“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label သတင်း၊ မျွှဝေခြင်း. Show all posts
Showing posts with label သတင်း၊ မျွှဝေခြင်း. Show all posts

Saturday, March 20, 2010

ခွေးရိုး ဟင်းအိုးမှ အားမနာ ထင်သလို လုပ်နေကြပါလား ဟ ။

Rules of Parties 2010 Election

ရွှေကျောင်းသား မှ ပေးလို့ ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, March 14, 2010

ယုတ်ချင်သလိုယုတ်တော့မယ့် ဥပဒေ (ပုံသန်းရွှေ)

မှတ်ချက် ။ ။ လောလောဆယ်ဖြစ်ပေါ်နေသောသတင်းများအား ယ္ခု သန်းရွှေထုတ်ပြန်လိုက်သော ဥပဒေ ၏ အောက်ဖက် ပိုစ်တွင် အဆက်မပြတ်တင်လျက်ရှိပါသည် ။ သတင်း အသစ်များဖတ်ရှုလိုပါက ဤဥပဒေ ပို့ စ် ၏အောက်တွင် ဖတ်ရှုနိုင်ပါကြောင်း)

ပြောစရာစကားကို မနဲ ရှာပြီးအခုလိုရေးချလိုက်ပါတယ်။ စစ်တပ်လို့ အမည်ခံ ခေါ်တွင်နေကြတဲ့ စစ်လက်နက်ကိုင် အုပ်စုက တကယ်စေတနာမှန်ရင် အနိုင်ရပါတီဖြစ်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဃာတ ကင်းကင်းနဲ့  ပေးခဲ့ ပြီး ဖြစ်မှာပါ ထို့ အတူ ဗမာပြည်လည်း ဒီမိုကရေစီစနစ်နဲ့ လွန်ခဲ့ တဲ့  အနှစ် ၂၀ လောက်ကတည်းက လည်ပါတ်နေပြီး ဖြစ်မှာပါ။ မြန်မာပြည်မှာ စစ်အာဏာနဲ့ အုပ်ချုပ်နေတဲ့  စနစ်ကို လူထုမနှစ်သက်ခဲ့တာ မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ကတည်းကပါဘဲ အနှစ်နှစ်ဆယ် မကလို့  အနှစ်တရာဘဲထား ဒီမတရားမှုကတော့ သမိုင်းပါဘဲ။ ၁၉၉၁ ရလဒ် ပယ်ဖျက်နိုင်စွမ်းတဲ့  အစိုးရ ဗမာပြည်မှာ မရှိပါဘူး၊ နိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့ တရားရေးဥပဒေများဟာ NLD အနိုင်ရပါတီရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ဖွဲ့ စည်းတည်ဆောက်ရမှာဖြစ်ပြီး အနှစ်နှစ်ဆယ်လုံးလုံး စစ်တပ်မှာ ဘာအာဏာမှ မရှိခဲ့ပါဘူး ။ ဘယ်ပြည်သူကမှ ထောက်ခံထားတဲ့ အုပ်စုတစုမဟုတ်ဘဲ တရားမ၀င် အုပ်ချုပ်နေတဲ့  စစ်အစိုးရသာလျှင်ဖြစ်ပါတယ်။

ဒီ အခုထုတ်ပြန်တဲ့ ဥပဒေကို ကြည့်မယ်ဆိုရင်အင်မတန်ကို မတရားတဲ့ ဥပဒေဆိုတာထင်ရှားပါတယ်။ ဒီမိုကရေစီနည်းလမ်းကျကျ ဥပဒေတွေထဲမှာ မတွေ့ နိုင်တဲ့  တားမြစ်ပိတ်ပင်မှုတွေ တွေ့ ရပါတယ် နောက်ဆုံးမှာ ပုံ သန်းရွှေဆိုတာ ပြည်သူလူထုကို ပေါ်ပေါ်တင်တင် အရှက်မဲ့ စွာနဲ့  သန်းရွှေက ဆက်စော်ကားလိုက်တာပါဘဲ။ ဗမာပြည်ရဲ့ သိက္ခာဟာ လူတဦးတယောက် စစ်အာဏာရှင်အုပ်စုတစုကြောင့်  နေ့ စဉ်နှင့်အမျှ ကမ္ဘာ့ မျက်နှာအလယ်တွင် ကျလျက်ရှိပြီး ဗမာ့ဂုဏ်ရောင်ထွန်းပြောင်လာနိုင်စရာ နည်းလမ်းဘယ်နေရာမှ ရှာလို့ မတွေ့ နိုင်တော့ပါဘူး။ ပြည်သူလူထုကို ငါလုပ်ချင်သလိုလုပ်လို့ ရတယ်ဆိုတဲ့  ဥပဒေအောက်မှာ မနစ်မွန်းစေလိုသောဆန္ဒဖြင့် ။ Dtm
National Parliament Law
ရွေးကောက်ပွဲကော်မရှင် ဥပဒေ
2010-03-08-Myanmar Election Commission Law
နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ
2010-03-08-Myanmar Political Parties Law
ပြည်သူလွှတ်တော်ရွေးကောက်ပွဲဥပဒေ
2010-03-08-Myanmar People's Parliament Law
တိုင်းဒေသကြီးလွှတ်တော် (သို့ ) ပြည်နယ်ဥပဒေ
2010 03 08 Myanmar State and Division Law

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေမှ နိုင်ငံရေးအကျဉ်းသားများအား ဤသို့ 

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, February 20, 2010

စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ နှစ်အရွယ် မိန်းခလေး ပြည့်တန်ဆာများပြားလာ)

အသက်မပြည့် မြန်မာမိန်းကလေးငယ်များ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေကြ
ရဲရင့်/ ၁၉ ဖေဖော်ဝါရီ ၂ဝ၁ဝ


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာကလေးပြည့်တန်ဆာ (၅၀) ခန့် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ကျမတို့အဖွဲ့က မဲဆောက်မှာရှိတဲ့ရုံတွေက လိင်အလုပ်သမတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေရတော့ (၁) လကို (၂) ကြိမ်ရောက်ဖြစ်တယ်။ ကလေးလိင်အလုပ်သမတွေက တရုံကို ပျမ်းမျှ (၃) ဦးတော့ရှိတယ်။ မဲဆောက်မှာ ရုံပေါင်း (၁၅) ရုံလောက် ရှိတယ်” ပြောသည်။

ကလေးပြည့်တန်ဆာ အသုံးပြုသည့်အတွက် လွန်ခဲ့သည့် (၄) နှစ်ခန့်က ကလေးအခွင့်အရေး ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံအာဏာပိုင်များ ရုံများတွင် ၀င်ရောက်စစ်ဆေးမှုများ ရှိခဲ့သည့်အတွက် အသက်မပြည့်သည့် လိင်အလုပ်သမများကို ပြင်ပတွင် ထားရှိခြင်းဖြစ်ပြီး အလုပ်ရှိမှသာ သွားရောက်ခေါ်ဆောင်ပေးရသည်ဟု မော်တော်ဆိုင်ကယ်ဖြင့် အကြိုအပို့ လုပ်ပေးသူ ကိုဂျက်လီက ပြောသည်။

၎င်းက “ပြဿနာရှိတော့ သူတို့ကို သီးသန့်ထားရတယ်။ တကြိမ်ဆိုရင် ဘတ် (၂,၀၀၀) လောက်ရတယ်။ သူတို့ကို ခေါ်တဲ့သူ အများစုက တိုင်ဝမ်နဲ့တရုတ်ပြည်က လာတဲ့သူတွေများတယ်။ ဒီအလုပ်က တရားဝင်မဟုတ်တော့ လစဉ်လိုင်းကြေးတော့ ပေးရတယ်” ဟု ရှင်းပြသည်။

လိင်အလုပ်သမထိန်းတဦးဖြစ်သူ ဒေါ်ညိုက အသက်မပြည့်သည့် လိင်အလုပ်သမများအနက် ထက်ဝက်ခန့်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်နှင့် ဆွေမျိုးသားချင်းများက အလုပ်ရှင်ထံတွင် လာရောက်ရောင်းချခဲ့သူများဖြစ်သည်ဟု ပြောသည်။

ထိုင်းရှေ့နေများကောင်စီရုံးအဖွဲ့မှ ထိုင်းရှေ့နေတဦးက “ဒီပြဿနာတွေက ထိရောက်တဲ့ အရေးယူမှုတွေ မရှိသရွှေ့ ဆက်ပြီးရှိနေဦးမှာဖြစ်တယ်” ဟု ပြောသည်။

မဲဆောက်ရှိ ကလေးလိင်အလုပ်သမ (၅၀) ခန့်၏ ပျှမ်းမျှအသက်မှာ (၁၄) နှစ်နှင့် (၁၅) နှစ်အရွယ်များဖြစ်သည်ဟု အစိုးရမဟုတ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တခု၏ မှတ်တမ်းများအရ သိရသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */