၂၀၁၀ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အာဏာရှင်တို့က တဖက်သတ် ရေးဆွဲ အတည်ပြု ပြဌာန်းခဲ့သော စစ်အာဏာရှင် စနစ် ဆွဲဆန့်ရေး အခြေခံဥပဒေကို အသက်သွင်းသည့် ခြေလှမ်း ဖြစ်သည်။ ရွေးကောက်ပွဲ နှင့် ပတ်သက်တဲ့ သတင်းတွေကို အဓိကထားတင်ပြထားတဲ့ ဂျာနယ်တစ်စောင် ဖြစ်သည့်အတွက် မျှဝေပေးလိုက်ပါသည်။ ဖတ်မယ်ဆိုရင်တော့ အောက်က အပြည့်အစုံသတင်းဖတ်ရန်ကိုသာ ကလစ်နှိပ်လိုက်ကြပါ။Irrawaddy Election Journal
Saturday, October 30, 2010
Saturday, October 16, 2010
မိတ်ဆွေအပါင်းတို့ ခင်ဗျာ
ဗမာ့သွေး
Friday, October 01, 2010
ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မာပြည်အကြောင်းပြောကြားသည့် စကား
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့  ပြတ်ပြတ်သားသား ပြောဆိုဝေဖန်ရဲတဲ့ ဒီလို မျိုးဆက်သစ်တွေ သိပ်လိုအပ်နေပါပြီ...
မဝေနှင်းပွင့်သုန်ရဲ့ Speech မြန်မာဘာသာပြန်.....
ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော်တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။
ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma CampaignUK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက်ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင်ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။
ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။
မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေးအောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။
ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။
ဗြိတိန် လေဘာပါတီညီလာခံတွင် (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ သမီး) မဝေနှင်းပွင့်သုန် မြန်မာပြည်အကြောင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။
Wednesday, September 01, 2010
တာချီလိတ် အာဏာပိုင် များ၏ မတရား လဒ်စားမှု နှင့် နိုင့်ထက် စီးနင်း ပြုလုပ်မှု
source by :ဆက်သွယ်ရန် အီးမေးအတွင်းသို့ပေးပို့လာသော စာကို ဖော်ပြပေးခြင်းဖြစ်ပါသည်။
Saturday, June 19, 2010
Monday, March 01, 2010
Sunday, February 28, 2010
တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
မြန်မာအမျိုးသမီးများ သစ်လုပ်ငန်းခွင်အတွင်း ဘဝပျက်ကြရ
ပေါက်ပေါက်/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ထမင်းချက်အဖြစ် အလုပ်လုပ်နေကြသည့် ဒေသခံအမျိုးသမီးများ တရုတ်နိုင်ငံသား သစ်လုပ်ငန်းရှင်များ၏ ဖြားယောင်းလိမ်ညာပေါင်းသင်းမှု ခံရပြီး ဘဝပျက်နေကြကြောင်း ဒေသခံများက ပြောသည်။
ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာမှစ၍ မေလကုန် မိုးမကျမီ သစ်ထုတ်ယူသည့်ကာလအတွင်း တလ ကျပ် (၄၊ ၅) သိန်းအထိ ထမင်းချက်အဖြစ် ငှားရမ်းထားသည့် ဒေသခံအမျိုးသမီးများကို တရုတ်သူဌေးလောပန်းများနှင့် သူဌေးကိုယ်စားလှယ်များက လိမ်ညာပေါင်းသင်းနေကြကြောင်း သစ်လုပ်ငန်းခွင်နှင့် နီးစပ်သည့် ဗန်းမော်ဒေသခံတဦးက ပြောသည်။
၎င်းက “မိန်းကလေးတွေက ကချင်မလေးတွေ၊ ဗမာမလေးတွေ များတယ်။ တောထဲတောင်ထဲ ထမင်းချက်၊ ဟင်းချက် လိုက်ဖို့ ဆိုတော့ အရွယ်ရောက်တဲ့သူတွေပဲ လိုက်တာ။ အဲဒီမှာ တရုတ်သူဌေးက ငွေနဲ့ဆွယ်တာပဲဖြစ်ဖြစ်၊ တောတောင်ထဲမှာ အနေနီးစပ်လို့ပဲဖြစ်ဖြစ် ပေါင်းသင်းတာပေါ့။ တရုတ်နှစ်သစ်ကူး ပြန်လို့ပဲဖြစ်ဖြစ်၊ သစ်အဖမ်းအဆီးရှိလို့ပဲဖြစ်ဖြစ် လောပန်းတွေ ပြန်ရင် သူတို့တွေလည်း လိုက်သွားကြတယ်။ ဟိုရောက်တော့ တရားဝင်မယားကြီးက ရှိနေတော့ နေလို့မရတာကြောင့် နယ်စပ်မှာ တဝဲလယ်လယ် ဖြစ်ကျန်တာပေါ့။ ရွာပြန်ရင်လည်း လူပြောစရာဖြစ်နေပြီလေ။ အဲလိုနဲ့ ဘဝပျက်ကုန်တာ” ဟု ပြောသည်။
သစ်ရာသီတခုအတွင်း သစ်လုပ်ကွက်များအလိုက် နီးစပ်ရာဒေသအတွင်းမှ အမျိုးသမီးများကို ငှားရမ်းနေခြင်းဖြစ်ပြီး အရေအတွက်မှာ အနည်းဆုံး (၅ဝ) ခန့်ရှိမည်ဟု အဆိုပါဒေသခံက ပြောသည်။
၎င်းက “တရုတ်သူဌေးတွေ၊ သစ်ကိုယ်စားလှယ်တွေကလည်း ဗမာစကားတို့၊ ကချင်စကားတို့ နည်းနည်းပါးပါးတတ်တယ်။ သူတို့က နှစ်တိုင်း ဒီလို သစ်ခုတ်နေတာဆိုတော့ စကားတတ်နေကြပြီ။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေထဲက သူတို့ မျက်စိကျတဲ့ ကောင်တွေကို လူယုံလိုလို၊ ကိုယ်စားလှယ်လိုလို မွေးထားတာ ရှိတယ်။ အဲဒီလူတွေက မိန်းကလေးတွေကို ရှာပေးနေတာ” ဟု ပြောသည်။
မံစီ၊ ဗန်းမော်နှင့် မဘိန်းမြို့နယ်အတွင်းမှ ယမန်နှစ် သစ်ခုတ်ရာသီတွင် နယ်စပ်သို့ရောက်ရှိလာသည့် အမျိုးသမီးအချို့မှာ လူပွဲစားများ မှတဆင့် တရုတ်ပြည်အတွင်းသို့ ရောင်းစားခံရမှုများလည်းရှိသည်ဟု တရုတ်နယ်စပ်ရှိ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။
၎င်းက “မိန်းကလေးတွေ ဒီနယ်စပ်မှာ သောင်တင်နေတတ်တယ်။ အိမ်က ပြန်လိုက်ခေါ်လို့ ပြန်သွားတာလည်း ရှိတယ်။ ဒီမှာ အလုပ်ရှာ နေတုန်း နေရေးထိုင်ရေးခက်တော့ နောက်ဆုံး လူပွဲစားတွေနဲ့ ချိတ်မိပြီး တရုတ်မယားလုပ်ဖို့ ကိုယ်တိုင် အရောင်းစား ခံလိုက်တာမျိုး ဖြစ်သွားတယ်။ အဓိကတော့ အဲလို ရောင်းစားခံရတာလည်း ရှိတယ်။ ရတဲ့ငွေကို အိမ်ကို ပါးလိုက်ပြီး သူက အတွင်းထဲ လိုက်သွားတာ” ဟု ပြောသည်။
မြန်မာပြည်မှ မိန်းကလေးများကို တရုတ်ပြည်အတွင်းပိုင်းသို့ ခေါ်ယူရောင်းစားမှုများရှိနေပြီး ယမန်နေ့ထုတ် နအဖသတင်းစာများတွင် တရုတ်နိုင်ငံသို့ အမျိုးသမီးများရောင်းစားနေသည့် လူပွဲစားများအား မူဆယ်နှင့် လားရှိုးမြို့တို့၌ ဖမ်းဆီးရမိထားကြောင်း၊ အဆိုပါရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက အဓမ္မထိမ်းမြား လက်ထပ်နေကြောင်း၊ လူပွဲစား၏ စည်းရုံးခံရမှုနှင့် လူကုန်ကူးမှု မခံရရေးအတွက် သက်ဆိုင်ရာက အသိပညာပေးနေကြောင်း ဖော်ပြထားသည်။
http://www.khitpyaing.org/news/February%2010/26210d1.php
