“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, November 07, 2010

ကောင်စီခေတ်တုန်းကလိုဘဲ

ကြံ့ခိုင်ဖွံ့ဖြိုးရေး ဒီနေ့ မဲဆွယ်၊ တောင်ကြီးမြို့ခံ ပြော
ရှမ်းပြည်မြို့တော် တောင်ကြီးမှာ ရွေးကောက်ပွဲကျင်းပရက် ဒီနေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကားတွေပေါ် အသံချဲ့စက်တွေ တင်၊ အလံတွေ လွှင့်ပြီး ခြင်္သေ့ကိုပဲအမှန်ခြစ်ဖို့ ဆော်သြခဲ့တာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့မဈေးကြီးမှာ ပရိုဂျက်တာကြီး တပ်ဆင်ပြီး နိုင်ငံတော်က လမ်းဖောက်၊ တံတားဆောက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တာတွေကို တောက်လျှောက်ဖွင့်ပြထားတယ်လို့ သိရပါတယ်။

လင်ခေးမြို့မှာတော့ မဲရုံ ၂၁ ရုံ ရှိရာမှာ တရုံမှာပဲ မဲရေတွက်ပြီးခါနီးလို့ အနိုင်ရဖို့ များတယ်လို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စပ်ယွန်းပိုင်က ပြောပါတယ်။ ကျန်မဲရုံတွေတော့ ရေတွက်ဆဲပါပဲ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြက်ခြေခတ်ထည့်လိုက်တယ် ကိုယ့် စိတ်ထဲရှိရာကိုယ် လုပ်ခွင့်ရှိတယ်လေ

လုံခြုံရေးနဲ့ ဘီးလင်းမဲ
မွန်ပြည်နယ် ဘီးလင်းမြို့ရဲ့ ဒီကနေ့ ရွေးကောက်ပွဲကို စစ်သားတွေက လှည့်ပတ်ပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကား ၂ စီးနဲ့ ပတ်နေတယ်။ အနက်ရောင်နဲ့။ ကားပေါ်မှတော့ စစ်သားတွေက သေနတ်တွေနဲ့ အလုံးကြီး ခြေထောက်တွေ (အမြောက်) လည်း တွေ့တယ်။ လိုအပ်ရင် သုံးမယ့် သဘောမျိုးပေါ့။ မနက်ကတော့ လူတော်တော်ကျတယ်၊ ညနေဘက်ကတော့ လူတော်တော် ကျဲသွားတယ်’’ လို့ ဒေသခံတယောက်က ပြောပါတယ်။

မဲရုံတွေကိုတော့ ရယက ကော်မရှင်နဲ့ ကော်မတီအဖွဲ့ဝင်တွေ၊ ဆရာမတွေ၊ ကြက်ခြေနီတွေ၊ ပြည့်သူ့စစ်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်ပေးပါတယ်။ ဘီးလင်းမှာ ကြံ့ဖွံ့နဲ့ တစည နှစ်ပါတီပဲ ယှဉ်ပြိုင်ကြမှာပါ။

“ကျနော်ကတော့ ကြက်ခြေခတ် ထည့်ခဲ့တယ်။ ပထမတော့ သွားမထည့်ဘူးလို့ နေတာ။ သူတို့ဆီမှာ စာရင်းရှိနေတော့ မထည့်ရင် တခုတခု လုပ်မှာ ကြောက်တယ်လေ။ မထည့်ဘူးဆိုရင် တခုခုဖြစ်မှာ စိုးရိမ်ပြီး သွားထည့်လိုက်တာ” ဘီးလင်းမြို့ပေါ်မှ မဲဆန္ဒရှင် တယောက်က မဇ္ဈိမကို ပြောပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီဗွီဘီကတင်ပြထားတဲ့ မြဝတီမြို့နဲ့ ပါတ်သက်တဲ့အခြေအနေ သတင်းပါ

Summary Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြဝတီကို ဒီကေဘီအေ မသိမ်းပါ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ခွဲထွက်သွားခဲ့တဲ့ တပ်တွေက မြန်မာ- ထိုင်း နယ်စပ်မြို့ မြဝတီရဲ့ အချက်အခြာကျတဲ့ နေရာတွေကို သိမ်းပိုက်လိုက်ပြီလို့ ပြောနေကြတဲ့အပေါ် မဟုတ်မှန်ကြောင်း ထိုင်းလုံခြုံရေး အရာရှိ တယောက်က ပြောပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်မှူးကြီးစောလားပွယ် ဦးစီးတဲ့ တပ်မဟာ ၅ တပ်တွေက သိမ်းပိုက်တဲ့အတွက် စစ်အစိုးရတပ်တွေနဲ့ ရဲတွေ ထွက်ပြေးကြတယ်ဆိုတဲ့ ကောလာဟလကို သူက မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်တာပါ။

နယ်ခြားစောင့်တပ်ပြောင်းသွားတဲ့ ဒီကေဘီအေ တပ်တွေက တပ်ရင်းမှူးအဆင့်ရှိသူ ၄ ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာမှာလည်း ဒီကေဘီအေက မြို့သိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲစခန်း၊ မြို့ခံတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) ကိုလည်း လိုက်လံ မေးမြန်းရာမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုကြပြန်ပါတယ်။

ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာတော့ မနေ့တုန်းက မြဝတီနဲ့ ၁၄ ကီလိုမီတာ ဝေးတဲ့ အရပ်မှာ ပေါက်ကွဲမှုတခုဖြစ်တယ်လို့ ထိုင်းလုံခြုံရေး အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

သို့ပေမယ်လည်း မဲရုံတွေမှာ မဲပေးသူနည်းနေတာကို မြို့ခံတွေက ပြောပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရင်ထဲကရှိတဲ့ အတိုင်း

အပြည့်အစုံသတင်းဖတ်ရန်....

မဲစာရင်းထဲ မပါလည်း မဲထည့်ခွင့်ရဟု မဲဆန္ဒရှင်တဦးပြော

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့ မန်ကျည်းတန်းတောင်-အနောက်ရပ်ကွက်မှာ မဲစာရင်းနဲ့ အိမ်ထောင်စု စာရင်းထဲ မပါပေမယ့် ဒီနေ့မနက် ရယက ရုံးမှာ မဲထည့်ခွင့် ရခဲ့တယ်လို့ ကာယာကံရှင်တွေက မဇ္ဈိမကို ပြောပြပါတယ်။

မဲပေးခွင့်ရသူတွေက အထက်အညာဒေသကဖြစ်ပြီး၊ လူစုအိမ်ငှားနေရင်း ကြည့်မြင်တိုင် ညဈေးအနီး ကုန်ခြောက်၊ ကုန်စိမ်းနဲ့ သီးနှံတွေ ရောင်းချအသက်မွေးနေသူတွေ ဖြစ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

မြ၀တီကို DKBA သိမ်းပြီ

ဧရာဝတီ | ယနေ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က နေ့လယ်ပိုင်းတွင် သိမ်းလိုက်ကြောင်း သိရ သည်။ မြ၀တီ ရဲ စခန်း အပါအ၀င် အချက်အချာ ကျသည့် နေရာများကို DKBA တပ်မဟာ ၉၉၉ နှင့် တပ်ရင်း ၉၀၇ တို့က သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်နှုတ်ခမ်းမွေး ခေါ် စောလားပွယ် က ပြောသည်။ ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့သည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့် အဖွဲ့ ဖြစ်သည်။ မြ၀တီမြို့ခံ တဦးကလည်း“ မြ၀တီမှာ အခြေအနေ မကောင်းဘူး၊ တချို့တွေကတော့ မဲဆောက် ဘက် ရှောင်သွားနေကြပြီ”ဟု ဆိုသည်။

source by : ဧရာဝတီ

အပြည့်အစုံသတင်းဖတ်ရန်....

လူထု တိုက်ပွဲ ကို သစ္စာ လက်နက်များ တပ်ဆင်ခြင်း

burmathwe

ပြည်သူလူထု အပေါင်းတို့ ခင်ဗျာ ၊ ကျွန်ူပ်တို့မှာ ရွေးချယ်စရာ လမ်းမရှိတော့ လို့ လူထုတိုက်ပွဲ ၀င်ဖို့ သက်ဆိုင်ရာ နိုင်ငံရေး ပညာရှင်များသာမက ပြည်သူလူထု အပေါင်းတို့ကပါ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ် ။ တကယ်တော့ လူထုတိုက်ပွဲ ဆိုတာ ပြည်သူလူထုတွေရဲ့ လိုလားတောင့်တချက်ကို အာဏာရှင်တွေ ဆီက ပြည်သူလူထု ရဲ့ စည်းလုံးညီညွှတ်မှု ကို ခွန်အား အဖြစ် အသုံးချပြီး တောင်းဆိုတာပါ ။ဒီလမ်းစဉ်ဟာ လက်ရှိ အနေအထား မှာ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းစဉ်တစ်ခုပါ ။ တရားမျှတမှု မရှိတဲ့ အခြေခံ ဥပဒေ နဲ့ အာဏာရှင်တွေနှစ်ပေါင်းများစွာ ဆက်လက်အုပ်စိုး မင်းမူသောင်းကျန်းမှု တွေကို ရပ်တန့်သွားဖို့ ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာမဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန်ရမည် ဆိုတဲ့ ဆောင်ပုဒ်ကို စွဲမြဲစွာ လက်ကိုင်ထားပြီး ကျွန်ူပ်တို့ ရဲရဲကြီး ချီတက်ကြမှ သမိုင်းအစဉ်အလာ တရပ်ကို ထိန်းသိမ်း တာဖြစ်တယ် ။ ပြည်သူလူထု ဟာ အာဏာရှင်တွေ ပုံသွင်းသမျှ လိုက်လုပ်နေကြရင် ယခုဘ၀ နောင်သံသရာ နှစ်ဖြာသော အကျိုးယုတ်တယ်လို့ ပညာရှင်များက လိုက်လံ သတိပေး နေကြပါတယ်။ သူတို့တွေ ဒီလို ဘာဖြစ်လို့ သတိပေးကြတာလည်း ဆိုတာ ရှင်းရှင်းလေးပါ ။ ယခုချိန်မှာတောင် ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကြီး အောက်ကျနောက်ကျ ဖြစ်နေတာ နောင်ဆို ပိုဆိုးကုန်မှာပေါ့ ။
ကျွန်ူပ်တို့ တိုင်းပြည်က သယံဇာတတွေ ပေါကြွယ်ဝပါတယ် ။ ဒါပေမယ့် တိုင်းပြည် အုပ်ချုပ် တဲ့ လူတွေက ညံ့ဖျင်းတော့ တိုင်းပြည်က ဆင်းရဲလာတယ် ။ တိုင်းပြည်က ဆင်းရဲတော့ ပြည်သူလူထု က စားဝတ်နေရေး အရမ်းကြပ်တည်းတယ် ၊ ၀န်ထမ်းတွေက လစာ မလုံလောက်ဘူး ။ မလုံလောက် တော့ တောင်းစား တယ် ၊ ခြိမ်းခြောက်တယ် ၊ လုယက်တယ် ၊ လိမ်တယ် ၊ ခိုးတယ် ။ ကိုယ်ကျင့်တ၇ားကို ငွေနဲ့ လဲစားတယ် ။ သိက္ခာကို ငွေနဲ့ ရောင်းစားတယ် ။ အဲဒီ အကျိုးဆက် မြန်မာနိုင်ငံ ၀န်ထမ်းမှန်သမျှ အထက်ပါ အရည်အချင်းနှင့် ပြည့်စုံရမည် ဆိုတဲ့ သတ်မှတ်ချက်ကို တရားဝင် ဥပဒေ ထုတ်ထားသလို ဖြစ်နေပြီ ။ အဲဒါ တိုင်းပြည်ကို အုပ်ချုပ် တဲ့ လူတွေရဲ့ ညဏ်အမြော် အမြင် နည်းပါးမှု ကြောင့်ပါ ။ကိုယ်ကျင့်တရားတွေ ပျက်စီးလာတော့ သဘာဝ ဘေးအန္တာရယ်တွေ ကျရောက်လာတယ် တို့ တရားတော်တွေမှာ အထင်အရှားပါရှိပါတယ် ။ လက်တွေ့ကျကျ သုံးသပ် ကြည့်လိုက်ရင်လည်း မျက်မြင်ကိုယ်တွေ့ မြင်နေရတာပါဘဲ ။ ဒီလိုအဖြစ်ဆိုးတွေက ရုန်းထွက်ဖို့ အာဏာရှင် စနစ်ဆိုးကို အမြန်ဆုံး ဖြုတ်ချ နိုင်အောင် ကြိုးစားကြရမယ် ။
ငွေကြေးဥစ္စာ မပြည့်စုံတဲ့ လူဟာ သီလကို ထိန်းသိမ်းစောင့်ရှောက် ဖို့ ခက်ခဲတယ် ။ မသတ်ချင်လည်း သတ်ရတယ် ၊ မခိုးချင်လည်း ခိုးရတယ် ၊ မလိမ်ချင်လဲ လည်း လိမ်နေရတယ် ။ အဲဒီလို အလုပ်တွေ လုပ်တဲ့ လူတွေ က စိတ်တည်ငြိမ်ပါ အုံးမလား ။ စိတ်မတည်ငြိမ်တော့ အတွေးအခေါ်တွေ ညစ်ညမ်းလာတယ် ၊ အမှန်နဲ့ အမှားကို မခွဲခြား နိုင်ကြတော့ဘူး ။ အဲဒီတော့ တရားမျှတမှု ကိုလည်း သူမသိတော့ဘူး ၊ အများကောင်းစားရေးထက် ကိုယ်ကျိုးအတ္တကို ပိုပြီး လုပ်ဆောင်တယ် ၊ ဒီလိုအလုပ်တွေဟာ ကောင်းသည် ဆိုးသည်ကို ဝေဖန်ပိုင်းခြား နိုင်တဲ့ ညဏ်မရှိတော့ဘူး ။ အဲဒီတော့ သူတို့လုပ်သမျှ အမှန်ထင် မှတော့ သူတို့ လုပ်ရပ်ကို ဘယ်သောအခါမှ ရပ်တန့်တော့မှာ မဟုတ်ဘူး ။ ဒီလို မှားယွင်းစွာ လုပ်ဆောင်နေတာကို အမှန်ပါလို့ ထင်နေတော့ တကယ့်စစ်မှန်တဲ့ တရားမျှတမှု ကို သူတို့ မသိမြင်ကြတော့ဘူး ။ အဲဒီတော့ ဘာဖြစ်လည်း သူတို့လိုဘဲ အများကိုလည်း လုပ်စေချင်တယ် ၊ ပုံသွင်းထားတယ် ၊ အချန်ကြာ လာတော့ ရင်းနှီးလာတယ် ၊ စွဲစွဲမြဲမြဲ လုပ်ဆောင် လာတော အချိန်ကြတော့ အကျင့်ဖြစ်သွားတယ် ။ အဲဒီ အကျိုးဆက်ကို လက်ရှိ မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ မတွေ့ချင် အဆုံး မြင်နေရပါတယ် ။ ကိုယ်တိုင် ပြန်စမ်းသပ်လို့ ရတယ် ။ သူတို့ စိတ်တွေထဲမှာ သူတို့ လုပ်သမျှ အမှန်လို့ ထင်နေသလို ဘေးကလည်း မြှောက်ပေးတဲ့ လူတွေ ရှိတော့ ထင်တိုင်းကြဲနေကြတာ အားလုံးအသိဘဲ ။ အာဏာ အတွက် ဆို ၊ သံဃာ လည်း ရိုက်လိုက် ၊ ကျောင်းသားလည်း သတ်ကွာ ၊ လူတွေလည်း သတ် ၊ အမှန်ပြောတဲ့ လူဆို ထောင်ထဲထည့် ။ သူတို့သိတာ တစ်ခုဘဲ ရှိတယ် သူတို့လုပ်သမျှ မှန်ကန်တယ်လို့ ထင်ထားတဲ့ စိတ်ဘဲ ရှိကြတော့တယ် ။ သူတို့တွေရဲ့ အမှားတွေကို သိထားကြတဲ့လူတွေက အခုလို ဒုက္ခနွံကြီးထဲက ရုန်းထွက် လွတ်မြောက်ဖို့ ကြိုးစားသင့်တယ် ။
ဒီလို အဖြစ်အပျက်တွေဟာ သူတို့တွေ ယုတ်မာကောက်ကျစ်တဲ့ စိတ်ထားနဲ့ ပုံသွင်းထားတာကို လိုလားစွာ လက်ခံဆောင်ရွက်ကြတဲ့ အကျိုးဆက်တွေပါ ။ သူတို့ ပုံသွင်းသမျှ လိုက်လုပ်နေကြ ရင် ကျွန်ူပ်တို့ ဘယ်တော့မှ လူပီသမည် မဟုတ် ။ လူမပီသရင် လူဖြစ်ရကျိုး မနပ်ဘူး ၊အင်မတန်မှ ရှည်းလျားလွန်းလှတဲ့ သံသရာ ဆိုတာနဲ့ နှိုင်းရင် လက်ရှိဘ၀ ဆိုတာ တဒင်္ဂပါ ။ ဒီလိုပါဘဲ တိုက်ပွဲ ၀င်ကြရတဲ့ တခဏတာ အချိန်လေး ဆိုတာ တဘ၀စာနဲ့ နှိုင်းယှဉ်ရင် တိုတောင်းလွန်းလှပါတယ် ။ ဒါပေမယ့် ရလာမယ့် အကျိုးဆက်က ယခုဘ၀သာ မကဘူး နောင်သံသရာ မှာ ကောင်းစားမှာနော်။ သီလ ကို တမနက်လေး စောင့်ရှောက်ပြီး သေရတာက တဘ၀လုံး အကုသိုလ်လုပ်ပြီး သက်ရှင် နေထိုင် ရတာထက် မြတ်ပါတယ် လို့ မြတ်ဗုဒ္ဓက မှာကြားခဲ့ဘူးပါတယ် ။ ဒါကြောင့် ကျွန်ူပ်တို့ တိုက်ပွဲဝင်ပြီး ပြည်သူလူထု အားလုံး ကောင်းစားရေး အတွက် တိုက်ပွဲဝင်တာဟာ လူပီသတဲ့ လူသားတစ်ယောက်ရဲ့ အမြတ်ဆုံး ကျင့်စဉ်ပါ ။ အကောင်းဆုံးသော နည်းလမ်းပါ ၊ သူရဲကောင်းတို့ သွားရာလမ်းပါ ။ ရဲဘော် မသေ ၊ သေသော် ငရဲမလား ဆိုတာ အခုလိုမျိုး တမျိုးသားလုံး အတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရင်တောင် မွန်မြတ်သော လုပ်ရပ်များကြောင့် အပယ်ကို မလားဘူးလို့ ပြောတာပါ ။ တမျိုးသားလုံး လွတ်မြောက်ရေး အတွက် ငြိမ်းချမ်းစာ ဆန္ဒပြတဲ့ အပြစ်မရှိတဲ့ လူတွေကို ရက်စက်လိုတဲ့ စိတ်ဆန္ဒနဲ့ အကြမ်းဖက် နှိမ်နှင်းကြတဲ့ လူတွေရဲ့ သွားရာလမ်းက မဟာအ၀ီစိငရဲမှ တပါးအခြားမရှိပါဘူး ။
" ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည် " ဆိုတဲ့ စကားလေးကို သတိထားကြည့်စမ်းပါ ။ မွေးဖွားလာခြင်း ရှိတဲ့နောက် သေခြင်းတရားက ဘယ်သူမှ မလွတ်မြောက် နိုင်ပါဘူး ။ မသေခင် အချိန်လေးမှာ ကိုယ်လုပ်နိုင်တာလေးကို အကျိုးရှိရှိ လုပ်ဆောင် နိုင်မှ
လူပီသတဲ့ လူသားတစ်ယောက် အဖြစ် လူဖြစ်ရကျိုး နပ်မှာပါ ။ တိုက်ပွဲဝင်မှ သေတာ မဟုတ်ပါဘူး ။နေရာတိုင်း အချိန်တိုင်း မှာ သေခြင်းတရား ဆိုတာ ကျရောက် လာတတ်တာ အားလုံး အသိပါ ။ သေရမှာကို သိမှတော့ သေခြင်းတရား အတွက် ပြင်ဆင်ထားသင့်တာပေါ့ ။ ကုသိုလ် ကို လုပ်နိုင်သမျှ လုပ်ပြီး အကုသိုလ် အလုပ်ကို ရှောင်ကြဉ် ကြရမှာ သေခြင်းတရား အတွက် ပြင်ဆင် ထားခြင်းဘဲပေါ့ ။ မိသားစု အကျိုးစီးပွားကို လုပ်ဆောင်တာထက် တိုင်းပြည်အကျိုးစီးပွားကို လုပ်ဆောင်တာ ပိုပြီး မွန်မြတ်ပါတယ် ။ တစ်ဦးတစ်ယောက်ဆီက ပစ္စည်းကို မတရား ခိုးဆိုးလုယက် လိမ်ညာလှည့်ဖျား ပြီး သိမ်းပိုက်တာထက် ပြည်သူ့ဘဏ္ဍာကို မတရား ခိုးဆိုးလုယက် လိမ်ညာ လှည့်ဖျား သိမ်းပိုက်တာက ပိုပြီး အပြစ်ရှိပါတယ် ။ ဒါကြောင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်းကို စတင်အကောင် အထည်ဖော် ဆောင်ရွက်ပေးမယ့် လူထုတိုက်ပွဲဝင် ကြမည့် လူတွေဟာ အင်မတန်မှ မြင့်မြတ်တဲ့ အလုပ်ကို လုပ်ဆောင်ကြတဲ့ သူရဲကောင်းတွေပါ ။ အဲဒီလို တိုင်းပြည်ကို အကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ အချိန်မှာ ကျဆုံးခဲ့တဲ့ လူမှန်သမျှကို အာဇာနည် လို့ ပြည်သူတွေက ကင်ပွန်းတပ်ပြီး ထာဝစဉ် စွဲမြဲစွာ ဂုဏ်ပြုလေ့ ရှိတယ် ဆိုတာ အားလုံး အသိပါ ။ သေခြင်း၏ အခြား တဘ၀ ၌ လည်း ဘ၀ များ စွာ ကောင်းကျိုး အဖြာဖြာကို စံစားကြရတယ် ဆိုတာ တရားတော်များမှာ အထင်အရှားပါရှိပါတယ်။အမှန်တရားဘက် ရပ်တည်ပြီး ပြည်သူလူထု အကျိုးအတွက် တိုက်ပွဲဝင်သွားလို့ တဘ၀ စတေးခံ လိုက်ရတာဟာ အာဏာရှင်တွေ ခိုင်းသမျှ လိုက်လုပ်ရင်း ဘ၀များစွာ သေဆုံးသွားကြရမယ့် လူတွေထက် မြင့်မြတ်ပါတယ် ။
တမျိုးသားလုံး လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲကြတဲ့ နေရာမှာ ကိုယ်ကျိုးအတ္တလေး များကို ဘေးဖယ် ပေးထားကြပါ ၊ သူအဖွဲ့ ၊ ငါ့အဖွဲ့ အငြင်းမပွားကြပါနဲ့ ၊ ခေါင်းဆောင်ရှိရင် ကိုယ်က နောက်လိုက် လုပ်ပေးကြပါ ၊ ခေါင်းဆောင် မရှိရင် ကိုယ်က ခေါင်းဆောင်ပါ ၊ ကျွန်ူပ်တို့ တိုင်းပြည်အတွက် မားမားမတ်မတ် ရပ်တည်နေကြတဲ့ ပညာရှင်တွေ အများကြီးပါ ။ လူထုတိုက်ပွဲ ကိုယ်တိုင်ပါဝင် မဆင်နွှဲ နိုင်ကြတဲ့လူများကတိုက်ပွဲဝင်နေသူများကို ငွေကြေး ၊ နည်းပညာ ၊ စားနပ်ရိက္ခာ များ ကူညီထောက်ပံ့ပေးထားကြပါ ။ အားလုံး သူရဲကောင်း စိတ်ဓါတ်များ ကိုယ်တိုင်မွေးမြူကြပြီး သမိုင်းဝင်မယ့် ဒီတိုက်ပွဲကို ကျရာ အခန်းဂဏ္ဍကနေ ပါဝင် ဆင်နွှဲကြကာ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ချစ်ပြ ရမယ့် လက်ရှိ အချိန်ဟာ အကောင်းဆုံး အချိန်ပါ လို့ ပြောကြားရင် မကြာခင် တိုက်ပွဲဝင် ကြမည့် သူရဲကောင်း အပေါင်းနှင့် တကွ မြန်မာ့တမျိုးသားလုံး လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရင် ကျဆုံးခဲ့ရသော အာဇာနည် ပုဂ္ဂိုလ် များကို ဒီနေရာလေးကနေ လေးစားစွာ ဂါရ ၀ ပြုလိုက်ပါတယ် ။

အို သူရဲကောင်း အပေါင်းတို့ ၊ စစ်မှန်သော သစ္စာစကားတို့၏ စွမ်းပကားတို့ကား အင်မတန်မှ ကြီးလွန်းလှ၏ ။ ရွတ်ဆိုသော လူတို့၏ စိတ်စွမ်းအင် နှင့် မှန်ကန်မှု အပေါ်ကို မူတည်၍ အကျိုးပေးလေ့ ရှိကြပါသည် ။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း သီလကား လုံခြုံမှုကို ပေး၏ ။ အန္တာရယ် အပေါင်းမှ ကင်းဝေး၏ ။ တိုင်းပြည်ကောင်းစားရေး ဆိုသည့် မြင့်မြတ်သည့် စိတ်ထားသည် သင်တို့ထံ လာလတ္တံ့သော ဒုက္ခံအဖုံဖုံကို ကာကွယ်ပေးနိုင်၏ ။ ထို့ကြောင့် ကျွန်ူပ်တို့သည် ယခုချိန်မှ စ၍ သီလဆိုသော ခြုံထည်ကို ၀တ်ရုံကာ ၊ တိုင်းပြည်ကောင်းစားရေး ဆိုသော စိတ်ထားကို ဒိုင်းသဖွယ် အသုံးချ၍ ၊ သစ္စာတရားကို လက်နက် အဖြစ် ကိုင်စွဲကာ စည်းလုံးညီညွတ်မှု ကို စွမ်းအားအဖြစ် အသုံးပြုကာ တိုက်ပွဲဝင် ကြလျှင် မကြာမှီ အချိန်တွင် ကျွန်ူပ်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သို့ ချီတက်နိုင်မည် ဟု ယုံကြည်သော စိတ်ဓါတ်ကို ရင်ဝယ်ပိုက်လျှက် စတင် တိုက်ပွဲဝင်ကြပါစို့ ... ။

ကျွန်ူပ်တို့သည် မြန်မာနိုင်ငံကြီး ကို ဒုက္ခဆိုးများမှ လွတ်မြောက်စေလိုသော စိတ်ဆန္ဒတို့ဖြင့် တိုက်ပွဲဝင်ကြခြင်းဖြစ်ပါသည် ။ ဤ သစ္စာစကားသည် မှန်ကန်ပါ က အာဏာရှင် စနစ်ဆိုးကြီးအောက် မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။
ကျွန်ူပ်တို့ တိုင်းပြည်သည် ကိုယ်ကျိုးရှာ အာဏာရှင်တို့ ၏ ယုတ်မာကောက်ကျစ်မှု ကြောင့် နိုင်ငံသားများမှာ ဆင်းရဲဒုက္ခရောက်လျှက် ရှိပါသည် ။ ဤသစ္စာ စကားသည် မှန်ကန်ပါက အာဏာရှင် စနစ်ဆိုးကြီး ၏ အောက်မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။
ကျွန်ူပ်တို့ တိုင်းပြည်၏ သူရဲကောင်း အများစုသည် အာဏာရှင်တို့၏ အကြမ်းဖက် ရက်စက်မှု ကြောင့် ကျဆုံးခဲ့၇ပါ၏ ။ ဤသစ္စာစကားသည် မှန်ကန်ပါက အာဏာရှင် စနစ်ဆိုးကြီး အောက်မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။
ကျွန်ူပ်တို့ တိုင်းပြည်၏ ခေါင်းဆောင်များအဖြစ် အာဏာရှင် ကိုယ်ကြိုးရှာ လူတစ်စု က မတရား သိမ်းပိုက်ထားပါသည် ။ ဤသစ္စာ စကားသည် မှန်ကန်ပါက ကျွန်ူပ်တို့တိုင်းပြည် ၏ အချုပ်အချာ အာဏာကို ပြည်သူလူထု လက်ထဲ ပြန်ရောက်ရပါလို၏ ။
ကျွန်ူပ်တို့ တိုင်းပြည်အတွက် တရားမျှတမှု ကို တောင်းဆို တိုက်ပွဲဝင်ခဲ့ ကြသော သူရဲကောင်းများ သည် အာဏာရှင်တို့၏ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံနေကြပါ၏ ။ ဤသစ္စာ စကားသည် မှန်ကန်ပါက ထိုသူရဲကောင်းများ အချုပ်အနှောင် ဘ၀ မှ ကင်းလွတ်ကာ ပြည်သူလူထုမှ အုပ်ချုပ်ရေး အာဏာကို လက်ခံ၍ တိုင်းပြည်ကို ခေါင်းဆောင်ကောင်းများအဖြစ် မြင်တွေ့ရပါစေသား ။

တိုက်ပွဲဝင် သူရဲကောင်း အပေါင်းအား ဦးညွှတ် ဂါရ၀ ပြုလျက်

ဗမာ့သွေး

အပြည့်အစုံသတင်းဖတ်ရန်....

101 East - Myanmar elections



AlJazeera English

အပြည့်အစုံသတင်းဖတ်ရန်....

နောက် အနှစ်တရာလည်း မြန်မာပြည် ကောင်းလာနိုင်ဖွယ် မရှိ..ဆက်ဖတ်ခင်မျ

ရွေးကောက်ပွဲတစ်ရက်အလို မြစ်ကြီးနားတွင် တရုတ်ဘောပင်တမျိုး အရောင်းသွက်
Saturday, 06 November 2010 22:21 KNG
ရွေးကောက်ပွဲမတိုင်ခင်တစ်ရက်အလို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် တရုတ် ဘောပင်တစ်မျိုး အလွန်အရောင်းသွက်နေကြောင်းသိရသည်။

မှင်အနက် ယင်းဘောပင်အား ယခင်အပတ်ကတည်းက မြန်မာစစ်အစိုးရ၏ ကြံ့ဖွံ့ပါတီဝင်များ အများဆုံးဝယ်ယူနေကြသည်ဟု ကြံ့ဖွံ့ပါတီဝင်နှင့်နီးစပ်သူများထံမှသိရသည်။
050510-Myitkyina

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား။ ပုံ-ကချင်သတင်းဌာန

ယင်းတရုတ်ဘောပင်၏ ထူးခြားမှုသည် ယင်းဖြင့် ရေးထားသောစာများကို လွယ်လွယ်နှင့် ပြန်ဖျက်ပစ်နိုင်ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

ကြံ့ဖွံ့ပါတီကို ထောက်ခံ မထားသည့်မဲများအား ထောက်ခံမဲအဖြစ်သို့ပြောင်းလဲရန် ၎င်းဘောပင်အား အသုံးပြုရန်ဖြစ်ကြောင်း မြစ်ကြီးနားဒေသခံများပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်လည်း ပြည်သူအများစု၏ ကန့်ကွက်မဲများကို ထောက်ခံမဲအဖြစ်သို့ စစ်အစိုးရ ပြောင်းလဲခဲ့သည်။

တချိန်ထဲမှာပဲ ယမန်နေ့ကစပြီး ကချင်ပြည်နယ်အနှံ့ရှိ အစိုးရ၀န်ထမ်းများ နှင့် သက်ကြီးရွယ်အိုများထံမှ ကြံဖွံ့ပါတီအတွက် ကြိုတင်မဲများကို ကောက်ခံနေပါသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှ ရဲအရာရှိတစ်ဦးကယမန်နေ့တွင် ပါတီကိုယ်စားလှယ်ရွေးချယ်ရခြင်း မရှိသေးသည့် လက်မှတ်သာထိုးထားသော ၎င်း၏ကြိုတင်မဲအား သက်ဆိုင်ရာတာဝန်ခံက ကောက်ယူခဲ့သည် ဟု ရဲအရာရှိက ပြောသည်။

ကြိုတင်မဲ အား ကြံ့ဖွံ့ပါတီ သို့မဟုတ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (စဒက) ပါတီကို ပေးရမည်ဟု အထက်မှမှ ညွှန်ကြားထားကြောင်း ယင်းရဲအရာရှိမှရှင်းပြသည်။

မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်းပထမအကြိမ် စစ်စိုးရအလိုကျပုံဖော်ထားသည့် ရွေးကောက်ပွဲအား နက်ဖြန် ကျင်းပမည်ဖြစ်သည်။
http://kachinnews.com/burmese/2010-01-18-05-43-21/289-2010-11-06-17-05-42.html
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

A funny way to look at Myanmar's poll


AlJazeeraEnglish

အပြည့်အစုံသတင်းဖတ်ရန်....

စစ်အစိုးရ အကြောက်ဆုံးလူ (ဒီမိုဝေယံ-Youtube video file)

အပြည့်အစုံသတင်းဖတ်ရန်....

ပြင်သစ်သတင်းဌာန France24 မှ ထုတ်လွှင့်သော ရွေးကောက်ပွဲနှင့် နယ်စပ်သတင်း


On November 7th, Burma will vote in national elections for the first time in 20 years. After Sunday's poll, the military regime says it will hand over power to a civilian government. But critics say the election is simply democratic window-dressing, and that the junta will maintain a tight grip on the country. At the same time, there are warnings that mounting ethnic tensions could come to overshadow the vote.
http://www.france24.com/en/20101104-2010-11-04-0717-burma-elections-ethnic-violence
http://allburmamonksalliance.com/?p=6433

အပြည့်အစုံသတင်းဖတ်ရန်....

ရ-၁၁-၁၂၀၁၀ ပြည်တွင်းက ပြည်သူတွေ ဘာတွေရင်ဖွင့်ကြသလဲ

Thuyeinwin 2010-11-07 04:26
”...၀န်ထမ်းအများစု လာရောက် မဲပေးကြသော်လည်း မည်သည့် ပါတီကို မဲပေးခဲ့သည်ကို မေးမြန်းရာတွင် ''ဟိုပါ...တီကိုပဲ မဲပေးရတာပေါ့''ဟု ဖြေကြားခဲ့။...”
EMG သတင်းအရ မြစ်ကြီးနားမှာ လို့ ပြောပါတယ်။ သူမဲပေးခဲ့တဲ့ အတိုင်း ပြောတာ ဖြစ်ချင်မှ ဖြစ်မှာပါ။ ပေးတာ တခြား ပြောတာ တခြား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် သူပြောတာ အမှန်ဆိုရင်တော့ တော်တော် စိတ်ပျက်စရာ ကောင်းတဲ့ လူပါဘဲ။ သူ့ လေသံအရ ကြံဖွံ့ ကို မဲ မပေးချင်ဘဲ ပေးခဲ့တဲ့ပုံ ဖြစ်နေပါတယ်။ မဲရုံမှာ မဲပေးရတယ်ဆိုတာ အတော်အသင့် လွတ်လပ်ပါတယ်။ မျှမျှတတ မဲရေတာ မရေတာက တပိုင်းပေါ့။ အဲဒါတောင် ကိုယ်ပေးချင်တာ မပေးရဲဘူးဆို တော့ ဘယ်လိုမှ စဉ်းစားဥာဏ် မရှိတဲ့ ဝန်ထမ်းဘဲ ထင်ပါတယ်။ ဒီလိုလူတွေ များနေရင်တော့ ငဇကော မင်းကြောင့် သရေခေတ္တရာ ပြည်ကြီး ပျက်သလို ဖြစ်တော့မှာဘဲ။

အပြည့်အစုံသတင်းဖတ်ရန်....

460,000 in Wa state not voting thumbnail ၀နယ်မှာ ၄သောင်းကျော် မဲမပေးကြဘူးတဲ့ဗျ

Map shows rough area of Shan state under UWSA control (DVB)
By NAW NOREEN
Published: 7 November 2010

Close to half a million people in the Wa special region in Shan state will not be voting today after polling there was scrapped by the junta.

Voting has been scrapped in a number of areas under rebel control in Burma’s volatile border regions, with an estimated 3,400 villages home to 1.5 million people affected.

The United Wa State Army (UWSA), which controls the majority of territory in Wa state, had said that voting could be held there, but no Burmese army presence was allowed. As a result, the junta has ruled out elections.

“Townships in Wa-controlled Shan state Special Region-1 – Panghsang, Mongmaw, Pangwaun and Namphan – cannot vote,” the UWSA said in a statement released yesterday. Consequently, “460,000 Wa people” are excluded.

It added that the 30,000-strong UWSA, Burma’s largest armed ethnic group, which signed a ceasefire agreement with the junta in 1989, “will discuss with the new government after elections”.

The majority of Burma’s ceasefire groups have rejected a proposal by the junta to transform into Border Guard Forces, a move that will see them come under the control of Naypyidaw. The ruling generals have threatened force against those who refuse.
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စိတ်မပါတပါ ထည့်ကြသူက ၅၀% ကြောက်လို့ ထည့်ကြသူက ၂၀% ဖားပြီးထည့်ကြသူက ၂၀% နားညီမခံနိုင်လို့ ထည့်သူက ၁၀%

မြန်မာရွေးကောက်ပွဲများ စတင်ပြီ

By ဗွီအိုအေ (မြန်မာဌာန) စနေ, 06 နိုဝင်ဘာ 2010
အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ၏ ရန်ကုန်မြို့ ရုံးချုပ်ရှေ့တွင် တွေ့ရသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာကြီး။ နိုဝင်ဘာ ၆၊ ၂၀၁၀

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်းပထမဆုံးလုပ်တဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် မကြာခင်ကပဲ မဲရုံတွေကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မဲရုံတွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ရန်ကုန်၊ မန္တလေး၊ဘားအံနဲ့ နေပြည်တော်က မြို့ခံတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ တချို့မဲရုံတွေမှာတော့ မဲပေးသူ အနည်းငယ်တွေ့ရတယ်လို့ ပြောပါတယ်။

မြန်မာပြည်အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းမီယာတွေက သတင်းထောက်တွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က စီစဉ်ပေးတဲ့ကားတွေနဲ့ ရန်ကုန်မြို့တွင်းက မဲရုံ ၁၅ ရုံကို လေ့လာဖို့ ထွက်သွားကြပြီလို့ အခုပဲရတဲ့ သတင်းတွေအရ သိရပါတယ်။ သူတို့ အနေနဲ့ အစိုးရ စီစဉ်ပေးတဲ့အတိုင်းသာ သွားရောက် သတင်းယူရမယ်လို့ သက်ဆိုင်ရာက ကြပ်ကြပ်မတ်မတ် ညွှန်ကြားထားပါတယ်။

ဒီနေ့ရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံး ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်သလို စစ်အစိုးရလက်ထက်မှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေအတွက် ပါတီပေါင်း ၃၇ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ကြနေကြပါတယ်။ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းစတဲ့ တိုင်းရင်းသားတွေဒေသတွေက မြို့နယ်ပေါင်း ၃၉ မြို့နယ်မှာတော့ မဲဆန္ဒနယ်တွေကို ပယ်ဖျက်တယ်လို့ စစ်အစိုးရက ကြေညာခဲ့တဲ့အတွက် ပြည်သူပေါင်း သန်းချီ မဲပေးခွင့်ရကြမှာ မဟုတ်ပါဘူး။

ဒီရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရတာဝန်တွေကို ယူထားကြသူ အများစုပါတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း အများဆုံးနဲ့ ဝင်ပြိုင်နေပါတယ်။ မဲဆွယ်စည်းရုံးရေးလုပ်တဲ့နေရာမှာ ပြည်ခိုင်ဖြိုးပါတီက တခြားပါတီတွေထက် အခွင့်အရေးတွေ ပိုရခဲ့သလို တဖက်သတ်အနိုင်ရအောင် ဆောင်ရွက်မှုတွေရှိတယ်လို့ ပြည်သူတွေက ပြောပြကြပါတယ်။ ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်လမ်းတကျဖြစ်ရဲ့လား ဆိုတဲ့အပေါ်မှာလည်း မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

ပြည်ခိုင်ဖြိုးပါတီကလွဲလို့ တခြားနိုင်ငံရေးပါတီတွေ အနေနဲ့ အကန့်အသတ်နဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ရသလို ရွေးကောက်ခံကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လဲ လွတ်လွတ်လပ်လပ် မဲဆွယ်ဟောပြောမှုတွေ လုပ်ခွင့်မရခဲ့ကြပါဘူး။ ကိုယ်စားလှယ်လောင်း တယောက်နဲ့တယောက်ကြား အခြေအတင် ဆွေးနွေးမှုတွေလဲ မရှိခဲ့ပါဘူး။ နိုဝင်ဘာလ ၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံတဝှမ်းမှာ ကြိုတင်မဲတွေ ကောက်ခံနေတာမှာ စစ်အစိုးရ ကြောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ကျယ်ကျယ်ပြန့်ပြန့် မဲမသမာမှုတွေ ရှိခဲ့လို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားဖို့ လုပ်နေတယ်လို့ အဓိက ဒီမိုကရေစီပါတီတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဗွီအိုအေ မြန်မာပိုင်းကို မနေ့ကပဲပြောပါတယ်။

ဒီနေ့ရွေးကောက်ပွဲကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား သံကိုယ်စားလှယ်တွေ လေ့လာဖို့အတွက် စစ်အစိုးရက စီစဉ်ပေမဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံကြီးတချို့က အစိုးရရဲ့ အစီအစဉ်ကို လက်မခံနိုင်ကြတဲ့အတွက် လေ့လာမှာမဟုတ်ဘူးလို့ ပြောကြပါတယ်၊ နိုင်ငံခြား သတင်းထောက်တွေ အနေနဲ့လဲ ရွေးကောက်ပွဲ သတင်းတွေကို လာရောက် သတင်းယူခွင့် မရကြပါဘူး။ အခုရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တဲ့ အတွက် ရွေးကောက်ပွဲကို မဝင်ပါဘူး။ စစ်အစိုးရ ပထမတကြိမ် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD က မဲအပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်အစိုးရက NLD ကိုအာဏာလွှဲ မပေးခဲ့ပါဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲဟာလဲ စစ်အစိုးရရဲ့ ဟန်ပြ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ နိုင်ငံတော်တော်များများက ပြောကြပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့နည်းမြန်မာ့ဟန် အာဏာရှင် ဒီမိုကရေစီ

သျှမ်းပြည်အနယ်နယ်က အဓမ္မကြိုတင်မဲကောက်ယူမှု Sunday, 07 November 2010 09:33 သျှမ်းသံတော်ဆင့်
နမ့်ခမ်းမြို့
နိုဝင်ဘာ ၅ ရက်က နမ့်ခမ်းမြို့ ရပ်ကွက် ၂ ဥက္ကဌ နှင့် ရွှေလီရေအားလျှပ်စစ်ကန်ထရိုက်တာ(တရုပ်သျှမ်းကပြား) ဦးစံညွန့်မှာ တရုတ်လူဦးရေများ သည့် ၄င်းရပ်ကွက်အတွင်းကြိုတင်မဲကောက်ယူရာ အယောက် ၄၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း။ ကြံ့ခိုင် ရေးပါတီကိုသာမဲပေးခိုင်းသည့်ကြားမှ တရုတ် လူမျိုးအချို့နှင့် ဗမာလူမျိုးအချို့ ကမူကျားဖြူ ပါတီကို ထောက်ခံ မဲထည့်ကြ ကြောင်းသိရသည်။ ရပ်ကွက် ၂ တွင် ကောင်းနောင်မိုရပ်၊ မိုခမ်းရပ်နှင့် စာလေးတန်း (တရုတ် အနေများ) တို့ရှိ၏။ ရပ် ကွက် ၃ တွင်လည်း ပန်းဆေးတိုက်နယ်မှလာရောက် နေထိုင်သော တရုတ်လူဦးရေ ၂၅၀ ခန့်မှာ ပြည်ခိုင်ဖြိုးကို ထောက်ခံ သည့် ကြိုတင်မဲထည့်ပြီးသွားကြကြောင်းသိရသည်။ နမ့်ခမ်းမြို့တွင် ၁၆ ရပ်ကွက်အနက် ၁၂၀၀ ကြိုတင်မဲထည့်ခဲ့ကြရ ကြောင်း၊ ၇၅ % မှာ အာဏာပိုင်များ၏ ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ကြံ့ဖွံ့ကို ထောက်ခံမဲပေးကြရသည်ဟု ကြားသိရ၏။ ကြိုတင်မဲကိုလည်း မဲရုံသို့ သွားမပေးခိုင်းဘဲ သက် ဆိုင်ရာရယက ရုံးသို့သာသွားပေးရသည်။ ရင်အုပ်ခန့် အမြင့်ရှိ သုံးဖက်ကာခုံပေါ် မဲခြစ်ရာ၌ အနီးပါတ်ဝန်းကျင်မှ လှမ်းမြင်နိုင်ကြောင်း၊ မဲထည့်နည်း သရုပ်ပြစဉ်ကနှင့် လုံးဝ မတူ ကြောင်း ရပ်ကွက် ၂ သားတဦးက ပြန်လည် ပြောပြသည်။ ပန်းဆေး ဦးကျော်မြင့်ကိုယ်တိုင်ပါသည့်ဖြစ်စေ မပါသည် ဖြစ်စေ ၄င်း၏ ပြည်သူ့စစ်အင်အား ၃/၄ ယောက်မှာ ရယကရုံး ကြိုတင်မဲကောက်တိုင်း လိုက်ပါသွား လေ့ရှိပြီး လွန်ခဲ့သည့် ၃-၄ ရက်က တခြားပါတီများမူ မသိ လိုက်ရသဖြင့် လိုက်ပါခြင်းမရှိခဲ့ရဟု ကျားဖြူပါတီဝင်တဦးကပြောသည်။ ရွေးကောက်ပွဲကော်မရှင်၏ အကြောင်း ပြချက်မှာ နိုဝင်ဘာ ၇ ရက်၌ မဲထည့်မည့်သူအလွန်တရာများပြားသဖြင့် အရှည်ကြီးတန်းစီရဖွယ်ရှိကြောင်း အချိန် ကုန်အလုပ်ပျက် မည်ဖြစ်ကြောင်း၊ ကြိုတင်မဲထည့်ပါက လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရပါသည်။

မူဆယ်မြို့

(၁) ၄-၁၁-၂၀၁၀ ဟိုမွန်ရပ်ကွက်ကော်မရှင်က ခရိုင်/မြို့နယ်ရဲ နှင့် အချုပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  အခြား တာဝန်ဖြင့် ခရီးထွက်မည့်သူ ၁၀၀၀ ကျော် (ဖိအားပေးထည့်ခိုင်းသည်များအပါအ၀င်) တို့အား ကြိုတင်မဲထည့်ခဲ့ရသည်။
(၂) ၅-၁၁-၂၀၁၀ မူဆယ်မြို့ ကောင်းမူးတုံ့ရပ်ကွက်မဲရုံတွင် လျှောက်လွှာမတင်ရဘဲ ကြိုတင်မဲလက်မှတ် ၂၄ စောင် အပို လာထည့်သွားသည်ကို ခရိုင်ကော်မရှင်မှ စိစစ်တွေ့သဖြင့် ဖယ်ထုတ်ထားသည်ဟုဆို၏။
(၃) မူဆယ်မြို့နယ် နောင်ဆိုင်ကျေးရွာအုပ်စု နောင်ဆိုင်ရွာမှမဲပေးခွင့်ရှိသူ သက်ကြီးရွယ်အို ၁၀ ဦးကို ကျေးရွာအုပ်စု စာရေးမက စာရင်းမှပယ်ဖျက်လိုက်သဖြင့် မဲမထည့်ရသူများ မကျေနပ်ဖြစ်နေကြ၏။

လားရှိုးမြို့

အောက်တိုဘာ ၂၁ ရက်မှစ၍ မယက၊ ရယက နှင့်ရွေးကောက်ပွဲကော်မရှင်တို့က ဆယ်အိမ်မှူး၊ ရာအိမ်မှူး ယရကများအား မဲပေးပိုင်ခွင့်ရှိသူ နာမည်စာရင်းပေးသွင်းကြရန် ဆင့်ဆိုညွှန်ကြားခဲ့၏။ ရရှိလာ သော နာမည် စာရင်းများအနက် သျှမ်းဦးရေ များသော ရက်ကွက်နှင့် ကျားဖြူပါတီထောက်ခံမည့် သူများသည့် ရပ်ကွက်မှ နာမည် စာရင်းအချို့ ပါယ်ဖျက်ခံရ သည်ဟုဆို၏။ မဲပေးခွင့်ရှိသူများနာမည်စာရင်းကိုလည်းကော်မရှင်ရုံး၊ မဲရုံတို့၌ မကပ်ဘဲ ရပ်ကွက်ရုံး၌သာ ကပ်ထားပြီး လူထုအားဆော်သြ အသိပေးပြောကြားခြင်းလည်းမရှိ။ထက်ထက်မြက်မြက် ရှိသူ၊ နားလည်ပါးလည်သူနှင့် စိတ်ဝင်စားသူ တချို့သာ နာ မည်စာရင်းသွားကြည့်ကြ ကြောင်း၊ အချို့ကမူမဲပေးခွင့်ရှိ သူများစာရင်း၌မပါကြောင်း၊ မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင်သို့ သွားတိုင်ကြားလျှင်မူနာမည်ပြန် ထည့်ပေးကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမည်မဖော်လို သည့် ကျားဖြူပါတီဝင်တဦး၏ သမီ (ဘဏ်ဝန်ထမ်း တယောက်) က သျှမ်းသံတော်ဆင့်သို့ပြောပြသည်။ စိတ်မ၀င်စားသော (နာမည်စာရင်းဖျက်ခံရသူ)အချို့ကမူတိုင်ကြား ခြင်းမရှိ။ ထို့ကြောင့်မဲပေး ပိုင်ခွင့်လည်းရှုံးခဲ့ရပြီး လားရှိုးမြို့၁၂ ရပ်ကွက်စလုံး မဲပေးပိုင်ခွင့်ရှုံးသူ ၃၅% ခန့်ရှိမည်ဟု သိရသည်။ ရပ်ကွက် ၅/၆/၇/၁၀/၁၁/၁၂ တို့မှာ သျှမ်းလူမျိုး ၅၀% အထက် နေထိုင် ၏။ ရပ်ကွက် ၂/၃/၅/၈ တွင်မူ တရုတ် လူမျိုးများပြီး ၁ နှင့် ၄ ၌ ဗမာလူမျိုးများ၏။ မဲပေးခွင့်ရှိသူများ နာမည်စာရင်းကြေငြာ ခြင်း မရှိသဖြင့် သိရှိနားလည် စိတ်ဝင်စားသူနည်းပါးကြောင်း ကျားဖြူပါတီထောက်ခံသူဒေသခံ များကြားတွင်မူ ကျားဖြူပါတီနိုင် သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ SNLD ပါတီကဲ့သို့ပင် သမိုင်းတွင်ရစ်မည်မှာမြင်ယောင် မိကြောင်းပြောဆိုနေကြရသည်။


မိုင်းကိုင်မြို့

နိုဝင်ဘာ ၄ ရက် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ကော်မရှင်ရုံးအဖွဲ့ဝင်တဦးက ကျားဖြူပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်း စိုင်းပန် အား- ကတ်ဖွီး၊ မိုင်းယွမ်း၊ စုံလောင်း၊ ခေးအုံအွေ့၊ ဆန်ဟာ့ ကျေးရွာအုပ်စုများသည် လုံခြုံရေး အခြေ အနေကြောင့် မူလ ကြေငြာထားသည့်အတိုင်း မဲရုံထောင်တော့မည်မဟုတ်။ ၄င်းအုပ်စုများမှ မဲဆန္ဒရှင်များ ၀ိန်းငင်းရွာသို့ မဲသွားထည့်ရမည် ဟုဆိုသည်။ ၀ိန်းငင်းသည် မိုင်းယွမ်းနှင့် မိုင် ၂၀ ကျော်ကွာ ဝေးပြီးအခြားကျေးရွာ အုပ်စုများနှင့်လည်း ၅ မိုင်မှ ၁၅ မိုင်အထိ ကွာဝေးသည်။ လမ်းခရီးကြမ်းလှသဖြင့် မဲဆန္ဒရှင်များသည်ဆန္ဒမဲထည့်လိုသည့် တိုင် သွားရောက်မဲထည့် ရန်ခက်ခဲ လိမ့်မည်ဟု စိုင်းပန်ကပြောသည်။ အာဏာပိုင်များသည် ကြိုတင်ဆန္ဒမဲများအတင်း အဓမ္မ ကောက်ယူပြီး ယနေ့ အထိ မယက ဥက္ကဌ ဦးလင်းမောင်မောင် (အသက် ၂၈ နှစ်ခန့်) ထံသိမ်းဆည်းထားသည်မှာ ကြိုတင်ဆန္ဒမဲပြား တထောင် ကျော် ရှိကြောင်းမယကရုံးအသိုင်းအ၀ိုင်း အဆိုအရသိရသည်။ မြို့နယ်ကော်မရှင် ဥက္ကဌ ဦးကျော်စိုးမှာ ကျန်းမာရေးမကောင်း ၍ ဆေးရုံတက်နေရပြီး ကော်မရှင်အတွင်းရေးမှူးမှာလည်း ခရီးလွန်နေသည်ဟု ဆိုသည်။ ဒီအခြေ အနေမှာ အာဏာပိုင်တို့၏ ကြိုတင်ဆန္ဒမဲရယူလိုမှုနှင့် ရရှိပြီးသောကြိုတင်ဆန္ဒမဲများ လိုသလိုအသုံး ချနိုင်ရန် တမင်လုပ်ကြံဖန်တီးထား သည့်အခင်းအကျင်းဖြစ်နိုင်ကြောင်းဒေသခံများ သုံးသပ်ပြောဆိုနေကြပါသည်။


လင်းခေးမြို့
နိုဝင်ဘာ ၅ ရက် သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်လွယ်လုံကျေးရွာအုပ်စု ပန်တ၀ိ၊ပန်ပိကျေးရွာ ပြည်သူ့စစ်ခေါင်း ဆောင်ဂန္ဒမာက ကျေးရွာ ၂၀ ရွာထဲမှ လူထု ၁၀၀ ကျော်အား ကြံ့ခိုင်ရေးပါတီမှလွှဲ၍ မည်သည့်ပါတီမှမဲမပေးရ။ ကျားဖြူပါတီ အား မဲပေးကြောင်း နောက်ပိုင်း သိရှိခဲ့ပါကကြီးလေးသော ပြစ်ဒဏ်ခံရမည်ဟု ခြိမ်းခြောက်ဖိအားပေး ပြောဆိုခဲ့ကြောင်း တောင်ကြီးမြို့ ကျားဖြူ ပါတီဝင်တဦး ကပြောသည်။ ထိုကိစ္စနှင့်ပါတ်သက်၍ ကျားဖြူပါတီအနေဖြင့် ကန့်ကွက်ကြောင်းလင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံစာတင်ထားသည်ဟု ၄င်းကပြောပြသည်။ လင်းခေးမြို့ အရှေ့တောင်ဘက်အရပ် တောင်ပေါ်ရှိ ပအိုဝ်းနှင့် လိဆောလူမျိုးများနေထိုင်သည့် ပန်တ၀ိ အုပ်စုတွင် မဲပေးခွင့်ရှိသူ ၁၈၀၀ ကျော်ရှိရာ ကျားဖြူပါတီအား ထောက်ခံလိုသူ များသည်ဟု သိရသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရင်လေးသည် မြန်မာပြည်

ရခိုင်ပြည်နယ် ဥက္ကဌလောင်းဆိုသူက မဲရုံမှူးများကို ငွေပေးပြီး အနိုင်ရရေး လုပ်ဆောင်ပေးရန် တိုက်တွန်း
11/6/2010
ရမ်းဗြဲမြို့ နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ကျော်ခင်မှ မိမိမှာ ရခိုင် ပြည်နယ် ဥက္ကဌ လောင်းဖြစ်သဖြင့် မိမိအနိုင်ရရှိရေး ပြုလုပ်ပေးရန် မဲရုံမှူးများကို ငွေပေး စည်းရုံးခဲ့သည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။

“ ဦးကျော်ခင်က သူလူတွေက တဆင့် နိုဝင်္ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီမှာ မဲရုံမှူး လုပ်ကြမယ့် ဆရာ ဆရာမတွေကို ကျောက်နီမော် အထက်တန်းကျောင်းထဲကို လက်မှတ်ထိုး ဖိတ်ကြားပီး အစည်းအဝေး တစ်ခု ပြုလုပ်ပါတယ်။ သူက မိမိကိုယ်ကို ပြည်နယ် ဥက္ကဌလောင်းဖြစ်တယ်။ သူသာ ရမ်းဗြဲမှာ အနိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် သူကို အနိုင်ရရှိရေး အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါဆိုပီး ပြောတယ်။ ပီးရင် မဲရုံမှူးတွေ လုပ်ကြမယ့် ဆရာ ဆရာမတွေကို ကျပ်ငွေ တစ်သောင်းစီပေးပါတယ်” ဟု သူက ပြောသည်။

ကျောက်နီမော် ကျေးရွာမှာ ရမ်းဗြဲမြို့နယ်အတွင်း တည်ရှိပြီး အဆိုပါ အစည်းအဝေးသို့ ဆရာ ဆရာမ ၄၀ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

“ ဒါ့ပြင် ဦးကျော်ခင်က ကျောက်နီမော်က မူဆလင် ငါးဖမ်းလုပ်သားတွေဆီက ကြိုတင်မဲ ၄၀၀ ကိုကောက်ယူပြီး သူ့ကို မဲပေးခိုင်းထားပါတယ်။ ပီးရင် ရွာသားတွေကို သူ့ကိုမဲမပေးရင် ဒုက္ခ အကြီးအကျယ် ရောက်ကြရလိမ့်မယ်ဆိုပီး ရွာသားတွေအကုန်လုံးကို သတိပေးထားပါတယ်” ဟုသူက ဆက်ပြောသည်။

ဦးကျော်ခင်မှာ သူအနိုင်ရရှိရေးအတွက် ရမ်းဗြဲမြို့နယ် အတွင်း ကျေးရွာသားများကို ခြိမ်းခြောက်မူများ အကြီးအကျယ် ပြုလုပ်နေသည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

၇-၁၁-၂၀၁၀ နေ့ သည် မြန်မာပြည် သူအပေါင်း ငရဲ အရှင်လတ်လတ် တရားဝင် ကျသည့်နေ့ ဖြစ်သည်။

ကြံ့ဖွံ့ပါတီ ၈၅ ရာခိုင်နှုန်းခန့် နိုင်ရန် စီစဉ်ထား
နရီလင်းလက် Saturday, 06 November 2010 16:10
နအဖ စစ်အစိုးရက ၎င်းတို့ ကျောထောက် နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် ကြိုတင်မဲများစွာ ရယူခြင်းအပါအ၀င် နည်းလမ်းပေါင်းစုံဖြင့် တိုင်းပြည် အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် စီစဉ်ပြီးဖြစ်သည်ဟု ရွေးကောက်ပွဲ လေ့လာသုံးသပ်သူများက ပြောဆိုလိုက်သည်။

general-than-shwe-chinaဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုကျင်းပမည့် ရွေးကောက်ပွဲ အနိုင်ရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲ အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အစီအစဉ်များ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်လေးလပတ် အစည်းအဝေးများနှင့် ကြံ့ဖွံ့ပါတီ အစည်းအဝေးများတွင် ဗိုလ်ချုပ်မှူးကြီးသည် ရွေးကောက်ပွဲတွင် အနည်းဆုံး ၈၅ ရာခိုင်နှုန်းဖြင့် နိုင်ရမည်ဟု ၂၀၀၈ အခြေခံဥပဒေ မရေးဆွဲမီကတည်းက ပြောဆိုမှုများလည်းရှိခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် မဲဆန္ဒနယ်မြေပေါင်းများစွာတွင် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ရာခိုင်နှုန်း ၈၀ ကျော် အနိုင်ရခဲ့သောကြောင့် အဆိုပါ ရာခိုင်နှုန်းထက် ကျော်လွန်၍ အနိုင်ရရှိရန် စီစဉ်ခြင်းဖြစ် ကြောင်းလည်း ကြံ့ဖွံ့အသိုင်းအ၀ိုင်းက ပြောသည်။

၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ယူထားခြင်း၊ ကြံ့ဖွံ့ပါတီ၏ ကြိုတင်မဲရယူမှုမှ မဲ ၃၀ ရာခိုင် နှုန်းခန့် ရရှိပြီး ဖြစ်ခြင်းတို့ကြောင့် ရွေးကောက်ပွဲအောင်နိုင်ပြီး စစ်အစိုးရ အာဏာဆက်လက် ချုပ်ကိုင်ရန် သေချာနေကြောင်း လေ့လာသူများက ပြောသည်။

အဆိုပါ ၃၀ ရာခိုင်နှုန်းသည် ကြိုတင်ကောက်ခံခြင်းအပြင် ကိုယ်စားပြု မဲထည့်ခိုင်းခြင်းတို့မှ ရယူနေခြင်းဖြစ်ကြောင်း သိရ သည်။

မြန်မာတနိုင်ငံတဝန်း မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၂၉ သန်းရှိသည်ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီဝင်အင်အားသည် ၁၆ သန်းမှ ၁၈ သန်း ကြားတွင်ရှိပြီး ကြံ့ဖွံ့ပါတီက ရာနှုန်းပြည့် အနိုင်ရမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင်လည်း ကြံ့ဖွံ့ပါတီ အထွေအထွေ အတွင်းရေးမှူး ဦးဌေးဦး က ပြောခဲ့သည်။

ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် မဲဆန္ဒနယ် ၅၄ နေရာတွင် ကြံ့ဖွံ့ပါတီမှ မဲဆန္ဒနယ် ၅၂ နေရာ၌ အလိုလျောက် အနိုင်ရရှိ ထားကြောင်းလည်း ၎င်းက ပြောဆိုသည်။

ကြံ့ဖွံ့ပါတီသည် တခြားနိုင်ငံရေးပါတီများ ယှဉ်ပြိုင်ရန် ခက်ခဲသည့် နယ်မြေများကို အဓိကထား ယှဉ်ပြိုင်သည့် နည်းလမ်း အသုံးပြုကာ မဲဆန္ဒနယ် ၄၀ ကျော်တွင် အနိုင်ရှိနေသည်။

“ရန်ကုန်တိုင်းလို နေရာထဲမှာတောင် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ကိုယ်စားလှယ်လောင်းက တယောက်ပဲ ရှိတယ်။ မန္တလေးတိုင်း သပိတ်ကျင်း မဲဆန္ဒနယ် အမှတ် (၁)၊ (၂) မှာ ကြံ့ဖွံ့ကလွဲပြီး မရှိဘူး။ ဒီလိုနဲ့ ပြိုင်ဘက်မရှိ လွှတ်တော် အမတ်နေရာ ယူလာတာ ကြံ့ဖွံ့က အများဆုံးပဲ” ဟု ရွေးကောက်ပွဲလေ့လာသူတဦးက ပြောသည်။

မဲဆန္ဒနယ် ၁၁၇၁ နေရာတွင် ကြံ့ဖွံ့ပါတီမှ မဲဆန္ဒနယ် ၁၁၁၂၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ မဲဆန္ဒနယ် ၉၉၉၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ မဲဆန္ဒနယ် ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်သောကြောင့် ကြံ့ဖွံ့ပါတီ သည် မဲဆန္ဒနယ် အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်အစိုးရ အာဏာပိုင်များသည် အငြိမ်းစားဗိုလ်ချုပ်များ၊ ဌာနဆိုင်ရာ အရာရှိများ၊ ဌာနမှူးများကို ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်စေပြီး အစိုးရ၀န်ထမ်းများထံမှ ကြိုတင်မဲကောက်ခံခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

ထို့ကဲ့သို့ ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် နည်းလမ်းမျိုးစုံအသုံးပြု၍ နိုင်ငံအနှံ့အပြားတွင် အဓမ္မ မဲထည့် ခိုင်းခြင်းများလည်း ရှိသည်။

စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် အမှတ် ၅ ဌာနချုပ်မှူး (ကစထ မှူး) ဗိုလ်ချုပ် တင်ငွေ၊ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ မြို့တော်ဝန် ဦးအောင်သိန်းလင်း တို့သည် စက်မှုဇုန်များအား လှည့်လည်ကြည့်ရှုစဉ်တွင် ကြံ့ဖွံ့ပါတီကို မဲထည့်ရန် ပြောသွားကြောင်း လှိုင်သာယာစက်မှုဇုန်မှ စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၇၁ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၂ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီလို ပေါ့ပေါ့ဆဆ လူတွေရှိနေတော့လည်း

ဟားခါးမှာလည်း မဲပေးနေ
ချင်းပြည်နယ် မြို့တော်ဟားခါးမှာလည်း ဒီနေ့မနက် ၆ နာရီကစပြီး မဲထည့်နေပါပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

“၆ နာရီကနေ မဲပေးလို့ရတယ်။ ကျမလည်း မနက် ၇ နာရီခွဲလောက်က မဲသွားပြီးပြီ။ ကြံ့ခိုင်ရေးပါတီကို ပေးလိုက်တယ်။ ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပြီးတော့ မဲပုံးထဲ ထည့်လိုက်တာပဲ။ အနာဂတ်အတွက် ကောင်းမယ်ထင်လို့ ပေးလိုက်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ပြီးတော့မှ ဖြည်းဖြည်းချင်းနဲ့ ဒီမိုကရေစီကို ဒီကနေ လျှောက်ရင် ကောင်းမလားထင်လို့ ပေးတာပါ။ လွတ်လွတ်လပ်လပ်ပဲ ပေးလို့ရတယ်။ ကျမသွားတုန်းက စောစောဆိုတော့ လူမများသေးဘူး။ အခုလောက်ဆိုရင် လူများတော့မှာ။ ရဲရုံမှာ လုံခြုံရေးတော့ ရှိတယ်။ မဲရုံအပြင်ဘက်မှာ ရဲတွေ ရပ်နေကြတယ်” လို့ သူက ဆိုပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲ အကြိုနေ့ ကြိုတင်မဲတွေ စရေတွက်

ဘီဘီစီသတင်း

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀အတွင်း ပထမဆုံး ရွေးကောက်ပွဲကြီးကို မနက်ဖြန် တနင်္ဂနွေနေ့ မနက်မှာ စတင် ကျင်းပတော့ မှာပါ။ ရွေးကောက်ပွဲ အကြိုနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်ရုံး တချို့မှာ ကြိုတင်မဲတွေ စရေတွက် နေပါပြီ။
ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ကြိုတင်မဲတွေ စတင် ရေတွက်ခဲ့ရာမှာ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရသွားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကတော့ ထောက်ခံမဲ တမဲမှ မရခဲ့ဘူးလို့သိရပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အနိုင် ရသွားတဲ့ မဲ ၃၀ ထဲမှာ မဲ ၂၀ ကို ခြစ်ထားတဲ့ ပုံစံတွေဟာ တပုံစံတည်း ဖြစ်နေတာကို တွေ့ရတယ်လို့ အဲဒီ မဲဆန္ဒ နယ်မြေမှာ ဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ကိုယ်စားလှယ် ဦးကြီးမြင့် က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာလည်း ကြိုတင်မဲတွေ ကောက်ယူနေပြီး ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို မဲမပေးရင် အားလုံး ဒုက္ခရောက်သွားမယ်ဆိုပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ်က ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့က မင်းဂံမြို့သစ်မှာလည်း မဲပေးရမယ့် စာရင်းထဲမှာ လူတထောင်ကျော် မပါပဲ ဖြစ်နေတဲ့အတွက် ဒေသခံတွေနဲ့ ရပ်ကွက် ကော်မရှင်တို့ အကြား ပြဿနာ ဖြစ်နေကြရာမှာ ကော်မရှင်ကတော့ ဒီလူတွေရဲ့ မဲစာရင်း ပြန်ထဲ့ပေးမယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာတော့ သောကြာနေ့နဲ့ စနေနေ့တွေမှာ ကြိုတင်မဲတွေ လိုက်ယူရာမှာ ကြံ့ခိုင်ရေးအတွက် အတင်းမဲ ထည့်ခိုင်းတယ်လို့ သိရပြီး ကြိုတင်မဲတွေကို ရပ်ကွက်မှာ မရေတော့ပဲ ပြည်နယ် ကော်မရှင်ကို ပိုဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာတော့ ဟမ်းငိုင်း ကျေးရွာအုပ်စုနဲ့ မိန်းခွန် ကျေးရွာ အုပ်စုတွေက မဲရုံတွေကို ဖျက်သိမ်းလိုက်ကြောင်း မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အလားတူ မိုင်းယွန်း ကျေးရွာအုပ်စုက မဲရုံတွေကိုလည်း မြို့နယ်ကော်မရှင်က ဖျက်သိမ်း လိုက်ပါတယ်။

အခုလို မဲရုံတွေ မရှိတော့တဲ့ ကျေးရွာအုပ်စုတွေက မဲဆန္ဒရှင်တွေဟာ သူတို့နဲ့အနည်းဆုံး ၁၀ မိုင်ကနေ မိုင် ၂၀ လောက် အဝေးမှာ ရှိတဲ့ ကျေးရွာအုပ်စုတွေမှာ မဲသွားပေးကြရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ မနက်ဖြန် မဲရုံစောင့်တဲ့အခါ ရိုးရာဝတ်စုံတွေ မဝတ်ရပဲ အဖြူနဲ့ အစိမ်းသာ ဝတ်ရမယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ညွှန်ကြားထား ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ဦးသုဝေ လုပ်ကြံပြောဟု ဝန်ကြီး ဦးအောင်ကြည် တုံ့ပြန်

ကိုဝိုင်း
စနေနေ့၊ နိုဝင်ဘာလ ၀၆ ရက်၊ ၂၀၁၀

ဓါတ်ပုံမှာ ဦးသုဝေပုံဖြစ်သည်

 ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲပေးရန် လုပ်ငန်းရှင် တဦးကို ဖိအားပေးခဲ့သည်ဟု ဦးသုဝေက မဇ္ဈိမကို ပြောခြင်းမှာ လုပ်ကြံပြောဆိုမှုဟု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြန်လည်ချေပလိုက်သည်။
ဦးအောင်ကြည်၏ အင်တာနက် ဝက်ဆိုက်ဟု ယုံကြည်ရ သော မင်းဗထူးဆိုသည့် ဝက်ဆိုက်တွင် ” ရှုံးနိမ့်ခြင်းကို ခံနိုင်ရည်ရှိပါစေ ဦးသုဝေ” ခေါင်းစဉ်ဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ် Happy Land ကလေး ကစားကွင်း လုပ်သားများထံက ကြိုတင်မဲရယူသည် ဆိုသော စွပ်စွဲချက်မဟုတ်ကြောင်း တုံ့ပြန်လိုက်သည်။ “ ကျနော့်အနေနဲ့ ကြိုတင်မဲဆန္ဒပေးရန် မည်သူ့ကိုမျှ တိုက်တွန်းခဲ့ခြင်းမရှိပါ။ အားပေးခြင်းလည်း မရှိခဲ့ပါ။ ဒီလိုအလားတူကိစ္စမျိုးကိုလည်း ဘယ်သူ့ကိုမျှ တကြိမ်တစ်ခါမှ ပြောဆိုခဲ့ခြင်းမရှိပါ” ဟု ပါရှိသည်။

မဇ္ဈိမနှင့် နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော “ ကြိုတင်မဲအပေါ် ဦးသုဝေအမြင်” သီးသန့်အင်တာဗျူးတွင် ဦးသုဝေက ဦးအောင်ကြည်ကို စွပ်စွဲခဲ့သည်။

“ယခုယှဉ်ပြိုင်မှုတွင် ကျနော့်အနေနဲ့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အောင်နိုင်သူကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ရိုးသားဖြောင့်မတ်စွာ လက်ဆွဲနှုတ်ဆက်ရန် ဝန်မလေးပါ” ဟုလည်း ဦးအောင်ကြည်၏ တုံ့ပြန်ချက်တွင် ပါရှိသည်။

မဇ္ဈိမက ဦးသုဝေကို ပြန်လည်မေးမြန်းရာ ဦးသုဝေက အမည်အတိအကျထောက်ပြလျှင် ကာယကံရှင်များက လက်ခံမည်မဟုတ်ဆိုပြီး ကစားကွင်းအမည်အတိအကျကို မဇ္ဈိမအား ထပ်မံပြောပြရန် ငြင်းဆိုသည်။

“ ပထမကထဲက ဝန်ကြီးဆိုသည်မှာ ဝန်ထမ်း။ ဝန်ထမ်းဆိုသည်မှာ နိုင်ငံရေး မလုပ်ရဘူး၊ ရွေးကောက်ပွဲ မဝင်ရဘူး။ အဲဒါကို သူက ကျူးလွန်ပြီးတော့ လုပ်နေတာ။ သူတို့ ဖြေနိုင်မယ်ဆိုရင် တခုချင်း ကျနော်ပြောလို့ရတယ်” ဟု ဦးသုဝေက ပြောသည်။

မဇ္ဈိမက မင်္ဂလာတောင်ညွန့် မြို့ခံများနှင့် ရဲစခန်းကို သီးခြားမေးရာ သူတို့မြို့နယ်ထဲတွင် Happy Land အမည်ဖြင့် ကလေးကစားကွင်း မရှိကြောင်း ဖြေကြားကြသည်။

သို့သော်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက “တိရိစ္ဆာန်ဥယျာဉ်ထဲမှာ တို့ပြည်သား ဆိုတဲ့ ကစားကွင်းတခုပဲ ရှိတယ်။ Happy Land မဟုတ်ဘူး။ ကျန်တာ မရှိဘူး” ဟု ပြန်ဖြေသည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်အတွက် ပြိုင်ဘက်အမတ်လောင်း စစ်အစိုးရအလုပ်သမားဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖအကြားဆက်ဆံရေးဝန်ကြီး တာဝန်ယူနေသူလည်းဖြစ်သည်။

အမေရိကန်နိုင်ငံ Fort Benning ခြေလျင်အရာရှိသင်တန်းဆင်းဖြစ်ပြီး ၃၆ နှစ်ကျော် စစ်မှုထမ်းခဲ့ကာ ၂ဝဝ၆ ခု နိုဝင်ဘာ ၁ ရက်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် အနားယူခဲ့သည်။

ဗိုလ်ချုပ်အောင်ကြည်၊ မင်းဗထူး စသည့်ကလောင်များဖြင့် စာအုပ်များ၊ “စစ်ဘက်နယ်ဘက်” ဆောင်းပါးများ ရေးသားခဲ့ပြီး မင်းဗထူးအမည်ဖြင့် တူဒေးစာအုပ်တိုက် CEO မဂ္ဂဇင်းတွင် လစဉ်ဆောင်းပါးများ ရေးနေသည်ဟုလည်း ဝက်ဆိုက်တွင် ဖော်ပြထားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */