“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, March 28, 2010

(ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏သဘောထားကြေညာချက်

စစ်အာဏာရှင်တို့၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်းမှစ၍ ထွက်လာသမျှ ဥပဒေ၊ နည်းဥပဒေများသည် စစ်ဝါဒီတို့၏ တစ်ဖက်သတ် ထင်ရာစိုင်း ရေှးဆွဲထားကြောင်း ထင်ထင်ရှားရှား ပေါ်လွင်နေသည်ကို ကမ္ဘာကပင် သိရှိနေခဲ့ကြပေပြီ။

ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင်ပင် ____

၁။ ပြစ်ဒဏ်ကျခံနေရသူများကို ပါတီဝင်အဖြစ်မထားရခြင်း။

၂။ မှတ်ပုံတင်ခွင့် လျှောက်ထားသူ (၁၅) ဦးလုံးက၊ တစ်ဦးချင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရခြင်း။

၃။ ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃) နေရာ မဝင်မဖြစ် ဝင်ရခြင်း။

စသည့်အချက်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို မြန်မာနိုင်ငံ၏ နိုင်ငံရေး အခန်းကဏ္ဍမှ ဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားနေပေသည်။

ထိုသို့သော အခြေအနေဆိုးတွင် အဓိက နိုင်ငံရေး ဦးဆောင် ပါတီကြီးဖြစ်သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၏ အနိုင်ရ NLD ပါတီ တွင် ပါတီမှတ်ပုံတင်ရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ မလိုအပ်ဘဲ ဖြစ်ပေါ်လာသည် ကို စိတ်ပျက်ဖွယ် သိရှိလာရသည်။

NLD သည် ၁၉၉၃ ခုနှစ်မှ စတင်ခဲ့သော အခြေခံဥပဒေ ပေါ်ပေါက်ရေး အကြောင်းပြ နအဖ၏ အမျိုးသား ညီလာခံကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည်။ ထိုအကြောင်းကြောင့် NLD မှ ရွေးချယ်ခံ ကိုယ်စားလှယ်များ မတရားဖမ်းဆီး ထောင်ချခံခဲ့ရသည်။ “တွေ့ဆုံဆွေးနွေးရေး’’ ဟူသော ခေါင်းစဉ်ကို နှစ်ပေါင်းများစွာ ဝတ်ကျေ တန်းကျေ ဖက်တွယ်ထားခဲ့ပြီး ကျီးနှင့်ဖုတ်ဖုတ် NLD ဌာနချုပ် ဘဝတွင် CEC တို့သည် ခွင့်ပြုချက်ရလျှင် ကြေညာချက်ထုတ်ခြင်းမှ တပါး မည်သည့် နိုင်ငံရေး လုပ်ငန်းစဉ်မှ မချမှတ်နိုင်ခဲ့ပေ။ ပါတီတည်မြဲရေးအတွက်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းခံ ပါတီ ခေါင်းဆောင်များအား ပါတီမှ ထုတ်ပယ်ခြင်းကိုပင် အရှက်မဲ့စွာ ပြုလုပ်ခဲ့သေးသည်။ ရွှေဝါရောင် တော်လှန်ရေးတွင်လည်း NLD CEC တို့ မသိကျိုးကျွံ တာဝန်မဲ့ ပြုခဲ့ကြပြန်သည်။

၂၀၀၈ နအဖ၏ စစ်ကျွန်ဇာတ်သွင်းသည့် ဖွဲ့စည်းပုံကို တဖက်သတ် အတည်ပြုလိုက်ပြီးသောအခါ ၌လည်း “ရွှေဂုံတိုင် ကြေညာစာတမ်း” ဟု ထုတ်ပြန်ရုံသာရှိခဲ့ပြီး ၎င်းတို့၏ သတ်မှတ်ကာလကျော်လွန်သည့် တိုင်အောင် တိကျသော နိုင်ငံရေးလမ်းစဉ်ဖြင့် မတုန့်ပြန်နိုင်ခဲ့ချေ။

၁၉၈၈(၈၈၈၈) အရေးတော်ပုံသည် ရဟန်းရှင်လူ၊ ကျောင်းးသား၊ ပြည်သူတို့၏ အသက်ပေါင်းများစွာ စတေးခဲ့ရပြီးမှ မဆလ တပါတီအာဏာရှင်တို့ ကျဆုံးခဲ့ရသော ပြည်သူ့အောင်ပွဲတရပ်ဖြစ်သည်။ ထိုအောင်ပွဲ၏ အသီးအပွင့်အဖြစ် ပေါ်ထွက်လာခဲ့သော နိုင်ငံရေးပါတီများထဲမှ-လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် ဦးဆောင်သော NLD ပါတီကို ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ပြတ်ပြတ်သား ရွေးချယ်မဲဆန္ဒပေးခဲ့ဖြင့် အနိုင်ရပါတီအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ထို့ကြောင့် ပြည်သူလူထု၏ ဆန္ဒကို အဓိကထားရပေမည်။ ၈၈၈၈ အရေးတော်ပုံစိတ်ဓာတ်ကို မျက်ကွယ်မ်ပြုသင့်ပါ။

ရွေးကောက်ပွဲ ဟူသော အသံကြားရုံဖြင့် အာသာငမ်းငမ်းဖြစ်ကာ ဆင်ခြင်တုံတရားမဲ့ နေကြသည့် အချောင်သမား၊ အာဏာရူးများနှင့်တန်းတူ NLD- CEC များ မဖြစ်သင့်ပါ။ မိမိ၏ ရပ်တည်ချက်ကို သေချာစွာ ကိုင်စွဲထားသင့်ပါသည်။ ၁၉၉၀- ပြည်သူ့ဆန္ဒကို လျစ်လျူရှုရန် မကြံစည်သင့်ပါ။ ပါတီ ဆက်လက်ရပ်တည်နိုင်ရေး ဟူ၍ လည်းကောင်း၊ ဥပဒေတွင်းတိုက်ပွဲ တိုက်ရန်ဟူ၍လည်းကောင်း၊ မိမိတို့၏ အချောင်သမားစိတ်၊ အာဏာရူးစိတ်ကို မဖုံးကွယ်ပါနှင့်။ ၁၉၈၉-၁၉၉၀ ဝန်းကျင်ကတည်းက ဥပဒေတွင်းတိုက်ပွဲတိုက်ရန်ဟူ၍ ပါတီဖွဲ့ခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်အထိ မည်သည့် ဥပဒေတွင်း တိုက်ပွဲကိုမှ NLD - CEC တို့ မတိုက်နိုင်ခဲ့ပါ။

ရန်သူလက်တွင်း၌ မတရားချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကပင် မတရား ထုတ်ပြန်ခဲ့သည့် ဥပဒေများဖြစ်ခြင်းကြောင့် ပါတီမှတ်ပုံတင်ရန် သဘောမတူကြောင်း အတိအလင်း ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

တဖန် NLD ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အုပ်စုက အညှိုးကြီးစွာနှစ်ရှည်ထောင်ဒဏ်ချခံခဲ့ရသော ဒီမိုကရေစီရေးနှင့် ပြည်သူအပေါ်သစ္စာရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်က_ “ပါတီမရှိလည်းနိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်၊ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျွန်တော်လက်မခံနိုင်ဘူး၊” “နိုင်ငံရေှးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်၊ နိုင်ငံရေးမရှိဘဲ ပါတီရှိနေလို့ အလကားပဲ၊ ခေါင်းမရှိတဲ့လူလိုဘဲ ဖြစ်မှာဘဲ” ဟု မှန်ကန်သော အယူအဆကို ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်မည့် လမ်းကြောင်းမှန်ပေါ်သို့ တင်လိုက်ပြီဖြစ်သည်။

ဟံသာဝတီ ဦးဝင်းတင်သည် အလွန်ဆိုးရွားလှသော အင်းစိန်ထောင်ထဲတွင် မြေးအရွယ် လူငယ်များနှင့် လက်တွဲပြီး တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်သည်။ နိုင်ငံရေး စာစောင်ရအောင်ထုတ်သည်။ ထောင်တွင်းမှ နေ၍ ကုလသမဂ္ဂသို့ရောက်အောင် ‘နအဖ’၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးဆောင်ရေးသားပေးပို့ခဲ့သဖြင့် နအဖ စစ်အာဏာရှင်တို့၏ အညှိုးကြီးစွာဖြင့် ထောင်ထဲတွင် နှစ်တိုးထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

၂၀၀၉ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်ကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ပုဒ်မတပ်အရေးယူသောအခါတွင်လည်း “ပါတီဌာနချုပ်ထဲတွင် ငိုင်ပြီးငိုက်မနေဘဲ အများပြည်သူသဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသော သူမ၏ လမ်းညွှန်ချက်ကို ဦးထိပ်ထား၍ ဟံသာဝတီ ဦးဝင်းတင်သည် မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေး လက်နက်၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ရည်မှန်းချက်ပန်းတိုင်တစ်ခုတည်း ချမှတ်၊ ရှေးရှု၊ ရင်ဆိုင် ချီတက်ရေး လက်နက် ဟူသော လက်နက် သုံးရပ်ကို ကိုင်စွဲပြီးပြည်သူလူထုကြားတွင် မားမားမတ်မတ် ရပ်တည်ပြီး လူထုတိုက်ပွဲကို စိန်ခေါ်ခဲ့သူ ဖြစ်သည်။ သူသည် မည်သည့်နေရာရောက်ရောက်တော်လှန်ရေးနှင့် နိုင်ငံရေးကို သစ္စာမဖောက်သူ ဖြစ်သည်။

NLD ကို ပြည်သူ့ဘက်မှ ရပ်တည်သော ပါတီဖြစ်စေရန် ဟံသာဝတီ ဦးဝင်းတင်ကဲ့သို့သော ခေါင်းဆောင်မျိုးကို ရွေးချယ် ဝိုင်းဝန်းကြဖို့ အလုပ်နဲ့ သက်သေပြသင့်ပါပြီ။ အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ရင်းနှီးခဲ့ရသော တော်လှန်ရေး ရပ်တည်ချက်၊ ခံယူချက် အပေါ်သစ္စာရှိစွာဖြင့် နအဖ ကို ဒူးထောက်၊ မှတ်ပုံတင်သည့် အညံ့ခံ အရှုံးပေးရေးဝါဒီ အချောင်သမားများကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်သွားပြီး တော်လှန်ရေးသစ္စာဖောက်များအဖြစ်သတ်မှတ်ကြေညာ၍ သမိုင်း တရားခံအဖြစ် သတ်မှတ်သွားရမည်ဖြစ်သည်။ ဒီတပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အချောင်သမားများကို လည်းကောင်း၊ ခြစားပျက်စီးနေသော အမတ်ရူးများကို လည်းကောင်း တိုက်ထုတ်ရှင်းလင်းပစ်ရန် လိုပေသည်။

ပြည်သူ့မျက်နှာ မထောက်သူ တချို့သည် ၎င်းတို့သဘောနှင့် ၎င်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရန်၊ပါတီရပ်တည်ရေးကို အကြောင်းပြပြီး နအဖ ခိုင်းသည့်အတိုင်း လုပ်ရင်း ပါတီမှတ်ပုံတင်ရန် ကြိုးစားကြပါတော့မည်။ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ မြို့နယ်အသီးသီးရှိ NLD အစိတ်အပိုင်းအားလုံးက မြို့နယ်အလိုက် ရွေးကောက်ပွဲမဝင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု မရှိဘဲ၊ ပါတီဝင်ခွင့်မရှိကြဘဲနှင့် မည်သည့်မြို့နယ် အစိတ်အပိုင်းကမှလည်း ပါဝင်မည် မဟုတ်ကြောင်း သေချာစွာစုစည်း၍ NLD ရုံးချုပ်သို့ ၂၈.၃.၁၀ နေ့မတိုင်ခင် ဆန္ဒပြုပေးပို့ကြရန် လည်းကောင်း၊ ပြည်သူလူထုအပေါ်သစ္စာရှိစွာဖြင့် ရဲရဲဝံ့ဝံ့ရပ်တည်ကြပြီး ဒီမိုကရေစီတော်လှန်ရေး၏ သူရဲကောင်း ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံပေးကြရန် လည်းကောင်း တိုက်တွန်းလိုပါသည်။

နအဖထံတွင် ဒူးထောက်အညံ့ခံပြီး ပါတီမှတ်ပုံတင်ကြမည့် အချောင်သမားအုပ်စုကို ဝိုင်းဝန်း ဆန့်ကျင် ကြပါရန် တိုက်တွန်းလိုပါသည်။

အထူးသဖြင့် ပြည်တွင်းရှိ NLD ရဲဘော်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားနှင့် ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံရေးတွင် တခဲနက်ပူးပေါင်းပါဝင်ပေးကြပါရန် ကျွနု်ပ်တို့ အောက်ဖော်ပြပါ နိုင်ငံရေး အကျဉ်းသားများမှ မေတ္တာရပ်ခံအပ်ပါသည်။

၁။ နအဖ၏ ၂၀၁၀ စစ်ကျွန်ပြုရွေးကောက်ပွဲကို ဆန့်ကျင်ကြ။

၂။ ဒူးထောက် အညံ့ခံပါတီ မှတ်ပုံတင်မယ့် နိုင်ငံရေးအချောင်သမားများကို

တိုက်ထုတ်ကြ။

၃။ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုတိုက်ပွဲ ဖော်ထုတ်ကြ။

၎။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ထောက်ခံကြ။

၅။ ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ၊၊

“အရေးတော်ပုံအောင်ရမည်။”

၁။ ဦးဇဝန အင်းစိန်ထောင်၊သာယာဝတီ၊တောင်ငူ။ (၁၉၉၃ ~ ၂၀၀၉)

၂။ ဦးစန္ဒောဘာသ အင်းစိန်ထောင်၊သာယာဝတီ။ (၁၉၉၃ ~၂၀၀၉)

၃။ ဦးသောဘိတ အင်းစိန်ထောင်၊ တောင်ငူ။ (၂၀၀၅~၂၀၀၆)

၎။ ဦးကုသလ စစ်တွေ၊ တောင်ငူ။(၁၉၉၁~၉၅)

၅။ ဦးဝိသုဒ္ဓ သာယာဝတီ၊ စစ်တွေ။(၁၉၈၈~ ၉၇)

၆။ ဦးဥက္ကံသ အင်းစိန်ထောင်၊ (၁၉၉၀ ~ ၉၃)

၇။ ဦးအာစရ အင်းစိန်ထောင်၊ သာယာဝတီ( ၁၉၉၀~၂၀၀၆)

၈။ ကိုလွင်မြင့် အင်းစိန်ထောင်၊ သရက်(၁၉၉၀ ~ ၉၈)

၉။ ကိုကျော်စိုးဝင်း အင်းစိန်ထောင်၊(၁၉၉၃ ~ ၉၈)

၁၀။ ကိုလှသန်း အင်းစိန်ထောင်၊ သရက်(၁၉၉၀-၂၀၀၄)

၁၁။ ကိုသီဟ အင်းစိန်ထောင်၊ သရက်(၁၉၉၆ ~ ၂၀၀၄)

၁၂။ ကိုစောညီညီ စစ်တွေ၊ အင်းစိန်၊ သာယာဝတီ(၁၉၉၁ ~ ၂၀၀၂)

၁၃။ ကိုအောင်ပန် မုံရွာထောင်(၁၉၈၉)

၁၄။ ကိုအောင်မိုး ပဲခူးထောင်(၁၉၉၈ ~ ၂၀၀၄)

၁၅။ ကိုအောင်သန်း အင်းစိန်၊ သာယာဝတီ( ၁၉၉၁ ~ ၂၀၀၉)

၁၆။ ကိုမိုးမြင့် အင်းစိန်ထောင်(၁၉၇၅~ / ၁၉၈၉~၉၅)

၁၇။ ကိုအေးမင်းစိုး အင်းစိန်၊ တောင်ငူထောင်(၁၉၈၈/ ၁၉၉၀ ~၉၃ )

၁၈။ ကိုစိုးထိုက် အင်းစိန်၊ သာယာဝတီ(၁၉၉၁~ ၁၉၉၉)

၁၉။ မမိုးကလျာဦး အင်းစိန်၊ သာယာဝတီ(၁၉၉၅ ~၂၀၀၁)

၂၀။ ဦးဇော်ဝင်း အင်းစိန်၊တောင်ငူ(၁၉၉၀~၉၇)

၂၁။ ကိုထွန်းလင်းကျော် အင်းစိန် (၂၀၀၄ ~၂၀၀၇)

၂၂။ ကိုကြည်ဝင်း အင်းစိန်၊သရက်(၁၉၉၄~၂၀၀၀)

၂၃။ ကိုကျော်ကျော်လွင် ကော့သောင်းထောင်၊ မြိတ်(၂၀၀၃~၂၀၀၉)

၂၄။ မသန်းသန်းဆင့် အင်းစိန်ထောင်၊(၂၀၀၅~၂၀၀၉)

၂၅။ မအေးအေးမိုး တောင်လေးလုံး(၁၉၉၈~၂၀၀၀)

၂၆။ ကိုအောင်ခိုင် အင်းစိန်၊ပုသိမ်(၁၉၉၆~၂၀၀၃)

၂၇။ ကိုသီဟရာဇာ အင်းစိန်၊ကလေး၊တောင်ကြီး၊ (၁၉၉၁~၂၀၀၉)

၂၈။ ကိုတင့်လွင်(ခ)သိဂီင်္အောင် အင်းစိန်၊သရက်(၁၉၉၀~၁၉၉၈)

၂၉။ ဦးဝင်းမြင့် အင်းစိန်၊သာယာဝတီ(၁၉၉၆~၂၀၀၅)

၃၀။ ဦးဌေးလှိုင် အင်းစိန်၊ တောင်ငူ(၂၀၀၀~၂၀၀၅)

၃၁။ ကိုအောင်ငွေဆန်း အင်းစိန်၊မြောင်းမြ(၂၀၀၀~၂၀၀၃)

၃၂။ ကိုကျော်ကျော်ခိုင် အင်းစိန်၊မြောင်းမြ(၁၉၈၈~၂၀၀၈)

၃၃။ ကိုဇော်မိုးမြင့်(ခ)တရုတ်ကြီး အင်းစိန်၊မြောင်းမြ(၁၉၉၈~၂၀၀၂)

၃၄။ ဦးစံမြင့် မော်လမြိုင်ထောင်(၂၀၀၅~၂၀၀၈)

၃၅။ ကိုကျော်ကျော်ခိုင် အင်းစိန်၊တောင်ငူ(၁၉၉၆~၉၈)

၃၆။ မသန္တာဦး အင်းစိန်ထောင်(၁၉၉၆~၂၀၀၂)

၃၇။ မသင်းမင်းစိုး အင်းစိန်ထောင်(၂၀၀၅~၂၀၀၉)

၃၈။ ကိုနိုင်မင်းထွေး အင်းစိန်ထောင်၊ မြောင်းမြ(၁၉၉၆~၂၀၀၂)

၃၉။ ကိုစိုးလွင် မြိတ်၊ အင်းစိန်၊ မော်လမြိုင်(၁၉၉၄~၂၀၀၈)

၄၀။ ကိုရန်အောင်ရွှေ အင်းစိန်ထောင်၊ သရက်(၁၉၉၉~၂၀၀၉)

၄၁။ ဒေါက်တာထင်ဇော် မန္တလေးထောင်(၁၉၉၉~၂၀၀၄)

၄၂။ ကိုယဉ်ထွေး အင်းစိန်ထောင်၊ သာယာဝတီ(၁၉၉၁~၂၀၀၀)

၄၃။ ကိုတိုးအောင် အင်းစိန်၊ မန္တလေး(၁၉၉၅~၂၀၀၅)

၄၄။ ကိုစိုးနိုင် မန္တလေး(၁၉၈၉-၉၀/၁၉၉၁-၉၂)

၄၅။ ကိုမြတ်ထွန်း အင်းစိန်၊ မြင်းခြံ(၁၉၉၁ ~ ၂၀၀၃)

၄၆။ ကိုစိုးမြင့် ထားဝယ်ထောင်(၁၉၉၀~၉၃)

၄၇။ ကိုဌေးဇော် အင်းစိန်၊ သရက်(၂၀၀၂~၂၀၀၈)

၄၈။ ဦးစောသန်းလှ အင်းစိန်၊ သရက်(၁၉၈၃~၂၀၀၆)

၄၉။ ဦးသက်နိုင် အင်းစိန်၊ မြစ်ကြီးနား(၁၉၈၉~၉၇)

၅၀။ ကိုစန်းလွင်ဦး အင်းစိန်၊ ထားဝယ်(၂၀၀၇~၂၀၀၉)

အပြည့်အစုံသတင်းဖတ်ရန်....

ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မတော်

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

နယူးဒေလီ (မဇ္ဈိမ)
မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်။

မေး။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လားဆိုတာ တချက်လောက် ရှင်းပြပေးပါ။ တပ်မှူးဟောင်းတယောက်အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတာ သိချင်လို့ပါ။

''စပြီးတော့ ဖြစ်လာတာက ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဟိုတုန်းက တပ်တွေ ဖွဲ့ကာစကတော့ မထင်ရှားသေးဘူးပေါ့။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေးဆိုပြီးတော့ ကျင်းပလာတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်းရေးနေ့ တပ်တွေထွက်တဲ့ အသွင်သဏ္ဍာန်ကို ဆောင်ပြီးတော့ကာ၊ မီးဒုတ်တွေဘာတွေနဲ့ စစ်ကြောင်းတွေက လှည့်ပြီးတော့ကာ ရွှေတိဂုံ အနောက်ဘက်မှာ ရှိတဲ့ ကျူးကျော်အိမ်တွေကို ဖျက်ပြီးတော့၊ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က အဲဒီနေရာကို ရှင်းပြီးတော့ အဲဒီနေရာကို တော်လှန်ရေးပန်းခြံဆိုပြီး လုပ်တယ်။ ဟိုတုန်းက တော်လှန်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြီးတဲ့နောက်၊ အဲဒီကနေပြီးတော့ စပြီးချီတက်တာကို အမှတ်အသားအနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကြောင်းတွေက မြို့ထဲကနေ တော်လှန်ရေး တိုင်းတွေ၊ ပြည်နယ်တွေက တပ်တွေလို နာမည်တပ်ပြီးတော့၊ စစ်ကြောင်းတွေလုပ်ပြီး ချီတက်လာကြတယ်။ နောက်နှစ်မှာကျ မီးဒုတ်တွေ မပါတော့ဘူးပေါ့။ မီးဒုတ်တွေပါရင် မီးအန္တရာယ် ရှိတယ်ဆိုပြီးတော့ မပါတော့ဘဲ နောက်ပိုင်းမှာ စစ်ရေးပြ အခမ်းအနားတွေ ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်းရေးပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျတော့ ဖက်ဆစ်တော်လှန်ရေးနေ မဟုတ်တော့ဘူးပေါ့။ ဒီဟာကို ၂၇ ရက်နေ့က စစ်သည်တွေ ချီတာကို အကြောင်းပြုပြီး တပ်မတော်နေ့လို့ ပြောင်းလိုက်တယ်။ အဲဒီကျလို့ရှိရင် တပ်ထဲမှာ စစ်ရေးပြ အခမ်းအနားတွေ ကျင်းပပြီး၊ တပ်မတော်နေ့ဆိုပြီး လုပ်လာတာတွေ ရှိတယ်''

'ကျနော် မှတ်မိသေးတယ်၊ တော်လှန်ရေးကောင်စီ တက်လာတဲ့အချိန်မှာ တပ်မတော်သားတွေဆီ ဆန္ဒတွေဘာတွေ မေးတော့ကာ ကျနော့်အနေနဲ့ ဆန္ဒပြုခဲ့တာတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တပ်မတော်နေ့ အခမ်းအနား လုပ်တာကတော့ လုပ်ပါ။ တပ်မတော်နေ့ဆိုတာက ရှိရမှာပဲ။ တပ်မတော်သားတွေ ဂုဏ်ပြုတဲ့နေ့။ သို့သော် အဲဒီနေ့ဟာ တပ်မတော်ထဲမှာ အခမ်းအနား ကျင်းပတာလောက်ပဲ ကောင်းတယ်။ တကယ့် နေ့ထူးနေ့မြတ်က လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့ဟာ အထွဋ်အမြတ်နေ့ ဖြစ်တယ်။ အထွဋ်အမြတ်နေ့မှာ တပ်မတော်သားတွေအနေနဲ့ စစ်ရေးပြ အခမ်းအနားလည်း လုပ်၊ ပြည်သူပြည်သားတွေ ဘက်ကလည်းပဲ၊ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်းပဲ ပြည်သူနဲ့ တပ်မတော် အတူတကွ ချီတက်တဲ့ အခမ်းအနားတွေ လုပ်ပါဆိုပြီးတော့ အကြံဥာဏ်တွေလည်း ကျနော်တို့ ပေးခဲ့ဖူးတယ်''

''အဲဒါက မထိရောက်ဘဲ နောက်ပိုင်းမှာ တပ်မတော်နေ့ဆိုပြီး ဒီနေ့အထိ လုပ်လာတာပဲ။ အဲဒီနေ့မှာ အခမ်းအနား ကျင်းပပြီး တပ်ထဲမှာရှိတဲ့ စစ်သည်တော်များ အားလုံးအတွက် စစ်သွေးစစ်မာန်၊ ဇာတိသွေးဇာတိမာန် တက်ကြွဖို့ အခမ်းအနား လုပ်တာပါ။ ဟိုတုန်းက အကြံပေးခဲ့ဖူးတာက လွတ်လပ်ရေးနေ့မှာပဲ အဓိက ထားပြီးတော့ကာ တပ်မတော်သားတွေ အားလုံး ပါဝင်ဆင်နွှဲဖို့ ပြောခဲ့ပေမယ့်၊ တချို့က တပ်မတော်နေ့လို့ သတ်မှတ်ပါ။ အဲဒီနေ့မှာ တပ်ထဲမှာ သူတို့ဘာသာသူတို့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်ပွဲတွေ လုပ်လို့ရှိရင် ဖြစ်နိုင်ပါတယ်ဆိုပြီး သဘောတူညီမှုတွေ ရှိခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ရေးပြ အခန်းအနားတွေနဲ့ပဲ လုပ်လာခဲ့တာ အခုထိပဲ။ အခုကျ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ အကြီးကျယ်ဆုံးလုပ်တဲ့ သဘော ရှိတဲ့အတွက် စစ်ရေးပြ အခမ်းအနားကို အကြောင်းပြုပြီး လုပ်လာတဲ့အတွက် တပ်မတော်နေ့ဆိုပြီး တွင်ကျယ်လာတာပါပဲ''

''တကယ်စင်စစ်က မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်နေ့ကို အားလုံး ချီတက်ပြီး ထွက်ကြတဲ့ အတွက်ကြောင့်မို့၊ ထွက်တဲ့တပ်တွေကလည်း သူတို့ဟာသူတို့ အမှတ်တရအနေနဲ့ ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဖက်ဆစ်တော်လှန်နေ့က အမည်နာမအနေနဲ့က အမှန်အကန်ပါပဲ။ သို့သော် စစ်သည်တော်သားများ အားလုံးအနေနဲ့ တပ်မှူးအကြီး အငယ်တွေအနေနဲ့ အားလုံး အဆင့်ဆင့်က အစဉ်အလာလိုဖြစ်ပြီး ပြောဆိုလုပ်ကိုင်လာတာကတော့ ဒီနေ့အချိန်ထိ အခမ်းအနားတွေကို အကြီးအကျယ် လုပ်ပြီးတော့ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာပေါ့''

မေး။ ဖက်ဆစ်တော်လှန်ရေးခေတ် နောက်ပိုင်းကာလ တပ်မတော်သားတွေနဲ့ လက်ရှိ တပ်မတော်သားတွေ ဘယ်လို ကွာခြားတာမျိုးတွေ ရှိလဲခင်ဗျ။

“သိပ်ပြီးတော့ ကွာခြားတာပေါ့ကွာ၊ ဟိုတုန်းက တပ်မတော်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အင်မတန် ကောင်းမြတ်တဲ့ စံနမူနာကောင်းတွေ ပြသွားခဲ့တယ်။ သူ ဖက်ဆစ်တော်လှန်ရေး ပြီးတဲ့အခါကျ တပ်ကို ပြန်ဖွဲ့တဲ့အခါမှာ ဂန္ဓီစာချုပ်အရ တပ်ကို ပြန်ဖွဲ့စည်းတယ်။ အရာရှိတွေနဲ့ ပတ်သက်လို့ ရွေးချယ်ခန့်ထားပြီး နောက်ပိုင်းမှာ သူကိုယ်တိုင်က တပ်မတော်ထဲမှာ မနေတော့ဘဲနဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ဖဆပလ ပါတီ အဖွဲကြီးထဲမှာ သွားပြီးတော့ ဗမာ့လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ကြိုးပမ်းတဲ့ ဥစ္စာက တပ်မတော်နဲ့ နိုင်ငံရေး (နိုင်ငံရေးဆိုတာက ပါတီ နိုင်ငံရေးကို ပြောတာပေါ့လေ)၊ နိုင်ငံရေးဆိုတာက ပြည်သူလူထုအားလုံးနဲ့ တပ်မတော်သားတွေက နိုင်ငံရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ နိုင်ငံရေးရဲ့ သတ္တဝါတွေဖြစ်တော့ နိုင်ငံရေးဆိုတာက ရှိရမှာပဲ၊ ကင်းမှာ မဟုတ်ဘူး”

“သို့သော်လည်း တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ တပ်မတော် ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက ပြခဲ့တယ်လေ။ ဒီအစဉ်အလာကို ထိန်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် အသက်စွန့်ပြီး နောက်ပိုင်းမှာလည်း တပ်မတော်ကို ဆက်လက်တာဝန်ယူတဲ့ ပုဂ္ဂိုလ် အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ပေါ့ဗျာ။ အဲဒီအခါမှာလည်းပဲ ဒီအရှိန်အဝါနဲ့ ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့အတွက် တပ်မတော် ညီလာခံတခုကို ပထမဆုံးအကြိမ် ကျင်းပတယ်။ တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်းကို ရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တို့တတွေက အသက်ပေးပြီး ကာကွယ်ကြရမယ်။ အဲဒီဟာကို ကာကွယ်ဖို့ အကြောင်းချင်းရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတယ်''

''အဲဒီမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကာကွယ်ရေး ဦးစီချုပ် စာတမ်းတစောင်ကို ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့ စာတမ်းက ဘာလဲဆိုတော့ - တို့တပ်မတော်အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ အခုရှိနေတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အသက်ပေးပြီး တို့တတွေ ကာကွယ်ကြရမယ်။ နောင်သောအခါမှာ အခြေခံဥပဒေအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ နိုင်ငံတော် တည်ဆောက်ရေး တို့တတွေ လုံးပမ်းကြရမယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ဥပဒေအချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်တာရှိသော် ငါကိုယ်တိုင် မထောက်မညှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ ဒါကို မင်းတို့အားလုံး ဆွေးနွေးပြီးရင် ဒီဟာကို လက်မှတ်ထိုးကြပါ ဆိုတဲ့အတွက် ဒီဟာကို ၁၉၄၇ ခုနှစ် နိုင်ငံတော် အခြေခံဥပဒကို ကျနော်တို့ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံအားပေးပြီး လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ဗမာ့တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်း ထုတ်ခဲ့တာ''

''ပထမဦးဆုံး ရွေးကောက်ပွဲတုန်းက ပါတီနိုင်ငံရေးနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ဖြစ်အောင်ဆိုပြီးတော့ ရွေးကောက်ပွဲတို့ဘာတို့ လုပ်တဲ့အခါမှာလည်း ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်သည်စစ်သားများက ပါဝင်မှု မရှိဘဲနဲ့၊ မိမိတပ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းများကို မပတ်သက်ဘဲနဲ့၊ နောက်ပြီး သွားရောက်ပြီးတော့ သူတို့အတွက် ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆော်သြပေးခြင်း၊ လိုက်လံပြီး ကူညီဆောင်ရွက်ပေးခြင်း စသဖြင့် ပါဝင်ဆက်နွယ်ပြီးတော့ လုပ်လို့မရအောင် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အမိန့်တွေ ထုတ်ထားတဲ့အတွက် တိတိကျကျပဲ လိုက်နာခဲ့ကြရတယ်''

''အခုကျတော့ တဖြည်းဖြည်း ပတ်သက်ပြီး သံယောဇဉ်တွေက ရှိခဲ့တာကိုး။ သံယောဇဉ်ရှိတဲ့အပေါ် မူတည်ပြီး၊ လိုက်နာပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် နောက်ဆုံး တပ်က နိုင်ငံရေးထဲမှာ တဖြည်းဖြည်း အထူးသဖြင့် ပါတီနိုင်ငံရေးထဲမှာ တပါတီ၊ တဖွဲ့၊ လူတဦး အကျိုးစီးပွား အကျိုးငှာ အသုံးချခံလိုက်ရတဲ့ ဘဝကို ရောက်သွားတဲ့ဟာမျိုး ဖြစ်ခဲ့တာပေါ့။ အခုတော့ ဒီအခြေအနေအတိုင်းပဲ ဖြစ်သွားတာပေါ့လေ။ နိုင်ငံတော်မှာ နဂိုမူလက ဆောင်ပုဒ်က ရှိပြီးသား “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ၊ “ပြည်သူသာလျှင် မိမိတို့၏ အင်အားစု” ဖြစ်တယ်။ ဒီပြည်သူတွေမှာလည်း တပ်မတော်သားတွေ ပါဝင်ခဲ့တာပဲ။ အဓိကဖြစ်တဲ့၊ မိဘတွေဖြစ်တဲ့ ပြည်သူတွေဟာ တကယ်ပဲ တပ်မတော်သားတွေရဲ့ အမိအဖ ဖြစ်ရမယ်ဆိုတာ တပ်မတော်သားတွေရဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းအောင် လုပ်ခဲ့တာပဲ''

''အခု ဒီလိုမဟုတ်တော့ဘူး၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ အားလုံးက ဘယ်လို အတွေးအခေါ် ဖြစ်သွားလဲဆိုတော့ ညောင်ညိုပင်ကြီးရဲ့ အရိပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့ အရိပ်ပဲလေ။ ဒါပေမဲ့ အဲဒီ အရိပ်ကြီးကို ဝင်ရောက်ပြီးတော့ လာတဲ့ တပ်မတော်က သူတို့အနေနဲ့လည်း သူတို့ကိုယ် သူတို့၊ သူတို့အရိပ်လို့ ထင်ပြီးတော့ ဒီအရိပ်အာဝါသအောက်မှာ နေရတာကို မေ့လျော့နေပြီး သူတို့ဟာသူတို့ သီးခြားရပ်တည်တဲ့ အရိပ်ဖြစ်တယ်ဆိုတဲ့အနေနဲ့ လုပ်ကိုင်သွားနေတဲ့ သဘောတွေကတော့ မှန်ကန်လှတယ်တော့ မဟုတ်ဘူး။ အဲဒီဟာရဲ့ သဘောကတော့ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံး တွေ့မြင်နေရတဲ့ အတိုင်းပါပဲ။ အဲဒီလို ဖြစ်သွားတဲ့ သဘောရှိနေတော့ တကယ်စစ်မှန်တဲ့ အရင်တုန်းက တွေးခေါ်ခဲ့တဲ့၊ ပြည်သူတို့ရဲ့ ကြားထဲမှာ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်သွားရမယ်ဆိုတဲ့ ဟာကိုတော့ ပြန်ရောက်လာအောင် လုံပမ်းကြိုးစားဖို့ အကုန်လုံးမှာ တာဝန်ရှိကြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်''

မေး။ တပ်မတော်သားတွေ လိုက်နာရမယ့် စစ်သည်တော်များ ကျင့်ဝတ်ကို ဒီကနေ့ခေတ် စစ်သည်တော်တွေ လိုက်နာဆောင်ရွက်မှု ရှိမရှိနဲ့ပတ်သက်ပြီး ပြောပြပါဦးခင်ဗျ။

“အဓိက တပ်မတော်သားတွေက ''ပြည်သူတွေအပေါ်မှာ ရေလိုလလို ကျင့်ရမယ်'' ဆိုတဲ့ဟာက တပ်မတော်သားတွေက ပြည်သူလူထုအပေါ်မှာ အေးမြတဲ့ သဘော ပေးရမှာ ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ ''ရန်သူအပေါ်မှာတော့ နေလိုမီးလို ကျင့်ရမယ်'' ဆိုတာတွေ ရှိတယ်။ ပြည်သူလူထုဟာ ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲ။ အမိအဖတွေက ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲနဲ့ သေသေချာချာ အမြင်ကောင်းတွေ မြင်ပြီးတော့ သွားဖို့တော့ လိုတာပေါ့’'

''ဟိုအရင်တုန်းက စစ်သည်တော် ကျင့်ဝတ် ၆ဝ ဆိုပြီး ရေးထားတာ ရှိတယ်။ ရဲဘော်တယောက်ချင်း ကျင့်ရမယ့် ကျင့်ဝတ်၊ ရဲဘော် အချင်းချင်းအပေါ် ကျင့်ရမယ့် ကျင့်ဝတ်၊ ပြည်သူပြည်သားတွေအပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်၊ ရန်သူပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။ ဒါတွေက ၆ဝ ရှိခဲ့တာပဲ။ ဒီနောက်ပိုင်းကျတော့ကာ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်မယ် ဆိုတော့ကာ တချို့အချက်အလက်တွေကို ဖြည့်ပြီးတော့ ရေးတာတွေလည်း ရှိတယ်။ တချို့နေရာတွေမှာလည်း ထပ်ဖြည့်တာတွေ ရှိတယ်။ ဆိုတော့ကာ စစ်သည်တော် ကျင့်ဝတ်က အရင်တုန်းက စစ်သည်တော် ၆ဝ မဟုတ်တော့ဘဲ တော်တော်များများ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ ဒီကြားထဲမှာလည်း ကြွေးကြော်သံတွေကလည်း အများကြီး ရှိတယ်။ အားမာန် ၁ဝ ချက်၊ ခွန်အား ၁ဝ ချက်တို့ ဘာတို့ဆိုတဲ့ ကြွေးကြော်သံတွေက တော်တော်ကို များတယ်။ နှစ်လည်း ကြာလာပြီဖြစ်တဲ့အတွက် တော်တော်များများ အသေးစိတ် မသိတော့ဘူး''

''အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဟာတွေကတော့ ပြည်သူတွေနဲ့ တသားတည်း၊ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ ဖြစ်တဲ့အတွက် မိဘသဖွယ် ထားရတဲ့ ပြည်သူတွေအပေါ်မှာ သားကောင်းတယောက် စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဖို့ဆိုတဲ့ အဓိကဟာကို ရေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာတွေကို တချို့နေရာမှာ ကြားတယ်။ အပေါ်ကနေပြီးတော့ တပ်မှူးကြီးများက လုပ်ဆောင်ပေးနေတဲ့အတွက် စစ်သည်တော်များက အောက်မှာ စားရသောက်ရနေရ ဖွံ့ဖြိုးနိုင်ပြီးတော့ အပြင်က လူထုနဲ့ မတူဘဲနဲ့ ပိုပြီးတော့ စားရသောက်ရ ပြည့်စုံအောင် စားရသောက်ရ ဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်သော ဗိုလ်ကြီးတွေအပေါ်မှာ အင်မတန် အားကိုးစရာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုသုံးစွဲလာတာတွေ ရှိလာတယ်။ အဲဒီ အတွေးအခေါ်တွေကတော့ မကောင်းတဲ့ အတွေးအခေါ်တွေ ဖြစ်တယ်။ ဒါက အရင်တုန်းက ထားရှိခဲ့တဲ့ သဘောသဘာဝတွေနဲ့ ပြောင်းပြန်ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်လာပါတယ်''

မေး။ တပ်မတော်သားတွေအတွက် ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့ အခွင့်အရေးတွေကို တပ်မတော်တွင်းမှာ ဘယ်လို ဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့ပါသလဲ။

''တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းအနေနဲ့ ဝန်ထမ်းကောင်းအဖြစ် တာဝန်ထမ်းဆောင်ရမှာပေါ့။ ကျွမ်းကျင်တဲ့သူတွေက ကျွမ်းကျင်သလို၊ စစ်သည်တော်လည်း စစ်သည်တော်အလျောက်၊ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကောင်းအလျောက်ပေါ့။ တပ်မတော်သားတွေအနေနဲ့ ဝန်ထမ်းကောင်းပဲ။ သူလည်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင့်ရွက်ရမှာပေါ့။ အလားတူပဲ ဟို .. ထိပ်ပိုင်းရောက်နေတဲ့ သူတွေကလည်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုင်းအတာ ကြီးမားတဲ့အတွက် ကာကွယ်စောင့်ရှောက်မှာ ဖြစ်တာပဲ။ အဲဒီလို ကာကွယ်စောင့်ရှောက်တဲ့အတွက် သူကျွမ်းကျင်တဲ့ ကာယ၊ ဥာဏ၊ ဝီရိယအားအတွက် နိုင်ငံတော်ကရတဲ့ အခွန်အတုတ်တွေထဲက သူတို့အတွက် လုံလောက်တဲ့၊ နေနိုင်ထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် ထိုက်သင့်အားလျှော်စွာ နေနိုင်ထိုင်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ကူညီပေးဖို့ လိုတယ်။ စစ်သည်တော်တွေနဲ့ ပတ်သက်တဲ့ ဇနီးသားမယား မိသားစုလည်း သူတို့ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ခံစားစံစားနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကနေ အချိုးကျ ပေးထားတာ ရှိတယ်။ စစ်မြေပြင်မှာ ထိမှု၊ ခိုက်မှု၊ ရှမှု အားလုံးကိုလည်း သူတို့ကို ထိုက်ထိုက်တန်တန် လုံးဝ ခံစားဖို့အတွက် ဆောင်ရွက်ပေးထားတာပဲ”

''ထိုက်သင့်အားလျော်စွာ သုံးဆောင်ပြီးရင် နောက်ဆုံး တပ်မတော်က အနားယူပြီး အပြင်ရောက်တဲ့ အခါမှာလည်း သူတို့ရဲ့ နေထိုင်စားရေး သောက်ရေး၊ ရှင်သန်ရေးအတွက်ကိုလည်းပဲ တိုင်းပြည်ကနေ ပြန်လည် ထောက်ပံ့နိုင်တဲ့ အစီအမံကောင်းတွေ ရှိထားတာပဲ။ အဲဒီ ရှိထားတဲ့ အတိုင်းအတာအလျောက်မှာပဲ ခံစားစံစား သွားတာက အမှန်ပဲ။ ဒီလိုမှ မဟုတ်ဘဲ၊ မိမိ ရသင့်ရထိုက်တာ မဟုတ်ဘဲ ပိုလျှံပြီးတော့ ကိုယ်ကျိုးအတွက်၊ တဦးတယောက်အတွက်၊ မိသားစုအတွက် ရှိသင့်ရှိထိုက်တဲ့ အထောက်အပံ့နဲ့ ပိုပြီးတော့ လောဘတက်ပြီး ယူဆောင်နေတာ ဖြစ်လာရင်တော့ အင်မတန်မှ မကောင်းတဲ့ အယူအဆ၊ အလေ့အထ၊ အကျင့်အကြံတခု ဖြစ်လာမယ်။ ဖြစ်လာတယ်ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ သုံးရစွဲရတဲ့အပိုင်းမှာ သူတို့ကို ပိုမိုပြီး အများအစားပေးပြီးတော့ လူမှုရေးဖြစ်တဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားရရှိတဲ့ အခွင့်အရေးက နည်းပါးပြီးတော့ အထောက်အပံ့ နည်းလာမယ်။ အားအင်နည်းလာလို့ရှိရင် နောင်တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ့် အင်အားကို ပြန်ဖြည့်ဖို့ အတိုင်းအတာကျရင် အားအင်ချိနဲ့တာ ဖြစ်လာမယ့် အတိုင်းအတာ ဖြစ်တယ်''

''အဲဒါကို မြင်ပြီးတော့ အရှည်ကို စဉ်းစားတဲ့အနေနဲ့ တပ်မတော်မှာ ဝင်လာပြီးရင် သူတို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကူညီထောက်ပံ့ပေးပြီး သူတို့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ စစ်ဘက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ နောက်ပြီး စစ်ဘက်မှာ အနားယူချိန်အတွင်း ဒါတွေကို ကောင်းကောင်းမွန်မွန် သတ်မှတ်ထားတဲ့ အတွင်းမှာသာလျှင် ဖြည့်ဆည်းအောင် ဆောင်ရွက်ကြဖို့ လိုတယ်။ သူတို့ အပြင်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော်အတွင်းမှာရှိတဲ့ အစားအသောက်၊ ကုန်ပစ္စည်းဈေးနှုန်း စတဲ့ ဒါတွေကလည်းပဲ အားလုံး ညီမျှအောင် ဆောင်ရွက်ပေးမှု လုပ်ဆောင်မယ်ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်စရာတွေ ရှိတာပေါ့”

မေး။ တပ်မတော်သားအတွင်းမှာ အထက်အောက် ကွာဟမှုတွေ များလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

''အတိုင်းအတာတခုထိ ခွဲခြားသတ်မှတ်ပေးထားတွေ ရှိတာပေါ့။ သို့သော်လည်းပဲ အရာရှိရယ်လို့ ဖြစ်လာရင် အပေါ်ပိုင်း၊ ထိပ်ပိုင်းကိုး။ အခု အခြေအနေကို ကြည့်ရတာက အခွင့်ထူးခံချင်တဲ့ အနေအထား ရှိလာတာတွေ များတယ်။ သို့သော်လည်းပဲ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှုနဲ့ တပ်မတော်သားတခုလုံး ညီညီညာညာ ဖြစ်ရမယ်ဆိုလို့ရှိရင်တော့ သူ့ဟာသူ ပေးထားတဲ့ အခွင့်အရေးကောင်းတွေ မျှမျှတတ အချိုးအစားနဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတဲ့ စစ်သည်တော်နဲ့ အထက်ဆုံးမှာ ရှိနေတဲ့ စစ်သည်တော်များ ရတဲ့ လစာနဲ့တကွ ရရှိမှု နှုန်းထားက သိပ်ပြီးတော့ ကွာခြားမှုမျိုး မဖြစ်သင့်ဘူးဆိုတာကိုတော့ အရင်တုန်းက အတွေးအခေါ် ရှိခဲ့ဖူးတာပေါ့။ အဲဒီလို ဖြစ်ဖို့တော့ ကြိုးစားဖို့ လိုတာပေါ့''

မေး။ တပ်သားအဆင့်မှာ ရှိတဲ့ မိသားစုတွေက ရတဲ့ လစာနဲ့ မလောက်ငလို့ တခြားလုပ်ငန်းတွေ လုပ်နေရတယ်။ တပ်မတော်သား ဇနီးသည်တချို့ ခန္ဓာကိုယ်ရောင်းစားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကျ ချမ်းသာနေကြတယ်။ အဲဒီလို တပ်တွင်းမှာ ကွာခြားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လို ထိန်းသိမ်းကာကွယ်သင့်တယ်လို့ ထင်လဲခင်ဗျ။

''အခုဟာက ပြောဆိုသံတွေ ကြားလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ တွေ့လည်း တွေ့နေရတယ်။ ကွာခြားတာတွေ ရှိနေတယ်။ အမှန်က ဘယ်လိုဖြစ်ရမလဲဆိုတော့ အပြင်မှာ ပင်စင်ယူသွားပြီးလို့ရှိရင်၊ အငြိမ်းစား ယူသွားပြီးလို့ရှိရင် သူတို့ဟာသူတို့ ထိုက်သင့်အားလျော်စွာ ရပ်တည်နိုင်အောင် ဆိုလို့ရှိရင် အပြင် စီးပွားရေး အနေအထားက ကောင်းဖို့လိုတယ်။ စီးပွားရေး အနေအထားက အားလုံး မျှမျှတတ စားနိုင်တဲ့ အနေအထား ဖြစ်ဖို့လိုတယ်။ အခုဟာက ဒီလိုမဟုတ်တော့ဘဲနဲ့ အပြင်မှာ စားရေးသောက်ရေးနဲ့ ပတ်သက်ပြီး အင်မတန် ကျပ်တည်းနေတဲ့ ဟာကို အကြောင်းပြုပြီးတော့ကာ အောက်ခြေ အောက်လက်မှာရှိတဲ့ ဝင်ငွေနဲ့ မလုံလောက်လို့၊ မညီမျှလို့၊ မမျှတလို့တွေ ရှိနေတယ်။ ဒါပေမဲ့ အစိုးရက လစာတွေကို တိုးပြီးပေးတာက ၄ နှစ် တခါလောက် လုပ်တယ်။ သို့သော် အဲဒီလို လုပ်ပင်လုပ်ငြားသော်လည်းပဲ မပြည့်မီဘူး''

''ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစစအရာရာရော၊ စီးပွားရေး အခြေအနေအရရော ပိုမိုကောင်းမွန်လာတဲ့ အခြေအနေအထားမှာ မရှိတဲ့အတွက်ကြောင့် ဒီလိုပြဿနာတွေက တောက်လျောက် ဖြစ်နေမှာပဲ။ အထက်ပိုင်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီဟာကို ကြည့်ပြီးတော့ - တို့ အပြင်ကို ရောက်ခဲ့လို့ရှိရင် တို့ လက်ရှိနေရတဲ့ အခြေအနေကနေ ပိုမိုဆုတ်ယုတ်ပြီး နေရမလားဆိုပြီး၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တချို့ပုဂ္ဂိုလ်တွေက လုံးပမ်းရင်းနဲ့ ချမ်းသာတဲ့အပိုင်းက သိပ်ပြီး ချမ်းသာ၊ မချမ်းသာတဲ့ အပိုင်းက မချမ်းသာ၊ သိပ်ပြီး ဒုက္ခရောက်တဲ့ အပိုင်းက ဒုက္ခရောက်၊ အဲဒီလိုပဲ မညီမညာ ဖြစ်ကုန်တဲ့အပိုင်း ဖြစ်တယ်။ အပြင်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံး၊ စစ်သည်တော်တွေ ရရှိမယ့် အခွင့်အရေးတွေ အားလုံး၊ တတ်နိုင်သမျှ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒီကွာဟမှုက တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည်သွားလိမ့်မယ်လို့တော့ ထင်တာပေါ့။ ဒါပေမဲ့ ဒီပုံစံအတိုင်းက ဒီလမ်းကို မမြင်သေးဘူးဆိုတဲ့ သဘောရှိတယ်''

မေး။ တပ်မှူးဟောင်းတယောက်အနေနဲ့ တပ်မတော်သားတွေနဲ့ ပြည်သူတွေကို ဘယ်လို ပြောပြချင်တာတွေ ရှိပါသလဲ။

''စစ်မှူးထမ်းလုပ်တယ်ဆိုတာ အင်မတန်ကို တိုင်းပြည်အတွက်၊ တိုင်းသူပြည်သားတွေအတွက် အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ မူတွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာ ဖြစ်တယ်။ မွန်မြတ်တဲ့ အလုပ်လုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာပဲ ကောင်းတယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့၊ စစ်သည်တော်များ လုပ်ရမယ့် အပိုင်းတွေမှာ ဒီလိုအခြေအနေမျိုး မဟုတ်ဘဲနဲ့ ကျန်တဲ့ တခြားကိစ္စအဝဝတွေမှာ စိတ်ပါဝင်စားမှု ရှိလို့ရှိရင် မူလ ရည်ရွယ်ချက်တွေကတော့ အထမြောက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာတာပေါ့။ အဲဒါကြောင့် စစ်သည်လုပ်ငန်းကို မိမိကြိုက်နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက်၊ ကြိုက်နှစ်သက်တဲ့ လုပ်ငန်းအောင်မြင်အောင် သီးခြားဝန်ထမ်းကောင်းဖြစ်ဖို့၊ လုပ်ဖို့တော့ လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ လာတယ်ဆိုကတည်းက ရည်ရွယ်ချက်ကိုက မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုရင် မကောင်းဘူး''

''ဒီဝန်ထမ်းလုပ်ငန်းဟာ တခြားတခြားသော အဖွဲ့အစည်းတွေနဲ့ မတူဘဲနဲ့ ထူးခြားတဲ့ အဖွဲ့အစည်းဖြစ်လို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိငြားသော်လည်းပဲ ကိုယ်ရသင့်ရထိုက်တဲ့ အတိုင်းအတာ ရပြီးတော့၊ အနစ်နာခံပြီးတော့ လုပ်ဆောင်သင့်တယ်။ တပ်ထဲမှာ ဝင်ကတည်းက ဆင်းရဲမယ်၊ အနစ်နာခံမယ်၊ ဒါတွေက နဂိုမူလအရ လုပ်ငန်းသဘောသဘာဝ ပါလာပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး အနစ်နာခံမယ်၊ ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ စသဖြင့် ဟာတွေက ပြန်လည်ပြီး ရှိလာဖို့အတွက် လုပ်ကိုင်သွားကြဖို့ လိုတယ်။ အဲဒီကျမှာသာလျှင် တဖြည်းဖြည်း အားကိုးရာ ဖြစ်မယ်။ အခုကြည့်ရတာက လူအင်အားတွေ သိပ်ပြီး တိုးပြုနေတာထက် အရည်အချင်း အင်အား ထပ်တိုးဖို့လိုတဲ့ သဘောသဘာဝတော့ ရှိတယ်''

အပြည့်အစုံသတင်းဖတ်ရန်....

ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြပွဲ



ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့တွင် မြန်မာဒီမိုကရေစီလှုပ်ရှားသူများက တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြခဲ့ကြ

အပြည့်အစုံသတင်းဖတ်ရန်....

သံသရာ မဆိုင်းတဲ့ အမှု..

မီဒီယာတန်ခိုးကြောင့်မြန်မာပြည်တွင်ကြိမ်ဒဏ်ပေးသည့် ဦးပိုင်အရာရှိအား အရေးယူပြီ

ပါရမီယာဉ်လိုင်း ၀န်ထမ်းများအား ကြိမ်ဒဏ် အပြစ်ပေးသူ စီးပွားရေး ဦးပိုင် လီမိတက် ဒါရိုက်တာ တဦးအား ရန်ကုန်တိုင်း (စစ်ဌာနချုပ်) တိုင်းမှူးက ပြင်းထန်စွာ သတိပေး၍ အရေးယူ လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဌာနမှ ကြားသိရသည်။

စည်းကမ်း မလိုက်နာသူ ဦးပိုင် ဝန်ထမ်း များအား ကြိမ်ဒဏ် ပေးသည့် သတင်းကို မတ် ၂၂ ရက်နေ့က ဧရာဝတီ သတင်း စာမျက်နှာ တွင် ဖော်ပြခဲ့ ပြီးနောက် ယခုကဲ့သို့ အရေးယူကာ ကြိမ်ဒဏ် အပြစ်ပေးမှု ကိုလည်း ရပ်တန့် လိုက်ပြီ ဖြစ်သည်။


ဦးပိုင်၏ လုပ်ငန်း တခု ဖြစ်သော ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ အဓိပတိ (ပါရမီ) အထူးယာဉ် လိုင်းများတွင် မတ်လ ဆန်းပိုင်း မှ စတင်၍ သတ်မှတ် ၀င်ငွေ ပြည့်မီရန် ရှာဖွေ မပေး နိုင်သော ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို ယာဉ်လိုက်ခွင့် ရက် အကန့် အသတ်ဖြင့် ပိတ်ခြင်း၊ ဒဏ်ငွေ ရိုက်ခြင်းများ အပြင် ကြိမ်ဒဏ် အပြစ်ပေး ခြင်းများ ရှိခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်က ပါရမီယာဉ်လိုင်းမှ ဒါရိုက်တာ ဗိုလ်မှူး ယဉ်မောင်စိန်အား ပြင်းထန်စွာ သတိပေးသည့် စာတစောင်ကို လက်မှတ်ရေးထိုးထုတ်ပြန်ကာ အရေးယူလိုက်ပြီ ဖြစ်ကြောင်း ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ အရာရှိတဦးက ပြောသည်။

“အထက်လူကြီးတွေ ခွင့်မပြုဘဲ ဒီကိစ္စလုပ်လို့မရပါဘူး။ အစောပိုင်းကတည်းက ကြည်ဖြူလို့ လုပ်ခွင့်ပေးလိုက်ပြီးမှ၊ အပြင်မှာ ဒီအကြောင်း ဟိုလေးတကြော်ကြော်ဖြစ်သွားတော့ အာဏာပိုင်တွေက တိုင်းမှူးကိုခေါ်ပြီး အခုလို စာ ပြန်ထုတ်ခိုင်းလိုက်တာပါ” ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တဦးကပြောသည်။

ကြိမ်ဒဏ်ရိုက်ခြင်းအား ရပ်တန်းမှရပ်ရန်နှင့် ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် ပါရှိသည့်အပြင် တာဝန်ရှိသူ ဗိုလ်မှူး ယဉ်မောင်စိန်အား အရေးယူပါရန် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မျိုးမြင့်ကို ပြောကြားထားကြောင်း ယင်းစာတွင်ပါရှိသည်။

ကြိမ်ဒဏ်ပေးရာတွင် အဓိပတိ ယာဉ်လိုင်းများ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး တာဝန်ရှိသူများ ကိုယ်တိုင် လူအများရှေ့တွင် ရိုက်နှက် ခြင်း ဖြစ်ကြောင်း၊ အပတ်စဉ် ကြိမ်ဒဏ်အရိုက်ခံရသူ အဓိပတိယာဉ်လိုင်းမှ ၀န်ထမ်း ၁၀ ဦးကျော်ရှိကြောင်း သိရသည်။

မတ်လမှစတင်၍ အပြစ် အကြီး၊ အသေးပေါ်မူတည်၍ ခွဲမှူးကိုယ်တိုင် အပြစ်တခုအတွက် အနည်းဆုံး ၃ ချက်ရိုက်ကြောင်း၊ ရိုက်သည့် ကြိမ် မှာ ကြီးမားလှပြီး အထက်လူကြီးကို ပမာမခန့် လုပ်ပါက ကြိမ်လုံး နှစ်ချောင်းပူးရိုက်ကြောင်း သိရသည်။

မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းများ၊ ဆီဆိုင်များနှင့် ဆီရောင်းချသည့် လုပ်ငန်း၊ ဘဏ်လုပ်ငန်း အပါအ၀င် ပြည်သူပိုင် လုပ်ငန်း အများအပြားဖြင့် စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး အစုအဖွဲ့ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..

မနက်ဖြန်မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အများစုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခြံကကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုပါတယ်။

" မနက်ဖြန်နေ့လည်(၁၂)နာရီမှာ အန်ကယ်တို့ CEC တွေရယ် ပြည်နယ်နဲ့တိုင်းက ဗဟိုဦးစီး CC အဖွဲ့ဝင်တွေ ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ဆုံးဖြတ်ကြပါမယ်.... ။ အခုလက်ရှိ နောက်ဆုံးအခြေအနေ အန်ကယ် သိရသလောက်က Majority *အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံကြတာ တွေ့ရပါတယ်....။ အန်ကယ်သိရသလောက် တော်တော်များများပါပဲ..." ဟု အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၃)ရက်နေ့က လူထုဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ တွေ့ခွင့်ရစဉ်မှာ ပါတီမှတ်ပုံတင်ရေးအတွက် လူထုခေါင်းဆောင်မှ ပြောဆိုရာမှာ မတရားတဲ့ဥပဒေ၊ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတွက် မှတ်ပုံတင်ရေးကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး.. ဒီလိုပြောဆိုတာဟာလည်း အဖွဲ့ချုပ်ကို ညွှန်ကြားခြင်း အမိန့်ပေးခြင်း မဟုတ်ကြောင်း အဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆုံးဖြတ်ပါလို့ မှာကြားခဲ့ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာမှ အထူးအာရုံစိုက် စောင့်ကြည့်နေပါတယ်။ လက်ရှိ ရွေးကောက်ဥပဒေနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှ ကန့်ကွက်ခဲ့ကြပါတယ်။

သတင်း.....ဒီမိုဝေယံ

အပြည့်အစုံသတင်းဖတ်ရန်....

သူမှဘဲ အပြောကောင်း..

မလျော်ကန်သည့် မဲဆွယ်မှုကိုရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြော
ကိုထွေး Saturday, March 27, 2010 .ရွေးကောက်ပွဲတွင် ပါတီများ အနေဖြင့် မလျော်ကန်သည့် မဲဆွယ်မှုမျိုးကို ရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုသည်။

နေပြည်တော်တွင် ယနေ့ ကျင်းပသည့် ၆၅ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယင်းသို့ ပြောကြားချက်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်သွားသည်။

“ပါတီအနိုင်ရရင် ပြီးစတမ်းသဘောမျိုးနဲ့ ပုဂ္ဂိုလ် အချင်းချင်း၊ ပါတီအချင်းချင်း ပုတ်ခတ်မှုများ၊ လူမျိုးရေးနဲ့ ဘာသာရေး သွေးကွဲစေ မည့် အပြုအမူများ စတဲ့ မပြုသင့်မပြုထိုက်တဲ့ မလျော်မကန် မဲဆွယ်မှုမျိုးတွေကို ရှောင်ရှားကြရမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အချိန်တိုင်း နိုင်ငံရေးတွင် ပါဝင် ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ စနစ် တခုမှ စနစ်တခုသို့ စနစ်တကျ ကူးပြောင်းနိုင်မှုမရှိပါက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်နိုင် ကြောင်း၊ ကျင့်သားမရသေးသော စနစ်တခုသို့ ကူးပြောင်းစဉ် အတွေ့အကြုံရင့်ကျက်ပြီးသော နိုင်ငံများက ၎င်းတို့ အကျိုးစီးပွား အတွက် ၀င်ရောက် စွက်ဖက်မြဲဖြစ်သည့် အတွက် ပြည်ပအားကိုးခြင်း မပြုမိရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

“ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ ပျိုးထောင်မှုရဲ့ အစကနဦး ဖြစ်စဉ်သာဖြစ်တယ်”ဟုလည်း ဗိုလ်ချုပ်မှူးကြီး က ပြောသည်။

၈ မိနစ်ကြာပြောကြားခဲ့သည့် သူ၏ မိန့်ခွန်းတွင် ရွေးကောက်ပွဲနှင့် တပ်မတော် အခန်းကဏ္ဍများကို အဓိက ဦးတည် ပြောကြားပြီး ရွေးကောက်ပွဲကျင်းပမည့် နေရက်ကို အတည်ပြုပြောကြားခဲ့ခြင်းမရှိပေ။

အသက် ၇၇ နှစ်ခန့် ရှိပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နှစ်စဉ် ကျင်းပပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားမှလွဲ၍ လူထု ရှေ့မှောက်တွင် မိန့်ခွန်းပြောဆိုခြင်းများ ပြုလုပ်လေ့လည်း မရှိပေ။

တပ်မတော်နေ့ အခမ်းအနားသို့ စစ်ဗိုလ်ချုပ်များ အပါအ၀င် နိုင်ငံခြား စစ်သံမှူးများလည်း တက်ရောက်ကြသည်။

တော်လှန်ရေးနေ့သည် ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့အား မြန်မာနိုင်ငံမှ တော်လှန်တိုက်ထုတ်ခဲ့ရာမှ ပေါ်ပေါက် လာခြင်းဖြစ်သည်။ တော်လှန်ရေးနေ့ကို စစ်အစိုးရ အဆက်ဆက်က တပ်မတော်နေ့ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။

စစ်အစိုးရက ရွေးကောက်ပွဲဥပဒေများကို ပြီးခဲ့သည့် သီတင်းပတ်များက အစိုးရပိုင် သတင်းစာများမှ ထုတ်ပြန်ကြေညာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံတကာက ယင်းဥပဒေသည် တရားမျှတမှုမရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။

တချိန်တည်းတွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ်၌ ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တွေ့ဆုံဆွေးနွေးရန် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်ကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။

“အခုအချိန်မှာနိုင်ငံရေး အခြေအနေတည်ငြိမ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ယောက်တွေ့ဆုံဖို့ ကျနော်တို့တောင်းဆိုပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းအခမ်းအနားသို့ သံတမန်များ၊ ၀ါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်နယ်နှင့်တိုင်းမှ NLD ကိုယ်စားလှယ် အဖွဲ့ဝင်များ စုစုပေါင်း ၃၀၀ နှင့် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး သဘာပတိ အ ဖြစ်ဆောင်ရွက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က“ဦးတင်ဦးက တရုတ်နိုင်ငံကို သွားတဲ့ အကြောင်းတွေပြောတယ်၊ အဲဒီတုန်းက တရုတ်က ပြောတယ် သူတို့က မတ်တပ်ထနေပြီ ကျန်တဲ့ ဆင်းရဲတဲ့နိုင်ငံတွေလည်း ကိုယ့်ဟာကိုယ်ထူထောင်ကြလို့ပြောတယ်၊ အဲဒါသူက အခုတရုတ်ခေါင်းဆောင်များကို ပြောချင်တာက ခင်ဗျားတို့ အရင်တုန်းက သဘောထား အတိုင်းပဲရှိပါ၊ နိုင်ငံရေးအားဖြင့် NLDတို့ ဘာတို့က အဖိနှိပ်ခံနေရပါတယ်၊ အဲဒီလူတွေဘက်က ၀င်ရပ်ပါဦး၊ စာနာပါဦးလို့ ပြောတယ်” ဟုဆိုသည်။

ဒီမိုကရေစီ ထူထောင်ရေးအတွက် အဟန့်အတား အကန့်အသတ်များ ပါဝင်နေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် တကွ ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ရန်ကုန်မြို့ရှိ ၀ါရင့်နိုင်ငံရေးသမားများကလည်း ယနေ့ တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ သခင်သိန်းဖေ နေအိမ်တွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားမှ နေ၍ ၀ါရင်နိုင်ငံရေးသမားများက တောင်းဆိုခြင်းဖြစ်ပြီး ယင်းတောင်းဆိုချက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ မည်ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ

ကိုကျော်သူဆီက အခေါင်းအော်ဒါ ကြိုမှာထားပေါ့...ဘဘရေ
အမေရိကန်စစ်တပ်က မြန်မာစစ်တပ်နှင့် ညှိနှိုင်းလို
ဧရာဝတီ Saturday, March 27, 2010
E-mail Print
အမေရိကန် အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ ရှိလာပါက စစ်ဘက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းလိုကြောင်း အမေရိကန် ထိပ်တန်း စစ်အရာရှိတဦးက အမေရိကန် လွှတ်တော်အမတ်များကို ယခုတပတ်အတွင်း ပြောကြားလိုက်သည်။

ကြာသပတေးနှင့် သောကြာနေ့များက အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့၏ လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲများ တက်ရောက်စဉ် အမေရိကန်ပစိဖိတ်ဒေသ ရေတပ် ဗိုလ်ချုပ် Robert Willard က နှစ်နိုင်ငံ စစ်ဘက်ဆက်နွယ်မှုများ မရှိကြောင်း၊ သို့သော်လည်း အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြောင်းလဲပါက စစ်ဘက်ဆက်နွယ်မှုသည်လည်း ပြောင်းလဲနိုင်ကြောင်း ပြောကြားသွားသည်။

robert_willard
အမေရိကန်ပစိဖိတ်ဒေသ ရေတပ် ဗိုလ်ချုပ် Robert Willard (ဓာတ်ပုံ - အမေရိကန်ရေတပ်)
“စစ်ဘက်ရေးရာပုဂ္ဂိုလ်ချင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အမေရိကန်ပစိဖိတ်ဒေသ စစ်ဌာနချုပ်က ပြင်ဆင်နေပါတယ်” ဟု ဗိုလ်ချုပ် Willard က ပြောလိုက်သည်။

မြန်မာစစ်အစိုးရနှင့် မည်သို့သော ဆက်ဆံမှု ပြုလုပ်လိုကြောင်း အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ဗိုလ်ချုပ် Willard က နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည့် အကြောင်းအချက်တချို့ကို ထုတ်ဖော် ပြောကြားခဲ့သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ရေပိုင်နက် အငြင်းပွားမှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု၊ ကူးစက်ရောဂါ ပျံ့ပွားမှု စသဖြင့် မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်” ဟု သူက ရှင်းပြသည်။

အမေရိကန်နှင့် မြန်မာတို့ နောက်ဆုံးအကြိမ် စစ်ဘက်ရေးရာ ဆက်ဆံမှုကို နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တွေ့ခဲ့ရသည်။ မုန်တိုင်းသင့်ဒေသသို့ အမေရိကန် လေယာဉ်တင် သင်္ဘောများ စေလွှတ်ပြီး ဒေါ်လာ ၁ သန်းကျော်တန် အကူအညီများ ပေးအပ်ရေး ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ပယ်ချခဲ့သည်။

ဤအတောအတွင်း မြန်မာပြည်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။

“ဒီဥပဒေတွေကြောင့် ကျနော်တို့ စိတ်ပျက်မိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ P J Crowley က ပြောသည်။

“မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသား အင်အားစုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာသင့်ပါပြီ။ ဒါပေမယ့် ဒီဥပဒေတွေက ဆွေးနွေးပွဲလမ်းတွေကို ပိတ်ဆို့နေပါတယ်” ဟု မစ္စတာCrowleyက ပြောလိုက်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, March 27, 2010

၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့  အထိမ်းအမှတ်အခမ်းအနား(တိုကျို)။

ယနေ့  ကျရောက်သည့် မတ်လ(၂ရ)ရက်နေ့  ဖက်ဆစ်တော်လှန်ရေး အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ မြန်မာစစ် အခွန်ရုံး(သံရုံး)ရှေ့ တွင် ညနေ ၃း၀၀ နာရီ ၄း၀၀ နာရီ အထိ မြန်မာနိုင်ငံသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(JAC)မှ ဦးဆောင်ကျင်းပပြုလုပ်ပြီး ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
http://pnsjapan.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေရေ..check mate!!!!

ထွက်ပေါက်ပိတ် နေသည် မှာ NLD နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ မဟုတ်ပဲ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေ

Bye Bye..တာတာ...ချဲရီယို (ဘဘနေ၀င်းလို့  တည့်တည့်ပစ်တယ်..လို့ တောင် မာမာပြောဆင်းနိုင်ပါ့မလား..)

နောက်ဆုံးလက်ပြ နှုတ်ဆက်ခြင်းပေးလော ဓာတ်ပုံ - ရိုက်တာ
အသက် ခုနှစ်ဆယ် ကျော် အရွယ်ရှိ သည့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ မိမိ၏ ပါးနပ်ကျင်လည် မှု အတွက် အတိုက်အခံများ ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ များအခက်တွေ့ ကာ ပြိုကွဲ တော့ မည် ဟု စိတ်ကူးယဉ် နိုင်သော် လည်း လက်တွေ့ တွင် ထိုသို့ ဖြစ်လာ ဖို့ က ရာခိုင် နှုန်း အလွန် နည်းပါးသည်။
နိုင်ငံ အရှေ့ ပိုင်းရှိ လက်နက် ကိုင် အဖွဲ့ များ ကို နှိမ်နှင်းရန် မ၀ံ့မရဲ ဖြစ်နေချိန် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို အစိတ်စိတ် အမြွာမြွာ ဖြစ်စေရမည် ဟု အကြံကလည်း ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း နှင့် နိုင်ငံတကာ ဖိအားပေးမှု နှင့် သာ ကြုံစေရသည်။

ယနေ့ ကျင်းပသည့် တပ်မတော်နေ့ (တော်လှန်ရေးနေ့ )အခမ်းအနားမှ မြန်မာ စစ်ဗိုလ်ချုပ်များ (AP Photo/David Longstreath)အကယ်၍ သာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ရွေးကောက် ပွဲ မ၀င်တော့ ဘူးဆိုပါကဗြိတိန် သံအမတ် ပြောသလိုပင် မြန်မာ ပြည်တွင်း ရေးသည် နိုင်ငံတကာ လုံခြုံရေး ကိုထိပါးလာနိုင်စရာ အကြောင်းရှိပါသည်။
ထို့ ပြင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုပရေစီ အဖွဲ့ ချုပ် အနေဖြင့် ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုပါက အဆိုပါ ရွေးကောက်ပွဲ ၏ တန်ဖိုးသည် ခွေးသေကောင်ပုပ် လောက် သာ ရှိတော့မည် မဟုတ်ပါ။

တိုင်းရင်းသား လက်နက် ကိုင်များက တစ်ဖက် ၊ပြည်တွင်း နိုင်ငံရေး အင်အားစုများ ကတစ်ဖက်အဖက်ဖက် မှ ချွတ်ချုံ ကျလာသော ကြောင့် မဟန် နိုင်တော့ သည့် စီးပွားရေး ကတစ်ဖက် ၊နေပြည်တော်ရှိ နောက် ကျော ဓား နှင့် ထိုးမည့် ဗိုလ်ချုပ် များ ကတစ်ဖက် ဖြင့် မြန်မာ စစ်ခေါင်းဆောင်သည်သွက်ချာပါဒ လိုက်နေပြီ ဖြစ်သည်။
စစ်အာဏာရှင် စနစ် နှစ် နှစ်ဆယ်ကျော်ကာလ အတွင်း ယခု အချိန်သည် ၎င်းတို့ အတွက်လည်းဘေးကျပ်နံကျပ် အဖြစ်ဆုံး ကာလ ဖြစ်မည်မှာ လည်း သေချာပေသည်။
မြန်မာ စစ်ခေါင်းဆောင် သည် ၎င်း၏ နောက်ဆုံးအချိန် အား အီရတ် အာဏာရှင် ဆဒမ်ဟူစိန် နှင့် ယူဂိုဆလား ဗီးယား ခေါင်းဆောင် မီလိုဆီဗစ် တို့ ၏ဘ၀ နေ၀င်ချိန် မျိုး မဖြစ်ရ အောင် Finishing ကောင်းကောင်းဖြစ်ဖြစ် Safe side ပြုလုပ်နေသော် လည်း အာဏာရှင် ၏ အလွန် အကျွံ အနိုင်လိုချင် မှု ဖြစ် ဖန်တီးထားမှု များသည်၎င်းတို့ ကိုယ်တိုင် ဓားသွားပေါ် တွင် ကသည့် ဆက်ကပ် ကို က နေသလို ပင်ဖြစ်ချေသည်။
ဝါဒဖြန့် ချိရေးတွင် မြန်မာ စစ်ခေါင်းဆောင် က သူ၏ စစ်တပ် နှင့် ပြည်သူ ချစ်သည် ဟု ဆိုသော်လည်းအနောက် တိုင်း သံတမန် တစ်ဦးက မူ ၎င်း ၏ မြေးလောက် ၎င်း ၏ စစ်တပ် ကိုချစ် မည် မဟုတ် ဟုသုံးသပ်သည်။
ဇာတ်ထဲ တွင် ပြောကြလေ့ရှိသည့် စကား အတိုင်း ” သူ့ အသက် ကို သတ်ရင်း တန်းလန်း နှင့် ငါပါသေသည် ” ဆိုသည့် အဖြစ်မျိုး အရူးမီးဝိုင်း ဖြစ်နေသည့် မြန်မာ စစ်ခေါင်းဆောင် များ ကြုံ တွေ့ နေပြီဖြစ်သည်။
၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အတွက် ဆန္ဒခံယူပွဲ တွင် စစ်အစိုးရက ရှုံးလည်း နိုင် ၊ နိုင်လည်း နိုင် ရမည် ဟု ခံယူပြီး ဖြစ်မြောက် အောင်လုပ်ခဲ့သည်။၂၀၁၀ ကိုလည်း ၎င်း တို့ က ထို အတိုင်းပင် တွက် ဆထားဟန်ရှိသည်။ သို့ သော် မြန်မာ နိုင်ငံရေး သမိုင်းတွင် ခဏ ခဏ နိုင်ခဲ့ဖူးသည့် သာဓက များက သိပ်ပြီးတော့များ များ စားစားရှိခဲ့သည် မဟုတ်ပါ။

မြန်မာ စစ်ခေါင်းဆောင် များအတွက်မူ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် ၎င်း တို့ အခေါင်း ကို ၎င်း တို့ ကိုယ်တိုင် ထမ်းလာခဲ့ခြင်း ဖြစ်ပေသည်။
http://www.baymyanmar.com/2010/03/nld_26.html

အပြည့်အစုံသတင်းဖတ်ရန်....

ဝါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်းရင်းသားတွေ့ရဲ့ ရွေးကောက်ပွဲ သဘောထား

လက်ရှိအခြေအနေ/အရပ်ရပ်နှင့်ပါတ်သက်၍ ကျွန်ုပ်တို့၏သဘောထား

၁။ လက်ရှိနိုင်ငံတော်အစိုးရက အမိန့်ကြေငြာချက်နှင့် အတည်ပြုပြဌာန်းထားသော လည်းကောင်းတို့ အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီများ မှတ်ပုံတင်ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ ကော်မရှင် ဥပဒေ စသည်ဖြင့် မကြာခင်ကထုတ်ပြန်ခဲ့သော ဥပဒေများသည် နိုင်ငံတကာ အစိုးရများနှင့်လည်းကောင်း ၊ ကုလသမ္မဂ အထွေထွေအတွင်းရေးမှုး၏ သဘောထားများနှင့် လည်းကောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစုများ၏ သဘောထားနှင့်လုံးဝဆန့်ကျင်ကာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံ ထူထောင်ရေးပြသနာ အောင်မြင်အောင်ဆောင်ရွက်နိုင်မည့် သဘော ထား ဥပဒေများမဟုတ်ပဲ ပြည်တွင်းဖြစ်ပေါနေသောအကြပ်အတည်းများအား ပိုမိုနက်ရှိုင်း စေလိမ့်မည်ဟု ယူဆရကြောင်း ကျွန်နုပ်တို့ဝါရင့်နိုင်ငံခေါင်းဆောင်များက ယုံကြည်ပါသည်။

We ,the ethnic nationalities had formed a democracy front including all the national ties Democratic pasties in Feb 1989 with 23 nationality parties .

We Won 67 seats in the 1990 . election but the authority banned all the ethnic perties except Mro (or) Khami solidarity Organization . We national development party, Laho National Development party, Union Paoh National Organization, Shan national league

For democracy.

Though our nationalities political parties were abolished in 1992 . Under The mmbrella of SNLD , we made ,active movement for democratic matters end functions.

Most of all nationalities are against the 2008 Constitution which dose not include the equality and self determination for the nationalities and it is not a federal constitution.

We – Shan , Arakanese , Chins, Karea , Mon , had annoumced open declaration in medias that we will not parties and will not participate in 2010 elections.

THA BAN ; AYE THA AUNG
SAI LEGN ; SAI SAW AUNG
NAI NGWE THEIN : NAI TUN THING
HTAUNG KHO THANG
PU KYIN SIAN THANG

အပြည့်အစုံသတင်းဖတ်ရန်....

မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား


အပြည့်အစုံသတင်းဖတ်ရန်....

သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...

ABSDF ON KBS TV ( Korea) Part 1.

ABSDF ON KBS TV ( Korea) Part 2.


ABSDF ON KBS TV ( Korea) Part 3.

ABSDF ON KBS TV ( Korea) Part 4.

ABSDF ON KBS TV ( Korea) Part 5.

ABSDF ON KBS TV ( Korea) Part 6.

ABSDF ON KBS TV ( Korea) Part 7.

koluchitkorea အား ကျေးဇူးအထူးတင်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အရေးကြီးပြီ..သွေးနီးကြစို့ 

အပြည့်အစုံသတင်းဖတ်ရန်....

ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..


ရွှေဘဘကြီး ဘိုလိုနားမလည်ရင်..ဘာသာပြန်ပေးလိုက်ကြပါ..ဆိတ်ဘိုများတို့ 
ပြောသွားတာကြားတယ်နော်...ရူး ချင်ယောင်မဆောင်နဲ့ 

အပြည့်အစုံသတင်းဖတ်ရန်....


“ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လုပ်သွားရမယ်။ ကိုယ့်အလုပ်လုပ်တဲ့အခါကျရင် အများကြိုက်စေချင်လို့ လုပ်တာမဟုတ်ဘူး။ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ရာထူးရာခံ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ နာမည်လိုချင်လို့ လုပ်တာမဟုတ်ဘူး။ ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်တာသာဖြစ် ရမယ်။ ကိုယ့်ရဲ့ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်လို့ရှိရင် ဘယ်သူက ဘယ်လိုဘဲ အန္တရာယ်ပြုပြု၊ ခံနိုင် ရည်ရှိရမယ်။ ဘယ်သူက ဘယ်လိုပဲ ကိုယ့်ကိုပုတ်ခတ်ပုတ်ခတ် ခံနိုင်ရည်ရှိရမယ်။ ဒီလိုခံစားချက်တွေနဲ့ လုပ် သွားမှသာ လူငယ်များဟာ တိုင်းပြည်အကျိုးထမ်းဆောင်နိုင်မှာ ဖြစ်တယ်။ ”

ဒေါ်အောင်ဆန်းစုကြည်
( ၁၉၈၉ ဧပြီလက ချင်းခရီးစဉ် NLD လူငယ်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သော မိန့်ခွန်း )

အပြည့်အစုံသတင်းဖတ်ရန်....

NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်

တိုင်းနဲ့ ပြည်နယ် လူငယ် အစည်းအဝေးမှ ဆုံးဖြတ်ချက် ၆ ချက်

၁။ မှတ်ပုံ မတင်ရန်၊
၂။ ရွှေဂုံတိုင် ကြေငြာချက် အတိုင်းသွားရန်၊
၃။ အန်တီရဲ့ လမ်းညွန်ချက်နဲ့ မူအတိုင်း သွားရန်၊
၎။ ၃/၁၀ ကြေငြာချက် အတိုင်း အန်တီ အပါအ၀င် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များကို တွေ့ဆုံပြီး စည်းဝေး ပြုလုပ်ပေးပြီး၊ ရရှိလာသော ဆုံဖြတ်ချက် အတိုင်း အကောင်အထည် ဖော်ရန်၊
၅။ လူငယ် ကိုယ်စားပြု ၅ဦး ကို CC ထဲမှာ ပါဝင် ဆောင်ရွက်ရန်၊
၆။ လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် အစား ဒုဥက္ကဌ ဦးတင်းဦးမှ လူငယ်ထုကို ကြီးကြပ်ပေးရန် ဆုံးဖြတ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

စာအမှတ် ။ ။ ၄/၂၀၁၀(မဃတ+၈၈+ဗကသ)
ရက်စွဲ။ ။ မတ်လ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းကို
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆန့်ကျင်ကြ

(၁) ယခုလာမည့် မတ်လ ၂၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများ အောက်တွင် ပါတီမှတ်ပုံ တင်ရေး မတင်ရေးကို ဆုံးဖြတ် ကြတော့မည် ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီတရပ် အနေဖြင့် မိမိတို့ ပါတီတွင်း ကိစ္စကို မိမိတို့ဖာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင် သည်သာ ဖြစ်ပါသည်။

သို့သော် မြန်မာ နိုင်ငံ၏ နိုင်ငံရေး အခြေအနေတွင် ရှစ်လေးလုံး ဒီမိုကရေစီ လူထု အရေးတော်ပုံကြီးနှင့် အတူ ပေါ်ပေါက်လာ ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုသည်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ သက်သက်နှင့်သာ သက်ဆိုင်သည့် ပါတီ မဟုတ်ဘဲ၊ မိမိတို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အပြင် ပြည်သူလူထုကြီးတရပ်လုံးနှင့် သက်ဆိုင်နေသည့် ပြည်သူ့ပါတီဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကောင်းကျိုး ဆိုးကျိုး အားလုံးကို ပြည်သူ တရပ်လုံးကပါ အတူ ခံစားကြရမည် ဖြစ်ပါသည်။

(၂) ထို့ကြောင့် ယနေ့ အချိန်တွင် နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မည်သို့ သဘောထား၍ မည်သို့ ရင်ဆိုင် ဖြတ်သန်းမလဲ ဆိုသော ကိစ္စသည် မြန်မာ ပြည်သူ လူထု တရပ်လုံး တာဝန် ရှိရှိ ၀ိုင်းဝန်း စဉ်းစား၍ တာဝန် ရှိရှိ သဘောထား ပေးကြရမည့် အချိန် ဖြစ်နေပါသည်။

(၃) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ မိမိတို့၏ လူထု ခေါင်းဆောင်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ယခု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း ပြတ်သားသည့် သဘောထား များကို အောက်ပါ အတိုင်း ပေးခဲ့ပြီး ဖြစ်ပါသည်။

မတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့် အစီအစဉ်တွင်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံး အတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီ ညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူ လူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှု တွေကို ကျြော်ဖတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ် ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။” ဟူ၍လည်းကောင်း၊

မတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့်အစီအစဉ်တွင်

စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနေနဲ့ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့ အကြောင်း ကန့်ကွက်လိုက်ပါတယ်။ ဟူ၍လည်းကောင်း ရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တကွ မြန်မာ ပြည်သူ လူထုကြီး တရပ်လုံးသို့ သူ၏ သဘောထားကို ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

(၄) လူထုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဖြင့် ပြည်သူ့ ကိုယ်စားလှယ် (mandate) ပေးထားသော ပါတီ ဖြစ်သည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး အရ တရားဝင် ဖြစ်မှုသည် ပြည်သူလူထု၏ အဆုံးအဖြတ် ပေါ်တွင်သာ တည်မှီပြီး၊ နအဖ စစ်အစိုးရ အပေါ်တွင် လုံးဝ မတည်မှီပါ။ ပြည်သူလူထုက အသိအမှတ်ပြု ထောက်ခံ နေသရွေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူ့ ပါတီ အဖြစ် ရပ်တည် နိုင်မည် ဖြစ်ပြီး၊ နအဖ စစ်အစိုးရက အသိအမှတ် ပြုလျှင် ထားရာနေ စေရာသွား နအဖ စစ်အစိုးရ ပါတီ အဖြစ်သာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။

(၅) ထို့ကြောင့် ယနေ့အချိန်ကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် အညီ

၁) ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ဆုပ်ကိုင်ပြီး

၂) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို နာခံကြောင်း လက်မှတ် ထိုးရသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို လုံးဝ ပြတ်ပြတ် သားသား ငြင်းပယ်ရန်သာ ရှိပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူကြားက ပေါက်ဖွား လာသည့် ပြည်သူ့ ပါတီဖြစ်သည့် အတိုင်း ပြည်သူ လူထု၏ ထောက်ခံမှုနှင့်အတူ ပြည်သူ လူထုကြားတွင် ဗမာ တပြည်လုံး ကိုယ့်ပါတီ ရုံးခန်း အဖြစ် သဘော ထားပြီး စစ်အစိုးရ ထံတွင် လုံးဝ ပါတီ မှတ်ပုံတင်ခြင်း မလုပ်ဘဲ ပြည်သူနှင့် လက်တွဲ၍ ဆက်လက် ရပ်တည် လှုပ်ရှားသွားရန် မိမိတို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့မှ အလေး အနက် တိုက်တွန်း လိုက်ပါသည်။

မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂမများ အဖွဲ့ခွဲ့ချုပ်

အပြည့်အစုံသတင်းဖတ်ရန်....

သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ် သဘောထားအမြင်

သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ် သဘောထားအမြင်

အပြည့်အစုံသတင်းဖတ်ရန်....

ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ

CNN ရဲ့ အာရှရေးရာသတင်းထောက်ကျော်ကြီး Dan Rivers, လေ..နာဂစ်တုန်းက စွန့် စွန့် စားစား သတင်းထောက်ခဲ့တာပေါ့
နအဖက ဒီ မတ်လ ၂၇ ရက်နေ့  နေပြည်တော်စစ်ရေးပြပွဲသတင်းယူဖို့ ခွင့်ပြုတယ်လေ..
အခုတော့ စိတ်ပြောင်းပြီး..ပြည်နှင်ဒဏ်တဲ့ ဗျ..(သန်းရွှေရဲ့ သေခါနီး မျက်ခွက်ကြီးကို လှအောင် မရိုက်ပေးတဲ့အမှုနဲ့ ပေါ့)
သူပြန်လာရင် သတင်းကောင်းတော့ပါမှာပါဘဲ ကြည့်ကြသေးတာပေါ့ဗျာ

Myanmar's military junta orders CNN correspondent deported
By Associated Press

NAYPYITAW, Myanmar (AP) — A reporter for the U.S. television network CNN has been ordered deported from Myanmar for the second time in two years.

Dan Rivers, who was in the capital city Naypyitaw to cover Armed Forces Day — one of the few events which the ruling junta invites foreign journalists to cover — will be deported because he is on a blacklist for illicitly reporting from the country in May 2008, an Information Ministry official said Friday.

Rivers was one of the few Western journalists to openly report on the aftermath of Cyclone Nargis — which left 138,000 people dead or missing — and was kicked out after several days.

The official, who spoke on connection of anonymity because he was not authorized to speak to the press, said Rivers was accidentally allowed in again this month because of a mistake by Myanmar's embassy in Bangkok, Thailand, where the CNN correspondent is based.

The official said Rivers was sent from Naypyitaw, to Yangon, the country's commercial hub, from where he would be expelled. He was unsure when the deportation would be carried out.

A CNN spokesman in Hong Kong declined to comment. http://www.latimes.com/news/nationworld/world/wire/sns-ap-as-myanmar-tv-journalist,0,1416968.story

ဒါက စောစောပိုင်းကသတင်းပေါ့..
Myanmar junta welcomes, then expels CNN scribe
DPA
Share · print · T+ Myanmar authorities on Friday expelled CNN South—East Asia correspondent Dan Rivers, after officially inviting him to attend an annual military parade, sources said.

Mr. Rivers arrived in Yangon on Thursday, travelling on a journalist visa allowing him to cover Armed Forces Day, an annual parade presided over by the military junta’s chief, Senior General Than Shwe, in the military’s capital of Naypyitaw, 320 kilometres north of Yangon.

“I was a bit surprised that they allowed me in because the last time I was here they had deported me,” Mr. Rivers said in Naypyitaw, shortly before his most recent deportation.

Mr. Rivers had last entered Myanmar in May 2008, travelling on a tourist visa to cover the devastation caused by Cyclone Nargis, which killed about 140,000 people. Myanmar’s ruling junta was widely criticized at the time for failing to facilitate visas for foreign relief workers seeking to enter the country to assist the disaster—hit communities.

Foreign journalists were also barred from entering, but that is the norm in Myanmar, where the regime keeps a tight grip on local reporters and only occasionally allows foreign reporters to enter officially, usually on junkets that serve its own political purposes.

Mr. Rivers was initially granted a journalist visa to cover the Armed Forces Day on Saturday but then was suddenly escorted back to Yangon without explanation.

“A special agent came and told him he would not be allowed to attend Armed Forces Day and took him to the airport,” a witness said. Myanmar has been under military rule since 1962. Senior General Than Shwe has promised to hold a general election some time this year, but few predict the polls would be either free or fair.

Keywords: Myanmar junta, CNN scribe, invitation, expulsion, annual military parade,
http://beta.thehindu.com/news/international/article306078.ece

အပြည့်အစုံသတင်းဖတ်ရန်....

Friday, March 26, 2010

ဒို့ ဘုန်းဘုန်းများ ရဲသကို..

လုံထိန်းတပ်ဖွဲ့ဝင်များကို ရဟန်းတော်များက တိုင်တွင်ကြိုးဖြင့် ချည်နှောင်ပြီး ဆိုဆုံးမ3/26/2010

ရခိုင်ပြည်နယ် မောင်တောမြို့ (၃) မိုင် ကျေးရွာတွင် ယမန်နေ့က စတင် ပြုလုပ်သော အပါး ၁၀၀ ရှင်ပြုပွဲတွင် လုံးထိန်း တပ်ဖွဲ့ တဖွဲ့မှ အရက်သေစာ သောက်စား မူးယစ်ပြီး လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်းရိုက်နှက်ကာ လုံထိန်း ၂ ဦးကို လူမိုက်တိုင်တွင် ချည်နှောင် ထားခဲ့သည်ဟု အမည်မဖေါ်လိုသူ မျက်မြင် တဦးက ပြောသည်။

“လုံထိန်းတွေက အရက်သေစာ မူးယစ်သောက်စားပြီး ဇာတ်ပွဲရှေ့မှာ လာသောင်းကျန်းတော့ ရဟန်းတော်တွေက ၀ိုင်းရိုက်ပီး အဲဒီထဲက လုံထိန်း နှစ်ဦးကို လူမိုက် လူရမ်းကားတွေကို ချည်နှောင်ဖို့ ပြုလုပ်ထားတဲ့ တိုင်မှာ ချည်နှောင်ထားခဲ့ပါတယ်။ ကျန်တဲ့ လုံထိန်းတွေကတော့ ဦးဇင်းတွေ ရိုက်တော့ ကြောက်ပီး စခန်းကို ပြန်ပြေး သွားကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ရှင်ပြုပွဲတွင် ရွှေရတနာ ဇာတ်အဖွဲ့မှ လာရောက် ဖြေဖျော်ရာ လုံထိန်းများက အရက်သေစာ မူးယစ်ကာ လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်း ရိုက်နှက်ပြီး ယခုကဲ့သို့ ချည်နှောင်ထားခဲ့ရခြင်း ဖြစ်သည်။

“ရဟန်းတော်တွေက အပါး ၂၀၀ လောက်ရှိမယ် ထင်ပါတယ်။ တမြို့နယ်လုံးက ပင့်ထားတော့ ရဟန်းတော်တွေ ကွင်းမှာ အပြည့်ဘဲ။ လုံထိန်းတွေစော်ကားတာကို မြင်တော့ ရဟန်းတော်တွေက သည်းမခံနိုင်ဘဲ ရိုက်ပုတ်ပီး နှစ်ဦးကို ကြိုးနဲ့ ချည်နှောင်ပြီး ထားခဲ့ရပါတယ် ” ဟု သူက ပြောသည်။

ရှင်ပြုပွဲသို့ လာရောက်လာသူ အရှင် ဦးသောဘိတက “ ဦးဇင်းတွေမှာ အပြစ်မရှိဘူး။ အပြစ်ရှိတာက လုံထိန်းတွေပါ။ သူတို့က သိပ်ကို ရမ်းကားလွန်းတော့ ဦးဇင်းတွေက နည်းနည်းပါးပါး ဆိုဆုံးမလိုက်တာ ဖြစ်ပါတယ်။ နံနက် မလင်းမှီ ဆရာတော်ကြီးတွေက အဲဒီ လုံထိန်းနှစ်ဦးကို ရဲတာဝန်ရှိသူတွေ လက်ထဲ အပ်လိုက်ပါတယ်” ဟု ပြောသည်။

ယခုကဲသို့ ရဟန်းတော်များက လုံထိန်း တပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းရိုက်နှက်မူကြောင့် ဇာတ်ပွဲ ကြည့်နေသူ လူအုပ်မှာ ဖရိုဖရဲ ဖြစ်သွားသော်လည်း ဆရာတော်များက ပွဲစောင့် ရဲအဖွဲ့၏ အကူအညီကို ယူကာ ပြန်လည် ငြိမ်ဝပ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု ဆရာတော်က ပြောသည်။

ယခုကဲ့သို့ လုံထိန်းများကို ရိုက်နှက်ပြီး တိုင်တွင် ချည်နှောင်ကာ ရဟန်းတော်များက ဆိုဆုံးမခဲ့ခြင်း အပေါ် ပွဲကြည့်ရန် လာရောက်သည့် ပရိသတ်များက သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်ဟု သိရသည်။

ယနေ့ညဉ့်တွင်လည်း ရွှေရတနာ ဇာတ်အဖွဲ့မှ စဉ်လာမပျက် ပုံမှန် တင်ဆက်ကပြရန် အစီအစဉ် ရှိနေကြောင်း သတင်း ရရှိသည်။
http://www.narinjara.com/detailsbur.asp?id=2404

အပြည့်အစုံသတင်းဖတ်ရန်....

ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..

နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် ထပ်မံဆုံးဖြတ် ။
ဝီရ/ ၂၆ မတ် ၂ဝ၁ဝ

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မြန်မာစစ်အစိုးရက တောင်းဆိုထားသည့်ကိစ္စကို မွန်ပြည်သစ်ပါတီက ယခင်ဆုံးဖြတ်ချက် အတိုင်း လက်မခံဘဲ ပယ်ချရန် ထပ်မံဆုံး ဖြတ်လိုက်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က “Border Guard ပြောင်းဖို့ကိစ္စကို လက်မခံဘူးလို့ အခု ကျင်းပနေတဲ့ အစည်းအဝေးမှာ တညီတညွတ်တည်း ထပ်ပြီး အတည်ပြု ဆုံးဖြတ်တာဖြစ်တယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်က ဘာမှ မပြောင်းပါဘူး။ အခု စုံညီအစည်းအဝေးမှာ အရင်ကအတိုင်းပဲ ထပ်ဆုံးဖြတ်ခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပါတီရှေ့လုပ်ငန်းစဉ်များအတွက် ရေးချောင်းဖျားရှိ ၎င်းတို့၏ ဗဟိုဌာနချုပ်၌ ပြီးခဲ့သည့် မတ်လ(၁၈) ရက်မှစ၍ ယနေ့အထိ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေဆဲဖြစ်ပြီး ယင်းအစည်းအဝေး ပြီးဆုံးပါက သက်ဆိုင်ရာ စစ်အစိုးရအရာရှိထံ အကြောင်းကြား သွားမည်ဟု နိုင်ခြေးမွန်က ပြောသည်။

စစ်အစိုးရအနေဖြင့် နယ်ခြားစောင့်တပ် အစီအစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပါက ရရှိထားသော ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေသည် စိုးရိမ်စရာအနေအထားသို့ ရောက်သွားနိုင်သည်ဟု မွန်ပြည်သစ်က ကြေညာထားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်အမှုဆောင်တဦးက “ပြီးခဲ့တဲ့ မတ် (၁၆) ရက်က ကျနော်တို့ ဒု-ဥက္ကဋ္ဌနဲ့ ရတခ (အရှေ့တောင်တိုင်း စစ်ဌာနချုပ်) တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ တွေ့တုန်းက နယ်ခြားစောင့်တပ်ကိစ္စကို လက်မခံရင် ပါတီရဲ့ တပ်ဖွဲ့ကို ခင်ဗျားတို့စိတ်ကြိုက် ဘယ်လိုပြောင်းချင်သလဲဆိုတာ တင်ပြပါ။ ဘာလို့လဲဆိုတော့ ဒီဗမာပြည်တောင်ဘက်ပိုင်းမှာ မွန်ပြည်သစ် တဖွဲ့တည်း ရှိတာတဲ့။ ဒါကြောင့် နယ်ခြားစောင့်တပ်ကိစ္စဟာ ခင်ဗျားလက်ထဲမှာပဲ ရှိပါတယ်ဆိုပြီး ပါတီရဲ့တပ်ဖွဲ့ကို အသွင်ပြောင်းဖို့ တိုင်းမှူးပြောတာကိုလည်း ကျနော်တို့ လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီးသားပါ။ ပါတီအနေနဲ့က ကြုံတွေ့လာမယ့် အတားအဆီးအားလုံးကို ဒီရပ်တည်ချက်နဲ့ပဲ ရင်ဆိုင်သွားမှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားများအတွက် ဘဝအာမခံချက်မရှိဘဲ ပါတီနှင့် ၎င်း၏တပ်ဖွဲ့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်အား တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံလိမ့်မည်မဟုတ်ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊ အနာဂတ်အစိုးရသစ်တို့အား ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ နောက်ဆုံးကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန် မွန်ပြည်သစ်က မြန်မာစစ်အစိုးရအား တောင်းဆိုထားသည်။

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ခြေးမွန်က “အခု အစည်းအဝေးမှာ အသေးစိတ် မသိရသေးပါဘူး။ အရင်က ဆုံးဖြတ်ချက်အတိုင်းပဲ ပါတီက ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ ထူးထူးခြားခြား ဆုံးဖြတ်တာမျိုး မရှိပါဘူး။ အရင်ကအတိုင်းပါပဲ” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

စစ်အစိုးရက ဖျက်သိမ်းထားသော ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် မတ်လ(၂၄) ရက်နေ့က ထပ်မံအတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။

1-2010

အပြည့်အစုံသတင်းဖတ်ရန်....

မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ်တည်းတည်းကလေးပေါ့)

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */