“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 22, 2010

တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့

ဒီလိုကိစ္စဆိုတာ..အဖေ အမေတောင် တားမရတဲ့ ချစ်ခြင်း မေတ္တာ နှလုံးခုန်စရာ လိင်ဆိုင်ရာ လူ ရဲ့ အခွင့်အရေးသာဖြစ်ပါတယ်။ ကျနော့ကြီးတော်ကြီး ကို ကျနော့ ဦးလေးနဲ့  အဖိုးက သဘောမတူတဲ့အခါ စကားအောင်လေးလုံးကွဲအောင်မပြောတဲ့ ကြီးဒေါ်ကြီးက အထုတ်ပြင်ပြီး လေသာဆောင်က ကြိုးနဲ့ဆင်း ညကြီးသန်းခေါင် တိတ်တိတ်ခိုးရာလိုက်ခဲ့တာပါ။
ဒီချစ်ရေးချစ်ရာ ကိစ္စဆိုတာ မိဘတောင် မအုပ်ထိမ်းနိုင်တဲ့နောက် ဥပဒေနဲ့  အုပ်ထိမ်းလို့ ရမတဲ့လားဗျာ။ ချုပ်ထိမ်းဖို့ လည်း လူကြားမကောင်းပါဖူး။ သမီးလိမ်မာရင် ဥပဒေထုတ်စရာတောင် မလိုပါဖူး။ မလုပ်တတ်သူဟာ မလုပ်ပါဖူးဗျာ.
ခုတော့ အစိုးရလခစား စစိသား ရဲ အားလုံး လာဘ်စား ငွေထောတော့ ကာရာအိုကေ အနှိပ်ခန်း..ဖာခန်း မှာ ခြေချင်းလိမ်နေတာပါ။ မြန်မာ ယောက်ျားကလည်း မိန်းမရဲ့ အခန်းကဏ္ဍ ဦးစားမပေး စစ်သားလို အမိန့် နာခံဥပဒေပေးတဲ့အခါ ပညာတတ် မိန်းမတွေ အနေနဲ့  ဖောက်ပြားတဲ့ မြန်မာယောက်ျားကို အိမ်ဦးနတ် လိင်ကျွန်ခံရမလား..မိမိပညာအဆင့်အတန်း မိမိ အခွင့်အရေးကို အလေးထားမဲ့ နိုင်ငံခြားသားကို ယူမလား..
လူဆိုတာ နှစ်သက်ရာရွေးချယ်ထိမ်းမြားခွင့် အခွင့်အရေးရှိသင့်ပါတယ်. နိုင်ငံခြားသားဆိုတာလည်း..လူပါဘဲ ။ ကိုယ့်နိုင်ငံထဲ မမွေးတာတခုထဲပါ။ လူသဘော သဘာဝ ကောင်းသူက ကောင်းပြီးဆိုးသူကဆိုးတာမို့ နိုင်ငံခြားသားမှန်သမျှ ဆိုးတယ် တံဆိပ်ရိုက်တာကတော့ ရှေးရိုးစွဲ ဘဘတို့ လွန်ပါတယ်။

ခုနေ ရွှေဘဘ ကို နိုင်ငံခြားသူတွေ ချွတ်ကတဲ့ club ကို ဘယ်သူမှမသိအောင်ခေါ်သွားရင်..မလိုက်ဖူး ညင်းမယ်ထင်ပါသလား..
ဟိုဆေး တစ်ဒါဇင်နဲ့  ငါမအိုသေး ဟေးဟေး ဆို ကပြီးထွက်ကြမဲ့သက်ကြားအိုတွေပါ။ ကိုယ်တောင်သေခါနီး..ကမြင်းထချင်သေးရင်..ငယ်ရွယ်တဲ့ ကလေးတွေ သူတို့ ဖာသာ ချစ်မြတ်နိုးးလို့  မိသားဖသားပီပီ လက်ထပ်ယူတာ..ခွင့်ပြူပေါ့။


မြန်မာအမျိုးသမီးများ နိုင်ငံခြားသားနှင့် လက်မထပ်ရသဲသဲ Saturday, May 22, 2010

မြန်မာအမျိုးသမီးများကို နိုင်ငံခြားသားနှင့် လက်ထပ်ထိမ်းမြားခွင့် မပေးရန် တရားရေး ဝန်ထမ်းများအား အာဏာပိုင်များက ညွှန်ကြား ထားသောကြောင့် မြန်မာ အမျိုးသမီးတချို့မှာ နိုင်ငံခြားသားများ၏ အငယ်အနှောင်း၊ တရားမ၀င်ဘ၀ဖြင့် အသိအမှတ် အပြု မခံရသည့် အခြေအနေများ ဖြစ်လာနေကြောင်း သိရသည်။

“တဖက်က လူကုန်ကူးတဲ့ ပုံစံမျိုးတွေနဲ့ အရှုပ်အရှင်းတွေဖြစ်လာမှာကို တားဆီးကြောက်ကန်ကန်ပြီး လုပ်ပေမယ့်လည်း တကယ် နှစ်သက်လို့ မှန်မှန်ကန်ကန်နဲ့ တရားဝင် လက်ထပ်ပေါင်းသင်းမှာကို ဆောင်ရွက်မပေးဘူးဆိုရင် သူတို့ရဲ့ အခွင့်အရေးကို တားဆီး ကန့်သတ် ပိတ်ပင်ရာကျပါမယ်”ဟု ဥပဒေ အတိုင်ပင်ခံ တဦးဖြစ်သူ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

အဆိုပါ ကိစ္စရပ်မှာ တရားမျှတမှု မရှိကြောင်းလည်း ၎င်းက သုံးသပ်သည်။

ယခင်က နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ လက်ထပ်မည်ဆိုလျှင် ပထမဦးစွာ တိုင်းတရားရုံးသို့သွားရောက်၍ မှတ်ပုံတင် ရပြီး ၂၁ ရက် ကြိုတင် အသိပေးကာ ၎င်း ၂၁ ရက်အတွင်း ကန့်ကွက်သူ မရှိလျှင် တရားရုံးက လက်ထပ်ပေးသည့် ဥပဒေ ရှိခဲ့ ကြောင်း ဦးအောင်သိန်းက ဆိုသည်။

“အဲဒီ ဥပဒေကိုတော့ အခုထက်ထိ မပယ်ဖျက်သေးဘူး၊ ဥပဒေအရ တားမြစ်ထားတာလည်း မရှိသေးဘူး၊ ဒါပေမယ့် ညွှန်ကြားချက် နဲ့ ရပ်ဆိုင်းထားတယ်၊ တားထားတယ်ဆိုပြီး လက်ထပ်ခွင့်မပေးဘူး”ဟု သူကပြောသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်ဖြင့် ရပ်ဆိုင်းထားသည်မှာ လွန်ခဲ့သော ၅ နှစ်ဝန်းကျင် ကာလများက စတင်ခဲ့သည်ဟုလည်း သူကဆို သည်။

လွန်ခဲ့သော ၅ နှစ်ဝန်းကျင်က မြန်မာအမျိုးသမီးငယ် တဦးအား မိဘများက နိုင်ငံခြားသားတဦးဖြင့် အတင်းအကျပ် လက်ထပ်ပေး ခဲ့သည့်အတွက် အဆိုပါ အမျိုးသမီးငယ်မှာ ၎င်း၏ ချစ်သူဖြင့် ထွက်ပြေး၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သဖြင့် ယင်း ညွှန်ကြားချက် ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေတဦးဖြစ်သူ ဦးကျော်ဟိုးက ပြောပြသည်။

“အဲဒီတုန်းက ဥပဒေ အရာရှိတယောက်က လက်ထပ်ပေးလိုက်တာ၊ အဲဒီကတည်းက နိုတြီလုပ်တဲ့ ရှေ့နေကအစ၊ ဥပဒေ အရာရှိ အကုန်လုံး နိုင်ငံခြားသားနဲ့ လက်ထပ်တဲ့ကိစ္စကို လုံးဝ လုပ်မပေးရဘူးဆိုပြီး စာထုတ်ထားခဲ့တာ”ဟု သူက ဆက်ပြောသည်။

မြန်မာ အမျိုးသမီး၊ အမျိုးသားအချင်းချင်း လက်ထပ်ပေါင်းသင်းကြလျှင် အကောင်းဆုံးဖြစ်သော်လည်း အခြေအနေ အကြောင်း ကြောင်း ကြောင့် နိုင်ငံခြားသားနှင့် လက်ထပ်မည်ဆိုပါက ကာယကံရှင်များ၏ ဆုံးဖြတ်ချက် အခွင့်အရေးသာ ဖြစ်သင့်ကြောင်း၊ မတားကောင်းသည့် အရာဖြစ်ကြောင်း မန္တလေးမြို့တွင် နေထိုင်သည့် စာရေးဆရာ တဦးက သုံးသပ်သည်။

“လူကုန်ကူးတာမဟုတ်ဘူး ၊ မရိုးမသား မဟုတ်ဘဲ ရိုးရိုးသားသားနဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ်၊ နောက်ပြီး ကာယကံ ရှင် များကလည်း သဘောတူ ကြည်ဖြူကြပြီး တကယ်မြတ်မြတ်နိုးနိုးနဲ့ ပေါင်းဖက်ကြတာဆိုရင် ကန့်ကွက်ဖို့မရှိပါဘူး”ဟု အဆိုပါ စာရေးဆရာက ဆိုသည်။

ထို့အပြင် နိုင်ငံခြားသားနှင့် လက်ထပ်သည် ဆိုရာတွင်လည်း အနောက်နိုင်ငံသား၊ တရုတ်၊ အိန္ဒိယ စသဖြင့် လူမျိုး ကွဲပြားကာ လူမျိုး တမျိုးနှင့် တမျိုး မြန်မာအမျိုးသမီးများအပေါ် ထားသည့် သဘောထားချင်း မတူညီနိုင်သောကြောင့် မည်သည့် လူမျိုးအား ရည်ရွယ်၍ ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း စဉ်းစားစရာဖြစ်နေသည်ဟု မန္တလေးမြို့ခံ စာရေးဆရာက ပြောသည်။

တချို့မှာ ဗမာ့ဓလေ့ထုံးစံတွင် တရားရုံးလက်ထပ်မှ တရားဝင်သည် မဆိုနိုင်သောကြောင့် ထုံးတမ်း အစဉ်အလာများအတိုင်း ဘုန်ကြီး ရဟန်းရှေ့မှောက်တွင် ဆွမ်းဖိတ်ကျွေး တရားနာယူကာ အသိအမှတ်သဘောဖြင့် လက်ထပ်ထိမ်းမြားသွားသည် များ လည်းရှိကြောင်း ရှေ့နေ ဦးအောင်သိန်းကဆိုသည်။

နိုင်ငံရပ်ခြားတွင် မွေးဖွားကြီးပြင်းရသည့် မြန်မာအမျိုးသမီးများ အနေဖြင့်လည်း အကောင်းဆုံး အိမ်ထောင်ဖက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ရန်ကုန်အခြေစိုက် မြန်မာ့အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ တာဝန်ရှိသူ အမျိုးသမီး တဦးက ပြောဆိုသည်။

“ဘယ်လူမျိုးရယ်လို့မဟုတ်ဘူး၊ ကိုယ့်အပေါ်မှာ ဘယ်လို လူစားမျိုးလဲ၊ ကိုယ့်ကို အသုံးချနေတာလား ဆိုတာကို မိန်းကလေး တယောက်အနေနဲ့ ရွေးချယ်နိုင်မယ်၊ သူ့ရဲ့ဘ၀ပေး ကုသိုလ်လည်းကောင်းမယ်ဆိုရင် သူ့အတွက်ကတော့ ဘယ်သူပဲဖြစ်ဖြစ် လက်ထပ်ယူနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်လိုက်သည်မှာ အိမ်ထောင်သက် ၁၁ နှစ်ရှိပြီဖြစ်သော ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီး တဦး ကလည်း“ကျမလည်း ဒီလို နိုင်ငံခြားသားနဲ့ လက်ထပ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး၊ ဒါပေမယ့် သူရဲ့ဖူးစာ၊ ကံတရားနဲ့လည်း ဆိုင်ပါတယ်၊ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာမျိုးမှ မဟုတ်ပါဘူး၊ ကိုယ့်အပေါ်မှာ နားလည်မှုရှိရှိနဲ့ သစ္စာရှိဖို့ အရေးကြီး ပါတယ်၊ ကိုယ့်လူမျိုးချင်း၊ ကိုယ့်ဘာသာချင်းယူပြီး အဆင်မပြေကြတာတွေလည်း အများကြီးပါပဲ”ဟု ဆိုသည်။

ထိုကဲ့သို့ ဥပဒေနှင့်အညီ လက်ထပ်ခွင့်ရရန် ကြိုးပမ်းကြရသည့် မြန်မာအမျိုးသမီးများအနေဖြင့် အခက်အခဲအများအပြားနှင့် ရင်ဆိုင် ဖြေရှင်းကြရကြောင်း၊ ထိုသို့ နိုင်ငံခြားသားများနှင့် လက်ထပ်ပြီး အိမ်ထောင်ရေး အဆင်မပြေသူများလည်း ရှိသကဲ့သို့ အမှန်တကယ် ချစ်မြတ်နိုး၍ သစ္စာရှိရှိပေါင်းသင်းကြသူများလည်း ရှိကာ မိမိ၏ ကံတရားနှင့်လည်း သက်ဆိုင်ကြောင်း ၎င်း၏ အတွေ့ အကြုံအရ ပြောပြသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသည့် နိုင်ငံခြားသားများအနက် တချို့သောနိုင်ငံခြားသားများသည် မြန်မာနိုင်ငံရှိ လူပွဲစားများနှင့် ဆက်သွယ်၍ မြန်မာအမျိုးသမီးများကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင် နေကြကြောင်း ၂၀၁၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ရေးသားထားသည်။
www.irrawaddy.org

5 comments:

Unknown said...

မြန်မာမတွေက ဖင်ရမ်းရတဲံ့ခြားက အဲဒီလိုသာခွင့် ပြုလိုက်
ရင် ဗိုလ်ချုပ်ပြောသလို ဖာနိုင်ငံ ကြီးဖြစ်သွားမှာပေါ့။
သိတဲ့မြင်တဲ့အတိုင်း မြန်မာမတွေ အထီးက တလွဲဆံပင်
သိပ်ကောင်းတယ် ဆိုတဲ့ ဗိုလ်ချုပ်စကားအတိုင်း မကောင်း
တာမှကိုအတုယူချင်ကြတယ်.. အခုကိုရီးယားကားတွေကို
အစိုးရက ပြသရာမှာ ဇာတ်ကားထဲ က မင်းသမီး မင်းသား
တွေ ကြိုးစားပြီး အောင်မြင်သွားတာကြအတုမယူပဲ ဖင်ပေါါ်
အောင် စကပ်တိုဝတ်ဖို့ ။ ယောက်ျားတယောက် မိန်းမနှစ်
ယောက်က၀ိုင်းကြိုက်တာအတုယူတယ်.. ခွင့် မပြုတာကောင်းပါတယ်. ငါတို့ နိုင်ငံမှမဟုတ်ဘူး တခြား ထိုင်း၊ မလေးရှား၊အင်ဒို၊ ယူအေအီး၊ ဆော်ဒီစတဲ့
နိုင်ငံ တွေတောင် မယူရဥပဒေရှိတယ်.. အာရပ်တွေဆို
ရင် သေဒဏ်တောင်ပေးတာ..

Unknown said...

တခြားနိုင်ငံတွေလဲ နိုင်ငံခြားသားကို လက်ထပ်တာခွင့် မပြု
ပါဘူး.. ထိုင်း၊မလေး၊ အင်ဒို၊ယူအေအီး၊ ဆော်ဒီ၊ ကူဝိတ်၊ဗီယက်နမ်၊စတဲ့နိုင်ငံတွေပေါ့..ပြီတော့ ဗိုလ်ချုပ်
ပြောသလို မြန်မာတွေက တလွဲ ဆံပင်ကောင်းတယ်ဆို
သလို မြန်မာမတွေ အထီးတွေက မကောင်းတာမှ အတု
ယူကြတယ်.. အခု အစိုးရက တီဗွီမှာ ကိုရီးယားကားတွေ
ပြတဲ့ အခါမှာ မြန်မာမတွေ အထီးတွေက မင်းသမီးမင်းသား
ကြိုးစားပြီးချမ်းသာ သွားတာကို အတုမယူဘူး.. ဖင်ပေါ်အောင် စကပ် အတိုတွေဝတ်ဖို့ မိန်းမနှစ်ယောက်သုံး
ယောက်က ၀ိုင်းပြီးယောက်ျားတယောက်ကို ကြိုက်ဖို့ကို အတုယူတယ်..ဒါကြောင့် အဲဒီလို တရားဝင်သာခွင့် ပြုရင် ဗိုလ်ချုပ်ပြောသလို မြန်မာုနိင်ငံ ဟာ ဖာနိုင်ငံ
ကြီးဖြစ်သွားမယ် သူငယ်ချင်းမင်းညီမကို သတိထား

ဇော်မြင့် said...

သူငယ်ချင်းJOဝေဖန်ချက်ကို လုံးဝထောက်ခံတယ်။တို့ လည်းနိုင်ငံခြားမှာနေ နေတာဆိုတော့  ဖင်ရမ်းခြင်တဲ့ မမတို့အတွက်တော့ မြင်ရောင်သေး...........ဟိ............

Unknown said...

စောက်ပေါတွေ လျှောက်ပြောမနေနဲ့
မြန်မာယောက်ျားတွေ မွဲလို့ နိုင်ငံခြားသား ယောက်ျားရှာတာ။
လင်မွဲ၊ လင်နာ၊ လင်သူရာကြိုက်၊ လင်ဖျင်း၊ လင်အို တဲ့
မြန်မာနိုင်ငံ အုပ်ချုပ်သူတွေ စောက်သုံးမကျလို့ မြန်မာယောက်ျားတွေ မွဲလို့ ဒီပြဿနာတွေ ဖြစ်လာတာ။ လူမျိုးတူချင်းပဲ ယူဖို့ မြန်မာမတွေမှာ အသိရှိတယ်။

Unknown said...

Hi Jo,
I can understand your point of view but just to some extent. Today, there are alot of burmese poeple living outside and have to change their nationality as they need to get better integration there. But it dosen't necessarily mean they become foreigners or traitors. They work like slave and send money back to their family in Burma. Some of them study there and one day they will be a driving force for our future. But when it comes to getting marriage to their love one in Burma.....You know the rest story...
It is just sooo unjustice and sounds a kind of primitive..

Myo Khaing

 
----------------------------------------- */ /* EOT ----------------------------------------- */