“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, April 26, 2010

သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ

သန်လျင်ကျောက်တန်းဒေသရှိ ၀ါးရုံတော်တော်များများတွင်ဝါးပွင့် များပွင့် နေကြောင်းဒေသခံများထံမှသိရှိရသည်။ဝါးပင်တို့ ၏ habit အရအနှစ်နှစ်ဆယ်သုံးဆယ်တွင်မှတခါအပွင့် ပွင့် တတ်ကြသည်။၎င်းဝါးပင်များအပွင့် ပွင့် လျှင်တိုင်းပြည်တွင်ကြီးမားသောအပြောင်းများ(သို့ )ခေတ်ပျက်ခြင်းကြုံရလေ့ ရှိကြောင်းမြန်မာလူမျိုးများကယုံကြည်ကြသည်။သန်လျင်ကျောက်တန်းဒေသတွင်အနှစ်နှစ်ဆယ်ကျော်အတွင်းယခုတခေါက်ဝါးပွင့် ခြင်းသည်သုံးကြိမ်မြောက်ဖြစ်ကြောင်းရှေ့ မှီနောက်မှီ လူကြီးများ၏ပြောကြားချက်အရင်သိရှိရသည်။ပထမအကြိမ်ဝါးပွင့် ခြင်းကို 1988 ခုနှစ်နွေရာသီတွင်ကြုံတွေ့ ကြရကြောင်း၎င်းဝါးပွင့် ပြီး မကြာမီတွင် 1988 အရေးအခင်းကြီးဖြစ်ပေါ်ခဲ့ ကြောင်း။မကြာသေးအချိန် 2007 ခုနှစ်ကလဲဒုတိယအကြိမ်ဝါးများပွင့် ကြောင်း၊၀ါးပွင့် ပြီးသိပ်မကြာခင်တွင်ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်ပေါ်ခဲ့ ကြောင်းနှင့် ယခုအကြိမ်ဝါးများအပွင့် ပွင့် ခြင်းသည်တတိယ အကြိမ် မြောက်ဖြစ်ကြောင်းနှင့်  2007 ခုနှစ်ကဒုတိယအကြိမ်နှင့် သိပ်ကွာခြားမှုမရှိ၍ အလွန်အံ့ သြဖွယ်ကောင်း ကြောင်း၊၀ါးပင်တို့ မည်သည် တခါအပွင့် ပွင့် ပြီးပါကတရုံးလုံးသေသွားတတ်ပြီးအပင်သစ်များထပ်မံပေါက်လာကြောင်းတခါအပွင့် ပွင့် ပြီးနှစ်ပေါင်းအတော်ကြာမှ သာထပ်ပွင့် လေ့ ရှိကြောင်း၊ယခုလိုနှစ်နှစ်သုံးနှစ်အတွင်းပြန်ပွင့် ခြင်းမှာဖြစ်တောင့် ဖြစ်ခဲဖြစ်သောကြောင့် နိုင်ငံတော်အတွင်း အပြောင်း အလဲကြီးကြီးမားမားတခုကြုံလာနိုင်ကြောင်းပြည်သူအများကယုံကြည်နေကြသည်။

1 comments:

Khumi said...

That thinking is something, but in Chin State, alot of people died and starved already since last 3 years. So every body should think for all of Burma including ethnics, not only burmese. Thanks

 
----------------------------------------- */ /* EOT ----------------------------------------- */