Friday, May 28, 2010
In The Quiet Land
Aung San Suu Kyi
In the Quiet Land, no one can tell
if there's someone who's listening
for secrets they can sell.
The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.
In the quiet land of Burma,
no one laughs and no one thinks out loud.
In the quiet land of Burma,
you can hear it in the silence of the crowd
In the Quiet Land, no one can say
when the soldiers are coming
to carry them away.
The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...
In the Quiet Land....
In the Quiet Land, no one can hear
what is silenced by murder
and covered up with fear.
But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.
Rest of your post
သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
အမေရိကန် လွှတ်တော် အမတ်များ စစ်အစိုးရကို ဝေဖန်ပြစ်တင်
ခက်ထန် Friday, May 28, 2010
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အာဏာ လွှဲမပေးခြင်းနှင့် ၂၀၁၀ တွင် NLD ပါဝင်မှု မရှိဘဲ ရွေးကောက်ပွဲ ကျင်းပမည့် အပေါ် အမေရိကန် လွှတ်တော် အမတ် ၆ ဦးက ဝေဖန် ပြစ်တင်လိုက်သည်။
သြဇာရှိသည့် လွှတ်တော်အမတ်များ ဖြစ်သော မစ်ခ်ျ မက်ကော်နယ်၊ ဂျိုး လီဗာမန်၊ ဒိုင်ယာနီ ဖိန်းစတိန်း၊ ဂျဒ် ဂရက်၊ ဂျွန် မက်ကိန်းနှင့် ဆမ် ဘရောင်းဘက်ခ်တို့က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အနှစ် ၂၀ ပြည့်တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး ဝေဖန်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲ နှစ် ၂၀ ပြည့်မှာ မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို သူတို့ ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ကျနော်တို့ရဲ့ ခံယူချက်ကို ထပ်လောင်း အတည်ပြုပါတယ်” ဟု လွှတ်တော် အမတ်များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အစိုးရက အာဏာကို ဆက်လက် ရယူထားခြင်းအား ရှုတ်ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများ၊ တိုင်းရင်းသားများနှင့် တွေ့ဆုံ ညှိနှိုင်းရန်လည်း တောင်းဆိုထားသည်။
အကျဉ်းကျနေသော NLD ပါတီဝင်များ မပါဝင်နိုင်အောင် ပြဌာန်းထားသော ရွေးကောက်ပွဲဥပဒေများအရ စစ်အစိုးရ ကတိပြုထားသော ရွေးကောက်ပွဲမှာ အတုအယောင်သာ ဖြစ်မည်ဆိုသည့် သဘောပင် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဝေဖန်ထားသည်။
NLD သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သည့်တိုင် မြန်မာပြည်သူများနှင့် နိုင်ငံတကာ၏ အမြင်တွင် တရားဝင်မှု ပျောက်ဆုံးခြင်း မရှိကြောင်း လွှတ်တော် အမတ်များက ပြောသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က “မစ္စတာ မက်ကိန်းတို့ ပြောသလိုပဲ၊ နိုင်ငံတကာက ကျနော်တို့ကို နိုင်ငံရေးပါတီ အဖြစ် အသိအမှတ်ပြုနေတာပဲ၊ အလားတူ ပြည်သူတွေကလည်း အသိအမှတ်ပြုတာပဲ။ အစိုးရက အသိအမှတ်ပြုခြင်း မပြုခြင်းတွေက အရေးမကြီးဘူး၊ ကိုယ်လုပ်စရာ လုပ်ဖို့ပဲ။ ကျနော်တို့ကတော့ နိုင်ငံရေးပါတီ ရှိနေတယ်လို့ပဲ သဘောထားတယ်” ဟု ဦးဝင်းတင်က ပြောသည်။
လွှတ်တော် အမတ်များက အိုဘားမား အစိုးရအနေဖြင့် မြန်မာနိုင်ငံလက်ရှိ အရေးအတွက် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ပူးပေါင်းဆောင်ရွက်မည့်သူ ခန့်ထားရန်လည်း တိုက်တွန်းထားသည်။
အမေရိကန် လွှတ်တော်အမတ်များ၏ ပူးတွဲကြေညာချက်၊ တိုက်တွန်းချက်များက စစ်အစိုးရအပေါ် သက်ရောက်မှု ရှိမရှိဆိုသည်မှာ စစ်အစိုးရ အပေါ်၌သာ မူတည်သည်ဟု ဦးဝင်းတင်က ဆိုသည်။
လွှတ်တော် အမတ်များ၏ ပူးတွဲ ကြေညာချက် မထုတ်ပြန်မီက အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် မြန်မာ နိုင်ငံသို့ လာမည့် ဇွန်လ ၄ ရက်နေ့တွင် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ဂျင်မ် ၀က်ဘ်သည် ယမန်နှစ် သြဂုတ်လလယ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို သီးခြားစီတွေ့ ဆုံခဲ့သည်။
ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းထဲသို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် အမေရိကန် နိုင်ငံသား ဂျွန် ယက်ထောကို စစ်အစိုးရက လွှတ်ပေးရန် လုပ်ဆောင်နိုင်ခဲ့သည်။Rest of your post
ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး
ဧရာဝတီ Friday, May 28, 2010
ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။
ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း
လန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင် “ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့စာပါ၊ မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။ ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံသွားမယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ်အကျယ်ချုပ်ဖြင့် အထိမ်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျကြသူများဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အားပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက်ရေးသားထားကြောင်း ဂေါ်ဒွန် ဘရောင်း၏ မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။
ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။Rest of your post
ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထားရှိသောသဘောထား
ကချင်ပြည်နယ် မေခနှင့်မလိခ မြစ်နှစ်သွယ်ဆုံရာဒေသရှိ မဇွပ်ကျေးရွာအား မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်များမှ ဆင့်ခေါ်ထားသည့် လုပ်အားပေးများဖြင့် ယနေ့ စတင်ပြောင်းရွှေ့ခဲ့သည်။
ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်ကျော် အပါအဝင် မြို့နယ် မယက အာဏာပိုင်အဖွဲ့က ဦးဆောင်ပြီး လုပ်အားပေးအင်အား (၃ဝ) ဖြင့် မြစ်ဆုံအနီး တန်ဖရဲကျေးရွာတွင် ညအိပ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာသော လုပ်အားပေး အဖွဲ့များနှင့်အတူ တန်ဖရဲကျေးရွာ တဖက်ကမ်း မေခနှင့်မလိခ မြစ်နှစ်ခုဆုံရာ တောင်စွယ်ပေါ်ရှိ မဇွပ်ကျေးရွာသို့ သွားရောက်ကာ ပြောင်းရွှေ့ရေးလုပ်ခဲ့ကြောင်း တန်ဖရဲကျေးရွာသားက ပြောသည်။
၎င်းက “တန်ဖရဲ ရွာကနေ ဟိုဘက်ကမ်းကို စက်လှေတွေနဲ့ ဒီမနက်စောစော ကူးသွားတယ်။ နေ့လယ်ကျတော့ စက်လှေတွေပေါ်မှာ ရွာသားတွေ တင်ခေါ်လာတယ်၊ အထုပ်အပိုးပစ္စည်းတွေပါ ပါလာတယ်။ ဒီဘက်မှာ ရှိနေတဲ့ ကားတွေပေါ်ကို တင်တယ်။ ပြီးရင် လုံဂါဇွပ် ရွာဘက်ကို ဆက်ပြီး ထွက်တယ်၊ ဒီမှာ ကြာကြာမနားရဘူး” ဟု ပြောသည်။
မဇွပ်ကျေးရွာတွင် အိမ်ခြေ (၆၃) လုံးရှိပြီး လူဦးရေ (၂ဝဝ) ကျော်ရှိရာ ယနေ့ပြောင်းရွှေ့ရန် လိုက်ပါလာသူပေါင်း (၁ဝဝ) ဝန်းကျင်ရှိပြီး သက်ကြီးရွယ်အိုများနှင့် ကလေး အများဆုံးပါဝင်ကာ လူလတ်ပိုင်း ယောက်ျားများကို မတွေ့မြင်ရတော့ကြောင်း တန်ဖရဲကျေးရွာသားက ပြောသည်၊
၎င်းက “မြစ်ဆုံ ဗုံးကွဲတဲ့ ကိစ္စနဲ့ ခေါ်ပြီး စစ်ဆေးနေလို့ရယ်၊ တချို့လည်း ထွက်ပြေးတိမ်းရှောင်နေလို့ရယ် လူလတ်ပိုင်း မတွေ့ရဘူး။ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ကလေးတွေ အများဆုံးပဲ။ နှစ်ပေါင်း (၄ဝ၊ ၅ဝ) မက လုပ်ကိုင်စားသောက်လာခဲ့တဲ့ အဲဒီနေရာကနေ အဓမ္မပြောင်းရွှေ့ခံရတယ်ဆိုတော့ အားလုံးက စိတ်မကောင်းဖြစ်နေကြတယ်။ တချို့ဆို မျက်ရည်တွေကျလို့၊ ငိုနေကြတာပေါ့။ ကျနော်တို့ မြင်ရတဲ့သူလည်း စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။
မြစ်ဆုံဒေသရှိ ကျေးရွာများ ပြောင်းရွှေ့ရန်အတွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၅၈) ခုမှ တရပ်ကွက်လျှင် အနည်းဆုံး လူ (၁ဝ) ဦးကျဖြင့် ရက်အကန့်အသတ်မရှိ လုပ်အားပေးလိုက်ရန်အတွက် ရဲ၊ ပြည်သူ့စစ်နှင့် ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်ဖွဲ့များက လုံခြုံရေးယူပေးရန် ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယခုလ (၁) ရက် နေ့စွဲဖြင့် အမိန့်ထုတ်ထားခဲ့သည်။
မြစ်ကြီးနားမြို့မှ မိုင် (၂ဝ) ကျော်အကွာ ကျိန်ခရန်ရွာနှင့် လုံဂါဇွပ်ရွာအနီးတွင် အေးရှားဝေါလ်ကုမ္ပဏီက တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ထားပြီး ယနေ့ မဇွပ်ကျေးရွာမှ ပြောင်းလာသူများကို အဆိုပါ ပြန်လည်နေရာချထားရေးနေရာတွင် ထားရှိသည်ဟု လုံဂါဇွပ် ကျေးရွာသားတဦးက ပြောသည်။
၎င်းက “အိမ်တွေကတော့ အလုံး (၂ဝဝ၊ ၃ဝဝ) လောက် ဆောက်ပြီးနေပြီ။ ဒီမှာရှိတဲ့ ဒေသခံတွေက တောင်ယာလုပ်မယ်၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်မယ်၊ ဒါပဲ စီးပွားရေးလုပ်တတ်တာ။ အခုပြောင်းလာတဲ့နေရာမှာ အဲဒါတွေ လုပ်လို့မရဘူး။ စားဝတ်နေရေး အခက်ခဲဖြစ်မှာ။ ဒါကြောင့်မို့ အိမ်တွေကို ဘယ်လိုပဲ ဆောက်ထားပေးပေး နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ ကိုယ့်ရွာ ကိုယ်ဒေသကနေ ဘယ်သူမှ မပြောင်းချင်ကြဘူး” ဟု ပြောသည်။
မြစ်ဆုံအပါအဝင် မေခနှင့်မလိခမြစ်ပေါ်တွင် ရေကာတာများတည်ဆောက်ကာ လျှပ်စစ်ထုတ်ယူမည့် စီမံကိန်းကြောင့် ကျေးရွာ (၆ဝ)၊ လူဦးရေ (၁၅,ဝဝဝ) ကျော် ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။ Rest of your post
ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
အောင်ထက် / ၂၈ မေ ၂၀၁၀
နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ပိုင်ရှင်မဲ့အလောင်း ပျမ်းမျှ (၁၅) လောင်းခန့်ကို လစဉ် သင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။
အသင်းဥက္ကဋ္ဌ ဦးကျော်သူက “ရဲက အကူအညီတောင်းမှ၊ အာမခံမှ၊ ထောက်ခံချက်ပေးမှ ကျနော်တို့ သင်္ဂြိုဟ်ပေးပါတယ်။ ဆေးရုံက ရောက်လာတာမှန်ပေမယ့် ရဲက အာမခံရပါတယ်။ ဆေးရုံက သေစာရင်းထုတ်ပေးတယ်။ တချို့ဖြစ်စဉ်တွေကျ မြို့နယ်ကျန်းမာရေးဌာနတွေက ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ပိုင်ရှင်မဲ့အလောင်းဆိုသည်မှာ သက်သေခံ အထောက်အထားလက်ဝယ် မတွေ့ရသည့် ရေနစ်သေဆုံးခြင်း၊ ဆွဲကြိုးချသေခြင်း၊ လမ်းဘေးအမှိုက်ပုံ၌ သေဆုံးနေခြင်း၊ ခရီးသွားစဉ် ရုတ်တရက် သေဆုံးခြင်း စသည်ဖြင့် သေဆုံးသူများဖြစ်သည်။
အဆိုပါ ပိုင်ရှင်မဲ့အလောင်းကို PC (police case) ဟု သတ်မှတ်ကာ ရဲထောက်ခံမှုဖြင့်သာ သင်္ဂြိုဟ်ပေးပြီး သင်္ချိုင်းလက်မှတ် သီးခြားထုတ်ပေးမှုမရှိဟု သိရသည်။
နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “လမ်းဘေး သေတယ်။ ရ၀တ သက်သေနဲ့ ရဲက စစ်ဆေးတယ်။ ပြီးတော့ ဆေးရုံပို့တယ်။ ဆေးရုံက ရင်ခွဲပြီး ရဲက သေမှုသေခင်း (Police Case) ဖွင့်တယ်။ အလောင်းပိုင်ရှင် ပေါ်လာတဲ့အထိ ဆေးရုံက စောင့်ပေးပါတယ်။ ပိုင်ရှင် မပေါ်တော့ဘူးလို့ ဆေးရုံက ဆုံးဖြတ်ပြီးမှ ကျနော်တို့အသင်းကို အကူအညီတောင်းပါတယ်” ဟု ရှင်းပြသည်။
နယ်အဝေးမှ ရန်ကုန်ရောက်ရှိလာစဉ် လမ်းဘေး၌ သေဆုံးသူအချို့ ရှိတတ်ကြောင်း၊ ဆေးရုံအနေဖြင့်လည်း အလောင်းပိုင်ရှင်ကို နှစ်ရက်ထက် ပိုမစောင့်နိုင်ကြောင်း၊ နာရေးကူညီမှုက ပို့ဆောင်သင်္ဂြိုဟ်ပြီးမှ အလောင်းပိုင်ရှင်တို့ ရောက်ရှိလာတတ်သည်ကိုလည်း ကြုံဖူးကြောင်း ၎င်းက ပြောသည်။
နာရေးကူညီမှုအသင်း မပေါ်မီက ဤကဲ့သို့ ပိုင်ရှင်မဲ့အလောင်းများကို မြို့တော်စည်ပင်မှ တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။ သို့သော် နိုင်ငံတော်အမှုများတွင်မူ စည်ပင်ကတာဝန်ယူပေးကြောင်း စည်ပင်သာယာဝန်ထမ်းတဦးက ပြောသည်။
“ခုလည်း စည်ပင်က ပို့ပေးနေရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ ရှိတတ်ပါတယ်။ ရထားမှောက်၊ ဗုံးကွဲ၊ ယာဉ်တိုက် စတဲ့ နိုင်ငံတော်အမှုတွေမှာ အလောင်းပိုင်ရှင် အချိန်မီရောက်မလာရင် ကျနော်တို့ပဲ တာဝန်ယူရပါတယ်” ဟု ၎င်းက ပြောသည်။
ပိုင်ရှင်မဲ့အဖြစ် အခြေခံသတ်မှတ်ခြင်းမှာ မှတ်ပုံတင်ကဲ့သို့ အထောက်အထားမတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယင်းသို့ မှတ်ပုံတင်မပါဘဲ ပိုင်ရှင်မဲ့အဖြစ် သေဆုံးရသည့်ကိစ္စသည် ကာယကံရှင်ကြောင့် ဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့နေ အငြိမ်းစား ကျောင်းဆရာကြီးတဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “မှတ်ပုံတင် မရှိတာရယ်၊ ယူဆောင်သွားလေ့ မရှိတာရယ်လည်း ပါတာပေါ့။ မှတ်ပုံတင်မရှိတဲ့သူတွေဆို ဥပမာ ပျံကျကျူးကျော်တဲတွေ ရန်ကုန်မှာ ရှိနေသေးတယ်။ အဲဒီက လူတွေမှာ မှတ်ပုံတင် ကိုင်နိုင်သူ ဘယ်နှယောက်ရှိမလဲ။ နောက်ပြီး အိမ်မဲ့ရာမဲ့ အခြေအနေမဲ့တွေ ရှိသေးတယ်။ ဒီတော့ မြန်မာပြည်မှာ ဖွားသေစာရင်းတို့၊ အိမ်ထောင်စု လူဦးရေ စာရင်းတို့ အတိအကျရှိနိုင်ပါ့မလား။ ဒါတွေဟာ နိုင်ငံတော်ရဲ့ အားနည်းချက်တွေပဲ” ဟု ပြောဆိုသည်။
နာရေးကူညီမှုအသင်းတွင် အလောင်းသယ်ယာဉ် (၁၇) စီးထားရှိပြီး တနေ့ ပျမ်းမျှ ရုပ်ကလာပ် (၄၀ - ၅၀) ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ သင်္ကြန်အပြီး အပူချိန် ပြင်းထန်စဉ်က တနေ့လျှင် ရုပ်ကလာပ် (၇၀ - ၈၀) ခန့် ပို့ဆောင်ပေးခဲ့ရကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
နာရေးကူညီမှုအသင်းက လစဉ် သင်္ဂြိုဟ်ပေးနေသည့် အလောင်းများအပြင် အခြား လူမှုအသင်းများ၊ စည်ပင်စာရင်းများ၊ နယ်တို့တွင် မထင်မရှားသေဆုံးသည့် ပိုင်ရှင်မဲ့အလောင်းများလည်း ရှိကြောင်း သိရသည်။ Rest of your post
ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ့ရေပြင်တွင် ရေနံတူးနေ
သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ မေလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၅၆ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆွစ်-အမေရိကန် ဖက်စပ်ကုမ္ပဏီ Transocean သည် တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီနှင့် စစ်အစိုးရ၏ လူရင်းလူယုံဖြစ်ပြီး အမေရိကန် အစိုးရက ငွေကြေး ခဝါချသူအဖြစ် စွပ်စွဲနေသော စတီဖင်လောနှင့် အစုစပ်ကာ မြန်မာ့ရေပြင် ရေနံလုပ်ကွက် တနေရာတွင် အစမ်းတွင်း တူးဖော်နေသည်။
စတီဖင်လော ခေါ် ထွန်းမြင့်နိုင်၊ သူ့ဇနီးစင်္ကာပူနိုင်ငံသူ၊ သူ့ဖခင်ဘိန်းဘုရင်တို့မှာ အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဌာန နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က နာမည်ပျက်စာရင်း အသွင်းထားခံရသည်။ အဆိုပါ နာမည်ပျက်စာရင်းကို တရားဝင်အားဖြင့် အထူးသတ်မှတ်ထားသော နိုင်ငံသားများ (Specially Designated Nationals – SDN) ဟု ခေါ်သည်။ သူတို့ ၃ ဦးမှာ ဥရောပသမဂ္ဂက ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် စီးပွားရေးပိတ်ဆို့ အရေးယူခြင်းကိုလည်း ခံထားရသူများ ဖြစ်သည်။
နာမည်ပျက်စာရင်းမှာ မြန်မာစစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင်များ၊ ယင်းတို့၏ လူရင်းလူယုံများနှင့် စစ်အာဏာရှင်များကို အထောက်အပံ့ပြုနေသည့် ဘဏ္ဍာရေးကွန်ရက်များကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူထားခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်တဦး၊ စီးပွားရေးလုပ်ငန်းတခု၊ စီးပွားရေးအဖွဲ့အစည်းတရပ်ရပ်တို့ကို ပိတ်ဆို့မှုခံရသော စာရင်းတွင် ထည့်သွင်းခြင်းခံရလျှင် `အဆိုပါ သတ်မှတ်ခံရသူ သို့မဟုတ် အဖွဲ့အစည်း၏ အမေရိကန် ပြည်ထောင်စု၏ စီရင်ပိုင်ခွင့် အောက်တွင်ရှိသည့် မည်သည့် ရပိုင်ခွင့်ကိုမဆို ထုတ်ယူမရအောင် ပိတ်ဆို့ထားရမည်။
ထို့ပြင် အဆိုပါ သတ်မှတ်ခံရသော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များတို့နှင့် မည်သည့် အမေရိကန်နိုင်ငံသားမျှ ဘဏ္ဍာရေးနှင့် စီးပွားရေးဆောင်ရွက်ခြင်းများ မပြုလုပ်ရန် တားမြစ်သည်´ ဟု အမေရိကန် ဘဏ္ဍာရေးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အမေရိကန် စတော့အိပ်ချိန်း ကော်မရှင်သို့ Transocean International ကုမ္ပဏီက တင်သွင်းသည့် Corporate 8-K စာရွက်စာတမ်းတွင် ဖော်ပြထားချက်အရ တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီတခုဖြစ်သော CNOCC က ကုမ္ပဏီပိုင် ပနားမားမှတ်ပုံတင်ရေတွင် တဝက်တပျက်နစ်မြုပ်နေသော ရေနံတွင်းတူးစင် Actinia ကို ငှားရမ်းခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ပုံစံ 8-K စာရွက်စာတမ်းဆိုသည်မှာ ကုမ္ပဏီများ၏ `လတ်တလော အစီရင်ခံစာ´ ဖြစ်ပြီး အစုရှယ်ယာပိုင်ရှင်များ သိရှိရန် လိုအပ်သည့် အဓိကအဖြစ်အပျက် ဆောင်ရွက်မှုများကို အမေရိကန် စတော့ဈေးကွက် ကွပ်ကဲမှုဌာနသို့ တင်သွင်းရသည့် စာရွက်စာတမ်းတခု ဖြစ်သည်။ အရှည် ၈၂ မီတာ၊ အကျယ် ၇၈ မီတာရှိသည့် အဆိုပါ ရေနံတွင်းတူးစင်ကို တရက်လျှင် အမေရိကန်ဒေါ်လာ ၂ဝ၆ဝဝဝ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းရန် Transocean ကို ဆက်သွယ်ရာ ဆက်သွယ်၍မရပါ။
CNOC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကုမ္ပဏီပိုင် မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်း ပိုင်ဆိုင်မှုနှင့် အစုရှယ်ယာများကို ယခင် Golden Aaron ဟု သိကြသော China Focus Development နှင့် China Global Construction တို့နှင့်အတူ ပူးတွဲပိုင်ဆိုင်ခြင်းဖြစ်ပြီး CNOC က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သူအဖြစ်သာ လုပ်ကိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ China Focus Development မှာ စင်္ကာပူတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတခုဖြစ်ပြီး တဦးတည်းသော အစုရှယ်ယာပိုင်ရှင်များမှာ စတီဖင်လောနှင့် သူ့ဇနီးသည် Ng Sor Hong ခေါ် Cynthia Ng တို့ ဖြစ်ကြသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် Ng Sor Hong ကို ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်အဖြစ် ဖော်ပြထားပြီး အမေရိကန်ဘဏ္ဍာရေးဌာန လက်အောက်ခံ (OFAC) ရုံးက ပိတ်ဆို့အရေးယူထားသော မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ နာမည်ပျက်စာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်း ခံရသည့် စတီဖင်လော ထိန်းချုပ်ထားသည့် အခြားကုမ္ပဏီ တဒါဇင်တွင် ပါဝင်နေသော စီးပွားရေးလုပ်ငန်းတခုလည်း ဖြစ်သည်။
စက်မှုလုပ်ငန်းဆိုင်ရာ ဂျာနယ်တစောင်ဖြစ်သော International Oil Daily က လွန်ခဲ့သော ဖေဖော်ဝါရီလက သတင်းရေးသားဖော်ပြရာတွင် CNOCC နှင့် China Focus Development တို့သည် မြန်မာနိုင်ငံ ကုန်းတွင်းရေနံနှင့် ဓာတ်ငွေ့လုပ်ကွက်များဖြစ်သော C-1, C-2 M တို့နှင့် ကမ်းလွန်ရေနံလုပ်ကွက်များဖြစ်သော A-4, M-2, M-10 တို့ကို အတူပူးတွဲ ပိုင်ဆိုင်ထားကြသည်ဟု ဆိုသည်။ သူတို့ပိုင်ဆိုင်သော လုပ်ကွက် ၂ ခုကို CNOCC က ထိုင်းအစိုးရပိုင် PTEEP သို့ ရောင်းချရန် ၂ဝဝ၈ ခုနှစ်အတွင်းက ကြိုးပမ်းခဲ့ရာ မြန်မာစစ်အစိုးရက ဗီိတိုအာဏာသုံးပယ်ချခဲ့သည်ဟုလည်း အဆိုပါသတင်းတွင် ဆက်လက်ရေးသားဖော်ပြထားသည်။
စတီဖင်လော၏ဖခင် လော်ဆစ်ဟန် ခေါ် လော်ရှင်းဟန်မှာ ၁၉၇ဝ စုနှစ်များအတွင်း အရှေ့တောင်အာရှတွင် အကောင်းဆုံး လက်နက်များ တပ်ဆင်ထားသည့် ဘိန်းတပ်ကို ထိန်းချုပ်ကိုင်တွယ်ခဲ့သည်ဖြစ်သည်ဟု အမေရိကန် မူးယစ်ဆေးဝါးအရာရှိများက ယုံကြည်ထားကြသည်။
အမေရိကန်ဘဏ္ဍာရေးဌာန၏ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ဖော်ပြရေးသားချက်အရ `စတီဖင်လောနှင့် လော်ရှင်းဟန်တို့သည် စစ်အစိုးရကို ထောက်ခံပံ့ပိုးနေသည်သာမက တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် ရာဇဝင်ရှိသူများလည်း ဖြစ်သည်´ ဟု ဆိုသည်။
`ဟီးရိုးအင်းခေါင်းကိုင်ဖခင်ကြီး´ ဟု သိရှိကြသော လော်ရှင်းဟန်သည် ၁၉၇ဝ စုနှစ်အစောပိုင်း နှစ်ကာလများက ကမ္ဘာ့အဓိက ဟီးရိုးအင်း ရောင်းဝယ်ဖောက်ကားသူများတွင် တဦးအပါအဝင် ဖြစ်သည်။ စတီဖင်သည် သူ့ဖခင်၏ မူးယစ်ဆေးဝါးအင်ပါယာကို ၁၉၉ဝ စုနှစ်များအတွင်း ဝင်ရောက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်ကတည်းကစ၍ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် တဦးဖြစ်လာခဲ့သည်ဟု ဘဏ္ဍာရေးဌာန ကြေညာချက်တွင် ရေးသားထားသည်။
အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်း
ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုမှ ကိုဝင်းအောင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ Transocean နှင့် စတီဖင်လောတို့အကြား အဆက်အဆံများကို ချက်ချင်း စုံစမ်းစစ်ဆေးပေးပါရန် အမေရိကန်အစိုးရကို သူတောင်းဆိုကြောင်း ပြောကြားခဲ့သည်။
`စတီဖင်လောပိုင် ကုမ္ပဏီလုပ်ငန်းစုကြီးအတွက် Transocean က ရေနံတွင်းတူးပေးနေခြင်းသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကို အကြီးအကျယ် ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော Transocean ၏ လုပ်ငန်းများအားလုံးကို အမေရိကန်အစိုးရက အမြန်ဆုံး စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်းနှင့် Transocean ကဲ့သို့ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတခုအနေဖြင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးရာဇာကြီးနှင့် စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ခြင်းကို လက်မခံနိုင်ကြောင်း ပြတ်သားစွာ သတင်းစကားပါးရမည်´ ဟု သူက ပြောသည်။
ပြီးခဲ့သောလက Transocean သည် အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံး ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သည့် ဖြစ်ရပ်တခုတွင် ပါဝင်နေခဲ့သည်။ ရေနံကုမ္ပဏီကြီးဖြစ်သော ဘီပီအတွက် ရေနံတွင်းတူးပေးနေသည့် Transocean ပိုင် ပင်လယ်ရေနက် ရေနံတွင်းတူးစင်သည် ၂ဝ၁ဝ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့က မက္ကဆီကို ပင်လယ်ကွေ့တွင် ပေါက်ကွဲမီးလောင်သွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုတွင် လုပ်သား ၁၁ ဦး သေဆုံးသွားခဲ့သည်။
အဆိုပါ ကပ်ဘေးဒုက္ခကြီးနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်က ယခုလဆန်းပိုင်းတွင် အထူးကြားနာပွဲတရပ် ပြုလုပ်ခဲ့ရာ ဘီပီ၊ Transocean နှင့် ဟာလီဘာတန် (Halliburton) ကုမ္ပဏီတို့က ပေါက်ကွဲမှုနှင့် နောက်ဆက်တွဲ ပေါ်ထွက်လာသော တခါမျှမကြုံဖူးအောင် ဆိုးရွားလှသည့် ရေနံယိုစိမ့်မှုကြီးအတွက် သူတို့တွင် တာဝန်မရှိဘဲ အခြားကုမ္ပဏီများတွင်သာ တာဝန်ရှိကြောင်း ထွက်ဆိုခဲ့ကြသည်။
အဆိုပါ ကြားနာပွဲပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သူတို့တွင် တာဝန်ရှိမှုကို လက်မခံဘဲ ငြင်းဆန်ခဲ့သည့်အတွက် ကုမ္ပဏီအမှုဆောင်အရာရှိများကို ဒေါသတကြီး ဝေဖန်ပြစ်တင်ပြောဆိုခဲ့သည်။ `သြချစရာကောင်းလောက်အောင် ဟာသမြောက်တဲ့ ပြောဆိုမှုတွေကို ကျနော်အထင်မကြီးဘူး´ ဟု သူက ပြောခဲ့သည်။
ထို့ပြင် အဆိုပါ သန်းကြွယ်သူဋ္ဌေး အမှုဆောင် အရာရှိများသည် `တဦးကိုတဦး လက်ညှိးထိုး အပြစ်တင်နေကြသည်။ အမေရိကန်ပြည်သူများက ဤလုပ်ရပ်အပေါ် အထင်တကြီးရှိပြီး ယုံကြည်လက်ခံမည် မဟုတ်သကဲ့သို့ ကျွန်ုပ်ကလည်း လက်မခံပါ´ လည်း ဆက်လက်ပြောဆိုခဲ့သည်။
stevenlawRest of your post
လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်မနှေးစေလို
အသားအရောင် ၀ါချင်ဝါ
ဖြူချင်ဖြူ ..မဲချင်မဲ..
လူဟာ လူပါဘဲ။
မျက်လုံးဘဲ ပြာပြာ
စိမ်းစိမ်း မဲမဲ ညိုညို..
ဆံပင်အရောင် ၀ါ နီ ညိုနက်..
ကွေးကောက် ဖြောင့်တို..
ပိုးသား..အကြေသား
ဘယ်လိုအနေဘဲဖြစ်ဖြစ်
သမုဒ္ဒရာ ကျွန်းဖွားများ
ရေခဲပြင်ထဲဘဲ နေ နေ..
သဲကန္တာရထဲဘဲ နေ နေ..
တောင်တန်းပေါ်ဘဲ နေ နေ
ပိန်းဥဘဲ စားစား ကောက်နှံဘဲ ၀ါး ၀ါး
ပြောင်းအာလူးဘဲ စားစား. ထမင်းဘဲစားစား
ရှည်မြင့် ၀တို ပုသေး..
ပုံသဏ္ဍာန်အသွေး ဘယ်လိုဖြစ်ဖြစ်..
အားလုံးဟာ လူသားသာလျှင် ဖြစ်တယ်။
မွေးရာပါ လူ့ အခွင့်အရေး အားလုံးအတူတူ
လူသားချင်း..ကြင်နာ
စာနာ ထောက်ထား လေးစား ကူညီကြ..
လူ့ အခွင့်အရေး ကြေညာစာတမ်း
(Universal Declaration of Human Rights) က
သင့်နဲ့အတူရှိတယ်။
သင်တို့ အခွင့်အရေး သင်တို့ ပိုင်ဆိုင်ခွင့်ရှိရမယ်။
အပိုဒ် (၁) - လူတိုင်းသည် မွေးဖွား လာကတည်းက တန်းတူညီမှုရှိသည်။
အပိုဒ် (၂) - မည်သူ့ ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။
အပိုဒ် (၃) - လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်။
အပိုဒ် (၄) - မည်သူ့ ကို့မှ ကျွန်အဖြစ်စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်းမပြုရ။
အပိုဒ် (၅) - မည်သူ့ ကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာ ဆက်ဆံခြင်း အပြစ်ပေးခြင်း မပြုရ။
အပိုဒ် (၆) - တရားဥပဒေရှေ့ မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြု ခံပိုင်ခွင့်၊
အပိုဒ် (၇) - တရားဥပဒေရှေ့ တွင် တန်းတူညီခွင့်၊
အပိုဒ် (၈) - မိမိပိုင်အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေအကူအညီ ရယူခွင့်၊
အပိုဒ် (၉) - မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှု ရရှိခွင့်၊
အပိုဒ် (၁၀) - လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်၊
အပိုဒ် (၁၁) - ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်၊
အပိုဒ် (၁၂) - ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း၊
အပိုဒ် (၁၃) - လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊
အပိုဒ် (၁၄) - မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့်၊
အပိုဒ် (၁၅) - နိုင်ငံသား ဖြစ်ခွင့်၊
အပိုဒ် (၁၆) - အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ် အိမ်ယာ ထူထောင်ခွင့်၊
အပိုဒ် (၁၇) - ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊
အပိုဒ် (၁၈) - လွတ်လပ်စွာ တွေးခေါ် ယုံကြည် ကိုးကွယ်ခွင့်၊
အပိုဒ် (၁၉) - လွတ်လပ်စွာ ထုတ်ဖော်တင်ပြ ပြောဆိုခွင့်၊ သတင်းရယူခွင့်၊
အပိုဒ် (၂၀) - ငြိမ်းချမ်းစွာ ဖွဲ့ စည်းထားသောအဖွဲ့ များအား လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ စုဝေးခွင့်၊
အပိုဒ် (၂၁) - အစိုးရတွင် ပါဝင်ခွင့်၊
အပိုဒ် (၂၂) - လူမှုဖူလုံရေး ခံစားခွင့်၊
အပိုဒ် (၂၃) - အလုပ်လုပ်ခွင့်၊ အလုပ်သမား သမဂ္ဂများဝင်ရောက်ခွင့်၊
အပိုဒ် (၂၄) - အပန်းဖြေအနားယူခွင့်၊
အပိုဒ် (၂၅) - လုံလောက်သော လူမှုအဆင့်အတန်း ခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်၊
အပိုဒ် (၂၆) - ပညာ သင်ကြားပိုင်ခွင့်၊
အပိုဒ် (၂၇) - ယဉ်ကျေးမှုဘဝတွင် ပါဝင်ပိုင်ခွင့်နှင့် မိမိတီထွင်မှု အကျိုးကို မိမိခံစားပိုင်ခွင့်၊
အပိုဒ် (၂၈) - ထိုအခွင့်အရေးများကို လေးစားရန်တာဝန်၊
အပိုဒ် (၂၉) - အခြားသူများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊
အပိုဒ် (၃၀) - မည်သူမှ ဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်၊
အချက် ၃၀ သော ဤလူ့ အခွင့်အရေး
သင်သည်သာ လူသားဖြစ်ပါစေ..
သင် ပိုင်ဆိုင်ရမည်။
သင် အခွင့်အရေးကို
သင်ရယူရန် ကြိုးစားရန်မှာ..
သင် ၏ သမိုင်းပေးတာဝန်
သင်ညံ့ရင်…သင်အရှုံးပေးရမည်။
သင်မရလျှင်…သင့်ဘ၀ဆုံးသည်။
ရအောင် တိုက်ကြ..
လူသား အားမာန်ဇွဲ ပြကြ..
သင်သည်သာ မဟာလူသား..
အခွင့်အလမ်းပိုင်ဆိုင်သူ..လူသား..
တူညီပြစို့  ရုန်းကြစို့ ။
မသဒ္ဓါ ( ၅။၂၇။၂၀၁၀)
Human Rights ပျောက်ဆုံးနေကြသော…ရှိသည်ကို မသိရစေအောင်…ကန့် လန်ကာ အမှောင်ချထားသော လူမဆန်သော အာဏာရှင်လူသား များကြောင့် မျက်ကန်းဖြစ်နေရသော မြန်မာ ပြည်သူများသို့ ..အကျိုးမျှော်၍ နှိုးဆော်ပါသည်။
ယမန်နေ့ ဟောင်းသည်..သမိုင်းအဖြစ် အတိတ်တွင်ကျန်ရစ်ခဲ့ပြီး..မနက်ဖြန်သည် ဘာဖြစ်မည်..သိရန် ခက်ခဲသော ပဟေဠိတပုဒ် သာဖြစ်သောကြောင့်..ယနေ့ အချိန်ရှိစဉ် ရုန်းကန်ဖောက်ထွက်ကြရန်မှာ မိမိတို့ တာဝန်ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် ပြဌာန်းလိုက်သော အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းသည် လက်မှတ်ရေးထိုးစရာ လိုအပ်သော သဘောတူစာချုပ် မဟုတ်သော်လည်း မည်သည့်နိုင်ငံမဆို ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်သွားသည်နှင့် တပြိုင်နက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို လေးစား လိုက်နာရန် တာဝန်ရှိသွားပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်မှ လွဲ၍ မည်သည့်စာချုပ်၊ မည်သည့် ဥပဒေကမှ မလွှမ်းမိုးနိုင်။ ( မြန်မာပြည်က အဘတို့ သာ မက မြောက်ကိုရီးယား က ငပွဘဲ ဖြစ်စေ…အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို လိုက်နာရမည်ဖြစ်သည်။ မကြောက်ကြပါနှင့်..ဒီနေ့ ကြိုးစားလျှင် မနက်ဖြန်ကို သင်ပိုင်ဆိုင်သည်။ )
Yatana.co.cc မှ အချက်အလက်များရယူထားပါသည်။Rest of your post
“အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
Author: မောင်ပါလ | Posted at: 3:41 AM | Filed Under: ဆောင်းပါး
စိုးနေလင်း
Wednesday, May 26, 2010
မြန်မာနိုင်ငံစစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကိစ္စကတော့ နိုင်ငံတကာက မြန်မာ့အရေးစိတ်ဝင်စားကြတဲ့သူတွေ၊ နိုင်ငံရေးသ မားတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့သံတမန်တွေကြားမှာ “ထူးထွေသည့်အံ့ရာသော်” တခုအဖြစ် အတော်လေး လူသိများလာနေပါပြီ။ မြန် မာနိုင်ငံတွင်းက ဘာပဲဖြစ်ဖြစ် လုံးဝမရတာထက်စာရင်လို့ တွေးခေါ်ယုံကြည်ကြသူတွေ၊ နောက်ဆုံးရထားလို့ ယူဆထားကြသူတွေ ကလည်း ရွေးကောက်ပွဲဝင်ဖို့ အလုအယက်ပြင်ဆင်နေကြပါပြီ။ ဒါပေမယ့် ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမှာလဲလို့ မေးရင်တော့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ကြပါဘူး။ စစ်အာဏာရှင်အစိုးရက ထုံးစံအတိုင်းပဲ ညစ်ပုပ်ကပ်ကျယ်လုပ်ပြီး သူတို့ အာဏာကုလား ထိုင် စိတ်ချရရေးအတွက် ပြီးပြည့်စုံအောင်ပြင်ဆင်နေပါတယ်။
အစပိုင်းက ယုံကြည်ချက်မှန်ကန်ပြီး ရဲရင့်ခိုင်မာမယ်လို့ထင်ထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းတာဝန်ရှိ ပုဂ္ဂိုလ်တ ချို့ နဲ့ လွှတ်တော်အမတ်တချို့ကလည်း ပါတီရဲ့အများစုဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ပါတီသစ်တည်ထောင် ရွေးကောက်ပွဲဝင်ဖို့ တာစူ လာတာ တွေ့ရပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး အရေးတော်ပုံကြီးရဲ့သမိုင်းမှာ လူထုယုံကြည်အပ်နှံရွေး ကောက်ခံခဲ့ရတဲ့ အတိုက်အခံ ပါတီကြီးထဲက ထွက်ကျလာတဲ့ ပိုးလောက်တွေလို့ ပြောမယ်ဆိုရင် မလွန်လောက်ပါဘူး။
စစ်အစိုးရကလည်း စစ်သားတမတ်သားပါတဲ့ လွှတ်တော်ကို ဒီထက်ပိုပြီး အားကောင်းခိုင်မာရအောင် ကြံ့ဖွံ့လက်မရွန့် လက်ကိုင်တုတ် တပ်ဖွဲ့ကိုပါ တည်ထောင်ပြီး အရေခွံလဲလိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေက ပါတီခေါင်းဆောင်တွေ လုပ်လာကြပါပြီ။ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုကို ထာဝရ ကျွန်ပြုအုပ်ချုပ်နိုင်ရေးအတွက် မတရားတဲ့နည်းလမ်းပေါင်းစုံ၊ လိမ်နည်းပေါင်းစုံ၊ ကောက်ကျစ်စဉ်းလဲ နည်း မျိုးစုံနဲ့ လုပ်သွားမယ် ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါဘူး။ သူတို့ရဲ့သြဇာကိုနာခံမယ့် ကျွန်ထိမ်းလောက်ဖြစ်လည်း မနည်း ဘူးလို့စဉ်းစားပြီး ရွေးကောက်ပွဲဝင်ကြမယ့် တခြားပါတီတချို့ကလွဲရင် ကျန်တဲ့ပါတီတွေကိုတော့ နည်းလမ်းပေါင်းစုံနဲ့ ဖိစီးနှိပ်ကွပ်ထား ပါတယ်။ ဘာမှလွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်လို့ မရပါဘူး။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးလို့ ပြည်တွင်း ပြည်ပက ဘယ်လိုပဲကြွေးကြော်တောင်းဆိုနေပေမယ့် ဒီလို စစ်အာဏာရှင် စနစ်အောက်မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး မရနိုင်ဘူးဆိုတာ ကတော့ အလွန်ရှင်းလင်းမြင်သာတဲ့ အချက်ဖြစ်ပါတယ်။ ဖြစ်နိုင်မယ် ရနိင်မယ်လို့ ယူဆယုံကြည်တယ်ဆိုရင်တော့ အလွန်ရူးကြောင် လွဲချော်တဲ့ တွေးမြင်ယုံကြမှုပဲ ဖြစ်ပါလိမ့်မယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီမှတ်ပုံမတင်ဖို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ဟာ အလွန်ရဲရင့်ပြတ်သားသ လို အချိန်အခါသင့်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ တကယ့်လိုအင်ဆန္ဒနဲ့လည်း ကိုက်ညီနေတယ်ဆိုတာ ပြည် သူလူထုကြီးရဲ့ တုန့်ပြန်သံတွေက သက်သေပြနေပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ချပြီးတဲ့နောက် ပြည်သူလူထုကို ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ မဲမပေးဖို့ တိုက်တွန်း စည်းရုံးရမယ်ဆိုတဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မီတီလည်းဖြစ် ဝါရင့်နိုင်ငံရေးသမားနဲ့ သတင်း စာဆရာ စာရေးဆရာကြီး ဦးဝင်းတင် ဖော်ထုတ်ပြောဆိုလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားဟာလည်း မှန်ကန်ရဲ ရင့်သင့်မြတ်ပါတယ်။ တခြား အမျိုးသားစီမိုကရေစီအဖွဲ့ချုပ်လိုပဲ ပါတီမှတ်ပုံမတင်ဖို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ချက်ချထား တိုင်း ရင်းသားနိုင်ငံရေးပါတီတွေ ပါတီအဖွဲ့အစည်းတွေအနေနဲ့လည်း မိမိတို့ သက်ဆိုင်ရာပြည်သူလူထုကို စစ်အာဏာရှင်တွေရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေ ဆန့်ကျင်ကန့်ကွက်ဖို့ စည်းရုံးသိမ်းသွင်းပေးဖို့ တာဝန်ရှိပါတယ်။ ပြည်သူလူထုမှာ ထောက်ခံမဲပေးပိုင်ခွင့်၊ ကန့် ကွက်မဲပေးပိုင်ခွင့်နဲ့ မဲမပေးပဲနေပိုင်ခွင့် အခွင့်အရေးတွေရှိနေပြီး အဲဒီအထဲက မဲမပေးပဲ နေပိုင်ခွင့်ကိုအသုံးပြုပြီး ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ စည်းရုံးသိမ်းသွင်းပေးကြရပါလိမ့်မယ်။ စစ်အစိုးရရဲ့ခြိမ်းခြောက်မှုတွေကို မကြောက် မရွံမဲမပေးဘဲ နေ ခြင်းအားဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းအားပေးကြရပါလိမ့်မယ်။
မကြာသေးခင်ကမှ မြန်မာနိုင်ငံကို မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လွတ်လပ်တရားမျှ တတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် လာရောက်လည်ပတ်သွားခဲ့တဲ့ အမေရိကန် အာရှပစ္စိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ်ကို ရွေးကောက်ပွဲကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့် သူတွေထားဖို့ မလိုအပ်ပါဘူးဆိုတဲ့စကားဟာ ဒီကနေ့ခေတ်ကမ္ဘာကြီးရဲ့အနေအထားမှာ အခြေအနေမှာ အလွန်အံ့သြစရာကောင်း သလို ရှက်တတ်မယ်ဆိုရင်လည်း ရှက်တတ်ဖို့ကောင်းပါတယ်။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို စစ်တပ်ကသေနတ်မိုးပြီး စိတ်ကြိုက် ကျင်းပပေးမှာဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ တပြိုင်နက်တည်းမှာပဲ နိုင်ငံတကာရဲ့ မေတ္တာရပ်ခံချက် တိုက်တွန်းနှိုးဆော်ချက်တွေနဲ့ ဖိ အားပေးမှုတွေကို အလေးဂရုပြုလိမ့်မယ်မဟုတ်ဘူးလို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
ကျနော်တို့ပြည်တွင်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုကြီးတရပ်လုံးဟာ စစ်အစိုးရအ ဆက်ဆက်ရဲ့ လုပ်နည်းလုပ်ဟန်တွေ ညစ်ပတ်နည်းကောက်ကျစ်နည်းတွေနဲ့ အကျွမ်းတဝင်ရှိပြီးဖြစ်ပါတယ်။ ဘယ်သူတွေဘာပြော ပြော သူတို့ဖြစ်ချင်တာကိုရအောင် ရတဲ့နည်းနဲ့လုပ်ယူတတ်တဲ့ စစ်အာဏာရှင်တွေကို ခုတကြိမ်မှာတော့ တညီတညွတ်တည်း ဆန့် ကျင်ဖယ်ရှားပြီး ကိုယ်လိုလားတဲ့ စနစ်တခုကိုရယူတည်ဆောက်ဖို့ ကြိုးစားတဲ့နေရာမှာ ပြည်သူလူထုတွေကိုယ်စီကိုယ်စီမှာ တာဝန်ရှိပါ တယ်။ လိုအပ်ရင် အတိုင်းအတာတခုထိ စွန့်လွှတ်အနစ်နာခံမှုတွေ လုပ်ကြရပါလိမ့်မယ်။
တိုင်းပြည်တပြည်ရဲ့ ခေတ်ပြောင်းတော်လှန်ရေးတရပ်ဟာ အကြွင်းမဲ့ချောမွေ့ ပြန့်ပြူးတယ်ဆိုတာ ဘယ်သမိုင်းမှာမှ မရှိခဲ့ပါဘူး။ ဆူး ညှောင့်ခလုပ်အတိနဲ့ ကြမ်းတမ်းခက်ထန်တဲ့လမ်းတွေကို လျှောက်ခဲ့ကြရတယ်ဆိုတာ မြင်သာထင်ရှားဖြစ်ပါတယ်။ ကျနော်တို့တွေ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ညီညွတ်ပေါင်းစည်းမှုနဲ့ စစ်အာဏာရှင်စနစ်ကို တပြိုင်တည်း ဖယ်ရှားရှင်းလင်းပစ်ကြဖို့ ကြိုးစားကြရပါ လိမ့်မယ်။ ။Rest of your post
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
Thursday, 27 May 2010 17:46 မွေခေါဝ်
RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုဆဲဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း မေ ၂၆ ရက်နေ့၌ ကြေငြာချက်တစောင်ထုတ်ပြန်သည်။
နအဖတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသူနိုင်ငံသားများ၏ စိတ်ရင်းဆန္ဒမှန် မဟုတ်သောကြောင့် မထောက်ခံနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုကြောင်း ပါရှိသည်။
တစညပါတီနှင့် ကြံ့ဖွံ့ပါတီတွင် ပါဝင်ကြမည့် သျှမ်းပြည်မှပြည်သူလူထုအား RCSS က အသိအမှတ်ပြု ထောက်ခံခြင်း မရှိကြောင်း ထိုကြေငြာချက်ကဆို၏။
၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထူထောင်သည့် ပါတီသစ်များကို ကန့်ကွက်ကြောင်းလည်း ရေးသားထားသည်။
“ဒီလိုဆိုရင် ဦးစိုင်းအိုက်ပေါင်းဦးဆောင်ဖွဲ့စည်းတဲ့ ကျားဖြူပါတီ(SNDP)ဟာ RCSS ရဲ့ ထောက်ခံအသိအမှတ်ပြုမှုရဖို့ မျှော်လင့်ချက်မရှိဘူးဆိုတဲ့ သဘောသက်ရောက်တယ်” ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြူပါတီအဖွဲ့ဝင်တဦးက ပြောကြားပါသည်။
Rest of your post
၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
စိုင်းဇွမ်ဆိုင်း Thursday, May 27, 2010
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက် ရှုတ်ချသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပြည်ပ အခြေစိုက် ဒီမိုကရေစီ အင်အားစုများမှ နိုင်ငံအလိုက် လှုပ်ရှားမှုများကို ယနေ့ ကျင်းပ သည်ဟု သိရှိရသည်။
ယင်းလုပ်ရှားမှုများကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ဆယ်စုမှ နိုင်ငံခြားရေးကော်မတီများကို စုဖွဲ့ထား သည့် နိုင်ငံခြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (FACT) မှ ကမကထပြု ကျင်းပခဲ့ခြင်းဖြစ်သည်။
“တပ်ပေါင်းစု ဆယ်စုကနေပြီးတော့မှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုကို မတ်လ ၁၉ ရက်နေ့ က ဘန်ကောက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖွင့်လှစ်ခဲ့တယ်၊ ဒီနေ့ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ ဆိုတာကတော့ ဒီ လှုပ်ရှားမှုကြီးရဲ့ လုပ်ငန်းစဉ်တခုလို့ ပြောလို့ရပါတယ်”ဟု FACT တာဝန်ခံ ကိုသွင်လင်းအောင် က ဧရာဝတီသို့ ပြောသည်။
ယနေ့ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အခမ်းအနားသည် မြန်မာနိုင်ငံတွင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲမဝင်ဟုဆိုကာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည့်အပေါ်တွင် ပြည်ပ အတိုက် အခံ များကလည်း ၎င်းတို့နှင့် တစ်သားတည်း ဖြစ်ကြောင်းကို ပြသသည့်အခမ်းအနားလည်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
NLD လွတ်မြောက်နယ်မြေ (မလေးရှား) ဥက္ကဌ ကိုကျော်ကျော်က“စစ်မှန်တဲ့ ရွေးကောက်ပွဲ နဲ့ စစ်အာဏာရှင် ရွေးကောက်ပွဲလို့ ရေးထားတဲ့ မဲပြားတွေကို ပို့စ်ကတ်အရွယ် လုပ်ပြီးမှ ဘယ် ရွေးကောက်ပွဲ အမျိုးအစားကို ကြိုက်လဲ ဆိုတာကို ပွဲလာတက်တဲ့သူတွေရဲ့ ဆန္ဒတွေကို ကောက်ခံတဲ့ လှုပ်ရှားမှု လုပ်ခဲ့တာပါ”ဟု သူက ဆို သည်။
ယင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ ပြည့်အခမ်းအနားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ တရုတ်တန်းခန်းမတွင် ကျင်းပခဲ့ပြီး ပွဲတက်ရောက်လာသူဦးရေ တရာခန့်ရှိသည်ဟုလည်း ကိုကျော်ကျော်က ပြောသည်။
NLD လွတ်မြောက်နယ်မြေ (ကိုရီးယား) တာဝန်ခံ ကိုနေထွန်းနိုင်က“ကျနော်တို့က ဆိုးလ်မြို့မှာရှိတဲ့ နအဖ သံရုံး ရှေ့ မှာ ၁၉၉၀ မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲ အကြောင်းတွေ၊ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ အခု စစ်အစိုးရ ပြင်ဆင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းတွေကို သတင်းစာ ရှင်းလင်း ပွဲ တခုလုပ်ပြီးတော့ ပွဲတက်လာတဲ့သူတွေကို တင်ပြခဲ့ပါတယ်”ဟု ပြောသည်။
“ဒီနေ့ပွဲကို ကိုရီးယားမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတဲ့သူတွေ၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံ အားပေးတဲ့ ကိုရီးယား အန်ဂျီအိုတွေ၊ ကိုရီးယားရောက်မြန်မာတွေ တက်ရောက်ခဲ့ပြီးတော့ တခြားနိုင်ငံတွေမှာ လိုပဲ စစ်အာဏာရှင် ရွေးကောက်ပွဲကို ကြိုက်လား၊ စစ်မှန်တဲ့ ရွေးကောက်ပွဲကို ကြိုက်လား ဆိုတဲ့ ဆန္ဒပြုမှုတွေ ကောက်ခံခဲ့ပါတယ်”ဟု ကိုနေထွန်းနိုင်က ဆက်ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနှင့် တိုင်းရင်းသားအခွင့်အရေး လုပ်ဆောင်နေသည့် တပ်ပေါင်းစု ၁၀ ဖွဲ့နှင့် လူပေါင်း နှစ်ရာ နီးပါးခန့် တက်ရောက်သည်ဟု စုံစမ်းသိရှိရသည်။
ယင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အထိမ်းအမှတ်အဖြစ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း များအပေါ် အန္တရာယ်ပြုမှုများအား ရပ်တန့်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် များကို တောင်းဆိုကြသည်။
ထို့အပြင် စစ်အာဏာရှင် ရွေးကောက်ပွဲနှင့် စစ်မှန်သော ရွေးကောက်ပွဲကို မဲပေးရွေးချယ်ရန် အစီအစဉ်အား ယနေ့ စတင် ဖွင့်လှစ်လိုက်သည်ဟုလည်း မဲဆောက်မြို့အခြေစိုက် ဧရာဝတီသတင်းထောက်ထံမှ သိရှိရသည်။
ယနေ့ စတင်သည့် စစ်အာဏာရှင် ရွေးကောက်ပွဲနှင့်၊ စစ်မှန်သော ရွေးကောက်ပွဲကို မဲပေးရွေးချယ်ခြင်း အစီ အစဉ် သည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ပြီး ရရှိ လာသော မဲပြားများရလဒ်ကို နိုင်ငံအလိုက် အစိုးရများထံသို့ ပေးပို့သွားမည်ဟုသိရှိရသည်။
အာဆီယံ ဒေသတွင်း နိုင်ငံများမှ ရရှိလာသော မဲပြားများနှင့် မဲပြားရလဒ်များကိုမူ အာဆီယံ အထွေထွေ အတွင်းရေးမှုးချုပ်ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း FACT တာဝန်ခံက ပြောသည်။
နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ယခုလှုပ်ရှားမှုတွင် မြန်မာ့ဒီမိုကရက်တစ် အင်အားစု၊ အမျိုးသားညွန့်ပေါင်း အစိုးရ၊ မြန်မာ ပါလီမန် အမတ်များအဖွဲ့၊ မြန်မာ အမျိုးသမီး သမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ စသည့်အဖွဲ့အစည်း ၁၀ ဖွဲ့က အဓိက တပ်ပေါင်းစုကြီးအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ယင်းလှုပ်ရှားမှုသည် ကမ္ဘာတလွှားရှိ အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်၏ ထောက်ခံမှုလည်း ရရှိထားကြောင်း သိရ သည်။Rest of your post
ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ မေလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အပစ်ခတ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားများ ဆက်လက်ရှိနေချိန်တွင် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုကို တိုက်ခိုက်ပါက ပြန်လည်၍ ပူးပေါင်း တွန်းလှန်တိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘောတူလိုက်ကြသည်။
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လျှို့ဝှက်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် စစ်ရေးသဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“အဓိကကတော့ တိုင်းရင်းသားအဖွဲ့တွေကို အစိုးရက နိုင်ငံရေး၊ စစ်ရေးတွေနဲ့ ဖြေရှင်းလာခဲ့ရင် အတူတကွ လက်တွဲဖြေရှင်းသွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။
အစည်းအဝေးသို့ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA – N တို့ကို ဖိတ်ကြားခဲ့သော်လည်း မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်ခဲ့ကြသော တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်၏ ကွပ်ကွဲမှုအောက်သို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA ၊ KIO ၊ NMSP ၊ SSA-N ၊ ကရင်အဖွဲ့ငယ်တခုဖြစ်သော ဗိုလ်ချုပ်ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မိုင်းလားအဖွဲ့ NDAA တို့က ငြင်းဆန်ထားသည်။
ချင်းအမျိုးသားတပ်ဦး CNF ဗဟိုကော်မတီဝင်တဦးက ‘’ တဖွဲ့ကို တိုက်လာခဲ့ရင် ဝိုင်းဝန်းကူညီဖို့နဲ့ အခါအခွင့်သင့်တဲ့အခါ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေ အကုန်လုံးက စုပေါင်းပြီး တပြိုင်နက်ထဲ စစ်မျက်နှာတွေဖွင့်ဖို့ စတဲ့အချက်တွေလည်း ပါတယ်။ ...ရွေးစရာလမ်းလည်း မရှိတော့ဘူး” ဟု ပြောသည်။
အဖွဲ့ ၅ ဖွဲ့၏ ခေါင်းဆောင်များသည် ယခုနှစ် ဖေဖော်ဝါရီလက ပထမအကြိမ် လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ယခုတကြိမ် တွေ့ဆုံမှုတွင် မဟာမိတ်အဖွဲ့တခုအဖြစ် ဖွဲ့စည်းခြင်းမဟုတ်ဘဲ အချင်းချင်း လက်တွဲ ရင်ဆိုင်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
မကြာမီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယခုထက် ပိုမိုစုံညီစွာ ပါဝင်မည့် ဆွေးနွေးပွဲပြုလုပ်ပြီး ညီညွတ်သော အင်အားစုတရပ်အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်လည်း သဘောတူခဲ့ကြသည်။
အပစ်ရပ်အဖွဲ့များနှင့် KNU ၊ KNPP ၊ CNF အပစ်ရပ်မဟုတ်သည့် အဖွဲ့များအကြား သဘောတူညီချက်ရခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ သဘောတူညီမှုမျိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက UWSA ၊ KIO ၊ ကိုးကန့်တပ်မတော် ခေါ် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့အကြား ထားရှိခဲ့ဖူးသည်။
သို့သော် စစ်အစိုးရက မူးယစ်ဆေးဝါးအကြောင်းပြကာ ဖုန်ကျားရှင် ဦးဆောင်သည့် MNDAA ကို ၂ဝဝ၉ ခုနှစ် သြဂုတ်လကုန်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ကျန်မဟာမိတ်အဖွဲ့များက ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
မြန်မာပြည်တွင် အခြားသော လက်နက်ကိုင်အဖွဲ့များ စုစည်းထားသည့် အဖွဲ့တခုမှာ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - မဒတ NDF ဖြစ်ပြီး အဖွဲ့ပေါင်း ၁၃ ဖွဲ့ ပါဝင်သည်။
နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ယခုအခါ KNU ၊ CNF ၊ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PKLO ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP စသည့် ၈ ဖွဲ့သာ ကျန်ရှိသည်။
Rest of your post
Thursday, May 27, 2010
နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
ရွှေပြည်စိုး
မေ ၂၆၊ ၂၀၁၀
၂၀၁၀၊ ၄ ၊ ၁၅ ရက် သင်္ကြန်အကြတ်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ နအဖလက်ချက်မှတပါး အခြားမရှိကြောင်းကို မေလထုတ် ဒီစာစောင်မှာ သာဓကတွေနဲ့ ဖော်ပြပြီးပါပြီ။ အခုထပ်မံတွေ့ရှိချက် အချို့ဟာ အရင်ဖော်ပြချက်တွေကို ပိုမိုခိုင်လုံအောင် ထပ်လောင်း သက်သေထူပေးမှာ ဖြစ်ပါတယ်။ ထပ်မံတွေ့ရှိချက် အချို့မှာ-
၁။ သံသယရှိတဲ့ ကြိုတင်စီမံမှု
(က) သင်္ကြန်အကျနေ့ကတည်းက ကန်တော်ကြီးပန်းခြံထဲမှာ လုံခြုံရေးယာဉ်တွေ ဆေးရုံ အရေးပေါ်လူနာတင်ကားတွေ အသင့်ထားရှိတယ်။ (ဧရာဝတီ ၂၀၁၀၊ ၄၊ ၁၉)။ ဒါဟာ ဗုံးခွဲမှန်း ကြိုသိလို့ ကြိုတင် ထားရှိတာ ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အခြားနေ့နဲ့ အခြားမဏ္ဍပ်တွေမှာ ဒီလိုမထားဘဲ X2O မဏ္ဍပ်တစ်ခုတည်းမှာ လာထားတာကြောင့် ဖြစ်တယ်။
(ခ) ဆေးရုံကြီး အတွင်းလူနာဆောင်ရှိ လူနာတွေကို ကြိုတင် ဖယ်ရှားထားတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၂၂) ဒါလည်း ဗုံးခွဲမယ်မှန်း သိလို့ ကြိုတင် ပြင်ဆင်ထားတာ ဖြစ်ရမယ်။
(ဂ) X2O မဏ္ဍပ်ကို ဗိုလ်ချုပ်သန်းရွှေရဲ့ မြေး ဖိုးလပြည့်လာမယ်ဆိုလို့ ဗိုလ်ချုပ်ရွှေမန်းအမိန့်နဲ့ လုံခြုံရေး အပြည့်ချထားတာ ဖြစ်တယ်။ ဒီမဏ္ဍပ်ဟာ ဗိုလ်သန်းရွှေရဲ့ မြေး ဖိုးလပြည့်ရဲ့ သူငယ်ချင်း ဖိုးအေးရဲ့မဏ္ဍပ် ဖြစ်တယ်။ ဖိုးလပြည့်ဟာ သင်္ကြန်အကျနေ့က ရေလာကစားသွားတယ်။ နောက်နေ့ ထပ်လာမည်လို့ သတင်းထွက်နေတယ်။
(ဃ) မင်္ဂလာတောင်ညွန့်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင် စစ်ဒေသမှုးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပေမယ့် ဗိုလ်ရွှေမန်းရဲ့ အမိန့်နဲ့ တောင်ပိုင်းခရိုင် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို လာရောက် တွဲဖက် တာဝန်ပေးထားတယ်။ အရှေ့ပိုင်းခရိုင် စစ်ဒေသမှူးရှိလျက်နဲ့ ဘာကြောင့် ဗိုလ်ရွှေမန်းက ဗိုလ်အုန်းချိုကို တွဲဖက် တာဝန်ပေးတာလဲ။
(င) X2O မဏ္ဍပ်ဟာ ရေကစားမဏ္ဍပ်သာ ဖြစ်တယ်။ လက်နက်ချင်း ယဉ်ပြိုင်တိုက်ရမယ့် စစ်မြေပြင်မဟုတ်လို့ နောက်ထပ်စစ်ဒေသမှူး တစ်ဦးကို တွဲဖက် တာဝန်ပေးတယ်ဆိုတာ ဘာသဘောလဲ။ သဘောရိုး မဖြစ်နိုင်။
(စ) ဒီလောက် လုံခြုံရေး အင်အားတွေ တိုးချဲ့ ချထားတဲ့နေရာကို ဗုံးခွဲမယ့် အဖျက်သမားတွေ ကပ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်။
(ဆ) ဗိုလ်အုန်းချိုနဲ့ အဖွဲ့ မဏ္ဍပ်ရောက်ပြီး မိနစ်သုံးဆယ်ခန့်မှာ ဗုံးကွဲတယ်။ ဗိုလ်အုန်းချိုသားနဲ့ ဖိုးလပြည့်တို့က အညိအစွန်း ရှိခဲ့ဖူးတယ်လို့လည်း သိရတယ်။ (ခေတ်ပြိုင်င် ၂၀၁၀ ၊ ၄ ၊ ၁၉) ဗိုလ်ရွှေမန်းကလည်း ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ ညာလက်ရုံး ဖြစ်နေတဲ့အတွက်ကြောင့် ဒီပေါက်ကွဲတဲ့ ဗုံးတွေကို ဆက်စပ်လိုက်ရင် ဘယ်သူ့လက်ချက်ဖြစ်မလဲ ဆိုတာ တွေးကြည့်ရင် ပြေးကြည့်တာထက် ပိုထင်ရှားနေပါပြီ။
တဖန် ဒီပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ ရဲချုပ်ခင်ရီ စွပ်စွဲသလို နယ်စပ်ကလူတွေရဲ့ လက်ချက်လို့ ဆိုရအောင် ၂၀၁၀ မေ ၆ ရက်နေ့က ကြေးမုံ သတင်းစာမှာ ဖော်ပြထားတဲ့ ဗုံးခွဲကိရိယာ တန်ဆာပလာ အမျိုးအမည်ပေါင်း ၂၀ လောက်ကို သယ်လာဖို့ မလွယ်သလို စစ်ဆေးရေးဂိတ် အဆင့်ဆင့် လွတ်အောင် ကျော်ဖြတ်ဖို့က ခက်တယ်။ ရတယ်ပဲထားဦး ရန်ကုန်နယ်နိမိတ်အတွင်းရောက်ဖို့ ပိုခက်ပါတယ်။ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ရဲ၊ ထောက်လှမ်းရေး၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စတဲ့ နအဖ အလိုတော်ရိတွေက ၀င်လာတဲ့ လူစိမ်းမှန်သမျှကို နေ့ည မလွတ်တမ်း စောင့်ဖမ်းနေတာကြောင့် ဟိုလူတွေ ရပ်ကွက်ထဲ ဘယ်လို ရောက်လာနိုင်မှာလဲ။ အဲဒီတော့ ရဲချုပ်စွပ်စွဲတဲ့သူတွေကို အဖျက်သမား ဖြစ် သယောင်ပြောတာဟာ နအဖအတွင်း ပြဿနာကို ဖုံးကွယ်ဖို့ လုပ်ဇာတ်ခင်းတယ်ဆိုတာ ထင်ရှားနေပြန်ပြီ။
၂။ ဗုံးကွဲတဲ့နေ့ အခြေအနေ
(က) အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုဟာ သူ့သားသမီး သုံးယောက်ကို သင်္ကြန်ရက်အတွင်း ဘယ်မှ ထွက်မလည်ဖို့ သူ့ဇနီးကို ကြိုတင်မှာထားကြောင်း သူနေထိုင်ရာ ဝေဠုဝန် အိမ်ရာမှာ ပြန့်နှံ့နေပါတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၂၂)
(ခ) ဗိုလ်အုန်းချိုဟာ သင်္ကြန် အကြိုနေ့ကတည်းက X2O မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်ရသူ ဖြစ်တယ်။
(ဂ) ဗိုလ်အုန်းချိုဟာ ဗုံးကွဲတဲ့နေ့ နံနက် ၁၀ နာရီမှာ မဏ္ဍပ်ကိုရောက်တယ်။ နေ့လယ် ၁၂ နာရီ မှာ ထမင်းပြန်စားတယ်။ ညနေ ၃ နာရီမှာ အခြားအဏာပိုင်တွေနဲ့ အတူ ပြန်ရောက်လာပြီး နာရီဝက်ခန့်အကြာမှာ ဗုံးပေါက်ကွဲလို့ လူအတော်များများ သေဆုံးကြတယ်လို့ တာဝန်ကျ တပ်ကြပ်တစ်ဦးက ပြောတယ်။
(ဃ) ဗုံးပေါက်ကွဲ ပြီးပြီးချင်း လူနာတင်ကား ချက်ချင်းရောက်လာတယ်။ ဗုံးကွဲတဲ့နေရာကို ဗုံးကျွမ်းကျင်သူ Bomb experts တွေကို စေလွှတ်ရမည့်အစား ယာဉ်ထိန်းရဲတွေကိုသာ စေလွှတ်ပြီး ပေကြိုးဆွဲ မြေပြင်ရှင်းလင်းရေးတွေကို လုပ်ခိုင်းတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၁၉) အကယ်၍ ဗုံးကျွမ်းကျင်သူတွေကို စေလွှတ် စစ်ဆေးပါက နအဖလူကြီးတွေရဲ့ လှို့ဝှက် လုပ်ကြံမှုတွေကို ပေါ်ကုန်မှာစိုးလို့ ယာဉ်ထိန်းရဲတွေကိုသာ စေလွှတ်တယ်ဆိုတာ ထင်ရှားတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီဗုံးခွဲတဲ့ လက်သည်တရားခံဟာ ဘယ်သူဖြစ်မလဲဆိုတာ တွက်လို့ရပါတယ်။
၃။ ဟောကိန်းတွေထုတ်ပြီ နအဖကို
“ဒီလောက် လက်နက်ကိုင် လုံခြုံရေးတွေ အများကြီး ယူထားတဲ့ကြားက ပေါက်ကွဲမှုဖြစ်တယ်ဆိုတော့ လူထုဆန့်ကျင်တဲ့ အလုပ်ကို နအဖပဲလုပ်တာ၊ သူတို့ပဲခွဲတာဖြစ်မယ်၊ စစ်အစိုးရလက်ချက် ဖြစ်နိုင်ခြေရှိတယ်” လို့ မြန်မာ့စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ဗုံးကွဲတဲ့နေ့မှာပင် ဟောကိန်းထုတ်လိုက်ပါတယ်။ (DVB ၂၀၁၀၊ ၄၊ ၁၅)
မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူများနဲ့ ရန်ကုန်မြို့နေ လူထုကလည်း ဦးအောင်ကျော်ဇောနည်းတူ နအဖလက်ချက်ဖြစ်နိုင်ကြောင်း ဟောကိန်းထုတ်ကြပါတယ်။
၎။ နအဖက ၀ါးလုံးရှည်နဲ့ ရမ်းပြီ
နအဖအောက်ခြေ အာဏာပိုင်တွေက X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲမှုကို အသေအခြာစုံစမ်းစစ်ဆေးခြင်း မပြုဘဲ ထုံးစံအတိုင်း နယ်စပ်အခြေစိုက် ABSDF, NLD-LA, NCUB, NCGUB တို့က ငွေကြေးစိုက်ထုတ် ကြိုးကိုင်ပြုလုပ်တယ်။ ပြည်တွင်းအဖွဲ့ချုပ်နဲ့ ဗုံးခွဲသူတွေကို ပတ်သက် ချိတ်ဆက်ထားသယောင် စွပ်စွဲထားတယ်။ ဒါပေမယ့် အတိုက်အခံ အင်အားစုတွေက “ဗုံးခွဲမှုတိုင်းမှာ နအဖက ဒီမိုကရေစီ အင်အားစုတွေကို စွပ်စွဲလေ့ရှိတယ်။ ဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပြည်သူတွေက လက်မခံသလို နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး” လို့ ငြင်းဆိုတယ်။ ဒါ့အပြင် နအဖထဲမှာ တင်းမာမှု၊ အားပြိုင်မှုတွေ ရှိနေတယ်။ နအဖ အနေနဲ့ သူ့ရဲ့ အနီးဆုံးက လက်နက်တွေကို ရန်ကုန်မြို့ထဲ ဘယ်လို သယ်ယူနိုင်တယ်၊ ဘယ်လိုပုံသဏ္ဍန်နဲ့ ဖောက်ခွဲနိုင်တယ်ဆိုတာ နအဖနဲ့ ဒီလူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။”လို့ ဆိုပါတယ်။ (DVB ၂၀၁၀ ၊ ၄၊ ၁၈)
အဲဒီလို အတိုက်အခံဘက်က ပြန်နှက်လိုက်ပေမယ့် အရှက်ကင်းမဲ့တဲ့ နအဖကတော့ ရှက်ရမှန်းသိမှာမဟုတ်။
ကြေးမုံသတင်းစာက စွပ်စွဲတဲ့ အထဲမှာ စစ်သည်လက်နက်အင်အားကောင်းပြီး ငွေကိုရေလိုသုံး၊ ဖြုန်း၊ဗုန်းနေတဲ့အဖွဲ့ကို စွပ်စွဲဖို့ ကျန်နေပါတယ်။ အဲဒီအဖွဲ့က မကောင်းမှုဒုစရိုက်နဲ့ ကြော်ကြားပြီး မြန်မာရောကမ္ဘာကပါ အော့ကြောလန်နေတဲ့ နအဖအဖွဲ့ ဖြစ်တယ်။ နောက်တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ရင် နအဖကိုပါ ထည့်သွင်းစွပ်စွဲဖို့ မမေ့ပါနဲ့လို့ ပြည်တွင်းရှိ စာနယ်ဇင်းတွေကို သတိပေးလိုက်ပါတယ်။
၅။ ကြေညာပြီ ဆုငွေဆယ်သိန်း
၁၅ရက် အကြတ်နေ့က ပေါက်ကွဲတဲ့ ဗုံးသုံးလုံးကြောင့် လူဆယ်ဦးသေပြီး ၁၇၀ ကျော်ဒဏ်ရာရတဲ့ လူသတ်မှုတရားခံ လက်သည်မပေါ်သေးလို့ ထိရောက်စွာ သတင်းပေးနိုင်သူကို ဆုငွေဆယ်သိန်းချီးမြှင့်မယ်လို့ တယက (ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)က ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်။ (ခေတ်ပြိုင် ၂၀၁၀၊ ၄၊ ၁၉)
ညွှန်ကြားချက်ထုတ်ပြီးတာ ခုဆို တစ်လကျော်လာပြီ။ လက်သည်အစစ်မပေါ်သေးဘူး။ တစ်လမပြောနဲ့ တစ်နှစ်၊ ဆယ်နှစ်တောင် တရားခံ အစစ်ပေါ်မှာမဟုတ်။ စစ်အာဏာရှင်ကြီးတွေ ၀ိညာဉ်ချုပ်ပြီးမှ သို့မဟုတ် သူတို့အချင်းချင်းဖော်တော့မှ ပေါ်မယ့်အမှုတွေဖြစ်တယ်။ တရားခံအတုတော့ မကြာမီပေါ်လာပါလိမ့်မယ်။ ဟုတ်မဟုတ် စောင့်ကြည့်ကြပါ။
၆။ လွဲနေပြီ တယက ညွှန်ကြားချက်နဲ့ ရဲချုပ်စွပ်စွဲချက်
၂၀၁၀ ၊ ၄ ၊ ၁၉ ရက်နေ့က တယကရဲ့ ညွှန်ကြားချက်ထဲမှာ “၁၅ ရက်နေ့က ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုတွင် မသင်္ကာဖွယ် အဖျက်သမားနှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍….. လို့ နှစ်ယောက်ကို ဖော်ပြထားပုံနဲ့ ရဲချုပ်ရဲ့ ၂၀၁၀ မေ၊ ၆ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ “လက်ပစ်ဗုံး သုံးလုံးကို VBSW အဖွဲ့ဝင်သုံးဦးက ဖောက်ခွဲသည်။ ဖြိုးဝေအောင်က ပတ်ဝန်းကျင်ကို စောင့်ကြည့်သူဖြစ်ကြောင်း စွပ်စွဲပုံတို့ဟာ ကွဲလွဲကွာဟနေတာ တွေ့ရပါတယ်။ ဘယ်သူကလိမ်လို့ ဘယ်သူက ညာနေလဲဆိုတာ သူတို့သာ သိမှာပါ။
တဖန် ရဲချုပ်ပြောသလို လူသုံးယောက်က ဗုံးသုံးလုံးဖောက်ခွဲတယ်လို့ တပ်အပ်သိနေမှ ဘာကြောင့်ချက်ချင်း မဖမ်းသလဲ။ ဖြိုးဝေအောင်ကိုကော ဘာကြောင့်ချက်ချင်း မဖမ်းတာလဲ။ ဗုံးခွဲသူတွေက နအဖလူကြီးတွေရဲ့ လူတွေဖြစ်နေလို့ မဖမ်းတာလား။ ဖြိုးဝေအောင်ဟာ မဲဆောက်မြို့ VBSW ထံနှစ်ကြိမ် ဖောက်ခွဲရေးသင်တန်းတက်ခဲ့တာ သိလျက်နဲ့ ဘာကြောင့် အရင်ကတည်းက မဖမ်းတာလဲ။ ဘာကြောင့် ခုမှ ဖမ်းတာလဲ၊ မေးပါရစေ။
အဲဒီလို များစွာသော ရဲချုပ်ရဲ့ ရှေ့နောက်မညီတဲ့ မှားယွင်းချက် အပြည့်အစုံကို ၂၀၁၀ ၊ မေ၊ ၁၁ ရက်နေ့ထုတ် ဧရာဝတီနဲ့ ၂၀၁၀ မေ၊ ၁၂ ရက်နေ့ထုတ် ယနေ့မြန်မာ သတင်းဌာနတွေမှာ ဖတ်နိုင်ပါတယ်။
၇။ ယုတ္တိရှိအောင် စွပ်စွဲဖမ်းပြီ
မေလ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ကပြောတော့ VBSW နဲ့ နယ်စပ်က ဒီမိုကရေစီအင်အားစု ၊ ဖမ်းတော့ ရန်ကုန်က ဖြိုးဝေအောင်၊ ကျော်သူလင်း။ နောက် ဖမ်းထားဆဲက ဓာတ်ပုံရိုက်တဲ့ စည်သူဇေယျနဲ့ သူ့အဖေ သားကြီးမောင်ဇေယျတို့ ဖြစ်နေပြီ၊ ယုတ္တိရှိအောင် ဖမ်းတဲ့ သဘောပါ။
၈။ မဌေးဌေးက ငြင်းပြီ
၂၀၁၀၊ ၄၊ ၂၃ ရက်မှာ အဖမ်းခံရတဲ့ ဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက သူ့ခင်ပွန်းကို မှားဖမ်းတာပါ။ သင်္ကြန်အတက်နေ့က သူ့ခင်ပွန်းဟာ X2O မဏ္ဍပ်မှာ မရှိကြောင်း မဏ္ဍပ်နဲ့ အလွန်အလှမ်းဝေးပြီး သင်္ကြန်ရက်အတွင်းမှာ အပြီးလုပ်ပေးရမယ့် ရန်ကင်းစင်တာက လုပ်ငန်းမှာ တစ်ချိန်လုံး အလုပ်လုပ်နေကြောင်း သူ့ခင်ပွန်းဟာ အာဏာပိုင်တွေရဲ့ လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရကြောင်း RFA ကိုပြောကြောင်းသိရပါတယ်။ (RFA ၂၀၁၀ ၊ မေ၊ ၈ ရက်)
ကျန်အဖမ်းခံထားရတဲ့ သူများကလည်း ၎င်းဗုံးအမှုနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုကြတယ်။
၉။ နှုတ်ပိတ် ခြိမ်းခြောက်ခံနေရပြီ
လူဆိုး၊ သူခိုး၊ ဓားပြဆိုတာ လူတိတ်ချိန်၊ လူအိပ်ချိန်၊ လူလစ်ချိန်ကို ရွေးပြီး ခိုးတတ်၊ တိုက်တတ်ပါတယ်။ အလားတူ သူခိုးဓားပြနဲ့တူတဲ့ နအဖဟာလည်း လူသူမသိအောင် လူအိပ်ချိန်၊ လူတိတ်ချိန်မှာ ခိုးကြောင်ခိုးဝှက် လုပ်လေ့ရှိပါတယ်။ ၂၀၁၀၊ ၄၊ ၂၃ ရက်နေ့ ဖြိုးဝေအောင်ကို အမှုဆင်ပြီးလာဖမ်းချိန်မှာ ညသန်းကောင်ကျော် အိပ်မောကျချိန် လာနှိုးကာ သန်းကောင်စာရင်းစစ်ဖို့ဆိုပြီးမှ ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားမယ်မပြော ဘယ်မှာဖမ်းထားတယ် မေးလို့မရ။ ပြန်ပေးဆွဲတာထက်ပိုဆိုးတယ်။ ပြန်ပေးဆွဲတာကမှ ဘယ်မှာလာရွေးဖို့ ပြောသေးတယ်။ ခုသူတို့ဟာ သူခိုးဓားပြတွေ လုပ်တဲ့ လုပ်ရပ်တွေနဲ့ အတူတူပါပဲ။
ဖြိုးဝေအောင်ကို လာဖမ်းတဲ့ညက “ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ဘယ်ကိုမှ အကြောင်းကြားတာ ပြောတာ မလုပ်နဲ့။ လုပ်ရင် ကျမတို့ကိုပါ ထောင်ထဲထည့်မယ်။ ဘာညာပြောပြီး ခေါ်သွားတာပဲ။” ဒါ့အပြင် ရပ်ကွက်အာဏာပိုင်တွေကို မေးတဲ့အခါ “တရားခံကို မိတော့မယ်။ သံသယရှိ၍ ခေတ္တထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ မကြာမီ ပြန်လွတ်လာမည်ဖြစ်ကြောင်း၊” တို့ကိုသာပြောပြီး မည်သည့်နေရာသို့ ပို့ထားကြောင်းကိုမူ ဖြေဆိုခြင်းမရှိဟု မဌေးဌေးက ဧရာဝတီကို ပြောသည်။ (ဧရာဝတီ ၂၀၁၀ ၊ မေ၊ ၁၀)
ဒီလောက်ဆို နအဖအာဏာပိုင်တွေဟာ သူခိုးဓားပြ ပြန်ပေးဆွဲတွေရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လုပ်နေတယ်ဆိုတာ ထင်ရှားနေပါပြီ။
အဲဒီတော့ ၂၀၁၀ ၊ ၄ ၊ ၁၅ ရက်နေ့က X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲတဲ့ ဗုံး သုံးလုံးဟာ ဘယ်သူ့လက်ချက် ဖြစ်မယ်ဆိုတာ ပြောစရာပင် လိုမယ်မထင်တော့ပါ။
၁၀။ စစ်အာဏာရှင်စနစ်၏ သွေးစွန်းတဲ့ ခြေရာများ
လက်ရှိနအဖ အာဏာရှင်ကြီးတွေဟာ အာဏာရယူဖို့ အာဏာတည်မြဲဖို့ဆိုရင် ဘယ်ကျေးဇူးရှင် ဘယ်မျက်နှာကိုမှ မထောက်၊ အပြတ်ရှင်းလေ့ရှိသလို တစ်နေ့နေ့ တစ်ချိန်ချိန် သူတို့အာဏာထိပါးလာစရာ ရှိတယ်လို့ ထင်မြင်ယူဆသူများကိုလည်း ရေရှည်မထားပါ။ ဥပမာ ဗိုလ်ချုပ်နေ၀င်းဆိုရင် သူတို့ရဲ့ ကျေးဇူးရှင်ပါ။ ဒါပေမယ့် “ဘုရားပြီး ငြမ်းဖျက်”ဆိုတဲ့အတိုင်း ဗိုလ်နေ၀င်းကို အကျယ်ချုပ် ချထားလိုက်တယ်။ သူ့ရဲ့သမီး၊ သားမတ်၊ မိသားစုကိုလည်း အာဏာလုဖို့ ကြံစည်တယ်ဆိုပြီး မိသားတစုလုံးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်။
တဖန် ဗိုလ်ချုပ်စောမောင်ကိုလည်း ဖယ်ရှားချင်လို့ စိတ်ဖောက်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးကဖယ်ရှားခဲ့တယ်။
ဒါ့အပြင်သူတို့အာဏာကို ထိပါးနိုင်တယ်၊ သူတို့ထိုင်ခုံကို ကိုင်လှုပ်နိုင်တယ်လို့ အထင်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် အကျယ်ချုပ်ချခဲ့တယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ အသေသတ်ဖို့ လှို့ဝှက်ကြံစည်ခဲ့သေးတယ်။ ကံကောင်းထောက်မလို့ အသက်မသေပေမဲ့ ဒီနေ့ထိ အိမ်အကျယ်ချုပ်က မလွတ်မြောက်သေးပါ။
နအဖ အတွင်းရေးမှုး ၂ ဗိုလ်ချုပ်တင်ဦးကို တမျိုးအမြင်လွဲပြီး ကမ္ဘာအေးစေတီအနီးမှာ နှစ်ကြိမ်၊ သူ့နေအိမ်မှာ တစ်ကြိမ် လုပ်ကြံတာ မသေလို့ နောက်ဆုံး မော်လမြိုင်မှ ဖားအံအသွား စစ်ရဟတ်ယာဉ်ပေါ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။
နောက်ဆုံး ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း မလိုအပ်တော့လို့ အကွက်ဆင်ပြီး မခိုင်လုံတဲ့ အကြောင်းပြချက်တခုနဲ့ သေဒဏ်ပေးရာက ဆိုင်းငံ့အမိန့်နဲ့ အကျယ်ချုပ်ချခံခဲ့ရတာ ဒီနေ့အထိပါ။
အထက်ဖော်ပြပါ လုပ်ကြံစွပ်စွဲချက်များအပြင် အခြားမထင်ရှားတဲ့ လုပ်ကြံစွပ်စွဲပြီး သတ်ဖြတ်ခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ပါ။
ဒါကြောင့် အထက်ဖော်ပြပါ လုပ်ကြံစွပ်စွဲချက်များကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် ၂၀၁၀ ၊ ၄ ၊ ၁၅ ရက်နေ့က X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲမှုကြောင့် နအဖ၀န်ထမ်းအပါအ၀င် ၁၀ ဦးသေပြီး ဗိုလ်မှူးကြီး အုန်းချိုနဲ့ အရာရှိအချို့အပါအ၀င် ၁၇၀ ကျော်ဒဏ်ရာရတဲ့ လုပ်ကြံမှုဟာ နအဖလက်ချက်မှတပါး အခြားမရှိကြောင်း အများသိစေရန် ထပ်လောင်း၍ တင်ပြအပ်ပါတယ်။
လေးစားစွာဖြင့် - ရွှေပြည်စိုးRest of your post
စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
ဆူးပန်း ၊ ကောင်းဝါ မေ ၂၆၊၂၀၁၀။
မြန်မာစစ်အစိုးရ၏ ထိုးစစ်ဒါဏ်ကိုစိုးရိမ်ပြီး ထိုင်းမြန်မာနယ်စပ် ခလော့ဟနီဒုက္ခသည်စခမ်းကို ကြိုတင် တိမ်းရှောင်လာသည့် မွန်ပြည်သစ်ပါတီဗဟို ဌာနချုပ်ဝန်းကျင်ဒေသရွာသားများသည် သက်ဆိုင်ရာ မိမိတို့ကျေးရွာ ကိုပြန်သွားခဲ့ပြီးဟု စခမ်းကော်မီတီများမှပြောပါသည်။
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား စစ်ရေးတင်းမာမှု အခြေအနေတွေနဲ့ပတ်သက်၍ တိတိကျကျအဖြေမရနိုင်သေးသည့်အချိန်တွင် မိသားစုစားဝတ်နေရေး အခက်အခဲ ကြောင့်သော်၎င်း ရွာတွင်းခြံများ တောင်ယာများ ပြန်လည်စိုက်ပျိုးရန်အတွက် စိုးရိမ်တဲ့အခြေအနေအတွင်းမှာ ပြန်သွားရသည်ဟု စံခလပူရီကိုခေတ္တရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်တစ်ဦးကနေ အခုလိုပြောပါသည်။
“ပြန်သွားတဲ့သူတွေကတော့ သူတို့ရဲ့ခြံတွေ တောင်ယာတွေကိုစွန့်လွှတ်ပြီးတော့လာခဲ့ရတယ်ဆိုတော့ စိုးရိမ်တဲ့အစိပ်အပိုင်းတွေတော့ရှိတာပေါ့နော်။ သူတို့ကစစ်တပ်ရဲ့ဖမ်းဆီးမှုတွေ ရိုက်နှက်မှုတွေ စိုးရိမ်တာလဲ ရှိတယ်။ ဒါပေမဲ့သူတို့အနေနဲ့တော့ပြန်သာပြန်ရတာ စိုးရိမ်တဲ့စိတ်ကလေးနဲ့ ပြန်ရတာပေါ့နော်။ ကျွန်တော်ကတော့ နောက်မှ အခြေအနေကောင်းမှ ရွာဘက်ကိုပြန်လှည့်ပြီးတော့နေထိုင်မယ်လို့ ကျွန်တော်ကဆုံးဖြတ်ထား တာပေါ့ နော်။ အဲနောက်ပြီးတော့ မွန်ပြည်သစ်ပါတီကလဲပြောတယ်။ ဒီမှာ နေရင်လဲနေလို့ရတယ်။ ပြန်ရင်လဲပြန်လို့ရတယ် လို့ပြောပါတယ်ခင်ဗျာ့။”
ဒုက္ခသည်မိသားစုအများအပြား ဌာနေပြန်သွားကြသော်လည်း စိုးရိမ်မှုအခြေအနေတွေကြောင့် နယ်စပ် ဒုက္ခသည်စခန်းအတွင်း ဆက်လက်နေထိုင်သူမိသားစုတွေလည်းရှိနေကြသည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူ မြို့နယ်အုပ်ချုပ်ရေးပိုင်း အရာရှိတစ်ဦးမှ ပြောပါသည်။
“လက်ရှိအခြေအနေအရ သိပ်မထူးခြားတဲ့အခါကျတော့ ပြန်ချင်တဲ့အိမ်ထောင်သည်တွေကို ကျွန်တော်တို့ မနေ့ကနေ လိုက်ပို့ပေးပါတယ်ခင်ဗျာ့။ လက်ရှိကျန်နေတာက ဒီခလော့ဟနီမှာဆိုရင်(၁၈)အိမ် ထောင်လောက် ကျန်နေတယ်။ ဗလဲ့ဒွန်ဖိုက်မှာတော့ အိမ်ထောင်စု(၅)စုလောက်ကျန်နေတယ်။”
ကျန်ရှိနေသေးသည့် စစ်ပြေးတိမ်းရှောင်လာသူဒုက္ခသည်အိမ်ထောင်စုများ၏ ရှေ့ဆက်နေထိုင်စား သောက် ရေးကိစ္စအဝဝကို မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မီတီကနေတာဝန်ယူသွားရမည်ဟု မွန်အမျိုး သားကယ်ဆယ် ရေးနှင့်ဖွံ့ဖြိုးရေးတွဲဘက်အတွင်းရေးမှူးမှ အခုလိုပြောပါသည်။
“အခုလောလောဆယ်ဆယ်ကတော့ မေလကုန်တဲ့အထိရိက္ခာထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ မေလ ကုန်သွားပြီးလို့ရှိရင် ကျွန်တော်တို့ရိက္ခာမရှိတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့တစ်ခုစီစဉ်ထားတယ်။ ရိက္ခာပေါ့။ အထူးသဖြင့်ဆန် တစ်မျိုးတစ်ဖုံနဲ့ ကူညီထောက်ပံ့ပေးသွားမယ်လို့ စီစဉ်ထားထားတာရှိပါတယ်။ မပြန်တဲ့လူတွေ အတွက်ကျတော့ မွန်ပြည်သစ်ပါတီက ဗလဲ့ဒွန်ဖိုက်မှာနဲ့ ခလော့ဟနီမှာမြေနေရာ စီစဉ် ပေးထားတာရှိပါတယ်။ ယာယီအိမ်ဆောက်ဖို့ပစ္စည်းနဲ့အရေးပေါ်ပေါ့နော်။ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုကနေပြီးတော့ပလပ် စတစ် အမိုးကို ကူညီသွားမယ်လို့တော့ သဘောတူထားတာရှိတယ်။”
ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးကိုလက်မခံငြင်းပယ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ အရေးပေါ်ဗဟိုကော်မီတီ အစည်းအဝေးဆုံးဖြတ်ချက်ကြောင့် စစ်အစိုးရကနေထိုးစစ်ဆင်လာမည်ကိုစိုးရိမ်ပြီး ဌာနေကျေးရွာသား(၆ဝဝ) လောက်ဟာ ထိုင်းမြန်မာနယ်စပ် ခလော့ဟနီမွန်ဒုက္ခသည်စခမ်းကို ဧပြီလ(၂၂)နေ့ကစပြီး ကြိုတင်တိမ်းရှောင် ရောက်လာခဲ့ခြင်းဖြစ်သည်။
Rest of your post
USDP မက်လုံးပေး စည်းရုံး
စိုင်းဇွမ်ဆိုင်း Wednesday, May 26, 2010
လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဝန်ကြီးများ ပါဝင်ဖွဲ့စည်း ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြည်နယ်နှင့် တိုင်းတချို့၌ ဒေသခံ အာဏာပိုင်များ၏ သြဇာသုံးပြီး မက်လုံးပေး၍ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။
[၀န်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)] ရှမ်းပြည် မြောက်ပိုင်း၊ တနင်္သာရီ တိုင်းနှင့် မကွေးတိုင်းတို့ အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများတွင် ယင်းသို့ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
USDP သည် စည်းရုံးရေးကို ကျေးရွာ လူကြီးများမှ တဆင့် လုပ်ဆောင်ခဲ့ ကြသည်ဟု သိရသည်။ ပါတီဝင် အဖြစ် အသိမှတ် ပြုခံရပြီး ပါတီဝင် သက်သေခံကတ် ရရှိပါက ခရီးသွားလာမှုများ ပိုမို လွယ်ကူမည် ဖြစ်ကြောင်း၊ ပါတီဝင် သက်သေခံ ကတ်သည် နိုင်ငံသား စိစစ်ရေး ကတ်နှင့် မကွာ ခြားကြောင်း ရွာသူ ရွာသားများကို ပြောဆို စည်းရုံးခဲ့သည်ဟု ရှမ်းပြည် မြောက်ပိုင်း ဒေသခံများက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ ကျေးရွာသူ တဦးက“သူတို့ လျှောက်လွှာတွေ လာပေးတုန်းက ကျမ အိမ်မှာ မရှိ ဘူး၊ မနေ့က အိမ်ကိုပြန်ရောက်တော့ အိမ်ကလူတွေက သူတို့အဖွဲ့ထဲ ဝင်စေချင်နေတယ်၊ ပိုပြီးမှ သွားရလာရတာ လွယ်အောင်လို့ ဆိုပြီး ပြောကြတယ်”ဟု ဆိုသည်။
နမ့်ခမ်းမြို့နယ်မှ မန်စက်ရွာသူတဦးကလည်း“ကျမတို့ ကျေးရွာအုပ်စုမှာ မန်စက်၊ မန်ကောင်း၊ မန်ကန် နှင့် အွယ်လော ရွာတွေ ပါပါတယ်။ လျှောက်လွှာတွေကိုတော့ အရင်တပတ်ကတည်းက ယူလာပြီး ဖြည့်ခိုင်း ထားပါတယ်။ မနေ့က တော့ ဖြည့်ထားတဲ့ လျှောက်လွှာတွေကို ပြန်လာယူပြီး သူတို့အဖွဲ့ထဲ ဝင်မယ့်သူတွေကို ဓာတ်ပုံရိုက် သွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မန်စက်ရွာတွင် လူဦးရေ ၂၀၀ ခန့်ရှိပြီး ကျန်ရွာ သုံးရွာတွင် အနည်းဆုံး ၁၅၀ ခန့်စီ ရှိကြောင်း သိရသည်။
USDP သည် မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း ပါတီဝင်များ စည်းရုံးခြင်းကို လုပ်ဆောင်နေကြောင်း သိရ သည်။
မကွေးတိုင်းရှိ ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင်လည်း USDP မှ အလားတူ စည်းရုံးမှုများ ရှိနေ ကြောင်း ဒေသခံများက ပြောသည်။
“အဖွဲ့ဝင်မယ့်သူတွေဆီကနေ ဝင်ကြေး ကျပ် တထောင်၊ ဓာတ်ပုံဖိုး ငါးရာ ယူပြီးမှ အဖွဲ့ဝင်အဖြစ် စုဆောင်းနေပါတယ်” ဟု ရေနံချောင်းမှ ဒေသခံ တဦးက ဆိုသည်။
USDP မှ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးတင်နိုင်သိန်းသည် လည်း တနင်္သာရီတိုင်း မြိတ်မြို့နယ်ဘက်သို့ ကိုယ်တိုင် စည်းရုံးရေးဆင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
USDP ပါတီဝင် ဖြစ်လာပါက ငွေထုတ်ချေးမည်။ မှတ်ပုံတင် မရှိသူများအတွက် ခရီးသွားလာရေး လွယ်ကူစေမည် စသည်ဖြင့် ပြောဆိုပြီး စည်းရုံးကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့) ကျေးရွာ စည်းရုံးရေးမှူး များသည်လည်း ပါတီ စည်းရုံးရေးမှူးများအဖြစ် ပြောင်းလိုက်ကြကြောင်း သိရသည်။
ပါတီဝင်များ စည်းရုံးရာတွင် ထိုကဲ့သို့ ကျေးရွာ အာဏာပိုင်များ၏ သြဇာကိုအသုံးပြုခြင်းသည် ရွေးကောက်ပွဲ ဥပဒေ များနှင့် ညီညွတ်မှုမရှိကြောင်း ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ဧရာဝတီသို့ပြောသည်။
“ဒီလိုမျိုး သူကြီးတွေ၊ ရွာ အာဏာပိုင်တွေကို ပါတီဝင် စည်းရုံးတဲ့ နေရာမှာ သုံးတယ်ဆိုတာကို မလျော်သြဇာ သုံးတယ် လို့ ခေါ်ပါတယ်။ ဒါပေမယ့် သူတို့တွေက အာဏာရပါတီ ပုံစံပေါက်နေတော့လည်း ဘယ်သူမှ မပြောသာဘူးပေါ့”ဟု ဦးအောင်သိန်းက ဆိုသည်။
ပါတီဝင် သက်သေခံကတ်များကို နိုင်ငံသား မှတ်ပုံတင်သဖွယ် အသုံးပြုနိုင်ကြောင်း ပြော၍ စည်းရုံးခြင်းသည် မြို့နယ် နှင့် ရွာများမှ မှတ်ပုံတင်မရှိသူများကို မက်လုံးပေးခြင်းသာဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။
USDP သည် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် နိုင်ငံရေးပါတီတခုဖြစ်သည်။ USDP ကို ဧပြီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် လျှောက်ထားရန် ခွင့်ပြုခဲ့သည်။
USDP သည် ကြံ့ဖွံ့အသင်းကြီး၏ အမွေခံပါတီ ဖြစ်ပြီး၊ ပါတီဝင်ဝန်ကြီးများသည် အစိုးဝန်ထမ်းမဟုတ်သော နိုင်ငံရေး တာဝန်များ ဖြစ်သည်ဟု ကြံ့ဖွံ့ အတွင်းရေမှူး ဦးဌေးဦးက မေလ ၁၂ ရက်နေ့တွင် မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ ဆုံရာ၌ ပြောခဲ့သည်။Rest of your post
Wednesday, May 26, 2010
ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
သတင်းဟောင်းလေးပါ...
ဒါပေမဲ့ ဘာကြောင့် သတင်းထောက်မေးတာ မခံနိုင်ရသလဲဆိုတာ အဖြေဟာ ဒီသတင်းပေါ် ရှိနေပါ တယ်။.
ဖတ်ကြည့်ပါခင်ဗျား
သူများအရှူပ် အပုပ်မရေးချင်သော်လည်း တရားဓမ္မ ရင်ဆိုင်တဲ့အခါ တရားလို သို့ မဟုတ် တရားခံရဲ့ အကျင့်စာရိတ္တ နောက်ခံ သမိုင်းဖြစ်ရပ်ကိုသာ ကြည့်ပြီး. သူပြောသောစကား မှန်မမှန် တရားဥပဒေက ပိုင်းခြားဝေဖန်တာမို့ 
သူဘယ်သူလည်းဆိုတာ သိသင့်ပါတယ်ခင်ဗျ...ငါမင်းသမီး နင်တို့  ဂျာနယ်လစ် နှစ်ပြားတပဲလခ လောက်ရှိတာ ငါ သနားတယ် ဆိုတာ အင်မတန် ရိုင်းပြစော်ကားတဲ့စကားပါ.. သူ့ ကျ ဆောင်းပါးတပုဒ်ကို ဖြောင့်အောင် သူ့ ပညာအ၇ည်အချင်းနဲ့  ရေးနိုင်ပါသလား အလောင်းအစားတောင် လုပ်သင့်နေပါပြီ.
သူ့ ရဲ့ပိုင်ဆိုင်မှုဆိုတာလည်း.. ပြည်သူ့ ဆီက လာတာပါခင်ဗျာ...ပြည်သူသာ လက်မခံရင် သူက သာမာန် လမ်းဘေးက လင်များသော ပြည့်တန်ဆာ မိန်းမသာ ဖြစ်ပါတယ်။
ကဲ စဉ်းစားကြပါ ချစ်သော ပြည်သူ..သင် ဘယ်ဘက်မှနေမည်...
အနုပညာလောက၏ကြယ်တစ်ပွင့် (သို့မဟုတ်) ထက်ထက်မိုးဦး၏ လတ်တလောအိမ်ထောင်ရေး ပဋိပက္ခများအစုံအလင်...... (နှင့်) စုဘူးကိုကိုများသတိထား.............
Thursday, January 29th, 2009
အနုပညာလောကတွင် နာမည်ကြီးရေပန်းစားလူကြိုက်များလှသော အကယ်ဒမီထက်ထက်မိုးဦးသည် မြန်မာနိုင်ငံ၏ hip hop လောက ကိုစတင်တီထွင်သူဟု နာမည်ကြီးသော အဆိုတော် အနဂ္ဂနှင့်နှစ်ဦးသဘောတူ ချစ်ကြိုက်လက်ထပ်ပြီး သကာလမှတော့ နာမည်မှာ လည်းတရှိန်ထိုးကျကာ ပျောက်ချင်းမလှပျောက်ကွယ်သွားပါတော့သည် ။ ထိုအချိန်တွင် သူမ၏ပရိတ်သတ်များ အလည်တွင်လည်း ပြောစမှတ်တွင်စရာကောလဟာလများမှာလည်း များပြားလာလေသည် ထို့နောက် ချီးမွန်း၇ ရက် ကဲ့ရဲ့၇ ရက်ဆိုသော ကျွန်မတို့ မြန်မာလူမျိုးတို့၏ထုံစံနှင်အညီ ရက်ပေါင်းများစွာကြာလာသည်နှင့် ထိုသတင်းမှာလည်း လူများစကားပင်မစကြတော့ပါ ထို့နောက် လွန်ခဲ့သော ၅လလောက်မှစတင်ကာ သူမ၏အိမ်ထောင်ရေးဇာတ်လမ်းများမှာ ပြန်လည်ရေပန်းစားလာပြန်ပါသည်။ နာမည်ကြီး ဂျာနယ် များတွင် သူမ၏ဖခင်ဖြစ်သူဖော်ပြချက်အရ ၄င်း၏သမီးသည် လွန်စွာအိမ်ထောင်ရေးကံမကောင်းသည့် မိန်းမတစ် ယောက် ဖြစ် ကြောင်း သနားစဖွယ် ရှင်းလင်းတင်ပြသွားလေသည်။။
ထိုသတင်းကြားသောအခါ သူမ၏ပရိတ်သတ်များမှာ သူမအားသနားစဖွယ်မြင်မှတ်ကြပါသည်။ သို့သော် ၄င်းတို့၏ အထင်နှင့် အမြင်တက်တက်စင်အောင် လွဲမှားနေကြောင်းသိကြရသိနောက်ပိုင်းမှာတော့ လွန်စွာစိတ်မကောင်းဖြစ်ကြရသည်။။
ထိုသတင်းမှာ အနုပညာလောကတွင် အနုပညာသမားများသည် ခြင်ထောင်ဟုခေါ်ဆိုကြသော ထက်ထက်မိုးဦးသည် မြန်မာနိုင်ငံ၏အနုပညာလောကတွင် မည်သူတစ်ဦးတစ်ယောက်ကမှမကျူးလွန်ဖူးသော အိမ်ထောင်ရေးဖောက်ပြန်မှုကြီးများကို တွင်ကျယ်စွာလုပ်ဆောင်ခဲ့ပါသည်။။ အဆိုတော် အနဂ္ဂနှင့်အိမ်ထောင်ပြုပြီးသွားသော ထက်ထက်မိုးဦး (ခေါ်) ခြင်ထောင်သည် အနဂ္ဂနှင့် အိမ်ထောင်ပြုစဉ်ကာလတွင် သူမ၏ပင်တိုင် မိတ်ကပ်ဆရာမာမီများကိုပြောကြားချက်အရ အနဂ္ဂနှင့်အိမ်ထောင်ပြုရတာ သူ့ခမျာ ကောက်စိုက်နေရသလိုပဲဟု အရှက်တရားမရှိပြောကြားခဲ့ပါသည်။။ ထို့နောက်မှာတော့ ဇာတ်သဘင်လောကတွင် တဟုတ်ထိုး နာမည်ကြီးလာသော ဇာတ်မင်းသားဖိုးချစ် နှင့်လည်း ကမ္ဘာကျော်မင်းသား အငြိမ့်ရိုက်ကူးစဉ်အခါက နှစ်ပါးသွားခဲ့ကြသည် .........။ ထို့နောက်တွင်မူ ထက်ထက်မိုးဦးသည် သူမ၏တရာဝင်ခင်ပွန်းဖြစ်သူ အနဂ္ဂမပါဘဲနှင့် အမေရိကားသို့ သူမတစ်ယောက်ထည်း အလုပ်ကိစ္စရှိသည်ဟုဆိုပြီး တစ်ယောက်တည်းသွားခဲ့သည် ။ အမေရိကားရောက်သောအခါတွင် ဖိုးချစ်သည်လည်းရောက်လာခဲ့ပြီး သူမတို့နှစ်ယောက် နိုင်ငံခြားတွင် လူမသိသူမသိ ဖလန်းဖလန်းထခဲ့ကြပါသည်............. ၊။။။
သူမနိုင်ငံခြားမှပြန်လာသောအခါ ပစ္စည်းများအလျှံအပယ်ပါလာကာ သူမခင်ပွန်းအနဂ္ဂအား အားလုံးပုံပြပြီး ကြိုက်တာ ယူနိုင်သည်ဟုပြောပြီး သူမတွင်ပါလာသော ရွှေ ၊ပတ္တမြား ၊ စိန် ၊ နီလာ ၊ မဟူရာ စသည်တို့ဖြင့် စီချယ်ထားသော လွန်စွာအဖိုးတန်သည့် ဟမ်းဆက်တစ်လုံးပါလာလေသည် ။သူမပါလာသောအရာများထဲတွင် ထိုဟမ်းဖုန်းကိုတော့ ကိုင်တောင်မကြည့်ရန် ကြုံးဝါးခဲ့သည် အနဂ္ဂမှာလည်းတ၇ားဝင်ယောကျာင်္းဖြစ်လျှက်နှင့် ဘာကြောင့်ကိုင်ခွင့်မ၇ှိတာလဲဟု ဒေါသထွက်ကာ ထိုဟမ်းဖုန်းကို ကိုင်ကြည့်ယုံရှိဆဲအချိန်တွင် ထက်ထက်မိုးဦးမှာ ၄င်း၏ခင်ပွန်းဖြစ်သူ အနဂ္ဂအားနောက်ဖေးမှ ဓားကိုယူကာလိုက်ခုတ်ခဲ့သည် ......။ ထိုအခါတွင် အနဂ္ဂမှာ ထက်ထက်မိုးဦးအားလွန်စွာ ကြောက်ရွံ့ကာသွားခဲ့လေသည်...။။။ သို့သော် အနဂ္ဂမှာ ထက်ထက်မိုးဦးကို ငယ်ငယ်ကထည်းက ကြိုက်နှစ်သက်ခဲ့သူပီပီ ခွင့်လွှတ်ခဲ့သည် ။ အနဂ္ဂခေါ်သော " မ " ဟူသောအသံမှာ ထက်ထက်မိုးဦးသွားရာမှာ အရိပ်လိုကပ်ပါပြီး အခိုင်းအစေသဖွယ် အောက်ခြေသိမ်းလုပ်ကိုင်ပေးခဲ့တာ ထက်ထက်မိုးဦးရိုက်ကွင်းတွင် မြင်ဘူးသောလူတစ်ချို့က အနဂ္ဂ အစားကိုယ်ချင်းစာသနားကြပါသည် .....။
ထို့နောက် အိမ်ထောင်ရေးတွင် ဖင်မငြိမ်နိုင်သော ထက်ထက်မိုးဦးသည် တရားဝင်ယောကျာင်္းရှိလျှက်နှင့် ဖိုးချစ်နှင့် လူသိရှင်ကြားနှစ်ပါးသွားခဲ့သည် ...။။ ထိုအကြောင်းအရာကို အနဂ္ဂသိသဖြင့် ထိုသို့မနေထိုင်သင့်ကြောင်းပြောကြားသည် ။ သို့သော်လည်း ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်ပဲ လုပ်ချင်တာသာလုပ်ခဲသည် ။။။ ထို့နောက် ပိုပိုဆိုးလာပြီး အိမ်ပြန်မအိပ်ပဲ ဖိုးချစ်သူငယ်ချင်းတစ်ယောက်အိမ်ကိုသာသွားအိပ်လေသည်။။ ထိုအခါအနဂ္ဂမှလိုက်သွားပြီ ခေါ်သော်လည်းထွက်မတွေ့ချေ အနဂ္ဂအား၎င်းကို ကွာပေးပါက သိန်း၁၅၀၀ ပေးမည်ဟု ပြောခိုင်းခဲ့သည် ...။ သို့သော်လည်း အနဂ္ဂမှာ သူပိုက်ဆံမယူပါ သူ့မိန်းမသာထုပ်ပေးရန်ပြောကြားပြီး မထုတ်ပေးပါက တရားဝင်ဇနီးမယားအဖြစ်ကြေညာပြီး ဖိုးချစ်ကို တရားဆွဲမည်ဟုပြောကြားခဲ့သည်....။ ထိုသို့ပြောကြားသောအခါမှ ထက်ထက်မိုးဦးသည် အခန်းထဲမှထွက်လာလေသည် ။။။ ထိုအခါ မထက်မင်းကိုမပေါင်းနိုင်တော့ဘူး မင်းကို သိန်း၁၅၀၀ ပေးပါ့မယ် ကွာပေးပါဟုပြောကြားခဲ့သည် သို့သော်လည်းအနဂ္ဂမှာ အိမ်ပြန်လိုက်၇န်သာခေါ်သဖြင့် စိတ်တိုကာလုပ်ချင်တာသာလုပ်ဟုပြောပြီ အိမ်ထဲပြန်ဝင်သွားခဲ့သည်။။။။။ ထိုသို့ဖြင့် အနဂ္ဂနှင့်လည်းမကွာ ဖိုးချစ်နှင့်လည်း ပေါင်းသင်းဆက်ဆံပြီးပျော်ပျော်ကြီးနေခဲ့လေသည်..။
ထို့နောက်ပိုင်းတွင်တော့ မြန်မာနိုင်ငံအမျိုးသမီးရေးရာမှ ကြီးမှုးကျင်းပသော မြန်မာ့ရိုးရာဝတ်စားဆင်ယင်ပွဲတွင် ထက်ထက်မိုးဦးသည် ယခုတလောအတွင်းနာမည်ကြီးလာသော မင်းသာ ပြေတီဦးနှင့်တွဲဖက်ပြီး ၀တ်စားဆင်ယင်ပြခဲ့သည် ..။။။။ ထို့နောက် ထိုမင်းသမီးထက်ထက်မိုးဦး (ခေါ်) ခြင်ထောင်၏ ဗီဇအတိုင်း နာမည်ကြီး အဆိုတော် ၊ မင်းသားများကို ဖမ်းကပ်တတ်သောအကျင့်ကြောင့် ပြေတီဦးနှင့်လည်း နှစ်ပါးသွားခဲ့ပြန်သည် ။။ ထိုအခါ လက်ရှိတရားဝင်ခင်ပွန်း အနဂ္ဂမှာ ဘယ်လိုမှသည်းမခံနိုင်တော့ပဲ သူမနှင့် တရားဝင်ကွာရှင်းခဲ့လေသည် ။။။။ သို့သော် သူမပေးသောနစ်နာကြေးဖြစ်သည့် သိန်း၁၈၀၀ ကိုတစ်ပြားသားမှမယူဘဲနှင့် တစ်ကိုယ်ထည်းဆင်းသွားခဲ့လေသည်..။
ယခုအခါတွင်တော့ ခြင်တောင် ဟု သမုတ်ခြင်းခံရသော ထက်ထက်မိုးဦးသည် ငြိမ်ချက်သားကောင်းနေပြီး မည်သူနှင့်မျှအသံထွက်လာခြင်းမရှိသေးပါ .....
