“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, October 21, 2011

ဂဒါဖီ သေပြီ။

ဒေါ်အောင်ဆန်းစုကြည်က အာဖရိက လူထု တိုက်ပွဲ တွေ ကို အတုယူကြဖို့  အသိပေးပါတယ်။ သန်းေ၇ွှ ကတော့ သိန်းစိန် ကို စင်ပေါ်တင်ပြီး ပုန်းကွယ် နေပါတယ်။ ဗမာပြည်ဘယ်လဲ ဘာလဲ။ ဤ သတင်းဖိုင် ကတော့ ဂဒါဖီ ပစ်မသတ်မှီ အချိန် မှာ ရိုက်ကူးထားတဲ့  ဖိုင်ပါ။

UPDATE 8.40am: MUAMMAR Gaddafi, the "king of kings of Africa" who for eight months refused to surrender, was captured in a sewage pipe waving a golden gun near his hometown Sirte, Libyan fighters said.
"Gaddafi was in a jeep when rebels opened fire on it. He got out and tried to flee, taking shelter in a sewage pipe," National Transitional Council (NTC) field commander Mohammed Leith told AFP.

NTC fighters "opened fire again and he came out carrying a Kalashnikov (assault rifle) in one hand and a pistol in the other."

Gaddafi "looked left and right and asked what was happening. Rebels opened fire again, wounding his leg and shoulder. He died after that," according to Leith.

But according to interim prime minister Mahmud Jibril, Gaddafi was shot in the head "in crossfire" between his supporters and new regime fighters after his capture.

"When he was found, he was in good health, carrying a gun," Jibril told a press conference in Tripoli. Gaddafi was transferred from the sewage pipe to a pickup truck, at which point he was shot in the right hand.

"When the vehicle started moving, it was caught in crossfire between Gaddafi fighters and the revolutionaries, and he was shot in the head," according to Jibril.

"He was alive up to last moment, until he arrived at hospital" in the town of Misrata.

Outside the hospital in Sirte, the Mediterranean city where Gaddafi diehards for weeks put up a last stand against a revolt which broke out in mid-February, a young fighter proudly brandished what he said was the strongman's golden gun.

Mohammed Shaban, who said he took part in Gaddafi's capture, said the 69-year-old who ruled Libya for four decades had been cornered in the sewage pipe. "His blood is on my shirt. I'll never wash it," he said.

A fugitive since the NTC forces with NATO air support swept into Tripoli at the end of August, Gaddafi's whereabouts had remained a mystery.

A wounded Gaddafi was seen alive and standing as he was being manhandled by Libya's new regime fighters before the announcement of his death, in a videotape aired on Arab satellite channels.

Bloodied in the head, face and shoulders, NTC fighters circled Gaddafi, who was hailed as the country's "king of kings" by African tribal chiefs in 2009, as he apparently tried to cry out.

One fighter appeared to hold a gun to his head but it was unclear if he fired before Gaddafi was hauled onto the front of a vehicle, amid chaotic scenes in the video broadcast on Al-Arabiya and Al-Jazeera television channels.

"We announce to the world that Gaddafi has died in the custody of the revolution," NTC spokesman Abdel Hafez Ghoga announced earlier.

In France, Defence Minister Gerard Longuet said French warplanes fired a warning shot to stop a convoy of up to 80 vehicles carrying Gaddafi before he was captured.

The convoy of several dozen vehicles "was stopped from progressing as it sought to flee Sirte but was not destroyed by the French intervention," Longuet told journalists.

Libyan fighters then intervened, destroying the vehicles, from which "they took out Colonel Gaddafi," he added.

The minister said a French Mirage-2000 was "informed by the integrated general staff (of NATO) of the need for an intervention to prevent this column from advancing.

"A French warning shot was fired to prevent the column from proceeding and it divided," he said, after which some of the vehicles were confronted by the NTC fighters.

"In these clashes, vehicles were destroyed, people were wounded and killed and it was among them that... Gaddafi was a part," he said.

အပြည့်အစုံသတင်းဖတ်ရန်....

မုန်တိုင်း သတိပေးမူ စစ်ဘက် အတွက် ပြုလုပ်၊ အရပ်ဘက် အတွက် မပါဝင်

မောင်အေး News Date:10/19/2011 နိရဉ္ဇရာ သတင်းဌာန(ပေးပို့ သူ - ဗမာ့သွေး )
အစိုးရ အာဏာပိုင်များက ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ စစ်စခန်းများနှင့် ရေတပ်စခန်းများအတွက် မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားသော်လည်း အရပ်ဘက်အတွက် ထုတ်ပြန်ထားခြင်း တစ်စုံတရာ မရှိကြောင်း သိရသည်။

မြန်မာ အစိုးရ အာဏာပိုင်များက ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ပြီး ရခိုင်ပြည်နယ် ကမ်းရိုးတန်းတလျှောက်ရှိ စစ်စခန်းများနှင့် ရေတပ်စခန်းများကို မုန်းတိုင်းသတိပေးညွန်းကြားချက် ထုတ်ပြန်ထားခဲ့သော်လည်း အရပ်ဘက်ဆိုင်ရာကို တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒေသအတွင်းကလာသော သတင်များက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်မြကျော်က "စစ်တွေမှာ မိုးတော့ ရွာနေတယ်။ မနေ့က လေပြင်း တိုက်ခတ်တာတွေ တော့ ရှိပါတယ်။ အခုအချိန်ထိတော့ မုန်တိုင်း သတိပေးထားတာတော့ မရှိသေးဘူး" ဟု ပြောသည်။

တခြား လူငယ် တစ်ဦးကလည်း " မိုးတော့ ရွာနေပါတယ်။ မုန်တိုင်းတိုက်မယ့် သတင်းတော့ မရသေးပါဘူး။ အစိုးရက သတင်းထုတ်ပြန်တာတွေလည်း စစ်တွေ မရှိသေးဘူး။ ဂီရိတုန်းကတော့ မုန်းတိုင်း မတိုက်မှီ အသံချဲ့စက်နဲ့ အော်ပါတယ်။ ခုတော့ မရှိသေးပါဘူး" ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင်း ရခိုင်ပြည်နယ် ပေါက်တော၊ စစ်တွေနှင့် မင်းပြားမြို့နယ်များတွင် မိုးသက် လေပြင်းများ ယနေ့နံနက်မှ စတင်ကျရောက်နေပြီးဖြစ်ကြောင်း သိရှိရသည်။

မိုးလေ၀ါသ ဇလဗေဒ အငြိမ်းစား ဦးထွန်းလွင်က မုန်းတိုင်း အခြေအနေကို ယခုလို ပြောသည်။

" မုန်တိုင်းက ဒီနေ့ ညနေပိုင်းကနေ နောက်နေ့ မနက်အတွင်း ဖြတ်သန်းနိုင်ပါတယ်။ အခု အချိန်ထိတော့ မုန်တိုင်းငယ် အဆင့်မှာဘဲ ရှိပါသေးတယ်။ တစ်နာရီ မိုင် (၄၅) နုန်းပေါ့။ တခါတလေ တနာရီ ၅၀ လာက်တိုက် ခတ်နိုင်ပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလာဒေခ်ျ့ကို ဖြတ်သန်းနိုင်ပါတယ်။ ပင်လယ်ပြင်မှာ လိုင်းကြီးနိုင်တယ်။ ရေတော့ မတက်နိုင်ဘူး။ ဒါပေမယ့် ဒီထက် အားကောင်း လာရင်တော့ အခြေအနေ ဆိုးနိုင်ပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘာဖြစ်လာမလဲဆိုတာ Update သတိထား စောင့်ကြည့်ဖို့ လိုပါတယ်" ဟု ပြောသည်။

ယခု မုန်တိုင်းမှာ မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာသဖြင့် လောလောဆယ်တွင် ပင်လယ်ပြင်ကို မထွက်ရန်နှင့် ကုန်းပေါ်တွင်နေထိုင်ကြရန် လိုကြောင်း ဦးထွန်းလွှင်က ပြောသည်။

" သိသိသာသာကို မြန်ဘက်ကို ကပ်လာတယ်။ အရင်ကတော့ မုန်တိုင်းက လောင်ဒီကျူဒ် ၈၉ ကနေ ခု လောင်ဒီကျူဒ် ၉၈ ထိ ရောက်လာပြီးတော့ အရှေ့ဘက်ကို ရွှေ့လာတယ်။ အားလုံး ယေဘူယျ ပြောရင် ရခိုင်မြောက်နဲ့ ဘင်္ဂလာဒေခ်ျ့ အစပ်ပေါ့။ အတိအကျ ပြောရင် ကျွန်တော်တို့ဘက်က မောင်တော၊ သူတို့ဘက်ကတော့ ကော့ဘဇားပေါ့။ အဲဒီနေရာက မုန်းတိုင်း ဗဟိုချက် ဖြစ်နိုင်ပါတယ်" ဟု သူက ပြောသည်။

မိုးလေ၀ါသ ဇလဗေဒ အငြိမ်းစား ဦးထွန်းလွင် အင်တာနက် ဆိုက်တွင်လည်း ဘင်္ဂလားပင်လယ်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းမှာ ၂၄ နာရီအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်မည်ဟု ဖော်ပြထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဝိုင်းမော်ဆေးရုံမှ လူနာနှင့် အစောင့် ၅ ဦးအား မြန်မာ စစ်တပ် စရဖမှဖမ်းဆီး

သတင်း Published on Wednesday, 19 October 2011 12:28 by KNG(ပေးပို့ သူ - ဗမာ့သွေး )
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံမှ လူနာ ၃ ဦးနှင့် ပြုစုစောင့်ရှောက်သူ ၂ ဦး တို့အား မြန်မာအစိုးရစစ်တပ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများ ပြောသည်။

၎င်းတို့ ၅ ဦးသည် ၀ိုင်းမော်မြို့မှ ကချင်အမျိုးသားများဖြစ်ကြပြီး အောက်တိုဘာ ၁၈၊ ယမန်နေ့ညက ဆေးရုံတွင် ဖမ်းဆီးပြီး “စစ်ဆေးစရာ ရှိတယ်” ဆိုကာ စရဖ ကားဖြင့် မြစ်ကြီးနားဘက်သို့ ခေါ်ဆောင်သွားသည်ဟု ၀ိုင်းမော် မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ မြစ်ကြီးနားမြို့ ဧဒင်နှင့် နောင်းပုံ ကြား မြစ်ကြီးနား-မန္တလေး ရထားလမ်းရှိ တံတား ၂ စင်း ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု စရဖ မှ အကြောင်းပြကြောင်း သူက ဆက်ဆိုသည်။

သို့သော် စွပ်စွဲချက်နှင့် လုံးဝဆက်စပ်မှု မရှိဟု အဖမ်းခံရသူများနှင့် နီးစပ်သူများပြောသည်။

လူနာ ၃ ဦးအနက် တစ်ဦးသည် အစာအိမ်သွေးကြောပေါက် ဝေဒနာကြောင့် ၀ိုင်းမော် လူဝင်မှုကြီးကြပ်ရေးရုံး (လ၀က)၏ အကူအညီဖြင့် သွေးသွင်း ကုသနေခြင်းဖြစ်ပြီး သူ့ကို ဖမ်းဆီးခေါ်သွားစဉ် ဖိနပ်တောင် မစီးလိုက်ရဘဲ ခုတင်အောက်တွင် ကျန်ရှိနေကြောင်း မျက်မြင်များပြောသည်။

ကျန် လူနာ ၂ ဦးမှာ ငှက်ဖျားရောဂါဖြင့် ဆေးရုံတက်နေခြင်းဖြစ်သည် ဟု ၎င်းတို့နှင့် နီးစပ်သူများ ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာအစိုးရ စစ်တပ် ဓါးပြ တိုက်

Thursday, October 20, 2011 Kachinlandnews(ပေးပို့ သူ - ဗမာ့သွေး )
ရှမ်းပြည်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်ရင်း ၅၅ လက်အောက်ခံ၊ တီကျစ်အခြေစိုက် ခမရ ၅၁၂ သည် မန္တလေး – မူဆယ်လမ်းပေါ်ရှိ မူဆယ်မြို့နယ်၊ နမ်အွမ် ကျေးရွာတွင် အောက်တိုဘာ ၁၅ ရက်နေ့တွင် ၀င်ရောက် ဓါးပြ တိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ တွင် ဗိုလ်မှူးစိုးကျော်သူ ဦးဆောင်သည့် မြန်မာအစိုးရ စစ်တပ်မှ စစ်သားများသည် ညနေ ငါးနာရီ လေးဆယ့်ငါးမိနစ်အချိန်တွင် နမ်အွမ် ကျေးရွာမှ မုဆိုးမဖြစ်သူ နန်းခမ်း ၏ အိမ်ကို ဓါးပြ တိုက်ခဲ့ကြောင်းသိရသည်။-

ဒေါ်နန်းခမ်း ပြောင်းဖူးခင်းသို့ သွားနေချိန်တွင် အိမ်တွင်ကျန်ခဲ့သည့် သားငယ်ဖြစ်သူ မောင်မာတူး အသက် ၁၂ နှစ်ကို ဓါးမနှင့်ရွယ်ကာ ငွေရှိသည့် နေရာကို ပြသခိုင်းခဲ့သည်။

ထို့နောက် ပိုက်ဆံထည့်ထားသည့် သေတ္တာကို ဖျက်ပြီး သိမ်းဆည်းထားသည့် ငွေကျပ် ၁၀ သိန်းကို ထုတ်ယူသွားကြောင်း သိရသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တနှစ်ခွဲ ကချင် ကလေးငယ် အား မြန်မာအစိုးရတပ်မှပစ်သတ်

ဗုဒ္ဓဟူးေ့၊ အောက်တိုဘာလ 19 ရက် 2011 ခုနှစ် ကချင်သတင်းဌာန(ပေးပို့ သူ - ဗမာ့သွေး )
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပေါ်ထိုးစစ်အတွင်း ကချင်ကလေးငယ် တစ်ဦး အားမြန်မာအစိုးရတပ်က ပစ်သတ်လိုက် သည် ဟု ကလေးမိဘနှင့် နီးစပ်သူများပြောသည်။


အသက် ၁ နှစ် ၅ လအရွယ် မ ရှောင်လတ် (ဘ) လဗျယော်ထုံ (Labya Yaw Htung) (မိ) ခကိုင် (Hka Kai) အား အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရွှေကူနယ်မြေခံ ခလရ (၅၆) ကပစ်သတ် လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မန်မော်(ဗန်းမော်)ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကောင်ရာကျေးရွာတွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

ခလရ(၅၆) တပ်က ကလေးမိဘပိုင်ပစ္စည်းဥစ္စာများကို သိမ်းယူပြီးနောက် အိမ်ကိုပါ မီးရှို့လိုက်သည်ဟု ကလေးမိဘနှင့် နီးစပ်သူများ ဆက်ပြောသည်။

တစ်ရက်ထဲတွင် မြစ်ကြီးနား-မန်မော်လမ်းပေါ် အသက် (၃၅) နှစ်ရှိ ကချင်အမျိုးသား မဂျီဇော်ခေါင်အား ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်နယ်မြေခံ ခမရ (၃၂၁)တပ်က မေ့မျော သွားသည်အထိ ရိုက်နက်ကာ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်၊ တင်ဆောင်လာသည့်ပစ္စည်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကိုပါ ခမရ (၃၂၁) က သိမ်းယူသွားသည်ဟု မိသားစုဝင်တစ်ဦးပြောသည်။

ဇော်ခေါင်သည် မြစ်ကြီးနားမြောက်ဘက် ၁၀ မိုင်ရွာသားဖြစ်ကာ ကျပန်း အလုပ်သမားဖြစ်သည်ဟုပြော သည်။

ယခုအခါ မြန်မာအစိုးရထိန်းချုပ်ဒေသနှင့် စစ်ပွဲဇုံအတွင်းမှ ပြည်သူများသည် မြန်မာအစိုးရတပ်က ဖမ်းဆီးနှိပ်စက်၊ အဓ္ဓမပြုကျင့်၊ အဓ္ဓမလုပ်အားခိုင်းစေမည်ကို ကြောက်ရွံ့နေကြသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အခြားလူမျိုးများထက် ကချင်အမျိုးသားများကို ပို၍ ပစ်မှတ်ထားသည်ဟု ဒေသခံ ကချင်အဖွဲ့အစည်းများက ဆိုသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အစိုးရသစ်လက်ထက် သျှမ်းပြည်မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှုများလာ

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 19 ရက် 2011 ခုနှစ် စောခါးစူးညား သတင်း - ကေအိုင်စီ(ပေးပို့ သူ - ဗမာ့သွေး )
မြန်မာအစိုးရသစ် တက်လာပြီးနောက် သျှမ်းပြည် မြောက်ပိုင်းရှိ မန်တုံ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း မြို့နယ် ၃ခုအတွင်း၌ ဘိန်းစိုက်ပျိုး မှု များလာသည်ဟု ပလောင်(တအာင်း)အမျိုးသမီး အစည်းအရုံး-PWO က ပြောသည်။


PWO ၏ အထွေထွေ အတွင်းရေးမှူး လွေးနွေနှောင်းက “အဲဒီဒေသ (မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း)မှာဘိန်းစိုက် ပျိုးမှုကတော့ အရင်က ဘိန်းမစိုက်တဲ့ ရွာငယ်လေးတွေတောင် ဘိန်းစိုက်လာကြတယ်။”ဟု ပြောဆိုသည်။

ဘိန်းစိုက်ပျိုးမှုတွင် ရာခိုင်နှုန်းအားဖြင့် မည်မျှတိုးပွားလာသည်ကို အတိအကျ မသိနိုင်သော်လည်းမန်တုံမြို့ နယ်တွင် ယခင်က ဘိန်းစိုက်ပျိုးသည့် ရွာ ၇၀ကျော်မှ ယခုဆိုလျှင် ရွာပေါင်း ၈၀ထက်မနည်းများပြားလာ ကြောင်းလည်း သူမက ဆက်၍ ပြောဆို သည်။

စစ်အစိုးရလက်ထက် ပြီးခဲ့သည့် ၂နှစ်က မြန်မာနိုင်ငံ၌ ၂၀၁၅ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု လုံးဝပပျောက်သွား အောင် ကြိုးပမ်း မည်ဟု ပြောဆိုခဲ့သော်လည်း ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးပွားလာခဲ့သည်။

ယင်းသို့ ဘိန်းစိုက်ပျိုးမှု တိုးလာရခြင်းမှာ ထိုနယ်မြေတွင် ကချင်စစ်တပ်၊ သျှမ်းစစ်တပ်နှင့် အစိုးရစစ်တပ် တို့အကြား တိုက်ပွဲဖြစ် ပွားပြီး ဒေသခံ အစိုးရအာဏာပိုင်များ လူထုများအပေါ် အာရုံမစိုက်နိုင်ခြင်း၊အစိုးရ အာဏာပိုင်ကိုယ်တိုင် ဘိန်းစိုက်ပျိုးမှုတွင် ပါ ၀င်ပတ်သက်ခြင်းတို့ဖြစ်သည်ဟု PWO ကမှတ်ချက်ပေးထား သည်။

“ဘိန်းစိုက်ချိန်မှာ အာဏာပိုင်ကိုယ်တိုင်က လာဘ်ပေးလာဘ်ယူရှိတယ်။ နမ့်ခမ်းနဲ့ ကွတ်ခိုင် နယ်တ၀ိုက် မှာဆိုရင် အရင်တုန်း က ပြည်သူ့စစ်ခေါင်းဆောင်က အခုဆို လွှတ်တော်ထဲမှာ အကုန်ပါတဲ့သူတွေဖြစ်နေ တယ်။ ဘိန်းစိုက်ရာသီဆိုရင် ဘိန်းမစိုက်ရ ဘူးလို့ ပြောပေမယ့် ပိုက်ဆံပေးလိုက်ရင်စိုက်ခွင့်ပြု တာပဲ။”ဟု လွေးနွေနှောင်းက ရှင်းပြသည်။

အထူးသဖြင့် ကွတ်ခိုင်မြို့နယ်ရှိ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂) မှ ဦးမြင့်လွင် (ခ) ဦးဝမ်ကွယ်တာနှင့် ပြည်သူ့လွှတ်တော် ဦးတီခွန်မြတ်တို့ နေထိုင်ရာဒေသတွင် ဘိန်းစိုက်ပျိုးမှုများ ပိုမိုများပြားလာသည်ဟု PWO က ထောက်ပြသည်။

အဆိုပါဒေသရှိ ဘိန်းစိုက်ပျိုးသူ ရွာသူရွာသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြောင့် ၀င်ငွေပိုရရန် စိုက်ပျိုးခြင်းဖြစ်ပြီး အချို့မှာ စီးပွားဖြစ် ကုန်ထုတ်လုပ်မှုအနေဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။

“နမ့်ခမ်းက လူတွေလည်း စိုက်မှစိုက်။ ဘိန်းစိုက်တာကတော့ လွတ်လပ်ရေးရသလိုပဲ။ စားဝတ်နေရေး အတွက် တရုတ်ပြည်မှာ အလုပ်သွားလုပ်စရာ မလိုတော့ဘူး။”ဟု နမ့်ခမ်းမြို့နယ်ရှိ ရွာသားတဦးကို ကိုးကား၍ PWO က ပြောသည်။

ဘိန်းများကို ယခုနှစ် ဩဂုတ်လ စတင်စိုက်ပျိုးခဲ့ပြီး လာမည့်နှစ် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလတို့၌ စတင်၍ အစေးခြစ်ယူကြ သည်။ ထိုမှရလာသည့် ဘိန်းစိမ်းများကို မြန်မာနိုင်ငံတ၀ှမ်းနှင့် တရုတ်နယ်စပ်ဘက်သို့ သွားရောက်ရောင်းချလေ့ရှိပြီး ပြီးခဲ့ သည့် ၂နှစ်အတွင်း ဘိန်းစိမ်းတစ်ပိဿာလျှင် ငွေကျပ် ၈သိန်းမှ ၁၃သိန်းအထိ ဈေးပေါက်သည်ဟု PWO က ဆိုသည်။

PWO သည် လက်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး ၂၀၁၀ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ပျိုးရေးနှင့် ပတ် သက်၍ “အဆိပ်သင့်ပန်းများ”နှင့် “အဆိပ်သင့်တောင်တန်းများ”အမည်ရှိ အစီရင်ခံစာ နှစ်အုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်စု အမျိုးသမီးသတ္တိရှင် Oxi Day ဆု ချီးမြှင့်ခံရ

By ခင်မျိုးသက် အင်္ဂါ, 18 အောက်တိုဘာ 2011(ပေးပို့ သူ - ဗမာ့သွေး )
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ဒီစီအခြေစိုက် Oxi Day အဖွဲ့ကြီးကနေပြီးတော့ ပထမဦးဆုံး Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်လိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာနဲ့ မူဆိုလိုနီတို့လို အင်အားကြီးတဲ့ အာဏာရှင်တွေကို ဂရိနိုင်ငံငယ်ကလေးက No လို့ အဓိပ္ဗာယ်ရတဲ့ Oxi ဆိုတဲ့ ဝေါဟာရကို သုံးပြီးတော့ အာခံခဲ့ကြတာမှာ အမျိုးသမီးတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ဒီဆုက ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီရရှိရေးနဲ့ လွတ်လပ်မှုအတွက် သတ္တိရှင် အမျိုးသမီးတဦး အနေနဲ့ အခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနဲ့ အီတလီ ၀င်ရိုးစွန်းတပ်တွေကို တွန်းလှန်ရာမှာ ဂရိနိုင်ငံ၊ ခရိကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ခရိတိုက်ပွဲမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် သတ္တိ ပြောင်မြောက်စွာ တွန်းလှန်နိုင်ကြသူတွေအဖြစ်နဲ့ မှတ်တမ်းအတင်ခံခဲ့ကြရပါတယ်။ ဒီလို သတ္တိပြောင်မြောက်သူတွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် ၀ါရှင်တန်အခြေစိုက်၊ Oxi Day အဖွဲ့ကြီးက Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပထမဦးဆုံးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ ရွေးချယ်လိုက်တယ်လို့ Oxi Day အဖွဲ့ ဥက္ကဋ္ဌ အဲန်ဒရူး၊ မွန်နားတို့စ်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

“သူ့ကို ကျနော်တို့ သိပ်ကို လေးစားမြတ်နိုးသလို သူဟာ အားကျ အတုယူစရာတယောက်ပါ။ မြန်မာနိုင်ငံအတွက်သာ မကပါဘူး။ တကမ္ဘာလုံးအတွက်ပါ အားကျစေတဲ့ စံနမူနာပါ။ ဒုတိယကမ္ဘာစစ်ကြီးမှာ ၀င်ရိုးစွန်းနာဇီအာဏာရှင်ကို ဂရိနိုင်ငံက တွန်းလှန်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် မီးရှူးတန်ဆောင်ကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ခေတ် ဒီမိုကရေစီနဲ့လွတ်လပ်မှု မီးရှူးတန်ဆောင် ဆောင်ကျဉ်းနေသူအဖြစ် ကမ္ဘာတ၀ှမ်းက သတ်မှတ်ကြပါတယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ သတ္တိပြောင်မြောက်မှုအတွက် မှတ်တမ်းတင်နိုင်ဖို့ အခုလို ဂုဏ်ပြုဆု ချီးမြှင့်လိုက်တာပါ”

လွန်ခဲ့တဲ့ ၂၁ နှစ်တာ ကာလအတွင်း ၁၅ နှစ်တာ အဖမ်းဆီးခံခဲ့ရတဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသား ၅၅ သန်းအတွက် အင်အားတရပ် ဖြစ်နေသလို မျှော်လင့်ချက် အထိမ်းအမှတ်လည်းဖြစ်ခဲ့သူပါ။ ဒါ့အပြင် လွတ်လပ်မှုအတွက် ရဲရဲဝံ့ဝံ့တွန်းလှန်သူအဖြစ်နဲ့ တကမ္ဘာလုံးက လေးစားမြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုပေးအပ်ဖို့ အရင်အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် နန်စီ ပလိုစီး (Nancy Pelosi) က နာမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂရိ-အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day အဖွဲ့ဟာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကျင်းပဖို့ရှိပြီး ဒီနှစ်အတွက် အထိမ်းအမှတ်မှာတော့ ဆု ၂ ခုပေးဖို့ ရှိပါတယ်။ အမျိုးသားအတွက် Oxi Day ဆုကို မကြာသေးခင်ကမှ အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Jamel Bettaieb ကို ပေးအပ်မှာဖြစ်ပြီး အမျိုးသမီးအတွက် ပထမဆုံး Oxi Day ခရိ စစ်ပွဲဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မှာဖြစ်ပါတယ်။

“အမျိုးသမီးတွေ အတွက် ပေးတဲ့ ဆုကတော့ Battle of Crete ဆုပါ။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက ဂရိနိုင်ငံ ခရိကျွန်းမှာ နာဇီ ဂျာမဏီတပ်တွေရဲ့ ရန်ကို တွန်းလှန်ခဲ့တုန်းက အမျိုးသမီးထုက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကို ဦးဆောင်ပြီး ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ခဲ့တာကို ရည်ရွယ်ပြီး ပေးတာပါ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ရဖို့ အင်အားကြီးတဲ့ သူကို အံတုဝံ့တဲ့ သတ္တိရှိသူကို ကမ္ဘာတ၀ှမ်း လိုက်ရှာတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ အဖွဲ့က တွေ့ပါတယ်”

လေထီးနဲ့ ဆင်းပြီး ခရိကျွန်းကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့ နာဇီတပ်သား အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရတဲ့ ခရိတိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အမျိုးသမီးတွေကို ရောမပုံပြင်ထဲက ဘီလူးကြီး ဂိုလိုင်းရတ် (Goliath) ကို လောက်လေးဂွနဲ့ တွန်းလှန်ခဲ့တဲ့ ဒေးဗစ် ရဲ့ ရဲစွမ်းသတ္တိ ရှိသူလို့ တင်စားကြပါတယ်။ ဒီလို အစွမ်းသတ္တိရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၇ ရက်နေ့ ၀ါရှင်တန် ဒီစီမှာ ကျင်းပမယ့် Oxi Day နှစ်ပတ်လည် အခမ်းအနားမှာ ဆုပေးဖို့ စီစဉ်ထားပါတယ်။

ဒီဆုကို အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံရယူမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်း ပေးပို့ဖို့ ရှိတယ်လို့လည်း Oxi Day အဖွဲ့က ပြောပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို

2011-10-19 RFA(ပေးပို့ သူ - ဗမာ့သွေး )
နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က သူရဲ့ အစီရင်ခံစာကို မနေ့က တင်သွင်းခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်ကထက် စာရင် အပြောင်းအလဲတွေ ဖြစ်လာတယ် ဆိုတာကို ကြိုဆိုပေမဲ့၊ မြန်မာ အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ မကြာသေးခင်က နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတာဟာ ကြိုဆိုစရာ ကိစ္စ ဖြစ်ပေမဲ့၊ နိုင်ငံရေး အကျဉ်းသား အရေအတွက် အမြောက်အမြား ကျန်ရှိနေသေးတာကို သူအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်နေတယ်လို့ ပြောသွားပါတယ်။

ဒါကြောင့် ဒီနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသား အားလုံး လွှတ်ပေးဖို့ မစ္စတာ ကင်တားနား က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ အစိုးရ အနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ ဆိုတဲ့အချက် အရေးကြီးပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထိန်းသိမ်းထားတယ် ဆိုတာ လုံးဝ မဖြစ်သင့်တော့ပါဘူးလို့ မစ္စတာကင်တားနားက ပြောသွားပါတယ်။

သူ့ရဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်နေတာကို စုံစမ်း စစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင် တစ်ရပ် အမြန်ဆုံး ဖွဲ့စည်း အကောင်အထည် ဖေါ်ပြီး၊ ဆုံးရှုံး နစ်နာသူတွေရဲ့ ဘ၀ ပြန်လည် တည်ဆောက်ရေးတွေမှာ ကူညီ ဆောင်ရွက်ပေးဖို့ အဆိုပြုထားပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သမ္မတ အနေနဲ့နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ရှိ

2011-10-19 RFA
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အခုတစ်ကြိမ် အစီရင်ခံစာဟာ အရင်ကထက် ပိုပြီး အပြုသဘော ဆောင်လာတယ်လို့ မြန်မာ အစိုးရ ကိုယ်စားလှယ်က မနေ့က ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ခေတ်သစ်ကို ရောက်နေပြီလို့ မြန်မာ ကိုယ်စားလှယ်က ဆိုပါတယ်။ ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ခေတ်မမီတော့တဲ့ ဥပဒေတွေကို ပြောင်းလဲ ပြင်ဆင်နိုင်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတ အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို ခြောက်လ အတွင်း နှစ်ကြိမ်ပေးနိုင်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက် အရ နောက်ထပ်လည်း လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်၊ သမ္မတမှာ လုပ်ပိုင်ခွင့် ရှိတယ်လို့ မြန်မာ ကိုယ်စားလှယ်က ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံက ပြောင်းလဲနေတဲ့ အခြေအနေတွေ အပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အကောင်းမြင်ဖို့ မြန်မာ ကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းတဲ့ အပေါ် ကုလကိုယ်စားလှယ် ကြိုဆိုချက် တရုတ် မကျေနပ်

2011-10-19 RFA(ပေးပို့ သူ - ဗမာ့သွေး )
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ သမ္မတ ဦးသိန်းစိန်က တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားလိုက်တာဟာ ပြည်သူ အများဆန္ဒကို နားထောင်တာဖြစ်လို့ ကြိုဆိုတဲ့ အကြောင်း ဖေါ်ပြခဲ့တဲ့ အပေါ် တရုတ် ကိုယ်စားလှယ်က ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

"တရုတ် အစိုးရ အနေနဲ့ မမှန်ကန်တဲ့ အချက်အလက်ပေါ်မှာ မကျေနပ်ဘူးဆိုတာ ပြောချင်ပါတယ်။ တရုတ်ပြည် အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အခြားနိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတွေကို အစဉ်တစိုက် ပံ့ပိုး အကာအကွယ် ပေးနေပါတယ်။ ဒီမြစ်ဆုံဆည် စီမံကိန်းဟာ မြန်မာ ပြည်သူတွေ အတွက် အကျိုးရှိစေ ပါတယ်။

ဒါ့အပြင် ဒီစံမံကိန်း အတွက် အပြန်အလှန် လေ့လာ သုံးသပ်ပြီးမှ လွန်ခဲ့တဲ့နှစ်တွေ ကတည်းက စတင် အကောင်အထည် ဖေါ်ခဲ့တာပါ။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အကျိုးစီးပွား အတွက် အခြားနေရာတွေမှာ ဆက်ပြီး ပူးပေါင်း ဖက်စပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ တရုတ် ကိုယ်စားလှယ်က ပြောသွားတာပါ။ တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ အဖြစ် ကြိုဆိုကြောင်းလည်း တရုတ် ကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အာဆီယံ ဥက္ကဌ ရာထူး ကိစ္စ ဆိုင်းငံ့ထားသင့်ကြောင်း AIPMC တိုက်တွန်း

2011-10-19 RFA(ပေးပို့ သူ - ဗမာ့သွေး )
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး တိုးတက် ပြောင်းလဲမှု မရှိမချင်း မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အတွက် အာဆီယံ ဥက္ကဌ တာဝန် ပေးသင့် မသင့် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ AIPMC က လက်ရှိ ဥက္ကဌ အင်ဒိုနီးရှား အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ဂျာကာတာမြို့အခြေစိုက် AIPMC ရုံးက အမှုဆောင် ညွန်ကြားရေးမှူး Ms. Agung Astrid (အန်ဂန်း အက်စ်ထရစ်) က မြန်မာပြည် ပြည်တွင်းပြည်ပက ရတဲ့ သတင်း အချက်အလက်တွေ အရ မြန်မာနိုင်ငံမှာ အပြောင်းအလဲ စတင်နေတယ် ဆိုတာ အသိအမှတ်ပြုပေမယ့် အာဆီယံ ဥက္ကဌ ရာထူး ပေးရလောက်အောင် အနိမ့်ဆုံး အဆင့် အခြေအနေကို မရောက်သေးတဲ့အတွက် အာဆီယံ အဖွဲ့ကို အခုလို တိုက်တွန်းတာ ဖြစ်တယ်လို့ RFA ကို ဒီကနေ့ ပြောကြားပါတယ်။ မြန်မာ အာဆီယံ ဥက္ကဌ ဖြစ်ရေးမဖြစ်ရေး ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားတာဟာ အာဆီယံ အဖွဲ့ကြီးနဲ့ ဒေသတခုလုံးရဲ့ အကောင်းဆုံး အကျိုးအစီးပွားဖြစ်မယ်လို့ ယူဆပါတယ်။

ဒါဟာ အာဆီယံ ခေါင်းဆောင်တွေ၊ မြန်မာ လူမှု အဖွဲ့အစည်းတွေဆီက သတင်း အချက်အလက်တွေကို ဆွေးနွေးပြီးမှ တိုက်တွန်းရတာ ဖြစ်ပါတယ်လို့ Ms. Astrid က ပြောသွားပါတယ်။ အနိမ့်ဆုံးအဆင့်အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး မလွတ်သေးသရွေ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး မလုပ်ဆောင်သေးသရွေ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး လမ်းကြောင်းပေါ်ကို မရောက်သေးဘူးလို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။

အာဆီယံ အလှည့်ကျ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါး ဟာ လာမယ့် အပတ်မှာ မြန်မာနိုင်ငံကို လေ့လာရေးခရီးထွက်ဖို့ရှိပြီး နောက်လ (နိုဝင်ဘာလ) ထဲမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာအစိုးရ အဆိုပြုထားတဲ့ ၂၀၁၄ အာဆီယံ ဥက္ကဌ ရာထူး လွှဲအပ်ရေး ကိစ္စကို ဆုံးဖြတ်မယ်လို့ အများက ယူဆထားပါတယ်။

သူ့ခရီးစဉ်မှာ မြန်မာအစိုးရ အရာရှိတွေနဲ့ချည်း မဟုတ်ဘဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ကိုလည်း AIPMC က တိုက်တွန်းထားပါတယ်။ AIPMC အဖွဲ့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို ဆောင်ရွက်နေကြတဲ့ အာဆီယံ ၁၀ နိုင်ငံက ရွေးကောက်ခံ လွှတ်တော် အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး မနေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ တစ်ခုလည်း ကျင်းပခဲ့ပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

IMF နှင့် မြန်မာနိုင်ငံ

By ဒေါ်ခင်စိုးဝင်း ဗုဒ္ဓဟူး, 19 အောက်တိုဘာ 2011(ပေးပို့ သူ - ဗမာ့သွေး )
အမျိုးမျိုးကွဲပြားနေတဲ့ မြန်မာ့ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တစုတစည်းထဲ ဖြစ်စေဖို့အတွက် အကြံပေးပါရန် သမ္မတ ဦးသိန်းစိန်အစိုးရက IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကို အကူအညီတောင်းခံချက်အရ၊ ဒီနေ့ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ IMF ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ဒီခရီးစဉ်အတွင်း ဘယ်လို အကြံပြုနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းရဲ့ သုံးသပ်ချက်ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာ့ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တမျိုးထဲ၊ တစ်စု တစ်စည်းထဲဖြစ်အောင် လုပ်နိုင်မယ့် အခြေအနေရှိပါသလား ဆရာ။

"Exchange Rate Unification ဆိုတာကလဲ အစကတည်းကိုက ကျနော်တို့က FEC ထုတ်ထားတယ်။ FEC ကို ကြေငြာတာကတော့ Green Bag လိုဘဲ FEC သည် တူညီရမယ်လို့ ပြောပြီးတော့ တကယ် လက်တွေ့ကျတော့ FEC နဲ့ အစိမ်းရဲ့ အခွင့်အရေးခြင်း မတူဘူးဆိုရင်တော့ နှုန်းက အမျိုးမျိုး ရှိမှာဘဲ။
တန်းတူ ညီမျှ Operable မဖြစ်ဘူး၊ ကန့်သတ်ချက် ရှိနေတယ်ဆိုရင်တော့ Unification (ပေါင်းစည်းခြင်း) ဆိုတာလဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။"

အစိုးရအနေနဲ့ကတော့ FEC တွေ ပြန်ဝယ်မယ်၊ တဖြည်းဖြည်းနဲ့ FEC တွေ ပြန်သိမ်းမယ့် သဘောရှိတယ်လို့ တရားဝင် ပြောထားတာတော့ ရှိပါတယ် ဆရာ။ အခု IMF ကိုယ်စားလှယ်အဖွဲ့က ငွေလဲလှယ်နှုန်းကို တစု တစည်းထဲ သတ်မှတ်တဲ့ ကိစ္စအပြင် IMF အဖွဲ့ဝင်တွေ လိုက်နာရမယ့် Article 8၊ ပြန်ဌာန်းချက် ၈ မှာပါတဲ့
အချက်အလက်တွေအရ နိုင်ငံတကာနဲ့ ငွေပေးချေတာတွေ၊ ငွေပြောင်း ငွေလွဲ လုပ်တဲ့နေရာတွေမှာ ကန့်သတ်ချက်တွေကို အစိုးရက ရုပ်သိမ်းပေးဖို့ အတွက်ကိုလည်း တိုက်တွန်းမယ်လို့ သိရပါတယ် ဆရာ။

"ကျနော်တို့က IMF ရဲ့ အသင်းဝင်အဖြစ် လက်မှတ်ထိုးထားတယ်။ လက်မှတ်ထိုးပြီးတော့ အသင်းဝင် ဖြစ်တယ်။ လက်မှတ်ထိုးစဉ် အခါကတည်းကိုက သူ့ သတ်မှတ်ချက်၊ ပြန်ဌာန်းချက်ကတော့ လက်မှတ် ထိုးကတည်းက ရှိတာဘဲလေ။ အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာတော့ Member Obligation (အဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များ) ဆိုတာကတော့ ကျနော်တို့ လိုက်နာရမှာဘဲပေါ့နော်။ အစိုးရအနေနဲ့ မရှောင် မလွဲသာတော့ဘူးပေါ့လေ၊ အသင်းဝင် ဖြစ်သွားတယ်ဆိုရင်တော့။"

နောက်တခုက မြန်မာနိုင်ငံကနေ IMF အဖွဲ့ကြီးကို တင်ပြထားတဲ့ စာရင်း ဇယားတွေဟာ မှန်ကန် တိကျမှု မရှိဘူး၊ လုပ်ကြံထားတဲ့သဘော တွေ့ရတယ်လို့ ဝေဖန်တဲ့ အသံတွေလည်း ကြားနေရပါတယ် ဆရာ။ ဒီတော့ မြန်မာနိုင်ငံက ပြုစုတဲ့ ဘဏ္ဍာရေး စာရင်းဇယားတွေအပေါ်မှာ ဆရာ့ရဲ့ အမြင်ကို သိပါရစေ။

"စာရင်းဇယား ပြုစုတဲ့နေရာမှာ အဓိကအားဖြင့်ကတော့ ဟို Nationals Economic Planning (စီးပွားရေး စီမံကိန်း) ပေါ့လေ၊ အဲဒီ အေဂျင်စီ NEP ကဘဲ လုပ်တာ။ အပြင်တွေ ဘာတွေကတော့ သိပ်ပါဝင် ပတ်သက်တာ ကျနော်တို့ မတွေ့ဘူးခင်ဗျ။ ကျောင်းတွေ ဘာတွေကလည်းဘဲ သူ့ဟာသူ Research (သုတေသန) အနေနဲ့ Survey (အချက်အလက် စုဆောင်းတဲ့) အနေနဲ့ ကွင်းဆင်းတာမျိုးလောက်ဘဲ ရှိပြီးတော့ အမျိုးသား စီမံကိန်း ဦးစီးဌာန အနေနဲ့တော့ ဘာမှ ပြီးခဲ့တာတော့ မရှိဘူးပေါ့လေ။"

IMF ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ ဘဏ္ဍာရေးအရ ဆက်သွယ်ရာမှာ ပြန်ပြီး ၀င်ဆန့်အောင် အကြံတွေ ပြုမှာကတော့ သေချာပါတယ်။ မြန်မာ အစိုးရပိုင်း အနေနဲ့လည်း IMF အကြံပြုချက်တွေကို အချိန်အတိုင်းအတာ တစ်ခု သတ်မှတ်ပြီးတော့ ထိထိရောက်ရောက် တုန့်ပြန်တာမျိုးကို IMF က မျှော်မှန်းထားမှာကလဲ သေချာပါတယ်။ ဆရာ့အနေနဲ့ မြန်မာအစိုးရ ဘက်ကရော အချိန်ကာလ အတိုင်းအတာ တစ်ခု သတ်မှတ်ပြီးတော့ တုန့်ပြန်နိုင်မယ့် အလားအလာ ရှိတယ်လို့ ဆရာ ယူဆပါသလား။

"IMF လို အဖွဲ့မျိုးကလာတယ်၊ ကိုယ်ကလည်းဘဲ ကမ္ဘာ့မိသားစုထဲက အဖွဲ့ဝင်တနိုင်ငံ အနေနဲ့ဖြစ်တယ်၊ ဒီပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ သဘောဆန္ဒကိုတောင်မှ တော်တော်လေးကို တလေးတစားနဲ့ ပြန်ပြီးတော့ တုန့်ပြန်ပေးတယ်ဆိုတော့ အစိုးရအနေနဲ့ ကျနော်ထင်ပါတယ်၊ ဟို လိုက်နာလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်။"

IMF ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီခရီးစဉ်ဟာ နည်းပညာပိုင်း အထောက်အကူ ပေးဖို့အတွင် မဟုတ်ဘဲနဲ့ IMF ရဲ့ ပြန်ဌာန်းချက်တွေ၊ လုပ်ထုံး လုပ်နည်းတွေ၊ စည်းမျဉ်းတွေကို အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်အောင် ရှင်းပြမယ့် ခရီးစဉ်လို့လဲ တချို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ် ဆရာ။

"အဖွဲ့ဝင်တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်း စောင့်ကြပ် ထိန်းသိမ်းဖို့အတွက် လာတယ်ဆိုရင်တော့ ဒါကတော့ ဘာမှ ဒီကလဲဘဲ စစ်ဆေးခံရမယ်၊ စည်းကမ်း ကြပ်မတ်မယ် အနေအထားမျိုး ဖြစ်ဖို့ သဘောထားဖို့ မကောင်းပါဘူးနဲ့ တူပါတယ်။ ဒါကတော့ အဖွဲ့ဝင်တဦး ဖြစ်သွားတယ်ဆိုရင်တော့ အဖွဲ့ဝင်တဦး လိုက်နာရမယ့်ကိစ္စ လိုက်နာရမှာပေါ့လေ။ သို့သော်လည်းဘဲ IMF မှာ ခေါင်းဆောင်ပြုနေတဲ့ ကမ္ဘာ့ဘဏ်တို့လို၊ အီးယူတို့လို၊ ဥပမာ US (အမေရိကန်) တို့လို ပုဂ္ဂိုလ်မျိုးက သူတို့ကလဲဘဲ တချို့ ကိစ္စရပ်တွေ မညီဘူး၊ သူတို့ပြဌာန်းတဲ့ ဘောင်အတွင်း သွင်းဖို့ရာအတွက် လာတာမျိုးလည်း ပါရင် ပါနိုင်ပါတယ်။ တောင်းဆိုတာမျိုးလည်း ရှိမှာပေါ့လေ နော်။ ရှိတယ်ဆိုတဲ့ အခါမျိုးကျရင်တော့ ဒီ တောင်းဆိုမှုသည် သူ့ဘက် ကိုယ့်ဘက် မျှတတယ်၊ သူများတကာကလည်းဘဲ လိုက်နာရတယ် ဆိုရင်တော့ ဒါ ကျနော် ထင်ပါတယ်၊ တိုင်းပြည်အနေနဲ့ကလည်း လိုက်နာဖို့ လိုမှာပါ။"

IMF ကိုယ်စားလှယ်အဖွဲ့မှာ၊ ဗဟိုဘဏ်များနဲ့ ငွေကြေး ကိစ္စရပ်များဆိုင်ရာ IMF အကြီးတန်း ဘဏ္ဍာရေး ကျွမ်းကျင်သူ Akelonnberg (အကလောန်ဘတ်ဂ်)၊ မြန်မာနိုင်ငံဆိုင်ရာ IMF တာဝန်ခံ Meral Karasulu ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိ သူတွေ လိုက်ပါလာကြပါတယ်။ IMF ကိုယ်စားလှယ် အဖွဲ့ဟာ မနက်ဖြန် နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။

သီတင်း တပတ်ကျော်ကြာမယ့် ဒီခရီးစဉ်အတွင်းမှာ အစိုးရ တာဝန်ရှိသူတွေ အပြင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ၀ါရှင်တန်ကလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံ လူ့အခွင့်အရေး စိုးရိမ်ရဆဲ

By သားညွန့်ဦး ဗုဒ္ဓဟူး, 19 အောက်တိုဘာ 2011(ပေးပို့ သူ - ဗမာ့သွေး )
မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကို အသိအမှတ်ပြုပေမယ့် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ လုပ်ဆောင်စရာတွေ အတော် ကျန်နေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ကျူးလွန်ခဲ့တာတွေအပါအ၀င် နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ မြန်မာနိုင်ငံအနေနဲ့ မလုပ်ဆောင်ဘူးဆိုရင် နိုင်ငံတကာအနေနဲ့ ဆောင်ရွက်ဖို့ တာဝန်ရှိနေတယ်လို့ လူ့အခွင့်အရေးကိုယ်စားလှယ်က ကုလသမဂ္ဂ၊ အထွေထွေညီလာခံကို တိုက်တွန်းသွားပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ကျန်နေတုန်းပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြသွားခဲ့တာပါ။ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာ့လူ့အခွင့်အရေးကိစ္စကို မနေ့က ဆွေးနွေးကြရာမှာ နိုင်ငံရေး အသွင်ကူးပြောင်းမှုတရပ်မှာ အတိတ်တုန်းကဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရော၊ အခုလက်ရှိဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ အာဏာပိုင်တွေအနေနဲ့ ဖြေရှင်းကိုင်တွယ်ဖို့ လိုအပ်မယ်ဆိုတဲ့အချက်ကို မစ္စတာကင်တာနားက အလေးပေး ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားမှုတွေ ဆက်လက်ခံရနေတုန်းပဲလို့လည်း မစ္စတာကင်တာနားက ပြောပါတယ်။

အသံ ၅

မြန်မာအစိုးရအနေနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းလိုက်တာကို ကြိုဆိုလိုက်ပေမယ့် ဒီကော်မတီကို ဖွဲ့စည်းမှု၊ လုပ်ထုံးလုပ်နည်း စတာတွေမှာ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီမညီဆိုတဲ့ နေရာမှာတော့ မစ္စတာကင်တာနားက သံသယရှိတာတွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီ ကော်မရှင်အနေနဲ့ အထွေထွေညီလာခံက အတည်ပြုထားတဲ့ principal ပဲရစ် အခြေခံဥပဒေသ အတို်င်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ်အနေနဲ့ ရှိသင့်ရှိထိုက် လုပ်သင့်လုပ်ထိုက်ရမယ့် သတ်မှတ်ချက်တွေအတိုင်း ဖြစ်ဖို့ လိုအပ်မယ်လို့ မစ္စတာကင်တာနားက အကြံပြုပါတယ်။

တရားရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ သိသိသာသာမတွေ့ရတဲ့အပေါ်မှာလည်း စိုးရိမ်စရာ ဖြစ်ရတယ်လို့ မစ္စတာကင်တာနားက မှတ်ချက်ပြုပါတယ်။ အထူးသဖြင့်တော့ တရားရေးပိုင်းဆိုင်ရာကို အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်တာ၊ တရားရေးလွတ်လပ်ခွင့် ကင်းမဲ့တဲ့အချက်တွေကို ပြင်ဖို့ လိုမယ်လို့ ထောက်ပါတယ်။

အသံ ၂။

ဒါပေမယ့်လည်း မကြာမီလပိုင်းအတွင်းမှာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အလေးထား ဆောင်ရွက်လာမှုတွေကိုလည်း မစ္စတာကင်တာနားက အသိအမှတ်ပြုပါတယ်။

အသံ ၁

တချိန်တည်းမှာပဲ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အထူးသဖြင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်၊ ဆန္ဒ ဖော်ထုတ်ပြသခွင့် စတာတွေကို လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြတာကို မစ္စတာကင်တာနားက ကြိုဆိုပါတယ်။ တဆက်တည်းပဲ လွှတ်တော်အမတ်တွေ လွတ်လွတ်လပ်လပ် ပြောဆိုခွင့် တင်ပြခွင့်ရှိဖို့၊ ဒီအတွက်သူတို့ကို ပြန်ပြီး အရေးယူတာမျိုးမဖြစ်စေဖို့ကိုလည်း မစ္စတာကင်တာနားက ထောက်ပြခဲ့ပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အစိုးရသစ်အတွက် စမ်းသပ်ချက်တခုဖြစ်လိမ့်မယ်လို့ မစ္စတာ ကင်တာနားက ပြောပါတယ်။ အထူးသဖြင့် ဒီကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ အစုအဖွဲ့အားလုံး ပါဝင်ခွင့်ရဖို့လိုသလို ဒီရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝမရှိဖို့လိုမယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။

အသံ ၎

အခုလို ပြည်တွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်မှာ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာနေတာကြောင့် ဒီအချက်တွေကြည့်မယ်ဆိုရင် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရမှာ လုပ်စရာတွေ အများကြီးကျန်သေးတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။ အစိုးရသစ်လက်ထက် တိုင်းရင်းသားဒေသ တိုက်ပွဲတွေကြောင့် ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။

အသံ ၃

မစ္စတာကင်တာနားအနေနဲ့ လာမယ့် မတ်လ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အစီရင်ခံစာသစ် ပြန်လည်တင်သွင်းမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမတိုင်ခင် သူ့အနေနဲ့ မြန်မာပြည်ကို ထပ်ပြီး သွားရောက်စစ်ဆေးခွင့်ရဖို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, October 19, 2011

KIA ဌာနချုပ်အနီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ

Monday, 17 October 2011 18:33 သျှမ်းသံတော်ဆင့်(ပေးပို့ သူ - ဗမာ့သွေး)
KIA ဌာနချု ပ်တည်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့ အနီးသို့ အစိုးရစစ်ကြောင်းများ အလုံးအရင်းဖြင့် ချဉ်းကပ်လာရာ နှစ်ဘက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း KIA စစ်ဘက်သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ပြောသည်။ယမန်နေ့ ညနေပိုင်းမှ ယနေ့အထိ လိုင်ဇာမြို့မှ ၁၀ မိုင်ကျော်ခန့် ကွာဝေးသော မြစ်ကြီးနား - ဗန်းမော်ကား လမ်းဘေးရှိ နမ်ဆန်ယန်ရွာအနီးတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

“နမ်ဆန်ယန်ရွာနားမှာ မနေ့ညနေပိုင်း ၃ နာရီလောက်ကနေ စဖြစ်တယ် ဒီနေ့အထိ ကြိုကြားကြိုကြား ဖြစ်နေ တုန်း ပဲ တပ် မ ၃၃ ၊ ၆၆ အဲဒီတပ်တွေပါတယ် မန္တလေး၊ စစ်ကိုင်းဘက်ကတပ်တွေလည်းညှပ်ပြီးထည့်ထား တာပေါ့” ဟု KIA ရှေ့တန်းသတင်းရပ်ကွက်မှ ပြောသည်။

ဗန်းမော်ဘက်မှ လိုင်ဇာအနီးသို့ ချဉ်းကပ်လာသော အစိုးရတပ် အင်အား ၄၀ဝ ကျော်ခန့်ရှိပြီး အဆိုပါ စစ်ကြောင်း နှင့် KIAတို့ လိုင်ဇာမှ ၁၀ မိုင်ခန့်ဝေးသော မန်မော်ရွာအနီးတွင် ယခုလ ၁၄ ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သေး ကြောင်းသိရ သည်။အလားတူ မြစ်ကြီးနား - လိုင်ဇာကားလမ်း ရွေညောင်ပင်အနီးတွင် KIAနှင့် အစိုးရတပ်တို့ ယမန်နေ့က အထိ ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး အစိုးရတပ်ဘက်မှ အထိအခိုက် အကျအဆုံးများပြားကြောင်း သိရသည်။

တရုတ်နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက - “တပ်တွေအလုံးအရင်းနဲပို့နေတာ လိုင်ဇာကို ထိုးဖို့အစီ အစဉ် ရှိပုံရတယ် လက်နက်ကြီးတွေကို လားနဲ့တင်တယ် ၁၂၀ မမပေါ့ ၁၅၅ တို့ ၁၀၅ တို့ကျတော့ လားနဲ့တင်ဖို့မဖြစ် နိုင်ဘူးလား၊ အကောင်ရေ ၃၀ဝ လောက်ရှိတယ် တချို့ကအရပ်ဝတ်တွေနဲ့လာတာ” - ဟု ဆိုသည်။

တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ လူ့အခွင့်အရေးချိုးဖေါက်နေပြီး ယခုလ ၁၆ ရက်နေ့က နမ်ဆန်ယန်ရွာ ကစ်သလစ် ဓမ္မဆရာ ဦးအောင်လီကို အစိုးရတပ်က ဖမ်းဆီးထားကြောင်း KIA သတင်းရပ်ကွက်အဆိုအရသိရ သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, October 18, 2011

မုန်တိုင်းသတိ

(ပေးပို့ သူ- အိမ်မက်မဟုတ်ပါ)

ဘင်္ဂလားပင်လယ်အော် ထဲမှာ မုန်တိုင်ဖြစ်နိုင်ခြေ ပိုများလာပြီလို့ ထင်ပါတယ်။ပုံမှာ တိမ်တွေ ပိုစုလာသလို မုန်တိုင်အင်္ဂါရပ်တွေ ပိုပြီပြင်လာပါတယ် စောင့်ကြည့်ဖို့ ပိုပြီး လိုပါပြီ ထင်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ကာချုပ်ကြီး မင်းအောင်လှိုင် ခင်ဗျား

(ပေးပို့ သူ- အိမ်မက်မဟုတ်ပါ)
ကျနော် သေသေချာချာ နဲ့ လေးလေးစားစား ခေါ်ပါရစေ

ဟုတ်ကဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ခင်ဗျား

ကျနော် မေးခွန်းလေးတွေမေးချင်လို့ပါ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာကို ဘယ်သူပေးလို့ ရောက်လာတာပါလဲ

ကိုယ်ပိုင် အရည်အချင်းကြောင့် ရောက်လာတာလား ၊ လက်ညှိုးထောင် ခေါင်းညှိမ့်
ကျွမ်းလို့ ရောက်လာတာလား ၊

ဟုတ်ကဲ့ တဆိတ်လောက် မေးခွန်းလေးတွေ ထပ်မေးပါရစေ

ဗမာ့တပ်မတော်ကြီးကို ဘယ်သူစတင်မွေးဖွားခဲ့တာပါလဲ

ဘယ်သူလို့ပြောရင် တစ်ယောက်ထဲ ဖြစ်မှာစိုးလို့ ဘယ်သူတွေ မွေးဖွားခဲ့တာပါလဲ

ဘာရည်ရွယ်ချက်နဲ့ မွေးဖွားခဲ့တာပါလဲ

တပ်မတော်က တပ်မတော်ကို မွေးဖွားခဲ့တာလား ( ဂျပန်ဖက်ဆစ် စစ်တပ်က
ဗမာစစ်တပ်ကို မွေးဖွားခဲ့တာလား)

ပြည်သူကို ကောင်းစားစေချင်တဲ့ ခေတ်ပညာတတ် လူငယ် ကျောင်းသား တွေက
မွေးဖွားခဲ့တာလား (သခင် အောင်ဆန်း စသည်ဖြင့်ပေါ့)

ဒါကို ပထမ ဦးဆုံး သေသေချာချာ နားလည်ရပါမယ် ကာချုပ်ကြီးရယ်

တပ်မတော် စတင် သန္ဓေတည် မွေးဖွားခြင်းရဲ့ ရည်ရွယ်ချက်ပေါ့

အင်းလေ

ကြာခဲ့ပြီ ဆိုတော့လည်း ဘယ်လိုပြောရမလဲ ရည်ရွယ်ချက်တွေက တိုးတက်သွားတာလား
ပြောင်းလဲသွားတာလား အရင်အတိုင်းပဲလား မေးရတာပေါ့

နောက်တစ်ခု

တပ်မတော် စပြီးဖွဲ့ ကတည်းက အခုချိန်အထိ တပ်မတော်ကို ထမင်းကျွေးနေတာ ဘယ်သူတွေလဲ

ကာကွယ်ရေးဝန်ကြီးလား ၊ ၀န်ကြီးချုပ်လား ၊ သမ္မတ လား ၊ ပြည်သူပြည်သား
တိုင်းရင်းသားတွေလား

စစ်သားဆိုတာ အောက်ဆိုဒ်ဝင်ငွေ ရှိကြတဲ့သူတွေ မဟုတ်ကြလေတော့
(စစ်ဗိုလ်တွေလည်း အောက်ဆိုဒ်ရှိပုံ မရကြပါဘူး)

ထမင်းကျွေးရုံတင်မကပါဘူး ၊ အ၀တ်အစားဆင် ၊ နေစရာနေရာ ပေးထားတာလည်း ဘယ်သူတွေပါလည်း

ပြည်သူပြည်သား တိုင်းရင်းသားတွေပါ

ညဘက် ဘုရားရှိခိုးအပြီး မေတ္တာပို့တဲ့အခါ ထမင်းရှင်အစစ် နဲ့ အတု လွဲနေမှာ
စိုးလို့ပါ (စစ်ဗိုလ်တွေ ည မအိပ်ခင် ဘုရားရှိခိုးတယ်လို့ ထင်လိုပါဗျာ)

နောက်တစ်ခု

ကျနော်တို့ ဗမာပြေက ကမ္ဘာ့အချမ်းသာဆုံးမှာ နံပါတ်ဘယ်လောက်ချိတ်ပါသလဲ အဲလေ
ယောင်လို့ ကမ္ဘာ့ အဆင်းရဲဆုံးမှာ နံပါတ် ဘယ်လောက်ချိတ်ပါသလဲ

လွတ်လပ်ရေးရကာစ ဗမာပြေနဲ့ပတ်ဝန်းကျင်နိုင်ငံတွေ နှိုင်းယှဉ်ချက် နဲ့
လက်ရှိ ဒီကနေ့ ဗမာပြေနဲ့ပတ်ဝန်းကျင်နိုင်ငံတွေ နှိုင်းယှဉ်ချက် ဘယ်လိုများ
ကွာခြားပါသလဲ

အခု ဒီလိုဖြစ်ရတာ ဗမာတွေ အသုံးမကျလို့လား ခေါင်းဆောင်လုပ်တဲ့သူ
ညံ့လို့လား ကံတရားကြောင့်လား (ကံကြောင့်လားဆိုတာ ဘုန်းဘုန်းတွေကို
မေးကြည့်ပါ)

နောက်ပြီး ခေါင်းဆောင်ဆိုတဲ့နေရာက အရည်အချင်းနဲ့ ရောက်ရတာလား အတင်းလုယူရတာလား

ဒါမှမဟုတ် တယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ နဲ့ (ငါ ငါ့မိန်းမ
ငါ့ဆွေမျိုးတွေနဲ့ ငါ့စည်းစိမ်ဥစ္စာတွေကို ငါ့မြေးတစ်သက်
စောင့်ရှောက်စေသတည်း ဆိုတာနဲ့) ဒီနေရာကိုပေးခဲ့တာလား

စဉ်းစားပါ သေသေချာချာစဉ်းစားပါ ကာချုပ်ကြီးရယ်

အသိဥာဏ်မရှိတဲ့သူတွေ လက်ခုပ်တီးပြီးပေးနေတာက အယောင်ဆောင်သူရဲကောင်းဆိုတဲ့ဆုပါ

ပညာရှိတွေ ပြည်သူပြည်သားတွေ က သစ္စာဖောက်လို့ ရာဇ၀င်မှာ စာအတင်မခံချင်စမ်းပါနဲ့

အခု ဘာကြောင့် တိုင်းရင်းသားအချင်းချင်း စစ်တိုက်နေရတာလဲ

ဘယ်သူခိုင်းလို့လဲ ဘယ်သူကမြှောက်ပေးနေလို့လဲ ဘယ်သူ့အကျိုးစီးပွားအတွက်လဲ
ပြောပါအုံး ကာချုပ်ကြီးရဲ့

နိုင်ငံရေးစင်မြင့်ကို လှမ်းကြည့်စမ်းပါ

အန်တီဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့
မျက်နှာချင်းဆိုင် ညှိနှိုင်းဆွေးနွေးနေကြပါပြီ

သူတို့ ဆွေးနွေးနေကြတာဟာ အာဏာခွဲယူဖို့ မဟုတ်သလို
ဆွေမျိုးသားချင်းကောင်းစားဘို့လည်းမဟုတ်ပါဘူး

ကာချုပ်ကြီးကို ရာထူးက ချ ပြီး နောက် ကာချုပ်တစ်ယောက် အစားထိုးဖို့ လည်း မဟုတ်ပါဘူး

မကြာခင် ဒီပွဲမှာ ကာချုပ်ကြီးက တတိယ နေရာကနေ အရေးပါလာမယ့်သူတစ်ယောက်ပါ

ဟုတ်ပါတယ် အန်တီဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့
ပြီးရင် ကာချုပ်ကြီးက တတိယနေရာက အရေးပါလာမှာပါ

အဲဒီအချီန်မှာ ကာချုပ်ကြီးလက်က ကိုယ့်ညီအစ်ကိုတိုင်းရင်းသားတွေရဲ့
သွေးတွေစွန်းနေရင် ကြည့်မကောင်းပါဘူး

စဉ်းစားပါ သေသေချာချာစဉ်းစားပါ ကာချုပ်ကြီးရယ်

ဒီလိုစစ်တိုက်နေတာဟာ ကာချုပ်ကြီး လက်စွမ်းပြနေတာလား ချောက်ထဲကိုခုန်ချနေတာလားလို့

တောင်းပန်ပါတယ် ချောက်ထဲကိုခုန်မချပါနဲ့ ကာချုပ်ကြီးရယ်Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ထောင်နှင့် ချီသည့် တရုတ်အစိုးရတပ်ဖွဲ့များ ကချင်နယ်စပ်တလျောက် နေရာယူ

ဇော်ကြီး သတင်းနှင့်မီဒီယာ ကွန်ယက် အောက်တိုဘာလ ၁၄ ရက်၊ ၂၀၁၁ ခုနှစ်။(ပေးပို့ သူ - ဗမာ့သွေး )
မြန်မာပြည်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ် တလျောက်သို့ ထောင်နှင့်ချီသည့် တရုတ်အစိုးရ တပ်များ ဖြန့်ချထားသည်ဟု နယ်စပ် သတင်းများက ဆိုသည်။
တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ်မြို့များဖြစ်သည့် ကျန်းဖုန်း (လွယ်ကျယ်နှင့် မျက်နှာချင်းဆိုင်)နှင့် ယင်ကျန်းမြို့(လိုင်ဇာအနီးရှိ တရုတ်မြို့) များသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်ဟု တရုတ် အစိုးရ အာဏာပိုင်များထံမှ သိရကြောင်း လိုင်ဇာမြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက အခုလိုပြောသည်။

“ကျန်းဖုန်းမှာ တရုတ်စစ်တပ်အင်အား (၃၀၀၀) လောက်ရောက်တယ် ပြောတယ်။ ခန့်မှန်းခြေ ပေါ့နော်။ ပြီးတော့ လက်နက်ကြီးတွေ ပါတယ်လို့ကြားတယ်။ နောက် ယင်ကျန်းဘက်ကိုလည်း ပို့ထားပြီလို့ ပြောတယ်။ အဲဒါ သေခြာအောင်လို့ ကျနော်တို့လူတွေကို လိုက်ကြည့်ခိုင်းတာ ကွန်ဖမ်း ဖြစ်တယ်။”

နယ်စပ်တလျောက် ယခုလို တရုတ်အစိုးရတပ်ဖွဲ့များ အလုံးအရင်းဖြင့် နေရာယူထားသည့်အပေါ် “သူတို့ ရည်ရွယ်ချက်ကတော့ နယ်စပ် လုံခြုံရေးပေါ့။ ပြီးတော့ အစိုးရတပ်ဖက်က လေယာဉ်တွေ ဘာတွေ ကျော်ဝင်လာရင် ကာကွယ်ဖို့လည်း ပါတယ်ဆိုပြီး အဲလိုပဲ သတင်းလွှင့်ထားတယ်။ ဒီသတင်းက တရုတ်ဖက်က ရတဲ့ သတင်းပါ။” ဟု ၎င်းက ဆက်ပြောသည်။

တရုတ်မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ယင်းကိစ္စ တရုတ်အစိုးရ အာဏာပိုင်ဘက်မှ ထုတ်ဖော် မပြောသော်လည်း ဒေသခံလူထုထံက သိရကြောင်း အခုလို ပြောသည်။

“ကျနော်လည်း မေးပြီးပြီ။ ကျနော်တို့ လူထုကလည်း မြင်တဲ့ကောင်က မြင်တယ်။ လုံးကျန်းခရိုင် ကျန်းဖုံမှာ တော်တော်များများ မြို့ပြင်က ကျောင်းတွေတို့ စက်ရုံဟောင်းတွေတို့ ဘာတို့မှာ တပ်တွေ တွေ့ရတယ်လို့ ပြောတယ်။ လက်နက်ကြီးတွေလည်း ပါတယ်လို့ ပြောတယ်။”

တရုတ်အစိုးရတပ်များ ရောက်ရှိနေသည့် မြို့များသည် ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO နှင့် အစိုးရတပ်ဖွဲ့တို့ လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် နယ်စပ်ချင်း ထိစပ်နေသည်။

နယ်စပ်လက်နက်ကိုင် တပ်ဖွဲ့များ၏ အတွေ့ အကြုံများအရ တရုတ်စစ်တပ်များ နယ်စပ်ဒေသသို့ အများအပြား ရောက်ရှိလာပြီး မကြာမီတွင် မြန်မာစစ်တပ်က ထိုးစစ်ကြီးများ ဆင်နွဲလေ့ရှိသည်။ ထိုးစစ်ကြီးများရှိပါက တရုတ်ပြည်သူ့ တပ်မတော်သို့ အရင် အကြောင်းကြားရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် KIO ဌာနချုပ် လိုင်ဇာမြို့အပါအ၀င် တောင်ဘက် နယ်စပ်တလျောက်ရှိ တာပိန် ရေအားလျပ်စစ် စီမံကိန်း တည်ဆောက်ရာ မိုးမောက်မြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် အတွက် မကြာမီ အစိုးရက KIO အား ထိုးစစ်ကြီး ဆင်နွဲလာမည့် လက္ခဏာ တွေ့ရကြောင်း ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

လောလောဆယ်တွင် KIO ဌာနချုပ် လိုင်ဇာမြို့မြောက်ဖက်နှင့် အနောက်ဖက်ရှိ မိုင်နှစ်ဆယ် ပတ်လည်ခန့် အတွင်း အစိုးရနှင့် KIO တို့ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရကြောင်း လိုင်ဇာမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်က အခုလို ပြောသည်။

“တိုက်ပွဲကတော့ မနေ့ကလည်း ပြင်းထန်နေတယ်။ ပါဂျို၊ နားဖော့ အောက်ဖက် မှာတော့ အခုလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်တယ်။ မနေ့က ၀ိုင်းမော်၊ ရွှေညောင်ပင်ဘက်ကနေ ကားခုနှစ်စီးတောင် တက်ခဲ့တာကိုး။ သူတို့ စစ်ကူဖြည့်ဖို့ လာတာလား ဘာလားတော့ မသိဘူး။ အခု လမ်းမှာစောင့်ပြီးတော့ ချကုန်ပြီ။ တိုက်ပွဲတော့ နည်းနည်း ပြင်းတယ်။ လက်နက်ကြီးတွေနဲ့ ချည်းပဲ ချနေတာ။”

အစိုးရတပ်မှ ဒေသတွင်း စစ်အင်အားပိုမို ဖြည့်တင်း လာသည့်အပေါ် ဌာနချုပ် လိုင်ဇာမြို့သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု အစောပိုင်းကာလ ကတည်းက KIO မှ ခန့်မှန်း ပြောဆို ထားသည်။

အစိုးရနှင့် KIO တို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကွန်ပျူတာ စွမ်းအင်တွက်ချက်မှု၊ ‘မိုး နိယာမ’ ထက် သာလွန်တဲ့ ‘ကူးမေး နိယာမ’

Sunday, 16 October 2011 11:11 ကိုဘလိတ်(ပေးပို့ သူ - ဗမာ့သွေး )
Intrel ကုမ္ပဏီကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဂေါ်ဒွန်မိုး (Gordon Moore) ဟာ ၁၉၆၅ ခုနှစ်မှာ ဆီလကွန် ချပ်စ်ပြား လို့ လူသိများတဲ့ integrated circuits- IC ရဲ့ ဥပဒေသတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

သူ့တွေ့ရှိချက်အရ ဆီလကွန် ချပ်စ်ပြားတွေကို ၁၉၅၈ ခုနှစ် တီထွင်ပြီးကတည်းက၊ ချပ်စ်ပြား တစ်ခုချင်းစီမှာ ပါဝင်တဲ့ သိပ်သည်းဆဟာ တစ်နှစ်ကို နှစ်ဆ တိုးနေတယ်လို့ ဆိုပါတယ်။ အဲဒီတွေ့ရှိချက်ဟာ အနည်းဆုံး ဆယ်စုနှစ် တစ်ခုလောက် ဆက်ဖြစ်နေမယ်လို့ ဂေါ်ဒွန်မိုး က တွက်ချက်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်ကျတော့ ဂေါ်ဒွန်မိုး က ချပ်စ်ပြားတွေရဲ့ သိပ်သည်းဆ (component density) ဟာ နှစ်နှစ်ကြာတိုင်း နှစ်ဆ တိုးတယ်လို့ ထပ်မံ အတည်ပြု ပြောဆိုခဲ့ပါတယ်။

တကယ့် လက်တွေ့မှာတော့ တကိုယ်ရည်သုံး ကွန်ပျူတာ (PC) တွေရဲ့ ဆောင်ရွက်နိုင်စွမ်းဟာ ၁၈ လ ကြာတိုင်း နှစ်ဆ ပုံမှန် တိုးလျက် ရှိပါတယ်။ အဲဒီနှုန်းဟာ ဆယ်စုနှစ် လေးငါးခု ပုံမှန်ဖြစ်ထွန်းနေပြီး၊ ဒီတိုးတက်မှု ဖြစ်စဉ်ကို 'မိုး နိယာမ' (Moore's Law) လို့ လူသိများပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း ကွန်ပျူတာတွေဟာ မိုဘိုင်းဖုန်းလို ဖြစ်လာတဲ့အခါမှာတော့၊ အသုံးပြုသူတွေ ဘက်က စိုးရိမ်စရာတွေ ရှိလာပါတယ်။ မိုဘိုင်းဖြစ်လာတဲ့ ကွန်ပျူတာတွေရဲ့ ရေရှည် စွမ်းဆောင်ရည်နဲ့ ဘက်ထရီရဲ့ သက်တမ်းတွေကို သံသယ ရှိကြတာ ဖြစ်ပါတယ်။

အဲဒီအတွက် စတန်းဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာ Jonathan Koomey နဲ့ အဖွဲ့က သုတေသန လုပ်ခဲ့ကြပြီး၊ မိုဘိုင်း ကွန်ပျူတာရဲ့ ထိထိရောက် စွမ်းဆောင်နိုင်မှု ဥပဒေသစ်ကို ထပ်မံ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ သူတို့ တွေ့ရှိချက်အရ၊ ၁၉၄၅ ခုနှစ်က စပြီး ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ ၁.၆ နှစ်တိုင်း (တစ်နှစ်ခွဲကျော် ကြာတိုင်း) နှစ်ဆ တိုးနေတယ်လို့ ဆိုပါတယ်။

မိုဘိုင်းနဲ့ တစ်ခြားသော ကွန်ပျူတာ အခြေပြု လျှပ်စစ်ပစ္စည်းတွေအတွက် နေစွမ်းအင်၊ လေ စတဲ့ သဘာဝ ရင်းမြစ်တွေက ရမယ့် စွမ်းအားတွေကို အသုံးပြုပြီး စွမ်းရည်ပိုမိုမြင့်မားလာအောင်လို့ ပညာရှင်တွေက စမ်းသပ်တီထွင်နေကြပါတယ်။

အဲဒီစမ်းသပ်မှုဟာ အောင်မြင်မှုတွေလည်း ရရှိပြီး ကွန်ပျူတာ စွမ်းရည်တွေ ဆက်လက် တိုးတက်နေဖို့လည်း အကူအညီ ဖြစ်စေပါတယ် လို့ IEEE (Institute of Electrical and Electronics Engineers) နှစ်ပတ်လည် ထုတ် industry research journal မှာဖော်ပြခဲ့ပါတယ်။ IEEE အဖွဲ့ထဲက လေ့လာသူများကတော့ အဲဒီ အောင်မြင်မှုကို "Koomey's law" အသစ်တစ်ခု အဖြစ်ခေါ်ဆို သမုဒ် ကြပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လျှပ်စစ်မီး ဆင်းရဲမွဲတေမှုကို ၂၀၃၀ ခုနှစ်မှာ အပြီးတိုက်ဖျက်

Sunday, 16 October 2011 10:02 မောက္ခနိုင်ငံတကာသတင်း(ပေးပို့ သူ - ဗမာ့သွေး )
လက်ရှိ ကမ္ဘာ့လူဦးရေ သန်း ၇ ထောင်နီးပါးတွင် လျှပ်စစ်မီးမရှိဘဲ နေထိုင်နေရသူ သန်း တစ်ထောင့်သုံးရာ (၁.၃ ဘီလီယံ) ကျော် ရှိသည်။ လျှပ်စစ်မီး မရှိခြင်းမှာ ထင်ရှားတဲ့ ဆင်းရဲမွဲတေမှု လက္ခဏာ ဖြစ်သည်။

ကမ္ဘာပေါ်မှာ လျှပ်စစ်မီးမရှိ နေကြသူ ၉၅ ရာခိုင်နှုန်းက ဆဘ်ဆာဟာရ အာဖရိကနဲ့ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေမှ ဖြစ်သည်။ ၄င်းတို့အနက် ၈၄ ရာခိုင်နှုန်းက ကျေးလက်တောရွာတွေမှ ဖြစ်သည်။ အဲဒီဒေသတွေရဲ့ ငှက်ဖျားနဲ့ HIV/AIDS ပြဿနာတွေကို စိတ်ဝင်တစား ရှိကြပေမဲ့၊ လျှပ်စစ်မီး မရှိတဲ့ ပြဿနာကိုတော့ ယခုထိ အလေးမထားကြဆဲပင်။

လျှပ်စစ်မီး မရှိတဲ့ဘ၀ဟာ အဖက်ဖက်မှာ ဖွံ့ဖြိုးမှုနောက်ကျပြီး၊ ငြီးငွေ့စရာ ဖြစ်သည်။ တီဗီမရှိ၊ MP3 မရှိ၊ ဗီဒီယိုဂိမ်း မရှိ၊ ကွန်ပျုတာမရှိ၊ အင်တာနက်မရှိ၊ မိုဘိုင်းဖုန်း မရှိ။ ကမ္ဘာ့နဲ့ အဆက်ပြတ်ပြီး အထီးကျန်နေသည်။ စာအုပ်တော့ ဖတ်လို့ရမည်။ ဒါပေမဲ့ ညဖက်မှာ ရေနံဆီ မီးခွက်၊ ဖယောင်းတိုင်၊ ထင်းမီးဖိုတွေနဲ့ မိသားစု နေကြရမည်။ လျှပ်စစ်မီး မရှိတဲ့အတွက် ဆေးရုံမရှိ။ ခေတ်မှီဆေးဝါးထားဖို့ ရေခဲသတ္တာမရှိ။ ကျန်းမာရေးရော ၀င်ငွေပါ အဖက်ဖက်မှာ ဆုံးရှုးံနေရသည်။ ပညာရေးမှာ လူစဉ်မမှီ ဖြစ်ကြရသည်။

ဒါကြောင့် ကုလသမဂ္ဂက ၂၀၁၂ ခုနှစ်ကို 'အားလုံးအတွက် စဉ်ဆက်မပြတ် စွမ်းအင် ရရှိရေး နိုင်ငံတကာနှစ်' (International Year of Sustainable Energy for All) အဖြစ် မကြာခင်က ကြေငြာလိုက်သည်။ IEA အဖွဲ့ကလည်း အောက်တိုဘာ ၁၀ ရက်နေ့မှာ တစ်ကမ္ဘာလုံး လျှပ်စစ်မီး ရရှိရေး စီမံကိန်းကိန်းအတွက် အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့သည်။ တစ်နှစ်ကို ဒေါ်လာ ၄၈ ဘီလီယံ ပုံမှန် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ၂၀၃၀ ခုနှစ်မှာ တစ်ကမ္ဘာလုံးအနှံ့ မီးလင်းစေမည့် စီမံကိန်း ဖြစ်သည်။ ၂၀၃၀ ခုနှစ်ကျရင် ဘယ်သူမှ အမှောင်ထဲ မနေရဖို့ ဖြစ်သည်။

ဒါပေမဲ့ ပြဿနာက တစ်နှစ် ဒေါ်လာ ၄၈ ဘီလီယံ ရင်းနှီးမြှုပ်ရေး ကိစ္စဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက IEA အဖွဲ့က ချပြတဲ့ ပမာဏကို တွန့်ဆုတ်နေကြသည်။ တကယ်လို့ ဆင်းရဲတဲ့ ဒေသတွေကို လျှပ်စစ်မီးလင်းဖို့ ရင်းနှီးမြှုပ်နှံလိုက်ရင်၊ ရေရှည် သူတို့ ပစ္စည်းတွေ တင်ပို့ရောင်းရချက်နဲ့ ကာမိပါ့မလား စဉ်းစားကြသည်။ တစ်နှစ် ၄၈ ဘီလီယံ ဆိုတာ နည်းနည်းနောနော ငွေမဟုတ်။

ဘယ်လိုပဲဖြစ်ဖြစ် ကုလသမဂ္ဂနဲ့ IEA အဖွဲ့ကတော့ ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်စွမ်းအင် ဆင်းရဲမွဲတေမှု ပြဿနာကို အပြတ်တိုက်ဖျက်ဖို့ ကြွေးကြော်ထားသည်။ ညဖက် ကမ္ဘာ့ဂြိုဟ်တုက ပေးပို့တဲ့ပုံတွေကြည့်လိုက်ရင် ချမ်းသာတဲ့ တိုင်းပြည်တွေမှာ မီလင်းပြီး၊ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ပိန်းပိတ်အောင် မှောင်မည်းနေသည်။

၂၀၃၀ ခုနှစ်မှာတော့ အားလုံး အလင်းရောင် ရရှိမည်ဟု ယူဆရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အစိုးရတာဝန် ယူထားရသော မြန်မာ ဘုန်းတော်ကြီး စာသင်ကျောင်းများ

Sunday, 16 October 2011 15:12 administrator မောက္ခ ဘကကျောင်းရေးရာ(ပေးပို့ သူ - ဗမာ့သွေး )
မြန်မာကလေးငယ် ၂ သိန်းကျော်၏ ကျောင်းပညာရေးကို ဘုန်းတော်ကြီးသင် ပညာရေးက တာဝန်ယူထားရကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်ကို ထုတ်ပြန် ကြေငြာခဲ့ရာတွင် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်မှာ အခြားသော ဌာနများနှင့် နှိုင်းယှဉ်ပါက ရာခိုင်အရ (၂) ရာခိုင်နှုန်းခန့်သာရှိနေသည်။ ဤဘတ်ဂျတ်ငွေနှင့် ကျောင်းနေအရွယ် ကလေးငယ် ၁၃ သန်းခန့်အတွက် မည်သို့မျှ မလုံလောက်ကြောင်းလည်း သိရှိရသည်။

မြန်မာအစိုးရ၏ ပညာရေးအတွက် စုစုပေါင်း သုံးငွေမှာ ကျပ်သန်းပေါင်း (၃၅၂ ၅၄၈) ရှိကြောင်း ကြေညာခဲ့သည်။ ဤငွေပမာဏမှာ ကျောင်းပေါင်း (၄၀၉၀၀) လေးသောင်းကိုးရာ၊ ကျောင်းသား (၈၀၀၀၀၀၀) ရှစ်သန်း၊ ဆရာ အရေအတွက် (၂၇၄၀၀၀) နှစ်သိန်း ခုနှစ်သောင်း လေးထောင်၊ ကောလိပ် (၆၄) ကျောင်းနှင့် တက္ကသိုလ် (၉၇) ခုနှစ်အတွက် သုံးမည့် ငွေကြေးဖြစ်သည်။ စစ်အသုံးစရိတ်သည် နိုင်ငံတော်မှ သုံးသည့်ကဏ္ဍများတွင် အများဆုံး ဖြစ်သည်။ ၄၀ ရာခိုင်နှုန်းကျော် ရှိနေသည်။

ဤကဲ့သို့ နိုင်ငံတော် အသုံးစရိတ်ကို ကြေညာခြင်း မရှိသည်မှာ နှစ်ပေါင်း (၂၂) နှစ်ကြာ မြင့်ခဲ့ပြီဖြစ်သည်။ ပညာရေး အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ (၄.၄၂) ရာခိုင်နှုန်း သုံးစွဲမည် ဟုကြေငြာပြီးနောက် ဘုန်းတော်ကြီး ကျောင်းများအား အခြေခံပညာ အလယ်တန်းထိ ပညာသင်ကြားခွင့် ပြုကြောင်းမကြာမီက အစိုးရမှ ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၁၃ စာသင်နှစ်မှစ၍ မူလတန်းလွန်ထိ ဖွင့်လှစ်သင်ကြားနေသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ အား အခြေခံပညာ အလယ်တန်းအထိ တိုးချဲ့သင်ကြားခွင့် ရရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ “ဘုန်းကြီးတို့ဘက်က လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် စပြီဆိုတာနဲ့ အခြေခံပညာ အလယ်တန်းအထိ ပညာ သင်ကြားခွင့်ရသွားပါပြီ၊ အဲဒီအတွက်လည်း သက်ဆိုင်ရာကို ကျေးဇူးတင်နေတယ်၊ ဖွင့်ခွင့် ရပြီဆိုတော့ ဖွင့်နိုင်ဖို့အတွက်ကို ဆရာ အသစ် ခေါ်ဖို့အတွက်ရော ကျောင်းစာသင်ဖို့ နေရာတွေ အတွက်ကိုပါ အခုကတည်းက ပြင်ဆင် ထားနေတယ်”ဟု မရမ်းကုန်းမြို့နယ်အတွင်းရှိ မူလတန်းလွန်အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ စန္ဒောဘာသ က မိန့်ကြားသည်။


ယနေ့တိုင် အခြေခံပညာ အထက်တန်းအထိ ပညာ သင်ကြားခွင့် ရရှိသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ကျောင်းသာရှိ၍ အများစုမှာ အခြေခံပညာမူလတန်းနှင့် မူလတန်းလွန် အထိသာ ဖွင့်လှစ် သင်ကြားပေးနေသော ကျောင်းများဖြစ်သည်။ စက်တင်ဘာလပိုင်းတွင်း မန္တလေးတိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲတစ်ခုတွင် မူလတန်းလွန် အဆင့်မှ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအထိ တိုး၍ ပညာသင်ကြားခွင့်ပြုရန် ဆွေးနွေးခဲ့ကြသော်လည်း သက်ဆိုင်ရာမှ အခြေခံပညာ အလယ်တန်းအဆင့်အထိ သင်ကြားရန် ညွန်ကြားခဲ့သည်။

“ဒီဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို အခြေခံပညာ အလယ်တန်းအထိ ကိုပညာသင်ကြားဖို့အတွက် တောင်းဆိုတာ အဆင်ပြေတဲ့အတွက် အခြေခံပညာ အလယ်တန်းအထိ ပညာသင်ကြားနိုင်ဖို့ အတွက်ကို ပြင်ဆင်နေကြတာပါ၊ တခြားဒေသက မူလတန်းလွန်အထိ သင်ကြားနေကြတဲ့ ကျောင်းတွေလည်း အလယ်တန်းအထိ ပညာ သင်ကြားပေးဖို့အတွက် ပြင်ဆင်နေကြတယ်”ဟု စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေသမား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တကောသလ္လာဘိဝံသက မိန့်ကြားသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဘုန်းတော်ကြီးသင် ပညာရေး သင်ကျောင်းပေါင်း ၂၅၀၀ ကျော် ရှိပြီး တက်ရောက်သင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားပေါင်း ၂ သိန်းကျော်တက်ရောက် သင်ကြား နေလျက်ရှိကြောင်း၊ ထိုအရေအတွက်မှာ မြန်မာနိုင်ငံ၌ ပညာ သင်ကြားလျက်ရှိသော ကျောင်းသားများ၏ ၁၆ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအတွက် ပြုစုထားသော စစ်တမ်းတစ်ခု၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

တိုင်းပြည်အတွင်းရှိ ကျောင်းမနေနိုင်ရှာကြသည့် ကလေးငယ် သိန်းပေါင်းများစွာအတွက် အားတက်ဖွယ်ရာ ဖြစ်သော်လည်း ပညာရေး စီမံခန့်ခွဲရေးနှင့် အရည်အသွေးပြည့်မီသော အတွက် ပညာရေး ကောလိပ်ဆင်းနှင့် ဘီအီးဒီဘွဲ့ရ ဆရာများ ရရှိရန် အခက်အခဲရှိသည်ဟု မန္တလေးတိုင်း၊ နယ်မြေလေးတစ်မြို့ရှိ အမည်မဖော်လိုသူ ဘကကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားခဲ့သည်။

ထို့အပြင် ထေရ်ကြီး၊ ၀ါကြီး ဆရာတော်ကြီးများနှင့် ပညာရှင် အချို့က လူမှုရေးနှင့် ဘာသာရေး ရောရောထွေးထွေး ဖြစ်လာမည်ကို စိုးရိမ်ကြကြောင်းလည်း သိရှိရပါသည်။ အစိုးရအလုပ်နှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး တာဝန်ကို ဘုန်းကြီးတွေ လုပ်သင့်၊ မလုပ်သင့် စဉ်းစားစရာ ရှိကြောင်းလည်း ဆိုကြပါသည်။ ပညာရေး အရည်အသွေးနှင့် ပတ်သက်ပြီးလည်း စိုးရိမ်မှုများကို ကြားသိရပါသည်။

“တချို့ကလည်း ပြောကြပါတယ်။ ဒါပေမဲ့လို့က ဦးဇင်းတို့ရဲ့ နယ်မြို့လေးမှာက စာသင်ကျောင်း တစ်ကျောင်းပဲ ရှိတာ။ အနီးအပါး ရွာတွေက ကလေးငယ်တွေအတွက် ဘယ်လိုမှကို အဆင်မပြေတော့ ဒီ စာသင်ကျောင်းကို ဦးဇင်းတို့ရဲ့ ဘုန်းကြီးကျောင်းဝင်းထဲက ဆွမ်းစားဆောင်မှာ စဖွင့်ပေးခဲ့တာ။ ၅ နှစ် လောက် ရှိပါပြီ။ အခုတော့ ကလေးငယ် ဦးရေ ၇၀၀ ကျော်ပါပြီ။ ကိုယ်ထူကိုယ်ထ စနစ်နဲ့ပါ။”
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဥပဒေသစ်အရ အလုပ်သမား ရပိုင်ခွင့်ထိခိုက်ဟု ပြည်ပရောက်ရှေ့နေ့အဖွဲ့ ဝေဖန်

By သားညွှန့်ဦး စနေ, 15 အောက်တိုဘာ 2011(ပေးပို့ သူ - ဗမာ့သွေး )
မကြာခင်က မြန်မာအစိုးရသမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေဟာ အလုပ်သမား အခွင့်အရေးတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေသာဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြောလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိ အလုပ်သမား အဖွဲ့အစည်းဥပဒေဟာ အခြား တည်ဆဲဥပဒေတွေရဲ့ လွှမ်းမိုးမှုကြောင့် အကောင်အထည်ဖော် အသက်သွင်းဖို့ ခက်ခဲလိမ့်မယ်လို့ ဥပဒေရှုဒေါင့်ကနေ ဝေဖန်သွားပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့အထိ တည်ဆဲဥပဒေဖြစ်ခဲ့တဲ့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂဥပဒေဟာ အခုအစိုးရက ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေထက် အဆများစွာ အလုပ်သမား အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထုတ်ပြန်ပါတယ်။ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အခု အလုပ်သမားအဖွဲ့အစည်း ဥပဒေထဲမှာတော့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂဥပဒေကို ရုပ်သိမ်းလိုက်ပြီလို့ ဖော်ပြပါတယ်။ တကယ်တော့ အခု ဖျက်သိမ်းလိုက်တဲ့ ဥပဒေကို ၁၉၆၂ ခုနှစ်ကစတဲ့ စစ်အစိုးရကာလတွေ တလျှောက်လုံး အလုပ်သမားတွေ မခံစားခဲ့ရပါဘူး။ ဒါကတော့ စစ်အစိုးရကာလတွေမှာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတယ်ဆိုတဲ့ ဖော်ပြချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြောပါတယ်။

အခုလက်ရှိပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေဟာလည်း လက်ရှိတည်ဆဲ ဥပဒေအချို့နဲ့ ညှိစွန်းမှုတွေ ရှိတာကြောင့် အကောင်အထည်ဖော်ဖို့ ခက်ခဲဦးမယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ဗွီအိုအေ မြန်မာပိုင်းကို ပြောသွားပါတယ်။

“၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်များအား ကာကွယ်သည့်ဥပဒေ၊ ၁၉၈၈ ခုနှစ် မတရားအသင်း အသင်းအဖွဲ့များဆိုင်ရာ ဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄)။ အဲဒီပြဌာန်းချက်တွေ ရှိသမျှကာလပတ်လုံး အဲဒီပြဌာန်းချက်တွေက လွှမ်းမိုးထားသမျှ ကာလပတ်လုံး ဒီပြဌာန်းချက်တွေအောက်မှာ လက်ရှိ အလုပ်သမားဥပဒေကို လည်ပတ်ရမယ်လို့ ဆိုနေသမျှ ကာလပတ်လုံး ဒီ အလုပ်သမားဥပဒေဟာ အလုပ်သမားတွေအတွက် ဘာမှလုပ်လို့မရတဲ့ ဥပဒေလို့ ကျနော်တို့က အကြမ်းဖျင်း သုံးသပ်ပါတယ်။”

တည်ဆဲရှိနေတဲ့ ဥပဒေတွေအရကို အခု အသစ်ပေါ်လာတဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေက တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်ရင် အခက်အခဲ ရှိနေမယ့်သဘောပေါ့။ -

“အခက်အခဲ ရှိယုံတင်မကဘူးခင်ဗျ။ ဒီအလုပ်သမားဥပဒေက ပြည်တွင်းမှာရှိတဲ့လူထုကို လိမ်လည် လှည့်ဖျားဖို့ကော၊ အထူးသဖြင့် နိုင်ငံတကာကို၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကိုပါ မျက်လှည့်ပြဖို့လုပ်တဲ့ ဥပဒေဖြစ်တယ်။ တကမ္ဘာလုံးမှာရှိတဲ့ အလုပ်သမား ဥပဒေတွေမှာ ကျနော် လက်လှမ်းမီသလောက်ပေါ့ဗျာ၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က အတည်ပြုထားတဲ့ ILO Convention 87 မှာ ဆန္ဒပြခွင့်ဆိုတာကို အထူးတလည် ထည့်ရေးစရာကို မလိုဘူး။ အစိုးရပြဌာန်းချက် ဆိုတာကို သေချာပြန်ကြည့်ပါ။ ဆန္ဒပြခွင့်ဟာ အဓိကဆန္ဒပြကြမှာက အလုပ်ရှင်တွေကိုဖြစ်တယ်။ တကမ္ဘာလုံးမှာ လေ့လာကြည့်ပါ။ အလုပ်သမား သမဂ္ဂတိုင်းဟာ ဆန္ဒပြခွင့်ရှိတယ်။ အဲဒါက အလုပ်ရှင်တွေကိုသာမကဘဲနဲ့ သူတို့အခွင့်အရေးကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို ကန့်ကွက်ဆန္ဒပြခွင့်ရှိတယ်။ အစိုးရကိုလည်း ကန့်ကွက်ဆန္ဒပြခွင့် ရှိတယ်။”

ဒါပေမဲ့ အခု ဥပဒေတစ်ရပ် ထွက်လာပြီး အလုပ်သမားအဖွဲ့အစည်းတွေ အနေနဲ့ တရားဝင် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့ ဥပဒေ ပြဌာန်းချက်ပေါ်လာတော့ အရင်တုန်းက ဖွဲ့စည်းခွင့်မရတာထက်စာရင် အခုလို ဥပဒေတစ်ရပ် အနေနဲ့ တိတိကျကျ ဖွဲ့လို့ရပြီဆိုတဲ့ အခြေအနေကတော့ ပိုပြီးတော့ သူတို့အတွက် ကောင်းမလာနိုင်ဘူးလား။ -

“အဲဒါ ပြဿနာက ဘာလဲဆိုတော့ ဥပဒေ စိုးမိုးရေးပြဿနာ ဖြစ်တယ်။ အခုမှ သူတို့က ဖျက်သိမ်းလိုက်တဲ့ ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေကို ဘာကြောင့် အသက်သွင်း အကောင်အထည်ဖော်လဲ။ ဥပဒေက ရှိနေတာဖြစ်တယ်။ ဥပဒေ မရှိတာမဟုတ်ဘူး။ အခုမှ သူတို့က ဖျက်သိမ်းလိုက်တာဖြစ်တယ်။ ဥပမာတစ်ခု ကျနော် ပြောပြမယ်။

၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေမှာ အလုပ်သမားသမဂ္ဂတွေဟာ သူ့ရည်မှန်းချက်တွေအတွက် သီးခြား ရန်ပုံငွေ တည်ထားခွင့်ရှိတယ်။ ဆိုလိုတာက လွှတ်တော်အမတ်အဖြစ်နဲ့ အရွေးခံတဲ့ကိစ္စတွေမှာတောင်မှ အလုပ်သမား သမဂ္ဂတွေက သူ့ရန်ပုံငွေတွေကို သုံးခွင့်ရှိတယ်။ နိုင်ငံရေးအရ ဆက်စပ်လှုပ်ရှားခွင့် ရှိတယ်။ မူလဥပဒေဟောင်းကို အကောင်အထည် ဖော်လိုက်လို့ရှိရင် အလုပ်သမား သမဂ္ဂတွေဟာ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားတဲ့အဆင့်ကို ရောက်သွားမယ်။

လက်ရှိအစိုးရက ဒါကိုမလိုချင်ဘူး။ အဲဒီတော့ ဒီဥပဒေဟောင်းကို အသက်မသွင်းတော့ဘဲနဲ့ အခု ဥပဒေသစ်ကို ပြဌာန်းလိုက်တယ်။ အဲဒီဥပဒေသစ်ထဲမှာ ပြန်ကြည့်ပါ။ အလုပ်သမားသမဂ္ဂတွေဟာ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းခွင့်၊ အလုပ်ရှင်တွေနဲ့ အရေးဆိုခွင့်၊ အလုပ်ရှင်တွေကို ဆန္ဒပြခွင့် ဒါတွေကိုသာ ဇောင်းပေး ဖော်ပြထားပြီးတော့ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်၊ နိုင်ငံရေးနဲ့ ဆက်စပ်ပါဝင် ပတ်သက်ခွင့်၊ အစိုးရကို ဆန္ဒပြခွင့် ဆိုတာတွေကို ထည့်သွင်းမထားဘူး။ ဆိုတော့ ခုနကရှိထားပြီးသား ဥပဒေဟောင်း၊ ဒီထက် အဆတစ်ရာကောင်းတဲ့ ဥပဒေဟောင်းတွေကို အသက်မသွင်းဘဲနဲ့ ဥပဒေသစ် ဖော်ပြလိုက်တာက ဥပဒေအရ မျက်လှည့်ပြတာ ဖြစ်တဲ့အပြင် ဥပဒေအရ ထိန်းချုပ်ဖို့ကြိုးစားတာလို့ ကျနော်တို့ သုံးသပ်လို့ရတယ်။”

အခု အသစ်ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေထဲမှာ အဖွဲ့အစည်း ဖွဲ့စည်းခွင့် အလုပ်ရှင်တွေကို သပိတ်မှောက် ဆန္ဒပြခွင့်တွေ ထည့်သွင်းပေမဲ့ အဲဒီမှာ ကန့်သတ်ချက်တွေတော့ တွေ့ရပါတယ်။ အထူးသဖြင့် ဆန္ဒပြခွင့်ဆိုတဲ့နေရာမှာ ဆန္ဒမပြခင် အနည်းဆုံး ၁၄ ရက်ကြိုတင်ပြီး အလုပ်ရှင်နဲ့ သက်ဆိုင်ရာ ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ကို အကြောင်းကြားရမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဥပဒေနဲ့ဆန့်ကျင်တဲ့ သပိတ်မှောက် ဆန္ဒပြမှုဆိုတာ သတ်မှတ်ထားပြီး ဒါတွေကို ချိုးဖောက်ရင် ဆန္ဒပြအလုပ်သမားတွေကို ငွေဒဏ်ရော ထောင်ဒဏ်ပါ အပြစ်ပေးနိုင်တယ် ဆိုတဲ့အချက်ပါ ပါဝင်ပါတယ်။ တဘက်မှာတော့ အလုပ်သမား သမဂ္ဂတွေအနေနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေနဲ့ ဆက်ဆံခွင့် ပေးထားပါတယ်။ အလုပ်ရှင် အလုပ်သမားပြဿနာမှာလည်း အလုပ်သမား သမဂ္ဂအနေနဲ့ ကိုယ်စားပြုပြီး ပါဝင်ခွင့် ပေးထားတာတွေကို တွေ့ရပါတယ်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ထရစ်ပိုလီ မှာ လုံခြုံရေးတိုးမြှင့်

BBC News / 16-10-2011(ပေးပို့ သူ - ဗမာ့သွေး )
လစ်ဗျား နိုင်ငံက ထရစ်ပိုလီ မြို့တော် မှာတော့ အရင် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံသူတွေနဲ့ တိုက်ပွဲ ငယ်တွေ ဖြစ်ခဲ့ အပြီး တရက် အ ကြာ မှာတော့ အစိုးရသစ် ဘက်က လုံခြုံ ရေး အစီအမံ တွေကို တိုးမြှင့် ချထား လိုက် ပါတယ်။

အမျိုးသား အသွင်ပြောင်း ကောင်စီဘက်က သောကြာနေ့က တိုက်ပွဲ တွေ ဖြစ်ခဲ့တဲ့ အဘူ ဆာလင်းမ် ရပ်ကွက် ထဲမှာ တအိမ် တက်ဆင်း ရှာဖွေ တာတွေ လုပ်နေသလို လမ်းတွေ ကို ပိတ်ဆို့ တာတွေ ကိုလဲ ပိုပြီး လုပ်ထားပါတယ်။

အခု တိုက်ပွဲ တွေဟာ ဖြင့် ပြီးခဲ့တဲ့ ဩဂုတ် လက ကဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ထရစ်ပိုလီ မြို့ကို ထိန်းချုပ် နိုင်ခဲ့ အပြီးမှာ ပထမ ဆုံး အကြိမ် ဖြစ်လာ တာပဲ ဖြစ်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */