“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, February 04, 2010

ကိုကျော်သူ ရဲ့ ရှင်းတမ်း

ရှက်ဖို့ ကောင်းလှသည် . . . ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။

ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ . . . ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။

တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။

အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . . . နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား . . . စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။
ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။
မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

ကျွန်တော် စကားလုံးများနှင့် ရှင်းပြရသည်မှာ များလှပါပြီ။ ထို့ကြောင့် . . . ယခုလူမှုရေးလုပ်ငန်း (နာရေးကူညီမှု) တွင် အယူသီးမှု၊ အရိုးစွဲမှု၊ အမှားကို လက်ခံနေမှုများကို တိုက်ဖျက်ကြသော သူရဲကောင်း လူပုဂ္ဂိုလ်များ၏ အကြောင်းအရာ၊ သက်သေခံဓာတ်ပုံများနှင့်တကွ ထပ်မံရှင်းပြပါတော့မည်။

နံပါတ် (၁) ကိုချိုသန်း + မမိုးစန္ဒာ


ကိုချိုသန်း + မမိုးစန္ဒာ
မြောက်ဥက္ကလာပ မြို့နယ် ခန်းမတွင် မင်္ဂလာ အခန်းအနား ပြုလုပ်ပြီး ချိန်တွင် သူတို့၏ ရဲရဲတောက် တောင်းဆိုချက်ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေး လမ်းကြောင်းတွင် မင်္ဂလာဝတ်စုံနှင့် တကွ မင်္ဂလာ ရှိစွာဖြင့် ကုသိုလ် ယူခဲ့သည်။

နေ့ရက် ။ ။ ၉ - ၁၂ - ၂၀၀၆ ခုနှစ်
နေရာ ။ ။ မြောက်ဥက္ကလာပ ခန်းမ
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ တောင်ဒဂုံ မြို့နယ်မှ ထားဝယ်ချောင် သုဿန် ၊ မြောက်ဒဂုံမြို့နယ်မှ ထားဝယ်ချောင် သုဿန်သို့

နံပါတ် (၂) မောင်ပြည့်ဖြိုးအောင် + မနှင်းနွယ်ဝင့်
မင်္ဂလာ နေ့ရက် ။ ။ ၆ - ၁ - ၂၀၀၇ ခုနှစ်

သူတို့၏ မင်္ဂလာ နေ့ရက်၊ မင်္ဂလာရှိသော အချိန်၊ မင်္ဂလာရှိသော နေရာ ဆီဒိုးနား ဟိုတယ်ကြီးတွင် ကျင်းပသော သူတို့ မင်္ဂလာဆောင်၏ ဖိတ်စာထဲတွင် လက်ဖွဲ့မည့် ချီးမြှင့် ထောက်ပံ့မှုများကို လူမှုရေး အသင်း (၁၁) သင်းအား မိမိတို့ စိတ်ကြိုက် နှစ်သက်ရာ အသင်းအဖွဲ့သို့ လှူဒါန်း ပေးပါရန် ဟူ၍ ပုံနှိပ်ကာ အစွဲအလန်း ထုံးစံများကို တိုက်ဖျက်၍ အယူသီးမှု တိုက်ဖျက်ရေး မှတ်တိုင်ကို ထူခဲ့ပါသည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေ (၁၀) သိန်းနီးပါး ရရှိခဲ့ပါသည်။ (မှတ်တမ်း ဓာတ်ပုံနှင့် နဂ္ဂတစ် ဖလင်များသည် နာဂစ် မုန်တိုင်း ဒဏ်ကြောင့် အသင်း အဆောက်အဦး ပျက်စီးမှုနှင့်အတူ ပါသွားပါ၍ ခွင့်လွှတ်ပါရန်။)

နံပါတ် (၃) ကိုသိန်းဇော် + မသန်းသန်းအေး

ကိုသိန်းဇော် + မသန်းသန်းအေး

သူတို့ လင်မယား သည်လည်း ရဲရဲတောက် လူမှုရေးသမားများပင် ဖြစ်တော့သည်။ သူတို့ သည်လည်း ရေဝေး သုဿန် အနားရှိ နေအိမ်တွင် မင်္ဂလာပွဲကိုလုပ်၍ မင်္ဂလာရက်မြတ်တွင် နာရေး ကူညီမှု အသင်း (ရန်ကုန်) ၏ လမ်းကြောင်းကို လိုက်လံ ကုသိုလ်ယူ လုပ်အား ပေးခဲ့ကြသည်။

နေ့ရက် ။ ။ ၂၈ - ၂ - ၂၀၀၈ ခုနှစ်
နေရာ ။ ။ ရေဝေး သုဿန် အနီးရှိ နေအိမ်
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ကြည်စု သုဿန်၊ သုဝဏ္ဏမှ ရေဝေးသုဿန် (အအေးခန်း)

ကိုသိန်းဇော် + မသန်းသန်းအေး

နံပါတ် (၄) ကိုဖိုးချို + မဝင်းဝင်းဇော်

ကိုဖိုးချို + မဝင်းဝင်းဇော်

ကိုဖိုးချို + မဝင်းဝင်းဇော်
သူတို့ ဇနီးမောင်နှံသည်လည်း အယူသည်းမှု တိုက်ဖျက်ရေး ရဲရဲတောက် ဇနီး မောင်နှံပင် ဖြစ်သည်။ သူသည် ကျွန်တော်တို့၏ နာရေး ကူညီမှု အသင်း (ရန်ကုန်) ရုံးခွဲတွင် မင်္ဂလာ အခမ်းအနား ကျင်းပပြီး မင်္ဂလာ ရက်မြတ်တွင် ကုသိုလ်ဖြစ် နာရေး လိုက်လံ ပို့ဆောင်ခဲ့သည်။

နေ့ရက် ။ ။ ၁၈ - ၁၁ - ၂၀၀၇ ခုနှစ်
နေရာ ။ ။ ရေဝေး သုဿန် အနီး
ကုသိုလ် ယူသည့် လမ်းကြောင်း ။ ။ ရန်ကုန် ဆေးရုံကြီးမှ ရေဝေးသုဿန်

နံပါတ် (၅) ကိုဘိုဘို + မပွင့်ဖြူနှင်း


ကိုဘိုဘို + မပွင့်ဖြူနှင်း
သူတို့သည်လည်း နာရေး ကူညီမှု အသင်း (ရန်ကုန်) မှ ဝန်ထမ်း တစ်ဦးဖြစ်သည်။ သူတို့ သည်လည်း မင်္ဂလာပေါ် မင်္ဂလာ ထပ်သည်နှင့် အညီ ဧည့်ခံပွဲ ပြီးပြီးချင်း နာရေး ကူညီမှု ကိစ္စများကို လိုက်လံ ကုသိုလ် ယူကြသည်။

နေ့ရက် ။ ။ ၁၁ - ၁၁ - ၂၀၀၉ ခုနှစ်
နေရာ ။ ။ ဗြဟ္မဝိဟာရ စာသင်တိုက် (သင်္ဃန်းကျွန်း)
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ ဂျပန် ဆေးရုံမှ ရေဝေးသုဿန် ၊ မင်္ဂလာတောင်ညွန့်မှ ရေဝေးသုဿန်

ထို့ကြောင့် . . . သူတို့ . . . သူတို့သည် တစ်သက် တစ်ခါ မင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့် မွန်မြတ်သည့် အလှူပွဲ၊ ကုသိုလ်ပွဲကို ဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။

သို့သော် . . . အောက်ပါ ဓါတ်ပုံအတိုင်း အယူသီးမှုများ၊ တားမြစ်မှုများ၊ ဟန့်တားမှုများ၊ တိုက်ခိုက်မှုများ၊ ဖျက်ဆီမှုများ ရှိနေဆဲပင်။

ဒါကြောင့် . . . ပြဒါးတစ်လမ်း . . . သံတစ်လမ်းဖြစ်နေမှုများကို
ကိုယ့်စိတ် . . . ကိုယ်စစ်
ကိုယ့်လမ်း...ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သမိုင်း . . . ကိုယ်ရေး ကြရမှာ ဖြစ်သည့် အတွက်
မှားလား . . . မှန်လား
မှန်လား . . . မှားလား
မှားရင်ပြင်၊ မှန်ရင်ဆက်လုပ်ကြဖို့ လိုတယ်။
မည်သို့ ဖြစ်စေကာမူ . . . ကျွန်တော်နှင့် ကျွန်တော်၏ သွေးသောက်များသည်ကား ဗိုလ်ချုပ်ရဲ့စကား၊ ဆရာတော်ကြီးရဲ့ သြဝါဒ ဆုံးမစကား အတိုင်း ရှေ့သို့ ရဲရဲ ချီတက်ကြမည် ဖြစ်ကြောင်း။

“လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)

“လူ့ ဘုံထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန်ပိတ်သည်း၊ ခရီးခဲ၌
စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲစိတ် မွေးလျက်၊ ရဲသွေး နီနီ
စီရရီဖြင့်၊ ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။”
(မဟာ ဂန္ဓာရုံ ဆရာတော်ကြီး၊ အမရပူရ)


ဒါကြောင့် . . . ဒါတွေ . . . ဒါတွေဟာ အားလုံး အတွက်
လူသားတိုင်း အတွက်
တစ်တိုင်း ပြည်လုံး အတွက်
တကမ္ဘာလုံး အတွက်. . .
အယူသီးမှု တိုက်ဖျက်ရေး ရဲရဲတောက်
ရှင်းတမ်း ဖြစ်တော့သည်။

ကျော်သူ

အပြည့်အစုံသတင်းဖတ်ရန်....

ပေါ်ပြီလေ..အပုပ်တွေ


Myanmar Mill Mine 28 January 2010 http://www.yeyintnge.com/2010/02/exploring-claims-about-secret-nuclear.html က မျှတာပါ။
2009 08 03 - Burma Tunnels

အပြည့်အစုံသတင်းဖတ်ရန်....

ဘုရားပြီးက ငြမ်းဖျက်ကြသည်။

အကော်ဒီယံအုန်းကျော်ကို ဂီတအစည်းအရုံး တရားစွဲ
မျိုးဝင်းဇော်/ ၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံ ဂီတအစည်းအရုံးပိုင် အဆောက်အအုံမှ ဖယ်ရှားပေးရန် အကော်ဒီယံအုန်းကျော် မိသားစုကို ဂီတအစည်းအရုံးက တာမွေ တရားရုံးတွင် တရားစွဲဆိုထားသည်။

ဂီတအစည်းအရုံးကော်မတီ အဖွဲ့ဝင်တဦးက “အဲဒီ မြန်မာနိုင်ငံ ဂီတအစည်းအရုံး အဆောက်အအုံမှာ ကျနော်တို့ အပြည့်အဝ ပြောင်းရွှေ့ အလုပ်လုပ်ဖို့ လိုတယ်။ အဲဒီမှာ အကော်ဒီယံ အုန်းကျော်မိသားစုဝင်တွေက လူနေအိမ် အဖြစ် အသုံးပြုပြီး နေနေကြတယ်။ ဒါနဲ့ ဘယ်လို လုပ်ရမလဲဆိုပြီး ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ကို တင်ပြတော့ သူက တရားစွဲ ဆိုတာနဲ့ ခု အကော်ဒီယံအုန်းကျော် မိသားစု တွေကို ဖယ်ရှားပေးဖို့ တရားစွဲ လိုက်တာဖြစ်တယ်” ဟု ပြောသည်။

ဂီတအစည်းအရုံးမှ အကော်ဒီယံအုန်းကျော်ကို ဖယ်ရှားပေးရန် မေတ္တာရပ်ခံထားသည်မှာ ကြာပြီဖြစ်ကြောင်း၊ ထိုသို့ မေတ္တာရပ်ခံမှုကို အကော်ဒီယံအုန်းကျော်က အတွင်းရေးမှူး (၁) ထံ စာတင်ထားကြောင်း အခြား တေးဂီတ ထုတ်လုပ်အလွှာမှ ကော်မတီဝင်တဦးက ပြောသည်။ “ဒီလို စာရေးတင်ပြ တိုင်တန်းတဲ့အတွက် ဗိုလ်မှူးချုပ်ကျော်ဆန်းက ဒေါသထွက်ပြီး ဂီတအစည်းအရုံးကနေတဆင့် တရားစွဲ ဖယ်ရှားခိုင်းတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယင်းစာတွင် အဆိုပါအဆောက်အအုံကြီးကို သူကိုယ်တိုင်ကမကထလုပ် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအ ကြောင်း ကြေးသွင်းစာရေးထိုး ပြီး အဆောက်အအုံ မြေညီထပ်တွင် ဖော်ပြထားကြောင်း၊ သူ့အနေဖြင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုခဲ့သည်များကို ထောက်ထားပြီး ဆက်လက်နေထိုင်ခွင့်ပြုစေလိုပါကြောင်း၊ သူ ဂီတအစည်းအရုံးကို တာဝန်ယူစဉ်က ကော်မတီအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌ စသည်တို့ကို မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂီတ အစည်းအရုံး တာဝန်ရှိသူများကို သူ့သဘောကျ ခန့်အပ်ခဲ့ကြောင်း စသဖြင့် ရေးသားခဲ့သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးအဆောက်အအုံကို ၁၉၉၁ ခုနှစ်က အကော်ဒီယံအုန်းကျော် ကိုယ်တိုင် ကမကထ လုပ်ပြီး ဂီတလောက သားများ ထည့်ဝင်သည့် အလှူငွေဖြင့် သုံးထပ် အဆောက်အဦကြီး ဆောက်လုပ်ခဲ့ခြင်းဖြစ် ကာ ငွေကျပ်သိန်း (၆ဝဝ) ကျော် ကုန်ကျခဲ့ ကြောင်း၊ ဆောက်လုပ်ပြီးစဉ်မှစ၍ အကော်ဒီယံအုန်းကျော် မိသားစု ဝင်များ အဆိုပါ အဆောက်အအုံ တထပ်ကို ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယခု နှစ်ပေါင်းများစွာ ကြာလာပြီး နောက်ပိုင်း တက်လာသည့်ဂီတအစည်းအရုံး ကော်မတီဝင်များက အဆောက် အအုံတခုလုံးကို အစည်း အရုံးအတွက် အသုံးပြုလိုသောကြောင့် ယခုကဲ့သို့ နေထိုင်ရာမှ ဖယ်ရှားခိုင်းခြင်း၊ တရား စွဲဆိုခြင်း အဆင့်အထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ နာမည်ကြီး တေးရေးဆရာတဦးကမူ ယခုကိစ္စသည် စစ်အာဏာပိုင်များနှင့် ပလူးပလဲ လုပ်ချင်သည့် အဆိုတော်၊ တေးရေး၊ ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ မင်းသမီး စသည်တို့အတွက် သင်ခန်းစာယူစရာ ဖြစ်ကြောင်း ပြောသည်။
၎င်းက “စစ်အာဏာရှင်တွေဆိုတာ သူတို့ကို ဘယ်လိုပဲ အလုပ်အကျွေးပြုပြု၊ ပြည်သူတွေကို ဘယ် လောက်ပဲ သစ္စာမဲ့ပြပြ သူတို့ အသုံးမလိုတော့ဘူး ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မျက်နှာထောက် ထားတာမျိုး မရှိခဲ့ဘူး။ အဲဒီအချိန် ဒီအနုပညာရှင်ကို ပြည်သူတွေကလည်း မုန်းတီးနေပြီဖြစ်လို့ ဘဝသေသွားပြီဖြစ်တယ်” ဟု ပြောသည်။
http://www.khitpyaing.org/news/February%2010/3210e.php

အပြည့်အစုံသတင်းဖတ်ရန်....

ကျွန်ချွေးတပ်သားစုဆောင်းနေခြင်း


http://burmese.dvb.no/news.php?id=9811

အပြည့်အစုံသတင်းဖတ်ရန်....

မိတ်အင်....၀။ ရာဘများ...သောက်သုံးရင် ဘ၀မေ့သွားမယ်

စိတ်ကြွဆေးပြား လေးသန်းသည် UWSA လုပ်ဟု ထိုင်းကပြော
စိုင်းဇွမ်ဆိုင်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယခင် လကုန်ပိုင်းနှင့် ယခုလဆန်းအတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွဆေး လေးသန်းခန့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့၏ လက်ချက်ဟု ထိုင်း အာဏာပိုင်များက စွပ်စွဲလိုက်သည်။

ယခင်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ယခင်လ ၂၉ ရက်နေ့အကြား ဖမ်းမိခြင်းဖြစ်သည့် မူးယစ်ဆေးဝါး များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုအဖွဲ့ မြောက်ပိုင်းရုံးက ပြောဆိုခြင်းဖြစ်ကြောင်း ယနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြသည်။

ဝ တပ်ဖွဲ့ UWSA ခေါင်းဆောင် ဝေဆူခန်းသည် ထိုင်းနိုင်အတွင်း ဖြန့်ဖြူးနေသောမူးယစ်ဆေးဝါးအများစု အတွက် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စစ်အစိုးရကို တိုက်ခိုက်ရန် လက်နက်ဝယ်ယူရေး အတွက် ငွေရလွယ်သည့် မူးယစ်ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်နေကြကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ ဘန်ကောက်ရုံးချုပ်မှ လက်ထောက်ညွှန်မှူး ပမ်ပွန် ချောင်ဗာလစ် Permpong Chaovalit က ပြောသည်။

ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲကာလတွင် နအဖစစ်တပ်၏ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်များ တိုး မြင့်လာနိုင်မည်ဟုလည်း တွက်ဆကြောင်း သူကပြောသည်။

သူက “မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့တွေဟာ မြန်မာစစ်သားတွေကို တိုက်ဖို့အတွက် လက်နက်တွေ ဝယ်နိုင်ဖို့ သူတို့ရဲ့ မူးယစ်ဆေးထုတ်တဲ့နှုန်းကို မြှင့်နေတယ်လို့ ကျနော်တို့ သတင်းတွေရထားတယ်” ဟု ဘန်ကောက်ပို့စ်သို့ပြောသည်။

မက်တာဖက်တမင်း (methamphetamines)ဟုခေါ်သော စိတ်ကြွရူးသွပ်ဆေးပြားများသည် အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ဝင်ရောက်လာပြီး ထုတ်လုပ်သော စက်ရုံများမှာ ချင်းရိုင်း၊ မယ်ဟောင်ဆောင် တ ဘက်ကမ်း မြန်မာနိုင်ငံဘက်ခြမ်းတွင်တည်ရှိသည်ဟုလည်း သတင်းစာတွင် ဖော်ပြထားသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကမူ “ဘိန်း လုံးဝမစိုက်ဖို့၊ ဆုံးဖြတ်ပြီး ၁၉၉၁-၉၂ လောက် ကနေ ၁ဝ နှစ်၊ ၁၅ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်တာလေ။ ၂ဝဝ၆ မှာ အပြီးအပြတ် ကမ္ဘာကို အခမ်းအနားနဲ့ကို ကြေညာပြီးတော့ တားဆီးပိတ်ပင်လိုက်တာ ဖြစ်တယ်လေ” ဟု မဇ္ဈိမကို ယခင်က ပြောထားသည်။

တရုတ်ပြည်အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ “ထိုင်းထဲကို မူးယစ်ဆေးဝါးတွေ ဘိန်းတွေပို့ပြီး လက်နက်ဝယ်တယ်ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး။ လက်နက်တွေက သူတို့ဆီမှာ အဆင် သင့်ရှိပြီးသားပဲ” ဟု မဇ္ဈိမကို ပြောသွားသည်။

ရှမ်းပြည်နယ်အတွင်း သတင်းများကို အထူးပြုဖော်ပြနေသည့် သျှမ်းသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက “အခုအဖမ်းခံရတဲ့ ပစ္စည်းတွေဆိုတာကလည်း အများအားဖြင့်က ပြည်သူ့စစ်အဖွဲ့တွေရဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ အခြေ အနေ တင်းကြပ်လာတဲ့အခါ။ ပြည်သူ့စစ် ဆိုတာတွေက ပိုပြီးတော့ အာဏာတွေရလာတယ်” ဟု ပြော သည်။

ထိုင်းမူးယစ်တာဝန်ရှိသူများက ပြောဆိုသော ချင်းရိုင်း၊ ချင်းမိုင်နှင့် မယ်ဟောင်ဆောင် တဘက်ခြမ်း မြန်မာ နိုင်ငံအတွင်း၌ ဝ’ တပ်မများ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်၊ နအဖ တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ တပ်စွဲ ထားကြောင်းသိရသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးပွားလာပြီး၊ စိတ်ကြွဆေးများလည်း တိုးထုတ်လာနေ ကြောင်း မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် လည်း ဖော်ပြထားသည်။

ထို့အပြင် မူးယစ်ဆေးထုတ်သည့် နယ်မြေများသည်လည်း တည်ငြိမ်မှု၊ လုံခြုံမှုမရှိခြင်းနှင့် မူးယစ်ဆေး အစားထိုး သီးနှံပြောင်းလဲစိုက်ရန် အထောက်အကူများလိုအပ်နေကြောင်း ဖော်ပြသည်။

ဝ' ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) အဖွဲ့နှင့် အဖွဲ့မှ ထိပ်တန်းတပ်မှူးများဖြစ်သည့် ဝေရှောက်ခန်၊ ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် UWSA စစ်ဦးစီးချုပ် ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန် အပါအဝင် လူပုဂ္ဂိုလ် ၂၆ ဦးနှင့် ကုမ္ပဏီ ၁၇ ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန (OFAC) က ပြီးခဲ့သည့်နှစ် (2008) နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
http://www.mizzimaburmese.com/news/regional/4720---uwsa--.html

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲမတိုင်ခင်.ရေနစ်သွားတဲ့ MAI

နိုင်ငံပိုင် မြန်မာ့လေကြောင်းကို ကမ္ဘောဇဘဏ်သို့ရောင်းချ
မင်းသက် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၇ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ သတင်းရပ်ကွက်များ အဆိုအရနှင့် မီဒီယာ သတင်းပေးပို့ချက်များအရ မြန်မာ့ အမျိုးသား လေကြောင်းလိုင်းဖြစ်သော မြန်မာနိုင်ငံတကာ လေကြောင်းလိုင်း (MAI) ၏အစု ရှယ်ယာ ၈ဝ% ကို ပုဂ္ဂလိက ကုမ္ပဏီဖြစ်သော ကမ္ဘောဇဘဏ် (KBZ) သို့ ရောင်းချလိုက်ပြီး စီမံခန့်ခွဲရေး လုပ်ငန်းများကိုလည်း လွှဲပြောင်းပေးလိုက်သည်ဟု သိရသည်။

အစုရှယ်ယာ ၈ဝ% ပိုင်ဆိုင်ထားသော ကမ္ဘောဇဘဏ်သည် MAI ၏ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကိုလွှဲပြောင်းရယူခဲ့သည်ဟု သိရှိရပြီး MAI ကမူ အစုရှယ်ယာ ၂ဝ% ပိုင်ဆိုင်သူအဖြစ်ဆက်လက် ရှိနေဆဲဖြစ်သည်။

အမ်အေအိုင်၏အစုရှယ်ယာများကို ကမ္ဘောဇဘဏ်ပိုင်ဆိုင်သူနှင့်စီးပွါးရေးလုပ်ငန်းရှင်ကြီးတဦးဖြစ် သူ ဦးအောင်ကိုဝင်းက ဝယ်ယူခဲ့ကြောင်းသူ့မိတ်ဆွေများက သူ့ကိုပြောပြခဲ့သည်ဟု အမ်အေအိုင် လေကြောင်းလိုင်းမှ အရာရှိများနှင့် အကျွမ်းတဝင်ရှိသူ မြန်မာ့မြို့ပြ လေကြောင်းဦးစီးဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အစုရှယ်ယာ ၈ဝ% ကိုဝယ်ယူခဲ့ပြီးနောက် ကမ္ဘောဇဘဏ်သည် အမ်အေအိုင်၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး လုပ်ငန်းများကို လွှဲပြောင်းရယူခဲ့သည်ဟု ရန်ကုန်မြို့ရှိ အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ် သော ‘7 Days Journal’ က လည်းအလားတူ ဗုဒ္ဓဟူးနေ့က သတင်းရေးသားဖော်ပြခဲ့သည်။

သို့သော် မဇ္ဈိမ က ဆက်သွယ်မေးမြန်းရာတွင်မူ အမ်အေအိုင် လေကြောင်းလိုင်း၏ ဈေးကွက်နှင့် ကူးသန်းရောင်းဝယ်ရေး အမှုဆောင်အရာရှိ က `ကျနော်တို့ဘာမှ သတင်း ထုတ်ပြန်ကြေငြာချက် မထုတ်ရသေးပါဘူး။ ဒါကြောင့်ဒီကိစ္စကိုဘာမှပြောလို့မရပါဘူး´ ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

အလားတူပင် ရန်ကုန်ရှိ ကမ္ဘောဇဘဏ် အရာရှိတဦးကလည်း ဤကိစ္စကို သူတို့ဘာမှမသိရှိသေး ကြောင်းဖြေကြားခဲ့ပြီး လောလောဆယ်တွင်လည်း ဖြေကြားနိုင်မည့် အကြီးတန်း အရာရှိများမရှိသေးကြောင်း ပြောကြားခဲ့သည်။

အမ်အေအိုင်ကို ၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာ့လေကြောင်းနှင့် စင်္ကာပူကုမ္ပဏီတခုဖြစ်သော Region Air (HK) Ltd. တို့ဖက်စပ်အဖြစ်လုပ်ကိုင်ခဲ့ကြပြီး မြန်မာ့လေကြောင်းက ၅၁% နှင့် စင်္ကာပူကုမ္ပဏီက ၄၉% အသီးသီး အစုရှယ်ယာများပိုင်ဆိုင်ကြသည်။

အမ်အေအိုင်သည် မြန်မာနိုင်ငံရှိအကြီးဆုံးနိုင်ငံတကာလေကြောင်းလိုင်းတခုဖြစ်ပြီး နိုင်ငံတကာ လေကြောင်း လုံခြုံမှုစံချိန်စံညွှန်းများကိုပြည့်မီခြင်းမရှိသောကြောင့် ၂၀၀၈ ခုနှစ်ဇူလိုင်လနှောင်းပိုင်း ကခရီးစဉ်များရပ်ဆိုင်းခဲ့ရသေးသည်။

ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို မြန်မာစစ်အစိုးရ၏ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု သိရှိထားကြပြီး မြန်မာနိုင်ငံတွင် စီးပွါးရေးလုပ်ငန်းကြီးများ လုပ်ကိုင်ရန် အထူးခွင့်ပြုချက်များရရှိသည့် စီးပွါးရေးသမားအနည်းငယ်အနက် တဦးလဲ ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းနိုင်မှာ ဦးအောင်ကိုဝင်း၏ မွေးစားသားလဲဖြစ် သည်။

အာဏာပိုင်များက ဦးဇော်ဝင်းနိုင်ကို မူးယစ်ဆေးဝါးလုပ်ငန်းများနှင့်ဆက်နွယ်သည်ဟု သံသယဖြစ် ကာ ထိန်းသိမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သေးကြောင်း ရန်ကုန်မြို့ခံများအတွင်း ၂၀၀၈ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းက ကောလဟလ သတင်းများထွက်ပေါ်ခဲ့သေးသည်။ သို့သော်အဆိုပါသတင်းများကို သီးခြား လွတ်လပ်သော အတည်ပြုချက်များမရရှိခဲ့ပါ။

သို့သော်အဆိုပါနှစ် နှောင်းပိုင်းတွင် ရန်ကုန်ကမာရွတ်မြို့နယ်ရှိ ကမ္ဘောဇဘဏ် ရုံးချုပ်ကို အာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကိုလည်း ရှာဖွေခဲ့သေးကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သူများက မဇ္ဈိမကို ပြောပြသည်။

လောလောဆယ်တွင် ကမ္ဘောဇဘဏ်၌ နိုင်ငံတဝှမ်းဘဏ်ခွဲပေါင်း ၂၃ ခုရှိကာ ကချင်ပြည်နယ်ဖားကန့် ကျောက်စိမ်းတွင်းနှင့် ရှမ်းပြည်နယ် မိုင်းရှူးတို့တွင် စီးပွါးရေးလုပ်ငန်းများ တည်ထောင်လုပ်ကိုင် လျက်ရှိသည်။ ဤနယ်မြေနှစ်ခုစလုံးမှာ မြန်မာနိုင်ငံတွင် အဘိုးတန်ကျောက်စိမ်းနှင့်ကျောက်မျက် ရတနာများထွက်ရှိရာ ရတနာနယ်မြေများအဖြစ် ကျော်ကြားသည်။

(ခိုင်စု ဖြည့်စွက်သတင်းရေးသားပြီး မုံပီးတည်းဖြတ်သည်)
http://www.mizzimaburmese.com/news/inside-burma/4721-2010-02-03-14-16-33.html

အပြည့်အစုံသတင်းဖတ်ရန်....

ရှေ့နေ ကိုဖိုးဖြူ လွတ်မြောက်ဖွယ်ရှိ

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၉ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်သူများအတွက် အကျိုးဆောင်ရှေ့နေလိုက်ပေးမှုကြောင့် ထောင်ကျခံနေရသူ လူငယ်ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်များက လွှတ်ပေးဖွယ်ရှိကြောင်း သူ၏အမှုကို ကိုင်တွယ်နေသည့် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“တရားသူကြီးချုပ် ကိုယ်တိုင်ကနေပြီးတော့ ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ပုဒ်မ ၈ အရ ခေါ်ပြီးတော့ ဖွင့်လိုက်တာခင်ဗျ။ အလိုလျောက် တရားသူကြီးချုပ်ကိုယ်တိုင် ဥပဒေဖွင့်ပေးတာ ဖြစ်တဲ့အတွက် ကျနော်တို့က လျှောက်လဲချက်ပေးရုံပါပဲ အဲဒီအတွက် လွတ်မယ်လို့ မျှော်လင့်တာပါခင်ဗျ” ဟု ဦးမြင့်သွင်က ပြောသည်။

“ဥပဒေအရ တရားသူကြီးချုပ်ကနေ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၈ အရ တနှစ်ကို တမှုလောက် ပွင့်ခဲတယ်ခင်ဗျ။ တရားသူကြီးချုပ်ကနေ ခေါ်ပြီးတော့ ဥပဒေ တရားစီရင်ရေးမူအရ ဖွင့်ပေးတာ ဖြစ်တဲ့အတွက် လွှတ်ပေးမယ်လို့ ကျနော်တို့ ယူဆတာပါ” ဟု သူက ဆက်ပြောသည်။

အမှုကို ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ နေပြည်တော် တရားရုံးတွင် ထပ်မံကြားနာမည်ဖြစ်သည်။ ထို့အပြင် မြေယာပဋိပက္ခအမှုမှ ဖမ်းဆီး ခံနေရ သော တောင်သူ ၁၁ ဦးကိုလည်း ၁၇ ရက်နေ့တွင် မကွေးတိုင်း တရားရုံးက အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ယခင်လ ၂၂ ရက်နေ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO မှ အမှုဆောင် ညွန်ကြားရေးမှူးချုပ် မစ္စတာ ကယ်ရီတာပီယိုလာ ခေါင်းဆောင်သော အဖွဲ့သည် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးချစ်ရှိန် ဦးဆောင် သည့် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ ILO မှ တာဝန်ရှိသူများ လာရောက်သွားပြီး မကြာခင်အတွင်းမှာ ကိုဖိုးဖြူ၏ အမှုကို နေပြည်တော်က ကြားနာမည်ဟု ထွက်ပေါ် လာခဲ့သလို ယခုလအစပိုင်းတွင် အောင်လံမြို့နယ်ရှိ လယ်ယာမြေကိစ္စများနှင့် အဖမ်းဆီးခံထားရသည့် မိသားစုဝင်များနှင့် အလုပ်သမား ဝန်ကြီးဌာန ဦးဆောင်ညွန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ယုလွင်အောင်က သွားရောက်တွေ့ဆုံကာ အစားထိုးတောင်ယာများ ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

“အဲဒီဗိုလ်မှူးကြီး ယုလွင်အောင်ကတော့ မြေနေရာတွေ အစားထိုးပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့က အထဲကိုလည်း ပြောတယ်။ (ထောင်) အထဲကလည်း လက်မခံဘူး။ အပြင်က မိသားစုကလည်း လက်မခံဘူးလို့ ပြောတယ်။ သူတို့ကတော့ မူလလယ်မြေပဲ ပြန် တောင်းတာပေါ့” ဟု တရားရေး သတင်းရပ်ကွက်တခုက ပြောသည်။

မကွေးတိုင်း တရားရုံးက ကိုဖိုးဖြူကို ပုဒ်မ ၃ (ဂ) အရ အသင်းအဖွဲ့ကို မှတ်ပုံမတင်ဘဲ ဖွဲ့စည်းမှု၊ ၅ (ဂ) အရ အစိုးရ၏ ယန္တရားကို ရပ်တန့်စေရန် ပြုလုပ်မှုဖြင့် စွဲချက်တင်ကာ ၂၀၀၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။

အောင်လံမြို့နယ် ဒေသခံတောင်သူများ၏ ယာခင်းများကို သကြားစက်ရုံ စီမံကိန်းအတွက် အဓမ္မ သိမ်းယူမှုကြောင့် ILO သို့ တိုင်ကြားခဲ့ သူ ၏ အမှုကို လိုက်လံဆောင်ရွက်ပေးရင်းမှ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မကွေးတိုင်း အောင်လံမြို့အထွက်ဂိတ်တွင် အာ ဏာပိုင်များက ဖမ်းဆီးခံခဲ့ရသည်။

ထိုအလုပ်သမားများ၏ တောင်ယာဧက ၂၀၀၀ ခန့်အမှုနှင့် ပတ်သက်ပြီး တောင်သူများ၏ တိုင်တန်းမှုများ ရှိလာခဲ့သဖြင့် ရန်ကုန် အခြေ စိုက် ILO ရုံးမှ အလုပ်သမားဝန်ကြီးဌာနနှင့် ဆွေးနွေးအပြီး တောင်ယာများ ပြန်လည်လုပ်ကိုင်ခွင့်ကို ဒေသခံ စစ်တပ်အကြီးအကဲ က နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သည်။ သို့သော်လည်း ထွန်ယက်စိုက်ပျိုးမှု ပြုလုပ်သောအခါ တောင်သူများကို ပုဒ်မ ၄၄၇ - ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၂၇ - အကျိုးဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုထားသည်။
http://www.mizzimaburmese.com/news/inside-burma/4722-2010-02-03-15-07-38.html

အပြည့်အစုံသတင်းဖတ်ရန်....

အဆိပ်စားကြီးပြင်းနေရသော မြန်မာပြည်သား

မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ
ဆူးပန်း၊ ကောင်းဝါ ဖေဖေါ်ဝါရီ ၃၊၂၀၁၀။

ငါးလုပ်ငန်းဦးစီးဌာနမှ ဈေးကွက်အတွင်းရောင်းချနေသောပြဒါးဓာတ်ပါသော ငါးများ၊ မသန့်စင်သော ငါးများ ဓါတုဗေဒ ဆေးများထည့်သွင်းထားသောငါးများကို စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်သဖြင့် လိုအပ်သောစစ်ဆေးမှုများကို ဆောင်ရွက်လျှက် ရှိပြီး ဟု ပြည်တွင်းထုတ်ဂျာနယ်များတွင် ရေးသားဖေါ်ပြထား ပါသည်။ စစ်ဆေးမှုများအရ အထူးသဖြင့်ဈေးတွင်ရောင်းချနေ သော ပြဒါးဓာတ်ပါသောငါးများကိုစားသုံးလျှင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် အနေအထားမျိုး မတွေ့ရှိရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ကြောင်းဖေါ်ပြထားပါသည်။

လက်ရှိအခြေအနေအရဈေးဆိုင်များတွင် ဓါတုဗေဒဆေးများထည့်သွင်းထားသောငါးရောင်းချမှုကို အ ရေးယူနေသည် ဟုဆိုသော်လည်း လက်တွေ့အနေအထားအရဖြစ်ဖြစ်မြောက်မြောက်အရေးယူနိုင်ခြင်းမရှိသေး ဟု မော်လမြိုင်သံလွင်ဈေးမှ စည်ပင် သာယာရေးအရာရှိတစ်ဦးမှပြောပါသည်။ အထူးသဖြင့် ပင်လယ်ငါးကြီး များ မွေးမြူရေးငါးကြီးများမှာရေခဲစိမ်ပြီး ရောင်းချနေ ရသော ကြောင့် တာရှည်ထားနိုင်ရန်ဖေါ်မလင်ဆေးများ ထိုးထားခြင်း ပါးဟက်များအနီရောင်သန်းနေစေရန် ယူရီးယား(ပုလဓါတ်မြေသြဇာ) ထည့်သွင်းထားသည်မှာ များကြောင်း အဆိုပါ စည်ပင်သာယာရေးအရာရှိတစ်ဦးမှဆိုပါသည်။

မော်လမြိုင်မြို့ မြိုင်သာယာရပ်တွင်နေထိုင်သူကျောင်းဆရာမတစ်ဦးမှ ၄င်းတွေ့ကြုံခဲ့သောအဖြစ်အပျက် ကို ဤသို့ပြော ပြခဲ့သည်။
“ ကျွန်မတို့အိမ်မှာအလှူလုပ်တော့ သံလွင်ဈေးထဲမှာငါးသွားဝယ်တယ်လေ။ ဈေးသည်ကပြောတယ် အစ်မကြည့်စမ်း ငါးတွေ လတ်မှလတ်။ ပါးဟက်ကိုကြည့် နီရဲနေတာဘဲဆိုပြီးပြောတယ်။ သူလဲအဆွယ် ကောင်းတာနဲ့ ငါးကြင်း(၇)ပိသာဝယ်လိုက်တယ်။ အိမ်ရောက်တော့ ငါးကိုင်တဲ့အခါမှာ ငါးပါးဟက်က အေးစက်နေတာသိရ တယ်။ ပြီးတော့စိမ်းရွှေရွှေအနံ့တွေရတယ်။ ဟိုလူသေ အလောင်းကအနံ့ပေါ့နော်။ ကျွန်မလဲမသင်္ကာတာနဲ့ နီးစပ်ရာသူနာပြုဆရာမတစ်ယောက်ကိုခေါ်ပြတော့ ဟို လူသေတွေကိုထိုးပေးတဲ့ ဖေါ်မလင်ဆေးထိုးထားတာ သိရတယ်။”
အဆိုပါဖြစ်စဉ်ကိုဈေးကော်မီတီတွင်တိုင်ကြားသော်လည်းအရေးယူမှုမရှိဟု ပြောပါသည်။ အလားတူ မွန်ပြည်နယ် ရေး မြို့နယ်ဈေးတန်းတွင် မသန့်စင်သောငါး ဓါတုဗေဒဆေးများထည့်သွင်း သောငါးရောင်းချမှုကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပိတ်ပင် ထားသော်လည်း ငါးရောင်းချသူများသည် အောက်ခြေဝန်ထမ်းများနှင့် အပေးအယူလုပ်ကာ အနီးအနားကျေးရွာများဖြစ်သော ကလော့ ဟံဂံ ကော့လှိုင်ရွာများတွင်ရောင်းချနေ ကြောင်း ကလော့ရွာသားတစ်ဦးမှပြောပါသည်။

ပြဒါးဓာတ်ကြွင်းပါရှိသည့် ငါးကိုစားသုံးမိပြီးခန္ဓွာကိုယ်ထဲသို့ ရောက်ရှိပါက ပြဒါးဆိပ်သင့်ခြင်း ဖြစ်နိုင်ပြီး အခြား ဓါတုဗေဒဆေးများ ထည့်သွင်းသော ငါးများကိုစားသုံးမိပါက ဦးနှောက်၊ ကျောက်ကပ်၊ အဆုတ်များ ကိုပျက်စီးစေနိုင်ကြောင်း ယားယံခြင်း၊ အသားအရေ ပြားအရောင်ပြောင်းလဲခြင်း၊ ပါးနှင့်နှုတ်ခမ်းများနီတတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကြွက်သားများပျက်စီးခြင်းတို့ဖြစ်တတ်ကြောင်း တတ်ကျွမ်းသူ ဆရာဝန်တစ်ဦးမှ ပြောပါသည်။
http://www.kaowao.org/b/2010news-feb-3.php

အပြည့်အစုံသတင်းဖတ်ရန်....

ကိုညွန့် ရွှေနဲ့  ကိုမြင့်ရွှေသို့ ပေးစာ

u Nyunt Swe & u Myint Shwe

အပြည့်အစုံသတင်းဖတ်ရန်....

အချိန်ရှိခိုက်..လုံ့လစိုက်..(မပြုတ်ခင်...အချိန်မီတွယ်သာတွယ်ဟ)

ဇောတိကစီမံကိန်း အမြန်ဆုံးရောင်းချနိုင်ရန် ညွှန်ကြား

မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်တခုဖြစ်သော ဇောတိက စီမံကိန်းမှ ယခုနှစ် ပွင့်လင်းရာသီအတွင်း သဘာဝဓာတ်ငွေ့ စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရေး အမြန်ဆုံးဆောင်ရွက်ကြရန် စစ်အစိုးရစွမ်းအင်ဝန်ကြီးက ပြောကြားလိုက်သည်။
ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နှင့်အမေရိကန်ဒေါ်လာ သန်း (၁) ထောင်တန်ဖိုးရှိ ဓာတ်ငွေ့ရောင်းချရန်နားလည်မှုစာချွန်လွှာ ချုပ်ဆိုထားပြီး အမြန်ဆုံး စတင်ရောင်းချအကောင်အထည်ဖော်ရန် စစ်အစိုးရ ၀န်ကြီးက အဆိုပါစီမံကိန်းသို့ ယခုလ (၁) ရက်တွင် သွားရောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်ကတည်းက ယခုချိန်ထိ ဇောတိကစီမံကိန်းတွင် သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် အကဲဖြတ်ရေး တွင်းပေါင်း (၁၈) တွင်း တူးဖော်ပြီးဓာတ်ငွေ့ထွက်ရှိမှုပမာဏကို ခန့်မှန်းတွက်ချက်မှု လုပ်ငန်းစဉ်များလုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်အစိုးရ တရားဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းအရ နိုင်ငံမှ သဘာဝဓာတ်ငွေ့ရောင်းချရငွေများကို စစ်ဗိုလ်ချုပ်ကြီးများ ရရှိနေဦးမည်ဖြစ် ကြောင်းစီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

“(၁) ဒေါ်လာကို တရားဝင် (၆) ကျပ်။ တကယ့် အရှိ ငွေလဲနှုန်းက (၁) ထောင်ကျပ်။အဲတော့ အစိုးရက ဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်း (၁) ထောင်ဆိုရင်ပြည်သူ့ဘဏ္ဍာထဲ ၀င်လာမှာက ဒေါ်လာ သန်း (၆၀)။ ကျန်တဲ့ ဒေါ်လာ သန်း (၉၄၀) က
ဘယ်သူယူမယ်ဆိုတာ မသိနိုင်ဘူး” ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးကပြောဆိုသည်။

မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်သည့် ရဲတံခွန်နှင့် ရတနာတို့မှထိုင်းနိုင်ငံသို့ ရောင်းချနေပြီး ယခု ဇောတိက သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာထပ်မံရောင်းချရန် သဘောတူပြီးဖြစ်သည်။

စစ်အစိုးရက ရတနာ သဘာဝဓာတ်ငွေ့လုပ်ကွက်မှ ၀င်ငွေ အမေရိကန် ဒေါ်လာ (၄.၈၃)ဘီလီယံ ရရှိထားသော်လည်း နိုင်ငံ့ဘဏ္ဍာတွင် ၀င်ငွေစာရင်းအဖြစ် ကန်ဒေါ်လာ (၂၉) သန်းသာ ပြထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် Earth Rights International
အဖွဲ့၏ ယမန်နှစ် အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်ဖြစ်သည့် ရတနာတခုတည်းမှရောင်းချနေသည့် သဘာဝဓာတ်ငွေ့ဖြင့် ထိုင်းနိုင်ငံတွင်း လျှပ်စစ်ဓာတ်အားအသုံးပြုမှု၏ (၂၀) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေပြီး စုစုပေါင်းလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၂,၅၀၀) ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

ယင်းပမာဏမှာ မြန်မာတနိုင်ငံလုံး လက်ရှိ ရရှိနေသည့် လျှပ်စစ်ဓာတ်အား၏ (၂) ဆဖြစ်ပြီး စစ်အစိုးရ အာဏာရယူထားသည့် နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်းနိုင်ငံအတွက် တည်ဆောက်သော ရေအားလျှပ်စစ် ပမာဏ၏ (၄) ဆကျော်ဖြစ်သည်။

(ခေတ်ပြိုင်) မှ

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, February 03, 2010

ပြည်တွင်း အင်တာနက် ကွန်နက်ရှင်များ ပြုပြင်နေဟုဆို

“အင်တာနက်တွေ တအားကျနေတာ ၅ ရက်လောက်ရှိပြီ၊ မီးကတော့မမြင်ရတာ တော်တော်ကြာပြီ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှလဲမသိဘူး ဘာမှလဲထုတ်ပြန်ကြေငြာချက်မရှိဘူး ခက်တော့ခက်တယ် မြန်မာပြည်ရယ်။ စိတ်ကြီးရယ်ညစ်ရပါတယ်”လို့ အစ်ကိုတစ်ယောက်ပို့လာတာ ၃ ရက်လောက်တော့ ရှိပါပြီ။

အခုတော့ ရတနာပုံတယ်လီပို့ အကြောင်းပြန် (အကြံပြောင်း)လာပါပြီ၊ ရတနာပုံတယ်လီပို့က ကျွမ်းကျင်သော ပညာရှင်များ ပြုပြင်နေတယ်လို့တော့ ရေးထားပါသည်။ ထုံးစံအတိုင်း လာမယ်ကြာမယ် လာချင်မှလဲလာမယ်း(
Photobucket

အပြည့်အစုံသတင်းဖတ်ရန်....

စောထဒဏ္ဍာရီ ဒီမိုကရေစီ တေးသီချင်းများကို ခံစားကြည့်ပါ။


တရွေ့ရွေ့ တိုက်စားကျော်လွန်နေတဲ့ အချိန်ကာလ ခရီးမှာ နောက်ကိုလည်ပြန် ကြည့်မယ်ဆိုယင် အနှစ်၂၀စွန်းခဲ့ပါပြီ။ လက်နက်မဲ့ပြည်သူကို ”သံကိုသံခြင်း“ ရယ်လို့ ရဲရဲတောက် မိန့်ခွန်းနဲ့ခြိမ်းခြောက်ရင်း အကြမ်းဖက်ဖြိုခွဲရင်းက အလွန်တိုတောင်းတဲ့ကာလတခုအတွင်း အာဏာရှင်မင်းဆက် ၃ဆက်ပြောင်း-ပြုတ် ခဲ့ရတဲ့ နောက်မှာ ကျားကန်လို့မရအောင် ဗုံးဗုံးလဲကျတဲ့ မဆလနဲ့ မဆလနွယ်ဖွါး အစိုးရ ပြည်ဖုံးကားချ အစားထိုးဖို့ ကျားထိုးလို့နေရာယူတဲ့စစ်တပ် အာဏာရှင် တပင်ထူ မင်းမူပြန်တဲ့အခါမှာ။ -ဒူးထောက် လက်မြောက်လို့ ရာဇ၀င်အရိုင်းမခံနိုင် ဖေါ့ဖယောင်းလို ပျော့ပြောင်းခဲ့တဲ့ စာသင်ခန်းထဲက လက်တွေနဲ့ ဓါးကိုဓါးခြင်းရယ်လို့မာန်ထူ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်းယူရင်း ဒေါင်းအလံ တလူလူ လွင့်လို့ ကျောင်းသားတပ်မတော် ဖြစ်တည်ခဲ့တဲ့သမိုင်း။ သမိုင်းစာတမျက်နှာမှာတော့ မြန်မာပြည် ဝေးသီခေါင်ဖျား တောတောင်ကြားက စောထဆိုတဲ့ ရွာမှုန်လေး တရွာ မာန်ဟုန်စွေးသွေးနဲ့ ရန် အကုန် သိမ်း- ငြိမ်းစေရမယ်လို့ -ဟုန်းဟုန်းထခဲ့ဖူးပါတယ်။ လည်အပြန်တလှည့်တခါမှာ တကွေ့တခနပေမဲ့ စောထသမိုင်းရဲ့ ဒိုင်ယာယီများဟာ တစိမ်းတရံတွေကြား ဒဏ္ဍာရီတွေပွါးနေဆဲပါ။....... *(စောထရဲဘော်အပေါင်းအတွက် ကမ္ဘာမကြေ မျှဝေခံစားသည်)


ငြိမ်းချမ်းရေးမိုးရေ

Key; E ( Go Go ) Lyric; AK + ငြိမ်းစေ
Intro; / E _ _B_ / Dbm _Abm _/ A _ B _ / E _ B 0 /
D/E A/B Em/Gbm G/A
I. စွေလာတဲ့ မိုး' . ကလေးလို . . လေပြေသာ အနုးညံ့ ဆုံးမို့  . .
Gbm/Abm Em/Gbm D/E Bm/Dbm Gbm/Abm Bm/Dbm
ကမ္ဘာမြေပြင်ကို သွန်းဖြိုးပေးပါ . . ထာဝစဉ်သူသာ ပြိမ်းချမ်းရေးရှာဖွေ' . . ဘို့ လေ .
Em/Gbm G/A Gbm/Abm A/B
အချိန်လွန်ကာ နုတ်ဆက်ပြီးမှ . . မှာ'ချင်တာ မပြီး "သေးလို့ လေ . .
D/E Bm/Dbm G/A Em/Gbm
တဖန်ပြန်လာကာ . . ငြိမ်းချမ်းရေးရှာ ဖွေ' . .တဲ့နေ့  . .
A/B Em/Gbm D/E Bm/Dbm
အိုလူသား . . ဒီ . အလွမ်းမျက် ရည် . တွေကိုဆေးကြောပေးပါ . .
Gbm/Abm Em/Gbm G/A Gbm/Abm
နေရာတကာမှာ တရားမျှတစွာ . . . ပျော်ကာရွှင်ကာ သောကမရှိတာ . .
A/B Gbm/Abm //Bm/Dbm _ A/B _ //
ဘယ်သူဘယ်မှာ . . ဘယ်မနေချင်မလဲလေ . .
Gbm/Abm A/B // D/E _ A/B _ //
ဘယ်သူဘယ်မှာ . . ဘယ်မနေချင်မလဲလေ . .
// Bm/Dbm _ Gm/Am _ // G/A _ A/B _ // D/E _ A/B 0 //
II. ယုံကြည်တဲ့ ငြိမ်း' ချမ်းရေးကို . . ညီညီညာညာ ခရီးဆက်ကြစို့  . .
ရန်ကိုရန်က ခြိမ်းခြောက်ခြင်းတွေ. . ရာဇ၀င်ပြင်ကာ အမုန်းလက်နက်တွေ ရုပ်သိမ်းစေ . .
ငိုသံတွေအားလုံးတိတ်ဆိတ် . . ရယ်သံတွေကို အစားထိုးဘို့ လေ . . .
ဒီသံသရာရဲ့  . . လွတ်မြောက်ရေးးရှာ ဖွေ ' . . ကြစေ . .
အိုလူသား . . ဒီအဆိုး အညစ် တွေကို' ဆေးကြောလိုက်ပါ . .
အချိန်မှီပြင်ကာ . . လောကကြီးမှာ . . မပြေလည်နိုင်တာ . . မရှိတော့တဲ့အခါ . .
း (ဘယ်အခါမှာမဆို . . ကမ္ဘာမှာစစ်ငြိမ်းစေ . . )း
III. စွေလာတဲ့ မိုး' . ကလေးလို . . လေပြေသာ အနှုးညံ့ ဆုံးမို့
ကမ္ဘာမြေပြင်ကို သွန်းဖြိုးပေးပါ . . ထာဝစဉ် သူသာ ပြိမ်းချမ်းရေးရှာဖွေ... . ဖို့ လေ ..
အချိန်လွန်ကာ နုတ်ဆက်ပြီးမှ . . မှာ'ချင်တာ မပြီး "သေးလို့ လေ
ဒီသံသရာရဲ့  . . လွတ်မြောက်ရေးးရှာ ဖွေ ' . . ကြစေ . .
အိုလူသား . . ဒီအဆိုး အညစ် တွေကို' ဆေးကြောလိုက်ပါ . .
အချိန်မှီပြင်ကာ . . လောကကြီးမှာ . . မပြေလည်နိုင်တာ . . မရှိတော့တဲ့အခါ . .
(ဘယ်အခါမှာမဆို . . ကမ္ဘာမှာ စစ်ငြိမ်းစေ . . ) ၎

--------------------------------
အင်အားသစ်ရဲ့ည

Key; C ( Slow Go Go ) Lyric: ငြိမ်းစေ
Intro: (C_ _ _/ Am_ F_ / Gsus4_G_ _/):
C Am_ F_ C
I အမှတ်တမဲ့နဲ့ ရောက်လို့လာတဲ့ သံယောဇဉ်လေးရယ်
G Am_ Em_ G
ရင်မှာလေ မေ့လို့ မရနိုင်ခဲ့ပါ
C Am_F_ C
II လွမ်းမိတဲ့ အင်းလျာ့းရင်ခွင် ပြန်မရောက်နိုင်တော့ပါ
G Am_ Em_ G
ထာဝစဉ်သာ တောင်းတလို့ နေရမှာ
C Am_ F_ C
III အများအကျိုးအတွက် ရှေ့ ဆက်ချီတက် စွန့် စားသူလေးရေ
G Am_ Em_ G
ကြင်နာစွာ အားပေးလို့ နေသွားမှာ
C Am F Em_ G_
CHO: ကြိုးစာရင်းနဲ့  ယုံကြည်ချက်ကို ဖြည့်စွမ်းလို့ သွားမယ်လေ
C Am F Em_ G_
ရဲရင့် ခြင်းည အောင်မြင်ခြင်းတွေ အရောက်လှမ်းလို့  အရယူလေ
C Am F G
အနမ်းများရဲ့ည ကျော်ဖြတ်ခြင်းတွေ အင်အားသစ်တို့ ဖြစ်ပါစေ
( Cmaj7 / Fmaj7 / Cmaj7 / Fmaj7 /) 3 ( G _ _ _/ Am x G x Fmaj7 x / F x x x /)
VI ပုခုံးထက်မှာ ခေါင်းကလေးမှီလို့  သီကျူးတဲ့သီချင်းသံ
ရည်ရွယ်သူ အေးမြရစေဘို့ ပါ
V မောပန်းလို့  နွမ်းလျနေချိန် တို့ သီချင်းသံလေးတွေ
ရင်ခွင်မှာ ငြိမ်းအေးရစေသားကွယ်

III / CHO / ENDING: IV ..V…III…..။
--------------------
ငြိမ်းချမ်းရေးသံစဉ်

Key: C (Country) Lyric: ငြိမ်းစေ + ဖိုးချို
Intro: / Am _ _ _/ Em _ _ _ / F _ _ _ / G _ G 0 /
F Gm F C
I. မှိုင်းညို့ တဲ့တောနက်တနေရာဝယ် . . ကျူးရင့်တဲ့ ခွပ်ေါးင်းသံသာတင့်မောဖွယ် . .
F Gm F C
ဒေါင်းအိုးဝေ ကွန်းထောက်ခိုရာ မြေ . . စွန့် ခဲ့ရ့ ဘ၀တွေ အသွယ်သွယ် ဂုဏ်တင့်တယ် . .
Bb C Dm Am
Cho 1: အဆင်းရနံ့  သင်းမွှေးကြည်လဲ့ . . ဖြူစင်စွာ ပေးဆပ်လို့  သွားမယ် . .
Bb C Dm / Am _ C _ /
ငြိမ်းချမ်းရေး အစစ်အမှန် တရားတွေ . . ဒီမြေကဘာပေါ် လွမ်းရစ်ခြုံသိုင်းစေ . .

Music: // F _ _ _ / Gm _ _ _ / F _ _ _ / F_ _ _ /
/ Bb _ _ _ / C _ _ _ / Dm _ _ _ / Am _ C0 //
II. လူ့ ဘ၀ရဲ့  အစိတ်အပိုင်း အချိန်ခါမှာ . . နူးညံ့တဲ့ မေတာ ကိုယ်စီ စွန့် ကျဲစေ .
ရိုးသားခြင်း အရင်းခံ တည်ကြည်စေ . . အေးမြတဲ့ ဘ၀တွေ အသချေ် ပွင့်ဖူးစေ . .

Cho 2: အတုအစစ်အလှရဲ့  နှိုင်းယှဉ်ခြင်း . . ဟန်ဆောင်သူတွေ အလှမ်းဝေးကွာလွန်းနေ . .
ငြိမ်းချမ်းရေးသံစဉ်များ . . ဒီမြေကဘာပေါ် အကြွင်းမဲ့ ပိုင်စိုးစေ. .
Ending: ( II ) :// C _ _ _/ Dm _ _ _ / F _ _ _ / G _ _ _ //:
--------------------------
ယုံကြည်ရာ

Key: G Lyric: ငြိမ်းစေ
Intro: G _ D _ Em _ Bm _ Melody: James CoBayne

Em Bm C_ D _ G D Em_D _ G D Em _ D _
I. ရယူခြင်းရယ် . . ပေးဆပ်ရင်းနဲ့  . . စွန့် လွတ်ကာ ခရီးနှင် . .
Em Bm C_ D _ G D Em_D _ G D Em _ D _
မှန်းတဲ့လမ်းဆီ . . ရောက်လုနီးပြီ . . လှမ်းလက်ညီ ကြစေ . .
G Bm Em D
ယုံကြည်ခြင်း ခိုင်မြဲစေ
G D Em Bm
CHO; ( အသွေး အသားမှာစိမ့်ဝင်ရင်း . . ရင်းနှိးစွာ . .
G D Em _ Bm _ C D G_ D _
နှလုံး သားမှာ ဖြစ်စေသော လှမ်းဆက်ရာ . . ထာဝရ . ပွင့်ဖူးစေ )

Music: G _ D / Em _ Bm _ / G _ D _ / Em _ Bm _ / C _ D _ / G _ D _ /

II. မိုးယံထက်မှာ . . သန့် စင်ခြင်းနဲ့  ရွက်လွှင့်ကာ ခရီးနှင် . .
နှစ်သိမ့်ခြင်းရယ် . . ခွင့်လွှတ်ရင်းနဲ့  . . အမုန်းတရားတွေ ငြိမ်းစေ . .
ယုံကြည်ခြင်း ခိုင်မြဲ .. စေ

CHO;း( အသွေးအသားမှာစိမ့်ဝင်ရင်း. . နွေးထွေးစွာ . .
အစွန်းတရားတွေ ကင်းစင်သော . . လှမ်းဆက်ရာ ထာ ၀ရ ဆောင်ကြဉ်းစေ)း
အာ ဂါတ ဆိတ်သုန်းစေ
--------------------
သမီးလေးအတွက်ရာဇ၀င်သစ်

Key; G ( Country ) Lyric: ငြိမ်းစေ

Intro; G_ _ _ /D _ _ _/ C _ _ _/G - D x C x /
G Em G Em
I. ရေဆန်လေဆန် ဆူးကြမ်းတဲ့ခရီးတွေ ရင်ဆိုင်ယှဉ်ပြိုင် နင်းတက်ရှေ့ဆက်
G D C D /G _ / Dx Cx /
တို့ ရဲ့ ကိုယ်ပိုင်ဘ၀တွေ အားလုံးပဲ ပေးဆပ် ခဲ့ပါတယ်
G Em G Em
II. ယုံကြည်ရည်ရွယ် လှမ်းဆုပ်မဲ့ပန်းတိုင် နှစ်ကိုယ်တူရင်ဆိုင် တက်လှမ်းရင်းနဲ့ 
G D C D /G _ / D x C x /
သမိုင်းတခေတ် ရာဇ၀င်သစ်ကို အဆုံးစွန်းထိ လက်ဆင့်ကမ်းနေမယ်
G C Em G Em _ _ _ /
Choး ( နံရံတံတိုင်းကြားမှာ ခါးသီးတဲ့ နေ့ ရက်များကို မကြောက်တမ်း ကျော်ဖြတ်ရင်း
C Em G B7 _ _ _ /
ခက်ထန်တဲ့ ရက်စက်မှုတွေ အံတု ချေဖျက်ရင်း
C Am D Em G C D _ _ _ /
သူရဲကောင်းမောင်နှံ အတောင်ပံ ခတ်သံ မာန်ဟုန်ချီ ၀ဲလွင့်ပြန့် နေဆဲ
G D C Em D _ _ _ /
ဂုဏ်ယူတယ်…..သမီးလေးရေ မင်းကလေးက တို့ ရဲ့ အားမာန် ပေါ့
G D C Em D _ _ _ /
မှာချင်တယ်…… သမီးလေးရေ သမိုင်းကြွေးကို ဆပ်ဘို့ မမေ့ပါနဲ့ 
(G C Em D /G _ D x C x /):
# :(ယုံပါကွယ် စိမ်းလမ်းတဲ့ နေ့ ရက်များဟာ တို့ုအတွက်ဖြစ်စေမယ် )း
ငြိမ်းချမ်းတဲ့
:(G _ _ _ / C _ _ _ / D_ _ _ / D _ Dx C x ) : /. . C x x x /

( I ) ( II ) CHO (#): Fine . . .
# :( ယုံပါကွယ် စိမ်းလမ်းတဲ့ နေ့ ရက်များဟာ တို့ အတွက်ဖြစ်စေမယ် )း
ငြိမ်းချမ်းတဲ့

# လူမမယ်အရွယ် ၆ လသမီးလေးအား ခွဲရစ်စေပြီး မတရား ဖမ်းဆီးနှစ်ရှည် ထောင်ချခံနေရရှာသော ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နှင့် မနီလာသိန်း တို့ အား လေးစား ဂုဏ်ပြု ခံစားခြင်း ။
--------------
ခွင့်ပြုပါ. . အမေ

Key; C ( Slow Go Go ) Lyric: ငြိမ်းစေ + Austin Minn
Intro; :(C _ / Am_ /Dm_ / G _ ):
C Am Dm G
I. အမေရေ …. အမေရေ……သောကနဲ့  တမ်းတမျက်ရည်
C Am Dm G
အမေရေ….. အမေရေ…… နှလုံးသွေးနဲ့  ပေးဆပ်ခဲ့ပြီ
C Am Dm G C _ / Am_ / Dm _/ G _
အမေရေ…..အမေရေ……. အများအကျိုးအတွက် အနိုင်းမဲ့မေတာဝေ . .
C Am Dm G
II. အပြစ်မဲ့တဲ့ ဘ၀တွေကို ဖေးကူရင်းလေ
C Am Dm G
ရိုင်းစိုင်းတဲ့ မိတ်စာတွေကို ငြိမ်းချုပ်စေဘို့ လေ
C Am Dm G
အမေရဲ့ သား ရည်ရွယ်ချက်တွေ ပြည့်ဝဘို့ လေ
C Am Dm G C _ / Am _ / Dm _ / G _
အမေ့ရင်ခွင်ထဲက ခေတ်တခဏ သွားခွင့်ပြုပါ အမေ…

( I ) :( C / G / Bb9 / Am / Ab+ / G / D9 / F / Gsus4 /G / ):
III ဝေးလွန်းတဲ့ ဘ၀တွေကို နီးနိုင်ဘို့လေ
နိမ့်ကျတဲ့ ဘ၀တွေကို မြှင့်တင်နိုင်ဘို့ လေ
အမေရဲ့ သား ယုံကြည်ချက်တွေ နှင်းဆက်ဘို့ လေ
ဘ၀ရေဆန်ခရီးကို ကူးခတ်လို့ ပေးဆပ် သွားမယ် အမေ… C _ / Am _ /Dm _ /G _
( I ) Am / Dm / G ( II ) Am / Dm / G ( I ) Am / Dm / G
အမေရေ… အမေရေ . . . . . အမေရေ. . . .အမေရေ . .
သားရှိခိုးကန်တော့လိုက်ပါတယ် . . အမေ . . . fine ….

---------
တာကြီးအတွက်သီချင်း

Key ; A ( Go Go ) Lyric: ငြိမ်းစေ
Intro ; :(A - - - / Gbm - - -/Bm - - -/E - - -):
A Gbm E
ဒီသီချင်းနဲ့  မင်းကလေးကို ဦးညွတ်လိုက်ပါရစေ
A Gbm E Bm A / E
အရွယ်မတိုင်ခင် မြင့်မြတ်စွာစွန့် လွတ်ရဲဝံ့သူ ဘယ်ဆီများရောက်လို့ နေသလဲကွယ်
A Gbm E
ပညာရှာရင်းနဲ့  မိဘရင်ခွင်ဆိုးနွဲ့ ရမယ့်အချိန်
A Gbm E Bm A / E
တော်လှန်ရေး သွေးကြွေးကို အသက်နဲ့ ပေးခဲ့သူ ရာဇ၀င်မော်ကွန်းထွန်းသစ်စေခဲ့တယ်

A Gbm E
CHO: ( တာကြီး …. တာကြီး . . . ညီလေးရေ :
A Gbm A Gbm
ဘယ်ဆီကို မင်းရောက်နေနေ တိုင်တည်ကာ ကတိသစွာတည်
E Gbm Bm E
အာဇာနည်သူရဲကောင်း မင်းကို အစဉ်သာလေးစား ဂုဏ်ယူနေပါတယ် )

(A / E / Bm / E / A / E / Bm / E / Bm / D ) (A / Gbm / Bm / E )
# ရှိုမြောင်ကြားမှာ ရိုးမအပေါ်ထိုးစစ်ဆင်နွဲရင်းလေ
ကံကြမာရေ မင်းကလေးအပေါ် အဆုံးအဖြတ်စောလွန်းတယ် ငါတို့ အားလုံး လွမ်းဆွတ်ကြေကွဲပြီ
# ညီအကိုအရင်းထက် မင်းကလေးကို အားလုံးချစ်ကြတယ်
တခါတလေများ မိဘတွေ တမ်းတမျှော်လင့်တတ်သူ ဘယ်လိုမှမေ့မရ နိုင်ဘူးကွယ်

(CHO): တာကြီး . . .တာကြီး… ညီလေးရေ…..Fade out…,

# ကျဆုံးလေပြီးသော စောထစခန်းမှ အငယ်ဆုံးရဲဘော် တာကြီး (ခေါ်) ကျော်စွာအောင် အား
လေးနက်စွာ ဦးညွှတ် အလေးပြု လွမ်းဆွတ် တမ်းတခြင်း
-----------
ခံယူခြင်း

Key: F ( Fulk ) Lyric: ငြိမ်းစေ + AK
Intro : Drum 2 bars / Bb_ C _/ F _ C _ / Bb _ C _ / F_ C _ /
F C Dm _ C _ / F _ C _ /
I. ယုတ်တိရှိသွားပြီ . . လမ်းမထွက်လျှောက်ရင်းက
F C Dm _ C _ / F _ C _ /
လက်ခုပ်သံများမြည် . . အခွင့်သင့်သမျှ ပေးဆပ်ရ
F C Dm _ C _ / F _ C -_ /
တခုခုတော့ ကျန်ခဲ့ပြီ . . သက်ရောက်မှု တော့ ရှိရမည်

F C Dm _ _ _/ Bb _ / C _ / F _ C _ /
CHO: ပညာသင်ချိန် ငယ်စဉ်တုန်းအခါ . . ပျော်စရာတွေဟာ ပညတ်ချိန်ကအမှား '.
F C Dm_ _ _/ Bb _ / C _/ F _ C _/
လိုချင်တာတွေ အိပ်မက်ထဲမှာ . . ရဖို့  အတွက့် မိဘတွေဆီက .

II. ဘ၀ကအရွယ်ရောက်ပြီ . . စိတ်ရှိသမျှလုပ်ခွင့် မရ
အရှေ့ ကလူပြောသည် . . မတရားမှုကလက်ပိုက် မရ
ဒါဆိုဖြစ်သင့်တာလုပ်မည် . . မျိုးဆက်သစ်တို့  အကျိုးရှိစေ
CHO: ဒဏ်ရာတွေကို မျိုသိပ်ထားကာ . . ခိုင်မာတဲ့စိတ်နဲ့ ရှေ့ ဆက်ခံယူသွား
လိုချင်တာတွေ လူ့ တန်ဖိုးးပါ . . ရဖို့  ခဏတော့ ဒုက္ခ ရင်ဆိုင်သွား .

----------
စောထဒဏ္ဍာရီ

Intro: Em_ _ _/ Em _ _ _ / C _ _ _ / Em _ _ _ / C_ _ _ / D_ _ _ /( Em _ _ _/)4 Lyric: ငြိမ်းစေ
အဆောင်ရှေ့ မှာ သီချင်း သွားဆိုကြမယ်ဆိုတော့
ပြန်လည် ငေးမောကြည့်သူတွေ ဟို'ဝေးဝေးမှာ ကျန်နေခဲ့ကြပါပြီ
ဒီဝန်းကျင်မှာ တစိမ်းတွေနဲ့  ခြောက်သွေ့ လို့  နေခဲ့ရပါပြီ
ဒါဟာ နေရာဟောင်း .. ဒို့ ပိုင်ဆိုင်ခဲ့တဲ့ မြေ
မရေရာတဲ့ ညတွေရယ်… မသေခြာတဲ့ မနက်ဖြန်ကို….လှမ်းလျောက်နေကြဆဲ..
(G _ D _ / Em _ _ _ / Em _ _ _ /)2
အာရုဏ်ထက်မှာ အလင်း ရောက်လာလိမ့်မယ် ဆိုတော့ . .
အဖြေရှာ လမ်းခင်းပေးသူတွေ ဟိုဝေးဝေးမှာ ကြွေနေခဲ့ ကြပါပြီ ..
ဒီလမ်းပေါ်မှာ သွေးစတွေပြန့်ကျဲ ခြောက်လှန့် လို့  ကျေကွဲရလေပြီ . .

ဒါဟာ နေရာဟောင်း . . . ဒို့ ပိုင်ဆိုင်ခဲ့တဲ့ မြေ . .
တွယ်ရာမဲ့ ညတွေရယ် . . အဖော်မစုံတဲ့ မနက်ဖြန်ကို . . လှမ်းလျောက်နေကြဆဲ . .
မကြေညာပဲ သိမ်းဖျက်ရတဲ့.. မျောလွင့်ခြင်းတွေရယ်..

တခါးတချပ်ကို မှားခေါက်မိရင်း . . .စေညွှန်ရာဆီ ဦှးလှုည့်ကြလေပြီ. . . ငြိမ်းချမ်းရေး . .
တနေရာတော့ရှိလိမ့်မယ် ငါတို့ အတွက် . . . .ငြိမ်းချမ်းရေး….
သွေးစွန်းလက်ကို ခေါင်းငုံ့ ပွေ့ ဖက် … . . .
ငါတို့ နှလုံးသွေးနဲ့ ဆေးကြောရမဲ့. . . အပစ်မဲ့ဝိဥာဉ်များနဲ့ စတေးကြရမဲ့. . . ငြိမ်းချမ်းရေး . . .
--------
စစ်မဲ့ငြိမ်းချမ်းရေး

Key: D ( Rock ) Lyric: ဒေဗီ
Intro: D _ _ _ //8 G _ _ _ / Gsus4 _ _ _ /C _ 0 0 0 0/
D
I. ဗမာပြည်ကဗုံးနဲ့  သေနပ်သံတွေ . . နာဂါဆာကီ အတိတ်ရဲ့ /က အရိပ်တစေတွေ .
D
II. ပင်လယ်နီမှာသွေး ချောင်းစီးကာနေ . . လူတွေသေအောင် သတ်တဲ့စစ်ကိုလေ . .
D G
CHO: ( ဒို့ ညီအကိုတွေ တားဆီးကြလေ . . . ဒို့ ညီအကိုတွေ တိုက်ဖျက်ကြလေ . .
C D
ဒို့ ညီအကိုတွေ သွေးစည်းက်ြမယ်လေ . . )
D
III. သံလွင်ချီကာ ဂျိုးဖြူငှက်ငယ်တွေ . ကဘာမြေတခွင်မှာ . . မြူးပျံဝဲစေသော်ဝ် . .

( G _ _ _/ G _ _ _ / D _ _ _ / D _ _ _/)4
စကားပြော- မိခင်တွေရဲ့ မျက်လုံးနဲ့  . . . ချစ်သူတွေရဲ့ မျက်လုံးမှာ . . .
မျက်ရည်တွေ ဖုန်းလွမ်းစေသောစစ်ကို . . မုန်းတယ် . .
ဟီရိုရှီးမားနဲ့ နာဂါဆာကီ အတိတ်က အရိပ်တစေတွေ ခြောက်လှန့်နေဆဲ . .
( G _ _ _/ G _ _ _ / D _ _ _ / D _ _ _/)3 /C _ 0 0 0 0 /
I. II. III. CHO . စကားပြော
လူပျောက်နေတဲ့လမ်းမတွေနဲ့  . . လမ်းပျောက်နေတဲ့ကလေးငယ်တွေရဲ့  . .
အနာဂါတ်ဘဝတွေကို . . ချေမွ ရိုက်ချိုးနေသော စစ်ကို . . မုန်းတယ် . . Fade Out . .
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

သီချင်းအမြည်းနားထောင်ရန်..

စောထ ဖေါင်ဒေးရှင်း ရံပုံငွေ တေးဆီးရီးစ

်

ငြိမ်းချမ်းရေးသံစဉ် - ငြိမ်းစေ+ဖိုးချို
ငြိမ်းချမ်းရေးမိုးရေ - ငြိမ်းစေ+အေကေ
ယုံကြည်ရာ - ငြိမ်းစေ+James CoBayne
စောထ ဒဏ္ဍာရီ - ငြိမ်းစေ+James CoBayne
ခွင့်ပြုပါ အမေ - ငြိမ်းစေ
အင်အားသစ်ရဲ့ ည - ငြိမ်းစေ တာကြီးအတွက်သီချင်း -
ငြိမ်းစေ သမီးလေးရဲ့ ရာဇ၀င်သစ် - ငြိမ်းစေ
ခံယူခြင်း - ငြိမ်းစေ+အေကေ
မှတ်ချက်။။
http://kabarmakyay.blogspot.com/2010/02/blog-post.html မှ တဆင့်မျှဝေတာပါ..
နှစ်သက်သူများ http://kabarmakyay.blogspot.com/ သို့ ဆက်သွယ်ဝယ်ယူအားပေးစေလိုပါတယ်...စောထ ဖေါင်ဒေးရှင်း ရံပုံငွေအတွက် ထုတ်ဝေမည့်တေးဆီးရီးစ်ဖြစ်ပါတယ်.


အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့အနူပညာ ကမ္ဘာလွှမ်းစေမဲ့ပြပွဲ

Invitation of New York Open Center Contemporary Burmese Art:
Ideas and Ideals- February 6, 2010- 8:00 PM

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေအားနိုင်ငံတကာမှ ချီးကျူးသည့် သတင်းလေးရှိရင် ပို့ ပေးပါ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကမ္ဘာ့အရေး အခင်းများကို နိုင်နင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည့် အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ကို ယမန်နေ့က ချီးကျူး လိုက်သည်။


[၁၉၇၁ ခုနှစ်က နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် တွေ့ရသော ဦးသန့် (ဓာတ်ပုံ - UN)]

၁၉၇၁ ခုနှစ်က နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် တွေ့ရသော ဦးသန့် (ဓာတ်ပုံ - UN)
ဘန်ကီမွန်းက နယူးဒေလီ မြို့တွင် ပြုလုပ်သည့် ဦးသန့် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာတွင် “ဦးသန့်သည် သံတမန် တဦးအဖြစ် တာဝန် ထမ်းဆောင်စဉ် အရည်အချင်း ပြည့်ဝပြီး ဇွဲလုံ့လ ၀ီရိယ ကြီးမားသူ တဦး ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂကို ဆယ်စုနှစ် တခုကြာ တာဝန်ယူ ကိုင်တွယ်စဉ်က ကျူးဘားနိုင်ငံ ဒုံးလက်နက်များ ဖယ်ရှားရေး၊ ကွန်ဂိုနိုင်ငံ ပြည်တွင်းစစ် အဆုံး သတ်ရေး စသည့် အရေးအခင်း များတွင် အဓိက အခန်း ကဏ္ဍမှ ဖြေရှင်း ပေးခဲ့သူ ဖြစ်သည်” ဟု ရေးသား ထားသည်။

“ဦးသန့်သည် ဆင်းရဲမှု တိုက်ဖျက်ရေး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကို အကျိုးရှိစေမည့် ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေး ညီလာခံတို့ ပေါ်ပေါက် ရေးအတွက် ကြိုးပမ်းခဲ့သည်” ဟု သ၀ဏ်လွှာတွင် ဆက်လက် ရေးသားထားသည်။

“၀မ်းနည်းဖွယ် ကောင်းသည်မှာ သူ၏ လူသား ဖွံ့ဖြိုးရေး မျှော်မှန်းချက်များသည် သူ၏ နိုင်ငံတွင် အကောင်အထည် မဖော်နိုင်သေးသည့် အချက်ဖြစ်သည်” ဟု ဘန်ကီမွန်းက ဆိုသည်။

“ယခု ကျွန်ုပ် တာဝန်ယူထားသည့် ရာထူးနေရာအား ဆက်ခံခဲ့သူ အများအပြားကို အားကျ အတုယူခဲ့ပါသည်။ ထိုသူများအနက် ဦးသန့်သည် ထူးခြားသည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆပါသည်။ ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုကို ဟန့်တားရေးအတွက် ကျွန်ုပ်တို့ ယနေ့ ကြိုးပမ်းနေမှုများကို ဦးသန့်၏ ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်များက အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပေသည်” ဟု ဘန်ကီမွန်းက သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဦးသန့်သည် ဧရာဝတီတိုင်း ပန်းတနော်မြို့ဇာတိ ဖြစ်ပြီး ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်တွင် မွေးဖွားသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌ နယူးယောက်မြို့တွင် အဆုတ်ကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သည်။

မစ္စတာ ဘန်ကီမွန်းသည် တောင်ကိုရီးယား နိုင်ငံသားဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ်ခံရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက်စဉ် ဘန်ကီမွန်းက “ကျနော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို လေးစား ကြည်ညိုသူဖြစ်ပြီး သူ့ရဲ့ အမျှော်အမြင်ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည်အောက်မေ့ မိပါတယ်” ဟု ရန်ကုန်မြို့တွင် ပြောဆိုခဲ့သေးသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သချိုင်းကုန်းတဖက်ကိုမျှော်ကြည့်သော်

အပြည့်အစုံသတင်းဖတ်ရန်....

စစ်တပ်တွင်းကသန်းရွှေကိုဤသို့ အားပေး

စစ်တပ်အတွင်း ရွေးကောက်ပွဲကို စိတ်မဝင်စား
Wednesday, 03 February 2010 16:23 ဗထူး
ရွေးကောက်ပွဲကျင်းပမည်ဟု နိုင်ငံတကာနှင့် တိုင်းပြည်အား ကြေညာထားသော်လည်း လက်တွေ့တွင် တပ်တွင်းက စိတ်မဝင်စားကြောင်းပြောသည်။

"စည်းကော်ဆွေးနွေးပွဲမှာတော့ ပြောတယ်၊ ဒါပေမဲ့ အလုပ်အရသာ တက်တာပါ စိတ်မဝင်စားဘူး၊ ကျနော်က အစပေါ့၊ ပုံမှန်လုပ်ရတဲ့သဘောပါပဲ၊ အဓိကဆွေးနွေးကျတာတော့ မိသားစုတွေ ကျပ်တည်းနေအကြောင်းကသာ များပါတယ်" ဟု တာဝန်ထမ်းဆောင်ဆဲ အရာခံဗိုလ်တဦးက ပြောသည်။

တပ်ပြင်ပတွင်လည်း အဆိုပါရွေးကောက်ပွဲနှင့်ပတ်သက်၍ စိတ်ဝင်းစားမှုမရှိဘဲ နှစ်လုံး သုံးလုံး စသဖြင့်သာ နေ့စဉ် ဖြစ်ပျက်သည်သာ မြင်ရကြောင်း ပြည်ခိုင်ဖြိုးများပင် စိတ်ဝင်စားမှုမှာချဲကိစ္စနှင့် ဧည့်စာရင်းကိစ္စများသာ ဖြစ်ကြောင်း ပြောသည်။

"ပြီးခဲ့တဲ့ တပ်မ (၇၇) ကိစ္စ ကြားတယ်၊ အဓိက ကြပ်တည်းနေကြပြီ၊ အဲ့ဒါကို ဖြေရှင်းပေးဖို့ လိုအပ်တယ်၊ တခြားတပ် တိုင်းမှာလည်း အကြီးအသေးသာ ကွာတယ်၊ ပဲဆိုတာ အရုပ်ဆွဲပြမှပဲ မြင်ရမဲ့သဘောပါ။ ဌာနချုပ်မီးဖိုဆောင်မှာ လူတော့မရှိဘူး၊ ဒါပေမဲ့ ယင်တော့ရှိတယ်" ဟု သူက ဆက်ပြောသည်။

ယခုနှစ်တွင် တပ်တွင်းပြောင်းလဲမှုမှာ ကြီးမားမည်ဟု ယုံကြည်ထားပြီး ဖြစ်လာနိုင်သည်များကို ကြိုတင်ခန့်မှန်းရ ခက်ခဲကြောင်း ယခုပင်လျှင် တပ်တွင်းတွင် ဆင်းရဲမှုပြဿနာနှင့် အုပ်ချုပ်မှုပြဿအချို့ ရှိနေသည်ဟု ပြောသည်။

"ပြီးခဲ့အပတ်စဉ်က ဆင်းလာတဲ့ ဗိုလ်လောင်းတယောက်ဆို အမေက အုန်းနို့ခေါက်ဆွဲ ရောင်းတယ်၊ အရာရှိရိပ်သာကနေ ရုံးတက်၊ ညနေ လေးနာရီကျော် အိမ်ကိုပြေး၊ သူ့အမေဆိုင်သိမ်းတာ ဝိုင်းကူရတယ်၊ အခြားအဆင့်တော့ မပြောနဲ့တော့ပေါဗျာ" ဟု ပြောသည်။

လစာငွေတိုးမြှင့်ပေးခြင်းသည် ဝန်ထမ်းများအား နှစ်သိမ့်ခြင်းဖြစ်ပြီး အရင်းခံဖြစ်သည့် တပ်မိသားစုပြဿနာအား ချမှတ်ထားသည့် ဆုံးဖြတ်ချက်တိုင်း မကိုင်ပါက တပ်တွင်းမကျေနပ်မှု၊ အုပ်ချုပ်မှုပြဿနာ တိုးပွားလာမည်ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နဲနဲပေါ်မှ လူကြိုက်များ


ရခိုင်ပြည်နယ်တွင် တင်ဆက်ကပြနေသော ဇာတ်သဘင်များတွင် အနောက်တိုင်း ဖေါ်ချွတ် အကများမှာ အထူး ရေပန်းစားနေပြီ ဇာတ်ပွဲတိုင်းတွင် မပါမပြီးသော အက ဖြစ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ဖေါ်ချွတ် အကများမှာ ထိုင်းနိုင်ငံမှ နိုက်ကလပ်များနှင့် အပြိုင်အဆိုင် ဖြစ်နေကြောင်းကို ပွဲကြိုက်သူ လူငယ် တဦးက ယခုကဲ့သို့ ပြောသည်။

“ ဒီနေ့ခေတ်က တမျိုးအကိုရာ။ လူငယ်တွေရော လူကြီးတွေရော ဒီလိုအကမျိုးမှ ကြိုက်ကြတာ။ ဒီအကမပါရင် ဇာတ်ပွဲကို ဘယ်သူမှ လာကြမှာ မဟုတ်ဘူး။ ဒါကြောင့် ရခိုင်မှာ ကပြနေတဲ့ ဇာတ်တွေမှာ ဒီအကတွေကို ထည့်ပေးနေကြရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွေက နိုက်ကလပ်တွေမှာလို ကျနော်တို့ဆီက ဇာတ်သဘင်တွေလည်း လူတွေကို ဆွယ်ဖို့ ဖေါ်ချွတ်တွေကို ဦးစားပေးနေရတာ ဖြစ်ပါတယ်။”


ဖေါ်ချွတ်အကများ ကပြရာတွင် သက်ဆိုင်ရာ မြူးမြူးကြွကြွ ရခိုင်၊ ဗမာ၊ ကုလား နှင့် အင်္ဂလိပ် သီချင်းများဖြင့် တဦးချင်းမှ အဖွဲ့လိုက်ထိ ကပြကြပြီး အနည်းဆုံး တစ်နာရီမှ နှစ်နာရီထိ ကပြကြသည်ဟု သူက ပြောသည်။

“အများစု မင်းသမီးလေးတွေက ရန်ကုန်က လာကြတာပါ။ ချောလည်း ချောပါတယ်။ ကလည်း ကတတ်ပါတယ်။ ခုလို ဖေါ်ချွတ် အကတွေကို ညဉ့်ဦးယံ အချိန်မှာ တစ်နာရီကနေ နှစ်နာရီထိ ကပြ အသုံးတော်ခံကြတယ်။ လူငယ်တွေကတော့ တိုးမပေါက်အောင် အားပေးကြပါတယ်။”

ယခုကဲ့သို့ အနောက်တိုင်း ဖေါ်ချွတ်အကများမှာ မြန်မာ ယဉ်ကျေးမူနှင့် ကိုက်ညီမူ မရှိသော်လည်း အာဏာပိုင်များက တစုံတရာ ဟန့်တားပိတ်ပင်ခြင်း မရှိကြောင်း သိရသည်။

အမည်မဖေါ်လိုသူ မောင်တောမြို့ခံ တဦးက “ ဒီလို အကတွေကို သာမန် ဇာတ်သဘင် တွေမှာသာမက တပ်မတော် နယ်လှည့် ဇာတ်ဖွဲ့တွေမှာတောင် ကပြနေကြတာ ပါဘဲ။ အာဏာပိုင်တွေ ဟန့်တားတာ မရှိပါဘူး။ သူတို့က နိုင်ငံရေး လုပ်ပြီး သူတို့ကို မဆန့် ကျင်ရင် ပီးပီ။ ကျန်တာ ဘာမဆို မြန်မာနိုင်ငံမှာ လုပ်နိုင်ပါတယ်။”

ဖေါ်ချွတ်အက ကပြသူ ဇာတ်မင်းသမီးများမှာ စကစ် အတို (သို့မဟုတ်) ဘောင်ဘီ အပိုင်းလေးနှင့် အကျီင်္ပါးပါး အတိုလေးကို ၀တ်ပြီး ရှိုက်ဖေါ်ကြီးငယ် အသွယ်သွယ်ကို ဖေါ်နိုင်သမျှ ဖေါ်ကာ မြူးကြွသော တေးသံများဖြင့် သီဆို ကပြကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကပြမူများမှာ ယခင်က ရခိုင်ပြည်နယ်တွင် မရှိသလောက်ရှားပါးခဲ့ပြီး နအဖ စစ်အစိုးရ လက်ထက်တွင်မှ အထူး တွင်ကျယ် ထွန်းကား လာခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဇာတ်ပွဲရာသီမှာ အောက်တိုဘာ (၀ါကျွတ် လပြည့်မှ) မှ စတင်ပြီး မိုးဦးရာသီ အစ ကဆုန်လကုန်ထိ ဖြစ်ပြီး ဇာတ်အဖွဲ့များ အနေဖြင့် အဆိုပါ အချိန် အတွင်းတွင် ရခိုင်ပြည်နယ် ကျေးလက် မြို့ရွာ အနှံ့သွားရောက်ကာ ကပြ ဖြေဖျော် ကြသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နအဖဆိုတာ..ရေသာပါပစေ..သူ့ အမေကိုတောင် ရော့အင့် ပေါက်ဖော်ကြီးဘဲ..

မြန်မာစစ်တပ်က နာ့ဖော့-ပါဂျောင် တောင်တန်းမှာ တရုတ်တွေ ဘိန်းခင်းလုပ်ဖို့ ခွင့်ပြု Thursday, 28 January 2010 13:28
ကေအင်ဂျီ .မြန်မာစစ်တပ်က ထိန်းချူပ်ထားတဲ့ ကချင်ပြည်နယ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချူပ် ဟောင်း နာ့ဖော့-ပါဂျောင် တောင်တန်းတွေမှာ တရုတ်လူမျိုးတွေသီးသန့်ပဲ ဘိန်းခင်းတွေလုပ်ဖို့ အလှည့်ကျ အခြေစိုက် မြန်မာတပ်ရင်းများက အခွင့်အရေးပေးနေ ကြောင်း ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်တွင် ဘိန်းလာစိုက်တဲ့ တရုတ်အမျိုးသားတဦးကို ကေအိုင်အေ စစ်သားများ ဖမ်းဆီးပုံ
အခု ဘိန်းခင်းဧကရာချီကို ကချင်ပြည်နယ် နဲ့ တရုတ်နိုင်ငံယူနန်ပြည်က တရုတ်အမျိုးသား စီးပွားရေးသမား များ သို့မဟုတ် အဖွဲ့ ၃၀ ကျော်တာဝန်ယူပြီး အဲဒီတောင်တန်းတွေနဲ့ အခြေစိုက်မြန်မာစစ်တပ်စခန်းအနီး တ၀ိုက်တွေမှာ ဘိန်းပင်တွေ စိုက်ပျိုးထားပြီးဖြစ်တယ်လို့ ဘိန်းခင်းအလုပ်သမားတွေက ပြောပါတယ်။


အများစု ဘိန်းခင်းပိုင်ရှင်တရုတ် စီးပွားရေးသမားတွေထဲမှာ ဖားကန့်၊ နမ့်ဆန်ယန်၊ တရုတ်လိုင်ဇာနဲ့ ယူနန်ပြည်ထဲက ဖြစ်ကြပါတယ်။
အခုဘိန်းပင်တွေက အပွင့်ပွင့်နေပြီဖြစ်တဲ့အတွက် လာမဲ့ ဖေဖေါ်ဝါရီလမှာတော့ ဘိန်းခြစ်မဲ့အချိန်ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီတောင်တန်းတွေဟာ မြန်မာစစ်တပ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်နယ်မြေလည်းဖြစ်သလို သုံး၊ လေးလတွင် တကြိမ် တပ်ရင်း အပြောင်းအလဲပြုလုပ်တာလည်းဖြစ်ပါတယ်။

မြန်မာစစ်တပ် တပ်ချနေစဉ်အတွင်းမှာ ဘိန်းခင်းပိုင်ရှင်တွေထံတောင်းတဲ့ ဘိန်းခွန် စုစုပေါင်းပမာဏကတော့ ကျပ် သိန်း ၄၀ ကနေ သိန်း ၁၅၀ ကြား ရှိပြီး အခုချိန်မှာလည်း ဘိန်းခင်းပိုင်ရှင်တွေအားလုံး သိန်း ၁၅၀ ကို စုပြီးလာဆောင်ဖို့ အမိန့်ထုတ်ထားပါတယ်။

အခုချိန် နာ့ဖော့-ပါဂျောင်မှာ အလှည့်ကျတပ်ချနေတဲ့ မြန်မာတပ်ရင်းကတော့ ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန် နယ်မြေခံတပ်ရင်း ဒု-ဗိုလ်မှူးကြီး ခင်မောင်ဝင်း ဦးဆောင်တဲ့ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၁၄၂ ဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ဘိန်းစစိုက်ပျိုးချိန်ကတော့ နမ္မတီးနယ်မြေခံတပ်ရင်း ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၈၂ အခြေစိုက်ပါတယ်။

လွန်ခဲ့တဲ့အချိန်မှာတော့ ဒီဒေသကနေတဆင့် တရုတ်နယ်စပ်ကို တင်ပို့နေတဲ့ သစ်ကုန်သည်တွေဆီက အခွန်ကောက်ယူနေတာ ဖြစ်ပေမယ့် အခုချိန် သစ်ကားဖြတ်တာတွေမရှိတော့တဲ့အတွက် လက်ရှိ ငွေရနိုင်မဲ့ တရုတ်တွေကို ဘိန်းခင်းလုပ်ဖို့အခွင့်အရေးပေးပြီး အခုလို အခွန်ကောက်ခံနေတာ ဖြစ်တယ်လို့ နယ်စပ် စီးပွားရေးသများတွေက ဆိုပါတယ်။
http://kachinnews.com/burmese/

အပြည့်အစုံသတင်းဖတ်ရန်....

ဆရာတော် ဦးပညာဇောတ၏ ပြန်ကြားချက်

တကယ်ကြည်ညိုလို့ပြောတာလား တတ်ယောင်ကားလုပ်တာလား နအဖ လူလားဆိုတာတော့ စာရေးသူသာအသိဆုံးဖြစ်ပါလိမ့်မယ်။
ရဟန်းသံဃာတော်များအတွက် သံသရာက လွတ်မြောက်ကြောင်းအလုပ်ဟာ အဓိကပန်းတိုင်ဖြစ်ပါတယ်။ နောက်ဆုံရည်မှန်းချက်ဖြစ်ပါတယ်။ သံဃာအားလုံး ဒီ ရည်မှန်းချက်တခုထဲကိုသာ ကျင့်ရမယ်လို့ ဘုရားမဟောပါဘူး၊ လောကတ္ထစရိယ လောကလူသားတွေရဲ့ ကောင်းကျိုးကိုလည်းလုပ်ရမယ်။ ဥာတတ္ထစရိယ ဆွေမျိုး ကိုယ့်တိုင်းသူပြည်သားတွေရဲ့ ကောင်းကျိုးကိုလည်း လုပ်ရမယ်။ ဗုဒ္ဓတ္ထစရိယ မိမိအကျိုးကိုလည်း သိအောင် ဆောင်ရွက်ရမယ်လို့
မျှမျှတတ ဟောထားပါတယ်။ မြတ်စွာဘုရားတောင် စစ်ဖြစ်မှာကို သိတော်မူလို့ စစ်ကို ၃ ကြိမ် တားမြစ်တာတွေ လုပ်ပါတယ်။ တားမရတော့ နောက်ဆုတ်ပေးပါတယ်၊ ဒီလုပ်လုပ်တာဟာ လောကကောင်းကျိုးအတွက် လူမှုကိစ္စထဲ ၀င်ပါရခြင်းဖြစ်ပါတယ်။

သံဃာတော်များအနေနဲ့လဲ ဘုရားသားတော်တွေဖြစ်တော့ ဘုရားနည်းတူ လောကကောင်းကျိုးတွေ လူသားကောင်းကျိုး တွေလုပ်ကြ ရပါတယ်။ တရားကျင့်သူတွေရှိသလို လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တဲ့ သံဃာတွေအများကြိးရှိပါတယ်။ သံဃာတွေအားလုံး တရားတွေချည်းကျင့်နေကြတာမဟုတ်ပါဘူး။ ပညာဒါနကျောင်းတွေဖွင့်တယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဖွင့်တယ်။ ဆေးရုံတွေဆောက်ပြီးကုသပေးတယ်။ HIV/ AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးတယ်။ နာဂစ်မုန်တိုင်းမှာ သံဃာတော်တွေ အများကြီး ကူညီစောင့်ရှောက်ရေးတွေ လုပ်ပေးပါတယ်။

၁၉၈၈ အရေးတော်ပုံကာလ အုပ်ချုပ်ရေး ယန္တရား မရှိတော့တဲ့အချိန်တွေမှာ ပြည်သူတွေ ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် ညတွေမှာ လုံခြုံရေးကင်းတွေ စောင့်ပေးရပါတယ်။ သတ်မည့်ဆဲဆဲလူတွေကို မသတ်ဖို့တားပြီး အလှူခံရပါတယ်။ ဒါတွေဟာ နိုင်ငံရေးတွေ မဟုတ်ပါဘူး၊ တောရွာတွေမှာဆို ရပ်ရွာတိုးတက်ရေးအတွက် သံဃာတွေပဲ ဦးဆောင်လုပ်ပေးနေရတာပါ။

ရတဲ့အချိန်လေးတွေလုပြီး တရားမှတ်တဲ့အလုပ်လဲ လုပ်ပါတယ်။ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ထားတဲ့သံဃာတော်တွေလဲ အများကြီးရှိပါတယ် ဒီလုပ်ရပ်တွေဟာ အဓိကပန်းတိုင်ဖြစ်တဲ့ သံသရာကလွတ်မြောက်ရေး မဟုတ်ပေမယ့် ဘုရားဟောနဲ့ ညီညွတ်နေလို့ သံဃာတော်တွေလုပ်ကြပါတယ်။ နိုင်ငံရေးမဟုတ်ပါဘူး။ လောကလူသားကောင်းကျိုးကို သံဃာတော်များ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

နိုင်ငံရေးဟာ ဘာလဲလို့စဉ်စားသင့်ပါတယ်။ ပညာရေး ကျန်းမာရေး စီးပွားရေး စစ်ရေး စတာတွေ စုပေါင်းထားတာကို နိုင်ငံရေးလို့ ခေါ်ပါတယ်။ နိုင်ငံ တနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေသည့်အရေးမှန်သမျှ နိုင်ငံရေးဖြစ်ပါတယ်။ တခုနဲ့တခု အချင်းချင်းဆက်စပ် ချိတ်ဆက်နေပါတယ်၊ သံဃာတော်တွေအနေနဲ့ အစိုးရကိုဖြစ်စေ ပြည်သူကိုဖြစ်စေ လူတဦးတယောက်ကိုဖြစ်စေ မဟုတ်မမှန်တာ တွေ့ရင် ဆုံးမပေးရပါတယ်။

သံဃာတော်များအနေနဲ့ နိုင်ငံရေးပါတီထောင်ခြင်း၊ လွှတ်တော်အမတ်အဖြစ်ရွေးချယ်ခြင်း၊ မဲ ထည့်ခြင်းစတဲ့နိုင်ငံရေးအလုပ်ကို လုံးဝမလုပ်ပါဘူး။ စစ်လဲမတိုက်ပါဘူး၊ ဒါကြောင့် သံဃာတော်များ နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲခြင်းဟာ ဘာသာ သာသနကို တတ်ယောင်ကားလုပ်ခြင်းသာဖြစ်ပါတယ်။
နအဖ နောက်ယောင်ခံပြီး နအဖ အကြိုက်လိုက်ပြောနေခြင်းသာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီး နိုင်ငံရေးလုပ်ပါလားလို့ ပြောဆိုခြင်း စသည်များဟာ ဗုဒ္ဓဘာသာရဲ့ အစစ်အမှန်ကို နားမလည်ဘူးဆိုတာကိုဖော်ပြရာရောက်ပါတယ်။

ဦးအောင်ဆန်းဦးကို သပိတ်မှောက်တယ်ဆိုရာမှာလည်း မမှောက်ခင် ကြိုတင်မေတ္တာရပ်ခံစာ ပို့ထားပြီးဖြစ်ပါတယ်။ ၁ ပတ်အချိန်ပေး ထားပြီးမှ အကြောင်း မပြန်သည့်အတွက် သပိတ်မှောက်ကံ ဆောင်ရတာဖြစ်ပါတယ်။ ကံဆောင်ထားပေမယ့် ကာယကံရှင်က ဒေါ်စု အပေါ် ဥပဒေအရ တားမြစ်ကန့်ကွက်တာတွေ ပယ်ဖျက်မယ်ဆိုရင် ကံဆောင်တာကို ရုတ်သိမ်းပေးရမှာပါ။

ဦးအောင်ဆန်းဦးဟာ သံဃာတွေကိုသတ်ဖြတ်ထောင်ချပြီး ကျောင်းတိုက်တွေကိုဝင်ရောက်စီးနင်းတဲ့ နအဖ ကို အားပေးအားမြှောက်ပြီး နအဖ နဲ့ အလိုတူအလိုပါ လုပ်ဆောင်သည့်အတွက် ဘာသာသာသနာကို စော်ကားသူကိုသာမကဘဲ သာသနာတော်ကို စော်ကား နေသူ များ အား ထောက်ခံအားပေးနေသူများကိုလည်း ကံဆောင်ရမယ်လို့ ဗုဒ္ဓဟောကြားသည့်အတွက် ကံဆောင်တာပါ။

သာသနာတော်ကို နှောက်ယှက်ဖျက်ဆီးတဲ့သူများကို ကံဆောင်ခဲ့တဲ့သာဓကများစွာ ရှိပါတယ်။ နောက်နောင်လဲ ပေါ်ပေါက်လာပါက မေတ္တာရပ်ခံလို့ မရရင် သံဃာတော်များ ကံဆောင်ကြပါလိမ့်မယ်၊ ဒုတိယသင်္ဂါယနာတင်ရာဝယ် ဦးဆောင်ခဲ့တဲ့ အရှင်ယသမထေရ်က သာသနာ့အန္တရာယ် ပေါ်ပေါက်နေတာ တွေ့ရှိပါလျှက် ကိုယ်ရေးကိုယ်တာကိုသာ ဦးစားပေးပြီး သာသနာရေးကို လျစ်လျူရှုရန်မ သင့်၊ ရှောင်လွှဲခြင်းသည် သာသနာအတွက် သူရဲဘောကြောင်ရာကျမည်ဟု မိန်ဆို့ထားပါသည်။

ဦးပညာဇောတ ABMA
https://mail.google.com/mail/?shva=1#inbox/12691e4dd7b6747f

ဘုန်းကြီးစာချတဲ့ လူယုတ်မာ၏ အသိဥာဏ်ခေါင်းပါးတဲ့ ဆောင်းပါးက ဒီမှာပါ။


ဘုန်းကြီးနဲ့ဘီး အမြင်မတော်

ဒေါ်စုအိမ်ပြင်တဲ့ကိစ္စကို ကန့်ကွက်တာကို ကျနော်လဲ စိတ်မကောင်းဖြစ်မိတယ်၊ ဦးအောင်ဆန်းဦးအနေနဲ့ မလုပ်သင့်ဘူးလို့လည်း ထင်တယ်။ မောင်နှစ်မနှစ်ဦးကြားမှာ တခြားမကျေနပ်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ခုလောက်တောင် ယိုယွင်းနေတဲ့ အိမ်ကို ပြင်ဆင်တာမျိုးကိုတော့ (ခုထိ နှစ်ဦးပိုင်တယ်လို့ယူဆရင်) အိမ်ပြင်ခငွေတောင် အချိုးကျစိုက်သင့်တဲ့သဘောရှိပါတယ်။ အစိုးရကလဲ ဒီကိစ္စမှာ ဘက်မလိုက်သင့်ဘူးလို့ ကျနော် ထင်တယ်။ ဥပဒေပညာရှင်မဟုတ်လို့ ပုဒ်မတပ်ပြီး မကိုးကားနိုင်ပေမဲ့ ကြားဖူးတာကတော့ နိုင်ငံခြားသားဟာ မြန်မာပြည်က မြေယာ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ပိုင်ဆိုင်ခွင့်မရှိဘူး မဟုတ်လား။ သို့သော်လည်း ဒါတွေက တကဏ္ဍ။ ဘုန်းကြီး ရဟန်းများနဲ့ ဒီအမှု ဘာမှမဆိုင်ဘူး။ လူမှုရေးထဲမှာ ၀င်မစွက်ရဘူးလို့ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ ပျံလွန်တော်မမူခင်က အာပေါက်အောင် ဟောခဲ့ ပြောခဲ့၊ မနက်ခင်း သြ၀ါဒများထဲမှာလဲ ထည့်သွင်းပုံနှိပ်ချန်ရစ်ခဲ့တယ်မဟုတ်ပါလား။ နိုင်ငံရေးဘုန်းကြီးတွေ တရားဘာဝနာကိစ္စကိုတော့ ဒီလောက်အားမသွန်ကြဘူး၊ ပြောပြန်ရင်လဲ ကပ်က ဆုတ်ကပ်၊ အရင်နဲ့မတူဘူး၊ နိဗ္ဗာန်ရောက်အောင် ကျင့်လို့မရဘူး ဘာညာ ဆင်ခြေတွေ ပေးဦးမယ်။ အရိုးကြေကြေ အရေခန်းခန်း မဂ်ဖိုလ်ဆိုက်အောင် ကျင့်ကို ကျင့်မယ်ဆိုတဲ့ အလုပ်ကတော့ စိတ်ကူးထဲတောင် မကူးကြဘူး။ ဒါ့ကြောင့်လဲ ဒီဘက်ခေတ်မှာ တရားပေါက်တဲ့ ကိုယ်တော်ဆိုတာ မကြားဘူးဘူး။ သိပ်မဝေးတဲ့ ဟိုခေတ်တုန်းကတောင် စွန်းလွန်းဆရာတော်၊ ညောင်လွန့်ဆရာတော်၊ စသဖြင့် နိုင်ငံအ၀ှန်းကြည်ညိုတဲ့ ရဟန်းတော်တွေ ပေါ်ထွက်ခဲ့တယ်။ ခုဟာက ရဟန်းနဲ့မဆိုင်တဲ့ အင်တာနက်လုပ်လားလုပ်၊ ခေတ်ပညာတွေ သင်လားသင်၊ ကြေငြာချက်တွေ တစ်စောင်ပြီးတစ်စောင်ထုတ်လားထုတ်နဲ့ ဟိုတလောက ဖတ်လိုက်ရတဲ့ ဒလတောရွာက ဆရာတော်နဲ့ရွာသားတွေလို ဖြစ်နေပြီ။ အဲဒီဘုန်းကြီးတာ ဘာကံဆောင်ဆောင် ဦးအောင်ဆန်းဦးတို့လင်မယားက အိပ်ရေးလဲမပျက်ဘူး။ သတိလဲထားစရာ စိုးရိမ်စရာမဟုတ်ဘူး။ ခုဟာက နဲနဲလွန်လာလို့ မပြောမပြီးလို့သာ ပြောလိုက်ရတာ။ နိုင်ငံရေးဝါသနာကြီးရင်လဲ သတ္တိရှိရှိ လူထွက်ပြီး လုပ်ကြပေါ့။ ပါတီတွေက ကြိုဆိုကြမှာပါ။ ကျုပ်ကိုယ်တိုင်လဲ အဲဒီအခါကျရင် အင်တာနက်ကနေရော တွေ့သမျှ အသိအကျွမ်းကိုရော ပြောပြ ချီးကြူးမှာပါ။ ခုလို ဘုန်းကြီးရဟန်းနဲ့ မဆိုင်တာတွေ ၀င်စွက်နေတာကိုတော့ မသင့်ဘူးလို့ ပြောင်ပြောင်ပဲပြောလိုက်တယ်။ မကြိုက်ဘူး။ ဒါ့ကြောင့်လဲ ဗုဒ္ဓဘာသာကို နားမလည်တဲ့ ဘာသာခြားတွေက အတွင်းကော အပြင်ပါ အထင်သေးလာကြတာ။ ဒါပဲ။
ညွန့်ရွှေ

ဘုန်းကြီးနဲ့ဘီး (၂) (ခပ်စပ်စပ်ကလေးတွယ်လိုက်တယ်၊ ဗုဒ္ဓအားကိုးနဲ့)


ပြန်မရေး မဖြေရှင်းပြန်ရင်လဲ “ဟာ- - ဦးပညာဇောတ တွယ်ထည့်လိုက်တာ ဦးညွန့်ရွှေတစ်ယောက် အင်တာနက်ကနေ ပျောက်ပြီး မှောက်သွားပြီလို့ နုံနဲ့သူတွေက လက်ခမောင်းခတ်ကြပေလိမ့်မယ်။ ဦးပညာဇောတတင်မဟုတ်ပါဘူး၊ မယောင်ရာ ဆီလူးနေတဲ့ ဘုန်းကြီးတွေအားလုံးကို ဗုဒ္ဓမျက်နှာတော်ကို စေ့စေ့ကြည့်ပြီး သံဝေဂ (အများစုကတော့ ယူနိုင်မယ်မထင်ပါ၊ ဒါလဲ နိုင်ငံရေးဘုန်းကြီးတွေကိုသာ ဆိုလိုပါတယ်) ယူနိုင်အောင်၊ နိုင်ငံရေးနဲ့ ဘာသာရေးကို လေနဲ့ဝမ်းနဲ့မကွဲပဲ သံယောင်ပဲလိုက်နေသူတွေလဲ ဗဟုသုတဖြစ်အောင်၊ ရှာမှီးချင်အောင် အချိန်မရတဲ့ကြားက မိုးကြိုးနဲ့ခွင်းလိုက်ရပါတယ်။
၁။ တစ်မဂ်တစ်ဖိုလ်နား မသီနိုင်သေးပဲနဲ့ ကိုယ့်ကိုယ်ကို ဗုဒ္ဓလုပ်သလို ငါတို့လိုက်လုပ်မယ်လို့ မလောလိုက်နဲ့၊ ငရဲတံခါး အပါယ်တံခါးက ပိတ်ထားတာမရှိ။ ဗုဒ္ဓက စရိယသုံးဆင့် ဆည်းပူးကျင့်တယ်ဆိုတာ ဗုဒ္ဓအဖြစ် ရောက်ပြီးမှ ကျင့်တာဖြစ်တယ်။ မဖြစ်ခင်က ခြောက်နှစ်လုံးလုံး အပတ်တကုတ် သေလုမျောပါးအားထုတ်တယ်။ သေသေချာချာ စဉ်းစား။

၂။ ဗုဒ္ဓက ရဟန်းတွေအတွက် ၀ိနည်းဆိုတဲ့စည်းကမ်းတွေ ထားခဲ့တယ်။ ၂၂၄ သွယ်သော သိက္ခာပုဒ်တွေလို့လဲ သုံးကြတယ်။ အဂ္ဂမဟာပဏ္ဍိတဆရာတော်ဘုရား ရှင်ဇနကာဘိဝံသက ၀ိနည်းကို ဘာနဲ့နှိုင်းသလဲဆိုရင် ထောင်ထားတဲ့အပ်ဖြားပေါ်မှာ တင်ထားတဲ့ မုံညင်းစေ့နဲ့ နှိုင်းထားတယ်။ အင်မတန် သိမ်မွေ့တယ်၊ အတိမ်းအစောင်းမခံဘူး၊ ဒါ့ကြောင်း ရဟန်းတွေဟာ လူတွေရဲ့ ဝေယျာဝစ္စမှာ မကူညီကောင်းဘူးတဲ့၊ လူတွေရဲ့အမူအရာတွေနဲ့ ဘာမှ မတူစေချင်ဘူး၊ တဲ့။[1]

၃။ ဘုန်းကြီးရဟန်းဘ၀ရောက်တာနဲ့ ဖိုးဟောချင်ဖြစ်တာ မြန်မာပြည်မှာတော့ ရိုးနေပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်က မကောင်းသတင်းလဲ မျိုးစုံထွက်တဲ့ ရုပ်ရှင်မင်းသား ကျော်ဟိန်း သင်္ကန်းဝတ်ပြီး မြို့ပေါင်းတစ်ရာကျော် လိုက်ပြီး တရားဟောပါရောလား။ ဒါတွေဟာ ဗုဒ္ဓရဲ့အဆုံးအမနဲ့ ဘယ်လောက်တောင် ဖီလာဖြစ်နေတယ်ဆိုတာ မဆန်းစစ်ကြဘူး။ သင်္ကန်းဝတ်တာနဲ့ ပြောချင်ရာပြောလို့ရတယ်လို့မှတ်နေကြတဲ့ သင်္ကန်းဝတ်တွေကများတယ်။ လောဟိစ္စသုတ်မှာ ဗုဒ္ဓက ဒီလိုဟောထားတယ်၊ အောက်မှာ အကျဉ်းမျှ ဖော်ပြပေးလိုက်တယ်၊ အသေအချာဖတ်။

၎။ “လောဟိစ္စ လောကနှိုက် ( - အက္ခရာ ရှာမရလို့ မြန်မာစကားလုံးနဲ့ပေါင်းတယ်၊ စကားချပ်) အပြစ်တင် စောဒနာထိုက်သော ဤဆရာသုံးဦးရှိကုန်၏၊ ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က အပြစ်တင် စောဒနာသည်ရှိသော် (ထိုသူ၏) ထိုအပြစ်တင် စောဒနာချက်သည် ဟုတ်မှန်၍ တရားနှင့်လျော်ပေ၏၊ အပြစ်လည်းမရှိပေ။”[2] လို့ အစချီပြီး၊ ရဟန်းဆိုတာ ရဟန်းဖြစ်ကျိုး၊ ရဟန်းကိစ္စမပြီးပဲ နာချင်သူကိုပဲဖြစ်ဖြစ် မနာချင်သူကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲဟောဟော “ဤဟောပြောခြင်းကို ယုတ်မာသောလောဘတရားဟု (ငါ)ဆို၏” လို့ ပိဋကတ်မြန်မာပြန်မှာ ဆိုထား မိန့်ထားတယ်။ ဘယ် နိုင်ငံရေးရဟန်းမဆိုငြင်းချင်သပဆိုရင် မြန်မာပြည်တွင်းမှာ ကိုယ့်ရဟန်းအလုပ်ကိုသာကိုယ်လုပ်နေကြတဲ့ အများစုသံဃာတော်တွေထဲက ပဋိယတ် ပဋိပတ်ကို အားထုတ်ကျင့်ကြံနေတဲ့ ဆရာတော်များကို မေးလျောက်ကြပါ။ အဲလို ရဟန်းဖြစ်ကျိုးမရပဲ ဟောတဲ့ရဟန်းတွေကို ဘာနဲ့ဥပမာနှိုင်းထားသလဲဆိုတော့၊ “ဟောပြောခြင်းကို အလိုမရှိ၍ ဆုတ်ခွာသွားသော လုံမကို လိုက်၍ကပ်သည်နှင့်တူ၏” တဲ့။ “ဤဟောပြောခြင်းသည် မိမိလယ်ကိုစွန့်၍ သူတစ်ပါးလယ်ကို ပေါင်းသင်အပ်သည်ဟု မှတ်ထင်သည်နှင့်တူ၏” တဲ့။ “ဤဟောပြောခြင်းသည် အနှောင်အဖွဲ့ဟောင်းကိုဖြတ်ဤ အခြားအနှောင်အဖွဲ့သစ်ကို ပြုသည်နှင့်တူ၏၊ (ထို့ကြောင်)့ ဤဟောပြောခြင်းကို ယုတ်မာသော လောဘတရားဟု (ငါ) ဆို၏”[3] တဲ့။ ကဲ၊ မှတ်ကရော့။

၅။ တရားမဟောထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မြွက်ဟပြီးတဲ့နောက် ဗုဒ္ဓက တရားဟောထိုက်တဲ့၊ ဟောရင် အပြစ်မရှိတဲ့ ပုဂ္ဂိုလ်သုံးပါးကိုလဲ ထင်ရှားဟောတော်မူတယ်။ အဓိကကတော့ ရဟန်းဖြစ်ကျိုးရပြီးသူ၊ တနည်းအားဖြင့် ရဟန်းကိစ္စပြီးသူတဲ့။ အကျဉ်းဆိုရရင်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တွေကို ၀င်စားကျင့်ကြံနေတဲ့ရဟန်းများဖြစ်သတဲ့။ မြတ်သောတရားအထူးကို ရနေသူ၊ သီလနှင့်ပြည့်စုံသူတဲ့။

၆။ အမှတ် ၅ မှာဖော်ပြတဲ့ ရဟန်းမျိုးကို အပြစ်တင်ရင် စောဒကတက်ရင် အပြစ်ရှိတယ်။ အပိုဒ် ၄ မှာ ဖော်ပြထားတဲ့ အခုခေတ် နိုင်ငံရေးယောင်ယောင် ရဟန်းမျိုးတွေကို အပြစ်တင်ရင် စောဒကတက်ရင် အပြစ်မရှိဘူးလို့ ဗုဒ္ဓကိုယ်တော်တိုင်က ဟောကြားထားတယ်။ ညွန့်ရွှေက ဟိုစပ်စပ် သည်စပ်စပ်ဘုန်းကြီးတွေထက်၊ ပုဆိုးဝတ် ထမီဝတ်တွေထက် ဗုဒ္ဓရဲ့အာဘော်ကို အလေးအနက်ထားတယ်၊ ဒါ့ကြောင့်လဲ မကြောက်မရွံ့ပြောလိုက်တယ်။

၇။ နိဂုံးချုပ်ရရင် ဘုန်းကြီးနဲ့လူမှုရေး၊ နိုင်ငံရေး လားလားမျှ မအပ်စပ်ပါ။ ရဟန်းဖြစ်ကျိုးရအောင် အားထုတ်ဖို့ အချိန်တွေ အလဟသဖြုန်းမပစ်ကြပါနဲ့။ လောကကော သံသရာပါ ကောင်းအောင် တရားထိုင်ကြပါ။ အသံတွေ အဆင်းတွေကြားထဲမှာ နစ်နေသမျှ နိဗ္ဗာန်နဲ့ ဝေးသွားတာ အကြောင်းမဟုတ်ပေမဲ့ သေတာနဲ့ ငရဲမှာ အ၀ီဇိမှာ[4] ချိုး (ဂျိုး) ကပ်သွားမှာကိုတော့ ကြောက်သင့်ပေကြောင်း သနားသဖြင့် ပြောလိုက်ရပေကြောင်း။

ညွန့်ရွှေ

[1] သာသနာပြုသြ၀ါဒတရားတော်များ၊ ၁၉ ၈၃၊ သာသနာရေးဦးစီးဌာန၊ နှာ၊ ၃၀၅။

[2] မဇ္ဈိမနိကယ်လို့ထင်တယ်၊ သုတ္တန်ဒေသနာထဲက။ အင်တာနက်ကနေ ပုံနှိပ်ယူထားတာ၊ အပိုဒ် ၅၁၄ ကနေ ၅၁၇ အထိရှုပါ။

[3] မျက်တောင်ကွင်းခပ်ထားတာအားလုံး ပိဋကတ်မြန်မာပြန်ထဲက မူရင်းဖြစ်တယ်။

[4] သာသနာပြုသြ၀ါဒတရားတော်များ၊ ၁၉ ၈၃၊ သာသနာရေးဦးစီးဌာန၊ နှာ၊ ၃၀၀

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုံးထင်ပါရဲ့ အိုကီနာဝါတက္ကသိုလ်တစ်ခုမှာနိုင်ငံရေးသိပ္ပံသင်ပေးနေတဲ့အမေရိကန် Professor Donald Seekins က ကျနော့်ကိုဒီကိစ္စ အလေးအနက်ထားပြီးလှမ်းမေးဘူးတယ်။ မြန်မာတွေကဘာကြောင့် ဘုန်းကြီးတွေနိုင်ငံရေးလုပ်တာကို မကြိုက်ကြတာလဲတဲ့။ သူဟာ မြန်မာပြည်ကိုတနှစ်တခေါက်လောက်နီးပါး သွားနေသူဖြစ်လေတော့ဘုန်းကြီးတွေနိုင်ငံရေးလုပ်တာကို မကြိုက်တာ လူအနည်းငယ်မဟုတ်ဘဲ ဗုဒဓဘာသာဝင်တိုင်းလိုလိုဖြစ်နေတာကိုသူတွေ့ ခဲ့ရတာကိုး။ တဘက်ကစစ်အစိုးရကိုဝိုင်း တိုက်ပေး နေတာကို့ ကြိုက်နေတဲ့သူတွေကတောင် ဘုန်းကြီးတွေသိပ်တွင်ကျယ်လာရင်သူတို့ ဂွင်ဝင်ယူသွားမှာစိုးနေပုံကို သူရိပ်မိလာ ပုံလဲရတယ်။ Seekins ဟာကျနော့်ကိုဒီလိုကပ်သီးကပ်သပ် - တခြားဗမာတွေမဖြေချင်တဲ့ - မေးခွန်းတွေကျနော့်ကိုလူမိုက်လို့ သဘောထားပြီးမေးလေ့ရှိတယ်။
ကျနော်ကလဲဖြေလိုက်ပါတယ် - မေးနေတာကိုး - သူနားလည်လောက်တဲ့ ဥပမာတွေပေးပြီးတော့ -
ငါတို့ ထေရ၀ါဒက သာသနာ့ဝန်ထမ်းဟာလူ့ ဘောင်ကိုညီးငွေ့ သူတွေ မှ လူ့ ဘောင်ကိုရှောင်ခွာမဲ့ ရည်ရွယ်ချက်နဲ့ လိုက်နာကျင့်သုံး တာဖြစ်တယ်။ ဒါကြောင့်အိမ်ထောင်သားမွေးကိစ္စတွေမှာတောင်တခြားဘာသာဝင်ဘုန်းကြီးတွေလို့ ဝင်ရောက်ဆောင်ရွက်မပေးရဘူး။
အဲဒါ တခြားဘယ်ဘာသာနဲ့ မှမတူဘူး -ဒါကြောင့် လူတွေလုပ်တဲ့အလုပ်တွေကို တားမြစ်ထားတယ် အထူးသဖြင့်မိမ္မကိစ္စ ဘာညာပေါ့လေ
မင်းစဉ်းစားကြည့်ပေါ့ နိုင်ငံရေးဆိုတာအင်မတန် ဇော (passion) ပြင်းထန်တဲ့လူတွေမှလုပ်နိုင်တာ ဇောဆိုတာလူကြားကောင်း အောင်ခေါ်နေတဲ့ လောဘ၊ ဒေါသ ၊မောဟ စတဲ့ ဆိုတာတွေကို တလုံးထည်းနဲ့ အတိုချုံ့ ခေါ်ထားထားတဲ့စကားတခွန်းဘဲ ။ ဒါကြောင့် နိုင်ငံရေးကို ငါတို့ လူတွေတောင်လူတိုင်းမလုပ်ကြဘူး မလုပ်နိုင်ကြဘူး။ လုပ်ကြရရင်လဲ တသက်လုံးမလုပ်ချင်ကြဘူး။
ဘာဘဲပြောပြောနိုင်ငံရေးဆိုတာ လူတွေရဲ့ကိစ္စသက်သက်လို့ ဗမာပြည်ကလူတွေကနားလည်ထားကြတယ် ။ စစ်အစိုးရကိုတိုက်နေလို့ ကြိုက်တယ်ဆိုတဲ့လူတွေတောင် အဲဒီနိုင်ငံရေးဘုန်းကြီးတွေကိုတကယ့်ဘုန်းကြီးလိုနှစ်နှစ်ကာကာမကိုးကွယ်ဘူး။နောက်ဆုံးမတော့ တစုံတတစ်ယောက်ဟာ ငါတို့ လုပ်တဲ့အလုပ်မျိုးတွေ လိုက်လုပ်နေယင် သူနဲ့ ငါတို့ နဲ့  အကျင့်ချင်းအတူတူဘဲ - ဆိုပါတော့ ငါတို့ ညစာစားတယ် (အမှန်ကညစာသာမဟုတ်ဘူး စားချင်တာကိုစားချင်တဲ့အချိန်စားနိုင်တယ်) အရက်သောက်မယ်။ ရုပ်ရှင်ကြည့်မယ်။ ဘောလုံးပွဲကြည့်မယ်။မိန်းမနဲ့ အိပ်မယ်။ နိုင်ငံရေးလုပ်မယ် (နိုင်ငံရေးဆိုတာ လက်တွေ့ အလုပ်မှာ ကိုယ်နဲ့ ဆန့် ကျင်ဘက်တွေကိုအနည်းဆုံးတော့ဆဲမယ် (ပုတ်ခတ်မယ်)။ အများဆုံးသတ်ဖို့  မျိုးဖြုတ်ဖို့  အားထုတ်မယ် - တိုင်းပြည်ကောင်းစားရေး။အများကောင်းစားရေးခေါင်းစဉ်တပ်ပြီးတော့ပေါ့လေ) ဒါတွေကိုသာငါတို့ လိုလိုက်လုပ်နေယင်သူ့ ကို ငါတို့ ကဘာလို့ ကိုးကွယ်နေမလဲ - သူနဲ့ ငါတို့ နဲ့ စောက်ကျင့်ချင်းအတူတူဖြစ်နေပြီလေ ဒါပေမဲ့ သူက သင်္ကန်းကလဲဝတ်ထားသေးတော့သူ့ ကိုငါတို့ ကကိုးကွယ်ချင်တာ ဒါကြောင့်ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်စေချင်တာလို့ ပြန်ဖြေပေးလိုက်ပါတယ်။ Seekins သဘောကျပုံတော့မရဘူး။ မတတ်နိုင်ဘူးလေ။ ဗမာပြည်မှာ ခလေးတွေတောင်နားလည်နိုင်တဲ့ ကိစ္စမျိုးပေမဲ့ ဘာသာခြားယဉ်ကျေးမှုခြားနေယင် နားလည်ဘို့ နှစ်ချိုက်ဖို့ ခက်တာမျိုးဘဲ

မြင့်ရွှေ

အပြည့်အစုံသတင်းဖတ်ရန်....

ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ခံရ

ဝီရ/ ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

ဗိုလ်ချုပ်အောင်ဆန်း၏ အကြီးဆုံးသား အမေရိကန်နိုင်ငံနေ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ နှစ်ဦးအား နအဖ စစ်အစိုးရနှင့် နောက်လိုက်များနည်းတူ သပိတ်မှောက်ကံဆောင်၍ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်သည့် တားမြစ်ကန့်ကွက်ခြင်း၊ တရားစွဲဆို နှောင့်ယှက်ခြင်းတို့ကို ပယ်ဖျက်ပေးရန် အကြောင်းကြားထားသည်ကို သတ်မှတ်ရက်တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဦးအောင်ဆန်းဦးတို့အား ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇနကံဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်ကောင်းကျိုးအတွက် ညီမဖြစ်သူက နေအိမ်အကျယ်ချုပ်ဘဝကနေ အားထုတ်ကြိုးပမ်းနေတာကို နအဖအလိုကျ စီမံ ဆောင် ရွက်နေပြီး ကိုယ်စိတ်နှလုံး ဆင်းရဲအောင် အမျိုးမျိုးလုပ်ဆောင်နေတာကို ဦးဇင်းတို့က သတိပေးပြီးဖြစ်တယ်။ သတ်မှတ်ရက်အထိ တစုံတရာ ပြန်ကြားတာမရှိလို့ ပတ္တနိက္ကုဇ္ဇနကံဆောင်တဲ့စာရင်းမှာ တည့်လိုက်တာဖြစ်တယ်။ ဦးအောင်ဆန်းဦးတို့ဆီက အလှူခံတာ၊ တရားဟောတာ စတဲ့ သာသနာနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေ မလုပ်ကြဖို့ သံဃာ့တပ်ပေါင်းစုကနေပြီးတော့ တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အရှင်ဣဿရိယက မိန့်ကြားသည်။

ကာယကံရှင် ဦးအောင်ဆန်းဦးအနေဖြင့် ဘာသာသာသနာ၏ အကျိုးအတွက်သော်လည်းကောင်း၊ တိုင်းသူပြည်သားများ အကျပ်အတည်းမျိုးစုံမှ လွတ်မြောက်ရေးအတွက် သော်လည်းကောင်း ရှေးရှု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် ဥပဒေများ၊ တားမြစ်ကန့်ကွက်မှုများအား ပယ်ဖျက်ပေးမည်ဆိုပါက ဘာသာရေးအရ သပိတ်မှောက်ကံဆောင်ထားမှုများ အားလုံးကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ကာ ဇန်နဝါရီ (၂၁) ရက်တွင် တရားဝင် ကန့်ကွက်ခဲ့၍ ပြင်ဆင်မှု ရပ်ဆိုင်းထားခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး၏ လုပ်ရပ်သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးကျေးဇူးနှင့် မျက်နှာကို မထောက် ထားသည်သာမက ပြည်သူလူထု၏ ဒုက္ခမျိုးစုံကို မျက်ကွယ်ပြုကာ ပြည်သူတို့ဘက်မှမရပ်တည်ဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်များအား အလုပ်အကျွေးပြုနေခြင်း၊ အသုံးချခံနေခြင်းတို့အတွက် စိတ်ပျက်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက်ပေး နေခြင်းမှ ရပ်တန့်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဦးအောင်ဆန်းဦးထံသို့ ဇန်နဝါရီ (၂၄) ရက်နေ့က အိတ်ဖွင့်ပေးစာတစောင်ဖြင့် အကြောင်းကြားခဲ့ပြီး ဇန်နဝါရီ (၃၁) ရက်နေ့တွင် နောက်ဆုံးထား၍ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။
http://www.khitpyaing.org/news/February%2010/2210a.php

အပြည့်အစုံသတင်းဖတ်ရန်....

Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ

03 February 2010

မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းရဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ဘားမား ဗွီဂျေ (Burma VJ) ဟာ ၂၀၀၉ ခုနှစ် အမေရိကန် အော်စကာဆုတွေထဲက မှတ်တမ်းရုပ်ရှင် အမျိုးအစားအတွက် စာရင်းတင်သွင်းခြင်း ခံရပါတယ်။ ဒါကြောင့် ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ဖူးခဲ့တဲ့ မြန်မာမိန်းကလေးတယောက်နဲ့ သက်စွန့်ဆံဖျား ရိုက်ကူးခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ ကိုအောင်ထွန်းတို့ကို ဆက်သွယ်မေးမြန်းပြီး မခွာညိုက တင်ပြပေးထားပါတယ်။

နော်ဝေးနိုင်ငံမှာတော့ ဘားမား ဗွီဂျေ သတင်းမှတ်တမ်းကားကို တနိုင်ငံလုံးအတွက် လွှင့်ထုတ်တဲ့ တီဗွီအစီအစဉ်ကနေ ကြည့်ကြရတာ ပါလို့ နော်ဝေးမှာ နေထိုင်နေတဲ့ မြန်မာမိန်းကလေး ဖြိုးက ပြောပါတယ်။ သူက ဒီသတင်းမှတ်တမ်းကားဟာ ဘယ်လိုကားမျိုး ဖြစ်သလဲ ဆိုတာကို အခုလို ပြောပါတယ်။

“အဓိက ရိုက်ပြသွားတာကတော့ စက်တင်ဘာ ၂၀၀၇ တုန်းကဖြစ်တဲ့ မြန်မာပြည်မှာ ရှိတဲ့ ဖိနှိပ်ခံ သတင်းသမား တယောက်ရဲ့ အခြေ အနေ ကို ရိုက်ပြသွားတာ။ ခက်ခက်ခဲခဲကြားထဲမှာ မြန်မာပြည်ရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ကမ္ဘာကို ပြချင်လို့ သက်စွန့်ဆံဖျား ရိုက်ပြတယ် ပေါ့။ မြန်မာနိုင်ငံကလူတွေ ဖိနှိပ်ခံနေရတာတွေ၊ သံဃာတွေက လူတွေရဲ့ တကယ့် စစ်မှန်တဲ့ အခွင့်အရေးရအောင် ဆန္ဒတွေ ထုတ်ဖော်ပြ နေတာကို ကမ္ဘာကသိအောင် သူ တော်တော် စွန့်စွန့်စားစား ရိုက်ပြသွားတာ။”

ဒီရုပ်ရှင်မှတ်တမ်းကား ဖြစ်လာအောင် စက်တင်ဘာလ အရေးအခင်းအတွင်းမှာ ဘယ်လို လှုပ်ရှားခဲ့သလို ဆိုတာနဲ့ ပတ်သက်ပြီး မေး ကြည့် တော့ ဒီဗွီဘီ သတင်းသမားတယောက်ဖြစ်တဲ့ ကိုအောင်ထွန်းက ဖုံးကိုင်ထားတဲ့ သူတို့နောက်ကို ရန်ကုန်မှာ ရှိသမျှ ရဲနဲ့ စစ်ဘက် ထောက်လှမ်းရေးတွေ အားလုံးက အသည်းအသန် လိုက်ခဲ့ကြတယ်၊ အဲဒီအတွက် သူတို့ဟာ တတ်နိုင်သမျှ နည်းမျိုးစုံသုံးပြီး ပြေးရင်း လွှားရင်းက ကိုယ့်ကို မမှတ်မိအောင် တတ်နိုင်သမျှ ရုပ်ဖျက်ပြီး ကိုယ်ရိုက်ကူးထားတဲ့ သတင်းတွေနဲ့ သတင်းမှတ်တမ်း ဓာတ်ပုံတွေကို နောက်တဆင့် လက်ခံမယ့်သူဆီကို အချိန်မီရောက်အောင် ပေးပို့ခဲ့ကြရတဲ့အကြောင်းကို အခုလို ပြောပါတယ်။

“အဓိကအားဖြင့် တဦးတယောက်ချင်းမှာလည်း အခက်အခဲ အများကြီးရှိသလို ကျနော်တို့ အဖွဲ့ထဲမှာလည်း အခက်အခဲ အများကြီးရှိ တယ်။ ဒါပေမဲ့ တယောက်ချင်းက ဒီအခြေအနေကို တတ်နိုင်သလောက် ကိုယ့်ရဲ့ မိသားစုဆီက၊ သူငယ်ချင်းတွေက အကူအညီတွေ ယူပြီး တတ်နိုင်သလောက် ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေတဲ့ ကာလကြီးမှာ ဒီမှတ်တမ်းတွေ ရဖို့အတွက်၊ တတ်နိုင်သလောက် သတင်းတွေ အချိန်မီ ထွက်သွားနိုင်ဖို့ အဲလိုစိတ်မှန်းထားပြီး လုပ်ခဲ့တယ်။”

အဲဒီဇာတ်ကားကို ကြည့်ရတဲ့ နော်ဝေးနိုင်ငံသား ပရိသတ်တွေရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့တော့ ဖြိုးက အခုလို ပြောပြပါတယ်။

“အဲဒီရုပ်ရှင်လာမယ်ဆိုတော့ သမီးနဲ့ခင်တဲ့ နော်ဝေးသူငယ်ချင်းတွေကို SMS ပို့တယ်။ သူတို့လည်း သမီးပို့လို့ဆိုပြီး ၀မ်းသာအားရ ကြည့်ကြတာပေါ့။ ဒါ မြန်မာပြည်က တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ပေါ့။ ပြီးသွားတော့ သမီးကို SMS တွေပို့တယ်၊ သူတို့တွေ ယုံတောင် မယုံနိုင်ဘူးတဲ့။ လူတွေ ဘုန်းကြီးတွေကို ဒီလို ပစ်သတ်ရဲတယ်ဆိုတာ၊ ဒါတောင် သူတို့က ဗုဒ္ဓဘာသာ လူမျိုးတွေတောင် မဟုတ်ဘူး၊ သူတို့ အံ့သြမိတယ်တဲ့၊ ဘယ်လိုလူမျိုးတွေများ အဲဒီနိုင်ငံမှာ အုပ်ချုပ်နေကြတာလဲပေါ့။”

ဒီဆု ရနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ ကင်မရာမင်းဖြစ်တဲ့ ကိုအောင်ထွန်းက သူ့ရဲ့ ခံယူချက်နဲ့ သဘောထားကို အခုလို ပြောပြသွားခဲ့ပါတယ်။

“ဒါ ကျနော်တို့ မမျှော်လင့်ခဲ့တဲ့ ကိစ္စတခုပါပဲ။ ဒီ အော်စကာဆုနဲ့ တခြားမှတ်တမ်းရုပ်ရှင်ဆုတွေ ရတာထက်စာရင် ကျနော်တို့က ဒီရုပ်ရှင် ကား မြန်မာပြည်နဲ့ မြန်မာပြည်သူ ပြည်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အဲဒီမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံခြား သတင်းထောက် မစ္စတာ ခန်းဂျိ နာဂါအိ (Kenji Nagai) အပါအ၀င် အခုလတ်တလောမှာ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီ သတင်း ထောက်တွေ၊ တခြား သတင်းဌာနတွေရဲ့ သတင်းထောက်တွေ အကြောင်းကို ဒီရုပ်ရှင်က ဆက်ပြီးတော့ နှစ်ကာလ ကြာရှည်စွာ ပြောနေ ဦး မယ်လို့ ကျနော် မျှော်လင့်နေပါတယ်။ ဒီဟာက အော်စကာဆု ရတာထက်စာရင် ကျနော်တို့အတွက် ပိုပြီး တန်ဖိုးရှိတယ်လို့လည်း ထင်ပါတယ်။”

၂၀၀၉ ခုနှစ် အမေရိကန် သတင်းမှတ်တမ်း ရုပ်ရှင်အတွက် အော်စကာဆု အမည်စာရင်း တင်သွင်းခံရတဲ့ Burma VJ ဇာတ်ကားကို စုစည်းတည်းဖြတ်ပေးခဲ့တဲ့ ဒါရိုက်တာကတော့ အန်ဒါးစ် အော်စတာဂါ့ဒ် (Anders Ostergaard) ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-02-03-voa2.cfm

အပြည့်အစုံသတင်းဖတ်ရန်....

၂၀၁၀ ရွေးကောက်ပွဲကိစ္စ နိုင်ငံတကာ သံတမန်တွေ စိုးရိမ်

03 February 2010

မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောဆိုနေပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အ
လက်တွေကို အခုချိန်ထိ မထုတ်ပြန်သေးတဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့် အရေး အခြေအနေတွေ အပါအ၀င် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် မကြေညာသေးသလို ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ဥပဒေတွေကို မထုတ်ပြန်သေးတဲ့အပြင် နိုင်ငံရေးနဲ့ဆိုင်တဲ့ အကျဉ်းသားတွေကို လွှတ်မပေးသေးတဲ့အတွက် ဒီရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလားလို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်နေကြပါတယ်။ အဲဒါကြောင့် မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ နိုင်ငံတွေက ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲတခုကို နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ အိုင်ယာလန်နိုင်ငံရဲ့ မစ်ရှင်မှာ ပြုလုပ်ခဲ့ပြီး အိုင်ယာလန်နိုင်ငံနဲ့ ချက်သမ္မတနိုင်ငံတို့က ကမကထလုပ် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိက ပြောဆိုဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး NCGUB အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက အခုလို ပြောပါတယ်။

“အဓိက သိချင်တာကတော့ ပထမဦးဆုံးအချက် အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ အချိန်ဇယားပေါ့၊ ဒုတိယကတော့ ရွေးကောက်ပွဲ ကျင်းပ မယ်လို့ နအဖဘက်က ကြေညာထားတယ်။ ဒါပေမဲ့ ယနေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတွေ ထွက်မလာတဲ့ အပေါ်မှာ ဒီဥပဒေက ဘယ်တော့ ထွက်ဖို့ရှိလဲ၊ နအဖဘက်က ဘယ်လိုမျိုး ပြင်ဆင်မှုတွေ လုပ်သလဲ ဆိုတဲ့ အပိုင်းပေါ့။

“နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ရှစ်လေးလုံးက ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရမယ်။ ဆိုတော့ အဲဒီအပိုင်းတွေ အပေါ်မှာ ဘယ်လောက် အတိုင်းအတာထိ တိုးတက်မှုရှိသလဲ၊ ဘယ်လို အခြေအနေတွေ ရှိသလဲ။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေရဲ့ ၂၀၁၀ အပေါ် သဘောထား အမြင်တွေကိုလည်း အဓိကထားပြီး မေးမြန်း ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အပါအ၀င် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်လို မြန်မာ့ မိတ်ဆွေ နိုင်ငံတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံက သံတမန်တချို့လည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အခြေ အနေတွေကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာသောင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတော်တော်များများက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းချောမွေ့တဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု ဖြစ်စေ ချင်တယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်တာ မြင်စေချင်တယ်။ ဒါနဲ့ပတ်သက်လို့လည်း အထွေထွေညီလာခံ ဆုံးဖြတ်ချက် တွေထဲမှာ ဖော်ပြထားပြီး ဖြစ်သလို အထွေထွေ အတွင်းရေးမှူးချုပ်ကိုလည်း အဲလိုမျိုး မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး အတွက် ကြားဝင် ဆောင်ရွက်ပေးဖို့ဆိုပြီး တိုက်တွန်း ဆုံးဖြတ်ချက် ချထားတာတွေ ရှိပါတယ်။

“အဲဒီအခြေအနေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့က စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်ချက်တွေ၊ အကြံပြု ချက်တွေ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်တွေ ရှိပေမဲ့ တကယ်တမ်း ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အခြေအနေဟာ တိုး တက် လာ မှု၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာမှု တစုံတရာ မတွေ့ရဘူး။ ဒါ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ချထားပြီးတဲ့ နောက်ပိုင်းမှာပေါ့။

“အဲဒါတွေနဲ့ ပတ်သက်လို့ သူတို့က စိုးရိမ်မှု ရှိသလို ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတခု၊ အင်အားစုအားလုံး ပါဝင်တဲ့ဟာ ဖြစ်ပ့ါမလား၊ ဒါတွေနဲ့ ပတ်သက်လို့လည်း သူတို့မှာ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေ ထွက်လာတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန် အပါအ၀င် နိုင်ငံတကာက တောင်းဆိုနေတာကို မြန်မာစစ်အစိုးရက အခုချိန်ထိ အပြုသဘောဆောင် တုံ့ပြန်ခြင်း မရှိသေးတဲ့ အပေါ်မှာလည်း နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်မှုတွေ ဖြစ်နေတယ်လို့ ဒေါက်တာသောင်းထွန်းက ပြောကြားခဲ့ပါတယ်။
http://www.google.com/firefox?client=firefox-a&rls=org.mozilla:en-US:official

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */