“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 23, 2010

အုံးကနဲ မြည်တိုင်းဗုံးမဟုတ်

ရန်ကုန် မြို့ လသာ မြို့ နယ် ၂၃ လမ်း အထက်ဘလောက် အိမ်အမှတ် ၁၁၆ – ၁၂၀ တွင် ယနေ့ မနက် ၁၁ နာရီခန့် က ဆောက်လုပ်ဆဲ လေးထပ်တိုက်တစ်လုံး၏ ငြမ်း ပြို ကျမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။ငြမ်းပြိုကျမှု ကြောင့် တန်ဖိုးကြီး လန်ခရူဆာ ကား တစ်စီး ပျက်စီးသွားပြီး ၊အလုပ်သမား တစ်ဦး ဒဏ်ရာ ရရှိသွားသည် ဟု သိရသည်။

ဆောက်လက်စ RC တိုင်ငြမ်းမှ တစ်ဆင့် ပြိုကျရာ ၀ုန်းခနဲ အသံကြောင့်လမ်းသူ လမ်းသား များ နှင့် ပလတ်စတစ်အိတ် နှင့် ကွာစေ့ လက်ကားရောင်းသူ များ မှာဗုံးပေါက်သည် ထင်ပြီး ကြောက်လန့် ၍ ပြေးကြသည် ။

၂၃ လမ်း နေ ဦးကျင်ဝှက်က စောစောစီးစီး ၀ုန်းကနဲ ဆိုတော့ လန့် သွားတယ် ။ ဖုန်တွေ ထလာပြီး နောက် ဒုန်းဒုန်းနဲ့ အသံတွေ ကြားတော့ ဦးလဲ တူမ နဲ့  သမီး ကိုခေါ်ပြီး ထွက်ပြေးတော့ တာပဲ ၊အဲဒီနား က ဆိုင်တွေ ကလည်း ပြေးလိုက်ကြတာ ဆိုတာ ၂၃ လမ်း ထဲ မှာ အပြေးပြိုင်ပွဲ လုပ်နေလား အောက်မေ့ ရတယ် ဟု Freedom News Group သို့ ပြောသည်။

ငြမ်းပြိုကျမှု ကြောင့် ပျက်စီးသွားသည့် ကားပိုင်ရှင်က ဆောက်လုပ်ရေး လုပ်ငန်း ရှင် အား ကား အသစ်တစ်စီး ပြန် လည် လျှော်ပေးရန် တောင်းခံရာ ကန်ထရိုက် က မလျှော် ပေး နိုင်ကြောင်း ပြန်လည် ငြင်းဆန်ပြီး နောက် ၎င်း တို့ နှစ်ဦး၏ ပြဿနာ မှာ ဆက်လက် ဖြစ်ပွားနေသည်။

သင်္ကြန် အတက်နေ့ မေလ ၁၅ ရက်နေ့  က ယနေ့ ထိ လူ ၂၈ ဦး တိတိ သေဆုံးပြီး ဖြစ်သည့် ဗုံးပေါက်ကွဲမှုနောက် ပိုင်း တွင် ရန်ကုန် မြို့ ဉ် ဘုံးလန့် မှု များ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။

မြန်မာ နိုင်ငံတွင် ၁၉၉၅ ခုနှစ်က ဆူးလေ ဘုရားလမ်းရှိ Trader ဟိုတယ် တည်ဆောက်စဉ် ငြမ်း အစိတ် အပိုင်းအချို့ ပြိုကျမှုကြောင့် အလုပ်သမား ဆယ်ဦး ခန့် သေဆုံးခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */