Saturday, June 05, 2010
ဘယ်သူခွဲခွဲ တို့ မကွဲ ဖခမည်းတော် တရုတ်
ကိုထွေး Friday, June 04, 2010
မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီး လာရောက်ခဲ့သည့် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသား အရေး ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သံတမန် အသိုင်းအ၀န်းက ဆိုသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မစ္စတာ ၀မ်ကျားပေါင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ ဇေယျာသိရီ ဗိမာန်၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
[တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)]
တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)
၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရရေး အတွက် တရုတ် ၀န်ကြီးချုပ်က စစ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့ကြောင်း သံတမန် အသိုင်းအ၀န်းက ပြောသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ဧရာဝတီက ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို ဆက်သွယ်ခဲ့သော်လည်း အတည်ပြုခြင်း မရှိ သကဲ့သို့ ငြင်းပယ်ခြင်း မပြုခဲ့ပေ။
အစိုးရပိုင် သတင်းစာများက စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံ တကာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး စသည့် နှစ်နိုင်ငံအတွက် အလေးထား ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြောင်း ဖော်ပြ ထားသည်။
“နှစ်နိုင်ငံ အကြား ထားရှိခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှု အစဉ်အလာကောင်းဟာ တအူတုံဆင်း ညီအစ်ကို “ပေါက်ဖော်” ဆိုတဲ့ ရင်းနှီးမှု ဆက်ဆံရေးကို ဖြစ်ထွန်းစေခဲ့ ရှိခဲ့ပါတယ်၊ ပေါက်ဖော်ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ အကြားမှာသာ ဖြစ်ထွန်း တည်ရှိနေတာဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ပြောကြားချက်ကို သတင်းစာတွင် ဖော်ပြထားသည်။
တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိသဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက် အရေးပါလျက် ရှိသည်။
တရုတ် မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက“တရုတ် မြန်မာ ဆက်ဆံရေး နှစ်ပေါင်း ၆၀အတွင်းမှာ တရုတ်က မြန်မာ့အရေးမှာ တစုံတရာ ၀င်ရောက် မစွက်ဖက်ဘူးလို့ပြောပေမယ့် ၀င်ရောက်စွက်ဖက်ခဲ့တယ်၊ အဲဒါတွေ အားလုံးဟာ သူ့အကျိုး စီးပွားအတွက်ပဲ”ဟု ဆိုသည်။
တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျှော်လင့်ကြောင်း မစ္စတာ ၀မ်ကျားပေါင်က ၀န်ကြီးချုပ် ဦးသိန်းစိန်ကို ပြောသည်ဟုလည်း သတင်းစာ၌ ဖော်ပြထားသည်။
မစ္စတာ ၀မ်ကျားပေါင် ခရီးစဉ်အတွင်း ၂ နိုင်ငံဝန်ကြီးများနှင့် တာဝန်ရှိသူများက စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ရထားပို့ဆောင်ရေး၊ ကုန်သွယ်မှု၊ ရေအားလျှပ်စစ်၊ စွမ်းအင်နှင့် သတ္တု တူးဖော်ရေး ဆိုင်ရာ သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
“ဒီတကြိမ် ခရီးစဉ်တွင် မြန်မာ နိုင်ငံ ခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ အကျိုးရလဒ်များစွာရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် အမြင်တူညီမှုရ ရှိခဲ့ပါတယ်၊ ၂ ဦး ၂ ဖက်တို့ဟာလည်း အရေးကြီးတဲ့ စာချုပ်များလည်း လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြပါတယ်”ဟု မစ္စတာ ၀မ်ကျားပေါင်၏ ပြောကြားချက်ကို သတင်းစာတွင် ဖော်ပြထားသည်။
“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ကူညီမှုများ အစဉ်တစိုက် ကူညီပေးခဲ့ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည့်အတွက် တရုတ်နိုင်ငံ အစိုးရနဲ့ ပြည်သူများကို မြန်မာနိုင်ငံ အစိုးရနဲ့ ပြည်သူများက များစွာ ကျေးဇူးတင်လျက် ရှိပါတယ်၊ ၂ နိုင်ငံကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းလာခြင်းနဲ့ အတူ ၂ နိုင်ငံ ဆက်ဆံရေးဟာ မဟာဗျူဟာ မြောက်ဆက်ဆံရေးသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်”ဟူသော ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ပြောကြားချက်လည်း သတင်းစာတွင် ပါရှိသည်။
နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခြင်းသည် ၂ ဦး ၂ ဖက်စလုံး အကျိုးရှိသည့် ကိစ္စရပ်များဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂ ဗေဒ)က ပြောသည်။
“မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာမယ်လို့တော့ မယူဆပါဘူး၊ မူဝါဒ ပြောင်းလဲဖို့ အတွက် ကြိုးစားတာမျိုးတွေ မရှိပါဘူး၊ ပုံမှန်လုပ်နေကျ လုပ်ရိုးလုပ်စဉ် တခုလို့ပဲ ယူဆပါတယ်”ဟု ၎င်းက ပြောသည်။
ဝန်ကြီးချုပ် ဦးသိန်စိန်နှင့် မစ္စတာ ၀မ်ကျားပေါင်တို့သည် မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကို စတင်ဖွင့်လှစ်ပြီး ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက ဆောက်လုပ်လှူဒါန်းခဲ့သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံ ဝယ်ယူမည့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပိုက်လိုင်းများ တည်ဆောက်သွားရန် သဘောတူညီခဲ့သည်။ တနှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည် ၄ဝဝ ဝဝဝ တင်ပို့မည် ဟု ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း များတွင် စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားသည်။
ထိုင်း၊ ဗြိတိန်၊ စင်ကာပူနိုင်ငံများ ပြီးလျှင် တရုတ်သည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အများဆုံး ရင်းနှီး မြှုပ်နှံသည့် နိုင်ငံ ဖြစ် သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တုများ၊ ကျွန်းသစ် နှင့် အဖိုးတန် ကျောက်မျက် ရတနာများ တရုတ်နိုင်ငံသို့ တင်ပို့သည်။ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။
မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မေ ၂၈ မှ ဇွန် ၃ အထိ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် မြန်မာ ၄ နိုင်ငံ ခရီး သွားရောက်ခြင်းဖြစ်သည်။
ဝမ်ကျားပေါင်၏ ခရီးစဉ်သည် ၁၆ နှစ်တာကာလ အတွင်း ပထမဆုံးသော ၀န်ကြီးချုပ်အဆင့် ခရီးစဉ်ဖြစ်သည်။
မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သည့် တရုတ်အဆင့်မြင့် အရာရှိမှာ ၂၀၀၉ ဒီဇင်ဘာတွင် လာရောက်ခဲ့သည့် တရုတ် ဒုတိယသမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်သည်။ ရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံစဉ် တရုတ်အနေ ဖြင့် မြန်မာနိုင်ငံကို နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုများ မြင်လိုသည်ဟု ပြောကြား ခဲ့ဖူးသည်။Rest of your post
ပထွေး မကောင်းတော့
ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူ အများစုမှာ မြန်မာများဖြစ်
ဥဆာ ဖိချိုင်း | စနေနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၀၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူ အများဆုံးမှာ မြန်မာလုပ်သားများဖြစ်ပြီး ထိုင်းနိုင်ငံ၏ တနေ့တခြား ကြီးထွားကျယ်ပြန့်လာသော ငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများ ပြတ်လပ်နေခြင်းကလည်း လူကုန်ကူးမှု ပြဿနာကို ပိုမိုဆိုးရွားစေခဲ့သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောဆိုကြသည်။
အမေရိကန် ပြည်ထောင်စု၏ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရမှု အခြေအနေများသည် စိုးရိမ်စရာ ဖြစ်နေပြီး ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပိုမိုများပြားလာခဲ့သည်ဟု အလုပ်သမား အခွင့်အရေး မြှင့်တင်ရေးကွန်ယက် ဒါရိုက်တာ Sompong Sakaew က မဇ္ဈိမကို ပြောသည်။ ဤ NGO အဖွဲ့အစည်းသည် ဘန်ကောက်မြို့ တောင်ဘက်ရှိ ထိုင်းနိုင်ငံ၏ ပင်လယ်ကွေ့ ငါးဖမ်းလုပ်ငန်းနှင့် ဆားထုတ်လုပ်မှု လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ စမတ်ဆခွန် Samut Sakhon တွင် အခြေစိုက်သည်။
“အကြီးမားဆုံး ပြဿနာကတော့ ငါးဖမ်းလုပ်ငန်းတွေမှာပါ။ မြန်မာအလုပ်သမားတွေဟာ အလှည့်ဖြားခံရပြီးတော့ အခက်အခဲ အပင်ပန်းဆုံးနဲ့ အကြာရှည်ဆုံး အလုပ်တွေကို အတင်းအကျပ် လုပ်ခိုင်းတာ ခံနေရပါတယ်” ဟု Sompong Sakaew က ပြောသည်။
မကြာသေးခင်က ခန့်မှန်းချက်များအရ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်မှာ ၃ သန်းကျော် ရှိနေပြီး ၎င်းတို့အနက် တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမား အရေအတွက်မှာ ၇ သိန်းခန့်သာ ရှိသည်။ ရွှေ့ပြောင်းအလုပ်သမား အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။
ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်အများစုမှာ အလုပ်သမားများအား တရားဝင်ခန့်ရန် စိတ်ပါဝင်စားမှု လျော့နည်းနေကြပြီး လုပ်ငန်းရှင် အများစုမှာ ဥပဒေကို ဆန့်ကျင်ကာ ဈေးပေါသော တရားမဝင် အလုပ်သမားများကိုသာ ခန့်ထားလေ့ရှိကြသည်။
“ထိုင်းနိုင်ငံရဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းမှာ လူကုန်ကူးမှု ပြဿနာတွေ ရှိနေတာကို မဖြေရှင်းနိုင်ခဲ့ရင် ထိုင်းနိုင်ငံရဲ့ ပင်လယ်အစားအစာတွေဟာ နိုင်ငံတကာရဲ့ သပိတ်မှောက်မှု ခံရစရာ ရှိပါတယ်” ဟု Sompong Sakaew က သတိပေးခဲ့သည်။
ဘန်ကောက်မြို့ရှိ လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ဖောင်ဒေးရှင်း၏ အဆိုအရ ယခုနှစ်တွင် လူကုန်ကူးခံရသည့် အမှုပေါင်း ၁၃၈ ခုအထိ ဖောင်ဒေးရှင်းသို့ တိုင်ကြားခဲ့ပြီး ထိုနှုန်းထားသည် ပြီးခဲ့သည့်နှစ်ကထက် ၃ ဆမျှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းထုတ်ပြန်ချက်အား ဇွန်လ ၃ ရက်နေ့က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်လည်း လူကုန်ကူးမှု အခြေအနေများသည် ဆိုးရွားလျက်ပင် ရှိနေသည်။ မြန်မာနိုင်ငံ မဲဆောက်မြို့မှ မြန်မာအမျိုးသား လူငယ်များသည် လိမ်လည်လှည့်ဖြားခံရကာ ချင်းမိုင်မြို့တွင် ရိုတီ ရောင်းနေရသည့် အဖြစ်မျိုး ရှိနေပြီး လူကုန်ကူးမှု ကျူးလွန်သူများသည် မြန်မာကလေးငယ်များအား ဖြားယောင်းကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခိုင်းရုံမျှမက နောက်ပိုင်းတွင် ထိုကလေးငယ်များအား ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြို့များတွင် ပန်းများ လှည့်လည်ရောင်းချခိုင်းသည်လည်း ရှိနေသည်ဟု ချင်းမိုင်မြို့ရှိ ထိုင်းနိုင်ငံမြောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ မန်နေဂျာ Duan Wongsa က ပြောကြားခဲ့သည်။
“သိပ်တောင် မကြာသေးဘူး၊ လူကုန်ကူးတဲ့သူတွေက Tak ပြည်နယ်က နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေက ကလေးငယ်တွေကို ထိုင်းနိုင်ငံအတွင်းပိုင်းက ပြည်နယ်တွေကို ပို့ပြီးတော့ အလုပ်လုပ်ခိုင်းကြတယ်။ ကလေးတွေကို အရမ်းနည်းတဲ့ မဖြစ်စလောက် လစာလေးတွေနဲ့ အိမ်ဖော်လုပ်ခိုင်းကြတယ်” ဟု သူမက ဆက်ပြောခဲ့သည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး ကြေးမုံ ဖောင်ဒေးရှင်းမှ အကြီးအကဲ Ekkalak Lumchomkae က ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု အခြေအနေသည် စိုးရိမ်စရာကောင်းသည့် အကျပ်အတည်း အခြေအနေကို ဆိုက်ရောက်နေပြီး အဆိုးဆုံးမှာ ငါးဖမ်းလုပ်ငန်း နယ်ပယ်တွင် ဖြစ်သည်ဟု မဇ္ဈိမကို ပြောခဲ့သည်။
GreenFacts.org ဝက်ဘ်ဆိုဒ်က ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံအား ငါးနှင့် ရေထွက်ကုန် ပစ္စည်းများ တတိယ အများဆုံး တင်ပို့သော နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများ ပြတ်လပ်လျက် ရှိနေပြီး ခန့်မှန်းချက်တခုအရ အလုပ်သမား တသောင်းကျော် လိုအပ်လျက် ရှိနေသည်။ ထိုကဲ့သို့ အလုပ်သမား ပြတ်လပ်ရှားပါးမှုသည် လူကုန်ကူးသူများအတွက် ဈေးချိုချိုနှင့် အလုပ်သမားများ ရှာဖွေပေးစရာ လုပ်ကွက်တခုကို ဖြစ်ထွန်းစေခဲ့သည်။
“ကွင်းဆင်းလေ့လာမှုတွေအရ လူကုန်ကူးသူတွေရဲ့ နောက်မှာ နိုင်ငံရေးသမားတချို့နဲ့ အရာရှိတချို့ရှိနေပြီး လူကုန်ကူးသူတွေကို အကာအကွယ်ပေးနေပါတယ်။ အဲဒီတော့ ဥပဒေတွေဟာ ထိရောက်မှုမရှိ ဖြစ်ကုန်ပြီး အရာရှိတွေကလည်း ဥပဒေကို လျစ်လျူရှုနေကြပါတယ်” ဟု Ekkalak က ဆိုခဲ့သည်။
လူကုန်ကူးခံရသူများ လုပ်ကိုင်နေရသည့် အခြားလုပ်ငန်းများမှာ ပြည့်တန်ဆာလုပ်ငန်း၊ တောင်းစားသည့် လုပ်ငန်းနှင့် ပန်းရောင်းသည့် လုပ်ငန်းများဖြစ်ပြီး အခြေအနေများမှာ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်များက ကဲ့သို့ပင် တိုးတက်မှု မရှိသေးဟု ကြေးမုံ ဖောင်ဒေးရှင်း၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ရရန်အတွက် လူပွဲစားများသို့ ပေးရသည့် ငွေကြေးပမာဏမှာလည်း ပိုများလာပြီး မကြာသေးခင်က ပေါက်ဈေးအရဆိုလျှင် ဘတ် ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၀ ခန့်) မှ ဘတ် ၂၅၀၀၀ အထိ ရှိနေပြီး ပြီးခဲ့သည့်နှစ်က လူပွဲစားများ တောင်းဆိုသည့်နှုန်းထက် ၂ ဆနီးပါး မြင့်တက်နေသည်။ အလုပ်သမား အများစုမှာ ထိုငွေကို ပြန်ဆပ်နိုင်ရေးအတွက် အနည်းဆုံး တနှစ်ခန့် ယူရလေ့ရှိသည်ဟု Ekkalak က ပြောသည်။
Ekkalak က ဆက်လက်ပြောရာတွင် ထိုင်းရဲများသည် သံသယရှိသော စက်ရုံများအား အလစ်ဝင်ရောက် စစ်ဆေးခြင်းအားဖြင့် မြန်မာလူကုန်ကူးသူ အနည်းစုကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ကွယ်မှ ကြိုးကိုင်နေသူများကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိဟု ပြောခဲ့သည်။ “ဒေသတွင်းက ရဲတွေဟာ အဓိက ကျသူတွေကို ကျတော့ ၂၀၀၈ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးအတိုင်း အရေးယူဖို့ ဝန်လေးနေကြပြီးတော့ သိပ်အဓိက မကျတဲ့ လူတွေကိုပဲ အရေးယူနေကြပါတယ်” ဟု ပြောခဲ့သည်။
ထိုဖောင်ဒေးရှင်းမှ လူကုန်ကူးမှု ပြဿနာ ဆိုးဆိုးရွားရွားဖြစ်နေသော ပင်လယ်နှင့်ထိစပ်နေသည့် Songkhla၊ Chonburi၊ Samut Sakhon နှင့် Samut Prakan ပြည်နယ်များအား နာမည်ပျက်စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။
မဲဆောက်မြို့မှ ၁၄ နှစ် အရွယ်ရှိ မူဆလင် ကလေးမလေး တဦးသည် ဘန်ကောက်မြို့တွင် ပန်းလှည့်လည်ရောင်းချရန် ဖြားယောင်းခြင်း ခံခဲ့ရပြီး သူမ အလုပ်လုပ်ခဲ့သည့် ၂ နှစ်စာအတွက် သူမ၏ အလုပ်ရှင်ထံမှ လခ မရခဲ့ဟု ပြောသည်။
“သူတို့က အမေ့ကို သမီးရဲ့ လုပ်အားခတွေ ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ အမေလည်း တကယ် မရဘူး။ သမီး ပန်းရောင်းလို့ ပိုက်ဆံသိပ်မရတဲ့ အခါမျိုးဆို ခေါင်းကိုလည်း ရိုက်တယ်” ဟု ဆယ်ကျော်သက်အရွယ် ကလေးမလေးက ပြောခဲ့သည်။
သူမသည် အိမ်နီးချင်းများ အကူအညီဖြင့် အဓမ္မခိုင်းစေသူ အလုပ်ရှင် လက်ထဲမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မဲဆောက်မြို့သို့ ပြန်လာခဲ့သည်။ မြန်မာနိုင်ငံနှင့် နယ်စပ် မဲဆောက်မြို့၊ ထိုင်းနိုင်ငံ အနောက်တောင် ကမ်းရိုးတန်းရှိ နယ်စပ် ရနောင်းမြို့နှင့် မြောက်ပိုင်းရှိ ချင်းရိုင်ဒေသ တို့သည် လူကုန်ကူးသူများ ကျက်စားသော နေရာများ ဖြစ်ကြသည်။
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဝန်ကြီး Issara Somchai က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေး ကင်ပိန်းဖွင့်ပွဲတွင် လူကုန်ကူးမှုများသည် ရှုပ်ထွေးသော အနေအထားများ ဖြစ်လာနေသည်ဟု ပြောခဲ့သည်။
လူကုန်ကူးမှု ကွန်ယက်များသည် ကလေးငယ်များနှင့် လူငယ်များ၏ ပိုမိုတိုးတက်လိုသော ဘဝကို ရရှိလိုသည့် စိတ်ဆန္ဒ အခြေအနေကို အသုံးချ မက်လုံးပေးကာ ၎င်းတို့အား အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့လျက်ရှိနေသည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဌာန ဝက်ဘ်ဆိုဒ်၏ သောကြာနေ့က ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံ၏ ပထမဆုံးသော လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေသည် ၂၀၀၈ ခုနှစ် ဇွန်လတွင် စတင်ချမှတ်ခဲ့ကာ တစစ ကြီးထွားလာနေသည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ခဲ့သည်။ ထိုဥပဒေအရ တရားမဝင် အလုပ်ခန့်ထားမှု၊ တရားမဝင် လူကုန်ကူး ခေါ်ဆောင်သွားမှု၊ လူပွဲစားများမှ အလုပ်သမားများအား တရားမဝင် လွှဲပြောင်းရောင်းချမှု၊ ခြိမ်းခြောက်ကာ အလုပ်ခိုင်းစေမှု၊ ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အလုပ်အတင်းအကျပ် ခိုင်းစေမှု စသည့် လူကုန်ကူးမှု ပုံစံမျိုးစုံအား တားမြစ်ထားသည်။
ထိုဥပဒေအရ လူကုန်ကူးခံရသူများအား ပြည့်တန်ဆာ လုပ်ငန်းများတွင် ခိုင်းစေခြင်း၊ အပြာစာအုပ် အပြာဗီဒီယို စသည့် ရာဂစိတ် ဖြစ်စေရန် ရည်ရွယ်သည့် အရာများ ဖြန့်ချိရန်အတွက် လူကုန်ကူးခံရသူ အမျိုးသမီးများအား အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သော လုပ်ငန်းများတွင် အသုံးချခြင်း၊ ကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အတင်းအကျပ် တောင်းစားခိုင်းကာ တောင်း၍ရသည့် ပိုက်ဆံများအား ခေါင်းပုံဖြတ်ခြင်း၊ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများအား ရောင်းချရန်အတွက် အကျပ်ကိုင်ခြင်းတို့နှင့် လူကုန်ကူးကာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု ပုံစံမျိုးစုံအား တင်းကျပ်စွာ တားမြစ်ထားသည်။
သို့သော် လူအခွင့်အရေး လှုပ်ရှားသူများက ပြဿနာ ပြေလည်မှုသည် ဥပဒေပြဋ္ဌာန်းရုံနှင့် မလုံလောက်ဘဲ ထိုဥပဒေကို လိုက်နာအသုံးချကြမှသာလျှင် ပြဿနာများ လျော့နည်းသွားလိမ့်မည်ဟု ထောက်ပြခဲ့ကြသည်။ ဒေသဆိုင်ရာ ရဲများသည် လက်နက်များ ကိုင်ဆောင်ထားလေ့ရှိသည့် သို့မဟုတ် လူမှုရေး အရှိန်အဝါ သြဇာကြီးသည့် လူကုန်ကူးသူများအား ဖမ်းဆီးအရေးယူရန် စိတ်မပါဘဲ ဖြစ်နေကြကာ ဥပဒေမှ ပြဋ္ဌာန်းထားသလောက် အရေးယူမှုများ မပြုလုပ်ဘဲ အဖြစ်သဘောခန့်သာ ဆောင်ရွက်အရေးယူနေကြသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုကြသည်။
Rest of your post
ပြည်သူ့ ဆန္ဒအတိုင်း နုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီး ဗမာပြည်မှာကော ဖြစ်ပါ့မလား ဖြစ်မယ်ထင်ဘူး
ဟာတိုယာမ ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ပြီးနောက် အတိုက်အခံများက အထွေထွေရွေးကောက်ပွဲကျင်းပရန်တောင်းဆို
ရေးသားသူ ။ ။ moethaukkye Saturday, June 5, 2010 Labels: ဘာသာပြန်သတင်းများ
ဂျပန်ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်နေသော ဒီမိုကရက်တစ်ပါတီ (DPJ)အကြီးအကဲ ယူကီအို ဟာတိုယာမသည် ဇွန်လ ၂ ရက်နေ့က ရာထူးမှနှုတ်ထွက်ကြောင်းကြေညာလိုက်သည်။ ''ကျနော်ရဲ့လုပ်ဆောင်နေမှုများအပေါ် ပြည်သူလူထုလက်ခံလာ အောင်မရှင်းပြနိုင်တဲ့အတွက် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ပါတယ်''ဟု ပြောခဲ့သူ ဟတိုယာမက သူ့ကိုလူအများလက်မခံရသည့်အဓိကအချက် ၂ ခုမှာ သူ၏မဟာမိတ်ပါတီဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP)နှင့်လမ်းခွဲခဲ့ရသည့်တိုင်ဖြစ်ခဲ့ရသည့် အိုကီနာဝါရှိ အမေရိကန်စစ် စခန်းပြောင်းရွေ့ရေးအတွက် အရှုံးကြီးရှုံးနိမ့်ခဲ့ရခြင်းနှင့် 'ငွေကြေးနှင့်နိုင် ငံ ရေး'အရှုပ်တော်ပုံတွင် သူနှင့်အတူ ပါတီ၏အထွေထွေအတွင်းရေးမှူး 'အိချီရို အိုဇာဝါ'ပါဝင်ပတ်သက်နေခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။
အဆိုပါနေ့တွင်ီဏဲ၏သြဇာအကြီးမားဆုံးပုဂ္ဂိုလ်၊ ပါတီ၏ အထွေ ထွေအတွင်းရေးမှူးနေရာယူထားသူ အိုဇာဝါသည်လည်း ရာထူးမှဆင်း ပေးခဲ့သည်။ အကြောင်းမှာ သန့်ရှင်းသစ်လွင်သေီာဏဲပါတီကို ပြန် လည်ဖွဲ့စည်းရန်အတွက်ဖြစ်သည်ဟု ဟတိုယာမကပြောကြားခဲ့သည်။ ထိုကိစ္စနှင့်ပက်သက်၍ အိုဇာဝါမှလည်း သူ့အနေနှင့် ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သူ၊ ပါတီ၏အကြီးအကဲလည်းဖြစ်ခဲ့သူ ဟတိုယာမကို အပြည့်အဝ မကူညီနိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဝမ်းနည်းစကား ပြောဆိုခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်ရာထူးမှ ဟတိုယာမနှုတ်ထွက်ကြောင်းပြောဆိုခဲ့ သည့်နေ့မှာပင် အတိုက်အခံလစ်ဘရယ်ဒီမိုကရက်တီပါတီ(LDP)မှနေ ၍ အထွေထွေရွေးကောက်ပွဲပြုလုပ်ပေးရန် ပြင်းပြင်းထန်ထန်တောင်း ဆိုခဲ့သည်။ LDPပါတီ၏အတွင်းရေးမှူး 'တာဒါမိုရီ အိုရှီမား'က ဟတိုယာမနှုတ် ထွက်ခြင်းသည် ပြဿနာတခုကိုဖြေရှင်းလိုက်သည်မဟုတ်ကြောင်း၊ ဝေဖန်ပြောဆိုခဲ့ပြီး မဲဆန္ဒရှင်တို့ကိုကတိပေးခဲ့သည့် ညြေင်နျအသကို လေး စားသည်ဆိုလျင် ပါလီမန်ကိုဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲကို ဆင့်ခေါ်သင့်သည်ဟုပြောဆိုခဲ့သည်။ ¤င်းကဆက်လက်၍ ပြုတ်လုဆဲဆဲဖြစ်သော ဝန်ကြီးချုပ်ရာထူးကို နှုတ်ထွက်ကြောင်းကြေညာခဲ့ခြင်းသည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် အထက်လွှတ်တော်ရွေးကောက်ပွဲအနိုင်ရရေး ကိုရည်ရွယ်ပြီး ပြည်သူလူထုကို လိမ်လည်လှည့်ဖျားမှုသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
လွန်ခဲ့သော ၉ လခန့်က ဂျပန်နိုင်ငံ၏ နိုင်ငံရေးတော်လှန်မှုတရပ်ဟု တင်စားခံခဲ့ရသည့် ဟတိုယာမ၏ီဏဲပါတီသည် ရာစုနှစ်တစ်ဝက်နည်းပါးအုပ်ချုပ်လာခဲ့သောီူဏ ပါတီကို မဲအပြတ်အသတ်ဖြင့်အလဲထိုးနိုင်ခဲ့သည်။ ထိုအချိန်က လူထုထောက်ခံမှု ၇၂%ကျော်ရရှိခဲ့သော ဟတိုယာမ၏ီဏဲပါတီသည် ယခုအခါ လူထုထောက်ခံမှု ၂ဝ%အောက်သို့ ရောက်ရှိနေပြီဖြစ်သည်။
မေလကုန်နောက်ဆုံးထား၍ အဆုံးအဖြစ်ပေးရမည်ဖြစ်သော အိုကီနာဝါရှိ အမေရိကန်လေတပ်စခန်းကိစ္စအတွက် အိုကီနာဝါဒေသမှ လူများ၏ခွင့်ပြုချက်၊ မဟာမိတ်ပါတီနှင့်အမေရိကန်တို့ထံမှခွင့်ပြုချက်ကို အောင်မြင်စွာရယူနိုင်ခဲ့သော်လည်း၊ အစိုးရ၏ရွေ့ပြောင်းရေးပေါ်လစီမှာ ဝါရှင်တန်အစိုးရနှင့် သဘောတူညီခဲ့မှုတခုတည်းကိုမူတည်၍ ထုတ်ပြန်ခဲ့ခြင်းသာဖြစ်သည်။ နောက်ဆုံးတွင် စစ်အခြေစိုက်စခန်းကိုယခင်နေရာဖြစ်သော အိုကီနာဝါကျွန်းတွင် ဆက်လက်ထားရှိမည်ဟုကြေညာခဲ့ရသည်။
ငွေကြေးချမ်းသာပြီး သြဇာအာဏာကြီးမားသည့်မျိုးရိုးမှ ဆင်းသက်လာခဲ့သော ဟတိုယာမသည် ပြည်လူထု၏ ယုံကြည်ကိုးစားမှုကို လက်လွတ်ဆုံးရှုံးခဲ့ရသော်လည်း မျိုးဆက်သစ်များအနေဖြင့် သူ၏လုပ်ဆောင်ခဲ့မှုများအပေါ် အမှတ်ရစေမည်ဟုမျှော်လင့်ကြောင်း ပြောဆိုသည်။ လုပ်ငန်းတာဝန်ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်ပြီး သူ၏ီဏဲပါတီဝင်များက ''ဝန်ကြီးချုပ်ကို ကျနော်တို့က 'ကမ္ဘာရှား'(ေူငနည)လို့ချစ်စနိုးခေါ်ကြပါတယ်။ လောကီလူသားထဲကနေ နည်းနည်းထူးခြားတဲ့ပုံစံရှိလို့ပါ..''ဟု ပြောဆိုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း၏သား၊ စတန့်ဖို့တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိခဲ့သူ ယူကီအို ဟတိုယာမသည်ီူဏပါတီမှ ၁၉၉၃ တွင်ခွဲထွက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင်ီဏဲပါတီဖွဲ့စည်းခဲ့သည့်ခေါင်းဆောင်တဦးလည်းဖြစ်သည်။ ရာထူးမှနှုတ်ထွက်ခဲ့သည့် ဟတိုယာမသည် ဂျပန်ဝန်ကြီးချုပ်တာဝန်ကို ၁ နှစ်ထက်မပိုပဲထမ်းဆောင်ခဲ့သူ ၄ ဦးမြောက်အဖြစ် မှတ်တမ်းဝင်စေခဲ့သည်။ီဏဲပါတီအထက်လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ရှိ ၆ နှစ်သက်တမ်းမှာ လာမည့်ဇူလိုင်လတွင် ကုန်ဆုံးမည်ဖြစ်သည်။ အနေဖြင့် အောက်လွှတ်တော်တွင် အမတ်နေရာများစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း အထက်လွှတ်တော်၌ အမတ်နေရာအများအပြားမရှိပေ။(မောင်အောင်ဌေး-japantodayမှ)
Opposition calls for geRest of your post
ကိုစိုင်းသိန်းဝင်း နူကလီးယား လက်နက် အကြောင်း ဗမာဘာသာပြန်(ကိုအောင်ဆန်းမန်း)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ခွဲထွက်သွားတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြောဆို...
သတင်း...ဒီမိုဝေယံ ၄ ဇွန် ၁၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်များဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ တည်ထောင်ထားတဲ့NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာမှ မပတ်သတ်ကြောင်း.. NLD အဖွဲ့ရဲ့ ညီနောင်လည်းမဟုတ်ကြောင်း ပြောဆိုတယ်လို့ ယနေ့ ကြာသာပတေးနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" ဒီနေ့ အန်ကယ်တို့ နေလည်၁၂နာရီခွဲက ဦကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ ဒေါ်ခင်ဋ္ဌေးကြွယ်ရယ် သုံးယောက်ပေါ့.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိကကတော့ ဦးအောင်ဆန်းဦးက တရားရုံးချုပ်မှာ အယူခံတင်တဲ့ ကိစ္စပေါ့ ..အိမ်ပြင်တဲ့ ကိစ္စသူလျှောက်တာကို တရားရုံးက ပယ်တဲ့ အတွက်ကြောင့် သူကအယူခံထပ်တင်တာ..... လျှောက်လဲချက်ပေးဖို့ သွားတွေ့တာပေါ့ ... ကျန်တာကတော့ ဒီပြင့် အမှုကိစ္စတွေလည်းပြောတယ်... နိုင်ငံရေးလည်း ပြောဖြစ်တာပေါ့... ပြောတဲ့ထဲမှာ အခုNDF ပေါ့.. ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က အခုအဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဘာမှ မသက်ပတ်ဘူး. NLD ရဲ့ ညီနောင်လည်းမဟုတ်ဘူးလို့ ပြောဆိုတယ်။ နောက်ဒီအဖွဲ့ကိုလည်း အခုရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီ ၄၀ထဲက တစ်ခုအဖြစ်ပဲ မြင်တယ်။ ပါတီ ၄၀ အပေါ်မှာကတော့ အခုအချိန်မှာ သူ့အနေနဲ့ ဘာမှ ကောက်ချက် မပေးနိုင်ကြောင်း ပြောဆိုပါတယ်။
နောက်တစ်ခုက အဖွဲ့ချုပ်က အခုလို မှတ်ပုံမတင်ပဲနဲ့ နေလိုက်တဲ့အခါမှာ ဒေါ်စုက ဒီ့နောက်ပိုင်းမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေထောက်ခံမှု၊ ပါတီတွင်းထောက်ခံမှု ပိုမိုရရှိတယ်လို့ သူခံစားရတယ်။ နောက်တိုင်းရင်းသားတွေနဲ့ ပတ်သတ်ပြီး ဒေါ်စု တစ်ခုပြောတယ် ... တိုင်းရင်းသားတွေ မပါပဲနဲ့ အမျိုးသားရင်ကြားစေ့ရေး မဖြစ်နိုင်ဘူး.. အဲဒီတော့ တိုင်းရင်သား အရေးကို အလေးအနက်ထားရမယ်။ တစ်ချို့သော တိုင်းရင်းသား အဖွဲ့စည်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတယ် ဆိုတဲ့ အသံတွေ ကြားရတယ်။ ဒါယာ ဝမ်းသာစရာပဲ တိုင်းရင်းသားနဲ့ ပြည်မနဲ့ဟာ ဒီလို အပြန်အလှန် နားလည်နိုင်ကြမှ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မယ်လို့ အဲ့ဒါတွေ ပြောပါတယ်။
တစ်ခုထပ်ပြောတာက အမေရိကန် ကွန်ကရက်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပါတီနှစ်ခုပေါင်းက ဆီးနိတ်အမတ် ၆ယောက်က Statement တစ်ခုထုတ်တယ် ကြားရတယ်။ အဲ့ဒီ Statement မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်တာကို ထောက်ခံတယ် .... လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကိုလည်း အသိအမှတ်ပြုတယ်.. အဲ့လိုပါတယ်။ ဒါကြောင့် ဒီဆီနိတ်တာ များကိုလည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ အန်ကယ်တို့ထွက်လာတဲ့ ညနေ ၃နာရီလောက်မှာ.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဒေါက်တာတင်မျိုးဝင်း တွေဖို့ စောင့်နေတာ တွေ့ပါတယ် "ဟု အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၆ရက်နေ့ ပါတီမှတ်ပုံတင်ရက် ကုန်ဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း အပါအဝင်တစ်ချို့ လူနည်းစုမှ NDF ပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။ ယခင်အဖွဲ့ချုပ်ဗဟို စီအီးစီ ၂၀ဦးအနက် လက်ရှိ ကြံကြံခံရပ်တည်နေသည့် ဗဟို စီအီးစီအဖွဲ့ဝင် ၁၅ဦးရှိပြီး ပြီးခဲတဲ့ လက စီအီးစီအဖွဲ့ဝင် သခင်စိုးမြင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ ခွဲထွက် NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
ံ Rest of your post
မပေးနိုင်တော့ ထိုးတော့တာပေါ့နော်
Burmese Navyရခိုင်ပြည်နယ် သံတွဲမြို့နယ် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ တပ်ကြပ်ကြီး တဦးကို ဒေသခံ ပြည်သူများထံမှ မတရား ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ လူငယ်တဦးက ဓါးနှင့်ထိုး ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဓါးထိုးမှုမှာ သပြုချိုင် ဈေးတွင် ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဓါးထိုး ခံရသည့် ရေတပ်ကြပ်ကြီးမှာ ဌေးဦးဆိုသူ ဖြစ်ပြီး သပြုချိုင် ဈေးတွင် လာရောက်ဈေးဝယ်နေစဉ် ယခုကဲ့သို့ ဓါးထိုးခံရခြင်း ဖြစ်သည်။
ဓါးထိုးသူမှာ သံတွဲမြို့နယ် ဇရပ်တောင်ကျေးရွာနေ အဖ ဦးမောင်ရွှေသား ကိုလုံးမောင်ဖြစ်ပြီး ယခုအခါ ကိုမောင်လုံးမှာ တိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။
� အဲဒီ တပ်ကြပ်ကြီး ဈေးဝယ်နေတုန်းမှာ ကိုလုံးမောင်က နောက်ကနေ ဓါးနဲ့ ထိုးတာပါ။ သုံးချက် ထိုးတယ်။ ဒဏ်ရာ ဘယ်လောက် ပြင်းတယ်ဆိုတာတော့ မပြောနိုင်ဘူး။ ဆေးရုံကို ချက်ချင်း ယူသွားတယ်� ဟု ဆင်ခေါင်းကျေး ရွာသား တဦးက ပြောသည်။
ကိုလုံးမောင်ထံမှ လစဉ် အဆိုပါ တပ်ကြပ်ကြီးက ပင်လယ်ပြင်ထဲ ငါးဖမ်းခ အဖြစ် ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ ဓါးနှင့် ထိုးခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
� တပ်ကြပ်ကြီး ဈေးဝယ်စရာရှိတယ်ဆိုပီး ငွေလာတောင်းတယ်။ ကိုလုံးမောင်က ငါးဖမ်း မထွက်နိုင်တဲ့ အတွက် ငွေမရှိသေးဘူးလို့ ပြောတယ်။ အဲသလို မပေးနိုင်တဲ့ အပေါ် မချေမငံ ပြောတော့ ကိုလုံးမောင်လည်း အရှက်ရပီး ဈေးထဲမှာ နောက်ကနေ ဓါးနဲ့ထိုးတာ ဖြစ်ပါတယ်။�
ဒေသအတွင်းရှိ ဆင်ခေါင်းကျေးရွာ၊ ဇရပ်တောင်၊ ခမောင်းတန်း၊ မြိုတောင် ကျေးရွာနှင့် တခြားကျေးရွာ သားများမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး သူတို့ အနေဖြင့် ပယ်လယ်ပြင်တွင် ထွက်၍ ငါးရှာခွင့် ရရန်အတွက် သပြုချိုင် ရေတပ်ကို ပိုက်ဆံ ပေးရသည်။
အဆိုပါ ဒေသမှ ရေလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းစက်လှေပိုင်ရှင်များ အနေဖြင့် စက်လှေတစီးလျှင် ကျပ်ငွေ ၁ သိန်းခွဲနှုန်းဖြင့် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ ဗိုလ်ကြီး သောင်းရွှေအား ပေးရပြီး မပေးပါက ငါးဖမ်းခွင့် မရှိကြောင်း သိရသည်။
ငွေမပေးဘဲ ငါးဖမ်းသည့် စက်လှေပိုင်ရှင်များကို ရေတပ်စခန်းသို့ ဆင့်ခေါ်ပြီး ထိတ်တုံးခတ်ကာ ငွေပေးမှ ပြန်လွှတ် ပေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဓါးထိုးခံရသည့် တပ်ကြပ်ကြီး ဌေးဦးမှာ ယခုအခါ သံတွဲ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသ နေကြောင်း သိရသည်။
:----------------------------------- ----------------------------------- ----------------------------------- -----------------------------------:
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post
စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း ပေါက်ကြား (မှားနေတာကို မှားနေမှန်း မသိကြသော နအဖ လူထုကို မကြည့် အာဏာကိုသာကြည့်၏)

စက်ယန္တရား ထိန်းချုပ်ခုံတခုရှေ့တွင် တွေ့ရသော ဗိုလ်မှူး စိုင်းသိန်းဝင်း (ဓာတ်ပုံ - DVB)
ခက်ထန် Friday, June 04, 2010
ပြည်ပသို့ တိမ်းရှောင် လာသော စစ်ဘက် အရာရှိတဦးက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို ထုတ်ဖော် လိုက်သည့် အတွက် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားသွားသည်။
စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း အကြောင်း ပြောဆိုမှုများ ရှိနေ သော်လည်း ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင် လာသည့် အထောက် အထား များကြောင့် စစ်အစိုးရ၏ လျှို့ဝှက် အစီအစဉ်များ ပိုမိုခိုင်မာ လာပြီး နိုင်ငံတကာနှင့် ဒေသတွင်းတွင် လုံခြုံရေး ခြိမ်းခြောက်မှုများ ဖြစ်လာ နိုင်ကြောင်း လေ့လာ သူများက သုံးသပ်ကြသည်။
“သူတို့ တကယ် လိုချင်တာက အဏုမြူဗုံးပဲ။ အဲဒါ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒုံးကျည်တွေ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင် ချင်တယ်” ဟု ဗိုလ်မှူး စိုင်းသိန်းဝင်းက နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အယ်လ်ဂျာ ဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်သည့် သတင်း မှတ်တမ်းတွင် ပြောသည်။
စစ်သက် ၁၅ နှစ်ရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်ပြီး မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲဖြစ်ခဲ့သည်။ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ယူဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။
ရရှိလာသော စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော “မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်။
ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံအထောက်အထားများတွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။
မြန်မာ့အရေးလေ့လာသူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ် လစ်တနာက “မြန်မာပြည်က ဒီလိုမျိုး အထောက်အထား စာရွက်စာတမ်းတွေ ထွက်လာတာ တခါမှ မတွေ့ဖူးဘူး” ဟု အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။
ဝါရှင်တန် အခြေစိုက် လက်နက် ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေး ဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူး ဂျွန် အိုင်ဆက်စ် ကမူ စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းကို သံသယ ရှိသော်လည်း အတိအကျ ကောက်ချက်ချရန် အသင့် မဖြစ်သေးကြောင်း အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးသည်။
ဥမင် လိုဏ်ခေါင်းများမှာ သာမန် ရည်ရွယ်ချက် အတွက်သုံးရန် ဆိုသော်လည်း တချို့မှာ ဘောလုံးကွင်း ၂ ခုစာမျှ ကျယ်နေကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သို့ ပြောသည်။
စစ်အစိုးရသည် ကားသွားလာနိုင်လောက်အောင် ကျယ်ဝန်းသည့် လိုဏ်ခေါင်းများ၊ ပြင်ပမှ ပစ်ခတ် တိုက်ခိုက်ခြင်း မရှိအောင် တည်ဆောက်ထားသည့် ဥမင်များ၊ ချိတ်ဆက်ထားသည့် ဥမင်လမ်းရှည်များ ရှိနေကြောင်း စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် တခြား စစ်ဘက်အရာရှိများကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ထုတ်လွှင့်သွားသည်။
“မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” သုံးသပ်ချက် စာတမ်းအရ ဥမင်လိုဏ်ခေါင်းများကို မြောက်ကိုရီးယားအကူအညီနှင့် တည်ဆောက်ရာတွင် ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိမည်ဟု ဖော်ပြထားသည်။
အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရသည် နျူကလီးယား စီမံကိန်းအတွက် ငွေများကို ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များဖြင့် လုပ်ဆောင်နေသည်ဟု ပြောသွားသည်။ ရတနာ ကမ်းလွန် ဘသာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၇.၅ သန်း ရရှိသည်။ စစ်ရေး ငွေများ ပိုမို သုံးစွဲရန် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရငွေများကို တိုးချဲ့ သုံးစွဲသွားဖွယ် ရှိသည်ဟုလည်း ပြောသွားသည်။ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ အဆိုအရ စစ်အစိုးရသည် ယင်းလုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ သန်း ရရှိသည်ဟု သိရသည်။
စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း DVB နှင့် အယ်လ်ဂျာဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်မှုမတိုင်ခင် ဇွန်လ ၃ ရက်နေ့တွင် အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည်။ မြောက်ကိုရီးယားနှင့် မြန်မာ၏ နျူကလီးယားဆိုင်ရာ သံသယ ဖြစ်ဖွယ် ဆက်ဆံရေးကြောင့် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အိုဘားမား အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်သင့်ကြောင်း တိုက်တွန်းထားသည်။
ဇွန်လ ၃ ရက်နေ့က ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျင်မ် ဝက်ဘ်က “ထိုအရေးကိစ္စများကို မရှင်းလင်းဘဲ ဤအချိန်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လျှင် အမြော်အမြင်ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်” ဟု ပြောသည်။
လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန၏ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ယနေ့မှ စ၍ ၆ ရက်နေ့ အထိ စင်ကာပူတွင် ကျင်းပနေသည်။ အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရေးအတွက် အရေးပါသော ပွဲဖြစ်ပြီး ယနေ့ ထွက်ပေါ်လာသော မြန်မာ နျူကလီးယား လှုပ်ရှားမှု အထောက် အထားများနှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ရှိသည်။
ယခုနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် သို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ် အကြီးအကဲများ၊ လုံခြုံရေးဆိုင်မရာ မူဝါဒ ချမှတ်သူများ တက်ရောက်သော်လည်း စစ်အစိုးရဘက်မှ မည်သူ တက်ရောက်ကြောင်း မသိရှိရသေးပေ။ ယမန်နှစ်က ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့် တက်ရောက်ခဲ့သည်။
ယနေ့တွင် ရှန်ဂရီလာ ဒိုင်ယာလော့ဂ်၌ မိန့်ခွန်းပြောရာတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က “ကိုရီးယား ကျွန်းဆွယ်နှင့် မြောက်အာရှတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပျက်ပြားစေသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လေးလေးနက်နက် တုံ့ပြန်သင့်သည်” ဟု ပြောသွားသည်။
[ဗိုလ်မှူး စိုင်းသိန်းဝင်း (ရှေ့တန်း ဝဲဘက်မှ ဒုတိယမြောက်) နှင့် အခြား အရာရှိများ (ဓာတ်ပုံ - DVB)]
ဗိုလ်မှူး စိုင်းသိန်းဝင်း (ရှေ့တန်း ဝဲဘက်မှ ဒုတိယမြောက်) နှင့် အခြား အရာရှိများ (ဓာတ်ပုံ - DVB)
ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။
စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။
အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၀၃ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂၀ အထိ ရန်ကုန်ရှိ ရေတပ်စခန်းတခုနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဧည့်ရိပ်သာ တခုတွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာ စာစောင် က ရေးသားဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။ ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
၂၀၀၉ ခုနှစ် ဇွန်လတွင်လည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းသွားသည့် သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။
၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုးကို မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်တွင် ကျင်းပသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေး ပြောကြားဖူးသည်။
စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅ နှစ် အတွင်း အဏုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ယခုနှစ် မတ်လ ပထမပတ်တွင် ပြောကြားခဲ့သေးသည်။
မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယခုနှစ် ဇန်နဝါရီလ ၇ ရက်က သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။
ဗိုလ်မှူး ဝင်းနိုင်ကျော်သည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ဖမ်းဆီး အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။Rest of your post
ခေတ် မကောင်းတော့
ကွမ်းခြံကုန်းဓားပြမှု လူ ၄ ဦးကို ရဲက ဖမ်းဆီးညိမ်းသူ | သောကြာနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ လူ ၃ ဦးသေဆုံးခဲ့သော ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြမှုကျူးလွန်သူဟု သံသယဖြင့် လူ ၄ ဦးကို ဖမ်းဆီးထားကြောင်း ရဲက ပြောသည်။
ရွာသားများကို လက်ပစ်ဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သော ဦးအေးသန်းကတော့ လွတ်မြောက်နေဆဲဖြစ်သည်ဟု ဆိုသည်။
ဓားပြများက တပ်မ ၇၇ ခြေမြန်တပ်ရင်းတံဆိပ်ပါ စစ်ဝတ်စုံများ ဝတ်ဆင်ထားခဲ့သည်ဟု ရဲက ပြောသည်။ သတင်းစာရှင်းလင်းပွဲတွင် သိမ်းဆည်းရမိသော အေကေ ၄၇ သေနတ်ကိုလည်း ပြသထားသည်။
”ဒီိလို စစ်ယူနီဖောင်းဝတ်လုပ်ရင် တပ်မတော်ဘက်ကို လမ်းကြောင်းပြောင်းသွားပြီး သူတို့လုပ်ရပ်ကို ခြေရာခံဖို့ ခက်မယ်လို့ ယူဆပြီး ဝတ်ကြတာ” ဟု ရဲချုပ်က ပြောသည်။
အခင်းဖြစ်ပွားအပြီး ၃ ရက်အကြာ ယခင်က ဓားပြမှုတခုဖြင့် ထောင်ကျဖူးသူ ဦးဆန်းကို ဖမ်းမိရာက ဆက်လက်ဖမ်းနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးသောင်းလွင်၊ ဦးအေးလွင်တို့မှာ ယခင်က ဓားပြမှုနှင့် လူသတ်မှုတို့ အသီးသီး ကျူးလွန်ဖူး၍ နှစ်ရှည်ထောင်ကျဖူးသူများလည်း ဖြစ်သည်။
ညအချိန် ဓားပြမှုတိုက်မှုတွင် လူ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာရရှိသူများအနက် ၁ ဦး ထပ်မံသေဆုံးခဲ့သည်။
ဓားပြ ၅ ဦးက စစ်သားများ စစ်ဆေးရန် ဟန်ဆောင်ပြီး အိမ်ခြံတွင်း ဝင်ရောက်ကာ စာရင်းငှား ကိုသာကျော်နှင့် ကိုဖိုးထူးကို ကြိုးတုတ်ကာ အိမ်ရှင်ဒေါ်သိန်းမြင့်ထံမှ ငွေတောင်းစဉ် ကိုဖိုးထူး လွတ်မြောက်ထွက်ပြေးသွားပြီး ”ဓားပြ၊ ဓားပြ” ဟု အော်ဟစ်၍ ရွာသား ၃ဝ ခန့် အခင်းဖြစ်အိမ်နားသို့ ရောက်လာပြီး ခဲများ၊ လေးခွများဖြင့် ဝိုင်းဝန်းပတ်ခတ်ရာ ဓားပြများက သေနတ်ဖြင့် ပြန်လည်ပစ်သည်ဟု ရဲက ပြောသည်။
ဓားပြများက အိမ်နောက်ဘက် ခြံစည်းရိုးမှတဆင့် ဖောက်ထွက်ပြီး ရွာလယ်လမ်းမအရောက် ရွာသားများက လိုက်ပါလာပြန်သည်ကိုတွေ့ရာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားရာ သေဆုံးဒဏ်ရာရမှု ဖြစ်သွားခဲ့သည်။Rest of your post
အော် ခင်ရီ စကားပြောကောင်းတဲ့  ကိုကို ...ဒီအပြောမျိုးရိုးနေပေါ့
ကွမ်းခြံကုန်းဓားပြမှု ကေအန်ယူ တပ်ဖွဲ့ဟောင်းများ ပါဝင်ဟု ရဲမှူးချုပ်ခင်ရီ စွပ်စွဲ
တက်လူ / ၀၄ ဇွန် ၂၀၁၀
ကွမ်းခြံကုန်းမြို့နယ်အတွင်း ဒရယ်လူးကျေးရွာတွင် လူသတ် ဓားပြတိုက်ခဲ့သော တရားခံများအနက် (၂) ယောက်မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၁) လက်အောက်မှဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ခင်ရီက ပြောကြားလိုက်သည်။
ရန်ကုန်မြို့ ပြည်ထဲရေးရုံးရှိ စည်းဝေးခန်းမတွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့်တွေ့ဆုံကာ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လအတွင်း ဒရယ်လူးတွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှု ဖြစ်စဉ်တွင် ဓားပြ (၅) ဦးပါဝင်ပြီး (၄) ဦး ဖမ်းဆီး ရမိထားကြောင်း၊ ဖမ်းဆီးရရှိထားသူထဲမှ ခင်မောင်ဝင်း (ခ) မောင်ဝင်းနှင့် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့် အေးသန်းတို့မှာ ကေအန်ယူ ထပ်မဟာ (၁) လက်အောက်ခံ ဗိုလ်မောင်နီ၏တပ်ခွဲမှ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ကြောင်း ရဲမှူးချုပ် ခင်ရီက ပြောသည်။
၎င်းတို့ (၂) ဦးမှာ ၁၉၉၀ ပြည့်နှစ်က သထုံမြို့ ရှေ့တန်း အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်တွင် အလင်းဝင်ခဲ့ကြသော ကေအန်ယူတပ်ဖွဲ့ဝင်ဟောင်းများဖြစ်ပြီး ဓားပြများ ပစ်ခတ်ခဲ့သော သေနတ်များမှ AK-47 ဖြစ်ပြီး M-67 လက်ပစ်ဗုံးကိုလည်း အသုံးပြုသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်က ပြောကြားသွားသည်။
ပြီးခဲ့သည့် မေ (၁၆) ရက်တွင် ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာ၌ အိမ်ရှင် ဒေါ်သိန်းမြင့်နေအိမ်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ပွဲချင်းပြီး လူ (၂) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၂) ဦးထဲမှ နောက်ထပ် (၁) ဦး သေဆုံး ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ဓားပြတိုက်သူများက စစ်အ၀တ်အစားများ ၀တ်ဆင်ထားသည့်အတွက် ရန်ကုန်တွင် စစ်သားများ ဓားပြတိုက်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
ထိုသတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ ရဲမှူးချုပ်က “ပြည်ပအသံလွှင့်ဌာနတွေက ထင်ယောင်ထင်မှားဖြစ်အောင် အသံလွှင့်တာတွေ ရှိပါတယ်။ စစ်သားယောင်ဆောင်ပြီးတော့ ဓားပြတိုက်တာသာ ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောဆိုသည်။
ယခုအခါ ဓားပြ တရားခံများအနက်မှ (၄) ဦး ဖမ်းမိကာ (၁) ဦးမှာ ထွက်ပြေးနေဆဲဖြစ်ကြောင်း သိရသည်။
ကွမ်းခြံကုန်းဓားပြတိုက်မှုနှင့် ပတ်သက်၍ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးချုပ်ခင်ရီ၏ ပြောကြားချက်များကို ကေအန်ယူတပ်မဟာ (၁) မှ ဗဟိုအဆင့်ခေါင်းဆောင်တဦးဖြစ်သူ ပဒိုသောသီဘွဲက ငြင်းဆန်လိုက်သည်။
၎င်းက “ကျနော်တို့တပ်မဟာ (၁) မှာ ဗိုလ်မောင်နီဆိုတာ ဘယ်တပ်ရင်း တပ်ဖွဲ့မှာမှ မရှိခဲ့ဘူး။ ရန်ကုန်တိုင်းထဲအထိ သေနတ်တွေ လက်ပစ်ဗုံးတွေ ယူပြီး ဓားပြသွားတိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ရဲချုပ်ခင်ရီအနေနဲ့ စဉ်းစားတွေးခေါ်ဖို့ လိုတယ်။ ဒီကိစ္စက ကေအန်ယူရဲ့ဂုဏ်သိက္ခာကို ဖျက်လိုဖျက်ဆီးလုပ်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
လွန်ခဲ့သည့် (၁၅) နှစ်ခန့်က ကေအန်ယူတပ်မဟာ (၁) တွင် မောင်နီတဦးရှိခဲ့ပြီး လက်ရှိ ဒီကေဘီအေအဖွဲ့ဝင်ဖြစ်ကာ ဘီးလင်းမြို့နယ် ကော်ဟဲကွင်တွင် တာဝန်ထမ်းဆောင်နေသည်ဟု ဒီကေဘီအေတပ်မှူးတဦးက ပြောသည်။Rest of your post
Friday, June 04, 2010
Myanmar's Secret Nuclear Program Revealed
Defector Says North Korea Helping Myanmar Develop Nuclear Weapons Program
June 4, 2010 SpaceNewsvineRedditDeliciousMixxYahoo With the help of North Korea, Myanmar, formerly known as Burma, has acquired components for a nuclear weapons program, including technology for uranium enrichment and long-range missiles, ABC News has learned.
North Korea may be sharing nuclear technology with Myanmar.A defector from Myanmar -- an army major and deputy commander of a top-secret nuclear facility -- escaped the country with thousands of files detailing a secret nuclear and missile program.
"The purpose is they really want a bomb. That is their main objective," said defector Sai Thein Win, the major who says he visited the installations and attended meetings at which the new technology was demonstrated.
Burma's Nuclear Ambitions - 43min Documentary
Top-secret material gathered over a period of five years seems to provide undeniable evidence of Burma's plans to develop nuclear capability on a par to that of North Korea. A jaw-dropping glimpse into the beginnings of a new nuclear threat.
See Full Film Here:http://www.tuppashare.com/store?p=4070
EU မလည်ရှုပ်လုပ်တော့မည်

ဒေါက်တာဦးမင်းညို နဲ့ ဦးသောင်းမြင့်ဦး တို့ပါဝင် တဲ့ မြန်မာဖက်ကခေါင်းဆောင် တွေ က အခု စစ်အစိုးရ စီစဉ်နေတဲ့ ရွေးကောက် ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံဆွေးနွေးမှု (Unconditional Dialogue) လုပ်ဖို့ အတွက် မြန်မာစစ် အစိုးရ ကိုဖိအား ပေးတိုက်တွန်းပေး ဖို့ အဓိကထား ဆွေးနွေးကြ ပါတယ်။
ဒါပေမယ့် မစ္စတာ ဖတ်စီနို က စစ် အစိုးရရဲ့ ရွေးကောက်ပွဲ ကို လက်ခံဖို့ပဲ တိုက်တွန်းဆွေး နွေးသွားတယ် လို့သိရပါတယ်။ NLD - LA (Japan) နဲ့ခေါင်းဆောင်တွေ က စစ်အစိုးရ ရွေးကောက်ပွဲ ကိုဆန့်ကျင်သွားမှာ ဖြစ် ပြီး NLD ဗဟိုရဲ့ ရပ်တည် ချက် အတိုင်း၊ မြန်မာတိုင်းရင်းသားပြည်သူတို့ရဲ့ ဆန္ဒကိုထင်ဟတ်နိုင်မယ့် မိမိတို့ရဲ့ သဘောထားကို ထင်သာမြင်သာ အောင်ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
မစ္စတာဖတ်စီနို တို့ အဖွဲ့ဟာ ဂျပန်က အပြန်မှာ တရုတ်နိုင်ငံ ကိုဝင်ကြဦး မှာဖြစ်ပြီး ရွေးကောက်ပွဲ ကိစ္စ ကိုပဲ တရုတ်အစိုးရနဲ့ ဆက်လက်ဆွေးနွေး ဖွယ်ရာရှိတယ်လို့သိရပါတယ်။ တကယ်တော့ မစ္စတာ ဖတ်စီနိုဟာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ တရားမျှတ မှု့ မရှိတာလဲ သိတယ်လို့ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကိုလဲ တစုံတရာ မှတ်ချက်ပေးခြင်းမရှိပါဘူးလို့လဲသိရပါတယ်။
ကုလသမဂ္ဂ အထူးသံ ဂမ်ဘာရီ နဲ့ ဥရောပ အထူးသံ ဖတ်စီနိုတို့ ကြောင့် မြန်မာ့အရေး ဟာ ပိုမို တိုးတက် မလာတဲ့ အပြင် ပိုမဆိုး လာအောင်ပဲ ဆုတောင်းရတော့မလို ဖြစ်နေပြီ လို့ မြန့်မာ့ အရေးစောင့်ကြည့်သူ များ ကမချင့်မရဲပြောဆိုနေ ကြပါတယ်။
ဘာသာပြန်ပေးပို့ပေးတဲ့ ၀၀၉ အားကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်များဘလောက်မှာ မှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ခင်ဗျာ။
D - မို က ရေ -C
Tuesday, June 1, 2010
D..မို..က..ရေ..C
(၁)
တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။
ဒါပေမယ့် အဲဒီ့ ကျင့်ခြင်းမှာ
တောင်းတာရော
တိုက်တာရော
ကျင့်တာပါ ပါမယ်။
(၂)
သူ့နောက် သူလိုက်ရင်း
အရှိန်သတ်မရတတ်တဲ့ ဇာတ်ကောင်မှာ
သူ့ကိုယ်သူ သတ်သေတတ်တဲ့ သဘာဝလည်းရှိတယ်။
(၃)
ရေစီးကမ်းပြို စေတနာနဲ့
ပန်းမကြိုက်သူတွေရဲ့ခြံထဲမှာ
နှင်းဆီတွေ အတင်းသွားစိုက်ဖူးတယ်၊
ရိုက်လွှတ်မခံရတာ ကံကောင်း။
(၄)
ဂရိရာဇဝင်ကို ပြန်ကြည့်လိုက်တော့
မဲပုံးထဲက လျှံထွက်လာတဲ့ အမည်းတစက်
ဆိုကရေးတီး လက်ထဲက အဆိပ်ခွက်ပေါ့။
(၅)
ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။
ကောင်းကင်ကိုRest of your posthttp://kaungkinko.myanmarbloggers.org/2010/06/dc.html
ကျောင်းသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းလို သင့်သမိုင်းကို သင်တာဝန်ယူပါ။
သူငယ်ချင်းတို့ရေ
ဒို့တိုင်းပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ဘယ်လိုအရေးအခင်းဘဲဖြစ်ဖြစ် ဒို့ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်ခဲ့တာဘဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာလည်း သူရဲ့နိုင်ငံရေးလှုပ်ရှားမှုကို တက္ကသိုလ်ကျောင်းသား ဘ၀ကစခဲ့တာပါဘဲ။ ၁၉၈၈အရေးအခင်းမှာဆို အလယ်တန်းကျောင်းသား အဆင့်တောင် ပါဝင် ဆင်နွှဲခဲ့ကြတယ်။
ဒို့လက်ထက်ကျမှတော့ သမိုင်းအရိုင်းမခံကြနဲ့တော့ သူငယ်ချင်းတို့ရေ။
ငါတို့တွေလည်း မညံ့ဘူးဆိုတာပြကြဖို့ အချိန်ရောက်ပြီ သူငယ်ချင်းတို့ရေ။
ဒို့တွေဟာ မိဘရင်ခွင်မှ စွန့်ခွာကာ တက္ကသိုလ် ပညာကို သင်ကြားနေကြတဲ့ အရွယ်ရောက်ပြီး လူငယ်တွေဖြစ်တယ်။ ဒို့တွေဟာ အရင်တက္ကသိုလ်ကျောင်းသားဘ၀တွေနဲ့နှိုင်းယှဉ်ရင် အင်မတန်မှ ဆိုးဝါးနေတဲ့ ပညာရေးကိုသင်ကြားနေရတာလည်း လူတိုင်းအသိပါဘဲ။ အခုဆို စစ်အစိုးရ ရဲ့နှိပ်ကွပ်မှုကြောင့်ဒို့တွေရဲ့ပညာရေးအဆင့်အတန်းဟာလည်း ရေစုန်မျောနေပြီ ။
ငါတို့ကို ဒုက္ခအမျိုးမျိုးရောက်အောင် ပညာရေးနဲ့ အလှမ်းဝေးအောင် ကျောင်းတွေကို မြို့ပြင်ထုတ်တယ်။ နိုင်ငံခြားကလာဖွင့်တဲ့ သူတို့အဖေတွေ ကျောင်းကြတော့ မြို့ထဲကအကောင်းဆုံးဆိုတဲ့နေရာတွေကိုပေးထားတယ်။ သူတို့၇ဲ့မျိုးဆက်တွေကြတော့
ဒို့တိုင်းသူပြည်သားတွေရဲ့ ချွေးနှဲစာရယ် ၊ တိုင်းပြည်ရဲ့သယံဇာတ တွေကိုရောင်းချပြီး နိုင်ငံခြားကပညာရေးတွေကို သင်ပေးနေကြတယ်။ ငါတို့တွေကျတော့ ဘွဲ့ရပြီးရင်တောင် အသိအမှတ်မပြုတဲ့ ပညာရေးကိုပေးနေတယ်။ ဘွဲ့ရပြီးရင်တော့ မြန်မာပြည်မှာ ပညာသင်ပြီးတိုင်းတပါးကိုထွက်ပြီး ကျွန်ခံဖို့အတွက် အခြားသင်တန်းတွေအတွက် တက်ရအုံးမယ်။ ကိုယ်တိုင်းပြည်မှာ
လုပ်ပြန်တော့လည်း ထမင်းနပ်မှန်ဖို့အတွက်တောင် အမျိုးမျိုးလာဘ်စားကာဆင်းရဲသားလူတန်းစားတွေကို ဒုက္ခပေးရအုံးမယ်။
တွေးမိတိုင်းလည်း ရှက်မိတယ်။ အခုလိုဖြစ်နေတာ ဒို့တွေ ပျော့ညံ့လို့လဲပါတယ်ဆိုတာကိုစဉ်းစားမိတယ်။
ဒို့တွေ ဒီလိုဖြစ်နေရတာ ဒို့ကျောင်းသားတွေဖက် မားမားမတ်မတ်ရပ်တည်ပေးမယ့်အဖွဲ့အစည်းမရှိခဲ့လို့ဘဲ။ ဒီတော့ ဒို့တွေ ကျောင်းသားသမဂ္ဂပြန်ဖွဲ့မယ် ။
ဒို့ကို ခေါင်းဆောင်နိုင်မယ့်
ကျောင်းသားခေါင်းဆောင်တွေကို ရှာမယ်။ လက်ရှိပညာရေးစနစ်ကိုဆန့်ကျင်ကြမယ်။ ထောင်ထဲရောက်နေတဲ့ကျောင်းသားခေါင်းဆောင်တွေအတွက် တောင်းဆိုမှုတွေလုပ်ရမယ်။
ငါတို့လိုတက္ကသိုလ်ပညာသင်ကြားပြီး သက်ဆိုင်ရာမှာ ဘွဲ့အသီးသီးအပ်နှင်းခြင်းခံရတဲ့သူတွေတောင် အလုပ်တခုရဖို့ခက်နေရင် ပညာမသင်ကြားနိုင်တဲ့ ဆင်းရဲသားမိသားစုတွေရဲ့အနာဂါတ်ဆိုရင်မတွေးဝံ့စရာဘဲသူငယ်ချင်းတို့ရေ။ တာဝန်ဆိုတာ ယူတတ်မှရတယ်။ ယနေ့ခေတ်ရဲ့ သမိုင်းပေးတာဝန်ကို ငါတို့ကျောင်းသားတွေယူရမယ် သူငယ်ချင်းတို့ရေ။
ပထမဆုံးမိမိတို့ သက်ဆိုင်ရာကျောင်းအလိုက် အဖွဲ့တွေဖွဲ့ရမယ်။
အားလုံးစုစည်းမှုရပြီးသွားရင် သတ်မှတ်ထားတဲ့နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတွေ့ဆုံပွဲကို တက်ကြမယ်။ အဲဒီမှာ
ကျောင်းသားသမဂ္ဂပြန်ဖွဲ့မယ်။ ငါတို့ရဲ့ စည်းလုံးညီညွတ်မှု ခွန်အားတွေကိုပြမယ့် အကြံညဏ်တွေကိုဖလှယ်ကြမယ်။ ကျောင်းသားများအရေးသည် စစ်တပ်နှင့်မသက်ဆိုင်။
ကျောင်သားသမဂ္ဂနှင့်သာ ဆိုင်ရမည်။ လက်ရှိအစိုးရ၏ ပညာရေးစနစ်ကို အမြစ်လှန်ပြစ်ကြမယ်။ ငါတို့တွေဟာ သူတို့ ကြိုးဆွဲတိုင်းကတဲ့ရုပ်သေးရုပ်တွေ မဟုတ်ဘူးဆိုတာပြကြမယ်။ ကြာလာလေပိုဆိုးလေဘဲ သူငယ်ချင်းတို့ရေ ။ အခုဆိုထမင်းတောင်နပ်မမှန်တဲ့သူတွေများလာပြီ ရေတောင်သောက်စရာမရှိတာကို ထိုင်ကြည့်နေတဲ့အစိုးရ တိုင်းပြည်ကထွက်တဲ့ လျှပ်စစ်ကို သူတို့ကိုယ်ကျိုးအတွက်ရောင်းချပြီး တိုင်းပြည်ကိုအမှောင်ချထားတဲ့အစိုးရ။ ငါတို့ကဘာကိုသွားပြီး အားကိုးရမှာလဲ။
ငါတို့တွေပညာသင်တယ်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသုံးချဖို့။ အခုတော့သူတို့တွေ ဇိမ်ခံဖို့ငါတို့တွေကျွန်ခံရအုံးမယ်။။
ကဲသူငယ်ချင်းတို့ရေ မင်းတို့လဲ ငါ့တို့လိုဘဲ ခံစားရမယ်လို့ ထင်ပါတယ်။
မသိသေးတဲသူငယ်ချင်းတွေကိုလည်းဖြန့်ဝေပေးကြပါနော်။
ပထမဆုံးအနေနဲ့ နီးစပ်ရာလူတွေကို တတ်နိုင်သလောက် အကူအညီပေးကြပါ။ ငါတို့သည် ပြည်သူများမှ ပေါက်ဖွားလာကြခြင်း ဖြစ်သည်။ ထို့ကြောင့်ငါတို့သည် တိုင်းသူပြည်သားများ၏အရေးကို တတ်နိုင်သလောက် အကူအညီပေးကြမယ်။ ငါတို့ပတ်ဝန်းကျင်က မတရားမှုတွေကို ငါတို့ကျောင်းသားတွေတတ်နိုင်တဲ့ဘက်ကကူညီဖြေချင်းပေးကြမယ်။
အထူးမှာကြားချင်တာကတော့ စည်းလုံးညီညွတ်ကြပါ။ ငါတို့တွေရဲ့စိတ်ဓါတ်ကို ပျက်စီးစေမယ့်စကားတွေရှောင်ကြဉ်ကြပါ။ ငါတို့ကိုသွေးခွဲမယ်လူတွေကို ဆန့်ကျင်ကြပါ။
ကျောင်းသားတစ်ယောက်၏အရေးသည် ကျောင်းသားတိုင်းနှင့်သက်ဆိုင်သည်။
ငါတို့ကျောင်းသားတွေကို စော်ကားရန်ပြုလာပါက အားလုံးဝိုင်းဝန်းတွန်းလှန်ပြစ်ရမယ်။ဘယ်နေရာကိုရောက်ရောက်
ကျောင်းသားများသည် စည်းလုံးညီညွတ်ကာ မိမိတို့တိုင်းပြည်၏ရန်သူများအားတွန်းလှန်ဖယ်ရှားနိုင်သူများဖြစ်အောင် သက်သေပြရမယ်။
သိပ်မကြာခင်အချိန်တွင်းမှာ ကျောင်းသားပေါင်းစုံတွေ့ဆုံပွဲမှာ ပြန်ဆုံကြပြီး ငါတို့သမိုင်းမရိုင်းရအောင် သက်သေပြကြမယ် သူငယ်ချင်းတို့ရေ။
နိုင်ငံလုံးကျွတ်ဆန္ဒပြပွဲကိုလည်း ငါတို့ကျောင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတွေနဲ့လက်တွဲပြီး နောင်အနာဂါတ်မှာ လူတိုင်းတမ်းတရတဲ့
သမိုင်းတစ်ခုဖြစ်အောင် ငါတို့ထုထောင်ကြမယ် သူငယ်ချင်းတို့။
အားလုံးကို ခင်မင်လေးစားလျှက်အာကာ မိုးဝေ (Email မှတဆင့် ရရှိသည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။ )
စစ်ဝါဒရိုက်သွင်း စစ်မြင်းသံခွာရိုက်ပြီး အမိုက်ဇတ် ဖက်ဆစ်ဇတ်
ကိုယ့်အသက်ရှင်ခွင့်လေးရဖို့  အလုပ်ကလေးလုပ်ရဖို့ 
အဲဒီဗိုလ် ကောင်တွေ ဟိုဟာ မနေရတဲ့ ငါတို့ ဘဝမှာ
ရေးမိတာက
ဗိုလ် ဋီကာ ( ဦးတင်မိုး )
ပြည်သူသာအမိ ပြည်သူသာအဖလို့  ဆိုရမည့်အစား
တပ်မတော်သာအမိ တပ်မတော်သာအဖလို့ 
စစ်ဝါဒရိုက်သွင်း စစ်မြင်းသံခွာရိုက်ပြီး
အမိုက်ဇတ် ဖက်ဆစ်ဇတ်
ဖက်ဆစ်တပ်ကရဲဘော် ဖြစ်အောင် ကဗျည်းအခေါ်ခံခဲ့ရသည် ။
မျိုးချစ်စိတ်မြတ်တရားနဲ့  ပြည်သူ့ သားဖြစ်ချင်သူကို
စစ်မူစစ်သွေး စစ်ရေးသာ ပဓါနလို့ 
စစ်မာန စစ်မာန်မောက်အောင် ဖက်ဆစ်မျိုး အဖေါက်ခံခဲ့ရသည် ။
ပြည်သူကို ဆန့် ကျင် ပြည်သူ့ ရင်ခွင်နဲ့ ကင်းကွာ
စစ်အာဏာကိုတည်ဆောက် စစ်သွေးမြောက်အောင် မြောက်ပေး
စစ်မိန့် ပေးသမျှ အကုန်သတ် ကျွန်စစ်တပ်
ကျွန်ရဲဘော် ကျွန်စော်နံ လူ့ ဗလံ လူ့ အန္တလူမိုက်လေး
သွတ်သွင်းကာ သမိုင်းပျက်ပြီ
ပါးကွက်သားလက်ပါးစေရဲ့  ရှင်ရက်နဲ့ သေတဲ့ ဘဝရောက်ခဲ့ကြ ။
စစ်တပ်ကလားဟဲ့ ညစ်ပတ်ကြ ပစ်သတ်ကြားလားဟဲ့
ကျင့်မြတ်တဲ့ ပြည်သူ့ သားတော့ မင်းတို့ မဖြစ်နိုင်
သေနပ်ကိုင် သောင်းကျန်း လူရမ်းကား ဒါးမြတွေအဆင့်မို့ 
မကောင်းမှုမှန်သမျှ လုပ်ခြင်တာ လုပ်ကြဟု
အဓမ္မ လိုင်စင်ရတဲ့ တပ်မတော် ရဲဘော်ဆိုရင်
ရွံရှာ အလွန်နာတဲ့ ဘဝရောက်ခဲ့ရ ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့  တပ်မတော်ကို ကမ္ဘာကျော်အောင်
ပြည်သူတွေချစ်ခဲ့ကြ
ဗိုလ်နေဝင်း ခေတ်မှာ ခါးပိုက်ဆောင်တပ်
သမိုင်းမှာ စုတ်ပြတ်ခဲ့ပြီ
စစ်ဗိုလ်ချုပ်တွေ လက်ဝါးကြီးအုပ်လို့ တို့ တိုင်ပြည်ဟာ လက်နှီးစုတ်ဖြစ်ခဲ့
မျိုးချစ်ကနေ ဖက်ဆစ်ပြောင်း ဦးခေါင်းမရှိတဲ့
ပုဇွန်လုံး ကုန်းကုန်းကွကွနဲ့  ပြည်သူမုန်းသမျှ ခံရပြိ ။
ပြည်သူ့ ရင်ခွင်ကို ခိုလှုံ ပြည်သူကို ယုံပါမှ
ရဲဘော်ဘုံမှန်တော့မည်
ပြည်သူ့ အချစ်ပန်းဖြစ်တော့မည် ။
မတရားတဲ့  အမိန့် အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြတဲ့ 
အဓမ္မ အမိန့် ဆိုးတွေကို ရိုက်ချိုးဖို့ 
မင်းတို့ တာဝန်ရှိတယ်ဆိုတာ ရဲဘော်တို့ မမေ့နဲ့ 
အောင်ဆန်းတပ်မတော် ဒို့ ရဲဘော်တွေ
ကမ္ဘာကျော်အောင် လူထုချစ်မှတ် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွဲကြ
တော်လှန်ရေးလမ်းကြောင်း အပြောင်းအလွဲ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပေါင်းဖွဲ့ ဆောင်ရွတ်ကြ ။
တပ်မတော်ဂုဏ်ရောင် ထွန်းလင်းပြောင်အောင် ဦးဆောင်ဦးရွတ် လူထုဖက်က တခဲနက် ချီတက်ကြ ။
Rest of your post
တရုတ်နှင့်မြန်မာ သဘောတူစာချုပ် ၁၅ ခု လက်မှတ်ရေးထိုး
ဇွန် ၃ ၊ ရန်ကုန် ။
တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ တရုတ်မြန်မာ နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် သဘောတူစာချုပ် ၁၅ခုကို ယနေ့ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရှိရပါသည်။
ထိုအခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပြီး ကိုယ်တိုင် တွေ့မြင်ခဲ့ရသူ နအဖ အရာရှိတဦးက တရုတ်နှင့် မြန်မာ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များတွင် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကိစ္စ၊ ရေအားလျှပ်စစ် လုပ်ငန်းများ ၊ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ၊ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ၊ သတ္တုတူးဖေါ်ရေးလုပ်ငန်းများနှင့် အခြားအကူအညီပေးရေး ဆိုင်ရာ သဘောတူစာချုပ်များ ပါဝင်သည်ဟု ပြောပြခဲ့ပါသည်။
၎င်းအရာရှိကပင် ဆက်လက်ပြောပြရာတွင် တရုတ်ဝန်ကြီးချုပ်သည် ထိုသဘောတူစာချုပ်များ လက်မှတ် မရေးထိုးမှီ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့နှင့် သီးခြား တွေ့ဆုံ ခဲ့ကြသည်ဟု ဆိုပါသည်။
တရုတ်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် လွန်ခဲ့သော ၁၆နှစ် ၁၉၉၄ခုနှစ် ဒီဇင်ဘာလက ၂၆ရက်မှ ၂၈ရက်နေ့ အထိ ၂ရက်ကြာ ခရီးစဉ်နောက်ပိုင်းတွင် ပထမဆုံး ဝန်ကြီးချုပ် ခရီးစဉ်ဖြစ်ဖြစ်ပါသည်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်နှင့် သူ၏အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ တရုတ်ဝန်ကြီးချုပ်သည် မြန်မာပြည် ခရီးစဉ် အပြီးတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် မွန်ဂိုလီးယား နိုင်ငံတို့သို့ သွားရောက်ရန် ရှိပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) http://saffrontoward.blogspot.com/2010/06/blog-post_03.html







