“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, September 12, 2011

နစ်မြုပ်သွား ခဲ့တဲ့ ကူးတို့ယာဉ်ဇမ်ဇီဘာ ကူးတို့နစ်မှု စုံစမ်း သွားမယ်

ဘီဘီစီသတင်းဌာန ။ ။ 11-09-2011ပေးပို့ သူ-ဗမာ့သွေး
ပြီးခဲ့တဲ သောကြာနေ့က တန်ဇန်းနီးယား နိုင်ငံက ကိုယ်ပိုင် အုပ်ချုပ်ခွင့် တစိတ် တပိုင်း ရထား တဲ့ ဇန်ဇီဘာ ကျွန်း မှာလူ ၈၀၀ ကျော် တင်ဆောင် ထားတဲ့ ကူးတို့ ယာဉ် နစ်မြုပ် ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး မှုတွေ ကို လုပ်ဆောင် သွားမယ်လို့ ဒေသတွင်း အစိုးရ က ပြော ပါတယ်။

အဲဒီ နစ်မြုပ်မှုဟာ ဇန်ဇီဘာ ကျွန်းနဲ့ ပန်ဘာ ကျွန်း တွေ အကြား မှာဖြစ် ခဲ့တာ ဖြစ်ပြီး လူပေါင်း ၁၈၀ ကျော်လောက် ရေနစ် သေဆုံး ခဲ့ရပါတယ်။ အဲဒီ ထဲက အများစု ဟာ ကလေး သူငယ် တွေ ဖြစ်တယ်လို့ လဲ သိရပါတယ်။



အဲဒီ အဖြစ်အပျက် က မသေဘဲ လွတ်မြောက် လာသူ တဦး ကတော့ တာဝန် ရှိသူတွေ က ဘယ်တော့မှ ရေယာဉ် တွေကို သေချာ စစ်ဆေး တာမျိုး မရှိကြောင်း၊ လူတွေကို တိရစ္ဆာန် တွေကို သယ်ပို့ ကြသလို မျိုး သဘောထား လို့ သယ်ပို့ နေကြ ကြောင်း နဲ့ ဇမ်ဇီဘာ ပြည်သူ တွေမှာ တရား ဥပဒေက ကာကွယ် ပေးထား တယ် ဆိုတာမျိုး မရှိ ကြောင်း တွေကို ပြော ကြား သွားပါတယ်။



အစိုးရ ဝန်ကြီး တဦးကတော့ ဒီအတွက် တာဝန် ရှိသူ တွေကို အရေးယူ သွားမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီ ကူးတို့ယာဉ် နစ်မြုပ်ရာမှာ မွေ့ရာတွေ၊ ရေခဲ သေတ္တာ တွေက အစ ရေပေါ် ပေါ်နိုင် သမျှ အရာ တွေကို ဖက်တွယ် ထားကြတဲ့ လူတွေကို ရဟတ်ယာဉ် တစင်းက ဦးဆောင် လမ်းပြလို့ ကယ်ဆယ်ရေး ရေယာဉ် တွေ က သွားရောက် ပြီး ကယ်ဆယ် ခဲ့ကြပါတယ်။

အသက် ဆုံးရှုံး ခဲ့ရသူ တွေ အတွက်လဲ မြှုပ်နှံ သင်္ဂြိုဟ် ကြဖို့ အတွက် ကျန်ရစ်သူ ဆွေမျိုးတွေ ထောင်နဲ့ ချီပြီး ရောက်လာကြတယ် လို့လဲ သိရ ပါတယ်။

yRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အီဂျစ်မှာ ပြဿနာတွေကြုံနေရ ပြီ

BBC News ။ ။ 11-09-2011
အီဂျစ်နိုင်ငံ မှာ သောကြာနေ့က ဆန္ဒပြသူ တွေက အစ္စရေး သံရုံးကို တိုက်ခိုက် ခဲ့တဲ့ အတွက် နိုင်ငံ တကာ ရဲ့ အလယ်မှာ အီဂျစ် သိက္ခာ ကျခဲ့ ရတဲ့ အတွက် အီဂျစ် နိုင်ငံ အတွင်းမှာ ပြဿနာ တွေ ကြုံနေရပြီလို့ အီဂျစ် ပြန်ကြားရေး ဝန်ကြီး အိုဆာမာ ဟိုက်ကယ်လ်က ပြောပါတယ်။



မစ္စတာ ဟိုက်ကယ်လ် က အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြသူတွေကို အထူး တရားရုံး တွေမှာ ရုံးတင်စစ်ဆေး သွားမှာ ဖြစ်တယ်လို့ လဲ ဆိုပါတယ်။ ဆက်လက်ပြီး ပြောဆိုရာမှာ တော့ အီဂျစ် အနေနဲ့ နိုင်ငံ တကာက သံတမန် တွေ ရဲ့ လုံခြုံရေး နဲ့ ပတ်သက်ပြီး အာမခံ ချက်ပေး နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ သဘောတူ ညီချက်တွေ နဲ့ အညီ စောင့်ထိန်း ကျင့်သုံး သွား မယ်လို့ လဲပြောပါတယ်။



ဒါကတော့ ဒီ တိုက်ခိုက်မှု တွေနဲ့ ပတ်သက်လို့ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်ကောင်စီ နဲ့ ဝန်ကြီးချုပ် အစ်ဆမ် ရှာရဖ် ရဲ့ ကက်ဘိနက် ထဲက အရေးပါတဲ့ ဝန်ကြီး တွေ တွေ့ဆုံ ဆွေးနွေး အပြီး မှာ အခုလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။



အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နေတန်ယာဟု ကတော့ အစ္စရေး ဘက်က အီဂျစ်နဲ့ ချုပ်ဆို ထားခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီ မှုတွေ ကို ဆက်လက် ထိန်းသိမ်းသွား မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။



အစ္စရေးဟာ ကိုင်ရိုနဲ့ လက်တွဲပြီး အစ္စရေး သံအမတ်ကြီး နဲ့ သံရုံးအမှုထမ်းတွေ ပြန်လည်ပြီး တာဝန် ထမ်းဆောင် နိုင်ဖို့ အတွက် လုံခြုံရေး ကို တိုးမြှင့် နိုင်ဖို့ စီစဉ် ဆောင်ရွက် နေတယ် လို့လဲ ပြောပါတယ်။



အစ္စရေး သံရုံးကို တိုက်ခိုက် ခဲ့မှုကို အဲဒီ တိုက်ခိုက် မှုမှာ မပါဝင်ဘဲ နေခဲ့တဲ့ အီဂျစ် ရဲ့ မွတ်စလင် ညီအစ်ကို များအဖွဲ့ က ရှုံ့ချ လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ဒီအဖြစ် အပျက် နဲ့ ပတ်သက်လို့ အမေရိကန် အနေနဲ့ စိုးရိမ် ပူပန် မိကြောင်း ပြောပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကမ္ဘာ့စီးပွားရေး ကံကြမ္မာ တရုတ်ဘဏ် အုပ်ချုပ်ရေးမှူး လက်ထဲမှာ

Sunday, 11 September 2011 12:21 နိုင်ငံတကာ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များပေးပို့ သူ-ဗမာ့သွေး
တရုတ်ဘဏ် အုပ်ချုပ်ရေးမှူး 'ဂျိုရှောက်ချွန်း' မှာ လက်ရှိ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှု ရဖို့အတွက် တစ်နေ့ထက်တစ်နေ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။ တရုတ်စီးပွားရေး အင်အားကြီးလာမှုနဲ့အတူ ဂျိုရှောက်ချွန်း ရဲ့ ထင်ရှားကျော်ကြားမှုကလည်း အမေရိကန် ဗဟိုဘဏ် ဥက္ကဌထက်ပင် ပိုလာသည်။

မနှစ်က ဂျိုရှောက်ချွန်း က အမေရိကန်ဒေါ်လာ နေရာ အစားထိုးနိုင်မယ့် နိုင်ငံတကာ ငွေကြေးသစ်တစ်ခု စတင်ဖို့ အဆိုပြုလိုက်တဲ့အတွက် ဈေးကွက်တွေမှာ ပွက်လောညံသွားပြီး၊ လူသိပိုများလာခဲ့သည်။ ဒီနှစ်မှာလည်း သူက ဂလိုဘယ်စီးပွားရေးကို အမေရိကန်က ဩဇာပေးမောင်းနှင်နေတဲ့ခေတ်၊ ကုန်သွားပြီလို့ ပြောရင်း ၀ါရှင်တန် အစိုးရကို ထပ်ဖိအားပေးလာသည်။

တရုတ်က ဂျပန်ကို ဖြတ်တက်ပြီး၊ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနေရာကို ရယူလာနိုင်တာနဲ့အမျှ ဂျိုရှောက်ချွန်း ရဲ့ ပြောဆိုချက်တိုင်းကို ယခု ဈေးကွက်တွေက အာရုံစိုက်လာရသည်။ ဒီလို ဒုတိယ စီးပွားရေး အင်အားကြီးအဖြစ် သမိုင်းဝင်မှတ်တိုင်စိုက်နိုင်ဖို့ ကာလရှည် ချီတက်ခဲ့ရသည်။ သို့သော် အနောက်က စက်မှုခေတ် အပါအ၀င် နှစ်နှစ်ရာကျော် ချီတက်ခဲ့ရမှုကို တရုတ်က ဆယ်စုနှစ် လေးခုကျော်နှင့် လျှောက်လှမ်း လာနိုင်ခဲ့သည်။

တစ်ဆက်ထဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး နံပါတ်တစ်နေရာ ရယူဖို့ တရုတ် ဘယ်လောက် အချိန်ယူမလဲဆိုတာ ဂျိုရှောက်ချွန်း ရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီး ဈေးကွက် စောင့်ကြည့်သူတွေက အကဲခတ်နေကြသည်။

ဂျို က ယွမ်ငွေတန်ဖိုးကို လျှော့ချမယ့်အစား၊ တန်ဖိုးထိန်းထားချင်သူ ဖြစ်သည်။ လက်ရှိ တရုတ် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတကာ အရန်ငွေ ဒေါ်လာ ၂.၆၅ ထရီလီယံ အပေါ် ဖင်ထိုင်ပြီး အလုပ်လုပ်နေသူ ဖြစ်သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကချင်ပြည်နုယ်အတွင်း စစ်အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲများနေရာအနှံ့ပြားဖြစ်ပွား

ပေးပို့ သူ-ဗမာ့သွေး
ကေအိုင်အေ တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နှင့် ဝါးရှောင်ရွာ လမ်းဆုံအနီး သိန်းစိန်အစိုးရစစ်တပ်နှင့် ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၃) ၉ရက် ၊ စက်တင်ဘာလ၊ ၂၀၁၁ နံနက်(၅)နာရီ မှ (၆)နာရီအတွင်း တိုက်ပွဲဖြစ်ပွားကြောင်းသိရှိရသည်။ ထိုတိုက်ပွဲတွင် မြန်မာအစိုးရစစ်သား (၃)ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

(၉)ရက် စက်တင်ဘာလ ၂၀၁၁ ရက်နေ့တွင် မွန်းလွဲ(၆)နာရီတွင် နမ့်ဆန်ယန်ကျေးရွာအနီး၊ ခါ့လား ၊ ဒွမ်ဘန်ဘွမ်ဒေသတွင် ကေအိုင်အေတပ်မဟာ(၅) လက်အောက်ခံတပ်ရင်း(၁၈) နှင့် ဦးသိန်းစိန်အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်းသိရှိရသည်။

ထို့အပြင် ရှဒန်ပါ၊ ခါ့အူးနှင့် ဂျာအိန်ယန် ဒေသကြားမှ(နမ့်ဆန်ချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ) နမ့်ဖားရွာအနီး ညနေ(၅)နာရီ မှ ည(ရ)နာရီ (၁၅) မိနစ်အတွင်း ကေအိုင်အေတပ်မဟာ(၅) စစ်ကြောင်းနှင့် ခလရ (၁၄၁-ဆင်ဘိုတပ်) တို့နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း သိန်းစိန်အစိုးရစစ်တပ်ဧ။် ထိခိုက်ဒဏ်ရာ သေဆုံးကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ကေအိုင်အေ တပ်မဟာ(၄) နယ်မြေ မူဆယ်-ကွတ်ခိုင်ဒေသအနီး မုံးရားရွာ အရှေ့ဘက် လွယ်ဂျော်ဘွမ် တွင် စက်တင်ဘာလ ၉-ရက်နံနက် (၉)နာရီတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွား၊ မွန်းလွဲ(၁)နာရီတွင် နောက်ထပ် တစ်ကြိမ်၊ မွန်းလွဲ(၃)နာရီမှ မွန်းလွဲ(၅)နာရီအထိ စုစုပေါင်း (၃) ကြိမ်တိုက်ပွဲဖြစ်ကြားကြောင်း သိရသည်။ ခလရ (၁၄၄) နှင့် ကေအိုင်အေတပ်ရင်း(၁၇)၊ကေအိုင်အေ် တပ်ရင်း(၂) တို့ တိုက်ပွဲဖြစ်ကြောင်း သိရသည်။ မိမိကေအိုင်အေမှ ရဲဘော်တဦး ထိခိုက်ဒဏ်ရာရပြီး သိန်းစိန်အစိုးရစစ်တပ်မှ ထိခိုက်ဒဏ်ရာသေဆုံးမှုကို အတိအကျမသိရှိရသေးပါ။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အားတက်မိတယ်လို့ EU မဟာမင်းကြီးပြော

2011-09-11 RFAပေးပို့ သူ-ဗမာ့သွေး
မြန်မာအာဏာပိုင်တွေ အနေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံတွင်းက ဒုက္ခရောက်နေတဲ့ နေရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် လိုက်လျော ဆောင်ရွက်ပေးမယ်လို့ ကတိပေးလိုက်တဲ့အပေါ် အားတက်မိတယ်လို့ ဥရောပသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားရေးရာ မဟာမင်းကြီး Ms. Kristalina Georgieva က မြန်မာနိုင်ငံကအပြန် Belgium နိုင်ငံ Brussels မြို့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မိမိတို့ လူသားချင်း စာနာထောက်ထားတဲ့ ပညာရှင်တွေ၊ ကူညီလုပ်ကိုင်ပေးကြတဲ့ အဖွဲ့တွေ မကြာခင်မှာ အဲဒီ ဒေသတွေဆီ သွားရောက်ကူညီခွင့်တွေ ရရှိမယ့် အရိပ်လက္ခဏာတွေ မြင်တွေ့ရလိမ့်မယ်လို့လည်း Ms. Georgievaက ပြောပါတယ်။

လူသားချင်း စာနာထောက်ထားမှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေကို ကူညီရေးအတွက် EU အဖွဲ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့က အခုနှစ်မှာ ယူရိုငွေ ၂၂ သန်း လှူဒါန်းခဲ့ရာ အကူအညီပေးရေး အဖွဲ့ဝင်တွေ အားလုံး သွားရောက်ကူညီ လုပ်ကိုင်ခွင့် အာမခံချက် ရရှိဖို့ လိုအပ်တယ်လို့လည်း Ms. Georgievaက ဖြည့်စွက် ပြောကြားသွားပါတယ်။

အခုလို မြန်မာအစိုးရ ဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးခဲ့ရတဲ့ ရလဒ်အဖြစ် မိမိတို့ အနေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောသွားပါတယ်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လက်နက်ကိုင်ပဋိက္ခ ဖြေရှင်းဖို့ မြန်မာအစိုးရ စိတ်ထက်သန်နေကြောင်း EU မဟာမင်းကြီးပြော

2011-09-11 RFAပေးပို့ သူ-ဗမာ့သွေး
မြန်မာအစိုးရသစ်အနေနဲ့ တိုင်းရင်းသားအင်အားစု တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်း အဆုံးသတ်စေဖို့ စိတ်အားထက်သန်မှု ရှိနေကြောင်း မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ EU ဥရောပသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး မဟာမင်းကြီး Kristalina Georgieva က ဒီကနေ့ ဘန်ကောက်မြို့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာအစိုးရ နယ်စပ်ရေးရာဝန်ကြီး အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် အလေးအနက် ယုံကြည်မှု ရှိနေကြောင်း၊ ပြည်တွင်း ငြိမ်ချမ်းရေး ရရှိဖို့အတွက် တိုင်းရင်းသား လူမျိုးစုတွေကို တရားမျှတစွာ ဆက်ဆံဖို့နဲ့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးမှ ရနိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာဝန်ကြီးက ပြောဆိုခဲ့တယ်လို့ EU မဟာမင်းကြီးက ပြန်လည်ပြောဆိုပါတယ်။

အခုလို EU မဟာမင်းကြီးရဲ့ ပြန်လည်ပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား ၁၁ ဖွဲ့ ပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက အခုလို ပြောဆိုပါတယ်။

“ဒါက လက်ရှိအစိုးရ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် တဖက်ကလည်း ပြင်ဆင်ထားတယ်၊ ကျနော်တို့ဘက်ကလည်း ကြိုဆိုပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး သဘောမျိုး ဖြစ်စေချင်တယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် နိုင်ငံရေးအရ မကျေလည်မှုတွေကို အရင် ဖြေရှင်းတာ ပိုပြီးတော့ ကောင်းမယ်။ အဲဒါတွေကို အရင်လိုက်လျောပါလို့ ကျနော်တို့ ပြောချင်ပါတယ်”

EU လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူပေးရေး မဟာမင်းကြီးဟာ ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး အပါအဝင် လက်ရှိအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အလားတူပဲ လာမယ့်လ အနည်းငယ်အတွင်း တိုင်းရင်းသား အင်အားစုတွေနဲ့ ငြိမ်းချမ်းရေးအတွက် လေးနက်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့  မြန်မာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးက ပြောဆိုခဲ့တယ်လို့ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr. David Lipman ကလည်း DPI သတင်းဌာနကို ဒီကနေ့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဥရောပ အရာရှိတွေက ပြောတဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး သဘောထားနဲ့ ပတ်သက်ပြီး UNFC က နိုင်ဟံသာကို RFA က ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကားဟောင်းရှိသူ ကားသစ်တင်သွင်းခွင့်ပေးမည်

2011-09-11 RFAပေးပို့ သူ-ဗမာ့သွေး
ကားအဟောင်း ရှိသူတွေကို နိုင်ငံခြား ကနေ ကားအသစ် သွင်းခွင့်ပေးတော့ မယ်ဆိုတဲ့ အစိုးရရဲ့ ကြေညာချက် ကြောင့် ကားဟောင်း လိုက်လံဝယ်ယူ သူတွေ တဟုန်ထိုး များနေပြီး ကားဈေးနှုန်းတွေ ထိုးတက်သွားတယ်လို့ ရန်ကုန်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“၁၅ သိန်း သိန်း ၂ဝ ရှိတဲ့ ကားတွေက သိန်း ၃ဝ ခေါ်လိုက်၊ ၄ဝ ခေါ်လိုက်၊ ၆ဝ ခေါ်လိုက်တွေ ဖြစ်ကုန်တယ်။ လက်ရှိ ငွေရှိတဲ့လူတွေကလည်း ကားတွေ့ရင် လမ်းပေါ်အထိ အတင်းလိုက်ပြီး ရောင်းမလားဆိုပြီး လိုက်လုပ်တယ်”

ကားတင်သွင်းခွင့်ပေးမယ့် သတင်း ကြိုတင် ပေါက်ကြားမှု ရှိခဲ့တဲ့အတွက် တချို့ ကားပွဲစား အတော်များများက ကြေညာချက် မထွက်ခင်ကတည်းက ကားဟောင်းတွေကို ဈေးပိုပေးပြီး ကြိုတင် ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ မှတ်ပုံတင်သက်တမ်း ကြာမြင့်နေပြီဖြစ်တဲ့ မော်တော်ယာဉ်တွေကို ပယ်ဖျက်ပြီး အစားထိုးယာဉ်တွေ တင်သွင်းခွင့်ပေးတော့မယ်လို့ အစိုးရထုတ် သတင်းစာတွေကနေ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပြင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းစတဲ့ နိုင်ငံခြားက မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ကားအရောင်းပြခန်း (Show Room) တွေ ဖွင့်လှစ်ရောင်းချခွင့် ပေးသွားမယ်လို့ သတင်းစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကားဈေးနှုန်း အကြီးမြင့်ဆုံး နိုင်ငံတခု ဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ဒေါ်လာ ၁ သောင်းလောက်နဲ့ ဝယ်ယူနိုင်တဲ့ ကားတွေကို မြန်မာနိုင်ငံမှာ ဒေါ်လာ ၄ သောင်းကနေ ၁ သိန်းအထိ မတန်တဆပေါက်ဈေးနဲ့ ဝယ်ယူနေကြရပါတယ်။

အခုလို ပုဂ္ဂလိကကို ကားတင်သွင်းခွင့်ပေးမယ့် အစီအစဉ်ကြောင့် ပြည်တွင်း ကားဈေးနှုန်းတွေ များမကြာမီ သိသိသာသာ ကျဆင်းလာမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အရင်က ပြည်ပကနေ မော်တော်ကား တင်သွင်းမှုကို စစ်တပ်ပိုင် ‘မြန်မာစီးပွားရေး ဦးပိုင်လီမိတက်’ က နှစ်ပေါင်းများစွာ လက်ဝါးကြီး အုပ်ထားခဲ့ပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရေး သတ်မှတ်ချက်တွေ ပြည့်မီဖို့လို

By ဒေါ်ခင်စိုးဝင်း တနင်္ဂနွေ, 11 စက်တင်ဘာ 2011
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်ဖို့အတွက် ဆိုရင် ပိတ်ဆို့ထားရတဲ့ အခြေခံ အကြောင်းရင်းတွေ ပြုပြင်ပြောင်းလဲမှု ရှိမရှိ သူ့အနေနဲ့ ဆန်းစစ်ရမှာ ဖြစ်တယ်လို့ ဒီနေ့ ပြောဆိုလိုက်ပါတယ်။ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ရဲ့ ခရီးစဉ်ကို လိုက်ပါ သတင်းယူနေတဲ့ ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ရန်ကုန်မြို့ကနေ တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းတွေ၊ သမ္မတ အကြံပေးပုဂ္ဂိုလ် တချို့နဲ့ နိုင်ငံရေးပါတီ တချို့ကနေ ပိတ်ဆို့မှု ရုပ်သိမ်းရေး ပန်ကြားနေကြတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို ဒဲရက်ခ် မစ်ချဲလ်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးအတွက် အခြေခံ ပြုပြင်ရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို အရင် ကိုင်တွယ်ဖို့ လိုပါတယ်။ အခုလောလောဆယ် တွေ့နေရတဲ့ အထိုက်အလျောက် ပြုပြင် ပြောင်းလဲမှုတွေ၊ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမှာဖြစ်တယ်။”

အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ ဒီနေ့မနက် ၈ နာရီက မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှု အသင်းကို သွားရောက်လေ့လာခဲ့တဲ့ အချိန်မှာ လိုက်ပါ သတင်းယူခဲ့ရင်းနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းရေး အလားအလာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မူဝါဒ ညှိနှိုင်းရေးမှူးတဦး ဖြစ်တဲ့ သူ့အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအစိုးရကို ထိတွေ့ဆက်ဆံရေး မူဝါဒဟာ တကယ်ပဲ ထိရောက်မှု ရှိမရှိဆိုတာ မေးမြန်းခဲ့ရာမှာ ဒဲရက်ခ် မစ်ချဲလ်က အခုလို ပြောပါတယ်။

“ကျနော် ဒီတာဝန်ကို ယူထားတာ သီတင်းပတ် အနည်းငယ်ပဲ ရှိသေးတော့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ထိရောက်မှုရှိတယ်၊ မရှိဘူးဆိုတာ မှတ်ချက်ပြောဖို့ စောလွန်းပါသေးတယ်။ ဒီခရီးစဉ်မှာတော့ အခုချိန်ထိ ကျနော် တွေ့ရသလောက် အတော်လေး အကျိုးရှိတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းမှုတွေကို အနီးကပ် ဆန်းစစ် လေ့လာခွင့်လည်း ရပါတယ်။ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးလည်း ဆွေးနွေးဖြစ်ပါတယ်။”

နာရေးကူညီမှု အသင်းလို လူမှုရေး လုပ်ငန်းတွေကို တက်တက်ကြွကြွ စေတနာ့ဝန်ထမ်း လုပ်အားပေးနေကြတာတွေ တွေ့ရလို့ နိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်း တဘက်တလမ်းက ပါဝင် ဖြည့်ဆည်းပေးနေတာကိုလည်း အခုလို မှတ်ချက်ပေးပါသေးတယ်။

“လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ စိတ်ဝင်စားပါတယ်။ သောကြာနေ့ နေပြည်တော်ကို သွားတုန်းက မြန်မာတာဝန်ရှိသူတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေကို ဘယ်လိုဖော်ဆောင်နေသလဲ ဆိုတာကို ကျနော်သိအောင် ရှင်းပြခဲ့ပါတယ်။ အခု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အစိုးရ ခေါင်းဆောင်ပိုင်း တွေ့ဆုံနိုင်ကြပြီဆိုတော့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပဲလို့ ကျနော် မှတ်ချက်ချရမှာဖြစ်တယ်။”

အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ ရုပ်ရှင်မင်းသား ကျော်သူ ဦးစီးတဲ့ နာရေးကူညီမှု အသင်းနဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းကို တနာရီကျော်ကြာ လေ့လာခဲ့ပါတယ်။ အဲဒီကနေ ဆက်လက်ပြီး တောင်ဒဂုံမှာရှိတဲ့ NLD လူငယ် မဖြူဖြူသင်း ဦးစီးတဲ့ HIV/AIDS ဝေဒနာသည်တွေ စောင့်ရှောက်တဲ့ ဂေဟာကိုလည်း သွားရောက်လေ့လာပြီး လူနာတွေကို နှုတ်ဆက် အားပေးခဲ့ပါတယ်။ အဲဒီကနေ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ HIV/AIDS အထူးကု ဆေးရုံကိုလည်း ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

မနက်ဖြန် စက်တင်ဘာလ ၁၂ ရက်နေ့ တနင်္လာနေ့မှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း

http://www.news-eleven.com/index.php?option=com_content&view=article&id=10124:2011-09-11-18-18-04&catid=42:2009-11-10-07-36-59&Itemid=112
မည်သည့်ကန့်ကွက်မှုများရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို
ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း
အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက
မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ စက်တင်ဘာလ
၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင်
ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့
မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း
ဆက်လက်လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။
ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ
နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့
ကျွန်တော်တို့က အကြိုအင်ဂျင်နီယာလုပ်ငန်းတွေဖြစ်တဲ့
စီမံကိန်းတည်ဆောက်မယ့်ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊
စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊
နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့
အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက်
အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ
လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open
season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို
ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ
အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။
အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့
နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။
ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ
မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည်
ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့
အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို
ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့
နောက်မှရှင်းပြမယ်"ဟု ၎င်းက ပြောကြားခဲ့ပါသည်။

"ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့
ပတ်သက်ပြီး Knowledge လေးရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။
ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ်ဖို့ဆိုသည်မှာ အနည်းဆုံးသုံးနှစ်လောက်
လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ်ဝှမ်းကြီးတစ်ခုမှာ
ဘယ်နေရာတွေမှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology
အနေအထား၊ သူရဲ့ရေစီးရေလာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက်
လေ့လာရပါတယ်။ သုံးနှစ်လောက်လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ
လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာ proposal လေးတစ်ခုရလာတယ်။ အဲဒီလို
proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာ ထပ်ပြီးတော့
လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာကို ရွေးပြီးတော့ အဲဒါကို
ထပ်လေ့လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။ အဲဒါပြီးတော့မှ
ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။
ဒီဥစ္စာတွေအားလုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့
စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင်တိုင်းမှာ
Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
အကျိုးသက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန်တည်းမှာ လေ့လာရတယ်။
ဒီသက်ရောက်မှုတွေ အားလုံးဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက မလေ့လာဘူး။
ကျွန်တော်တို့က ပိုက်ဆံပေးငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို
ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို
ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ
ပေးရတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက လေ့လာတယ်ဆိုရင်
ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို
ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။
Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့
နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။
ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental
အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက်
ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။
ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊
ဆက်လုပ်မယ်ဆိုတာကို"ဟု ၎င်းက ပြောကြားခဲ့ပါသည်။

"ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ်
စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong
ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့်
ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ
ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀
ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး
ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း
မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။
လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့်
ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက်
ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက်
ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀
လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ
အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး
ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။
အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့
ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental
အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝကို
ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ
reserver ဆိုတာ ဖြစ်သွားပါတယ်။ reserver ဖြစ်သွားလို့ရှိရင် reserver
အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေရာမရှိဘူး၊ ဘာဘူး
ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ လူတွေ စိုက်ဧက
နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက်
လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။ environmental နဲ့ ပတ်သက်ရင်၊
environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုးသက်ရောက်မှုနဲ့
မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။
ပိုများတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က
ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့
ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော
အခုချိန်မှာ ဘယ်လောက်များ ပျက်စီးသွားပြီးတော့ လူတွေက ဒုက္ခသုက္ခ
ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း
ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့
ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ
နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း
၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့
မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင်
မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က
မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး
အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇%
ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ
မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့
ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက
ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။
ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊
ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။ အဲဒီရေနဲ့
မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ
ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။ ဒါကြောင့်မို့
ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့
ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ်သလဲ အဲဒီပေါ်မှာ
မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့
ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက
ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေပါတယ်။ မဟာဗန္ဓုလ
အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ မဟာဗန္ဓုလ
အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။
ခွေးသာချောင်းဆိုတဲ့ ခွေးသာချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ
ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌဘ၀က ရွှေ့ပေးခဲ့ရတယ်။
လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က၊ ကမ်းပါးပြိုမှာစိုးလို့
ရွှေ့ပေးလိုက်ရတယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဘယ်သူမှမထိန်းသိမ်းလို့
ပျက်စီးတာ။

"မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ
ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ
ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့
ဧရာဝတီမြစ်က အရင်က ကိုက် ၁၀၀ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀၀ ကျယ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို
နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ
မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက်
၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ ၁၀၀ ရှိရမယ့်နေရာမှာ ပေ ၅၀ ပဲ ရှိမှာပေါ့။
ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ
ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။
သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး
သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့
issue ကို သွားရမှာ။ အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ
ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။
တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ
လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့
လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။
ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို
ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင်
ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင်
market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။
လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ
ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို
ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀%
အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free
ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။
ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅%
အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅%
ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး
သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက်
ဝယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈%
Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော်
အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ
ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက်
ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။
ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။
လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့
သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး
လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို
ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို
ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး"ဟု ၎င်းက
ဆက်လက်ပြောကြားခဲ့ပါသည်။

"လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ
မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ
ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ်
အလွန်အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့
အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည်
ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental
အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့
အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက
ရှင်းရှင်းလေးပါပဲ။ အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ
ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့
လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး
ဝိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ
ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊
ဒီတရုတ်ပညာရှင်တွေ ဘာလုပ်ရသလဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊
မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။
သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက်
ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့
ကျွန်တော်တို့ကို သူက ဘာလုပ်ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ
အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင်တယ် ဒီ့အတွက် ခင်ဗျားတို့
ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေးရတယ်။
သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ဒီဟာ International
Practice ပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။ BANCA
နဲ့ပတ်သက်ရင်လည်း BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက်
လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး။ နောက်
ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ
တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ
မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့
မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊
ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး။
ဒါခုနက စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက trade
secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့
ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး
ပြောတာပေါ့လေ။ ဒါ Trade Secret ဖြစ်တယ်။ ပြောလို့ မရဘူး။
ကျွန်တော်တို့က လျှို့ဝှက်ထားတာ။

လာမယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့်
ဧရာဝတီမြစ်ပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical
Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်းတိုင်း မှာတော့ဒီ
workshop လုပ်ပါတယ်။ သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း
စိတ်ဝင်စားတယ်။ ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။ ဒီ workshop မှာတော့
မီဒီယာတွေရော၊ ပညာရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။
လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။ နို့မို့ဆိုရင်
သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့
ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ်
ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ
တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။
ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ
လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က
ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က
ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ်
မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ
မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့
လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ
မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊
ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ
ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော်
အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊
ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊
ဒီဥစ္စာကို ၀ိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။
ခင်ဗျားတို့မှာ တာဝန်ရှိတယ်။


မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အမြင်များ

ဒီမိုကရေစီကိုဖော်ဆောင်မယ့် ဒီမိုကရေစီခြေလှမ်းကိုလှမ်းနေတဲ့
အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီလိုစကားမျိုးပြောတဲ့အတွက်
အင်မတန်စိတ်ပျက်မိတယ်။ နောက်တစ်ခုက အကျိုးခံစားခွင့်မှာ တရုတ်က ၇၀%
ယူတယ်။ မြန်မာနိုင်ငံက ပြည်ထောင်စုအစိုးရက ၂၀% ယူတယ်။ ၁၀% ကို
ကြားပွဲစားကယူတယ်။ အဲဒီတော့ မြန်မာနိုင်ငံအကျိုးအတွက်ရတာ တစ်နှစ်ကို သန်း
၅၀၀ ရတာဆိုရင် ကြားပွဲစားက တစ်နှစ်ကို သန်း ၂၅၀ ရမယ်။ အဲဒီတော့ နှစ်က
နှစ် ၃၀ စီမံကိန်းဆိုရင် ဒေါ်လာသန်းပေါင်း ၇၅၀၀ ကို ကြားပွဲစားကရမယ်။
ဒီကိစ္စကို ဟုတ်မဟုတ် မှန်မမှန်ကို ၀န်ကြီး ဖြေရှင်းသင့်တယ်။
မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းသင့်တယ်။ နောက်ပြီးတော့
ဒီမြစ်ဆုံစီမံကိန်းမှာ ကျွန်တော်တို့ သမ္မတကြီးကိုပဲ မေတ္တာရပ်ခံချင်တယ်။
အခု နိုင်ငံမှာ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လမ်းစတွေ
ပေါ်နေပြီ။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကလဲ အရှိန်ရနေပြီ။
တိုင်းပြည်ကလည်း ရှေ့ကိုသွားနေပြီ။ ပြည်သူလူထုကလဲ စိတ်ချမ်းသာစပြုနေပြီ။
အဲဒီ အခြေအနေမျိုးမှာ ဒီစကားမျိုးဟာ တိုင်းပြည်အတွက် အင်မတန်မှ
နစ်နာစေတဲ့ စကားမျိုးဖြစ်ပါတယ်။ ဒီစကားမှန်မမှန်ကို သမ္မတကြီးအနေနဲ့
စဉ်းစားစေချင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် နိုင်ငံမှာ
အကြီးအကျယ်ဆုံးရှုံးရမယ့် နစ်နာမှုတွေ ကြုံတွေ့ရမယ်။ ဒါဟာ ကျွန်တော်က
စတုတ္ထမဏ္ဍိုင်တစ်ယောက်အနေနဲ့ ကျွန်တော် တိုင်းပြည်အတွက် စေတနာရှေ့ထားပြီး
သတိပေးတာပါ။ ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue
တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda
တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့်
သမ္မတကြီးအနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို
တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်။
ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)

"စီမံကိန်းကို တိုင်းသူပြည်သားတွေက ဆက်မလုပ်ဖို့
ဝိုင်းဝန်းတောင်းဆိုနေတာကို ဆက်လုပ်တဲ့အတွက် တိုင်းသူပြည်သားတွေ
စိတ်မချမ်းမြေ့စရာဖြစ်လာမယ်။ အရင်အစိုးရက လုပ်လက်စမို့ ဒီအစိုးရက
ဆက်လုပ်မယ်ဆိုရင်လည်း ပြည်သူတွေတင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားပြုထားတဲ့
လွှတ်တော်အမတ်တွေရှိနေတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးမှ
ဆက်လုပ်ဆောင်သင့်တယ်။ နောက်ပြီး စတုထ္ထမဏ္ဍိုင်လို့ နိုင်ငံတော်သမ္မတကြီး
ဦးသိန်းစိန်ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာတွေရဲ့
တင်ပြနေမှုကို အလေးထားသင့်တယ်။ အကျိုးအပြစ်ကိုပြောတဲ့ အခါမှာလည်း
ကိုယ့်အကျိုးဘယ်လောက် ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။
အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို
ကြည့်ရင်လည်း ဆိုကျိုးက ပိုများနေတယ်။ အကျိုးပိုင်းမှာ တရုတ်ကယူမယ့်
အကျိုးက ပိုများနေတယ်။ အဲတာတွေမဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့ အကြောင်းကို
ရှင်းသင့်တယ်။ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က
ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်ရဲမွဲတေမှု
တိုက်ဖျက်ရေးခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့ရတော့
ပြည်သူလူထုက အစိုးရအဖွဲ့သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက်ထားတာတွေ
ရှိလာတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့
တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့
ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ
ဖြစ်လာလိမ့်မယ်။"
ဆရာမောင်ဝံသ

ပြည်သူတွေကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားတွေကို
ထုတ်ဖော်ပြောဆိုလာတာတွေ ကြားသိရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း
မြစ်ဆုံကိစ္စ ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်လို့အဆိုအနေနဲ့
လွှတ်တော်မှာ တင်ထားတာရှိပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း

ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု
နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power
Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့
ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ်စီမံကိန်း၊
တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀၀
အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ၊ ပြောင်းလဲသင့်နေပြီ။
ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲ။
ဒါသမိုင်းရဲ့သဘောလည်း ဖြစ်သလို၊ တရားဓမ္မသဘောလည်း ဖြစ်တယ်လို့ဝန်ကြီးကို
ပြောချင်ပါတယ်။
ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group)

"ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ
ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ
လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ
သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကိုဖတ်ရှုလေ့လာပြီး
ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊
အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း
တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့
အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့
ဝိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့်
လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊
ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို
ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင်
လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက်
စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့
တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး"
လူထုစိန်ဝင်း

"မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရက အကျိုးအမြတ်ရလဒ်တွေကို တိတိကျကျ
ပြည်သူကို ချမပြသရွေ့ ကျွန်တော်ကတော့ ဒီစီမံကိန်းဆက်လုပ်မှာကို
ကန့်ကွက်တယ်။ ကျွန်တော်တို့ကို ချပြပါ။ ချပြလို့ တကယ်အကျိုးရှိတယ်ဆိုရင်
ကျွန်တော်တို့ စဉ်းစားမယ်။ ထောက်ခံမယ် မပြောသေးဘူးနော်။ စဉ်းစားမယ်လို့
ပြောတာ။ ဘာတွေချပြရမလဲဆိုတာကိုတော့ ကျွန်တော့်ဝက်ဘ်ဆိုက်မှာလည်း
ရေးထားခဲ့ပြီးသားပါ။ အကြောင်းအရာသုံးချက်နဲ့ အချက်ကိုးချက်ပါပါတယ်။
(၁)ရေကာတာမှ ထွက်တဲ့လျှပ်စစ်ကို တရုတ်က ဘယ်လောက်ယူမလဲ၊ ဒေသခံကချင်က
ဘယ်လောက်ရမလဲ၊ ပြည်ထောင်စုကြီးက ဘယ်လောက်ရမလဲ (၂) စီမံကိန်းအတွက်
ရင်းနှီးမြုပ်နှံမှုကို ဘယ်သူက အကုန်ကျခံမလဲ၊ တရုတ်က ဘယ်လောက်၊ ကချင်က
ဘယ်လောက်၊ ပြည်ထောင်စုက ဘယ်လောက် (၃) စီမံကိန်းကြောင့် ထိခိုက်မှုကို အခု
ဘယ်လိုလုပ်ထားသလဲ။ နောက်လာမယ့် အနာဂတ်အတွက် ထိခိုက်မှုတွေကို ဘယ်လို
ကြိုတင်စီမံထားသလဲ၊ ဖြစ်လာသမျှထိခိုက်မှုတွေအတွက် ဘယ်သူက တာဝန်လဲ။
အဲတာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်။ အဲတာတွေ သိရမှ
ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ စဉ်းစားမယ်။
လွှတ်တော်မှာလည်း ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်။
လက်ရှိလုပ်နေတဲ့ လွှတ်တော်ကို ကျွန်တော် အားမရဘူး။ မေးခွန်း
မေးနေတာတွေချည်း မလုပ်ဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းလို ကိစ္စတွေကို
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်တယ်"
ဦးနေမျိုးဝေ (ဥက္ကဋ္ဌ ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)

"ပြီးခဲ့တဲ့ သောကြာနေ့က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ
ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်က သူရဦးအောင်ကိုက အဆိုတစ်ခု
တင်သွင်းတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်သွင်းရာမှာ
တောပြုန်းတာတွေ၊ ချင်းတွင်းမြစ် ထိခိုက်တာတွေကို ပြောခဲ့တယ်။ တစ်ဆက်တည်း
ဧရာဝတီကိစ္စကိုလည်း ဆက်ပြောခဲ့တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက်
တော်တော်ပြောသွားတယ်။ မြစ်ဆုံကိစ္စကို ဆက်လုပ်မယ်ဆိုရင်တော့
ပျက်စီးဆုံးရှုံးတာတွေ ပိုပြီးဆက်ဖြစ်လာနိုင်စရာရှိတယ်။ ပြီးခဲ့တဲ့
အစိုးရက လုပ်ခဲ့လို့ အခုဆက်လုပ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။
တရုတ်နိုင်ငံမှာတောင် သူတို့ဆီမှာလုပ်မယ့် စီမံကိန်းတွေကို ရပ်ထားတယ်။
ကျွန်တော့်အနေနဲ့ကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်တဲ့အခါ
တကယ့်အကျိုးအမြတ်က ဘာလဲ၊ ဆုံးရှုံးမှုက ဘာလဲဆိုတာတွေကို
သေချာတွက်ချက်စေချင်တယ်။ အကျိုးအမြတ်က တွက်ရလွယ်တယ်။ ဆုံးရှုံးမှုတွက်ဖို့က
သိပ်ခက်တယ်။ တရုတ်က အကျိုးအမြတ်များများရမှာကို သိလျက်နဲ့ ငွေရရင်
ပြီးရောဆိုတဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ကိုယ့်အမျိုးသား
အကျိုးစီးပွားအတွက် နာတယ်။ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ဒီကိစ္စကို
လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုမယ်။ လွှတ်တော်ကို
ချပြဖို့လည်း လိုအပ်မယ်။ ချင်းတွင်းမြစ် ပျက်စီးတာကိုတောင်
ပြောနေရပြီဆိုရင် ဧရာဝတီကိစ္စဟာ ပိုပြီးအရေးကြီးလာခဲ့ပြီ။ ဧရာဝတီကောလို့
မဖြစ်ဘူး။
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လသာမြို့နယ်မဲဆန္ဒနယ်)

ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်မယ်ဆိုရင်
သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ရမယ်။ စီမံကိန်း မစခင်ကတည်းက
သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သေသေချာချာ သုံးသပ်သင့်တယ်။
ထိခိုက်မှုရှိရင် မလုပ်ထိုက်ဘူး။ အိန္ဒိယတို့၊ တရုတ်တို့မှာ
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ဝေဖန်တာကို
အသိအမှတ်မပြုဘဲ ဆောက်လုပ်ခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့်
နောင်အချိန်တွေမှာမှ အစိုးရတွေက ပြည်သူတွေကို ပြန်တောင်းပန်ရတယ်။
ဒါပေမယ့် သဘာဝက ပျက်ယွင်းပြီးဖြစ်နေတော့ ပြင်ဆင်ပြောင်းလဲလို့မရတော့ဘူး။
ဒါကြောင့် တစ်ခုခုလုပ်ရင် ဘယ်လိုအကျိုးဆက်ရှိမလဲ သေချာတွက်ဆသင့်တယ်။
လုပ်ထိုက်၊ မလုပ်ထိုက်တွက်ရမယ်။ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှုတွေများရင်
လုံးဝ ဆက်မလုပ်သင့်ဘူး။ အခု မြစ်ဆုံစီမံကိန်းကလည်း
မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။
ကြိုတင်လေ့လာတိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့သိရတယ်။
အချက်အလက်တွေမှာ မလုပ်သင့်တဲ့အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။
တတ်သိပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့
စိုးရိမ်ပူပန်မှုတွေကို အစိုးရကအလေးထားဖို့လိုတယ်။
ဒေါက်တာဒေါ်မြင့်မြင့်ခင်

တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ မြစ်ဆုံလိုကိစ္စမျိုးကို ပြည်သူတွေကသာ
ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို ဆက်လုပ်မယ်ဆိုရင် ဘာတွေဖြစ်မယ်၊
မဖြစ်နိုင်ဘူးစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လို့တော့
မငြင်းခုံချင်တော့ဘူး။ ငြင်းနေရမယ့် အချိန်လည်းမဟုတ်တော့ဘူး။
ပြတ်ပြတ်သားသား ပြောရမယ့်အချိန်ပါ။ မြစ်ဆုံကိုဆက်လုပ်ခြင်းနဲ့
ပတ်သက်လို့တော့ risk သိဖို့လိုတယ်။ ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။
သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး။
တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။
နောင်တစ်ချိန်မှ မှားသွားပြီဆိုရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။
အခုဆိုရင် အစိုးရသစ် ဖြစ်နေပြီ။ အစွဲဟောင်းတွေ ပြုတ်ဖို့ လိုတယ်။
ပြည်သူတွေကတော့ အသစ်ကို လိုချင်တယ်။ အဟောင်းထဲက ကောင်းတာပဲယူပြီး
မကောင်းတာကို ယူမလာစေချင်ဘူး။
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

ဧရာဝတီဟာ ကျွန်မတို့နိုင်ငံရဲ့ အလှတရား၊ သဘာဝအမွေပါ။ ရေမြေတောတောင်
သဘာဝတရားနဲ့ ပတ်သက်လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ မြစ်ဆုံဟာ
မြန်မာနိုင်ငံအတွက် အလွန်တန်ဖိုးကြီးပါတယ်။ နောက်ပိုင်း နှစ်များစွာအထိ
မြေးမြစ်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ရမှာ။ မြစ်ဆုံကိုရော ဧရာဝတီကိုရော
သဘာဝအတိုင်း ဆက်ရှိနေစေချင်ပါတယ်။
ဆရာမ ဂျူး

ဧရာဝတီနဲ့ ပတ်သက်ရင် ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့အသက်သွေးကြောပဲ။
လူတိုင်းနဲ့သက်ဆိုင်တယ်။ လူတိုင်းပြောပိုင်ဆိုခွင့်ရှိတယ်။ လူထုရဲ့အသံကို
နားထောင်သင့်တယ်။ အများပိုင်ပစ္စည်းဖြစ်တဲ့အခါမှာ အများရဲ့ဆန္ဒလိုပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်

"ဒီပရောဂျက်ကို စပြီးလုပ်ကတည်းက ပွင့်လင်းထင်သာမှု မရှိခဲ့ပါဘူး။
ဧရာဝတီဆိုတာ နိုင်ငံသားတိုင်းပိုင်တဲ့ အရာပါ။ တစ်ဦးတစ်ယောက်ပိုင်ပစ္စည်း
မဟုတ်ပါဘူး။ ကိုယ်ပစ္စည်းလိုလုပ်လို့မရပါဘူး။
နိုင်ငံသားတိုင်းကိုချပြပြီးမှ လုပ်ရမှာပါ။ ပြည်သူတွေသိအောင်ချပြရမယ်။
မီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပြောပြီးမီဒီယာတွေက တစ်ဆင့်ပြောရမှာပါ။
အခုက ဘွားခနဲပေါ်လာပြီမှ သိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။
အခုဆက်ပြီးလုပ်မယ်ဆိုတော့ ၀မ်းနည်း ဆို့နင့်ရပါတယ်။ တရုတ်နိုင်ငံမှာတောင်
သူတို့ရဲ့ 3 Project Dam အတွက် နောင်တရတာတွေ၊ ပြန်ပြီးသုံးသပ်တာတွေ
လုပ်နေပါတယ်။ ကျွန်တော်တို့လည်း နောက်မကျသေးပါဘူး။ ပြန်ပြီးပြုပြင်လို့
ရပါတယ်။ နောက်ဆုံးမဖြစ်မနေ ဆောက်ရမယ်ဆိုရင်တောင် လျှော့ချလို့ရပါသေးတယ်။
စွမ်းအင်တစ်ခုတည်းရဖို့အတွက် ဧရာဝတီမှာ စီမံကိန်းလုပ်ဖို့မလိုသေးပါဘူး။
သဘာဝဓာတ်ငွေ့လို တခြားရွေးစရာနည်းတွေ ရှိပါသေးတယ်။ သဘာဝဓာတ်ငွေ့ကို
နိုင်ငံခြားတိုင်းပြည်တွေဆီ မရောင်းဘဲ ကိုယ့်နိုင်ငံတွင်း
သုံးမယ်ဆိုရင်တောင် နှစ်ပေါင်း ၁၀၀လောက် သုံးလို့ရတယ်လို့
ကျွန်တော်သိရပါတယ်။ ကျွန်တော် ဧရာဝတီမြစ်ဆုံကို KIA နဲ့ ငြိမ်းချမ်းရေး
မရသေးခင် ၁၉၉၃ ခုနှစ်က ရောက်ခဲ့ဖူးပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့
အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်တုန်းက နိုင်ငံတော်ဧည့်သည်အဖြစ် လာရောက်တဲ့
နိုင်ငံခြားသတင်းထောက်တွေရဲ့ ဆက်သွယ်ရေး တာဝန်ခံအနေနဲ့ ရောက်ခဲ့တာပါ။
အဲဒီတုန်းကမြင်ရတဲ့မြင်ကွင်းတွေနဲ့ အခုတွေ့ရတဲ့ အခြေအနေတွေကို မြင်ရတာ
စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ အချိန်တုန်းက ဧရာဝတီဆိုတာ
သဘာဝအတိုင်းပဲရှိပါသေးတယ်။ အခုတော့ ရွှေတူးတာတွေနဲ့ ရေထုညစ်ညမ်းနေပြီး
ဆောက်လုပ်ရေးအကြီးကြီးတွေ လုပ်နေတာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်ကတော့
ဒီစီမံကိန်း ဆက်လုပ်ဖို့ စဉ်းစားစေချင်တယ်။ ပွင့်လင်းမှုရှိရှိ
ချပြစေချင်ပါတယ်။ အခုလွှတ်တော် ပေါ်လာပြီဆိုတော့ လွှတ်တော်က တစ်ဆင့်
ချပြစေချင်ပါတယ်"
ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ပြောရရင် ဧရာဝတီဆိုတာ မြန်မာ
နိုင်ငံရဲ့အသက်သွေးကြော၊ သမိုင်းအနေနဲ့ထင်ရှားတဲ့အရာတစ်ခု၊ မြန်မာ
တွေတန်ဖိုးထားရတဲ့ရင်းမြစ်တစ်ခုလို့ပြောရမယ်။ ဧရာဝတီမြစ်ကြီးရဲ့ထိပ်မှာ
တစ်နည်းပြောရရင် ဧရာဝတီကိုစတင်ဖြစ်တည်စေတဲ့နေရာမှာပိတ်ပြီးရေကာ တာ
ကိုတည်ဆောက်နေကြတယ်ပေါ့လေ။ အဲဒီအခါမှာတတ်သိနားလည်တဲ့
ပညာရှင်တွေကမဆောက်သင့်ဘူးလို့သူတို့သိထားတဲ့အချက်အလက်တွေ
အရထောက်ပြလာကြတယ်။ ဒီအချိန်မှာသတင်းစာထဲမှာလျှပ်စစ်ဝန်ထမ်း
တစ်ဦးဆိုတဲ့ဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကဒီရေကာတာကိုဆောက်လို့ရ ပါတယ်။
ဘာမှမဖြစ်နိုင်ပါဘူးလို့ရေးလာတဲ့အခါမှာ ဒီရေကာတာစီမံကိန်း
နဲ့ပတ်သက်တဲ့အသံတွေကပိုပြီးကျယ်ကျယ် လောင်လောင်ဖြစ်လာကြတယ်။
သက်ဆိုင်ရာနယ်ပယ်အသီးသီးကလည်း လက်မှတ်ထိုးပြီးတင်လာကြ တယ်။
ကျွန်တော်တို့ကိုယ်တိုင်လည်း စောင့်ကြည့်နေကြတယ်။ ဒီစီမံကိန်း
ကိုဆက်ဆောက်မယ်ဆိုရင်တော့အစိုးရတစ်ရပ်အနေနဲ့လုပ်ချင်တာကို လုပ်
ပိုင်ခွင့်ရှိခြင်းမရှိခြင်းကတော့ တစ်ပိုင်းပေါ့။ သဘာဝသယံဇာတဆိုတာက
တကယ်တမ်းပြောရရင်ပြည်သူလူထုကပိုင်တာလေ။ ဒါကိုစီမံခန့်ခွဲနိုင်ဖို့
အတွက်ပြည်သူလူထုကပေးထားတဲ့ နေရာတစ်ခုကိုအစိုးရလို့ ပြောလို့ရ တယ်။
ဒါကြောင့်ဒီကိစ္စကဘယ်သူမှပိုင်တယ်လို့ပြောလို့မရဘူး။ အများစုရဲ့
ဆန္ဒသဘောထားနဲ့ဖြစ်သင့်တယ်လို့ထင်တယ်။ ဒါကိုမှအစိုးရတစ်ရပ်
အနေနဲ့လုပ်ချင်တာကိုလုပ်ခွင့်ရှိတယ်ဆိုပြီးလုပ်မယ်ဆိုရင်နောက်ဆက်တွဲ
အကျိုးဆက်တွေရှိလာနိုင်သလိုသမိုင်းရဲ့တရားခံတွေတော့ဖြစ်လာမှာပဲ လေ။
ဒါကြောင့်ဆက်လုပ်မယ်ဆိုရင်တော့တစ်ပြည်လုံးရဲ့ သဘောဆန္ဒကိုခံယူ
တာမျိုးလုပ်သင့်တယ်လို့ထင်တယ်။ ဒါမှမဟုတ်သီးခြားလွတ်လပ်ပြီး
တတ်သိနားလည်တဲ့ပညာရှင်တွေရဲ့အကြံဥာဏ်တွေကိုယူသင့်တယ်။ ဒီကိစ္စ
နဲ့ပတ်သက်ပြီးအားလုံးကတော့ စိုးရိမ်တကြီးဖြစ်နေကြပြီ။ အဓိကတော့
ဧရာဝတီမြစ်ဖြစ်နေလို့ပါပဲ။ သီးခြားလွတ်လပ်တဲ့တတ်သိနားလည်သော
ပညာရှင်တွေဆီကအကြံဥာဏ်တွေရယူသင့်ပါတယ်။ကျွန်တော့်သဘောအရ
ဆိုရင်တော့ဒီရေကာတာဆက်လုပ်မယ်ဆိုတဲ့ အချက်ကို သဘောမတူပါဘူး။
ဒါရိုက်တာမင်းထင်ကိုကိုကြီး





Comments
+1 #12 Reaper 2011-09-11 11:15
ကျုပ်သာ သတင်းထောက်ဆိုရင် တခြားဟာတွေထက် ဒီပရောဂျက်မှာ
ဝန်ကြီးဘယ်လောက်ရလဲလို့ အရင်မေးကြည့်ချင်သား။ ဒါနဲ့ ဝန်ကြီးပြောတဲ့
အကျိုးအမြတ်ခွဲတမ်းရယ်၊ လုံလောက်နေပြီဆိုတဲ့ ရှိပြီးသား မဂ္ဂါဝပ် ၁၅၀၀ နဲ့
နောက်ထပ်ရလာမဲ့ မဂ္ဂါဝပ် ၁၈၀၀ ဆိုတာ ကြားယုံနဲ့ ရီစရာကြီးဖြစ်နေပြီ။
ရှိတာအကုန် အောက်ဈေးနဲ့ ထုတ်တာကတော့ လမ်းဘေးဂျပိုးတောင်လုပ်တတ်ပါတယ်
ဝန်ကြီးရယ်။ ခုကိစ္စ UN နဲ့ မဆိုင်ရင်တောင် တိုင်းပြည်က ပြည်သူတွေနဲ့တော့
ဆိုင်တယ်လေဗျာ၊ ဘယ့်နှယ် တိုင်းပြည်ရဲ့ ရေသောက်မြစ်ကို ရောင်းစားတာများ
ခင်ဗျားတို့ သဘောနဲ့ပြီးရောလား၊ ကြားသားမိုးကြိုး ဒီမိုကရေစီပဲ။
ကဲဒါနဲ့ ပြည်သူ့ကို ကိုယ်စားပြုမှာပါဆိုတဲ့ လွတ်တော်သွား
ခေါင်းပေါင်းဝတ်များ ... ခင်ဗျားတို့ကော ဘာလုပ်ကြမလဲ။ ဇာတ်ထဲက
ဝန်ကြီးလောက်တောင် အဆင့်မရှိတဲ့ လက်မရွံ့ဇော်မင်း(အစိတ်သားတောင်
မချန်ဘူးဆိုဘဲ) ကတော့ အထက်က အဘအမိန့်အတိုင်း လုပ်မှာပဲ၊ "မြန်မာပြည်ရဲ့
အမျိုးသားအကျိုးစီးပွါး" ဆိုပြီး စွတ်ရွပ်ပြောနေပြီ၊
တိုင်းပြည်နဲ့ဆိုင်တဲ့ အကြီးစားစီမံကိန်းကို သေချာမရှင်းပြ အတိုင်ပင်ပဲ
Trade Secret လို့ ပြောသွားတာက ခင်းဗျားတို့
လွှတ်တော်ကိုယ်စားလှယ်တွေကိုရော ပြည်သူကိုရော ဘွာခတ်တာပဲ။ ပြောသာပြောရတာ
လွှတ်တော်ထဲမှာရှင်းလဲ ရေများရေနိုင်ပဲဖြစ်မှာပဲ၊
ဆရာလူထုစိန်ဝင်းစကားထဲကလို ပြတ်ပြတ်သားသား အရေးမဆိုရင်တော့ ဘာမှထူးလာမှာ
မဟုတ်ဘူး။
+1 #11 oonayoo 2011-09-11 10:04
အော် ဦးနှောက်သိပ်မပြည့်တဲ့ လူတယောက်စင်ပေါ်တက်ပြီး စကားတွေပြောသွားတယ်။
ငါ့တို့ မြန်မာပြည်သူတွေလဲ သနားစရာပဲ။ ဒီလိုလူတွေ ဘာလုပ်မလဲပဲ
ကြောက်နေရတယ်။
ဒီလိုလူတွေဘာလို့ နေရာရနေတာလဲ ဒီလိုလူတွေကို မဖယ်ရှားနိုင်တာ တို့တွေရှက်သင့်ပြီ။
+4 #10 gdelta 2011-09-11 10:03
လျှပ်စစ်ဝန်ကြီးရယ်...တိုင်းမှူးကနေ ၀န်ကြီးဖြစ်လာပြီးတော့မှ
လျှပ်စစ်နဲ့ပတ်သက်ရင်သူ့လောက်
တော်တဲ့တတ်တဲ့လူမရှိဘူးဆိုတဲ့ပုံစံမျိုးတော့
ပြည်ထောင်စုဝန်ကြီးတစ်ယောက်အနေနဲ့ မပြောသင့်ဘူးထင်တယ်။ စီမံကိန်းနဲ့
ပါတ်သက်ပြီး အများပြည်သူကို အကျိုးရော၊ အပြစ်ရော
အားလုံးချပြသင့်တယ်ထင်တယ်။ စီမံကိန်းနဲ့ပါတ်သက်ပြီး မလိုလားတဲ့လူတွေကို
တိုင်းပြည်အကျိုးမလိုလားတဲ့ လူတွေအဖြစ်မမြင်စေချင်ဘူး။
+3 #9 maclaim 2011-09-11 10:02
စစ်တိုက် တဲ့ပညာတတ် ၇င်လဲ စစ်ဘဲတိုက်ပါ တိုင်းပြည်ကိုကာကွယ်ပါ
ဗိုလ်ချုပ်တို့၇ယ်..ခင်းဗျားတို့က စစ်တိုက်တဲ့ပညာ မှာတော့
ထူးချွန်တာထောက်ခံပါတယ်..ဒါပေမယ်တိုင်းပြည်အုပ်ချုပ်တဲ့အခါ
စစ်တိုက်တဲ့နည်းဗျူဟာတွေ
ထည့်သုံးလို့မရဘူးဆိုတာတော့နားလည်စေချင်တယ်..မတောက်တစ်ခေါက် ဗဟုသုတလေးနဲ့
လက်ညှိုး ညွှန်ခိုင်းယုံနဲ့တော့ တိုင်းပြည်တိုးတက်လာမှမဟုတ်ဘူးဆိုတာ
အနှစ် ၂၀ လုံး ခင်းဗျားတို့ စစ်ဗိုလ်တွေ အုပ်ချုပ်လာခဲ့တာ သက်သေ
ရှိနေပြိဘဲ..သောက်ရှက်မရှိ စကားတွေ ပြော
နေရမယ့်အချိန်မဟုတ်တော့ဘူးဆိုတာနားလည်
မယ်ထင်တယ်...ဆည်တွေဆောက်တိုင်းအဲဒိဒေသေ၇မကြီးအောင်
ဆောက်ပါတယ်ဆိုပြိးကြွေးကြော်ခဲ့တာ အခု ဆောက်ထားသမျှ ဆည်တွေ ရှိတဲ့ ဒေသတွေ
ေ၇ကြီးနေတာ မင်း အမြင်ဘဲ နော်.အရင်အစိုး၇လုပ်သွားတာငါလုပ်တာမဟုတ်ဘူးလို့
လွဲ ချအုံးမလို့လားဟမ်...မင်းတို့ စစ်ဗိုလ်ချုပ်တွေလုပ်သွားတဲ့အထဲမှာ
ကောင်းကျိုးထက်ဆိုးကျိုးပိုများပါတယ်ကွာ...ေ၇ဗူးပေါက်တာမလိုချင်ဘူးေ၇ပါတာဘဲ
လိုချင်တယ်ဆိုတာ ဟိုးအရင် လွတ်လပ်ေ၇းကြိုးပမ်းစဉ်ကာလ မှာ
ပြောရင်မှန်ပါတယ် အခုခေတ်မှာအဲဒိစကားကိုထပ်သုံးနေ၇င်တော့ ..အေး
ေ၇တော့၇မယ်..အဲဒိေ၇ဟာ သန့်ရှင်းတဲ့ေ၇တော့ဟုတ်မှာမဟုတ်ဘူး..လောက် င မယ့်
ပမာဏလဲ ရှိမှာမဟုတ်ဘူး..ဒိေ၇ဟာလဲ သူများဆီက လုယူလာတာ ဖြစ်
မယ်...အဲဒိတော့မင်းလိုချင်တဲ့ေ၇အတွက် ဘယ်သူတွေဘယ်လောက် စတေးခဲ့၇မလဲဆိုတာ
မင်းမှာ ဦးနှောက်ရှိ၇င် စဉ်းစားပါ ..မဲကောက်ပြီး ဆုံးဖြတ် ဘို့လဲ
လုပ်စ၇ာမလိုဘူး မင်းတို့ ကြို တင်မဲ
ပါဆိုပြီးအနိုင်ယူအုံးမယ်မလား...မင်းတို့ တိုက်ပွဲ မှာ တိုက်ရဲ သတ်ရဲ
သေရဲ တာ လူတိုင်းလုပ်နိုင်ပါတယ်..အေး မင်းတို့မလုပ်နိုင်သေးတာက အမှန်တရား
ကို လက်ခံ ဘို့နဲ့ မိမိရဲ့ မှားယွင်းမှု ကို အများရှေ့ မှာ
ဝန်ချတောင်းပန်တာကိုဘဲ..ကွ..လုပ်ရဲ လား အဲလို သတ္တိ ရှိရှိ
ဟမ်..ဒါမှာတကယ့် သူရ သတ္တိ ဆိုတာ မင်းနားလည်၇မယ်ကွ..လူလိမ္မာ သားယဉ်ပါး ကွ
လူမိုက်သား၇မ်းကား ကွ ..လိမ္မာ ပါ သားကြီးရယ်....
+2 #8 Tikyi 2011-09-11 09:31
ငါ့စကားနွားရပြောနည်း မှာတော့ ၁၅ က ဆရာတွေရော သူတို.သားသမိံးတွေရော
အလွန်ပြောင်မြောက်ပါသည်။
+6 #7 Dr ko ko 2011-09-11 08:36
ဘီလူးချောင်း မကောပေမယ့် ဘီလူးချောင်းစီးဝင်တဲ့ အင်းလေးကန် ကောတာကရော
မြစ်ငယ်မြစ် မကောပေမယ့် အဲဒီမြစ်ဝှန်းတစ်လျောက်နှစ်စဉ်ရေကြီးတာကရော
လောဘဇောနဲ့မျက်စိမှိတ်ငြင်းရင်တော့ မသိဘူးပေါ့ဗျာ။
+11 #6 Ko-Thant 2011-09-11 08:17
ဧရာဝတီမြစ်ကြီးကို ချစ်လို့ စိုးရိမ်သူတွေကို ဧရာဝတီရောဂါသည်တွေလို့
ကင်ပွန်းတပ်တာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီမြစ်ကြီးအတွက်
ပူပန်သူတွေထဲမှာ ကျွန်တော်တို့လို သာမန်ပြည်သူတွေပါသလို အသိပညာရှင်၊
အတတ်ပညာရှင်တွေလည်း အများကြီးပါပါတယ်။ ရေအားလျှပ်စစ်ထုတ်ဖို့ ရေတွေကို
ဒီဇယ်လို ကုန်အောင်သုံးမပစ်ရဘူးဆိုတာလောက်တော့ လူတိုင်းနားလည်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရှုထောင့်က ကြည့်ရင် ဒီလောက်
မရိုးစင်းဘူးဆိုတာ ၀န်ကြီးကိုယ်တိုင်သိပါတယ်။ ဒါကြောင့်
ဧရာဝတီမြစ်ကြီးကို ချစ်ကြတဲ့သူတွေ စိတ်အေးစေချင်ရင်တော့ ပညာရှင်တွေရဲ့
အစီရင်ခံစာဟာ ဒီလိုရှိတယ်၊ စီးပွါးရေးအကျိုးအမြတ်ကတော့ ဒီလို၊ ဆက်လုပ်ရင်
ဒီလို၊ စီမံကိန်းကို အများသဘောအရ ရပ်ပစ်ချင်ရင် ဒီလို စသဖြင့်
ချပြ/ရှင်းပြစေချင်ပါတယ်။ မသင့်တော်ဘူးလို့ အများယုံကြည်လို့
ရပ်လိုက်ရတဲ့အတွက် လျော်ရမယ်ဆိုရင်လည်း အခွန်ထမ်း ပြည်သူတွေက
ကြည်ဖြူကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ဘယ်သူဘာပြောပြော ဆက်လုပ်မှာပဲဆိုလည်း စဉ်းစားဖို့က အခုမြစ်ဆုံစီမံကိန်းဟာ
သေးသေးမွှားမွှားကိစ္စမဟုတ်ပါ၊ လူတစ်ဦးတစ်ယောက်ရဲ့ အတ္တထက်များစွာ
ကြီးကျယ်တယ်ဆိုတာပါပဲ။
+11 #5 Thinktank 2011-09-11 08:09
ဝန်ကြီး ဦးဇော်မင်း ရူးသွားပြီ...။
ခုတလော မြန်မာနိုင်ငံက ဝန်ကြီးတွေ မီဒီယာတွေနဲ. ပိုထိတွေ.လာလေ၊
သူတို.ဥာဏ်ရည်ဥာဏ်သွေးမမှီတာတွေ၊ မူမမှန်တာတွေ ပိုသိသာလာလေဘဲ..။
အများကြီး ပြောချင်တာဗျာ...သူများတွေ ကွန်းမန်.ရေးဖို. နေရာပေးလိုက်အုံးမယ်..။
+15 #4 Dr ko ko 2011-09-11 07:55
တော်တော်ကို မစဉ်းစားမဆင်ခြင်ဘဲ ငါတကောကောလှချည်လား
လူတစ်ယောက် ပြောတဲ့စကားတွေက ၎င်းရဲ့အဆင့်အတန်းနဲ့ဉာဏ်ပညာ ကိုဖော်ညွှန်း
တာမို့ ငါ့လောက်ဘယ်သူမှမသိနားမလည်ကြဘူး လို့ ပြောရဲတဲ့သူကတော့
အင်း
မြစ်ကြီးနားမြို့နားကမြေငလျင်ကြောအကြောင်း၊ စီမံကိန်းတည်ရှိရာ
မြေသားအကြောင်း၊ နုန်းပို့ချမှုမြန်လာနေတဲ့ မြစ်ဝကျွန်းပေါ်အကြောင်း
အစရှိတာတွေအားလုံးကိုလည်း ၎င်းပုဂ္ဂိုလ်နားလည်ပါရဲ့လား။
နားအလည်ဆုံး အသိဆုံးဆိုရင်လည်း သိသိကြီးနဲ့လုပ်ခဲ့တဲ့ ၎င်းမှာတာဝန်အရှိဆုံး
အပြစ်အရှိဆုံးဆိုတာကိုလည်း သမိုင်းတွင်ရလိမ့်မပေါ့။
+20 #3 maclaim 2011-09-11 07:37
ဒိ ၀န်ကြီး၇ဲ့ အပြောအဆိုတွေကြည့်ရတာ.ယူနီဖောင်းချွတ်စစ်ဗိုလ်ဖြစ်မယ်.သူ့၇ဲ
့အပြောအဆို ကိုသူကိုယ်တိုင်
ဘယ်လောက်အာမခံနိုင်သလဲဘယ်လိုသက်သေနဲ့အာမခံမလဲဆိုတာမပြောသွားဘူး..ဘီလူးချောင်းဟာ..တိုင်းပြည်၇ဲ့
အဓိကနေရာတွေကိုစီးမသွားဘူးအဲဒါဆောက်ချိန်လူဦးေ၇ဒိလောက်မထူဘူးဆောက်တဲ့နေရာဟာဘူမိသဘောအရ
အဆင်ပြေတဲံ့နေရာမှာရှိတယ်..ဒါကိုသူမသိဘူးလား..ဗန္ဒု လ အရိုးအိုး ကို
သမိုင်းအမွေ အနှစ်မို့ေ၇ွ့  ပေး၇တာကိုဂုဏ်ဖော်ပြောနေသလို ဒီဧရာဝတီကိုလဲ
အမျိုးသားအမွေမို့  ထိန်းသိမ်း၇မှာကိုနားမလည်ေ၇ာ့သလားဘဲ..အခု
နိုင်ငံတော်မှာ မီဂါ ၀ပ် ၁၅၀၀ ပေးတာကုန်အောင်မသုံးနိုင်ဘူး..တဲ့ ဒိလူ
တော်တော် တုန်းတယ်..သူ့ ၇ပ်ကွက်မီးလာတာနဲ့ တစ်တူိုင်းပြည်လုံး
မီးလာတယ်ထင်နေတယ်..ရပ်ကွက်တွေထဲ ဆင်းကြည့်ပါအုံး မင်းတို့
ဘယ်သူ့မှအကြောင်းမကြားဘဲ သာမာန်အရပ်သားပုံစံနဲ့ ပေါ့ ဘာတွေဖြစ်နေလဲ တွေ
့မယ်..
တိုင်းသူပြည်သားတွေ က တခြားနေရာတွေ မှာဆောက်တာကိုဘာမှမပြောပါဘူး
ကွာ..တိုင်းပြည်မှာ ငွေ မရှိ လို့ သူများကိုပေးဆောက်၇တာတဲ့ မင်းအမေ လခွီး
လားဓါတ်ငွေ့ တွေေ၇ာင်း၇တဲ့ ပိုက်ဆံတွေ
နဲလားဟမ်....မင်းပထွေးတွေယူသွားတော့တိုင်းပြည် ဘယ်ဓန
ရှိတော့မလဲဟ..ဟမ်...ဒီဆည်ကိုဆောက်နေတဲံကုပဏီ တွေက နောင်ဖြစ်လာမယ့်
ဆိုးရွားမှုတွေ အတွက် ဘယ်လောက် အာမခံပေးနိုင် သလဲ ဆိုတာ
မင်းပြောနိုင်သလား ဟမ်း..ဖြစ်လာတော့ မှမိန်းမလို မိန်းမရ နဲ့ ဒါ
အရင်အစိုး၇လုပ်သွားတာ ငါတို့နဲ့မဆိုင်ဘူးလို
့တော့မပြောနဲ့နော်...တိုင်းပြည်တခုလုံးနဲ ဆိုင်တဲ့ကိစ္စကိုဘာမှ trade
secret လုပ်ထားစ၇ာမလိုဘူးပြောကိုပြော၇မယ် ဒါေ၇ှ
့တန်းစစ်ဆင်ေ၇းလုပ်နေတာမဟုတ်ဘူး ဆိုတာ မင်းနားလည်၇မယ်နေ၇ာတကာ မင်းအမေလင်
စစ်တပ်ကိုအုပ်ချုပ်သလို လုပ်လို့မရဘူးဆိုတာလဲ မင်းနားလည်၇မယ်
အေးမင်းတို့စစ်တပ်မှာကိုက back fire ဆိုတဲ့ ဝေါဟာ၇ရှိတာကိုလဲ မင်း စစ်တပ်
ကထွက်လာတဲ့ကောင်နားလည်၇မယ်..
+17 #2 oonayoo 2011-09-11 07:23
ခေါင်းဆောင်တွေ ပြောတဲ့စကားကို သုံးသပ်ကြည့်လိုက်သောအခါ၊
မြန်မာနိုင်ငံသား ဖြစ်ရတာ တော်တော်အားငယ်မိတယ် ရှက်မိတယ်။
+24 #1 မိုးကြိုးသွား 2011-09-11 06:57
သိပ်လက်လွှတ်စပါယ်နိုင်တဲ့
ပြောဆိုမှု့ဘဲဗျာ.....ဘီးလူးချောင်းရေအားလျှပ်စစ် ရဲရွာရေအားလျှပ်စစ်
စီမံကိန်းတွေနဲ့ နှိုင်းယှဉ်ပြီးပြောရအောင် တည်ဆောက်မဲ့နေရာ
ရေအရင်းအမြစ်တွေက မတူဘူးလေ သူဝန်ကြီးမို့လို့ အကုန်သိတယ်ဆိုတာကတော့
ရယ်စရာကြီးဘဲ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ တရုတ်လက်အောက်ခံ ဖြစ်တော့မှာလား

http://www.maukkha.org/index.php?option=com_content&view=article&id=1791:2011-09-07-16-13-23&catid=opinion&Itemid=270
ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေဟာ တနေ့တခြား ကြီးထွားလာနေတဲ့
သူတို့ရဲ့စွမ်းအင် လိုအပ်ချက် ပြည့်မှီအောင် ရရှိရေးအတွက်
နည်းမျိုးစုံနဲ့ ကြိုးပမ်းလာတာကို ၂၁ ရာစု အစပိုင်း နှစ်တွေမှာ
တွေ့လာရတယ်။

အဲဒီလို အင်အားကြီးထွားလာနေတဲ့ အထဲမှာ အာရှနဂါး အဖြစ်နာမည် ကြီတဲ့
တရုတ်ဟာ ကမ္ဘာ့ စီးပွားရေး နေရာမှာ နံပါတ်နှစ်ကို ရောက်ရှိလာခဲ့ပါတယ်။
စီးပွားရေး ကြီးထွားလာမှုနဲ့အတူ စွမ်းအင် လိုအပ်ချက်ကလည်း
ကြီးထွားးလာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ စွမ်းအင်သုံးစွဲတဲ့ နေရာမှာ ကမ္ဘာ့ နံပါတ် (၃)
နေရာကိုရောက် ရှိလာခဲ့တယ်။ စွမ်းအင်အတွက် လိုအပ်တဲ့ လောင်စာအများစု
ကိုတော့ အရှေ့အလယ်ပိုင်းကနေ သင်္ဘောကြီးတွေနဲ့ သယ်ယူပါတယ်။

အဲဒီလို သင်္ဘေတွေနဲ့ သယ်ယူရာမှာ လမ်းခရီးရှည်လျားမှု အချိန်ကာလကြန့်ကြာမှု
ငွေကြေးကုန်ကျမှု မြင့်မားခြင်းနဲ့ အန္တရာယ်ကြီးမားခြင်းတို့ဟာ ရေရှည်မှာ
တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အားကြီးထွားမှုကို အကြီးအကျယ်
ခြိမ်းခြောက်လာနိုင်တဲ့ အချက်ဖြစ်နေပါတယ်။

တရုတ်နိုင်ငံရဲ့ အနာဂတ် လောင်စာသယ်ယူရေးကို
အဓိကခြိမ်းခြောက်လာနိုင်တဲ့အချက်ကတော့ တောင်တရုတ်ပင်လယ် အတွင်းရှိတဲ့(
စပရယ်တလီ) ကျွန်းစု အငြင်းပွားမှုပဲ ဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေက ရေနံနဲ့
သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနေတော့ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့
ဗီယက်နာမ်နိုင်ငံတွေက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေ ကြခြင်း
ဖြစ်ပါတယ်။

ဒီကျွန်းစုပိုင်ဆိုင်မှုအငြင်းပွားတွေကြောင့် တခါတလေမှာ စစ်ရိပ်စစ်ငွေ့တွေ
တောင်သန်းခဲ့ဘူးပါတယ်။ အငြင်းပွားမှုထဲမှာပါတဲ့
နိုင်ငံတွေကလည်းလျော့ပေးမယ့် နိုင်ငံတွေရယ်လို့ မရှိပါဘူး။

ဒါကြောင့်တရုတ်ဟာ အနာဂတ်မှာ သူရဲ့လောင်စာ သယ်ယူရာလမ်းကြောင်း
လုံခြုံရေးအာမခံချက် ရှိရေးဟာ အဓိကအချက် ဖြစ်လာခဲ့ပါတယ်။ မလက္ကာရေလက်ကြား
ကိုအစားထိုးမယ့် လမ်းကြောင်းသစ်များကို စတင် ရှာဖွေလာခဲ့တယ်။

ရှေးခေတ် တရုတ်နိုင်ငံထွက် ပိုးထည်းနဲ့ ကြွေထည် ပစ္စည်းတွေကို
အရှေ့အလယ်ပိုင်းနဲ့ အနောက်နိုင်ငံတွေမှာ ရောင်းချရေးအတွက် ပိုလမ်းမ (Silk
Road)- မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ အာဖဂန်ကို အသုံးပြုခဲ့ပါတယ်။

၂၁ ရာစု တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး ကအဓိက ကျသလို
တရုတ်နိုင်ငံရဲ့ ကုန်တွင်းပိုင်းပြည်နယ်တွေဟာ ဆင်းရဲချမ်းသာ ကွဟမှုဒဏ်ကို
အဓိကခံနေရတဲ့ ပြည်နယ်တွေဖြစ်နေတယ်။ ဒီပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှုကလည်း
တရုတ်ပြည်ရဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်။

ဒါကြောင်းဒီပြည်နယ် ထွက်ကုန်ပစ္စည်းတွေကို အာဖရိကနဲ့ဆင်းရဲတဲ့အနောက်အာရှ၊
အိန္ဒိသမုဒ္ဒရာ တွင်းရှိနိုင်ငံ တွေဆီ မြန်မာနိုင်ငံကို ဖြတ်ပြီး
အနောက်ဖက် ရခိုင်ပြည်၊ ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် ဖြန့်ဖြူးလိုတယ်။

ရခိုင်ပြည်ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံ ယူနနပြည်နယ်ထိ တည်
ဆောက်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ တရုတ်အစိုးရရဲ့
သားရွေအိုးထမ်းလာတဲ့အစီအစဉ်ဘဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စွမ်းအင်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း၊
အာဖရိကနိုင်ငံ တွေဆီက ရေနံတင် သင်္ဘေကြီးတွေနဲ့ အိန္ဒိယသမုဒ္ဒရာ ကိုဖြတ်ပြီး
မလက္ကာရေလက်ကြား ကဆင့်တောင်တရုတ်ပင်လယ် ဆိပ်ကမ်းမြို့တွေဆီကို
သယ်ယူရပါတယ်။

အဲဒီခရီးရဲ့ အကွာအဝေးဟာ မိုင်ပေါင်း ၃၀၀၀ ကျော် ခရီးရှိပါတယ်။
မိုင်ပေါင်းသုံးထောင်ခရီး အန္တရာယ် ရောပြွန်းနေတဲ့ မလက္ကာရေလက်ကြား
ကိုရှောင်ရှားပြီး လမ်းခရီးတိုတို အချိန်တိုတိုနဲ့ စရိတ်သက်သာစွာနဲ့
ခေတ်သစ်ပိုးလမ်းမကို ဖောက်လုပ်လိုက်တာဟာ တရုတ်နိုင်ရဲ့ အနာဂတ်စွမ်းအင်
ဖူလုံမှုအတွက် အောင်မြင်မှုကြီးတခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆင်းရဲတဲ့ပြည်နယ်ရှိ
စက်မှုလုပ်ငန်းတွေရဲ့ လောင်စာလိုအပ်ချက်ကို ရခိုင်ပြည်က ထွက်လာမယ့်
ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွေက နှစ်ပေါင်းသုံးဆယ် အထိ ဖြည့်ဆည်းပေးနိုင်မှာ
ဖြစ်တယ်။

တရုတ်အစိုးဟာ သူ့နိုင်ငံရဲ့ လောင်စာဖူလုံရေးအတွက်
ခေတ်သစ်ပိုးလမ်းမနှစ်ခုကို စဉ်းစာခဲ့တယ်။ ရခိုင်ပြည်
ကျောက်ဖြုရေနက်ဆိပ်ကမ်းနဲ့ ယူနန် ပြည်နယ်ထိ သွယ်ယူမယ့် ရေနံပိုက်လိုင်း။
နောက်တစ်ခုက ပါကစ္စတန် အာရေဘီးယားပင်လယ် ကမ်းခြေရှိ ဂွန်ဒါ
ရေနက်ဆိပ်ကမ်းနဲ့ ပါကစ္စတန်ကို ဖြတ်ပြီး ဖောက်လုပ်မယ့် ရေနံပိုက်လိုင်း
ဖြစ်ပါတယ်။

ဒါပေမဲ့ ဂွန်ဒါရေနက်ဆိပ်ကမ်းဟာ မူဆလင် စစ်သွေးကြွ တိုင်းရင်းသားတွေ
ကြီးစိုးတဲ့နယ်မြေ ဖြစ်တာကြောင့် ရေနံပိုက်လိုင်းတည် ဆောက်မှုကို
စွန့်လွှတ်ခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့
ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက် မှုက မဟာဗျူဟာမြောက် အရေးပါနေတယ်။
ဒီနှစ်အတွင်းတက်လာတဲ့သတင်းတွေအရ တရုတ်လူမျိုးတွေ
ကျောက်ဖြူမြို့နယ်အတွင်းမှာ မြေဧကပေါင်းမြောက်မြားစွာဝယ်ယူပြီး ရင်းနှီး
မြုတ်နှံနေပါတယ်။ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် မဟာစီမံကိန်းတွေပဲ
ဖြစ်ပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းအရဆိုရင် တရုတ်အစိုးရဟာ မူဆယ်ကနေ
ကျောက်ဖြူ ရေနက် ဆိပ်ကမ်းအထိ မိုင် ၅၀၀ ကျော် ရှည်လျားမယ့်
လျပ်စစ်မီးရထားလမ်းကို ဒီနှစ် အကုန်မှာစတင်ဖေါက်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ
ဘီလီယံ ၂၀ ကုန်ကျမယ့် စီမံကိန်းဟာ ဧရာဝတီ မြစ်ပေါ်မှာ ဆောက်လုပ်မယ့်
မြစ်ဆုံရေကာတာ စီမံကိန်းထက် အဆ ၁၀ ပိုကြီးပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြုတ်နှံတဲ့ အထဲမှာ
အကြီးမား ဆုံးစီမံကိန်းအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းတခုထဲမှာ
အဲဒီလောက်ငွေကြေး အမြောက်အမြားရင်းနှီးမြှုတ်နှံတာ တရုတ်နိုင်ငံရဲ့
အကြီးမားဆုံး ရင်းနှီးမြှုတ်နှံမှု ဖြစ်ပါတယ်။

အဲဒီလောက်ပမာဏ များပြားတဲ့ ရင်းနှီးမှုကို ကြည့်ရင်
တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့ မဟာဗျူဟာ ရေးဆွဲသူတွေက
ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဘယ်အထိမျှော်မှန်းချက်ဆိုတာ သိသာလှပါတယ်။

ဒီလိုရင်းနှီးမြှုတ်နှံတာ အချက်အများအပြား ရှိနိုင်ပါတယ်။ အချက်နှစ်ချက်က
ပထ၀ီအနေအထားအရ အချက်အခြာကျမှုနဲ့ လာမယ့်နှစ် ၂၀ အတွင်းမှာ
မြန်မာနိုင်ငံရေး အပြောင်းအလဲ မရှိနိုင်ဘူးဆိုတာ တရုတ်ခေါင်းဆောင်တွေ
သုံးသတ်ထားပုံရတယ်။

တနည်း အားဖြင့် နှစ်၂၀ အတွင်းမှာ တရုတ်သြဇာလွမ်းမိုးမှုကို အံတုမယ့်
ခေါင်းဆောင်မရှိနိုင်ဘူးဆိုတဲ့ သဘောပါ။ ဘယ် ကော်ပေါ်ရိတ်ကြီးမဆို
ကြီးမားတဲ့ ရင်းနှီး မြှုတ်နှံမှုလုပ်တော့မယ် ဆိုရင် အဲဒီ နိုင်ငံရဲ့
နိုင်ငံရေးအခြေအနေကို သုံးသပ်လေ့ ရှိပါတယ်။ တနည်းအားဖြင့် ဒီနေ့
စစ်ခေါင်းဆောင်တွေ နောက်နှစ် ၂၀ ထိ အာဏာကို ဆက်ထိမ်းထားနိုင်တယ်ဆိုတဲ့
သဘောလည်းပါတယ်။

တရုတ်သမိုင်းထဲမှာ အရေးပါဆုံးဖြစ်တဲ့ မဟာတံတိုင်းတည်ဆောက်မှုကို ဘီစီ ၅
ရာစုမှာ စတင်ခဲ့ပါတယ်။ မဟာတံတိုင်း ဆောက်ရတဲ့ အဓိကအကြောင်းရင်က
အနောက်ဘက်ဒေသက တရုတ်ပြည်ထဲကို မကြာခဏ ကျူးကျော်နေတဲ့ နော်မက် ( Nomad)
လူမျိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းရဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကြီး
လုံခြုံရေးဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အဲဒီလောက် ကြီးမားတဲ့ အဆောက်အဦကို
ဘယ်လူမျိုးမှ တည်ဆောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

မြန်မာ့နယ်မြေကို ဖြတ်ပြီးဖောက်လုပ်မယ့် ရေနံပိုက်လိုင်း၊
လျပ်စစ်ရထားလမ်းနဲ့ ကျောက်ဖြူရေနယ် ဆိပ်ကမ်းတွေကတော့
မော်စီတုန်းတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယာကြီးအတွက် ၂၁ ရာစု
စွမ်းအင်လုံခြုံရေး၊ တရုတ်ထွက်ကုန်ပစ္စည်းတွေ အာဖရိက၊ အာရှဒေသတွေမှာ
အင်အားကြီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ အသာစီးရရေးနဲ့ တရုတ်ရေတပ်
အနေနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်အင်အားကို ထိမ်းထားရေးတို့
ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လှရွေ

စာရေးသူသည် ရခိုင်သတင်းစဉ် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊
ရခိုင်ပြည် အမျိုးသားကောင်စီ နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင်၊
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရုံးတွင် လက်ထောက် ဒါရိုက်တာ
အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မဲဆောက်မြို့ CDC
အထက်တန်းကျောင်း Post Ten တွင် သမိုင်းသာသာရပ် သင်ကြားလျက် ရှိသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သီးလေးသီး ပြန်တာကို ဒီလိုမြင်တယ်။

http://komoethee.blogspot.com/2011/09/blog-post_8754.htmlထွန်းအောင်ကျော်ပေးပို့ သူ-အိမ်မက်မဟုတ်ပါ
သီးလေးသီး ပြန်လာတော့မယ်လို့  The Voice ဂျာနယ်မှာဖေါ်ပြထားတယ်။
ဒီဂျာနယ်က ဘယ်လိုဂျာနယ်လဲ။
ဒီဂျာနယ်က ကြံ့ဖွတ်အစိုးရနဲ့  အလိုကျသတင်းလေးတွေကိုပဲ
ဖေါ်ပြနေကြဂျာနယ်ဖြစ်တယ်။ ဒီတော့

သီးလေးသီးပြည်တော်ပြန်တာကိုတခမ်းတနားနဲ့ကြိုဆိုခဲ့တာကိုဘယ်သူကခွင့်ပြုတာလဲစဉ်းစားကြည့်ဘို့လိုတယ်။
အစိုးရခွင့်မပြုဘဲသတင်းဂျာနယ်တွေကထုတ်ပြန်လို့မရဘူး၊
ပြည်သူတွေသိအောင်သတင်းဂျာတယ်တွေမှာ၊နောက်ပြီးအစိုးရပိုင်သတင်းစာတွေမှာသတင်းအဖြစ်ဝေဝေဆာဆာတွေ့ရလိမ့်မယ်စိတ်သာချ။ဒေါ်အောင်ဆန်းစုကြည်ပုံကိုပုံကြီးနဲ့ဖေါ်ပြလို့
Messenger ဂျာနယ်ဒါဏ်ထိပြီးပြီ၊
ဒါဖြင့်ရင်ဘာကြောင့်သီးလေးသီးပြည်တော်ပြန်တာကိုသတင်းဖေါ်ပြခွင့်ပြုခဲ့တာလဲ?
ရှင်းရှင်းပြောရရင်
အန္တရာယ်မရှိပါဘူးပြန်လာနိုင်ပါတယ်ဆိုတာကိုတရားဝင်သတင်းမထုတ်ပြန်ဘဲနဲ့သွယ်ဝိုက်တဲ့
နည်း ကိုသုံးနေတာဘဲ၊ နောက်ပြီးဒီသတင်းကိစ္စကအစိုးရကိုအားပေးတာလေ၊
အစိုးရသဘောထားကြီးပါတယ်ဆိုတာကိုကြေငြာချင်တာဘဲဖြစ်တယ်။ဒေါ်အောင်ဆန်းစုကြည်သတင်းကတော့အတိုက်အခံကိုအားပေးတာဒါကြောင့်တတ်နိုင်ရင်
ဗျောင်ပိတ်တယ်အဓိကရည်ရွယ်ချက်ကတရားဝင်အာမခံချက်မပေးတဲ့အတွက်ဝင်လာတဲ့
သူတွေကိုဖမ်းချင်ရင် ဖမ်းလို့ရတယ်၊
တရားဝင်ထုတ်ပြန်အာမခံမထားတဲ့အတွက်ဖြစ်တယ်။
ဒီကြားထဲပြည်တော်ပြန်တွေထဲကလူသိများတဲ့သူတွေကိုရှစ်လေးလုံးတုံးကပြည်တော်ပြန်
တွေကိုကြေငြာသလိုသတင်းစာတွေထဲမှာစာလုံးမဲကြီးတွေသုံးပြီးဖေါ်ပြအုံးမှာပြေးကြည့်
စရာမလိုဘဲမြင်ရောင်နေမိတယ်။ အစိုးရရဲ့စေတနာကိုနားလည်လို့ပြန်လာပါတယ်၊
ဆိုတာတွေကြားရအုန်းမယ်။ ဖမ်းတဲ့လူတွေကိုလဲဆက်ဖမ်းနေအုံးမယ်၊
နိုင်ငံရေးအကျဉ်းသားတွေကိုလဲလွှတ်ပေးအုံးမှာမဟုတ်ဘူး။
လူတိုင်းနီးပါးကိုယ့်တိုင်းပြည်ပြန်ချင်ကြပါတယ်၊
ဒါပေမဲ့အသုံးချခံမဖြစ်ဘို့နဲ့ထောင်ထဲရောက်မသွားမိဘို့လိုတယ်၊
ကိုယ့်ဘဝကိုရွေးကြတာဘဲလေစဉ်းစားပေါ့။ တော်လှန်ရေးရဲဘော်တွေနဲ
့အတူဆက်လက်တိုက်ပွဲဝင်တဲ့ ကိုကြယ်သီး၊ကိုပန်းသီးနဲ့ မင်းသမီးလေး
မြစပယ်ငုံတို့ ကို အထူးဂုဏ်ပြုပါတယ်။

ထွန်းအောင်ကျော်Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်သည် ဒို့ပြည်

မြန်မာမြေသည် ဒို့မြေ
မြန်မာရေသည် ဒို့ရေ
ဧရာဝတီသည် မြန်မာတို့၏ အမျိုးသားထုတစ်ရပ်လုံးပိုင် အမွေအနှစ်ဖြစ်သည်အားလျှော်စွာ မြန်မာပြည်မြေပုံမှ ဧရာဝတီမြစ် ပပျောက်ခြင်း အလျဉ်း၊တိမ်ကောပျက်စီးခြင်းအလျဉ်းမရှိ
စေရေးအတွက် ကျွန်တော်တို့ ဧရာဝတီ ချစ်သူများ အဖွဲ့မှ ယင်းဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက်သောအားဖြင့် Save the Irrawaddy စာတန်းနှင့် မြစ်ဆုံစီမံကိန်း ကြက်ခြေခတ်(ရှေ့ဘက်ခြမ်းရင်ဘက်)ပါ တီရှပ်အဖြူများ ၊ save the irrawaddy စာတန်းပါ စတစ်ကာများ ကို မြန်မာ ပြည်သူလူထုများအတွင်း သို့ ၄.၉.၂၀၁၁ ရက် နေ့မှ စတင်၍ တဖြည်းဖြည်းဆက်တိုက် ဖြန့်ဝေခဲ့ပါသည်.။ ဖြန့်ဝေသော နေရာများ မှာ မြစ်ကြီးနားမြို့၊ပြည်၊ဧရာဝတီတိုင်း ဒေသအချို့၊သန်လျင် ၊မန္တလေး မြို့၊ မြစ်ကြီးနားဟောပြောပွဲ ၊မင်္ဂလာဒုံ ၊ တောင်ဒဂုံ ၊တာမွေ၊ မြောက်ဥက္ကလာ ၊မြောက်ဒဂုံမြို့နယ်များ နှင့် ၁၀.၉.၂၀၁၁ ရက်နေ့တွင် မင်္ဂလာဒုံဥယာဉ်မြို့တော် မဟာဂန္တရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သော ဇမ္ဗုသီရိပရဟိတစာပေဟောပြောပွဲတွင်လည်း သွားရောက်ဖြန့်ဝေခဲ့ပါသည်.။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လူသတ် ဓါးပြတိုက်ထားတဲ့ မုဒိန်းကောင်က အခု မုန့်လာဝေနေတယ်တဲ့

ပေးပို့ သူ-အိမ်မက်မဟုတ်ပါ
အခုအချိန်အထိ ငွေလဲနှုန်းကို တစ်ဒေါ်လာ ခြောက်ကျပ် သတ်မှတ်ထားတုန်းပဲ
ဘာလို့ ဒီလိုသတ်မှတ်တာလဲ ဘာလို့ ဈေးကွက်လက်ထဲထည့် မပေးသေးတာလဲဒီလိုရှိတယ်
သဘာဝဓါတ်ငွေ့ ကျောက်စိမ်းစတာတွေကို ဒေါ်လာနဲ့ရောင်းတယ်တဲ့

ရတဲ့ဒေါ်လာတွေကို နိုင်ငံခြား ဘဏ်တွေမှာ တိတ်တိတ် သိမ်းထားပြီး

ြဲပည်သူ့ဘဏ္ဍာထဲကိုတော့ ခြောက်ကျပ်နှုန်းနဲ့ ပဲ တွက်ပြီးထည့်တယ်တဲ့

ခေတ်သစ် သူခိုးတွေပဲ

အခုလည်းကား အဟောင်းတွေကို အသစ်နဲ့လဲခွင့် ပေးမယ်တဲ့

ဒေါ်လာ ၃၅၀၀ အောက်တန် ဖြစ်ရမယ်တဲ့

အဲဒီကန့်သတ်ချက် လိုလို့လား

ဘာလဲ ပြည်သူလူထုကို ကားကောင်းပေးမစီးတာလား

ကားအဟောင်း မရှိတဲ့သူကိုရော ဘာလို့ ကားသွင်းခွင့် ကားစီးခွင်း မပေးရတာလဲ

အန္ဒိယကထုတ်တဲ့ တာတာနာနိုကားက အသစ်မှ ဒေါ်လာ ၂၀၀၀ လားပဲရှိတာ အခု ဗမာငွေနဲ့ဆို

၁၅သိန်းပဲရှိမှာပေါ့ ဆီစားလည်းအရမ်းသက်သာတယ် လူတိုင်းလဲစီးနိုင်တယ် ဒီ
လင့်မှာ ကြည့်ကြည့်ပါလား

http://www.google.com/search?hl=en&q=tata+nano+car&gs_sm=s&gs_upl=76405l76405l2l79292l1l1l0l0l0l0l1307l1307l7-1l1l0&bav=on.2,or.r_gc.r_pw.&biw=1366&bih=624&um=1&ie=UTF-8&tbm=isch&source=og&sa=N&tab=wi

အန္ဒိယ နယ်စပ်ကနေ ဒီကို မောင်းပြီးယူလာလို့ရတယ်

ဘာလို့လူတိုင်းကို ခွင့်မပေးတာလဲ သိပ်ခက်နေလို့လား

လှေခါးသုံးထစ်ပဲလိုတဲ့နေရာမှာ ဘာလို့လှေခါးအထစ်သုံးဆယ်လောက်ထားနေရတာလဲ

ဘာအကြံရှိလို့လဲ လူထုကို မျက်စိလှည့်တာလား နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်မပေးချင်သေးလို့လား

ဧရာဝတီ ကိစ္စကို အာရုံလွှဲဖို့လား (ဧရာဝတီ ကိစ္စကို အာရုံလွှဲဖို့လား)
(ဧရာဝတီ ကိစ္စကို အာရုံလွှဲဖို့လား)

ကားစီးနိုင်တဲ့သူနဲ့ ကားမစီးနိုင်တဲ့သူကို လူတန်းစားခွဲတာလား

လူတန်းစားချင်းရန်တိုက်ပေးတာလား သွေးခွဲတာလား

ကားတွေများလို့ လမ်းတွေကျပ်တယ်ဆိုရင် လမ်းတွေပိုဖောက်ပေါ့

လမ်းဖောက်ဖို့က ဘယ်သူ့တာဝန်လဲ ပြည်သူ့ဘဏ္ဍာတွေဘယ်ရောက်ကုန်ပလဲ

နေ့တိုင်နေ့တိုင်း သစ်လုံးတင်ကားတွေ နိုင်ငံ အနှံ့တွေ့နေရတာ

ဒီပြကွက်တစ်ခုထဲနဲ့ပဲ ကမ္ဘာလှည့် နိုင်ငံခြားသားတွေကို ဆွဲဆောင်လို့ရတယ်

(ဒီပြကွက်တစ်ခုထဲနဲ့ပဲ ကမ္ဘာလှည့် နိုင်ငံခြားသားတွေကို ဆွဲဆောင်လို့ရတယ်)

တကယ်ပြောတာပါ

ကဲနောက် အရေးကြီးတာ တစ်ခုပြောမယ်

အခု သံရည်ကျိုမယ့်အစုတ်လို့ပြောနေတဲ့ ကားတွေကို ဘယ်ဈေးနဲ့ ၀ယ်ခဲ့ရတာလဲ

သိန်းရာကျော်မယ် ၊ အခုငွေလဲနှုန်းနဲ့ဆို ဒေါ်လာ တစ်သောင်းခွဲပဲ

အဲဒီဈေးနှုန်း ဘာလို့ဖြစ်ခဲ့တာလဲ ၊ ဘယ်သူသတ်မှတ်ခဲ့တာလဲ ၊ ဘယ်သူတွေကောင်းစားခဲ့သလဲ

ပြောပြမယ်နော် ၊ အဲဒီ ဒေါ်လာတစ်သောင်းခွဲပေးခဲ့ရတဲ့ကားတွေကို
သံရည်ကျိုဖို့ (ကိုယ့်စရိတ်ကိုယ်ခံပြီး) လာပို့ (တစ်ပြားမှပြန်မအမ်းဘူး)

(ကိုယ့်စရိတ်ကိုယ်ခံပြီး) အသစ်ထပ်ဝယ် (ဒါတောင် ဒေါ်လာသုံးထောင်ငါးရာထက်မကျော်စေနဲ့)

(ကိုယ့်စရိတ်ကိုယ်ခံပြီး) အခွန်ဆောင်

(ဒီမယ် ဒါဟာ လူတိုင်းရတဲ့ အခွင့်အရေးမဟုတ်သေးဘူးနော်)

အတော်လည်တဲ့ အစိုးရပဲ စတီဖင်ဟော့ကင်းတို့ ဘီလ်ဂိတ်တို့ စတိဗ်ဂျော့တို့
လိုက်မှီမှာ မဟုတ်ဘူး

အိုဘားမား ကလင်တန် နဲ့ ဂျွန်မက်ကိန်းတောင် မျက်စိလည်သွားမယ် ဘာမှတ်သလဲ

ကဲ အားလုံးကိုမေးချင်တယ် ၊ ဒီလုပ်ရပ်ကို ဘယ်လို ကောက်ချက်ချမလဲ

ပြည်သူတွေကို ကောင်းစားစေချင်တာလား

အပြစ်တွေကိုဖုံးဖိ ဖို့လား

ဗမာတွေနော် မညံ့ကြကြေးနော်

လောလောဆယ်တော့

လူသတ် ဓါးပြတိုက်ထားတဲ့ မုဒိန်းကောင်က အခု (အိတ်စပိုင်းယား
ဒိတ်အောက်နေတဲ့) မုန့်တွေလာဝေနေတယ်

သာဓုခေါ်မှာလားRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လူသတ်သမားကို ခိုးမှုနဲ့ထောင်ချလိုက်တယ်တဲ့

ပေးပို့ သူ-အိမ်မက်မဟုတ်ပါ
ဒါဟာ အပြစ်ပေးတာလား အပြစ်ကို ဖုံးဖိတာလားမူးရင်မမောင်းနဲ့ မောင်ရင်မမူးနဲ့ဆိုတဲ့ သတိပေးစကားကိုမြန်မာဘီယာက ကြော်ငြာနေတယ်
ဘာကိုပြောချင်တာလဲ ဘီယာသောက်ဖို့သတိပေးတာလား
စပြီးဖွဲ့တုန်းကတော့ ပါတီနိုင်ငံရေးဆိုတာ ပါတီကောင်းကျိုးသတ်သတ်လုပ်တာ

အမျိုးသားနိုင်ငံရေးကမှ တိုင်ပြည်ကောင်းစားအောင်လုပ်တာ တဲ့

သိပ်မကြာပါဘူး နောက်ဆုံးတော့ အဲဒီ အဖွဲ့က ပါတီထောင် ရွေးကောက်ပွဲဝင် သွားတယ်

(ပြည်သူ့ ဘဏ္ဍာတွေတောင် ဘုန်းသွားသေးတယ်)

ရဲစခန်းတွေမှာလည်း စာတမ်းတွေချိတ်ထားတုန်းပဲ ကူညီပါရစေတဲ့

တရားရုံးမှာလည်း စာတမ်းချိတ်ထားတယ်

တရား (တရား) ဥပဒေအထက်တွင် မည်သူမှ မရှိစေရ တဲ့

နေရာတိုင်မှာ ဒါတွေ ဘာကြောင့်ဖြစ်နေရတာလဲ

ဒါကို ဆိုက်ဝါး စိတ်ဓါတ် စစ်ဆင်ရေးလို့ခေါ်တယ်

ပြည်သူတွေကို ထိုင်းမှိုင်း တွေဝေသွားအောင် တစ်ဖက်လှည့်ဖိနှိပ်တာ

မှတ်မိကြအုံးမှာပေါ

လမ်းဘေးကွမ်းသွေးထွေးရင် ဒဏ်ငွေ ကျပ်တစ်သောင်းဆိုတာလေ

ဆိုင်းဘုတ် ပေါင်းများစွာကို ရန်ကုန်မြို့ အနှံ့ လိုက်ကပ်တယ်

ဒါလူတွေကို အသိဥာဏ်ပေးတာလား ခြိမ်းခြောက်နေတာလား

အခုလည်း တက္ကသိုလ်တွေမှာ ယူနီဖောင်းတွေဝတ်ခိုင်းနေတယ်

တကသိုလ် ပတ်ဝန်းကျင်မှာ အပျော်အပျက်တွေ အကုန်ရနေတယ်

အနာဂတ်မျိုးဆက်သစ်တွေကို ထူထောင်နေတာလား

စနစ်တကျ ဖျက်စီးနေတာလား

ရုပ်သံတီဗီတွေကလည်း နိုင်ငံတကာက တက္ကသိုလ်တွေအကြောင်း ပရဟိတလုပ်ငန်းတွေအကြောင်း

ပတ်ဝန်းကျင် အကျိုးပြု လုပ်ငန်းတွေအကြောင်း ပြနေရမယ့်အစား

ကိုးရီးယားကားတွေ အချစ် အညစ် တွေ ပေါ်ပင် ဖက်ရှင်တွေပဲ ပြနေတယ်

အဖ်အမ် အသံလွှင့်တွေလည်း ဒီလိုပဲ

လူတိုင်းလူတိုင်းဟာ အခက်အခဲတွေနဲ့ တွေဝေမိန်းမောပြီး

ဘာမှန်းမသိ အချိန်တွေကုန်နေကြရတယ်

ဒီ ဆိုက်ကို ပရက်ရှာတွေကို ဖော်ထုတ် ဖယ်ရှားကြရမယ်

လှည့်ကွက်တွေ ထောင်ချောက်တွေကို နားလည်သွားစေရမယ်

အခုလည်း လွှတ်တော်ထဲမှာ ပြည်သူ့အသံကို နားထောင်ရမယ် ပြည်သူ့ဆန္ဒကို အလေးထားရမယ်တဲ့

သတိထားစောင့်ကြည့်ပါ

လူသတ်သမားကို ခိုးမှုနဲ့ စွဲချက်တင်တာ သဘောမတူမိပါစေနဲ့Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မျက်စိမလည်ကြပါနဲ့ သွေးခွဲသပ်လျှိုတာ ဂရုပြုကြပါ

ပေးပို့ သူ-အိမ်မက်မဟုတ်ပါ
ပဲခူးက စစ်ဘိုတွေ မူးရမ်းပြီး သေနတ်နဲ့လိုက်ပစ်လို့ အရပ်သားသေသွားတာမှတ်မိမှာပေါ့
အဲဒါမတော်တဆလား တမင်ကြံစည်တာလားရွေးကောက်ပွဲ မတိုင်ခင်လေးနော်
အဲဒီမှာတင် သတင်းဌာနတွေ ဘလော့ဂါတွေက ၀ိုင်းရေး ၀ိုင်းဆော်လိုက်ကြတာ (ဟုတ်လှပြီပေါ့)

အကျိုးဆက်က ဘယ်စစ်သား စစ်ဘိုကမှ ပြည်သူ့ရင်ခွင် မခိုလှုံရဲတော့ဘူး

ပြည်သူတွေက စစ်သား စစ်ဘိုတွေကို (ပဲခူးကိစ္စကြောင့် ဒေါသထွက်နေကြပြီး)
လက်စားချေဖို့ စောင့်နေတယ်လို့ ထင်သွားကြပြီလေ

ဒီဘ၀ရောက်မှ မှားမှားမှန်မှန် မထူးတော့ပါဘူး ကြံ့ဖွံ့ကိုပဲ မျက်စိမှတ်
မဲထည့်လိုက်တာကောင်းပါတယ် ဖြစ်သွားကြတာလေ

ခဲတစ်လုံးနဲ့ စာကလေး သုံးကောင်ပစ်ဆိုတာ ဒါမျိုးခေါ်တာပေါ့

သွေးခွဲသပ်လျှိုဖို့အတွက် စနစ်တကျ ကြိုတင် (နေရာအပြည့်) ကြံစည်ထားတာကို
အမြဲသတိရကြပါ

အခုလည်း ပြန်လာရေး ပြန်မလာရေး အချင်းချင်း စကားများနေကြတယ်

တစ်ဦးချင်းစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်လေ ၊

ဦးတည်ချက်တူဖို့ အရေးကြီးပါတယ် ၊ အကောင်အထည်ဖော်တဲ့နေရာမှာ ထပ်တူကြဖို့ မလိုပါဘူး

ကဲ မေးမယ် ၊ သတိနဲ့ဖြေနော် ၊ ဂေါ်ဇီလာကို ပြန်မလာစေချင်တာဟာ
ဂေါ်ဇီလာအတွက်လား ကိုယ့်အတွက်လား

ဂေါ်ဇီလာအတွက် အန္တရာယ် ကြုံမျာစိုးလို့ ဂေါ်ဇီလာအတွက် နစ်နာမှာစိုးလို့ ပြောတာလား

ဒါဆို ဂေါ်ဖီလာကို ချိုးဖဲ့ ထိခိုက် မတော်မတရား စွပ်စွဲတာတွေ မပြောရဘူးလေ

အဲဒီလိုပြောနေတဲ့သူဟာ ဘယ်လိုစေတနာမျိုးနဲ့ပြောနေတာလဲ ဘာရည်ရွယ်ချက်နဲ့လဲ
အရှင်းကြီးပဲနော်

ပေါ်လစီတစ်ခုကို ဝေဘန်တဲ့နေရာမှာ လွတ်လပ်စွာငြင်းခုံနိုင်ပါတယ် ၊
ကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ထပ်တူမကျနိုင်ပါဘူး

စည်းလုံးညီညွတ်ရေးဆိုတာ ဦးတည်ချက်ရှိရမယ် အသုံးတည့်ရမယ်

ခေါက်ဆွဲစားတဲ့နေရာမှာ တူ ဟာ အရမ်းအသုံးတည့်ပါတယ်

တူနှစ်ချောင်း ထပ်တူကျရမယ် စည်းလုံးညီညွတ်ရမယ်

တစ်ချောင်းတည်းဆို အသုံးမ၀င်ဘူး ၊ နှစ်ချောင်းရှိရင်လုံလောက်ပြီ

သုံးချောင်းရှိနေတာကို စည်းလုံးညီညွတ်တယ် ခေါ်မလား ၊ အပိုဖြစ်နေ မလား ၊
စဉ်းစားကြပေါ့

ဇွန်း နဲ့ ခက်ယင်းဟာ ထပ်တူမကျဖူးနော် ဒါပေမယ့် အရမ်းအသုံးတည့်တာပဲလေ

ဇွန်း နဲ့ ခက်ယင်း ရှိရင်ပြည့်စုံပြီလား အခြားမလိုတော့ဘူးလား

ပုံစံတူ အရွယ်တူ ဇွန်း ခက်ယင်းတာ မလို တာ အခြား ဒါးတွေ
အခြားပုံစံဇွန်းတွေ အများကြီး ရှိရင် ပိုကောင်းတာပေါ့

ကိုယ်ရင်ဆိုင်နေရတဲ့ ကေ့စ်ဟာ ဘယ်လိုမျိုးလဲ သေချာသိရပါမယ်

တူပုံစံမျိုး ဖြေရှင်းရမှာလား ဇွန်းခက်ယင်းပုံစံမျိုးနဲ့ ဖြေရှင်းရမှာလား
သွားကြားထိုးတံ ပုံစံမျိုးနဲ့ ဖြေရှင်းရမှာလား

သတိထားကြပါ ၊ အသိဥာဏ် ရှေ့သွား အသိဥာဏ်ဦးစီးကြပါ

မထင်မှတ်တဲ့ သပ်လျှိုသွေးခွဲ ဖို့ အစီအစဉ်တွေ နေရာတိုင်းမှာ အသင့်ရှိနေပါတယ်

သမိုင်းမှာ ကိုယ့်ကြောင့် ဘေးထွက်ဆိုးကြိုး ဖြစ်မသွားပါစေနဲ့

လုပ်အားလိုတဲ့နေရာမှာ လုပ်အားနဲ့ဖြေရှင်းပါ

အသိဥာဏ်လိုတဲ့နေရာမှာ အသိဥာဏ်နဲ့ဖြေရှင်းကြပါ

တိုင်းပြည်က တရုတ်ကျွန်ဖြစ်တော့မယ် ၊ ဂျောက်ထဲကျဖို့ လက်တစ်လုံးပဲလိုတော့တာ

အားလုံးပါဝင်ဖို့လိုပါတယ်

နှစ်နှစ်ဆယ်ကျော်ပါပြီ

သေနတ်ကိုင်ထားတဲ့ စစ်သားတွေဆီသွားပြီး

အမှန်ကိုရှင်းပြ နားလည်အောင်ဝေဘန် တိုင်းပြည်ကောင်းတဲ့ဘက်ရောက်အောင်တိုက်တွန်း

စစ်သားတွေအားလုံး အသိဥာဏ်ရှိလာအောင် အသုံကျတဲ့ သတ္တိရှိလာအောင်
ကူညီဆောင်ရွက်ဖို့လိုနေပါတယ်

အောက်ခြေက စစ်သားမိသားစုတွေရဲ့ ဘ၀ကို တစ်ခေါက်လောက် သွားကြည့်ကြပါအုံး

စစ်တပ်ကို အသုံးချခံဘ၀က လွတ်မြောက်အောင် ၀ိုင်းလုပ်ကြဖို့ မလိုဘူးလား

တက်တွေ့ စပြီးလုပ်လို့ရတဲ့ လမ်းကြောင်းတွေ ချပြဖို့ မလိုဘူးလား

မျက်စိမလည်ကြပါနဲ့

သွေးခွဲသပ်လျှိုတာ ဂရုပြုကြပါRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ခရမ်းမြို့ က မေတ္တာရှင်မလေး


အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။

ခရမ်းမြို့နယ် NLD လူငယ်အဖွဲ့ဝင် မသင်းသင်းယု ဟာ အမေစုရဲ့ ဆင်းရဲ နွမ်းပါးသော ကလေးများ ပညာရေး ဖွံဖြိုးမှု အစီအစဉ်ကို ၀ိုင်ဝန်း အကောင်အထည် ဖေါ်တဲ့ အနေနဲ့ ဆရာတော် ဦးကောသလ္လ နှင့် ခရမ်းမြို့နယ် NLD လူကြီးများ ၀ိုင်းဝန်း ကူညီမူနဲ့ သူမရဲ့ အိမ်ကလေးမှာ ကလေးငယ် (၇၄) ယောက်ကို အခမဲ့ ပညာ သင်ကြား နေပါတယ်။ မွန်မြတ်တဲ့ သူမရဲ့ စေတနာနဲ့ အမေစုရဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖေါ်တဲ့ အနေဖြင့် အမေ့ အရိပ်( အခမဲ့) ပညာဒါန ကျောင်းဆိုင်းဘုတ် တင်ပွဲ နဲ့ အလှူငွေ ပေးအပ်ပွဲကို (၁၁.၉.၁၁)နေ့ ခရမ်းမြို့နယ်( ၁၀) ရပ်ကွက်က သူမရဲ့ နေအိမ်မှာ NLD ဖွဲ့ချုပ်ရဲ့ ဦးဆောင်မူနဲ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

NLD အဖွဲ့ချုပ်မှ ဆရာ ဦအောင်ကြည်ညွန့် တက်ရောက်ပြီး ဖွင့်လှစ် ပေးခဲ့ပါတယ်။ အမေ့အိမ်( လှိုင်သာယာ ) ပညာ ဒါနကျောင်းမှ အလှူငွေ ၁၀၀၀၀၀ိ/ တစ်သိန်းကျပ် နှင့် ကျောင်းဆိုင်းဘုတ် နှစ်ခု၊ အခြား အလှူရှင် သုံးဦးမှ စုစုပေါင်း အလှူငွေ ၄၆၀၀၀ိ/ ကျပ် ကို ခရမ်းမြို့ အမေ့ အရိပ်(အခမဲ့) ပညာဒါန ကျောင်းလေးကို ပေးအပ် လှူဒါန်း ခဲ့ကြပါတယ်။

အမေစုရဲ့ ဆင်းရဲ နွမ်းပါးသောကလေးများ ပညာရေးဖွံဖြိုးမူအစီအစဉ်ကို အားလုံး သာဓု ခေါ်နိုင်ရန် တင်ပြ လိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ် (၀၉ ၅၁၆၂၀၆၀)
အမေအိမ် ပညာရေး ကော်မတီ

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, September 11, 2011

လူပါးလေးသိန်းစိန် ဘာလုပ်နေသလဲ

ပေးပို့ သူ အိမ်မက်မဟုတ်ပါ
လူပါးလေးသိန်းစိန်တစ်ယောက် ဘာတွေများလုပ်နေပါလိမ့်

အတော် အကြံ အိုက်နေပုံပဲ

ဟုတ်တာပေါ့ သူ့အနေအထားက ဒီပဲရင်းအရေးအခင်းအပြီး ၀န်းကြီးချုပ်ဖြစ်လာတဲ့
မောင်ခင်ညွန့်နဲ့ အတော်ဆင်နေတာကိုး

မောင်ခင်ညွန့် တဖွဲ့လုံး ဖြုတ်ထုတ်သတ် ခံလိုက်ရတယ်လေ

ဒီပဲရင်းကိစ္စအပြီးမှာ ဘိုခင်ညွန့်က ၀န်ကြီးချုပ်ဆိုတဲ့ ရာထူးနဲ့
လမ်းပြမြေပုံ ခုနစ်ဆင့်ဆိုတာနဲ့ နအဖ ကိုယ်စား စင်ပေါ်တက်လာတယ်

အာဆီရန် တရုတ် အန္ဒိယ အစရှိတဲ့ နိုင်ငံ တကာ မျက်နှာစာ မှာ ၀င်ရောက်လှုပ်ရှားတယ်

ရည်ရွယ်ချက်က မအောင်မြင်လိုက်တဲ့ ဒီပဲရင်းလုပ်ကြံမှု ကိုဖုံးကွယ် ဖျောက်ဖျက်ဖို့ နဲ့

အာဏာရူး နအဖ သက်တမ်းရှည်ဖို့ (လျှို့ဝှက်စီမံကိန်းတွေ နေပြည်တော်
ဥမင်လှိုင်ခေါင်းတွေ လက်နှက်စက်ရုံတွေ နူကလီးယားနဲ့ ဓါတုလက်နက်စက်ရုံတွေ
အဲဒါတွေ တိတ်တဆိတ် တည်ဆောက်ဖို့)

သန်းရွှေ ၊ မောင်အေး ၊ ခင်ညွန့် ရာသက်ပန် ဘိုချုပ်ကြီးတွေ တကြိတ်ထဲ
တဥာဏ်ထဲပါ ၊ အားလုံးရှေ့မှာ ဟန်ဆောင်ကြတယ်လေ ၊

တိုင်းပြည်တိုးတက်အောင်လည်း ဆောင်ရွက်မယ်ပေါ့ (နအဖ ခေါ်တဲ့ နွားအဖွဲ့ က
အာဏာကြိုးနီ ၊ ဦးနှောက်မရှိတဲ့အကောင်စင်ပေါ်တင် ၊ အကျင့်ပျက်ခြစား
ဒါတွေမပြင်ပဲ တိုင်းပြည်ကို ဟန်ဆောင်တည်ဆောက်တာပေါ့)

မောင်ခင်ညွန့်ကို သဘောထား ပျော့ပြောင်းသူ ၊ တိုင်းပြည်အပေါ်
စိတ်ကောင်းစေတနာကောင်းရှိသူ လို့ နိုင်ငံတကာက လက်ခံကြတယ်

ဒါနဲ့ပဲ ဘိုခင်ညွန့်တစ်ယေက် နိုင်ငံတကာ စာမျက်နှာမှာ ၀င်ဆန့်လာခဲ့တယ်

ကျန်နှစ်ယောက် (သန်းရွှေနဲ့မောင်အေး ၊ အရူးနဲ့ငမူး) ကသာ တိုင်ပြည်ကို
ဖျက်ဆီးနေတာ လို့ ပတ်ဝန်းကျင်မှာ မြင်လာကြတယ်

မောင်ခင်ညွန့်လက်ထဲမှာသာ အာဏာရှိခဲ့ရင် တိုင်းပြည် အမှန်တကယ်
ကောင်းစားမယ်လို့ အားလုံးယုံလာကြတယ်

ဒီမှာတင် မဟုတ် မမှန်တာကို ပူပေါင်းကြံစည်ခဲ့တဲ့ အဲဒီ အာဏာရူး
သုံးယောက်ဟာ အချင်းချင်းမယုံကြည် သံသယဇာတ်လမ်း စတော့တာပေါ့

နောက်ဆုံးတော့ ရာဇ၀င်မှာ စာတင်လောက်အောင် ဇာတ်တူသားစား
ဖြုတ်ထုတ်သတ်ပွဲကြီး ဖြစ်လာခဲ့တယ်

အခု လူပါလေးသိန်းစိန် ဒီနေရာယောက်နေတယ်လေ

သန်းရွှေ နဲ့ မောင်အေး စနစ်တကျ အကွက်ဖော်ထားတဲ့အထဲမှာ ဟန်ဆောင်ပြုံးပြ
ကြိုးဆွဲရာက နေရရှာတယ်

သိန်းစိန် ရွှေမန်း မင်းအောင်လှိုင် တို့က သဘောထားပျော့ပြောင်းသူ
တင်အောင်မြင့်ဦး ကျော်ဆန်း တို့က တင်းမာသူ

အောင်သောင်း မောင်သောင်းတို့က ဘေးတီးသူ အဖြစ် အားလုံးဟန်ဆောင်ပုံဖော်နေကြတယ်

ဗမာပြေကို တရုပ်ကိုလိုနီ ဇာတ်သွင်းဖို့ ၊ တရုတ်တို့ရဲ့
အခိုင်အမာစစ်စခန်းတွေ (ပိုက်လိုင်း ၊ မီးရထားလမ်း ၊ ကားလမ်း ၊
ဥမင်လှိုင်ခေါင်း ၊ ရေကာတာဆည် ၊ မြင်းခြံက တရုတ်စက်မှုဇုံလို့ အမည်ခံထားတဲ့
တရုတ် စစ်စခန်း စစ်လက်နှက်ထုတ်စက်ရုံ

အခြား တိတ်တိတ်လုပ်နေတာတွေ အများကြီးရှိသေးတယ်) အဲဒါတွေ ဒီ ၂၀၁၅
အမှီလုပ်နေကြတာတွေကို ဖုံးဖိ အာရုံလွှဲဖို့

အခု အမေစု(ဒေါ်အောင်ဆန်းစုကြည်)က အားလုံးကို လက်ခံပြီး အမြင်မတူတာတွေကို
ဘေးဖယ် အမြင်တူတာတွေကို စလုပ်မယ် လို့ပြောပြီ

အဲဒီမှာ လူပါးလေးသိန်းစိန် စပြီး အကျပ်တွေ့တော့တာပဲ

မောင်ခင်ညွန့်လို ကြားညပ်သွားနိုင်တယ် ၊ သူ့အသက်အန္တရာယ်ပါ
ထိခိုက်သွားနိုင်တယ် ၊ အဲဒီတော့ သူဘာလုပ်မလဲ

ထောက်လှမ်းရေးဟောင်းတွေကို အသာပြန်ထုတ်တယ် ၊ သူကြားမညပ်အောင် သူ
နာမည်ကောင်းနဲ့ ကျန်ခဲ့အောင် အဲဒီထောက်လှမ်းရေးဟောင်းတွေနဲ့
တီးတိုးတိုင်ပင်ပြီးပေါ့

သူ့ အထက်က သန်းရွှေခိုင်းတာတွေကို အားကြိုးမာန်တက်လုပ်နေတယ်လို့ပြရင်း
သူ့ကယ်ပေါက် ကွက်ပျောက်ကလေးတွေကိုလည်း ရှာထားတယ်ပေါ့

ရွှေမန်းရော မင်းအောင်လှိုင်ပါ လူပါးတွေ ပါးတဲ့နေရာမှာတော့ လှစ်နေတာပဲ

ဒီနေရာမှာ ငါတို့အားလုံးဘာလုပ်ကြမလဲ

အမေစုနောက်က တညီတညွတ်ထဲ တသံထဲ ရှိနေရမယ်

မျက်စိထဲမြင်ကြည့်ပါ

တိုင်းပြည်ထဲကို နိုင်ငံတကာက အဖွဲ့တွေ ခဏခဏလာမယ် နောက်ပြီး
အခြေစိုက်ရုံးတွေ လာဖွင့်မယ် ၊ အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေ ၊
သတင်းဌာနတွေ

ွှဲဒီအဖွဲ့တွေနဲ့ ပေါင်းပြီး ဝေလံသီခေါင်တဲ့နေရာတွေ အထိ ဒေသဖွံ့ဖြိုးရေကို
ဝိုင်းပြီး ဆောင်ရွက်မယ်

ဥပမာ လက်ရှိရဲအဖွဲ့ကို အင်တာပို အဖွဲ့နဲ့ပူပေါင်းလိုက်တာမျိုးပေါ့

ငါတို့ထက် ပိုပြီး စောင်ကြည့်ဖော်ထုတ်တဲ့နေရာမှာ ပိုပြီးစွမ်းတဲ့
အဲဒီအဖွဲ့တွေကို နိုင်ငံအနှံ့ခေါ်ပြီးထားလိုက်ရင် ဒီကောင်တွေရဲ့
တရုပ်ကျွန်ဇာတ်သွင်းနေတဲ့ အစီအစဉ်

ဘွားဘွားကြီးပေါ်လာပြီပေါ့ ၊ ဒီလိုနည်းနဲ့ပဲ တိုင်းပြည်ကို ကယ်တင်ဖို့ ပဲရှိတယ်

ကဲလူပါးလေး သိန်းစိန်တို့ရေ အသေအချာ နေရာရွေးတော့လေ

တိုင်ပြည်ကို ဆက်ပြီးဖျက်ဆီးမှာလား ပြည်သူ့သစ္စာခံယူမှာလားRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, September 10, 2011

မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကိစ္စ နိုင်ငံတကာခုံရုံးတွင် စစ်ဆေး

ခင်ဦးသာ Friday, 09 September 2011 14:27(ပေးပို့ သူ-ဗမာ့သွေး)

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားနေသော ပင်လယ်ပြင်ရေပိုင်နက် ပြဿနာကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွင် စက်တင်ဘာ ၈ ရက်မှ ၂၄ ရက်အထိ ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားရှိ ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် အများအပြားရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာအား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ တရားရုံး International Tribunal for Law of the Sea ( ITLOS) မှ ဖြေရှင်းပေးရန် ၂၀၀၉ ခုနှစ်က တင်ပြခဲ့ကြသည်။

ကြားနာ စစ်ဆေးမှုတွင် အကျိုးဆောင်ပေးနိုင်ရန် နှစ်နိုင်ငံ စလုံးဘက်မှ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများကို ခေါ်ယူထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်အား စက်တင်ဘာ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကြားနာ၍ မြန်မာနိုင်ငံဘက်ကို ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကြားနာမည်ဟု သိရသည်။ ထိုကိစ္စကို ၂၀၁၂ နှစ်ဆန်းပိုင်းတွင် အဆုံးအဖြတ် ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ရေကြောင်းပညာကျွမ်းကျင်သူ ပါမောက္ခ Bernard H.Oxman ကတင်ပြမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ဂါနာနိုင်ငံမှ Thomas Mensah တို့က တင်ပြကြမည်ဖြစ်ကာ တရားရုံး၏ သဘာပတိအဖြစ် တရားသူကြီး Jesus ဆောင်ရွက်မည် ဖြစ်သည်။

ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံသို့ တင်ပြခြင်းမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများက ဆိုသည်။

မြန်မာနိုင်ငံဘက်က ရေပိုင်နက် ဧရိယာကို အညီအမျှ ခွဲဝေပိုင်ဆိုင်လိုသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကမူ နိုင်ငံတွင်း ရှိသည့် လူဦးရေနှင့် စီးပွားရေးအခြေအနေ အပေါ်မူတည်၍ ရေပိုင်နက်အတွင်းရှိ သယံဇာတကို အချိုးကျ ရလိုကြောင်း တောင်းဆိုရာမှ ဖြေရှင်းမရ ဖြစ်ခဲ့ကြသည်။

လူဦးရေ အချိုးကျအတိုင်း ဆုံးဖြတ်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် သန်း ၅၀ ကျော်သာ ရှိသောကြောင့် အချိုးကျ ခွဲယူရမည့် ကိစ္စကို မကျေနပ်ရာမှ စတင်၍ ပြဿနာကြီးထွားခဲ့ကြသည်။

၎င်းရေပိုင်နက် အငြင်းပွားရာနေရာ၌ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာဘက်က သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ခဲ့ပြီး ၎င်းနောက် အပြန်အလှန် ရေတပ်စစ်သင်္ဘောများ စေလွှတ်ရာမှ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။

အငြင်းပွားမှုဖြစ်ပွားပြီးနောက် နယ်စပ်တလျှောက်၌ နှစ်နိုင်ငံ စစ်တပ်များက လုံခြုံရေး တင်းကျပ်စွာ ချထားပြီး နယ်စပ် တလျှောက်၌ သံဆူးကြိုးများ ကာရံထားသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဘီးလင်းချောင်း ရေကာတာ စီမံကိန်းတွင် ကျေးရွာ ၂၀ရွာ ရေလွှမ်းမိုးခံရမည်

သောကြာနေ့၊ စက်တင်ဘာလ 09 ရက် 2011 ခုနှစ် စောသိန်းမြင့် သတင်း - ကေအိုင်စီ(ပေးပို့ သူ-ဗမာ့သွေး)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိဘီးလင်းချောင်း တွင် မြန်မာအစိုးရ၊ တရုတ်၊မြောက်ကိုရီးယား အစိုးရတို့ ပူးပေါင်း တည် ဆောက်မည့်ရေကာ တာစီမံကိန်းတွင် ချောင်းအထက်ပိုင်းရှိ ကျေးရွာ ၂၀ရွာ ရေလွှမ်းမိုးခြင်းခံရမည်ဟုကရင်လူ့အခွင့် အရေး အဖွဲ့ KHRG က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၁)နယ်မြေ၊ သံတောင်ဧရိယာရှိ ဆံတော်ဘုရားတွင် တည်ဆောက်မည့် အဆိုပါ ရေကာတာကို ယခုနှစ် ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလက မြန်မာအစိုးရနှင့် တရုတ်၊ မြောက်ကိုရီးယား အစိုးရတို့ ရေကာတာ တည်ဆောက်မှုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးယခုအချိန် တွင် ရေကာတာတည်ဆောက်မည့် တရုတ်နှင့် မြောက်ကိုရီး ယားမှ အင်ဂျင်နီယာများက တိုင်းတာမှုများ လုပ်ဆောင်နေပြီဟု KHRG က ပြောသည်။

KHRG ၏ ကွင်းဆင်းတာဝန်ခံ စောအဲလ်ဘတ်က “အခု တရုတ်နဲ့ မြောက်ကိုရီးယားတို့ကရေကာတာ တည်ဆောက်မယ့်နေ ရာကို တိုင်းတာမှုတွေ လုပ်ဆောင်တယ်။ မြေအနေအထားနဲ့ ရေအနေအထားတွေ လာတိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်။ တည် ဆောက်မှုအပိုင်းကိုတော့ မြောက်ကိုရီးယားနဲ့ တရုတ်က တာဝန်ယူမယ်။ လုံခြုံရေးဘက်မှာ မြန်မာအစိုးရက တာဝန်ယူမယ်လို့ သိရတယ်။”ဟု ဆိုသည်။

ဘီးလင်းချောင်းသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကိုဖြတ်သန်းစီး ဆင်းနေပြီး ၎င်းရေကာ တာ တည်ဆောက်မှုပြီးစီးပါက ဘီးလင်းချောင်းအထက်ပိုင်းမှ ချောင်းရေမှာ မိုင် ၅၀ခန့် ရေမြင့်တက်သွားမည်ဖြစ်၍ ဖာပွန်မြို့ နယ်၏ ထက်ဝက်ကျော် ရေလွှမ်းမိုးခံရမည်ဟု KHRG က ထောက်ပြပြောဆိုသည်။

ထိုရေကာတာမှ ရေအားလျှပ်စစ် မီကာဝပ် မည်မျှရရှိမည်ကို မသိရသေးသော်လည်း ၎င်းရေကာတာကြောင့် ဖာပွန်မြို့နယ်ရှိ ကျေးရွာ ၂၀ရွာမှ ဒေသခံပြည်သူများ ရွှေ့ပြောင်းမှုခံရမည့်အပြင် လယ်၊ မြေ၊ ခြံ၊ သစ်ပင်၊ ၀ါးပင် မြောက်များစွာ ပျက်စီးသွား မည်ဖြစ်သလို ကျွဲ၊ နွားများနှင့် တောရိုင်းတိရိစ္ဆာန်မျိုးစိတ် မြောက်များစွာ သေကြေပျက်စီးကြလိမ့်မည်ဟု KHRG က ပြော သည်။

၎င်းအပြင် ထိုရေကာတာ တည်ဆောက်မည့် စီမံကိန်း၏ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးနှင့်ပတ်သက်၍ အစိုးရဘက်မှ ဒေသခံ ရွာသူရွာသားများကို အသိပေးအကြောင်းကြားခြင်း တစုံတရာ မရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံရွာသားတဦးက ပြောသည်။

သူက “ချောင်းကမ်းနားမှာ တိုင် ၂ခု စိုက်ထူထားတာတော့ တွေ့တယ်။ ဘာလုပ်မလဲတော့ ကျနော်တို့လည်း မသိဘူး။ ရေကာ တာ တည်ဆောက်မယ်လို့ ပြောသံတော့ ကြားတယ်။ စိုးရိမ်တော့ စိုးရိမ်တယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ဘယ်သူမှ မသိဘူး။ ကျနော် အပါအ၀င်ပဲ။”ဟု ကေအိုင်စီကို ပြောသည်။

ထို့ကြောင့် ရေလွမ်းမိုးခံရမည့် အဆိုပါ ရွာ ၂၀ကျော်မှ ရွာသားများသည် ရေလွှမ်းမိုးဒဏ် ဆိုးရွားစွာ ကြုံ တွေ့ရမည်ကို ကြို တွက်ထားသောကြောင့် ယခုအချိန်တွင် ၎င်းတို့ပိုင်ဆိုင်သည့် လယ်၊ မြေ၊ ခြံများကို ရောင်းချနေမှုများ လုပ်ဆောင်နေကြ ကြောင်းလည်း အဆိုပါ ရွာသားက ပြောသည်။

“ဒီရေကာတာ တည်ဆောက်ရင်တော့ ကျနော်တို့ အကုန်လုံး ပြေးရမှာပဲဆိုတော့ ဘယ်သူမှ အလိုမရှိကြဘူး။ တချို့ရွာသား တွေက ရေကာတာ တည်ဆောက်လို့ရှိရင် လယ်၊ မြေတွေ ဆုံးရှုံးမယ့်အတူတူ အခု သူတို့ ပိုင်ဆိုင်မှုတွေကို ခုကတည်းက ကြို ရောင်းပစ်လိုက်တာတွေလည်း ရှိတယ်။”ဟု ပြောသည်။

ထိုရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၁ခုနှစ် ဇွန်လ ၁ရက်နေ့တွင် စတင်တည်ဆောက်မည်ဟု စီစဉ်ထားသော် လည်း ဖြစ်မလာသည့်အတွက် လာမည့် ၂၀၁၂ခုနှစ်တွင် အသေအချာ ပြန်လည်စတင်မည် ဖြစ်ပြီး လုံခြုံရေးကို အစိုးရစစ် တပ် တပ်မ(၁၁)နှင့် (၄၄)တို့က တာဝန်ယူရန် စီစဉ်ထားပြီးဖြစ်သည်ဟု KHRG က ပြောသည်။

မြန်မာအစိုးရသည် ထိုင်းနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်း၍ ကရင်ပြည်နယ်ရှိ ကေအဲန်ယူ သတ်မှတ်နယ်မြေ ခရိုင် (၇)ခုတွင် တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ရေကာတာအားလုံး စုစုပေါင်း (၇ခုရှိပြီဖြစ်သော် လည်း ယခု ရေကာတာနှင့် ပတ်သက် ၍မူ မသိရှိရသေးကြောင်း ကရင်မြစ်ချောင်းများစောင့်ကြည့်ရေး အဖွဲ့(KRW)က ပြောသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်တွေတွင် သံဃာ့တော် အပါး ၃၀၀ ခန့် မေတ္တာသုတ်များ ရွတ်ဆိုပြီး ဦးဥတ္တမ ရုပ်ထုသို့ ချီတက် ဂါရ၀ပြု

News Date:9/9/2011 နိရဉ္စရာသတင်းဌာန (ပေးပို့ သူ-ဗမာ့သွေး)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃာ့တော် အပါး ၃၀၀ ခန့်က မေတ္တာသုတ်များ ရွှတ်ဆိုကာ ဆရာတော် ဦးဥတ္တမ ပန်းခြံသို့ ချီတက်ကာ ဆရာတော် ရုပ်ထု အား ဂါရ၀ပြုခဲ့ကြသည်ဟု သိရသည်။ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။

" နံနက် ၁၀ နာရီလောက်မှာ ရဟန်းတော် ၃၀၀ ခန့်က သပိတ်တွေကိုင်ဆောင်ပြီး ဆရာတော် ဦးဥတ္တမ ပန်းခြံထဲကို ချီတက်လာပါတယ်။ ပီးရင် ဆရာတော် ဦးဥတ္တမ ရုပ်ထုရှေ့မှာ စီတန်းပြီး ဂါရ၀ပြုပြီး ယူဆောင်လာတဲ့ ပန်းတွေ၊ ပန်းခွေတွေကို ချကြပါတယ်။" ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမ ရုပ်ထုရှေ့တွင် ရဟန်းတော်များက မိန်းခွန်းအနည်းငယ် ပြောကြားခဲ့ကြသည်ဟု သူက ပြောသည်။

" မိန်းခွန်းပြောပြီးတော့ ၁၁ နာရီခန့်မှာ ရဟန်းတော်တွေ လူစုခွဲပြီး ပြန်သွားကြပါတယ်။ ကိုယ်ကျောင်းတိုက်ကို ကိုယ်ပြန်သွားကြတယ်ထင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ရဟန်းတော်များ လာရောက်ပန်းခွေလာချပြီးနောက် ယခုအခါ ဦးဥတ္တမ ပန်းခြံတွင် စရဖနှင့် ရဲသားများကို အပြည့်ချထားလိုက်သည်ဟု မျက်မြင်များက ပြောသည်။

နောက်ထပ် ဒေသခံ တစ်ဦးကလည်း ဦးဥတ္တမ ပန်းခြံ အနီးတ၀ိုက်တွင် လုံခြုံရေး အထူး တင်းကျပ်ထားခြင်းကို ယခုလို ပြောသည်။

" ဦးဥတ္တမ ပန်းခြံမှာ စရဖတွေ၊ ရဲတွေ အပြည့်ဘဲ။ လုံထိန်းတွေလည်း ရောက်နေတယ်။ ရဟန်းတော်တွေ လာပီးတဲ့ နောက်ပိုင်းမှာ လုံခြုံရေးက အပြည့်ဘဲ" ဟု ပြောသည်။

ညနေပိုင်းတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဆရာတော် ဦးဥတ္တမရုပ်ထုရှေ့တွင် ပန်းခွေချ ဆီးမီး ပူဇော်မည့် အစီအစဉ် ရှိနေပြီး ယနေ့ စစ်တွေမြို့တွင် ဖြစ်ပေါ်နေသော အခြေအနေကို လူများ အထူး စိတ်ဝင်စားနေကြသည်ဟု သိရသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သတင်းထောက်လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို

ဘစောတင် Friday, 09 September 2011 14:31 (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသော ရုပ်မြင်သံကြား သတင်းထောက် ၁၇ ဦး နှင့် နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုသော ဆန္ဒပြပွဲတရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲကို ဒီမိုကရက်တစ် မြန်မာ့အသံ၏ ရုပ်သံ သတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့ (Free Burma VJ) က စီစဉ်ခဲ့ခြင်း ဖြစ်သည်။

"မြန်မာပြည်က အစိုးရဟာ သတင်းထောက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ပြီး ချုပ်နှောင်ထားတာဟာ လုံးဝ တရားမျှတမှု မရှိဘူး။ ဒါကြောင့် ကျမတို့က ခုလို မြန်မာ သံရုံးရှေ့မှာ လာရောက် စုရုံးပြီး ဆန္ဒပြတာ ဖြစ်ပါတယ်" ဟု Free Burma VJ မှ တာဝန်ခံတဦးဖြစ်သူ Ms. Geraldine May က ပြောသည်။

"ကျမတို့တောင်းဆိုချက်ကိုလည်း မြန်မာသံရုံးကနေ တဆင့် မြန်မာအစိုးရဆီကို ပို့သွားမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ဆန္ဒပြသူများသည် သတင်းထောက် မလှလှဝင်း၊ လူရွှင်တော် ဇာဂနာတို့၏ ပုံများကို မျက်နှာတွင် တပ်ဆင်ထားကြသည်။

တခြား သတင်းသမားများ ဖြစ်သည့် ကိုဝင်းမော်၊ ကိုမောင်မောင်ဇေယျ၊ ကိုငွေစိုးလင်း၊ ကိုစည်သူဇေယျ တို့၏ ပုံများကိုလည်း ကိုင်ဆောင်ထားကြသည်။

ဒီမိုကရက်တစ် မြန်မာ့အသံမှ ရုပ်သံ သတင်းထောက် ၁၇ ဦးသည် မြန်မာပြည် အခြေအနေများ၊ ရွှေဝါရောင် တော်လှန်ရေးကာလက ဖြစ်ရပ်များကို သတင်းပို့ခဲ့သူများ ဖြစ်သည်။

ထိုပုဂ္ဂိုလ်များ လွတ်မြောက်ရေး လှုံ့ဆော်နေသော Free Burma VJ က သတင်းသမား ၅ ဦး၏ အမည်နှင့်ဓာတ်ပုံများကိုသာ ထုတ်ပြန်ထားသည်။ အကျဉ်းချခံထားရသော တခြား ၁၂ ဦး နှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့၏ ဆက်နွယ်မှုကို အစိုးရက မသိသဖြင့် ၎င်းတို့၏ အမည်များကို ထုတ်ပြန်ခြင်းမရှိဟု ဆိုသည်။

အစိုးရသစ်လက်ထက်တွင် သတင်းသမား အများအပြား အကျဉ်းချခံနေရဆဲ ဖြစ်သည်ကို ကမ္ဘာက သိစေချင်သည်ဟု သံရုံးရှေ့မှ ဆန္ဒပြသူတဦးက ပြောသည်။

"မြန်မာနိုင်ငံမှာ ဒိမိုကရေစီ ရှိနေပြီလို့ ကမ္ဘာကို အသံကောင်းဟစ်ပြီး ပြောနေတယ်။ ဒါပေမဲ့ လူတွေကို အမှန်တရားတွေ သိအောင် လုပ်နေကြတဲ့ သတင်းထောက်တွေကို ထောင်ချနေတယ်" ဟု ကိုအဘူကလန်က ပြောသည်။

ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် နိုင်ငံတကာ မြို့ကြီးတချို့ရှိ Free Burma VJ အဖွဲ့နှင့် ဆက်သွယ်လုပ်ကိုင်နေသူများက မြန်မာသံရုံးများသို့ သွားရောက်ပြီး ဆန္ဒပြတောင်းဆိုကြမည်ဟု သိရသည်။ မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ၀န်းကျင် ရှိနေသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တာချီလိတ် မြို့နယ်အတွင်း မူးယစ်ဆေး စက်ရုံ သိမ်းဆည်းမိ

သောကြာနေ့၊ စက်တင်ဘာလ 09 ရက် 2011 ခုနှစ် ဇော်ကြီး သတင်း - သတင်းနှင့်မီဒီယာကွန်ယက် (ပေးပို့ သူ-ဗမာ့သွေး)
ရှမ်းပြည်နယ် အရှေ့ခြမ်း တာချီလိတ်မြို့တွင် ရာဘခေါ် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများ၊စက်ကရိယာ များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ညဦးပိုင်းက မိုင်းဖုန်းကျေးရွာအုပ်စု ပါခုတ် ကျေးရွာဖက်မှ တာချီလိတ်မြို့သို့ မောင်းနှင် လာသည့် ကားနှစ်စီးပေါ်တွင် ရာဘ ခေါ် မူးယစ်ဆေးဝါး တစ်သိန်းကျော်နှင့် ထိုင်းဘတ်ငွေများ ဖမ်းမိခဲ့သည်ဟု သိရကြောင်း တာချီလိတ်မြို့ခံ ကားသမား တဦးက ယခုလိုပြောသည်။

“ဝှေလေလန် ဂိတ်မယ် ဖမ်းမိတာပေါ့ဗျာ။ အဲဒီမှာ မိတော့ သူတို့ လုပ်တဲ့နေရာကို ကွင်းဆက်နဲ့ လိုက်တော့ အဲ့ဒီမှာ ဆက်မိတယ်လို့ ပြောတယ်။ ထိုင်းငွေတော်တော် များများလည်း မိတယ်တဲ့။”

ဖမ်းဆီးခံရသည့် အိုက်ဆတ်၊ အောင်ရင်နှင့် စိုင်းဖူးတို့ သုံးဦးအား အာဏာပိုင်အဖွဲ့မှ စစ်ဆေးခဲ့ပြီး တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်နေ ပိုင်ရှင်ဖြစ်သူ အိုက်ဆတ်၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများနှင့် ရာဘ ချက်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးဝါးများ၊ထုတ်လုပ်သည့်ကရိယာ များ၊ လက်နက် ခဲယမ်းအချို့နှင့် စက်ရုံ တခုလုံးကို သိမ်းဆည်း မိခဲ့သည် ဟု အာဏာပိုင်နှင့် နီးစပ်သူ တဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အခြား တာချီလိတ်မြို့ခံ တဦးကလည်း “ဆန်ဆိုင်း(ခ) ထွန်းလင်းရောင်လမ်းထဲ က သုံးလမ်းမြောက်မှာရှိတဲ့အိမ်ပေါ့။ အိမ်မှာ ဘတ်စကက် ဘောကွင်း လေးတွေ လုပ်ထားတဲ့ “၀”အိမ်လို့ ပြောတယ်။ ကားနဲ့ ဆိုင်ကယ် တွေလည်း မိတယ်တဲ့။ ဆယ်စီးကျော် တယ်လို့ ပြောတာပဲဗျ။ အားလုံး ရဲစခန်းမှာ သိမ်းထားတယ်တဲ့။” ဟု ပြောသည်။

နောက်ဆက်တွဲ စုံစမ်းချက်အရ ပိုင်ရှင်ဖြစ်သူ အိုက်ဆတ်၏ တောင်ယာ ခြံဝင်းအတွင်းနှင့် ၎င်း၏ ညီဖြစ်သူ အိုက်ကျုံး၏ မိုင်းဖုန်း(ခ) ရပ်ကွက် နေအိမ်များသို့ ဆက်လက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လက်နက် ခဲယမ်းများပါ သိမ်းဆည်းမိခဲ့သည်ဟု
သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ သို့သော် အမည် မဖော်လိုသည့် ရဲအရာရှိ တဦးကမူ “ဖမ်းတာတော့ ဖမ်းတယ်ဗျ။ ဒါပေမယ့် ကျနော်တို့လည်း အတိအကျတော့ မသိရသေးဘူး။ သေခြာသိချင်ရင် မူးယစ်ကို စုံစမ်းကြည့်ပါ။” ဟု ပြောသည်။

အတည်ပြု၍ မရသေးသည့် သတင်းများအရ ယင်းဖမ်းဆီးမှုကြောင့် ထိုင်းဘတ်ငွေ သိန်း (၂၅၀) ကျော် အပါအ၀င် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း ကာလတန်ဖိုး မြန်မာကျပ်ငွေသိန်းလေးရာ ကျော် ရှိသည်ဟုသိရသည်။

ထိုင်းနှင့် မြန်မာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် လွန်ခဲ့သည့် သြဂုတ်လက နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၀၁၁ ခုနှစ် အတွင်း မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထိန်းချုပ်မှု အလွန်နည်းပါးနေပြီး မူးယစ် ဆေးဝါးမှောင် ခို ရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ ပျက်ကွက်သည့် နိုင်ငံ(၃)နိုင်ငံတွင် ပါဝင်သည်ဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောဆိုခဲ့ကြောင်း လွန်ခဲ့သည့် မတ်လထုတ် ဗွီအိုအေ သတင်း တပုဒ်က ဖော်ပြပါရှိသည်


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */