“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Wednesday, October 27, 2010

စအိုပေါက်မပါတဲ့ ကလေးငယ်လေး အတွက် အကူညီလို(SOS)


 ကလေးနာမည်က မန်လျန်ဆန်း တဲ့ ... အသက်က ၁ နှစ်နဲ့ ၈ လလောက်ရှိပြီ... အူကိုအပြင် ထုတ်ထား ရတာ.. ပက်လက်ကလေးပဲ… လက်ပံချောင်းရွာ ကလေးမြို့က… ကလေးအထက်မှာ အမွှာမောင်နှမ ရှိပြီး မိဘများမှာလည်း ဆင်းရဲနွမ်းပါးတဲ့အပြင် ကလေးကိုမွေးကတည်းကနေ..ဆေးကုရတာနဲ့ သူတို့ရှိတဲ့ လယ်ယာအိမ်တွေ ကုန်ပြီ။ အခုလည်း ခွဲစိတ်ကုမယ်ဆိုရင် ၇ရက်.နေ့ည ခွဲရမှာ.. မခွဲခင် ကော ခွဲစိတ်ကုသဖို့ ကိုပါ အကူအညီများ လိုအပ် နေတယ်၊ ကလေးဟာ စက်တင်ဘာလ ၄ရက်နေ့မှာ မန္တလေးမြို့ ကလေးဆေးရုံကြီးကို ခွဲစိတ်ဖို့ လာရောက်ရန် စီစဉ်ထားပေမဲ့ အဖျားတက်နေတဲ့ အတွက်ကြောင့် ကလေးမြို့ ဆေးရုံမှာ တက်ရောက် ကုသခံခဲ့။ မန္တလေး ရောက်သွားတော့ ကလေးက တီဘီရောဂါဖြစ်နေပြန်ရောတဲ့ အဲ့ဒါနဲ့ ဆရာဝန်တွေက ခွဲလို့ မဖြစ်သေးဘူးဆိုပြီုး ပြန်လွှတ်လိုက်တာ .. အူက တဖြည်းဖြည်းရှည်လာပြီ ... 1. Betadine Cream (Frist Aid Cream) .. အူအတွက်လိမ်းဆေး ... 2. Gentalence - C Cream (အပူလောင်အတွက်လိမ်းဆေး) 3. Sufe tulle (အနာကတ်) 4. Medical Mask one time use ... အဲ့ဒါတွေ တနေ့တနေ့ အရမ်းကုန်တယ်တဲ့ .. နောက်ကလေးကို အသားဟင်းတွေပဲ ကျွေးရတယ် ကလေးက ခုလက်ပံချောင်းမှာပါ .. အဲ့ဒါ လောလောဆယ် ကလေးကို အစားကောင်းတွေကျွေးရတယ် ပြီးတော့ အူတွေ ထုပ်ဖို့ဂွမ်းတွေ အနာကပ်တွေ ဆေးတွေ တစ်နေ့ တစ်နေ့ သူ အခင်းကြီးသွားရင် လဲလဲပေးနေရတော့ အဲ့ဒါကိုတောင် သူတို့က မတတ်နိုင်တော့တဲ့ အခြေအနေ ရောက်နေတယ်လို့ သိရှိသတင်းရရှိပါသည်။

ပြည်ပရောက် ရွှေမြန်မာတွေအနေနဲ့ ကလေးငယ်ကို မြန်မာပြည်တွင်းမှာ တိုက်ရိုက်ဆက်သွယ် လှူဒါန်းချင်လို့ ဘယ်လိုသွားရောက် ဆယ်သွယ်လှူဒါန်းရမယ်ဆိုတာ သိရှိလိုသည်ဘဲ ဖြစ်ဖြစ် တဆင့်လှူဒါန်းချင်လို့ဘဲဖြစ်ဖြစ်  စုံစမ်းဆက်သွယ်ချင်တယ် ဆိုရင်တော့ မလေးရှားနိုင်ငံက ကိုလင်း( ဧဒင်ဥယျာဉ်)ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တယ်လို့  ကျနော့်ဆီကို ၀င်လာတဲ့  အီးမေးလ်သတင်းအရ သိရှိရပါတယ်။

Ko Linn (Eden Garden) ကိုလင်း (ဧဒင်ဥယျာဉ်)
EDEN GARDEN
C303, Block-C, Jalan Kajang Utama Pekeliling, Taman Kajang Utama, 43000 Kajang,
Selangor, Malaysia.
Tel; +6 012 2194 249, +6 016 3725 098 

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 17, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာချက်

General Strike Commttee 1

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, April 06, 2010

NLD မှ ပြည်သူသို့ ပန်ကြားလွှာ





အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, February 17, 2010

အကျဉ်းသားများ အခွင့်အရေး တောင်းဆိုချက်

အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို
သက်ဆိုင်ရာထောင်အာဏာပိုင်များထံသို့ ၁ရ.၂.၂၀၁၀
နေ့မှစ၍ တောင်းဆိုလိုက်သည်။
၁။ သတင်းစာအပါအဝင် စာပေဖတ်ရှုခွင့် ပြည့်ပြည့်ဝဝရရှိရေး
၂။ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်ဝဝရရှိရေး
၃။ အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး
၎။ နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရဝုဏ်အတွင်း ထောင်ပိတ်ချိန်မှအပ
အချိန်ပြည့်သွားလာနိုင်ရေး
၅။ စာပေ ရေးသားလေ့ကျင့်ခွင့် ရရှိရေး။

တောင်းဆိုရသည့်အကြောင်းအရင်းများ

အချက် ၁။ ။ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စသည်များကို တပါတ်၊
ဆယ်ရက်ကြာမျှကြံ့ကြာခြင်း၊ စာအုပ်များတွင် ဆုတ်ဖြဲပယ်ဖျက်ခြင်း၊
ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန်မရရှိခြင်း၊ တခါတရံ လုံးဝမရခြင်း၊
၂ရက်၃ရက်ကြာမှ ရရှိခြင်း။
အချက် ၂။ ။ သောက်ဆေး၊ ထိုးဆေး လုံလောက်စွာမရခြင်း၊ ဆရာဝန်နှင့်တွေ့ရန်
ခက်ခဲကြံ့ကြာခြင်း။ တိုက်ပိတ် အကျဉ်းသားများအတွက်
မိလ္လာခွက်များအဖုံးမပါရှိခြင်း။
အချက် ၃။ ။ နီရဲကြမ်းတမ်းပြီး စပါးလုံး၊ ခဲများရောနေသော ဆန်ထမင်းကိုသာ
စားရခြင်း၊ တပါတ်လျှင် နှစ်နပ်အသားစား ရသော်လည်း ကျန်ရက်များတွင်
ပိုးကောင်များပါသောပဲဟင်း၊ ညစ်ပါတ်သော ချဉ်ပေါင်ရွက်၊ ကန်သွန်းရွက်၊
ဟင်းရွက်ပြုတ်ကိုသာ စားရခြင်း၊ ဆားမရရှိခြင်း၊ ရရှိသောဟင်းများမှာ
နံစော်၍ ထမင်းစားရန်မဖြစ်နိုင်ခြင်း။
အချက် ၄ ။ ။ နိုင်ငံရေးအကျဉ်းသားများသည် တိုက်ခန်းအကျဉ်းမှာ မနက်(၁)နာရီ၊
နေ့ခင်း(၁)နာရီသာ အပြင်ထွက်ခွင့်ရခြင်း၊ ကျန်အချိန်များတွင် တိုက်ထဲတွင်
အပိတ်ခံထားရခြင်း။
အချက် ၅ ။ ။ မည်သည့် အကျဉ်းသားမျှ စာပေလေ့ကျင့်ရန် ဘောပင်၊
စာရွက်ကိုင်ဆောင်ခွင့်မရခြင်း၊ တွေ့ရှိပါက စစ်ခွေးတိုက် သို့
ပို့ဆောင်အရေးယူခြင်း၊ မိသားစုထံသို့ အကြောင်းကြားစာရေးသားခွင့်မရခြင်း
စသည့်အချက်တို့ကြောင့် တောင်းဆိုခြင်းဖြစ်သည်။

အကျဉ်းသားများကိုယ်စား
အင်းစိန်(ဗဟို)အကျဉ်းထောင်
ရန်ကုန်
မျှဝေပေးသူ U AUNG MYO THEIN အားကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, January 30, 2010

NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်ပြန်

Utf-8''Instruction of NLD to Form CC_Jan10

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */