျော်လွန်နေလို့ ချန်ထားခဲ့ရတာတဲ့ နောက်တစ်ပတ် သောကြာ လေ
ယာဉ်နဲ့ ပါလာလိမ့်မယ်တဲ့။ အဲ့ဒီတော့မှာ လာရွေးကြပါတဲ့ ခင်ဗျး)

အဲဒီမှာ ကျွန်တော်တို့ ကိုယ်တော်က မန္တလေးထိ ပြန်ရမှာလေ ရန်ကုန်မှာ ဘယ်လိုလုပ်စောင့်နေရမှာတုန်း ? ကိုယ်က မြန်မာပြည်ကို ခွင့်နဲ့ ပြန်လာတဲ့ ကာလဟာအင်မတန် တန်ဖိုးရှိတဲ့ ကာလပါ။ ဘာမဟုတ်တဲ့ ကိစ္စနဲ့ စိတ်အနှောင့်အယှက်မဖြစ်ချင်လို့ ထင်ပါ့ ဆရာက မန္တလေး ပြန်သွားတာ။ ချိန်းထားတဲ့ ရက်ပြန်လာရွေးတော့ ဆရာသမားအိတ်က ပျောက်သွားပါပြီတဲ့ ခင်ဗျာ....

အဲမှာ ရုပ်လုံးကပေါ်တော့မယ် MAI ရုပ်လုံးပေါ့။ ဒီပစ္စည်း ပျောက်တဲ့ပြဿနာကို လေကြောင်းလိုင်းက လျှော်ကြေး ပေးပါ့မယ်။ ( အိတ် တစ်လုံးကိုအမေရိကန် ဒေါ်လာ 200 တဲ့ ခင်ဗျ ) ။ ပြီးတော့ MAI စာရွက်မှာ ဤ ဖြစ်ပြီးကိစ္စသည် လေကြောင်းလိုင်း တာဝန် မဟုတ်ကြောင်း လက်မှတ် ရေးထိုးပေးရမယ်တဲ့ခင်ဗျ။ ဒါဟာ ဘာလည်း စော်ကား တာ လား ? ပမာမခန့် လုပ်တာလား ?
အထင်သေးတာလား ? အိတ်တစ်လုံးကို U$ 200 လို့ သတ်မှတ်ရအောင် အိတ်အတွင်းပါပစ္စည်းကို သူတို့တွေ သိကြလို့လား ? ပြန်လည် အစားထိုး မရနိုင်တဲ့အရာမျိုးဆိုရင် လေကြောင်းလိုင်းက ဘယ်လို တာဝန်ယူပေးမှာလည်း ?

ဒီကိစ္စဟာ လေကြောင်းလိုင်းကို အားပေးတဲ့ ခရီးသည်ကို စော်ကားတာပဲ။ အိတ်တစ်လုံးကို U$ 200 တန်ဖိုး ဖြတ်တာကလည်း LEVI'S
တစ်ထည်တောင်မှ U$ 200 ကျော်တယ် ဆိုတာ သိထားစေချင်တယ်။ နိုင်ငံခြားပြန်တစ်ယောက် သယ်ယူသွားတဲ့ အိတ်တန်ဖိုးကို အကြမ်းအားဖြင့်တော့ခန့်မှန်းနိုင်ကြမှာပါ။ ထားလိုက်ပါတော့ အသေးစိတ်တွေ ပြောမနေတော့ပါဘူး။

ဒါနဲ့ လေကြောင်းလိုင်းက လက်မှတ်ထိုးခိုင်းတော့ ဆရာက ဘယ်ထိုးပါ့မလည်း။ လူကိုများ တော်တော်အတယ် ထင်နေကြလား မသိဘူး လေကြောင်းလိုင်း ၀န်ထမ်းတွေက။ ဆရာသမားက ပြန်ပြောလိုက်ပါတယ် ခင်ဗျားတို့ တာဝန်ပျက်ကွက်မှု၊ ခင်ဗျားတို့
လုံခြုံ စိတ်ချမှု မရှိတဲ့ လေကြောင်း ၀န်ဆောင်မှု၊ တာဝန်ကိစ္စ အ၀၀တွေကို ဒီ US $ 200 နဲ့ ပါးစပ်ပိတ်မယ်။ လျှော်ကြေးပေးမယ်ပေါ့တဲ့။ ( ကြည့်စမ်းပါဦးခရီးသည်တွေကို စော်ကားချက် )

ဆရာသမားကတော့ ခင်ဗျားတို့ ပေးတဲ့ ငွေလည်း မယူဘူး။ ပျောက်သွားတဲ့ပစ္စည်းကိုလည်း ရေစက်ချလိုက်မယ်။ ပြီးတော့ ဒီကိစ္စ ကိုလည်းအများသိအောင်လည်း ဖွင့်ချရမယ် လို့ပြောပြီး စင်္ကာပူ ပြန်လာတာပေါ့။ဟိုကလည်း အဲလို့ လုပ်မယ်ပြောတော့ နည်းနည်း တော့ ဖြုံသွားမယ် ထင်ပါ့မလုပ်ပါနဲ့ ဘာညာ လိုက်တောင်းပန်ပေမယ့် ဆရာသမားက ရင်နာနေပြီ လှည့်ကိုမကြည့်တော့ပါဘူး။ ကိစ္စတွေက ပြီးခဲ့ပြီလေ။( အထက်ပါ အကြောင်း အရာနှင့် တွေ့ဆုံခဲ့သူသည် ယခု လက်ရှိ စင်္ကာပူတွင်နေထိုင်နေပါသည် )

ကျန်ပါသေးတယ်ဗျာ ... ကျွန်တော်တို့ လုပ်ငန်းခွင်တူ ညီအကိုပြန်စဉ်တုန်းကလည်း ရန်ကုန်တွင် ပစ္စည်းပါမလာ နောက်နေ့တွေမှ လေဆိပ်တွင်သွားရောက်ရွေးယူရပါသည်။ ခွင့်ပြည့်လို့ စင်္ကာပူ ပြန်လာသည့်ခရီးစဉ်တွင်လည်း ပစ္စည်းက ရန်ကုန်တွင် ကျန်ရစ်၊ နောက်နေ့တွင်မှ အိမ်လိပ်စာအတိုင်း လာရောက်ပို့ပေးသည်။ အဲ ကွာတယ်နော် ရန်ကုန်မှာကျတော့ကိုယ်တိုင်ရွေးယူ။ စင်္ကာပူ မှာကျတော့ အိမ်လိုက်ပို့တယ်။ စာဖတ်သူတွေနည်းနည်းတွေး ကြည့်ကြနော် ဘာတွေကွာတာလည်းလို့ ?

နောက်တစ်ယောက်ကတော့ ကျွန်တော့် အရင်းနှီးဆုံးမိတ်ဆွေ ခွင့်နဲ့ပြန်တာပါပဲ။ စင်္ကာပူ ပြန်မယ့်ရက်စွဲကို ကွန်ဖမ်း လှမ်းလုပ်တာ ဖုန်းနဲ့
ရန်ကုန်က MAI လေကြောင်းရုံးကိုပေါ့။ ဆက်ဆံရေး တော်တော် ပြေပြစ်တာပဲတဲ့။ နာမည်ပြော ဖုန်းနံပါတ်ပြော ဂွပ် တန်းချလိုက် တာပဲတဲ့ စကားပြောခွက်ကို။ တော်တော်လေးကို ယဉ်ကျေးတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပဲဗျ နော်.... ဘယ်လို
လုပ်ပြီး အဆင့်မြင့် သယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းမှာအလုပ်ရနေပါလိမ့်။ လမ်းဘေး ဈေးသည်လောက်တောင် ဆက်ဆံရေး မကောင်းပါလား။

အထက်ပါ အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့တဲ့ သူတွေက ကျွန်တော်နဲ့ သိကျွမ်းတဲ့သူတွေကြီးပါပဲ အသေးစိတ် ရက်စွဲ လေကြောင်း အမှတ်စဉ် သိချင်ရင် လည်းရှိပါတယ်လို့။

ကဲအခု ကျွန်တော့် အမြင်ကို နည်းနည်းတော့ ရေးမယ်ဗျာ....
ကျွန်တော်တို့ ခရီးသည် တစ်ဦးမှာ သယ်ယူလို့ ရနိုင်တဲ့ အလေးချိန်၊လေကြောင်းလိုင်းက ခွင့်ပြုတဲ့ အလေးချိန် အတိုင်းပဲ ကျွန်တော်တို့
သယ်ယူခွင့် ရှိတာနော်။ ဒါဆို ပစ္စည်းအလေးချိန် မနိုင်လိျု့န်ရစ်ခဲ့ရတယ်ဆိုတာ ဘာကြောင့်လည်း ? သေချာတာ တစ်ခုကတော့ သပြေနုနဲ့
ရဲရင့်ကပဲ လေကြောင်းလိုင်းကို အခက်အခဲ ဖြစ်စေတာ နေပါလိမ့်မယ်.။

ပြီးတော့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရန်ကုန်အနေနဲ့က ကိုယ်တိုင် လေဆိပ်ဂိုဒေါင်မှာ သွားရောက် ထုတ်ယူရပြီး၊ စင်္ကာပူ နိုင်ငံမှာ ကြတော့ ဘာလို့အိမ်တိုင်ယာယောက် လာပို့ပေးရတာလည်း ?
အဲဒီလို ပစ္စည်းတွေ ကျန်ရစ်ခဲ့မယ် ပျောက်ရှခဲ့မယ်ဆိုရင်လေကြောင်းလိုင်းကို အားပေးသူ ခရီးသည်တွေ အနေနဲ့ ရှေ့ဆက်ပြီး....
ရှေ့ဆက်ပြီး.......

ယခင်ကဆိုလျှင် သေတ္တာထဲမှ ပစ္စည်းများအနှိုက်ခံရရုံသာ ယခုကတော့သေတ္တအလုံးလိုက်ပါ အပျောက်ရိုက်နေကြသလော...ဝန်ထမ်းများ ဒီလောက်တောင်ကိုယ်ကျင်တရားပျက်ပြားနေကြသည်မှာမည်သူ့ တွင်တာဝန်ရှိပါသနည်း....

မှတ်ချက်။http://datacarrier.blogspot.com/မှမျှဝေဖေါ်ပြသည်
ကိုဝဏ္ဍက လက်တို့ တဲ့သတင်းပါ

အပြည့်အစုံသတင်းဖတ်ရန်....

လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိမ်းခြောက်ထား

ကို(၂)/ ဇန်န၀ါရီ ၂၇၊ ၂၀၁၀
ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်း စခန်းထိုင်သည့် စစ်အစိုးရတပ် ခလရ ၁၂ သည် ရွာသားများအား လုပ်အားပေးစေခိုင်းမှုများ ပြုလုပ်နေပြီး သတင်းပေါက်ကြားမှုများ ရှိပါက ကျေးရွာများအား မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောပါသည်။

ခလရ ၁၂ တပ်ရင်းသည် ယခုနှစ် တပ်အပြောင်းအလဲ လုပ်ချိန်၌ ဒီမောဆိုမြို့နယ်အတွင်း အခြေစိုက်သော ခလရ ၂၉၅ တပ်ရင်းဖြင့် အစားထိုး ရောက်ရှိလာသည့်တပ် ဖြစ်သည်။

“သူတို့ လာနေတဲ့ တပ်အားလုံးလိုလိုက ခြိမ်းခြောက်ပြီး ပြောတာပဲ။ တပ်တွင်း လုံခြုံရေး တစုံတရာ ထိခိုက်လာမယ်ဆိုရင် ခင်ဗျားတို့ရွာ မီးလောင်စေရမယ်။ ရွာမရှိစေရဘူး” ဟု ဒေါတမကြီးကျေးရွာအုပ်စုမှ ဒေသခံရွာသားတဦးက ပြောသည်။

ကျေးရွာသူ၊သားများမှ နေ့စဉ်အလိုက် တပ်၏ လိုအပ်မှုများကို ဖြည့်စည်းပေးနေရပြီး သစ်၊ ၀ါးများခုတ်ခြင်း၊ ထင်းပို့ခိုင်းခြင်း၊ ရေခပ် ခိုင်းခြင်းများ၊ တပ်ခြံစည်းရိုး ကာခိုင်းခြင်းများ၊ ဆက်သွယ်ရေးမြောင်း တူးခိုင်းခြင်းများ လုပ်ပေးနေကြရသည်ဟု ဆိုသည်။

“ထင်းကို တလတကြိမ် နွားလှည်းနဲ့ လာပေးရတယ်။ တရွာကို နွားလှည်း ၃ စီးနဲ့ တင်လာပေးရတယ်။ ရေကိုတော့ ပုံမှန်တရက်ကို ၂ ပုံး တင်လာပေးရတယ်။ မိန်းခလေးရော ယောက်ျားလေးပါပေါ့။ အကုန်ခေါ်တယ်။ လုပ်နိုင်တဲ့ လူတွေ အကုန်လုံးကို ခေါ်လာတယ်” ဟု ဒေါတမကျေးရွာအုပ်စုမှ ရွာသားတဦးက ဆက်ပြောသည်။

ခလရ ၁၂သည် ကျေးရွာများ၏ အိမ်မွှေးတရိစ္ဆာများကိုလည်း ခွင့်တောင်းခြင်း မရှိပဲ သတ်စားသည်ဟု ဒေါတမကျေးရွာအုပ်စုထဲမှ အခြား ရွာသားတဦးကလည်း ပြောဆိုသည်။

၎င်းက “ကျနော်တို့ရဲ့ အိမ်မွှေးတရိစ္ဆာကိုလည်း ပစ်သတ်စားနေတယ်။ ၀က်ကို ပစ်သတ်လို့ မသေပဲ ဒဏ်ရာနဲ့ ပိုင်ရှင်ထံ ပြန်ရောက်လာတဲ့ ၀က်တော့ ကျနော်တို့ ရွာမှာ ၂ ကောင် ရှိပြီ။ ကြက်၊ ၀က်တွေကို ခိုးကြောင်ခိုးဝှက်နဲ့ သတ်စားနေတာ ရှိတယ်” ဟု ပြောသည်။

ယခုလို တပ်၏ လိုအပ်ချက်များ ဖြည့်စည်းပေးနေရ၍ ဒေသခံရွာသားများသည် အလုပ်အကိုင်ပျက်ပြီး မိသားစု စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြသည်ဟု ဆိုသည်။

ခလရ ၁၂ တပ်ကို ပုံမှန်လုပ်အားပေးနေရသော ရွာများမှာ ဒေါတမကြီးကျေးရွာအုပ်စုတွင်းရှိ ဒေါတမကြီး၊ ဒေါညေခူ၊ ဒေါဆော်ကလဲ၊ ဒေါဆော်ဖျ၊ ဒေါကော့နှင့် ဒေါတရှရွာတို့ ဖြစ်ကြသည်။

စစ်အစိုးရသည် နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးနှင့် မြန်မာနိုင်ငံတို့အကြား အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ လွတ်လပ်စွာ တိုင်ကြားမှုများနှင့် ပတ်သက်သည့် စာချုပ်လွှာကို (IL0)နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် သက်တမ်းတိုးခြင်းသည် တတိယအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။

အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု၊ လယ်ယာ အိမ်ယာမြေများ သိမ်းယူမှု၊ ကလေးစစ်သားအဖြစ် အသုံးပြုမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဆက်လက်ကျူးလွန်နေသည်ဟု အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးစောင့် ကြည့် လေ့လာရေးအဖွဲ့က ပြောဆိုထားသည်။
http://www.ktimes.org/thatin/1-latest-news/546-2010-01-27-14-23-45.html

အပြည့်အစုံသတင်းဖတ်ရန်....

ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦးရရှိ

စိုးမိုး/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

ပြည်တွင်းသတင်းရယူမှုဖြင့် စစ်အစိုးရ၏ နှစ်ရှည် ထောင်ဒဏ်ချခံထားရသည့် သတင်းထောက် မလှလှဝင်းနှင့် ကိုဝင်းမော်တို့ (၂) ဦးကို ယမန်နေ့က ကင်ဂျိ နာဂါအိ အမှတ်တရဆု ရွေးချယ်ပေးအပ်လိုက်သည်။

၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျိ နာဂါအိ အမှတ်တရအဖြစ် ဂျပန်အခြေစိုက် သတင်းဌာန အေပီအက်ဖ်နှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းပြီး ယခုဆုကို ပေးအပ်ခြင်းဖြစ်သည်။

ဆုချီးမြှင့်ခြင်းခံရသူ သတင်းထောက် (၂) ဦးမှာ စစ်အစိုးရ အကျဉ်းထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရဆဲဖြစ်သည်။
အသက် (၂၆) နှစ်အရွယ် သတင်းထောက် မလှလှဝင်းသည် ပခုက္ကူမြို့ သံဃာတော်များအား တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ သောကြောင့် ပြီးခဲ့သည့် ၂၀၀၉ ဒီဇင်ဘာလတွင် စစ်အစိုးရ၏ ထောင်ဒဏ် (၂၇) နှစ် ချမှတ်ခြင်းခံရသည်။
ဗီဒီယိုနှင့် ဓာတ်ပုံသတင်းထောက် ကိုဝင်းမော်ကိုလည်း စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့သည်။

ဆုချီးမြှင့်ခံရသည့် မြန်မာသတင်းထောက် (၂) ဦး၏ လုပ်ငန်းစွမ်းဆောင်ချက်အပေါ် ဂုဏ်ယူပါကြောင်းနှင့် မိသားစုဝင်များ၏ ဒုက္ခကို လည်း စာနာပါကြောင်း သေဆုံးသူ ဂျပန် သတင်းထောက် ကင်ဂျိ နာဂါအိ အလုပ်လုပ်ကိုင်ခဲ့သည့် ဂျပန်အခြေစိုက် အေပီအက်ဖ် သတင်း ဌာနဥက္ကဋ္ဌက ပြောကြားသည်။

ကင်ဂျိ နာဂါအိ အမှတ်တရဆုကို ဂျပန်အခြေစိုက် အေပီအက်ဖ် သတင်းဌာနက ပေးအပ်ပြီး မြန်မာသတင်းသမဂ္ဂက ဆုချီးမြှင့်ရန် ရွေးချယ် ပေးခြင်းဖြစ်ကာ လာမည့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် မြန်မာ့မီဒီယာညီလာခံတွင် ပေးအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ ပစ်သတ်ခံရသည့် ကင်ဂျိ နာဂါအိ ကွယ်လွန်ခဲ့အပြီး တနှစ်အကြာတွင် မြန်မာသတင်းသမားများ အတွက် ရည်စူး၍ အမှတ်တရဆုကို အေပီအက်ဖ် သတင်းဌာနနှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် ပေးအပ်သည့် ကင်ဂျိ နာဂါအိ အမှတ်တရဆုကို အမျိုးသမီးသတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့ပြီး ယခုဒုတိယ အကြိမ်တွင်လည်း မြန်မာအမျိုးသမီး သတင်းထောက်တဦး ထပ်မံရရှိခြင်းဖြစ်သည်။

အဆိုပါဆုကို ရည်စူးရာတွင် အကျဉ်းကျခံနေရသည့် သတင်းသမား၊ သတင်းထောက်များက ထိပ်ဆုံးမှပါရှိပြီး သတင်းယူရင်း အလုပ်ပြုတ်သွားသူများ၊ သတင်းဖော်ပြမှုကြောင့် စီးပွားရေးအရ အခက်အခဲဖြစ်သွားသူများ၊ သတင်းထောက်လိုင်စင် အပိတ်ခံရသူများ စသည်တို့ကို အစဉ်အလိုက် စီစဉ်ထားကြောင်း သိရသည်။
http://knljapan.blogspot.com/2010/01/blog-post_1411.html

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, January 28, 2010

ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံများ ပြော

မြင့်မောင် |

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးသင့်ကြောင်း ပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးသမားများက ပြောဆိုလိုက်သည်။

ထိုအထဲတွင် ဝါရင့်အတိုက်အခံ နှစ်ဦးနှင့် နိုင်ငံရေးပါတီတရပ်မှ ခေါင်းဆောင်တဦး ပါဝင်သည်။

ယခုလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည့်အပေါ် ၎င်းတို့က ယခုလို တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်မောင်ဦး စကားအတိုင်းဆိုရင် နိုဝင်ဘာမှာ လွှတ်မယ်လို့ ပြောခြင်းအားဖြင့် နိုဝင်ဘာလ မတိုင်မီ မလွတ်ဘူးဆိုတဲ့သဘော ဖြစ်နေတယ်။ နိုဝင်ဘာလထက် စောလွှတ်ပေးပါ။ ရွှေဂုံတိုင် ကြေညာချက်မှာ တောင်းဆိုထားတဲ့အတိုင်း ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ကို ဆောင်ရွက်ပါ။ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ လိုအပ်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ရွှေဂုံတိုင်ကြေညာချက်မှာ ၂ဝဝ၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် တိုင်းနှင့် ပြည်နယ် ပါတီကိုယ်စားလှယ်များဖြင့် ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပခဲ့သည့် မျက်နှာစုံ အစည်းအဝေးမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာပြည် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ကာ ရွေးကောက်ပွဲပြီးမှ လွှတ်မည်ဆိုပါက မည်သို့မှ ဆွေးနွေးနိုင်မဟုတ်ဟု သူက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ဒေါ်စုကို အမြန်ဆုံး လွှတ်ပေးကာ စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲ လုပ်သင့်ကြောင်းနှင့် ပြန်လွှတ်မပေးဘဲ ရွေးကောက်ပွဲလုပ်ပါက တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရန် ခဲယဉ်းလိမ့်မည်ဟု သုံးသပ်သည်။

အလားတူပင် UDP ခေါ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေး ဒေါ်ချိုချိုကျော်ငြိမ်းတွင်လည်း ထိုသို့သော သဘောထားရှိကြောင်း သိရသည်။

“မနက်ဖြန်လွတ်ရင် ကြိုက်တယ်။ ဒီနေ့လွတ်ရင် ပိုကြိုက်တယ်။ အားလုံးကို လွတ်စေချင်တယ်။ သူတို့ကို တရက်မှ ပိုမနေစေချင်ပါဘူး။ ကျမ ဒီလိုပြောချင်ပါတယ်။ မစု (ဒေါ်အောင်ဆန်းစုကြည်) က ဗိုလ်ချုပ်မှူးကြီးကို သူက စကမ်းလှမ်းထားတယ်။ တိုင်းပြည်အတွက် တတ်နိုင်သလောက် သူ့အနေနဲ့ ပူးပေါင်းလုပ်မယ်ဆိုတဲ့ အချက်တခုလို့ ကျမ နားလည်တယ်” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

UDP ကို ပြီးခဲ့သည့်နှစ် ဇွန်လနှောင်းတွင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့ရာ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်က သူမကို ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ပြုရန်၊ အသက်အရွယ်ကြီးရင့်သော ပါတီခေါင်းဆောင်များကို တွေ့ဆုံ ဂါရဝပြုခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသားပေးပို့ကာ မေတ္တာရပ်ခံခဲ့သည်။

စာထဲတွင် မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားသော ပိတ်ဆို့ဒဏ်ခတ်မှုများ လျော့ပါး သက်သာရေး အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ပေးရန်ပါ တောင်းဆိုခဲ့သည်။

ထိုပေးစာနောက်ပိုင်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ၃ ကြိမ်တိုင် တွေ့ဆုံစေခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် ယနေ့တိုင် တိုက်ရိုက်တွေ့ဆုံခြင်း မရှိသေးသလို၊ ၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပမည်ဟုသာ စစ်ခေါင်းဆောင်က ထပ်မံပြောဆိုခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ဥပဒေကိုပါ ထုတ်ပြန်ခြင်း မရှိသေးပါ။

၂ဝဝ၈ ခုနှစ် မေလအတွင်း စစ်အစိုးရက အတင်းအကျပ် ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲတွင် နိုင်ငံခြားသားနှင့် လက်ထပ်ထိမ်းမြားသူ၊ နိုင်ငံခြားသားနှင့် ရရှိသည့် သားသမီးများ ရှိသူအနေဖြင့် တိုင်းပြည်၏ သမ္မတအဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

သခင်ချန်ထွန်းက ''နိုင်ငံတကာ ပြောနေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံဖို့ လိုအပ်သလို၊ နိုင်ငံရေးအကျဉ်းသမား အားလုံး လွှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဦးဝင်းတင်က “ဒေါ်စုက တိုင်းရင်းသားတွေအရေးကို နားလည်တဲ့ ပုဂ္ဂိုလ်၊ တိုင်းသားတွေနဲ့ လက်တွဲပြီးတော့ လုပ်လာတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်၊ တိုင်းရင်းသားနဲ့ အန်အယ်ဒီအကြား ဆက်စပ်ပြီးတော့ လုပ်နေတဲ့ ပုဂ္ဂိုလ်၊ နိုင်ငံတကာမှာ အားပေးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒေါ်စုကို စောပြီး လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတကာက ဖိအားပေးမှုတွေ လျော့ပါးလာနိုင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောဆိုထားသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
http://www.mizzimaburmese.com/news/inside-burma/4684-2010-01-28-08-59-19.html

အပြည့်အစုံသတင်းဖတ်ရန်....

ပါးစပ်ထဲရှိရာ ဖြီးကာချ..လူယုတ်နအဖ

ရွေးကောက်ပွဲ ဖျက်ရန် ဗုံးခွဲနေဟု စစ်အစိုးရဆို
ရန်ပိုင်
လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြား သွားစေရန် အတွက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့က ဗုံးဖာက်ခွဲ မှုများကို ပြုလုပ်ခဲ့သည် ဟု ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယင်း သတင်းထုတ်ပြန်ချက်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှု နှင့် ဖွံဖြိုးတိုး မှုအရှိန်အဟုန် နှောင့်နှေးရပ်တန့်သွားစေရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်အတွက် ရည်ရွယ်၍ အကြမ်းဖက်သမားများက လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကျော်ဇေလင်း (ခ) ကိုဆိုင်းအပါအ၀င် ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ၊ လက် ကိုင်ဂြိုဟ်တုဖုန်း နှင့် ပစ္စတို သေနတ်တလက်ကိုပါ သိမ်းဆည်းရမိကြောင်း၊ ထိုင်းနိုင်ငံအခြေစိုက် မတရားသင်းကြေညာထားသော BLC နှင့် ဆက်သွယ်ခဲ့ပြီး KNU ၀ဲကြီးစခန်းတွင် လက်နက် သင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ရှိ စက်မှုဇုန်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု သတင်းစာက ဆိုသည်။

BLC အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဦးက စစ်အစိုးရသည် ယခင်က ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) စသည့် အဖွဲ့အစည်းများကိုသာ စွပ်စွဲပြောကြားလေ့ရှိ ကြောင်း၊ စစ်အစိုးရ အကြီး အကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား BLC အဖွဲ့မှ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တင်ရန်အတွက် ကြိုးပမ်း သည့် အချိန်မှစတင်ပြီး စစ်အစိုရက အကြမ်းဖက်အဖွဲ့အစည်းအသွင်သို့ ပုံဖော်စွပ်စွဲခဲ့ကြောင်း ပြောဆို သည်။

“စစ်အစိုးရကို ကျနော်တို့ အဖွဲ့က နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တင်ဖို့လုပ်နေတဲ့အချိန်လေ”ဟု ၎င်းက ဆိုသည်။

ယခု စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း၊ ကျော်ဇေလင်း ဆိုသူအားလည်း မသိကြောင်း၊ နိုင်ငံတကာနှင့် အိမ်နီးချင်း တိုင်းပြည်များ အထင်အမြင်လွဲမှားစေရန် အတွက် စစ်အစိုးရက ရည်ရွယ်၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဦးသိန်းဦးက ဆက် လက်ရှင်းပြသည်။

၂၀၀၉ ခုနှစ်မေလက ဘန်ကောက်မြို့တွင်ပြုလုပ်သည့် BLC အစည်းအဝေးတခုကိုလည်း ထိုင်းအာဏာပိုင်များက ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

BLC အဖွဲ့သည် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ပြုလုပ်သည့်အပြည်ပြည် ဆိုင်ရာ ရာဇ၀တ် မှုခုံရုံး (ICC) ညီလာခံတွင် တက်ရောက်၍ စစ်အစိုးရ၏ ကျူးလွန်ခဲ့သည့်စစ်ရာဇ၀တ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက် မှုများကို ဆွေးနွေးခဲ့သည်။

အဆိုပါ BLC အဖွဲ့အား စစ်အစိုးရက ၂၀၀၉ ခုနှစ် ဧပြီလတွင် မတရားသင်းကြေညာခဲ့ပြီး အဖွဲ့အတွင်းရေးမှူး ဦးအောင်ထူးကို လည်း ဖမ်းဝရမ်းထုတ်ခဲ့သည်။

BLC အဖွဲ့ကို ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေတွင် ၁၉၉၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း ယခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့နှင်၂၃ရက်နေ့က လောပိတ မှ တောင်ငူသို့ ပို့လွှတ်သည့် ဓာတ်အားလိုင်း တာဝါတိုင်များကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးတွင်လည်း မိုင်းထောင်မှုများကို ပြုလုပ်ခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ရေးသားထားသည်။

စစ်အစိုးရအနေဖြင့် ဗုံးပေါက်ကွဲမှုတိုင်းတွင် KNU အဖွဲ့အား အမြဲတမ်းစွပ်စွဲပြောဆိုလေ့ရှိကြောင်း၊ ယခုကဲ့သို့ ပြည်သူများ အသက် အိုးအိမ်ဆုံးရှုံးစေရန်အတွက် မပြုလုပ်ကြောင်း၊စစ်အစိုးရကသာ ကရင်ရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားများအား သတ်ဖြတ် နေကြောင်း၊ ယခုကဲ့သို့ စွပ်စွဲပြောဆိုခြင်းသည် KNU အပါအ၀င် တိုင်းရင်းသားများနှင့် ဒီမိုကရေစီလိုလားသူများအားလုံးကို အထင် အမြင်လွှဲမှားစေရန်ပြောဆိုခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။
http://www.irrawaddy.org/bur/index.php/news/1-news/2499-2010-01-28-11-50-33

အပြည့်အစုံသတင်းဖတ်ရန်....

နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်အောင်ဆန်းစုကြည်ဆို

Summary
Thursday, 28 January 2010 18:45 ကိုထွေး
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်သည် တရားဥပဒေနှင့်ညီညွတ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
dawsuu
“အမှုနဲ့ပတ်သက်ပြီးတော့ တရားရုံးချုပ်မှာ တင်ထားတာ အဆုံးအဖြတ်မပြုရသေးဘူး၊ ဒီလိုပြောခြင်းအားဖြင့် တရားရုံး အဆုံးအဖြတ်ကို အနှောင့်အယှက်ပြုသလို ဖြစ်နေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိမ်ပြင်ဆင်ရေး အတွက် ကိုယ်စားလှယ် လွှဲအပ်ထားခြင်း ခံရသူ ဦးထင်ကျော်နှင့် ဦးဉာဏ်ဝင်းတို့သည် ယနေ့ နေ့လယ် ၁ နာရီမှ ၃ နာရီ ၃၀ ခန့် အထိ ၂း၃၀ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်အပေါ်ပြန်လည် ပြောဆိုခြင်း ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အင်အားတောင့်တင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အသေးစိတ် ပြောကြား၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့သည် နေအိမ် ပြင်ဆင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“လုပ်ငန်းသဘောကို အရင်ဆွေးနွေးဖြစ်တယ်၊ ဒီအပေါ်မှာ ဒေါ်စုရဲ့မှတ်ချက်က ဒီကိစ္စက သွေးရိုးသားရိုးဟုတ်ရဲ့လားလို့ သူစိုးရိမ်နေတယ်၊ တခြား ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုများရှိနေသလားလို့ ခံစားရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင်က အိမ်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်တွင် ကန့်ကွက်စာမိတ္ထူ တောင်းခံထားသည်မှာ ယခုချိန်အထိ မရရှိသေးကြောင်း၊ သို့သော်လည်း အိမ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်များကို ဆက်လက် လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြောင်း၊ အိမ်၏ လက်ရှိအနေအထားမှာ အမိုးများ ပြင်ဆင်ရန်အတွက် တချို့သော အစိတ်အပိုင်းများမှာ ဖြုတ်ထားရသည့် အတွက် မိုးရွာပါက တအိမ်လုံးရေများစိုရွှဲနိုင်ပြီး မလုံခြုံသည့် အနေအထားတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့သည့် ကြာသပတေးနေ့က ပထမဆုံးအကြိမ် တားဝရမ်းဖြင့် ကန့်ကွက်ခဲ့သည်။

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

“ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်ကပြော။

၂၀၁၀ ခုနှစ် ဇန္န၀ါရီလ (၂၉)ရက်။
“ ၀ ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ( UWSA ) သည် သျှမ်းပြည်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးအနက် အင်အား အတောက်တင်းဆုံးဖြစ်သည်ဟု ဆိုသော်လည်း မိမိလူမျိုး ၊တပ်ဖွဲ့ ၊ နယ်မြေ တခုထဲအတွက် ကိုယ်လွတ်ရုန်းထွက်လို့  မရဟု ပလောင်ခေါင်းဆောင် မိုင်းအိုက်ဖုန်းကပြောပါသည်။

“ သျှမ်းပြည်အရေးက တိုင်းရင်းသား အားလုံးနဲဆိုင်တယ်” အချင်းချင်း အပြစ်ရှာရမယ့် အချိန်မဟုတ်ဘူး။ “၀” အင်အားကြီးတယ် ပြောပေမယ့် သူ့ အမျိုးသားတခုထဲ လွတ်မြောက်ဖို့  ရုန်းထွက်လို့ ရမှာမဟုတ်ဘူး။ စစ်မှန်သည့် လွတ်လပ်ခြင်း တန်းတူ အခွင့်အရေးရရှိခြင်းအတွက် ယခုအချိန်သည် စုပေါင်းအဖြေရှာ လက်တွဲဝိုင်းဖြေရှင်းကာ တဦးတယောက်အားနှင့် တွန်း၍မရသော် အများနှင့်တွန်းလျှင် လိုရာပန်းတိုင်သို့  အမှန်ရောက်ရှိ မည်ဖြစ်ကြောင်း ( PSLF ) ဥက္ကဋ္ဌ မိုင်းအိုက်ဖုန်းက သျှမ်းသံတော်ဆင့်သို့ ပြော၏။
ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး ( PSLF ) ဥက္ကဋ္ဌ မိုင်းအိုက်ဖုန်းက သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက် သတ်ဖြတ်နေမယ်ဆိုရင် စစ်အာဏာရှင်အတွက်ဘဲ အထောက်အကူဖြစ်မယ်။ ၂၀၀၁၊၂၀၀၅ တုန်းက နအဖ သွေးထိုးလှုံ့ ဆော်မူကြောင့် သျှမ်းပြည်တပ်မတော် လွယ်တိုင်းလျဲန်းဌာနချုပ်ကို “၀”တပ်ဖွဲ့ က တက်တိုက် ခဲ့တယ်။ ( PSLF )အနေနဲ့  သျှမ်းပြည်သားအချင်းချင်း မတိုက်ကြဖို့ တတ်အားသမျှ ကြားဝင်ပေးခဲ့သေးတယ်။ မရဘူး ။ အခုလဲ နယ်ခြားစောင့်တပ် အသွင်မပြောင်းမချင်း “၀”တပ်ကို နအဖ ကသပ်လှိုဖြိုခွဲနေမှာဘဲ ဟု ဆက်ပြောပါသည်။

သျှမ်းပြည်သားများ စည်းလုံး ညီညွတ်ရေးအတွက် ပလောင်ခေါင်းဆောင် ဝေဖန်အကြံပေးနေချိန် နအဖ အရာရှိ တို့ လည်း“အခုချိန်ဟာ ခေါင်းမာလွန်းတဲ “၀”တပ်ဖွဲ့ ကို ဆုံမဖို့ အချိန် တန်ပြီ”ဟူသည့်ကြိမ်းဝါး ၀ါဒဖြန့် ပြောဆိုနေသည်ကိုလည်းကြားနေရ၏။
သျှမ်း ၊ ကချင် တို့ ကဲသို့  ပလောင်အမျိုးသားကိုယ်ပိုင် အုပ်ချုပ်ခွင့် ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် ၁၉၆၃ ခုနှစ်ကစ၍ ပလောင်အမျိုးသားတပ်ဖွဲ့ ( PNF ) ကိုဖွဲ့ စည်း၍ စစ်အာဏာရှင်အုပ်စုကို ဆန့် ကျင် တော်လှန် ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ ချုပ် ( PSLO ) ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်အဖြစ်အမည်ပြောင်းခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေး ပါတီ ( PSLP ) ဟုအမည်ပြောင်းလဲခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အထူးဒေသ(၇)ဟူ၍ နအဖ စစ်အစိုးရနှင့် အပစ် ရပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်လက်နက်ချလိုက်ရသည်။ ( PSLA/ PSLO )အပစ်ရပ်စဉ် မပါဝင်ဘဲ မိုင်းအိုက်ဖုန်းတို့  အဖွဲ့ ခွဲ့ ထွက်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး( PSLF )ကိုဖွဲ့ စည်းထူထောင်ခဲ့သည်။
PNS-Japan

အပြည့်အစုံသတင်းဖတ်ရန်....

သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုးပေးရန် တောင်းဆို

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
ဇန္န၀ါရီလ ၂၇ ရက်၊ ၂၀၁၀ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ ပင်းပက် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ကျေးရွာ သားများ၏ မြေယာ ဧက ၄၀၀၀ ကျော် သိမ်းယူသဖြင့် နစ်နာကြေးနှင့် အာမခံချက်များပေးရန် ကျေးရွာသားများ က တောင်းဆိုနေကြသည်။

တောင်ကြီးမြို့နယ်အရှေ့ဘက်တွင် ကမ္ဘောဇဖွံ့ဖြို့တိုးတက်ရေး ကုမ္ပဏီက ပင်းပက် ဘိလပ်မြေစက်ရုံ တည် ဆောက်ရန်အတွက် ယမန်နှစ် နှစ်ဦးပိုင်းကတည်းက ယင်းဒေသ ၀န်းကျင်ရှိ ကျေးရွာသားများ၏ မြေယာများကို သိမ်းယူခြင်းဖြစ်သည်။

ယခု ကမ္ဘောဇကုမ္ပဏီက သိမ်းယူသည့် မြေယာများကို နစ်နာကြေး တစ်ဧကလျှင် ကျပ်ငွေရှစ်သောင်းပေးမည်ဟု ပြောဆိုသော်လည်း ကျေးရွာသားများက လက်မခံကြောင်း ဒေသခံနှင့် နီးစပ်သူတဦးက ပြောသည်။

“ဒါပေမယ့် ရွာသားတွေက အဲဒီ ရှစ်သောင်းနဲ့မကျေနပ်ဘူးပေါ့နော်။သူတို့က တစ်သိန်းသောင်းတယ် ။ သူတို့ ကျန်းမာရေးအတွက်ပေါ့နော၊ နောက်ဆက်တွဲတွေပေါ့။ အဲဒီစက်ရုံ ကြောင့် အဲဒီပရော ဂျက် ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ ထိခိုက်လာလို့ရှိရင် အဲဒီကုမ္ပဏီကို တာဝန်ယူ ပေးဖို့ အာမခံပေးဖို့ပေါ့နော ရွာသားတွေ သူတို့ အဲလိုမျိုး သူတို့တောင်းဆိုနေတယ်။ ဒါပေမယ့် အခု တော့ သူတို့သဘောတူညီချက်တော့ မရသေးဘူး။”

ဘိလပ်မြေစက်ရုံတည်ဆောက်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ဆိုးကျိုးအများအပြား ရှိလာနိုင်သဖြင့် ကျေးရွာ သားများက အာမခံချက်တောင်းခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အကယ်၍ သူတို့စက်ရုံတွေဆောက်ပြီး နောက် အညစ်အကြေးတွေ ထွက်လာတော့မယ်လေ။ သူတို့ မိုင်းတွေခွဲတော့မယ်၊ ကျောက်တွေ တူးတော့မယ်ဆိုရင်တော့ အဲဒီမှာ ထွက်လာမယ့် ရေထုညစ်ညမ်း မှုတွေ နောက် လေထုညစ်ညမ်းမှုတွေက ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေကို ထိခိုက်လာတော့မယ်လေ။ အဲဒီလိုမျိုး အကယ်၍ ထိခိုက်လာပြီဆိုရင်၊ အဲဒီ စက်ရုံကြောင့်၊ အဲဒီ သတ္တုမိုင်းကြောင့် ဖြစ်လာမယ့် ကျန်းမာရေး ထိခိုက်မှုတွေကို အာမခံပေးဖို့ ရွာသားတွေက လိုချင်တာပေါ့နော်။”

ပင်းပက်စက်ရုံတည်ဆောက်မည့် နေရာသည် တောင်ကြီးမြို့နယ် ပင်ငို၊ နမ်းဆီး၊ နောင်လေ၊ နောင်လံ၊ ခြောက် မိုင် စသည့် ကျေးရွာများရှိပြီး ဘိလပ်မြေစက်ရုံနှင့် သတ္တုမိုင်း တူးဖော်မှုဆိုးကျိုးများကို ခံကြရမည်ဖြစ်သည်။

ယင်းသတင်းသည်မှန်ကန်ကြောင်း ရွာသားများ၏ တောင်းဆိုချက်ကို ကုမ္ပဏီက မည်သို့မျှမတုံ့ပြန်သေးဘဲ ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ပင်းပက်သံသတ္တုရိုင်း စက်ရုံနှင့်ပတ်သက်ပြီး အနာဂါတ်ကို လုယူဖျက် ဆီးခြင်း အစီရင်ခံစာကို ရေးသားခဲ့သည့် ပအိုဝ်းလူငယ်အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ခွန်ချန်ကီက ပြောသည်။

“ရွာသားတွေက ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တောင်းဆိုတာ ကုမ္ပဏီမလိုက်လျောဘူးဆိုရင် လည်း အဲဒီ ဥစ္စာကိုတော့ သူတို့ မလိုလားဘူးပေါ့နော်။ သတ္တုတွင်း စီမံကိန်းကို သူတို့ မလိုလားဘူးပေါ့။ အဲဒီမှာ လာလုပ်တာ သူတို့မလိုလားဘူးပေါ့။ နောက် သူတို့နယ်မြေလည်း သူတို့ ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ကျနော်ထင်တာပေါ့။ သူတို့လည်း တခြားရွေးစရာ လမ်း မရှိဘူးလေ။ တခြားနေရာမှာ ပြောင်းရွေ့ ဖို့လည်း။ စိုက်ပျိုးရေးလုပ်ငန်းအတွေ့အကြုံက လွဲရင် သူတို့ဘာမှ မလုပ်တတ်ဘူးလေ။ ဒီနည်းလမ်း တခုကိုပဲ အသက်မွေးဝမ်းကြောင်း ဘ၀ ကို ရပ်တည်နေရတာကိုး။ နောက်ဒီဥစ္စာ ဆုံးရှုံးပြီဆိုရင် တ ခြားသူတို့ရွေးစရာ လမ်းမရှိတော့ ဘူးလေ။”

ဟိုပုံးမြို့နယ်တောင်ဘက်တွင် မက္ကနီဆီယံ သတ္တုထွက်ရာ တရုတ်ပိုင်ဆိုင်သည့် အစ်အေးရှားပါဝါကုမ္ပဏီက ယင်း ဒေသရှိ ကျေးရွာသားများ၏ မြေဧက ၂၀၀ ကျော်အား သိမ်းဆည်းရာ ကျေးရွာသားများတောင်းဆိုမှုကြောင့် တဧကလျှင် ကျပ်ငွေ လေးသိန်းမှ ငါးသိန်းအထိ ပြန်ရကြသည်ဟု ဒေသခံများက ပြောသည်။

Taunggyi Time (တောင်ကြီးတိုင်းမ်) မှ

အပြည့်အစုံသတင်းဖတ်ရန်....

သခင်တင်မြ “စာမေးပွဲ” ဖြေနေရဆဲလား

„x­ ­„x­¯
ကိုရဲရင့်ငယ်ရဲ့စုဆောင်းမှုပါ

အပြည့်အစုံသတင်းဖတ်ရန်....

ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်အနေအထား

တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုးယုံကြည်ကြတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအစ ရွှေဂုံတိုင်ရပ်တည်ချက်
မောင်ခင်အေးတင့် (မဒေါက်) |

အန်အယ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးဟာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ နအဖ က နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁ဝ)(ခ) နဲ့ မတရားအပြစ်ပေး အရေးယူခံထားရတာ ဖြစ်ပါတယ်။
ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ နှစ်သာ သတ်မှတ်နိုင်တာကြောင့် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်ကောင်စီဟာ တရားဥပဒေအတိုင်း လိုက်နာလုပ်ဆောင်လေ့ မရှိတာကြောင့် အမှန်တကယ် တရားဥပဒေအတိုင်း ပြန်လည်လွတ်မြောက်မယ်၊ မလွတ်မြောက်ဘူးဆိုတာ တပ်အပ်သေချာ ပြောလို့မရပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမယ့် ယက်တောအမှုဖြင့် အကွက်ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းက လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်တဲ့အတွက် အခုတခါ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်း ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လွှတ်မလွှတ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ်မှာ မူတည်နေပါတယ်။

အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီ ရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ ၅၈ သန်းသော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီး မလိုက်နာရင် အပြစ်ပေး အရေးယူခြင်း ခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်းမရှိဘူးဆိုတဲ့ သဘောပါ။ အတော်ခံပြင်းစရာ ကောင်းလှပါတယ်။

၂ဝဝ၃ ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ် မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာအနီး မှာ အင်အား ၅ဝဝဝ ခန့်ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီအချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်းထားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်က ကြိုးကိုင်စီစဉ်တဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးအဖြစ် ကမ္ဘာသိ ထင်ရှားကျော်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ ၉ လနေခဲ့ရပြီး ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရန်ကုန်မြို့နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင်ထားခဲ့ပါတယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးဟာ အသက် ၈၃ နှစ် ရှိနေပြီဖြစ်ပါတယ်။

ဗမာ့တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော် သားအများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကို ရယူခံစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကျနော် ကြားဖူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ် ကာလတွေအတွင်း တာဝန်ကျရာဒေသ ဒါမှ မဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ်ရပ်နားရာ ဒေသတွေမှာ ရှိတဲ့တပ်တွေကို ရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက်ထားတဲ့ ဟင်းပုံစံက ရဲဘော်တွေအတွက် အာဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည်တပြင်တည်း ထိုင်စားတယ်လို့ ကြားဖူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုးမရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ၊ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူအားကျဖွယ် မှတ်သားကြားနာဖူးပါတယ်။

သူပြောတာက ရဲဘော်တွေက တကယ်တမ်း အပင်ပန်းခံ၊ အဆင်းရဲခံ၊ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး နိုင်ငံတော် လုံခြုံရေးအတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ်ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အာဟာရဖြစ်ဖို့လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုတယ်၊ ကောင်းကောင်းမွန်မွန် ချက်ကျွေးကြဖို့ မှာလေ့ရှိတယ်ဆိုတာ ကြားဖူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေကအစ တပ်မှူးတပ်သား အကြပ်စစ်သည်တိုင်းက ဗိုလ်ချုပ်ကြီးတင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ ဘဝကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်း ပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။

ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီးတင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ်ချခံထားရတာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆို ၆ နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ စီရင်ချက်ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်းအရဆို လွှတ်ကို လွှတ်ပေးရမှာပါ။ မလွတ်စရာအကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူးဆိုရင် ဥပဒေချိုးဖောက်ရာ ကျမှာပါ။ နိုင်ငံတော်ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။

ဒါပေမဲ့ လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဋ္ဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင် နအဖဥက္ကဋ္ဌကြီးက ဥပဒေရဲ့ အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။ သက်ဦးဆံပိုင်ဘုရင်ကြီးလို ဖြစ်နေတာပေါ့။ ဘာကြောင့်များ မလွှတ်ရဲဖြစ်နေရတာလည်း မသိ။ ဒီနှစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ထပ်လောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည်ဖြစ်သွားမှာကို စိုးရိမ်ကြောက်လန့်တာ လည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့ အစဉ်အလာအတိုင်း ကိုယ့်ထက် ဝါစဉ်အရ သမ္ဘာစဉ်အရ မြင့်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို မျက်နှာချင်းမဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးအရလည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေကြား လူမိုက်နေလို့ မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီဟာ ၁၉၉ဝ မေလရွေးကောက်ပွဲမှာကတည်းက ၈၂ % မဲအပြတ်အသတ်နဲ့ အနိုင်ရထားခဲ့ပေမယ်လို့ စစ်ကောင်စီက အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့တိုင်း အသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေ ချိတ်ပိတ်ခံခဲ့ရတာဖြစ်ပြီး ပါတီဝင်အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါတယ်။

နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ ဦးရေ ၂ဝ တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ် ၉ ဦးကို ထပ်တိုးချဲ့လိုက်တာပါ။ လတ်တလော အန်အယ်လ်ဒီ ပါတီကလည်း အကျဉ်းအကျပ်ကြားထဲက အတော်လေး လှုပ်ရှားလာပါတယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်၊ လုပ်သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်ရမှာပဲဆိုတဲ့အသိ ပိုမိုနိုးကြားလာ တာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကဆုပ်ကိုင်ထားတဲ့ မကြောက်တရားစိတ်ဓာတ် ပိုမိုအသက်ဝင် လှုပ်ရှားလာ တာ ဖြစ်ပါတယ်။

လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံဆွေးနွေးကြတာ၊ စီအီးစီ တိုးချဲ့ဖွဲ့စည်းပြီးနောက်မှ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့အဖွဲ့ကို ခရီးသွားခွင့်ပြုတာ တနည်း ဒီချုပ်အဖွဲ့ဝင်တွေနဲ့ရော၊ ပြည်သူလူထုတွေနဲ့ရော စကားပြောဆို မေးမြန်းတင်ပြ၊ ပြန်လည်ဖြေကြား ရှင်းလင်းနိုင်ခဲ့တာတွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူး ခွင့်အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိအနေအထားတွေကို ချပြရှင်းလင်းတဲ့ စည်းရုံးရေးခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

တဖန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အန်အယ်လ်ဒီက အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးဖို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကို ပြင်ဆင်ပေးဖို့၊ လွတ်လပ်တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်းဥပဒေတို့၊ ကော်မရှင်ဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့ အပေါ်မှာလည်း ပါတီအနေနဲ့ ကြည့်ရဦးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့်ရရှိရေးကို နအဖက ခွင့်ပြု၊ မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။ လောလောဆယ်တော့ ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာပဲ ဆက်လက်ကိုင်စွဲ ရပ်တည်သွားရဦးမယ့် အနေအထားပါ။

နောက် ထူးခြားတယ်လို့ ထင်စရာရှိတာက နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဒီနှစ် ၂ဝ၁ဝ မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒုတိယစာ ပေးပို့ပြီးနောက် ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာ နေနေကြရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင် ၃ ဦးတို့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၁၇ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတခုမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရဝန်ကြီး ဦးဥာဏ်ဝင်းက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရ နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာပဲ ဇန်နဝါရီလ ၁၉ ရက် အင်္ဂါနေ့က ဝါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရ အဆင့်မြင့်အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရအရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့်အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကိုလည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လောလောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုအပ်တဲ့ အရေးကြီးတဲ့ ကာလပါလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင်ပြန်လွှတ်ပေးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမယ့် နိုဝင်ဘာလမှာ လွှတ်ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။ ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၃ နှစ် ချလိုက်တုန်းက ၁၈ လ ၁ နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာရောက် ဖတ်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ်အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆတွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့ အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလို လုပ်တာပါပဲ။ စစ်အာဏာရှင်စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ်ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထု တရပ်လုံးအတွက်လည်း စိတ်ဓာတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။

တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည်အားကိုးရာ တိုင်တည်ရာ ဗိုလ်ချုပ်ကြီးတဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲ ကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါအဝင် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရအောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက် ထွက်ပြေးလာနေကြတာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ဝင်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော်သား အခွင့်အရေး လုံးဝဆုံးရှုံးနေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ ဘဝကို ကောင်းကောင်း နားလည်သဘောပေါက်ထားတဲ့ တပ်မတော်သားအများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလားဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူးတင်စရာလည်း မလိုပါဘူး။

လက်ရှိ တပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီး ကြားနေရပ်တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၉၅ နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း ၆ နှစ် ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။

အဲဒီတော့ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို အားမာန်အပြည့်နဲ့ ဝန်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက်တရားကို ကိုင်စွဲလို့ တိုက်ပွဲဝင်ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါတယ်။

(၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်)
http://www.mizzimaburmese.com/edop/songpa/4679-2010-01-27-11-10-31.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */