ဂျပန်မှာ ၈.၉ အင်အား အလွန်ပြင်းတဲ့ ငလျင်တစ်ခု ၁၁/၃/၂ဝ၁၁ မှာ လှုပ်ခတ်သွားတဲ့အတွက် အောက်ပါနိုင်ငံများမှာ နေထိုင်ကြတဲ့ သူတွေအတွက် Google မှ ဆူနာမီ သတိပေးချက်ဖြစ်ပါတယ်။
မိတ်ဆွေတို့ခင်ဗျား
ပြည်တွင်းမှာ
ကျွနုပ်တို့ ရဲဘော်တွေက စံနေသူတွေကို စ ပြီး ပယ်ဖို့ စပါယ် ကန်ပိန်း စတင်နေပါပြီ။
စပါယ်ပန်းတွေပန်ကြပါ၊ စပါယ်ပန်းတွေဘုရားမှာလှူကြပါ။
အများပြည်သူတွေသိအောင် ဒီသတင်းကို တတ်အားသရွေ့ တတ်နိုင်သလောက်ဖြန့်ဝေပေးကြပါ။
အီးမေးနဲ့ဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် ပြည်တွင်းပြည်ပ ထပ်ဆင့်ဖြန့်ဝေပေးကြပါ။
အကြောင်းအရာ။ နှစ်၆၀ပြည့် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ သဘောထားထုတ်ပြန်ကြေငြာချက်
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့် နအဖ ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် တိုင်းပြည်ကို တရားဝင် စစ်ကျွန်ပြုရေး လုပ်ငန်းစဉ်များကို ပြင်းထန်စွာ ကန့် ကွက်ရှုံ့ချကြောင်း အနှစ် ၆၀ မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ တွင် ကြေငြာအပ်ပါသည်။
ဗိုလ်သန်းရွှေ ဦးဆောင်သည့် န၀တ တဖြစ်လဲ နအဖ စစ်အုပ်စုတို့ သည် မိမိတို့  အာဏာတည်မြဲရေးနှင့် တိုင်းပြည်ကို
တရားဝင်စစ်ကျွန်ပြုရန် အလို့ ငှာ ပရမ်းပတာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့်တကွ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို နစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ နယ်စပ်ဒေသမှ တိုင်းရင်းသား လူမျိုးစုများ အပေါ်တွင် မတရားထိုးစစ်ဆင်ခြင်း၊ ရွာများမီးရှို့ ခြင်း၊ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ စသော ရက်စက်ရမ်းကား ယုတ်မာမူများကို နှစ်ပေါင်း(၂၀)နီးပါး ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ကြသည်။
ဗိုလ်သန်းရွှေအနေနှင့် စေ့စပ်ရေးဆွေးနွေးရန် တောင်းဆိုချက်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် လျစ်လျုရှု၍၊ ၁၉၉၀ မေလ ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်၍ ပြည်သူလူထုတရပ်လုံး၏ သဘောဆန္ဒကိုဆန့်ကျင်ပြီး၊ လာမည့် ၂၀၁၀တွင် ရွေးကောက် အသစ်ထပ်မံပြုလုပ်ရန် ကိုယ်တိုင်ထုတ်ဖေါ် ပြောကြားချက်များကိုလည်း ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ကန့်ကွက် ကြောင်းဖေါ်ပြအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ယနေ့စုပေါင်း ပြုလုပ်သည့် နအဖစစ်အုပ်စုအား ဆန့်ကျင်ရှုံ့ချ ဆန္ဒပြပွဲများမှတဆင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားစေမည့် အဆုံးအဖြတ်တိုက်ပွဲ (၀ါ) စစ်ဗိုလ်ချုပ်များ အတွက် သေမင်းတမန် စိန်ခေါ်တိုက်ပွဲ ကိုလည်း မြန်မာနိုင်ငံတဝှမ်းတွင် နအဖ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အကောင်အထည်ဖော် တိုက်ပွဲဝင်သွားနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် သုတ်သင်ဖယ်ရှားနိုင်ရန် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်လာရေး မူ အပေါ်တွင် အခြေခံသည့် လိုအပ်သောလုပ်ငန်းစဉ်များအားလုံးကို စနစ်တကျ ချမှတ်လုပ်ဆောင် သွားကြမည်ဖြစ်သည်။ သမိုင်း၏ တောင်း ဆိုချက်ဖြစ်သော မြန်မာ့မျိုးဆက်သစ်များ အခြေခံလူ့အခွင့်အရေး အပြည့်အ၀ခံစားခွင့် ရရှိစေရေး၊ တိုင်းရင်းသား ပြည်သူများ အားလုံး တရားဥပေဒေနှင့် အကာအကွယ် ရရှိစေရေး စသည့် ရည်မှန်းချက်များကို ရှေးရှူ၍ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့အားလုံး စုပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာ အဖွဲ့အ စည်း များ မှလည်း၊ မြန်မာပြည်သားများ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားသည်အထိ နအဖ စစ်အာဏာရှင်တို့အပေါ်တွင် ထိရောက်သည့် အရေးယူမူများအား ဆက်လက် လုပ်ဆောင်ပေးကြပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်။
တရားမဝင် စစ်အုပ်စုဖယ်ရှားရေး ---- (ဒို့အရေး၊ ဒို့ အရေး)
ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး --- (ဒို့အရေး၊ ဒို့အရေး)
တရားဈင်ပြည်သူ့ အစိုးရ ပေါ်ပါက်ရေး ---- (ဒို့အရေး၊ ဒို့အရေး)
အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး အရေးတော်ပုံ (အောင်ရမည်၊ အောင်ရမည်)
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ တဆင့်ဖြန့်ဝေသည်။
Dear friends and colleagues:
December 11 will be the busiest time ever for friends and supporters of Burma, with a whole day working meeting starting from 9:30 am and friends of Burma’s annual party lasting until midnight and even beyond. Please see the events info below.
Burma Working Group meeting
Date: Dec. 11, 2008
Time: 9:30 am – 3:30 pm
Place: Boardroom of CCIC, One Nicolas St., Ottawa
Note: new participates are advised to register in advance.
Friends of Burma’s Annual Party
Date: Dec. 11, 2008
Time: 9:00 pm – midnight
Place: Shanghai Lounge, 651 Somerset St. West (Somerset at Bronson)
Note: all Burma supporters, activists and friends of Burma are welcome.
-Canadian Friends of Burma
ထောင်ပြောင်းခံရသူ စာရင်း Www-Aappb-Org Prison Transferred Nov 08-HTML My1arz1e
ဗမာ့သွေး ၁၆။၀၅။၁၁
“တရားဥပဒေအရ ရပ်တည်ပိုင်ခွင့်ရှိတယ်၊ မရှိတယ် ဆိုတာ ကို သူတို့ တရားရုံးက ဆုံးဖြတ်မှာ။ ဒါပေမဲ့ တကယ်ကို အဲန်အယ်လ်ဒီ က ရပ်တည်နိုင်လား၊ မရပ်တည် နိုင်လား ဆိုတာ ကိုတော့ ပြည်သူလူထု ကပဲ ဆုံးဖြတ်မှာပါ ”
ဒေါ်အောင်ဆန်းစုကြည်