Monday, June 02, 2008
ဘိုင် ဘိုင်..နောက်တခေါက်လာရင်..အစာမပါ ဗုံးလာမယ်
U.S. aid ships could soon leave Burma coast
http://www.usatoday.com/news/world/2008-06-01-burma-us-aid_N.htm?csp=34
ဗိုလ်မှုး အောင်လင်းထွဋ် ၏ ဖွင့်ဟပြောပြချက်
မေ ၂၅၊ ၂၀၀၈ - မြန်မာစစ်အာဏာရှင် အစိုးရဲ့  ရက်စက်ကြမ်းကြုတ်မူများနဲ့ပတ်သက်လို့ ကိုယ်တွေ့ဖြစ်ရပ် များကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံ သံမှုးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ (ထောက်လှမ်းရေးမှုးဟောင်း)၊ လက်ရှိ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရယူနေထိုင်နေသူ ဗိုလ်မှုး အောင်လင်းထွဋ် အား ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက မေးမြန်းတင်ပြထား ပါတယ်။ နားဆင်ရန်
ဒီပဲရင်း လူုသတ်ပွဲ (၅ )နှစ်မြောက်..
ရေးတိုက်ပွဲမှာ အသက်ပေးခဲ့သူများကို အာဇာနည်များမှ ဆုတောင်းအမျှဝေ အပ်ပါတယ်ခင်ဗျား။
အမျှ အမျှ အမျှ
Sunday, June 01, 2008
မြန်မာသတင်း ဇွန်လ (၁) ရက်
Gates Criticizes Myanmar Over Aid
More will die unless Myanmar changes approach: Gates
Aid workers still waiting to enter Myanmar's delta
Myanmar Junta Defends Cyclone Response as Prompt
Myanmar Welcomes Aid as Long as `No Strings Attached' (Update4)
Myanmar junta defends cyclone response as prompt
Myanmar Welcomes Aid as Long as `No Strings Attached' (Update1)
Myanmar says cyclone aid must have "no strings attached"
Aid Workers Still Waiting to Enter Myanmar's Delta
Gates slams Myanmar over response to aid offers
Gates slams Myanmar over response to aid offers
Myanmar cyclone raises risk of forced labour: ILO
Myanmar Welcomes Aid as Long as `No Strings Attached' (Update2)
Aid Workers Still Waiting to Enter Myanmar's Delta
Defense Secretary slams Myanmar for shunning aid offers
Myanmar says cyclone could be worse than tsunami
Gates: Decision to pull US ships from Myanmar coast will come within days
Myanmar deflects stinging US criticism
Pope prays for disaster victims in China and Myanmar
US aid ships could soon leave Myanmar coast
US aid ships could soon leave Myanmar coast
Myanmar criticized for plan to reopen some schools a month after cyclone
MYANMAR CYCLONE TRAGEDY ACID TEST FOR ASEAN'S CAPABILITY IN HELPING MEMBERS, SAYS NAJIB
Gates: Myanmar delay killed thousands
Myanmar junta insists cyclone relief was speedy
Myanmar junta defends cyclone response as 'prompt,' with schools set to reopen
US aid ships could soon leave Myanmar coast
U.S. aid ships could soon leave Myanmar coast
Najib to Myanmar: Let Asean military help Nargis victims
Myanmar Cyclone Tragedy Acid Test For Asean's Capability In Helping Members, Says Najib
Myanmar says cyclone aid must have 'no strings attached'
Myanmar warned over forcing cyclone survivors home
Cyclone aid must have 'no strings attached': Myanmar
Myanmar defends cyclone response after U.S. rebuke
Cyclone aid drips in but Myanmar still wary of foreign help
Myanmar in 'state of denial' over cyclone aid: Canada
Pope prays for disaster victims in China and Myanmar
Aid workers still waiting to enter Myanmar's delta
Myanmar warned over forcing survivors home
Myanmar warned against premature resettlement
US aid ships could soon leave Myanmar coast
Malaysia wants bigger ASEAN role in Myanmar relief
Myanmar warned against premature resettlement
Aid workers still waiting to enter Myanmar's delta
Gates says more will die unless Myanmar government changes approach
Cyclone aid must have 'no strings attached'--Myanmar
Cyclone aid drips in but Myanmar still wary of foreign help
Cyclone aid must have 'no strings attached': Myanmar
Myanmar junta under new pressure over cyclone victims
Malaysia says ASEAN must play a bigger role in cyclone-hit Myanmar
Myanmar warned against premature resettlement
Gates says more will die unless Myanmar government changes approach
UN official warns Myanmar against moving cyclone refugees too soon
Cyclone aid drips in but Myanmar still wary of foreign help
Cyclone aid must have 'no strings attached'--Myanmar
Aid must have no strings attached: Myanmar
Myanmar junta under new pressure over cyclone victims
Myanmar Still In Need Of Expert Assistance
Rights groups criticize Myanmar over refugees
Myanmar junta defends cyclone response as prompt
မလေးရှားမှ အာဆီယံ (၁၀) နိုင်ငံ မှ စစ်ရေး အကူအညီ ပေးရန်ခွင့်ပြုရန်တောင်းဆို
နာဂစ် မုန်တိုင်းအလွန် မြန်မာစစ်အစိုးရမှ ကယ်ဆယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ကြောင်း မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်အေးမြင့်၏ စစ်အစိုးရအား ကာကွယ်ပြောဆိုမှုများအပြီးတွင် တောင်း ဆို လိုက်ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ် နာဂျစ် ရာဇတ်မှပြောဆိုရာတွင် "ယခုမုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူ များ စာရင်းဟာ ၂၀၀၄ ခုနှစ် အင်ဒိုနီရှားနိုင်ငံ ဆူနာမီငလျှင်ကြောင့်သေဆုံးသွားသူပေါင်း ၁၆၇၀၀၀ ထက်ပင် ပိုနိုင်တယ်" ဟုဆိုပါသည်။
စစ်အစိုးရ ထုတ်ပြန်သောသတင်းအရ သေဆုံးသူ လူဦးရေ စုစုပေါင်း ၇၈၀၀၀ ပျောက်ဆုံးနေသူ ၅၆၀၀၀ ရှိကာလူ ဦး ရေ ၂.၄ သန်းခန့်ဟာ အစားအသောက်နှင့် သောက်ရေသန့်များအရေးတကြီးလိုအပ်နေပါသည်။
မြန်မာစစ်အစိုးရဟာ လေမုန်တိုင်းဒဏ် ခံစားနေရသူများကို နိုင်ငံတကာမှာ စစ်ရေးအကူအညီ ပံ့ပိုးမှု များဖြင့် တိုက် ရိုက်ကူညီဖို့ကို ငြင်းပယ်ခဲ့သော်လည်း မြန်မာစစ်အစိုးရမှ ခွင့်ပြုမည်ဆိုပါလျှင် အာဆီယံ (၁၀)နိုင်ငံမှ အကူ အညီပေးချင်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာဂျစ်ရာဇတ် မှ အကြံပေးပြောဆိုခဲ့ပါသည်။
အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စား မြန်မာ စစ်ခေါင်းဆောင်များကို အတိုက်အခံလုပ်ပြီး ပြောဆိုရမယ် ဆိုရင် မြန် မာပြည် လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အာဆီယံအဖွဲ့ကြီးမှ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ချင်ပါတယ် ဟုပြောကြားခဲ့သည်။ ၄င်းအစည်းအဝေးခန်းတွင် မြန်မာဒုတိယ ကာကွယ်ရေးဝန်ကြီး ဦးအေး မြင့် အနားတွင် ထိုင် လျှက်ရှိကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒါဟာ အာဆီယံနိုင်ငံများအတွင်း မြန်မာအစိုးရမှ နိုင်ငံတစ်ကာ အကူအညီအထောက်အပံ့များကို ငြင်းဆိုနေခြင်း များကို ဖယ်ရှားပေးဖို့ သိသာထင်ရှားတဲ့ ဖိအားပေးခြင်းဖြစ်သည်။ အာဆီယံနိုင်ငံများအတွင်း နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ ကျင့်သုံးခဲ့ရာမှ ယခုလို မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာ ဂျစ် ရာဇတ် ၏တောင်ချက်မှာ ပုံမှန်မဟုတ်သောတောင်းဆိုချက်တစ်ခုဖြစ်သည်။
နာဂျစ်ရာဇတ် မှ ယခုကဲ့သို့ စစ်ရေးအကူအညီများ ရယူလိုက်ခြင်းအားဖြင့် စစ်အစိုးရအတွက် တစ်စုံတစ်ရာ ခြိမ်း ခြောက်မှု မရှိဘူးဟုလည်း ပြောဆိုခဲ့သည်။ ဒုက္ခရောက်နေသူတွေထံကို စစ်ရေးအထောက် အကူပြုပစ္စည်းများ သုံးစွဲပြီး အကူအညီများပေးရေးမှအပ တခြားဘာရည်ရွယ်ချက်မှ မရှိဘူးဟုလည်း နာဂျစ်ရာဇတ်မှ သတင်း ထောက် များကို အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့သည်။
အစည်းအဝေးတွင် မြန်မာပြည်အခြေအနေဟာ အရမ်းကို စိုးရိမ်စရာဖြစ်ပြီး စစ်အကူအညီပေးမှုနှင့်ပတ်သက်ပြီး စစ်တပ်ဆိုတာ အရည်အသွေးရှိတဲ့အဖွဲ့အစည်းဖြစ်ကြောင်း စစ်ရဟတ်ယာဉ်များ ရေလမ်းကြောင်းသွား မော် တော် ငယ်များဟာ မုန်တိုင်းဒဏ်ခံနေရသူများကို ထိထိရောက်ရောက် ကယ်ဆယ်မှုများပေးနိုင်မှဖြစ်ကြောင်း ဒီလိုသယ်ယူပို့ဆောင်ရေးလုပ်ငန်းများစဉ်များဟာ အသွားအလာခက်ခဲ့သော နေရာများမှာ အမှန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
အကယ်၍သာ မြန်မာ စစ်အစိုးရအနေနှင့် အာဆီယံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ယခုကဲ့သို့ အကူအညီများ မယူခဲ့ ပါလျှင် ဒုက္ခသည်ပေါင်းများစွာရဲ့အသက်တွေ ဆုံးရှုံးနိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့ပါသည်။
ဟေ့ မင်း သဘောမဖြူလို့  ဒို့ သပိတ်မှောက်တယ်..


Today Athein and his team started from route 90/94 and walked through Chicago Downtown by Congress road. When they hit to Michigan Street they go North.
They were escorted by four Illinois state Police, two women and two men. When we reached Lessalle street we went north again and arrived to Erie Street around 1pm. we turn right on Erie and we saw a Chinese consulate on our left with Chinese Flag raising on the top.
There we met comrades from Fort Wayne Indiana. They were waiting for us. All of them around seven to eight . They brought placards and posters of ASSK and pictures of Cyclone victims and dead bodies. All together we were around 15-20 people including two white women.
Athein started to make three salutes. Athein give a speech about why he is doing this trip and thanks to people who came a support their long march especially from Fort Wayne , Indiana and people from Chicago.
We shouted slogans:
Free free free Burma!
China China killing Burma
boycott boycott china olympic
We burned Chinese flag and took photo of that moment
After 3pm we ended our demo and returned home.
ဇာဂနာကတော့ ပြောင်နေအောင်နှုတ်ထားတာ..ကြောက်မွေးတွေ
ဂုဏ်ယူပါတယ် ကိုဇာဂနာရေ..
ကယ်ဆယ်ရေးလုပ်သားကြီး လူရွှင်တော် ဇာဂနာ
ဧရာဝတီ | မေ ၃၁၊ ၂၀၀၈
မေး။ ။ ဖြစ်တဲ့နေ့ကစပြီးတော့ အခုလက်ရှိကာလအထိ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ပြောပြပါ။
ဖြေ။ ။ ကျနော်တို့က မေလ ၇ ရက်နေ့ကနေစပြီးလုပ်တာ ဒီနေ့မနက်အထိ လုပ်နေကြတယ်။ ရောက်တာလည်း မြို့အကုန်ကုန်ပြီ၊ ငပုတောတမြို့ဘဲမရောက်သေးတာ … ဒါလည်း ကျနော်သာမရောက်တာ ကျနော်တို့အဖွဲ့က ရောက်ပြီးသွားပြီ။ အဲဒီအပြင် ကျနော်တို့အဖွဲ့က ဘယ်လိုနေရာတွေရောက်လဲဆိုတော့ ဘာအကူအညီမှ မရသေးတဲ့ ရွာပေါင်း ၄၂ ရွာ ရောက်ပြီးပြီ၊ ဒေးဒရဲအပိုင်ထဲမှာရှိတယ်၊ စပါးဒိုင်တွေကို စုထားတဲ့ရွာ … ကျေးရွာအစုကြီး ၃ စု။
ဘိုကလေးအပိုင်ထဲမှာလည်း ကျေးရွာအစုကြီး ၃ စု … အဲဒါမျိုးတွေကို ကျနော်တို့အရောက်သွားတယ်။ အဲဒီရွာတွေ ၄၂ ရွာရှိတယ်၊ ဘာအကူအညီမှမရကြသေးဘူး။ နိုင်ငံတော်အဆင့်ကပေးတဲ့ အကူအညီတင် မဟုတ်ဘူး … ယူအန်ဆီကလည်းမရဘူး၊ ဘယ်အန်ဂျီအိုမှလည်း မရောက်ကြသေးဘူး။
မေး။ ။ အဲဒီနေရာတွေမှာ ဘာတွေတွေ့ခဲ့သလဲ၊ လူတွေဘယ်လောက်သေသလဲ၊ ဘာအကူအညီတွေ လိုအပ်နေသလဲ၊ ရွာတွေ ဘယ်လောက်ပျက်သွားတယ်ဆိုတာကို ပြောပြနိုင်မလား ခင်ဗျ။
ဖြေ။ ။ ကျနော် ဥပမာတခုပြောပြမယ်။ မငေးကြီးဒိုင်နယ်ဆိုရင် အိမ်ခြေတထောင်ရှိတယ် … အဲဒီတထောင်မှာ ၇၀၀ က ဘာမှမကျန်အောင်ကို လုံးဝပျက်စီးသွားတယ်။ အိမ်ခြေ ၃၀၀ က တိုင်လောက်၊ အခင်းလောက် ကျန်တယ်။ လူ ၂၂၁ ယောက်သေတယ်၊ ၃၀၀ က ပျောက်နေတုန်းပဲ အခုအထိရှာမတွေ့သေးဘူး၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး။
ကျနော်တို့ရောက်တဲ့ ၂၂ ရက်နေ့အထိ အလောင်းတွေက ချောင်းထဲမှာဒီအတိုင်းရှိနေတုန်းပဲ။ အစိုးရကပေးတဲ့ ဆန် နို့ဆီဘူး ၇ လုံးနဲ့ စေတနာရှင်တယောက်ကလာလှူတဲ့ ခေါက်ဆွဲခြောက်တထုပ်ဆီ ရတယ်၊ အဲဒါကလွဲရင် ဘာမှမရကြသေးဘူး။ အဲဒါ မုန်တိုင်းအလွန် ရက် ၂၀ အကြာ …။
ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ကျနော်တို့ ဘိုကလေးကနေပြီးတော့ တင်မောင်းချောင်း၊ ကြိမ်စု၊ ထိပ်ချောင်းကြီးကျေးရွာ၊ ကန်စု၊ ရွှေဘိုစု … အဲဒီနေရာတွေကိုရောက်တယ်။ အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံးက ဘာအကူအညီမှ မရသေးဘူး၊ ဘယ်သူကမှလာမပေးဘူး … အင်္ကျီမရှိဘူး၊ ကလေးတွေက ကိုယ်တုံးလုံးနီးပါးဖြစ်နေတယ်။
အရေအတွက်က မိသားစု ၅၄၂ အိမ်ထောင်ရှိတယ် … အဲဒီအိမ်ထောင်စုတွေအားလုံး အိမ်မရှိတော့ဘူး။ အဲဒီမှာ အကျွတ်အလွတ်ဆိုတဲ့ ဘုရာလေးတဆူရှိတယ်၊ အဲဒီဘုရားကလည်း ပျက်စီးနေပါပြီ၊ ထီးတွေဘာတွေ ကျိုးကျနေပြီ … သူတို့ခမျာ အဲဒီဘုရားရင်ပြင်ပေါ်မှာ စုပြုံပြီးတော့အိပ်နေကြတယ်။ ယူအန်မလာဘူး၊ အန်ဂျီအို မရောက်သေးဘူး … ဘာအကူအညီမှ မရဘူး။ ကျနော်တို့ ပုဂ္ဂလိကအဖွဲ့ကလေးတွေပဲ အဲဒီကို ရောက်တယ်။ ကျနော်တို့ရောက်တဲ့ အချိန်ကတော့ သူတို့ဘာမှမရသေးလို့ တော်တော်များများ ပေးနိုင်ခဲ့တယ်။ အဆိုးဆုံးက အဲဒီမှာ ရေမရှိဘူး၊ သောက်ရေလုံးဝမရှိဘူး။ အဲဒီလိုမရှိတဲ့အတွက် မိုးရွာမှ ရေခံပြီးသောက်နေရတယ်။ ရေသန့်တွေကို သင်္ဘောနဲ့တင်ပြီး သွားပို့ရတယ်။ ရေသန့်ဘူးပေါင်းတသောင်း။
မေး။ ။ အစိုးရ ရနေတဲ့ … လက်ခံထားတဲ့ နိုင်ငံတကာကအကူအညီတွေ အဲဒီဘက်ကို မရောက်ဖူးဘူးလား ခင်ဗျ။
ဖြေ။ ။ အဲဒါတွေက … ကယ်ဆယ်ရေးစခန်းတွေရှိတယ်ဗျ။ လပ္ပတ္တာမှာရှိတယ်၊ ဘိုကလေးမှာဆိုလည်းရှိတယ် … အဲဒီစခန်းတွေမှာတော့ မိုးကာတဲတွေနဲ့နေရတယ်၊ တတဲကို ၄၊ ၅ ယောက် နေကြတယ်။ အဲဒီမှာ ထမင်း ချက်တယ်၊ ဆန်ပြုတ်သောက်ရတယ်၊ အဲဒီဘက်တွေမှာတော့ရတယ်။ အရည်အတွက်အားဖြင့် နည်းနည်းလေးပဲရှိတယ်။ ရွာတွေမှာရောက်နေတဲ့လူတွေကတော့ ဘာမှမရကြဘူး။
မေး။ ။ ယူအန် က ပြောတယ်။ လွန်ခဲ့တဲ့အပတ်အထိ လူဦးရေ ၂၅ ရာခိုင်နှုန်းအထိပဲ အကူအညီတွေ ရောက်သေးတယ်ဆိုတော့ … အဲဒီတွက်ချက်မှုက ဘယ်လောက်အထိ မှန်ပါသလဲ။
ဖြေ။ ။ မှန်တယ်လို့တော့ပြောလို့ရတယ်။ အဲဒီလို ကယ်ဆယ်ရေးနေရာတွေကို ရောက်တဲ့လူက နည်းနည်းရယ် … ကျန်တဲ့ ကျွန်းတွေ၊ ကိုယ့်ရပ်ရွာတွေပေါ့ဗျာ … ဘယ်သူမှလည်း လာမခေါ်လို့၊ ဘယ်သူမှလည်း လာမရလို့၊ ကားလမ်းလည်းမပေါက်လို့ ရေလမ်းတခုပဲ အားကိုးအားထားပြုပြီး ကိုယ့်ရွာလေးမှာ အသက်ရှင်ကျန်နေကြတဲ့ လူတွေပေါ့ဗျာ … စိတ်မကောင်းစရာအကြောင်းလေးတခု ကျနော်ဖြတ်ပြောပြမယ် … အဘွားကြီးတယောက်က သူ့မှာ မိသားစု ၁၁ ယောက် ရှိတယ်၊ ၁၀ ယောက်သေသွားပြီး သူတယောက်တည်းကျန်ခဲ့တယ်။ အဲဒီလို ၁၀ ယောက်သေသွားတယ်ဆိုတာကို သူမသိဘူး၊ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မမှတ်မိတော့ဘူး။ အဲဒီလိုလူတွေ အများကြီးပဲ၊ ကျွန်းတွေပေါ်မှာ အဲဒီလို ကြောင်ပြီးကျန်ခဲ့တဲ့လူတွေ အများကြီးပဲ။ တံငါရွာလေးတွေပေါ့။
မေး။ ။ အဲဒီလို စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့လူတွေ ဘယ်လောက်တွေ့ခဲ့သလဲ။ သူတို့တွေက ဘယ်လိုအခြေအနေမျိုးမှာ ရှိနေကြသလဲ ခင်ဗျ။
ဖြေ။ ။ ၃ မျိုးတွေ့တယ်ဗျ။ တမျိုးက အရမ်းပေါက်ကွဲနေတယ်၊ အထိမခံရွှေပုဂံပေါ့ဗျာ … ဘာမှကိုအပြောမခံဘူး၊ ဒေါသတွေကြီးနေတယ်၊ တချိန်လုံး စိတ်တွေတို ရန်လိုနေတဲ့လူတွေကို တွေ့ရတယ်။ ဒုတိယတမျိုးကျတော့ လုံးဝကို ငိုပြီးတော့ သူ့မှာ ကြုံခဲ့ရတဲ့အခက်အခဲကြီးကိုပြန်ပြီးတော့ တချိန်လုံးတွေးပြီး ပြောကာပြောကာနဲ့ ငိုနေတဲ့လူတွေကို တွေ့ရတယ်။ နောက်တခုကတော့ ဘာစကားမှကို မပြောတော့ဘူး၊ လှုပ်လဲမလှုပ်တော့ဘူး။ ကျနော်တို့က ဆန်သွားဝေတယ်ဗျာ … တယောက်ကို ဆန် ၄ ပြည်နှုန်းနဲ့ဝေတယ်။ နောက်ပြီးတော့ ပဲဝါ၊ ပဲကတ္တီပါပေးတယ်။ အဲဒါတွေကို အထုပ်တွေနဲ့ စောင်၊ ခြင်ထောင်ပါထည့်ပြီး တယောက်ချင်းစီကိုပေးတယ်။ အဲဒီလိုပေးတာကိုတောင် လာမယူတော့ဘူး။ ဘာကိုမှ စိတ်မ၀င်စားတော့ဘူး … ငါတို့ဘ၀ သေတာပဲ ကောင်းပါတယ်ဆိုတာမျိုးတွေရှိတယ်။
မေး။ ။ ကိုဇာဂနာ သွားခဲ့တဲ့နေရာတွေမှာ နိုင်ငံတော်က ဘာတွေလုပ်ပေးနေတာကို တွေ့ခဲ့ပါသလဲ။
ဖြေ။ ။ ဘာမှလုပ်မပေးဘူး။ ရတာက အခုနကျနော်ပြောသလို ဆန်နို့ဆီဗူး ၇ လုံးနဲ့ စေတနာရှင်တယောက်ဝေသွားတဲ့ ခေါက်ဆွဲခြောက်တထုပ်ပဲရတယ်။ အဲဒါ ၂၈ ရက်နေ့ ကျနော်တို့ရောက်သွားတဲ့ အချိန်အထိ …
မေး။ ။ အဲဒီဖက်တွေကိုကျတော့ အကူပစ္စည်းကို ဘာနဲ့ပို့ရသလဲ။ လှေတွေနဲ့သွားတာလား။
ဖြေ။ ။ ဟုတ်တယ် … လှေနဲ့သွားရတာ။
မေး။ ။ ကိုဇာဂနာတို့လို ပုဂ္ဂလိကအလှူရှင်တွေအနေနဲ့ ဘယ်လောက်အထိ လုပ်ခွင့်ရသလဲ။
ဖြေ။ ။ အစပိုင်းကတော့ ကျနော်တို့က တွန်းလုပ်တာပေါ့ဗျာ … နည်းနည်းတော့ အခက်အခဲရှိတယ်။ ထိပ်တိုက်တိုးရတာတွေ ရှိတယ်။ ဥပမာ - ခင်ဗျားတို့က ဘာဖြစ်လို့ ကျနော်တို့ကို (အာဏာပိုင်) မတိုင်ပင်ဘဲ သွားတာလဲ၊ ကျနော်တို့ကိုပြောပါ ဘာညာဆိုပြီး နည်းနည်းညှိနှိင်းပြီးလုပ်ကျတဲ့။ ခင်ဗျားတို့ရဲ့ အသက် အန္တရာယ်ကို တာဝန်မယူဘူးတဲ့ … မယူလဲနေ၊ သေချင်သေပလေ့စေ၊ သွားမယ်ပြောပြီး တိုးဝင်သွားရတာတွေ ရှိတယ်။ စေတနာရှင်တွေ ကိုယ်တိုင် သွားလှူလို့ရတယ်အမိန့်ထွက်ပြီးတော့ သိပ်မပြောတော့ဘူး … သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့က ထုတ်တဲ့အမိန်လေ … သွားလာရေး ခက်ခဲ့တဲ့နေရာတွေကိုသွားနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်၊ ပုဂ္ဂလိကအလှူရှင်များ မိမိသဘောနဲ့မိမိ ကြိုက်သလိုလှူဒါန်းနိုင်ပါတယ်လို့ အမိန့်မှာပါတယ်။
အဲဒိအမိန့်ထွက်ပြီးမှ တရုတ်တန်းက ကုန်သည်များအဖွဲ့၊ မဂိုလမ်းက ရွှေဆိုင်တွေတွေပါ အကူကိစ္စ လုပ်လာကြတယ်။ သူတို့တွေဝင်လာတော့ ဒုက္ခသည်တွေလည်း ပိုရတာပေါ့။ သူတို့တွေ ချောင်ကျတဲ့ နေရာတွေကို မသွားနိုင်လည်း ကျနော်တို့အဖွဲ့က ယူသွားပေးတယ်။ ဥပမာ - ဘိုကလေးမြို့ ဆိုပါတော့၊ အလှူရှင်တွေက မြို့ပေါ်မှာထားခဲ့ … ကျနော်တို့သရုပ်ဆောင်တွေက ရွာတွေဆီယူသွားပေးပေါ့။ ကျနော်တို့ အဖွဲ့မှာ ၀ိုင်းကူလုပ်နေတဲ့လူ ၄၂၀ ရှိတယ်။ ထိရောက်မှုရှိအောင် အဖွဲ့တွေခွဲပြီး လုပ်ကြတယ်။
မေး။ ။ တနေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား … နောက်နှစ်ဆို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စပါးတွေရွှေရောင်းသန်းပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ စည်ပင်တော့မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။
ဖြေ။ ။ အဲဒီအိပ်မက်ကလေးကောင်းသားပဲလို့ ကျနော်ပြောချင်တယ် … ဟဲဟဲဟဲ … ဖားရှာ၊ ငါးရှာ ရှာလို့ရမလားတော့ မသိဘူး … ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေးမြစ်ဆိုရင် ရေအရောင်ကို နာမည်ပေးထားတယ်၊ နာဂစ်ကာလာလို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီအရောင်ကြီးနဲ့ လူနဲ့ ကျွဲ နွားအလောင်းတွေက အများကြီး … နာဂစ်ရနံ့ဆိုတာရှိသေးတယ် … အဲဒီညှီနံ့ကြီးက ပြန်လာရင်ပါလာတာပဲ၊ ဘယ်သူမှမခံနိုင်ဘူး အန်တယ်။ ဒီတော့ အဲဒီလိုနေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာမှာလဲဗျာ … ငါးဖမ်းမယ့်အစား အလောင်းတွေဖဲ့စားမှ ရတော့မယ်။
မေး။ ။ အလောင်းကိစ္စကို မေးချင်သေးတယ်။ အခုထိ အလောင်းတွေကို သင်္ဂြီုဟ်လို့ မပြီးသေးဘူးလား ခင်ဗျ။
ဖြေ။ ။ ကောက်ကို မကောက်နိုင်သေးတာ။ ၂၈ ရက်နေ့ ဘိုကလေးကပြန်လာတယ်။ ရွာ ၅ ရွာကို သွားခဲ့တယ်။ အဲဒီ ၅ ရွာမှာ ဗီဒီယို၊ ဓာတ်ပုံ မရိုက်နိုင်တော့ဘူး … အလောင်းတွေများလွန်းလို့။ အနည်းဆုံး အလောင်း ၄၀ လောက် တွေခဲ့တယ်။ အဲဒါတောင် ဟိုးအစွန်ပိုင်းကအလောင်းတွေကို ကောက်ပြီးတော့ မီးရှို့လိုက်တာ တထောင်ကျော် ရှိတယ် … စေတနာရှင်တွေက မီးစက်ကြီးတွေ အလုံး ၈၀ လောက်သယ်လာပြီး မီးရှို့ပေးတာ။ ကျနော်သိသလောက် အေဇက်ဂျီတို့ ခရစ်ယန်သာသနာပြုအဖွဲ့တို့ကပေါ့။
မေး။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်လူမျိုးတွေအများစုနေကြတယ် … သူတို့တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဘိုကလေးအပိုင်တို့ ဒေးဒရဲအပိုင်တို့မှာ ကရင်ရွာတွေရှိတယ် … အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒီက ကရင်တွေကို သဘောကျတယ်ဗျ။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ရွာထဲကနေကူမယ့် လူတွေကို ခေါ်တယ် … သူတို့ကို ရန်ကုန်ခေါ်လာပြီး ဆရာဝန်တွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ သူ့တို့က ရွာကိုပြန်ပြီး တည်ဆောက်ရေးကို ဦးဆောင်ကြမှာလေ။
အရေးပေါ်လိုအပ်နေတဲ့ အမိုး၊ အကာနဲ့ အစားအသောက်စတဲ့ အကူပစ္စည်းတွေပေးပြီး ဒုတိယအဆင့်အနေနဲ့ ဒီနေ့ကစပြီးတော့ ကန်စွန်း၊ ဟင်းနုနွယ်၊ ချင်ပေါင် မျိုးစေ့တွေပေးတယ်။ ဘယ်မြေမှာမဆိုစိုက်လို့ရအောင်ထည့်တဲ့ မြေသြဇာပေးတယ်၊ သုံးပုံသုံးနည်းကိုလည်း သင်ပေးတယ်။
မေး။ ။ အခုလိုကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စလို့ရမယ် ထင်ပါသလား။
ဖြေ။ ။ စပါးကတော့ မရနိုင်သေးဘူး။ ဟင်းသီးဟင်းရွက်၊ ဘူးသီး၊ ခ၀ဲသီးလောက်ကတော့ ရနိုင်တယ်။ ဒီနေ့စလုပ်တယ် … ရွာတွေကပါလာတဲ့ ကရင်တွေကို တတ်ကျွမ်းတဲ့လူတွေနဲ့ သင်ပေးတယ်။
မေး။ ။ ကရင်လူမျိုးတွေ တိုင်းရင်သားတွေမို့ အကူအညီမရကြဘူးလို့ ပြောကြတာတွေလည်းရှိတယ်။ အဲဒါ ဟုတ်ပါသလား။
ဖြေ။ ။ တိုင်းရင်သားမှမဟုတ်ပါဘူး … ဗမာလည်း မရကြပါဘူး … ဘယ်သူမှမရကြတာပါ။ စပါးပြန်စိုက်ဖို့ အချိန်က ၁၅ ရက်ပဲ ရှိတော့တယ်။ အခု ကျနော်တို့က ကုမ္ပဏီကြီးတွေကို မေတ္တာရပ်ခံပြီး လိုက်ညှိနေတာ … ထိုင်းက ပညာရှင်တွေနဲ့လဲ ညှိထားတယ်။ ရွှေကျွဲလို့ခေါ်တဲ့ လက်တွန်းလယ်ထွန်စက်ပေါ့ … အဲဒီကောင်နဲ့ဆိုရင် နေ့ဝက်ကို တဧကပြီးတယ်။ စက်တလုံးကို ကျပ် ၁၄ သိန်းရှိတယ်။ ကျွန်းညိုကြီးတိုက်နယ်ကို အဓိကနေရာအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီမှာ လူဦးရေ ၅၅၁၄ ဦး ရှိတယ် … အဲဒီမှာ အလုပ်လုပ်နိုင်တဲ့ ယောက်ျားဦးရေက ၃၂၀၀ ကျော် ရှိတယ်။ အဲဒီကမြေကြီးတွေကို ထိုင်းက ပညာရှင်တွေနဲ့ပြင်ကြည့်တော့ ရတယ်။ သံဘီးတပ်တဲ့ ရွှေကျွဲ ၁၈ လုံးလောက်ရှိရင် အလုပ်စလုပ်လို့ရပြီ။ အခုအလှူခံထားတာ ၁၀ လုံးရပြီ၊ နောက် ၈ လုံးလိုသေးတယ်။
မေး။ ။ အိမ်နီးချင်းနိုင်ငံတွေက ကျန်းမာရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေ လာကြတယ်။ သူတို့တွေကော အဲဒီနေရာတွေကို ရောက်ကြရဲ့လား။
ဖြေ။ ။ တခြားနိုင်ငံတွေကတော့မရောက်ဘူး။ ကျနော်တို့နဲ့အတူ ထိုင်းက အမျိုးသမီးတယောက်လိုက်လာပြီး မြေကြီးတွေ လေ့လာတာတော့ရှိတယ်။ မနေ့ကပြန်သွားတယ် … စနေနေ့ ပြန်လာမယ်။ သူပြန်လာရင်တော့ သိရမယ် ဒီမြေကြီးကို ၁၅ ရက်အတွင်း စပါးစိုက်လို့ ရ မရကို။
မေး။ ။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ပိုင်းကကော ဘယ်လိုအကူအညီတွေရပါသလဲ ခင်ဗျ။
ဖြေ။ ။ ရောက်လာတယ် … အများကြီးပဲ။ ဥပမာ - နမ္မတီး၊ မြစ်ကြီးနား၊ လားရှိုး ဘက်ကဆို ၁၀ ဘီး ကားကြီးတွေနဲ့ လာတာ။ ဆီတွေဆိုရင် ပေပါ ၂၀၀ တို့ … အခုနောက်ပိုင်း ဆင်းလာတယ်။ လားရှိုးက ဆင်းလာတဲ့အဖွဲ့ဆိုရင် ခရစ်ယာန် သာသနာပြုအဖွဲ့နဲ့ ပေါင်းပြီး ဆင်းလာတာ ၁၀ ဘီးကား ၁၀ စီးနဲ့။ အခုနပဲ သွားကြိုလာတာ … ရှမ်းလူမျိုးတွေ။
မေး။ ။ ရန်ကုန်မြို့အခြေအနေကိုလည်း ပြောပြပါဦး။
ဖြေ။ ။ အဲဒီနေရာတွေကိုလည်း သွားနေရတာပါပဲ။ ဒီနေ့မနက်ဆိုရင် ဒလ၊ ကွမ်းခြံကုန်းနဲ့ ကြည့်မြင်တိုင် တဘက်ကမ်းက ညောင်ဝိုင်းကို ကျနော်တို့အဖွဲ့တွေ သွားကြတယ်။ အဲဒီနေရာတွေက မြစ်ဝကျွန်းပေါ်လောက် ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ ဒါပေမယ့် အိမ်တွေပြိုသွားတယ်၊ အဲဒီလူတွေကိုလည်း လှူရတာပေါ့။ အဲဒီကလူတွေက မြစ်ဝကျွန်းပေါ်လောက်တော့ စိတ်ပိုင်းဆိုင်ရာ မထိခိုက်ဘူး။
မေး။ ။ ပြည်ပကလူတွေကိုရော ကိုဇာဂနာ ဘာပြောချင်သေးလဲ။
ဖြေ။ ။ ကျနော်တို့ မတတ်နိုင်တဲ့အတိုင်းအတာတွေ ရှိပါတယ်။ အပြင်ကလူတွေ လုပ်ပေးလို့ ရနိုင်တာတွေကတော့ ပျက်စီးသွားတဲ့ရွာတွေ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့အတွက်ပါ။ ဥပမာ - ဆူနာမီ တုံးကဆိုရင် ထိုင်းနိုင်ငံမှာ ပညာရှင်တွေ ချက်ချင်းရောက်လာတယ်။ ပြီးတော့ အိမ်တွေကို ချက်ချင်း ဆောက်ပေးလိုက်နိုင်တယ် … အဲဒီလိုမျိုး ကျနော်တို့ မတတ်နိုင်ဘူး၊ အဲဒီလောက်လည်း မချမ်းသာဘူး။ ဘီလ်ဂိတ်လိုလူမျိုးကလည်း လှူတယ်ဆိုပြီးတော့ ဘယ်လိုလူတွေကို ဘာတွေလုပ်ပေးနေသလဲဆိုတာ စဉ်းစားလို့ကို မတတ်ဘူး။
အိမ်တလုံးဆောက်ဖို့ ဘယ်လောက်မှလည်း မကုန်ပါဘူး … အဲဒီလိုအိမ်လေးတွေများ နိုင်ငံတကာက ရွာတွေမှာ လာဆောက်ပေးနိုင်မယ်ဆိုရင် … …။
ယူအန်ကိုတော့ မကျေနပ်ဘူး။ ကျနော်တို့ပြည်သူတွေအတွက် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်လို့။ အခု ဘိုကလေးမှာ ကျနော်တို့ရောက်တဲ့ ရွာတွေရှိတယ်ဗျာ၊ ကိုဝေဠုကျော်တို့ရောက်တဲ့ လပ္ပတ္တာကရွာတွေ၊ ကျနော်တို့လူတွေရောက်တဲ့ ငပုတောကရွာတွေ … ကျနော်တို့မှာ မြေပုံတွေရှိပါတယ်၊ အဲဒီနေရာတွေကို ယူအန်က တယောက်မှ မရောက်သေးဘူးဗျာ။ ယူအန်ဖြစ်ဖြစ် … တခြား အန်ဂျီအိုဖြစ်ဖြစ် … သူတို့တွေက အစိုးရ ငြိုငြင်မှာကို ကြောက်နေတယ် … အဲဒါကို ကျနော်ကမကြိုက်တာ။ ဒုက္ခသည်ကိုကူညီမှာ ဘာလို့ ငြိုငြင်တာ မခံရဲရတာလဲ။ မသွားရဘူးပြောလည်း သွားပေါ့ဗျာ ဘာဖြစ်လည်း။ ဒါမှမဟုတ် သွားလာနေတဲ့လူတွေကို အကူအညီပေးပေါ့။ ကျနော်တို့လို အလားသဏ္ဍန်တူ သွားနေတဲ့အဖွဲ့ ၄၊ ၅ ဖွဲ့ လောက်ရှိတယ်။ အဲဒါတွေကိုလည်း အကူအညီမပေးဘူး … မယက ရုံးထဲကို ပစ္စည်းတွေ သွားပို့နေတော့ ဘာသွားလုပ်မလဲ။
မေး။ ။ လူတွေ တောင်းစားတယ်ဆိုတဲ့ကိစ္စကကော ခင်ဗျ။
ဖြေ။ ။ တကယ်တမ်းပြောရရင် ငတ်တော့လည်း တောင်းစားမိမှာပေါ့ဗျာ … ဟုတ်တယ်မလား။ ကုန်းခြံကုန်းလမ်းမှာ အစားအသောက်တွေပေးကြပါနဲ့ တကယ်ငတ်မွတ်နေကြတာကိုး … တောင်းမှာပေါ့၊ သိပ်ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်ပါဘူး … ဘီစကစ်တွေ ကားပေါ်ကပစ်ချလို့ လမ်းဘေးမှာလူးလှိမ့်ပြီး လုနေတာတော့မရှိပါဘူး … ကားတိုက်ပြီး သေကုန်မှာပေါ့။
မေး။ ။ အမေရိကန်က ပြောနေတုန်းရှိသေးတယ်၊ တချို့နေရာတွေကို သူတို့ရဲ့ ရေပေါ်၊ မြေပေါ်မှာသွားလို့ရတဲ့ ရှပ်ပြေးမော်တော်လေးတွေနဲ့မှ အလုပ်ဖြစ်မယ်၊ ကူညီချင်ပါတယ်လို့ တဲ့။ အဲဒီအကူအညီက အခုလို တလပြည့်လာတဲ့ကာလမှာ လိုအပ်သေးတယ်လို့ ထင်သလား ခင်ဗျ။
ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ လိုအပ်တယ် … ဒုက္ခသည်တွေက သူတို့ကို အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်က သင်္ဘောကြီးတွေ သူတို့ကိုလာကူညီနေကြပါပြီဆိုပြီး အရမ်းဝမ်းသာနေကြတာ … ကျနော်တို့က ရေဒီယိုလည်း ပေးတယ်လေ … ခင်ဗျားတို့ ကမ္ဘာနဲ့ အဆက်မပြတ်အောင် နားထောင်ကြပါလို့ … သတင်းတွေနားထောင်ပြီး တအားပျော်ကြတာ၊ အခုလို မလာတော့ဘူးလိုလိုဖြစ်တော့ သူတို့တွေအရမ်းခံစားရတာ။ ကျုပ်တို့ကို မကယ်တော့ဘူးလား၊ ဒီအတိုင်းပစ်ထားတော့မှာလား၊ ဒီကျွန်းပေါ်မှာ သေမယ့်ရက်ကို ထိုင်စောင့်နေရမှာလားလို့ အော်ကြတာ။ တယောက်တည်း၊ နှစ်ယောက်တည်းက ပြောတာမဟုတ်ဘူး။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကလေးတွေပါ ပြောကြတာ။ http://www.irrawaddy.org/bur/interview/zarganar.html
သူခိုးက လူလူဟစ်တဲ့ကိစ္စ
မုန်တိုင်းကြောင့် ပျက်စီးမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် စစ်အစိုးရ လိုအပ်ချက် ဒေါ်လာ ၁၁ ဘီလီယံခန့် တောင်းဆိုမေမဲ့ ဒေါ်လာသန်း ၁၅၀ ကျော်သာ ယခုညီလာခံက ၇တာမို့  အရေးပေါ် ၃ လစာ လိုတဲ့  ဒေါ်လာ ၂၀၁ သန်း ပမာဏ ကိုပင် မပြည့်မီဘူးလို့ အပြစ်တင်ပါတယ်။
၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဆူနာမီဘေးသင့်ခဲ့စဉ်တုန်းက ကမ္ဘာ့ဘဏ်က အရေးပေါ် ထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်း ပေးပေမဲ့ အခု မြန်မာ အရေးကျ အကူအညီ မပေး၊ ငွေမချေးကြောင်းကိုလည်း ပြောတာပါ။ မြန်မာစစ်အစိုးရ လွန်ခဲ့တဲ့ ၁၀နှစ် ကတည်းက ချေးယူထားသော ချေးငွေများ ပြန်မဆပ်တာကြောင့် မချေးတာ ဖြစ်ကြောင်းကို လူလည်လုပ်ပြီးမရေးထားပါဘူး။
မရတဲ့ အခါမှ ကြီးကျယ်ပြီး “မြန်မာပြည်သူများအတွက်မူ နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုသည်မှာ မရ လျှင်လည်း မိမိတို့ ဘာသာ ရပ်တည်ထူမတ်နိုင်သူများ ဖြစ်ကြသည်။ လို့  “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြ ပေလိမ့်မည်” ဆောင်းပါးက အလှုရှင်အားလုံးကို စော်ကားလိုက်ပါတယ်။
မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းသားများအနေဖြင့် အရသာလည်းရှိ အာဟာရလည်းဖြစ်စေသော ငါး၊ ပုစွန်၊ ဟင်းသီးဟင်းရွက် များစားသုံး၍ အသက် ရှင်သန်နိုင်သည်ဟုလည်း ယင်း ဆောင်းပါးက ဆိုသည်။
အလားတူ အခြားစစ်အာဏာရှင်ဒေါက်တိုင် သတင်းစာတွင်လည်း နာဂစ် မုန်တိုင်း ဒဏ်ကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်နေရသော ဒုက္ခသည်များကို လမ်းမပေါ်မှာ တောင်းယမ်းလက်ခံယူနေသော ယင်းဒုက္ခသည် များသည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက် တ.ယ်လို့ စွပ်စွဲပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကိုလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လေ ဘေး ဒုက္ခ သည်များအား အကူအညီပေးရာတွင် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းသည်ဟု စွပ်စွဲထားပြန်သည်။ စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ သတင်း ထုတ်ပြန်ချက် အမှတ်(၈) တွင် ကူညီ လှူဒါန်း လိုသူများ ၎င်းတို့အဖွဲ့ထံတွင် အကူအညီတောင်းခံနိုင် ကြောင်းနှင့် လေဘေး ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရသည့် ဒေသများအထိ သွားရောက်လှူဒါန်းနိုင်ပါက ပိုမို ထိရောက်ကြောင်း ဖော်ပြထားပေမဲ့ သွားရောက်လိုသော နိုင်ငံခြားသားများအနေနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်စာရယူရန်လိုအပ်ပါတယ်။
ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ကလည်း မေလ ၂၃ ရက် ရက်စွဲဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် INGO အဖွဲ့အစည်းများ လေဘေးသင့် ဒေသများသို့ သွားရောက်မည်ဆိုပါက ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ခရီးသွားလာခွင့် ရယူရမည်ဖြစ်ကြောင်း ကျေညာစာထုတ်ထားပါသည်။
ဧရာဝတီတိုင်းသို့ သွားရောက်ခဲ့သည့် ပြည်တွင်း အကူအညီကား အစီး ၂၀ ကျော်ကို လှိုင်သာယာမြို့နယ်အစပ်တွင် အာဏာပိုင်များက ဖမ်းဆီးပြီး ယာဉ်မောင်းနှင့်အတူ အင်းစိန် ဂျီတီအိုင် ကျောင်းဝန်း အတွင်းသို့ခေါ်ဆောင်သွားကြောင်း လေဘေး အကူအညီပေးခဲ့သူများ ကပြောဆိုသည်။ http://www.irrawaddy.org/bur/news2008/May/may_29b_08.htm
မုန်တိုင်း before နဲ့ after
ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ်လီပို့က ကြေညာ
မေ ၃၀၊ ၂၀၀၈
အင်တာနက်ပေါ်မှ အစိုးရခွင့်မပြုသော သတင်းစာမျက်နှာများနှင့် ဘလော့ (Blog) များကို ယခင်က ပရောက်စီ (proxy) နံပါတ်များ အသုံးပြုကျော်ဝင်ကာ ဖတ်နိုင်သော်လည်း ယနေ့မှစ၍ ဝင်ရောက် ဖတ်ရှုနိုင်ခြင်းမရှိတော့ကြောင်း အင်တာနက် အသုံးပြုသူများ နှင့် အင်တာနက်ဆိုင် ဝန်ထမ်းများထံမှ သိရသည်။
လက်ရှိ အင်တာနက် ပုံမှန် သုံးစွဲသူ တဦးက “ပရောက်စီနံပါတ် အခု ၂၀ လောက်ရှိတာ ၁ ခုပဲ စမ်းကြည့်ဖို့ ကျန်တော့တယ်။ စမ်းပြီးသမျှတွေ တခုမှမရဘူး။ အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေကျ freedom ပရောက်စီလည်း မရတော့ဘူး။ ဆိုင်တွေ အားလုံး စိတ်ညစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က အင်ဂျင်နီယာအဖွဲ့၊ ကွန်ယက်လည်ပတ်ရေးဌာန၊ မြန်မာတယ်လီပို့ ဝက်ဘ်ဆိုက်မှတဆင့် proxy Server များ ပြောင်းလဲခြင်း ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။
ယင်းကြေညာချက်တွင် “မြန်မာတယ်လီပို့အနေဖြင့် ပိုမို၍ အဆင့်အတန်းမြင့်ကောင်းမွန်သော Internet ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။ ယခုအခါ Internet သုံးစွဲရန်အတွက် proxy Server များကိုအသုံးပြုရန်မလိုအပ်တော့ပါ။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ Web Brower Software များတွင် Proxy Setting များကိုဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။
အင်တာနက် အသုံးပြုသူ တဦးက “ပရောက်စီ သုံးစရာမလိုဘူးဆိုရင် အခုဒီအတိုင်းဖွင့်ရင်လာရမှာပေါ့၊ အခုဟာက ဘလော့ တောင်ကြည့်လို့ မရတော့ဘူး ဂျီမေးလေး ပေးသနားထားတာပဲ ကျေးဇူးတင်ရမယ်” ဟု ပြောသည်။
တခြားသော အင်တာနက် အသုံးပြုသူ တဦးကလည်း “ပြည်သူတွေ ကြည့်ချင်တာ ကြည့်ကြပါစေဆိုပြီး ချပေးတာတော့ မဟုတ်နိုင်ဘူး။ လှည့်ကွက်တခုဖြစ်နိုင်တယ်၊ Internet Access ကို ဖွင့်ပေးပြီး IP Address ကတဆင့် ဖမ်းချင်တာလည်း ဖြစ်နိုင်တယ်။ အရင်ကဆိုရင် proxy ခံပြီးသုံးနေတော့ ကျနော် သုံးနေတာ ဘာလဲဆိုတာမသိနိုင်ဘူး” ဟု ပြောသည်။
နိုင်ငံရေးနှင့်သက်ဆိုင်သည့် ဝက်ဘ်ဆိုက်များ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဝက်ဘ်ဆိုက်များ၊ g-mail ၊ G-talk၊ Google၊ pop site၊ စသည့် ဆိုက်များကို မြန်မာနိုင်ငံသားများ တိုက်ရိုက် အသုံးပြုခွင့် မရအောင် အစိုးရက နည်းပညာအသုံးပြုပြီး အမျိုးမျိုး ထိန်းချုပ်ထားခဲ့သောကြောင့် သုံးစွဲသူတို့က ပရောက်စီ နံပါတ် များကို အမျိုးမျိုးပြောင်းလဲ၍ ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များကို ဝင်ကြည့်နေရခြင်း ဖြစ်သည်။
မြန်မာနိုင်ရှိ အင်တာနက်ဆိုင်ရာဝန်ဆောင်လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီ ပို့တို့က ဆောင်ရွက် ပေးလျှက်ရှိပြီး ယခုမြန်မာတယ်လီပို့သည် ယခင်က Bagan Net ဖြစ်ကာ ဝန်ကြီးချူပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ သား ဦးရဲနိုင်ဝင်း၏ လုပ်ငန်းဖြစ်ခဲ့သည်။http://www.irrawaddy.org/bur/news2008/May/may_30a_08.html
မြန်မာသတင်း မေ ၃၁ ၂၀၀၈
Gates slams Myanmar over response to aid offers
Aid workers still waiting to enter Myanmar's delta
Myanmar cyclone raises risk of forced labour: ILO
Myanmar warned against premature resettlement
Gates: Myanmar delay killed thousands
Myanmar warned over forcing cyclone survivors home
Gates: Obstructed efforts in Myanmar cost lives
U.S.: Myanmar delays cost "tens of thousands of lives"
Myanmar warned against premature resettlement
Myanmar junta under new pressure over cyclone victims
Rights groups criticize Myanmar over refugees
Aid workers still waiting to enter Myanmar's delta
Myanmar must stop evicting cyclone victims: HRW
Myanmar warned over forcing survivors home
UN: Myanmar forcing cyclone survivors out of camps
Myanmar aid stonewalling left thousands dead: U.S.
Myanmar Warned Against Premature Resettlement
Gates slams Myanmar over response to aid offers
Gates: Myanmar delay killed thousands
Myanmar warned against premature resettlement
Myanmar warned against premature resettlement
Buddhist monks providing Myanmar relief
Aid workers still waiting to enter Myanmar's delta
Relief efforts for China and Myanmar
Aid workers are still waiting to enter Myanmar's delta, officials say
India to repair Myanmar's most-revered shrine
Aid workers still waiting to enter Myanmar's delta
ILO urges Myanmar to ban forced labour
Myanmar Delays Cost `Thousands of Lives,' Gates Says (Update2)
In depth: Myanmar cyclone
Human rights groups criticize Myanmar for forcing refugees out of relief camps Myanmar cyclone raises risk of forced labour: ILO
Gates: Obstructed efforts in Myanmar cost lives
Relief efforts for China and Myanmar
RP gives aid to Myanmar
Myanmar warned against premature resettlement
Help is scant in Myanmar village deep inside delta
Myanmar's monks offer hand
Gates: Myanmar delay killed thousands
Myanmar warned over forcing cyclone survivors home
Gates: Obstructed Efforts In Myanmar Cost Lives