တက်သစ်စအကျော်အမော်များကို လိုက်ကပ်တတ်သော ထက်ထက်မိုးဦးသည် ကျွန်မတို့၏စုဘူးသို့ရောက်လာပြီး စုဘူး၏နာမည်ကျော်ကိုကိုများဖြစ်ကြသော ဆိုကေလာ ၊ ကုန်ပါပြီ ၊ မီးပူ ၊ သူရဿဝါ ၊ missingsome1 အစရှိသောတစ်ခြားနာမည်ကြီး ကိုကိုများ ၊ ADMIN ကိုကိုများ သတိတော့ထားစေချင်ပါသည် ။။
ခြင်ထောင်ဟုခေါ်သော ထက်ထက်မိုးဦးခြေငြိမ်နေပါသည် .....။။ တော်ကြာမြှားဦးက စုဘူးဘက်မလှည့်လာခင် သတိထားကြပါရန် ပန်ကြားအပ်ပါသည် ..... ဟဲဟဲ ...... :P ၊၊၊၊၊၊၊၊၊ ( ဒါပေမယ့် မစိုးဘူးနော် အသေလျှံတယ် စိတ်ကူးမလွဲနဲ့နော် တိုတိုတို့..... ခစ်ခစ် ခွီးခွီး အဟစ်အဟစ် )
http://www.mysuboo.com/index.php?option=com_blog&name=lonemange@gmail.com&task=view&pid=19384 မှ
မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 

ကဗျာဆရာ ကိုစောဝေ ပြန်လည်လွတ်မြောက်
မျိုးချစ်သူ / ၂၆ မေ ၂၀၁၀
ဖေဖော်ဝါရီဆယ့်လေး ကဗျာကို ရေးသားသူ ကိုစောဝေသည် ယနေ့ နံနက်ပိုင်းတွင် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။
“မနက်က လွတ်လာတာ၊ သူက ဖုန်းဆက်ပါတယ်။ အိမ်ကို မရောက်သေးဘူး၊ လာနေပြီလို့ ပြောတယ်” ဟု ဇနီး မနန်းစန်းစန်းအေးက ပြောသည်။
ကိုစောဝေသည် ၎င်းရေးသားသည့် ဖေဖော်ဝါရီဆယ့်လေး ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ဖော်ပြခံခဲ့ရပြီးနောက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခြင်းခံခဲ့ရကာ စုစုပေါင်း (၂၈) လခန့် နေခဲ့ရကြောင်း သိရသည်။
ယင်းကဗျာမှာ စာပေစိစစ်ရေးမှ ခွင့်ပြုပြီး ကဗျာဖြစ်သော်လည်း စစ်အာဏာရှင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေအား သွယ်ဝိုက်ပြီး ထိခိုက်သည် ဟူသော ထင်မြင်မှုများကြောင့် လွန်ခဲ့သည့် (၂) နှစ်ခန့်က ထောင်ဒဏ် (၂) နှစ် အပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။
နအဖစစ်အာဏာပိုင်များက ကဗျာပါ အကြောင်းအရာနှင့်ပတ်သက်၍ အများပြည်သူ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည်ဟူသော ပြစ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ကိုစောဝေ ပြန်လွတ်လာပြီဆိုတော့ ကျနော်တို့လည်း ပျော်တာပေါ့။ ကဗျာဆရာတယောက်က လူသားတွေအားလုံးအတွက် ရသနဲ့ အလုပ်အကျွေးပြုနိုင်ပါတယ်။ သူက စိတ်ကူးကောင်းသူတယောက်ပါ။ သူ ပြန်လွတ်လာတယ်ဆိုရင် သူ ကဗျာတွေ ဆက်ရေးနိုင်ပြီပေါ့” ဟု ရန်ကုန်မှ ကဗျာဆရာတဦးက ပြောသည်။
ကိုစောဝေသည် ရန်ကုန် ရွှေဂုံတိုင်လမ်းမကြီးတွင် အဓိပတိမြန်မာထမင်းဆိုင်ကို ဖွင့်လှစ်ရောင်းချနေသူလည်း ဖြစ်သည်။ ထို့အပြင် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူဖြစ်ကာ HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ကလေးများ ရန်ပုံငွေ ရှာဖွေရေးအတွက် အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲများ ကျင်းပပြုလုပ်ပေးခဲ့သူဖြစ်သည်။
ကိုစောဝေ၏ မျက်စိမှာတိမ်စွဲနေသည့်အတွက် ရန်ကုန်သို့ရောက်ရှိပါကမျက်စိကို အရင်ဆုံးကုသမည်ဖြစ်ကြောင်း ၎င်း၏ဇနီးကပြောသည်။
ပြည်တွင်းသတင်းမီဒီယာများကလည်း ကိုစောဝေ လွတ်လာသည်ကို သတင်းရယူရန် စောင့်ဆိုင်းနေကြကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက သိရသည်။
ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ ထပ်သွားမည်
မုံပီး | ဗုဒ္ဓဟူးနေ့၊ မေလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၁၅ မိနစ်
အိုကလာဟိုးမား (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ယခုလ ၂၉ ရက်နေ့တွင် စတင်မည့် အာရှ ၃ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လိုလားသူတဦးဖြစ်သည်။သူသည် မြန်မာနိုင်ငံသို့ ၂ဝဝ၉ ခုနှစ် သြဂုတ်လကလည်း လာရောက်ခဲ့သူဖြစ်ကာ၊ မြန်မာနိုင်ငံသို့ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် ဖြစ်သည်။
မစ္စတာ ဝက်ဘ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မည်သည့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမည်ကိုမူ မသိရသေးပေ။
“အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ်သည် ၂ဝ၁ဝ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ ကိုးရီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံသို့ သွားရောက်လိမ့်မည်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနက ယမန်နေ့ ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် အမေရိကန် ပြည်ထောင်စု ဆီးနိတ် လက်နက်ရေးရာ ကော်မတီ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
မစ္စတာ ဝက်ဘ်သည် အစိုးရ အရာရှိများ၊ အမေရိကန် သံတမန်များ၊ စစ်ဖက်ဆိုင်ရာ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုထားသည်။
ဆီးနိတ်အမတ်သည် ‘အမေရိကန်အနေဖြင့် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ဆုတ်ယုတ်ကျဆင်းလာပါက တရုတ်နိုင်ငံ၏ သြဇာသည် ထိုအာရှနိုင်ငံများအား လျင်မြန်စွာ လွှမ်းမိုးလာလိမ့်မည်’ ဟု ယူဆထားသူဖြစ်ကာ အာရှဒေသရှိ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ထူထောင်ရန် စိတ်အားထက်သန်စွာ ထောက်ခံသူတဦး ဖြစ်သည်။
“အခုအချိန်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် နိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံကို ဒေသတွင်း တည်ငြိမ်ရေးနဲ့ အကျိုးစီးပွား ဖြစ် ထွန်းရေးအတွက် တာဝန်ယူ လုပ်ဆောင်လာစေဖို့ တိုက်တွန်း ဖိအားပေးရမယ့် အချိန်ဖြစ်ပါတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘက်က ဆိုခဲ့သည်။
မြန်မာနိုင်ငံ ခရီးစဉ်သည် စစ်အစိုးရက ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အကြီးအကျယ် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေ သည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပါဝင်လာစေခြင်း မရှိနိုင်ရန် ကန့်သတ်ထားသဖြင့် အမေရိကန် အပါအဝင် နိုင်ငံများစွာက ဝေဖန်နေကြသည်။
“မစ္စတာ ဂျင်မ်ဝက်ဘ်၏ အာရှ ၃ နိုင်ငံ ခရီးစဉ် ထွက်ပေါ်လာချိန်သည် ထို ၃ နိုင်ငံလုံးတွင် ပဋိပက္ခများ ဖြေရှင်းနေရသည့် အချိန်လည်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ ချိုနန် စစ်ရေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံမှ တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခြင်း ခံထားခဲ့ရပြီး၊ ထိုင်းနိုင်ငံတွင်မူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြမ်းဖက် ဆန္ဒပြမှုများကို နှိမ်နင်းခဲ့ရကာ မြန်မာနိုင်ငံတွင်မူ စစ်အစိုးရက အတိုက်အခံများအား ဖိနှိပ်နေဆဲ” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနမှ သတင်းထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။
ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် မေလအတွင်း အမေရိကန် ထိပ်သီး နိုင်ငံရေးသံတမန်များ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို မေလဆန်းက လာရောက်ခဲ့သည်။
မစ္စတာ ဂျင်မ်ဝက်ဘ်၏ ခရီးစဉ်နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးနှင့် အင်အားအကြီးဆုံးသော မဟာမိတ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ဇွန်လ ၂ရက်နေ့၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိသည်။
မေလ ၁ဝ ရက်နေ့က ဒေါက်တာ ကမ်းဘဲလ်သည် စစ်အစိုးရအား အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အင်အားစုများနှင့် ဆွေး နွေးညှိနှိုင်းရန် ပျက်ကွက်နေခြင်းကို အပြစ်တင် ဝေဖန်လိုက်ပြီး ရွေးကောက်ပွဲအား အားလုံးပါဝင်လာနိုင်ကာ တရားမျှတမှု ရှိလာစေရေး ကို တိုက်တွန်းခဲ့သည်။
ထို့အပြင် နိုင်ငံတဝှန်းရှိ အကျဉ်းထောင်များတွင် ရှိနေသော နိုင်ငံရေး အကျဉ်းသား ၂၁ဝဝ ခန့်ကိုလည်း ချက်ချင်း လွှတ်ပေးရန်ကိုလည်း တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲသည် တရားမျှတမှု မရှိပါက နိုင်ငံအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ဖော်ဆောင်ရန် ခက်ခဲနေလိမ့်ဦး မည်ဟု သတိပေး ပြောဆိုခဲ့သည်။
မစ္စတာ ဝက်ဘ်သည် ပြီးခဲ့သည့်နှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အင်းလျားကန်မှတဆင့် တိတ်တဆိတ် ရေကူးဝင်ရောက်သဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ပြစ်ဒဏ်ချအပြီး ရက်ပိုင်း အကြာတွင် သူနှင့်အတူ တပါတည်း ခေါ်ဆောင်သွားနိုင်ခဲ့သူဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ၁၄ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံနေရသူ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မစ္စတာ ယက်တောက သူမ၏ နေအိမ်အတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်းများ ကို ချိုးဖောက်သည်ဟု ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခြင်း ခံခဲ့ရသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုပြစ်ဒဏ် အား လျှော့ပေါ့ပေးသည်ဟုဆိုကာ နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံစေခဲ့သည်။
မှန်တဲ့  သူတို့ အမြင်
25/05/10 21:42
လင်းလင်း: မြန်မာနိုင်ငံမှာ မုန်းတိုင်းကျတယ် ဆို ဟုတ်ပါသလား?
26/05/10 04:02
ego: ဟုတ်ပါတယ်လင်းလင်း ။ မြန်မာပြည်မှာ Naahpha (န အ ဖ ) မုန်တိုင်းဝင်နေပါတယ် ။ အနှစ်၂၀ကျော်ပါပြီ ။ ဖျက်အားတော်တော်ပြင်းပါတယ် ။တတိုင်းပြည်လုံး ကုန်ပါပြီ ။



.svg.png)


.jpg)