မြေပုံမြို့နယ်တွင် မုန်တိုင်း ဒုက္ခသည်များအား ကိုယ်တိုင် သွားရောက် ကူညီပေးနေသူ တဦးနှင့် ယနေ့ နံနက်က ဆက်သွယ် မေးမြန်းချက်
10/29/2010
မေး။ ။ မုန်တိုင်းတိုက်ခိုက်ခဲ့တဲ့ မြေပုံမြို့နယ်က အခြေအနေ ဘယ်လိုရှိပါလဲ
ဖြေ။ ၊ မုန်တိုင်းတိုက်ခိုက်ခဲ့တဲ့အခြေအနေက ကျွန်တော်တို့ စုံစမ်းသလောက်က ကျေးရွာ ၅၀ မှာ အိမ်ခြေ ၆၀၀၀ ကျော်ပျက်တယ်။ အိမ်ခြေ ၆၀၀ ကျော်လောက်ဘဲ ကျန်ပါတယ်။ သေတဲ့လူစာရင်းက ရွာ ၅၀ကျော်က စာရင်းကို ကောက်ယူလိုက်တဲ့ အခါ သေဆုံးသူ ၁၀၀ ကျော်စာရင်းရပြီးပြီ။
Cyclone-Giri-damaged
မေး။ ။ အခုလက်ရှိ ကယ်ဆယ်ရေးအခြေအနေက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ကူညီရေး အခြေအနေကတော့ တောရွာတွေမှာရှိတဲ့ အမိုးအကာ ပျက်နေတဲ့ အိမ်တွေကို ဘယ်သူကမှ အခုအချိန်ထိ လုပ်မပေးနိုင်သေးဘူး။ အန်ဂျီအိုတွေကလည်း လုပ်မပေးနိုင်သေးဘူး။ အစိုးရဌာနကလည်း လုပ်မပေးသေးဘူး။ မြို့ပေါ်မှာတောင်မှ ပျက်စီးသွားတဲ့ ၃၀ ရာခိုင်နှုန်းလောက်ဘဲ လုပ်ပေးနိုင်သေးတယ်။ အမိုးအကာ မရှိတဲ့အောက်မှာ နေရသူတွေ အများကြီးရှိနေသေးတယ်။
မေး။ ။ လူတွေ ၀မ်းရောဂါ ဖြစ်နေတယ်လို့လည်း ကျွန်တော်တို့ကြားတယ်။ အဲဒီရောဂါ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ ၀မ်းရောဂါ အခြေအနေက ကျီးခေါင်းပြင် ကျေးရွာဘက်မှာ နည်းနည်း စိုးရိမ်ရတဲ့ အခြအနေရှိတယ်။ ကျန်တဲ့ဘက်က အနေထားတွေကိုတော့ သိပ်ပြီး သတင်းမရသေးဘူး။
မေး။ ။ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ကျန်းမာရေးနဲ့ပတ်သတ်လို့ ဘယ်လိုကူညီတာတွေ ရှိလဲ။
ဖြေ။ ။ မြို့ပေါ်မှာတော့ ပြည်နယ် ဆရာဝန် ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ဆေးတပ်က ဆရာဝန်တွေ ခေါင်း ဆောင်တဲ့ အဖွဲ့တွေကတော့ သူတို့လည်း မီနိုင်သလောက် လုပ်ဆောင်ပေးနေတဲ့ အနေထားတွေ ရှိပါတယ်။ နယ်တွေကိုတော့ ဘယ်ဆရာဝန်မှ မရောက်ရှိနိုင်သေးပါဘူး။
မေး။ ။ အခုလက်ရှိ မုန်တိုင်း ဒုက္ခသည်တွေ စားဝတ်နေရေး အခြေအနေက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ စားဝတ်နေရေးအခြေအနေက အာဏာပိုင်တွေလည်း ရွာတိုင်အရောက် လိုက်လို့မပေးနိုင်ဘူး။ ကျေးရွာလူကြီးတွေက သက်ဆိုင်ရာလူကြီးတွေဆီက စာရင်းတင်ပြီး လာထုတ်လို့ မိသားစု လူဦးရေအရ တနပ်စာလောက်ဘဲ ပေးနိုင်တဲ့အခြေအနေရှိတယ်။ နောက်ပြိး အန်ဂျီအိုတွေနဲ့ စေတနာရှင်တွေက လာရောက်လှူဒါန်းတဲ့ ဆန်နဲ့တခြားပစ္စည်းတွေကို လက်ခံပြီး ဖြန့်ဖြူး ပေးနေတာလည်း ရှိတယ်။
မေး။ ။ မုန်တိုင်းဒုက္ခသည်တွေ အရင် နဂိုအနေထားပြန်ရောက်ဖို့ အခြေအနေ ဘယ်လောက်လို အပ်မယ်လို့ ထင်လဲ။
ဖြေ။ ။ နဂိုအနေထားပြန်ရောက်ဖို့ အချိန်က အနည်းဆုံးနှစ်နဲ့ချီပြီး ကြာမယ်လို့ထင်ပါတယ်။ တချို့ နေရာတွေမှာပေါ့။ တချို့ရွာတွေမှာဆို ဘယ်လိုဖြေမလဲ တအိမ်ဘဲကျန်တယ်။ နှစ်အိမ်ဘဲကျန် တယ်။ တချို့နေရာတွေမှာဆို လုံးဝမကျန်ဘူး။ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ရွာတွေတောင်မှ အိမ်ခြေ ၂၅ ဆောင် ၅၀ လောက်ဘဲကျန်တဲ့ သဘောရှိတယ်။Rest of your post
Friday, October 29, 2010
မဲ ကလွဲရင် ဘယ်သူ့ မှ ဂရုမစိုက်
ဒေါ်အောင်ဆန်းစုကြည်အမှု ဖွတ်များ အောင်းရာ သေပြည်တော်တွင် ကြားနာ
မင်းနိုင်သူ Friday, 29 October 2010 18:06
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော်ရှိ တရားရုံးချုပ်က ယနေ့ လက်ခံကြားနာ စစ်ဆေး ခဲ့သည်။
၂၀၀၇ ခု အောက်တိုဘာ ၆ ရက်က အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာ သံရုံးအပြင်ဘက်တွင် မြန်မာ့အရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို သံတိုင်အနောက်တွင် ထားပြီး သရုပ်ဖော် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - Getty Images)
ယနေ့ တရားရုံးချုပ် ကြားနာမှုနှင့် စပ်လျဉ်း၍ NLD ဒုဥက္ကဌ ဦးတင်ဦးက “ဒီနေ့ မနက် ၁၀ နာရီတိတိမှာပဲ တရားသူကြီးချုပ် ဦးအောင်တိုး အပါအ၀င် တရားသူကြီး ၃ ဦးပါ အဖွဲ့က အမှုကို စတင် ကြားနာပါတယ်။ ဒီဘက်က ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့က အယူခံလျှောက်လဲချက်ပေးပြီး တဘက်ရှေ့နေကလည်း လျှောက်လဲချက်ပေးပါတယ်။ လိုက်ပါသွားကြတဲ့ ပါတီဝင်တွေကိုလည်း တရားရုံးချုပ်က ၀င်ရောက် နားထောင်ခွင့်ပြုခဲ့ပါတယ်။ နေ့လည် ၁ နာရီလောက်မှာ သူတို့ နှစ်ဘက် လျှောက်လဲချက် ပေးပြီးပြီလို့ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ကြားနာမှုသည် နေအိမ်အကျယ်ချုပ် အယူခံအတွက် နောက်ဆုံးတရားခွင်ဖြစ်ခဲ့ပြီး မည်ကဲ့သို့ ဆုံးဖြတ်သည်ကိုမူ တရားရုံးချုပ်က ချက်ခြင်းမထုတ်ပြန်သေးပေ။
“ဒီလိုကိစ္စမျိုးက ချက်ခြင်း ဆုံးဖြတ်ချက်ချလေ့မရှိပါဘူး။ သူတို့ နှစ်ဘက် လျှောက်လဲချက်တွေအပေါ် စဉ်းစား ဆုံးဖြတ်ပြီးမှ တရားရုံးချုပ်တွေမှာ ထုတ်ပြန်ပါလိမ့်မယ်။ အဲဒါကို ကျနော်တို့က စောင့်ကြည့်ကြရမှာပါ။ ဒီတပတ် သောကြာနေ့မှာ ကြားနာတဲ့ အမှုကို နောက်တပတ် သောကြာမတိုင်မီမှာ ထုတ်ပြန်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ကျနော့်ထင်မြင်ချက်ပါ” ဟု ဦးတင်ဦးက ဆိုသည်။
နေအိမ်အကျယ်ချုပ်လျှောက်လဲချက် ပေးခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် ယနေ့ ရန်ကုန်သို့ ပြန်လာနေကြဆဲ ဖြစ်သဖြင့် မည်ကဲ့သို့ လျှောက်လဲချက်ပေးခဲ့ကြသည်ကိုမူ မသိရသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီးထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။
နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဝင်ရောက်ခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။
အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းရာ လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံခဲ့ရသည်။
ထို့နောက် တရားရုံးချုပ် (ရန်ကုန်) က ယခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ပြန်လည် လက်ခံကြားနာခဲ့ပြီး နေပြည်တော် တရားရုံးချုပ်တွင် ဆက်လက်ကြားနာရန် ဆုံးဖြတ်ပေးခဲ့သည်။
နေပြည်တော်တရားရုံးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် ချထားသော နေအိမ်အကျယ်ချုပ် ၁၈ လ ပြည့်ရန် ၁၅ ရက် အလိုတွင် လက်ခံ ကြားနာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။Rest of your post
ဘိလပ်မြေစက်ရုံအတွက် ဖွတ် ပါတီပိုင် ကုမ္ပဏီက လယ်မြေသိမ်းမည်
ဝီရ / ၂၉ အောက်တိုဘာ ၂၀၁၀
ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်အတွက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ နှီးဒုံးရွာသားတို့၏ လယ်ယာမြေ ဧကပေါင်း (၄၀၀) ကျော်ကို ကြံ့ဖွံ့ပါတီပိုင် ကုမ္ပဏီက သိမ်းယူမည် ဖြစ်ကြောင်း မွန်လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့ (HURFOM) က ပြောသည်။
HURFOM မှ အချက်အလက်စုဆောင်းရေး တာဝန်ခံ နိုင်အဲမွန်က “နှီးဒုံးရွာက လယ်မြေ (၄၂၅) ဧကကို သိမ်းဖို့ မြေတိုင်းစာရင်းဦးစီးဌာနနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေက ရွာသားတွေကို ခေါ်ပြီး အစည်းအဝေးလုပ်တယ်။ မြေပုံတွေနဲ့ ပြပြီး စပါးရိတ်သိမ်းချိန် နောက် (၂) လလောက်ဆို ဘိလပ်မြေစက်ရုံဆောက်ဖို့ သိမ်းမယ်တဲ့။ လျော်ကြေးကိစ္စလည်း မပြောဘူး။ အဲဒီစီမံကိန်းမှာ လုပ်တဲ့ကုမ္ပဏီက တာဝန်ရှိသူတွေဆိုတာ ကြံ့ဖွံ့ပါတီက လူကြီးတွေချည်း ဖြစ်နေတော့ ဒီကိစ္စအတွက် ရွာသားတွေက ဘယ်ကို တိုင်ကြားရမလဲ မသိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
နှီးဒုံးတောင် ဘိလပ်မြေစက်ရုံစီမံကိန်းကို Hexa International ကုမ္ပဏီက တည်ဆောက်ပေးမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကို ကြံ့ဖွံ့ပါတီ၏ ရန်ပုံငွေအတွက် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်အဲမွန်က “အရင် ကြံ့ဖွံ့အသင်းကတည်းက ဒီစီမံကိန်းကို စလုပ်ဖို့ ရည်ရွယ်ခဲ့တယ်။ အခု ကြံ့ဖွံ့ပါတီ ဖြစ်တော့မှ အကောင်အထည်ဖော်ဖြစ်တာ။ ကျနော်တို့လေ့လာတွေ့ရှိချက်အရ ဒီစီမံကိန်းဟာ ကြံ့ဖွံ့ပါတီက တာဝန်ရှိသူတွေ ရှယ်ယာဝင်တွေ အားလုံး ဖြစ်နေတယ်။ နာမည်ခံတာက Hexa ကုမ္ပဏီပေါ့”ဟု ပြောသည်။
အမြင့်ပေ (၂၀၀) ရှိသော နှီးဒုံးတောင်သည် ထုံးကျောက်ပမာဏ တန်ချိန် (၁၅) သန်းကျော် ထုတ်လုပ်နိုင်သော ဒေသတွင်း ဒုတိယအကြီးဆုံး ဘိလပ်မြေစက်ရုံ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
ကြံ့ဖွံ့ပါတီသည် အဓိကအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ရုံတည်ထောင်ခြင်း သာမက ဘဏ်လုပ်ငန်းများတွင် ရှယ်ယာဝင်ထားကြောင်း အောက်တိုဘာ (၂၇) ရက်နေ့က ကြံ့ဖွံ့ပါတီဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဖြေကြားခဲ့သည်။ သို့သော် မည်သည့်ကုမ္ပဏီ၊ လုပ်ငန်းများတွင် ရင်းနှီးထားကြောင်း ဖြေကြားခြင်း မရှိပေ။
ဘိလပ်မြေ ထုတ်လုပ်မည့် နှီးဒုံးတောင် အောက်ခြေရှိ လှိုဏ်ဂူတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀၀) ကျော်က ဗုဒ္ဓဆင်းတုတော် အပါအဝင် ကျောင်းဆောင်၊ ဂူဘုရားများ၊ ကျောက်စာတိုင်များ၊ ရှေးဟောင်းပန်းချီကားချပ်များ၊ မှင်စာများ စသည့် ရှေးဟောင်းအမွေအနှစ်များလည်း တည်ရှိနေကြောင်း နိုင်အဲမွန်က ပြောသည်။
အဆိုပါ မြေယာများသည် နိုင်ငံတော်အစိုးရ၌ တရားဝင် မှတ်ပုံတင်ပြီး မြေယာအခွန်ဆောင်ထားခြင်း မရှိသေး၍ ပိုင်ရှင်မရှိကြောင်း ထောက်ခံပေးရန် မြို့နယ်မြေတိုင်းဦးစီးဌာနက ကျေးရွာဥက္ကဋ္ဌအား ဖိအားပေးမှု ရှိခဲ့ကြောင်း ဒေသခံတို့ကပြောသည်။
မြန်မာနိုင်ငံသည် တနှစ်လျှင် ဘိလပ်မြေ လိုအပ်မှု ပမာဏ တန်ချိန် (၃) သန်းအနက် တန်ချိန် (၁) သန်း ဝန်းကျင်သာ ထုတ်လုပ်နိုင်သေး၍ လိုအပ်မှု လျော့ချရန် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ပျားတောင်၊ ကော့ကလွတ်တောင်နှင့် နှီးဒုံးတောင်တို့မှ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း မွန်လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တနှစ် ဘိလပ်မြေ တန်ချိန် (၁) သိန်း ထုတ်လုပ်နိုင်သော အဆိုပါဒေသ ကော့ပနော့ရွာအနီးရှိ ပျားတောင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ဒေသခံတို့၏ ခြံမြေဧကပေါင်း (၁၀၀၀) ကျော်ကိုလည်း ယခုလဆန်းပိုင်းက စတင်သိမ်းယူခဲ့သည်။
“ဘိလပ်မြေစက်ရုံက ထွက်တဲ့ အနံ့ဆိုးတွေ၊ လေထုညစ်ညမ်းတာတွေနဲ့ ဒိုင်းနမိုက် ဖောက်သံတွေကြောင့် အဲဒီတဝိုက်က ရွာသားတွေ ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ပါတယ်။ သောက်ရေ ရှားပါးတာ၊ စက်ရုံထုတ် ဓါတုပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းပြီး ရေလမ်းကြောင်း ပြောင်းလာနိုင်တာ၊ ရာသီဥတု မမျှတတာတွေ ဖြစ်လာနိုင်တယ်”ဟု နိုင်အဲမွန်က ပြောသည်။ Rest of your post
Thursday, October 28, 2010
မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ်ရာရရှိ
Submitted by Karen Information Center on Wednesday, 27 October 2010No Comment
အောက်တိုဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ မဲပုံးသယ်ယူလာသည့် နအဖ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ယမန်နေ့ မနက် ၁၀း၄၀နာရီအချိန် ၌ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ဦးသေဆုံး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ဒု-ဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်ပြီး အင်အား ၆၀ခန့်ရှိ အဆိုပါ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၈)လက်အောက်ခံ ခမရ (၄၀၅)တပ်ရင်း စစ်ကြောင်း(၁)သည် လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲပုံးသယ်လာခဲ့ ရာ အာပလုံနှင့် လှိုင်သာယာရွာကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကေအဲန်အယ်လ်အေ တပ်မဟာ(၆)မှ ပြောခွင့်ရသူ ဗိုလ်မှူးစောထဲနေက “ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ကျနော်တို့ ကို သတင်းပို့ချက်အရတော့ နအဖ ၂ယောက် ကျဆုံးပြီး ၃ယောက် ဒဏ်ရာရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနယ်မြေမှာ လှုပ် ရှားနေတဲ့ နအဖတပ်ကိုတော့ လစ်ရင်လစ်သလို အမြဲတိုက်ခိုက်တာပဲ။ ဒီမနက်မှာလည်း တပွဲ ထပ်ဖြစ်သေးတယ်လို့ ကြား တယ်။ ထိခိုက်မှုကတော့ ဘာမှ အကြောင်းပြန်ကြားလာတာ မရှိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြုပြောဆိုသည်။
အပစ်ခံရသည့် နအဖ စစ်တပ်မှ တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသော်လည်း အဆိုပါစစ်တပ် အသိုင်းအ၀ိုင်းဘက်မှ ၎င်းတို့ ရဲဘော် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုပြောကြောင်း အမည်မဖော်လိုသူ ကြာ အင်းဆိပ်ကြီးမြို့နယ်မှ ဒေသခံတဦးက ဆိုသည်။
သူက “သူတို့(နအဖ) စစ်တပ်အရာရှိပြောတာတော့ အဲဒီအတိုင်းပဲ။ သူတို့လာတာက မဲပုံးကြောင့်ပါ။ ရွေးကောက်ပွဲကျရင် ဘုရားသုံးဆူမှာ မဲထည့်ရမယ်လေ။ မဲပုံးမရှိသေးတဲ့အတွက် သူတို့(နအဖ)က မဲပုံးသယ်လာတာ အပစ်ခံရတာပဲ။ သူတို့ သယ် လာတဲ့ မဲပုံးက ၅ပုံးပေါ့နော်။ တပုံးက ချောင်းဆုံမှာ၊ လေးပုံးက ဘုရားသုံးဆူမှာလို့ ကြားတယ်။”ဟု ရှင်းပြသည်။
ယမန်နေ့က တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ တက်လာသည့် အဆိုပါ နအဖ ခမရ(၄၀၅) တပ်ရင်းသည် ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ရွာသားများကို လမ်းပြအဖြစ် ခေါ်ယူမှုများရှိခဲ့ပြီး ကွီးကချောကျုရွာ၌ ကေအဲန်ယူ သစ်တောအရာရှိတစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသော်လည်း ကေအဲန်ယူမှ တရားဝင် သတင်းထုတ်ပြန် မရှိသေးပါ။
အင်အား ၁၀၀ကျော်ရှိသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၅)တပ်ရင်း၏ စစ်ကြောင်း(၁)နှင့် (၂)တို့မှာ ချောင်းဆုံ ရွာတွင် အခြေစိုက်လျှက်ရှိပြီး ယခု မဲပုံးသယ်ယူလာသည့် တပ်ဖွဲ့မှာ စစ်ကြောင်း(၁)တပ်ဖွဲ့ဖြစ်သည်။Rest of your post
ကျောက်ဖြူမှာ လျှပ်စစ်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
ခိုင်စု | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဂီရိမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ယခုထိ လျှပ်စစ်ဓာတ်အားနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်။
ယခုလ ၂၂ ရက်နေ့တွင် တနာရီလျှင် မိုင် ၁ဝဝ ကျော်နှုန်းဖြင့် ဂီရိ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ နေအိမ်များ၊ အဆောက်အဦးများ၊ လျှပ်စစ်မီးတိုင်များနှင့် ဖုန်းလိုင်းကြိုးများ လဲပြိုပျက်စီးခဲ့ရာ ၅ ရက်ကြာသည့်တိုင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေဆဲ ဖြစ်သည်။
“အခုထိ လျှပ်စစ်မီး မလာသေးဘူး။ ဘယ်တော့ လာမလဲ မသိသေးဘူး၊ ဒါတွေကို ရှင်းထုတ်ပြီး ပြန်တည်ဖို့တောင် ကြာဦးမယ်။ အခုတော့ ညဘက်မှာ ဖယောင်းတိုင်မီး သုံးတယ်။ ကြိုးဖုန်းလိုင်းရော မကောင်းသေးဘူး။ ကမ်းရိုးတန်း ဖုန်းနဲ့ပဲ သုံးရတယ်။ မီးမလာတော့ ကမ်းရိုးတန်းဖုန်းက ဘက်ထရီ ကုန်သွားရင်လည်း အဆက်အသွယ် ခက်တယ်” ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP မှ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးဘရှင်က မဇ္ဈိမကို ပြောသည်။
သဘာဝ ဓာတ်ငွေ့နှင့် ရေနံထွက်ရှိရာ ကျောက်ဖြူတွင် ပုံမှန်အားဖြင့် အစိုးရက တနေ့လျှင် ညနေ ၆ နာရီမှ ည ၁၁ နာရီထိ ပေးလေ့ရှိသည်။
ယမန်နေ့ထုတ် ကြေးမုံသတင်းစာ၌ ကျောက်ဖြူမြို့နယ်တွင် နေအိမ်အလုံး ၁ဝဝဝ ကျော်၊ ဌာနအဆောက်အဦး ၄ဝ၊ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
ကျောက်ဖြူရှိ ဒုက္ခသည် ၂ဝဝဝ ခန့်သည် ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများ၊ စာသင်ကျောင်းများ၌ ခိုလှုံလျက်ရှိရာ၊ စစ်အစိုးရက မုန်တိုင်းထိ ရပ်ကွက်တခုကို ဆန်ထောက်ပံ့ခဲ့သော်လည်း ရေစိုဆန်များ ပါနေသည်ဟု ဒေသခံနှင့် ယင်းဒေသသို့ ရောက်ရှိနေသော မဇ္ဈိမ သတင်းထောက်က ပြောသည်။
မြို့ပေါ်တွင် အစိုးရ အထောက်အပံ့ ရသော်လည်း နယ်ဘက်သို့ မရောက်ရှိကြောင်း ဇင်ချောင်းကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
မြေပုံမြို၊ ကျောက်ဖြူ၊ ပေါက်တောမြို့နယ်များတွင် သေဆုံးသူ ၁ဝ၂ ဦး ရှိပြီဟု RNDP က ပြောသည်။
“ကျနော်တို့ ပါတီဝင်တွေကတဆင့် ရထားတဲ့ စာရင်းက ပေါက်တောမှာ ၁၁ ယောက်၊ မြေပုံမှာ ၆၄ ယောက်၊ ကျောက်ဖြူမှာ ၂၅ ယောက် ဖြစ်ပါတယ်။ ကျနော်တို့ဆီက ကယ်ဆယ်ရေးအဖွဲ့လည်း သွားနေကြပါပြီ” ဟု RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။
ထိခိုက်မှု အများဆုံးမှာ မြေပုံမြို့နယ်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများမှ ၉ဝ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ဒုတိယ အများဆုံးပျက်စီးသည့် ကျောက်ဖြူရှိ ငါးပုစွန်ဒိုင်နှင့် စက်လှေများမှာ ဆိုးရွားစွာ ပျက်စီးသွားကြောင်း သိရသည်။
ဂီရိသင့် ဒေသများရှိ ရွာ ၇၁ ရွာမှ လူပေါင်း ၁ သိန်း ၇ သောင်း ၇ ထောင်ခန့် မုန်တိုင်း ဒဏ်ခံခဲ့ရသည့်အနက် ၁ သောင်းခန့်မှာ မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည်ဟု ယနေ့ထုတ် ရန်ကုန် ကုလရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ မုန်တိုင်းသင့် ဦးရေမှာလည်း မျှော်လင့်ထားသည်ထက် များလာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ဂိရိသင့်ဒေသမှ သတင်းအချက်အလက်များ ပြည်စုံစွာ မရရှိခြင်းမှာ ဆက်သွယ်ရေး ချို့တဲ့မှုကြောင့်ဟု ရန်ကုန်ရှိ ကုလရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။
“အဲဒီဒေသမှာ နံပါတ်တစ် အဆင်မပြေတာက ဆက်သွယ်ရေး၊ တယ်လီဖုန်းလိုင်းတွေလည်း တော်ရုံ အဆင်မပြေဘူး။ နေရာတွေကို ရောက်အောင် သွားဖို့ဆိုတာကလည်း ရေလမ်းကပဲ သွားရတယ်။ ဒီအပေါ်မှာ မူတည်ပြီး ဒေတာတွေက တတ်နိုင်သမျှ စုဆောင်းထားရတာပေါ့လေ” ဟု သူက ဆိုသည်။
သူက ဆက်ပြီး “အချိန်အတော်ယူရမယ်။ သူတို့ရဲ့ စပါးစိုက်ခင်းတွေ၊ အသက်မွေးဝမ်းကျောင်း အလုပ်တွေလည်း တော်တော်ပျက်စီးသွားတယ်။ ဒါတွေကို နေ့ချင်းညချင်း ပြန်တည်ဆောက်နိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ယခုချိန်တွင် မုန်တိုင်းသင့် ဒေသများရှိ ပြည်သူများမှာ လာမည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။
“ရွေးကောက်ပွဲကို ခေါင်းထဲ မထည့်နိုင်ပါဘူး၊ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတယ်။ သူများတွေ မပြောဘူး။ ကိုယ့်အိမ်ရာ မြေကွက်တောင် အမှိုက်ပုံနေလို့ ရှာမရဘူး။ လမ်းတွေမှာလည်း အမှိုက်ပုံဖြစ်နေတယ်။ ရှင်းလင်းဖို့တောင် ကြာဦးမှာ” ဟု မြေပုံမြို့နယ် ငါးပသုံရွာမှ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
ဂီရိသင်ဒေသများဖြစ်သော ကျောက်ဖြူနှင့် မြေပုံမြို့နယ်တွင် ရွေးကောက်ပွဲကို တလခန့် ရွှေ့ဆိုင်းပေးရန် RNDP က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ယနေ့တွင် စာရေးသား တောင်းဆိုခဲ့သည်။Rest of your post
ဒုတိယဗျ ဒုတိယ အောက်ကနေ ရေတွက်ရင်
ခြစားမှု အများဆုံး နိုင်ငံစာရင်း မြန်မာ ဒုတိယချိတ်
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၀ မိနစ် ချင်းမိုင် (မဇ္ဈိမ)။ ။ လာဘ်ပေးလာဘ်ယူ အနည်းအများ ၁၇၈ နိုင်ငံစာရင်းတွင် မြန်မာသည် အဆင့် ၁၇၆ ဖြင့် ဇယား အောက်ခြေတွင် ဆက်လက်တည်ရှိနေသည်။
နိုင်ငံတကာ လာဘ်ပေးလာဘ်ယူမှု လေ့လာရေးအဖွဲ့က ယမန်နေ့ ထုတ်ပြန်သည့် ၂ဝ၁ဝ လာဘ်ပေးလာဘ်ယူ အညွှန်းကိန်းတွင် မြန်မာက အာဖဂန်နစ္စတန်နှင့်အတူ အဆင့် ၁၇၆ ဖြင့် ရှိနေကာ ၎င်းတို့နောက်တွင် အဆင့် ၁၇၈ ဖြင့် အရှေ့အာဖရိကက ဆိုမာလီယာသာ ကျန်တော့သည်။
လာဘ်စားမှု အရှိဆုံးကို သုည သတ်မှတ်ပြီး လာဘ်ပေးလာဘ်ယူ အကင်းဆုံးကို ၁ဝ သတ်မှတ်ကာ အမှတ်ပေး စာရင်းပြုစုရာ နိုင်ငံအရေအတွက် လေးပုံသုံးပုံခန့်သည် ၅ မှတ်အောက်သာ ရရှိကြပြီး မြန်မာသည် ၂ နှစ် ဆက်တိုက် ၁.၄ မှတ်သာ ရရှိခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထဲမှ စင်္ကာပူနှင့် ဘရူနိုင်းသာ ၅ မှတ်အထက် ရရှိပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့လည်း ၃ မှတ် အောက်တွင်သာ ရှိကြသည်။
လေ့လာချက်များအရ နိုင်ငံတနိုင်ငံ၏ အကြမ်းဖက် ရာဇဝတ်မှု ဖြစ်ပွားနှုန်းနှင့် ခြစားနှုန်း တိုက်ရိုက်အချိုးကျနေပြီး ယုံကြည်မှုများ ပြန်လည်တည်ဆောက်ရန်နှင့် လာဘ်စားမှုများ လျှော့ချရန် ပွင့်လင်းမြင်သာမှုနှင့် စာရင်း စစ်ဆေးနိုင်မှုတို့က အဓိက ကျသည်ဟု အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုနှင့် စာရင်းစစ်ဆေးနိုင်မှု မရှိသည့်အပြင် နိုင်ငံရေးလည်း မတည်ငြိမ်သဖြင့် လာဘ်ပေးလာဘ်ယူမှု ကြီးထွားလာရသည်။ မြန်မာနိုင်ငံကို စစ်တမ်းကောက်ရာ ရင်းမြစ် ၁၃ ခုမှ ကောက်ရမည့်အစား ၃ နေရာမှသာ စာရင်းကောက်နိုင်ခဲ့သည်။
နိုင်ငံတကာ လာဘ်ပေးလာဘ်ယူ လေ့လာရေးအဖွဲ့က လာဘ်ပေးလာဘ်ယူအဆင့် သတ်မှတ်ရန် အချက်အလက် စုဆောင်းရာတွင် လွတ်လပ်၍ ယုံကြည်ရသော အဖွဲ့အစည်းများထံမှ ကွဲပြားသည့် အကဲဖြတ်ချက်နှင့် ခြုံငုံသုံးသပ်ချက်များကို အခြေခံစုဆောင်းခဲ့သည်။ အစိုးရ အရာရှိများ၏ လာဘ်စားမှု ပမာဏ၊ နိုင်ငံတော် ရန်ပုံငွေ အလွဲသုံးစားမှုများနှင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်သည့် စနစ်များ ထိရောက်မှု ရှိမရှိတို့ကို အခြေခံ တွက်ချက်ထားသည်ဟု ဆိုသည်။
ဒိန်းမတ်၊ နယူးဇီလန် နှင့် စင်္ကာပူတို့က ၉.၃ ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ကာ လာဘ်ပေးလာဘ်ယူ အကင်းဆုံး နိုင်ငံများအဖြစ် ရပ်တည်နေသည်။Rest of your post
ကျုပ်တို့ ဟုတ်ဖူး
မျိုးချစ်သူ / ၂၈ အောက်တိုဘာ ၂၀၁၀
၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇) ရက်၊ ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေအတွင်းရေးမှူး၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသောလမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလောဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့် မေးမြန်းရာတွင် မြို့တော်ဝန်က မဖြေလိုကြောင်း ပြောသောကြောင့် ဦးဌေးဦးက မြို့တော်ဝန်အစား ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့နေရာအနှံ့ လမ်းများကို ကြံ့ဖွံပါတီက ရန်ကုန်စည်ပင်နှင့်ပေါင်းကာ ခင်းပေးလျက်ရှိပြီး လမ်းခင်းပြီးပါက လမ်းထိပ်တို့တွင် ကြံ့ဖွံ့ပါတီမှခင်းပေးကြောင်း ကမ္ဗည်းထိုးထားသည်ကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။
“လမ်းထိပ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အခမဲ့ခင်းပေးတယ် ဆိုတာပါတယ်၊ ကျမတို့မြို့နယ်မှာ အများကြီးပဲတွေ့တယ်၊ ပါတီအမှတ်အသားနဲ့ သေသေချာချာ လုပ်ထားတာလေ၊ သူတို့က အဲဒါ မဲဆွယ်တာပေါ့” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနေသူ တဦးက ပြောသည်။
ရန်ကုန်လမ်းများကို ရန်ကုန်စည်ပင်က ခင်းရမည့်အစား ကြံ့ဖွံပါတီက ခင်းပေးနေခြင်းသည် ပါတီအနေဖြင့် ပြည်သူများအား မဲဆွယ်လို၍သာ ခင်းပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုကြသည်။
“သူတို့က စေတနာနဲ့လုပ်တာမှ မဟုတ်တာ၊ အကျိုးလိုလို့ ညောင်ရေလောင်းတာပဲလေ၊ အမှန်ဆိုရင် ရန်ကုန်လမ်းတွေက ပျက်နေတာ ကြာပေါ့၊ စည်ပင်အလုပ်ကို စည်ပင်လုပ်ပေါ့၊ တသက်လုံးက မလုပ်ခဲ့တဲ့လမ်းတွေကို အခုမှလာပြီးတော့ ကြံ့ဖွံ့က လုပ်နေတယ်ဆိုတာ အဖြေက ရှင်းနေတာပဲ” ဟု ပုစွန်တောင်မြို့နယ် ရေကျော်လမ်းမတွင်နေသူ ပြည်သူတဦးက ပြောသည်။
ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်ဖြစ်သော မော်နီတာ သတင်းဂျာနယ်တွင် ပြီးခဲ့သည့် (၃) ပတ်ခန့်က ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်ရှိလမ်းများကို ပြည်ခိုင်ဖြိုး( ကြံ့ဖွံ့ပါတီ) ပါတီက ခင်းနေခြင်းဖြစ်ကြောင်း၊ ပါတီဝင်များက လုပ်အားပေးကြကြောင်း၊ အခကြေးငွေပေးရန် မလိုကြောင်း၊ လမ်းခင်းရန် လိုအပ်သောပစ္စည်းများကို ရန်ကုန်စည်ပင်က ကူညီကြောင်း ပြောဆိုထားမှုကို ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်။ Rest of your post
အောင်သိန်းလင်းတင် အလှန်ကောင်းတာမဟုတ်ပါ..



မြန်မာပြည်က dancer ခေမီကို ပါတဲ့ ဗျာ...
ကြံဖွတ် အလံနဲ့အပြိုင်..ဘောင်းဘောင်း မှာ..ကြယ်ပွင့်တွေ လင်းလင်းလက်နေပါရဲ့..
ထက်ထက်မိုးဦးက သတင်းထောက်ကို ပါးရိုက်တယ်..
မြို့ဝန်အောင်သိန်းလင်းက သတင်းထောက်ကို ပုဆိုးလှန်ပြတယ်။
ခေမီကိုက..အားကျမခံ..အလံတော် အသစ် မှာတင် ကြယ်ရှိတာ ၀ုတ်ဖူး..
ကျမ မှာလည်း...ကြယ်ရှိတယ်...ဓါတ်ပုံဆရာကို..မတော်ရာလှန်ပြပါတယ်။
မြန်မာနိုင်ငံ..အခု..ဘာနိုင်ငံ ပါလည်း တွေးကြည့်ကြပါ...
ရာဂုအိုးကြီး ကျကွဲမှ...ရွှေစည်းခုံကိုလှုပါ၏...
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရွေးကောက်ပွဲ မ၀င်
နာမကျန်း ၍ အသက်အရွယ် အိုမင်း ရင့်ရော် နေပြီ ဖြစ်သော မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေသည် သီတင်း နှစ်ပတ် ခန့် ပင် မလိုတော့ သည့် မြန်မာ ရွေးကောက် ပွဲဉ် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်
ဟု ဟနွိုင်း တွင်ရောက် ရှိ နေ သည့် နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက အေပီ သတင်းဌာန သို့ ပြောကြား
သည်။
မဲမရမဲ့အတူတူ..ပြောရမယ်လေ ဂလိုပေါ့…
ပုဆိုးခြုံထဲက လက်သီးကို ပုဆိုးလှန်ပြသော မြို့ တော်ဝန်တဲ့ ဗျ

ပုဆိုးလှန် မပြမှီ သတင်းစာရှင်း လင်းပွဲဉ် ဤသို့ တွေ့ ရစဉ်
ကြံဖွံ့ ပါတီ ၏ ယခင် ရုံးချုပ်ဟောင်း ဖြစ်သည့် ရန်ကုန်တိုင်း ဗဟန်းမြို့ နယ် သံလွင်လမ်းတွင် ကျင်းပသည့်ကြံ့ဖွံ ပါတီ၏ တရားဝင် ပထမဦးဆုံး အကြိမ် ဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်တွင်း နှင့် နိုင်ငံခြား သတင်းထောက် များ နှင့် တွေ့ ဆုံရာတွင် တောင်ဥက္ကလာ ပ မြို့ နယ် မှ ၀င်ရောက် အရွေးခံမည့် ကြံဖွတ် ပါတီ အမတ်လောင်း နှင့် လက်ရှိ မြို့ တော်ဝန် ဦးအောင်သိန်း လင်းက သတင်းထောက် နှစ်ဦး အား ပုဆိုးလှန်ပြခဲ့သည်ဟုသိရ သည်။
ကြံ့ဖွံ့ ပါတီ မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားသတင်းထောက်များက ရန်ကုန်မြို့ ၌လမ်းများခင်း နေသည်မှာ ပါတီပိုင်ငွေ လား ၊ ပြည်သူပိုင်ငွေလား ဟုမေးမြန်း စဉ်ကတည်းက ဦးအောင်သိန်းလင်းက စိတ် ဆိုး မာန်ဆိုးဖြင့် ပြောခဲ့သော်လည်း လယ်ယာဆည်မြောင်းဝန်ကြီး ဖြစ်သူ ဦးဌေးဦးက ယဉ်ကျေးစွာပင် ဖြေဆိုခဲ့ သည်။
သတင်းစာရှင်းလင်း ပွဲပြီးနောက် ပြည်တွင်း သတင်းထောက် တစ်ဦးက အလွတ်သဘောမေးမြန်းသည့်မေးခွန်း တစ်ခု ဖြစ်သည့် “ရွေးကောက်ပွဲ ၀င်တော့ မယ် ဆိုတော့ မြို့ တော်ဝန် ရာထူးက နှုတ်ထွက်ဖို့ အစီအစဉ် မရှိ ဘူး လား” ဆိုသည့် မေးခွန်း ကို ၎င်း က ဒေါသတကြီး ဖြင့် ဒါမင်းတို့ ကိစ္စ မဟုတ် ဘူး ဟု အစချီပြီးဆဲရေး တိုင်းထွာ ကာ ပုဆိုး လှန် ပြခဲ့သည် ဟု အဆို ပါ အခမ်းအနား သို့ တက်ရောက် လာသည့် သတင်းထောက် တစ်ဦး က Freedom News Group သို့ ပြောသည်။
မြို့တော်ဝန် အောင်သိန်းလင်းသည့် ယခင်ကလည်း ဈေးမီးလောင်မှု၊ တိုက်ပြိုကျမှုများတွင် လာရောက်သတင်း ယူသည့် သတင်းထောက် များ အား ဆဲရေး တိုင်းထွာမှုများ ပြုခဲ့ပြီး ၊၎င်း၏ မဲဆန္ဒနယ်တွင် ပြီးခဲ့သည့် လက မဲဆွယ်ရာ၌ ဘာသာရေး နိုင်ငံရေး အရ အငြင်း ပွားဖွယ်ရာ များ ပြုလုပ်ခဲ့သည်။
ယမန်နေ့ က ကျင်း ပခဲ့သည့် ကြံ့ဖွံ့ ပါတီ ၏ မဲဆွယ်ပွဲ အခမ်းအနားကိုတက်ရောက် ခဲ့သူ သတင်းထောက်တစ်ဦး က ဦးအောင်သိန်းလင်း သည် အလွန် မိုက်ရိုင်းသည့် အပြုအမူရှိ ပြီး လက်ရှိ မြို့ တော်ဝန် နှင့် အမတ်လောင်း တစ်ဦး အနေနှင့် မဖွယ်မရာ အပြုအမူ ကို လုပ်ခဲ့ခြင်း ကြောင့် ဦးဌေးဦး ၏က ပင် တားယူရသည် ဟုသိရသည်။
သတင်းစာ ရှင်းလင်းပွဲ သို့ သတင်းထောက် ၈၀ ကျော်တက်ရောက်ခဲ့သည်။ကြံ့ဖွံ့ ပါတီ အနိုင်ရလျှင်စီးပွားရေး ပြုပြင် ပြောင်းလဲ မှု များ ပို လုပ်မေးမည် ဟု ဦးအောင်သိန်း လင်းက ပြောကြားခဲ့သည်။
လက်ရှိ ၀န်ကြီးချုပ်ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ ဖွံ့ ပါတီသည် ဂီရိ မုန်တိုင်း ကြောင့် ပျက်စီး ဆုံးရှုံး သေကြေမှု များ ဖြစ်ပေါ် ခဲ့သည့် ရခိုင် ပြည်နယ် တွင် အကူအညီ တစ်စုံ တစ်ရာ ပေးမှု မရှိ ဟု သိရသည်။
http://freedomnewsgroup.com/2010/10/28မှ
မဲခိုးပြီးရင်...ဒေါ်စုကိုလွှတ်မှာပါ...မရှိလို့ လုပ်စားတာ ဖြေးဖြေးပေါ့
Myanmar's Suu Kyi "could be freed next month"
HANOI | Thu Oct 28, 2010 1:44am EDT
HANOI (Reuters) - Myanmar's detained pro-democracy leader, Aung San Suu Kyi, could be released from house arrest next month, Indonesian Foreign Minister Marty Natalegawa said on Thursday.
Asked if his Myanmar counterpart, Nyan Win, had given any indication of when Suu Kyi would be freed during a regional summit in Hanoi, Natalegawa said: "Once the prison term of her sentence expires, and she has served her sentence, and that notion was not disputed.
"It was our understanding that she would have served her sentence in November," he told reporters.
(Reporting by Ambika Ahuja; Writing by Robert Birsel)
ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမည့်သူ မရှိ ၀မ်းရောဂါများ စတင်ဖြစ်ပွားနေ
သတင်း နိရဉ္စရာ
အောက်တိုဘာ၂၇
“ ကျွန်တော်တို့ သိရသလောက်ဆိုရင် ၀မ်းရောဂါနဲ့ သေဆုံးတာ သုံးဦး ရှိသွားပါပြီ။ ဒီထက် အရေအတွက် တိုးလာနိုင်ပါတယ်။” ဟု ပြောသည်။ မြေပုံမြို့ခံ တစ်ဦးကလည်း သောက်သုံးရေ ရှားပါးနေသဖြင့် ၀မ်းရောဂါ ဖြစ်ပွားနေပုံကို ယခုကဲ့သို့ ပြောသည်။
“ အခု ရွာအတော်များများက ရေထဲပါသွားတော့ တချို့ရွာတွေမှာ စားစရာ သောက်စရာတွေ ဘာမှ မကျန်ခဲ့ဘူး။ အဲဒီတော့ ရွာသားတွေက အုန်းသီး၊ အုန်းဖူးတွေကိုဘဲ စားသောက်နေရတယ်။ ကြာလာတော့ ၀မ်းရောဂါ ရပြီး ခုလို ကူးစက်ပြန့်ပွားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်တွေမှ အမည် မဖေါ်လိုသူ ဆရာဝန် တစ်ဦးကလည်း မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ် များတွင် ၀မ်းရောဂါ ဖြစ်ပွားနေမူကို အတည်ပြု ပြောကြားပြီး အစားအစာ၊ သောက်သုံးရေနှင့် အမိုးအကာများ အချိန်မှီ မရပါက ၀မ်းရောဂါ ဖြစ်ပွားမူမှာ ထိန်းမနိုင်သည့် အခြေအနေကို ရောက်သွား နိုင်ကြောင်း ပြောဆိုသည်။
တချို့ဝေးလံသော ကျွန်းများတွင် ယခုအချိန်ထိ အခြေအနေမည်သို့ဖြစ်နေသည်ကို မသိ ရှိရသေးကြောင်းနှင့် မုန်တိုင်း ဒဏ်ခံခဲ့ရသော ပေါက်တော၊ မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူ ကျေးလက်ဒေသများတွင် အစားအစာနှင့် သောက်သုံးရေများ အကြီးအကျယ် လိုအပ်နေကြောင်း သိရသည်။
နဖအ အာဏာပိုင်များ၏ ကန့်သတ်ပိတ်ပင် တားမြစ် မူများကြောင့် လေဘေး ဒဏ်ခံခဲ့ရသော ကျေးရွာ အများအပြားသို့ ယခုအချိန်ထိ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်နိုင်ဘဲ ကြန့်ကြာမူများ ရှိနေကြောင်း သိရသည်။
အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
ခေတ်ပြိုင်သတင်း
ဝီရ /
၂၇ အောက်တိုဘာ
မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝ မရှိ၍ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်ခြင်း ပြုမည်မဟုတ်ကြောင်း အန်အယ်လ်ဒီ၏ ဆုံးဖြတ်ချက်ကို ဒီမိုကရေစီကျင့်စဉ်အရ လိုက်နာခြင်း မရှိဘဲ အန်အယ်လ်ဒီ ပါတီဝင်အချို့က အန်ဒီအက်ဖ်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
“၂၀၁၀ ခု၊ မတ်လ (၂၉) ရက်နေ့က အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ပါတီအသစ်ထောင်တာ ဖြစ်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူတို့ပါတီရဲ့ ခေါင်းဆောင်လိုလို ပြောနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ဒီကြေညာချက်ထဲမှာ အတိအလင်း ဖော်ပြထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အန်ဒီအက်ဖ်မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူ အားလုံးနှင့် သက်ဆိုင်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တဦး ဖြစ်သည်ဟု ဆိုသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့တဖွဲ့တည်းနဲ့ ဆိုင်တဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။ ပြည်သူအများက ရွေးချယ်တင်မြောက်ထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ပါ။ သူ့ကို အန်အယ်လ်ဒီ ခေါင်းဆောင်တွေက အပိုင်စီးထားလို့ မရပါဘူး။ ကျနော်တို့ကလည်း သူ့ကို ပြည်သူ့ခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်တဦး အဖြစ် အသိအမှတ်ပြုတာ ဖြစ်တယ်။ ဒီလို သတ်မှတ်တာ မလွန်ဘူးလို့ပဲ ကျနော် ယူဆတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်အယ်လ်ဒီမှ စွပ်စွဲသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အန်ဒီအက်ဖ်ပါတီ၏ ခေါင်းဆောင်အဖြစ် မဲဆွယ်စည်းရုံးနေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်မောင်ဆွေက ဆက်လက် ရှင်းပြသည်။
အန်အယ်လ်ဒီပါတီကမူ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ်အကျိုးစီးပွားများကို ရှေးရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥဿုံ သပိတ်မှောက်လိုက်ကြောင်း ကြေညာသည့် ကြေညာချက်တစောင် ကိုလည်း ယမန်နေ့က သီးခြား ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် နိုင်ငံသားများအနေဖြင့် မဲပေးရန် အခွင့်အရေး ရှိသကဲ့သို့ မဲမပေးခြင်းသည်လည်း ဥပဒေအရ အခွင့်အရေး ဖြစ်ကြောင်း၊ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အန်အယ်လ်ဒီ မပါ၍ မည်သူ့ကို မဲထည့်ရမည်ဆိုလျှင် မိမိကြိုက်သည့် ပါတီ မပါလျှင် မဲမထည့်ပဲ နေနိုင်ကြောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုလည်း ဖော်ပြထားသည်။
အောက်တိုဘာ (၂၆) ရက်၊ ယမန်နေ့က ထုတ်ပြန်လိုက်သည့် အန်အယ်လ်ဒီ၏ ကြေညာချက် (၂) စောင်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလက်ခံကြောင်း၊ ကြေညာချက်များကို အဖွဲ့ချုပ်ဝင်များသာမက ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်စေရန် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။
၎င်းက “ကိုယ်ဖြတ်သန်းရမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုရွေးကောက်ပွဲမျိုးလဲ၊ ဘာအတွက် မဲထည့်မှာလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မှာကြားလိုက်ပါတယ်”ဟု ပြောသည်။
လာမည့် အောက်တိုဘာ (၂၉) ရက်နေ့တွင် နေပြည်တော် ဗဟိုတရားရုံးသို့ လျှောက်လဲရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်နှင့် ပတ်သက်သည့် အထူးအယူခံဝင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့ကြသည်။
ပြည်တွင်းမှာ သတင်းမှတ်တမ်းရယူ လက်စွမ်းပြကြမယ့် citizen journalism အသစ်တွေအတွက် ရုပ်သံ အခြေခံ
မြန်မာပြည်အတွက် အရေးကြီးသည့် ရွေးကောက်ပွဲသည် နိုဝင်ဘာ ၇ ရက်နေ.တွင် ကျင်းပရန် ရှိပါသည်။ ထိုနေ.တွင် ရည်ရွယ်ချက်မျိုးစုံဖြင့် မှတ်တမ်းတင်ကြမည့် ကင်မရာ သူရဲကောင်းများ ရှိကြပါဦးမည်။ ၄င်းတို.ထဲမှ အချို.သည် ရိုက်ကူးရေးပညာနှင့် အစိမ်းသက်သက် ဖြစ်နေနိုင်ပါသည်။ ထိုသူများအတွက် အနည်းငယ်မျှ အထောက်အကူ ရစေရန် ရည်ရွယ်ရင်း လေ့လာဖူးသည့် အခြေခံ ကင်မရာ စည်းကမ်းအချို.ကို မျှဝေအပ်ပါသည်။ လိုအပ်သလို အသုံးပြုနိုင်ပါသည်။
အဆင့်မီ ကင်မရာသမားတစ်ဦး ဖြစ်ရေးအတွက် နှစ်ရှည်လများ လေ့ကျင့်ပျိုးထောင်ရသည်ဖြစ်ရာ ယခုစာတိုလေးမှာ သိသင့်သည်များကို အားလုံး ခြုံငုံမိသည်ဟု မဆိုလိုပါ။ သို.သော် အခြေခံ ဆောင်ရန်/ ရှောင်ရန်များကို လေ့လာနိုင်ပါက ပိုမိုကောင်းမွန်သော မှတ်တမ်းရုပ်သံများ ရိုက်ကူးရန်အတွက် ဆက်လက် လေ့ကျင့်နိုင်မည်ဟု ယုံကြည်ပါသည်။ အထပ်ထပ် လေ့ကျင့်ပါရန် တိုက်တွန်းအပ်ပါသည်။ သိရှိပြီးသည်များကို ထပ်မံပြောဆိုမိပါက ဆရာလုပ်သည်ဟု မယူဆစေလိုပါ။
၁။ Zoom ကို မလိုအပ်ဘဲ မသုံးပါနှင့်။
မြင်ကွင်းတစ်ခုကို ရိုက်ကူးနေစဉ် အနီးအဝေး zoom ဆွဲခြင်းကို အတွေ.အကြုံနည်းသည့် ကင်မရာသမားများ မကြာခဏ ပြုလုပ်တတ်ကြသည်။ အထူးသဖြင့် လမ်းမကြီး၊ မော်တော်ကား၊ အိမ်၊ ဈေးဆိုင်ကဲ့သို.သော ငြိမ်သက်နေသည့် အရာဝတ္ထုများကို ရိုက်ကူးပါက ကင်မရာကို ရွှေ.ခြင်း zoom ကစားခြင်းတို.ကို ပြုလုပ်တတ်သည်။ ဗီဒီယိုသည် ဓာတ်ပုံမဟုတ် လှုပ်ရှားမှု ပါရမည်ဆိုသည့် psycho ကြောင့်ဖြစ်သည်။ မလိုအပ်ပါ။ ရုပ်မြင်သံကြားမှ သတင်းများကို လေ့လာပါ။ ကင်မရာက ငြိမ်နေပြီး ကင်မရာဘောင် အတွင်းမှ subject များကသာ လှုပ်ရှားနေသည်ကို တွေ.ရပါလိမ့်မည်။
မလိုပဲ zoom အသုံးပြုပါက ပြန်ကြည့်သောအခါ ပြလိုသော အရုပ်ကို ပရိသတ်က သေချာမမြင်ဘဲ ရှိတတ်သည်။ ထို.အပြင် zoom အသုံးပြုသော အချိန်များတွင် လက်လှုပ်ရှားမှုကြောင့် ကင်မရာ မငြိမ်ဘဲ အရုပ်များပါ လှုပ်နေပြီး ကြည့်သူကို ခေါင်းမူးစေတတ်သည်။
၂။ ရိုက်ချက်များ မတိုလွန်းပါစေနှင့်။
မြင်ကွင်းတစ်ခုကို ရိုက်ကူးပါက အစမှအဆုံး အနည်းဆုံး ၁၀ စက္ကန်. ကင်မရာကို ငြိမ်ထားပါ။ အချို.အခြေအနေများတွင် ရိုက်ချက်တစ်ခုအတွက် ၅ စက္ကန်.လည်း လက်ခံနိုင်ပါသည်။ သို.သော် တစ်စုံတစ်ယောက်က မိမိပြုလုပ်သော သတင်းနှင့် သက်ဆိုင်သော အကြောင်းအရာကို ပြောဆိုနေသည့် အချိန်တွင် အဆိုပါ ပုဂ္ဂိုလ်၏ စကား အစအဆုံး ရရှိရန်လိုသည်။ ကျနော့် Subject များ၏ အလွန်တန်ဖိုးရှိသော တိုက်ရိုက်ပြောစကားများ တစ်ဝက်တစ်ပျက် ဖြစ်နေသောကြောင့် သုံးမရသောအခါ နောင်တနှင့် ရင်နာရဖူးသည်။ နောက်တစ်ချက်မှာ ၅ စက္ကန်.ထက်နည်းပြီး အချိန်တိုလွန်းပါက MTV ပုံစံ ဖြတ်ခနဲ ဖြတ်ခနဲ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားသောကြေင့် ပရိသတ်က ဘာကြည့်ရမှန်းမသိ ဖြစ်တတ်သည်။ ကျန်အချက်များသည် နံပါတ် (၁) ပါ အချက်များနှင့် အတူတူပင် ဖြစ်သည်။
၃။ ကင်မရာကို တတ်နိုင်သမျှ ရွေ.လျှားမှု မလုပ်ပါနှင့်။
နိုင်ငံတကာသတင်းများကို လေ့လာကြည့်ပါ။ ကင်မရာက ငြိမ်နေပြီး ကင်မရာအတွင်းမှ အရုပ်များကသာ ရွေ.လျှားနေသည်ကိုသာ အများဆုံး တွေ.ရပါလိမ့်မည်။ ရုပ်မြင်သံကြားကို ဓာတ်ပုံရိုက်သလိုသာ သဘောထားပြီး ရိုက်ရပါမည်။ လက်ငြိမ်ငြိမ်ထားသင့်သည်။
၎။ မလိုအပ်သော အသံများ မပါဝင်စေရန် ဂရုပြုပါ။
အဖော်ပါလာသည့် ဘေးမှလူက စကားပြောနေခြင်း၊ မိမိကပြောခြင်းမျိုးကို ရှောင်သင့်ပါသည်။ မလိုလားအပ် သည့် အသံများသည် မိမိတင်ပြလိုသည့် သတင်းအပေါ် ပရိသတ်၏ အာရုံဝင်စားမှုကို ကျဆင်းစေပါသည်။
၅။ အင်တာဗျုး
မိမိမေးခွန်းကို ဖယ်ထုတ်လိုက်သော်လည်း အဖြေချည်းသက်သက် အဓိပ္ပါယ်ထွက်စေရပါမည်။ ပရိသတ်က မေးခွန်းကို ဖယ်လိုက်ပြီး အဖြေကိုသာ နားထောင်ပါက နားလည်နိုင်ရမည်။ အင်း (သို.မဟုတ်) ဟုတ်ကဲ့ စသော ထောက်ပေးခြင်းကို ရှောင်ပါ။ မိမိအသံက နှောက်ယှက်နေတတ်သည်။ ဆက်ပြောစေလိုပါက ပြုံးပြီး ခေါင်းညိတ် ပြခြင်းသည် ဟုတ်ကဲ့/အင်း ပြောခြင်းထက် ရုပ်သံအတွက် ပိုမိုအန္တရာယ်ကင်းစေပါသည်။
၆။ ကြားအရုပ်များ ရအောင် ရိုက်ကူးပါ။
Cut Away ဟု ခေါ်ပါသည်။ မိမိတင်ပြလိုသည့် အကြောင်းအရာနှင့် ပက်သတ်သည့် အရုပ်မှန်သမျှအပြင် အင်တာဗျုးတွင် ဖြေဆိုသွားသည့် အကြောင်းအရာများနှင့် ပက်သတ်သည်များကို ရသရွေ. ရိုက်ကူးသင့်ပါသည်။ ကြံ့ဖွတ်ပါတီမှ မဲဆွယ်ခြင်းနှင့် ပက်သတ်သည့် သတင်းတွင် ကြံ့ဖွတ်ပါတီက ခင်းထားသော လမ်းများကို ရိုက်ကူးခြင်းမျိုး ဖြစ်သည်။ မည်သည့်အရုပ်ကို ရိုက်ကူးမည်ဆိုသည်မှာမူ တင်ပြသူ၏ စိတ်ကူးနှင့် အတွေးပေါ် တွင် မူတည်ပါသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ.ရက်ကို အစိုးရက ကြေငြာလိုက်သည်ဟူသော သတင်းမျိုး တွင် မနက်စောစော သတင်းစာ ထိုင်ဖတ်နေသော လူတစ်ဦး လူတစ်စုကို ရိုက်ပြီး cut away အဖြစ် သုံးနိုင်သည် ကို တွေးရပါမည်။
၇။ အဓိက ပုဂ္ဂိုလ်များ ပါအောင် ရိုက်ကူးရမည်။
ရေဘေးဒုက္ခသည်များကို ဆရာတော်ကြီးက ကူညီသော သတင်းတွင် ဆရာတော်ကြီးပုံ မပါပါက အရုပ် အားမကောင်းပါ။ ခိုင်မာမှု အားနည်းသွားပါသည်။ စစ်သားက လူငယ်နှစ်ဦးကို ပစ်သတ်သော သတင်းတွင် လူငယ်နှစ်ဦး၏ မိဘများကဲ့သို.သော အရင်းနှီးဆုံး ဆွေမျိုးများကို ဖော်ပြနိုင်ပါက သတင်းပိုမို အားကောင်းသော သဘောဖြစ်သည်။
ရိုက်ချက်များ (Shots)
အခြေအနေ ပေးပါက အဓိက ရိုက်ချက်ငါးမျိုး ပါဝင်အောင် ရိုက်ကူးပါ။ စာတစ်ပုဒ် ဖြစ်ပေါ်လာရန် စာလုံးများစွာ စုစည်းရသကဲ့သို. အဓိပ္ပါယ်ရှိသော ဗီဒီယိုမှတ်တမ်းတစ်ခု ဖြစ်ပေါ်လာရန် ရိုက်ချက်များစွာ စုစည်းရပါသည်။ အစ အလယ် အဆုံး ပါဝင်ရန် လိုအပ်သည့်အတွက် ရိုက်ချက်များ စုံလင်လေ သတင်းကို စိတ်ကြိုက် ပုံဖော်နိုင်လေ ဖြစ်ပါသည်။ အောက်တွင် အဓိက ရိုက်ချက် ငါးမျိုးကို ဖော်ပြထားပါသည်။ ရုပ်ထွေးမှုများ မရှိစေရန်နှင့် အင်တာနက်တွင် ဆက်လက်လေ့လာနိုင်ရန် မူရင်း အခေါ်အဝေါ်များအတိုင်း ဖော်ပြထားပါသည်။
Establishing Shot
သတင်းတစ်ပုဒ်တွင် Who What When Where Why and How ဟူသည့် “ဘ” ခြောက်လုံး ပါဝင်သည်ကို အများအားဖြင့် သိရှိကြပါသည်။ Establishing Shot သည် နေရာ၊ အချိန်၊ မည်သည့် အနေအထား စသည်ကို ပရိသတ်အား အသိပေးသော shot ဖြစ်သည်။ မြင်ကွင်းကျယ်ကျယ်တွင် ပတ်ဝန်းကျင်မှ အားလုံး ၀ါဝင်သည်။
Wide Shot
မိမိရိုက်ကူးသော subject ကို အားလုံးဖော်ပြပြီး ခြေဆုံးခေါင်းဆုံး ရိုက်ကူးသော ရိုက်ချက်ဖြစ်သည်။ မည်သူ၏ သတင်း၊ မည်သည့်အကြောင်းအရာ၏ သတင်း ဆိုသည်ကို ပရိသတ်ကို မိတ်ဆက်သော ရိုက်ချက်လည်း ဖြစ်ပါသည်။
Medium Shot / Mid Shot
ခါးတစ်ပိုင်း ရိုက်ချက်များအားလုံး ပါဝင်သည်။
Close Up
Passport ဓာတ်ပုံ အရွယ်အစားကို မှတ်ထားပါ။ ၄င်းသည် Close Up Shot နှင့် အနီးစပ်ဆုံး ဖြစ်သည်။ လူ၏ စိတ်ခံစားမှုများကို ဖော်ပြရန်သုံးသည်။ ငိုနေခြင်း၊ ဒေါသထွက်နေခြင်း၊ စိတ်ပျက်နေခြင်း၊ တက်ကြွခြင်း၊ ပျော်ရွှင်ခြင်း စသည့် message များကို Close Up ဖြင့် ပြပါက ပိုမိုထိရောက်ပါသည်။
Extreme Close Up
မြန်မာပြည်တွင်း အနေအထားတွင် များသောအားဖြင့် ရိုက်ကူးရန် ခက်ခဲလေ့ရှိသည်။ သို.သော် ပရိသတ်ကို ဖမ်းစားနိုင်သည့် ရိုက်ချက်များသည် Extreme Close Up များ ဖြစ်ကြပါသည်။ ဥပမာ ဖရဲသီးရောင်းသူတစ်ဦးကို ရိုက်ကူးပါက ဖရဲသီးလှီးလိုက်ပုံ အနီးကပ်၊ တယ်လီဖုန်းဆက်နေပုံကို ရိုက်ကူးပါက ဖုန်းနံပါတ်ကို နှိပ်နေသော လက်ချောင်းလေး၏ အနီးကပ်၊ ဘဏ်တစ်ခုကို ရိုက်ကူးပါက ငွေရေစက်တွင်း၌ တစ်ဖြတ်ဖြတ် လှုပ်ရှားနေသော ငွေစက္ကူများ၏ အနီးကပ် စသည့် အလားတူ အရုပ်များကို ဆိုလိုပါသည်။ ငိုနေသော အမျိုးသမီးကို ရိုက်ကူးပါက မျက်ရည် စီးကျနေသော မျက်လုံး ပါးပြင် စသည်တို.ကို ရိုက်ကူးနိုင်ပါသည်။
ကင်မရာကို မလှုပ်မရှား မိနစ်ပေါင်းများစွာ ဖွင့်ထားပြီး တောက်လျှောက် ပြနေခြင်းထက် ယခုကဲ့သို. မတူညီ သော ရိုက်ချက်များကို အမျိုးမျိုး ဖန်တီးပြီး ပြောင်းလဲပြခြင်းက ပရိသတ်ကို ပိုမို စိတ်ဝင်စားစေပါသည်။
(အခြား)
Over the Shoulder
တစ်စုံတစ်ရာ လုပ်ကိုင်နေသူ၏ ပခုံးပေါ်မှ ကျော်လွှားပြီး ၄င်းလုပ်ကိုင်နေသော အလုပ်ကို ပြသခြင်းဖြစ်သည်။ နမူနာပုံကို ကြည့်ပါ။
Negative Space
နမူနာပုံကို ကြည့်ပါ။
Psychological Space / Opening
နမူနာပုံကို ကြည့်ပါ။
အားလုံး ဘေးကင်းကြပါစေ။ လွတ်လပ်အေးချမ်းကြပါစေ။
ကျော်ဇွ
စစ်အာဏာရှင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဂျပန်ရောက်မြန်မာတို့ ဆန့်ကျင်ဆန္ဒပြ
ဓါတ်ပုံ စိုးအောင်ဝင်း
Wednesday, October 27, 2010
စအိုပေါက်မပါတဲ့ ကလေးငယ်လေး အတွက် အကူညီလို(SOS)
EDEN GARDEN
C303, Block-C, Jalan Kajang Utama Pekeliling, Taman Kajang Utama, 43000 Kajang,
Selangor, Malaysia.
Tel; +6 012 2194 249, +6 016 3725 098
ဘယ်တုန်းက အမှန်ပြောဖူးလို့ လဲ
နအဖ ထုတ်ပြန်သော အသေအပျောက် အပျက်အစီး စာရင်း ပကတိ အပျက်အစီး စာရင်းနှင့် ကွဲလွဲမူရှိ
10/26/2010 စံလင်း
နအဖ စစ်အစိုးရမှ ထုတ်ပြန်သော အသေ အပျောက်နှင့် အပျက်အစီး စာရင်းမှာ ဒေသခံများ ကောက်ယူ စုဆောင်း ထားသော စာရင်းများနှင့် များစွာ ကွဲလွဲမူ ရှိနေကြောင်း လူမူရေး ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
“ နအဖ စစ်အစိုးရက ဂီရိ မုန်တိုင်းကြောင့် သေဆုံးသူ ဦးရေ ၂၇ ယောက် ရှိကြောင်း ဖော်ပြထားပါတယ်။ လက်ရှိ အောက်တိုဘာလ ၂၆ ရက်နေ့ထိ ကောက်ခံ ရရှိတဲ့ စာရင်းအရ မြေပုံမြို့နယ် တစ်ခုတည်းမှာ သေဆုံးသူ ၇၄ ဦး ရှိနေပါပြီ။ ဒီထက် သေဆုံး သူ အရေ အတွက် ပိုများနိုင်တယ်လို့ အများက ခန့်မှန်း ထားကြပါတယ်။ ဒါကြောင့် နအဖ စစ်အစိုးရ စာရင်းဟာ ဒေသအတွင်းက ကောက်ခံ စုဆောင်းထားတဲ့ စာရင်းတွေနဲ့ အများကြီး ကွာဟနေပါတယ်” ဟု ပြောသည်။
နအဖ စစ်အစိုးရမှ သတင်းစာများမှ ကျေညာရာတွင် ဆိုင်ကလုန်းမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်တွင် လူ ၂၂ ဦးသေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေကြောင်း ပြောသည်။
၎င်းပြင် တံတားနှစ်စင်း ကျိုးပြီး အိမ် ၂၀၈၈ လုံး၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄ လုံးနှင့် စာသင်ကျောင်း ၁၃ ကျောင်း ပျက်စီးကာ စက်လှေ အစင်း ၈၀ နစ်မြုပ်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။
မင်းပြားမြို့နယ်တွင်လည်း လူ ၅ ဦး သေဆုံးပြီး အိမ် ၅၉၇ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ သုံးလုံး၊ စာသင်ကျောင်း လေးကျောင်း ပျက်စီးကြောင်း ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် အိမ် ၁၀၃၅ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ အလုံး ၄၀၊ စာသင်ကျောင်း နှစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်း တလျောက် အဆောက်အအုံး အချို့ အမိုးလန် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း နအဖ စစ်အစိုးရ စာရင်းတွင် လူ ၉ ဦးထိ သေဆုံးခဲ့ရပြီး လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသော ပေါက်တောမြို့နယ် အကြောင်းကိုမူ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း ယနေ့ထက်ထိ မရှိသေးကြောင်း သိရသည်။
“ အခု ကျွန်တော် စုဆောင်းထားတဲ့ စာရင်းအရ ကျောက်ဖြူ ငလကျွန်းမှာ တစ်ဦး၊ ပေါက်တောမှာ ၉ ဦး၊ မင်းပြားမှာ ၈ ဦးနဲ့ မြေပုံ တမြို့နယ်မှာတင် ၇၄ ဦးသေတယ်လို့ သိရပါတယ်။ တခြား လက်လှမ်း မမှီတဲ့ နေရာတွေ ကျွန်းတွေလည်း အများကြီး ရှိပါသေးတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူက ပြောသည်။
ပေါက်တောမြို့နယ်တွင် အင်ဂရားချိုင်ကျွန်းမှ ဗျိုင်းသိုက်၊ ကျောက်မောင်း၊ ပြင်ကြီး၊ ငရီချိုင်၊ ရီပိုက်ချိုင်၊ သဲဒွေနှင့် ငမဲပြင် ကျေးရွာများ ဒီရေ လိုင်းများနှင့် အတူ မျောပါသွားခဲ့ပြီး လူသောင်းချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြသော်လည်း ယခုအချိန်ထိ တရားဝင် အစိုးရမှ နေရာချထားပေးခြင်း အကူအညီပေးခြင်း မရှိကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ထုတ်ပြန်ချက်တွင်လည်း မြေပုံ တမြို့နယ်တည်းတွင် သေဆုံးသူ ၇၄ ဦးရှိကြောင်း ဖေါ်ပြသည်။ Rest of your post
ဘင်ကီမွန်း လည်း ကိုယ်ဘာပြောနေမှန်း ကိုယ်ကိုယ်တိုင်နားလည်ရဲ့လားမသိ ၊
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တခု ကျင်းပရန် အချိန်မနှောင်း သေးကြောင်း ယနေ့ ပြောဆို လိုက်သည်ဟု သိရှိရသည်။
BK_ban
မြန်မာ့အရေးတွင် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ ထိရောက်မှုမရှိခြင်းအပေါ် ဘန်ကောက်မြို့ကုလသမဂ္ဂ ရုံးရှေ့၌ ယနေ့ ဆန္ဒပြနေကြသည့် မြန်မာ့အရေး လှုပ်ရှားသူများ (ဓာတ်ပုံ - Getty Image)
မစ္စတာ ဘန်ကီမွန်းက“မြန်မာ့ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့အတွက် ကျနော်တို့ မျှော်လင့်နေပါတယ်။ ဒီ ရွေးကောက်ပွဲက စစ်အစိုးရအတွက် စာမေးပွဲတခုလို ဖြစ်နေပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက် အတိုင်း စစ်အစိုးရ အနေနဲ့ လုပ်ဆောင်နိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမယ်”ဟု ပြောဆိုကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။
မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲကို အများကလက်ခံနိုင်စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို အသေးစိတ် ပြောဆိုခြင်းမရှိသကဲ့သို့၊ ဒေါ်အောင်ဆန်းစုကြည် ၏ အရေးကိစ္စများကို ပြောဆိုသွားခြင်း မရှိကြောင်းလည်း သိရှိရသည်။
ယင်းပြောဆိုချက်များကို မစ္စတာ ဘန်ကီမွန်းက ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝနှင့် ပူးတွဲ၍ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကာ ပြောဆိုသွားခြင်းဖြစ်သည်။
၎င်းတို့ နှစ်ဦးစလုံးသည် လာမည့် ရက်သတ္တပတ် အကုန်တွင် ကျင်းပမည့် ၁၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးတွင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲသည် အားလုံး ပါဝင်မှု မရှိခြင်း၊ လွတ်လပ်ပြီး တရားမျှတမှု မရှိ ခြင်း တို့ကြောင့် နိုင်ငံတကာ၏ ဝေဖန်ပြောဆိုမှုကို ခံနေရသည်။
ဝန်ကြီးချုပ် အဖိဆစ် က မြန်မာဒုက္ခသည်များကို မြန်မာ့ပြည်တွင်းရေး မငြိမ်သက်သေးသရွေ့ ပြန်ပို့မည်မဟုတ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထပ်မံပြောဆိုလိုက်ကြောင်းလည်း သိရှိရသည်။
မစ္စတာ အဖိဆစ် က“နှစ်နိုင်ငံ အစိုးရတွေ ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေရဲ့ နေထိုင်မှုဘဝ မြင့်လာအောင် လုပ်သင့်တယ် လို့ မြန်မာစစ်အစိုးရကို ကျနော် တိုက်တွန်းခဲ့ပါတယ်”ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ် အဖိဆစ်သည် ပြီးခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်၌ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခဲ့ရာတွင် မြန်မာနိုင်ငံသား ဒုက္ခသည်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်းလည်း သိရှိရသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့၏ တွေ့ဆုံမှုသည် ကုလသမဂ္ဂနှင့် အာဆီယံ ပူးပေါင်း ဆောင်ရွက်ရေးအတွက်လည်းကောင်း၊ ဆူဒန်နှင့် ဒါဖာ ဒေသများရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အစီအစဉ်များအတွက် လည်းကောင်း ဆွေးနွေးရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ပြောသည်ဟု သိရှိရသည်။
Human Rights and Development Foundation မှ မစ္စတာ အန်ဒီဟောလ်က မြန်မာနိုင်ငံသား ဒုက္ခသည်များ အရေး ကို နှစ်နိုင်ငံလုံးမှ အစိုးရအဖွဲ့များက ပူးပေါင်းဆွေးနွေးနေသည်မှာ အပြုသဘောဆောင်သည့် တိုးတက်မှုတရပ် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
Burma Partnership အဖွဲ့မှ မခင်ဥမ္မာကမူ မစ္စတာဘန်ကီမွန်း၏ စကားလုံးများသည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ အပေါ်တွင် အကျိုးသက်ရောက်ရန် လွန်စွာနောက်ကျနေပြီဖြစ်ကြောင်း ပြောသည်။
“မစ္စတာ ဘန်ကီမွန်းက အရင် သူပြောနေကျ စကားတွေအတိုင်း ပြောသွားခြင်းပဲ ဖြစ်ပါတယ်။ စကားလုံးတွေသာ ရှိပြီး အရေးယူ အကောင်အထည်ဖော်မှု မရှိတာကို စစ်အစိုးရအတွက်က ဘာမှ မှု လောက်စရာမဟုတ်ပါဘူး”ဟု မခင်ဥမ္မာ က ဧရာဝတီသို့ ပြောသည်။
ဘန်ကောက်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ အပါအဝင် ထောင်နှင့်ချီသော ရှပ်နီဝတ် များက ဘန်ကောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့တွင် ယနေ့ နံနက်ကတည်းက နေရာယူထားကြသဖြင့် လုံခြုံရေးကို အထူးတိုးမြှင့်ချထားကြောင်း သိရှိရ သည်။
မြန်မာအဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့၊ မြန်မာ့ဒုက္ခသည်များ ကူညီရေးအဖွဲ့၊ ရခိုင် ဝံသာနုစာပေအသင်းနှင့် Peace for Burma အဖွဲ့တို့ ပူးပေါင်းကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထံသို့ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန် စသည်တို့ကို စာတစောင်အဖြစ် ရေးသားပေးပို့ခဲ့ကြောင်းလည်း သိရှိရ သည်။ Rest of your post
Myanmar TV airs cyclone footage
October 26 - State television shows video footage of the damage from Cyclone Giri that hit the west of the country.
ပြောရတာလည်း..မောပါ့ဗျာ..
UN chief urges Myanmar to free political prisoners
By THANYARAT DOKSONE
Associated Press
BANGKOK -- U.N. Secretary-General Ban Ki-moon urged Myanmar's military government Tuesday to release political prisoners before upcoming elections, saying "it is not too late" to make the polls more fair and inclusive.
Myanmar's Nov. 7 elections will be the country's first in 20 years. The polls have widely been denounced as rigged to ensure that pro-military candidates will dominate. The country's leading opposition figure, Aung San Suu Kyi, is unable to seek office and remains detained, along with about 2,100 other political prisoners.
"We'll be expecting that this election will be a fair one, a credible one and an inclusive one," Ban told reporters in Bangkok at the start of a four-country Asian tour. "In that regard, it is not too late, even now, that by releasing the political detainees, they can make this election more inclusive and participatory."
The junta has ignored past U.N. demands to free political prisoners. Suu Kyi has been detained for 15 of the past 21 years.
"I do expect and hope this election to be an inclusive and transparent one," Ban said. "This will be a test of Myanmar's government, how they will be able to meet expectations of the international community."
The U.N. chief spoke after meeting with Thai Prime Minister Abhisit Vejjajiva in Bangkok. He flew later Tuesday to Cambodia. He was schdueled to attend a weekend summit of Asian leaders in Vietnam, followed by a trip to China.
Ban said he was looking forward to having "a very constructive dialogue" with Myanmar Prime Minister Thein Sein during a bilateral meeting at the summit in Hanoi.
About 1,000 police were mobilized in Bangkok for Ban's visit to prevent anti-government protesters who had threatened to mobilize. A small group protested outside the U.N. office but the rally was peaceful.
Thailand's army chief, Gen. Prayuth Chan-ocha, warned so-called Red Shirt protesters who staged paralyzing protests earlier this year that rallies were "absolutely prohibited" during Ban's visit to avoid "embarrassing" Thailand.
At least 91 people died and 1,400 were injured in violence connected to protests that lasted from March through May, staged by Red Shirt protesters demanding Abhisit call early elections. The protesters blockaded Bangkok's commercial heart for weeks before the army moved in to clear the streets. Most of the casualties were protesters.
Human Rights Watch issued a statement urging Ban to use his Asian tour "to publicly address pressing human rights issues in the region."
.
Read more: http://www.miamiherald.com/2010/10/26/1891382/un-chief-urges-myanmar-to-free.html#ixzz13XQrMDzJ
UN chief urges Myanmar to free political prisoners
.
Photos
By THANYARAT DOKSONE
Associated Press
BANGKOK -- U.N. Secretary-General Ban Ki-moon urged Myanmar's military government Tuesday to release political prisoners before upcoming elections, saying "it is not too late" to make the polls more fair and inclusive.
Myanmar's Nov. 7 elections will be the country's first in 20 years. The polls have widely been denounced as rigged to ensure that pro-military candidates will dominate. The country's leading opposition figure, Aung San Suu Kyi, is unable to seek office and remains detained, along with about 2,100 other political prisoners.
"We'll be expecting that this election will be a fair one, a credible one and an inclusive one," Ban told reporters in Bangkok at the start of a four-country Asian tour. "In that regard, it is not too late, even now, that by releasing the political detainees, they can make this election more inclusive and participatory."
The junta has ignored past U.N. demands to free political prisoners. Suu Kyi has been detained for 15 of the past 21 years.
"I do expect and hope this election to be an inclusive and transparent one," Ban said. "This will be a test of Myanmar's government, how they will be able to meet expectations of the international community."
The U.N. chief spoke after meeting with Thai Prime Minister Abhisit Vejjajiva in Bangkok. He flew later Tuesday to Cambodia. He was schdueled to attend a weekend summit of Asian leaders in Vietnam, followed by a trip to China.
Ban said he was looking forward to having "a very constructive dialogue" with Myanmar Prime Minister Thein Sein during a bilateral meeting at the summit in Hanoi.
About 1,000 police were mobilized in Bangkok for Ban's visit to prevent anti-government protesters who had threatened to mobilize. A small group protested outside the U.N. office but the rally was peaceful.
Thailand's army chief, Gen. Prayuth Chan-ocha, warned so-called Red Shirt protesters who staged paralyzing protests earlier this year that rallies were "absolutely prohibited" during Ban's visit to avoid "embarrassing" Thailand.
At least 91 people died and 1,400 were injured in violence connected to protests that lasted from March through May, staged by Red Shirt protesters demanding Abhisit call early elections. The protesters blockaded Bangkok's commercial heart for weeks before the army moved in to clear the streets. Most of the casualties were protesters.
Human Rights Watch issued a statement urging Ban to use his Asian tour "to publicly address pressing human rights issues in the region."
.
Read more: http://www.miamiherald.com/2010/10/26/1891382/un-chief-urges-myanmar-to-free.html#ixzz13XQrMDzJ
UN chief urges Myanmar to free political prisoners
.
Photos
By THANYARAT DOKSONE
Associated Press
BANGKOK -- U.N. Secretary-General Ban Ki-moon urged Myanmar's military government Tuesday to release political prisoners before upcoming elections, saying "it is not too late" to make the polls more fair and inclusive.
Myanmar's Nov. 7 elections will be the country's first in 20 years. The polls have widely been denounced as rigged to ensure that pro-military candidates will dominate. The country's leading opposition figure, Aung San Suu Kyi, is unable to seek office and remains detained, along with about 2,100 other political prisoners.
"We'll be expecting that this election will be a fair one, a credible one and an inclusive one," Ban told reporters in Bangkok at the start of a four-country Asian tour. "In that regard, it is not too late, even now, that by releasing the political detainees, they can make this election more inclusive and participatory."
The junta has ignored past U.N. demands to free political prisoners. Suu Kyi has been detained for 15 of the past 21 years.
"I do expect and hope this election to be an inclusive and transparent one," Ban said. "This will be a test of Myanmar's government, how they will be able to meet expectations of the international community."
The U.N. chief spoke after meeting with Thai Prime Minister Abhisit Vejjajiva in Bangkok. He flew later Tuesday to Cambodia. He was schdueled to attend a weekend summit of Asian leaders in Vietnam, followed by a trip to China.
Ban said he was looking forward to having "a very constructive dialogue" with Myanmar Prime Minister Thein Sein during a bilateral meeting at the summit in Hanoi.
About 1,000 police were mobilized in Bangkok for Ban's visit to prevent anti-government protesters who had threatened to mobilize. A small group protested outside the U.N. office but the rally was peaceful.
Thailand's army chief, Gen. Prayuth Chan-ocha, warned so-called Red Shirt protesters who staged paralyzing protests earlier this year that rallies were "absolutely prohibited" during Ban's visit to avoid "embarrassing" Thailand.
At least 91 people died and 1,400 were injured in violence connected to protests that lasted from March through May, staged by Red Shirt protesters demanding Abhisit call early elections. The protesters blockaded Bangkok's commercial heart for weeks before the army moved in to clear the streets. Most of the casualties were protesters.
Human Rights Watch issued a statement urging Ban to use his Asian tour "to publicly address pressing human rights issues in the region."
Read more: http://www.miamiherald.com/2010/10/26/1891382/un-chief-urges-myanmar-to-free.html#ixzz13XQrMDzJ
http://www.miamiherald.com/2010/10/26/1891382/un-chief-urges-myanmar-to-free.html
Nuke plan may speed up if...
BANGKOK - MYANMAR is carrying out a secret atomic weapons programme that could 'really speed up' if the army-ruled country is aided by North Korea, according to a top nuclear scientist.
The comments follow a June documentary by the Norwegian-based news group Democratic Voice of Burma (DVB) that said Myanmar was trying to develop nuclear weapons, citing a senior army defector and years of 'top secret material'.
Mr Robert Kelley, a former director of the International Atomic Energy Agency (IAEA), inspected the files smuggled out of Myanmar by Sai Thein Win and said the evidence indicated 'a clandestine nuclear programme' was underway. 'This is not a well-developed programme. I don't think it's going very well,' he told the Foreign Correspondents' Club of Thailand late on Tuesday.
'But if another country steps in and has all of the knowledge, the materials, and maybe the key to some of the things that are plaguing them, including bad management, this programme could really speed up.' Mr Kelley said North Korea was 'certainly the country I have in mind'.
Myanmar, which is holding its first elections in two decades on Nov 7, has dismissed the reports of its nuclear intentions and brushed aside Western concerns about possible cooperation with North Korea.
The DVB documentary gathered thousands of photos and defector testimony, some regarding Myanmar's network of secret underground bunkers and tunnels, which were allegedly built with the help of North Korean expertise. The United States has expressed concern about military ties between the two pariah states, and said it was assessing the nuclear allegations against Myanmar, which would be 'tremendously destabilising' to the region. -- AFP
http://www.straitstimes.com/BreakingNews/SEAsia/Story/STIStory_595877.html

