“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 29, 2008

အမေထံ ပေးစာ

တိုင်းပြည်သစ်ပြန်လည်ထူထောင်ရန်အတွက်အားမွေးထားလိုက်အမေ၊

အမေ- မတရားအာဏာ လုယူထားပြီးသူရဲဘောကြောင်တဲ့ အာဏာရှင်စစ်အစိုးရ ကိုယ့်သမိုင်း ကိုယ်ရေး၊ ကိုယ့် သေတွင်း ကိုယ်တူးနေပြီအမေ။

အမေ-မကြာခင်အချိန်ကာလမှာ အမေနဲ့အတူ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အတူတကွ ပူးပေါင်း လက်တွဲ ပြီး အနာဂတ်မဲ့ မြန်မာပြည်မှ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်မဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပြန်လည် တည်ဆောက်ရတော့မယ်အမေ။

အမေ- ဓမ္မနဲ့ အဓမ္မ တိုက်ပွဲမှာ အဓမ္မနိုင်ရိုး ကမ္ဘာဦးမှစ ခုအချိန်ထိမရှိခဲ့ပါဘူးအမေ။ ဓမ္မသာယှဉ်ပြိုင် လာတဲ့ ပွဲတိုင်းမှာ အောင်ပွဲခံ ရစမြဲပဲ မဟုတ်လားအမေ။သူတို့ဘယ်လိုပဲကောက်ကျစ်စင်းလဲနေ လောကပါလတရားကို အဏာရှင်စစ်အုပ်စု ကြာရှည်မတွန်း လှန်နိုင်ပါဘူးအမေ။ဘယ်လိုယတြာ နဲ့မှလဲ မတွန်းလှန်နိုင်ဘုးနော်အမေ။

သားတို့ငယ်ငယ်က သင်ကြားခဲ့ရတဲ့ ရူပဗေဒ သင်ခန်း စာတစ်ခုထဲကလို အရာဝတ္ထုတစ်ခုကို ဟင်းလင်းပြင်မှာ အပေါ်ကိုပစ်တင်လိုက်ရင် အဲ့ဒီ့အရာဝတ္ထုဟာကောင်းကင်မှာ ရပ်တန့်မ နေနိုင်ပါဘူး။ ကျိန်းသေပေါက် ပြန်ကျ လာ မှာပါ။ အဲ့ဒီလိုပြန်ကျလာတဲ့အခါမှာ အရာဝတ္ထုရဲ့အလေးချိန်၊အရှိန် ပေါင်းပြီးပြန်ကျလာမှာ ပါ။ယခုပဲ အာဏာရှင်စစ်အုပ်စု အရှိန်နဲ့ပြုတ်ကျဖို့ အကြောင်းဖန်လာပြန်ပါပြီ။ အမေကိုအကျယ်ချုပ်သက်တန်းထက်တိုး၊ စေတနာ ရှင် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ကန့်သတ်အမိန့်နဲ့တားမြစ်၊ ကယ်ဆယ်ရေးလုပ်ငန်း များကိုလဲနိုင်ငံတကာနဲ့ပူးပေါင်း ဆောင်ရွက်နေပါတယ်ဆိုပြီး ကန့်သတ် ချုပ်ချယ်မှုတွေ တိုးလုပ်နေတယ်။ဆာလောင်သူကို တားမြစ်ပိတ်ပင် တယ် ဆို တာ၊ဘာသာ ရေးရှု့ထောင့်ကပဲ ကြည့်ကြည့်၊ လူမှု ရေး ရှု့ ထောင့်ကပဲကြည့်ကြည့် ဘယ်လိုမှ လက္ခံနိုင်စရာ မရှိ ပါဘူး။

အမေ- ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အာဏာရှင်စစ်အစိုးရကိုကမ်းလှမ်း ထွက်ပေါက်ပေးခဲ့တာ (၃)ကြိမ်ရှိခဲ့ပါပြီ။

၁) ၂၀၀၇ ခုနှစ် မြန်မာနှစ်သစ်ကူးမှာတွေ့ဆုံဆွေးနွေးရေးပြုလုပ်ပေးဖို့ကမ်းလှမ်းခဲ့တယ်နော်၊

(၂) ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းဘုန်းတို့က ပြည်သူလူထုရဲ့ဆန္ဒကို လိုက်လျောပေးဖို့၊ဖြစ်လာမဲ့ ကိစ္စအ၀၀ကို ဘုန်းဘုန်းတို့ကတာဝန်ယူပေးပါမယ်လို့မိန့်ကြားခဲ့သေးတယ်နော်၊

၃) ယခုလက်ရှိကြုံတွေ့ ခံစားနေရသော ရေဘေး၊လေဘေး ကျရောက်ရာဒေသတွေကို အဏာရှင်စစ်အုပ်စု ချက်ချင်းကယ် ဆယ်ရေးလုပ်ငန်းများမလုပ်ခဲ့ကြဘူးနော်၊အကယ်၍သာ အဏာရှင်စစ်အုပ်စု လိမ္မာပါးနပ်၊ ပညာ တတ်သူတွေဆို ရင် အဏာရှင်စစ်အုပ်စုအတွက် ထွက်ပေါက်မဟုတ်ပဲ ပြန်လည် ၀င်ပေါက် ဖြစ်သွားမှာပါ။
အဲ့ဒီ ကာလ(၃)ခု စလုံး ဟာ အဏာရှင်စစ်အုပ်စုအတွက် မဟာအထူးအခွင့်အရေးတွေပါနော် အမေ၊ဒါပေမဲ့ အဲ့ဒီ အခွင့် အရေး တွေဟာ အဏာရှင်စစ်အုပ်စုနဲ့မထိုက်တန်မှန်းသားသိခဲ့ရပြီ အမေ။ သီတဂူ ဆရာတော်ဘုရားကြီး ဟောကြားဆုံးမခဲ့တဲ့ လူမိုက်တို့ သွားရာလမ်း တရားတော်ထဲမှာ ပါသလို လူကောင်းများ ဟာ မကောင်း မှုကိုပြုလုပ်ဖို့ဝန်လေးတတ်ကြသလို၊ လူမိုက်များမှာလဲ ကောင်းမှု ကိုပြုလုပ်ဖို့ ၀န် လေးတတ်ကြ ပါ တယ်။နောက်ပြီးလူမိုက်များနောက်ဆုံးချိန်နီးလာတာနဲ့အမျှ လည်းကောင်းတို့ရဲ့ ပြုမူဆောင် ရွှက် မှုများမှာ လူကောင်းများဘက်မှ ကြည့်လိုက်လျှင် အမှား၊ လူမိုက်တွေဘက်ကကြည့်လိုက်လျှင် အမှန်ဘဲမြင်နေတတ် တယ်တဲ့ အမေ။ အာဏာရှင်စစ်အုပ်စုရဲ့တွေးခေါ် ကြံဆမှု အားလုံးဟာလည်း နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ အမှားတွေ ဆက်တိုက် လုပ်နေကြတယ် အမေ။ လူကောင်းပြန်ဖြစ်ချင်ရင်တော့

(၁) ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို မှားပါတယ်လို့ဝန်ခံရဲတဲ့ သတ္တိရှိရမယ်၊
(၂) အဲဒီ့အမှားများကိုလဲ ပြန်လည်ပြုပြင်နိုင်စွမ်းရှိရမယ်၊
(၃) နောက်ထပ်အဲဒီလိုအမှားမျိုးဘယ်တော့မှ မမှားတော့ ပါဘူးလို့ကတိပေးနိုင်ရမယ်တဲ့အမေ။ အဲဒီလိုသတ္တိမျိုး အာဏာရှင်စစ်အုပ်စုထဲမှာ ရှိပါ့မလား….ဟင်? အဲဒီလိုသတ္တိမျိုး အဏာရှင် စစ်အုပ်စု ထဲမှာ မရှိ ရင်တော့ ဘ၀နိဂုံး ကောင်းဖို့ လုံးဝ မရှိပါဘူး။ဲ့အာဏာရှင်စစ်အစိုးရတိုင်းဟာ အာဏာကိုဖက်ရင်းနဲ့ ဇာတ်သိမ်း မလှကြပါဘူး အမေ။

ဒါ့ကြောင့်အမေ- အမေနဲ့အတူ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အတူတကွ ပူးပေါင်းလက်တွဲပြီး အနာဂတ်မဲ့ မြန်မာပြည်မှ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်မဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပြန်လည်တည်ဆောက်ဖို့ အားမွေးထားလိုက်အမေ။

့မြန်မာမျိုး

အပြည့်အစုံသတင်းဖတ်ရန်....

Free Free ဇေယျာသော်...Free Free acid..

ဇေယျာသော်အမြန်လွတ်မြောက်နိုင်ပါစေ

အပြည့်အစုံသတင်းဖတ်ရန်....

ဒို့ ဘက်က ချည်းဘဲ အခွေ ခံနေရပြီလား.

အဖွဲ့ချုပ်ဝင် ၃ဝ ခန့် ထပ်မံ ဖမ်းဆီးခံရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:08 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အန်အယ်ဒီ အဖွဲ့ဝင် ၃ဝ ခန့်ကို ယမန်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြန်သည်။

၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပါတီရုံးချုပ်မှ လမ်းလျှောက် ချီတက်သွားသည့် ပါတီလူငယ် ၁၈ ဦးကို ယမန်နေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးပြီး နောက် ညပိုင်းတွင်မူ လူဦးရေ ၃ဝ ခန့်ကို လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“မနေ့ညက ပြန်လာဆွဲတာ ဦးကြည်လွင် (တောင်ဒဂုံ) တယောက်ပဲ သိသေးတယ်။ သူက အဖွဲ့ဝင်ပါ။ မနေ့ ၁၈ ယောက် အပါအဝင် ၅ဝ ကျော် ရှိသွားပြီလို့ ပြောတယ်။ ကျနော့် အသိတယောက်က ကျနော်တို့ကို ပြောတယ်” ဟု အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးမှ ကိုနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။

သူက မည်သည့် မြို့နယ်များက ပါတီများ ဖြစ်ကြောင်း အသေးစိတ် ပြောဆိုခြင်း မရှိဘဲ အတည်ပြုနိုင်ရန် ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

“မနေ့ညက ရဲအထူးသတင်း တပ်ဖွဲ့ရယ်၊ နယ်မြေခံရဲရယ်၊ ရယက ရယ်က လာဖမ်းတာ။ ဦးကြည်လွင်ရဲ့ နေအိမ် မှာ လာဖမ်းတယ်၊ တောင်ဒဂုံမှာပါ” ဟု တောင်ဒဂုံ ရဲသတင်း ရပ်ကွက်တခုက ပြောသည်။

ကိုနိုင်ငံလင်းက “ကျနော်တို့ ကြားတာကတော့ ဓာတ်ပုံတွေ ကြည့်ပြီး လိုက်ဖမ်းတယ်။ ကျနော်ထင်တာကတော့ မနေ့က ဆန္ဒပြတဲ့ လူတွေကို ကျနော်တို့ ရုံးရှေ့မှာ လာရိုက်တယ်လေ၊ ထောက်လှမ်းရေးတွေပေါ့။ အဲဒီအချိန်မှာ ဆန္ဒပြတဲ့ လူတွေနဲ့ ကပ်ပြီး ဘေးမှာ ရပ်တာတို့ ဖြစ်နိုင်တယ်။ သူတို့ကိုယ်တိုင် လုပ်တဲ့လူ ဖြစ်ချင်မှ ဖြစ်မယ်။ သူတို့ သံသယရှိတဲ့ လူတွေကိုပေါ့” ဟု ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အန်ကယ် တခြားမကြားရသေးဘူး။ မနေ့ကတော့ ၁၈ ယောက် ဖမ်းသွားတယ်။ နောက်ထပ်တော့ သတင်းမကြားသေးဘူး။ အခုထိ ပြန်လွတ်လာတာလည်း မရှိသေးဘူး။ အ သက် ၁၂ နှစ်အရွယ်ကလေးလည်း ပါသွားတယ်။ ဘာဆက်လုပ်ရမလဲဆိုတာတော့ မသိသေးဘူး။ သူတို့ကို ဘယ်နေရာ ဘယ်လိုအရေးယူမလဲဆိုတာ မသိရသေးပါဘူး” ဟု ပြောသည်။

ယမန်နေ့ နေ့ခင်းပိုင်းက ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ - ၁ ၊ စမ်းချောင်း)၊ ကိုရန်နိုင်ထွန်း (တာဝန်ခံ - ၁ ၊ ကြည့်မြင်တိုင်)၊ ကိုထက်စိုးဝင်း (တာဝန်ခံ ၁ ၊ ဒလ)၊ ကိုကျော်မျိုးနိုင် (လူငယ်တာဝန်ခံ ၂ ၊ တာမွေ)၊ ကိုပြည့်ပြည့် (အဖွဲ့ဝင် ၊ စမ်းချောင်း)၊ ကိုစောပြည့်ဖြိုးအောင် (အဖွဲ့ဝင် ၊ ဒလ)၊ ကိုဖြိုးကိုနိုင် (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မထက်ထက်ဦးဝေ (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မောင်ရဲရင့်မင်းထက်ဦး (မထက်ထက်ဦးဝေ၏ သား - ၁၂ နှစ်)၊ ဦးအောင်ဖေ (အဖွဲ့ဝင် ၊ တွံတေး)၊ ကိုမောင်စန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုကျော်နိုင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊

ကိုမိုးကျော်ဇင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုသက်နိုင်ထွန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုလှမျိုးနိုင် (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ)နှင့် ထွန်းဝင်းသိန်း (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ) ဖြစ်သည်။ ကျန်ရှိသည့် ၂ ဦး၏ အမည်စာရင်းကို မသိရသေးပါ။

ပါတီလူငယ် ၂၄ ဦးက ရုံးချုပ်ရှေ့တွင် ‘ဒေါ်အောင်ဆန်းစုကြည် ..ချက်ခြင်းလွှတ်၊ ချက်ခြင်းလွှတ်’၊ လေဘေးဒုက္ခ သည်များအတွက် ‘နိုင်ငံတကာ အကူအညီ ...ချက်ခြင်းပေး၊ ချက်ခြင်းပေး’ ကြွေးကြော်ပြီးနောက် ဒေါ်အောင် ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရပ်သာလမ်းသို့ ချီတက်သွားရာ ကမ္ဘာအေးဘုရားအနီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာနားတွင် အာဏာပိုင်များက ဒိုင်နာကားများနှင့် တင်ဆောင်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ သူတို့အနက် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားသည်။

နေအိမ် အကျယ်ချုပ် သက်တမ်း ၅ ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယမန် နေ့က ၆ လ သက်တမ်း ပြန်တိုးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အစိုးရ သတင်းရပ်ကွက် တခုကမူ တနှစ် သက်တမ်းတိုးသည်ဟု ပြောဆိုသည်။ သို့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ http://www.mizzimaburmese.com/news/inside-burma/1/1207-2008-05-28-14-51-55

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်က..မိုက်ကြေးခွဲ ဂိုဏ်းကြီး

လူမိုက်ကြီးတွေပါ ခင်ဗျာ။ နေပြည်တော်မှာနေကြပါတယ်.။
ကိုယ်ထိုင်ရာအကိုင်းကို အရင်းကနေ ကိုယ်ဖာသာလွှထိုး ထိုင်ရာသစ်ကိုင်းကျိုး အောင်လုပ်နေတာပါ။ ရုးသွပ်မိုက်မဲသော အနာထက် ဆိုးသောအနာ မရှိပါခင်ဗျား.။

အပြည့်အစုံသတင်းဖတ်ရန်....

အစာရ လည်း စားဖို့ ပန်းကန်က မရှိ

အစားအစာ အထောက်အပံ့တွေ ရှိနေပါပြီခင်ဗျား.
လောင်စာဆီရှား..ခွဲတမ်းနဲ့  ချပေးထား.
ဟို ဒီနေရာဒီနေရာ မသွားရ။။
ကားမရှိ ဆီမရှိ..မှောင်ခိုဆီ စစ်တပ်က ရောင်းနေ၏။

ကျောပိုးအိပ်တလုံး ။ ကင်မရာ ဖုန်း.. စစ်ဆေးလို့ ကို.မဆုံး။
အချိန်ဆိုတာ အသက်..တန်ဖိုးရှိရက်နဲ့..
အရစ်တွေ မုလီ တရစ်တရစ်တက်.
စည်းကမ်းတွေ တရွက်ပြီးတရွက် ထပ်ထွက်
ဧရာဝတီမှာ..လူတွေ ဘ၀တွေ ပျက်နေကြတယ်။


Even with access, distributing aid in Myanmar is difficult

အပြည့်အစုံသတင်းဖတ်ရန်....

WHO ၏ မြန်မာအစီရင်ခံစာ။


အပြည့်အစုံသတင်းဖတ်ရန်....

ဒေါသတွေ အလိပ် လိုက်ထွက်နေတယ်..ကြမ်းပစ်လိုက်မှာ ဟွန်း

အပြည့်အစုံသတင်းဖတ်ရန်....

မူမလား ယူမလား ကျုပ်တို့ အားအားယားယား ကြာကြာ မစောင့်နိုင်ဘူး။

ရွေလက်ဖြင့်ခေါ်လည်းမလာ..ငွေလက်ဖြင့်ခေါ်လည်းမလာ.. ချီးပေလက်မှ ကုန်းနမ်းချင်တဲ့နအဖ..
စားပါစေလားဗျာ...ကားလမ်းပေါ်က ငတ်နေတဲ့လူတွေ..
ကုပေးပါစေလားဗျာ..ဖျားနာနေတဲ့ရောဂါသည်တွေ.
ကိုယ်ထမင်းကိုယ်စား..အမေရိကန်ပြည်သူ တွေပေးတဲ့ လခစားပြီး..မြန်မာပြည်သားတွေ ကို လာကယ်ချင်တဲ့စေတနာ..နည်းနည်းလေး ဘဲဖြစ်ဖြစ် လေးစားပေးပါလားဗျာ..
အနောက်က ဂုတ်သွေးစုတ်နေတဲ့ တရုတ်ကြီးကိုမမြင်.ရူရှကြီးကိုမမြင်...ပါးပါးလှီး..မြန်မာမ တွေ အ၀ှါလုပ်စားခိုင်းနေတဲ့ ယိုးဒယားကြီးကိုမမြင်.သူရဲ့ .ကြောင်တောင်ကန်းချက်က ဆိုးတယ်..
ကမ္ဘာမှာ..နအဖ..သူတောင်းစားလုပ်စားတာတောင် အရိုးများ ချေးခါးနေ။
ကဲကြည့် ..သူများတွေပြန်တော့မယ်..ကိုယ်လူ ၂သန်းခွဲ..စတေးရဲ့တဲ့နအဖ..
သူ့ အလှည့်ကျ တဲ့ အခါမှ အစာငတ်ခံပေးထားဦးမယ်..
ငတ်သေတာ..ဘယ်လိုအရသာပါလည်းလို့ ..

US commander: Navy ships likely to leave Myanmar soon

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာသတင်း မေလ ၂၈ ရက် ၂၀၀၈

Myanmar's cyclone survivors bullied by military; forced to work ...
Murky measures in Myanmar's disaster
Myanmar says volunteers free to enter cyclone-hit delta
Philippine chief justice blasts ASEAN for slow response to Myanmar ...
Philippine Chief Justice Slams Asean's Slow Response On Myanmar Crisis
Southeast Asian team to assess cyclone-hit Myanmar
MYANMAR: Remembering HIV in cyclone response
Aid Workers to Enter Myanmar Delta
Even with access, distributing aid in Myanmar is a challenge
UN raises aid fund for Myanmar
Myanmar wants aid for cyclone-hit rice fields
Democracy and death in Myanmar
When It Comes to Politics, Burmese Say, Government Is All Too Helpful
Myanmar's charter sails through referendum
State radio reports Myanmar constitution approved in cyclone-hit areas
‘Peace panties’ from Canada to frighten Myanmar junta
Women's underwear needed in fight for democracy in Myanmar
Panties sought for Myanmar protest
Burmese panty protest has serious side
Amnesty Accuses US, China, Russia of Rights Abuses (Update1)
Pressure China on human rights post-Olympics: Amnesty
India, others failing on human rights score: Amnesty
Amnesty criticizes Palestinians, Israel
Conditions Ripe for Disease in Myanmar
In Myanmar, Loss, Grief and, for Some, Resignation
Myanmar's growing peril: Disease
Myanmar allows direct donation right down to cyclone-hit areas
Myanmar draft constitution approved with overwhelming votes
Myanmar's biggest industrial zone partly resumes production
Myanmar agriculture, fishery are most-hard-hit in cyclone¡¡
US commander: Navy ships likely to leave Myanmar soon
Myanmar villagers scavenge for rotten rice
UNICEF to focus on damaged schools in unreached areas of Myanmar
Communicable disease risk assessment and interventions - Cyclone ...
Video: Myanmar exiles angry over cyclone inaction -- 27 May 2008
US commander says Navy ships likely to leave Myanmar area shortly ...

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, May 28, 2008

မလေးရှားမှ လှုပ်ရှားမှူများ

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေဆိုတာ..ဤသို့ သောသူ


အပြည့်အစုံသတင်းဖတ်ရန်....

အစိတ်သားတောင် မချန်ထားရဖူးတဲ့လား..

အစိတ်သားတောင်မချန်နဲ့ဆိုတဲ့ သန်းရွှေအမိန့်

ကျွန်တော်ဟာ ၁၉၉၂ ခုနှစ်ကစပြီးကော့သောင်းခရိုင်အတွင်းမှာ စီပွါးရေး လုပ်ငန်း လုပ်ကိုင် နေသူတစ်ယောက်ပါ။ အဲဒီနှစ်တွေအတွင်းမှာ မြန်မာ့တပ်မတော်ဟာ ပင်လယ်ပြင်စိုးမိုးရေးဆိုပြီး ပင်လယ်ပြင် အတွင်းမှာ ရေတပ်သာမက ကြည်းတပ်တွေပါ ရေကင်းလှည့်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းအပြင် တခါထဲ အုပ်စုလိုက် နုတ်ပိတ် သတ်ဖြတ်ချင်းတွေကို လုပ်နေခဲ့တာတွေကို နေ့စဉ်နဲ့အမျှကြားနေခဲ့ပါတယ်။ အဲဒီ အချိန်က ကော့သောင်းမြို့နယ်အတွင်းမှာ ခလရ ၂၆၂၊ ခလရ ၃၄၂ တို့ တပ်ရင်းတွေတပ်စွဲပြီး စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး သူရအောင်ကို (ယခုသာသနာရေး ဒု-၀န်ကြီး) ကတာဝန်ယူနေချိန်ဖြစ်ပါတယ်။

ကော့သောင်းမြို့နယ်အတွင်းမှာအခြေခံလူတန်းစားများရဲ့ အဓိကလုပ်ငန်းက ငါးဖမ်းခြင်းနဲ့သစ်ခုတ်ခြင်းတို့ပါ အဲဒီကရတဲ့သစ်တွေကို တဖက်ကမ်းရနောင်းကို တင်ပို့ရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ သစ်ခုတ်တာ ငါးဖမ်းတာအားလုံးကို ပင်လယ်ပြင်ထဲက ကျွန်းတွေကို အမှီပြုပြီး လုပ်စားကြတာဖြစ်ပါတယ်။ သူတို့လုပ်တာဟာ တစ်နိုင်တစ်ပိုင်လေးသာဖြစ်ပါတယ် ဒါပေမဲ့တရာဝင်မဟုတ်ဘူးပေါ့ အစိုးရကကြတော့ ကျွန်းတွေပေါ်ကသစ်တွေကို လက်ညိုးထိုးပြီး ထိုင်းက သစ်ကုမဏီတွေကို ရောင်းစားပါတယ် ဒါကတော့ တရားဝင်ဖြစ်ပါတယ်။ အဲဒီမှာထိုင်းသစ်ကုမဏီတွေ တိုင်ကြတာက သူတို့လုပ်ကွက်တွေထဲမှာ မြန်မာသစ်ခုတ်သမားတွေ ၀င်ခုတ်တယ်ဆိုပြီးတိုင်ကြတဲ့အတွက် စစ်တပ်ဟာအထက်အရာရှိအမိန့်နဲ့ သစ်ခုတ်သမားတွေကို ကျွန်းတွေမှာလိုက်လံနှိမ်နင်းခဲ့ပါတယ်။ ကျွန်တော့်အိမ်နားမှာနေတဲ့ စက်ပြင်ဆရာ တဦးကြုံတွေ့ ခဲ့တာနဲ့ ကျွန်တော်တွေ့ကြံခဲ့ရတာက ဒီလိုပါ။

တပည့်အမည်က ဦးလှထွန်းဖြစ်ပါတယ်။ သူကစက်ပြင်သူတစ်ဦးဖြစ်ပြီး အခါအားလျှော်စွာ ခလရ ၃၄၂ တပ်က ခေါ်ပြီးစက်ပြင်ခိုင်းလေ့ရှိတာကြောင့် သူဟာ အဲဒီတပ်ရင်းက အရာရှိတွေနဲ့ခင်နေသူဖြစ်ပါတယ်။ သူကစီပွါးရေးအရ ပင်လယ်ပြင်ကို ဒေသအခေါ်ကင်းမွန်(မြန်မာအခေါ်ပြည်ကြီးငါး)ဖမ်းတဲ့ မီးထွန်းလှေသေးလေးတစ်စင်းငှါးပြီးသူ့သားဖြစ်သူနဲ့ ပင်လယ်ပြင်ကို ထွက်ဖမ်းလေ့ရှိပါတယ်။ တစ်ရက်မှာ ကော့သောင်းမြို့နယ်ထဲက ကော့ရဲကျွန်းနားကို ကင်းမွန်လှေလေးရောက်ခါနီးမှာ သူ့ကို စစ်တပ်လှေက မီးပြပြီးလှမ်းခေါ်ပါတယ်။ သူကလဲကြောက်ကြောက်နဲ့သွားခဲ့ပါတယ် အနားရောက်တော့မှ ခလရ ၃၄၂ က တပ်ရေးဗိုလ်ကြီးဖြစ်နေတော့ တပ်ရေးဗိုလ်ကြီးဖြစ်သူက နဖူးကိုလက်နဲ့ရိုက်ပြီး " အမလေး ဦးလှထွန်းရယ် ကံကောင်းလို့ ခင်ဗျားဘာလာလုပ်တာလဲ" လို့ မျက်လုံးပြူးပြီး မေးပါတယ်။ အဲဒီမှာသူက ကင်းမွန် လာဖမ်း တာဖြစ်ကြောင်းပြောပြပါတယ်။ ပြီးတော့သူ့လှေကို ကမ်းကပ်ခိုင်းခဲ့ပြီး အဲဒီကျွန်းမှာ သုံးရက်လောက် ခေါ်ထားပြီးသူတို့ဖမ်းထားတဲ့လှေတွေက စက်အချို့ကိုပြင်ခိုင်းခဲ့ပါတယ်။
အဲဒီကျွန်းပေါ်မှာ သစ်လာခုတ်စားတဲ့ ထားဝယ်လူမျိုး အမျိုးသားတွေ အမျိုးသမီးတွေ၊ ခလေးတွေ စုစုပေါင်း သုံးဆယ်လောက်ကို ဖမ်းဆီးထားတာတွေ့ခဲ့ရပါတယ် ဦးလှထွန်းရောက်ပြီး နှစ်ရက်မြောက်နေ့မှာ အဲဒီလူတွေကို ကျွန်းရဲ့တဖက်ခြမ်းကိုခေါ်သွားခဲ့ပါတယ်။ ပြီးတော့သေနပ်သံတွေကြားရပါသတဲ့ ညနေမှ စစ်သားတွေ ပြန်ရောက်လာကြပါသတဲ့ ပြန်သိရတာက သတ်ပြီးပြန်လာတာဖြစ်ကြောင်းပါ။ ဒါပေမဲ့သူတို့ဆက်နေအုံးမှာဖြစ်ကြောင်း ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖမ်းဆီးစဉ်က အချို့ကျွန်းရဲ့တောင်ပေါ်ကို ထွက်ပြေးလွတ်မြောက်နေကြလို့ ကျွန်းကိုဝိုင်းထားပြီး အစာဖြတ်ရေဖြတ်လုပ်ထားတာ ဖြစ်ကြောင်းပြောပြပါတယ်။ အခုဦးလှထွန်းတို့တောင်မှတပ်ရေးဗိုလ်ကြီးရဲ့ မိတ်ဆွေတွေဖြစ်လို့ အသက်နေရှင်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဦးလှထွန်းကိုလည်း မသိဟန်ဆောင်နေဖို့အပြင်ကို လုံးဝမပေါက်ကြားစေဖို့သတိပေးပါတယ်။ ဦးလှထွန်းတို့ကလည်း မသိချင်ဟန်ဆောင်ထားပြီး တပ်ရေးဗိုလ်ကြီးကို နောက်တစ်ရက်အကြာမှာအိမ်ကစိတ်ပူနေမည့်အကြောင်းပြန်ချင်ကြောင်းအပူကပ်ပြီးပြောခဲ့ရာ တပ်ရေးဗိုလ်ကြီးကပြန်ခွင့် ပေးလိုက်လို့ ပြန်ခဲ့ရပါတယ်။ အင်မတန်ကံကောင်းလွန်းလို့လွတ်လာတာပါ။ အဲဒီအကြောင်းကို ဦးလှထွန်းပြန်ပြောချက်အရ ကျွန်တော် ဘီဘီစီကိုစာရေးပြီး စာတိုက်ကနေအကြောင်းအရာလေးနဲနဲလွဲပြီး မြန်မာ့တပ်မတော်က ပင်လယ်ပြင်မှာ ပြည်သူတွေကို သတ်ဖြတ်လျှက်ရှိကြောင်း သတင်းပို့ခဲ့ပါတယ်။ စာရေးသူအမည်ကို သိန်းအောင်ဆိုပြီးတပ်ပေးလိုက်ပါတယ်။ ကံကောင်းချင်တော့ ကော့သောင်းမြို့မှာ ထောက်လှမ်းရေးဖက်ရော အခြားဖက်တွေပါ သတင်းပေးလုပ်စားနေတဲ့ နှစ်ဖက်ချွန် သိန်းအောင်(နာရီပြင်ဆရာ-ကောသောင်းဈေး) အမည်နဲ့တူသွားပါတယ်။ နောက်တစ်ရက်မှာ သိန်းအောင်အဖမ်းခံလိုက်ရပါတယ်။ နောက်မှသိရတာက ကော့သောင်းမြို့နယ်စာတိုက်က ဘီဘီစီ၊ဘီအိုအေ စတဲ့ သတင်းဌါနတွေကို ပို့တဲ့စာအားလုံး ကို သက်ဆိုင်ရာသတင်းဌါနတွေ ကိုမပို့ပေးရဘဲ ကော့သောင်း ထောက်လှမ်းရေးရုံးကို ပို့ပေးရတာဖြစ်ကြောင်းသိရပါတယ်။ ဘီဘီစီကို ရောက်မယ်ထင်တဲ့ ကျွန်တော့်စာလေး ထောက်လှမ်း ရေးလက်ထဲ ရောက်သွားတာကိုး ကျွန်တောဟာအခုထိအဲဒီအကြောင်းကို ဖေါ်ပြဖို့ အခွင့်အခါ မသင့်ခဲ့တော့ပါဘူး။ ဟိုတနေ့ကမှ ဗိုလ်မှူးတစ်ယောက်က သူ့အရာရှိကြီးတွေ ကော့သောင်း ဇာတက်ကြီးရေတပ်စခန်းမှာ သန်းရွှေအမိန့်နဲ့ မိသားစုတွေ ငါးဆယ်လောက်သတ်ခဲ့တဲ့ အကြောင်း အင်တာဗျူးတစ်ခုမှာ ဖေါ်ထုတ်ချက်အရ အခွင့်အခါကြုံလို့အခုစာကိုရေးခဲ့ရတာပါ။

http://www.esnips.com/doc/2d1695ae-d703-4a03-9063-14766aa6e76f/25May2008VOA

တကယ်တော့မြန်မာ့တပ်မတော်ဟာ ပင်လယ်ပြင်စိုးမိုးရေးလုပ်တယ်ဆိုတာ ပြည်သူ ကို ကာကွယ်ဖို့ဘဲဖြစ်သင့်ပါတယ်။ အဲဒီလို အထက်အမိန့်အရဆိုပြီး ပြည်သူတွေကို သတ်နေတာဟာ သခင်အားရအောင် ကိုက်ပေးနေတဲ့ အသိညဏ်မရှိလှတဲ့ခွေးဆိုးတွေလိုဖြစ်နေပါတယ်။ တပ်မတော်လူသတ်သမားတွေဟာ သူတို့လုပ်ခဲ့တာကို သူတို့လုံလှပြီထင်နေကြပေမဲ့ မြန်မာ့ဆိုးရိုးစကားအတိုင်း အရိုးတွေဟာ တွန်တတ်ပါတယ်။ ဘယ်တော့မှ မကောင်းမှုဆိုတာ ပြီးဆုံး သွားတယ်မရှိပါဘူး။ သူတို့အလှည့်မရောက်တော့ဘူးလို့ ဘယ်သူပြောမလဲ၊

နာဂစ်မောင်မောင်

စာကြွင်း၊ အဲဒီအချိန်က စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသူရအောင်ကိုဟာ ၁၉၈၈ အရေးအခင်းတုန်းကလည်း ရန်ကုန်မှာ ပြည်သူတွေ ကျောင်းသားတွေ ရဟန်းတွေကို ရက်ရက်စက်စက်ပစ်သတ်ခဲ့တဲ့ ခလရ (၂၂) ရဲ့ တပ် ရင်းမှူးဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့အခုသူလုပ်နေတာက သာသနာရေး ဒု-၀န်ကြီး ဗိုလ်မှူးချူပ်သူရအောင်ကို ဖြစ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ွGeneration wave ၏ လှုပ်ရှားမှု



hleden, yuzana plaza, myay ni gone, dagon myothit တွင်လှုပ်ရှားခဲ့ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘိုကလေးမြို့ ၏ အစီရင်ခံစာ ( NLD)

Read this doc on Scribd: news release of Bogalay

အပြည့်အစုံသတင်းဖတ်ရန်....

ပညာရေးဌာန ကပြောတယ်။
ကျောင်းနေအရွယ်ခလေးတွေ ကျောင်းအပ်နှံဖို့အရေးပါတဲ့.
ဓါတ်ပုံထဲကခလေးတွေက ကျောင်းနေတဲ့အရွယ် မဟုတ်ကြရင်
ဘယ်အရွယ် ကကျောင်းတက်တဲ့
ကျောင်းသားဆိုတာ သိသူရှိရင် ဖြေပေးပါ။

ဒီခလေးတွေ အတွက် ဘယ်သူကတာဝန်ယူပါ့မလည်း

လမ်းဘေးဈေးသည်များ.

အမှိုက်ကောက်နေတဲ့ခလေးများ။

အမှိုက်ထဲက ရွှေရှာနေသူများ.

ကလေးရွေ့ ပြောင်းအလုပ်သမားလေးများ (သနပ်ခါးဘဲကြားလိမ်းတဲ့ အရွယ်လေးပါ) နှုတ်ခမ်းမွေး မပေါက်သေးပါဘူး
ကျောင်းတက်ချင် စွန်လွတ်ချင်၊ သားရည်ကွင်းပစ်ချင်။ ဂျင်ပေါက်ချင်တဲ့ အရွယ်လေးပါ
ခု ကျောင်းမတက်နိုင်ပါဘူး.။
လမ်းဘေးမှာ မနိုင် ၀န်ထမ်း.ဓါတ်ဆီ ရောင်းစားနေရပါတယ်။
မီးဘေးအန္တရာယ် ကြီးတာ သူကလေးမှသိပါစ။ ဒီ သူ့ အရပ်တစ်ဝက်ရှိတဲ့ ဆီပုံးကြီး အပြည့် ကိုဆို..သုရဲ့ ကြွက်သားမဲ့တဲ့ လက်မောင်းပိန်ညောင်သေးကွေးလေး က နိုင်အောင် မ နိုင်ပါ့မလား။
ဒီ ခလေးတွေ က အိမ်ထောင်ကျ မွေးလာမဲ့ ကလေးတွေကရော..အနာဂတ်က ကောင်းပါ့မလား
ပန်းကလေးတွေကို ပြုစု မပျိုးထောင်ပေးရင်..သက်ဆိုးရှည်ပါ့မလား။။ မျိုးစေ့ကောင်းမှ ရပါ့မလား။ ပညာသည်သာ..လူတန်ဖိုး ဖြစ်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘယ်သူက သူတောင်းစားလည်း

အပြည့်အစုံသတင်းဖတ်ရန်....

သနားစရာ ဒုက္ခသည်ပြည်သူများ

အပြည့်အစုံသတင်းဖတ်ရန်....

ခိုးရာပါ လေဘေးအကူ ပစ္စည်းများ.နဲ့ သူခိုးလက်ခံဈေးကွက်.



မိုးမခမှ..

အပြည့်အစုံသတင်းဖတ်ရန်....

မျှတလွတ်လပ်မှု မရှိတဲ့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲ

အပြည့်အစုံသတင်းဖတ်ရန်....

မုန်တိုင်း ဒေသများသို့ ကူညီ ထောက်ပံ့မှူ အခြေအနေ

အပြည့်အစုံသတင်းဖတ်ရန်....

NLD လွတ်မြောက်နယ်မြေ၏ သတင်း ထုတ်ပြန်ကြေညာချက်

အပြည့်အစုံသတင်းဖတ်ရန်....

ကြောင်သွားလို့ ကြွက်ထမနေနဲ့ ငါ ပြန်လာကြည့်မှာနော်

ဘင်ကီမွန်း ပြန်သွားတာ မနေ့ တနေ့ ကပါ.
သူ့ လူတွေ စိတ်မဖြောင့်ဘုး။ မြင်းခွ စီးမဲ့ယောင်းမ မြင်ထားတာကိုး...ပြန်လာကြည့်မယ်တဲ့ ။ ကြောင်သူတော် ကြွက်သူခိုးတွေ ဘာလုပ်နေတာ.
မနေ့ ကဘဲကြည့်..၁၂ နှစ် သားတောင်မချန်..တန်းစီလမ်းလျှောက်မှု တဲ့..ဖမ်းသွားပြီ.. ခွေးတောင် ဓါတ်တိုင် သေးမပန်းရဲအောင်ဘဲ..စည်ပင်သာယာညစ်ညမ်း ပုဒ်မတဲ့ စွဲမယ်ဆိုလို့ ဗျာ
Ban hopes to return to Burma soon

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */