“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, October 24, 2010

အာဏာရှင် တွေ လက်ကိုင်တုတ်တွေတင်လိုက်တဲ့  အလံ အတွက် ပြည်သူတွေ ဘာပြောကြလဲ

E ELEVEN MEDIA INTERNET PAGE.E 11

ယခင်အသုံးပြုခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအစား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော နိုင်ငံတော်အလံသစ်ဖြင့် ပြောင်းလဲအစားထိုးလိုက်ပြီဖြစ်သည်။ နိုင်ငံတော်အလံသစ်လွှင့်တင်ခြင်းကို နေပြည်တော်နှင့်ရန်ကုန်မြို့အပါအ၀င် တစ်နိုင်ငံလုံးရှိ အစိုးရဌာနများ၊ မြို့တော်ခန်းမများစသည်တို့တွင် ယနေ့မွန်းလွဲ ၃ နာရီခန့်၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

(ပြည်သူ့ အမြင် တွေအောက်မှာဖေါ်ပြထားပါတယ်)

yooyoogyi 2010-10-22 10:17
အလံတင်ကြတာ မနက် ၉ နာရီမှာတင်ကြတာပါ ...
ဘယ့်နှယ့် ညနေ ၃ နာရီမှတင်တာတုန်းဗျ ...

စဉ်းစားစရာပဲနော်ဗျ ... ယတြယာချေတာမျာြး ဖစ်နေမလား ...

Zawtika 2010-10-22 04:38
အကောင်းအဆိုး မဝေဖန် လိုပါဘူး ဝေဖန်လို့လဲ ဘာမှဖြစ်လာတာမှ မဟုတ်တာ။
ဒါပေမဲ့ နိုင်ငံတော် အလံ အသစ်လွှင့်တင်ပွဲ ကို နိုင်ငံတော် အဆင့်အခမ်းအနားနဲ့ မကျင်းပဘဲ
အရပ်ထဲက အသုဘ၊ မသာဖဲဝိုင်း လုပ်သလို ဟိုနားကြိတ်ကြိတ် ဒီနားကြိတ်ကြိတ် နဲ့ မဖွယ်မရာ လုပ်တာတော့
ကိုယ့်နိုင်ငံကိုယ့်လူမျိုး အတွက် အသည်းနာလှ သဗျာ။




mgtayza88 2010-10-23 21:48
Quoting phola.moon:
ဖွဲ့စည်းပုံအခြေ ခံဥပဒေ အာဏာတည်မှ အလံပြောင်းလို့ရ မှာ။ အခု ဖွဲ့စည်းပုံအခြေ ခံဥပဒေ အာဏာမတည်ခင် ဗေဒင်သဘောနဲ့ အလံပြောင်းတာက သူတို့ပြဋ္ဌာန်းတဲ့  ဥပဒေသူတို့ ချိုးဖောက်တာပါပဲ။ အလံတခု ပြောင်းလို့လည်း ကိုယ်ပြုထားတဲ့ မကောင်းမှု အကုသိုလ်တွေ ကွယ်ပျောက် မသွားပါဘူး
မကောင်းမူအကုသို လ်ပြောရအောင်..အော်..အင်းး..မင်းတို့က..ကောင်းမူကုသိုလ် တအားလုပ်ခဲ့တာကိုး..
အမျိုးသားဒီမိုက ရေစီအဖွဲချုပ်မှ ဦးစီးပြီး..ဘယ်ဘုန်းကြီးကျောင်းမှာဆွမ်းဆံစိမ်းလောင်းတယ်ဆိုတာကြာမိပါဘူး..
ဘယ်နိုင်ငံရေးအဖွဲအစီးမှလို့လည်းကြာမိပါဘူး..
အင်းပါ..ရောက်မှာပါ..မင်းတို့လည်း..မြေကြီးဂျိုးကပ် မှာ..ပူမနေနဲ့..ဟုတ်လား.
phola.moon 2010-10-23 18:18
ဖွဲ့စည်းပုံအခြေ ခံဥပဒေ အာဏာတည်မှ အလံပြောင်းလို့ရ မှာ။ အခု ဖွဲ့စည်းပုံအခြေ ခံဥပဒေ အာဏာမတည်ခင် ဗေဒင်သဘောနဲ့ အလံပြောင်းတာက သူတို့ပြဋ္ဌာန်းတဲ့  ဥပဒေသူတို့ ချိုးဖောက်တာပါပဲ။ အလံတခု ပြောင်းလို့လည်း ကိုယ်ပြုထားတဲ့ မကောင်းမှု အကုသိုလ်တွေ ကွယ်ပျောက် မသွားပါဘူး

simpleviews 2010-10-22 14:21 ကျမ တို.နိုင်ငံမှာ ပြောင်းကုန်ပြီဆိုလို.ဝမ်းသာသွားတာ...လူနဲ.မူ မဟုတ်ပဲ အလံဖြစ်နေလို.စိတ်ပျက်သွားတယ် ...ဘယ်သူဆွဲပြီး ဘာအဓိပ္ပါယ်တွေ ဖော်ကျူးပါလိမ့် ...သိရင် ပြောပြကြပါဦး...ပုံကတော့ လုံးဝမလာပါ....အရင်က တိုင်းနဲ.ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုတဲ့ ကြယ်ပွင့်လေးတွေ အစား ဓူဝံကြယ်ကြီး တင်လိုက်တာဆိုတော့ အဖော်တွေ မထား ငါတကိုယ်တည်း ကြီးစိုးတော့မယ် များလား...သက်ဥိးဆံပိုင်မြ န်မာနိုင်ငံတော် ကြီးအား နှမျောလျက်.......
လေးစားစွာဖြင့်

seinmyainlinn 2010-10-22 04:50
ဒီကိစ္စမှမဟုတ်ပါ ဘူးလေ... ဘယ်ကိစ္စဖြစ်ဖြစ် ထောက်ခံသူနဲ့ကန့် ကွက်သူနှစ်မျိုးရှိတယ်။ ထောက်ခံသူတွေကတော့ သူတို့အသိုင်းအ၀ိုင်းဒါမှမဟုတ် တစ်နည်းနည်းနဲ့ ပတ်သက်နေတဲ့သူတွေပဲများနေတယ်။ သို့သော်.. ကန့် ကွက်သူတွေကတော့ ဘယ်သူနဲ့မှပတ်သက်မှုတွေမရှိတဲ့ ဘယ်ဖက်ကမှမဟုတ်တဲ့ ရိုးရိုးလူတွေက အများစုဖြစ်နေတယ်။ အဲဒီတော့ ထောက်ခံနေသူတွေ ကိုယ့်ဟာကိုယ်လည်း ပြန်သုံးသပ်ကြပါ လို့ အကြံပေးချင်ပါတယ်ဗျာ။ ၉၉%နဲ့ အတည်ပြုထားတာလို့ ချည်းပဲ မျက်စိမှိတ်အော် မနေကြပါနဲ့။ တကယ့်ဖြစ်ရပ်မှန်ကိုလည်း လက်ခံနိုင်ဖို့ ကြိုးစားကြပါ။ လူအများစုရဲ့ခံစားချက်ကို မျက်ကွယ်ပြုနေကြ မယ်ဆိုရင် မြင့်နေတဲ့အချိန်မှာ ဘာမှမဖြစ်သေးပေမဲ့ နိမ့်လာတဲ့အချိန် အကျမကောင်းဖြစ်တ တ်ပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */