“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, March 30, 2010

၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လိုလုပ်စားနေတာကြည့်ပါ

အပြည့်အစုံသတင်းဖတ်ရန်....

ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင်..ကြည့်သွားပါရစေဦး..

ဘဘတို့ သည်းခြေကြိုက်..ဒါမျိုးကျ မရှိတဲ့ ဆင်ဆာ..


http://www.baymyanmar.com/2010/03/blog-post_5891.html

အပြည့်အစုံသတင်းဖတ်ရန်....

ချီလေတဲ့ချီလေ

ဒီချုပ်ကအများဆန္ဒအတိုင်း ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ပြီ။ သန်းရွှေကလည်း သတ်မှတ်ထားတဲ့ရက်ပြည့်တဲ့အခါ ဒီချုပ်အဖွဲ့ဝင်တွေကိုဖမ်းတာ၊ ဆိုင်းဘုတ်တွေဖြုတ်ချတာ၊ ရုးံတွေပိတ်တာတွေ လုပ်ပြီး သူရဲ့ရွေးကောက်ပွဲကို အတင်းလုပ်မှာပါ။

ကျွန်တော်တို့တတွေ ဘယ်လိုတုံ့ပြန်ကြမလဲ။ သေချာတာတစ်ခုကတော့ သံရုးံရှေ့မှာ ဆန္ဒပြရုံ၊ကန့်ကွက်ပါတယ်၊ တောင်းဆိုပါတယ်ဆိုတာလောက်နဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ဆီမှာ ပြင်းထန်ပြီး ထိရောက်မှုရှိတဲ့ တန်ပြန်မှုလိုပါတယ်။ ဘယ်လိုတန်ပြန်မှုနဲ့ တုံ့ပြန်ကြမယ် ဆိုတာ ခုချိန်ထဲက သုးံသပ်ပြင်ဆင်သင့်ပါပြီ။

ကျွန်တော်တွေဟာ ရွေးကောက်ပွဲကို ဘာကြောင့်ကန့်ကွက်ကြသလဲဆိုတာ တပ်မတော်သားတွေကိုလည်းရတဲ့နည်းနဲ့ အသိပေးဖို့ လိုပါလိမ့်မယ်။ လားရှိုးမှာလုပ်သွားသလိုမျိုး တပ်မတော်သားတွေ အသွားလာများတဲ့နေရာတွေမှာ စာကပ် ပညာပေးတာမျိုး မဖြစ်မနေ လုပ်ဖို့လို့ပါတယ်။

ခုချိန်ဟာအရေးကြီးပြီမို့ လေသနတ်တွေ ဘေးချပြီး လာမဲ့ဘေး ပြေးတွေ့ရမဲ့ အချိန်ကျပြီမို့ တက်တက်ကြွကြွ၊ စည်းစည်းလုးံလုးံ၊ ထက်ထက်မြက်မြက်၊ အတွေးသစ် အမြင်သစ်တွေနဲ့ တိုက်ပွဲဝင်ကြပါစို့ လို့နှိုးဆော်အပ်ပါတယ်။

ရန်နောင်

အပြည့်အစုံသတင်းဖတ်ရန်....

အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သောက်ရှက်မရှိ ဖွတ်ပါတီ..

ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ
ကျော်ခ | တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၀ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူဖြင့်ပင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အသင်းမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။

ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီဟု အမည်ပြောင်းလိုက်ပြီး အသက် ၂၅ နှစ်အောက် လူငယ်၊ ကျောင်းသားများနှင့် အစိုးရဝန်ထမ်းများကို ထုတ်ပယ်လိုက်ကာ ပါတီဝင်ကဒ်များ လွန်ခဲ့သည့် သီတင်းပတ်မှစတင်ကာ ထုတ်ပေးလျက်ရှိသည်ဟု အဆိုပါ ထိပ်တန်းခေါင်းဆောင်က ဆိုသည်။

“ရွေးကောက်ပွဲဝင်ဖို့အတွက် ကျနော်တို့ကတော့ ကြိုတင်လုပ်နေပြီ။ အသင်းနေရာမှာ ပါတီဖြစ်သွားမယ်။ လက်ရှိမှာ တိုင်း၊ ခရိုင်အလိုက် ဖွဲ့စည်းပြီးသွားပြီပေါ့နော်။ ပိုင်ဆိုင်မှုတွေလည်း အားလုံး ပြောင်းလဲပြီးသွားပါပြီ။ နိုင်ငံတော်ပိုင် မဖြစ်တော့ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီကို မှတ်ပုံမတင်ရသေးသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်ထား သည်ဟု သိရသည်။

စစ်အစိုးရက ၎င်း၏ ခြေလှမ်းနှင့်ပတ်သက်၍ သတင်းမထွက်အောင် ကြိုးစားနေစဉ်တွင် မဇ္ဈိမက မေးမြန်းထားသော ကြံ့ဖွံ့အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်းပင် ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲခြင်းကို အတည်ပြုကြသည်။
ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲ စည်းရုံးရေးအပိုင်းတွင် လမ်း-တံတား တည်ဆောက်ခြင်းတို့ကို ပုံမှန်လုပ်ကိုင်နေသဖြင့် ထူးခြားစွာ လှုံ့ဆော်စည်းရုံးမှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ပါတီသတင်းရပ်ကွက်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်း နဝတ စစ်ကောင်စီက ၁၉၉၃ စက်တင်ဘာလ ၁၅ ရက် နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးစသည့် နအဖ ထိပ်ဆုံး စစ်ခေါင်းဆောင် ၅ ဦးက အသင်း၏ နာယကများ ဖြစ်ကြသည်။

လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦးက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ကြံ့ဖွံ့အဖွဲ့တွင် ပြည်နယ်/တိုင်း ၁၇ ဖွဲ့၊ ခရိုင်အဖွဲ့ ၆၆ ဖွဲ့၊ မြို့နယ်အဖွဲ့ ၃၂ဝ ဖွဲ့တို့နှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အသက် ၂၅ နှစ်အောက်နှင့် အစိုးရဝန်ထမ်းများကို နိုင်ငံရေးပါတီဝင် မဖြစ်ရဟု ကန့်သတ် ထားရာ နုတ်ပယ်လိုက်ပြီးသည့် ကြံ့ဖွံ့ပါတီတွင် ပါတီဝင် မည်မျှရှိသည်ကို မသိရသေးပါ။

စစ်ဗိုလ်ချုပ်များနှင့် လက်ရှိ စစ်အစိုးရဝန်ကြီးများအနေဖြင့် ထိုအသင်းကို ကိုယ်စားပြုကာ ရွေးကောက်ပွဲ ဝင်ကြမည်ဟု ပြည်ပအတိုက်အခံ တပ်ပေါင်းစုတခုဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

“နအဖ တပ်ထဲကလူတွေ ရွေးကောက်ပွဲဝင်မယ်လေ။ သူတို့က ဒီကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုပဲ အခြေခံမှာပေါ့။ လူကြီးတော်တော်များများက စစ်တပ်က ထွက်ပြီး အဲဒီထဲမှာ ဝင်မယ်လို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ ဒေါက်တိုင် ကြံ့ဖွံ့ပါတီ၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ သတင်းမထွက်စေရန် နေပြည်တော်က ညွှန်ကြားထားသည်။ ယခင်က ကြံ့ဖွံ့ကို နာမည်သီးသန့်ပြောင်းကာ ရွေးကောက်ပွဲဝင်မည်ဟု မြန်မာ့အရေး လေ့လာသူများအကြား တွက်ဆထားမှုရှိသလို တပါတီထက်ပိုပြီး ဖွဲ့စည်းဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားကြသည်။

လမ်းပြင်၊ သောက်သုံးရေပေးဝေမှု စသော လုပ်ငန်းများ လုပ်ကိုင်နေသလို ရွေးကောက်ပွဲဝင်မည့် ရာထူးလက်ရှိ စစ်ဘက် အရပ်ဘက်များ က စည်းရုံးနေခဲ့သော်လည်း ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို လုပ်ကြံသတ်ဖြတ်ရာ တွင် ပါဝင်မှုနှင့် ၂ဝဝ၇ ခုနှစ် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့မှုများကြောင့် ကြံ့ဖွံ့မှာ နာမည်ပျက်ထွက်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောကြားရာတွင် မကြာမီ ရက်အနည်းငယ်အတွင်း ရွေးကောက်ပွဲဝင်မည့် လက်ရှိ ဝန်ကြီးများနှင့် စစ်ဘက်အရာရှိများကို ရာထူးမှနုတ်ထွက်ကြောင်း ကြေညာလိမ့်မည်ဟုဆိုသည်။

ဒီပဲယင်းတိုက်ခိုက်မှုမှ လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD ကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မပြုလုပ် ရန် ယနေ့ ဆုံးဖြတ်လိုက်ကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်များကလည်း NLD ၏ အစည်းအဝေးကို လေ့လာစောင့်ကြည့်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
http://www.mizzimaburmese.com/news/2010-election/5138-2010-03-29-13-35-33.html

အပြည့်အစုံသတင်းဖတ်ရန်....

လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်နက် ဂုဏ်ပြုကြိုဆိုပါသည်

29 Mar DPNS Stm on NLD Decision

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ၈၈ မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် စာအမှတ် ။ ။ ၅/၂၀၁...

Joint Statement No-5-2010 of ABMA+88+ABFSU

အပြည့်အစုံသတင်းဖတ်ရန်....

သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သံချပ်များ)

သူသေ ကိုယ်ရှင် တိုက်ပွဲဝင်









downlaod links

သံချပ် ၁

သံချပ် ၂

သံချပ် ၃

သံချပ် ၎

သံချပ် ၅

သံချပ် ၆

သံချပ် ၇

သံချပ် ၈


သီချင်းများ ဒေါင်းလုပ်လင့်

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ


ရွှေဘဘကြီး ဒို့ မကြောက်..ဆေးတံကြီးနဲ့  ခေါက်မယ်...

အပြည့်အစုံသတင်းဖတ်ရန်....

Monday, March 29, 2010

ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည်


ဗီဒီယိုဖိုင်ကို ကိုဒေါင်းမာန်ဟုန်ဆီက ပြန်ရှယ်ယာလုပ်ထားပါတယ်။

VOA News | ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ပါဝင်ယှဉ်ပြိုင်ထိုက်တဲ့ သူတွေ ပါဝင်ခွင့် မပေးဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီငွေတွေ ထပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က ပြောခဲ့ပါတယ်။ ဂျပန်အစိုးရက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အကူအညီပေးမယ်၊ မပေးဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ဆက်ဆံလေ့ ရှိတာမို့ အခုလို ပြောလိုက်တာဟာ ပြီးခဲ့တဲ့ ဩဂုတ်လကမှ အာဏာရလာတဲ့ လက်ရှိ ဂျပန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တကယ်ပဲ အလေးအနက်ထား ပြောဆိုတယ်လို့ ပြောနိုင်ပါသလား။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား ပါသင့်ပါထိုက်သူတွေကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးဘူးဆိုရင် လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဆက်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့် အပြင် တခြား သတင်းထောက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့တယ်လို့ ကျိုတို သတင်းဌာနမှာ ရေးသားထားတာပါ။ နောက်အပတ် ကနေဒါနိုင်ငံမှာ ကျင်းပမယ့် G-8 စက်မှုအင်အားကြီး ၈ နိုင်ငံ အစည်းအဝေးမှာလည်း မြန်မာ့အရေးကို တင်ပြ ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။

အရင်နှစ် နိုဝင်ဘာတုန်းကလည်း လက်ရှိ ဂျပန်ဝန်ကြီးချုပ် အာကီယို ဟတိုယာမ (Akio Hatoyama) က အာဏာရပြီး ၂ လ အကြာမှာပဲ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံကို အကူအညီတွေ ပိုပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတုန်းကလည်း ဂျပန် သတင်းထောက်တဦး နအဖ စစ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပြီးနောက် ဂျပန် အစိုးရက မြန်မာနိုင်ငံကို အကူအညီ ပေးတာတွေ ရပ်ဆိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ဒီတော့ အာဏာရ ဂျပန်အစိုးရ အဆက်ဆက် အနေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလတွင်းမှာ အခုလို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အကူအညီတွေ တိုးပေးမယ်၊ မတိုးပေးတော့ဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ပြောလာတာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ အစိုးရသစ်တွင်းမှာ ဦးဆောင်နေသူတွေက အရင်ကတည်းက မြန်မာ့ဒီမိုကရေစီ အရေးအတွက် စိတ်အားထက်သန်သူတွေ ဖြစ်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အရင် ဂျပန်အစိုးရတွေထက် ပိုပြီး ပြတ်ပြတ်သားသား ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက ဒေါက်တာမင်းညိုက သုံးသပ်ပါတယ်။

“အခု လက်ရှိ အစိုးရက ဒီမိုကရက်ပါတီက တက်လာတာကြောင့်မို့ အရင်တုန်းက လစ်ဘရယ် ဒီမိုကရက်ပါတီထက် စာရင် ပိုပြီးတော့ ပြတ်ပြတ်သားသား ရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီး တောင့်တနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့တွေ လုပ်ကိုင်နေတဲ့ ဂျပန်မှာရှိတဲ့ ဂျပန် အလုပ်သမားသမဂ္ဂများက နေပြီး အဓိက ကူညီထောက်ပံ့တဲ့ ဒီမိုကရက်ပါတီက အာဏာရလာတာကြောင့်၊ ပြောရရင် လက်ရှိဝန်ကြီးချုပ် မစ္စတာ ဟတိုယာမ ဆိုတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို အကူအညီပေးတဲ့ အမတ်သမဂ္ဂများမှာ သူက ဒုတိယဥက္ကဋ္ဌလည်း လုပ်ခဲ့တယ်၊ နောက်တခါ နာယကလည်း လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ဖူးတာ ရှိတာကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပြည့်အ၀ ထောက်ခံတဲ့ ၀န်ကြီးချုပ် ဖြစ်တယ်။

“ပြီးတော့ သူတို့တွေက မနှစ် သြဂုတ်လမှာ တက်လာပြီးနောက်ပိုင်း မြန်မာပြည်က ၀န်ကြီးချုပ်နဲ့ တွေ့ကြတဲ့အချိန်မှာ အရင်တုန်းက ၀န်ကြီးချုပ်တွေ ပြောတဲ့ စကားနဲ့စာရင် တော်တော် ပြင်းပြင်းထန်ထန် ပြောတယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ ဒီမိုကရေစီ လုပ်ပါ၊ ဒီမိုကရေစီ လုပ်တယ်ဆိုရင် ခင်ဗျားတို့ကို အကူအညီပေးမယ်၊ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ ဖြတ်လိမ့်မယ်။ ဖြတ်လိမ့်မယ်လို့ပဲ ပြောတယ်။ မပေးနိုင်ဘူးဆိုတာ မပြောကြဘူး။

“နောက်ပြီးတော့လည်း မြန်မာပြည်မှာ ဖြစ်တဲ့ အတွင်းရေး ကိစ္စတွေကို သူတို့မှာ ပြောဆိုပိုင်ခွင့် မရှိဘူး ဆိုပြီးတော့၊ ပြောရင်တော့ နှုတ်ဆိတ်ပြီး နေတဲ့ ဓလေ့ရှိတယ်။ ဒါပေမဲ့ အခု မစ္စတာ ဟတိုယာမ တက်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောတာတင် မကဘဲနဲ့ နယ်မှာရှိတဲ့ NLD ရုံးအဖွဲ့တွေကို ဖွင့်ပေးဖို့၊ ဒီမိုကရေစီ နည်းကျကျ လုပ်ကိုင်ပေးဖို့ တောင်းဆိုခဲ့တာ တွေ့သလို အခု နိုင်ငံခြားရေးဝန်ကြီး ဖြစ်တာလည်း သူက အရင်တုန်းက ဒီမိုကရက်ပါတီက ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပြီးတော့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်တာကြောင့်မို့ သူကလည်း ဒီမိုကရေစီနဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း မြန်မာပြည် အရေးကို ထောက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်နေတာကြောင့် ပြောရရင်တော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း လုပ်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။”

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်တုန်းကလည်း လက်ရှိဝန်ကြီးချုပ် ဟတိုယာမက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ ဂျပန်အစိုးရရဲ့ မူကို လိုအပ်ရင် ပြန်လည် သုံးသပ်ရလိမ့်မယ်လို့ ပြောခဲ့တဲ့အကြောင်းကိုလည်း ဒေါက်တာမင်းညိုက ထောက်ပြပါတယ်။

“ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်ကလေးမှာ အဆာဟိ သတင်းစာနဲ့ အင်တာဗျူးလုပ်တဲ့ အချိန်မှာ သူက ဘယ်လိုပြောခဲ့လဲဆိုတော့ အားလုံးပါလို့ မပါနိုင်တဲ့ အနေအထားမျိုး ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် လုပ်မယ်ဆိုရင်တော့ သူတို့တွေ အခုလက်ရှိ လုပ်ကိုင်နေတဲ့ မြန်မာပြည်အပေါ်မှာ ထားခဲ့တဲ့ ပေါ်လစီကို သူတို့ စဉ်းစားရလိမ့်မယ်ဆိုပြီး သတင်းစာထဲမှာ တရားဝင် ပါထားတယ်။ ပါထားတာကို သောကြာနေ့မှာ သူက ဒါကို ပိုပြီးတော့ တရားဝင် ပြောလိုက်တာပဲ။”

ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ စီးပွားရေး အကူအညီတွေကို ရပ်ဆိုင်းခဲ့ပြီး လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကိုပဲ ဆက်ပေးနေခဲ့တာ ဖြစ်ပါတယ်။
VOA News ကို ပြန်လည်ဖော်ပြပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......

“ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေညာတာက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ချက် ၂ ခု ချလိုက်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဦးစီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကန့်ကွက်သူမရှိ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး။ နောက်တချက်က မှတ်ပုံမတင်သော်လည်း ပါတီကို မဖျက်သိမ်းဘူး” ဟု ရုံးချုပ်ရှေ့တွင် ပါတီခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ်အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်........

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်

ဆလိုင်းဟံသာစန်း | တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အကြိတ်အနယ်ဆွေးနွေးပြီးနေက် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ဆုံဖြတ်လိုက်ကြသည်။

မှတ်ပုံတင်ရေး မတင်ရေးနှင့်ပတ်သက်၍ NLD ရုံးချုပ်၌ ယနေ့ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးအပြီး ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်ခြင်း ဖြစ်သည်။

“ဒုဥက္ကဋ္ဌ ဦးတင်ဦး ကြေညာတာက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ချက် ၂ ခု ချလိုက်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဦးစီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကန့်ကွက်သူမရှိ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး။ နောက်တချက်က မှတ်ပုံမတင်သော်လည်း ပါတီကို မဖျက်သိမ်းဘူး” ဟု ရုံးချုပ်ရှေ့တွင် ပါတီခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ်အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်။

ထို့အပြင် ယနေ့ ဗဟိုအလုပ်အမှုဆောင် CEC နှင့် ဗဟိုဦးစီးအဖွဲ့ CC အစည်းအဝေးသို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက တက်ရောက်လာခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ကို လိုက်နာရန် အမှာစကားပါးလိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင်ရန် ယခုလ ၂၃ ရက်နေ့တွင် သူမ၏ ရှေ့နေများမှတဆင့် သဘောထားပေးခဲ့ခြင်း ဖြစ်သည်။

CEC အဖွဲ့ဝင်ပေါင်း ၂ဝ ဦးနှင့် CC အဖွဲ့ဝင်ပေါင်း ဦးရေ ၁ဝဝ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ CEC ထဲမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့မှလွဲ၍ ကျန်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ CEC ၊ CC အဖွဲ့ဝင်များနှင့် လူငယ်ခေါင်းဆောင် ၅ ဦး စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ကြသည်ဟု နောက်ဆုံးသိရှိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်၌ ပြုလုပ်သော အစည်းအဝေးတွင် ပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်သော အရေးပါသော ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီမှ စတင်၍ တင်ပြရာ ၁ နာရီ ၄၅ မိနစ်တွင် ပထမပိုင်း အစည်းအဝေး ရပ်နားခဲ့သည်။

ဒုတိယပိုင်းကို နေ့လည် ၂ နာရီတွင် ပြန်လည်စတင်ရာ CC က ဆက်လက်တင်ပြမှုများ ပြုလုပ်ခဲ့သည်။ ညနေ ၄ နာရီတွင် အဆိုပါ တင်ပြမှုများ ပြီးဆုံးသည့်အခါ CEC အစည်းအဝေး ဆက်လက်ပြုလုပ်ကာ ညနေ ၅ နာရီခန့်တွင် ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုလ ၈ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ပါတီအား ပြန်လည်မှတ်ပုံတင်မည်ဆိုလျှင် နေအိမ်တွင် ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းကျခံနေရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးနှင့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမှာဖြစ်သည်။

အကယ်၍ ထုတ်ပယ်ခြင်း မရှိလျှင်၊ ရက် ၆ဝ အတွင်း မှတ်ပုံတင်ခြင်း မရှိလျှင် ပါတီသည် အလိုလျောက် ဖျက်သိမ်းရမည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် NLD ပါတီ ခေါင်းဆောင်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးဟူသည့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။

ယခုလ ၂၆ ရက်နေ့တွင် ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆ဝ ဦးခန့် တက်ရောက်သော အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယခုလ ၁၅ ရက်နေ့တွင် ပါတီဌာနချုပ်တွင် ပါတီ ဆက်လက် ရှင်သန်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖို့ စဉ်းစားရန် အဆိုပြုခဲ့ပြီးနောက် လူငယ်များ၏ သဘောထား ထိုသို့ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် CC အဖွဲ့ဝင် ၁ဝ ဦး အပါအဝင် ပါတီဝင် ၄၃ဝ ကျော်မှာ အကျဉ်းကျနေဆဲဖြစ်ပြီး စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော်ရှိနေသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် နိုင်ငံတဝှန်းတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ဘဲ နောက်တကြိမ်ရွေးကောက်ပွဲသာ ကျင်းပရန် ပြင်ဆင်နေသည်။

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ကျွန်တော့ တသက်မခံ

အပြည့်အစုံသတင်းဖတ်ရန်....

ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..

အပြည့်အစုံသတင်းဖတ်ရန်....

ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေးနောက်လိုက် ၂သိန်းနဲ့  မြန်မာပြည်ကို ထိန်းမတဲ့)

Summary

ရွေးကောက်ပွဲကော်မရှင်သို့ ပထမဆုံး စတင်လျောက်ထားသည့် ပါတီမှာအေးလွင် တို့ ရဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဖြစ်ကြောင်း သိရ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပထမဆုံးစတင်လျောက် ထားသည့်ပါတီမှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ) ဖြစ်ပြီး မတ်လ ၂၂ ရက် နေ့က လျောက်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းပါတီ၏နိုင်ငံရေးပေါ်လစီမှာ တစ်ပါတီစနစ်ဖျက်သိမ်းရန်၊ ပါတီ စုံစနစ်ဖော်ဆောင်ရန်နှင့် အစားထိုး တစ်ပါတီစနစ် မဖြစ်ပေါ်ရန် ဖြစ်ကြောင်း အဆိုပါပါတီကို ဦးဆောင်သူ ဦးအေးလွင်က ပြောကြားသည်။
''လက်ရှိပါတီဝင်ဦးရေက မြန်မာ တစ်နိုင်ငံလုံးမှာ နှစ်သိန်းဝန်းကျင် ရှိပြီ''ဟု မတ်လ ၂၆ ရက်နေ့တွင် မန္တလေးမြို့သို့ စည်းရုံးရေးရောက်ရှိ နေသောဦးအေးလွင်က ဆိုသည်။

ယခုနှစ် မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ များအရ ပါတီသစ် တည်ထောင် လို သူ သည် အနည်းဆုံး ၁၅ ဦးဖြင့် လျောက်ထားခွင့်ပြုသည့်ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဥပဒေနှင့် အညီ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ လျောက်ထားရမည် ဖြစ်ကြောင်း သိရသည်။


လက်ရှိ၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ လျောက် ထားပြီးသည့် ပါတီများမှာ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်တို့ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၏ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ၌ နိုင်ငံရေးပါတီသစ် အဖြစ် လျောက်ထားရန် ပြင်ဆင်နေ သည့်ပါတီသစ်ပေါင်း ၁၀ ခုခန့်ရှိသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သိရပြီး ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲမှ ပါတီအဖြစ်ကျန်ရှိသည့်ပါတီ ၁၀ ခု အနက် အချို့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျောက်ထား ခြင်းနှင့်ပတ်သက်၍ပါတီတွင်း ဆွေး နွေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ အဆိုပါ ပါတီများအနေဖြင့် နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင် လိုပါက ဥပဒေစတင်ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ရက်ပေါင်း ၆၀ အတွင်း လျောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှ ပါတီအဖြစ်ကျန်ရှိသည့်ပါတီ ၁၀ ခု မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ ပြည်ထောင်စု ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမို ကရက်တစ်ပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို(ခေါ်) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့၊ '၀' အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ နှင့်ပြည်ထောင်စုကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ဖြစ်ကြောင်း သိရသည်။
http://www.baymyanmar.com/2010/03/blog-post_7589.html

အပြည့်အစုံသတင်းဖတ်ရန်....

နိင်သွားပြီ

အခု NLD အစည်းဝေးဆုံးဖြတ်လိုက်ပါပြီ။ ဆုံးဖြတ်ချက်ကတော့ မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အများစုက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ပါတယ်။ ဦးအောင်ရွှေ ကတော့ နေမကောင်းဘူးဆိုပြီး
အစည်းဝေးကို တက်ရောက်ခြင်းမရှိကြောင်းသိရပါတယ်။
http://swenaing.blogspot.com/2010/03/blog-post_5970.html

အပြည့်အစုံသတင်းဖတ်ရန်....

ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ

ကြားဖြတ်သတင်း ဒီနေ့ NLD (Good News)
မြန်မာ ပြည်ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကြီး ရဲ့ အောင်ပွဲ နိဒါန်းကို စတင်လိုက်ပါပြီ။ လူအမြောက်အများ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့ ကို သွားနေကြပါတယ်။ တချို့ လူများက ခရမ်းချဉ်သီးများ ဘူးသီးများကိုလည်း ယူဆောင်လာကြပါတယ်။ ဗဟိုကော်မတီတွေက မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် ပေါက်ရန်လို့ သိရပါတယ်။ လင့်လမ်း မှာရှိတဲ့ အလက ကျောင်းဝင်းနဲ့  ကျောက်ဆည်ဓမ္မာရုံ ထဲမှာတော့ လုံထိန်းကားများကို ချထားပါတယ်။ လာရောက်တဲ့ လူထု ကလည်း ဒီထက်ကို ပိုများနေတာကအားရစရာ အလွန်းကောင်းလှပါတယ်။

လူအများက ကြောက်ရွံ့ မှုမရှိပဲ ဆုံးဖြတ်ချက် အပေါ်မှာ အခိုင်အမာ သံဓိဌာန် ချမှတ်ထားကြပုံရတယ်။ ဇူလှိုင် ၂၃ ရက်နေ့  ၁၉၈၈ ခုနစ် နေ့ က ဦးနေ၀င်း ရဲ့ မိန့် ခွန်းပြောအပြီးမှာ လူထုလှုပ်ရှားမှုကြီးနဲ့ တုန့် ပြန် လို က်တဲ့ နေနဲ့ အလားသဏန် တူနေတယ်လို့  ၈၈ မျိုးဆက် ဟောင်း တဦးက ဆိုပါတယ်။ ဒီတခါတော့ နောက်ဆုံး တိုက်ပွဲ မြန်မာ ပြည် ပြောင်းလဲ ရပြီပေါ့ဗျာလို့  ကျောင်းဆရာ တဦးက ကြုံးဝါး သွားပါတယ်။

တိုင်းနဲ့ပြည်နယ် ရဲ့ စီစီအဖွဲ့ဝင်အများစုက မှတ်ပုံမတင်ရေးဘက်ကို ၀ိုင်းထောက်ခံနေကြတော့ ဦးအောင်ရွှေနဲ့ တချို ခေါင်းဆောင် အ နည်းစု က မဲမခွဲရဲတော့ပဲ မန်းဒိတ်တွေ သုံးမယ် လုပ်နေပါတယ် ။ ဒါကြောင့် အမတ်တွေက သူတို့ပေးထားတဲ့ မန်းဒိတ်တွေကို ပြန်ရုပ် သိမ်းကြတယ်။ မှတ်ပုံတင်ရေးမှာ သူတို့  တင်ရေးမှာသူတို့ မန်းဒိတ်ကို သုံးခွင့်မပေးနိင်တော့ဘူးလို့ သိရပါတယ်။

တကယ်လို့  မှတ်ပုံမတင်ရေးဖက်ကနိင်လာတယ်ဆိုရင်တော့ နောက်တနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ရေး လှုပ်ရှားမှု ကြီးကို တဆက်ထည်း ဆက်လည် ဆင်နွဲရပါ လိမ့်မယ်။ ၂၀၀၈ အတုယောင်အခြေခံဥပဒေကို ပြင်ဆင်ဖို့  လှုပ်ရှားမှုကိုလည်း ဆက်လက်တိုက်ပွဲ ၀င်ရပါလိမ့်မယ်။

လူစုမကွဲခင်မှာ အထွေထွေသပိတ်ကို ခေါ်ဖို့ လိုလာပါလိမ့်မယ်။

Gmail မှတဆင့်ပေးပို့ လာပါသဖြင့် မဆိုင်းမတွ တင်ပေးလိုက်ပါတယ်။

ဖိုးရှုပ်လေး

အပြည့်အစုံသတင်းဖတ်ရန်....

သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ

ဘာတွေပဲ ပြောပြော၊ ဘာတွေပဲဆိုဆို မဝေးတော့သည့် ကာလ တစ်ခုတွင် သတ္တိကြောင်သူနှင့် သတ္တိ ပြောင်သူများကို ကျွန်ုပ်တို့ပြည်သူများ သဲကွဲပြားနား ခြားနားစွာ တွေ့မြင် ရပေတော့မည်။ နအဖ စစ်အာဏာရူး တစ်စုက သွေးခွဲ သပ်ရှို မီးမွှေးပေးလိုက်တာကို NLD ပါတီအနေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှား ဖြေရှင်း သွားမလား၊ နအဖ ခင်းပေးသည့် စင်းတုန်းပေါ် အသာအယာ လည်စင်း ခံမလား ဆိုတာကတော့ ကာယကံရှင် လူထု ခေါင်းဆောင်ကြီးများ၏ ဆန္ဒ သဘောသာ ဖြစ်ပါလိမ့်မည်။

၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ ကြက်ငှက်ရွေးပွဲ တစ်နည်းအားဖြင့် ဖာတစ်လုံး ခေါင်းကြား ရွေးပွဲလို့ ပြောရင် ပိုပြီး မှန်ကန် သင့်တော်မယ်လို့ ထင်ပါတယ်။ ဒါက နအဖရဲ့ ကလိင်ကကျစ် တစ်ဖက်သတ် လုပ်ရပ်၊ ပြောစရာ မလို လောက်အောင်ပင် ကန်းကုန်အောင် ရက်စက် ယုတ်မာရန် ကြိုတင် ကြံစည်ပြီးသား။ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့က NLD နှင့် ကျွန်ုပ်တို့ ပြည်သူတို့ တာဝန်၊ တွေဝေစရာ မလို၊ ခေါင်းစား စရာမလို၊ သတ္တိကြောင်ဖို့ မလို၊ သတ္တိပြောင်ဖို့သာ လိုအပ်ပေသည်။ နအဖကို စာသံပေဖွဲ့ အနူးအညံ့ အလှအပတွေနဲ့ ပြောဆို လုပ်ကိုင်လို့ မရ၊ အနှစ်(၂၀)က သက်သေရှိတယ်။ အမှတ် သည်းခြေ မရှိတဲ့ ဗမာတွေ အဖြစ်နဲ့ နောက်ထပ် အနှစ်(၁၀၀) စစ်ကျွန်ခံ ကြအုံး မလား၊ ရုန်းထွက် မလား ဆိုတာကတော့ NLD နဲ့ ပြည်သူတွေရဲ့ သွေးစည်း ညီညွတ်ရေး၊ ဒါက ရာဇ၀င်တွင်မဲ့ မြန်မာ့ ဒီမိုကရေစီ သမိုင်း။

ထောင်ဆိုတာ သမိုင်းရဲ့ ပြတိုက် တစ်ခု၊ ထောင်ကြောက် နေလို့ မဖြစ်၊ ထောင်ကြောက်ရင် စစ်အာဏာရှင် သက်ဆိုး ရှည်မည်။ ထောင်မကြောက်ရင် စစ်အာဏာရှင် သက်ဆိုးတိုမယ် ဒါက ၂၀၁၀ ရဲ့တစ်ခုတည်းသော အဖြေ။ သတ္တိကြောင်သူများ အတွက် ဒီမိုကရေစီသည် ထိုက်တန်သော ဂုဏ်ပုဒ် မဟုတ်၊ ဒီမိုကရေစီသည် သတ္တိ ပြောင်သူများ အတွက်သာ ထိုက်တန်သော ဂုဏ်ပုဒ်ဖြစ်သည်။ ပြည်သူတွေရဲ့ ကြောက်စိတ်၊ စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်မှု အချိုးခံ၊ အနှိမ်ခံ၊ အဖိနှိပ်ခံ နေရသည့် စိတ်တွေကို သတ္တိအဖြစ် ပြောင်းလဲရန်မှာ လူထု ခေါင်းဆောင် များ၏ အရေးကြီးသော တာဝန် တစ်ခု ဖြစ်ပေသည်။

ပြည်သူတွေရဲ့ တာဝန်
NLD ပါတီ မှတ်ပုံမတင်၊ ရွေးကောက်ပွဲ မ၀င်ခဲ့လျှင် ဘာဆက်လုပ်မလဲ၊ ပါတီရှိဖို့မလို နိုင်ငံရေးရှိဖို့လိုသည်။ နိုင်ငံရေး သေမသွားအောင် ဘယ်နည်းလမ်းတွေကို အသုံးပြုကြမလဲ ယခုကတည်းက စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရတော့မည်။ ကြောက်ရင် ပိုပြီးတော့ ဖိနှိပ်တယ်၊ ပြည်သူတွေ နိုင်ငံရေး မလုပ်ဖို့ နအဖက တားမြစ်တယ်၊ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တယ်၊ နိုင်ငံရေးမလုပ်ဘူး၊ စိတ်မ၀င်စားဘူး ဆိုတဲ့လူတွေ အနှစ်(၂၀) ဘာဖြစ်ခဲ့လဲ၊ တစ်တိုင်းတစ်ပြည်လုံး ခွေးမဖြစ်ရုံတစ်မယ်ပဲ၊ စစ်ကျွန်ဖြစ်ခဲ့တယ်၊ စစ်ခွေးတွေ အနိုင်ကျင့် နှိပ်စက်တာကို လူနဲ့သူနဲ့ မတူအောင် ခံခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ ဘာရုပ်မှ ပေါက်မလာခဲ့ဘူး။ ဒီတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်နိုင်ငံ အတွက် နိုင်ငံရေး လုပ်ကြရမယ်၊ ဒီမိုကရေစီ တော်လှန်ရေး လုပ်ကြရမယ်။ နအဖ အာဏာရူးတွေ ပြောတာကို လိုက်လုပ် နေလို့ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်၊ အပြတ်တော်လှန်ကြရမယ်။ မြန်မာပြည်စစ်ကျွန်အောက်ကလွတ်မြောက်ရေးအတွက် ၂၀၁၀ မှာ အပြီးသတ် တော်လှန်ရေး တိုက်ပွဲ ဆင်နွဲ ကြရပါမယ်။ NLD ဦးဆောင်တဲ့ ပြည်သူတွေ မဆင်နွဲရင် နအဖက အပြီးပိုင် ဆင်နွဲ ပါတော့မယ်။ဒါကိုအထူးသတိပြုကြပါ။ တော်လှန်ရေး အင်အားစုများ၊ တော်လှန်ရေးမအင်အားစုများအားလုံး ယခုအချိန်ကစလို့ မြန်မာပြည် စစ်ကျွန် အောက်ကလွတ်မြောက်ရေး အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ကစလို့ စုပေါင်း ပါဝင် ဆင်နွဲကြဖို့ အချိန်ကြရောက် နေပါပြီ။

နအဖ ဆိုတာ
နွားအဖွဲ့၊ လူစိတ် သူစိတ် မရှိသူများ စုဝေးထားသည့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့၊ ပြည်သူလူထုကို ထင်းတိုင်းကြဲ နှိပ်စက်နေသည့် လိုင်စင်ရ အကြမ်းဖက် အဖွဲ့၊ NLD ဆိုတာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရဟန်းရှင် လူပြည်သူ တစ်ရပ်လုံးက လုံးဝဥဿုံ အကြွင်းမဲ့ အာဏာ အပ်နှင်း ခံခဲ့ရတဲ့ မြန်မာပြည်၏ တစ်ခုတည်းသော ဒီမိုကရေစီ ရှေဆောင် လမ်းပြ ပါတီ အဖွဲ့ချုပ်၊ ပြည်သူတွေကို အကာအကွယ် ပေးရမယ်၊ တိုင်းပြည် အကျိုးကို ရှေ့ရှုပြီး အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင် ကြရမယ်။ ရန်သူက ပြတ်သား တာကို အောင်မလေး အော်နေလို့ မဖြစ်၊ အော်နေရမည့် အချိန် မဟုတ်တော့၊ တိုက်ပွဲအသွင် လမ်းကြောင်း ပြောင်းသင့်ချိန် ရောက်လာလျှင် ပြောင်းရမည်။ တိုက်ပွဲ ခေါ်ရမည်။ လူထုရဲ့ ခေါင်းဆောင်တွေ အမည်ခံထားပြီး ဝေတေတေ လေတေတေ လုပ်နေ ကြဦးမည် ဆိုပါက ခရစ်နှစ် ၃၀၀၀ ပြည့်သော်လည်း ဒီမိုကရေစီရရှိနိုင်မည်မဟုတ်ပေ။ ယခုအချိန်အခါသည် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူ ရွေးထုတ်ပွဲ အဖြစ် မဝေးတော့သည့် ကာလတွင် ထွက်ပေါ် လာတော့မည် ဖြစ်ပြီး၊ ၂၀၁၀ တော်လှန်ရေး အသွင်သစ်ဖြစ် စစ်အာရူး ခွေးသူတောင်းစားများ အဖွဲ့ကို အမိမြေပေါ်မှ အပြီးပိုင် ဖယ်ရှားပစ်ရန် အချိန် ကြရောက်လာပြီ ဖြစ်ပါကြောင်း တော်လှန်ရေး သစ္စာဖြင့် အသိပေး လိုက်ရပါသည်။

ရွှေဝါရောင် ဘုန်းဘုန်း
၂၉.၀၃.၂၀၁၀

အပြည့်အစုံသတင်းဖတ်ရန်....

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှားမှု စတင်ပြီ

၂၇၊ မတ်လ၊ ၂၀၁၀ တော်လှန်ရေးနေ့ည- ဆေးနီမှုတ်(စပရေး)လှုပ်ရှားမှု (မန္တလေး)


ကျွန်တော်တို့ လဖစတ (AAMD) - Burma အင်အားစုမှ (စပရေး)မှုတ်ဆေးအနီတွေနဲ့ မန္တလေးမြို့ပေါ်အနှံ့ နံရံတွေပေါ် FREE, FREE Su Kyi, FREE Daw Su, FREE 2010, FREE Aung San Su Kyi, ရွေးကြက်ခြေခတ်(ရွေးကောက်ပွဲအလိုမရှိ) အစသဖြင့် လိုက်လံရေးသားကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖမ်းဆီးခံနိုင်ငံရေးတော်လှန်ရေးအကျဉ်းသားများလွတ်မြောက်ရေး၊ ၂၀၀၈
နာဂစ်အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးရည်ရွယ်ချက်များအတွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
မှုတ်ဆေးတော်လှန်ရေးဆင်နွှဲခဲ့တဲ့ မန္တလေးမြို့ပေါ် နေရာတွေကတော့ မန္တလေးတိုင်းတရားရုံးချုပ်နံရံတွေ၊ TTC (ပညာရေးကောလိပ်), နန်းရှေ့၊ ရွှေကျောင်းကြီး၊ မန္တလေးတက္ကသိုလ်အရှေ့ဘက် ၆၉ လမ်း၊ ဗောဓိကုန်း၊ ၆၂ လမ်း၊ ၆၄၊ ၆၅ လမ်း သိပ္ပံလမ်း၊ မြို့သစ်၊ လမ်း ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၆၊ ၈၇ လမ်းတွေ နဲ့ မဟာမြတ်မုနိဘုရားကြီးပတ်ဝန်းကျင်၊ ရွှေကျီးမြင်ဘုရားပတ်ဝန်းကျင် အစသဖြင့် ၀င်းနံရံ၊ တံခါးဝ၊ အုတ်ခုံ၊ ရေကန်၊ ဓမ္မာရုံနံရံအစသဖြင့်တွေပေါ်မှာ ဆေးနီစပရေးဘူးနဲ့ လိုက်မှုတ်ရေးခဲ့ကြပါတယ်။

အလားတူဆန့်ကျင်ဆန္ဒဖော်ထုတ်မှုမျိုးတွေကို အခြားနယ်၊မြို့များမှာလည်း မပြတ်တမ်းဆက်လက် ဆင်နွှဲကြဖို့ အလေးအနက်ထားတိုက်တွန်းလိုက်ပါတယ်ခင်ဗျား။

လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)
Activists for Abolishing the Military Dictatorship (AAMD) – Burma

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, March 28, 2010

ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်

ရွေးကောက်ပွဲ ဒေါ်စုပါဝင်ခွင့် မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည် 28 March 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ပါဝင်ယှဉ်ပြိုင်ထိုက်တဲ့ သူတွေ ပါဝင်ခွင့် မပေးဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီငွေတွေ ထပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က ပြောခဲ့ပါတယ်။ ဂျပန်အစိုးရက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အကူအညီပေးမယ်၊ မပေးဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ဆက်ဆံလေ့ ရှိတာမို့ အခုလို ပြောလိုက်တာဟာ ပြီးခဲ့တဲ့ ဩဂုတ်လကမှ အာဏာရလာတဲ့ လက်ရှိ ဂျပန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တကယ်ပဲ အလေးအနက်ထား ပြောဆိုတယ်လို့ ပြောနိုင်ပါသလား။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား ပါသင့်ပါထိုက်သူတွေကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးဘူးဆိုရင် လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဆက်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့် အပြင် တခြား သတင်းထောက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့တယ်လို့ ကျိုတို သတင်းဌာနမှာ ရေးသားထားတာပါ။ နောက်အပတ် ကနေဒါနိုင်ငံမှာ ကျင်းပမယ့် G-8 စက်မှုအင်အားကြီး ၈ နိုင်ငံ အစည်းအဝေးမှာလည်း မြန်မာ့အရေးကို တင်ပြ ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။

အရင်နှစ် နိုဝင်ဘာတုန်းကလည်း လက်ရှိ ဂျပန်ဝန်ကြီးချုပ် အာကီယို ဟတိုယာမ (Akio Hatoyama) က အာဏာရပြီး ၂ လ အကြာမှာပဲ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံကို အကူအညီတွေ ပိုပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတုန်းကလည်း ဂျပန် သတင်းထောက်တဦး နအဖ စစ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပြီးနောက် ဂျပန် အစိုးရက မြန်မာနိုင်ငံကို အကူအညီ ပေးတာတွေ ရပ်ဆိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ဒီတော့ အာဏာရ ဂျပန်အစိုးရ အဆက်ဆက် အနေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလတွင်းမှာ အခုလို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အကူအညီတွေ တိုးပေးမယ်၊ မတိုးပေးတော့ဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ပြောလာတာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ အစိုးရသစ်တွင်းမှာ ဦးဆောင်နေသူတွေက အရင်ကတည်းက မြန်မာ့ဒီမိုကရေစီ အရေးအတွက် စိတ်အားထက်သန်သူတွေ ဖြစ်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အရင် ဂျပန်အစိုးရတွေထက် ပိုပြီး ပြတ်ပြတ်သားသား ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက ဒေါက်တာမင်းညိုက သုံးသပ်ပါတယ်။

“အခု လက်ရှိ အစိုးရက ဒီမိုကရက်ပါတီက တက်လာတာကြောင့်မို့ အရင်တုန်းက လစ်ဘရယ် ဒီမိုကရက်ပါတီထက် စာရင် ပိုပြီးတော့ ပြတ်ပြတ်သားသား ရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီး တောင့်တနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့တွေ လုပ်ကိုင်နေတဲ့ ဂျပန်မှာရှိတဲ့ ဂျပန် အလုပ်သမားသမဂ္ဂများက နေပြီး အဓိက ကူညီထောက်ပံ့တဲ့ ဒီမိုကရက်ပါတီက အာဏာရလာတာကြောင့်၊ ပြောရရင် လက်ရှိဝန်ကြီးချုပ် မစ္စတာ ဟတိုယာမ ဆိုတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို အကူအညီပေးတဲ့ အမတ်သမဂ္ဂများမှာ သူက ဒုတိယဥက္ကဋ္ဌလည်း လုပ်ခဲ့တယ်၊ နောက်တခါ နာယကလည်း လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ဖူးတာ ရှိတာကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပြည့်အ၀ ထောက်ခံတဲ့ ၀န်ကြီးချုပ် ဖြစ်တယ်။

“ပြီးတော့ သူတို့တွေက မနှစ် သြဂုတ်လမှာ တက်လာပြီးနောက်ပိုင်း မြန်မာပြည်က ၀န်ကြီးချုပ်နဲ့ တွေ့ကြတဲ့အချိန်မှာ အရင်တုန်းက ၀န်ကြီးချုပ်တွေ ပြောတဲ့ စကားနဲ့စာရင် တော်တော် ပြင်းပြင်းထန်ထန် ပြောတယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ ဒီမိုကရေစီ လုပ်ပါ၊ ဒီမိုကရေစီ လုပ်တယ်ဆိုရင် ခင်ဗျားတို့ကို အကူအညီပေးမယ်၊ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ ဖြတ်လိမ့်မယ်။ ဖြတ်လိမ့်မယ်လို့ပဲ ပြောတယ်။ မပေးနိုင်ဘူးဆိုတာ မပြောကြဘူး။

“နောက်ပြီးတော့လည်း မြန်မာပြည်မှာ ဖြစ်တဲ့ အတွင်းရေး ကိစ္စတွေကို သူတို့မှာ ပြောဆိုပိုင်ခွင့် မရှိဘူး ဆိုပြီးတော့၊ ပြောရင်တော့ နှုတ်ဆိတ်ပြီး နေတဲ့ ဓလေ့ရှိတယ်။ ဒါပေမဲ့ အခု မစ္စတာ ဟတိုယာမ တက်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောတာတင် မကဘဲနဲ့ နယ်မှာရှိတဲ့ NLD ရုံးအဖွဲ့တွေကို ဖွင့်ပေးဖို့၊ ဒီမိုကရေစီ နည်းကျကျ လုပ်ကိုင်ပေးဖို့ တောင်းဆိုခဲ့တာ တွေ့သလို အခု နိုင်ငံခြားရေးဝန်ကြီး ဖြစ်တာလည်း သူက အရင်တုန်းက ဒီမိုကရက်ပါတီက ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပြီးတော့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်တာကြောင့်မို့ သူကလည်း ဒီမိုကရေစီနဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း မြန်မာပြည် အရေးကို ထောက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်နေတာကြောင့် ပြောရရင်တော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း လုပ်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။”

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်တုန်းကလည်း လက်ရှိဝန်ကြီးချုပ် ဟတိုယာမက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ ဂျပန်အစိုးရရဲ့ မူကို လိုအပ်ရင် ပြန်လည် သုံးသပ်ရလိမ့်မယ်လို့ ပြောခဲ့တဲ့အကြောင်းကိုလည်း ဒေါက်တာမင်းညိုက ထောက်ပြပါတယ်။

“ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်ကလေးမှာ အဆာဟိ သတင်းစာနဲ့ အင်တာဗျူးလုပ်တဲ့ အချိန်မှာ သူက ဘယ်လိုပြောခဲ့လဲဆိုတော့ အားလုံးပါလို့ မပါနိုင်တဲ့ အနေအထားမျိုး ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် လုပ်မယ်ဆိုရင်တော့ သူတို့တွေ အခုလက်ရှိ လုပ်ကိုင်နေတဲ့ မြန်မာပြည်အပေါ်မှာ ထားခဲ့တဲ့ ပေါ်လစီကို သူတို့ စဉ်းစားရလိမ့်မယ်ဆိုပြီး သတင်းစာထဲမှာ တရားဝင် ပါထားတယ်။ ပါထားတာကို သောကြာနေ့မှာ သူက ဒါကို ပိုပြီးတော့ တရားဝင် ပြောလိုက်တာပဲ။”

ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ စီးပွားရေး အကူအညီတွေကို ရပ်ဆိုင်းခဲ့ပြီး လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကိုပဲ ဆက်ပေးနေခဲ့တာ ဖြစ်ပါတယ်။


အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြန်ဆုံးတွေ့ဆုံရေး NLD တောင်းဆို

27 March 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးဖို့နဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို တရားဝင် ရပ်တည်ခွင့်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၇ ရက်မှာကျရောက်တဲ့ (၆၅) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက် ၈/၀၃-၁၀ မှာ ဒီတောင်းဆိုချက်တွေကို ထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရေးဟာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ အင်မတန် အရေးပါတယ်လို့ ဆိုပါတယ်။ အလားတူစွာပဲ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း မရှိမဖြစ် လိုအပ်တဲ့အတွက် ဒီအချက်တွေကို တောင်းဆိုတာဖြစ်တယ်လို့ NLD က ဆိုပါတယ်။

ဒီကနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ NLD က ထုတ်ပြန်တဲ့တောင်းဆိုချက် အသေးစိတ်ကိုတော့ ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

"လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများအရ နိုင်ငံရေးအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးမှု ပြုရန်ဆိုတာ ဒါ ထူးခြားတဲ့ဟာပေါ့။ ကျန်တဲ့တောင်းဆိုတဲ့ဟာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာဟာ မတရားတဲ့ချုပ်နှောင်ထားမှုဖြစ်တဲ့အတွက် အမြန်ဆုံး လွှတ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ပေးဖို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး ဆန်းညွှန့်လွင် တို့ကို အမြန်ဆုံး လွှတ်ပေးဖို့၊ ပိတ်ပင်ထားတဲ့တိုင်းရင်းသားပါတီတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ အဲဒါတွေပါ။"

ဆိုတော့ NLD တောင်းဆိုချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ပါဝင်ခွင့် တောင်းဆိုထားတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ပါဝင်ခွင့်ပြုမယ်ဆိုရင် NLD က ရွေးကောက်ပွဲအပေါ်မှာ စဉ်းစားတဲ့နေရာမှာ အဲဒီအချက်ကို ထည့်သွင်းစဉ်းစားမှာလား။ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေး ကိစ္စက။ -

"ဒါတွေက ဆက်စပ်မှုတော့ ရှိမှာပေါ့။ ကျနော်တို့ အခု ဒီလိုလုပ်ပေးပါ၊ ဒီလိုလုပ်ပေးရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ မျိုးတော့ ဒီလိုတော့ တိတိကျကျ မရှိဘူးပေါ့ဗျာ။ ဒါတွေကတော့ ဆက်စပ်မှုရှိမှာပဲ။"

ရွှေဂုံတိုင် ကြေညာချက်အပေါ်မှာ စစ်အစိုးရက အတိုင်းအတာတခုအထိ လိုက်လျောမယ်၊ သဘောက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ လွှတ်ပေးမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့ ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင်တော့ ဒါ တမျိုးတမည် ဖြစ်လာနိုင်တယ်ပေါ့။ -

"ကျနော်တို့ အဲဒီလို အပြောင်းအလဲရှိရင် ဒီဘက်မှာလည်း စဉ်းစားတာ အပြောင်းအလဲရှိမှာ သေချာပါတယ်။"

NLD ဗဟိုကော်မီတီဝင်လည်းဖြစ်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ဒီကနေ့အခမ်းအနားကို NLD အဖွဲ့ဝင်တွေအပါအ၀င် ဧည့်ပရိသတ် ၄၀၀ လောက် တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အပြင်ဖက်မှာတော့ စစ်အစိုးရရဲ့ လုံခြုံရေး ၁၀၀ ကျော် စောင့်ကြည့်နေခဲ့ပါတယ်။ ဒီလုံခြုံရေးပမာဏဟာ သိပ်များပြားတယ်မဆိုသာပေမဲ့ ခါတိုင်းထက်တော့ ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရပြန်ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေအရ တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့်ဆိုတာကို လာမယ့်မတ်လ ၂၉ ရက် တနင်္လာနေ့မှာ ဒီပါတီဌာနချုပ်မှာပဲ စည်းဝေးပြီး ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-03-27-voa3.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်

ဗိုလ်ချုပ်မှူးကြီး ၏ အနာဂတ် ဘာလဲ ဘယ်လဲ
အောင်ဇော် Saturday, March 27, 2010
လူအများ ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော ရွေးကောက်ပွဲဥပဒေများကို လွန်ခဲ့သည့်သတင်းပတ်များအတွင်း ဗိုလ်ချုပ်မှူးကြီးက ထုတ်ပြန် ကြေညာလိုက်သည်။ ရွေးကောက်ပွဲအပြီးကာလတွင် ဗိုလ်ချုပ်မှူးကြီးသည် သူ၏ အာဏာပလ္လင်အား တဦးဦးဖြင့် လူစားထိုးမည်လော သို့မဟုတ် ယခုအတိုင်းချန်လှပ်ထားခဲ့မည်လော ဆိုသည်ကို မြန်မာ့အရေး လေ့လာ စောင့်ကြည့် သုံးသပ်နေသော ပညာရှင်က၀ိများ အနေဖြင့် အပူတပြင်း စဉ်းစားတွက်ချက်နေကြသည်။


ဗိုလ်ချုပ်မှူးကြီး အနေဖြင့် သူ၏နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုနှင့် ကိုင်စွဲထားသော အာဏာကိုလိုလိုလားလား စွန့်လွှတ်ပါ့မလား ဆိုသည့် အချက်ကတော့ လူအများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။

နေပြည်တော်မှ ထိပ်တန်းခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံနေရသော သူများ၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီး သည် ရွေးကောက်ပွဲအပြီး ကာလတွင် သမ္မတရာထူးနေရာ၌ ဆက်လက်တာဝန် ထမ်းဆောင်ရန် အစီအစဉ်များ ရှိနေသည်ဟု တပ်မတော်အတွင်းမှ အရာရှိတချို့က ယုံကြည်နေကြသည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသည် ကုလသမဂ္ဂအရာရှိများနှင့်တွေ့ဆုံစဉ်ကာလက သူ့အနေဖြင့် မကြာခင် အနားယူ တော့မည် ဖြစ်ကြောင်းကိုလည်း ထုတ်ဖေါ် ပြောကြားခဲ့သေးကြောင်း သတင်းများအရ သိရှိရသည်။

နေပြည်တော်မှာ စစ်ဖက်ဆိုင်ရာနှင့် အရပ်ဖက်ဆိုင်ရာ အရာရှိများ၏ အဆိုအရ တပ်မတော်အတွင်းရှိ အချို့ အုပ်စုများအနေဖြင့် ဗိုလ်ချုပ် မှူးကြီးအား ကာလသတ်မှတ်ချက် အပိုင်းအခြားမရှိဘဲ အာဏာကိုဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေကြပြီး နောက်ဆုံးအချိန်အထိ တိုင်းပြည်အတွက် ပေးဆပ်တာဝန်ထမ်းဆောင်သွား ရန် တိုက်တွန်းမှုများ ရှိနေသည်ဟု ကြားသိရသည်။

ဗိုလ်ချုပ်မှူးကြီးအနေဖြင့်လည်း တပ်မတော်အတွင်းရှိ အုပ်စုတချို့မှ ထိုသို့တောင်းဆိုလာသည့်အပေါ် ခေါင်းညိတ်သဘောတူကာ သမ္မတကြီးလုပ်ဦးမည်ဆိုလျှင်လည်း မည်သူမျှ အံ့သြ လိမ့်မည် မဟုတ်ပါ။

ပြီးခဲ့သည့်နှစ်က ဖြစ်ပေါ်ခဲ့သော ကောလဟာလများအရ ဗိုလ်ချုပ်မှူးကြီးသည် စစ်အစိုးရအတွင်းမှ တတိယ မြောက် အာဏာရှိသူ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရရွှေမန်းအား ရွေးကောက်ပွဲအပြီး ကာလ အတွက် သမ္မတ ရာထူးပေးအပ်ရန် လျာထားခဲ့ကြောင်း သိရှိရသည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဇနီးတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် ၎င်း၏မိသားစုဝင်များနှင့် အလွန်နီးစပ်သူများ လည်း ဖြစ်သည်။ ထိုမိသားစု နှစ်စုသည် စင်္ကာပူနိုင်ငံသို့ အတူတကွ အမြဲဈေးဝယ်ထွက်ကြကြောင်းလည်း သိရှိရသည်၊

သို့သော်လည်း စစ်တပ်အတွင်းမှလာသော သတင်းများအရ သူရရွှေမန်းသည် ယခုအခါ ဗိုလ်ချုပ်မှူးကြီးအတွက် မလိုအပ်တော့ ကြောင်း ကြားသိရပြန်သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ယခင်က ဧရာဝတီတိုင်း တိုင်းမှူး ဖြစ်ခဲ့ သည်။ ထိုနေရာမှ ရန်ကုန်ရှိစစ်ရုံးချုပ်သို့ ရာထူးတိုးမြှင့်ခန့်ထားပေးခဲ့ခြင်းသည် ၂၀၀၀ ခုနှစ် အစောပိုင်း နှစ်များ အတွင်း ရေပန်းစားခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ပြန်၍ အားပြိုင်နိုင်စေရေးအတွက် ခန့်ထားခဲ့ခြင်း ဖြစ်သည် ဟု သိရှိရသည်။ အာဏာလက်စောင်းထက်လှသော ထောက်လှမ်းရေးမှူးချုပ် တဖြစ်လဲ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ၂၀၀၄ ခုနှစ်တွင် ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးနှင့်အတူ ရာထူးမှ ထုတ်ပယ် ခံလိုက်ရ သည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးသည် သူ၏ ပြိုင်ဖက်များအတွင်းမှ အန္တရာယ် အရှိဆုံးသူ တဦးကို ဖယ်ရှားနိုင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီး မြှောက်စားခဲ့သော၊ ရာထူးတင်ပေးခဲ့သော လူလတ်ပိုင်း စစ်အရာရှိ များထဲမှ တဦး ဖြစ် သည်။ ထိုအရာရှိများသည် တပ်မတော်အတွင်း ထိပ်တန်းအရာရှိကြီးများ ဖြစ်လာသကဲ့သို့ ၀န်ကြီးများအဖြစ်လည်း ရာထူးများ ရရှိခဲ့ကြ သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အထူးစစ်ဆင်ရေးဗြူရို အမှတ် (၅)၏ ခေါင်းဆောင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦး တို့သည် ဗိုလ်ချုပ်မှူးကြီး စင်တင်ပေးခဲ့သော ထိပ်တန်း အရာရှိများ ဖြစ်သည်။ ဗိုလ်ချုပ်ဌေးဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ တာဝန် ကိုလည်း ထမ်းဆောင်နေသူဖြစ်သည်။

သတင်းအချက်အလက်များအရ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် မန်မာနကြီးသူတဦး မဟုတ်သော်လည်း ဗိုလ်ချုပ်မှူးကြီး၏ ယုံကြည် စိတ်ချမှုကို အပြည့်အ၀ရရှိသူ တဦးမဟုတ်ကြောင်း သိရှိရသည်။ ဗိုလ်ချုပ်မှူးကြီး စိတ်ချယုံကြည်သော ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၂၀၀၇ ခုနှစ်၌ ကွယ်လွယ်အပြီး ဗိုလ်ချုပ်ဌေးဦးနှင့် ဗိုလ်ချုပ်မြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး၏ စိတ်ကြိုက် ထိပ်တန်းအရာရှိများ ဖြစ်လာ ခဲ့ကြသည်။

အကယ်၍ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ရွေးကောက်ပွဲကာလအပြီးတွင် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်နှင့် သူ၏ လုံခြုံရေးအတွက် အာဏာ နေရာကို ဆက်လက်ကိုင်စွဲ ထားမည်ဆိုပါကလည်း အံ့သြစရာမဟုတ်ပါ။

မြန်မာစစ်အစိုးရ ထိပ်တန်းအဖွဲ့ဝင်များသည် နိုင်ငံခြားဘဏ်များတွင် ကိုယ်ပိုင်နိုင်ငံခြားငွေ အမြောက်အများရှိနေ သကဲ့သို့ မက်မော ဖွယ်ကောင်းသော စီးပွားရေးအကျိုးအမြတ်များကိုလည်း တဖက်တွင် နည်းမျိုးစုံဖြင့် ပိုင်ဆိုင် ထား ရှိသည်။ ထိုကဲ့သို့ တဦးချင်း ချမ်းသာ ၍ ဓနကြွယ်ဝလာမှုများသည် လာမည့်နှစ်အတော်များများအထိ ဆက် လက် အကျိုးခံစား နေရဦးမည်ဖြစ်သည်။

သို့သော်လည်း ဤနေရာတွင် မေးရမည့်မေးခွန်းကတော့ ဗိုလ်ချုပ်မှူးကြီးသည် မည်သည့်နည်းနာကို သုံးစွဲ၍ သမ္မတကြီးအဖြစ် အာဏာ ကို ဆက်လက်ဆုပ်ကိုင်မည်နည်း ဆိုသည်ပင်ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ စစ်တပ်သည် ဖြစ်တည်လာမည့် အစိုးရသစ် အုပ်ချုပ်ရေးထဲတွင် ကျေးရွာ၊ မြို့နယ်၊ တိုင်းနှင့်ပြည်နယ်၊ ခရိုင် ဒေသကြီးများ စသဖြင့် အဆင့်တိုင်းတွင် ၂၅ ရာခိုင်နှုန်း နေရာကို အလိုအလျောက် ရရှိမည်ဖြစ်သည်၊ ထို့အပြင် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် တဦး၊ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တဦးနှင့် လွှတ်တော်နှစ်ရပ်ပေါင်းအတွက် စစ်တပ် ကိုယ်စား လှယ် တဦး စုစုပေါင်း ကိုယ်စားလှယ်သုံးဦးကို သမ္မတရာထူးအတွက် လျာထားသည်။

လာမည့် အနာဂတ်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ထိုကိုယ်စားလှယ်များထဲမှတဦးဦးအဖြစ် တပ်မတော်မှ ကိုယ် စားလှယ်များက ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အမည်စာရင်းတင်သွင်းမည် ဆိုပါက တင်သွင်းနိုင်ခွင့်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသစ်ဖြစ်လာမည့် သမ္မတသည် အမျိုးသားကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ဥက္ကဌ အဖြစ်တာဝန်ထမ်း ဆောင်မည်ဖြစ်ပြီး ထိုကောင်စီသည် နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာ နိုင်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်း နိုင်သည့် အခွင့်အာဏာရှိသည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးသည် လက်နက်ကိုင် စစ်တပ်၏ အကြီးအကဲဖြစ်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံး အာဏာ ရှိသူဖြစ်သည်။ ထိုရာထူးကို သူ စိတ်ချယုံကြည်ရဆုံး သူကိုသာ လွှဲပြောင်းပေး လိမ့်မည်ဟု လေ့လာသုံးသပ်သူ များက ဆိုထားသည်။ အသက် ၅၀ ကျော်ခန့်ရှိသော ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ထိုရာထူးအတွက် အသင့်လျော်ဆုံးသူ ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။

ဗိုလ်ချုပ်မှူးကြီးသည် ညွှန်ကြားချက်များ အမိန့်များ ဆက်လက်ပေးနေဆဲ ဖြစ်သော်လည်း ရန်ကုန် မန္တလေး တို့တွင် ထိပ်တန်းစစ်အရာ ရှိများနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာကိစ္စများအတွက် ကျင်းပသော ပုံမှန်အစည်း အဝေးများကို ကိုယ်တိုင်တက်ရောက်၍ ညွှန်ကြား နေရသူကတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသာဖြစ်သည်။

မည်သူသည် ကာကွယ်ရေးဦးစီးချုပ်ဖြစ်မည်နည်းဆိုသည့် မေးခွန်းက ယခုအချိန်တွင် အရေးကြီးနေသည်။ ဗိုလ်ချုပ်မှူးကြီး ယုံကြည်စိတ် အချရဆုံးဖြစ်၍ ဗိုလ်ချုပ်မှူးကြီး၏ ဇနီးနှင့်နီးစပ်သော ဗိုလ်ချုပ်မြင့်ဆွေကတော့ အဆိုပါရာထူးအတွက် ယနေ့ အချိန်တွင် တစ်ပြေးနေ တဦးဖြစ်သည်။

စိတ်ဝင်စားဖွယ်ကောင်းသည့် နောက်တချက်ရှိသေးသည်။ ခေတ်မီ၍ အားကောင်းသည်ဟု ယူဆထားသည့် တပ်မတော်ကို ဗိုလ်ချုပ်မှူး ကြီး အနေဖြင့် အခြားသူ တဦးဦးလက်ထဲသို့ ထိုးအပ်ရန်အတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲပါလိမ့်မည်။ သူ၏ တပ်မတော် အတွင်းမှ ထိပ်တန်းအရာရှိများအကြားတွင် ရှိနေသည့် အာဏာပြိုင်ဆိုင်မှုများ အကြောင်းကို သူ ကိုယ်တိုင်လည်း ကောင်းကောင်းသိသူ တဦးဖြစ်သည်။ အကယ်၍ စစ်တပ်ကို ထိန်းချုပ်ထားသည့် ရာထူးကို စွန့်ခွာလိုက်ပါက နောင်တွင် စစ်တပ်ကိုပြန်လည် ထိန်းချုပ်ရန် ဗိုလ်ချုပ်မှူးကြီးအတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပါမည်။ ထိုအချက်သည် ဗိုလ်ချုပ်မှူးကြီးအတွက် စိုးရိမ်သောက အရောက်ရဆုံး ကိစ္စဖြစ်နိုင်သည်။

ယခုအချိန်တွင် တွေ့မြင်နေရသည့် အပြောင်းလဲများကို မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုဟု ဆိုပါစို့။ ဗိုလ်ချုပ်မှူးကြီးအတွက် စိုးရိမ်သောကဖြစ်စေရသည့်အချက်မှာ သူ့ထက် အသက်ငယ်ရွယ်သော စစ်တပ်နှင့် ၀န်ကြီး အဖွဲ့များထဲမှ လူလတ်ပိုင်း ထိပ်တန်း စစ် ခေါင်းဆောင်များသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုလူလတ်ပိုင်း စစ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်တခုအတွင်း တရိပ်ရိပ် ဖြင့် ပိုမိုချမ်းသာ ကြွယ်ဝလာကြသကဲ့သို့ ပို၍လည်း အာဏာလက်စောင်း ထက်လာကြသည်ကို တွေ့ရှိရသောကြောင့် ပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးအား ညသန်းခေါင်ယံအချိန်တွင် အိပ်မက်ဆိုးဖြင့် လန့်နိုးစေသူ မဟုတ်ပါ။ သို့သော် ဗိုလ်ချုပ်မှူးကြီး ယုံကြည်စိတ်ချရသည်ဆိုသော စစ်အရာရှိများသည် သူကိုယ်တိုင်နှင့် သူ၏ မိသားစုလုံခြုံရေးကို လာမည့်အနာဂတ် ကာလတွင် အာမခံနိုင် မခံနိုင် ဆိုသည်ကသာ အမှန်တကယ် မေးရမည့် မေးခွန်း ဖြစ်သည်။

ရှေ့အနာဂတ်တွင်လည်း သူ၏ လုံခြုံရေးအတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် များစွာသော ထိပ်တန်း စစ်ခေါင်း ဆောင် များကို ထောင်သွင်း အကျဉ်းချခြင်း အကျယ်ချုပ် ချထားခြင်းများ ပြုလုပ်၍ ကာကွယ်ရင်း နေထိုင် သွားရ ပေလိမ့်မည်။ ထိုအထဲတွင် သူနှင့်သူ့မိသားစုနှင့် အစေးမကပ်သည့် ဗိုလ်ချုပ်ကြီး ခင်ညွန့် သည်လည်း တဦး အပါ အ၀င်ဖြစ်သည်။

ထိုသို့သော အချက်များကြောင့် ဗိုလ်ချုပ်မှူးကြီးအတွက် ထွက်တော်မူနန်းကခွာခြင်းသည် သူနှင့်သူ့မိသားစု အတွက် အန္တရာယ်များ လှသော ကြောင့် တနည်းနည်းဖြင့် အာဏာကိုဆက်လက်ကိုင်စွဲခြင်းကသာ အကောင်းဆုံး ဗျူဟာဖြစ်တော့သည်။

အကယ်၍ ဤသို့မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး စိတ်ပြောင်းလာသည် ဆိုပါစို့။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဗိုလ်ချုပ် ဌေးဦး တို့အတွက် ထိပ် တန်းရာထူးများက အဆင်သင့် ဖြစ်နေပေလိမ့်မည်။

အလားတူပင် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ဗိုလ်ချုပ်မြင့်ဆွေအား ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ရန် စိတ်လေး နေသည်ဆိုပါက သူ့အ နေဖြင့် ရွေးချယ်ရန် လူလတ်ပိုင်း ထိပ်တန်းအရာရှိများ ဖြစ်သော ဗိုလ်ချုပ် လှဌေးဝင်း၊ ဗိုလ်ချုပ် ကိုကို၊ ဗိုလ်ချုပ်တင်ငွေနှင့် ဗိုလ်ချုပ် ကျော်ဆွေတို့ ကျန်ရှိနေပါသေးသည်။

လောလောဆယ် အနေဖြင့် သမ္မတကြီးဖြစ်ရန် ရည်စူးနေပုံရသော ဗိုလ်ချုပ်မှူးကြီးကို လာမည့် ရွေးကောက်ပွဲတွင် ကံကောင်းပါစေ ကြောင်း စကားပါးလိုက်ရပါသည်။

Than Shwe Mulls his Future Role By Aung Zaw ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2890-2010-03-27-11-49-57

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */