“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 10, 2012

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)


အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန်ရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့်ချိလိုက်ပါပြီ။

2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2012ခုရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန် နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်းတို့ မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ 2012 ယခုနှစ်တွင်လည်း
၁။ အဖွင့်တေးသံ
၂။ပြန်ကြားရေး
၃။ အထွေထွေ
၎။ NLD ကို ဂုဏ်ပြုခြင်း
၅။ အခန်းပြောင်းတေးသံ
၆။ညီညွတ်ရေး
၇။ရန်ပွဲတွေ၇ပ်
၈။ ကုန်ဈေးနှုန်း
၉။သံချပ်ဆင်ဆ
၁၀။ ဂျပန်မှ အပြန်ခရီး
၁၁။ မဟော်သဓာ သားတရားစီရင်ခန်း
၁၂။ကမ္ဘာမကြေ စသည့်

တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 15 ရက်(15.4.2012)တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။

မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်ေ ၀ဝေဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး

ဦးမျိုး သန့်  080 5063 2509
ကိုထွန်းဝေ 080 3099 1503
kotunwai@gmail.com , tunwai.jp@gmail.com
တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်းသိရှိရပါတယ်။


သီချင်းများ အကုန်လုံးယူချင်ရင်
မင်္ဂလာဒိုး.rar


တေးသီချင်း သံချပ်များကို ကိုဇေယျာအောင်မှ ရိုက်ကူးတည်းဖြတ်ထားပါသည်။ အောက်ပါလင့်မှနေ၍ သံချပ်များကို တစုတဝေးတည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။

http://www.youtube.com/user/kotunwai?feature=watch

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, April 08, 2012

လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်တဲ့လား………

လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်တဲ့လား………

မလေးရှားမှာရှိတဲ့ မြောက်များလှစွာသော မြန်မာဂျာနယ်တွေထဲက တစောင်ဖြစ်တဲ့ ဟယ်လိုမြန်မာ ရဲ့ မျက်နှာဖုံးခေါင်းစဉ်ပါဆောင်းပါးတပုဒ်ပါ။ စာ၊ နယ်၊ ဇင်း စကားနဲ့ပြောရမယ်ဆိုရင်တော့ အယ်ဒီတာ့အာဘော်ပေါ့။ ခေါင်းစဉ်အပြည့်အစုံကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ”တဲ့။ ဆောင်းပါးရဲ့ဆိုလိုရင်းအနေနဲ့ ဘာဖြစ်နိုင်မလဲ ဆိုတာထက် ခေါင်းစဉ်ရဲ့ဆိုလိုရင်းကတော့ ခပ်ရှင်းရှင်းဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က မြန်မာလူထုရဲ့ ခြေဖ၀ါးအောက်မှာ ရှိခဲ့တယ်။ ခုဆိုရင်တော့ အကုန်လုံးက ဦးထိပ်တင်လိုက်ပါပြီပေါ့။

ပထမဆုံးပြောချင်တာကတော့ (ဒါက မောင်ပါလအမြင်ပါ) ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်းကမှ လူထုခြေဖ၀ါးအောက်မှာ မရှိသလို ဘယ်တော့မှလည်း လူထုဦးထိပ်မှာ ရှိနေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ခြေဖ၀ါးအောက်မှာလည်းရှိမနေ၊ လူထုရဲ့ဦးထိပ်မှာလည်းရှိမနေဘဲ အမြဲတမ်း လူထုနဲ့တထပ်တည်း၊ တသွေးတည်း၊ တသားတည်း ရှိနေလို့ပါပဲ။

ဒုတိယပြောချင်တာကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဟယ်လိုမြန်မာရဲ့ တာဝန်ရှိသူကိုသက်ပြင်းကို ကျနော်ဖုန်းဆက်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့အာဘော်ကို ရေးထားတာပါတဲ့။ အဲတော့ ကျနော်ကပြန်မေးပါတယ်။“ကိုသက်ပြင်းတို့အာဘော်ဆိုတော့ ခေါင်းစဉ်အရပြောရရင် ကိုသက်ပြင်းခေါင်းဆောင်တဲ့ ဟယ်လိုမြန်မာက အရင်တုန်းက လူထုခေါင်းဆောင်ကို ခြေဖ၀ါးအောက်မှာထားထားပြီး ခုမှ ဦးထိပ်ပြန်တင်တာလား” လို့။ သူပြန်ဖြေပါတယ် “ကျနော်တို့က ချီးမြှောက်တာပါ” တဲ့ဗျာ။ ဗုဒ္ဓေါရေ………။ သူတို့ချီးမြှောက်ပုံကြီးကလည်း……….။ ပြန်တော့ပြောဖြစ်ခဲ့ပါတယ်။ “ကိုသက်ပြင်းတို့ ဟယ်လိုမြန်မာရဲ့ လူထုခေါင်းဆောင်ကို ချီးမြှောက်ပုံက လူတယောက်ကို ခုံဖိနပ်နဲ့ပါးရိုက်ပြီး ကျနော်က ချီးမြှောက်တာပါဗျာလို့ ပြောသလိုဖြစ်နေပြီ” လို့…………..။ ပြောရရင် ဒီထက်မကပါဘူး။ မျက်နှာဖုံးပါခေါင်းစဉ်က လူထုခေါင်းဆောင်ကို ယခင်စစ်အစိုးရအာဘော်အတိုင်း ပက်ပက်စက်စက်နှိမ်ချထားတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့အချိန်မှာ အားပေးဝန်းရံနေကြတဲ့ ပြည်သူလူထုအားလုံးကိုလည်း သိသိသာသာ စော်ကားလိုက်တာပါ။

စာပေပိုင်း၊ ဂျာနယ်ပိုင်းအရ အဓိကထားပြီးပြောရရင် ဆောင်းပါး၊ ကဗျာ၊ အက်ဆေး၊ ၀တ္ထုတို၊ ၀တ္ထုရှည် ဘယ်လိုစာပေမျိုးမဆို ရေးတဲ့စာရဲ့ ပဓာနထင်ဟပ်မှုက ခေါင်းစဉ်မှာအရိပ်ထင်ပါတယ်။ လူတွေစိတ်ဝင်စားအောင်၊ ကိုယ်ရေးထားတာတွေအားလုံးကို ခြုံငုံမိအောင် ခေါင်းစဉ်တပ်လေ့ ရှိကြပါတယ်။ အထက်ကပြောခဲ့သလိုပဲ ဆောင်းပါးက လူထုခေါင်းဆောင်ကို ချီးမြှောက်ထားတာပါဆိုရင်တော့ ဒီခေါင်းစဉ်တပ်ခြင်းဟာ ဂျာနယ်တစောင်ရဲ့မိုက်မဲမှု၊ အယ်ဒီတာတယောက်ရဲ့ အသိအမြင်နုံနဲ့မှုပါပဲ။ စာရေးသူတယောက်၊ အယ်ဒီတာတယောက်ဟာ ကိုယ်ရေးထားတဲ့စာနဲ့ ကိုယ်တပ်ထားတဲ့ခေါင်းစဉ် အရှေ့နဲ့အနောက် အဓိပ္ပါယ်ဖြောင့်ဖြောင့်ကြီးကွဲလွဲနေတာကိုမှ မသိဘူးဆိုရင်တော့ အတွေးအခေါ်၊ အသိအမြင် ညံ့ဖျင်းတဲ့အယ်ဒီတာ တာဝန်ခံထားတဲ့ ဂျာနယ်တစောင်ရဲ့အန္တရာယ်ရှိမှုဟာ ဖတ်မိတဲ့လူတွေအတွက် မတွေးဝံ့စရာကောင်းလောက်အောင် အန္တရာယ်ကြီးမားလှပါတယ်။

လူတိုင်းဟာ သူ့အမြင်ကိုယ့်အမြင် ရှိတတ်ကြပါတယ်။ အရင်စစ်အစိုးရကိုကြိုက်လို့၊ စစ်အစိုးရလက်ထက်မှာ စီးပွားရှာရတာကောင်းလို့၊ အချောင်သူဌေးဖြစ်နိုင်လို့ စစ်အစိုးရကိုပဲ လက်ခံမယ်ဆိုတဲ့အမြင်နဲ့ ရေးနေပြောနေတာကြလည်း အလွန်အကျွံမဟုတ်ရင် အတိုင်းအတာတခုအထိ လက်ခံလို့ရပါတယ်။ ဒီလိုအတွေးနဲ့ ဆောင်းပါးထဲမှာ ဘာပဲရေးရေး၊ မျက်နှာဖုံးမှာခေါင်းစဉ်ကို ဆောင်းပါးနဲ့တော်၏မတော်၏ အဓိကမထားဘဲ ကိုယ်လိုရာတပ်ထားတာပါ ဆိုရင်တော့ ဘာမှပြောစရာအကြောင်းမရှိပါဘူး။ မလေးရှားမှာထုတ်နေတဲ့ ဟယ်လိုမြန်မာရဲ့ အာဘော်ဟာ စစ်အစိုးရအကြိုက်လိုက်ရေးတာပါ၊ ကိုယ်ကြိုက်တာကိုယ်ရေးတာပါ လို့ ပြောလိုက်ရုံပါပဲ။ ဂျာနယ်ဖတ်ကြသူတွေအနေနဲ့လည်း သြော်….. ဒီလိုလူမျိုးတွေလည်း ရှိတတ်တာပါလားလို့ လျစ်လျူရှုလိုက်ကြရုံပါပဲ။

မလေးရှားမှာလည်း မြန်မာပြည်သား ခရိုနီအသေးစားလေးတွေ၊ ဗဟုတွေ၊ ရေလိုက်ငါးလိုက်ကောင်တွေ အများကြီးတွေ့တယ်။ အရင်တုန်းကဆို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သူတို့ဆိုင်သွားထိုင်ရင် ဆိုင်ကိုပဲ သံရုံးက ချက်ချင်းလာပိတ်တော့မလိုလိုနဲ့ ခုဆိုရင် တဆိုင်လုံးကြည့်လိုက် ဒေါ်စုပုံတီရှပ်၊ ဗိုလ်ချုပ်ပုံတီရှပ်တွေ ဝေေ၀ဆာဆာရဲ့ ဘိုးဘေးဘီဘင်အစဉ်အဆက် သူတို့ပဲ အစဉ်တစိုက် စစ်အစိုးရကှိ တော်လှန်လာကြသလိုလို။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အစစ်အမှန်တွေ ဘယ်တော့မှ ချောင်ထဲကကို မထွက်တော့ဘူး။ ဟယ်လိုမြန်မာဂျာနယ်လို ဘယ်ပြပြီး ညာထိုးချင်ကောင်တွေလည်း မနည်းမနောရှိသေးတယ်။ ဒါက မလေးရှားမှာပဲရှိသေးတယ်။ မောင်ပါလဖဘဆို အဲလိုကောင်တွေများလွန်းလို့ သောက်မြင်ကပ်လို့ပိတ်ထားတာ။ ဒါပေမယ့် ဒေါ်စုဟာ ငါတို့မြန်မာပြည်သူတွေအတွက် တကယ်အားကိုးထိုက်သူပါလားဆိုတာ ခုမှ အသိမှန်၊ အမြင်မှန်ရလာတဲ့လူတွေပါလားလို့တွေးပြီး ခပ်ပြုံးပြုံးလေးပဲ ချောင်ကပ်နေခဲ့တာပါ။ ခုပြောချင်လွန်းလို့  ဖဘကို ပြန်ဖွင့်လိုက်တာ။ တော်ပြီ။ နောက်မှဆက်ပြောမယ်။

မောင်ပါလ
၇.၄.၂၀၁၂

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, February 16, 2012

ဖေဖေါ်ဝါရီလ ၁၄ ရက် နေ့က ကျင်းပခဲ့တဲ့ "ကျည်ဆံတွေ အစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ"

Rock singer Aung La and his band Reason support our Peace Campaign by wearing T- Shirts which was written "Let The Flowers Bloom, But Not Bullets." in their Live Concert on Valentine's Day.
Please see the photos in attached files. And we also would like to share
a poem of one of Generation Wave member.

Moethway
External Affairs Committee
Generation Wave
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
" ကျည်ဆံတွေအစား ပန်းများပွင့်စေ "

ကြွေခဲ့တဲ့ ကြယ်တွေဟာ
တစ်ကယ်တော့ ကျနော်တို့ရဲ့
လမ်းတွေပါ မေမေ...
ကျခဲ့တဲ့ မျက်ရည်
အပြာရောင် ရနံ့တွေဝေ့လို့
ဘယ်လမ်း လျှောက်လျှောက်
ငြိမ်းချမ်းရေးပဲ မော့သောက်ချင်ခဲ့တာ

ရှင်သူအလောင်းတွေအကြောင်း
သေသူတွေက ရွက်ဆိုပြတဲ့ အခါ
စတေးခဲ့သမျှ ပြန်တွေး
ဖိနပ်ပေါက်နေတဲ့ ခြေထောက်တွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ရိုးရိုးဖြောင်းဖြောင်း
ကျောအောင့်နေတဲ့ ပြည်သူတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

မိမဲ့ဖမဲ့ လူမမယ်လေးတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ယမ်းငွေ့တွေကြား
နာဖျားခဲ့ရ ဘ၀တွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

အိမ်မက်တွေခြောက်
သားသမီး ပျောက်သွားတဲ့ မိဘတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ရင်ခွင်တွေပြို
အနာဂတ်ရေစိုးသွားတဲ့ သားသမီးတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ကြွေခဲ့တဲ့ ကြယ်တွေ
ကျခဲ့တဲ့ မျက်ရည်
စတေးခဲ့သမျှ ပြန်တွေး

ကျနော် ငိုနေပြီ မေမေ
စတေးခဲ့သမျှ ပြန်တွေး
စတေးခဲ့သမျှ ပြန်တွေး
ကျည်ဆံတွေအစား ပန်းများပွင့်ပါစေ မေမေ....။

ဘုန်းလူ

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, February 14, 2012

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အီးယူတုံ့ပြန်မည်

VOA|ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုနဲ့ ရလဒ်ကို ကြည့်ကာ မြန်မာပြည်အတွက် ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး တိုးမြင့် လုပ်ဆောင်ပေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs က ပြောသလို အစိုးရအနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကို တရားမျှတစွာ ကျင်းပနိုင်ဖို့ကိုလည်း စီစဉ်ထားတဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက ပြောပါတယ်။ ဒီကနေ့ နေပြည်တော်မှာ သူတို့ နှစ်ဦးတွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။


ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs ဟာ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒီကနေ့ မနက်က တွေ့ဆုံပါတယ်။ အဲဒီနောက် သတင်းထောက်တွေကို သူတို့နှစ်ဦး တွေ့ဆုံပြီး သူတို့ ဆွေးနွေးကြတဲ့ မြန်မာ့အရေး အခြေအနေတွေကို ရှင်းပြရာမှာတော့ ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့အတွက် အီးယူက တိုက်တွန်းတယ်ဆိုတာ အပါအ၀င် တိုင်းရင်းသား ဒေသတွင်းက ငြိမ်းချမ်းရေးတွေနဲ့ ပြောင်းလဲမှုတွေနဲ့အတူ တိုးတက်မှုရှိလာတဲ့ မြန်မာ့အရေး အခြေအနေတွေကြောင့် အီးယူက ပိတ်ဆို့မှုတွေကို လျှော့ချပေးထားတယ် ဆိုတဲ့အကြောင်းတွေကို မစ္စတာ Andris Piedalgs က ရှင်းပြခဲ့တယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်ချင်တယ်ပေါ့နော်။ အဲဒီလို စောင့်ကြည့်ပြီးတော့ ကောင်းတာနဲ့အမျှ မြန်မာပြည်အတွက် ကောင်းတဲ့ အပြောင်းအလဲကြီးတွေ ဖြစ်လာမယ်လို့ သူက ပြောတယ်။ နောက်ပြီးတော့ လောလောဆယ်မှာလည်း အီးယူ အဖွဲ့ဝင်နိုင်ငံတွေက ပိတ်ဆို့မှုတချို့ကို လျှော့ချဖို့အတွက် သူတို့ စီစဉ်နေပြီလို့ ပြောပါတယ်။ နောက်ပြီးတော့ ယူရိုသန်း ၁၅၀ မြန်မာနိုင်ငံအတွက် ကူညီမယ်ဆိုတာလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တော်တော်များများ ရထားတာကို သူတို့ အီးယူအနေနဲ့ ၀မ်းမြောက်ဝမ်းသာ ရှိတဲ့အကြောင်း ကျန်နေတဲ့ ကချင်တို့လို ပဋိပက္ခမှုတွေကိုလည်း အကုန်လုံး ငြိမ်းချမ်းအောင် ဆက်လုပ်သွားဖို့ တိုက်တွန်းကြောင်း ပြောပါတယ်။”

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားမျှတမှု ရှိစေဖို့အတွက် အစိုးရက စီစဉ်ထားတဲ့အကြောင်းတွေကိုလည်း ပြန်ပြီးတော့ ရှင်းပြခဲ့တယ်လို့ သတင်းထောက်က ပြောပါတယ်။

“ကျနော်တို့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူ ကတိပေးတာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် သူ ဖြစ်အောင် လုပ်ပါ့မယ်လို့ ကတိပေးတာရယ်၊ နောက်ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်ကို မဖြစ်ဖြစ်အောင် သူ လုပ်သွားမယ်ဆိုတာရယ်၊ အဲဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေကို အီးယူဘက်ကလည်း ကူညီဖို့ဆိုတာရယ်၊ နောက် ဥရောပပါလီမန် အနေနဲ့ အပြန်အလှန် ကိုယ်စားလှယ်တွေ လေ့လာခွင့်၊ အပြန်အလှန် အကြံဉာဏ်တောင်းခွင့်၊ လိုအပ်တာတွေကို ကူညီခွင့် ကမ်းလှမ်းတာရယ်။ အီးယူဘက်ကလည်း အဲဒီလို ကမ်းလှမ်းပါတယ်။”

ဒါ့အပြင် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့ သူတို့နှစ်ဦး ရှင်းပြတာကတော့ -

“သူတို့ပြောတာက အတိုက်အခံ ပါတီတွေက တောင်းဆိုထားတဲ့ အကျဉ်းသားတချို့ ကျန်သေးတယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦးရွှေမန်းကို မေးတယ်။ ဦးရွှေမန်းကတော့ ပြောတယ်လေ။ သူတို့ NLD ပါတီက တင်ထားတဲ့ စာရင်းအတိုင်းပဲ အားလုံးကို လွှတ်ပေးထားပါပြီတဲ့။ တကယ်လို့ ကျန်နေသေးတယ်ဆိုရင် ထပ် တင်ပေါ့နော်။ ထပ်တင်ရင် သူတို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ လွှတ်ပေးဖွယ်ရာ၊ “လွှတ်ပေးဖွယ်ရာ” လို့ သူ သုံးတယ်။ လွှတ်ပေးဖွယ်ရာ ရှိတယ်လို့ ပြောပါတယ်။”

ပြည်တွင်း သတင်းထောက်တစ်ဦး ပြောပြခဲ့တာပါ။ ဒီပွဲမှာ သူတို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တွေကိုသာ ရှင်းပြတာ ဖြစ်ပြီးတော့ သတင်းထောက်တွေဘက်က မေးခွန်းတော့ မေးခွင့်မရဘူးလို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း အီးယူအဖွဲ့ဟာ နေပြည်တော်က MICC မှာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဆွေးနွေးပွဲတစ်ခုကို မြန်မာနိုင်ငံက စီးပွားရေးပညာရှင်တွေ ဆွေးနွေးနေပါတယ်။ မနေ့ကဆိုရင် မစ္စတာ Piedalgs ဟာ သတင်းထောက်တွေကို အီးယူ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအတွက် ကူညီပေးနေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေကို တိုးမြှင့်မယ့်အကြောင်းကိုလည်း အခုလို ရှင်းပြခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး အစီအစဉ်တွေက အောင်မြင်နိုင်တယ်လို့ လူတိုင်းက ယုံကြည်ထားပါတယ်။ အကြောင်းက မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြလို့ပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့လည်း ဒီ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို လက်ရှိစွမ်းအားနဲ့ စတင် လုပ်ဆောင်ဖို့ အဆင်သင့် ရှိကြပါတယ်။”

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍသုံးရပ်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အပိုင်းကိုလည်း ရှင်းပြသွားပါတယ်။

“အခုထိ ကျနော်တို့ ဆွေးနွေးခဲ့တာ ကဏ္ဍ သုံးရပ်ရှိပါတယ်။ တစ်ခုက အသက်မွေးဝမ်းကြောင်းနဲ့ လယ်ယာ စိုက်ပျိုးရေးပါ။ အထူးသဖြင့် သိပ်ကို ဆင်းရဲကြတဲ့ ကျေးလက်ဒေသတွေ အတွက်ပါ။ ဒါ့အပြင် ပညာသင်ကြားခွင့် လက်လှမ်းမှီဖို့နဲ့ ကျန်းမာရေး ဖြစ်ပါတယ်။ အထူးသဖြင့် ငှက်ဖျား၊ အဆုပ်နာရောဂါ၊ အိပ်ခ်ျအိုင်ဗီ ရောဂါတွေ တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို တိုးချဲ့ပေးခြင်းအားဖြင့် လူ သန်းပေါင်းများစွာ အတွက် အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံကို ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs ဟာ မနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယား နဲ့အတူ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေအပြင် နိုင်ငံတကာ NGO တွေနဲ့လည်း တွေ့ဆုံပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ

တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရှည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။

ကြက်သီးထစရာ

'ဗလင်တိုင်းဒေး'လို့ ခေါ်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေပါ ၀င်ပါတယ်။ မြို့တွင်း
လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။ လူငယ်တစ်ယောက်က အသင့်ပါလာတဲ့ အိတ်ဆောင် ကွန်ပျူတာကိုထုတ်ပြီး ကြည့်ပါဦးဆိုပြီး စားပွဲပေါ်တင်လိုက်တယ်။



ပထမပုံတစ်ပုံကိုကြည့်လိုက်တော့ ရေးထားတဲ့စာသားတွေက ကြက်သီးထစရာကောင်းလွန်းလို့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။

အရေးယူလိုရတယ်

ပထမဆုံးစုံတွဲ ၅၀၀ အား ဗေ ဒင်တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေးပြီးအလိုက်ဖက် ဆုံးစုံတွဲများအား ပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့် အခန်းများကို ကံစမ်းမဲဖောက်၍ ပေးသွားပါမည် 'အဲဒီကြော်ငြာ စာသားတွေဖတ် ပြီး စာဖတ်သူများရော ကြက်သီးမထဘဲ နေနိုင်ပါ့မလားခင်ဗျာ။ ဒီစာသားဟာ ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားတယ်ဆိုတာ မစဉ်းစားမဆင်ခြင်နိုင်ဘဲ လက်မှတ်များများရောင်းရပြီး အမြတ်များများ ရဖို့သာ လောဘဇောတိုက်နေတာ မဟုတ်ဘူးလား။ ပြောရရင်တော့(ကန်တော့ပါရဲ့)ဆောင်ကြာမြိုင်လုပ်ငန်းကို ပေါ်တင်ကြီးလုပ်မှုနဲ့ အရေးယူလို့တောင် ရနိုင်ပါတယ်။

ပြောင်းလိုက်မှပိုဆိုး

ဒီကြော်ငြာဆိုင်းဘုတ်ကြီး အင်တာနက်ပေါ်တက်လာတော့ ကန့်ကွက်သံတွေညံနေအောင် ထွက်ပေါ်လာတယ်။ ပြည်တွင်းက လူတွေသာမက ပြည်ပရောက်နေသူတွေကလည်း ၀ိုင်းရေးကြတယ်။ အဲဒီကန့်ကွက်သံတွေ ညံလာတော့ ဆိုင်းဘုတ်တချို့က စာသားတွေကိုပြင်ပြီး ရေးလိုက်တယ်။ တချို့မပြင်ဘဲ ကျန်နေတာတွလည်း ရှိတယ်။ ပြင်ရေးလိုက်တာက -'ပထမဆုံးစုံတွဲ ၅၀၀ အား ဗေဒင် တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေး၍ Dinner စား ခွင့်နှင့် ချောင်းသာခရီးစရိတ်ငြိမ်း (အခန်းခ၊ စားစရိတ်၊ ကားခ) ငါးဦးကို ကံစမ်းမဲများဖောက်ပေးသွားပါမည်။ ကံစမ်းမဲတစ်စောင်ပေါက်လျင် နှစ်ဦးသွားခွင့်ရှိသည်' လို့ဖြစ်တယ်။

ပိုက်ဆံတွေအလကားရသလို

ပြင်လိုက်မှပိုဆိုးသွားသေးတယ်။ တစ်ခါတည်း 'ဟန်းနီးမွန်း' ထွက်ခိုင်းလိုက်သလို ဖြစ်သွားတော့တယ်။ သားသမီးရှိတဲ့မိဘတိုင်း ရင်လေးမိကြမှာ အမှန်ပဲ။ ပိုက်ဆံတွေအလကား ရသလိုရချင်တိုင်းရနေတဲ့ လူ့အသိုင်းအ၀ိုင်း ကလေးတစ်ခုအတွင်းမှာ ဖြစ် ချင်သလိုဖြစ်နေကြတဲ့ သတင်းတွေ ကြားနေရတာကြာပြီ။ သူတို့အသိုင်းအ၀ိုင်းအတွင်းမှာ ဖြစ်နေတာပဲဆိုပြီး သိပ်မစိုးရိမ်ခဲ့ဘူး။ အခုတော့ ဗြောင်ကျကျ မြို့လယ်ကောင်မှာ ဆိုင်းဘုတ်ကြီးတွေထောင်ပြီးတောင် ကြော်ငြာတာကတော့ အတင့်ရဲလွန်းရာ ကျတယ်။ ဒီစရိုက်မျိုးတွေ တစ်စထက် တစ်စ ကျယ်ပြန့်သွားမှာ စိုးရိမ်မိတယ်။
လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွားကာကွယ်ရေး' မူဝါဒတွေ၊ ဥပဒေတွေ ရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မထိခိုက်အောင် တားသင့်တာတား၊ ပိတ်သင့်တာ ပိတ်လုပ်ပေးကြရတယ် ...

ကန်ပေါင်ပေါ်ကစုံတွဲ

ကျယ်ပြန့်သွားမှာစိုးရိမ်ကြောင်းပြောတော့ လူငယ်တစ်ယောက်က အင်တာနက်မှာတွေ့ရတဲ့ ပုံတစ်ပုံအကြောင်းပြောပြတယ်။ အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ မျက်နှာချင်းအပ်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ်တဲ့။ ပုံ အောက်မှာ ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့ ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့ ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့ ပြန်ရေးသူက ရေးသတဲ့။ ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့ တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား။

ကူးလူးယှက်နွှယ်နေကြတယ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကူးသန်းရောင်ဝယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြသလို၊ ယဉ်ကျေးမှုတွေလည်း နိုင်ငံတစ်ခုနဲ့တစ်ခု အပြန်အလှန် လွတ်လွတ်လပ်လပ် ကူးလူးယှက်နွှယ်နေကြမှာဖြစ်တယ်။ ဒါကို ဘယ်လိုမှပိတ်ပင်တား ဆီးလို့မရဘူး။ ပြုလည်း မပြုအပ်ဘူး။ ဒါပေမဲ့ လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွား ကာကွယ်ရေး' မူဝါဒတွေ ဥပဒေတွေရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေမထိခိုက်အောင် တားသင့်တာ တား၊ ပိတ်သင့်တာ ပိတ် လုပ်ပေးကြရတယ်။

သဘာဝချစ်သူများ

အိမ်ထောင်သားမွေး၊ လူရေးလူမှုကိစ္စတွေမှာ အင်မတန်လွတ်လပ်တဲ့ အနောက်နိုင်ငံကြီးတွေမှာ 'သဘာဝချစ်သူများ' အဖွဲ့ (Nature Society) ဆိုတာမျိုးတွေရှိကြတယ်။ အဲဒီအဖွဲ့တွေက သီးသန့်သတ်မှတ်ထားတဲ့ တောအုပ်ကနေရာမျိုး၊ ဒါမှမဟုတ် ပန်းခြံမျိုးမှာ အ၀တ်အစားမ၀တ်ကြဘဲ သဘာဝအတိုင်းနေထိ၊ လေထိခံကြတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ သူတို့ရဲ့ သီးသန့်နေရာတွေမှာ သူတို့ကြိုက်သလို နေကြ ထိုင်ကြတာကို ဘယ်သူကမှ ပိတ်ပင်တားဆီးမလုပ်ဘူး။ ဒါပေမဲ့ သီးသန့်နေရာက အပြင်ထွက်လာပြီး လမ်းတွေပေါ်မှာ အ၀တ်မပါ၊ ဗလာ ကိုယ်ချည်းလျောက်သွားရင်တော့ Decency Act ဆိုတဲ့ ယဉ်ကျေးမှု အက်ဥပဒေတစ်မျိုးမျိုးနဲ့ အရေးယူ တရားစွဲခံရပါတယ်။

မတင့်တယ်တဲ့ကိစ္စ

ဒီယဉ်ကျေးမှု အက်ဥပဒေဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု၊ ကွဲပြားခြား နားမှုရှိကြတယ်။ Decent ဖြစ်တယ်။ ယဉ်ကျေးတယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ နိုင်ငံတစ်ခုနဲ့တစ်ခု လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ နောက်ခံယဉ်ကျေးမှု ဓလေ့စရိုက်ကွာ ခြားရင် ကွာခြားသလောက် မတူ မတူကွဲပြားသွားကြတယ်။ အနောက်တိုင်းယဉ်ကျေးမှုအရ လူမြင်ကွင်းမှာ ယောက်ျားနဲ့မိန်းမ ဖက်ယမ်းနမ်းရှုံ့လုပ်တာကို မတင့်တယ်တဲ့ကိစ္စလို့ သဘောမထားကြဘူး။ မြန်မာအပါအ၀င် အရှေ့တိုင်းဓလေ့စရိုက်အရ တော့ ဒီလိုလုပ်တာဟာအများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာကိစ္စလို့ သဘောထားကြတယ်။

တင်းတင်းကြပ်ကြပ်ကာကွယ်ထား

အိမ်နီးချင်းနိုင်ငံအတော်များများမှာ အနောက်ယဉ်ကျေးမှုတွေကို လက်ခံကျင့်သုံးသူတွေ တစ်နေ့တခြား များသထက်များလာပေမယ့် မြန်မာတွေကတော့ အတော်လေး တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ရှောက် ထားကြတယ်။ ဒီလို ကာကွယ်စောင့် ရှောက်ထားတဲ့ကြားက ဒီလောက် ပြောင်ပြောင်တင်းတင်းနဲ့ လက်ရဲ ဇက်ရဲ လုပ်ရဲလာကြတာတွေ့ရတော့ အတော်ကြီးကို အလန့်တကြား ဖြစ်သွားရတယ်။ လူငယ်တွေအတွက် စိုးရိမ်သလို တိုင်းပြည်ရဲ့အနာဂတ်ကိုလည်း တွေးပြီးရင်လေးမိတယ်။

အားသစ်တွေတိုးလာတယ်

ဒါပေမဲ့ဒီစိုးရိမ်စိတ်က ချက်ချင်းပျောက်သွားတယ်။ ဟေးလားဝါးလားနဲ့ ပေါက်လွှတ်ပဲစားနေကြတဲ့ လူငယ်မျိုးက များများစားစားရှိတာ မဟုတ်ပါဘူး။ အထက်မှာရေးခဲ့သလို ပိုက်ဆံကို အလကားရသလို၊ ရ ချင်တိုင်းရနေတဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီ အသိုင်းအ၀ိုင်းထဲမှာပဲ ရှိနေတာဖြစ်တယ်။ အခုဒီကိစ္စလာပြောပြတဲ့ သန့်သန့်ပြန့်ပြန့် လူငယ်လေးတွေလို၊ လူငယ်တွေက တစ်နိုင်ငံလုံးအနှံ့ သန်းပေါင်းများစွာ ရှိနေကြတယ်။ ဒီလူငယ်လေးတွေ က အမြင်မတော်တာကို လက်ပိုက်ပြီးငုတ် တုတ်ထိုင် ကြည့်နေကြမှာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သူတို့အကောင်းဆုံး ကာကွယ်စောင့်ရှောက်ကြမှာ သေချာတယ်။ ရေကြောင်း တက္ကသိုလ်က လူငယ်လေးယောက်ကိုကြည့်ပြီး အားသစ်တွေ တိုးလာတယ်။ တိုင်းပြည်ကို သူတို့လူငယ်တွေလက်ထဲ အမြန်ဆုံးထည့်ပေးလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။
http://news-eleven.com/

အပြည့်အစုံသတင်းဖတ်ရန်....

လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း

VOA|စစ်မှန်တဲ့ပြည်ထောင်စုကို လက်တွေ့ တည်ဆောက် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေတွေ တွေ့နေရပြီ ဆိုပြီး ဒီကနေ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မြန်မာပြည် တ၀ှမ်းက ပြည်ထောင်စုနေ့ အခမ်းအနားတွေ အပြင် လက်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကေအိုင်အိုက ဘယ်လို တုံ့ပြန် ပြောကြားလိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ လက်တွဲမဖြုတ်ဘဲ မြန်မာ့ နိုင်ငံရေးလောကမှာ အတူလက်တွဲ လုပ်ဆောင်နိုင်ခဲ့တာကို ကြည့်ရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်တယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ယုံကြည်မှု ရှိတယ် ဆိုပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ပြုလုပ်တဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောသွားပါတယ်။ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေဟာ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပါတီဖျက်သိမ်းခံရတာတွေ ဖမ်းဆီးခံရတာတွေ ရှိနေပေမဲ့ အန်အယ်လ်ဒီနဲ့ တသားတည်း ရပ်တည်ခဲ့ကြတယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ ပြည်ထောင်စုကို ဘယ်လို သွားကြမလဲ ဆိုတာကိုလည်း အခုလို ပြောဆိုလိုက်ပါတယ်။

“ပင်လုံစာချုပ်ကို အခြေခံဟာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးကြားထဲမှာ ယုံကြည် စိတ်ချမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု၊ တစ်ဦးပေါ်တစ်ဦး သစ္စာရှိမှုအပေါ်မှာ အခြေခံတာပါ။ ဒါကြောင့် အခုထိ တိုင်းရင်းသားများက နောင် ပြည်ထောင်စုတစ်ခုကို၊ နောင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို တည်ထောင်ဖို့ ဆိုတာဟာ ပင်လုံစာချုပ်ရဲ့ စိတ်ဓါတ်၊ ပင်လုံစာချုပ် အပေါ်မှာ အခြေခံရမယ်လို့ ထပ်တလဲလဲ ပြောနေတာ ဒီဟာတွေကြောင့် ဖြစ်တယ်လို့ ကျမတို့ ထင်ပါတယ်။”

တိုင်းရင်းသား ပါတီတွေလည်း ဒီကနေ့ ရန်ကုန်မြို့တော်မှာ ပြည်ထောင်စုနေ့ အထိမ်အမှတ်ပွဲ ကျင်းပခဲ့ကြပါသေးတယ်။ ညနေပိုင်းမှာ ကျင်းပတဲ့ ဒီပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရခိုင်တိုင်းရင်းသား ပါတီက ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပင်လုံညီလာခံက မျှော်မှန်းခဲ့တဲ့အတိုင်း ဒီကနေ့ ရောက်နေသလား၊ မရောက်ဘူးလား ဆိုတာကို ပြန် သုံးသပ်ဖို့လိုတယ် ဆိုတာကို ကိုယ့်အမြင် သူ့အမြင်နဲ့ သုံးသပ် ဝေဖန်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့အခါမှာလည်း စစ်မှန်တဲ့ ပြည်ထောင်စုကို ကျမတို့ တည်ဆောက်ဖို့ လိုပြီဆိုတာကို သူ ညွှန်း ဖော်ပြသွားတာ တော်တော်လည်း တိုင်းရင်းသားတွေ လက်ခုပ်သြဘာ တီးကြပါတယ်။”

နိုင်ငံတော် စစ်တပ် အင်အားကို ခိုင်မာတောင့်တင်းအောင် သားစဉ်မြေးဆက် တည်ဆောက်ထားဖို့ စစ်တပ် အင်အား မကောင်းရင် တိုင်းရင်းသား ပြည်သူတွေ အနေနဲ့ အင်အားကြီး နိုင်ငံတွေရဲ့ အနိုင်အထက် ပြုကျင့်တာကို ခံရမှာ ဖြစ်တယ်၊ ဒါကြောင့် မြန်မာ့ တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်အောင် ဖွဲ့စည်းတာမှာ တိုင်းရင်းသား အားလုံး ပါဝင် လုပ်ဆောင်ရမယ်လို့ ဒီကနေ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာ အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်က ပြောကြားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ကြဖို့လည်း သူက တိုက်တွန်းထားတာပါ။

ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်းကတော့ မြန်မာ အစိုးရက ပြောဆိုနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်လိုတယ် ဆိုတာကို သံသယ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

“မနှစ်တုန်းက မတ်လ ၃၀ ရက်နေ့ကနေ ဒီအစိုးရ တက်လာတယ်။ အဲဒီနေ့ကနေ စပြီးတော့မှ ငြိမ်းချမ်းရေးက သူ ပြောနေတာပဲ။ နောက် တပြည်လုံးက လူတွေကိုလည်း ခေါ်တယ်။ နောက် သူ့ရဲ့စစ်ဗိုလ်ချုပ်တွေကိုလည်း အမိန့်ပေးတယ်။ အပစ်အခတ် ရပ်စဲဖို့ရာ ပြန်ပြီးတော့ ခေါ်ယူဖို့ ဆိုပြီးတော့ အဲဒီ အမိန့်ပေးတဲ့ စစ်တပ်တွေကတော့ ပိုပြီးတော့ ပို့တယ်၊ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျနော်တို့ဘက်မှာ ဘယ်လောက် အချင်းချင်း သတ်ဖြတ်ကြသလဲ။ အဲဒီတော့ သူကတော့ နေပြည်တော်မှာ အော်နေတယ်။ ပြည်ထောင်စု စိတ်ဓါတ် မွေးမြူပြီးတော့မှ ကျနော်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းလာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ ငြိမ်းချမ်းလာတာကို ကျနော်ကတော့ ခံစားရတာ မျက်စိအားဖြင့်သော်လည်းကောင်း ခံစားချက်ကို လိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က လွန်ခဲ့တဲအချိန်ကို ထားလိုက်ပါ။ အခု ပြည်ထောင်စုနေ့ကစပြီး ရှေ့ရှုပြီးတော့မှ အပြောနဲ့အလုပ် လက်တွေ့ ညီပါစေ။”

ဒီအစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှုတွေ ရရှိထားပေမဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့တော့ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် ပျက်ပျယ်ခဲ့ပြီး စစ်ရေး တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, February 04, 2012

ဗိုလ်ကြီးဟောင်းနေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲဆိုထားတဲ့ တရားမဝင်ပစ္စည်း ခိုးသွင်းမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။


ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့လက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့နေ့မှာပဲ ပုဒ်မ ၄၂ နဲ့ ပြန်ပြီးတော့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အပြစ်မရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်း အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။





ပြည်တဲရေးဝန်ကြီးဌာနလက်အောက်၊ အကျဉ်းစီးဦးဌာနကနေ တရားလိုလုပ် တိုင်ကြားပြီး အမှုဖွင့် ခဲ့တာကတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီနဲ့ ဒေါ်အေင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကို အင်းစိန်ထောင်ထဲ ယူဆောင်လာတယ်ဆိုပြီး အမှုဖွင့် တရားစွဲခဲ့တာပါ။


ဒီနေ့တရားရုံးထုတ်ချိန်မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုချမှတ်ခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။


“အင်းစိန်မြို့နယ်တရားရုံးမှာပါ။ တရားသူကြီးရဲ့ တရားခွင်မှာ NLD ပါတီဝင်လူငယ်တွေရော၊ စိတ်ပါဝင်စားတဲ့ သူတွေရော တော်တော်များများလာရောက် နားထောင်ပါတယ်။ နောက် တရားသူကြီးက စတင်ဖတ်ကြားပါတယ်။ လျှောက်လဲချက်တွေနဲ့ စွဲဆိုချက်တွေကိုတော့ မပြောတော့ပါဘူးတဲ့- မပြောတော့ဘဲနဲ့ သုံးသပ်ချက်နဲ့ အမိန့်ကိုပဲ ဖတ်ပြပါတယ်။ သုံးသပ်ချက်ကို ဖတ်ပြရာမှာလည်း တရားလို အရာရှိတွေ တင်သွင်းလာတဲ့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သော့ချိတ်တွေဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်း လုံလောက်တဲ့ အထောက်အထားမရှိပါဘူး၊ နောက်ပြီး ဥပဒေပုဒ်မတွေလည်း မရှိပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ပြဌာန်းထားတဲ့အထဲမှာလည်း မပါပါဘူးတဲ့။


ပြီးတော့ ကျနော်က သူတို့စွပ်စွဲသလို ခိုးသွင်းဖို့ ကြိုးစားတာ မဟုတ်တဲ့အပြင် ဒီပစ္စည်းတွေကလည်း တရားမဝင်ပစ္စည်း မဟုတ်ဘူးဆိုပြီးတော့ ပေါ်လွင်ထင်ရှား တွေ့ရှိရတဲ့အတွက်ကြောင့် ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်တဲ့။ ကျနော်အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပါတယ်တဲ့”


ဒါဟာ ပြည်တဲရေးဝန်ကြီးဌာနလက်အောက်မှာ တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တာဟာ ဖြစ်တောင့်ဖြစ်ခဲ အမှုကိစ္စ ဖြစ်ပြီး သူရဲ့အမှုဟာ ပထမဦးဆုံးတောင် ဖြစ်နိုင်တယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။


“ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းယန္တရားကနေ တရားလိုပြုပြီးတော့ စွဲတင်တဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲခံရသူ လွတ်တယ်ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ်- ကျနော်တို့ သမိုင်းမှာ။ ကျနော်သိ သလောက်ပေါ့နော် - ကျနော် ထမဆုံးပဲ ဖြစ်မလားတော့ မသိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက စွဲဆိုတဲ့ အမှုတခုကို တရားရုံးက အပြစ်မရှိကြောင်းဆိုပြီးတော့ ကွင်းလုံးကျွတ် လွှတ်လိုက်တဲ့အမှုဟာ။ ကျနော်တို့ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ ကျနော်တို့ေ လးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ တရားမဝင်ဘူးလို့ သုံးနှုံးစွပ်စွဲလာတာကိုခံရတဲ့ အမှုကြီးပေါ့နော်”


တရားမဝင် ပစ္စည်းလို့ အကျဉ်းထောင်က သတ်မှတ်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတီရှပ်နဲ့ ဒေါ် အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ဖြစ်နေတဲ့အတွက် ဒါဟာ မဖြစ်သင့်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တယ်လို့ ယူဆတယ်လို့လည်း ပြောပါတယ်။


“အားလုံး အထွေထွေ ပါပါလိမ့်မယ် ခင်ဗျ၊ အားလုံးက ဝိုင်းဝန်း စိတ်ဝင်တစား စောင့်ကြည့် နေတာလည်း ပါပါတယ်။ ပြီးတော့ ဒီအမှုဖြစ်စဉ်ကိုကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်း တရားသူကြီးတွေ ကိုယ်တိုင်ကလည်း လေးလေးနက်နက် ယုံကြည်တာလည်း ပါပါမယ်။ တရားသူကြီးတွေမှာ ချုပ်ခြယ်လွှမ်းမိုးခံရခြင်း မရှိဘဲ လွတ်လပ်စွာ၊ တည့်မတ်စွာစီရင်ပိုင်ခွင့် သူတို့မှာ ရရှိသွားလို့လည်း ပါပါမယ်ခင်ဗျ”


မြန်မာနိုင်ငံရဲ့တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေဖို့အတွက် မတရားပြစ်ဒဏ်ချထာတဲ့အမှုတွေကို လည်း ဆက်လက်စိစစ်ပေးဖို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တောင်းဆိုပါတယ်။


“အစိုးရသစ်ရဲ့လက်ထက်မှာ ကျနော်ဟာ ပထမဆုံး အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားလည်း ဖြစ်ခဲ့ ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာပဲ နောက်တမှုနဲ့ အစွဲခံရပြီးတော့ ထပ်ပြီးအစွဲခံရ သူလည်း ဖြစ်ပါတယ်။


ဒါပေမယ့် အခု ၂ ပတ်ကျော် အကြာမှာပေါ့- နောက်ဆုံးစီရင်ချက် ချတဲ့ အချိန်မှာ ကျနော့်ကို ကွင်းလုံးကျွတ် လွှတ်လိုက်တယ် ဆိုတဲ့ အတွက်ကြောင့် ဒီ လပိုင်း အတောအတွင်းမှာ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့တော့ တည့်မတ်မှန်ကန်လာတယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာတယ်လို့တော့ ပြောချင်ပါတယ်။


ဒါပေမယ့် ဆုံးဖြတ်ခဲ့ပြီးသော အမိန့်များ- အဲဒါက လက်ရှိ ထောင်ထဲမှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ အမှုများကို၊ တရားစီရင်ရေးစနစ်ဟောင်းမှာ ဖမ်းဆီးထားခံရတဲ့သူများကို ပြန်လည်စစ်ဆေး ဖော်ထုတ်ပြီးတော့ မတရား ဖမ်းဆီးထားခံရသူများအရေးကိုလည်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဖြစ်နေတဲ့ အမှုတခုခုကို မှန်ကန်စွာ ဆုံးဖြတ်လိုက်ရုံနဲ့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်သွားမှာ မဟုတ်ပါဘူး”


ဗိုလ်ကြိးဟောင်းနေမျိုးဇင်ဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံရပြီး မကြာခင်ကမှ ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။


သူဟာ သွေးအကူအညီပေးရေးနဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အဖမ်းဆီးခံခဲ့ရပြီး နောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး ဒီအမှုကတော့ ပြန်လွတ်တဲ့နေ့မှာပဲ တရားစွဲဆို ခံခဲ့ရတဲ့အမှုလည်း ဖြစ်ပါတယ်။


နားဆင်ရန်


source by :
http://www.voanews.com

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 27, 2012

တိုကျိုတွင် လာမည့် ၄ နှစ်အတွင်း ငလျင်ကြီးများ လှုပ်ခတ်နိုင်ဟုဆို

Planet |ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုသည် လာမည့် (၄)နှစ်အတွင်း အလွန်အင်အားကြီးမားသော ငလျင်ပြင်းကြီးများ လှုပ်ခတ်မှုနှင့် ကြုံရနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ မြို့တော် အနေဖြင့် လာမည့် (၄)နှစ်အတွင်း ရစ်ခ်ျတာစကေး (၇)ထိရှိသည့် ငလျင်ကြီးများနှင့် ကြုံကြိုက်ရမည့် အနေအထားသည် (၇၀)ရာခိုင်နှုန်းထိ ရှိနေကြောင်း သိရသည်။ လာမည့် နှစ်ပေါင်း(၃၀)အတွင်း အဆိုပါ ငလျင်ကြီးမျိုးနှင့် တိုက်ရိုက်ထိတွေ့ရမည့် အခြေအနေမှာမူ (၉၈)ရာခိုင်နှုန်းထိ သေချာနေကြောင်း တိုကျိုတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။ ဂျပန်မှ ငလျင်တိုင်းတာရေး ကျွမ်းကျင်သူများက (၄)နှစ်အတွင်း ဂျပန်သည် သေချာပေါက်နီးပါး ငလျင်ကြီးတစ်ခုခုနှင့် ကြုံရနိုင်ကြောင်း သတိပေးထားသည်။

တိုကျိုတက္ကသိုလ်၏ ငလျင်သုတေသန ဌာနက ငလျင်၏ ပြင်းအားသည် ရစ်ခ်ျတာစကေး (၉)ထိ မြင့်တက်လာနိုင်ကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့်နှစ် အစောပိုင်းက ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ရာ နိုင်ငံ၏ အရှေ့မြောက် ကမ်းခြေ ဒေသတွင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၂၃၀၀၀)ကျော် သေကြေ ပျက်စီးခဲ့သည်။ တိုကျိုတွင် ဆောက်လုပ်ထားသော အဆောက်အအုံသစ် အများအပြားသည် ငလျင်ဒဏ် ခံနိုင်အောင် နည်းပညာ မြှင့်တင်ထားသော်လည်း အစိုးရက ပြင်းအားအဆင့် (၇.၃)ရှိသော ငလျင်တစ်ခု ရိုက်ခတ်ပါက လူပေါင်း (၅၆၀၀)မျှ သေကြေကာ အိမ်ခြေ (၈၅၀၀၀၀)မျှ ပျက်စီးနိုင်ကြောင်း ခန့်မှန်းထားသည်။

သုတေသီများ၏ ခန့်မှန်းချက်နှင့်မူ အစိုးရဘက်က အတည်ပြုရန် ငြင်းဆိုခဲ့ပြီး မတူညီသော ကွန်ပျူတာ အမျိုးအစားများအပေါ် အခြေခံ တွက်ချက်မှုအလိုက် ရလဒ် ကွာခြားနိုင်ကြောင်း ထောက်ပြခဲ့သည်။ ဂျပန်တွင် ကိုဘေးငလျင်ကြီးကြောင့် လူ(၆၄၀၀)ကျော် သေဆုံးပြီးနောက် (၁၉၉၅)မှစ၍ အဆောက်အအုံများ တည်ဆောက်မှုကို ငလျင်ဒဏ်ခံနိုင်မှု အဆင့်အတန်း သတ်မှတ်လာခဲ့သည်။

Source: Guardian

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 20, 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာလောက ကို စော်ကားလိုက်တဲ့ နတ်ကတော် သားစိုး


သားစိုး
..ခုတလော ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး နဲ့ ပါတ်သက်လို့ ဝေဖန်သံ ကဲ့ရဲ့သံ ထောက်ခံသံ ရှုံ့ချသံတွေ အမျိုးမျိုး အဖုံဖုံ ပုံစံများစွာ နဲ့ ကြားနေခဲ့ရပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့အညီ လူသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ဝေဖန် သုံးသပ် ခံစား ဖွင့်အန် ပိုင်ခွင့်ကို လေးစားတဲ့ အနေနဲ့ ကျွန်တော် နဲ့ သဘောတူတူ မတူတူ အတွေးအခေါ်များစွာ ကို တတ်နိုင်သမျှ အကောင်းဖက်က ကြည့်ရှုခံစားပေးခဲ့ပါတယ် ... ။

ကျွန်တော် ဟာ ၈၈ မျိုးဆက်ပေမယ့် တော်လှန်ရေးသမား လဲ မဟုတ်ပါ ... ကိုသူရ တို့ ကိုမင်းကိုနိုင် တို့လို ကိုယ်ကျိုးစွန့် အနစ်နာ ခံရဲတဲ့ နိုင်ငံရေး သမားလဲ မဟုတ်ပါ ... ကိုကျော်သူတို့ မရွှေဇီးကွက် တို့လို လူမှုရေးသမားလဲ မဟုတ်ပါ ... ရုပ်ရှင် ဂီတ စာပေ နဲ့ စစ်မှန်တဲ့ အနုပညာ မှန်သမျှကို မြတ်နိုးတန်ဖိုးထားတဲ့ အနုပညာ သမားတစ်ယောက်ပါ ...

၂၀၀၀ ခုနှစ် နောက်ပိုင်း အင်တာနက် နဲ့ လူမှုကွန်ယက် ကြောင့် ခေတ်မှီ တိုးတက်လာတဲ့ ဂီတ လောက မှာ HipHop ဟာ လျှင်မြန်စွာ ရေပန်းစားလာခဲ့ပြီး ဆယ်ကျော်သက် လူငယ်အများစု ကို အတိုင်းအတာကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ်

ဒီကနေပြီး Hip Hop ဂီတ ပညာရှင် လူငယ်များစွာ လဲ ပေါ်ထွန်းလာခဲ့ပါတယ်

မျိုးကျော့မြိုင် ရဲ့ " Rap သီချင်းဆိုရင် လုံးဝမကြိုက် " ကနေ စလိုက်တဲ့ Hip Hop ရဲ့ သက်တမ်းဟာ Acid, Theory, Sinergy စတဲ့အဖွဲ့တွေ ကနေ ခု ရေပန်းစား နေတဲ့ မြောက်များ လှစွာသော မရေတွက်နိုင်တော့တဲ့ လူငယ် တေးသံရှင် သစ်တွေ ပေါ်ထွန်းလာတဲ့ ထိပါဘဲ ..

ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုံးသပ်ခံစားမှု တစ်ခုပေါ်လာပါတယ်

ကျွန်တော် မှားချင်လဲ မှားမယ် မှန်ချင်လဲ မှန်မယ် ပေါ့လေ

ကျွန်တော် မြင်တာကတော့ Hip Hop ဆိုတာ Computer Program တစ်ခု နဲ့ ပိုတူပါတယ် အားလုံးက Acid, Pro Tools, Cu-base ဆိုတဲ့ Software တွေ နဲ့ ဖန်တီးထားတဲ့ Drum Beats တွေ ရဲ့နောက်မှာ Rhymes ဆိုတဲ့ ကာရန်တွေ နဲ့ အညီ ဖွဲ့စည်းထားတဲ့ ကဗျာ တွေကို Pre-Programmed Music တွေ နဲ့ စည်းချက်ညီအောင် ရွတ်ဆိုခြင်းပါဘဲ

ဒါကလဲ လွယ်ကူသလား ဆိုရင်တော့ မခက်ခဲပေမယ့် မလွယ်ကူပါဘူး

Hip Hop သမား သို့မဟုတ် Rapper တစ်ယောက်မှာ တခင်္ဏုပတ္တိ ဥာဏ် ဆိုတဲ့ ဖြတ်ထိုးဥာဏ် အရမ်းထက်မြက်ရပါတယ်

ဒီတော့ Hip Hop ကို ကျွန်တော် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် သေချာ မနှစ်သက်ပေမယ့်

သင့်တင့်တဲ့ လေးစားမှုတစ်ခု တော့ ပေးနိုင်ပါသေးတယ်

ဒါပေမယ့် မြန်မာ့ဂီတလောက မှာ ကျွန်တော် ဘယ်လို မှ မမျှော်လင့်ထားတဲ့ အကွေ့တစ်ခု ရုပ်တစ်ရက်ရောက်လာပါတယ် ...

အဲ့ဒါကတော့ မြန်မာသံစဉ် သီချင်းတွေကို နတ်ကတော် ဒိုး တွေလို Drum Machine တွေ နဲ့ တီးထားပြီး မြန်မာ သံစဉ်တွေကို Hip Hop ပုံစံဝင်အောင် ဇွတ်ဆွဲယူ ဖန်တီးထားတဲ့ ဘာမှန်းအမည်မတတ်နိုင်တဲ့ မျိုးမစစ်ဂီတ တစ်ခုပါဘဲ ...

အဲ့ဒိဖန်တီး မှု ရဲ့ အကျိုးဆက်အနေနဲ့ ..
ကျေးလက်နေ လူတန်းစားတွေ ...
ဂီတ ကို ဖျော်ဖြေရေး အနေ ထက် ပိုပြီးတန်ဖိုးမထားတတ်တဲ့ ...
ထားရကောင်းမှန်းလည်း မသိတဲ့ ...
လူတန်းစားတစ်ရပ်အတွက်
(မြန်မာသံ Hip Hop ) ဆိုတဲ့ အမျိုးမစစ်တဲ့ အပေါစား ရောယှက် ဂီတ ကုန်ပစ္စည်းတစ်ခု ကိုအမှီပြုပြီး သားစိုး ဆိုတဲ့ (တောကြိုက် Rapper) တစ်ယောက် ထင်ပေါ်လာခဲ့ပါတယ်

ဒါ သားစိုး ရဲ့ သမိုင်းပါ ...

သူဟာ ယနေ့စာရေးနေချိန် မတိုင်ခင်အထိ မြန်မာ ဂီတသမား စစ်စစ် များရဲ့ ခေါင်းထဲမှာ ဟာသပျက်လုံးတစ်ခု ထက် ပိုပြီး နေရာမယူနိုင်ခဲ့ပါဘူး

ဒါပေမယ့် ယနေ့ ထွက်လာတဲ့ ပေါ်ပြူလာသတင်းဂျာနယ် ရဲ့ အင်တာဗျူးတစ်ခုမှာဖြင့် ....

"ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည် ကောင်းစားဖို့ကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုပဲ ထောက်ခံသွားမယ့် သားစိုး"
" ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ် တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက် နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ အထဲမှာ မတွေ့ခဲ့ရပါဘူး။ တွေ့ဆုံမှုထဲမှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲ " ဆိုတဲ့ အမေး ကို တော့ သားစိုးက

”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။

ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။

ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။ အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့ နှာဘူး ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်”

လို့ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ”အရင် ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက် တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ”
လို့ ပြောပါတယ်။

(လင်းအက္ခရာ)

ဆိုပြီးပါလာပါတယ် ...

သူ့ဘာသာ ဘာပြောပြော ဘယ်လို နေနေ ကျွန်တော် ဘယ်လို မှ အလေးမထားသလို ခံစားနေဖို့တောင် စိတ်ကူးမရှိပါဘူး ဒါပေမယ့် သူငယ်ချင်းတစ်ယောက် က တို့ထိ လာလို့ ဖတ်လိုက်မိတဲ့ ... သူပြောခဲ့တဲ့ ... စကားတစ်ခွန်းက ကျွန်တော့် ရင်ဝ ကို ဆောင့်ကန် ခံလိုက်ရသလို ခံစားလိုက်ရပါတယ် ..

" ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ ".. တဲ့
အမေစု ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ

ခုထိလဲ အမေစု ဘာတွေ လုပ်ပေးနေသလဲ ဆိုတာ သားစိုး အိမ်ရှေ့ ဆိုက်ကားဂိတ် က ဆိုက်ကားသမားတွေ နဲ့ သူတို့ ထိုင်တဲ့ လဖ္ဘက်ရေဆိုင်က စားပွဲထိုးတွေ ကို မေးရင်တောင် သိနိုင်တဲ့ အဖြေပါ

အမေစု ကိုတောင် ဒီလိုမေးခွန်းထုတ်ရအောင် သူဟာ မြန်မာ့အကျိုးကို ဘယ်တုန်းက ဘယ်လောက် သယ်ပိုးခဲ့ပါသလဲ
မြန်မာတွေ အတွက် သူဘယ်လောက် အနစ်နာခံခဲ့ဖူးပါသလဲ

သားစိုးဆိုတာ မနေ့တနေ့ကမှ နတ်ဆိုင်းသံတွေကို Drum Machine နဲ့တွဲပြီး မြန်မာသံစဉ်ကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီး အမြတ်ထုတ် ခဲ့တဲ့ ပေါ်ပင်လိုက် တောကြိုက် အညတြ ကောင်ပါ

ဒီလိုကောင်က ခုမှ နားထင်သွေးရောက်ပြီး အမေစု ကိုရော
အမေစု ကို ထာဝရ လေးစာချစ်ခင်ခဲ့ ပေသော်လည်း လက်ရှိ အစိုးရရန်ကိုကြောက်နေရလို့ မခေါ်ပြောရဲပေမယ့် ကိုသူရ ဦးဆောင်ဖိတ်ခေါ်မှုကြောင့် ပူးပေါင်းပါဝင် ကျိုးစားနေစဖြစ်တဲ့ အနုပညာ သမားတွေ အားလုံးကို ...

" သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။
သာကူး နဲ့ နှာဘူး၊ ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ် ”
လို့ တိုက်ရိုက်စော်ကားလိုက်ပါတယ် ၊

ဒီတော့ ကျွန်တော့်မှာလဲ ကျွန်တော့် အသိုင်းအဝိုင်းထဲမှာ မသန့်တဲ့သွေးကိုဖေါက်ထုတ်ဖို့ တာဝန်တစ်ခုရှိလာပါတယ်

တစ်ကယ်တန်း သားစိုး ဆိုတဲ့ ချာတိတ် ပြောတဲ့ စကားကမှ သူကတော့ တကယ် မသေချာမခြင်း ဘယ်သူနဲ့မှ မပေါင်းစည်းဘူး ဆိုတဲ့ သာကူးအစစ်ရဲ့ အတ္တကို ကွတ်တိထင်ဟပ်နေတာ လုံးဝ သိသာထင်ရှားပါတယ် ..

ဒါကြောင့် ကျွန်တော်ချစ်တဲ့ မိတ်ဆွေ ပရိသတ်ကြီးကို ကနေ့ကစပြီး ဘာမဟုတ်တဲ့ ပါမွှား နတ်ကတော် သားစိုး ရဲ့ နတ်ဆိုင်းသီချင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် ကိုသူရ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် အစရှိတဲ့ သူရဲကောင်းတို့ရဲ့ မျက်နှာကို ထောက်ထားခြင်းအားဖြင့် လုံးဝ ဆန့်ကျင် ဖို့ အားမပေးဖို့ တိုက်တွန်းလိုက်ပါတယ် ...

သားစိုး ဒီစာကိုဖတ်မိမယ်လို့ မျှော်လင့်သလို ဖတ်မိတဲ့အခါမှာ အရာအားလုံးက နောက်ကျသွားလေပြီဆိုတာ သူသဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ် ..

ကျွန်တော် ဘယ်တော့မှ သည်းမခံမယ့် အထိခိုက် အပုတ်ခတ် မခံမယ့် ကျွန်တော်ချစ်တဲ့သူတွေ စာရင်းမှာပါတဲ့ " အမေစု " ကိုစော်ကားလာရင် ကျွန်တော် ဘယ်တော့မှ ဘာကောင်ကို မှ ဘာအကြောင်းပြချက် နဲ့ မှ သည်းခံ နားလည် ပေးမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာသတိပေးလိုက်ပါတယ် ...

ထာဝရ မေတ္တာဖြင့်

မျိုးချစ်မြန်မာ (Facebook)

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, January 15, 2012

ဗိုလ်ခင်ညွန့် ကို ခွင့်လွှတ် မြန်ကြသူများ အတွက်

(ဓာတ်ပုံ - မဇ္ဈိမ)
ဦးခင်ညွန့်ကို လွှတ်လိုက် တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ် ကြည့်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့ လူဟာ ပြန်လည် ထင်ပေါ် လာနိုင်သေးလား ဆိုတာ စမ်းကြည့် တာလဲ ဖြစ်နိုင်တယ်။ သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေ ရှိတယ် ဘာဘာ ညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွား သွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်း ဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ် အစိုးရဖွဲ့ ဖို့  နှောင့်နှေး ခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင် သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေ ဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြ သွားတာ သူပဲ။ အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင် လိုက်ရတယ် ဆိုတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ အလှည့်စား ခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ် နှိမ်နှင်းရေး တွေကို လူ မဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ သူပါပဲ။

ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေး စခန်းတွေက ငရဲခန်း နှိပ်စက်ခန်း တွေဟာ သူ့ စနက်တွေ ချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်း တာက အစ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက် ပျက်အောင် လုပ်တဲ့ အထိ ဆိုးရွား ခဲ့တာ သူပါပဲ။

ရေကြည်အိုင်ကို ၀င်သွားတဲ့ သူမှန်သမျှ အကောင်းအတိုင်း ပြန်ထွက် လာတယ် ဆိုတာ အလွန် ရှားပါတယ်။ လူမသိ သူမသိ လက်လွန် သွားတဲ့ သူတွေ ဘယ်လောက် ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက် တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကို တို့နဲ့ ခဏ လိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ် ခံရမလဲ ဆိုတဲ့ အကြောက် တရားမျိုးကို လူတွေ စိတ်ထဲ ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။ နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်း ကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ သူပါ။

စစ်သားတွေဟာ မျက်ကန်း မျိုးချစ်နဲ့ ငါ တကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ် ခင်ညွန့်လို ပါးပါး နပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သား မဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည် ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင် ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာ ပေးခြင်း ခံခဲ့ရတာပါ။

ဦးနေ၀င်း ဆင်းပြီး သူ့ သြဇာခံတွေလဲ ထည့်မရတဲ့ အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံး လက်နက် အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊ တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် မျိုးညွန့်တို့ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲ သူက ဗိုလ်ချုပ် ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေ ကိုလဲ အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ် ရောက်သွားလို့ ခံလိုက်ရတာ။

သေနတ် ရှိမှ နေရာ မြဲတဲ့ စစ်တပ် ထဲမှာ စစ် ကောင်းကောင်း မတိုက်တတ်၊ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ခင်ညွန့်ဟာ သူ့ အခြေအနေ မကောင်းဘူး ဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေး လုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခို အဖွဲ့ ၊ လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်း အဖွဲ့တွေ အဖြစ် ဖန်တီးပြီး ကျောထောက် နောက်ခံ ရအောင် ကြိုးစား ခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့် တို့ဟာ မြန်မာ လူမျိုးထဲတောင် ပါဝင်ခွင့် ရခဲ့ ပါတယ်။ သူ့ ကြောင့် ငြိမ်း အဖွဲ့တွေ သူတလူ ငါတမင်း လုပ်ချင်တိုင်း လုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည် သွားတာဟာ နောက်ဆုံး သူ ဒုက္ခ ရောက်မယ် ဆိုတာကို သဘောပေါက် လာပါတယ်။

စစ်အစိုးရ အနေနဲ့ ရည်ရှည် သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက် တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီ အချိန်မှာသာ သူ့ကို ပေးက ခဲ့ရင် အခု ပုဆိုး ၀တ်ကြီးတွေကို ဗီလိန် နေရာထားပြီး သူက မင်းသား နေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချ ခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ် ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ် ပါဘူး။ ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြော တတ်ဘူး။ စစ် တက္ကသိုလ် ဆင်းလဲ မဟုတ် ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်း နဲ့ပဲ လုပ်တတ် ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့ သူပါ။ ကဲ ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာ မလိုဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ အတွက် အချိန် မရှိလို့ပဲ။ တခြား တိုးတက်ရေး လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် နိုင်ငံ တိုးတက်ရေးမှာ ၀င် မနှောင့်ယှက် နိုင်အောင်တော့ သတိထား နေရမယ်။ သူ လုပ်ခဲ့တာတွေကို တော့ မေ့မပစ်ပဲ ထပ်မခံ ရအောင် သင်ခန်းစာတော့ ယူရမယ်။

မောင်ညီ MMCP


ဦးခင်ညွှန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား

၁ - စစ်အစိုးရ တတ်ခါစမှာ သူ တစ်ဦးတည်းမှာ ပါဝါ အပြည့် ရှိတယ်လို့ ပြောလို့ ရလောက်အောင်ကို ပါဝါရှိပါတယ်… အဲ့အချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့ လူ့ဘောင်သစ် ပါတီဝင်တွေကို ဘယ်လို့ ဘ၀တွေ ရိုက်ချိုး ခဲ့တယ် ဆိုတာ ပြန်ပြောပြဖို့ လိုမယ် မထင်ပါဘူး… မန္တလေး သံဃာ့ အရေးအခင်း ကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်း အကျဉ်းချ ခဲ့ပါသလဲ….

၂ - အာဏာ တည်ဆောက်ပုံ… ကြမ်းတဲ့ နေရာမှာ သူ့လောက် ဘယ်သူမှ မကြမ်းပါဘူး… သူ့ အထက်က ဦးစောမောင် ၊ သူ့ လယ်ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည်တို့ အုပ်စု ၊သူတွေကို ဘယ်လို ရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေတောင် သူ့ ပါဝါ သူအသာလေး စုနေရတဲ့ အဆင့်ဘဲ ရှိသေးပါတယ်… နောက် ဦးတင်ဦး ကေစ့်… မသေမချင်း လုပ်ကြံ ခံရတာ သူ့ကြောင့် မဟုတ်ဘူး ဆိုရင်တောင် သူ အကာအကွယ် မပေးနိုင်ခဲ့တာ ဟာလည်း သူ့ ကိုယ်သူ လုံလှပြီ လို့တော့ ပြောလို့ မရနိုင်ပါဘူး… နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ် သုတ်ခ အလုပ်မှာ တချက်၊ သူ့ လူတွေ လည်လွန်းပြီး - ချီးနင်းမိ နေချိန်မှာ တချက် အခြေပျက် သွားလို့သာ သူ ခံလိုက်ရတာပါ။

အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန် အရှိဆုံးလည်း ဆိုတာ ပေါ်လောက် ပါပြီ။ ဦးသန်းရွှေက သူ့လောက် မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာ လုပ်ရင် လူသိတာ များတယ်… သူ မဟုတ်တာ လုပ်တာ လူသိပ်မသိဘူး… သူက ဆင်ဖြုမရှင်နဲ့ စုဘုရားလတ် ပုံစံ တဘက်က ပွဲခင်းပြီး တဘက်က လူသတ်တဲ့ သူစားမို့ပါ… သူ လုပ်သွားတာ အားလုံးဟာ ဆန်းဆန်း ပြားပြား မပါပါဘူး… တကယ်တော့ သူ သိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက် ငခြောက်ကောင် ကလည်း အဲ့လို နေရာလေးသာ ရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ ရတယ်လို့ ကြွေးကြော် ချင်ပါတယ်… ဘာကြောင့်လဲ မေးရင်တော့ မြန်မာ လူမျိုးတွေက မြန်မာ လူမျိုးတွေမို့ ပါဘဲ….

အခုတောင် ဖေ့စ်ဘုတ်မှာ အရင် ထောက်လှမ်းရေး အတွက် အသုံးတော် ခံခဲ့တဲ့ 7days ၊ voice ၊ eleven တို့က တဖြည်းဖြည်းနဲ့ မင်းကိုနိုင် တပုံ သူ့ ပုံ တပုံ တင်ပြီး စည်းရုံးရေး ဆင်းနေပါပြီ… အားလုံး ကလည်း ဘဘကြီး နေကောင်းလားတို့ အရမ်း ၀မ်းသာတာဘဲတို့ ဖြစ်ကုန်ကြရော…. ကျုပ်တို့ လူမျိုး ကလည်း မေ့တတ်တာကို…. ၁၉၈၈ အရေးအခင်း ဖြစ်တယ်… အရေးအခင်း ပြီးတာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့… မေ့ကုန်ပြီ… မသေတဲ့ မိသားစု တွေက… ၁၉၉၀ ရွေးကောက်ပွဲ လုပ်တယ်… မနက်ဖြန်ဘဲ ပေးမလိုလို လုပ်နေလိုက်တယ်… ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော… အမှတ် မမှားရင် လွတ်တော် ခေါ်မယ်ကို ၁၉၉၁ - ၉၂ နှစ် လောက်မှ ကြေငြာတာ ရွေးကောက်ပွဲ ပြီးတယ်… ၁၉၉၃ ညီလာခံ ခေါ်တယ်… တနှစ် တကြိမ် တခါတလေ ၂ - ၃ကြိမ် ခေါ်တယ်… လူတွေ ဆူပူမှာ ဆိုးလို့ မြို့တော်ဝန် မာရသွန်….. ပြေးလိုက်ကြ တာဘဲ… တီကို ကားရအောင်လို့…. နအဖ ဖလား လှေသဘင်၊ မြင်းခင်း သဘင်၊ ဟောပြီးတော့ အမျိုးသား အားကစား ပွဲတော်၊ နောက်တော့ ကျောင်းသား အားကစား ပွဲတော် လုပ်ပေးတယ်၊ ဒါတွေဟာ ပုံမှန်ပါဘဲ… တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတယောက် အတွက် တကယ့်ကို ပုံမှန်ပါဘဲ…. အခု အွန်လိုင်းမှာ ဟော့နေတဲ့ မြန်မာ့ အင်တာနက် ဖောင်ဒါ ဆိုတဲ့ စကားလုံး…. မှားတယ်… ပုဂံ ဆိုက်ဘာကို စလုပ်တဲ့ ရည်ရွယ်ချက် ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်း အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ… သူမလုပ်ရင် သူ ကျန်ခဲ့တော့မယ်…

အဲ့နောက်ကနေမှ လူတွေ မသုံးနိုင်တဲ့ ဈေး၊ လူတွေ မသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထား ပေးလိုက်တာပါ… ဒါလည်း လေးစား လောက်စရာ မရှိပါဘူး… သူနိုင်ငံ အုပ်ချုပ် နေတဲ့ သူတယောက်… သူ့ အလုပ် သူ လုပ်ရမှာပေါ့… ဒါ ကျွန်တော်

တို့က ပိုပြီး ချီးကျူး ထောပနာ ပြုနေစရာ ဘာလိုလို့လဲ…. ကောင်းတာကို ချီးကျူး ခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူလုပ်ပါ… ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ … ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့… နောက် လူတွေ ပြောတဲ့ မာလ်တီ မီဒီယာ… ဟားတိုက်တာ ရယ်ချင်ရဲ့… စက်ရှိတယ်.. ရုပ်ပြ၊ အင်တာနက် ကနေ စာသင်မယ်တဲ့ မီးမလာဘဲ… အဲ့တော့ အဲ့တာ တွေဟာ အပိုဆိုတာ သဘောပေါက်ပေါ့… ထမင်းကျွေးလို့ ထိုင်စားမယ့် လူကို ထမင်းသိုး ဟင်းသိုး ကျွေးတာ ထုတ်ပြီး ချီးကျူးလောက်တဲ့ သူဟာ ထမင်းသိုး ဟင်းသိုး ကြိုက်တဲ့ သူဘဲ ဖြစ်မှာပေါ့…

နောက်တခု မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်း… ဒါဟာ တပ်တွင်း အားပြိုင်ဖို့လောက် နေရာ တခုပါ… အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ… သူ့ မိန်းမက ဒေါက်တာ ဆိုတော့ ပိုပြီး လူဝင်ဆန့်တော့ ဒါကို တည်ခဲ့တာဘဲ…. နောက် အတန်း ပညာရေးကို ဘယ်လောက်ထိ ဖျက်ဆီး ပစ်တယ် ဆိုတာ အားလုံး အသိပါ… မအောင် မနေရ အတန်းတင် ပညာရေး စနစ်ဟာ သူ့ကြောင့် ပေါ်ထွန်း လာတာပါ။ အဲ့ဒီ ပညာရေး စနစ်က ထွက်လာတဲ့ သူတွေ အခု အချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ခြင်း တူရင် ဒီပလိုမာခြင်း တူရင် ဘယ်သူက ခေါင်းမော့ ရင်ကော့ ရပ်တည် နိုင်ပါသလဲ… ကိုယ့်ဘာသာ ကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်… အဲ့လောက် ဆိုရင် သူ့ ဘာလဲသိလောက်ပါပြီ…

သူဟာ ရုပ်ရှင် သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်)ရဲ့ ညီလို့ မပြောရဘူး သရုပ်ဆောင် ကောင်းသူပါ… ဘုရား ထီးတော် တင်ရင် ဆုတခုဘဲ တောင်းတယ်… နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီး အေးချမ်းပါစေ… တဲ့ (နည်းနည်းတော့ စကားလုံး ကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန် ပါပါနဲ့ ဆုတောင်းလို့ လူကောင်း ထင်နေရင်တော့ မှားမှာပေါ့…

ကျွန်တော် အိမ်ကနေ ရှေ့ တပြက ဘုရား သူထီးတင်ခဲ့ သလို ကျွန်တော့် လမ်းထိပ်က ကကလှမ်း ရုံးမှာလည်း သူ့ တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်…. အဲ့တော့ မိချောင်း မျက်ရည်လို့သာ ပြောချင်တယ်… သူ့ အကြောင်း ထဲကနေ ကောင်းတာလေး တခု နှစ်ခု လောက်တော့ ရှိတာပေါ့… သူ့ တပ်မတော် ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်း ယူဖို့ အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ ပုံစံ ချိုးယူ တာမျိုး အာဆီယံမှာ သူ့တပည့် ဦးဝင်းအောင်ကို အလှည့် အပြောင်း လာတော့မယ် ဆိုတဲ့ စကားထွက် စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ် ဆိုရင်ပေါ့…. ဒါပေမယ့် ဒီလူဟာ ကျွန်တော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလို ပြောရရင် မှင်အနက်ဘဲ… ဘယ်လို မှင်နဲ့မှ သူ့ကို အရောင်ပြောင်းလို့ မရနိုင်ဘူး… သူဟာ လူ

မကြမ်းဘဲ စိတ်ဓါတ်ကြမ်းတဲ့ အတွင်းကောက် သမားပါ…ကျေးဇူး

ဗလ (MMCP)


ရွှေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသား အရေးအခင်း ဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျ မသိဘဲလို့ ဆိုရအောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင် လတ်လတ်ကြီး ညွှန်ကြား နေတာကွယ့်။ လှည်းတန်းမှာ နံနက် လင်းအားကြီး ကတ္တရာ လမ်းပေါ်ထိုင် လက်ချင်း ချိတ်တွဲ ထားတဲ့ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ် အတင်း ထိုးခွဲ ကားပေါ် ပစ်တင်ခိုင်းတာ အခု ရွှေဘို ထောင်က လွှတ်တဲ့ထဲ ပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင်တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူး ထင်တယ်။ အမိန့်ရ အနီးကပ် ညွှန်ကြား သူပေါ့။ ထောက်လှန်းရေး တစ်စု ရက်ရက် စက်စက် နှိမ်နင်းခဲ့တဲ့ မန္တလေး သံဃာ့ အရေးအခင်း ဆိုတာလဲ မှီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသား တစ်ယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်း ကျောင်းသူတောင် မချန်) ထောင်ထဲ ဖမ်းထည့် ပလိုက်တာကော သူ တော်တဲ့ အချက်လို့ ပြောဦး မလား။ မျှားခေါ် တတ်လိုက်တာ ပေါ့နော် အဲဒီ တ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံ အကြောင်း အကောင်း အဆိုး နည်းနည်းတောင် မဟ၀ံ့ ၊ ကချင် ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစု ပုံတောင် မထားရဲတဲ့ သာမန် ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်း စကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီး အကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။ …………………………………….

ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော် ဘွဲ့တွေ ရွတ်နေကြ ပါစေ ကျနော်တော့ သူ့မျက်နှာ မြင်တာနဲ့ ပထမဆုံး ပြေးမြင် မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

အဘညွှန့် ဘာလုပ်ခဲ့ သလဲတော့ မသိပါဘူး အဘညွှန့်ရဲ့ သားသမီး အမ်အိုင် တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ်ပေါ် တင်တင် ဖွင့်ရဲလာတာတော့ အတော် ထင်ထင် ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီး ကျေးဇူးတင် ရမယ် ဆိုရင် ကိုရင် ချက်ကြီးတို့ ပြည်တွင်းဖြစ် ကုန်ကြမ်း ရစေဖို့ စတင် မိတ်ဆက် ကျေးဇူး ပြုခဲ့တာ အဘ ညွှန့်ရဲ့ အမ်အိုင် တွေပဲ။

ဒါပေမဲ့ သူ လွတ်ခြင်း မလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစား မိပါဘူး၊ အကျဉ်းကျ နေသူ လွတ်မြောက်တဲ့ အတွက် မုဒိတာပွား ပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရား နွံထဲ ဆွဲချ ခဲ့တဲ့ အဖွဲ့အစည်းကြီး တစ်ခုကို ဦးဆောင် ခဲ့တဲ့ သူတစ်ယောက် ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

မော်ကင်းလေး


မခံခဲ့ရဘူးတဲ့ သူတွေကတော့ ခံခဲ့ရတဲ့ အမြင်ကို ဘယ်သိ မလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ.. ဖြစ်ခဲ့တာတွေ၊ လူဘ၀ သက်တမ်း တ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ် ကိုယ်နေတာတောင် ကြီးလန့်စာ စားနေ ခဲ့ရတာတွေ၊.. ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ် ပေးတဲ့ သူတွေ facebook ပေါ်မှာလဲ အတော်များသား ကလား။ ဒီလူကြီးရဲ့ လက်တံက တော်တော် ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့် ဟောင်းတွေ တော်တော် များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့ အတိုင်း ဉာဏ်နီ ဉာဏ်နက်၊ ကလိမ်ကကျစ် ဉာဏ်ကတော့ တော်တော် ကြောက်ဖို့ ကောင်းရိုး အမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျတာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။

သွားလေသူကြီးက မြွေပွေး တစ်ကောင်ကို ပခြုပ်ထဲ ထည့်လိုက် တာပါ။ (သူတို့ အာဏာ ထိပါးမှာ မြင်လို့လား မသိ) ခုတော့ မြွေပွေး တစ်ကောင် ပြန်လွတ်လာပြီပေါ့။

xxMMCPxx


သူတို့ တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ် သားသား အသာစီးရ အပေါ်စီးက နေပြီး လုပ်ခြင် သလို လုပ်ခဲ့ကြတယ်။ ကျတော် တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပစ်ခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီး ရလာရင်

ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာ တွေကို စိတ်မ၀င်စား တော့ဘူး။ အားလုံး အတူတကွ လက်တွဲ နေထိုင်ရေးကို ပိုဦးစား ပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီး ခံခဲ့ကြရတယ်။

တစ်ခါ တစ်လေ တော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ချင် လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစ္ဆာန် မဟုတ်ဘူး လို့ ပြန်စဉ်းစား လိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ် သွားတယ်။ လူ အဖြစ်ကို အဆုံးရှုံး ခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တစ်ကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစား စရာတွေ ဖြစ်လာ ခဲ့တယ်။

အခု အချိန်မှာ အခုလို လွှတ်ပေး လိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့် သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာအောင် လုပ် ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေ အားလုံး ရင်သပ် ရှုမော စရာ ဖြစ်သွားတယ်။ မြစ်ဆုံ ကိစ္စ အကျဉ်းသား လွတ်ပေးရေး ကိစ္စ တွေမှာ သေသေ ချာချာ ပလန် ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက် တွေလို ကျတော်လည်း အစ်ကို တစ်ချို့နဲ့ အမြင် တူတယ်။

သစ်တာကြီးပေါ် ကျောက်တုံး တင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုး ဆိုတဲ့ အဖြစ်မျိုး ဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တစ်ပြိုင်နက် ထွက်ပြီးမှ ဆိုတာ လေးကို ပိုပြီး သိခြင်လာတယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေး ပါလား။

အခု တစ်လော မြောက်ပိုင်း ကျောင်းသား တပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန် နေတယ်။ ခွင့်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံ သင်ဘူး။ အရေး ယူတာ မယူတာက နောက် တစ်ပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ နောက် တစ်ပိုင်းပါ။ ထို့အတူ ဒီပဲယင်း ဆိုတာလည်း လူ အများအပြား လူ မသိ သူမသိ၊ လူလို သူလို မဟုတ်ဘဲ အသက် ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့်လွှတ် နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အပြည်အစုံ ရှိသင့်တယ်။ နောက် လူတွေလည်း သိသင့်တယ်။ အခုဘဲကြည့် ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင် နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်း သင်တာပါ ဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန် အမှတ်ရကြပါ။

ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်း သလား ဆိုး သလား တော် သလား ဆိုတာတွေ ဆွေးနွေးခြင်ရင် နိုင်ငံရေး သရက်ထဲမှာ သူ့အမည်နဲ့ သီးခြား တစ်ခု ရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျှော်လေ မလားလို့ အကြံ ပေးတာပါ။ ကျတော် ဂရုပြု မိသလောက် အမည်ကျော်တွေ ထဲမှာ ကိုယ်ကိုယ့်ကိုယ် publicity ဖြစ်အောင် promotion ကို သေသေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန် အကုန်ခံပြီး လုပ်ယူတဲ့ လူ နှစ်ယောက်ကို တွေ့မိတယ်။ တစ်ယောက်က ကျော်ဟိန်းပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ် အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တစ်ကျ လုပ်သွားတာပါ။ နောက် တစ်ယောက် အခု မြို့မေတ္တာ ခံယူ နေသူကြီးပါ။

လူတွေဟာ တစ်ခုခုကို အများထဲက ရွေးရတော့မယ် ဆိုရင် ယဉ်ပါးနေတဲ့ ကြားဘူးတဲ့ အရာကိုဘဲ ရွေးတယ် ဆိုတာ စနစ်တကျ လေ့လာချက် များမှာ တွေ့ရှိရတဲ့ လူ အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် ဆိုးတဲ့ ကိစ္စနဲ့ဘဲ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စိ ထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါ တလည်းလည်း ၀င်အောင် လုပ်ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည် လူဟာ တစ်ခုခုကို ရွေးရတော့ မယ်ဆိုရင် မသိ စိတ်ကနေပြီး သူ မကြာခဏ ကြားဘူး နေတဲ့ အမည် ကိုဘဲ ရွေးတော့တယ် ဆိုတာ အခြေခံ မားကက်တင်း နိယာမ တစ်ခုပါ။ ဒါကို တီဗီ မင်းသားကြီးက ကောင်းကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူ ကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုး နေတဲ့ မဆလ မားကက်တင်း နည်း စနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည် တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူ လုပ်ခဲ့သူတွေကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူး ဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး

လက်ခံ သွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။

အောင်အောင်ဦး
ခင်ရတနာ(facebook) မှ


ဒေါ်စု ကို အပျော့ဂိုဏ်း ခင်ညွန့်က စကား ပြောချင် နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့် ဆိုပြီး ဆရာ တပည့် နှစ်ယောက် အပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပြီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။

ထောက်လှမ်းရေး တွေကို သန်းရွှေက လိုက် ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေ အိမ်မှာ ရွှေတွေ ပိသာ များစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွာ နံရံမှာ မြုပ်ထားတယ်။ ထူးခြား တာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင် တွေမှာ ဘုရား မရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။

ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်း အလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက် ဖြုတ်ရာမှာ အဓိက ဇာတ်ကောင်လို့ စွပ်စွဲ ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန် ပို့ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့ နေရာမှာ ကျော်ဝင်း ခိုးဝှက် ထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ (ဆယ် ဂဏန်းလို့ နီးစပ် သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီ အချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာ သံရုံးမှာ ရှိနေတုံးပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ် က အကုန် စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပြီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့ အခါ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏ နေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းလဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်းစိမ် ခံနိုင်မှာမို့ ဟန်ကို ကျလို့။ ကနေ့ အမေရိကန် အစိုးရက အောင်လင်းထွဋ်ကို လုံးဝ နိုင်ငံရေး ခိုလှုံခွင့် မပေးပါ။ အမေရိကန်မှာ နေခွင့်သာ ပေးတယ်လို့ နိုင်ငံခြား သတင်း တခုမှာ ဖတ်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြား မတန်အောင် မြန်မာ့ အလင်း သတင်းစာ ကနေ ဆောင်းပါး မျိုးစုံနဲ့ အပုတ် ချခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး အရာရှိတွေ ဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်လ်ဒီကို အောက်လမ်း နည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါရှင့်

(မြင့်မိုဦး facebook မှ စုစည်းတင်ပြချက်)

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, January 10, 2012

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု စတင်



နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ရန်ကုန်တွင် စတင်လိုက်ပြီ ...



ဇန်န၀ါရီ ၇၊ ၂၀၁၂ ၊ နံနက် ၁၀ နာရီ “နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု” အဖွဲ့ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ အိမ်သို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုကို ယနေ့စတင်လိုက်သည်။ ယခုလှုပ်ရှားမှုတွင် အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်...ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့မှ ပါဝင်သည်။ နံနက် ၈ နာရီ ၃၀ တွင် တာမွေပလာဇာရှေ့မှ လူအင်အား ၁၀၀ ၀န်းကျင်ခန့်ဖြင့် စတင်ထွက်ခွာထွက်ခွာကြသည်။ ပထမဦးဆုံး တာမွေဗလီအနီးရှိ ဦးကျော်မင်း (CRPP အဖွဲ့ဝင်) အိမ်သို့ သွားရောက်သည်ဟု သိရသည်။ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ နေအိမ်များသို့ သွားရောက်မည်ဟု သိရသည်။ 


သတင်းရင်းမြစ်.....Yangon Press Internationalနှင့်Burma VJ Media Network


မနန္ဒာ မှ မျှဝေ ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, January 08, 2012

မလေးငယ် ဆိုသော မလေးရှားရောက် အမျိုးသမီးငယ် တစ်ဦးမှ အိတ်ဖွင့်ပေးစာ..။

မလေးငယ် ဆိုသော မလေးရှားရောက် အမျိုးသမီးငယ် တစ်ဦးမှ အိတ်ဖွင့်ပေးစာ..။
(ကြည်ဝါထွန်း)

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက် ပေါ်ကပဲ အိတ်ဖွင့် ပေးစာ အနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေ များတော့ စာက နည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေး စေချင်ပါတယ်နော်။ ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာ မိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမ စသိတာတော့ နည်းနည်း ကြာပါပြီ။ ညီမ သူငယ်ချင်း တစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြား နိုင်ငံသား တွေနဲ့ တွဲပြီး အခြေအနေ ဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက် တူတဲ့ လူတွေ စုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင် မယ်တဲ့။ သူ ပြောတာ ကြားတော့ ညီမလေး ဝမ်းသာ လိုက်တာ။ သူ့ကိုတောင် ပြောလိုက် သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။ ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာ မိန်းကလေးတချို့ဟာ တခြား နိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေ ဆိုးနေတာ ကြာပါပြီ။

ညီမ မလေးရှားကို စရောက်တည်းက မြန်မာ မိန်းကလေး တွေနဲ့ ပတ်သက်ပြီး အဆို နှစ်ခု ကြားရပါတယ်။ တစ်ခု ကတော့ ဖုန်းတစ်လုံး ဝယ်ပေးရင် မြန်မာ မိန်းကလေး တစ်ယောက် ရပြီတဲ့။ နောက် တစ်ခုကတော့ မြန်မာ ယောင်္ကျားလေး တွေက ပြောတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်လို့ မိန်းမ ယူမယ် ကြံရင် မလေးရှားကို ရောက်ဖူးတဲ့ မိန်းမ ဆိုရင်တော့ ဝေးဝေး ရှောင်မယ်တဲ့။ ညီမလေ အဲ့စကားတွေ ကြားရတော့ တော်တော် စိတ်မကောင်းပါဘူး။

အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက် ရတော့ ညီမ တော်တော် ပျော်မိတယ်။ ညီမ ကိုယ်တိုင်လဲ အပြင်တွေ ဘာတွေ သွားရင် မြန်မာ မိန်းကလေးတွေ လူမျိုးခြား ယောက်ျားလေး တွေနဲ့ တွဲနေတာ မြင်ရင် မချိအောင် နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန် အိမ်ကို ပိုက်ဆံပို့တဲ့ အချိန်ရယ် ချက်ဖို့ ပြုတ်ဖို့ ဈေးမသွား မဖြစ် ကိုယ်တိုင် သွားရမယ့် အချိန်ရယ်။ ဒီ နှစ်ချိန်လောက်ပဲ အပြင် ထွက်တာပါ။ ဒါတောင် ညီမ ထွက်တိုင်း မိန်းကလေး တွေကို တခြား လူမျိုးတွေနဲ့ တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေး ကြားတော့ ညီမ အရမ်း ဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လို ကူညီမလဲ။ ဘယ်လို လုပ်ဆောင်မလဲ။

ညီမ အမြဲ နားစွင့် နေပါတယ်။ ဒါပေမဲ့ ညီမ ကိုယ်တိုင်ကလဲ အပြင် သိပ်မထွက် လို့လားတော့ မသိ။ အစ်ကိုတို့ အဖွဲ့ရဲ့ သတင်းကို မျက်ခြေ ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်း ကလေးကမှ အစ်ကိုတို့ အင်တာနက် ပေါ်ကို တင်လိုက်တဲ့ ဗီဒီယိုလေးကြောင့် အစ်ကိုတို့ လုပ်ဆောင် နေတာတွေကို ညီမ သေချာ သိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင် တာလေး နှစ်ခု ရှိပါတယ် အစ်ကိုရေ။ ပထမ ရှင်းပြချင်တာ ကတော့ မလေးရှားက မြန်မာ မိန်းကလေးတိုင်း မပျက်စီးပါဘူး ဆိုတဲ့ အချက်ပါပဲ။ အစ်ကို တို့ရေ ညီမ ဖတ်မိဖူးတာလေး တစ်ခု ရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ် ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒါယိကာ အကြောင်းပါ။ တစ်နေ့ အဲ့ဒီ ဒါယိကာ အိမ်ကို သူ့မိတ်ဆွေ တစ်ယောက်က ရောက်လာပြီး “ဟေ့ကောင် မင်းကတော့ မစားရက် မသောက်ရက်နဲ့ စုပြီး ကျောင်းတိုက်ကြီး လှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်း ခါးတောင်း ကျိုက်ပြီး ခြင်းခတ် နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။ အဲ့ဒါနဲ့ အဲ့ဒီ ဒါကာ ကလည်း “ဟုတ်လား လာ ကျောင်းသွား ရအောင်ကွာ” ဆိုပြီး သူ့ သူငယ်ချင်းနဲ့ အတူ နှစ်ယောက် ကျောင်းကို သွားကြသတဲ့။ ကျောင်း ရောက်တော့ သူ့သူငယ်ချင်း ပြောတဲ့ အတိုင်းပေါ့လေ။ ကျောင်းဝင်း ထဲမှာ ဘုန်းကြီးတွေ ခြင်းခတ် နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒါယိကာလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ် ခဏတက်ဦး” ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ် ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ ကိုရင်တွေ စာသင်တဲ့ ဘုန်းတော်ကြီးတွေ တရား ထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစ ရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကို တွေ့သတဲ့။ အဲ့ဒီ အခါ ဒါယိကာက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့” မေးလိုက်ပါတယ်။ သူ့သူငယ်ချင်း ကလဲ “ မင်းမတွေ့ဘူးလား ဘုန်းကြီး ငါးပါး ခြင်းခတ်နေတာ။” ဒါယိကာက ထပ်ပြီးတော့ “ဟော့ဒီ ကျောင်းပေါ်မှာ စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ ” လို့ ထပ်မေး လိုက်ပါတယ်။ သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီ အခါ ဒါယိကာက “ အေး ဟုတ်တယ် မင်းအပြင်မှာ ခြင်းခတ် နေတာကိုပဲ မြင်တာ ကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။ အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာ တွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကို ကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူး နေလိုက်တာ။ မြင်လို့မှ မကောင်း။ -ါလုံးလုံး ဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသား နေပြီး ကြိုးကြိုး စားစားနဲ့ မိဘတွေကို လုပ်ကျွေး နေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။

ဒုတိယ ရှင်းပြချင်တာ ကတော့ မလေးရှားကိုရောက်နေတဲ့ မြန်မာ မိန်းကလေး တော်တော်များများရဲ့ ဘဝပေး အခြေအနေပါ။ မလေးရှားကို လာပြီး အလုပ်လုပ်နေတဲ့ မြန်မာ မိန်းကလေးတော်တော် များများဟာ မြန်မာ နိုင်ငံရဲ့ အခြေခံ လူတန်းစား တစ်နေ့လုပ် တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာ များပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံ အလယ် အလတ် အဆင့်ရှိတဲ့ လူတွေတောင် မလေးရှားကို မလာပါဘူး။ သူတို့တွေ နိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို အနိမ့်ဆုံး ထွက်တတ် ပါတယ်။ ပြီးတော့ မလေးရှားကို လာတဲ့ မိန်းကလေး တွေရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံ ချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့ မိန်းကလေးတွေရဲ့ငါးဆယ် ရာခိုင်နှုန်းလောက်ဟာ လက်မထပ် ရသေးတဲ့ မိဘ အုပ်ထိန်းမှု အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့ အချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်နင့် တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့ မစားရ ဝမခန်း ပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။ အဲ တကယ် ရောက်ပြီဆိုတဲ့ အချိန်မှာတော့ ………………….။

မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာ မိန်းကလေး တော်တော် များများရဲ့ အခြေခံ လစာကို တွက်ရင် မလေးငွေ ရင်းဂစ် ၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ ကျော် လောက်နဲ့ တစ်လမှ ၆၀၀ ကျော်လောက်ပဲ ရကြပါတယ်။ အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှ တွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော် ထွက်နေတဲ့ လူတွေလည်း ရှိပါတယ်။ ဒါက ရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်း အတွေ့အကြုံရှိ စကားပြောလေး တက်လာတဲ့ အချိန်မှပါ။ ) ရောက်စ ၂လ လောက်မှာ ဘယ်လိုမှ ပိုက်ဆံ မပို့နိုင်ပါဘူး။ ဒီမှာ စားဖို့ အိုးလေးခွက်လေးတွေ လိုတဲ့ ပစ္စည်းလေးတွေ ဝယ်ရတာကို။ ကဲ ပိုက်ဆံပို့ပြီ ဆိုတော့ ။ ရတဲ့ လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကို ဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံ တခြား ဝယ်စရာ တိုလီ မှုတ်စလေးတွေက ၁၀၀ ပဲ ထားဦး။ ဒါအနည်းဆုံးနှုန်းကို တွက်ပြ နေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ ကုန်ပြီ။ အိမ် အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကို ပို့တဲ့ ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။

အဲ့ဒီမှာ အရေးကြီးတာက နောက်မှာ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ အခြေအနေပဲ။ ချေးထားတဲ့ ပိုက်ဆံကလည်း အတိုးက တက်နေ။ ဒါလေးကို ကျေဖို့ အမြန် ဆပ်နေတဲ့ အချိန်မှာ အိမ်က လူတွေက တစ်ခြား ပိုက်ဆံ ဝင်ငွေ ရှိရဲ့လား။ကိုယ့် တစ်ယောက်တည်း ဆီကပဲ မျှော်ကိုး နေရတဲ့လူတွေလား။ အဲ့ဒီ အခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ ခမျာ အဆင်ပြေသလို လှုပ်ရှား နေရတာတွေ ညီမ တွေ့နေရတယ်။ ညီမလေ သူတို့ကို အရမ်း သနားပါတယ်။ သူတို့ လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ တခါတလေ ကျရင် ဘယ်လိုမှ လွန်ဆန်လို့မရတဲ့ ဘဝတွေ ရှိတတ်ကြတယ် အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင် ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကို မောင်နှမတွေ အတွက် …………………..။

အစ်ကိုတို့ရေ တော်တော် များများက ပြောပါတယ် မြန်မာ နိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့မသာ မရှိဘူးတဲ့။ ဟုတ်ပါတယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံ ငါးသောင်းလောက် မရှိလို့ သေတဲ့ မသာတွေ ရှိပါတယ် အစ်ကိုတို့ရေ။ ပိုက်ဆံ ငါးသောင်းဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။ အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ ပြောဆို ဆုံးမနေတဲ့ စကားတွေ ညီမ ကြားခဲ့ရပါတယ်။ အဲ့ဒီ အထဲမှာ တစ်ခုက နင်တို့ ရုပ်ရည်လေးနဲ့ဆို မြန်မာ နိုင်ငံမှာ လင်ကောင်းကောင်း ရှာယူလို့ ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေ အတွက်က ယောက်ျား ကောင်းကောင်း တစ်ယောက်ရှာယူ လိုက်ရင် သူ့အတွက် ပူစရာ မလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာ ပေါ့နော့။ ဒါပေမဲ့ အဲ့ဒီ ယောက်ျားက သူ့မိန်းမကိုပဲ ရှာကျွေးမှာလေ။ သူ့မိန်းမ နောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ် မထင်ပါဘူး အစ်ကိုတို့ရေ။ ဒါကညီမ ပြောပြချင်တဲ့ မလေးရှားက မိန်းကလေး တော်တော် များများရဲ့ ဘဝပေး အခြေအနေပါ။ အစ်ကို တို့ရေ သိတတ် နားလည်တဲ့ လူကြီး မပြောနဲ့ ငယ်ရွယ်စဉ် ကလေး ဘဝမှာတောင် မိဘတွေက သားလေးကြီး လာရင် လူကောင်း လုပ်မှာလား လူဆိုး လုပ်မှာလား ဆိုရင် လူကောင်း လုပ်မယ်လို့ ဖြေခဲ့ကြ လူကောင်း လုပ်ချင်ခဲ့ကြတာချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့ မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော် များများဟာ လူဆိုးတွေ ဖြစ်ကြ ရတယ်။ အစ်ကို တို့ရေ အစ်ကို တို့ရော ဘဝမှာ မလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ် လုပ်နေရတဲ့ အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူး ဆိုရင်တော့ အစ်ကို တို့ဟာ တော်တော် ကံကောင်းတဲ့ လူတွေပါပဲ။ ညီမတောင် အခု ဖြစ်နိုင်ရင် မလေးရှားမှာ အလုပ် မလုပ်ချင်ပါဘူး။ မြန်မာပြည် ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော် ရွှင်ရွှင် လွတ်လွတ် လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ် လုပ်ရတာ အနည်းနဲ့ အများ အခက်အခဲတွေ ရှိနေတာ ဖိနှိပ်မှုတွေ ရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့ လူတွေပဲ ဆိုတော့ သိမှာပါ အစ်ကိုရေ။ ဒါတောင် ညီမက တချို့သော မိန်းကလေး တွေလို မိသားစုမှာ တစ်ဦးတည်း ပိုက်ဆံရှာသူမဟုတ်ခဲ့ပါဘူး အစ်ကိုရေ။ မြန်မာ ပြည်ကနေ မလေးရှားကို လာဖို့ ပြင်ရတည်းက သတင်းတွေ ကလည်း ကြားနေတော့ ငါ ကံဆိုး လိုက်တာ မသွားချင် ပေမယ့်လည်း သွားရဦးမယ် ငါ တော်တော် ကံဆိုးတာပဲလို့ ထင်နေခဲ့ သမျှ ဒီက တချို့သော မြန်မာ မိန်းကလေး တွေရဲ့ ဘဝကို အသိမှာ ငါ တော်တော် ကံကောင်း သေးတာပဲလို့ ကိုယ့်ကိုယ်ကို အားပေး မိပါတယ်။ အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုး သားသား နည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ ကိုယ် ရှာဖွေ နေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အစ်ကိုတို့က ပျက်စီးနေပါတယ် ဆိုတဲ့ မြန်မာ မိန်းကလေးတွေရဲ့ဘဝကိုလည်း ညီမ စာနာနားလည်ပေး နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီး နာမည်ပျက်နေရတာလို့ လက်ညိုး မထိုးရက်ခဲ့ပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်ရောဆိုတဲ့ အတွေးနဲ့တင် ညီမအပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။ အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေရှက်ပြီး မြန်မာပြည် ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ ပေါက်တဲ့ နဖူး မထူးပါဘူး အခု ဆိုရင် ငါတို့အကြောင်းတွေ အကုန်သိကုန်ပြီဆိုပြီး အဲ့ဒီ နီပေါတွေဆီ အပြီးလိုက်သွားတာမျိုး ဘဝကို ဖြစ်သလို ရေစုန်မျှော လိုက်တာမျိုး ဒါမှ မဟုတ် ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင် သွားတာမျိုး ဆိုရင်တော့ ……………………..။

အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာ လည်တက်တယ်လေ။ တစ်ချိန်မှာ အစ်ကိုတို့မှာ သမီးလေးများ ရလာခဲ့လို့ အဲ့လိုများ ဖြစ်သွားကြရင်…………… ။ အစ်ကိုတို့ရေ စိတ်မဆိုးဘူး ဆိုရင် မေးခွန်း တစ်ခုလောက် မေးချင်ပါတယ်။ အစ်ကိုတို့ ညီမ အရင်းလေးတွေ ဆိုရင်ရော အဲ့လို လုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင်ဖြေလိမ့်မယ်။ ညီမ အရင်း ဆိုရင်လည်း ရိုက်နှက် ဆုံးမသင့်ရင် ဆုံးမရမှာပဲ။ ဒါမှ မဟုတ် ငါ့ညီမသာဆို အစောထဲက ငါ ကိုယ်တိုင်သတ် ပစ်လိုက်ပြီ အစ ရှိသဖြင့်ပေါ့။ ညီမ သိချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး။ အစ်ကိုတို့ ညီမ အရင်းလေးတွေ ဆိုရင်ရော အဲ့လို ဖြစ်ခဲ့လို့ ရိုက်နှက် ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်း ယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက် တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေး မနေ့က အစ်ကိုတို့ တင်ထားတာကို ကြည့်ပြီးတော့ မျက်ရည်တောင် ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေ ဖတ်ခဲ့ဖူးတာလေး တစ်ခု ထပ်ပြောပြချင် ပါတယ်။ စာကလည်း ရှည်နေပြီဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။ တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူ ရွာသားတွေက ခဲနဲ့ ဝိုင်းပေါက်ကြသတဲ့။ အဲ့ဒီ အချိန်မှာ ဂျီးဇက် ရောက်လာပြီး ဘာဖြစ်တာလဲလို့ မေးတော့ ဒီမိန်းမက ပြည့်တန်ဆာ အလုပ်လုပ်တဲ့ အတွက် ဝိုင်း အပြစ်ပေး နေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့် မရပါဘူး။ အပြစ် ရှိရင်တော့ အပြစ်ပေး ရမှာပဲလို့ ပြောပြီး ခဲနဲ့ ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကား တစ်ခွန်း ထပ်ပြော လိုက်ပါတယ်။ အဲ့ဒီ စကား အဆုံးမှာတော့ အဲ့ဒီ အမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။ ဂျီးဇက် ဘာပြောလိုက်လဲ ဆိုတော့ သင်တို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာ အပြစ် ကင်းခဲ့တဲ့ လူတွေ အပြစ် မလုပ်ခဲ့ဖူးတဲ့ လူတွေ ဆိုတာ သေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ ဆက်ပေါက်ကြပါတဲ့။ အစ်ကို တို့ရေ အစ်ကို တို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ကြပါဦး။ စာကလည်း ရှည်သွားပြီ ဖြစ်တဲ့ အတွက် ဒီမှာပဲ အဆုံး သတ်လိုက် ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြု လိုက်ပါတယ်။

ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, January 05, 2012

နွေလယ်ကြောင့် တောင်သူများ ဒုက္ခရောက်နေရ

မြန်မာနိုင်ငံ တောင်သူ လယ်သမားများ အဖွဲ့ချုပ် လူကြီးမင်း ခင်ဗျား.. ကျနော်တို့ စစ်ကိုင်းတိုင်း၊ ကလေး မြို့နယ် မြောက်ပိုင်း၊ ရာဇဂြိုလ်၊ အနောက် ခုံသာရွာ တောင်သူ လယ်သမား များဟာ နှစ်စဉ် နှစ်တိုင်း နွေလယ် စပါးကို မစိုက် မနေရ အလှည့်ကျဖြင့် စိုက်ပျိုး နေရသည့် အတွက် မြန်မာ နိုင်ငံတော် တောင်သူ လယ်သမား အဖွဲ့ချုပ်နှင့် မြန်မာ နိုင်ငံတော်ကို တရား မျှတသော စစ်မှန်သော ဒီမိုကရေစီ စနစ် ပြောင်းလဲ နေပါသည်ဟု အသံကုန်ဟစ် ကြွေးကြော် နေသော နအဖ ထိပ်ပြောင် သမ္မတ သိန်းစိန်နှင့် သက်ဆိုင်ရာ လူကြီးမင်း များနှင့် တာဝန် ရှိသူများ သိရှိရန် ကျနော် ကျမတို့ အွန်လိုင်းမှ တစ်ဆင့် တင်ပြ အပ်ပါသည်။

တောင်သူ လယ်သမားများဟာ နွေလယ် အလှည့်ကျ မစိုက်မနေ အဓမ္မ ခိုင်းစေခြင်း၊ နွေလယ် စပါးများကို မစိုက်ပါက ၎င်းလယ်များကို သိမ်းမည်ဟု ခြိမ်းချောက်မှု တို့ကြောင့် ကျနော်တို့ လယ်သမား များဟာ ဒုက္ခရောက် နေကြရပါသည်။ ယခုနှစ် မိုးစပါး တစ်သင်းကို ကျပ်ငွေ (၂၀၀၀) ဈေးဖြင့် စပါးဈေးတွေ ထိုးနေကျ နေချိန်တွင် နွေလယ် စပါး စိုက်ခိုင်းသည့် အတွက် ကျနော်တို့ တောင်သူ လယ်သများမှာ အကြီးအကျယ် ဒုက္ခ ရောက်နေ ရပါသည်။ မိုးစပါးတွေ ဈေးကွက် ထိုးကျသည့် အတွက် အရှံးပေါ်ရပြီး၊ နွေရာသီ အတွက် စိုက်ပျိုး ကြသည့် သီးနှံ များကတော့ နေကြာ၊ မြေပဲ စသည့်ဟာလည်း မစိုက် ကြရသည့် အတွက် တောင်သူ လယ်သမားဟာ အရမ်း နစ်နာ ကြရပါသည်။ ၎င်းနွေလယ် စပါးကို စိုက်ရသည့် အတွက် လုပ်အားခ၊ မြေသြဇာဖိုး၊ စပါး အထွက်နှုန်း တို့ကို တွက်ကြည့်သော အခါ နေကြာ၊ မြေပဲ စိုက်ပျိုးလို့ ရရှိသည့် ငွေလောက် မကိုက်ကြောင်း ဖြစ်နေပါသည်။

၎င်းနွေလယ် စပါးကို စိုက်ပျိုးချိန်မှာလည်း၊ ရေမရသည့် အတွက် တောင်သူ လယ်သမားများမှာ ဒုက္ခ ပေါင်းစုံကြုံတွေ့ နေကြရပါသည်၊ တစ်ဧကလျှင် (၄၀) (၅၀) နှုန်းသာ ထွက်သည့် အတွက်ကြောင့် တောင်သူ လယ်သမားများ ဆင်းဆင်း ရဲရဲဖြင့် အခက် တွေ့နေကြရပါသည်။ ထိုကြောင့် လူကြီးမင်းများ သိအောင် တင်ပြ အပ်ပါသည်။ ဘီဘီစီ ၊ ဗီအိုအေ၊ ဒီဗွီဘီ စသည့် သတင်းဌာနသို့ ပိုပေးကြပါရန်ကိုလည်း ထပ်လောင်း တောင်းဆိုပါရစေ။

လွင်ပြင် ၀ိုင်းတော်သားများ

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, January 03, 2012

နှမသားချင်း မစာနာ ၊ လူမဆန်တဲ့ လုပ်ရပ် အရေးယူ ဖော်ထုတ်ပေးကြပါ

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, December 31, 2011

ပညာရေး ရန်ပုံငွေ ဓါတ်ပုံနှင့် ဗီဒီယို



အပြည့်အစုံသတင်းဖတ်ရန်....

Friday, December 30, 2011

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

လှကျော် | "ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့ အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်း တထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”

ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။
နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့ ပေါက်ကွဲမှု အကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှု ဖြစ်နေတဲ့ ဆီကို ဦးတည်မောင်းပေးပါတယ်။

“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်က
မြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။

တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။

အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင် နေတဲ့ နေရာ ရောက်တော့ မီးသတ်သမား လေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ ကြားထဲ ဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်း နေကြတယ်။

ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့ နေရာ ဝင်သွားတယ်။ ကျနော်လည်း နောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံ လိုက်ရိုက်တယ်။ ခဏနေတော့ ဓါတ်ပုံ သတင်းထောက် တော်တော် များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။

ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော် လန့်သွား ရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီး နေတယ်။

ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။
ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။

“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်း
မှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။

ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။

သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်
ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။

ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။

ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျ မသိနိုင်သေးချိန်မှာတော့ မီးသတ် အရာရှိ တဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ် ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့ အရောင်ကို အကဲခတ်ရင်း သူ အဝေးကနေ သတိပေးပါတယ်။

“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။

ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမား တယောက်ရဲ့ ရူးသွပ်မှု ဖြစ်တတ်တဲ့ အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှု ဖြစ်လာနိုင်တဲ့ ဧရိယာ အတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။

ဓါတုဗေဓ ပစ္စည်းများပါ ပါဝင် လောင်ကျွမ်း နေတယ်လို့ သံသယ ရှိသည့်တိုင် မီးခိုးငွေ့တွေ ကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူ တယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာ တခု ဖြစ်နေမှာ အမှန်ပဲ ထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့ နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါး အောက်မှာ ရှာဖွေရင်း မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။

မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦး
ဖြစ်နေပါတယ်။

“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”

“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”

“အဖွဲ့ လူတွေ စစ်ကြပါ”

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ် ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှုကြောင့် သေဆုံး သွားတဲ့ မီးသတ်တွေ အပျက်အစီးတွေ ကြားထဲမှာ ရှိနေသေးတယ် ဆိုတာ သေချာသွားပါပြီ။

ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။
သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။

ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။

အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီ တွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။

လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ် ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေ အဖြစ် ကျနော့် စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။

(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)

လှကျော်

source by : မဇ္ဈိမ

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */