“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, February 18, 2010

မင်းမြတ်ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာ နဲ့ သန်းရွှေ ကြောက်စာ

မင်းကောင်းမင်းမြတ် ကျန်စစ်သားမင်းရဲ့

`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါအမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။
အချို့ လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ပြန်ရောက်စေပါအံ့။
များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။
ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ
ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား
ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို
နှစ်သိမ့်ပါအံ့၊´

(ကျန်စစ်သားမင်း၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ) ပါတဲ့ စာသားထဲကနဲ့ အခု အာဏာရှုးတွေနဲ့တော့တခြားဆီပါ..

အဝိဇိချိုးကပ်မည့် အာဏာရှုး သန်းရွှေရဲ့ ကြပ်ပြေး သေတမ်းစာ..

ရန်ကုန်ကို ငါတို့ဖျက်ဆီးသော အခါအမျိုးလေးပါး ဝန်ထမ်းတို့သည်အထက်ကြပ်ပြေး သို့ပါကျကုန်၏။ နေရာအသီးသီးမှ တိုင်းရင်းသားတို့လည်းငါဖမ်းဆီးနှိပ်စက်သဖြင့် နယ်စပ်ဒေသသို့ ရောက်ကြကုန်၏ ။ ငါ၏အကူအညီဖြင့်တိုင်းတပါးမှ ပြန်မလာနိုင်အောင် ငါလုပ်ပါအံ့။ မတရား အပြစ်ဒဏ် ချခံရသောများစွာသောသူတို့သည် သားတကွဲ မယားတကွဲ ဖြစ်ကုန်၏။ ထိုအပြစ်ကျခံသူတို့အား
နယ်ထောင်များသို့ပြောင်းရွှေ့အံ့... ။ ထိုသူတို့အား ဒုက္ခပင်လယ် ဝေစေအံ့..


အဝိဇိချိုးကပ်မည့် အာဏာရှုး သန်းရွှေရဲ့ ကြပ်ပြေး သေတမ်းစာ..

ထိုသူတို့၏ မျက်ရည်ကျနေသည် ကိုထိုင်ကြည့်အံ့။ ငါ၏ညာလက်ဖြင့်မေတ္တာပို့ဆုတောင်းသော သံဃာတော် များအား ရိုက်နှက်အံ့ .. ငါ၏ဘယ်လက်ဖြင့်နာဂစ်ဒုက္ခသည် များ၏ အလှုငွေအား ဖြတ်စားအံ့... ကြံ့ဖွတ်စွမ်းအားရှင်များသည် ပြည်သူများအား ရိုက်နှက် နှိပ်စက်သကဲ့သို့ ငါသည်လည်းတိုင်းသူပြည်သူတို့အားနည်းမျိုးစုံနဲ့နှိပ်စက်အံ့...

ကြပ်ပြေးလိုဏ်ခေါင်းအတွင်း မြေပျို၍ အသေဆိုးနဲ့ သေသော တပ်ချုပ်ကြီး၏ ကြောက်စာ (ကျောက်စာမဟုတ်ပါ)

http://www.wanna23.com/ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */