“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Tuesday, April 10, 2012

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)


အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန်ရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့်ချိလိုက်ပါပြီ။

2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2012ခုရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန် နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်းတို့ မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ 2012 ယခုနှစ်တွင်လည်း
၁။ အဖွင့်တေးသံ
၂။ပြန်ကြားရေး
၃။ အထွေထွေ
၎။ NLD ကို ဂုဏ်ပြုခြင်း
၅။ အခန်းပြောင်းတေးသံ
၆။ညီညွတ်ရေး
၇။ရန်ပွဲတွေ၇ပ်
၈။ ကုန်ဈေးနှုန်း
၉။သံချပ်ဆင်ဆ
၁၀။ ဂျပန်မှ အပြန်ခရီး
၁၁။ မဟော်သဓာ သားတရားစီရင်ခန်း
၁၂။ကမ္ဘာမကြေ စသည့်

တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 15 ရက်(15.4.2012)တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။

မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်ေ ၀ဝေဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး

ဦးမျိုး သန့်  080 5063 2509
ကိုထွန်းဝေ 080 3099 1503
kotunwai@gmail.com , tunwai.jp@gmail.com
တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်းသိရှိရပါတယ်။


သီချင်းများ အကုန်လုံးယူချင်ရင်
မင်္ဂလာဒိုး.rar


တေးသီချင်း သံချပ်များကို ကိုဇေယျာအောင်မှ ရိုက်ကူးတည်းဖြတ်ထားပါသည်။ အောက်ပါလင့်မှနေ၍ သံချပ်များကို တစုတဝေးတည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။

http://www.youtube.com/user/kotunwai?feature=watch

အပြည့်အစုံသတင်းဖတ်ရန်....

Friday, August 19, 2011

နိုင်ငံတော် သမ်မဒကျီး မှ ပေးစာ

ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ၀မ်းမြောက်ဖွယ်
(နိုင်ငံတော် သမ်မဒကျီး မှ ပေးစာ)

ပြည်ပရောက် မြန်မာနိုင်ငံရေး တက်ကြွသူ၊ နိုးကြားသူ၊ လှုပ်ရှားသူ၊ လုပ်စားသူ၊ အဖွဲ့အစည်းများ လူပုတ်ဂိုလ်များကို ကျန်းမာရွှင်လန်း စေကြောင်း ဦးစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က နေပူတော်မှာ ကျနော် တွေ့ဆုံပြောကြားလိုက်တဲ့ မိန်းခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးနဲ့ ပတ်သက်ပြီး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးရမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်တာတောင် မဟုတ်ပဲ စဉ်းစားပေးရမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ရုံနဲ့ ပြည်ပရောက် မြန်မာနိုင်ငံရေး သမားတွေ အဖွဲ့အစည်းတွေကြား “ ပြန်မယ်.. မပြန်ဘူး.. စောင့်ကြည့်မယ်.. စဉ်းစားဦးမယ်.. တိုင်ပင်ဦးမယ်.. ယုံကြည်တယ်.. မယုံကြည်ဘူး ” စသဖြင့် သဘောထား အမျိုးမျိုးကွဲပြားခဲ့သလို တဦးအပေါ်တဦး အယုံအကြည်တွေကင်းမဲ့ကြ… နားလည်မှုတွေလွဲကြ..နဲ့ အတော်လေးကို အားရဖွယ် တွေ့မြင်ရပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတချက်တည်းနဲ့တင် ကျနော်တို့ လုပ်ရပ်အတော်လေး အောင်မြင်တာမို့ ၀မ်းမြောက်မိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘာမှ လုပ်ပေးတာ မဟုတ်သေးပဲနဲ့တောင် အတော်ကြီးကို သွေးကွဲကုန်လို့ ဖြစ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ ကျနော်တို့ သဘောထားကြီးပါတယ်ဆိုပြီး နိုင်ငံတကာကို ပြသနိုင်တာမို့ ထပ်ဆင့်ကျေနပ်မိပါတယ်။
ကျနော် ဒီစကားပြောတဲ့အခါ ပစ်မှတ်က အများကြီးကို ထိပါတယ်။ ကျနော်တို့က “စေတနာကောင်းနဲ့ ခွင့်လွှတ်နိုင်တာတွေကို ခွင့်လွှတ်ပေးမယ် ပြန်လာခဲ့ပါ” ဆိုရဲ့သားနဲ့ မပြန်လာရင်လည်း ကျနော်တို့ သဘောထားကြီးတာကို ပြနိုင်တာမို့ အောင်မြင်ပါတယ်။ အဲ.. ကျနော်ပြောတာ အဟုတ်ထင်ပြီး ပြန်လာရင်တော့.. “ကိုယ့်ထိုက်နဲ့ကိုယ့်ကံ” “အမိုက်နင့်ပြင် ရှိဦးမလား”လို့သာ သဘောထားခဲ့ကြဖို့ လိုပါတယ်။ 


ဘာပဲဖြစ်ဖြစ် ကျနော်ပြောလိုက်တဲ့စကားကြောင့် ၀မ်းမြောက်ဝမ်းသာ ပြန်လာမယ့်သူများအတွက် ပိုပြီးဝမ်းသာနိုင်အောင် ကျနော်တို့ စီစဉ်ဆောင်ရွက်ပေးမယ့်အစီအစဉ်များကိုလည်း တဆက်တည်း ပြောကြားပေးပါ့မယ်။ ပြည်ပက ပြန်လာသူတွေအတွက် ကျနော်တို့ ထောင်တွေကို တိုးချဲ့ဆောက်လုပ်ပေးပါ့မယ်။ ယခင်က အင်းစိန်ထောင်၊ သာယာဝတီထောင်၊ မြစ်ကြီးနားထောင်၊ စစ်တွေထောင်၊ သရက်ထောင် စသဖြင့် နိုင်ငံအနှံ့ ထောင်တွေပဲ ရှိခဲ့ပါတယ်။ ယခု နိုင်ငံတကာထောင်တွေအဖြစ် အမေရိကန်ပြန်များအတွက် “အမေရိကန် ထောင်”၊ သြစတေးလျပြန်များအတွက် “သြစတေးလျထောင်” ၊ ဂျပန်က ပြန်လာသူတွေအတွက် “ဂျပန်ထောင်”၊ ထိုင်းက ပြန်လာသူတွေအတွက် “ယိုးဒယားထောင်”..ကိုးရီးယားထောင်၊ မလေးရှားထောင် စသဖြင့် သီးသီးသန့်သန့် စီစဉ်ပေးမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်ထဲမှာ နိုင်ငံအလိုက် အထူးအစီအစဉ်ရှိပါတယ်။ ဥပမာ မလေးရှား အတွက် အဖွဲ့ဝင်တွေ ဖေါဖေါသီသီထုတ်ခွင့်ပေးပါ့မယ်။ ဂျပန်က သံရုံးရှေ့နေ့စဉ်လာအော်သူတွေ ၀ါသနာမပျက် အဆင်ပြေစေဖို့ နေ့စဉ် မိနစ် ၃၀ စိတ်တိုင်းကျ အော်ခွင့်အစီအစဉ်၊ အမေရိကန်က လူတွေအတွက် ဖိနပ်ပေါက် အားကစားကွင်း၊ ယိုးဒယားပြန်တွေအတွက် အရက်ဆိုင်နဲ့ လက်ဝှေ့ကွင်း စသဖြင့် ထောင်တွင်းမှာ စီစဉ်ပေးမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ဂျာနယ်ထုတ်တာ ၀ါသနာပါတဲ့သူတွေအတွက် ထောင်တွင်း ဂျာနယ်၊ ထောင်တွင်းနံရံကပ်စာစောင်တွေနဲ့ ထောင်တွင်း မီဒီယာသမားများ၊ ထောင်တွင်းဘလော့ကာများ၊ ထောင်တွင်းစီဘောက်သမားများ၊ ကိုယ့်ဘက်တော်သားအချင်းချင်း အားပါးတရ အပြင်းအထန် ပြစ်ပြစ် နှစ်နှစ်၊ ပိုးဆိုးပက်ဆက် သွားပုတ်လေလွင့် ရေးသား နိုင်မှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်တွင်းမှာ အမ်ဂျီအိုတွေ မအိုတအိုတွေလည်း ထားပေးမှာဖြစ်ပါ တယ်။ ငွေကြေးလည်း အလှူခံခွင့်၊ ပရောဂျက်ရေးခွင့်၊ ပရိုပိုဇယ်ရေးခွင့်တွေပေးပြီး အန်ဂျီ မအိုတအိုတွေထံ တင်ပြခွင့်ပေးထားမှာ ဖြစ်ပါတယ်။ အန်ဂျီအိုတွေ ရှိခြင်းအားဖြင့်၊ ငွေကြေးတွေ ကိုင်တွယ်အသုံးပြုခြင်းအားဖြင့် သူတို့အချင်းချင်း ဘာမှလုပ်စရာမလိုပဲ ကွဲကြ ပြကြ ဆော်ကြ နှက်ကြနဲ့ အလွန်ကို ပျော်စရာကောင်းလှတာကို ကျနော်တို့ အမြဲမြင်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ ငွေစာရင်းတွေကို ရှင်းမရ။ ငွေစာရင်း ရှင်းတမ်းတောင်းရင် မာန်ဖီကြ၊ “အလှူငွေကောက်ရင် ငါတို့အဖွဲ့နဲ့ ငါနဲ့တော့မထည့်နိုင်ပေမယ့် အဖွဲ့ဝင်သစ်လေးတွေဆီက ကောင်ပေးမယ်”ဆိုပြီး ထမိန်ရည်ပူလွှဲကြာတာမျိုးလည်း အင်မတန်မှ ကြည်နူးစရာကောင်းလှတာကိုးခင်ဗျ။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ပြည်ပက ပြန်လာသူတွေကို ရံပုံငွေပွဲတွေ လုပ်ခွင့်လည်း ပြုမှာဖြစ်ပါတယ်။ ဒါလည်း ဆိုခဲ့သလို ကွဲစေပြဲစေတဲ့နည်းလမ်းတခုကိုးခင်ဗျ။ အနှစ် ၂၀ကျော် ကျနော်တို့ကို ပြည်ပက ဘာမှ ထိထိရောက်ရောက်မလုပ်နိုင်တာ ဒီလို အချက်တွေလည်းပါတာမို့ ပြည်တွင်းမှာလည်း သူတို့ကို ဒါတွေ ဆက်လုပ်ခွင့်ပြုမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး နံနက်စာ၊ နေ့လည်စာတွေအပြင် ညစာကိုလည်း အရက်ဝိုင်းတွေဘာတွေ ဖန်တီးပေးထားမှာဖြစ်ပါတယ်။ထောင်တွင်း သက်သာဆိုင်၊ ထောင်တွင်းကာရာအိုကေ အနှိပ်ခန်း စသဖြင့် ထားရှိပေးမှာဖြစ်ပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် စိတ်တိုင်းကျ မူးယစ်ပျော်ပါးပြီး နိုင်ငံရေးဆွေးနွေး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ကျနော်တို့ အစိုးရသစ်ရဲ့ စေတနာတွေပေါ့ခင်ဗျာ။ အပြင်ကနေ တိုင်းပြည်ကောင်းအောင် ဘာလုပ်မယ် ညာလုပ်မယ်ပြောနေမယ့်အစား လက်တွေ့ကျကျ လုပ်နိုင်အောင် ပြည်ပက ပြန်လာသူတွေကို လမ်းတံတားဆောက်တာတွေ၊ အုတ်သယ်ခဲသယ် ခွင့်တွေကို ပြည့်ပြည့်၀၀ပေးပြီး နိုင်ငံတော်သစ်ကို တည်ဆောက်စေမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ တိုက်ပွဲပျော်များအတွက်ကတော့ ပြန်လာရင် တပ်မတော်အတွက် ပေါ်တာလိုက်ခွင့်၊ အသေခံ လူသားမိုင်းရှင်းသမားအဖြစ် မိုင်းနင်းခွင့်လည်း ပေးမှာဖြစ်ပါတယ်။
ယခု ပြောနေတာတွေက ကျနော် တကယ်ကို စေတနာထားပြီး ဆောင်ရွက်ပေးမှာတွေဖြစ်ပါတယ်။ ဒါကြောင့် ပြန်လာမယ်ဆိုရင် အားမနာတမ်း အသက်ကို ဖတ်နဲ့ထုပ်ပြီး ပြန်လာနိုင်ပါပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား။

ချစ်ခင်စွာဖြင့်
ဒါတင်ပဲလား သမ်မဒကျီး

သတ်ပုံများကို ရေးထားသည့်အတိုင်းဖတ်ကြပေးကြပါရန်။



ရွှေမော်ကွန်း အွန်လိုင်းမဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 14, 2010

အမေစုရဲ့ မိန့်ခွန်းလေး အသံဖိုင်နဲ့ နားထောင်ကြရအောင်

DASSK today speech by dawnoway
 
မီးယာတွေနဲ့ အမေးအဖြေအသံဖိုင်
Dassk Press by dawnoway   မျှဝေပေးတဲ့ ဒေါင်းအိုးဝေကို ကျေးဇူးပါ။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 30, 2010

အစိမ်းရောင်လူသား " ကျော်သူ "



ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။
ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။
ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။

ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။
သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။

လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။
ဘ၀တွေက ဖရိုဖရဲ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။

ငြိမ်းချမ်းမှုတဲ့လား … ငြိမ်းချမ်းမှုအတွက်လား … အဘမှိုင်းတဲ့လား … ဦးသန့်တဲ့လား။
လား ပေါင်းများစွာထဲ … နားစည်ထဲမှာ ဝှေ့ဝဲ။
ဘာဆို ဘာမှ မသိခဲ့ … ဘာဘာ ဘာမှ မသိဘူးတဲ့လား။

သားတို့သိတာ … ကလေးဘ၀ထဲ … စစ်တိုက်တမ်းကစားဖို့ဘဲ။
တိုက်မယ် … ခိုက်မယ် … ပစ်မယ် … ခတ်မယ် … ထိုးမယ် … ကြိတ်မယ် … ဆက်သွယ်ရေး စက်နဲ့ စကားပြောမယ် … လက်ပစ်ဗုံးနဲ့ ပစ်မယ့် ကစားပွဲတွေ၊ ကစားနည်းတွေ။
အမည်နာမကား … စစ်တိုက်တမ်းကစားနည်းတဲ့။

မင်းက ဗိုလ်ကြီးဆို … ငါက ဗိုလ်မှူး။
မင်းက ဗိုလ်မှူးဆို … ငါက ဗိုလ်ချုပ်။
နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။
ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။

ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကို ကာကွယ်မှုအကြောင်း။
ဗိုလ်ချုပ်တို့က ပြည်သူကို ချစ်တဲ့အကြောင်း။
ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။

အကြောင်း … အကြောင်းပေါင်းစုံကို အဟောင်းက အသစ်ဖြစ်အောင် စစ်ရာဇ၀င် သမိုင်းစစ်ကို အမှန်တကယ်အားကျ၊
နှလုံးသားထဲ ထကြွလာအောင် ပြောပြကြတဲ့ မိဘ၊ ဘိုးဘွားများနှင့် ခင်ပွန်းကြီး ဆယ်ပါး။

ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။
စစ်ရာဇ၀င်စစ်စစ် သမိုင်းစစ်စစ်ကို တစ်ဖြစ်ဖြစ်မည်အောင် အားကျလို့မ၀သေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖ အင်းစိန်ဆိုတဲ့ ဘ၀တက္ကသိုလ် နံရံကြားရောက်လို့ သွားသလေး။

မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက် … အလုပ်ရှင် အလုပ် သမား တပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစား အရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးက ညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်း ထိန်းထား။

သြော် . . . ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။
ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မ၀သေး၊ မလွတ်လပ်တဲ့ ဘ၀ထဲ မဆလလူသား ဖြစ်လို့လာ။
မလွတ်လပ်တဲ့ ဘ၀ထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ … ဆီဒင်ကားတွေ မျက်စိ ရှုပ်လာ။ အခွင့်ထူးခံ သားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက် လို့လာ။ ဒါဟာ … တပြေးညီတဲ့လားဗျာ။

အေးဗျာ . . . အေးရာ အေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။
ကောင်းပါလေစွ … ကောင်းလေစွ။ ယမကာနဲ့ မူးယစ်ဘ၀။
အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓါတ်ရှင်ထဲရောက်။
ဟို လူကြီးနဲ့ဖိုက် … ဟို သူငယ်မနဲ့ဆိုက်။
ဟို ဘဲကြီးနဲ့တိုက် … ဟို မဒီကြီးနဲ့ခိုက်။

မကောင်းတာကို ကောင်းသလားလို့၊ မသင့်တာကို သင့်သလားလို့၊ မှားတာကို မှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တစ်ယောက်။
လူစိတ်မပျောက်ခင် … အသိရောက်။
အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။
ဘာပါလိမ့်လို့ … နားစွင့်ကျ၊ ထကြည့်ကြ၊ စူးစိုက်ကြ၊ အာရုံစိုက်ကြ။
ဟ! . . . ငါတို့ အရေးဘဲ၊ ပြည်သူ့အရေး၊ ဒို့အရေးဘဲ။
ညီလိုက်တဲ့ပြည်သူ၊ ညီလိုက်တဲ့ အနုပညာရှင်တွေ၊ ညီလိုက်တဲ့ ၀န်ထမ်းတွေ။
ဟုတ်ပြီဟေ့ ဆိုပြီး … ငါလည်း ညီအောင်လိုက်ညှိ … ဒဂုံ (၁) နဲ့ ဆေးရုံကြီးမှာ အများနည်းတူ ပေါက်ပေါက်လိုက်ဖောက်။
အဲဒီနောက်တော့ … ထောက် (၆) ကိုရောက်။
ဒီအချိန်မှာ ကလေးက နှစ်ယောက်။
မဟေသီက တစ်ယောက်။

လက်တွဲညီသလား မမေးနဲ့ … လင်နဲ့မယား လျှာနဲ့သွား၊ အယူအဆတွေကွဲပြား … ကိုယ်က အနုပညာသမား။
သြော် . . . အဲဒီအချိန်မှာ လူလတ်အတွေး တွေးကြည့် “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလည်း ဖန်တီးသားပဲ” လို့။
ဒီလိုနဲ့ … န၀တခေတ်ထဲ လူဖြစ်လို့လာ။

ငိုလိုက် ရယ်လိုက်နဲ့ ဘ၀ရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်း ရယ်ခိုင်းတဲ့ ဓါတ်ရှင်သမိုင်း ရာဇ၀င်ထဲ ဝှေ့လို့ဝဲ။
ဓါတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။
ဒါနဲ့ … အေးရာ အေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်း လူလတ်အတွေးနဲ့ အဖြေရှာကြည့်။
ကောင်းပါလေစွ - ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။
သုခ … ကျော်သူ၊ ကျော်သူ … သုခ ကက်ကင်းတဲ့။
ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိဘဲ။
ကျော်သူ … သချိုင်း၊ သချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းဘဲ။
ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ … မိဘကို ဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကို အကုသိုလ် ဝေမျှခဲ့တဲ့ ငါ … ၀ဋ်ကြွေးတွေ ကျေ။ ၀ဋ်ကြွေးတွေ ပြေအောင် အနိမ့်ကျဆုံး ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော သူတို့သာ လုပ်နိုင်သည်တဲ့ … ။

ဒီမှာတင် … ဘ၀တစ်ဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကို ရိုကျိုးခဲ့ရ။
ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။
“လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ” တဲ့ … ဟာ ပြည်သူပြည်သား လူသားအားလုံးကို မေတ္တာပို့တဲ့ အသံတွေပဲ။
မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။
မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။
ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။
ရိုက်လက်စ ဓါတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း … သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။
ဒီမှာတင် … လက်သီးလက်မောင်း မတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။
ဒါတင်မကသေး … အောင်သပြေထဲလည်း အမြည်းအဖြစ် ခေတ္တခဏရောက်။
သားနဲ့သမီးလည်း … အဝေးကိုရောက်။

သြော် . . . လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလဲ စွမ်းဆောင်ပေးသားပဲ” လို့။
ဒီလိုနဲ့ … နအဖ လက်ထဲမှာ အလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘ၀။ ယခုအချိန်ထိ သုံးနှစ်တိတိ စွန်းခဲ့ပြီပေါ့။
ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘ၀ကနေ အရှင်လတ်လတ် သုဘရာဇာ ဘ၀ကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

ပြည်သူတွေကို အချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို အချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံ အားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။
ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။
သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။

အသင်တို့သည်လည်း ကျွန်ုပ်သိသလို … သိကြပါစေ။
ကျွန်ုပ်ရသလို … ရကြပါစေ။
ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။
ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေ လို့သာ ကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းရှင်း ကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း တောင်းလိုက်ရယုံမှတစ်ပါး အခြားမရှိတော့ချေ။


မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဖြင့်
ကျော်သူ (၁၉၅၉ ~ ၂၀??)

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 28, 2010

ပြည်တွင်းမှာ သတင်းမှတ်တမ်းရယူ လက်စွမ်းပြကြမယ့် citizen journalism အသစ်တွေအတွက် ရုပ်သံ အခြေခံ


၂၀၀၇ စက်တင်ဘာ ဆန္ဒပြပွဲများမှ စတင်ပြီး citizen journalism ဟူသော စကားလုံးကို မြန်မာပြည်တွင် တွင်ကျယ်စွာ သုံးလာခဲ့သည်။ ထိုအချိန်မတိုင်မီက blog များ ခေတ်စားနေပြီ ဖြစ်သော်လည်း ရသကိုသာ အလေးပေးခဲ့ပြီး သတင်းအတွက် အသုံးပြုသူ နည်းပါးခဲ့သည်။ ယခုတော့ သတင်းဦးစားပေး blog များစွာ ရှိနေပြီဖြစ်သည်။ နာဂစ်မုန်တိုင်း၊ ရတနာပုံ ဈေးနှင့် မင်္ဂလာဈေး မီးလောင်မှုများ၊ မန္တလေးရေကြီး မှုနှင့် ပဲခူးစစ်တပ်မှ လူသတ်မှုတို.တွင် ဗီဒီယို နည်းပညာကို အင်တာနက်မီဒီယာဖြင့် တွဲဖက် အသုံးပြုကာ ရုပ်သံဖြင့် သတင်းမျှဝေသူများကိုပင် တွေ.လာရပါသည်။မြန်မာပြည်တွင်း၌ ဗီဒီယိုရိုက်ကူးခဲ့သူ တစ်ဦးအနေဖြင့် ထိုသူများ မည်မျှ ကြိုးစားအားထုတ်ရသည်ကို သိပါ၏။ အများပြည်သူ သိသင့်သိထိုက်သော သတင်းအချက်အလက်များ၊ မျှဝေသင့်သော လူထုအချင်းချင်း၏ ခံစားချက်များကို ဝေမျှရန် ကြိုးစားသည့် ထိုသို.သော ပုဂ္ဂိုလ်များ မည်မျှ ပေးဆပ်ရင်းနှီးရသည်ကို ကိုယ်ချင်းစာမိ၏။ ဘ၀ကိုရင်းပြီး ထောင်နှုတ်ခမ်း နင်းကြသူများပင် ဖြစ်ပါသည်။ လေးစားမိပါသည်။ သို.သော် စွန်.စားရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများ ရရှိသင့်သည့် အရည်အသွေး မမှိသောအခါ အားမလိုအားမရနှင့် ကျနော့်မှာ အမြဲလိုလို မချိတင်ကဲ ဖြစ်ရပါသည်။

မြန်မာပြည်အတွက် အရေးကြီးသည့် ရွေးကောက်ပွဲသည် နိုဝင်ဘာ ၇ ရက်နေ.တွင် ကျင်းပရန် ရှိပါသည်။ ထိုနေ.တွင် ရည်ရွယ်ချက်မျိုးစုံဖြင့် မှတ်တမ်းတင်ကြမည့် ကင်မရာ သူရဲကောင်းများ ရှိကြပါဦးမည်။ ၄င်းတို.ထဲမှ အချို.သည် ရိုက်ကူးရေးပညာနှင့် အစိမ်းသက်သက် ဖြစ်နေနိုင်ပါသည်။ ထိုသူများအတွက် အနည်းငယ်မျှ အထောက်အကူ ရစေရန် ရည်ရွယ်ရင်း လေ့လာဖူးသည့် အခြေခံ ကင်မရာ စည်းကမ်းအချို.ကို မျှဝေအပ်ပါသည်။ လိုအပ်သလို အသုံးပြုနိုင်ပါသည်။
အဆင့်မီ ကင်မရာသမားတစ်ဦး ဖြစ်ရေးအတွက် နှစ်ရှည်လများ လေ့ကျင့်ပျိုးထောင်ရသည်ဖြစ်ရာ ယခုစာတိုလေးမှာ သိသင့်သည်များကို အားလုံး ခြုံငုံမိသည်ဟု မဆိုလိုပါ။ သို.သော် အခြေခံ ဆောင်ရန်/ ရှောင်ရန်များကို လေ့လာနိုင်ပါက ပိုမိုကောင်းမွန်သော မှတ်တမ်းရုပ်သံများ ရိုက်ကူးရန်အတွက် ဆက်လက် လေ့ကျင့်နိုင်မည်ဟု ယုံကြည်ပါသည်။ အထပ်ထပ် လေ့ကျင့်ပါရန် တိုက်တွန်းအပ်ပါသည်။ သိရှိပြီးသည်များကို ထပ်မံပြောဆိုမိပါက ဆရာလုပ်သည်ဟု မယူဆစေလိုပါ။


၁။ Zoom ကို မလိုအပ်ဘဲ မသုံးပါနှင့်။
မြင်ကွင်းတစ်ခုကို ရိုက်ကူးနေစဉ် အနီးအဝေး zoom ဆွဲခြင်းကို အတွေ.အကြုံနည်းသည့် ကင်မရာသမားများ မကြာခဏ ပြုလုပ်တတ်ကြသည်။ အထူးသဖြင့် လမ်းမကြီး၊ မော်တော်ကား၊ အိမ်၊ ဈေးဆိုင်ကဲ့သို.သော ငြိမ်သက်နေသည့် အရာဝတ္ထုများကို ရိုက်ကူးပါက ကင်မရာကို ရွှေ.ခြင်း zoom ကစားခြင်းတို.ကို ပြုလုပ်တတ်သည်။ ဗီဒီယိုသည် ဓာတ်ပုံမဟုတ် လှုပ်ရှားမှု ပါရမည်ဆိုသည့် psycho ကြောင့်ဖြစ်သည်။ မလိုအပ်ပါ။ ရုပ်မြင်သံကြားမှ သတင်းများကို လေ့လာပါ။ ကင်မရာက ငြိမ်နေပြီး ကင်မရာဘောင် အတွင်းမှ subject များကသာ လှုပ်ရှားနေသည်ကို တွေ.ရပါလိမ့်မည်။

မလိုပဲ zoom အသုံးပြုပါက ပြန်ကြည့်သောအခါ ပြလိုသော အရုပ်ကို ပရိသတ်က သေချာမမြင်ဘဲ ရှိတတ်သည်။ ထို.အပြင် zoom အသုံးပြုသော အချိန်များတွင် လက်လှုပ်ရှားမှုကြောင့် ကင်မရာ မငြိမ်ဘဲ အရုပ်များပါ လှုပ်နေပြီး ကြည့်သူကို ခေါင်းမူးစေတတ်သည်။

၂။ ရိုက်ချက်များ မတိုလွန်းပါစေနှင့်။
မြင်ကွင်းတစ်ခုကို ရိုက်ကူးပါက အစမှအဆုံး အနည်းဆုံး ၁၀ စက္ကန်. ကင်မရာကို ငြိမ်ထားပါ။ အချို.အခြေအနေများတွင် ရိုက်ချက်တစ်ခုအတွက် ၅ စက္ကန်.လည်း လက်ခံနိုင်ပါသည်။ သို.သော် တစ်စုံတစ်ယောက်က မိမိပြုလုပ်သော သတင်းနှင့် သက်ဆိုင်သော အကြောင်းအရာကို ပြောဆိုနေသည့် အချိန်တွင် အဆိုပါ ပုဂ္ဂိုလ်၏ စကား အစအဆုံး ရရှိရန်လိုသည်။ ကျနော့် Subject များ၏ အလွန်တန်ဖိုးရှိသော တိုက်ရိုက်ပြောစကားများ တစ်ဝက်တစ်ပျက် ဖြစ်နေသောကြောင့် သုံးမရသောအခါ နောင်တနှင့် ရင်နာရဖူးသည်။ နောက်တစ်ချက်မှာ ၅ စက္ကန်.ထက်နည်းပြီး အချိန်တိုလွန်းပါက MTV ပုံစံ ဖြတ်ခနဲ ဖြတ်ခနဲ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားသောကြေင့် ပရိသတ်က ဘာကြည့်ရမှန်းမသိ ဖြစ်တတ်သည်။ ကျန်အချက်များသည် နံပါတ် (၁) ပါ အချက်များနှင့် အတူတူပင် ဖြစ်သည်။

၃။ ကင်မရာကို တတ်နိုင်သမျှ ရွေ.လျှားမှု မလုပ်ပါနှင့်။
နိုင်ငံတကာသတင်းများကို လေ့လာကြည့်ပါ။ ကင်မရာက ငြိမ်နေပြီး ကင်မရာအတွင်းမှ အရုပ်များကသာ ရွေ.လျှားနေသည်ကိုသာ အများဆုံး တွေ.ရပါလိမ့်မည်။ ရုပ်မြင်သံကြားကို ဓာတ်ပုံရိုက်သလိုသာ သဘောထားပြီး ရိုက်ရပါမည်။ လက်ငြိမ်ငြိမ်ထားသင့်သည်။

၎။ မလိုအပ်သော အသံများ မပါဝင်စေရန် ဂရုပြုပါ။
အဖော်ပါလာသည့် ဘေးမှလူက စကားပြောနေခြင်း၊ မိမိကပြောခြင်းမျိုးကို ရှောင်သင့်ပါသည်။ မလိုလားအပ် သည့် အသံများသည် မိမိတင်ပြလိုသည့် သတင်းအပေါ် ပရိသတ်၏ အာရုံဝင်စားမှုကို ကျဆင်းစေပါသည်။

၅။ အင်တာဗျုး
မိမိမေးခွန်းကို ဖယ်ထုတ်လိုက်သော်လည်း အဖြေချည်းသက်သက် အဓိပ္ပါယ်ထွက်စေရပါမည်။ ပရိသတ်က မေးခွန်းကို ဖယ်လိုက်ပြီး အဖြေကိုသာ နားထောင်ပါက နားလည်နိုင်ရမည်။ အင်း (သို.မဟုတ်) ဟုတ်ကဲ့ စသော ထောက်ပေးခြင်းကို ရှောင်ပါ။ မိမိအသံက နှောက်ယှက်နေတတ်သည်။ ဆက်ပြောစေလိုပါက ပြုံးပြီး ခေါင်းညိတ် ပြခြင်းသည် ဟုတ်ကဲ့/အင်း ပြောခြင်းထက် ရုပ်သံအတွက် ပိုမိုအန္တရာယ်ကင်းစေပါသည်။


၆။ ကြားအရုပ်များ ရအောင် ရိုက်ကူးပါ။
Cut Away ဟု ခေါ်ပါသည်။ မိမိတင်ပြလိုသည့် အကြောင်းအရာနှင့် ပက်သတ်သည့် အရုပ်မှန်သမျှအပြင် အင်တာဗျုးတွင် ဖြေဆိုသွားသည့် အကြောင်းအရာများနှင့် ပက်သတ်သည်များကို ရသရွေ. ရိုက်ကူးသင့်ပါသည်။ ကြံ့ဖွတ်ပါတီမှ မဲဆွယ်ခြင်းနှင့် ပက်သတ်သည့် သတင်းတွင် ကြံ့ဖွတ်ပါတီက ခင်းထားသော လမ်းများကို ရိုက်ကူးခြင်းမျိုး ဖြစ်သည်။ မည်သည့်အရုပ်ကို ရိုက်ကူးမည်ဆိုသည်မှာမူ တင်ပြသူ၏ စိတ်ကူးနှင့် အတွေးပေါ် တွင် မူတည်ပါသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ.ရက်ကို အစိုးရက ကြေငြာလိုက်သည်ဟူသော သတင်းမျိုး တွင် မနက်စောစော သတင်းစာ ထိုင်ဖတ်နေသော လူတစ်ဦး လူတစ်စုကို ရိုက်ပြီး cut away အဖြစ် သုံးနိုင်သည် ကို တွေးရပါမည်။

၇။ အဓိက ပုဂ္ဂိုလ်များ ပါအောင် ရိုက်ကူးရမည်။
ရေဘေးဒုက္ခသည်များကို ဆရာတော်ကြီးက ကူညီသော သတင်းတွင် ဆရာတော်ကြီးပုံ မပါပါက အရုပ် အားမကောင်းပါ။ ခိုင်မာမှု အားနည်းသွားပါသည်။ စစ်သားက လူငယ်နှစ်ဦးကို ပစ်သတ်သော သတင်းတွင် လူငယ်နှစ်ဦး၏ မိဘများကဲ့သို.သော အရင်းနှီးဆုံး ဆွေမျိုးများကို ဖော်ပြနိုင်ပါက သတင်းပိုမို အားကောင်းသော သဘောဖြစ်သည်။

ရိုက်ချက်များ (Shots)
အခြေအနေ ပေးပါက အဓိက ရိုက်ချက်ငါးမျိုး ပါဝင်အောင် ရိုက်ကူးပါ။ စာတစ်ပုဒ် ဖြစ်ပေါ်လာရန် စာလုံးများစွာ စုစည်းရသကဲ့သို. အဓိပ္ပါယ်ရှိသော ဗီဒီယိုမှတ်တမ်းတစ်ခု ဖြစ်ပေါ်လာရန် ရိုက်ချက်များစွာ စုစည်းရပါသည်။ အစ အလယ် အဆုံး ပါဝင်ရန် လိုအပ်သည့်အတွက် ရိုက်ချက်များ စုံလင်လေ သတင်းကို စိတ်ကြိုက် ပုံဖော်နိုင်လေ ဖြစ်ပါသည်။ အောက်တွင် အဓိက ရိုက်ချက် ငါးမျိုးကို ဖော်ပြထားပါသည်။ ရုပ်ထွေးမှုများ မရှိစေရန်နှင့် အင်တာနက်တွင် ဆက်လက်လေ့လာနိုင်ရန် မူရင်း အခေါ်အဝေါ်များအတိုင်း ဖော်ပြထားပါသည်။


Establishing Shot
သတင်းတစ်ပုဒ်တွင် Who What When Where Why and How ဟူသည့် “ဘ” ခြောက်လုံး ပါဝင်သည်ကို အများအားဖြင့် သိရှိကြပါသည်။ Establishing Shot သည် နေရာ၊ အချိန်၊ မည်သည့် အနေအထား စသည်ကို ပရိသတ်အား အသိပေးသော shot ဖြစ်သည်။ မြင်ကွင်းကျယ်ကျယ်တွင် ပတ်ဝန်းကျင်မှ အားလုံး ၀ါဝင်သည်။
Wide Shot
မိမိရိုက်ကူးသော subject ကို အားလုံးဖော်ပြပြီး ခြေဆုံးခေါင်းဆုံး ရိုက်ကူးသော ရိုက်ချက်ဖြစ်သည်။ မည်သူ၏ သတင်း၊ မည်သည့်အကြောင်းအရာ၏ သတင်း ဆိုသည်ကို ပရိသတ်ကို မိတ်ဆက်သော ရိုက်ချက်လည်း ဖြစ်ပါသည်။

Medium Shot / Mid Shot

ခါးတစ်ပိုင်း ရိုက်ချက်များအားလုံး ပါဝင်သည်။
Close Up
Passport ဓာတ်ပုံ အရွယ်အစားကို မှတ်ထားပါ။ ၄င်းသည် Close Up Shot နှင့် အနီးစပ်ဆုံး ဖြစ်သည်။ လူ၏ စိတ်ခံစားမှုများကို ဖော်ပြရန်သုံးသည်။ ငိုနေခြင်း၊ ဒေါသထွက်နေခြင်း၊ စိတ်ပျက်နေခြင်း၊ တက်ကြွခြင်း၊ ပျော်ရွှင်ခြင်း စသည့် message များကို Close Up ဖြင့် ပြပါက ပိုမိုထိရောက်ပါသည်။

Extreme Close Up
မြန်မာပြည်တွင်း အနေအထားတွင် များသောအားဖြင့် ရိုက်ကူးရန် ခက်ခဲလေ့ရှိသည်။ သို.သော် ပရိသတ်ကို ဖမ်းစားနိုင်သည့် ရိုက်ချက်များသည် Extreme Close Up များ ဖြစ်ကြပါသည်။ ဥပမာ ဖရဲသီးရောင်းသူတစ်ဦးကို ရိုက်ကူးပါက ဖရဲသီးလှီးလိုက်ပုံ အနီးကပ်၊ တယ်လီဖုန်းဆက်နေပုံကို ရိုက်ကူးပါက ဖုန်းနံပါတ်ကို နှိပ်နေသော လက်ချောင်းလေး၏ အနီးကပ်၊ ဘဏ်တစ်ခုကို ရိုက်ကူးပါက ငွေရေစက်တွင်း၌ တစ်ဖြတ်ဖြတ် လှုပ်ရှားနေသော ငွေစက္ကူများ၏ အနီးကပ် စသည့် အလားတူ အရုပ်များကို ဆိုလိုပါသည်။ ငိုနေသော အမျိုးသမီးကို ရိုက်ကူးပါက မျက်ရည် စီးကျနေသော မျက်လုံး ပါးပြင် စသည်တို.ကို ရိုက်ကူးနိုင်ပါသည်။

ကင်မရာကို မလှုပ်မရှား မိနစ်ပေါင်းများစွာ ဖွင့်ထားပြီး တောက်လျှောက် ပြနေခြင်းထက် ယခုကဲ့သို. မတူညီ သော ရိုက်ချက်များကို အမျိုးမျိုး ဖန်တီးပြီး ပြောင်းလဲပြခြင်းက ပရိသတ်ကို ပိုမို စိတ်ဝင်စားစေပါသည်။

(အခြား)
Over the Shoulder
တစ်စုံတစ်ရာ လုပ်ကိုင်နေသူ၏ ပခုံးပေါ်မှ ကျော်လွှားပြီး ၄င်းလုပ်ကိုင်နေသော အလုပ်ကို ပြသခြင်းဖြစ်သည်။ နမူနာပုံကို ကြည့်ပါ။


Negative Space
နမူနာပုံကို ကြည့်ပါ။
Psychological Space / Opening
နမူနာပုံကို ကြည့်ပါ။

အားလုံး ဘေးကင်းကြပါစေ။ လွတ်လပ်အေးချမ်းကြပါစေ။

ကျော်ဇွ

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 16, 2010

ရင်ခုန်သေးလား .. မင်းကို ကိုယ် ရင်မခုန်တော့ဘူး ။

ရင်ခုန်သေးလား .. မင်းကို ကိုယ်ရင်မခုန်တော့ဘူး ။

မင်းကို ကိုယ်ရင်မခုန်တော့ဘူး ။ ဘာဖြစ်သွားလို့ပါလဲ ။ အော်…တစိမ်းဖြစ်သွားလို့ပါ ။ ဘယ်လို တစိမ်းဖြစ်သွားလို့ပါလည်း ။ ဆက်ဆံစရာမလိုတော့သလို ၊[ ဆက်ဆံချင်တဲ့ လောဘလေးက မင်းနဲ့
ပတ်သက်ပြီး ကိုယ့်ဆီမှာ ထပ်မဖြစ်တော့လို့ပါ ။ ချစ်နေဖို့ မင်းဆိုတဲ့အာရုံမှာ ကိုယ်မငြိတော့လို့ပါ ။

အပြည့်အစုံသတင်းဖတ်ရန်....

Monday, October 11, 2010

မဟာတဘောင်တော်ကြီး


ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ
နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့

ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ
ရှေ့လူ နောက်တတ် နင်းလတ္တံ့

သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်
ကောင်းအောင်ညီဖို့ လိုလတ္တံ့။

မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီးလာတော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အတိတ်တဘောင်တွေဆိုတာ ရံဖန်ရံခါပေါ်ထွက်တတ် သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆကြပါတယ်။

၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။

ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တတ် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်လို့ အဓိပ္မါလ်ဖွင့်ကြပါတယ်။

သီတင်းကျွတ်ကာလဆိုတာ ခြေခင်းလက်ခင်းသာပြီး ဆန်စပါးထွက်ပေါ်ပြီး ပထ၀ီမြေထုထံက ရွှေစု စပါးနှံတွေ သီးပွင့်ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာလောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော်များများမှာ ရေလွှမ်းမိုးတာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့် မတဲ့ဗျား..။

အရှင်သုမန

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, September 26, 2010

သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျပန်အန်အယ်လ်ဒီမှသီတင်းကျွတ်ပွဲတော် ကျင်းပမည်

သံဃာတော်များသွေးမြေကျခဲ့ရသည့် စက်တင်ဘာ ၂၆ ရက်နေ့တွင် ဂျပန်အန်အယ်လ်ဒီမှ ၁၁ ကြိမ်မြောက် သီတင်းကျွတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စင်တင်တေး ဂီတ၊ မြန်မာ့ရိုးရာအကများနှင့် ဖျော်ဖြေတင်ဆက်မည့်အပြင် ဈေးဆိုင်ခန်းများဖွင့်လှစ် ရောင်းချ၍ ပျော်ရွှင်စွာကျင်းပပြုလုပ်သွားမည်ဟု သိရှိရပါကြောင်း.....သာဓု... သာဓု...သာဓုပါ


အပြည့်အစုံသတင်းဖတ်ရန်....

Friday, September 24, 2010

အိုပါးသီလ( သီလေးသီးအဖွဲ့)

သူရိန်ထက်ခံစားရေးဖွဲ့ထားတဲ့ ၀တ္ထူဇတ်ညွှန်းကို သီးလေးသီးးအဖွဲ့က ပန်းသီး၊ဇီးသီး၊ ကြယ်သီးတို့နဲ့ Peace Creation Group အဖွဲ့သားတို့က ပူးပေါင်းတင်ဆက်ထားတဲ့ အိုပါးသီလ ဗွီဒီယိုပါ။ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ၀န်ကြီးဆိုသူတွေရဲ့ အတုအယောင်ဘုရားတရား ကြည်ညှိကိုင်းရှိုင်းမှူတွေကြောင့် ဘုန်းကြီးထံ သီလတောင်းခံရာ မကောင်းတာမှန်သမျှ အကုန်ကျူးလွန်ထားကြလို့ ဘုန်းတော်ကြီး ခမြာ သီလပေးဖို့ခက်နေရင်း နောက်ဆုံးတော့ အိုပါးသီလဘဲ တောင်းခံကြပုံလေးကို သရော်ထားတဲ့ ဗွီဒီယိုကားတိုလေးပါ၊ ကားတိုလေးပေမယ့် အပိုင်းသုံးပိုင်းခွဲတင်ပေးထားတယ်၊ မျှဝေခံစားကြည့်ကြဖို့ပါ။မိမိတို့ ဘလော့ဂ်တွေမှာလည်း အခမဲ့ကူးယူဖော်ပြနိုင်ပါတယ်။






ဘလော့ဂ်မှာကြည့်လို့ အဆင်မပြေဘူးဆိုရင် Youtube မှာသွားကြည့်လိုက်ပါ။ အောက်မှာlinkတွေပေးထားတယ်၊ မိမိတို့ဘလော့ဂ်တွေမှာလည်း ကူးယူဖော်ပြနိုင်တယ် ။ကလစ်သာနှိပ်လိုက်ပါ။ all link
အိုပါးသီလအပိုင်း၂

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, March 25, 2010

ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်

စစ်အုပ်စုရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဆိုတာနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ဆိုတာ ထွက်လာ အပြီးမှာ နိုင်ငံရေးလောက ပွဲဆူသွားပါတယ် ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ မှာ ပြည်သူ တွေရဲ့ဆန္ဒမဲတွေ ၊ ရရှိထားပါတယ်ဆိုတဲ့ NLD ပါတီတွင်း ဘယ်သူတွေက နိုင်ငံရေးသမားလဲ ၊ ဘယ်သူတွေက နိုင်ငံရေး စားဖား တွေလဲ ကွဲပြား လောက်အောင်ကို ရှေ့ဘယ်လို ရပ်တည် ကြမလဲလို့ အငြင်းပွားမှုတွေ ဖြစ်စေ ခဲ့ရပါတယ် ၊ NLD ပါတီတွင်းက ပြဿနာက ဒီ၂၁ နှစ်မှာ မဆန်းပါဘူး ၊ လူကြီး လူငယ် ပြဿနာ ၊ တိုက်ရဲသူ တိုက်ပွဲဝင်ချင်သူ တွေနဲ့နောက်တွန့်သူတွေ ကြားက ပြဿနာ ၊ ပါတီ ဆိုင်းဘုတ်နဲ့ အမတ် နေရာကိုပဲ ဖက်တွယ် ထားချင် သူတွေနဲ့ ပြည်သူ့ မျက်နှာပဲ ကြည့်ချင်သူတွေရဲ့ ပြဿနာ ၊ တလျောက်လုံး ရှိလာခဲ့တာပါ ၊ ထားပါ ။ ပြောချင်တာက NLD ထဲက ပြဿနာတွေ မဟုတ်ပါဘူး ၊ စုန်းပြူး ဆိုတာတော့ အဖွဲ့အစည်း တိုင်းမှာ ရှိမှာပါပဲ ၊ ထောင်ထဲ ရောက်နေတဲ့ တိုက်ရဲ တဲ့ NLD အဖွဲ့ဝင်တွေရဲ့ မျက်နှာ ၊ ဒေါ်အောင်ဆန်းစုကြည် မျက်နှာနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူက ဆန္ဒပြုထားတဲ့ ပြည်သူ ရှေ့ဆောင် ပါတီ ဖြစ်နေတာတွေကြောင့် NLD ဘာပဲဖြစ်ဖြစ် အားလုံးက (မဖြစ်မနေ) ၀ိုင်းရံရမှာပါ ။ မမှားအောင် ၀ိုင်းတည့်မတ်ပြီး လက်တွဲ တိုက်ပွဲဝင်ကြရမှာပါ။

ပြောချင်တာက အဲဒီလို ပြဿနာတွေ ဖြစ်အောင် ဖန်တီးနေတဲ့ နအဖ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်ပါ၊ နအဖ က သူဖြစ်စေချင် သလိုတွေ ဖြစ်အောင် ဖျားယောင်း မြှူဆွယ်လိုက်တဲ့ ၊ အာရုံလွှဲတဲ့ တိုက်ပွဲခေါ် သံပါ ၊ ၁၉၉၀ တုံးက ရွေးကောက်ပွဲဆိုတာ ပြည်သူ့ ဘက်တော်သား ဒီအမိုကရေစီ အင်အားစုတွေ ၊ ကိုင်စွဲတဲ့ တိုက်ပွဲ လမ်းကြောင်း တစ်ခုပါ ၊ ခု ၂၀၁၀ ရွေးကောက်ပွဲဆိုတာက စစ်အုပ်စုက ကိုင်စွဲတဲ့ လမ်းကြောင်းပါ ၊ စဉ်းစား ကြည့်ကြပါ ၊ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီရဲ့ ပြယုတ်ပါ ၊ ပြည်သူ့ဆန္ဒ ကိုဖေါ်ကြူးခြင်းပါ ၊ ပြည်သူပေါင်း များစွာကိုသတ်ပြီး အာဏာကို လုထားတဲ့ ပြည်သူ့ ဆန္ဒကို ဆန့်ကျင် ခဲ့တဲ့ စစ်အာဏာရှင် တွေက ရွေးကောက်ပွဲလို့ ဘာလို့ ပြောလာသလဲ ၊ ၁၉၉၀ တုံးက တစ်ကြိမ် ရွေး ကောက်ပွဲ လုပ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ပြည်သူက ရွေးချယ် ခဲ့ပါလျက် ၊ နှစ် ၂၀ ကျော် အာဏာ လွှဲမပေးပဲ အကြောင်း အမျိုးမျိုးပြ အချိန်တွေ ဆွဲပြီးကာမှ ခုတစ်ခါ ရွေးကောက်ပွဲပြန် လုပ်မယ်လို့ ဘာလို့ ပြောလာသလဲ ၊ ရိုးရိုး ရှင်းရှင်းလေးပါ ။

ဗမာပြည် ပြည်သူတွေ ပေါက်ကွဲတော့မဲ့ အခြေအနေ ဖြစ်လာတိုင်း ၊ နိုင်ငံရေး အရ ဘေးကြပ် နံကြပ်ကြုံ လာတိုင်း ၊ ဗမာပြည် နိုင်ငံရေး အပြောင်းအလဲ တစ်ခုခု မဖြစ်မနေ လုပ်ပေးရတော့မဲ့ အခြေအနေတိုင်း ၊ မဆလ အမည်ခံ လက်ထက်ထဲက စစ်အုပ်စု လုပ်နေကြ ၊ လမ်းလွှဲနေကြ ပုံစံပါ ။

လူမျိုးရေး ၊ ဘာသာရေး အထိကရုန်းတွေ ဖန်တီးတာမျိုး ၊ ပျော်ပွဲရွှင်ပွဲ ( ပွဲလမ်းသဘင်)တွေဖန်တီး ပေးလိုက်တာမျိုး ၊ ၀န်ထမ်းတွေ လစာတိုးပေး လိုက်တာမျိုး ၊ စသဖြင့် ပြည်သူတွေ လမ်းလွှဲအောင် အာရုံလွှဲပြောင်းမှု တစ်ခုခု စစ်အုပ်စု အမြဲ လုပ်လေ့ ရှိပါတယ် ၊ ခုလဲ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဆိုတာနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေဆိုတဲ့ ခေါင်းစဉ်တွေ ထုတ်ပြန်ပြီး ၊ ပြည်သူတွေေ၀၀ါး သွားအောင် လမ်းလွှဲ လိုက်တာပါ ။

ကမ္ဘာ့နိုင်ငံ အသီးသီး ကရော ၊ ဒီမိုကရေစီ အင်အားစု အသီးသီးကရော ၊ ပြည်သူတွေကပါ ဒီဥပဒေတွေ ဟာ တဘက်သတ် ရေးဆွဲ ထားတဲ့ ဥပဒေတွေ ဖြစ်တယ် ၊ မျှတမှု မရှိဘူး ၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက် တမင် ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်တယ် ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်တာ ဖြစ်တယ် ၊ စသဖြင့် ၀ိုင်း ဝေဖန်ကြမယ် ဆိုတာ သူတို့ တွက်ပြီးသားပါ ၊ သိက္ခာမဲ့တဲ့ ကြေငြာချက်ဖြစ်တယ် ဆိုတာ သိသိနဲ့ ထုတ်ပြန်ခဲ့တာ ဘာကြောင့်လဲ ။ နှစ်ချက်ရှိပါတယ် ၊ တစ်ချက်က NLD ပဲဖြစ်ဖြစ် ၊ ရွှေဂုံတိုင် ကြေငြာ စာတမ်းပဲ ဖြစ်ဖြစ် ၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စောက်ဂရု မစိုက်ဘူးလို့ ပြတာပါ။ နောက်တစ် ချက်က ရွေးကောက်ပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြတ်သန်း သင့်တယ် ၊ မဖြတ်သန်း သင့်ဘူး ၊ မျှတတယ် ၊ မမျှတဘူး ငြင်းခုန် ကြတာတွေ လိုချင်လို့ကို တမင်လုပ်တာပါ ။

စစ်အုပ်စုက လက်တွေ့ လုပ်ငန်းစဉ်တွေမှာ မပြောနဲ့ စာရွက်ပေါ် မှာတောင် ဘယ်တုန်းက မျှတခဲ့ဘူးတာ ရှိလို့လဲ ၊ ဘယ်နေရာမှာမှ ဘယ်တုန်းကမှ မမှန်ခဲ့ မမျှတ ခဲ့တာ သိသိနဲ့ ၊ ဒါမမှန်ဘူးလို့ တချက်ခြင်း လိုက်ထောက် ပြောပြီး သူတို့ကို နေရာပေး ဆွေးနွေး သလို ဖြစ်တာမျိုး လိုချင်လို့ကို တမင် ထုတ်ပြန်တာပါ ။ခုလို NLD တွေ ၊ ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်း သဘောထား ကွဲပြီး တကယ် လုပ်ရမဲ့ တိုက်ပွဲ အကောင်ထည် ဖေါ်ရေး အစီစဉ်တွေ မဆွေးနွေး ဖြစ်အောင် လုပ်လိုက်တာပါ။ တကယ်တမ်းက ပြည်သူတွေ အုံကြွတော့မဲ့ အရိပ်အခြေတွေ သူတို့ မြင်နေရလို့ ၊ ရွေးကောက်ပွဲပြန် လုပ်မယ် ဆိုတဲ့ ခေါင်းစဉ်ပြ ခဏ ဟန့်ထားလို့ ရမလားလို့ ၊ အာရုံ လွှဲတာပါ ။ နေ၀င်း ခေတ်မှာ ၂၆ နှစ်၊ စောမောင် ခင်ညွှန့် သန်းရွှေ ခေတ်မှာ ၂၂ နှစ်နဲ့ ၊ နှစ်ပေါင်း ၅၀ နီးပါး မွဲပြာကျ နေတဲ့ ပြည်သူ တွေက ၊ သူတို့ရဲ့ မျိုသိပ် နေရမှုတွေကို ပွင့်အံဘို့ ၊ မချိတင်ကဲ အံခဲ ခံစားနေရတာတွေကို ပေါက်ကွဲ ပလိုက်ဘို့၊ မိုးထားတဲ့ သေနတ်ပြောင်း တွေကို မော်ကြည့် နေကြပြီ ၊ စက်ရုံ အလုပ်ရုံတွေ ဆီက နေ့စဉ်နဲ့ အမျှ များပြား လာနေတဲ့ တောင်းဆိုမှုတွေက သူတို့ကို ခြောက်လှန့်နေပြီ ။

ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး တုန်းကလဲ တစ်တိုင်း တစ်ပြည်လုံး အုံကြွ တောင်းဆို နေတာကို ပစ်ခတ် သတ်ဖြတ် အာဏာ သိမ်းခဲ့ပြီး တက်နေတဲ့ နိုင်ငံရေး အရှိန်အဟုန်မှာ ခံချဘို့ စိုင်းပြင်းနေတဲ့ လူထုကြီးကို ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးမယ် ၊ ပါတီတွေ ထောင်ကြပါ ဆိုပြီး ၁၉၉၀ ရွေး ကောက်ပွဲနဲ့ အာရုံ လွှဲခံခဲ့ရတယ် ၊ အဲဒီ တုန်းကသာ ပြီးရင် စစ်တန်းလျား ပြန်မှာပါ ဆိုတဲ့ လူသတ်ကောင် တွေရဲ့ ကတိကို မယုံပဲ ရှစ်လေးလုံးရဲ့ အရှိန်အဟုန်နဲ့ ဆက်တိုက်ပွဲဝင် ဖြစ်ခဲ့ရင် ၊ ဖိနှိပ်ခံ ဘ၀ ဒီလောက် ကြာခဲ့နိုင်ပါ့ မလား ။

အာရုံလွှဲ မခံကြပါနဲ့တော့ ။ အလုပ်သမား တော်လှန်ရေးတွေ ဖြစ်လာနိုင်ခြေ မြင်လို့ ၊ တိုင်းရင်းသား တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်တော့မဲ့ အခြေအနေတွေ မြင်လို့ ၊ အားလုံးကို အာရုံလွှဲတဲ့ ရွေးကောက်ပွဲ ဥပဒေ ဆိုတာကို ကသောင်းကနင်း ထုတ်ပြန်ခဲ့တာ ၊ မမျောကြပါနဲ့ ၊ တကယ် လုပ်ရမဲ့ အလုပ်တွေ (ပြည်သူ လူထုကြီးနဲ့ ထပ်တူ တိုက်ပွဲဝင်ဘို့ ) အတွက်သာ ပြင်ဆင်ကြပါ ၊ ပြည်သူတွေကို တိုက်ပွဲ ၀င်ဘို့ ဦးဆောင်လမ်းပြကြပါ ၊ NLD ထဲက ပြည်သူ့သူရဲကောင်းတွေနဲ့ စစ်အုပ်စုထိပ်တိုက်တွေ့ တော့မှာကို ၀ိုင်းရံကြပါ ၊ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် တိုက်ပွဲ ၀င်နိုင်ဘို့ ပြင်ကြပါ ၊ စစ်အုပ်စုက အသက် ရှစ်ဆယ်ကျော် အဖိုးကြီး - ဘဘ ဦးဝင်းတင်တို့ ဦးတင်ဦး တို့ကိုတောင် ပြန်ဖမ်း နိုင်ပါသေး တယ် ၊ စစ်အုပ်စုက သူတို့ အာဏာ တည်မြဲရေး အတွက် ဘာမဆို လုပ်ဘို့ ၀န်မလေးတာ မမေ့လျော့ ကြပါနဲ့ ၊ တိုက်ပွဲက ကပ်နေပါပြီ ၊ ဘဘ ဦးဝင်းတင် ပြောတဲ့ မကြောက် တရား လက်နက် ၊ သွေးစည်း ညီညွတ်ရေး လက်နက် ၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ရည်မှန်းချက် ပန်းတိုင် တစ်ခုထဲ ချမှတ် ရှေးရှု ရင်ဆိုင် ချီတက်ရေး လက်နက်တွေ ကိုင်စွဲထားပြီး NLD နဲ့ ထပ်တူ ၊ ပြည်သူက ဦးဆောင် တိုင်ပွဲ ၀င်ကြပါစို့ ။

စစ်အာဏာရှင် စနစ် မုချကျဆုံးရမည် ။
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည် ။
ယုံကြည်ချက်ဖြင့်
ရဲဘော် ဗိုလ်သူ

ဗိုလ်သူ

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, March 03, 2010

လူ့ အခွင့်အရေးဆိုတာဘာလဲ -Human Right for Burmese people

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, January 30, 2010

ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော ခံစားချက်တွေ သတင်းပုတ်တွေ

အထွေထွေအကြပ်အတည်းများကြောင့် ရဲအရာရှိတဦး ပြည်ပသို့ တိမ်းရှောင်လာ
Friday, 29 January 2010 18:54 ရိုးမ ၃
စားဝတ်နေရေးကြပ်တည်းမှုနှင့် ဥပဒေအရ လုပ်ပိုင်ခွင့်များလျော့နည်းလာသည့်အခြေအနေများကြောင့် ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း အထက်အာဏာပိုင်များ၏ အမိန့်ညွှန်ကြားချက်အဆင့်ဆင့်ကို လိုက်လံအကောင်ထည်ဖော် ဆောင်ရွက်ပေးနေရခြင်းနှင့် မိသားစု စားဝတ်နေရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့် အခြေအနေကြောင့် ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါ ဒုရဲအုပ်က ပြောသည်။

“စားဝတ်နေရေး အဆင်မပြေဘူး၊ ကျနော်တို့က နေ့မအားညမအား လိုက်လံလုပ်နေရတာ၊ မိသားစုအတွက် ဘာမှ ပြန်မကြည့်နိုင်ဘူး၊ သူတို့ ခိုင်းတာကိုဘဲ လုပ်နေရတာ၊ ရဲနဲ့မဆိုင်တဲ့အလုပ်တွေဆိုတာ မရှိသလောက် လိုက်လုပ်နေရတယ်၊ အဲဒါတွေကြောင့် အခုလိုထွက်လာရတာ” ဟု ပြောသည်။

တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ရဲအရာရှိတယောက်အနေဖြင့် လုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်ခဲများစွာကြုံတွေ့ခဲ့ရကြောင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိသည့်အခြေအနေများကို ၎င်းကဆက်ပြောသည်။

“ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျနော်တို့အထက်အရာရှိဆီ လာပြောတာတို့ဘာတို့ဆိုရင် အကြောင်းပြပြီး ပြန်လွှတ်လိုက်ရတာတွေရှိတယ်၊ တိုင်းမှူးအမ တယောက် ရှေးဟောင်း ပစ္စည်းသယ်လာတာ မိတာလည်း ပြန်လွှတ်ရတာတွေရှိတယ်၊ အဓိက ကတော့ စစ်တပ်အာဏာပိုင်တွေပေါ့၊ ကျနော်တို့က ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆက်ဆံရာမှာ တခုခုဖြစ်ရင် ကျနော်တို့အရေးယူခံရတယ်၊ ပြဿနာ မဖြစ်အောင်ကို ရှောင်တိမ်းနေရတာ အကုန်လုံးကို ကြောက်နေရတာ” ဟု ပြောသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲတပ်သားအဆင့်မှ ဒုရဲအုပ်အဆင့်အထိ (၁၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံမြို့တွင် ဒုရဲအုပ်တာဝန် (၅) နှစ်ခန့် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် မိသားစုများစားဝတ်နေရေးအခြေအနေနှင့်ပတ်သက်၍ “ကျနော်က လခ (၃၆,၀၀၀) ရတယ်၊ ကလေးနှစ်ယောက်ရှိတယ်၊ အခြားအဆင့်တွေဆို ပိုခက်ခဲတာပေါ့၊ တပ်ဖွဲ့ဝင်အမျိုးသမီးတွေက အပြင်မှာ ရရာအလုပ် လုပ်ရတယ်၊ အကျင့်ပျက်ခြစားမှုတွေကတော့ ရှိပါတယ်၊ တာဝန်ပေးထားတဲ့သူတွေကတော့ သူတို့ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ လစဉ်ငွေကောက်ခံပြီး ဖြေရှင်းနေရာတာ၊ နှစ်လုံး၊ သုံးလုံး၊ တလုံးပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် စစ်တပ်နှင့် ရဲဝန်ထမ်းများအနေဖြင့် အထက်အာဏာပိုင်အချို့သာ စီးပွားရေး ပြေလည်ပြီး အောက်ခြေအဆင့်ဝန်ထမ်းများမှာ စားဝတ်နေရေးကြပ်တည်းမှုနှင့် အခြားဖိနှိပ်မှု မျိုးစုံကို ခံစားနေရလျှက်ရှိသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */