“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 28, 2008

ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို

ဇာနည် ။ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 18:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ထိုင်းနိုင်ငံနေ မြန်မာများ၏ လုံခြုံ ရေးအတွက်လည်း သတိပိုမိုထားရှိသင့်ကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များကို လေ့လာသူများက အကြံပြု ထား သည်။

ဖြစ်ပေါ်နေသည့် အခြေအနေများသည် ထိုင်းနိုင်ငံရောက် မြန်မာများနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း အစိုးရ ဆန့်ကျင်သူများနှင့် ထောက်ခံသူများ အကြား ဖြစ်ပွားနေသော ပဋိပက္ခများ တိုးမြင့်လာနေခြင်းကြောင့် လုံခြုံရေးများ တင်းကြပ်နေသောကြောင့် ဖြစ်သည်။

"လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တာက အခုက နိုင်ငံရေးအခြေနေက သိပ်ရှုပ်နေတော့ တိုင်းပြည် ကလဲ မင်းမဲ့ပုံစံ နီးနီးဖြစ်သွားတယ်။ အရင်တုန်းက အစိုးရက ကောင်းကောင်း အုပ်ချုပ်နိုင်တုန်းကတောင် ကိုယ့် ကို ပြဿနာရှာတာတွေ ရှိနေတာဆိုတော့ သွားလာတာတွေ စည်းစည်းရုံးရုံးနဲ့ သွားလာကြပေါ့" ဟု ထိုင်းအ ခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ အနည်းဆုံး မြန်မာ ၂ သန်းခန့်ရှိပြီး လေးပုံတပုံခန့်သာလျှင် အလုပ်လုပ် ခွင့် မှတ်ပုံတင်ထားပြီး ဖြစ်သည်။

တရားမ၀င် မြန်မာလုပ်သားများကို ဖမ်းဆီးမှုများ ပိုလာဖွယ်ရှိသည်ဟု ဦးခွန်စိုင်းက ပြောသည်။

"အခုက မြန်မာတွေ အနေနဲ့က ကိုယ့်မှာ ပြဿနာ ရှိရှိ မရှိရှိ သူတို့ဖက်က ကိုယ့်ကို အချိန်ပေးနိုင်တဲ့ အခြေနေ မရှိတော့ဘူး။ အဲဒီတော့ ဒေသခံမှာ ရှိတဲ့ လူမိုက်တို့ ဘာတို့က ကိုယ့်ကို ပြဿာနာ ရှာလာနိုင်တယ်။ သိပ်ပြီးတော့ တယောက်ထဲ နှစ်ယောက်ထဲ မသွားနဲ့ပေါ့နော်။ သူများတွေနဲ့လည်း အဆင်ပြေအောင် ဆက် ဆံပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံရှိ မြန်မာအများစု အနေဖြင့် အ၀ါရောင်နှင့် အနီရောင်အင်္ကျီများကို ၀တ်ဆင်ရာတွင် သတိား သင့်သည့် အခြေအနေများ ဖြစ်နေသည်။

ထိုင်းအစိုးရကို ဆန့်ကျင်သူ ပီအေဒီ များက အ၀ါရောင်ကို ၀တ်ဆင်ကြပြီး အစိုးရ ထောက်ခံသူ ပီပီပီ အဖွျဲ့ားက အနီရောင်ကို ၀တ်ဆင်ကြသောကြောင့် အဖွဲ့နှစ်ဖွဲ့၏ ပဋိပက္ခကြားတွင် အထင်လွဲမှားမှုများ၏ သားကောင်များ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

"ထိုင်းနိုင်ငံထဲမှာ နေတဲ့ ဗမာတို့၊ သျှမ်းတို့၊ ကရင်တို့ က အ၀ါရောင်ကို တော်တော်ဝတ်ကြတာ ရှိတယ်။ အဲဒီ တာ့ တချို့တတွေက သြော် ဒီဥစ္စာကတော့ဖြင့် ပီအေဒီ အဖွဲ့ဆိုပြီး အထင်မှားတာတွေ ဖြစ်လာနိုင်တယ်ပေါ့။ အင်္ကျီနီလည်း ဒီလိုပဲပေါ့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုပြီးတော့ ၀တ်ကြတာကိုး။ အဲဒီမှာအနီရောင်ဝတ်တဲ့ ပီပီပီ ကိုထောက်ခံတယ်ဆိုပြီး ဖြစ်သွားနိုင်တာပေါ့" ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။ ထို့အတူ မြန်မာများ အနေဖြင့်လည်း ဖြစ်ပွားနေသော ပဋိပက္ခများအကြား ၀င်ရောက် မပါသင့်ကြောင်းကို ဦး ခွန်စိုင်းက "တချို့ကျတော့ အလုပ်ထိခိုက်တယ်ဆိုပြီးတော့ စိတ်ဆိုးပြီးတော့ အင်္ကျီဝါတွေဖက်ပါတာ အင်္ကျီနီဖက်တွေ ပါတာတွေ ရှိတာပေါ့နော်။ ကျနော့်အမြင်ကတော့ ဒါတွေ မလုပ်သင့်ဘူး။ ကျနော်တို့က ကျနော်တို့ တိုင်းပြည်မတည်ငြိမ်လို့ သူများ တိုင်းပြည်မှာ လာနေနေရတာ။ သူများ တိုင်းပြည်ပိုပြီး မငြိမ်းချမ်းအောင် လုပ်ပေးသလို ဖြစ်မယ်လေ။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ရင် သူတို့ ၂ ဖက်လုံး ကောင်ားကောင်းကြောင်း ဖြစ်ဖို့ပဲ လုပ်ဖို့ ကောင်းတာပေါ့နော်" ဟု ပြောပြသည်။

ထို့အတူ ထိုင်းဝန်ကြီးချုပ် အပါအ၀င် ထိုင်းအစိုးရ အဖွဲ့အနေဖြင့် လုံခြုံရေးအရ ဘန်ကောက်မှ ချင်းမိုင်သို့ ရောက်ရှိလာပြီးနောက် ချင်းမိုင်မြို့တွင် လုံခြုံရေးများ ပိုမို ချထားလာခြင်းများကြောင့် ချင်းမိုင်မြို့နေ မြန်မာများအတွက် တိုက်ရိုက် သက်ဆိုင်သည် မဟုတ်သော်လည်း အခက်အခဲများ ပိုမို ရှိလာမည် ဖြစ်သည်။

ချင်းမိုင်မြို့နေ မြန်မာသတင်းထောက် တဦးဖြစ်သည့် ကိုအောင်နိုင်က "ချက်ပွိုင့်တွေ ပိုများလာမယ်၊ စစ်တာဆေးတာတွေ များလာမယ် ဆိုရင် တရားမ၀င် နေထိုင်နေတဲ့ မြန်မာတွေ အတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ တိုက်ရိုက်ကြီးကတော့ ဗမာတွေကို ဦးတည်ပြီးတော့ အန္တရာယ်ဖြစ်စေမှာတော့ မဟုတ်ဖူးပေါ့" ဟု ပြောသည်။
http://www.mizzimaburmese.com/news/regional/2062-2008-11-27-12-03-05.html

အပြည့်အစုံသတင်းဖတ်ရန်....

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ဖိတ်ကြားခြင်း

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၁၁.၂၀၀၈ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

in front of UN ( in japan )



photoby kopour

အပြည့်အစုံသတင်းဖတ်ရန်....

ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ

မြန်မာနိုင်ငံ၏ မျက်နှာပြောင်အကြီးအကဲ
http://myanmartheatre.blogspot.com/2008/11/blog-post_21.html ကရေးတာပါ။ လက်ဆင့်ကမ်းတာပါခင်ဗျ။


အပြည့်အစုံသတင်းဖတ်ရန်....

ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်



် Photo by kopour

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, November 27, 2008

လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ်များ ထပ်မံချမှတ်

Thursday, 27 November 2008
ကိုစိုး



စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးသော ထင်ရှားသည့် လူရွှင်တော်ကိုဇာဂနာကို ယနေ့တွင် ထောင် ဒဏ် ၁၄ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက် ထွေးအား ထောင်ဒဏ် ၄ နှစ်ထပ်တိုး၍ ပြစ်ဒဏ်များ ချမှတ် လိုက် ကြောင်း မိသားစုဝင်များကပြောသည်။
ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး (ဓာတ်ပုံ - ဧရာဝတီ)
ကိုဇာဂနာကို ဗီဒီယို အက် ၃ နှစ် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ၁၇/၂ အရ ၅ နှစ် ၊ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ် ကို အင်းစိန်ထောင် အထူးတရားရုံးက ယနေ့ ချမှတ်လိုက်သည်ဟု ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။

ကိုဇာဂနာသည် နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်သည့် ထောင်ဒဏ် ၄၅ နှစ် နှင့် ပေါင်းလျှင် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံရမည်ဖြစ်သည်။

ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေး ကိုလည်း ပုဒ်မ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် ယနေ့ ထပ်တိုး၍ ချမှတ်လိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်ထားသည့် ထောင်ဒဏ် ၁၅ နှစ်နှင့် ပေါင်းလျှင် ၎င်း သည် ထောင်ဒဏ် ၁၉ နှစ် ကျခံရမည်ဖြစ်သည်။

ယခုကဲ့သို့ ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်သက်ထွေး၏ ဇနီး မခိုင်ချိုက အလွန် စိတ်ပျက်မိကြောင်း ပြောဆိုသည်။

“အခုဟာက တရားတယ်၊ မတရားဘူးဆိုတာ အားလုံးကလည်း သိနေကြပါပြီ၊ ကျမအမျိုးသားက နာဂစ်ကိစ္စ လုပ်နေရင်းနဲ့ ဖြစ်သွားတာဆိုတော့ ဒီတခါမှာတော့ လုံးဝမျှော်လင့်မထားဘူး၊ အလှူအတန်းကိစ္စ လုပ်နေရင်း ဖြစ်သွားတာဆိုတော့လည်း ကျမ ဒီထောင်ဒဏ်အပေါ်ကို တော်တော်လေးကို စိတ်ပျက်မိပါတယ်၊ ကောင်းတာ လုပ်ရင်း ဖြစ်ရတာ ဖြစ်တဲ့အတွက် ကောင်းတာတွေပဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု မခိုင်ချိုက ဧရာဝတီသို့ ပြောပြသည်။

အယူခံဝင် နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်၍ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကိုဇာဂနာ ၊ ကိုဇော်သက်ထွေတို့နှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသော ကိုသန့်ဇင် အောင်ကိုလည်း ယနေ့ ဗီဒီယို အက် အရ ထောင်ဒဏ် ၃ နှစ် တိုး၍ ချလိုက်သောကြောင့် ၎င်းသည် လည်း စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာ၏ ခယ်မ မငြိမ်းက“စွဲထားတဲ့ ပုဒ်မတွေတော့ အကုန်ပြီးသွားပါပြီ၊ ထပ်မတိုးရင်တော့ ပြီးသွားပြီပေါ့”ဟု ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားခဲ့သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။

ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့(GW)မှ ကိုတင်မျိုးထွတ် ခေါ် ကိုကျော်ဦး နှင့် ကိုစောမောင်တို့ ၂ ဦးကို လ၀က ပုဒ်မ ၁၃/၁ ၊ တရားမ၀င် အဖွဲ့အစည်း ပုဒ်မ ၁၇/၁ တို့အရ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

ယင်းသို့ ပြစ်ဒဏ်မှတ်ချခြင်းများသည် တဖက်သတ် မတရား ချမှတ်ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သော မျိုးဆက်သစ် လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် နိုင်ငံ တွင်း ပဋိပက္ခများ ပြေလည်သွားမည် မဟုတ်ဘဲ စစ်အစိုးရ အနေနှင့် ပိုမိုအင်အားကြီးမားသော လှုပ်ရှားမှုများနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ယမန်နေ့တွင် GW အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သူများ

ံHIV/AIDS patients in Burma , (must see every parts)
Part 1

Part 2

Part 3

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ

Preventable Fate[1]

အပြည့်အစုံသတင်းဖတ်ရန်....

ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား

ရာထူးမှနှုတ်ထွက်ခြင်း မပြုနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာလိုက်

Nov 27 08
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဆွန်ချိုင်းဝမ်ဆာဝတ်က ၎င်းအားရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုမှုများအား လက်မခံနိုင်ကြောင်း အတိအလင်းကြေငြာလိုက်သည်။ ထိုင်းနိုင်ငံ စစ်ဦးစီးချုပ်က ဆွန်ချိုင်းအနေနှင့် ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက် ပေးရန် တိုက်တွန်းခဲ့သည်။ သို့သော်လည်း ဆွန်ချိုင်းက အတိုက်အခံ PADပါတီ မှ ဆန္ဒပြသူများ၏ တောင်းဆိုမှုအတွက်လိုက်လျောရန် စိတ်မကူးကြောင်း ၀န် ကြီးချုပ်က ရုပ်မြင်သံကြားမှတဆင့် ကြေငြာသွားသည်။ ဆွန်ချိုင်းက ၎င်းနှင့်အတူ အစိုးရအဖွဲ့ တခုလုံးသည် တိုင်းပြည်အတွက် ဆက်လက် အလုပ် အကျွေး ပြုသွားရန် ရည်မှန်းထားကြောင်း အတိအလင်းပြောဆိုခဲ့သည်။ တိုင်းပြည်ရှိ ပြည်သူလူထုသည် မိမိ၏ အစိုးရအဖွဲ့ကို ဆက်လက်ထောက်ခံနေဆဲဟု မိမိယုံကြည်ကြောင်း ဆွန်ချိုင်းက ပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းအနေနှင့် အာဏာကို ဆုပ်ကိုင်ထားရန် မရည်ရွယ်ကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရကို ထိန်းသိမ်း ရန်သာ ရည်ရွယ်ထားကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှတဆင့် ဆွန်ချိုင်းက ပြောကြားခဲ့သည်။

၎င်းသည် ယနေ့အစောပိုင်းက နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ဘန်ကောက်တွင် လေ ယာဉ်မဆင်းနိုင်သဖြင့် ချင်းမိုင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရဲများ၏အဆိုအရ ဆွန်ချိုင်းထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သိရှိခဲ့ချိန်တွင် အစိုးရထောက်ခံသူနှင့် အတိုက်အခံများကြား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်ခဲ့ပြီး လူတစ်ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ဆွန်ချိုင်းက အတိုက်အခံ PADပါတီ ခေါင်းဆောင်များသည် အာဏာရရေးအတွက် မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေများ ဖြစ်ပေါ်လာရန် သွေးထိုး လှုံ့ဆော်နေကြောင်း၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များသည် ဒီမိုကရေစီကို ဖျက်စီးခြင်းပင်ဖြစ်ကြောင်း ဝေဖန်ပြစ်တင်လိုက်သည်။ လက်ရှိအချိန်တွင် ထိုင်းစစ်တပ်မှာ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းမှုမျိုး ဖြစ်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟု သိရှိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား

Nov 27 08

အကြမ်းဖက်သမား အဖွဲ့တစ်ဖွဲ့သည် အိန္ဒိယနိုင်ငံ မြို့ကြီးတစ်ခုဖြစ်သော မွမ် ဘိုင်း တွင် သွေးချောင်းစီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ နိုဝင် ဘာ လ (၂၆)ရက်နေ့ညက မွတ်ဆလင် စစ်သွေးကြွများဟု ယူဆရသော လက်နက်ကိုင်အဖွဲ့တစ်ခုသည် သေနတ်များ၊ လက်ပစ်ဗုံးများ အသုံးပြု၍ မွမ် ဘိုင်းမှ ထင်ရှားသော ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဆေးရုံနှင့် ဘူတာရုံ များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၁၀၀)ကျော် သေဆုံး ခဲ့သည်။ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ကမ္ဘာလှည့် ခရီးသည် များ အများဆုံးရှိနေသော နေရာ(၇)ခုကို ဖြန့်ကျက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၉၀၀)ကျော် ဒဏ်ရာရရှိခဲ့သည်။ ကြမ်းတမ်းစွာ မွှေ့ယမ်း ပစ်ခတ် သွားသော အကြမ်းဖက်သမားများသည် အမေရိကန်နှင့် ဗြိတိန်နိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်ထားသော နိုင် ငံခြားသားများကိုလည်း ရှာဖွေဖမ်းဆီးသွားကြောင်း လွတ်မြောက်လာသူများက ပြန်လည် ပြောကြားခဲ့သည်။


(အကြမ်းဖက်တိုက်ခိုက်သည့် သေနတ်သမားတစ်ဦး)
ဓားစာခံများအဖြစ် ဖမ်းဆီးခံရသူ အရေအတွက်ကို မသိရသော်လည်း အနည်းဆုံးလူ (၄၀)ကျော်ရှိမည်ဟု အာ ဏာပိုင်များက ခန့်မှန်းထားသည်။ ကြယ်ငါးပွင့်အဆင့်ရှိ နာမည်ကြီး ဇိမ်ခံဟိုတယ်ကြီး နှစ်ခုဖြစ်သောတာ့ဂ်ျမ ဟာ နန်းတော်နှင့် အိုဘာရီယို ဟိုတယ်များကို အဓိက ဦးတည်တိုက်ခိုက်ခဲ့သလို နိုင်ငံခြားသားများအ များ အပြား လာရောက်လေ့ရှိသည့် လီယိုပိုးလ်ကဖီး၊ မီးရထား ဘူတာရုံတစ်ခု၊ ဆေးရုံနှစ်ရုံနှင့် ရဲစခန်း တစ်ခုကိုပါ တရစပ် တိုက်ခိုက်ခဲ့သည်။ သေဆုံးမှုစာရင်းမှာ ယခုလက်ရှိထက် မြင့်တက်လာနိုင်ကြောင်း အာဏာ ပိုင်များ ကဆိုသည်။ တာ့ဂ်ျမဟာ ဟိုတယ်တွင် နိုဝင်ဘာလ (၂၇)ရက်နေ့ မနက်က မီးတောက်များ ထိုးထွက် လာပြီး နောက် အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့က ဟိုတယ်အတွင်း ၀င်ရောက်ရန် ကြိုးပမ်းခဲ့ရာ အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ် ခတ်မှု များ ဖြစ်ပွားခဲ့သည်။ ယခုအခါတွင် စစ်တပ်မှာလည်း တစ်မြို့လုံးတွင် ၀င်ရောက် တပ်ဖြန့် ထားလိုက်ပြီ ဖြစ်သည်။



(တာ့ဂ်ျမဟာဟိုတယ် အပေါ်ထပ်တွင် မီးလောင်ကျွမ်းမှု ဖြစ်နေစဉ်)

အခြေအနေကို သုံးသပ်နိုင်ရန် အလွန်ခက်ခဲနေသေးသည်ဟု အိန္ဒိယရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြား ခဲ့သည်။ ဓားစာခံများ၏ အခြေအနေမှာ အလွန်ဆိုးရွားနိုင်ကြောင်း မျှော်လင့်ထားပြီး အကြမ်းဖက် တိုက်ခိုက်သူ များ၏ အဖွဲ့အစည်းနှင့် အရေအတွက်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ရဲများက ၎င်းအကြမ်းဖက် သမားများသည် ကျွမ်းကျင်မှုရှိပြီး အယ်လ်ကေးဒါးနှင့် ဆက်စပ်နေသော အဖွဲ့များဖြစ်နိုင်ကြောင်း ကောက်ချက် ဆွဲထားသည်။ ယခုအချိန်ထိ မွမ်ဘိုင်းတစ်မြို့လုံး ကျီးလန့်စာစား ဖြစ်နေကြသလို အကြမ်းဖက်သမားများကို ချေမှုန်းနိုင်ခြင်း မရှိသေးပေ။ မျက်မြင်များ၏ ပြန်လည်ပြောဆိုမှုအရ တာ့ဂ်ျမဟာ ဟိုတယ်ကြီး၏ လှေကား များတလျှောက် အလောင်းများနှင့် ပြည့်နေသလို သွေးကွက်များ၊ နေရာအနှံ့ လောင်ကျွမ်းနေသော မီးတောက်များကိုလည်း မြင်ခဲ့ရသည်ဟု သိရှိရသည်။ အိန္ဒိယအတွက် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီး ပေါ်ပေါက်လာပြီးနောက် အစိုးရဘက်မှလည်း ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလျက်ရှိသည်။ လွတ် မြောက်လာသူ တစ်ဦးက တက်ဂ်ျမဟာကို ၀င်စီးခဲ့သော အကြမ်းဖက်သမား အရေအတွက်မှာ (၂၀)ဦးခန့်ရှိ နိုင်ကြောင်း ပြောကြားသွားသည်။ ၎င်းတို့သည် မြင်သမျှကို မွှေ့ယမ်းပစ်ခတ်သွားသလို လက်ပစ်ဗုံးများကို ဟိုတယ်အခန်းများအတွင်း ပစ်သွင်းခဲ့ကြောင်း ကျောကုန်းတွင် ဒဏ်ရာရပြီး လွတ်မြောက်လာသည့် အဆိုပါ မျက်မြင်သက်သေက သတင်းထောက်များထံ ပြောကြားသွားသည်။ လွတ်မြောက်လာသော ဗြိတိန်နိုင်ငံသားတစ်ဦးက အဖမ်းခံထားရသည့် ဓားစာခံများထဲတွင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံသား များသာမက အိန္ဒိယ နိုင်ငံသားများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ဗြိတိန်နိုင်ငံသား မဟုတ်ဟု လိမ်လည်ပြောကြားခဲ့ပြီးနောက် အကြမ်းဖက်သမားများက ၎င်းကိုအာရုံ မစိုက်တော့ဘဲ ဘေးနား တွင်ရှိသော အမေရိကန် နိုင်ငံသားတစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။



(အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သည့် မီးရထားဘူတာရုံ တစ်နေရာ)
အကြမ်းဖက်သမားများက လူတိုင်းကို လက်မြှောက်ခိုင်းထားပြီး အမေရိကန်နှင့် ဗြိတိသျှများကို မေးခွန်းထုတ် ရွေးချယ်ခဲ့ကြသည်။ လွတ်မြောက်လာသူတစ်ဦးက အကြမ်းဖက်သမားတိုင်းသည် ကိုယ်တွင် ဖောက်ခွဲရေး ကိရိယာ များ တပ်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ ရုပ်မြင်သံကြားတွင် AK-47သေနတ်အား မွှေ့ယမ်းပြီး ဟိုတယ်ထဲပြေးဝင်နေသော ငယ်ရွယ်သည့် စစ်သွေးကြွတစ်ဦး၏ ရုပ်ပုံကို ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းပုံသည် ဟိုတယ်လုံခြုံရေး ကင်မရာမှတဆင့် ရိုက်ကူထားနိုင်လိုက်ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက်သမားများ တပ်စွဲထားသော ဟိုတယ်များပတ်ဝန်းကျင်တွင် စစ်တပ်ရော၊ ရဲများပါ တပ်စွဲထား သော်လည်း အတင်းအကြမ်း ၀င်ရောက်တိုက်ခိုက်မှုမျိုး မလုပ်ရဲသေးသလို ဓားစာခံများအတွက် ပူပန်နေ ရဆဲဖြစ်သည်။ ၎င်း၏သူငယ်ချင်း အဖမ်းခံထားရသော လွတ်မြောက်လာသူ အမေရိကန် အမျိုးသမီးတစ်ဦးက အရှင်လတ်လတ် ငရဲနှင့်ကြုံတွေ့ခဲ့ကြောင်း မျက်ရည်လည်ရွဲနှင့် ပြောကြားသွားခဲ့ပြီး သူငယ်ချင်းအတွက် အလွန် ၏ပူပန်နေကြောင်း ၀န်ခံသွားခဲ့သည်။



(မွမ်ဘိုင်းမြို့တွင် အကြမ်းဖက်တိုက်ခိုက်ခံရသည့် နေရာများပြမြေပုံ) http://www.planet.com.mm/news/read.cfm/id/11237

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008


နယူးဒေလီ။ ။ လူငယ်များက နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နေအိမ် အကျယ်ချုပ် ကျခံ နေရသော ဒေါ်အောင်ဆန်း စုကြည်ကို သွားရောက်ဂါရ၀ပြုခွင့် ပေးပါရန် တောင်းဆိုခဲ့ပြီးနောက် အာဏာ ပိုင်များက လုံခြုံရေး ပိုမိုတိုးမြှင့်ကာ တုံ့ပြန်လိုက်သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နေအိမ်ပတ်ဝန်းကျင်နှင့် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် လုံခြုံရေး တပ်ဖွဲ့များ သိသိသာသာ များပြားလာနေသည်ဟု အတိုက်အခံ ပါတီဝင်များ က ပြောကြားကြသည်။

"ကျနော်တို့က ဥပဒေ ဘောင်အတွင်းကနေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ တောင်းဆိုတာပါ။ မနေ့က ၂၅ ရက်နေ့အထိ ကျနော် တို့ လူငယ်တွေ ခွင့်ပြုအမိန့်ကို စောင့်နေဆဲပါ။ ဒါပေမဲ့ ခွင့်ပြုချက် မပေးဘဲ ရုံးနဲ့ အနီးတ၀ိုက်မှာ လုံခြုံရေး တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုး ရေးတွေနဲ့ စွမ်းအားရှင်တွေ အပြည့်ရောက်နေတယ်" ဟု ဒဂုံ မြို့ နယ် အဖွဲ့ချုပ်လူငယ်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်နှင့် ရွှေဂုံတိုင်လမ်း၊ အဖွဲ့ချုပ်ရုံးရှေ့ရှိ ကျောက်ဆည်ဓမ္မာရုံတို့ တွင် ရဲများအပြင် အစိုးရ ခါးပိုက်ဆောင်တပ်များပါ တွေ့ကြရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မြန်မာ လူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါ ရန် မေတ္တာရပ်ခံထားသည်မှာ သီတင်းပတ် တပတ်ကြာမြင့်ပြီ ဖြစ်သော်လည်း အာဏာပိုင်များဘက်က ထုံးစံအ တိုင်း မသိကျိုးကျွန်ပြုထားသည်။

လူထုခေါင်းဆောင်အား ဂါရ၀ပြုရန် လိုက်ပါလိုသူများ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များဖြစ်သည့် မထက်ထက် အိုးဝေ (ရွှေပြည်သာမြို့နယ်)၊ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ ကိုအောင်မျိုးလွင် (ရွှေပြည်သာမြို့နယ်) တို့ထံ ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်ဟု ပါတီဝင်များနှင့် နီးစပ်သူ ရန်ကုန်မြို့ခံ ကိုပေါက်က မဇ္ဈိမကို ပြောပြသည်။

"သွားမယ်ဆိုရင် သူ့တို့နောက်မှာ လိုက်ပါမယ့် လူ ၄၀ နီးပါး ရှိတယ်။ သူတို့အနေနဲ့ ဥပဒေဘောင်အတွင်းက လုပ်သွား မှာဖြစ်တယ်" ဟု ကိုပေါက်က ပြောသည်။

ဒီပဲယင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်အစိုးရက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်းမပြုဘဲ နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားခဲ့သည်မှာ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ၅ နှစ်ပြည့်မြောက်ခဲ့သော်လည်း လွှတ်မပေးဘဲ ဆက်လက် ချုပ်နှောင်ထားခဲ့သည်။ မနက်ဖြန် နိုဝင်ဘာလ ၂၇ နေ့ တွင် ထပ်တိုးချုပ်နှောင်ထားမှု ၆ လ တင်းတင်း ပြည့်မြောက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကုန်လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော်ကာလကို ရန်ကုန်မြို့ရှိ သူမ နေအိမ်တွင် အကျယ်ချုပ်ဖြင့် နေထိုင်ဖြတ်သန်းခဲ့ရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Burmese Health--Healthy Eating, Healthy Living in the US

အပြည့်အစုံသတင်းဖတ်ရန်....

ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်


VOA မှ

အပြည့်အစုံသတင်းဖတ်ရန်....

အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ

အပြည့်အစုံသတင်းဖတ်ရန်....

Burmese School in Bangkok

အပြည့်အစုံသတင်းဖတ်ရန်....

ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ့ချီ သေဆုံးနိုင်ဟု MSF မြန်မာ သတိပေး

25 November 2008
PreventableFatereport-MSF


MSF မှထုတ်ပြန်လိုက်သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစီရင်ခံစာ။
(ပုံ-MSF အင်တာနက်စာမျက်နှာ)
အာရှတိုက်ထဲက အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဝေဒနာရှင် တွေအတွက် နိုင်ငံ တကာရဲ့ အကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်းနဲ့ ဒီလိုအကူအညီတွေ အချိန် မီထပ်မရရင် သူတို့ရဲ့အသက်ကို ကယ်တင်နိုင် မယ့်အခြေအနေတွေ မရှိတဲ့အကြောင်း MSF ခေါ် နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က အစီရင်ခံ စာတစောင် ဒီနေ့ပဲ ထုတ်ပြန်ပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပ ပါတယ်။
မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၂၄၀,၀၀၀ လောက်ရှိနေပြီး အဲဒီထဲက ၇၆,၀၀၀ လောက်ဟာ အေအာတီ (ART) လို့ခေါ်တဲ့ ဝေဒနာရှင်တွေအတွက် အသက်ကယ်ဆေးတွေဟာ အရေး တကြီး ကို လိုအပ်နေတယ်လို့ MSF ခေါ် နယ်ခြားမဲ့ဆရာဝန်များအသင်းက ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက လူပေါင်း ၂၅,၀၀၀ လောက်က အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါနဲ့ပဲ မြန်မာပြည်မှာ သေဆုံးသွားခဲ့ရပါတယ်။ ဒီနှစ် ၂၀၀၈ ခုနှစ်မှာလည်း အရေးပေါ်ကုသမှုတွေ မရရင် ဒီလောက်လူအရေအတွက် သေဆုံးရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

"နောက်နှစ်တွေအတွက်ကတော့ တော်တော့်ကို ကွဲပြားခြားနားပါလိမ့်မယ်။ အခုအရေးတကြီး ကျနော်တို့ လိုနေ တာကတော့ ဒီဝေဒနာ ရှင်တွေအတွက် အေအာတီ အသက်ကယ်ဆေးတွေ များများနဲ့ မြန်မြန်ရဖို့ပါပဲ။ အဲဒီအတွက် မြန်မာစစ်အစိုးရဘက်ကရော နိုင်ငံတကာ ကပါ ၀ိုင်းပြီးတော့ အကူအညီပေးကြဖို့ လိုနေပါတယ်" လို့ မြန်မာပြည်တွင်းမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ MSF အဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ မစ္စတာ ဆိုဟေး ရစ်ခ်ျ ပြောသွားတာဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ အစိုးရမဟုတ်တဲ့ အန်ဂျီအို အဖွဲ့အစည်းတွေကနေ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာ ရှင် တွေကို အကူအ ညီပေးနေတာတွေလည်း ရှိနေပါတယ်။ သူတို့နဲ့ စစ်အစိုးရကြားမှာဘယ် လိုပြဿနာ တွေ၊ ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲလို့ မေးကြည့်တော့ …

"သူတို့တွေရဲ့ကြားမှာ ပြဿနာတွေတော့ မရှိပါဘူး။ ပြဿနာကတော့ အစိုးရဆီမှာရော၊ အစိုးရမဟုတ်တဲ့ အန်န်ဂျီအိုအဖွဲ့အစည်းတွေက ဆရာဝန်တွေဆီမှာပါ အေအာတီ အသက်ကယ်ဆေးတွေ မရှိတာပါပဲ။ သူတို့ဆီမှာ အဲဒီဆေးတွေ ၀ယ်ယူဖို့လည်းငွေကြေးမရှိကြပါဘူး။ မြန်မာပြည်တွင်းက အိပ်ခ်ျအိုင်ဗွီ၊ အေအိုင် ဒီ အက်စ် လုပ်ငန်းမှာအဓိကဆောင်ရွက်ပေးနေကြတဲ့ သူတွေဆီမှာ အဲဒီဆေးတွေ ပြတ်နေ တာဟာ တကယ့် ပြဿနာပါပဲ" လို့ MSF အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မစ္စတာ ဆိုဟေး ရစ်ခ်ျက ပြောသွားပါတယ်။

MSF အဖွဲ့က လူပေါင်း ၁၁,၀၀၀ ကျော်ကို မြန်မာပြည်မှာ အေအာတီဆေးတွေကို ဝေငှခဲ့တာရှိတယ်၊ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အန်န်ဂျီအို အဖွဲ့အစည်းတွေကတော့ အနည်း အကျဉ်းလောက်ပဲ ပေးနိုင်ကြတယ်လို့ ဆိုပါ တယ်။

မြန်မာစစ်အစိုးရကလည်း ပြည်သူတွေအတွက် ကျန်းမာရေးအသုံးစရိတ်က သိပ်ပြီးနည်းနေတယ်၊ နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးမှုတွေကလည်း သိပ်ပြီးတော့နည်းနေတယ်၊ အဲဒါကြောင့် မြန်မာ ပြည်တွင်းက အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူမမာတွေအတွက် အရေးပေါ်အကူအညီတွေ အမြန်ဆုံး ၀ိုင်းပြီး မပေးနိုင်ကြဘူးဆိုရင် ဝေဒနာရှင်တွေအတွက် မတွေးဝံ့စရာပါပဲလို့ ဒီနေ့ ဘန်ကောက်မြို့မှာကျင်းပတဲ့သ တင်း စာရှင်းလင်းပွဲမှာ မြန်မာပြည်အတွင်း ဆောင်ရွက်ပေးနေတဲ့ MSF အဖွဲ့က ခေါင်းဆောင်တွေက ပြောကြ ပါ တယ်။
MSF အဖွဲ့ဟာ မြန်မာပြည်မှာ ၁၉၉၃ ခုနှစ်ကစပြီး ကျန်းမာရေး ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာပါ။ အခု ဆိုရင် သူတို့ရဲ့ MSF ဆေးခန်းပေါင်း မြန်မာပြည်မှာ ၂၃ ခု ဖွင့်လှစ်ပြီး ကုသဆောင်ရွက်နေပါတယ်။ http://www.voanews.com/burmese/2008-11-25-voa9.cfm

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုးရိမ်စရာဖြစ်နေဆဲ ILO ဝေဖန်

26 November 2008
မကြာသေးခင် ရက်တွေအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ် ခံခဲ့ရသူတွေထဲမှာ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး တယောက်လည်း ပါဝင်နေတာမို့ ဒါဟာ မြန်မာနိုင်ငံမှာ အလုပ်သမား အရေး လှုပ်ရှားနေသူတွေ၊ အလုပ်သမား အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ် စရာ ဖြစ်နေဆဲဆိုတာကို ပြသလိုက်တာ ပဲလို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က ပြောဆိုလိုက်ပါတယ်။ မကြာ သေးခင်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆွေးနွေးမှုတွေမှာ ဒီအကြောင်းတွေ ကို လည်း အလေးထားပြောခဲ့ကြပါတယ်။

ILO အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒီတပတ်ထဲမှာ ဆွေးနွေးခဲ့ကြတဲ့ နေရာမှာ အဓမ္မ လုပ်အားပေး စေခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အများပြည်သူ တိုင်ကြားနိုင်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြောကြဆိုကြသလို အလုပ်သမား အရေး ဆောင်ရွက်ကြသူတွေကို အရေးယူ အပြစ်ပေးနေတဲ့ ကိစ္စတွေ ကိုလည်း ထည့်သွင်း ပြောဆိုခဲ့ကြတာပါ။ မကြာသေး ခင်ကပဲ နှစ်ရှည်ထောင်ဒဏ် ၁၂ နှစ်နဲ့ ၆ လ ချမှတ်ပြီး နယ်ထောင်ကို ပို့ခံလိုက်ရတဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ နောက် ဦးသက်ဝေ စတဲ့ သူ တွေ အပြစ်ပေးခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး ဒီလူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့တယ်လို့ ILO အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင် ညွှန်ကြား ရေးမှူး မစ္စတာ ကာရီ တာပီအိုလာ (Kari Tapiola) က ပြောပါတယ်။

“ဒီနေရာမှာ နာမည်တပ် ထည့်သွင်းပြောခဲ့ကြသူ ၂ ယောက်ကတော့ အစောပိုင်းမှာ ILO နဲ့ ဆက်နွယ် ပတ်သက် ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး မကြာသေးခင်ကပဲ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရတဲ့ မစုစုနွေးနဲ့ နောက်တယောက် ကတော့ ဦးသက်ဝေ တို့ ပါ။ သူဟာ ဆိုရင်လည်း အစောပိုင်းမှာ ILO ကို လုပ် အားပေး စေခိုင်းမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေမှာ အထောက်အကူပေးခဲ့သူ တဦးဖြစ်သလို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံထားရတဲ့ သူလည်း ဖြစ်ပါတယ်။ ဒီလို ILO ရဲ့ လုပ်ငန်းစဉ်မှာ ပတ်သက်ကြသူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ပေးနေတဲ့အပေါ် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စိုးရိမ်ပူပမ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ လုပ်အားပေး စေခိုင်းမှု တိုင်ကြားတဲ့ လုပ်ငန်းစဉ်မှာ တခြား တိုင်တန်း လိုသူတွေ အနေနဲ့ မတိုင်ရဲအောင် လုပ်သလို ဖြစ်လာနိုင်လို့ပါ။ ဒါကြောင့်လည်း အလုပ်သမားရေးရာ အခွင့်အ ရေးကိစ္စတွေမှာ ဆောင်ရွက်ကြလို့ ဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုရတာပါ။”

မြန်မာစစ်အစိုးရနဲ့ ILO တို့အကြား အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ ပတ်သက်လို့ ထပ်ဆင့်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတယ် ဆိုပေမယ့် လက်ရှိ အခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး အခြေအနေတွေ၊ အဓမ္မ လုပ်အားပေး စေခိုင်းမှု အခြေအနေတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲ လို့လည်း သူက ဆိုပါတယ်။

“အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်နေဆဲပါ။ ကျနော်တို့ အနေနဲ့ စံထားရမယ့် လုပ်ငန်းစဉ်တရပ်ကို ဖန်တီး နေတာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ဒါတွေက သိပ်ခရီးမပေါက်သေးပါဘူး။ ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီး လိုနေပါသေးတယ်။ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ မလုပ်ရဘူးဆိုတဲ့ သတင်း အချက်အလက်တွေ ဖြန့်ဖြူးပေးဘို့၊ နိုင်ငံတ၀န်းမှာ ဒါတွေကို ရှောင်ရှားနိုင်ဖို့စတာတွေ အပါအ၀င် ဆောင်ရွက် စရာတွေ ရှိနေပါတယ်။”

ILO အုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးတဲ့ နေရာမှာ တိုင်ကြားတဲ့ ကိစ္စတွေထဲက အများအပြားကို ဖြေရှင်းပေးနိုင်ခဲ့တာတွေရှိတယ်၊ ဒီအထဲက အသက် ရွယ် ငယ်ရွယ်သူတွေ ကို စစ်တပ်ထဲသွင်းနေတဲ့ ကိစ္စတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ဒီလို အရွယ်မရောက်သေးသူတွေကို စစ်ထဲထည့်နေတဲ့ ကိစ္စကို အများပြည်သူအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိနိုင် အောင် အစိုးရက အချက်အလက်တွေ ဖြန့်ဖြူး ပေးတာ၊ လူတွေအနေနဲ့ ကိုယ့်မှာ ငြင်းပယ်ပိုင်ခွင့် ရှိတယ်ဆိုတာ သိအောင် အသိပေးတာမျိုး မရှိတာကိုလည်း အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ တွေ့ခဲ့ရတယ်လို့လည်း မစ္စတာ တာ ပီအို လာ က ပြောပါတယ်။ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေကို တိုင်ကြားတဲ့ လုပ်ငန်းစဉ် ဆောင်ရွက်တဲ့ ကိစ္စ ကို မြန်မာစစ်အစိုးရနဲ့ ILO တို့အကြား သဘောတူထားတာ လာမယ့်နှစ် ဖေဖော်ဝါရီလထဲမှာ ကုန်ဆုံးတော့မှာ လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး အခြေအနေတွေရှိနေသေးတာမို့ ဒီ လုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က မြန်မာ စစ်အစိုးရဖက် ကို ပြောဆိုထား တယ် လို့လည်း ILOအုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ကာရီတာပီအိုလာက ပြောပါတယ် ခင်ဗျာ။
http://www.voanews.com/burmese/2008-11-26-voa5.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ငတက်ပြား သက်ကျားအိုဝန်ကြီး

စက်မှု (၁) ဝန်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ဝန်ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ မကြာခင်က စာရင်းရှင်းကြရာ စိုင်းစံထွန်းဘက်မှ ပေးရန် ငွေ ကျပ်သန်းပေါင်း (၆,ဝဝဝ) ကျော် မပေးနိုင်ဖြစ်နေ၏။သို့သော် စိုင်းစံထွန်းပိုင်ဆိုင်သည့် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းပိုင်နေ သည့်အတွက် စိုင်းစံထွန်း ကျပ်သန်းပေါင်း (၆,ဝဝဝ) ကျော် ပြန်မဆပ်လျှင် စက်မှု (၁) ဝန်ကြီးဦးအောင်သောင်း မည်သို့ အရေးယူမည်ကို ရန်ကုန် စီးပွားရေးလောကမှ စိတ်ဝင်တစား ဖြစ်နေကြ၏။

စင်စစ် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းသည် အသက် (၇၂) နှစ် ရှိသည့်တိုင် လောဘရမက်အကြီးဆုံး ဝန်ကြီးအဖြစ် ထင်ရှား၏။ အဂတိလိုက်စားမှုတွင် ဝန်ကြီးတကာဝန်ကြီး အားလုံးထက်ပင် သရဖူဆောင်းသည်ဟု နာမည်ကြီး၏။

အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူမှာလည်း ဝန်ကြီး ဦးအောင်သောင်းဖြစ်၏။ တချိန်က ပုဂံလူထု ချီတက်ပွဲများလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှုတ်ချပွဲပုံစံ ဖန်တီးရန်အတွက် မန္တလေး နန်းတွင်းရတနာပုံဧည့်ဆောင်ကနေ ဦးအောင်သောင်း ကြိုးကိုင်ခဲ့၏။ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဦးအောင်သောင်းသည် စစ်သင်တန်း တပတ်တည်းဆင်းဖြစ်သည့်အတွက် အလွန်ရင်းနှီး၏။

ထို့ကြောင့် လူထုဆန္ဒပြပွဲများကို စည်းရုံးရန် ဦးအောင်သောင်း မန္တလေးရောက်တိုင်း နန်းတွင်းရတနာပုံဧည့်ခန်းဆောင်ကို အသုံးပြုဖို့ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ခွင့်ပြုခဲ့၏။ သို့သော် နောက်ရောက်လာသည့် မန္တလေးတိုင်းမှူးများက ဦးအောင်သောင်းအား သဘော မကျသည့်အတွက် နန်းတွင်းရတနာပုံဧည့်ခန်းဆောင်ကို အသုံးပြုခွင့် မပေးသဖြင့် မန္တလေး ဘီယာစက်ရုံ၊ အရက်စက်ရုံများရှိ ရိပ်သာများ၌သာ တည်းခိုပြီး စည်းရုံးရေးလုပ်ငန်းများ လုပ်ရ၏။

အစိုးရထောက်ခံပွဲများ၊ ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲများ ဖန်တီးသည့်နည်းဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မျက်နှာသာပေးမှုကို ဦးအောင်သောင်း ရယူနိုင်ခဲ့သည်။ ထိုသို့ လူထုထောက်ခံပွဲများ လုပ်ရာတွင် စက်မှု (၁) လက်အောက်ခံ စက်ရုံများမှ ဝန်ထမ်းများကို အဓမ္မနည်းဖြင့် ချွေးတပ်ဆွဲပြီး အသုံးချခဲ့သည်ဟု သက်သေအထောက်အထားများနှင့်တကွ ဦးအောင်သောင်း၏ လက်ထောက်များက ပြော၏။

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်တွင် မြန်မာ့အထည်အလိပ်လုပ်ငန်း၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်းဆိုပြီး ဌာနကြီး (၆) ခုရှိ၏။ ထိုလုပ်ငန်းဌာနကြီး (၆) ခုလုံးပေါ်မှ လုပ်ငန်းများကို မိမိကိုယ်ကျိုးအတွက် ဦးအောင်သောင်း အသုံးချသည်ဆိုပြီး လက်အောက်အရာရှိများက ထုတ်ဖော်ပြော၏။

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ရှိ သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီအကူအညီနှင့် တည်ဆောက်ရာတွင် တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ရန်ကုန် အနောက်တိုင်းသံတမန်များက ပြော၏။

ပုဂ္ဂလိက ဘိလပ်မြေစက်ရုံတရုံတည်လျှင် အရင်း အမေရိကန်ဒေါ်လာ (၈) သန်းကုန်ကျ၏။ ထိုအထဲမှ ဝန်ကြီးဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်များက ပြော၏။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံ တည်ထားသည့်အတွက် ဦးအောင်သောင်းမှာ ဘိလပ်မြေစက်ရုံတလုံးဖိုးနှင့်ညီမျှသည့် ဒေါ်လာ (၈) သန်း ကော်မရှင်ရပြီး ဆိုသည့်သဘောဖြစ်၏။

လောလောဆယ် သာစည်အရှေ့ဘက် ပြင်ညောင်မှာ ရတနာသိင်္ဂီ ကုမ္ပဏီမှ ဆောက်လုပ်ပေးနေသည့် ဘိလပ်မြေစက်ရုံမှာ ဝန်ကြီးဦးအောင် သောင်းအတွက် ဖြစ်သည်ဟု စက်မှု (၁) ဝန်ကြီးဌာနတခုလုံး လူသိများ၏။

အထူးသဖြင့် စက်မှု (၁) ဝန်ကြီးဌာန လုပ်ငန်းအတော်များများကို ဦးအောင်သောင်းနှင့် ရင်းနှီးသည့် ပုဂ္ဂလိက ကုမ္ပဏီများသာ လက်ဝါးကြီးအုပ် လုပ်ခွင့်ပေးထား၏။ ဥပမာ-ရွှေသံလွင်၊ ရတနာသိင်္ဂီ၊ ကျော်သာ၊ Mother Trading စသည့် ကုမ္ပဏီများမှာ ထင်ရှား၏။ စက်မှု (၁) ဝန်ကြီးဌာန လက် အောက်ခံ စီမံကိန်းများမှ Steel Structure လုပ်ငန်းမှန်သမျှကို ဦးဝင်းလွင်ပိုင် ကျော်သာကုမ္ပဏီတဦးတည်းကိုသာ ဦးအောင်သောင်းက ကန်ထရိုက် လုပ်ခွင့်ပေးထား၏။

ထိုငတက်ပြားဝန်ကြီး ဦးအောင်သောင်းသည် မကြာခင် မန္တလေးတိုင်း ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နောင် ပေါ်ပေါက်မည့် ရုပ်သေးအရပ်သားအစိုးရလက်ထက်တွင် မန္တလေးတိုင်း ဒေသကြီးအဆင့် ဝန်ကြီးချုပ်အဖြစ် အရွေးခံဦးမည်။ ထိုသက်ကျားအို ဝန်ကြီးဦးအောင်သောင်းကို ခေတ်ပြိုင်က အထူးရှုတ်ချသည်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ



မျောက်တွေ ကတာကြည့်ခြင်ရင် ဒီ Link ကိုဖွင့်လိုက်ပါ
http://moemaka.com/images/berumagame03.htm


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 26, 2008

ရခိုင်အာဇာနည် ဦးသာထွန်း.



The 18th Anniversary of U U Thar Htwann_s Pamphlet (AASYC)

Get your own at Scribd or explore others:

အပြည့်အစုံသတင်းဖတ်ရန်....

Generation Wave တဲ့ဟေ့

အပြည့်အစုံသတင်းဖတ်ရန်....

မချိသွားဖြဲ..နေကြသူတွေ..

ပင်လယ်ပြင်မှာဗျာ.ဟုတ်ဟုတ်ညားညား.ဇာတိမာန်များနဲ့  မတရားစော်ကား..နယ်ချဲ့ကုလားတွေ များ နှင်ထုတ်တော့မလားလို့  စောင့်ကြည့်နေကြတာ။
အင်အားပြပေမဲ့ ခါချဉ်ကောင်ကြီးပေမဲ့ ခါးမသန်ပါဘူး "ဂိန် "ကနဲ နောက်ဆုတ်ပေးလာရပါတယ်။

အပြည်အစုံသိချင်.http://burmatoday.net/news2005/2008/200811/081125_bty_bur_bangladesh.swf

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */