“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 06, 2010

မီးဘေးထက် အရေးကြီးတဲ့ မဲဘေး

ချင်းမိုင် (မဇ္ဈိမ)
ကျော်ခ | နိုဝင်ဘာလ၊ ၀၆ ရက်၊ ၂၀၁၀

အိမ်ခြေ သုံးရာနီးပါး မီးသင့်ခဲ့သော လောင်းလုံမြို့နယ်တွင် အိမ်ခြေမဲ့ ဒုက္ခသည်များကို မကူညီဘဲ ရွေးကောက်ပွဲ ကိစ္စကိုသာ အာဏာပိုင်များ အာရုံစိုက်နေကြသည်ဟု ဒေသခံများက ဝေဖန်နေကြသည်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှ အိမ်ခြေ ၅ဝဝ ကျော်ရှိ သဘော့ဆိပ်ရွာကြီးတွင် ယခုလ ၂ ရက်နေ့ညက မီးစက်မှတဆင့် မီးလောင်သဖြင့် ၂၇၃ အိမ် လောင်ကျွမ်းပြီး လူ ၁ဝဝဝ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု တနိုင်တပိုင် ကူညီနေသူများက ဆိုသည်။
မီးဘေးဒုက္ခသည်များမှာ သဘော့ဆိပ်ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ မိသားစုဆွေမျိုးများထံတွင် ခိုကပ်နေကြရသည် ဟုလည်း သိရသည်။ အများအားဖြင့် ရေလုပ်ငန်းလုပ်ကိုင်နေကြပြီး မီးကြောင့် လေးဦး ဒဏ်ရာရခဲ့သည်ဟုလည်း ပြောသည်။

“ မဲကိစ္စတွေပြီးပြတ်မှ နေရာတွေပြန်စီစဉ်ပေးမယ်လို့ တာဝန်ရှိလူကြီးတွေက လာပြောသွားတယ်။ မဲကာလတွင်းမှာ မဲတော့ထည့်ဖို့ပြောတယ် ” ဟု ဘုန်းကြီးကျောင်းတွင် အကူအညီပေးနေသူတဦးက မဇ္ဈိမကိုပြောသည်။ အနီးပတ်ဝန်းကျင်မှ အလှူရှင်များတော့ ရှိကြောင်း သဘော့ဆိပ်ကျောင်းဆရာတော်က မိန့်ကြားသည်။

“တာဝန်ရှိလူကြီးတွေက မဲရုံကိစ္စကိုသာ စီစဉ်နေကြတာ၊ မီးဘေးဒုက္ခသည်တွေအတွက် ဘာမှ လာကူညီတာမရှိဘူး။ အခုလဲ အလယ်တန်းကျောင်းမှာ မနက်ဖြန်မဲထည့်ဖို့စီစဉ်နေကြတယ်” ဟု သဘော့ဆိပ် ရွာသား တဦးက မဇ္ဈိမကိုပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကုလသမဂ္ဂ မြန်မာပြည် စစ်ဆေးရေး ကော်မရှင် ကြန့်ကြာဘွယ်ရှိ

မဇ္ဈိမသတင်းဌာန |
နိုဝင်ဘာလ၊ ၀၆ ရက်၊ ၂၀၁၀ ခုနှစ်

အထွေထွေ ညီလာခံ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်း၌ မြန်မာပြည်မှ လူမဆန်သည့် ရာဇဝတ်မှုများ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် အကိုးအကားများ ချန်လှပ်ထားသဖြင့် ညီလာခံ ထုတ်ဖော် ပြောဆိုပွဲတွင် မနေ့က အရေးနိမ့်သွားခဲ့ရပြန်သည်။
နွေရာသီက ကော်မရှင် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စိတ်ဝင်စားမှု တိုးလာခဲ့သည်။ တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ ဤကိစ္စကို တွန်းအားပေးရာတွင် အမေရိကန်၏ စိတ်အားထက်သန်မှုက အလားအလာ အကောင်းဆုံး ပုံပေါ်နေခဲ့သည်။
သို့ရာတွင် မြန်မာပြည်တွင် ဆက်လက် ကျုးလွန်နေသော ချိုးဖောက်မှုများအား လူသိရှင်ကြား စွပ်စွဲရာတွင် စကားလုံး ပြင်းပြင်းထန်ထန် သုံးထားပြီး စစ်အစိုးရအား လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးအတွက် “တရားမျှတ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုဖြင့် ဆိုးဝါးသော အခြေအနေများ အဆုံးသတ်စေပြီး တာဝန်ရှိသူများကို တရားရုံးတင်ရန်” ချက်ချင်း အကောင်အထည်ဖော်ရေး တောင်းဆိုထားသည်။

စုံစမ်းရေး ကော်မရှင် ဖွဲ့ရေး ရှင်းရှင်းလင်းလင်း ဖော်ပြမထားသည့်ကြားကပင် မြန်မာနယ်စပ် အဖွဲ့အစည်းများနှင့် အလုပ်လုပ်နေသည့် ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်း ညီညွတ်ရေးအဖွဲ့က ဘင်နီဒစ်ရော်ဂျာက မှတ်တမ်း ထွက်လာသည့် သတင်းကို ကြိုဆိုလိုက်သည်။

“ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ကြိုဆိုပါတယ်၊ ဒါပေမဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ကျနော်တို့ တိုက်တွန်းလိုတာက မြန်မာပြည်က လူမဆန်တဲ့ ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးဖို့ တရားဝင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့တဲ့အထိ ဖြစ်လာအောင် အကောင်အထည် ဖော်ပေးဖို့ပါ” ဟု ရော်ဂျာက ဆိုသည်။ “ဖွဲ့စည်းပုံဥပဒေသစ်ဟာ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေအတွက် အာမခံပေးထားတယ်၊ ဒါကြောင့် ဒီတာဝန်ဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ အရေးယူမှုအပေါ်မှာ တည်နေပါပြီ”ဟုလည်း ရော်ဂျာကဆိုသည်။

ပြီးခဲ့သည့်နှစ် ဆုံးဖြတ်ချက်များတွင် ဖော်ပြခဲ့သည့် စိုးရိမ်ကြောင့်ကြမှုများကို ရှင်းပြရန် မြန်မာအစိုးရ ဆက်လက် တုံ့နှေးနေမှုကို ဖော်ပြရင်း နောက်ဆုံး ဆုံးဖြတ်ချက်တွင်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ပြိုင်ဘက်များကြား စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်စေရေး နိုင်ငံတကာက တောင်းဆိုရန်နှင့် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ပြန်လွှတ်ပေးရန် ထပ်မံ တောင်းဆိုထားသည်။ ၄၂ နိုင်ငံ ပူးပေါင်း ထောက်ခံမှုဖြင့် ဥရောပသမဂ္ဂ ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့သည်။

အထွေထွေ ညီလာခံ တတိယ ကော်မတီ အစည်းအဝေးတွင် အာဂျင်တီးနား၊ ကနေဒါနှင့် ဗြိတိန် တို့သာလျှင် အထွေထွေ ညီလာခံမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း အရေးယူရန် ထောက်ခံခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ချင်းမိုင် (မဇ္ဈိမ)
စိုင်းဝမ်မိုင်း| နိုဝင်ဘာလ၊ ၀၆ ရက်
ရွေးကောက်ပွဲအပြီးလာမည့် စစ်အစိုးရထိုးစစ်ကို ရင်ဆိုင်ရန် ယခုအပတ်အတွင်း မဟာမိတ်ဖွဲ့လိုက်သည့် လက်နက်ကိုင် တိုင်းရင်းသား ၆ဖွဲ့က`ပြည်ထောင်စု တပ်မတော်´ ဖွဲ့စည်းရေး ဦးစားပေးသည်ဟု လွတ်လပ်သော အာရှအသံနှင့် သတင်းရပ်ကွက်များက ဆိုသည်။

ဤအဓိကရည်မှန်းချက်ကို အစည်းအဝေးများအပြီး မနေ့က ထိုင်းမြောက်ပိုင်း ချင်းမိုင်တွင် ချမှတ်လိုက်ကြသည်။ ပူးတွဲတပ်ဖွဲ့၏ စစ်ရေးနိုင်ငံရေး မဟာဗျူဟာများ ချမှတ်နိုင်ရေး အလုပ်အဖွဲ့တခု ဖွဲ့စည်းရန်လည်း မဟာမိတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည မဟာမိတ်အဖွဲ့တွင် အပစ်ရပ်အဖွဲ့များဖြစ်ကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-N)၊ နှင့် အပစ်ရပ်အဖွဲ့မဟုတ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ပါဝင်သည်။

ဤအဖွဲ့က ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ်အင်ဘန်လ ကို ဥက္ကဋ္ဌ တာဝန်ပေးလိုက်ပြီး ကေအန်ယူ ဗိုလ်ချုပ် မူတူးဆေးပိုး က ဒုဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာ က အထွေထွေအတွင်းရေးမှူး၊ ကေအန်ပီပီမှ ရွှေမျိုးသန့်က တွဲဘက်အတွင်းရေးမှူး တာဝန်ယူမည်ဖြစ်သည်။ ဗိုလ်ချုပ်အင်ဘန်လ သည် ကေအိုင်အေ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ကေအိုင်အို ဒုတိယအကြီးအကဲလည်း ဖြစ်သည်။

နှစ် ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် တနင်္ဂနွေ ရွေးကောက်ပွဲအပြီး သူတို့ထဲက တဖွဲ့ဖွဲ့ကို မြန်မာစစ်တပ်က စတိုက်လိမ့်မည်ဟု မဟာမိတ်အဖွဲ့က မျှော်လင့်ထားသည်။

ကေအိုင်အို၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အမှတ် ၁ တပ်မဟာ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့က စစ်အစိုးရ ကမ်းလှမ်းချက်ဖြစ်သော စစ်တပ် ကွပ်ကဲမှုအောက်တွင်ထားမည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို ငြင်းပယ် လိုက်အပြီးတွင် စစ်အစိုးရနှင့် ၎င်းတို့ကြား တင်းမာမှု တိုးပွားလာသည်။

စက်တင်ဘာလက မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မဟာ ၁ ကို ၃ ကြိမ်တိုက်ခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာကလည်း ကေအိုင်အိုကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရအပြီး ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် `သောင်းကျန်းသူ´ ဟု သုံးနှုန်း ရေးသားခဲ့သည်။

ထိုအတောအတွင်း (အပစ်ရပ်အဖွဲ့ မဟုတ်သော) ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့်လည်း မြန်မာစစ်တပ် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အောက်တိုဘာ လလယ်အတွင်းက တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာစစ်သား ၁၁ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည်နယ် အတွင်းက သတင်းများ ထွက်လာသည်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ရန်သူ့ထံမှ လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ သည်။

ထိုတိုက်ပွဲများအတွင်း ရှမ်းတပ်ဘက်မှလည်း အချို့ဒဏ်ရာရခဲ့သည် ဟု ရှမ်းသံတော်ဆင့်သတင်းက ရေးသား ဖော်ပြသည်။

`ကျနော်တို့တပ်သားတွေက မြန်မာစစ်သားတွေ ရွာသားတွေကို အနိုင်ကျင့်တာကို မကြည့်နိုင်တော့လို့ သေချာရွေးတိုက်ခဲ့တာပါ။ မြန်မာစစ်သားတွေရဲ့ လုပ်ရပ်တွေအပေါ် ကျနော်တို့တပ်သားတွေက လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ သာဖြစ်ပါတယ်´ ဟု ရှမ်းပြည်တပ်မတော် တောင်ပိုင်း၏ ပြောရေးဆိုခွင့်ရှိသူ စဝ်လော်ဆိုင်းက ပြောသည်။

မကြာသေးမီက မြန်မာတပ်ဖွဲ့များက ရွာသားများကို အနိုင်အထက် ပြုကျင့်ခဲ့ကြပြီး ထိုအကြောင်းကို ဒေသတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့များထံ တိုင်ကြားခဲ့ကြသည် ဟု သူက ပြောသည်။ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၁ဝ သည် မိုင်းကိုင်မြို့နယ် မိုင်းယောင်းဒေသသို့ ဝင်လာတိုင်း ရွာသားများကို ရိုက်နှက်ညှဉ်းပန်းပြီး ပစ္စည်းများလည်း ယူသွားသည်ဟု သူက ပြောသည်။

`ကျနော်တို့လူထုကို အကာအကွယ်ပေးဘို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့လူထုကို နှိပ်စက်စော်ကားတဲ့ မြန်မာတပ်တွေကို လက်တုံ့ပြန် တိုက်ခိုက်သွားမှာဘဲ´ ဟု ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့သည်။

မြန်မာစစ်တပ်ကို တောက်လျှောက် ခုခံတိုက်ခိုက်နေသည့် တခုတည်းသော ရှမ်းလက်နက်ကိုင်အဖွဲ့မှာ စဝ်ရွက်ဆစ် ခေါင်းဆောင်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းဖြစ်သည်။ ခွန်ဆာ ဦးဆောင်သည့် မုန်တိုင်းတပ်မတော် ၁၉၉၅ ခုနှစ်တွင် လက်နက်ချပြီးနောက် ဤအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဌာနချုပ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် လွယ်တိုင်းလုံတွင်ရှိပြီး ထိုင်းမြန်မာနယ်စပ်တလျှောက် အင်အား တောင့်တင်းသည့် အခြေခံစခန်းများရှိသည်။ ဤအဖွဲ့သည် အပစ်အခတ် ရပ်စဲမထားသော အဖွဲ့များအနက် အင်အားအကြီးဆုံး ဟု ယုံကြည်ရသည်။

ယခုကော်မတီသည် ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် ဝပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်တို့သို့လည်း သွားရောက်ချဉ်းကပ်ဆွေးနွေးခဲ့သည်ဟု ဝါရင့် မြန်မာ့အရေးလေ့လာသူတဦးက မဇ္ဈိမ ကိုပြောသည်။ ယင်းနှစ်ဖွဲ့က အင်အားတောင့်တင်းသော အဖွဲ့များဖြစ်နေခြင်းကြောင့်ပင်။ ရှမ်းတပ်မတော် တောင်ပိုင်းက အဆိုပြုချက်ကို လက်ခံ စဉ်းစားနေသည်။

`ဒါပေမဲ့ ရှမ်းတပ်မတော် တောင်ပိုင်းက တကယ်အလုပ်လုပ်မဲ့ အဖွဲ့ဘဲ ဖြစ်စေချင်တယ်။ နိုင်ငံရေးအရ စကားများရန်ဖြစ်နေမယ့် အဖွဲ့မျိုးမဖြစ်စေချင်ဘူး´ ဟု သူကပြောသည်။ `ရှမ်းတောင်ပိုင်းတပ်နဲ့ ဝ မပါရင်တော့ ကေအိုင်အို က အင်အားအတောင့်ဆုံးအဖွဲ့ပါ´ ဟု လည်း သူကဆက်ပြောသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအတွင်း ဝ' တပ်မတော်သည် အပြောင်မြောက်ဆုံးအဖွဲ့ဟု မြန်မာ့အရေးလေ့လာသူက ယုံကြည်သည်။ `နိုင်ငံရေးဆို သူတို့က စိတ်မဝင်စားသလို နားမလည်သလိုနေမယ်။ ဒါပေမဲ့ သူတို့ နယ်မြေ မဆုံးရှုံးသေးဘူး။ သူတို့နယ်မြေနဲ့ သူတို့စစ်တပ်ကိုတောင် တိုးချဲ့လာနိုင်သေးတယ်´ ဟု သူက ပြောသည်။

အန်ဒီအေအေနှင့် မိုင်းလားအဖွဲ့များကိုမူ သူက မှုလောက်စရာမရှိသည့် `ကစားစရာအရုပ်ကလေးများ´ ဟု နှိမ့်ချပြောဆိုသည်။

`ဒီနှစ်ဖွဲ့က ဝတပ်ဖွဲ့ရဲ့ရုပ်သေးလေးတွေပါ။ အန်ဒီအေအေ ဒေသထဲမှာ ဝ တပ်တွေ အများကြီးရှိတယ်။ ဒီတော့ ဝတပ်ဖွဲ့ရဲ့ ရှေ့တန်းစခန်းဆိုတာ ပန်ဆန်း မဟုတ်ဘူး၊ အန်ဒီအေအေ နယ်မြေထဲမှာ´ ဟု သူကပြောသည်။

အချို့က သူတို့ကို ဘိန်းဘုရင်များအဖြစ် တံဆိပ်တပ် စွပ်စွဲကြမည်ဖြစ်သော်လည်း အင်အားကြီး အဖွဲ့များဖြစ်သည်ဟု သူက ပြောသည်။ သူတို့ဒေသအတွင်း ကုလသမဂ္ဂကလည်း စီမံကိန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါ လေ့လာသူက ဆက်လက်ပြော ဆိုသည်။

`မဟာမိတ်ဆိုတာနဲ့ ပတ်သက်လို့ ရီစရာကောင်းတာက ပြည်ပရောက်တွေနဲ့ လက်နက်ကိုင် အတိုက်အခံ အဖွဲ့တွေထဲမှာ မဟာမိတ်အဖွဲ့တွေ အများကြီးဘဲ။ ဒါပေမဲ့ ထူးထူးခြားခြား လုပ်တာရယ်လို့ မရှိဘူး´ ဟု သူကပြောသည်။

တိုက်ပွဲဖြစ်စဉ်အကျဉ်း

အောက်တိုဘာ ၁၉ - ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တဖွဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းခတ်ကျေးရွာအုပ်စု ဝမ်မော်ရွာအနီးတွင် ခမရ ၅၁၉ နှင့် ၂၇၇ တို့ကို ခြုံခိုတိုက်ခိုက်သည်။ တိုက်ပွဲ ၁၇ မိနစ်ကြာမြင့်ပြီး မြန်မာစစ်တပ်ဘက်မှ ၂ ယောက်သေ၊ ၁ဝ ဦးဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည် တပ်မတော်တောင်ပိုင်း ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

အောက်တိုဘာ ၃၁ - မိုင်းကောင်မြို့နယ် မိုင်းယောင်းကျေးရွာအုပ်စု တောင်ဘက် (၅ ကီလိုမီတာ သို့မဟုတ် ၃ မိုင်အကွာ) တွင် ခမရ ၅၁ဝ တပ်ဖွဲ့ တခုကို ရှမ်းပြည်တပ်တော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ သည်။ မြန်မာစစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၇ ဦးပြင်းထန်စွာ ဒဏ်ရာရသွား သည်။ တိုက်ပွဲ တနာရီခွဲကြာမြင့်ပြီး ရန်သူ့ထံမှ လက်နက်များကို ရှမ်း ပြည်တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။

နိုဝင်ဘာ ၁ ရက် (နောက်တရက်) - စစ်ကူလာသော ရန်သူ့တပ် ခမရ ၂၉၂ ကို မိုင်းကောင်မြို့နယ် နောင်ဝိုးနှင့် မိုင်းယောင်းကြားတနေရာတွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်သည်။ တိုက်ပွဲ ၂၈ မိနစ်ကြာမြင့်ပြီး မြန်မာစစ်သားတဦး ဒဏ်ရာရရှိသွားသည် ဟု အက်စ်အက်စ်အေ တောင်ပိုင်း ဝက်ဆိုက်တွင် သတင်းတင်ထားသည်။

နိုဝင်ဘာ ၂ ရက် - ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မိုက်ဟိုင် ကျေးရွာအုပ်စု နောင်ခမ်းရွာအနီးတွင် ခမရ ၅၁၈ နှင့် ရှမ်းပြည် တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်သည်။ မြန်မာစစ်တပ်မှ ၂ ယောက်ကျဆုံး၍ တယောက်ဒဏ်ရာရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကြံ့ဖွတ် အဖွဲ့ဝင်တဦး ၀ိုင်းရိုက်ခံရ၍ ဆေးရုံရောက်

နိရဉ္စရာ
သတင်း မောင်အေး
မနက်ဖြန်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူ့ပါတီ ကိုယ့်ပါတီ အနိုင် ရရှိရေး စည်းရုံး ဟောပြောရာမှ အငြင်းပွားကြပြီး မောင်တောမြို့နယ်တွင် ကြံ့ ဖွတ်ပါတီ အဖွဲ့ဝင်တဦး ၀ိုင်းရိုက် ခံရ၍ ဆေးရုံသို့ ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။
အရိုက်ခံရသည့် သူမှာ ကြံ့ဖွတ် ပါတီ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်ဝင်း၏ တူတော်သူ ဖြစ်သည်။ “ သူက ရယကဟောင်း ချူးကူးအာလောင် ဆိုတဲ့ သူဖြစ်ပါတယ်။ သူဦးလေးကို မဲပေးဖို့ လူတွေကို အတင်းဟောပြောနေလို့ အရိုက်ခံရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
မွတ်ဆလင် အမျိုးသားများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို မဲပေးရန် အစည်းဝေးပြောနေစဉ် ကြံ့ဖွတ်ကိုသာ မဲပေးရန်သူက လာရောက်ပြောကြားသဖြင့် အရိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။

“ ကျွန်တော်တို့ ကြက်ရိုးချောင်းရွာမှာ အစည်းအဝေး လုပ်နေချိန်မှာ သူက ကုလားလို “ချိန်းဟော မာရကာ ဘုတ်ဒီ” “ ခြင်္သေ့ တံဆိပ်ကိုမဲပေး” ဆိုပီး အဲသလို လာပြီး ဟောပြောတယ်။ ဒါကို မကျေ နပ် တဲ့လူတွေက ထွက်ပြီ်းရိုက်ကြတာ ဖြစ်ပါတယ်။ ဦးခေါင်းမှာ ကွဲသွားတယ်။ အခုတော့ နစက စခန်း အတွင်းက ဆေးရုံမှာ တင်ထားရပါတယ်”

မကြာသေးမီကလည်း မောင်တောမြို့နယ် ခမောင်းချောင်းတွင် ကြံ့ဖွတ် ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီတို့ အကြီးအကျယ် ရိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် လူ ၅ ဦးထက် မစုရဟု ဆိုကာ ရွေးကောက်ပွဲကော်မရှင်က ပုဒ်မ ၁၄၄ ထုတ်ခဲ့သည်။

ယခုအခါ အစည်းဝေးပြုလုပ်ခဲ့သည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ အဖွဲ့ဝင်များကို အမှတ် ၅ နယ်မြေ နစကစခန်းသို့ခေါ်ယူပြီး နယ်မြေမှူး ဗိုလ်မှူး သန်းနိုင်မှ မနက်ဖြန်တွင် ကြံ့ ဖွတ်ပါတီကို မဲပေးကြရမည်ဟု ဖိအား ပေးပြောကြားခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကြံ့ဖွတ်နှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ သုံးခုသာ ၀င်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘားအံထောင်က ထောင်တွင်းအစာငတ်ခံ ဆန္ဒပြမှု



မနက်ဖြန် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးအတွက် ရည်ရွယ်ပြီးတော့ ဘားအံထောင်မှာ စစ်အစိုးရက ထောင်ချထားတဲ့ ကိုကျော်ကျော်နိုင် ဒီနေ့မနက် ၈ နာရီကစပြီး ထောင်တွင်း အစာငတ်ခံဆန္ဒပြမှု စတင်လိုက်တယ်လို့ သိရပါတယ်။ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် မဖြူဖြူသင်းက “အခုသတင်းကို ကိုကျော်ကျော်နိုင် ကိုယ်တိုင် သူ့ လက်ရေးနဲ့ ထုတ်ပေးလိုက်တာ။ ဒီကိစ္စကို ထုတ်မပြောဘူးဆိုရင် သူ ဘာသတင်းမှ မကြားရဘဲနဲ့ ပျောက်သွားမှာ စိုးလို့ပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ကိုကျော်ကျော်နိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးမှူးတဦး ဖြစ်ပြီး ၂၀၀၇ ခုနှစ် စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၄ နှစ် အပြစ် ပေးခံခဲ့ရပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း (၆)

"တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှု့နဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နှက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာကို မွေးကတည်းက ကျမကိုသင်ထားလို့ သိခဲ့တဲ့ သင်ခန်းစာပါပဲ။ "

အန်တီပြောခဲ့တဲ့ စကားလေးပါ၊

တနေ့ အန်တီနဲ့တွေ့ကြလို့ ပြောခဲ့တဲ့စကားတွေကိုလည်း နားထဲကြားယောင်နေဆဲပါပဲ။ ----

“ အန်တီ စဉ်းစားကြည့်မိတယ်… အန်တီတို့ လူမျိုးတွေက အာဏာနဲ့သိပ် အယဉ်ပါးမခံနိုင်ဘူး ..။ နိုင်ငံတော်အာဏာက စလို့ .. သေးသေးငယ်ငယ် အဆင့်ထိ အာဏာနဲ့ထိတွေ့မိပြီဆို ပျက်စီးသွားကြတာများတယ်..။ ဥပမာ လူတယောက်ဒုတ်ကိုင်ထားတယ်ဆိုရင်တောင်..သူက ဒုတ်ရှိတဲ့အာဏာနဲ့ယစ်မူးသွားချင်တာ..လူတွေတွေ့ရင်ရိုက်ပစ်၊ နှက်ပစ်လိုက်ချင်တာ…အဲဒါတွေကို ပြုပြင်နိုင်ရမယ်၊
အဲဒီလိုပြောတော့ ကျနော်ကအဖြစ်အပျက်တွေကိုသွားသတိရမိတယ်။ ကျနော်တို့ကျောင်းသားတွေက အန်တီ့အိမ်ကို အ၀င်အထွက် အရမ်းများတော့ အန်တီ့ အိမ်ရှေ့မှာ တားဆီးစစ်ဆေးတဲ့ ထောက်လှမ်းရေးတွေက တော်ရုံဆို သိပ် မစစ်ဆေး မမေးမြန်းတော့ပါဘူး။ ဒါကလည်း တာဝန်အရကိုး။

အန်တီကိုယ်တိုင်က နေအိမ်အကျယ်ချုပ်က လွတ်လာတော့ သူ့လုံခြုံရေးအတွက် ခွင့်ပြုထားတာဆိုတော့ သူတို့မှာတာဝန်ရှိတယ်။ အန်တီ့ အိမ်ကို ၀င်လာသူမှန်သမျှ အစစ်ဆေးခံရတယ်။ ဓါတ်ပုံရိုက်ယူတယ်။
(တနည်းအားဖြင့် ထောက်လှမ်းရေးက အန်တီနဲ့ဆက်စပ်သူ မှန်သမျှ မှတ်တမ်း အသေအချာယူတာလည်း ပါမှာပါ -။ လုံခြုံရေးအရဆိုတော့လည်း ဘယ်သူပြောသာမှာလဲ)။

တနေ့ အဲသလိုပဲ ကျနော်တို့ထဲက ကျောင်းသားတစ်ယောက်ကို စစ်ဆေး၊ ဓါတ်ပုံရိုက်တော့ သူက ဒေါသူပုန်ထပါလေရော……။

“ ကျုပ်တို့က အန်တီက ခွင့်ပြုထားလို့ လာကြတာဗျ ၊ ချစ်လို့ လေးစားလို့ အလုပ်တွေ အတူတူတွဲလုပ်ဖို့လာကြတာ။ သတ်ဖို့ လာတာမဟုတ်ဘူး ” ဆိုတော့ လုံခြုံရေးတာဝန်ရှိသူက---

“ ခင်ဗျား ..ဒေါ်အောင်ဆန်းစုကြည် ကို မလုပ်ကြံပါဘူးလို့ ဘယ်လိုအထောက်အထားနဲ့.. ယုံကြည်ရမလဲ.. ။တခုခုဖြစ်သွားရင် ကျုပ်တို့က ဘ၀နဲ့ရင်းရမှာ..။ တာဝန်အရ စစ်ဆေးမှု့ကို မခံနိုင်ရင်.. မ၀င်ပါနဲ့။”

စကားလုံး လှလှလေးနဲ့ ဟန့်တားလိုက်ခြင်းပါ။ ကျနော်ကပဲ ကြားက၀င်ပြီး ၊ အမောင် ကျောင်းသားကို မေတ္တာရပ်ခံရတော့တယ်။ ကျနော်တို့ထဲက ကျောင်းသားကလည်း .. မလိုအပ်ဘဲနဲ့ မပြောပ လောက်တဲ့ ပါဝါကို ထုတ်သုံးချင်တယ်။(သူ့ကို ယုံယုံကြည်ကြည် ၀င်ခွင့်ပေးထားတဲ့ ပါဝါပေါ့ )။ တဘက်ကလည်း စောစောကပြောတဲ့စကားတွေကို တဘက်သားလက်ခံချင်လာအောင် မပြောဘဲ ၊ အထက်အရာရှိက အောက်လက်ငယ်သားကို ငေါက်တဲ့လေသံနဲ့ပြောတော့ ..မလိုအပ်တဲ့ပြဿနာကို ရှင်းရတော့တာပါပဲ။

အသေးစားကိစ္စလေးဆိုတော့ အာဏာလို့ မမြင်ကြဘူး။တကယ်တော့ အာဏာဆိုတာ လုပ်ပိုင်ခွင့်ပဲ ။ အင်္ဂလိပ်လိုမှာတော့ ( power )ပေါ့။ အဲဒါကို သွားသတိရမိတယ်။ အန်တီ့ခြံရှေ့ အ၀င်တံခါးနဲ့ကပ်လျှက်နားမှာ အဆောက်ဦငယ်လေးတစ်လုံးကို လုံခြုံရေးအရဆိုပြီး ထောက်လှမ်းရေးက တာဝန်ပေးထားတဲ့သူတွေနေဖို့ အန်တီက ခွင့်ပြုထားတယ် ။ အဲဒီဘေးဘက်နားမှာတော့ လက်နှက်ကိုင် အစောင့်အရှောက်ရဲဘော်တချို့နေကြတယ် ။

သူတို့ကိုတော့ မြင်ကွင်းမှာ မနေဘို့ အန်တီက မေတ္တာရပ်ခံထား သလား မသိဘူး ။လူမြင်ကွင်းရှေ့မှာ သိပ်မနေကြဘူး။ အဲဒီထဲမှာတောင်မှ သဘောထားပျော့ပြောင်းသူတွေ ပါသလို တင်းမာသူတွေလည်း ပါကြတယ်။ တခါတရံ အန်တီ့ဆီလာကြတဲ့သူတွေကို (လုံခြုံရေးဘန်းပြပြီး) တော်တော် မဖွယ်မရာပြုမှုဆက်ဆံတာတွေနဲ့ဆုံရပါတယ်။ အဲဒီလိုပြဿနာက ခဏခဏ ဆိုသလိုဖြစ်တာ ။

နောက်တော့ အန်တီက လုံခြုံရေးတာဝန်ခံ ဗိုလ်မှုးသူရ ( သူကလည်းထောက်လှမ်းရေးက အရာရှိတဦးပါပဲ။ ) နဲ့ညှိနှိုင်းလိုက်မှ နောက်ပိုင်း တော်တော်အဆင်ပြေသွားတော့တယ်။ အန်တီက ခရီးစဉ်တခုသွားတော့မယ်ဆို ပထမဦးဆုံး-- စောစောကပြောတဲ့ ထောက်လှမ်းရေးမှုး (သို့်)လုံခြုံရေးအရာရှိပေါ့ ။သူ့ကို ပြောရတယ် ။ သူက လမ်းကြောင်းစီစဉ် လုံခြုံရေးပေးပေါ့ ။(ကျနော်မြင်သလောက်ပြောရရင် အဲဒီအချိန်က အန်တီ အနေထားက ပုံသဏ္ဍာန် ၂ မျိုးလိုဖြစ်နေတယ် ။) တမျိုးက ဘယ်သွားသွား- အကျယ်ချုပ်ပုံစံနဲ့သွားလာရတာမျိုးဖြစ်ပြီး၊နောက်ပုံသဏ္ဍာန်တမျိုးက လက်ရှိအာဏာရ နိုင်ငံအကြီးအကဲပုံစံမျိုး ၊ အန်တီနဲ့ သွားလေရာ ပါသွားတတ်တဲ့ လူငယ်အချို့ပြောပြတာကတော့ အန်တီခရီးစဉ်သွားပြီဆို လမ်းကြောင်းရှင်းထားတာမျိုး ၊ မီးပွိုင့်တွေ နီထားတာမျိုးတွေ လုပ်တယ်။

ဒါပေမယ့် အန်တီဟာ ဘယ်တော့မှ ဘယ်သူ့ကိုမှ မောက်မောက်မာမာ အထက်စီးကနေ ဆက်ဆံတယ်ဆိုတာတော့ ကျနော်တို့ မကြံဖူးဘူး ။သူ့ခြံထဲမှာလာနေတဲ့ စစ်သားတွေ၊ ရဲတွေကိုတောင်မှ လေးလေးစားစား ဆက်ဆံတတ်တယ်။ နောက်တစ်ခုက အန်တီဟောပြောပွဲမှာ ပြောတဲ့စကားတွေကို တော်တော်များများ ဌာနဆိုင်ရာ အကြီးအကဲတွေဆို ရင်တုန်စွာ နားစွင့်နေကြရတာ ။ (ဥပမာ) နေရာတခု၊ဌာနတခုရဲ့မမှန်မကန်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လူထုက တင်ပြမေးခွန်းမေးလို့ အန်တီက ထင်မြင်ချက်ပေးပြန် ဖြေမိပြီဆို ၊ အဲဒီ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အနိမ့်ဆုံး စစ်ဆေးမေးမြန်းခံရမယ် ၊ တချို့ဆို အရေးယူခံရတာတွေတောင်ရှိတယ်ဆိုတာ ပြန်သိရပါတယ်။

ဒါပေမယ့် အန်တီစုဟာ အဲဒါတွေအပေါ်မှာ ကျေနပ်နေတာ (လုပ်ခွင့်သာတုန်း ဖိထောင်းလိုက်မယ်ဆိုတာမျိုး) ဘယ်တော့မှ မရှိခဲ့ဘူး။အဲဒီသဘောကို ကြည့်ရင်တောင်မှ ပါဝါရဲ့သဘောကို ခံနိုင်ရည်ရှိသူနဲ့ မရှိသူရဲ့ခြားနားမှု့ကို သိနိုင်ပါတယ်။ ဒါကတော့ အန်တီစုရဲ့နှလုံးသားပုံရိပ် တစိတ်တဒေသကို လေ့လာနိုင် ဖို့ တင်ပြပေးတာပါ။

ဒီလိုနဲ့ အန်တီစုရဲ့ခြံဝန်းအတွင်းမှာ အခမ်းအနားလုပ်ဖို့ အဆောက်အဦကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ လူငယ်များစုပေါင်းဆောက်လုပ်လိုက်တာ အကောင်ထည်ပေါ်သွားပါတယ်။ သူတို့ခမျာ တော်တော် ပင်ပန်းရှာပါတယ်။မြေကြီးတွေ ရှင်းရတာကို တော်တော်ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ စိတ်ဓါတ်ကြောင့်သာ လာလုပ်အားပေးကြတာပါ။တော်ရုံဆို သိပ်မလွယ်လောက်ပါဘူး။ အဲဒီအချိန်ကာလက အန်တီစုကို ၀န်းရံပေးခဲ့တဲ့ လူငယ်အင်အားစုတွေထဲမှာ- ကျနော်တို့ တကသ အပါအ၀င် - ကျောင်းသားတွေနဲ့ NLD လူငယ်အဖွဲ့ အင်အားက အတိုင်းတာတခုထိ အင်အားကောင်းခဲ့ပါတယ်။

ကျနော်တို့ကျောင်းသားများအနေနဲ့ကတော့ မူလက စီစဉ်ထားတဲ့အတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို အထောက်အပံ့ဖြစ်စေနိုင်မယ့် ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ ဟာ ၀ါရင့်နိုင်ငံရေးသမားကြီးများအပါဝင်၊တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေ ၊ တသီးပုဂ္ဂလ နိုင်ငံရေးခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းချက်တွေကို အဆက်မပြတ်လုပ်ဆောင်ခဲ့ပါတယ်။

တိုင်းရင်းသားပါတီခေါင်းဆောင်ထဲကဆိုရင် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး ၊ ဦးစိုင်းညွန့်လွင် တို့အပါဝင် မြေပေါ်နိုင်ငံရေးပါတီခေါင်းဆောင်လူကြီးများနဲ့တွေ့ပြီး သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပါတယ်။ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်( SNLD )ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တော်တော်များများ အနိုင်ရခဲ့တဲ့ပါတီတခုလည်းဖြစ်ပါတယ်။ ကျနော်တို့ ဦးခွန်ထွန်းဦးရယ်၊ ဦးစိုင်းညွန့်လွင်ရယ်ကို တနေ့မှာတော့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က သူတို့ကလည်း သူတို့ရင်ထဲမှာရှိနေတဲ့ မကျေနပ်ချက်တွေ၊မွန်းကြပ်မှု့တွေကို အတိုင်းတာတခုထိ ဖွင့်ချခဲ့တယ်။ ဦးခွန်ထွန်းဦးဆိုရင် အဲဒီအချိန်က အမျိုးသားညီလာခံတက်ရောက်နေသူတစ်ဦးပါ ၊ သူတို့ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လူထုခေါင်းဆောင်တယောက်မို့ သူတို့လည်း လေးစားမှု့ရှိပါတယ် ။ ဒါပေမယ့် NLDပါတီအပေါ်မှာတော့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလက ကြုံခဲ့ရတဲ့ အထစ်အငေါ့လေးတွေကြောင့် စိတ်ထဲမှာတော့ ဖုတုတုပါပဲ။ ကျနော်တို့ကို ပြောတဲ့အခါတိုင်းမှာလည်း ဗမာတွေက ဗမာတွေက ဆိုတဲ့ အသုံးကို ခဏခဏသုံးတော့ ကျနော်တို့ထဲက ကျောင်းသားတယောက်က………………

“ အန်ကယ်.. တကယ်တော့မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို.. ဖိနှိပ်တာ၊ အခွင့်ရေးတွေကို ကန့်သတ်တာ၊တန်းတူညီမျှရေး မရှိတာ.. အဲဒါတွေကိုလုပ်တာ ကျနော်တို့ ဗမာပြည်သူတွေ မဟုတ်ပါဘူး… စစ်အာဏာရှင် အစိုးရအဆက်ဆက်က လုပ်တာပါ……။ကျနော်တို့အမြင်အရပြောရရင်.. ဗမာလူမျိုးအများစုဟာ.. ဘယ်တိုင်းရင်းသား လူမျိုးနွယ်စုကိုမှ အဲဒီလိုလုပ်တာ ရှိမယ်မထင်ပါဘူး.. ရှိခဲ့ရင်လည်း အနည်းစုပဲဖြစ်ပါလိမ့်မယ်။" ဒီစကားရပ်အပေါ်မှာတော့ ဦးခွန်ထွန်းဦးက ဘာ ဝေဖန်ကောက်ချက်မှ မပေးခဲ့ဘူး၊

ဦးစိုင်းညွန့်လွင်က ရုတ်တရက်ကြားကနေ စကားကို ၀င်ထောက်လိုက်တယ်…….။ “ မဟာဗမာလူမျိုးကြီးဝါဒ ကတော့ တော်တော်စက်ဆုတ်စရာ ကောင်းတယ်ဗျ.. ။အနည်းစုတိုင်းရင်းသားလူမျိုးစုတွေအပေါ်ကျင့်သုံးတဲ့ .. မဟာဗမာလူမျိုးကြီးဝါဒကိုတော့ ကျနော်တို့ ဆန့်ကျင်ရလိမ့်မယ်။”

ကျနော် သောက်လက်စ ကော်ဖီခွက်လေးကို စားပွဲပေါ် အသာတင်လိုက်ရင်းက…..

“ မဟာဗမာလူမျိုးကြီးဝါဒမှ မဟုတ်ပါဘူး…။ မဟာကရင်၊မဟာရှမ်း၊မွန်၊ရခိုင်၊ကချင်၊ကယား၊ချင်း စတဲ့ ဘယ်မဟာ လူမျိုးကြီးဝါဒ မဆို ကျနော်တို့ကတော့ ဆန့်ကျင်သွားမယ်……..။”

အိမ်ရဲ့ပြင်ပက တိုက်ခတ်နေတဲ့လေသံတွေကိုကြားနေရတယ်၊ နံရံပေါ်ကတိုင်ကပ်နာရီရဲ့စက်သံမှ တပါး…..ဦးခွန်ထွန်းဦးကတော့ မျက်လုံးလေးကိုမှေးပြီး၊ တခုခုကိုပြောဖို့ စဉ်းစားနေပုံရတယ်။ ကျနော်တို့ထဲက ကျောင်းသားတယောက်ရဲ့ဝင်ရောက်ပြောဆိုမှု့က ငြိမ်သက်ခြင်းကို ဖြိုခွင်းပစ်လိုက်တယ်………။

“ ငါ့လူမျိုးသာလျှင်မြင့်မြတ်တယ်၊ ငါ့လူမျိုးသာလျှင် အရာရာကို လွှမ်းမိုးရမယ်၊ချုပ်ကိုင်ရမယ်...ဆိုတဲ့ မဟာလူမျိုးကြီးဝါဒ ဟာ ၂၁ ရာစု ဒီနေ့ကမ္ဘာကြီးမှ ခေတ်မမှီတော့ပါဘူး..။ တကယ်တော့မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးတွေဆိုတာ ရာနဲ့ချီရှိနေတာပဲ…..။ အားလုံးတန်းတူအခွင့်အရေးရှိဖို့ ကို ကျနော်တို့လည်း ထောက်ခံတယ်..။ ”
ဆိုဖာခုံပေါ်မှာ အားရပါးရ မှီထိုင်နေရင်းက ဦးခွန်ထွန်းဦးက ရုန်းထလိုက်ပြီး….၊

“ အမျိုးသားညီလာခံမှာလည်း - တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အဲဒီတန်းတူအခွင့်ရေးအတွက် ကျနော်တို့တင်သွင်းခဲ့တာပဲ.. ။ဒါပေမယ့် မလွယ်ပါဘူးဗျာ..။ လက်ရှိ နအဖက သူ့သဘောထားတွေကိုပဲ ဇွတ်အတင်း အားထုတ်ကြိုးစားနေတာ.. တွေ့ရတော့ .. အမျိုးသားညီလာခံကိုလည်း အားကိုးလို့ မရပါဘူး။”…

ဦးခွန်ထွန်းဦးရဲ့စကားလုံးတွေက သူ့ရင်ထဲမှာရှိနေတဲ့ ခံစားချက် အကုန်အစင် မဟုတ်သေးဘူးဆိုတာ ကျနော်နားလည်လိုက်တယ်။

“ အန်ကယ်ရာ… အမျိုးသားညီလာခံဆိုတာ.. အစစ်အမှန်မှ မဟုတ်တာပဲ..။ အတုအယောင်ပဲ .. ။ ဒါကိုအားလုံး သိပါတယ်..။တကမ္ဘာလုံးလည်းသိပါတယ် ..။ ကျနော်တို့လိုချင်တာ.. ဒီနေ့အချိန်မှာ ..အမျိုးသားပြန်လည်သင့်မြတ်ရေးပါပဲ။ ”

“ မှန်တာပေါ့ဗျာ.. ။သိပ်လိုအပ်တာပေါ့…။ ခက်တာက နအဖဘက်ကကျတော့ သူတို့ပြောထားတယ် မဟုတ်လား.. ။ တွေ့ဆုံဆွေးနွေးရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလိုရှိတယ်ဆိုရင်.. ညီလာခံထဲ ၀င်လာခဲ့ပါ...ဆိုတာလေ.. ။အမျိုးသားညီလာခံမှာ ဆွေးနွေးပါ ဆိုတာလေ”

“ တကယ်ရော.. အမျိုးသားညီလာခံကနေ .. အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို လုပ်ဆောင်နိုင်ပါတယ်ဆိုတာကို .. အန်ကယ် ယုံရဲ့လား”

ဦးခွန်းထွန်းဦးက မျက်မှောင်တစ်ချက်ကျုံ့သွားတယ်။ ပြီးမှဖျော့တော့တော့အပြုံးတချက်နဲ့ ခေါင်းကို လေးတွဲ့စွာ ရမ်းလိုက်ရင်း…….အပြင်ကို တချက်ကြည့်လိုက်တော့ တော်တော်တောင်မှောင်နေပြီ။

“ အန်ကယ် .... အခု အန်တီ နေအိမ် အကျယ်ချုပ်က လွတ်လာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်.. အဲဒါ အန်ကယ် သဘောထားကို သိပရစေ ” ဆိုတော့ ဦးခွန်ထွန်းဦးရဲ့မျက်နှာပြင်ဟာ အပြုံးတွေနဲ့ဝင်းလက်သွားတယ်……..။

“ ကြိုဆိုရမှာပေါ့ဗျာ… ကျနော်တို့ထောက်ခံတယ်…. လက်တွဲလုပ်မယ်”

ကျနော်တို့ကျောင်းသားများနဲ့ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ရဲ့တာဝန်ရှိသူ ၂ ဦးနဲ့ အနာဂတ်နိုင်ငံရေးအတွက် ဆွေးနွေးတိုင်ပင်တဲ့ကိစ္စပြီးလို့ အလွတ်သဘောပြောဆိုတဲ့ အခါမတော့ အားပါလှတဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ရဲ့ တိုင်းရင်းသားရေးရာ ခံစားချက်တွေကလည်း ကျနော်တို့ရဲ့နှလုံးသားထဲကို စူးစူးရှရှဖြစ်စေခဲ့တာအမှန်ပါ။

နောက်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဦးခွန်ထွန်းဦး တို့ SNLD နဲ့ အန်တီစု အပါဝင် NLD ခေါင်းဆောင်ပိုင်းတွေနဲ့တွေ့ဆုံခဲ့ကြောင်းကို သိရပါတယ်။

ဟင့်အင်းကို ကျော်ဖြတ်ခြင်းဆိုတဲ့ထဲက စာသားလေးတစ်ခုကို သွားသတိရမိပါတယ်။
““ညှိနှိုင်းဆွေးနွေးခြင်းဆိုသည်မှာ နေ့စဉ်ရင်ဆိုင်ကြရသည့်ကိစ္စဖြစ်သည် ”
ပြဿနာအရပ်ရပ် ရှိမယ်ဆိုရင်တောင်မှ ညှိနှိုင်းဆွေးနွေး အဖြေရှာမယ်ဆိုရင် … ဆုံးရှုံးနစ်နာမှု့အား ပိုမသက်သာလာနိုင်ဘူးလား......” ဆိုတဲ့ အသိက ရင်ထဲမှာစွဲနစ်လျှက်…….။

ကျနော်တို့ တတွေ တနေ့မှာတော့ ဦးနေ၀င်း ( ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်း- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( မဆလ) ဥက္ကဌ ဟောင်း - ယခု ကွယ်လွန် ) ဆီ သွားရောက်ကမ်းလှမ်းခဲ့တယ်။ လူချင်းတော့ မတွေ့ဆုံခဲ့ပါဘူး။ ဒါပေမယ့် အကြောင်းပြန်ကြားချက်တော့ ရခဲ့တယ်။

”ကျောင်းသားတွေ ခုလိုလာရောက်ကမ်းလှမ်းတာကို ကြိုဆိုတဲ့အကြောင်း၊၀မ်းသာတဲ့အကြောင်း၊ ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးအရ မလာရောက်နိုင်တာကို နားလည်ပေးဖို့ ” စသဖြင့် အကြောင်းပြန်ခဲ့ပါတယ်။ အခုလို ကျနော်တို့သွားရောက်ကမ်းလှမ်းတာကို နိုင်ငံရေးအင်အားစု တချို့ကသိသွားတဲ့အခါ ကျနော်တို့ကို ၀ိုင်းဆော်ပလော်တီးကြတော့တာပဲ ။ ကျနော်တို့ ဒီအလုပ်ကို ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တာ မဟုတ်လေတော့ (ဆော်ပလော်ဝိုင်းတီးလည်း ခံဖို့ကလွဲလို့ ဘာတတ်နိုင်မှာလဲ)။ အန်တီကျနော်တို့ကို ပြောကြားခဲ့တဲ့ .. “ ရည်ရွှယ်ချက်နဲ့စေတနာမှန်ရင် နားလည်လာကြမှာပါ ” ဆိုတဲ့ စကားကို နားထဲကြားရင်း… ရင်ထဲမှာတော့ကျိတ်မျိုခဲ့ရပါတယ်။

နောက် တစည ပါတီ ( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ) ဆီကို သွားတော့ ကျနော်တို့ကို ပထမတော့ ခပ်စိမ်းစိမ်း၊ ခပ်တွန့်တွန့်ပဲ ဆက်ဆံခဲ့တယ်။ ကျနော်တို့ရဲ့လုပ်ရပ်နဲ့သဘောထားအမှန်ကို နားလည်သွားတဲ့အခါမတော့ သက်ဆိုင်ရာတာဝန်ရှိသူက နွေးနွေးထွေးထွေး ပြောဆိုဆွေးနွေးခဲ့ပါတယ်။” သူတို့ ဆွေးနွေးပြီးအကြောင်းပြန်ကြားပေးပါမယ်......”ဆိုတဲ့စကားကို ရရှိခဲ့ပါတယ်။

တဖက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အန်တီစုအပါဝင် ပါတီခေါင်းဆောင်တွေ ကျနော်တို့ကျောင်းသားလူငယ်တွေဟာ အသည်းအသန် ကြိုးစားနေပေမယ့် တဘက်က နှိပ်ကွပ်မှု့တွေကတော့ လျှော့မသွားပါဘူး၊ အထူးသဖြင့် အန်တီစုဆီကို လာရောက်တွေ့ဆုံတဲ့သူတွေကို ဒုက္ခမျိုးစုံပေးတာ ခံရပါတယ်။ ပါတီဝင်နဲ့ နိုင်ငံရေး အသိုင်းဝိုင်းက လူတွေကို အဓိက ပစ်မှတ်မထားဘဲ ၊ သာမန်ပြည်သူထဲကပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်လာတယ်။

ဥပမာ- သာမန်ပြည်သူတစ်ယောက်က အန်တီ့ဆီ လာတွေ့ပြီးတာနဲ့ နောက်ပိုင်း ဂယက်တွေက ရိုက်တော့တာပဲ။ စီးပွားပျက်အောင်လုပ်တာတို့၊ အသိုင်းဝိုင်းအပြင်ဘက်ရောက်သွားအောင်လုပ်တာတို့ပေါ့၊ အဲဒီကိစ္စတွေက တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ (အဲဒီထဲက နာမည်ကျော် အဆိုတော် ကိုတင်လှိုင်တို့ ၊ စီးပွားရေးလုပ်ငန်းရှင်ထဲကဆို ဦးသိန်းရွှေ (စာရေးဆရာမ မမေငြိမ်းဖခင်) တို့ အပါအ၀င် တော်တော်များများခံရတယ်။)

ကျနော်ကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးမှာ နေစရာနေရာတွေအများကြီးရှိပါရဲ့နဲ့ နေလို့မရလောက်အောင်ကို ဖြစ်ခဲ့ရတယ်။ ကျနော်နေတဲ့ အိမ်တိုင်းကို ညစဉ်ဧည့်စာရင်းစစ်တယ်။ဘာရယ်လည်းမဟုတ်ဘူး၊ ပြီးပြန်သွားတယ်။ အဲဒါမျိုးနေ့စဉ်လုပ်တော့ ကျနော်နေတဲ့ အိမ်တွေက ကြောက်လာကြတယ်။(ကျနော့်ညီမ အရင်းခေါက်ခေါက် အပါအ၀င်ပေါ့။)

နောက် ကျောင်းအဆောင်မှာ သွားနေတော့ အဆောင်ပိုင်ရှင်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖိအားပေးလာပြန်ရော။ နေလို့ မရပြန်ဘူး၊ ဒီလိုနဲ့ပဲ ၊ ဟိုရွှေ့လိုက်-ဒီရွှေ့လိုက် နေရာပေါင်းများစွာ ပြောင်းနေခဲ့ရတာပါ။ ဒီကြားထဲမှာ ကိုယ့်ဒီမိုကရေစီဘက်တော်သားများရဲ့ဖိအားပေးမှု့၊ဆန့်ကျင်ရှုတ်ချမှု့၊ကလိမ်ကျမှု့တွေနဲ့ရင်ဆိုင်ရတဲ့ အခါမတော့ နိုင်ငံရေးကို အတော်ကို စိတ်ကုန်ခမ်းမတတ် ဖြစ်ခဲ့ပါတယ်။

တနေ့ အန်တီနဲ့ဆုံတဲ့အခါ ကျနော့်ရင်ထဲမှာမွန်းကြပ်နေတာတွေ စိတ်ပျက်၊စိတ်ကုန်ခန်းမတတ် ဖြစ်နေတာတွေကို ဖွင့်ဟပြောပြတော့……….အန်တီက -

“ နိုင်ငံရေးဆိုတာ ဒီလိုပဲ သားရဲ့..။ ကိုယ်က ဘယ်လောက်ပဲ မှန်တာလုပ်လုပ်…။ အမှန်တရားဆိုတာ မပေါ်ပေါက်သေးသရွေ့.. ခါးစည်းခံရတာပဲ..။ အဲဒါကို စိတ်ပျက်၊စိတ်ကုန်လို့ မရဘူး….။ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ရှိသေးတယ် မဟုတ်လား ”



သားတို့စဉ်းစားကြည့်လိုက်ပါ…။ “ ဖေဖေ့တုန်းကဆို.. အောင်ဆန်းအက်တလီစာချုပ်နဲ့ လွတ်လပ်ရေးအရယူဖို့ လက်တကမ်းအလို … အင်္ဂလန်က ခေါ်လို့ ဖေဖေတို့ သွားကြတယ်..။ ဟိုရောက်မှ .. ပါသွားတဲ့သူတွေထဲက လက်မှတ်မထိုးကြလို့.. (ဗိုလ်ချုပ်အား လုပ်ကြံသတ်ဖြတ်သူ ဦးစောနဲ့ ကျန်တယောက်က သခင်ဘစိန် ကို ရည်ညွှန်းခြင်းဖြစ်သည်။) အရမ်းကို ဗျာများခဲ့ရတာ.. ဘယ်လောက်စိတ်သောက ရောက်လိုက်မလဲ.. ။ခံစားကြည့်လိုက်ပါ…။ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်လာတဲ့ လွတ်လပ်ရေးကို .. လက်တကမ်းအလိုကျမှ .. ဒီလိုဖြစ်တယ်ဆိုတော့.. ။ ဒါပေမယ့်လည်း အဆုံးမတော့.. အောင်မြင်သွားပါတယ်။ ”

အန်တီရဲ့စကားသံတွေထဲမှာ..သံဝေဂသံတွေ ရောနှောပါနေတယ် ဆိုတာကို ကျနော်တို့ သတိထားမိလိုက်ကြတယ်။ ကျနော်တို့ ကိုယ်ချင်းစာနိုင်ပါတယ်။

“ အန်တီမှတ်မိသေးတယ်.. ။ဖေဖေ .. အင်္ဂလန်က ပြန်လာတော့.. အိမ်မှာ.. စာတန်းတခု ထပ်ကပ်ထားတယ်.. ။ ” လှေခွက်ချည်းကျန် အလံမလှဲ ..” တဲ့…..။ ဒီလိုပါပဲ ..။ အန်တီ အပါအ၀င် အန်တီတို့ပါတီဆိုလည်း သားတို့သိတဲ့ အတိုင်း ဘက်ပေါင်းစုံက တိုက်လိုက်ကြတာ.. မားမားမတ်မတ် ရပ်ခံရတာပဲ.. ။ အဲ့ဒါကို စိတ်ပျက်အားလျှော့နောက်ဆုတ်သွားလိုက်မယ်ဆိုရင်.. ဘာဖြစ်မလဲ…. စဉ်စားကြည့်ကြပေါ့….”

အန်တီရဲ့အားပေး စကားတွေက ကျနော့်အဖို့ အားတက်စေခဲ့တာ အမှန်ပါ။ ကုန်ခမ်းသွားတဲ့ စိတ်ဓါတ်တွေ အသစ်ပြန်မွေးဖွားလာစေခဲ့တယ်။ ခွန်အားသစ်တွေဖြစ်လာတယ်။ အကယ်လို့ အဲဒီတုန်းက အန်တီသာ ခုလို အားပေးစကား မပြောခဲ့ဘူးဆိုရင်.. ကျနော် ရန်ကုန်ကနေ ဇာတိမြို့မှာပဲ ပြန်ပြီး အေးအေးဆေးဆေးသွားနေဖို့  ဆုံးဖြတ်ချက် ချလုနီးပါးဖြစ်နေပါပြီ။ (ခံနိုင်ရည် နည်းတယ်ပြောလည်း ခံရမှာပါပဲ။)၊ ဒါမျိုးဖြစ်စဉ်များကို ဦးဆောင်လုပ်တဲ့ကျောင်းသားတော်တော်များများ ခံခဲ့ရဖူးပါတယ်။

တဆက်တည်း တင်ပြလိုတာက ယနေ့ ဒီမိုကရေစီ လွတ်မြောက်ရေးတိုက်ပွဲအတွက် ကြိုးစားဆောင်ရွက်နေတဲ့ ကျောင်းသားလူငယ်များကို ကျနော်တို့ အတွေ့အကြုံတွေထဲက အရေးကြီးတဲ့ အချို့ကို ကောက်နှုတ်တင်ပြပါရစေ၊

လုပ်ရပ်တခုအတွက် အကောင်ထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အဲဒီလုပ်ရပ်ဟာ အောင်မြင်မှု့ရောင်ခြည်တွေ မြင်လာရပြီဆို ကြီးစွာသော အနှောက်အယှက်၊ အဟန့်အတားတွေ၊ တိုက်ခိုက်မှု့တွေ ၀င်လာမှာ မလွဲဘူး....ဆိုတာ မှတ်ထားစေလိုပါတယ်။
သိပ်ဆန်းပြားတဲ့ဖြစ်ရပ်တွေ မဟုတ်ပေမယ့် ယနေ့အထိတော့ အသုံးတွင်နေဆဲပါ၊ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များရဲ့လက်ကိုင်ဒုတ် ထောက်လှမ်းရေးဌာနအသီးသီးရဲ့ စိတ်ဓါတ်ရေးရာ စစ်ဆင်မှု့ကို အလူးအလဲ ခံရပါလိမ့်မယ်။ ပြည်ပနိုင်ငံရေးလှုပ်ရှားမှု့ရော- ပြည်တွင်းမှာပါ အတော်ကို အရေးပါ ခရီးရောက်လှပါတယ် ။

ထောက်လှမ်းရေး အင်အားစုတွေဆိုတာ နိုင်ငံတော် ဘဏ္ဍာကို ရေလို သုံးလုပ်နေတဲ့ အဖွဲ့အစည်းတွေ ဆိုတော့ စိတ်ဓါတ်နဲ့လုပ်နေတဲ့ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေ အလူးလူးအလိမ့်လိမ့်၊ အပြိုပြို အကွဲကွဲဖြစ်အောင်လုပ်နိုင်ခဲ့တာအမှန်ပါ၊

ကျနော့်အတွေ့အကြုံအရပြောရရင်… ပထမ ဦးဆောင်လုပ်တဲ့သူတွေကို သမိုင်းအညွှန့်ကျိုးအောင် အရင်ချိုးပါတယ်။ ဒါမှလည်း ကျန်တဲ့သူတွေက ဦးဆောင်နေတဲ့သူတွေကို အယုံကြည်ကင်းမဲ့ သွားစေတာကိုး။ ဒါကိုလည်း သူတို့မွေးထားတဲ့ သတင်းပေးတွေကတဆင့် တွင်တွင်ကျယ်ကျယ်ဖြစ်အောင် စီမံချက်ချ လုပ်ကြတာပါ။

ဒီလိုလူမျိုးတွေက အန်တီစုလိုလူမျိုးကို သူတို့လောက် မချစ်ဘူးလို့ ထင်ရလောက်အောင် ဟန်ဆောင်မှု့တွေနဲ့ စိမ့်ဝင်လာကြ တယ်။ လက်သီးလက်မောင်းကို သူများတွေထက် ပိုတန်းတယ်။ ကြွေးကြော်သံကို သူများတွေထက် ပိုကျယ်လောင်စေတယ်။ ဒီလို အယုံသွင်းပြီးပြီဆိုကာမှ သူတို့ရဲ့စီမံချက်တွေကို တစ်ဆင့်ချင်း အကောင်ထည်ဖော်တော့တာပါပဲ။

မိမိ ဒီမိုကရက်တစ်အင်အားစုတွေဖြစ်လင့်ကစား ကိုယ်နဲ့အဆင်မပြေတဲ့ အင်အားစုတွေဆီကို သူတို့ထဲက သတင်းပေးများက ချဉ်းကပ်မယ်။ မိမိအင်အားစုထဲမှာလည်း သတင်းပေးများကို ထည့်သွင်းထားမယ်။ သတင်းလိုချင်တာထက် ဖြိုခွဲဖို့ ဗျုဟာကို ပိုအသားပေးပါတယ်။ ဦးဆောင်၊ခေါင်းဆောင်လုပ်နေတဲ့သူတွေ ရဲ့သမိုင်းအညွှန့်တွေကို တစစီချွေတော့တာပဲ။ အဲသလိုဖြစ်ပြီဆို မိမိနဲ့ အဆင်မပြေဖြစ်နေတဲ့ ဒီမိုကရက်အင်အားစုများဘက်ကိုလည်း စိမ့်ဝင်သွေးထိုးလိုက်တော့ ..ထောက်လှမ်းရေးရဲ့နည်းစနစ်တွေဟာ တစ်ခုပြီးတစ်ခု အောင်မြင်တော့တာပဲ။သိပ်ကိုအောင်မြင်ခဲ့ပါတယ်။ အခုလည်း အောင်မြင်ဆဲပါပဲ။နောင်လည်း ဆက်အောင်မြင်နေဦးမှာပါ၊

( အဲ...ဒါပေမယ့် ခြွင်းချက်တခုတော့ရှိပါတယ်။ ကိုမင်းကိုနိုင်တို့ ၊ ကိုကိုကြီးတို့ ထောင်ထဲကလွတ်လာပြီး၊ ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး လှုပ်ရှားမှု့တွေ လုပ်ကြတော့ သူတို့ဟာ အဲဒီအချိန်မှာ များစွာသော အတွေ့အကြုံတွေ၊သင်ခန်းစာတွေ ရနေသူတွေဖြစ်နေကြတော့ ...အဲသလိုလုပ်ဖို့ တော်တော်အခက် တွေ့ပါလိမ့်မယ်။

တချိန်က တဘက်နဲ့တဘက် (ဗကသနဲ့မကသ) အပြင်းအထန် တိုက်ခိုက်လာတဲ့ သူတွေဟာ ခုချိန်မှာ သွေးစည်းညီညွတ်စွာနဲ့လက်တွဲလုပ်ဆောင်နိုင်ခြင်းအပေါ်..ကြားဝင်သပ်လျှို ဖြိုခွဲလို့ မရတဲ့ အဆုံးမှာတော့ ထောင်ထဲဆွဲထည့် ပစ်လိုက်တာပါပဲ။

သွေးကွဲအောင်ဖြိုခွဲခြင်းဖြင့် သမိုင်းအညွှန့်ကျိုးအောင်လုပ်ဆောင်ခြင်းဆိုတဲ့ နအဖ လက်ကိုင်ဒုတ် ထောက်လှမ်းရေးများရဲ့ဗျူဟာ-ဟာသူတို့အဖို့ သိပ်တွက်ခြေ ကိုက်ပါတယ်။ မျောက်အမြည်းနဲ့မျောက်ကို ချည်ခြင်းပါ၊ ကုန်ကျစရိတ်သက်သာတဲ့အပြင် ဖမ်းဆီးထောင်ချခြင်းကြောင့်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ -နအဖကို နာမည်ပျက်စေနိုင်မယ့် အမည်းစက်ကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

ဒီလိုနဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ လွင့်စင်သွားသူတွေ၊ဘေးရောက်သွားသူတွေဟာ (ဒီမိုကရက်တစ်အင်အားစုများအဖို့ ..) အင်မတန်မှ ၀မ်းနည်းစရာကောင်းလှပါတယ်။ နှမြောစရာကောင်းလှပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးခေတ်အဆက်ဆက်မှာ ဘယ်တော့မှ တိမ်ကော မသွားတဲ့ ၊ ဘယ်တော့မှလည်း ပျောက်မသွားဘဲ ၊ ထပ်ခါထပ်ခါ အသုံးချတိုင်း အောင်မြင်နေတဲ့ ထောက်လှမ်းရေးများရဲ့ မာယာကျော့ကွင်းဗျူဟာများဟာ ယနေ့ထက်တိုင် ခေတ်မှီနေဆဲပါ။

ဥပမာပြရရင်- အန်တီစုကို ၀န်းရံနေသော ကျောင်းသားလူငယ်များ၊ပါတီလူငယ်များ၊ လုံခြုံရေးအနီးကပ်တာဝန်ယူနေသူများကို သူတို့သတင်းပေးများမှတဆင့် တီးတိုးဝါဒဖြန့်ပါတယ်။ အဲဒီလူတွေကို ထောက်လှမ်းရေးကပဲ လစာပိုက်ဆံပေးထားသလိုလို၊ အကျိုးစီးပွားတွေ ပုံအောပေးထားသလိုလို၊ အန်တီ့အနီးနားကို ကပ်လာပြီး အဲဒီလူတွေကပဲ နိုင်ငံအကျိုးကို ပျက်စီးအောင်လုပ်တော့မယ့် သူတွေလိုလို ၊ အန်တီကျဆုံးသွားအောင်၊ နာမည်ပျက်သွားအောင် လုပ်တော့မယ့် သူတွေလိုလို ဖြစ်အောင် တီးတိုးလှုံ့ဆော်ဖြန့်ပါတယ်၊

ဒီလူငယ်တွေဟာ တဘက်မှာ မိမိကိုယ်ကျိုးကို စွန့်ပြီးလည်း လုပ်ရသေး၊လူထုနဲ့ မိမိ ဒီမိုကရက်တစ်အင်အားစုတွေရဲ့မျက်လုံးစိမ်းတွေ၊တံတွေးစက်တွေကြားမှာလည်း နေရသေး ဆိုတော့ စိတ်ဓါတ်ရေးရာအတွက် တော်တော့်ကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ အန်တီစုနဲ့လူကြီးများကသာ နားလည်မှု့မပေးနိုင်ဘူးဆိုရင်.. နိုင်ငံရေးကို တသက်လုံး မလုပ်ချင်တော့လောက်အောင် စိတ်ကုန်သွားမှာအမှန်ပါ။

ဒီမိုကရေစီလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် မျိုးဆက်သစ်လူငယ်များ သင်ခန်းစာယူနိုင်ဖို့လိုပါလိမ့်မယ်။ စာရေးဆရာ- ဆရာအောင်သင်း စကားနဲ့ပြောရရင်.. ”လူလိမ္မာဆိုတာ သူများအမှားပေါ်မှာ သင်ခန်းစာယူနိုင်ရပါ့မယ်။”

ဒီနေရာမှာ ကျနော်ရဲဝံ့စွာ အားမနာတမ်း ပြောနိုင်တာရှိပါတယ်။
အန်တီစုဟာ ဘယ်သောအခါမှ အဲသလို အောက်တန်းကျတဲ့ လုပ်ရပ်များကိုမှ လုပ်ဖို့ နေနေသာသာ စဉ်းတောင် မစဉ်းစားပါဘူး၊ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရိုးသားဖြောင့်မတ်စွာ သွားပါတယ်။ ဖြူစင်တဲ့အကျင့်ကိုပဲ ကျင့်ပါတယ်။ ပရိယာယ်လို ၊ မာယာလို နည်းစနစ်တွေ၊ ဗျူဟာတွေကို ဘယ်သောအခါမှ မကျင့်သုံးပါဘူး၊ အပြုံးနဲ့ခုတုံးလုပ် မဆက်ဆံပါဘူး။ ဒါကိုတော့ ရဲရဲကြီးပြောရဲပါတယ်။ တစ်ခါက အန်တီကျနော်တို့ကိုပြောခဲ့ဖူးပါတယ်….။

“ တိုင်းပြည်ခေါင်းဆောင်လုပ်မယ့်သူဆိုတာ .. ရိုးသားဖြောင့်မတ်ဖို့လိုတယ်......တဲ့ ”

ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ်၊ပြောပြော၊ သွေးခွဲနေပါစေ ။အန်တီစု အပါအ၀င် လူကြီးများရဲ့နားလည်မှု့ ပေးတတ်ခြင်းတွေ အပေါ်မှာတော့ ကျနော့်တသက်မှာ ဘယ်သောအခါမှ မေ့သွားမှာမဟုတ်ပါ၊ ကျနော်တို့တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေထဲမှာတောင်မှ ရင်ဝကို လက်သီးနဲ့ပစ်ထိုးလိုက်သလိုမျိုး ခံစားခဲ့ရတဲ့ဖြစ်စဉ်များလည်း ဆုံတွေ့ခဲ့ဘူးပါတယ်။

ကျနော်တို့ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကြိုးစားဆောင်ရွက်နေစဉ်မှာ တချို့နိုင်ငံရေးသမားကြီးများရဲ့ သင်္ကာမကင်းအကြည့်တွေ၊ ရိသဲ့သဲ့အပြောတွေနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်တို့လုပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ်မကျေနပ်လို့ ၊ ဒါမှ မဟုတ် အန်တီစုအပေါ် အစာမကြေလို့ တုန့်ပြန်တာမျိုးကို ကိစ္စမရှိပါဘူး။ ခံနိုင်ပါတယ် ။ ဘယ်လိုပုံသဏ္ဍန်မျိုးနဲ့ပဲဖြစ်ဖြစ် အောင်မြင်အောင် ကျော်ဖြတ်ဖို့ ကျနော်တို့မှာဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ဘယ်လိုပဲအောက်ကျ ခံရခံရ ကျနော်တို့လုပ်ဆောင်ပါ့မယ်။ ဒါပေမယ့် အဲသလို မဟုတ်ဘူး..။

ကျနော်တို့ကပဲ နအဖ လက်ကိုင်ဒုတ်ကျောင်းသားတွေလိုလို၊ ထောက်လှမ်းရေးကြိုးဆွဲသမျှ လိုက်လုပ်နေရတဲ့သူတွေလိုလို ဆက်ဆံခံရတဲ့အခါမတော့.. ကျနော်တို့ လူငယ်ကျောင်းသား အငယ်တွေကပဲ အောင့်အီးသည်းခံပေးလိုက်ရပါတယ်။

ကျနော်တို့နဲ့ဆွေးနွေးဖို့ စတောင် မစရသေးခင်….
“ ဗိုလ်ခင်ညွှန့်က.. ဘာမှာလိုက်လဲ” ဆိုတာမျိုးဟာ သိပ်ကို ခံရခက်တဲ့စကားတွေပါ။ လူကြီးတွေက သဘောထားအမြင်မကြီးနိုင်ဘဲ ၊ လူငယ်တွေက နားလည်ပေးရတာ အတော် ကသိကအောင့် နိုင်စေခဲ့ပါတယ်။

”အမှန်တရားက ဖိနပ်စီးဖို့ ကြံနေတုန်း.. မုသားက ကမ္ဘာကို ပတ်ပြီးပြီ ..။” ဆိုတဲ့စကားကို သွားသတိရမိတယ်။ နအဖ လက်ကိုင်ဒုတ် ထောက်လှမ်းရေးတွေရဲ့သွေးခွဲသပ်သျှို ၊ အညွန့်ချိုး နည်းဗျူဟာများဟာ အောင်မြင်ပါပေတယ်။ ဒီမိုကရက်တစ်အင်အားစုတွေ တဖွဲ့နဲ့တဖွဲ့၊ တယောက်နဲ့တယောက်ကြားမှာ သံသယတွေပွားအောင် လုပ်တာလည်း သူတို့လက်ချက်ပါပဲ။ အန်တီစုလို ပုဂ္ဂိုလ်မျိုး အနားမှာ ၀န်းရံသူတွေ ကင်းမဲ့သွားအောင် ၊ အထီးကျန်အောင် အမျိုးမျိုးလုပ်ဆောင်ခဲ့တာလည်း သူတို့လက်ချက်ပါပဲ။

တကယ်တော့ မြန်မာနိုင်ငံစစ်အာဏာရှင်အဆက်ဆက်မှာ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဘက် အတိုက်အခံလို့ပဲ ခေါ်ခေါ်၊ရန်သူလို့ပဲ သုံးသုံး၊ အဲဒီလူပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေ၊အင်အားစုတွေကို ရှုမြင်သုံးသပ်၊လုပ်ဆောင်ရာမှာ စစ်အမြင်၊စစ်ရှုထောင့်ကနေပဲ လုပ်ဆောင်တာများတယ်။ စစ်ပွဲတွေမှာ အကောင်းဆုံးစစ်ပွဲဟာ ဘာလည်းဆိုတော့ မတိုက်ပဲနဲ့ နိုင်တဲ့စစ် ဆိုတဲ့ ဥပဒေသ တခုရှိတယ် ၊ အဲဒီဥပဒေသကို နအဖက မြေပေါ်မြေအောက်ကျင့်သုံးတယ်။

(လောလောဆယ် အဲဒီဥပဒေသနဲ့ပတ်သက်လို့မြင်သာတာကတော့ နယ်ခြားစောင့်တပ် အဖွဲ့ခံလိုက်ရတဲ့ တိုင်းရင်းသားလက်နှက်ကိုင်တွေပါ။) ထို့နည်းတူစွာပါပဲ မြေပေါ်နိုင်ငံရေးအင်အားစုများကိုလည်း ဒီသဘော ကျင့်သုံးတယ်။သူတို့ တိုက်စရာမလိုတော့ဘူး ၊ ဖမ်းပြီးထောင်ထဲထည့်စရာမလိုတော့ဘူး။ (အဲသလို လုပ်နေရရင် - သူတို့အဖို့ သိပ်တွက်ချေ မကိုက်ဘူးထင်ပါရဲ့-ပျက်လက်စ နာမည်က ပိုပျက်လာဦးမယ်။) ဒီအဆင့်နဲ့မရမှ ထောင်ထဲထည့်ပေါ့။

အချင်းချင်းတွေ ရန်တိုက်ပေးလိုက်တယ်၊ ဦးဆောင်နေသူတွေ သမိုင်းအညွှန့်ကျိုးအောင် ဖန်တီးပေးလိုက်တယ်၊ နာမည် မပျက်ပျက်အောင် ဗျူဟာတွေ ၊ မဟုတ်မမှန် တီးတိုးဝါဒဖြန့်မှု့တွေနဲ့ အများစုကို အယုံသွင်းပြီး အဲဒီသူတွေကို ယုံကြည်တဲ့သူတွေ မရှိအောင် ၊နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေးလောကပါ မကျန် ဘေးရောက်...၊ အားလုံးနဲ့ အထီးကျန်ဖြစ်အောင် တွန်းပို့ပေးလိုက်တယ်၊ အဲသလို အခြေနေတရပ်ကို ရောက်အောင် စစ်အာဏာရှင်လက်ကိုင်တုတ် ထောက်လှမ်းရေးတွေက ရေလာမြောင်းပေး နည်းနည်းလေးလောက် ဖန်တီးပေးလိုက်ရုံဆို လုံလောက်ပါပြီ ။ ကျန်တဲ့အပိုင်းကို မိမိ ဒီမိုကရက်အင်အားစု ဘက်တော်သားများက ဆက်လုပ်ကြတော့တယ်။သူတို့က ကျန်ရှိအပိုင်းကို ဆက်တွန်းကြတယ်။ တချို့ ကိုယ့်အင်အားစုတွေဆို ထောက်လှမ်းရေးက အဲသလိုခင်းပေးလို့ သူတို့ဆက်လျှောက်နေတာတောင် ဆက်လျှောက်မှန်းမသိရလောက်အောင် ထောက်လှမ်းရေးတွေက ပါးနပ်ပါတယ်။ကျွမ်းကျင်ပါတယ်။

တခါက နပိုလီယံပြောခဲ့တဲ့စကားကို ဖတ်ဖူးမိတယ် ။ “ရန်သူလျှောက်စေချင်တဲ့ လမ်းကို လျှောက်မိတာလောက် မှားတဲ့အမှား မရှိဘူး...တဲ့ ”
ဆင်ခြင်နိုင်စရာစကားလေးပါ။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ထင်ရှားနေတဲ့ ကျောင်းသားခေါင်းဆောင် မင်းဇေယျ တို့ ၊ ကိုကိုကြီး တို့ဆို ..ဒီလို အောက်တန်းကျတဲ့ ထောက်လှမ်းရေးများရဲ့ ဗျူဟာအောက်မှာ ကာလတခုထိ လူးလိမ့်နေအောင် ခံခဲ့ရပါတယ်။မိမိ အင်အားစုများရဲ့ အထင်မှားခြင်း၊ ၀ိုင်းကြဉ်ခြင်းကို ခံခဲ့ရပါတယ်။ အမှန်တရား ကမ္ဘာပတ်မှပဲ သက်သာရာရခဲ့တာ မဟုတ်လား၊

ဒါ့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အပြောလွယ်သလောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အတော်ခက်ခဲတယ်ဆိုတာကို အတွေ့အကြုံတွေက သက်သေခံနေပါတယ်။

တကယ်လို့သာ အန်တီစု အပါဝင် လူကြီးများရဲ့ အားပေးမှု့မရှိဘူးဆိုရင် ကျနော်တို့ လုပ်ငန်းစဉ်များဟာ တလက်မ တောင် ရွှေ့နိုင်စရာ အကြောင်းမရှိခဲ့ပါဘူး။ ။

အပိုင်း ( ၇ ) ဆက်ပါဦးမည်။ ။

( မောင်မောင်ဝမ်း )
မူပိုင် ဟစ်တိုင်

အပြည့်အစုံသတင်းဖတ်ရန်....

ABSDF ဥက္ကဠ ရဲဘော်သံခဲ အား BCJP မှ အင်တာဗျူး


http://burmacampaign net/

အပြည့်အစုံသတင်းဖတ်ရန်....

နအဖ ဝဋ်လည်ခြင်း

ပြည်ပ မီဒီယာတွေကို အင်တာနက် တိုက်ခိုက်မှု့များနဲ့ တိုက်ခိုက်နေတဲ့ နအဖ အခုတော့ သူပြန်ခံလိုက်ရပါပြီး။ နအဖ ရဲ့ အွန်လိုင်းကြေးမုံသတင်းစာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအလိုမရှိဟု ဖော်ပြထားပါတယ်။ သွားကြည်လိုပါက http://www.kyaymon.info/ နအဖ အွန်လိုင်းလိပ်စာမှာ သွားကြည့်နိုင်ပါတယ်။

Summary Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စိတ်ပျက်စရာ သတင်း အမြဲကြားနေရမည့် မြန်မာပြည်။

မဲရုံဧရိယာအတွင်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ခွင့်မရှိ
မင်းချမ်း၊ ကောင်းဝါ
သီတင်းကျွတ်လကွယ် ၁၃ရက်။နိုဝင်ဘာ ၅၊၂၀၁၀။

မင်းချမ်း(နိုဝင်ဘာ-၅)။ ။ မဲရုံဧရိယာကိုက်ငါးရာအတွင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအဖွဲ့ဝင်များ မွန်တိုင်းရင်းသားဝတ်စုံဝတ်ဆင်ပြီးသွားရောက်ခွင့်မပြုတော့ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က တားမြစ်ပိတ်ပင်လိုက်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌနိုင်ငွေသိန်းက ပြောသည်။

“ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တွေ မနေ့ကကျနော်နဲ့တွေ့တော့ မွန်ပါတီကလူတွေ မဲရုံဧရိယာမှာ သွားလာလှုပ်ရှားတဲ့အခါမွန်တိုင်းရင်းသားဝတ်စုံဝတ်ဆင်ခွင့်မရှိတော့ဘူးလို့ သူတို့ပြောတယ်၊ မွန်တိုင်းရင်းသားဝတ်စုံတင်ဘယ်ကမလဲ ကရင်ဝတ်စုံလည်းမဝတ်ရဘူးလို့ပြောတယ်” ဟု နိုင်ငွေသိန်းက ဆက်ပြောသည်။

ထို့အပြင် သက်ဆိုင်ရာဒေသခံ မွန်ကိုယ်စားလောင်းများ မိမိမဲရုံသို့လာရောက်လျှင်လည်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ဆင်ခွင့်မပြုတော့ဟု ဆိုပါသည်။

မွန်ပြည်လူ့အခွင့်အရေးဖေါင်ဒေးရှင်းမှ ဒါရိုက်တာနိုင်ကစော့မွန်က “ကိုယ်မြတ်နိုးတဲ့ကိုယ့်တိုင်းရင်းသားဝတ်စုံကို မဝတ်ဖို့တားမြစ်တာဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတခုကိုဗြောင်ဗြောင်တင်းတင်း ပိတ်ပင်လိုက်တာပဲ၊ နောက်ပြီး အများတကာဝေဖန်ပြောဆိုနေကြတဲ့အတိုင်း ရွေးကောက်ပွဲတောင် မစရသေးဘူး မမျှတမှုတွေအများကြီးတွေ့နေကြရပြီ” ဟု မှတ်ချက်ချပြောသည်။

အဆိုပါတိုင်းရင်းသားဝတ်စုံများမဝတ်ဆင်ရသည့်ကိစ္စမှာ မဲလာရောက်ထည့်ဝင်သည့်ပြည်သူများနှင့် အကျုံးမဝင်ကြောင်း၊ ပြည်သူများအနေဖြင့် လွတ်လပ်စွာဝတ်ဆင်ခွင့်ရှိကြောင်း နိုင်ငွေသိန်းက ဆက်ပြောသည်။

သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၄င်းတို့၏ဝတ်စုံဝတ်ဆင်ခွင့်ရှိသည်ဟု မော်လမြိုင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ပြောသည်။

ဆက်လက်ပြီး နိုင်ငွေသိမ်းက “ကျနော်တို့ပါတီရင်ထိုးတံဆိပ်တွေပဲတပ်ဆင်ခွင့်ရှိတော့တယ်” ဟု ပြောသည်။

“ကျနော်တို့ကတော့ ကိုယ့်အမျိုးသားဝတ်စုံကိုဝတ်မှာပဲ၊ ဝတ်လို့ဖြစ်ပေါ်လာတဲ့အခြေအနေအပေါ်မှာ တနည်းနည်းနဲ့ရှင်းကြမယ်” ဟု ရေးမြို့နယ်မှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအဖွဲ့ဝင်လူငယ်တစ်ဦးက ပြောသည်။

အမည်မဖေါ်လိုသော မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “ ဒါကအစပိုင်းပဲရှိသေးတယ်၊ ဆက်ပေါင်းကြည့်ဆက်လုပ်ကြည့်ရင် နအဖအကြောင်းပိုသိလာမယ်” ဟု ပြောသည်။

မွန်တိုင်းရင်းသားကိုယ်စားပြုပါတီများဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကိုလက်မခံသဖြင့် မျိုးချစ်ပညာတတ်မွန်တိုင်းရင်းသားများက ပြီးခဲ့သည့် ဧပြီလတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အီးယူစံကို ၂ဝ၁ဝ ရွေးကောက်ပွဲ ချိုးဖောက်ဟု ဗြိတိသျှသံ ပြော

ဒေါက်တာရှောန်စမစ် (Dr. Shawn Smith) | သောကြာနေ့၊ နိုဝင်ဘာလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်
ဘန်ကောက် (မဇ္ဈိမ) ။ ။ မြန်မာရွေးကောက်ပွဲသည် နိုင်ငံတကာ စံသတ်မှတ်ချက်အညီ ပြည့်မီအောင် မလုပ်နိုင်ခဲ့သဖြင့် မျှတမှုရှိမည် မဟုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူးဟိန်း Andrew Heyn က ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များကလပ်၌ ယမန်နေ့ ညတွင် ပြောခဲ့သည်။

လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပရေးအတွက် ဥရောပသမဂ္ဂ ချမှတ်ထားသော လမ်းညွှန်ချက်များကို မြန်မာအစိုးရက နည်းနည်းလေးမှ မလိုက်နာခဲ့သောကြောင့် ’’ဒီရွေးကောက်ပွဲတွေ လွတ်လပ်မျှတလိမ့်မယ်လို့ ကျနော် မယုံကြည်ဘူး။ လွတ်လပ်မျှတစွာ ကျင်းပမှာလည်း မဟုတ်ဘူး။ ထွက်လာတဲ့ အဖြေကလည်း ကိုယ်စားပြုမှုရှိနိုင်မှာ မဟုတ်ဘူး’’ ဟူသည့် သူ၏ ကိုယ်ပိုင်မှတ်ချက်ကို ပေးရန်မှတပါး အခြားမရှိပါဟု ပြောဆိုသွားခဲ့သည်။

တနင်္ဂနွေနေ့တွင်ကျင်းပမည့် မြန်မာနိုင်ငံရွေးကောက်ပွဲ
thanas

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အင်ဒရူးဟိန်း ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ ကလပ်၌ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က သတင်းထောက်များကို စကားပြောကြားနေပုံ။ နိုင်ငံတကာ စံနှုံးများကို မြန်မာစစ်အစိုးရက တခုမှ လိုက်နာခြင်း မရှိခဲ့သည့်အတွက် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် လွတ်လပ်မျှတဖွယ်ရှိမည် မဟုတ်ဟု သူက ပြောသည်။ (ဓါတ်ပုံ-မဇ္ဈိမ)
ရလဒ်များကို `စောင့်ကြည့်´ သွားမည်ဟု ဗြိတိသျှအစိုးရက တရားဝင်ထုတ်ဖော် ပြောကြားထားသည်။ သို့သော်

ကောင်းမွန်စွာလုပ်သည့် မဲဆွယ်စည်းရုံးမှုများဖြစ်ရန် အီးယူ (ဥရောပသမဂ္ဂ) က အချက် ၇ ချက်ပါ စံသတ်မှတ်ချက် ထားရှိသည်။

ယင်းတို့မှာ ရွေးကောက်ပွဲဖြစ်စဉ်တခုလုံး ပွင့်လင်းမှုရှိခြင်း၊ လွတ်လပ်ဘက်မလိုက်ဘဲ စွမ်းဆောင်ရည် ပြည့်ဝသည့် ရွေးကောက်ပွဲကော်မရှင်ရှိခြင်း၊ နိုင်ငံတော်မှ ပေးအပ်သော အခွင့်အရေးများကို ကိုယ်စားလှယ်လောင်း အားလုံး အညီအမျှ ရယူပိုင်ခွင့်ရှိခြင်း၊ နိုင်ငံပိုင် မီဒီယာများကို အညီအမျှ သုံးစွဲခွင့်ရှိခြင်း၊ မဲဆန္ဒရှင်များသို့ ထိရောက်သော ပညာပေး အစီအစဉ်တရပ် ရှိခြင်း၊ ငြိမ်းချမ်းသော ဝန်းကျင်တရပ်ရှိခြင်းနှင့် ပြင်ပမှ အကဲခတ်များနှင့် လေ့လာစောင့်ကြည့်သူများ ရှိခြင်း စသော အချက်များဖြစ်သည်ဟု သူက ပြောသည်။

ငြိမ်းချမ်းသော ပတ်ဝန်းကျင်ဟူသည့် အချက်နှင့်စပ်လျဉ်း၍ သင်္ကာမကင်းဖွယ် ခြွင်းချက်ကို ဟိန်းက တချက်ပြီးတချက် ထောက်ပြပြောဆိုသွားသည်။ စစ်အစိုးရသည် ထိုစံနှုန်းသတ်မှတ်ချက်များကို နည်းနည်းလေးမှပင် လိုက်နာရန် ကြိုးပမ်းမှု မရှိခဲ့ဟု ဆိုသည်။ ထိုသို့ပြုလုပ်ရမည့်အစား မြန်မာ့နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးမည့် အခန်းကဏ္ဍကို စိန်ခေါ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကဲ့သို့သော ပါတီများကို မဲပေးခွင့် ရုပ်သိမ်းသည့် အစီအစဉ်များကိုသာ မှန်မှန်ကြီး ပြုလုပ်လျက်ရှိသည်။

ဥပမာအားဖြင့် ရွေးကောက်ပွဲဝင်ရန်အတွက် ပြန်မအမ်းမည့် စပေါ်ငွေ ၅ သိန်းတင်ပြီး အမတ်လောင်း အမည်စာရင်းကို နှစ်ပတ်အတွင်း တင်ရမည်ဟု စစ်အစိုးရက သြဂုတ်လလယ်ပိုင်းက ကြေညာခဲ့သည်။

’’ကိုယ်စားလှယ်လောင်းတင်ရမယ့် အမေရိကန်ဒေါ်လာ ၅ဝဝ ဆိုတဲ့ စပေါ်က ပြန်အမ်းမှာ မဟုတ်တဲ့ ငွေပါ။ ဒါကို သူတို့က အခကြေးငွေအဖြစ်နဲ့ ယူမှာဖြစ်ပြီး ခင်ဗျားအနေနဲ့ ပြန်မရနိုင်တော့ပါဘူး’’ ဟု ဟိန်းက ပြောသည်။

ဤငွေပမာဏသည် အလွန်များပြားသည်ဟု မထင်ရသော်လည်း အတိုက်အခံပါတီများကို မြန်မာနိုင်ငံပြင်ပမှ ငွေများ လက်ခံခြင်း မပြုရဟု တားမြစ်ပိတ်ပင်ထားသည့် ကန့်သတ်ချက်လည်း ရှိသည်ဟု ဟိန်းက ပြောသည်။ ယင်းသည် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် ညီတူညီမျှအခွင့်အရေး ရပိုင်ခွင့်ရှိရေး အပါအဝင် အီးယူ၏ လမ်းညွန်ချက် အများအပြားကို ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။ ယင်းအချက်ကြောင့်ပင် ဒီချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်ဟု ဟိန်းက ပြောသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသော ဒီမိုကရက်တစ် အတိုက်အခံများကို၎င်း၊ တည်ဆဲစနစ်တခုအတွင်း ပူးပေါင်းပါဝင်လုပ်ကိုင်ရန် မျှော်လင့်ချက်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သူများကို၎င်း၊ ထိုဆုံးဖြတ်ချက်အားလုံးကို ဗြိတိသျှ အစိုးရအနေဖြင့် လေးစားပါသည်ဟု ဟိန်းက ပြောသည်။ နှစ်ဖက်လုံးသည် တိုးတက်မှုကို ရှေးရှုသည့် ဖြစ်နိုင်ဖွယ်ရှိသော လမ်းကြောင်းများကို ကိုယ်စားပြုနေပါသည်ဟု သူက ဆက်ပြောသည်။

အဆိုပါ လမ်းကြောင်း နှစ်ခုစလုံးကို ကြိုတင်အကဲဖြတ်ခြင်းသော်၎င်း၊ ဖျက်လိုဖျက်ဆီးလုပ်ခြင်းသော်၎င်း၊ ဗြိတိန်က ပြုလုပ်မည်မဟုတ်ဟုလည်း သူက ပြောသည်။

အကယ်၍ မျှော်လင့်သည့်အတိုင်း မြန်မာနိုင်ငံတွင် စစ်တပ်၏ နိုင်ငံရေးအာဏာကို ရွေးကောက်ပွဲက ရာဘာတံဆိပ်တုံး ထုပေးလိုက်သည်ဆိုလျှင် ဗြိတိန်နိုင်ငံက ဘာလုပ်မလဲဆိုသည့် မေးခွန်းကိုမူ ဟိန်းက မမျှော်လင့်တာဖြစ်လာပြီး တိုင်းပြည်တွင်း အပြောင်းအလဲဖြစ်နိုင်မည့် အရိပ်လက္ခဏာများ တကယ်ပေါ်ပေါက်လာပြီဆိုလျှင် ဗြိတိန်အနေဖြင့် လက်ရှိ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တင်းမာသော သဘောထားကို ပြန်လည်စဉ်းစားလိုပါသည်ဟု သူက ဖြေကြားခဲ့သည်။

ဥပမာအားဖြင့် စစ်အစိုးရကို အနည်းအကျဉ်း လိုလားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က (စစ်အစိုးရ၏ ပါတီဖြစ်သော) ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ထက် အခြေအနေ ပိုကောင်းလျှင်၊ ထို့ပြင် တစည က စစ်မှန်သော အပြောင်းအလဲအတွက် လမ်းဖွင့်ပေးသည်ဆိုလျှင်၊ သူတို့နဲ့ တစုံတရာ လက်တွဲဆောင်ရွက်နိုင်ပါတယ်ဟု သူက ပြောသည်။

ထိုသို့မဟုတ်လျှင်မူ ပိတ်ဆို့ဒဏ်ခတ်မှုများ ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ လက်ရှိ ဥက္ကဋ္ဌနေရာ ရယူထားသည့် ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံအပေါ် ဖိအားတိုးမြှင့်ပေးအပ်သွားမည်ဟု ပြောသည်။

’’မြန်မာနိုင်ငံအရေးကို ဗြိတိန်နိုင်ငံက သူတို့ရဲ့ နိုင်ငံတကာအစီအစဉ်မှာ အထူးအရေးကြီးကိစ္စအဖြစ် ထားရှိပါတယ်’’ ဟု သံအမတ်ကြီးက ပြောကြားခဲ့ပြီး ဆောင်ရွက်နိုင်သည့် အထူးအစီအစဉ် နှစ်ရပ်ကိုလည်း ညွှန်ပြပြောဆိုခဲ့သည်။

ပထမတခုမှာ လက်ရှိဆူဒန်နိုင်ငံအပေါ် ထားရှိသကဲ့သို့ပင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၌ မြန်မာနိုင်ငံကို `အထူးဦးစားပေး´ အဆင့်သဘောမျိုး ထားရန်ဖြစ်ပြီး၊ ဒုတိယမှာ စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို တွန်းအားပေး ဆောင်ရွက်သွားရန် ဖြစ်သည်ဟု သူက ပြောသည်။

ဤအဆိုပြုချက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနားက ယခုနှစ် မတ်လက စတင်အဆိုပြုတင်ပြခဲ့ပြီး ယခုအခါ နိုင်ငံဒါဇင်ကျော် ထောက်ခံခဲ့ကြပြီး ဖြစ်သည်။

စစ်အစိုးရကို အာရှနိုင်ငံများ အထူးသဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည့်အတွက် ဗြိတိန်နှင့် အနောက်နိုင်ငံများ၏ ဤကိစ္စနှင့် စပ်လျဉ်းသည့် ကြိုးပမ်းချက်မှာ အကန့်အသတ် ရှိပါသည်ဟု ဟိန်းက မေးခွန်းများကို ဖြေကြားရာတွင် ဝန်ခံပြောဆိုသွားသည်။

အပြုသဘောဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စတရပ်အနေနှင့် သံအမတ်ကြီးက ပြောဆိုရာတွင် မကြာသေးမီက ဂီရိဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူသားချင်းစာနာသည့် အကူအညီများကို အီးယူ အထူးသဖြင့် ဗြိတိန်နိုင်ငံက ပေးအပ်နိုင်ခဲ့ပါသည်ဟု ဆိုသည်။ တဖွဲ့ချင်း ရွေးထုတ်ပြောဆိုရာ၌သူက Save the Children အဖွဲ့အနေနှင့် မုန်တိုင်းဒုက္ခသည်များကို အစားအစာ၊ ရေနှင့် ခိုးနားရန် နေရာများပေးအပ်နိုင်ခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ကို အောက်တိုဘာ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇ သိန်း ပေးအပ်မည်ဟု ဗြိတိန်နိုင်ငံက ကတိပြုထားသည်။ ထိုမုန်တိုင်းကြောင့် အနည်းဆုံး လူ ၅ဝ သေဆုံးခဲ့ပြီး လူ ၇ သောင်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်ဟု ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက ဗုဒ္ဓဟူးနေ့က ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲနီးလေကြံ့ဖွတ် အနိုင်ရရေးအတွက် နည်းအမျိုးမျိုး ဉာဏ်အဖုံဖုံနဲ့ လှုပ်ရှားလာကြ လေဆိုတဲ့ကိစ္စ

Friday, 05 November 2010 10:17 နမ့်ခမ်းဒေသခံ တစ်ဦး
ခုတလော ရွေးကောက်ပွဲနီးလေကြံ့ဖွတ် အနိုင်ရရေးအတွက် နည်းအမျိုးမျိုး ဉာဏ်အဖုံဖုံနဲ့ လှုပ်ရှားလာကြ လေဆိုတဲ့ကိစ္စ တင်ပြချင်ပါတယ်၊ အားလုံး သိကြတဲ့အတိုင်း သူတို့နည်းလမ်းကတော့ ချော့ခြောက်ငွေပေါက် မဲဝယ်စနစ်နဲ့သွားတာပဲ မဟုတ်လား၊

နမ့်ခမ်းမြို့နယ်ကြံ့ဖွံ့ ပါတီ ကိုယ်စားလှယ်လောင်း စိုင်းကျော်မြင့် (ပန်းဆေး) လည်း နအဖသုံးတဲ့နည်းလမ်းနဲ့ ထူးမခြားနား ပါပဲခင်ဗျာ။ ၁/၁၁/၂၀၁၀ နေ့က မန့်ဆွမ်းရွာ မှာမဲဆွယ်စည်းရုံးရေး ဆင်းတော့ ကြံ့ဖွံ့ပါတီနိုင်ရင် တံတားဆောက်ပေးမယ်။ နမ့်ခမ်းမြို့ကို တရုတ်ပြည်လိုပြောင်းလဲတိုးတက် လှပလာအောင် လုပ်မယ်။ ဆိုတော့ ကျေးဇူးတင်စရာပေါ့လေ၊ ဒါပေမယ့် ကြည့်မကောင်းတာက သူသွားလေရာ သူ့ရဲ့ ပြည်သူ့စစ်တပ် သား လက်နက်ဝတ်စုံအပြည့်နဲ့ပြည်သူတွေကို ခြောက်သလိုလို ချော့သလိုလိုနဲ့ ဟောပြောပွဲလာတက်တဲ့ သူတိုင်းကို တစ်ယောက် ၂၀၀၀ ကျပ်နဲ့ အသုံးဆောင် ပစ္စည်းပေးကမ်းတယ်၊ တစ်ရွာထဲပေးတာ မဟုတ်ဘူး ၂/၁၁/၂၀၁၀ နေ့ကလည်း နောင်တိန်းရွာမှာ ရွာရံပုံငွေအတွက် ကျပ်တစ်သိန်း ပေးပါတယ်၊ ၂၆/၁၀/၂၀၁၀ ရက်က ကွန်ဟိုင်းရွာမှာလဲ ကျပ်နှစ်သိန်း၊ ကောင်းကတ်ရွာ၊ ဟတ်ဟင်ရွာ၊ မန့်မိန် မှာဆိုလဲ ၁၇ ယောက်ကို တယောက်တစ်သောင်းစီ၊ ပြည်သူတွေရဲ့ ဆန္နမဲကို ၀ယ်ယူ နေတာပါ၊ ကြံ့ဖွံ့အနိုင်ရရေးအတွက် ဗျူဟာမှူး နမ့်ခမ်းရောက် တုန်းက ဦးကျော်မြင့်ကပဲ မဲရုံတွေ ရွှေ့ပြောင်း ပေးဖို့တင်ပြတောင်းဆိုတယ်၊ ဒါကြောင့် ကောင်းနောင်ရွာ၊ နောင်မတာရွာ၊ ကွန်ဟိုင်းရွာတွေက နောင်မလုံမှာ ပြောင်းရွှေ့ မဲထည့်ရန်၊ ဟတ်ဟိန်ရွာ။ ခေးခွန်ရွာ၊ နောင်ခိန်ရွာတွေက ကောင်းတပ်ရွာမှာ မဲထည့်ဖို့၊ ကုန်းဆာရွာ၊ စယ့်ဟိုင်းရွာ၊ မန့်နောင်ရွာတို့က မန့်ခမ်းရွာမှာ ထည့်ဖို့ သတင်း ထွက်လာပြန်တယ်၊ သည်လိုလုပ် တာဟာ တခြားပါတီတွေ ရဲ့အင်အားဖြစ် တဲ့ ရွာသားတွေ မဲရုံ သွားဖို့ ခက်ခဲ အောင်လုပ်တာပဲလို့မြင်တယ်၊ ခုလဲ ကြိုတင်မဲ တွေ လိုက်ကောက် နေပြီ၊ ၂၁/၁၁/၂၀၁၀ ကဆို ရပ်ကွက်အုပ်စု (၂) မှာ တရပ်ကွက်ကို ကြိုတင်မဲ ၃၀၀ စီ ပို့ထားပြီးပြီ၊ ကောင်းနောင်မို ရပ်ကွက်မှာ ၀န်ထမ်းဦးရေ ၄၀ယောက် ထည့်ဝင်ပြီးပြီ၊ ၃/၁၁/၂၀၁၀ နေ့ကလဲ စရေးတန်းရပ်ကွက်က ဥက္ကဌကကြိုတင်မဲ ၄၇ ပြားကို ၅ ရက်ထည့်ဝင်ဖို့ ရပ်ကွက်ကော်မရှင်ထံ အပ်ထားပြီးပြီ၊ ကြိုတင်မဲဆိုတာ အသက်ကြီးသူ။ စာမေးပွဲဖြေဆိုမည့်သူ။ ဖျားနာနေမကောင်းသူ အတွက်လောက်ဘဲဆိုတဲ့ရွေး ကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းလမ်းညွှန်ချက် နဲ့ဆန့်ကျင်ဖက်ဘဲ၊ ဒီလုပ်ရပ်တွေအားလုံးက ကြံ့ဖွတ်ပါတီအနိုင်ရ ရေး အတွက် မဲလိမ်မဲခိုးဖို့ဘဲ၊ နောက်ထပ်ဘယ်လိုထပ် လာဦးမလဲ စောင့်ကြည့်ရအုံးမယ်၊ တခြား ကျားဖြူပါတီတို့ တအာင်းပါတီတို့ကကော သည်လို လိုက်မကောက်ဘူးလား။ မကောက်နိုင်ဘူးလားမေးချင်ပါတယ့့်  ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သဘာဝဘေး ကျရောက်ရင် သန်းရွှေနဲ့ တပည့် တွေ တွက်ခြေကိုက်တယ်

လေဘေး ကယ်ဆယ်ရေး ပစ္စည်းများကို ရယကများ ရောင်းစား 11/4/2010 စောသူဝင်း
ကျောက်ဖြူမြို့နယ်တွင် ဒေသဆိုင်ရာ ရယက ဥက္ကဌ တချို့မှ လေဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့သော လေဘေး ကယ်ဆယ်ရေး ပစ္စည်းများကို ကိုယ်ကျိုး အတွက် ရောင်းစားနေကြောင်း သတင်းရရှိပါသည်။

ရောင်းစားနေသော ယ.ရ.က ဥက္ကဌ တချို့မှာ တောင်ရင်းအုပ်စု ဥက္ကဌ နှင့် အရှေ့ပိုင်းရပ်ကွက် ဥက္ကဌတို့ ဖြစ်ကြောင် ဒေသခံများက သည်။

တောင်ရင်းအုပ်စုမှအမျိးသမီး တစ်ဦးက “ တောင်ရင်း အုပ်စု ဥက္ကဌက ဆန် ၁၀ အိတ်ကို တစ်အိတ်ကို ၁၅၀၀၀ ကျပ်နုန်းနဲ့ ရောင်းစားနေတာကို ကျွန်မ ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ ခုလို ဒုက္ခသည်တွေကို ကူညီတဲ့ ဆန်အိတ်တွေကို ရောင်စားနေတာကို မြင်ရတော့ အထူးစိတ်မကောင်း ဖြစ်မိပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့ အရှေ့ပိုင်း ရပ်ကွက် ဥက္ကဌမှလည်း လေဘေးသင့် ထောက်ပံ့ပစ္စည်းများ ဖြစ်ကြသည့် ဆန် အိတ်များနှင့် အမိုးအကာများကို ဆိုက်ကားများဖြင့် သယ်ယူပြီး တောင်ရင်း ရပ်ကွက်မှ စီးပွားရေး သမား တစ်ဦး ထံသို့ ရောင်းချ ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

အဆိုပါ ဆန်များမှာ လေဘေး ဒုက္ခသည်များ အတွက်ကျောက်ဖြူမြို့ကို လှည့်လည်၍ ကောက်ခံ ထားသော ဆန်နှင့် တခြား မြို့နယ် အလှူရှင်များထံမှ ဒုက္ခသည်များ အတွက် လှူဒါန်းထားသော ဆန်အိတ်များ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူ အပါအ၀င် ရခိုင်မှ လေဘေးသင့် ဒေသများတွင် ဆန်အပါအ၀င် လေဘေး အကူအညီများကို ကျေးရွာ ရပ်ကွက် ဥက္ကဌများမှ တဆင့် လှူဒါန်းနေကြရာ မသမာသူ ရယက ဥက္ကဌ တချို့မှ ထိုသို့ လေဘေး အကူအညီများကို ကိုယ်ကျိုးအတွက် ရောင်စားနေကြခြင်း ဖြစ်သည်။

ကျေးရွာ ရယကများသာမက ရေတပ်နှင့် စစ်တပ်မှလည်း လေဘေး အကူအညီများ ယူဆောင်လာသော စက်လှေနှင့် မော်တော်ဘုတ်များကို လမ်းမှ ဖြတ်ပြီး ဆန်အိတ်များကို တောင်းခံကာ ကိုယ်ကျိုးအတွက် ရောင်းစားနေကြသည်ဟု ဒေသအတွင်းက လာသော သတင်းများတွင် ဖေါ်ပြသည်။

စစ်တွေမှ သူဌေး အမျိုးသမီး တစ်ဦးက လေဘေး ဒုက္ခသည်များအား လှူဒါန်းရန် မော်တော်ဘုတ် တစီးဖြင့် ယူဆောင်လာသော ဆန်အိတ် ၆၀၀ မှ ဆန်အိတ် ၂၀၀ ကို ပေါက်တောမြို့နယ်တွင် ကင်းလှည့်နေသော နေဗီ တစီးမှ “ ကျန်တာကို သွားလှူ၊ ငါတို့ အတွက် အိတ် ၂၀၀ ထားခဲ့ပါ” ဟု ဆိုကာ အတင်း အဓမ္မ ယူဆောင် သွားခဲ့သည်ဟု သိရသည်။

အလားတူ မြေပုံမြို့နယ်တွင်လည်း အတွင်းငခူချောင်းကျေးရွာ၊ ငရွေကျေးရွာ၊ မြေပုံ အလယ်ပိုင်း၊ အထက်ပိုင်း ရပ်ကွက်များမှ ရယက ဥက္ကဌများလည်း ဆန်အပါအ၀င် လေဘေး ကူညီရေး ပစ္စည်းများကို ကိုယ်ကျိုး အတွက် ပေါ်ပေါ်ထင် ရောင်းစားနေကြသည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Friday, November 05, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် (၇) ရက်သာ လိုသည်


ဓာတ်ပုံသတင်း
နိုဝင်ဘာ ၅၊ ၂၀၁၀AP သတင်းဌာနက ယနေ့ ရိုက်ကူးထားသော NLD ရုံးချုပ်ရှေ့ရှိ ဓာတ်ပုံတွင် အထက်ပါ ခေါင်းစဉ်အတိုင်း ရေးသားထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

အင်တာနက်လိုင်းများ ကျစေရန် တမင်ပြုလုပ်

ခက်ထန် Friday, 05 November 2010 17:59
စစ်အစိုးရ ချုပ်ကိုင်ထားသော အင်တာနက်သည် Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက် ခံရသည်မှာ မှန်သော်လည်း ကာကွယ် တားဆီးခြင်း မရှိဘဲ အင်တာနက်လိုင်းများ ကျနေစေရန် တမင်ဖွင့်ထားခြင်း ဖြစ်သည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ သိရသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPT) နှင့် နီးစပ်သည့် အမည်မဖော်လိုသူ အိုင်တီကျွမ်းကျင် ပညာရှင် တဦးက “အတိုက်ခံရတာ မှန်တယ်။ အောက်တိုဘာ ၁ ရက်ကတည်းက နည်းနည်းချင်း အတိုက်ခံနေရတာ။ နိုဝင်ဘာ အစောပိုင်းမှာတော့ အဆိုးဆုံးပေါ့။ ဒါပေမယ့် သူတို့က မကာကွယ်ဘဲ တမင်ဟ ထားတာ။ ဘာလို့ဟထားလဲဆိုတော့ ရွေးကောက်ပွဲကာလမှာ အင်တာနက်တွေ ကျနေအောင်လို့ပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တလကြာ တဖြည်းဖြည်း အတိုက်ခံနေရသော်လည်း ဆိုးရွားခြင်း မရှိကြောင်း၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တွင်မှ 14 Gbps ဖြင့် အပြင်းအထန် အတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ဘက်နဲ့ အစိုးရက သုံးတာက DNS တခု၊ အရပ်ဘက်အတွက် ထားတာက တခု။ ဒါကြောင့် နေပြည်တော် စစ်ဘက်က သုံးနေတာတွေက ဘာမှ မဖြစ်ဘူး။ အင်တာနက်ဆိုင်တွေမှာက သုံးလို့ မရတော့တာ” ဟု အဆိုပါ အိုင်တီပညာရှင်က ပြော သည်။

အမေရိကန် အခြေစိုက် အင်တာနက်လုံခြုံရေး ပညာရှင် အဖွဲ့ဖြစ်သော Arbor Networks အဖွဲ့ အင်တာနက်စာမျက်နှာတွင် စစ်အစိုးရ၏ အင်တာနက်ကို တိုက်ခိုက်မှုအား စောင့်ကြည့်လေ့လာကာ 14 Gbps ရှိသည်ဟု အတည်ပြုထားပြီး ၂၀၀၇ ခုနှစ်တွင် ဂျော်ဂျီယာနှင့် အက်စတိုးနီးယား နိုင်ငံများရှိ နိုင်ငံပိုင် အင်တာနက်အား တိုက်ခိုက်ခဲ့မှုထက် မြင့်နေကြောင်း ဖော်ပြထား သည်။

ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူများ၏ အဆိုအရ Web Portal သို့မဟုတ် Web Server သို့မဟုတ် ISP များ၏ DNS Server များကဲ့သို့ ဝန်ဆောင်မှုများကို တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ အင်တာနက် သုံးစွဲမှု ရပ်ဆိုင်းစေရန် တမင်ရည်ရွယ်၍ ပြည်ပမှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော် ဆိုက်ဘာ ခြိမ်းခြောက်မှု အဆင့် ဖြစ်သည်ဟု ဆိုသည်။

အိုင်တီပညာရှင်များ၏ သုံးသပ်ချက်အရမူ DDoS နှင့် တိုက်ခိုက်ခြင်းသည် ကာလကြာမြင့်စွာ တောက်လျှောက် ပြုလုပ်ရန် မလွယ်ကူကြောင်း၊ အကုန်အကျလည်း အလွန်များကြောင်း၊ ထို့အပြင် DDoS နှင့် တိုက်ခိုက်မှု ရပ်ဆိုင်းနေချိန်၌ နဂို Bandwidth အတိုင်း ပြန်တက်လာရမည် ဖြစ်သော်လည်း ပြန်တက်မလာခြင်းမှာ ထူးခြားကြောင်း ထောက်ပြသည်။

စစ်အစိုးရ၏ နည်းပညာလှုပ်ရှားမှုများကို စောင့်ကြည့်နေသော မြန်မာ ကွန်ပျူတာ ပညာရှင်တဦးကလည်း နေပြည်တော်တွင် အင်တာနက်လိုင်းများ ရနေကြောင်း၊ သာမန် အရပ်ဘက်သုံး အင်တာနက်ဆိုင်များတွင်သာ လိုင်းများ ပြတ်တောက်နေခြင်းဖြစ်ကြောင်း ပြောသည်။

ယမန်နေ့က AFP သတင်းတပုဒ်တွင် ရွေးကောက်ပွဲနေ့၌ အင်တာနက် ပြန်လည် အသုံးပြုနိုင်မည် မပြုနိုင်မည်ဆိုသည်မှာ မသေချာကြောင်း ရတနာပုံတယ်လီပို့မှ နည်းပညာရှင်တဦးကို ကိုးကား၍ ဖော်ပြထားသည်။

သို့သော် ရန်ကုန်မြို့တွင် ပြုလုပ်သည့် နည်းပညာပြပွဲ ဖွင့်ပွဲတခု၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌ ဦးသိန်းစိန်က ရွေးကောက်ပွဲကာလတွင် အင်တာနက်မပျက်စေရန် အာမခံပါသည်ဟု ကွန်ပျူတာနှင့် အိုင်တီသမားများကို ပြောဆို မဲဆွယ်သွားကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူတဦးက ပြောသည်။

ယခင်ရက်များမှစ၍ နေပြည်တော်နှင့် ပျဉ်းမနားမြို့ရှိ အင်တာနက်ဆိုင်၂၀ ခန့်တွင် အရပ်ဝတ်နှင့် ရဲများ၊ ထောက်လှမ်းရေး များက အင်တာနက် လာရောက် သုံးစွဲသူများကို စောင့်ကြည့်နေပြီး ယနေ့မှစ၍ ရွေးကောက်ပွဲပြီး ကာလအထိ အင်တာနက် ဆိုင်များကို ပိတ်ထားရန် ညွှန်ကြားထားသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲ ကာလတွင် နေပြည်တော် အစိုးရရုံးများရှိ ကွန်ပျူတာ၊ အင်တာနက်၊ မိတ္တူကူးစက်၊ Fax စသော ပစ္စည်းများကို သုံးပြီး ပြည်ပ မီဒီယာများသို့ သတင်း အချက်အလက်များ ပေးပို့လျှင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်မည် ဟူသော သတိပေးစာများကို နိုဝင်ဘာ လဆန်းမှ စတင်ပြီး ရုံးများတွင် ကပ်ထားကြောင်း ၀န်ထမ်းအသိုင်းအ၀ိုင်းမှ သိရသည်။

စစ်အစိုးရသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလတွင် ဖိနှိပ်မှုများ အင်တာနက်မှတဆင့် ကမ္ဘာသို့ ပေါက်ကြားသွားပြီး နောက် အင်တာနက်လိုင်းများအား ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အိုးကလေးလှုပ်ပါဟေ့ ...အိုးကလေးလှုပ်ပါဟေ့ (ဖင်အတုတတ်ပြီး မဲဆွယ်တဲ့ အန်တီ)

၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး တွင် ပါခဲ့သည် ဆိုသည့် တာမွေ ကြံ့ဖွတ် အမတ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေအား ယမန်နေ့က မဲဆွယ် ရာတွင် သတိပဌာန် လမ်းထိပ် အရောက် ပြည်သူ အချို့က
“ဗျို့ အစ်မကြီး ကိုယ်တုံးလုံး ချွတ်ပြီး ကပြရင် မဲထည့်မည်”
ဟု ၀ိုင်းဝန်း ရှုံ့ချ ခဲ့ရာမှ ပြည်သူများနှင့်အချင်းများ ခဲ့သည်ဟု သိရသည်။ ထိုသို့ အချင်းများပြီးနောက် သတင်း ရယူရန် ရောက်လာသည့် နိုင်ငံခြား သတင်းထောက် နှစ်ဦးကို ရန်မူကာ သတင်း မယူရန် နှင့် ဓာတ်ပုံ မရိုက်ရန် တားမြစ် ခဲ့သည်။
ဒေါ်လဲ့လဲ့ ၀င်းဆွေ မှာ ဖင်အတုတပ်ပြီး မဲဆွယ်မှု ကြောင့် စနေနေ့က မော်ဒန် လက်ဖက်ရည်ဆိုင် အနီးတွင် လူငယ်များ နှင့် ပြဿနာ တက်သေးသည်ဟု သိရသည်။
ဒေါ်လဲ့လဲ့ဝင်းဆွေသည် ကျောက်မြောင်းတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ခင်ပွန်းနှင့် သားသမီးများ ရှိသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေသည် မြန်မာ ယဉ်ကျေးမှု အမွေအနှစ် သီချင်း ဖြစ်သည့် နဂါးနီ သီချင်းကိုလည်း ကြံ့ဖွံ့ နာမည်များ ထည့်ကာ သံစဉ် စာသား ပြောင်းလဲ၍ သီဆိုသည်။

ပြီးခဲ့သည့် သတင်းပတ် ကလည်း တောင်ဥက္ကလာပ မြို့နယ် ကြံ့ဖွံ့ အမတ်လောင်းနှင့် လက်ရှိ မြို့တော်ဝန် ဦးအောင်သိန်းလင်းမှာ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်ကို ပုဆိုး လှန်ပြ ခဲ့သေးသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေ တပ်ထားသည့် ဖင်တုကြီးမှာ အမေရိကန် မော်ဒယ် ကင်ကာဒီရှန်း၏ ဖင်လောက်ပင် ကြီးသည်ဟု ဆိုသည်။ သို့သော်လည်း သူမ၏ ဖင်တုကြီးက တရုတ်လုပ် ဖင်တုကြီး ဖြစ်သောကြောင့် တစ်ခြမ်းကြီးပြီး တစ်ခြမ်းသေး နေသည်ဟု ဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကြံ့ဖွံ့ မတရား အနိုင်ယူပါက ရွေးကောက်ပွဲရလဒ် ပါတီများ သပိတ်မှောက်မည်

သတင်း ဧရာဝတီ
ကြံ့ဖွံ့ပါတီက ဝေသည့် မဲစလစ် ပုံတူ (ဓာတ်ပုံ - ကိုခိုင်)


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနေနှင့် မတရားသော နည်းလမ်းဖြင့် အနိုင်ယူမည် ဆိုပါက ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက် သွားမည် ဖြစ်ကြောင်း တခြားသော ပါတီများက ပြောသည်။
“အခုလက်ရှိ အနေအထားက မတရားမှုတွေ များနေတယ်။ အများကြီး နစ်နာမှုတွေ ရှိခဲ့မယ်ဆိုရင် အဲဒီ အပေါ်မှာ မူတည်ပြီး လုပ်သွားရမှာ။ ဘယ်သူမှ မပါတော့ဘူးဆိုရင် သူတို့ရဲ့ ရလဒ်ဟာလည်း တရားမ၀င် ဖြစ်သွားမှာပါ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။
အလားတူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း “အစိုးရရဲ့ အာဏာပါဝါတွေ၊ ဌာနတွေရဲ့ အင်အားတွေကို မတရားသုံးပြီးတော့ ရွေးကောက်ပွဲကို အနိုင်ယူခဲ့မယ် ဆိုရင် တိုင်းရင်းသား ပါတီတွေနဲ့ ဒီမိုကရက်တစ်တွေက သပိတ်မှောက် သွားမှာပါ” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီသည် လက်ရှိအခြေအနေတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုတင်မဲ များကို အင်အားသုံး၍ ကောက်ယူနေကြောင်း စုံစမ်းသိရှိရသည်။

“ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ဘာမှ ပြောဆို လုပ်ပိုင်ခွင့် မရှိပါဘူး။ ကြံ့ဖွံ့ပါတီနဲ့ ဆက်နွှယ်နေတဲ့ အတွင်းရေးမှူးတွေက လုပ်ပိုင်ခွင့်တွေကို အပြည့်ယူပြီး ဘက်လိုက် နေတာ တောက်လျှောက် ပါပဲ” ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။

တိုင်းရင်းသား ဒေသများတွင် ၎င်းတို့၏ တိုင်းရင်းသား ပါတီကိုသာ ထောက်ခံမှု အပြည့်အ၀ ရှိနေပြီး ရွေးကောက်ပွဲ၌လည်း အနိုင်ရရန် အခြေအနေ ကောင်းနေမှုအပေါ် ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ကောက်ယူခြင်းကို ဥပဒေ မျက်ကွယ် ပြု၍ အနိုင်ယူရန် ပြင်ဆင်နေကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ပြောသည်။

ရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်၍ သပိတ်မှောက်ခြင်းကို တိုင်းရင်းသားပါတီများ၊ ဒီမိုကရက်တစ် အင်အားစုများနှင့်အတူ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ မဲဆန္ဒနယ် အများစုတွင်လည်း ကြံ့ဖွံ့ပါတီသည် အတင်းအကျပ် လုပ်ဆောင် နေသည်ကို တွေ့နေရကြောင်း၊ ဥပဒေမဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းသားများ ဒီမိုကရက်တစ် ပါတီ၏ အလုပ်အမှုဆောင် တဦးက ဆိုသည်။

သပိတ်မှောက်ခြင်း၊ မမှောက်ခြင်းသည် ရွေးကောက်ပွဲ၏ ရလဒ်အပေါ် အဓိက မူတည် မည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီအနေဖြင့် လက်ရှိတွင် မတရား လုပ်ဆောင်နေသော်လည်း ရွေးကောက်ပွဲ နေ့တွင် မည်ကဲ့သို့ လုပ်ဆောင်မည်ကို သေချာစွာ လေ့လာ စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ဥက္ကဋ္ဌ ဦးသိန်းဌေးက ရှင်းပြ သည်။

“ကျနော်တို့က ပြိုင်ကြရဦးမှာမို့လို့ ဘာတွေဖြစ်လာမလဲ ဆိုတာ အရင်စောင့်ကြည့်ရ ဦးမှာပါ၊ ပြိုင်ပွဲအပေါ် မူတည် ဆုံးဖြတ်ဖို့တော့ အားလုံး လုပ်ဆောင်ကြရမှာပေါ့” ဟု သူက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ရှမ်း၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသားပါတီများ တည်ရှိရာ နေရာများအပြင် တခြားသော ကချင်၊ ကရင်၊ ကယား၊ ချင်း စသည့် တိုင်းရင်းသားပါတီများ အားကောင်းရာ ဒေသများတွင်လည်း ၎င်းတို့ပါတီ အနိုင်ရရေးကို ပါတီဝင်များက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း ဒေသခံ များထံမှ သိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် သူမ၏ သားငယ် ကြိုးပမ်း

သတင်း ဒီဗွီဘီ
၅ရက်၊ နိုဝင်ဘာ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ သူ့သားငယ် ကင်မ်အားရစ္စက မိခင်ကိုတွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတယ်လို့ အေပီသတင်းအရ သိရှိရပါတယ်။ ကင်မ်ဟာ မြန်မာပြည်ဝင်ခွင့်ရဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကြိုးပမ်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးညဏ်ဝင်းက ပြောပါတယ်။



အပြည့်အစုံသတင်းဖတ်ရန်....

နေပြည်တော်မှာ ကြံဖွံ့မဲစစုနေ

သတင်း ဘီဘီစီ

နိုဝင်ဘာ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိစေမယ်လို့ နအဖက ပြောနေပေမဲ့ နေပြည်တော် မှာတော့ အစိုးရက အလုပ်သမားတွေ ဆီက ကြံဖွံ့  တွက် မဲစစုနေပါတယ်။
နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ဟိုတယ်ဇုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမား တွေကို ညမထွက်ရ အမိန့်ထုတ်ထားပြီး ရွေးကောက် ပွဲနေ့ မတိုင်ခင်မှာ ညနေပိုင်းကတည်း က ဆိုင်တွေ ကိုလည်း ပိတ်ခိုင်းထားပါတယ်။
နေပြည်တော်မှာ ကြံခိုင်ရေး ပါတီက မဲဆွယ် စည်းရုံးမှုတွေကို အရှိန်မြှင့် လုပ်နေပြီး ကြံဖွံ့နဲ့ ရဲက အပြင်မထွက်ရ အမိန့်ကို လူတွေကို လာအသိပေးနေတယ်လို့ နေပြည်တော်က အလုပ်သမား တယောက်က ပြောပြပါတယ်။
တနေ့က ညဆယ့်တစ်နာရီ နောက်ပိုင်း အပြင် မထွက်ရ အမိန့် ထုတ်ထားပေမဲ့ မနေ့ကတော့ ကိုးနာရီကတည်းက အပြင်ပေး မထွက်တော့ဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် တရက်အလိုမှာ ညနေ ခြောက်နာရီ နောက်ပိုင်းက စပြီး ဘယ်သူမှ အပြင်မထွက်ဖို့ အမိန့်လာ ထုတ်သွားတယ်လို့ နေပြည်တော်က အလုပ်သမားက ဘီဘီစီကို ပြောပြပါတယ်။

ဒက္ခိဏသီရိမြို့က ဟိုတယ်တွေမှာ ကြံခိုင်ရေးက သူတို့ ပါတီကို မဲပေးဖို့ ဆိုင်းဘုတ်တွေ နေရာအနှံ့ ထောင်ထားသလို ဆောက်လုပ်ရေးခွင်က အလုပ်သမားတွေကို အပြင်ထွက် မဲမပေးခိုင်းဘဲ ဟိုတယ်ထဲကနေဘဲ အသင့်ဖြည့်ပြီးသား မဲစာရင်းတွေကို လက်မှတ်ထိုးခိုင်းဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကိုယ့်မဲကို ဘယ်ပါတီက ရသွားသလဲဆိုတာ ကာယံကံရှင်တောင် သိမဲ့ အနေအထား မရှိဘဲ ခြင်္သေ့အရုပ်ပါတီဲ့ ပါတကိုပဲ သူတို့မဲတွေ ရောက်သွားမဲ့ပုံ ရှိနေတယ်လို့ ဘီဘီစီကို ပြောပြသွားပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

အပစ်ရပ် ခြောက်ဖွဲ့ ပေါင်းပြီး စစ်တပ်ကို ပြန်တိုက်မယ်

သတင်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ်

နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေး ခံနေရတဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့  ခြောက်ဖွဲ့ဟာ မြန်မာ စစ်အစိုးရကို ပူးပေါင်း ဆန့်ကျင်ဖို့ သဘောတူညီချက် ရခဲ့တယ်လို့ သိရပါတယ်။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ( Karen National Liberation Army ), ကရင်နီ တပ်မတော် ( Karen Army ), ကရင် အမျိုးသား အစည်းအရုံး KNU ( Karen National Union ) , ကရင် ငြိမ်းချမ်းရေး ကောင်စီ KNLA PC ( Karen National Liberation Army Peace Council ) , အက်စ်အက်အေ မြောက်ပိုင်း SSA - N ( Shan State Army-North ) နဲ့ KIA ( Kachin Independence Army ) အဖွဲ့တွေဟာ စစ်အစိုးရရဲ့ ဖိအားပေးမှုကို စုပေါင်းပြီး ရင်ဆိုင်ချေမှုန်းဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။အခု သဘောတူညီချက် ရယူထားတဲ့ အဖွဲ့တခုခုကို စစ်တပ်က တိုက်လာရင် ကျန်တဲ့အဖွဲ့တွေ အားလုံးက ဝိုင်းကူပြီး စစ်အစိုးရကို ပြန်တိုက်ကြမယ်လို့ ဆုံးဖြတ်ခဲ့ ကြကြောင်း နယ်စပ်က သတင်း ရရှိပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ဝါဒဖြန့် ရုပ်ရှင်ဇတ်ကားတွေ ရိုက်ကူးခဲ့တဲ့ တင်သန်းဦး သေပြီ

သတင်း စိုင်းဇွမ်ဆိုင်း
ဧရာဝတီ သတင်း


ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့တဲ့ စာရေးဆရာ ဒါရိုက်တာ ဒုတိယ ဗိုလ်မှူးကြီးဟောင်း တင်သန်းဦးသည် ယနေ့ နေ့လည် ၂ နာရီခန့်မှာ မင်္ဂလာဒုံ စစ်ဆေးရုံ၌ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ရုပ်ရှင် အသိုင်းအဝိုင်းမှ သတင်းရရှိပါတယ်။
ဒါရိုက်တာ တဦးက“နှလုံးရောဂါ နဲ့ပဲ ဆုံးသွားတာပါ။ အရင်ကလည်း နှလုံးကို နှစ်ကြိမ်လောက် ခွဲစိပ်မှုတွေ လုပ်ခဲ့ဖူးတယ်။ နှလုံးအစားထိုး စက်တခု ထည့်ထား ရတယ် လို့တောင် ပြောကြတယ်”လို့ ပြောပါတယ်။
တင်သန်းဦး ရဲ့ ဈာပနကိစ္စနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုတွေက ပြည်ပ သတင်းဌာနများကို ဖြေဆိုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ယင်းသို့ မဖြေဆိုခြင်းကြောင့် တင်သန်းဦးရဲ့ အသက် နဲ့ အခြား ကိုယ်ရေးဆိုင်ရာ အချက်အလက်တွေကို အတိအကျမသိရှိရပါဘူး။

၂၀၀၉ ခုနှစ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့တဲ့ “အာရုံဦးမှာ ဖူးသည့်ကြာ”အမည်ရ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားကြောင့် ဒါရိုက်တာ တင်သန်းဦး များစွာ ဝေဖန်ခံ ခဲ့ရပါတယ်။

ယင်းဇာတ်ကားကို ရေးသားရိုက်ကူးသူ ဒါရိုက်တာ တင်သန်းဦးဟာ လုံးချင်း ဝတ္ထု စာအုပ်များရေးသား ထုတ်ဝေပြီး စစ်ကား များကို ရိုက်ကူးခဲ့ကာ ၁၉၈၈ မတိုင်မီ နှစ်များတွင် သူ၏စာအုပ်များသည် အရောင်းရဆုံး စာရင်း ဝင်ခဲ့ပါတယ်။

သို့သော် ၁၉၈၈ အရေးခင်းမှာ စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် စစ်တပ်နဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်း တွေကို ပရိသတ်များက စိတ်ဝင်စားမှုလျော့ပါးလာပြီး တင်သန်းဦး၏ စာအုပ်များ အရောင်းထိုင်း စာရင်းဝင်ခဲ့ပါတယ်။

တင်သန်းဦးဟာ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ အနှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှာတော့ ဦးစီးအရာရှိ ပထမတန်း၊ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ဖြင့် အနားယူခဲ့ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, November 04, 2010

အရေးကြီးပြီ၊ ပြတ်သားကြပါစို့

(၁) ၈၈ အရေးတော်ပုံကြီးရဲ့ မဟာသူရဲကောင်း ရဟန်းပြည်သူ၊ ကျောင်းသားအပေါင်းတို့ နိုးထကြလော့။
(၂) စစ်အာဏာရှင်အလိုကျ ပြင်ဆင်ထားသော ရွေးကောက်ပွဲကို မပါဝင် မပူးပေါင်း၊ မဲမပေးဘဲနေခြင်းဖြင့် သပိတ်မှောက်ကြလော့။ အကယ်၍ မဲမပေးမဖြစ် မဲပေးရပါက ပယ်မဲများဖြစ်အောင် လုပ်ကြကုန်လော့။
(၃) သင်တို့ အသီးသီးက တဦးချင်းစီဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို သစ္စာရှိစွာဖြင့် နီးစပ်ရာ ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား၊ တပ်မတော်သားတို့ကို စည်းရုံးပြီး ရှင်းပြကြကုန်လော့။ သပိတ်တိုက်ပွဲမှာ ပါဝင်နိုင်အောင် အားထုတ်ကြကုန်လော့။
(၄) ကိုယ်ကိုးကွယ်သည့် ဘုန်းကြီးကိုပင် ကိုယ်ပြန်သတ်ခဲ့တဲ့ စစ်အစိုးရ၊ ကိုယ့်တိုင်းရင်းသားများ၊ ကိုယ့်လူမျိုး၊ ကျောင်းသားများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော စစ်အာဏာရှင် သက်ဆိုးရှည်ရေးကို အတည်ပြုပေးရာ ရောက်သည့် မဲပေးခြင်းအလုပ်ကို ကန့်ကွက်ရှုတ်ချကြလော့။
(၅) လူထုက ဘယ်ပါတီကို မဲပေးပေး အဓိက အာဏာရသွားမှာနဲ့ ဆက်အုပ်ချုပ်မှာကတော့ စစ်တပ်ကိုယ်တိုင်နဲ့ စစ်တပ်ကထောင်ထားတဲ့ (ကြံ့ဖွံ့)ပါတီပါပဲ။
(၆) ကျန်တဲ့ အရပ်သားအမည်ခံ အချောင်သမားတွေ၊ သစ္စာဖောက်တွေကတော့ အရိုးအရင်း ကိုက်ကြပေါ့။ လွှတ်တော်ရဲ့ ခုံကြိုခုံကြားကနေ ‘ဝေလေလေ’ အော်ရသူ အဆင့်လောက်ပါ။ သင်္ကြန်အမြောက် ဖောက်ကြပေါ့။
(၇) ဘာကြောင့် ဒီလိုပြောရတာလည်း ဆိုရင် လွှတ်တော်ကိုယ်စားလှယ် (၁၁၇၁) နေရာမှာ စစ်တပ်က ၂၅% ယူထားပြီး စစ်တပ်ပါတီ(ကြံ့ဖွံ့)က ပြိုင်ဘက်မရှိ နေရာ (၅၄) နေရာ ယူထားကြပြီ။ (၂၈၃ + ၅၄ = ၃၃၇ နေရာ)
(၈) ဒါကြောင့် န.အ.ဖရဲ့ မျက်လှည့်ဝိုင်းမှာ (စစ်ဘီလူးရဲ့ လူယောင်ဆောင်ပွဲကြီးမှာ) နိုင်ငံရေးနားမယောင်ကြပါနဲ့။ မဲပေးသင့်မသင့် သေချာစဉ်းစားကြပါ။
(၉) ဒီမိုကရေစီ ဘက်တော်သားတို့ ကြားထိုင်နေရမယ့်အချိန်၊ တွေဝေနေရမယ့် အချိန်မဟုတ်တော့ဘူး။
ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ။
(၁၀) န.အ.ဖ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သားတို့ အားပြိုင်ပွဲ၊ မကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲကြီးစလေပြီ။
(၁၁) ကြိုက်တဲ့နည်းနဲ့ သူတို့အနိုင်ယူပါစေ၊ မဲမပေးတဲ့သူများရင် တို့နိုင်ပြီး စစ်အာဏာရှင်ရှုံးပြီ။
(၁၂) ပြည်တွင်း ပြည်ပမှာ အရှက်ကွဲပြီ။ သူတို့ကို တရားဝင်အုပ်စိုးမှု (Legitimacy) ကို ပြည်သူတွေများစုက မကျေနပ်ကြတာပေါ်သွားပြီ။
(၁၃) နောင်တိုက်ရမယ့် ဒီမိုကရေစီရေးတိုက်ပွဲတွေအတွက် စစ်အာဏာရှင်တို့ ပွဲဦးထွက် အကြီးအကျယ်ရှုံးပြီ။
(၁၄) ပြည်သူတို့ တွေဝေမနေကြနဲ့။ န.အ.ဖ စစ်အာဏာရှင်ကို အကြမ်းမဖက်၊ အနုနည်းနဲ့ ရွေးကောက်ပွဲ သပိတ်မှောက်သောနည်းဖြင့် တိုက်ပွဲဝင်ကြလော့။
(၁၅) သင့်မဲများဖြင့် စစ်အာဏာရှင်တို့ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ အသိအမှတ်ပြုစေမည့် အလုပ်မျိုး မလုပ်မိကြပါစေနဲ့။
(၁၆) ဤသို့ သပိတ်မှောက် ဆန္ဒပြနည်းနဲ့ ဒီမိုကရေစီဘက်တော်သားများ၊ တိုင်းရင်းသားများနှင့် စစ်အာဏာရှင်တို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် တိုက်ပွဲဝင်ကြပါစို့။
(၁၇) လူထုခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ ရဲ့ အောက်ပါ အမှာစကားလေးကို တင်ပြရင်း တပ်လှန့်နှိုးဆောက်လိုက်ပါတယ်။
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးဘဲ နေပိုင်ခွင့်လည်းရှိသည်။ အတင်းအဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။(သပိတ်တိုက်ပွဲများ ကော်မီတီ)
__._,_.___

အပြည့်အစုံသတင်းဖတ်ရန်....

နေပြည်တော်တွင် စစ်ခေါင်းဆောင် ပိုင်းတွင် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေ

Special Report :ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အိမ်အနီးတွင် တနင်္လာနေ့ ညက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်၊
FNG မှ နောက်ဆုံးကြား သိရသည့်သတင်းအရ နေပြည်တော် ရှိ စစ်ခေါင်းဆောင်ပိုင်း တွင်အခြေအနေ တင်းမာ မှုများ ဖြစ်ပေါ် နေ ပြီး နေပြည်တော်ရှိ အင်တာနက် ဆက်သွယ်ရေး စနစ်မှာ လည်း နေရာ အချို့ တွင် ပြတ်တောက် လျှက်ရှိကာ ပြည်ပ ဖုန်းခေါ်ဆိုမှုများ ကို လည်း နေရာအချို့ တွင် ဖြတ်တောက် ထားသည် ဟု သတင်းးရရှိသည်။နိုင်ငံတ၀ှမ်း တွင် ၂၀၁၀ ရွေးကောက် ပွဲ အတွက် မဲဆွယ်မှု များ ရှိသော် လည်း နေပြည် တော်တွင် မူ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင် မည် ဟု ကြေငြာထား သည့် စစ်ဗိုလ်ချုပ်များ မှာငြိမ်ချက် သား ကောင်းနေသည် ဟု သတင်းရရှိသည်။စစ်အစိုးရ ရုံး စိုက်ရာ နေပြည်တော်တွင် စနေနေ့ ညကတည်းက လုံခြုံ ရေး အင်အား များ ပိုမိုချထားပြီး ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် ပြန်ကြားရေး ၀န်ကြီး ဌာန ရုံးများ သို့ ဝင်ထွက် သွားလာမှု များ အား တင်းကျပ် စွာ စစ်ဆေးမေး မြန်းလျှက် ရှိသည်။အတည် မပြု နိုင်သည့် သတင်းများ အရ နေပြည်တော် ရှိ နေရာ အချို့ တွင်ည မထွက်ရ အမိန့် ထုတ်ထား သည် ဟု သတင်းရရှိ သည်။နောက်ဆုံးရ သ တင်းများ အရ နေပြည်တော်တွင် ဗိုလ်ချုပ် ဆယ်ဦးထက် မနည်းဖမ်းဆီးထိန်းသိမ်း ခံထားရပြီး မည်သူက မည် သူ ကို ဖမ်းဆီး ထားသည် ကို မူ FNG မှ ဆက်လက်စုံစမ်း လျှက်ရှိပါသည်။
Freedom News Group မှကူးယူဖော်ပြပါသည်

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */