နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော Generation Wave အဖွဲ့ဝင်များကိုဝေးလံသောဒေသများရှိ ထောင်များသို့ ယနေ့ပြောင်းရွှေ့နေရာချထားလိုက်သည်။၎င်းတို့မှာ ကိုဇေယျာသော် ကိုကော့သောင်းထောင်၊ကိုအောင်ဇေဖြိုးကို တောင်ငူထောင်၊ကိုသီဟ၀င်းတင်ကို ညောင်ဦးထောင်နှင့်ကိုအာကာဗိုလ်ကို ကျောက်ဖြူထောင်သို့အသီးသီးပြောင်းရွှေ့လိုက်သည်။
Today new that change the prison as following person,
Zayar Thaw : Kaw Thaung prison, Aung Zay Phyo: Taung Ngu prison, Thiha Win Tin: Nyaung Oo prison & Arkar Bo: Kyat Phyu prison
Thursday, December 04, 2008
အဝေးသို့ ထောင်ခွဲ ပို့ နေခြင်း
ထိုင်းအစိုးရရွေးကောက်ပွဲ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်မည်
ထိုင်းအစိုးရ ရွေးကောက်ပွဲများကို ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။ ၀န်ကြီးချုပ် ဆွန်ချိုင်းအစိုးရ ပြုတ်ကျသွားပြီးနောက် ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲ ရက်အတိအကျကို ထိုင်းနိုင်ငံရွေးကောက်ပွဲ ကျင်းပရေးကော်မတီ အကြီးအကဲ အပီချတ်ဆူခတ်ဂနွန်းက ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုရွေးကောက်ပွဲတွင် ပြည်သူ့စွမ်းအားပါတီ(PPP)၊ မတ်ချီမာ သီပတ္တယားပါတီနှင့် ချတ်ထိုင်းပါတီတို့ ယှဉ်ပြိုင်ခွင့်မရှိတော့ကြောင်း ၎င်းကထပ်မံ အတည်ပြုခဲ့သည်။ ယခုရွေးကောက်ပွဲတွင် တားဆီးပိတ်ပင်ခြင်း ခံထားရသည့် အဆိုပါ ပါတီ(၃)ခုမှလွဲပြီး ခရိုင်(၂၂)ခုမှ ပါတီ(၂၆)ခု ပါဝင်ကြမည်ဖြစ်သည်။ မူလက ဒီဇင်ဘာလ (၉)ရက်နေ့တွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ (၁၁)ရက်နေ့ကိုသာ အတည်ပြုရွေးချယ်ခဲ့ကြောင်း အပီချတ်ကဆိုသည်။ ၀န်ကြီးချုပ်ဆွန်ချိုင်းသည် ဒီဇင်ဘာလ (၂)ရက်နေ့က တရားဝင် အာဏာစွန့်လွှတ်ခဲ့ရပြီးနောက် ရွေးကောက်ပွဲဆိုင်ရာ (၂၀၀၇)ခုနှစ် ဥပဒေများအရ ၎င်း၏နိုင်ငံရေးပါတီသည် မသမာမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်း၏ပါတီ PPPပါ နိုင်ငံရေးလောကကို (၅)နှစ်ကြာမျှ စွန့်ခွာခဲ့ရသည်။
http://www.planet.com.mm/news/read.cfm/id/11303Rest of your post
ကိုဌေးကြွယ် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၅ ဦး ဘူးသီးတောင် အကျဉ်းထောင်သို့ ရောက်ရှိ
12/3/2008
ကိုဌေးကြွယ် အပါအ၀င် ရဟန်းတော် ၃ ပါး နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁ ဦး စုစုပေါင်း ၅ ဦးမှာ များမကြာမှီက ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် အကျဉ်းထောင်သို့ ရန်ကုန်မြို့မှ တဆင့် ရောက်ရှိလာကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ ထောင်အရာရှိ တဦးက နိုဝင်္ဘာလ ၁၈ ရက်နေ့က ကိုဌေးကြွယ်မှာ စစ်တွေက တဆင့် ဘူးသီးတောင် ထောင်သို့ ဓည၀တီ သင်္ဘော့ဖြင့်ရောက်ရှိလာကြောင်း အတည်ပြု ပြောကြားသည်။
မျက်မြင် တဦးကလည်း “ကိုဌေးကြွယ်လား ဘယ်သူ ဘယ်ဝါဆိုတာတော့ မသိပါဘူး။ ရဲအစောင့် အရှောက်တွေ အများကြီးနဲ့
စစ်တွေကနေ ဘူးသီးတောင်ကို ဓည၀တီ သဘောင်္နဲ့ ယူလာတာကို တွေ့ရပါတယ်။ သူ့ကို လက်ထိပ်တွေ ခြေထိတ်တွေပါ ခတ်ထားတော့ ကျနော်တို့က အမှုကြီး သမားလိုကဘဲ ထင်နေတာ။ ဘူးသီးတောင်ရောက်မှ ကျောင်းသား ခေါင်းဆောင် တဦးဆိုတာ သိရပါတယ်။” ဟု ပြောသည်။
ကိုဌေးကြွယ်အား စစ်အာဏာပိုင်များက ထောင်ဒဏ် ၆၅ နှစ်ချမှတ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားနေသော ဘူးသီးတောင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
တခြား ရဟန်းတော် သုံးပါးနှင့် နိုင်ငံရေး သမား တဦးကိုလည်း နိုဝင်္ဘာလ ၂၈ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ ဓည၀တီ သင်္ဘောဖြင့် ပို့ဆောင်ခဲ့သည်။
မျက်မြင် တဦး ဖြစ်သူ ခရီးသွား တဦးက “ရဟန်းတော်တွေကို လူဝတ်လဲထားပါတယ်။ ဆံပင်တွေလည်း ရှည်နေပါပြီ။ ရဟန်းတော်တွေက ရန်ကုန်ကနေ ဘူးသီးတောင်ထောင်ကို ယူလာတယ်လို့ သက်ဆိုင်ရာ ရဲအရာရှိ တဦးက ပြောပြတဲ့အတွက် လူတွေက စိတ်မကောင်းစွာနဲ့ ဘဲ သွားရောက်ကြည့်ရှု့ခဲ့ကြပါတယ်။ သင်္ဘောပေါ်မှာ လက်အုပ်ချီပြီး ရှိခိုးသူတွေလည်း ရှိပါတယ်။” ဟု ပြောသည်။
ယခုအခါ ဘူးသီးတောင် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသမား အများအပြားကို ချုပ်နှောင်ထားပြီး ကိုဌေးကြွယ် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ရန်ကုန်က မရောက်မှီကတည်းက စစ်တွေ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အရှင် ဦးအိသရိယ၊ တောင်ကုတ်မြို့မှ ဒီမိုကရေစီ အရေးလှုပ်ရှားသူ ကိုသန်းဌေး၊ ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ ကိုမောင်မောင်လတ်၊ မနီနီမေမြင့်၊ ကိုမိုးကျော်၊ ကိုအောင်နိုင်မင်း၊ ကိုဇော်မင်းနိုင်တို့ကို ဘူသီးတောင် အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး အလုပ်ကြမ်းများ စေခိုင်းနေကြောင်း သတင်းရရှိသည်။
ဗုဒ္ဓဘာသာရဟန်းတော်တပါး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အမတ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်
12/3/2008
မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဒီဇင်္ဘာလ ၂၉ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဗုဒ္ဓဘာသာ ရဟန်းတော်တပါး အမတ် လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် ဘင်္ဂလီ သတင်းစာ ပြော်ထောင့်အာလောင်ပါ သတင်း တပုဒ်အရ သိရသည်။
အဆိုပါ ရဟန်းတော်မှာ စစ်တကောင်းတောင်တန်းနယ် ခါခရဆိုးရီခရိုင် ( ရခိုင် အခေါ် ဖလံထောင်) နုံသရီကျေးရွာမှ
ချက်ကမာ(ခေါ်) သက်အမျိုးသား ဗုဒ္ဓဘာသာရဟန်းတော် အရှင် ကင်တီ ချက်ကမာ ဖြစ်သည်။
အရှင်ကင်တီမှာ ခါခဆိုးရီခရိုင် ဒက်ခီနာလာ မဲဆန္ဒနယ်မြေမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ ဥက္ကဌဆရာတော် အရှင် သုမင်္ဂလမှ “ဗုဒ္ဓဘာသာ ရဟန်းတော်များမှာ ဘင်္ဂလာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသလို မဲအရွေးခံပိုင်ခွင့်လည်း ရှိပါတယ်။ ယခုလို ရဟန်း တော်တပါး အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာဟာ ကောင်းပါတယ်ဟု” ပြောသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖွဲ့စည်း အုပ်ချုပ်ပုံအရ ရဟန်းတော်များ အမတ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိသော်လည်း ယခင်က ရဟန်းတော် တပါးမှ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သဖြင့် ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။
ယခုကဲ့သို့ ဗုဒ္ဓဘာသာ ထေရ၀ါဒ ရဟန်းတော်တပါးအနေနှင့် အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယဉ်ခြင်းနှင့် ပတ်သတ်၍ ရခိုင်ရဟန်းပျိုသမဂ္ဂဥက္ကဌ အရှင်သီဟက ယခုကဲ့သို့ ပြောသည်။
“ထေရ၀ါဒရဟန်းတော်တပါးအနေနှင့် ၀င်ရောက်အရွေးခံတာက ထေရ၀ါဒအနေနှင့် မသင့် တော်လို့ ဦးဇင်းမြင်တယ်။ ဒီလိုအရွေးခံတာဟာ ရာထူးဌာနန္တရနဲ့ တိုက်ရိုက်ပတ်သတ်နေ တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မသင့်တော်လို့ပြောရတာပါ။ ဒါပေမယ့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံဟာ ဗုဒ္ဓ ဘာသာနိုင်ငံမဟုတ် တဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဘယ်လိုရှိတယ်ဆိုတာ ဦးဇင်း တိတိကျကျ မသိပါတဲ့အတွက် ဒီထက် ဘာမှ ပိုပြောနိုင်မှာ မဟုတ်ပါဘူး။”
ချက်ကမာခေါ် သက်အမျိုးသားအများစုမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် ခခါဆိုးရီနှင့် ရင်ဂါမတီခရိုင်တွင် နေထိုင်ကြပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ တိုင်းရင်းသားများ ထဲတွင်နိုင် ငံရေးအတက်ကြွသည့် လူမျိုးတမျိုးဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အထွေထွေရွှေးကောက်ပွဲအား ဒီဇင်္ဘာလ ၁၈ ရက်နေ့ ကျင်းပမည်ဟု ကြားဖြတ်အစိုး ရမှ ကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအရှုပ်ထွေးများကြောင့် ဒီဇင်္ဘလ ၂၉ ရက်နေ့သို့ ရွှေ့ပြောင်းခဲ့သည်။
ခင်ဗျား သွားဖို့ သင့်တယ် ဘီကီမွန်း
Ex-presidents, premiers urge UN chief to intervene in Myanmar
Wed Dec 3, 9:34 am ET AFP –
(AFP) – More than 100 former government leaders wrote to UN Secretary General Ban Ki-moon Wednesday asking him to travel to military-ruled Myanmar to secure the release of pro-democracy leader Aung San Suu Kyi and other political prisoners.
The prominent figures behind the letter include ex-US presidents George H.W. Bush and Jimmy Carter, former Soviet leader Mikhail Gorbachev, ex-Australian premier John Howard, former French prime minister Lionel Jospin, former Japanese Prime Minister Junichiro Koizumi and ex-Philippine leaders Fidel Ramos and Corazon Aquino.
"This is an unprecedented outpouring of global support for the people of Burma (Myanmar), and I am pleased that so many have joined me in spotlighting this important issue," said Kjell Magne Bondevik, former Norwegian Prime Minister.
"Today we unite to call on the United Nations to take action -- the first step towards achieving national reconciliation in Burma is creating a firm deadline for the release of all political prisoners," said Bondevik, now president of the Oslo Center for Peace and Human Rights, which together with US-based rights group Freedom Now led the initiative.
The former leaders from more than 50 nations urged Ban to personally travel to Myanmar before the end of the year to secure the release of the military junta's 2,100 political prisoners.
"This is a historic letter from leaders representing every continent and asking the UN chief to personally intervene," Freedom Now's president Jared Genser told AFP.
Last month, more than 100 activists, including members of Aung San Suu Kyi's National League for Democracy and relief workers, journalists, monks and lawyers, were each given harsh sentences of up to 68 years in prison.
Their jailing came in the wake of a crackdown on those involved in protests in mid-2007 that were brutally crushed by the military government.
The letter by the former world leaders recalled that the UN Security Council had on October 11 last year issued a presidential statement urging the early release of all political prisoners in Myanmar.
The United Nations also had set the release of all political prisoners as one of its benchmark goals for 2008.
However, in direct defiance of these demands, the military junta has instead increased the number of political prisoners from 1,200 in June 2007 to over 2,100, the letter stated.
"The Burmese people are counting on the United Nations to take the required action to achieve the breakthrough they desperately need to both restore democracy to their country and address the serious humanitarian and human rights challenges that they face," it said.
It further urged Ban to encourage the Security Council to take "concrete action" if these efforts are not successful by the end of December 2008.
Ban's special envoy Ibrahim Gambari has made four visits to Myanmar since a bloody uprising a year ago but failed to revive a dialogue between detained democracy leader Aung San Suu Kyi and the junta.
Ministers from permanent Security Council member states Britain, the United States, France, Russia and China as well as other countries including Myanmar's ASEAN neighbors Indonesia, Singapore, Thailand and Vietnam met at the sidelines of the UN summit in September and called on the junta to make "tangible" progress on political reforms ahead of any visit by Ban before year-end.
Ban had made a lightning visit to Myanmar in May after the military rulers came under international fire for not allowing foreign aid into the country following a cyclone that left 138,000 people dead or missing.
The junta relented at the end after the Association of Southeast Asian Nations (ASEAN) said it would act as an aid channel.
Wednesday, December 03, 2008
ဟဲ့ ဟဲ့ ဒီတိုင်းကြည့်နေလို့  မဖြစ်ဖူးလေ.
Commentary: U.S. must lead world on human rights
http://www.cnn.com/2008/POLITICS/12/01/jimmy.carter.rights/index..html
By Jimmy Carter, Special to CNN
Editor's Note: Former U.S. President Jimmy Carter is founder of The Carter Center, a not-for-profit organization that seeks to "prevent and resolve conflicts, enhance freedom and democracy, and improve health." Read more on human rights defenders: http://www.cartercenter.org/homepage.html
Jimmy Carter says closing Guantanamo Bay and ending torture would send a strong message.
ATLANTA, Georgia (CNN) -- It has been heartening to witness the outpouring of worldwide enthusiasm over the election of Barack Obama as the next president of the United States, a transformational moment for our country.
Our incoming president has huge challenges ahead of him, and he will undoubtedly reach out to other world leaders to help address the most difficult problems. A high priority will be the restoration of human rights, which have been badly eroded in recent years.
President-elect Obama has reiterated his decision to close Guantánamo Bay detention center and end U.S.-sponsored torture. Also under discussion is the establishment by the U.S. government of an independent commission to examine the actions that led to these shameful policies and practices.
Together, these steps would signal a renewed commitment to the cause of universal human rights long championed by the United States. As this year marks the 60th anniversary of the Universal Declaration of Human Rights, the reassertion of these fundamental rights is necessary.
While the U.S. government has much work to do in this regard, there will have to be a concerted international effort to achieve meaningful protection of human rights, even as the issue of security continues to demand our attention.
The American people and our courts have rejected the proposition that some people's rights can be suspended arbitrarily; to do so violates the very core of our democracy. Hopefully, those working to establish democratic practices and institutions worldwide will seize upon this development and convince their own fellow citizens that democracy and human rights are worth the struggle.
The international community, including a newly energized United States, should move swiftly and decisively to support the local heroes who risk much to advance this cause.
Human rights defenders from throughout the world are participating in our annual conference at The Carter Center this week to share the challenges they face, and to decide how the international community can best support their efforts.
For years, these activists have told us that when the United States engaged in torture and indefinite detention, their decades of struggle for rights began to erode. Dictators who had felt pressure from the United States to improve rights were suddenly off the hook. With new leadership in Washington, a clear and principled message on the centrality of human rights can help set a new tone.
Too often, the international community has failed to respond to emerging crises, partly because voices of the oppressed are missing in policy discussions. Had the international community heeded the warning of human rights defenders in the former Yugoslavia, Rwanda, Darfur, and the Democratic Republic of Congo, more robust and coordinated diplomacy and even limited intervention may have averted these crises.
Catastrophic conditions exist in Congo, Zimbabwe, Sudan, Myanmar, Afghanistan and elsewhere and will require unprecedented cooperation to resolve. It is time to embrace the idea that when human beings are systematically abused, international peace and security are inherently threatened.
In such situations, the global community should spare no effort to help societies in distress. Crises like these can be assuaged before they escalate if there is determined global leadership and cooperation.
Human rights defenders are on the frontlines of this battle, and we must protect them when they face danger because of their work. We must do a better job of listening to their diagnoses of issues and be receptive to their proposed solutions.
And we must strengthen their voices and help to protect them in a collective, undeniable commitment to create the world of peace and freedom that many of us enjoy and we all desire.
မိမိကိုယ်ကို မိမိ မေးပြီး ရိုးသားစွာဖြေပါ
ညီညွတ်ရေး ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် နေရာတိုင်းလောက်နီးနီးမှာ ကြားနေရတယ်။ ကောင်းသော အသံတွေလို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။ "ထိုင်နေတော့ အကောင်းသား ထသွားမှ ကျိုးမှန်းသိ" ဆိုသလိုမျိုးအဖြစ်တွေလည်း ကြားနေရပါတယ်။ တစ်တော တစ်ဘုရင် မင်းမူနေသော နာမည်ရအဖွဲ့များမှ ခေါင်းဆောင်ကြီးမှာတော့ မျိုးတူသံလိုက်ဓါတ်ချင်း ဇိကုတ်ဆွဲကပ်လိုက်သလို နီးအောင်အတင်း ပေးကပ်လိုက်တော့မှ နဂိုလ်ရှိရင်းထက်ပိုဝေးသော နေရာကို အရှိန်ပြင်းစွာ ကျောခိုင်းသွားနေကြတာကိုလည်း မြင်နေရပါတယ်။
ဘယ်လိုခေါင်းစဉ်အောက်မှာ ညီညွတ်ကြမလည်း ပေါင်းစည်းကြမလည်းဆိုတာကို မဆိုထားနဲ့ ညီညွတ်ကြဘို့ ပေါင်းစည်းကြဘို့ လုပ်ဘို့လိုတယ်ဆိုတာ ကြားတာနဲ့တင် တီကောင်ဆားနဲ့တွေ့သလို တွန့်သွားကြတာတွေလည်း ရှိပါတယ်။
မတူတာတွေ ခွဲလုပ်ပြီး တူတာတွေပေါင်းလုပ်ကြတာပေါ့လို့ ပြောသူတွေ အတော်များများရှိပါတယ်။ ဒါပေမယ့် မြင်းအလုပ်မြင်းမလုပ်ဘဲ ခွေးအလုပ်ကို သွားလုပ်ပေးမိလို့ အရိုက်ခံရတဲ့ ပုံပြင်ကိုလည်း မေ့ထားလို့မရပါဘူး။
ဒီတော့ ပေါင်းစည်းရေး ညီညွတ်ရေးကို ခဏ အသာထားလို့ မိမိကိုယ်တိုင် ဘာလိုချင်သလည်း ဘာဖြစ်ချင်သလည်း ဆိုတာ မညှာတမ်း မညာတမ်း မိမိကိုယ်မိမိ မေးပြီး အဖြေတခု ထုတ်ဘို့လိုပါတယ်။
ဘယ်သူတွေ ဒီအဖြေကို ရအောင်လုပ်ဘို့လိုသလည်း နိုင်ငံရေးသမားတွေလား၊ တော်လှန်ရေးသမားတွေလား၊ ပြည်သူတွေလား၊ မြန်မာပြည်ထဲက ဗမာတွေလား၊ တိုင်းရင်းသားတွေလား၊ ပြည်ပရောက် တတိယနိုင်ငံရောက် ဗမာတွေလား တိုင်းရင်းသားတွေလား၊ စီးပွားရေးသမားတွေလား၊၊
"လူအားလုံး" ဗမာပြည်နဲ့သက်ဆိုင်တယ်လို့ ထင်တဲ့လူအားလုံး ဖြေဘို့တကယ်ကိုလိုအပ်ပါတယ်။
ပထမမေးရမယ့်မေးခွန်းက စစ်အာဏာရှင်များနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် အမှန်တကယ် ချုပ်ငြိမ်းစေချင်သလား။ အပြန်ပြန် အလှန်လှန်စဉ်းစာပြီး သုံးကြိမ် သုံးခါ အဖြေထွက်သည်အထိ ရင်ထဲက အဖြေကို ဖြေပါ။
"ဟင့်အင်း" သူ့ဘာသာသူနေ ငါ့ဘာသာနေတာ သူ့ဟာသူ ချုပ်ချုပ်၊ မချုပ်ချုပ် "နေသာသပ လေညှာက" ဆိုရင်တော့ ဘာမှဆက်ပြီး စဉ်းစားနေစရာမလိုတော့ပါဘူး။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့်အကျိုးစီပွားကို နေမြဲအတိုင်းဆက်လုပ်နေပါ။
"ဟုတ်ကဲ့" ဒီအာဏာရှင် စစ်ဗိုလ်ချုပ်တွေနဲ့ အာဏာရှင်စနစ်၊ အာဏာရှင်တွေက တရားနည်းလမ်းမရှိ အဓမ္မရေးဆွဲထားတဲ့ အခြေခံဥပဒေ တွေ မရှိမှဖြစ်မယ်၊ ချုပ်ငြိမ်း ပပျောက်မှဖြစ်မယ်ဆိုရင်တော့ နောက်ထပ်မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ်ဆက်ပြီး မေးသင့်တယ်။
တခုခု လိုချင်ရင် တခုခုနဲ့ ပေးဆပ်ရတာ၊ အလဲအလှယ်လုပ်ရတာ သဘာဝ ထုံးစံတခုပါ။ အဲဒီတော့ ကိုယ်လိုချင်တာရဘို့ ဖြစ်ဘို့ ကိုယ်ဘာတွေ ပေးဆပ်နိုင်သလည်း။ ကိုယ့်မှာရှိတဲ့ ဘယ်အရာတွေနဲ့ လဲလှယ်နိုင်သလည်း။ ကိုယ်ဆီမှာရှိနေတဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကို အစတေးခံ အဆုံးရှုံးခံပြီး လိုချင်တာကို လဲလှယ်ရယူုနိုင်မလား။
ရှိနေတဲ့ဟာတွေ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကိုတော့ နဲနဲမှ အဆုံးအရှုံးမခံနိုင်ဘူး မပေးဆပ်ချင်ဘူး။ စစ်အာဏာရှင်တွေ ပပျောက်သွားတာကိုဘဲ လိုချင်တယ်ဆိုရင် ရနိုင်ပါ့မလား ရပါ့မလား။
လိုချင်တဲ့ ရလဒ်ကို ရဘို့ ကိုယ်ကျိုးစွန့်ပေးဆပ်ဘို့လိုတယ် ဆိုရင်ဖြင့် ကိုယ်က ဘာတွေကိုပြည်သူ့အတွက် ပေးဆပ် စွန့်လွှတ်နိုင်မလည်းဆိုတာကို စီစစ်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပါရမီ အနုအရင့်ကိုလိုက်ပြီး စွန့်လွှတ်နိုင်မှုက တူမှာမဟုတ်ပါဘူး။ အချို့က အများအတွက် အသက်ကိုစွန့်နိုင်တယ်၊ တချို့က အချိန်ကိုစွန့်ုနိုင်တယ်၊ တချို့က ငွေကြေးကိုစွန့်နိုင်မယ်။ ဒါပေမယ့် ဒီနေရာမှာ နည်းနည်းရင်းပြီး များများအမြတ်လိုချင်လို့တော့ ရနိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်ကြဘို့တော့ လိုလိမ့်မယ်လို့ ထင်ပါတယ်။
နောက်တခုက ငါဘာကောင်လည်း ငါဘာကောင်ဖြစ်ခဲ့ဘူးတာဘဲ ငါဘာလုပ်ခဲ့တာဘဲ အစရှိတဲ့ ရွှေထီးဆောင်းခဲ့သော ကာလ ရွှေထီးဆောင်းနေသောကာလတို့ကို မေ့ထားပြီး ပြည်သူအတွက်ငါဘာတွေ လုပ်ပေးနိုင်သလည်း ငါဘာတွေလုပ်ပေးသင့်သလည်းဆိုတာ အလေးအနက်စဉ်းစားကြစေလိုပါတယ်။ ငါဘာတွေလုပ်ချင်သလည်း မဟုတ်ဘူး။ လုပ်နိုင်သလည်း၊ လုပ်သင့်သလည်း။
အတိုက်အခံများနဲ့ အတိုက်အခံခေါင်းဆောင်များအားလည်း အကြံပြုလိုသည်မှာ မိမိတို့မှာရှိတဲ့ စည်းစိမ် ဥစ္စာ၊ အာဏာ၊ ရာထူးတွေက နအဖစစ်ဗိုလ်ချုပ်များ၏ စည်းစိမ် ဥစ္စာ၊ အာဏာ၊ ရာထူးတွေလောက် မများ၊ မကြီးကျယ်၊ မခမ်းနား သော်လည်း ၎င်း ရာထူး၊ အာဏာ၊ ဥစ္စာများကို အလွယ်တကူ မစွန့်နိုင်လျှင် နအဖ စစ်အာဏာရှင် ဗိုလ်ချုပ်များက သူတို့၏ ရာထူး၊ အာဏာ၊ ဥစ္စာများကို ရော့၊ အင့် ဟုဆိုပြီး လွယ်လင့်တကူ ပေးအပ်နိုင်ပါမည်လား။
အနှစ် ၂၀၊ အနှစ် ၂၀ ဆိုတာတွေလည်း နားမဆန့်အောင်ကြားရပါတယ် အဲဒီအနှစ် ၂၀ ဆိုတဲ့ဟာကြီးက ကျွန်ုပ်တို့ ရှေ့လျောက်ရမယ့် ခရီးကို အဟန့်အတားပြုနေတာကိုလည်း သတိပြုကြစေလိုပါတယ်။ အဲဒီ နှစ် ၂၀ က အဖြစ်အပျက်တွေကို ခဏ မေ့ထားပြီး အရေးတကြီး လုပ်စရာရှိတာကို အားလုံး တညီတညွတ်တည်း စလုပ်နိုင်မယ့် နေ့ကို နံပါတ်တစ်နေ့လို့ သတ်မှတ်ပြီး စပြီး လုပ်နိုင်ကြဘို့ အဲဒီလိုမျိုးစိတ်ကိုမွေးကြဘို့ လိုပါတယ်။ အဲဒီလိုစိတ်မျိုး မမွေးနိုင်ကြသေးရင်တော့ အခုလိုဘဲ သူ့ငါစွပ်စွဲ ငါ့သူစွပ်စွဲ။ ဟိုလူကထဖြေရှင်းလိုက် ဒီလူကထဖြေရှင်းလိုက်။ မိမိလုပ်တာတွေ မိမိပေါင်းအပါလုပ်တာတွေ မှန်တဲ့အကြောင်း ထောက်ခံဖြေရှင်းလိုက် ကန့်ကွက်ဖြေရှင်းလိုက်။ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောလိုက်နဲ့ လိုရာခရီးကို ရောက်လိမ့်မယ်လို့ မထင်ပါဘူး။
ယနေ့ပြည်သူများသိရမှာကတော့ ငါတို့ကတော့ဘာမှ လုပ်ဘို့မလိုဘူး နိုင်ငံရေးစိတ်ဝင်စားသူတွေ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ကျောင်းသားတွေ လုပ်ကြမယ် သူတို့ကငါတို့အတွက်လုပ်နေတာဘဲ သူတို့နောက်က အေးအေးလူလူ လိုက်သွားရင် ငါတို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို တနေ့တော့ရောက်သွားမှာဘဲ ဆိုပြီးနောက်ကလိုက်နေလို့မရတော့ဘူး ကနေ့ မြန်မာတွေမှာ အာားကိုးလောက်တဲ့ခေါင်းဆောင်မရှိဘူး ဒီတော့ ကိုယ်လိုချင်တာကို ကိုယ်ကိုယ်တိုင် အနဲနဲ့အများတော့ အားစိုက်ပြီး လုပ်ကြရမယ်၊ ပေးဆပ်ကြရမယ်။ ပြည်သူ့ခေါင်းဆောင်တွေဆိုတာ မိုးပေါ်ကကျလာတာမဟုတ်ပါဘူး ပြည်သူထဲကပေါ်လာတာပါ။
ဤနေရာမှနေပြီး ယနေ့ ကျွန်ုပ် စိန်ခေါ်ပြောကြားလိုပါတယ် ယနေ့ထိ နအဖ ပြုတ်သွားနိုင်လောက်အောင် စွမ်းနိုင်သောအဖွဲ့မဆိုထားနှင့် နအဖကို လောက်လောက်လားလား တန်းတူရည်တူ ခြိမ်းခြောက်နိုင်သော လူနှင့် အဖွဲ့မရှိသေး မပေါ်သေးဟုယုံကြည်ပါသည်။ အကယ်၍များ ရှိခဲ့သည်ရှိသော် လုပ်ရပ်ဖြင့် သက်သေပြကြပါ။ နာမည်ရ အဖွဲ့များ ကမ္ဘာကျော်အဖွဲ့များကို များစွာ အားနာမိသော်လည်း ဆိုရေးရှိလာ၍ ဆိုရပေသည်။
နိဂုံးချုပ်ရသော်
စစ်အာဏာရှင်များနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် အမှန်တကယ် ချုပ်ငြိမ်းစေချင်သလား။
ကိုယ်ကိုယ်တိုင်က ဘာတွေ (မိမိရဲ့ပိုင်ဆိုင်မှု နဲ့ ရရှိနေတဲ့ အခွင့်အရေးများ) ကို ပြည်သူ့အတွက် ပေးဆပ် စွန့်လွှတ်နိုင်မလည်း။
ဆိုတဲ့ မေးခွန်း ၂ ခု ကို အဖြေထုတ်နိုင်အောင် မိမိကိုယ်ကို မိမိအရင်မေးကြပါ။ ရိုးသားစွာဖြေကြည့်ကြပါ။
No Pain, No Gain.
အိမ်လွမ်းသူ။ ၁၂၊ ၂၀၀၈။
ဖတ်စေချင်လို့ ပါ email မှရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးတွင် ကမ္ဘာ့အေအိုင်ဒီအက်စ် နေ့  အခမ်းနားကို ပြုလုပ်

ယနေ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးတွင် ကမ္ဘာ့အေအိုင်ဒီအက်စ် နေ့  အခမ်းနားကို ပြုလုပ် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဝေဒနာခံစားနေသူများ၊ ၄င်းတို့ ၏ မိသားစုဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ဝင်များ စုစုပေါင်း (၄၀၀)ခန့်  တက်ရောက်ခဲ့ကြပါသည်။
အခမ်းနားတွင် ရန်ကုန်တိုင်းလူငယ် အကူအညီပေးရေးအဖွဲ့ဝင် ကိုအေးနိုင်မှ အခမ်းနားမှူးပြုလုပ်၍ ဦးလှမင်းမှ ပထမဦးစွာ သူတို့ ၏ အေအိုင်ဒီအက်စ် section စတင်ပေါ်ပေါက်လာပုံကို မိတ်ဆက်ပြောပြခဲ့သည်။ ထို့ နောက် မဖြူဖြူသင်းမှ သူတို့ ၏ လုပ်ကိုင်ခဲ့ပုံများကို ရှင်းလင်းပြောပြပါခဲ့ပြီး ဝေဒနာရှင်များအား အကူအညီပေးနေသူ ကို ရာဇာမှ လုပ်ငန်းအခက်အခဲများကိုဆက်လက် ရှင်းလင်းပြောပြခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌကြီး ဦးအောင်ရွှေမှလည်း အမှာစကားပြောကြားခဲ့ပါသည်။
တက်ရောက်လာသောဝေဒနာရှင်များနှင့် ၄င်းတို့ ၏မိသားစုဝင်များ စုစုပေါင်း ၂၅၀ ဦးကို ပုဆိုး၊ ထမိန်၊ မျက်နှာသုတ်ပုဝါနှင့် အခြားပစ္စည်းများစွာကို ကံစမ်းမဲဖြင့် မဲဖေါက်ပေးခဲ့ပြီး တက်ရောက်လာသောသူများထဲမှ ကလေးသူငယ်ပေါင်း ၃၅ ဦးကိုလည်း အရုပ်လက်ဆောင်များပေးခဲ့ပါသည်။
ဗဟိုသတင်းနှင့် ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)
http://nldlajb.blogspot.com/ မှ
မီးလောင်သည့်ဈေးကြီးအတွင်းသို့ အရပ်သားအဝင်မခံ၊ ကြွင်းကျန်သည့် သံနှင့်သွပ်ကို အမိန့်ရသူခိုး၊ ဓါးပြမျာ မှ အလျှင်အမြန်သယ်
Tue 02 Dec 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မီးလောင်သည့်မော်လမြိုင်မြို့ဈေးကြီးဧရိယာဈေးအတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ မော်လမြိုင်အာဏာ ပိုင်တို့က ဝင်ရောက်ခွင့်မပြု၊ ထိုဧရိယာအတွင်းသို့ မဝင်နိုင်အောင်လည်း အာဏာပိုင်တို့မှ လုံခြုံရေးချထားသည်ဟု မော်လမြိုင်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းးဝယ်ရေးဆိုင်ရှင်တစ်ဦးက ပြောသည်။
စစ်သား၊ ရဲနှင့် မီးသတ်သမားများသာ ကျန်ရှိသော သံနှင့်သွပ်များကို အရပ်သားများအား အဝင်မခံဘဲ ၄င်းတို့သာ ကောက်ယူနေသည်။ ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက "သံနှင့် သွပ်တွေကို ဒီနေ့ အပြီးသူတို့ကောက်နေတယ်။ ပြီးတော့ မြို့ပြင်ကို သယ်သွားကြတယ်။ ဘယ်နေရာမှာ ထားလဲဆိုတာတော့ တိတိကျကျတော့မသိဘူး"။
ယနေ့နံနက်စောစောပိုင်းတွင် ဆိုင်ရှင်အချို့မှ မီးလောင်ပြီးနောက် ကျန်ရှိနေသော၎င်း တို့ပစ္စည်းကို လာရောက်သယ်ယူကြသော်လည်း နေမြင့်လာသည့်နှင့်အမျှ မော်လမြိုင်အာ ဏာပိုင်တို့က စစ်သား၊ ရဲနှင့် မီးသတ်သမားများကိုသာ ဈေးအတွင်းသို့ ဝင်စေသည်။
အောက်ဈေးတွင် ငါးပိုက်များ၊ ပရိက္ခရာဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်များနှင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပစ္စည်းများရောင်းချပြီး မော်လမြိုင်မြို့ရှိ အခြားသောဈေးများထက် ပစ္စည်းပို၍ စုံသည်ဟု မော်လမြိုင်မြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးတစ်ဦးက ပြောသည်။
မော်လမြိုင်မြို့ဈေး (အောက်ဈေးကြီး) ရှိ ကုန်ပစ္စည်းမျိုးစုံရောင်းချနေသောဆိုင်ခန်း တစ်ထောင်ကျော်ရှိ၍ မီးစတင်လောင်ပြီး ၄င်းရောက်ရှိသွားသည့်အချိန်တွင် ဆိုင်ခန်းအနည်းငယ်အတွင်းရှိ ပစ္စည်းအနည်းငယ်ကိုသာ မီးဘေးမှ သယ်နိုင်ခဲ့သည်ဟု ဆိုသည်။
အောက်ဈေးကြီးတွင် နှစ်ပေါင်း ၂၀ နီးပါး ပရိက္ခရာရောင်းသည့်ဆိုင်ရှင်တစ်ဦးက "ဆိုင်ခန်း ၄ ခန်းပါသွားတယ်။ ပစ္စည်းတွေ အကုန်လုံး မီးထဲပါသွားတယ်၊ ဘာမှ မကျန်တော့ဘူး၊ ကိုယ့်ကုသိုလ်ကံ၊ သင်္ခါရပဲပေါ့။ ရောဂါရှိလို့ အိမ်ကလူတွေ မခေါ်ကြဘူး၊
Summary
ပစ္စည်းဆုံးလို့ တခုခုဖြစ်မှာကို စိုးရိမ်လို့တဲ့"ဟု ပြောသည်။
ဈေးကိုအမှီသဟဲပြုနေသူ လမ်းဘေးဈေးသည် များသည်လည်း မော်လမြိုင်ဈေးမီးလောင် သွားပြီးနောက် ၄င်းတို့၏စားဝတ်နေရေးအတွက် ထမင်းနပ်မမှန်မှာကိုပင် စိုးရိမ်နေကြပြီး ညည်းတွားနေကြသည်ဟု မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးတစ်ပါးက မိန့်သည်။
ထိုမျှမက ပစ္စည်းကိရိယာစုံလင်စွာဝယ်ယူနေခဲ့ကြသည့် ဈေးကြီးမီးလောင်သွားသည့်အတွက် ကုန်ပစ္စည်းဈေးတက်မှာကိုပင် စိုးရိမ်နေကြသည်။
ဈေးကြီးအနီးရှိ အချို့အိမ်များမှာ မုဒုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ်ရှိ မီးသတ်ကားများ ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် မီးဟတ်ခဲ့သော်လည်း ဆိုးဆိုးရွားရွားမီးကူးစက်ခဲ့ချေ။
ထိုဘုန်းတောကြီးက "မြို့ပေါ်မှာရှိတဲ့မီးသတ်ကားသာ အချိန်မှီရောက်လာလို့ရှိရင် အခုလိုတောင် ဖြစ်မှာမဟုတ်ဘူး။" မီးသတ်ကားများရောက်လာချိန်တွင် မီးသတ်ရန်အတွက် ရေနှင့်၎င်းတို့ မီးသတ်စက်အတွက် အချိန်ယူနေရသည်ဟု ဘုန်းတော်ကြီးက မိန့်သည်။
ပရိက္ခရာဆိုင်ရှင်အဆိုအရ မီးစတင်လောင်ချိန်တွင် မီးသတ်ကားတစ်စီးရောက်လာသော် လည်း ရေမပါခဲ့ချေ။
ရာသီဥတုမဖောက်ပြန်ပါက ယခုနှစ်ကယားပြည်တွင် ဘိန်းအထွက်တိုးမည်
တနင်္လာနေ့၊ 01 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်
သျှမ်းပြည်ကဲ့သို့ ယခုနှစ်အတွင်း ကယားပြည်တွင် ဘိန်းစိုက်ပျိုးမှုတိုးပွါးလာကြောင်း၊ ရာသီဥတု ဖောက်လဲဖောက် ပြန်မရှိခဲ့ပါ က အထွက်တိုးမည့်အခြေအနေရှိကြောင်း KADAC ကရင်နီ မူးယစ်ဆေးဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နမ့်ပွန်ချောင်းအနောက်ဘက်ခြမ်း လွိုင်ကော်၊ ဒီမောဆိုးနှင့် အရှေ့ခြမ်းရှိ ရှားတောမြို့နယ် စုစုပေါင်း ၃ မြို့ နယ်တွင်
ယခုနှစ်ဘိန်း ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာသည်ဟုဆို၏။ စစ်အာဏာပိုင်များ ဘိန်းခင်းဖျက်ဆီးသော်လည်း အနည်းအကျဉ်း သာဖြစ်သည် ဟုဆို၏။
[KADAC ကထုတ်လုပ်သော ကရင်နီပြည်နယ် ဘိန်းတိုးချဲ့စိုက်ပျိုးသောနယ်မြေဒေသများပြ မြေပုံ]
KADAC ကထုတ်လုပ်သော ကရင်နီပြည်နယ် ဘိန်းတိုးချဲ့စိုက်ပျိုးသောနယ်မြေဒေသများပြ မြေပုံ
“ရှားတောမှာ ၄၇ ရွာစိုက်တာ ၁ ရွာဘဲဖျက်တယ်၊ ၁၀ ဧက လောက်ပျက်စီးတယ်၊ ဒေသခံအာဏာပိုင်တွေ မဟုတ်ဘူး၊ နေပြည်တော်က လာတယ်လို့ပြောတယ်၊ ဒေသခံ အာဏာပိုင်တွေကတော့ ဘိန်းခင်းခွန်ကောက်စားထားလို့ ဘာအနှောင့် အယှက်မှမပေးဘူး ” ဟုလည်း ဘိန်းစိုက်တောင်သူတစ်ဦးက ပြောသည်ဟု ဖော်ပြထားသည်၊
“အဲဒီဘက်မှာ များသောအားဖြင့် ဖယ်ခုံမှာအခြေစိုက်တဲ့ စကခ ၇ က လှုပ်ရှားတယ် ” ဟု လည်း စစ်ရေးလေ့ လာသုံးသပ်သူ တစ်ဦးကပြောပြသည်၊
နအဖစစ်အစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်း ၁၅ နှစ်လျာထားသည်ဟုဆိုသော်လည်း ယခုချိန်အထိ အပစ်ရပ် နယ်မြေအတွင်းသာ လုပ်ငန်းအကောင်အထည်ဖော်နိုင်သည်ဟု မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာသည့် အဖွဲ့က ပြောသည်၊
“ ၁၉၉၉-၂၀၀၄ က ပထမသုတ်။ ၂၀၀၄-၂၀၀၉ က ဒုတိယသုတ်နဲ့ ၂၀၀၉ -၂၀၁၄ တတိယသုတ်ဆို ပြီး ၃ သုတ်ခွဲ ထားတာ တွေ့ ရတယ်၊ ဒါပေမဲ့ ၁၉၉၉-၂၀၀၉ အထိ စစ်အစိုးရရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးစီမံကိန်းက ထိထိရောက်ရောက် အောင်မြင် အောင် မတိုက်ဖျက်နိုင်ခဲ့ဘူး၊ အပစ်ရပ်နယ်မြေအချို့မှာဘဲ သူတို့ရှင်းနိုင်ခဲ့တယ်၊ ၂၀၀၉-၂၀၁၄ တတိယပိုင်းစီမံကိန်းမှာ ကယားပြည် လွယ်ကော်နဲ့ ဒီမောဆိုးမြို့နယ်ဘဲလျာထားတယ်၊ ဒီနှစ် ဘိန်းဧကများတဲ့ ရှားတောမပါဘူး ဆိုတော့ စစ်အစိုးရရဲ့ စီမံကိန်းဟာ ပြည်သူလူထုအတွက် ဟာသ ဖြစ်နေတယ်” ဟု ဆက်ပြောပြသည်၊
ကယားပြည်နယ် ဘိန်းစိုက်ပျိုးသည့် ၃ မြို့ နယ်အနက် ရှားတောအတွင်း တောတောင်လျှိုမြောင်၊ ချောက်ကမ်းပါးပါမကျန် ဘိန်းစိုက်ပျိုး၏။ ဒီမောဆိုးမြို့တွင်မူ တောင်ကုန်းများတွင်သာ စိုက်ပျိုးပြီး လွိုင်ကော်တွင် တောင်ကုန်းမြေပြန့် လယ်ယာအတွင်း စိုက်ပျိုးသည်ဟု KADAC က ဖော်ပြထားသည်။
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပြင်းတွင် ယခုနှစ် ဘိန်းသစ်ရောင်းဝယ်သည့် အစိမ်းဈေးနှုန်းမှာ ၁ ပိဿာ ကျပ် ၄၅၀၀၀၀ ဘိန်းဟောင်းတစ်ပိဿာ ကျပ် ၇၈၀၀၀၀ အပြင် ရာဘတစ်ပြား ကျပ် ၁၅၀၀မှ ကျပ် ၂၀၀၀၊ ဆေးတောင့် (ကက်ပ်ဆူး) သွင်းရောင်းသော ရာဘဆေးမှုန့် တစ်တောင့်ကျပ် ၂၃၀၀ ရှိသည်ဟုဆိုပါသည်။ ကယားပြည်တွင်လည်း ၂၀၀၈ နှစ်လယ် ဘိန်း ပေါက်ဈေး တစ်ပိဿာကျပ် ၄၅၀၀၀၀ ရှိပြီး နိုဝင်ဘာလနှောင်းပိုင်း တစ်ပိဿာ ကျပ် ၅၄၀၀၀၀ သို့ ထိုးတက်သွားသည်ဟု ဆို၏။ ရာဘ ပေါက်ဈေးမှာ တစ်ပြားကျပ် ၄၀၀ နှင့် ၅၀၀ ကြားတွင်ရှိသည်ဟုဆိုပါသည်။
ကိုဒီငြိမ်းလင်းကို အမှုသစ်တခုဖြင့် တရားစွဲဆိုပြန်
သန်းထိုက်ဦး
အင်္ဂါနေ့၊ ဒီဇင်ဘာလ 02 2008
ချင်းမိုင် (မဇ္ဈိမ)။ ။ ထောင် ၁၀ နှစ်ကျော် ကျခံထားရပြီးသားဖြစ်သူ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်းကို တောင်ဒဂုံမြို့နယ် ရဲစခန်းမှူးက တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယနေ့ ထပ်မံ တရားစွဲဆိုထားသည်ဟု သူ၏ မိခင်က ပြောသည်။
ကိုဒီငြိမ်းလင်း (အသက် ၂၁ နှစ်) အား တောင်ဒဂုံမြို့နယ် ရဲစခန်းမှူး ဦးကျော်ဆန်းဌေးက တရားလိုပြုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်ပြီး တောင်ဒဂုံတရားရုံးတွင် အမှုထပ်မံ ရင်ဆိုင်ရမှာ ဖြစ်သည်။
"ဒီကျောင်းသား သမဂ္ဂဖွဲ့တယ်ဆိုပြီးတော့ စွဲထားတာ" ဟု ဒေါ် ဌေးဌေးဝင်းက မဇ္ဈိမ သို့ ပြောသည် ။
ယမန်နေ့က ဒဂုံမြို့နယ်တရားရုံးက အလားတူအမှုကို ပယ်ဖျက်လိုက်ပြီးနောက် ယခုကဲ့သို့ ထပ်မံတရားစွဲဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယမန်နှစ် စက်တင်ဘာလအတွင်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် လူငယ်များကို ဦးဆောင်ပါဝင်ခဲ့သည့် နိုင်ငံရေး အစဉ်အလာရှိသော မျိုးရိုးမှ မွေးဖွားလာသူ ကိုဒီငြိမ်းလင်းကို စစ်အစိုးရက ထောင်ဒဏ် ၁၀ နှစ်ခွဲ ချမှတ်ခဲ့ပြီ ဖြစ်သော်လည်း ယခုတဖန် အမှုသစ်တခု တိုးလာခြင်း ဖြစ်သည်။
ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသား ကိုဒီငြိမ်းလင်းမှာ ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပါရမီ တိုက်ခန်းတခု၌ အဖမ်းခံခဲ့ရသည်။
ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြီး ပေါ်ပေါက်နေချိန်တွင် ကိုဒီငြိမ်းလင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ပြန်လည် ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။
သူ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသူဖြစ်ကာ အဖိုးဖြစ်သူမှာ သာယာဝတီ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရစဉ် ကွယ်လွန်ခဲ့ရသော ထီးလင်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးစောဝင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်နုတ်ထွက်၊ ဆန္ဒပြမှု အဆုံးသတ်
02 December 2008
ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) က သူ့ကို နိုင်ငံရေး ၅ နှစ်မလုပ်ရ၊ သူ့ရဲ့နိုင်ငံရေး ပါတီလည်း ဖျက်သိမ်းရမယ်လို့ ထိုင်းနိုင်ငံတော် ဖွဲ့စည်းပုံ ရေးရာ တရားရုံးရဲ့ စီရင်ချက်ကို လက်ခံကြောင်း ဘန်ကောက် အဓိကလေဆိပ်များကို သိမ်းပိုက်ကတည်းက ချင်းမိုင်မြို့မှာ ရုံးထိုင်နေရာက သတင်းထောက်များကို ပြောကြား
ပါတယ်။
ဆွန်ချိုင်း ဝေါင်ဆာဝတ်ရဲ့ ညွန့်ပေါင်းအစိုးရထဲက အဓိကနိုင်ငံရေးပါတီကြီး ၃ ခုမဲမသမာမှုများ ရှိခဲ့ကြောင်း တွေ့ရှိရလို့ ဖျက်သိမ်းရမယ်လို့ ဖွဲ့စည်းပုံရေးရာရုံးက ဒီနေ့ စီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။
မစ္စတာဆွန်ချိုင်း အပါအ၀င် ပြည်သူ့အာဏာပါတီ၊ ချတ်ထိုင်းပါတီနဲ့ မတ်ချီမာ သီပါတရာပါတီ ခေါင်းဆောင်များ နိုင်ငံရေး ၅ နှစ်မလုပ်ရလို့ ရုံးတော်က ပိတ်ပင်လိုက်ပါတယ်။
တရားရုံးစီရင်ချက် ထွက်လာလာခြင်းမှာပဲ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ညွန့်ပေါင်းအစိုးရထဲပါဝင်တဲ့ ၆ ပါတီစလုံးက ပါတီသစ်များနဲ့ ၀န်ကြီးချုပ်လောင်းတယောက် ရွေးချယ်ရေးအတွက် လုပ်ဆောင်နေပြီလို့ ပြောဆိုပါတယ်။
ပီအေဒီ ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်များက ဘန်ကောက် ၀န်ကြီးချုပ်ရုံးဝင်း သိမ်းပိုက်ထားမှု အဆုံးသတ်လိုက်ပြီ၊ လေဆိပ်သိမ်းပိုက်ထားတာကိုလည်းဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီမှာ အဆုံးသတ်မယ်လို့ ကြေညာ ပါတယ်။ လေဆိပ်တာဝန်ခံများကတော့ ခရီးသည်တင်လေယာဉ်ပျံသန်းမှု ဒီဇင်ဘာလ ၁၅ ရက်ထက်စောပြီး
ပြန်မစနိုင်သေးဘူးလို့ ပြောဆိုကြပါတယ်။
အခုလထဲ ချင်းမိုင်မြို့မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို ရွှေ့ဆိုင်းလိုက်ရပြီး မတ်လကြမှ ကျင်းပတော့မယ်လို့ ဆိုပါတယ်။
Tuesday, December 02, 2008
အာဏာရပါတီကို ဖျက်သိမ်းကြောင်း ထိုင်းအခြေခံဥပဒေဆိုင်ရာ တရားရုံးတော်က ဆုံးဖြတ်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 02 2008
ချင်းမိုင်။ ။ ရွေးကောက်ပွဲတွင် မဲလိမ်ခဲ့မှုကို စစ်ဆေး တွေ့ရှိပြီးနောက် ထိုင်းအာဏာရ ပါတီကြီး အပါအ၀င် နိုင်ငံရေးပါတီ သုံးခုကို ဖျက်သိမ်းလိုက်ပြီး ပါတီအကြီးအကဲများကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ကန့်သတ်လိုက်ကြောင်း အခြေခံဥပဒေဆိုင်ရာ တရားရုံးက အင်္ဂါနေ့က ဆုံးဖြတ်လိုက်သည်။
ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီများဖြစ်သော ပြည်သူ့စွမ်းအားပါတီ၊ မတ်ချဏိမားထိပတိုင်းပါတီနှင့် ချတ်ထိုင်းပါတီတို့ကို ဖျက်သိမ်းလိုက်ပြီး ပါတီ အကြီးအကဲများ ဖြစ်ကြသော ပြည်သူ့စွမ်းအားမှ Yongyuth Tiyapairat၊ ချတ်ထိုင်းမှ Monthien Songpracha နှင့် မတ်ချဏိမားထိပတိုင်း မှ Sunthorn Wilawan တို့ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ငါးနှစ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
အဖွဲ့ဝင် ကိုးဦးပါဝင်သော တရားစီရင်ရေးအဖွဲ့က ပြည်သူ့စွမ်းအားနှင့် မတ်ချဏိမားထိပတိုင်း ပါတီတို့အပေါ်တွင် ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပြီး ချတ်ထိုင်းအရေးတွင်မူ ရှစ်မဲ-တမဲဖြင့် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
Rest of your post