“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 07, 2011

စါးဖားတစ်ကောင် မြွေမြိုခံရခြင်း

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံးမှ စည်ပင်သာယာရေး ၀န်ကြီး ဖုန်းဇော်ဟန် ယာယီ ထိန်းသိမ်းခံရ

မန္တလေးတိုင်း ဒေသကြီး အစိုးရရုံး မှ မြို့တော်ဝန် ဖုန်းဇော်ဟန် (ယခင် ဗိုလ်မှူးချူပ်ဟောင်း ) သည် ယာယီ ထိန်းသိမ်း ခံထားရကြောင်း
စည်ပင်သာယာ ရုံးမှ နီးစပ်သူတစ်ဦး၏ အပြောစကား အရ သိရသည်...
" ဖမ်းတာမျိုး ဘာမျိုးတော့ မဟုတ်ဘူး ပေါ့ဗျာ...ယာယီလေး အကျယ်ချုပ် သဘောမျိုး ပါပဲ ။သူက လည်းမဟုတ်တာလုပ်တာတွေ များနေတယ် လေ ..ဘယ်လိုဖြစ်မလဲ ဆိုတာက တော့စောင့်ကြည့် ရမှာပေါ့ဗျာ " ဟု ထိုသူက ပင် ဆက်လက်ပြော ဆိုသွားသည်....
"မန်းတလေး မြို့တွင်းမှာ လည်း သူ့အိမ်တွေက များသားဗျ။ ..တိုက်ပေါင်း အလုံး 100 နီးပါး လောက်ရှိမယ် ထင်တာပဲ .အခုဟာ ကလည်း သက်သေတွေ ဘာတွေ ပြည့်စုံ သွားလို့ ယာယီ ထိန်းသိမ်း ခံထားရတာ ဖြစ်လောက်တယ် " ဟု ကျွမ်းကျင်သူ တစ်ဦးက
သုံးသပ်ပြောဆိုသွားသည်
မြို့တော်ဝန် ဦးဖုန်းဇော်ဟန် သည် မကြာသေးမီ ကာလ အတွင်းက လည်းပစ်စာ တစ်စောင်ကြောင့် အဖွဲ့ အစည်း/ အသင်းအဖွဲ့ တစ်ခု မှ
တာဝန်ရှိသူများ အားလုံးကို ၄င်းနှင့် မသက်ဆိုင်ဘဲ စစ်ဆေးခဲ့ သေး သည် ဟု အဆို ပါ စည်ပင်အခွန်ငှာန မှ အတွင်းလူ တစ်ဦး ၏ ပြောစကား အရ
သိရှိရသည်......
" ဘယ်လိုဖြစ်တာလဲတော့ ကျနော်လဲ တိတိကျကျ မသိဘူးဗျ..ဌာနက .ဌာနမှူးတွေက တော့ ပျာယာခတ်ပြီး စစ်ဆေးမေးမြန်းနေတာ ကိုတွေ့ရတာပဲ စုံခုံ သဘောမျိုးပဲ ဗျ .....နည်းနည်း သိနိုင်တဲ့ လူကို စုံစမ်းကြည့်တော့ ပစ်စာလို့ သိရတယ် ဗျ .....သူ(မြို့တော်ဝန်) က စစ်ဆိုလို့ စစ်ဆေးမေးမြန်း
ရတယ်လို့ ပြောတာပါပဲ ဗျာ " အဆိုပါ အတွင်းလူမှ ပြောဆိုသွားပါသည်..။.
နှစ်စဉ် နှစ်တိုင်း (သင်္ကြန်က လတွင်) Bonus သဘောမျိုး စည်ပင်သာယာ မှ.ဌာနမှူး များသည် တစ်နှစ် လျှင် 15 သိန်း နှင့် သိန်း 30 ကြား ရရှိကြ
သည်ဟု သိရှိရသည်...........
" ခုလောလော ဆယ် တော့ ဘယ်လိုဖြစ်တာလဲ ဆိုတာစောင့်ကြည့်ရဦးမှာပဲ ဗျ အချက်အလက်/ သက်သေ အထောက်အထား ပြည့်စုံတယ်ဆိုရင် တော့ ဂျောင်း.......ဂျောင်းဂျာလကိဂျောင်း ပေါ့ဗျာ ...
သက်သေ အထောက်အထား မပြနိုင်ရင်တော့ သတိပေးတဲ့ အဆင့်ပေါ့ဗျာ....ကြားသိရတာတစ်ခုက တော့ ခိုင်မာတယ် ဗျ ..အဲဒါဘာလဲဆိုတော့ ....သူနဲ့ ဗိုလ်ချုပ်တင်ငွေ (ယခုရာထူးမှအနားပေးခံရသူ) က ပူးပေါင်းပြီးလုပ်ကြတာလို့ သူတို့နဲ့ ပတ်သက်နေတဲ့ စီးပွါးရေး လုပ်ငန်းရှင်တစ်ဦးက
ပြောသွားခဲ့တာဗျ " ဟု အစိုးရရုံးမှ အတွင်းလူ တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်..........
မန်းကိုကိုကျော်...မန်းတလေးသား.........
http://www.yeyintnge.com/2011/08/blog-post_2142.html

အပြည့်အစုံသတင်းဖတ်ရန်....

တောင်ဒဂုံမြို့သစ် အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

2011-08-06 RFA

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ မြို့သစ်မြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံ (၁) နဲ့ စက်ရုံ (၄) က အလုပ်သမားတွေ လုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးပေးဖို့အတွက် ဒီကနေ့ မနက် ၇ နာရီမှာ အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ ဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံဟာ ရုံခွဲ (၆) ရုံရှိပြီး ကိုရီးယားလူမျိုး ပိုင်တဲ့စက်ရုံ ဖြစ်ပါတယ်။ စက်ရုံအမှတ် ဂျီ (1) နဲ့ ဂျီ (4) က အလုပ်သမား (၂) ထောင်လောက် အလုပ်မဆင်းဘဲ လုပ်ခလစာ အပါအဝင် စက်ရုံတွင်း အလုပ်သမား အခွင့်အရေးတွေအတွက် တောင်းဆိုဆန္ဒပြတာနဲ့ ပတ်သက်လို့ အလုပ်သမားတွေနဲ့ နီးစပ်သူ ဒေသခံ တဦးက အခုလို ပြောပြပါတယ်။

“မနက် သူတို့ အလုပ်ချိန်ပေါ့နော်၊ ၇ နာရီထဲကနေပြီးတော့ အလုပ်မဆင်းကြတော့ဘဲနဲ့ စက်ရုံအပြင်ဘက်မှာ အားလုံး စုဝေး ထိုင်ချပြီးတော့ သူတို့ရဲ့ လစာနှုန်းတွေ နည်းနေတဲ့အပေါ်မှာ တောင်းဆိုပြီးတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတာပါ။ နောက်ပြီး သူတို့က မနက် ၇ နာရီကနေ ည ၈ နာရီအထိ အလုပ်လုပ်ရတယ်ပေါ့နော်။ အဲဒီကြားထဲမှာမှ ရက်ပျက်ကြေးတွေကို အဆမတန် ကောက်တဲ့အတွက် လစာထုတ်တဲ့ အချိန်မှာ သူတို့မှာ ဘာမှ မကျန်ဘူးပေါ့နော်။ မကျန်တဲ့အတွက် အဲဒါတောင်းဆိုကြတာပါ”

အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့တဲ့ အလုပ်သမား ၂ ထောင်လောက်ထဲက အလုပ်သမားခေါင်းဆောင် ၅ ဦးကို ခေါ်ပြီး စက်ရုံ တာဝန်ရှိသူတွေ အပါအဝင် အစိုးရ အလုပ်သမားရုံးက တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေ နေ့လယ်ပိုင်းမှာ ညှိနှိုင်းခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ စက်ရုံအလုပ်သမက အခုလို ပြောပါတယ်။

“လူကြီးတွေ လာတယ်တဲ့ အများကြီး။ ခေါင်းဆောင်တွေ လေးငါးယောက်ကို စုပြီးတော့ ခေါ်သွားတယ်။ အဲဒီလူကြီးတွေနဲ့ ရုံးခန်းထဲမှာ အစည်းအဝေးထိုင်ပြီး ပြောတာပေါ့နော်။ ပိုက်ဆံမဖြတ်ဖို့ရယ်၊ ပြီးတော့ အိုတီချိန် များများခေါ်ရင် အစတုန်းက သမီးတို့ ရှစ်နာရီ ခေါ်လို့ရှိရင် တရာပဲ ပေးတယ်လေ။ အခု ရှစ်နာရီခေါ်ရင် ၁၅ဝ ပေးပါ့မယ်လို့ ရှင်းပေးတယ်။ ပြီးတော့ ရက်ပျက်လို့ရှိရင် အများကြီး မဖြတ်ဖို့ ရှင်းပေးတယ်။ ကျန်တဲ့ဟာ အခြေခံလစာတွေ ဘာတွေဆိုရင် သူဌေးလာမှ အကုန်လုံးကို ဖြည့်ဆည်းပေးဖို့ကို ထပ်ပြောပေးမယ်ပေါ့”

အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံမှာ တလကို ခြောက်သောင်းလောက် လစာရပေမယ့် အလုပ်ပျက်ရက်အတွက် တရက်ကို ၉ ထောင်နှုန်းဖြတ်ပြီး အချိန်ပိုကြေးလည်း နည်းတာကြောင့် အလုပ်သမားအများစု လစာထုတ်ရင် ပိုက်ဆံ သိပ်မကျန်တဲ့အတွက် ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။

အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံက တာဝန်ရှိသူ တဦးကတော့ အလုပ်သမားတွေ ဆန္ဒပြတာမဟုတ်ဘဲ သူတို့အခွင့်အရေး သူတို့ တောင်းဆိုတာကို စက်ရုံဘက်က တာဝန်ရှိသူတွေနဲ့အတူ ဖြေရှင်းပေးလိုက်နိုင်ကြောင်း အခုလို ပြောပါတယ်။

“ဆန္ဒပြတယ်လို့တော့ မဟုတ်ဘူးဗျ။ သူတို့ အခွင့်အရေးလေးတခု တောင်းဆိုတဲ့ သဘောပဲ။ လစာ တိုးတောင်းတာပါ။ သူများတွေက ၇ သောင်း ၈ သောင်းလောက် ရနေပြီ၊ သူတို့လည်း အဲဒီလောက် လိုချင်တယ်ဆိုပြီး တိုးတောင်းတဲ့သဘော ကျနော်သိတာတော့။ လူကြီးတွေကတော့ အစုံဘဲဗျာ။ လေဘာကရော မြို့နယ်ကရော အများကြီးလာတယ်။ ပြေလည်သွားပါပြီ”

ဆန္ဒပြ အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ အခြေခံလစာနှုန်း တိုးမြှင့်ပေးဖို့ကိုတော့ အလုပ်ပိုင်ရှင် မရှိတဲ့အတွက် စက်ရုံပိုင်ရှင်နဲ့ ထပ်ပြီး ညှိနှိုင်းဖြေရှင်းပေးမယ့်အကြောင်း အစိုးရအလုပ်သမားရုံး တာဝန်ရှိသူတွေက အလုပ်သမားတွေကို ပြောကြား ဖြေရှင်းပေးခဲ့ပြီး မွန်းလွဲပိုင်းမှာ အလုပ်သမားတွေ အေးအေးဆေးဆေး အိမ်ပြန်သွားခဲ့ကြတယ်လို့ သိရပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

အမျှဝေရန် ကြွခဲ့ကြပါ။

၎နှစ်အတွင်း ဒုတိယအကြိမ် ၈ လေးလုံး နှစ်လည်ဆွမ်းဆက်ကပ်မည်

ရန်ကုန်၊ သြဂုတ် (၅) (YPI)- ကျောင်းသားဦးဆောင်သည့် ဒီမိုကရေစီ လှုပ်ရှားမှုနှစ်ပတ်လည်နေ့ ဖြစ်သည့် ၈ လပိုင်း ၈ရက်နေ့တွင် ၈၈ မျိုးဆက်နိုင်ငံရေး လှုပ်ရှားသူများက နှစ်ပတ်လည်ဆွမ်း ဆက်ကပ်မည်ဖြစ်သည်။ ဆွမ်းကပ်လှူမည့် ကျောင်းမှာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းတွင် တည်ရှိသည့် သာဓုပရိယတ္တိ စာသင်တိုက်ဖြစ်၍ နံနက် ၉နာရီမှ ၁၁ နာရီထိ ကျင်းပမည်ဖြစ်သည်။

၂၀၀၇ ခုနှစ် မင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်နိုင်ငံရေး ခေါင်းဆောင်များက နှစ်လည်ဆွမ်းကပ် သည့် အခမ်းအနားကျင်းပခဲ့ပြီးနောက် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပမည့် ပွဲလည်း ဖြစ်သည်။
၈၈ မျိုးဆက်နိုင်ငံရေး လှုပ်ရှားသူများ အနေဖြင့် ၂၀၀၇ ခုနှစ် သြဂုတ်လ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဖမ်းဆီးမခံရမီ သီတင်းပတ်အနည်းငယ် အလိုတွင် နှစ်လည်ဆွမ်းဆက်ကပ်ခြင်းကို နောက်ဆုံးကျင်းပခဲ့သည်။

၂၃ ကြိမ်မြောက် နှစ်လည် ဆွမ်းကပ်လှုမည့်ဖိတ်စာတွင် ဆွမ်းကပ်ခြင်း ရည်ရွယ်ချက် ၂ ချက်ကိုဖေါ်ပြထားသည်။ ပထမအချက်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး နှင့်ဒုတိယ အချက်မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဖြစ်သည်ဟု ဖေါ်ပြပါရှိသည်။

ပွဲစီစဉ်သူများအနက် ပါဝင်သူ တစ်ဦးက “ ၁၉၈၈ခုနှစ်ဆိုတာ မြန်မာနိုင်ငံရဲ့ လူမှုရေး စီးပွားရေးကဏ္ဍတွေသာမက နိုင်ငံသားတစ်ဦးစီရဲ့ ကံကြမ္မာကိုပါ ပြန်လည် ဖန်တီး ပြောင်းလဲစေတဲ့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဘုန်းကြီး ဆွမ်းကပ်လှူတာပါ” ဟု ပြောသည်။
၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသားများ ဦးဆောင်ပြီး ဦးနေ၀င်း ဦးဆောင်သည့် တပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကာ တစ်လခွဲကြာ ဆန္ဒပြမှုအပြီး စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူ ခဲ့သည်။ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ဆန္ဒပြသူ ကျောင်းသားနှင့် အရပ်သား လူထောင်နှင့်ချီ အသက် ဆုံရှုံးးခဲ့ကြရသည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည့် ၈လေးလုံး နှစ်ပတ်လည်နေ့ ဆွမ်းကပ်ခြင်းနှင့် ပတ်သက်၍ စီစဉ်သူတဦးက “ ဒီလို ၂၃နှစ်ပြည့်ပတ်လည် အောက်မေ့ဖွယ် ဘုန်းကြီး ဆွမ်းကျွေးပွဲ နှင့် သင်္ကန်းကပ်လှူပွဲဟာ ကြည်လင်တဲ့ အမြင်နဲ့ ရှေ့ဆက်ကြဖို့ မျှော်လင့်ရင်းကပ်လှူတာပါ” ဟု ပြောသည်။
ယခင် ၈၈ အရေးအခင်း ဖြစ်ပွားစဉ်က ကျောင်းသားနှင့် လူထုမှာ ဖြိုခွင်းမှုဒဏ်ကို ရင်ဆိုင်ခံစားခဲ့ရသော်လည်း ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ အတူ အကောင်းဘက်ကို ရှေ့ရှုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပ သည် ဟုလည်း ၄င်းက ဖြည့်စွက်ပြောဆိုသည်။
၂၀၀၇ ခုနှစ်တွင် နောက်ဆုံး ကျင်းပခဲ့သည့် ၈လေးလုံးနှစ်ပတ်လည် ဆွမ်းကပ်ခြင်း အခမ်းအနားကို ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားဝင်း အတွင်းရှိ သိပ္ပံကျောင်းတွင်ပြုလုပ်ခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘာများလဲတဲ့ ၈၈၈၈

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးအကြောင်း”
မောင်ကျောင်းသား

(၁)

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၂နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြုအုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေလုပ်ပစ်တာမျိုးတွေရှိနေတဲ့အတွက် ဒီ ၂၂နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက်မှာပဲရှိဦးမဲ့လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို မသိကြရပါဘူး ။
အာဏာရှင်တွေက ဒီလောက်၂၂နှစ်တာကာလမဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူ တွေ သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက် ဖျက်လိမ်ညာဖုံးကွယ်နေတာပါ ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်တော်လှန်ရေးလို့တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေမေတ္တာပို့ စီတန်း လမ်းလျှောက်ပွဲ ကိုတောင် သံဃာအတုအယောင်တွေကလုပ်တာပါ ဆိုတာမျိုးဒီသုံးနှစ်နီးပါးသာရှိသေးတဲ့ ကာလတိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက် ဆီးနေတာပါ ။

ဘာဖြစ်လို့လဲ ! သူတို့ ,သမိုင်းတွေကို ဘာကြောင့်ဖျက်ဆီးချင် ထိမ်ချန်ဖုံးကွယ်ချင် လိမ်ညာချင်နေရတာလဲ ! ရှစ်လေးလုံးအရေးတော်ပုံကြီးအပါအ၀င် သမိုင်းဖြစ် စဉ်တွေထဲမှာ ကြက်သီးမွှေးညှင်းထလောက်အောင် စိတ်ဓါတ်တက်ကြွ အားကျအတုယူစရာကောင်းတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့ ရဲရင့်မှုတွေ ၊ တောက်ခေါက်ဒေါသထွက် မချိတင်ကဲဖြစ် ၊ ခံပြင်းနာကျည်းသွားစေမဲ့ အာဏာပိုင်တွေရဲ့ရက်စက်ယုတ်မာမှုတွေ ၊ အပြစ်မဲ့လက်နက်မဲ့ ကျောင်းသားပြည်သူတွေ ရဟန်းသံဃာတွေကို စစ်မြေပြင်တခုလို နံပါတ်တုတ်တွေနဲ့ရိုက် ၊ ဘက်နက်နဲ့ထိုး ၊ သေနတ်နဲ့ပစ်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်လုပ်နေတဲ့ ကြေကွဲဝမ်းနည်းစရာ သွေးအလိမ်းလိမ်းမြင်ကွင်းတွေ ရှိနေပြီး သူတို့ကို အစဉ်သဖြင့်စိတ်ခြောက်ခြားနေစေလို့ပါ ။ သမိုင်း တွေကို ပြည်သူတွေပြန်အမှတ်ရနေရင် ၊ နောင်လာနောက်သားတွေသိရင် မတရားသဖြင့်အနိုင်ကျင့်ရယူထားတဲ့ သူတို့အာဏာကုလားထိုင်ကို ကိုင်လှုတ်လာနိုင် တယ်လို့ အမြဲတမ်းတွေးကြောက်နေတာကြောင့် သမိုင်းတွေကို ဖျောက်ဖျက်လိမ်ညာ ထိမ်ချန်ဖုံးကွယ်နေတာပါ ။

ကဗျာလေးတပုဒ်ရှိပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)အမည်ခံအာဏာသိမ်းအပြီး ၊ သူတို့ကိုးကွယ်တဲ့ဗေဒင်ဆရာညွှန်ကြားချက်အတိုင်း သွေးညှီနံ့လွှမ်းနေတဲ့အတိတ်ဆိုးတွေအတွက် မြို့တိုင်းလမ်းမကြီးတိုင်းကခြံစည်းရိုးတွေကိုထုံးသုတ်ဘို့ အမိန့် ထုတ်တဲ့အချိန်ထွက်လာတဲ့ “သွေးမော်ကွန်း”ဆိုတဲ့ ကဗျာလေးပါ ၊ ဘယ်သူရေးမှန်းမမှတ်မိတော့ပါဘူး ၊ “သမိုင်းသစ်ရေး…၊ ငါတို့သွေးကို….၊ ထုံးဖြူဆေးသုံး…၊ ဖျောက်ဖျက်ဖုံးလဲ……..၊ မဆုံးကမ္ဘာတည်လိမ့်မည်……”တဲ့ ။ ကနေ့ထိ ရင်ဘတ်ထဲစွဲကျန်နေတဲ့ အဲဒီကဗျာလေးလိုပါပဲ ၊ သမိုင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့မှ ဖျောက်ဖျက်ဖုံးကွယ်လို့မရဘူးဆိုတာ အာဏာရှင်တွေ သိနေလောက်ပါပြီ် ။
(၂)

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စကားလုံးအရအမျိုးမျိုးပြောကြပါတယ် ၊ ရှစ်ဆယ့်ရှစ်အရေးအခင်း ၊ ၁၃၅၀ပြည့်အရေးတော်ပုံ ၊ ရှစ်လေးလုံးအရေးတော်ပုံ ၊ ရှစ်ဆယ့်ရှစ်သပိတ်တိုက်ပွဲ စသဖြင့်ပြောကြပြီး ၊ နောက်ပိုင်းမှာ အရေးအခင်းဆိုတဲ့စကားလုံးက န၀တလိုစစ်အာဏာရှင်တွေက တန်ဘိုးပေါ့သွားအောင်သုံးတာ ၊ သာမန်ဆန်တယ် ၊ အရေးတော်ပုံဆိုတာက အကြောင်းရာကြီးဖြစ်တယ်နဲ့ပြောကြရင်း နောက်ပိုင်းတော့ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ပဲ အားလုံးကအသိ အမှတ်ပြု သုံးနှုန်းခဲ့ကြပါတယ် ။

ဘယ်လိုပဲပြောပြော ဗမာ့သမိုင်းရောကမ္ဘာ့သမိုင်းမှာပါ အံ့သြစိတ်လှုပ်ရှားစရာကောင်းတဲ့ ဘာသာစုံ ၊ လူမျိုးစုံ ၊ အလွှာစုံ ၊ လူထုအုံကြွမှုကြီး ၁၉၈၈ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်ဆိုတာနဲ့ အဲဒီအုံကြွမှုကြီးကို ကျောင်းသားတွေအသေခံဦးဆောင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်တွေကို နောင်လာနောက်သားတွေ အမှန်အတိုင်းသိရှိကြဘို့က အဓိကဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာစေတဲ့ ဆင့်ကဲဖြစ်စဉ်တွေမှာ အဓိက, က အဲဒီအချိန်မှာနှစ်၄၀သက်တမ်းရှိနေပြီဖြစ်တဲ့ ၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီး ထဲကဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မီးပဲဖြစ်ပါတယ် ။ ဦးနုနဲ့ဦးနေ၀င်းအပါအ၀င် တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေက ပြည်သူတွေအပေါ်စေတနာမမှန်ခဲ့ဘူး ၊ လက်နက်ကိုင် ပုန်ကန်ကြတဲ့ တိုင်းရင်းသားတွေ ၊ အဖွဲ့စည်းတွေကို မျှမျှတတဆွေးနွေး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရမဲ့အစား စစ်ပွဲတွေကိုပဲဖန်တီးမွေးမြူပြီး နိုင်ငံ့ဘဏ္ဍာငွေတွေကို စစ်သုံးစရိတ်ခေါင်းစဉ်တွေပြ ၊ ကိုယ့်မိသားစုကြွယ်ဝချမ်းသာရေးတွေပဲလုပ်ခဲ့ကြလို့ ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် လို့ဖြစ်လာတဲ့အထိ ပြည်သူတွေဖွတ်ဖွတ်ညက်ညက်ကျေမွဲတေစေခဲ့တာကြောင့်နဲ့ ၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုးစီးပွားရှာအဂတိလိုက်စားမှုရဲ့နောက်ဆက်တွဲ ဥပဒေမဲ့မှု ၊ မတရားအနိုင်ကျင့်မှုတွေ အောက်ခြေအဆင့်အာဏာပိုင်တွေအထိ အဆင့်ဆင့်ကျူးလွန်လာခဲ့ကြတာကြောင့် ပြည်သူတွေမျိုသိပ်ခံစားခဲ့ရတဲ့နာကျည်းမှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးအဖြစ် ပေါက်ကွဲထွက်ခဲ့တာပဲဖြစ်ပါတယ် ။

ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) ၊ KNU ၊ KIA ၊ SSA ၊ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ ပြည်တွင်းစစ်မီးအရှိန်ကိုမြင့်စေခဲ့တာက အဲဒီပြည်တွင်းစစ်နဲ့ မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေတွေကိုအကြောင်းပြပြီး (၁၉၆၂ ခု မတ်လ ၂ ရက်)နေ့မှာ တော်လှန်ရေးကောင်စီအနေနဲ့အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်ဝါဒီတွေကြောင့်ပဲဖြစ်ပါတယ် ၊ အယောင်ဆောင်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ပြည်တွင်းစစ်အဟုန်မြင့် တက်ခဲ့သလို စစ်တပ်သြဇာထူထောင်လိုမှု တွေကြောင့် ၁၉၆၂ -7JULY ကျောင်းသားသတ်ပွဲနဲ့ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုဖျက်တာ ၊ ၁၉၇၄ ဇွန်အလုပ်သမားအရေးအခင်းကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့်ဈာပနစီစဉ်သူ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၆ မတ်လ၂၃ ရက်နေ့ သခင်ကိုယ်တော်မှိုင်း ရာပြည့်ပွဲမှာ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းတာ စတဲ့ ပြည်သူတွေကျောင်းသားတွေအပေါ် လက်နက်အားကိုးအကြမ်းဖက်ဖြေရှင်းမှုတွေကို ကျူးလွန်ခဲ့ပါတယ် ။

အဲဒီဖြစ်စဉ်တွေမှာ အံကြိတ်ခံခဲ့ရတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့လက်ဆင့်ကမ်းနှိုးဆော်မှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာဘို့ အကြောင်းချက် တွေ ဖြစ်ပါတယ် ၊ အနီးစပ်ဆုံးအကြောင်းအရာကတော့ ပြည်တွင်းစစ်ကြောင့် စစ်သုံးစရိတ်တွေများခဲ့သလို ကိုယ်ကျိုးစီးပွားရှာမှုတွေကြောင့် စီးပွားရေးချွတ်ခြုံကျ၊ ငွေကြေးမတည်မငြိမ်ဖြစ်လာတဲ့အပေါ် တစ်ရာတန် ၊ နှစ်ဆယ့်ငါးကျပ်တန် ၊ သုံးဆယ့်ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူတွေကို တရားမ၀င်တော့ ကြောင်း (၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့မှာ)ကြေငြာလိုက်တာပါပဲ ။ အဲဒီအချိန်ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်းအခြေအနေနဲ့ လက်ထဲငွေမရှိတော့မှု ဆိုတဲ့ပြဿနာက ပြည်သူတွေအတွက် အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ ပေါက်ကွဲပွင့်အံထွက်ဘို့ အခြေပြုလာပါတယ် ။

အာဏာပိုင်တွေရဲ့ မတရားသဖြင့်ဥပဒေတွေ ၊ အမိန့်အာဏာတွေတိုင်းကို ရှေ့ကနေဦးဆောင်ဆန့်ကျင်တာ ကျောင်းသားတွေပဲဖြစ်ပါတယ်၊ ဒါ့ကြောင့် တော်လှန် ရေးကောင်စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အမည်ခံအုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ ရန်ဘက်သဖွယ်အညှိုးထားတာခံရပါတယ် ။ ငွေစက္ကူတွေတရားမ၀င်ကြောင်းကြေငြာချိန် မာစဒါဂျစ်ကားမီးရှို့ဆန္ဒပြခဲ့တဲ့ စက်မှုတက္ကသိုလ်(RIT)ကျောင်းသားတွေကိုအညှိုးထားမှုကနေ ကျောင်းသားနဲ့အရပ် သားဖြစ်တဲ့ရန်ပွဲအကြောင်းပြပြီး (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ည) ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကျောင်းဝန်းထဲ လုံထိန်းရဲတွေနဲ့ စစ်မြေပြင်တခုလိုပစ်ခတ်ခဲ့တဲ့ အတွက် RIT ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့သေဆုံးပြီး ကျောင်းသားအများအပြားထိခိုက်ဒါဏ်ရာရခဲ့ကြပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် “ဒါး ဒါးချင်း လှံ လှံချင်းယှဉ်ယုံပဲ”လို့ ပြည်သူတွေကို စိန်ခေါ်ခဲ့တဲ့ ၊ “ဆူဆူပူပူလုပ်ရင်တော့ စစ်တပ်ကိုသုံးရင် မသက်သာဘူးသာ မှတ်ကြပေတော့ ၊ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ” လို့ ခြိမ်းခြောက်ခဲ့တဲ့စစ်အာဏာရှင်တွေအပေါ် ကျောင်းသားတွေရဲ့ဆန့်ကျင်အုံကြွမှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် ။ ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကနေ ၊ လှိုင်တက္ကသိုလ်(RC2)၊ ရန်ကုန်တက္ကသိုလ်(Main) ၊ ဆေးတက္ကသိုလ် စတဲ့ကျောင်းတွေ
ကို ချက်ခြင်းကူးစက်သွားပြီး “ဖမ်းဆီးကျောင်းသားပြန်လွတ်ရေး ၊ သေဆုံးမှုဖြစ်စဉ်အမှန်ကြေငြာရေး ” ဆိုတဲ့တောင်းဆိုမှုတွေနဲ့ ဆန္ဒပြပွဲတွေဖြစ်လာပါ တော့တယ် ။
စစ်အာဏာရူးအရိုင်းတွေကတော့ လူသတ်ပွဲတွေဆက်လက်ကျူးလွန်ခြင်းနဲ့သာ တုန့်ပြန်လိုက်ပါတယ်၊ မတ်လ ၁၆ ရက် အင်းလျားကန်(တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသားတွေကို ဘက်နက်နဲ့ထိုး ၊ နံပါတ်တုတ်တွေနဲ့ရိုက် ၊ စစ်ဖိနပ်နဲ့နင်းတာတွေကြောင့် တံတားနီလို့ပြောင်းလဲတင်စားခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရပါတယ် ၊ အဲဒီနေရာမှာ အသက်တွေစတေးခဲ့ရသလို မဆန့်မပြဲကြပ်သိပ်နေအောင်ဖမ်းတင်သွားတဲ့ အချုပ်ကားပြာကြီးတွေပေါ် အသက်ရှူကြပ်မွန်းသေသွား သူတွေ ရှိလာခဲ့ပါတယ် ။ အဲဒီအတွက် ကျောင်းသားတွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး ဆန္ဒပြပွဲတွေ ရဲရဲရင့်ရင့်ဆက်လုပ်ခဲ့တာကြောင့် ဇွန်လ အထက်တန်း ကျောင်းတွေဖွင့်တဲ့အချိန်မှာ အခြေခံပညာကျောင်းသားတွေပါဝင်လာကြတဲ့အထိ ကူးစက်ခဲ့ပါတော့တယ် ။

ရန်ကုန်တက္ကသိုလ်ထဲမှာ နေ့စဉ်လိုတရားဟောပွဲတွေရှိလာပြီး ကျောင်းသားတွေကြားထဲ ကျောင်းသားသမဂ္ဂရှိခဲ့ဘူးတယ် ၊ ကျောင်းသားသမဂ္ဂဖျက်ဆီးခံခဲ့ရတာ ကြောင့် ကျောင်းသားအခွင့်အရေးတွေဆုံးရှုံးနေရတာဖြစ်တယ်ဆိုတာမျိုး ခံစားသိရှိလာကြပါတယ် ၊ “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး-ဒို့အရေး ၊ ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး -ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်လာတဲ့ကျောင်းသားအုပ်(အများစုအထက်တန်းကျောင်းသားတွေ)နဲ့ လုံထိန်း တွေရဲ့ရိုက်ပွဲ (ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူတွေပါ ပါဝင်လာစေတဲ့ ကျောင်းသားအရေးအခင်းကနေ လုထုအရေးအခင်းကိုကူးပြောင်းသွားတဲ့ ပွဲဖြစ်ပါတယ်။

အဲဒီလိုကျောင်းသားထုလှုပ်ရှားမှုတွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေကနေ ရှစ်ဂဏန်းလေးလုံးစုံတဲ့နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုလူတန်းစားအသီးသီးက မဆလ (တစ်ပါတီအာဏာရှင်စနစ်)ကိုဖြုတ်ချကြရအောင်ဆိုတဲ့ ကြေငြာချက်တွေ ၊လှုံ့စော်စာတွေ ပေါ်ထွက်လာပြီးတဲ့နောက် ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ် ။

(၃)

သပိတ်…သပိတ် - မှောက် …မှောက်
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး
ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး
ကုန်ဈေးနှန်းကျဆင်းရေး - ဒို့အရေး …ဒို့အရေး
တပါတီစနစ် - အလိုမရှိ ..အလိုမရှိ
အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။

အဲဒီလိုကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန်အနေနဲ့ကတော့ သြဂုတ်လ ၈ရက်(ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်)မှ စတာမဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသားလှုပ်ရှားမှုတွေကနေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ဆက်တိုက်ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာဆိုရင် အထူးသဖြင့် အထက်တန်းကျောင်းတွေမှာ ဆန္ဒပြမှုတွေဆက်တိုက်လိုဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲတွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန်တမြို့လုံးလို)ပါလာတာက ၃.၈.၈၈ နေ့ပါ ။

အဲဒီနေ့က ကန်တော်ကြီးပန်းခြံဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မနက်ရှစ်နာရီကျော်လောက်ကျောင်းသားတွေစုရုံးကြပြီး နတ်မောက်ကျောင်း(စက်မှုလက်မှုအထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတားချောဆွဲ ဆူးလေကိုမောင်းခိုင်းကြပါတယ် ၊ မြို့တော်ခန်းမရှေ့ကားတွေရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်းကြွေးကြော်လိုက်တဲ့အချိန် လူတွေ ..ပျားအုံကြီးကိုတုတ်နဲ့ဆွလိုက်သလို ၀ိုင်းအုံလာလိုက်တာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဘူးတဲ့အဖြစ်ပါပဲ ၊ ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော်တို့ပြည်သူတွေအတွက် တိုက်ပွဲဝင်နေပါပြီ ၊ လက်ခုတ်တီးပြီးအားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့လက်ခုတ်သံတွေ ၂၆ နှစ်အောင့်ထားမျိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟအားပေးလိုက်ကြတာ..၊ ဓါတ်ပုံရိုက်ရင်ကာဘို့ ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ရင်ကာဘို့ ၊ လက်ကိုင်ပုဝါလေးတွေပေးကြပါတောင်းတော့ တိုက်တွေပေါ်ကနေတောင်ပစ်ချပေးကြတာ ။ လေထဲမှာ လက်ကိုင်ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီးမွှေးညှင်းထရလောက်အောင်ပါပဲ ။
မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြအုံကြွခဲ့ကြတာဖြစ်ပြီး ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပါဘူး၊ ဘာတွေတောင်းဆိုရမလဲတောင်မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလအစိုးရပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့တပ်ရင်းမှုး)သမတဖြစ်နေတော့ “ဆန်တပြည်၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည်၁၅ပြား နေ၀င်းသေမှစား” “စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်းမလုပ်နဲ့” ဆိုတာမျိုးတွေလဲ အော်ကြပါတယ် ။ တပါတီစနစ် - အလိုမရှိ ..အလိုမရှိ အော်နေကြပေမဲ့ တပါတီစနစ်ကပဲမကောင်းတာလား ၊ အာဏာရှင်စနစ်ကပဲမကောင်းတာလား ၊ ဒီမိုကရေစီဆိုတာဘာလဲ မသိကြသေးပါဘူး ။

“အဲဒီနေ့က မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ ၊ လူလှိုင်းတွေတလိမ့်လိမ့် ၊ ဟစ်ကြွေးသံတွေတချိမ့်ချိမ့်နဲ့ မြေမိုးပွက်လျံသိမ့်သိမ့်ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ်ပေတော့မည် ” မုန်တိုင်း၈၈ ဆိုတဲ့ကဗျာအစပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံးနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွဆန္ဒပြခဲ့ကြပါတယ် ၊ ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ၊ ခုဆီဒိုးနားနဲ့ က္ကိုင်းလမ်းဆုံကြား ကားလမ်းတခြမ်း စစ်ကားတန်း လက်နက်မျိုးစုံနဲ့စောင့်နေတာကို စတင်တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့စစ်သား ဒို့စစ်သား ၊ ပြည်သူ့တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော်ကြပါတယ် ၊ တချို့ကျောင်းသားငယ်တွေက ထိုင်ကန်တော့ကြပါတယ် ။ ညဆယ့်တစ်နာရီခွဲဝန်းကျင်မှာတော့ မြို့တော်ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင်ချပြီး ပစ်ခတ်သတ်ဖြတ်တဲ့ပွဲကြီး စပါတော့တယ် ၊ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ထားတဲ့ ဆယ့်လေးငါးနှစ်လောက်ကျောင်းသူလေးရဲ့ခေါင်း ဂျီ3မောင်း ပြန်ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့လူအုပ်ကြီး သွေးသံအရဲရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ပါတော့တယ် ။

အစွမ်းကုန်ရက်စက်ပြပစ်ခတ်သတ်ဖြတ်ပြလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့ ဆန္ဒပြသပိတ်မှောက်အုံကြွမှုတွေ ရပ်မသွားပါဘူး ၊ စစ်တပ်ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင်ပေါက်ကွဲလာတဲ့ လူထုကြီးကတော့ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာတွေမှာ ရဲတွေကိုခေါင်းဖြတ်သတ်တာမျိုး ပြန်ခံချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့တွေတောက်လျှောက်ပစ်လိုက်တာ ရန်ကုန်ဆေးရုံကြီးဝန်းထဲတောင်မချန်ပစ်ထဲ့လို့ ဆရာဝန်တွေပါသေဆုံးခဲ့ကြရပါတယ်။ တနေရာထဲမှာ အစုလိုက်အပြုံလိုက်ပစ်သတ်ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊ မိန်းမ ၊ ကလေး အားလုံးလူသုံးရာကျော် အလောင်းချင်းထပ် နေအောင်ပစ်သတ်ခံခဲ့ကြရတဲ့ စစ်ကိုင်းမြို့ကအဆိုးဆုံးလို့ပြောကြပါတယ် ။

ဘယ်လောက်ပစ်ပစ် အသေခံတိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့စိတ်ဓါတ်ကို စစ်ဝါဒီတွေအရှုံးပေး နည်းဗျူဟာပြောင်းရပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင်အနားယူပြီဖြစ်ကြောင်း ကြေငြာပြီးသေနတ်သံတွေရပ်သွားပါတော့တယ် ။ နိုင်ငံတော်သမတအဖြစ် ဒေါက်တာမောင်မောင်တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ်စခန်းတွေဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ကိုယ် လုပ်ကြပါတယ် ၊ ကိုယ့်ဘာသာတရားစီရင်ကြပါတယ် ၊ ဆန္ဒပြသူတွေသောက်မဲ့ရေအိုးကိုအဆိပ်ခတ်တာ ၊ အသိပျောက်စေတဲ့ထုံဆေးမူးယစ်ဆေးတွေထိုးပေးပြီး သံဃာတွေကျောင်းသားတွေကိုသတ်ခိုင်းတာမျိုးတွေ ရှိတဲ့အတွက် မိတဲ့သူတွေကို ခေါင်းဖြတ်သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းမဲ့စရိုက်ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေကြောက်ရွံ့ထိတ်လန့်စေမဲ့ရက်စက်မှုမျိုးတွေကိုသာ ကွက်ဖေါ်ပြခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတယ် ၊ ဘယ်လိုလူတွေအသတ်ခံရတာဆိုတာတွေမပြပဲ ပြည်သူတွေ ရမ်းရမ်းကားကားလူသတ်တယ်ဆိုတာမျိုးဖြစ်အောင် ဖုန်းကွယ်လိုက်ပါတယ်။

ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့လူသတ်ပွဲတွေ ၊ တန်ပြန်သပိတ်ဆိုပြီး ဆန္ဒပြသူတွေကိုလုပ်ကြံသတ်ဖြတ်လာသူတွေကို ပြည်သူတွေကိုယ်တိုင် တရားစီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာတော့ ထည့်ပြောရမှာပါ ။ မင်းရှိနေလျက်နဲ့အားကိုးမရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုးမင်းညစ်ဖြစ်နေလို့ ကိုယ့်တရားကိုယ်စီရင်ဖြစ်လာရတာတွေပါ ၊ လွတ်လပ်ရေးရပြီးတာတောင် လွတ်လပ်ရေးအရသာမခံစားရပဲ အမျိုးသားချင်းကျွန်လို ပြန် အုပ်ချုပ်ခံလာရတဲ့ နှစ်ပေါင်းများစွာမျိုသိပ်ခံစားလာရတဲ့ ၊ လက်နက်မဲ့ဆန္ဒပြမှုကို ဗလာချီပစ်သတ်ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင်ပေါက်ကွဲမှုတွေပဲဖြစ်ပါတယ် ။

မြို့တိုင်းမှာ သပိတ်စခန်းတွေဖွင့်ကြပြီး နေရာအများစုမှာ သံဃာတော်တွေဦးဆောင်လို့ ကိုယ့်မြို့နယ်/ရပ်ရွာတွေကို ကိုယ့်ဘာသာအုပ်ချုပ်ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိတွေနဲ့ ရပ်ကွက်အဆင့်ထိ ကိုယ့်ဒေသလုံခြုံရေးကိုယ်တာဝန်ယူကြပါတယ် ၊ ရန်ကုန်ဆေးရုံကြီးကတော့ ရန်ကုန်တိုင်းသပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရားဟောပွဲတွေတောက်လျှောက်ကျင်းပခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာဟာသတွေ ပုံနှိုင်းပြောပြဟောပြောတဲ့သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်းကြမ်းတွေပြောပြီး ဆဲပြီးဟောပြောတဲ့သူတွေလဲရှိပါတယ် ၊ ရှေ့နေတွေ ၊ စာရေးဆရာတွေ ၊ ဂီတနဲ့အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံကလာရောက် ဟောပြောကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့်အရေး စတဲ့ နိုင်ငံရေးဝေါဟာရတွေခေတ်စားလာသလို ကြွေးကြော်သံလည်းပြောင်းသွားခဲ့ပါတယ် ။

“ဒီမိုကရေစီရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။

ရဟန်းပျိုများသမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များသမဂ္ဂ ၊ အိမ်ထောင်ရှင်မများသမဂ္ဂ ၊ တောင်သူလယ်သမားများသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်းအဖွဲ့တွေဖွဲ့ဆန္ဒပြကြသလို ၀န်ထမ်းတွေကလဲ သက်ဆိုင်ရာဌာနတွေအလိုက် စုဖွဲ့ဆန္ဒပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်းပါဝင်လာကြပါတယ် ၊ မိန်းမလျှာတွေကတောင် အလှဖန်တီးရှင်များသမဂ္ဂလို့ ဆန္ဒပြခဲ့ကြပါတယ် ။

လူတိုင်းလူတိုင်းဟာ သက်ဆိုင်ရာအဖွဲ့အစည်းတံဆိပ်နဲ့ နဘူးစီးအနီတွေ ၊ လက်ပါတ်အနီတွေပါတ်ပြီး ထိုင်သပိတ် ၊ အစာငတ်ခံဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော်ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့အခေါင်းကိုမီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင်ရေးပြီးလွှတ်ပွဲ စသဖြင့်အသွင်သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံးကြွက်ကြွက် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြပါတယ် ။

နိုင်ငံတော်သမတ ဒေါက်တာမောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီစနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံကိုပဲကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီးဆုံးဖြတ်ကြတာပေါ့ ၊ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုလဲ ပျော်ပျော်ကြီး အုတ်မြစ်ချကြတာပေါ့လို့ ” နတ်ကတော်တွေထက် ချွဲပျစ်တဲ့လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေတောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ်မှာတော့ ပြည်သူတွေကိုသတ်ဖြတ်နှိမ်နှင်းဘို့ ကောက်ကျစ်စဉ်းလဲစွာ အကြံထုတ်ပြင်ဆင်နေခဲ့ပါတယ် ။

လူထုအုံကြွမှုကြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့လေးဆယ့်နှစ်ရက်အကြာ ၁၉၈၈ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှာ ရာထောင်ချီတဲ့စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ်စီနင်းပြီး စစ်တပ်အနေနဲ့အာဏာပြန်သိမ်းလိုက်ကြောင်း ကြေငြာပါတော့တယ် ။ ဗမာပြည်စစ်တပ်အတွက်မဆန်းတော့တဲ့ အပြစ်မဲ့ပြည်သူကို သတ်ပွဲတွေထဲမှာ အရက်စက်အပြင်းထန်ဆုံးသတ်ပွဲကြီးဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန်ရိုင်ဖယ်တွေအပြင် စက်လတ်လိုအမျိုးအစားတွေနဲ့ပါ အတွဲလိုက် ပစ်ခတ်ခဲ့ကြပါတယ် ၊ ပြည်သူတွေက စစ်ကားတွေဝင်မလာရအောင် သစ်ပင်တွေခုတ်လှဲ လမ်းတွေပေါ်ကန့်လန့်စီချပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ခံချ လုပ်ကြသေးပေမဲ့ အဆမတန်ရက်စက်မှုရဲ့ဒါဏ်ကို မခံနိုင်ကြတော့ပါဘူး ၊ အားမတန်မာန်လျှော့ပေးခဲ့ကြတဲ့နောက်မှာ စောမောင်နဲ့ခင်ညွန့် ဦးစီးတဲ့ စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)ဆိုပြီး စစ်တပ်အစိုးရအမည်ခံအုပ်ချုပ်ခဲ့ပါတော့တယ်။

(၄)

စိတ်ဓါတ်..။ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ကျောင်းသားပြည်သူတွေရင်ထဲထည့်ပေးလိုက်တာကတော့ အသက်အပါအ၀င် ကိုယ်ကျိုးစီးပွားအားလုံးစွန့်လွှတ် တိုက်ပွဲဝင်မယ် ၊ မတရားမှုကိုရဲရဲအံတုမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ ၊ စစ်အာဏာရှင်တွေက လက်နက်မျိုးစုံ ၊ ယုတ်မာကောက်ကျစ်မှုမျိုးစုံ ၊ မတရားမှုမျိုးစုံနဲ့ အဲဒီ စိတ်ဓါတ်ကိုချိုးနှိမ်ဘို့ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ် ။

အထက်မှာပြောပြခဲ့သလို ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပဲ မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့အများကြီးရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေစုစည်းပြီး ကြားဖြတ်အစိုးရမဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ပေါင်းစည်းပြီး နိုင်ငံတော်အာဏာကိုအရမယူနိုင်ခဲ့တာ ၊ စနစ်တကျမဟုတ်တဲ့စုဖွဲ့မှုတွေနဲ့ အသေချာပြင်ဆင်စီစဉ်မှုတွေမရှိပဲ လျှပ်တပြက်ဆုံးဖြတ်လုပ်ဖြစ်ခဲ့ကြတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေသင်ခန်းစာယူရမှာတွေဖြစ်ပါတယ် ။

မဆလအမည်ခံ နေ၀င်း ၊ စန်းယု ၊ စိန်လွင် အစိုးရတွေကိုဖြုတ်ချနိုင်ခဲ့တာ ၊ ပြည်သူတွေကျောင်းသားလူငယ်တွေကို နိုင်ငံရေးနားမျက်စေ့ပွင့်စေခဲ့တာ ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နဲ့အတူ မင်းကိုနိုင် ၊ ကိုကိုကြီး တို့လို ကျောင်းသားခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး တို့လို လူထုခေါင်းဆောင်တွေပေါ်ထွက်လာခဲ့တာ ၊ လက်နက်ကိုလက်နက်ချင်းပြန်ချနိုင်မှသာရမယ်လို့ ယုံကြည်ချက်တွေနဲ့ ကျောင်းသားတပ်မတော် (ABSDF)ဖွဲ့စည်းပေါ်ပေါက်ခဲ့တာ ၊ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးပေါ်ပေါက်ခဲ့တာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေရရှိခဲ့တဲ့ အောင်မြင်မှု တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီး ၊ လူထုအုံကြွမှုပုံစံကနေ ရပ်ဆိုင်းလိုက်တာဟာ စစ်တပ်ကပစ်သတ်နှိမ်နှင်းလို့ဆိုတာထက် တောင်းဆိုဆန္ဒပြနေတဲ့လိုအပ်ချက်ကို စစ်တပ်ကလုပ်ပေးမယ်ဆိုတဲ့မြှူဆွယ်မှုကြောင့် ရပ်ဆိုင်းလိုက်တာလို့ထင်ပါတယ် ၊ “တပ်မတော်က နိုင်ငံတော်အာဏာကိုချုပ်ကိုင်လိုက်ပါပြီ ၊ ဆန္ဒပြပွဲ တွေရပ်ကြပါ ၊ နိုင်ငံရေးပါတီတွေထောင်ခွင့်ပေးပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးပါ့မယ် ၊ ပြီးရင် အနိုင်ရပါတီကိုအာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျား ပြန်မှာပါ ”ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိစကားကို ယုံစားမိခဲ့ကြလို့ လို့ထင်ပါတယ် ။

၁၉၈၉ မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းလုပ်ပြီး မဆလကနေအမည်ပြောင်း တစည (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)အနိုင်ရအောင်နည်းမျိုးစုံကြိုးစားခဲ့ပေမဲ့ ပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှုက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ထူးထူးကဲကဲမဲပေးခဲ့ကြပါတယ် ။ ပြည်သူတွေဆန္ဒမဲပေးခဲ့ကြတဲ့ အနိုင်ရပါတီကိုအာဏာလွှဲမပေးပဲ ကတိတွေကိုချိုးဖေါက်ပြီး စစ်အာဏာရှင်တွေက လူပြောင်းနာမည်ပြောင်း ကနေ့ထိဆက်အုပ်ချုပ်နေဆဲဖြစ်ပါတယ် ။ ရှစ်လေးလုံးအရေးတော်ပုံကြီးကိုအာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ကိုဖယ်ရှားပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေက န၀တအမည်ကနေ နအဖ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ)လို့ ပြောင်းလဲအုပ်ချုပ်နေခဲ့ပါတယ် ။

၁၉၉၆ ကျောင်းသားအရေးအခင်း ၊ ၉၉၉၉ အရေးအခင်း ၊ ၂၀၀၇ သြဂုတ်လ လောင်စာဆီဈေးမြင့်တက်မှုလမ်းလျှောက်ပွဲ ၊ တစ်ကိုယ်တော်ဆန္ဒပြပွဲများစွာနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဆိုတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့နောက်ဆက်တွဲ အရှိန်အဟုန်တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံဆိုတာ ဒဏ္ဍာရီမဟုတ် ၊ ရာဇ၀င်ဖြစ်တယ် ။ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့ အထင်ကရသမိုင်းကြီးဖြစ်တယ် ။ သေချာနားစွင့် ကြည့်ပါ ၊ နှလုံးသားနဲ့နားထောင်ကြည့်ပါ ၊ “ လွတ်တပ်မှအမျှဝေပါ ” ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာကျဆုံးခဲ့တဲ့ဝိဥာဉ်တွေရဲ့ ဒို့အရေးဒို့အရေး ကြွေးကြော်သံတွေနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါလို့ မှာကြားနေသံတွေ ကြားရပါလိမ့်မယ် ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ
မောင်ကျောင်းသား ။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, August 02, 2011

မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး


By ဦးသန်းလွင်ထွန်း

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်း ဆက်လက်မလုပ်ဆောင်သင့် ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လျစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတဲ့ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။

ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ် ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။

ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ကြီး တမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို ၁၀၀ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဘက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဘက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။

ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြောလို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ် လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပြတ်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကျတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံ့ဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေ ပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့ နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တန်းကျတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့ အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် ဆန်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တခုကိုပဲ ဆန်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရိယာ ပတ်ဝန်းကျင် ကိုပဲ ဆန်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။

ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက - အခုန ပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင် ကုမ္မဏီ ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူး လို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေ ကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလျစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။

ဦးမင်းဇင် ။ ။ တချို့အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ် ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာ ရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်း ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့် တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီးတော့ အစောက ကိုမင်းဇင် ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရိယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံ့ဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့ သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင် (၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါ-ပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်တွေက လုံးဝလျစ်လျူရှုတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူး ထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာ ပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိက ပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။

ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက် အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကျတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကျတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာ ကိုက သူတို့အတွက် ပိုက်ဆံ ရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။

မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ဖို့ အမိန့်ပေးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့ စစ်တပ် မဟာဗျူဟာ ကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။

ဦးမင်းဇင် ။ ။ ရင်းနှီးမြှုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်က တော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင်က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေးတကျော်ပါနေတာပါ။

ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင် လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။

ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံး ဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။

နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့ အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဖူးပါတယ်။ အဲဒါ ရေကြီးလို့ပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကိုပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။

ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်ငြင်း ခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာ အန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။

ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နုန်းမြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင် ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့ နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်း ရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည် ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဉာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံး ဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေအားလုံး ပါနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။
http://www.voanews.com/burmese/news

အပြည့်အစုံသတင်းဖတ်ရန်....

သြစတြေလျရောက် နောက်ထပ် မြန်မာ ၂ ဦး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံ



သြစတြေလျနိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးနောက်ထပ်နှစ်ဦးက သူတို့ဟာ ရှစ်လေးလုံး အရေးတော်ပုံအတွင်း ဆန္ဒပြသူတွေအပေါ် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေ ဖြစ်ကြောင်း ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ဗစ်တိုးရီးယားပြည်နယ်မှာ နေထိုင်သူတွေဖြစ်ပြီး တဦးက သြစတြေလျနိုင်ငံသား ဖြစ်ပြီး နောက်တဦးက ဒုက္ခသည်ဗီဇာနဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ဘရစ်စဘိန်းမြို့မှာ နေထိုင်တဲ့ ထူးထူးဟန်ဆိုသူရဲ့ လက်အောက်မှာ တာဝန် ထမ်းဆောင်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထူးထူးဟန်ဆိုသူက ထောက်လှမ်းရေး အရာရှိဟောင်းအဖြစ် ရှစ်လေးလုံးကာလက ဆန္ဒပြသမား ၁ ရာလောက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပြီးခဲ့တဲလအတွင်း ထုတ်ဖော် ပြောဆိုခဲ့အပြီး အခုလို နောက်ထပ် ၂ ဦးက ဝန်ခံ ပြောဆိုလိုက်တာပါ။

ဒီအတောအတွင်း ကိုထူးထူးဟန်နဲ့ တမြို့တည်း နေထိုင်သူ ကိုမူးဆာ ဆိုသူကလည်း ၁၉၈၄ ကနေ ၁၉၈၇ ခုနှစ်အတွင်း မော်လမြိုင်မြို့အနီး ဘုရားသုံးဆူဒေသမှာ တိုင်းရင်းသား ၅ဝ လောက်ကို အမိန့်ပေး သတ်ဖြတ်ရာမှာ တာဝန်ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အခုလို ကိုထူးထူးဟန် အပါအဝင် ၄ ဦးက မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဆက်တိုက်ဆိုသလို ထုတ်ဖော်ပြောဆိုလာမှုကို အတည်ပြုနိုင်ခြင်း မရှိပေမယ့် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ပေါ်ပေါက်ရေး ကြိုးပမ်းနေမှုတွေကို ထိခိုက်မှုရှိမှာ စိုးရိမ်ပူပန်ကြောင်း ဆစ်ဒနီမြို့အခြေစိုက် Burma Office မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။

အခုနောက်ဆုံး ဝန်ခံသူ ၂ ဦးထဲမှာ တဦးက ထောက်လှမ်းရေးမှာ တပ်ကြပ်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း၊ အသက် ၅၇ နှစ်အရွယ် ပုဂ္ဂိုလ်က သူ့ရဲ့နာမည်ကို “မောင်” လို့ အတိုကောက် ပေးထားပြီး နောက်တဦးကတော့ “ကိုစိုးအောင်” လို့ ပေးထားကြောင်း Sydney Morning Herald သတင်းစာက ဖော်ပြပါတယ်။

အခုလို မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ဖူးသူတွေလို့ ဝန်ခံပြောဆိုသူ ၄ ဦးစလုံးကို သြစတြေလျ အာဏာပိုင်တွေက လောလောဆယ်အထိ ခေါ်ယူစစ်ဆေးတာ မရှိသေးဘူးလို့ သိရပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာအစိုးရသစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းမရှိ၊ ကင်တားနား ဝေဖန်

By ဒေါ်ခင်မျိုးသက် တနင်္လာ, 01 သြဂုတ် 2011

မြန်မာအစိုးရသစ် အနေနဲ့ အရေးအကြီးဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောဆိုလိုက်ချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာမှ လုပ်ဆောင်ပေးတာမျိုး မတွေ့ရသေးဘူးလို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို မစ္စတာ ကင်တားနားနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်ပြီး လွှတ်ပေးဖို့အတွက် သောကြာနေ့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေထဲက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအ၀င် ၉ ဦးရဲ့ မိသားစုဝင်တွေကလည်း သူတို့တွေ မတရား ပြစ်ဒဏ်ကျခံနေရတာတွေကို ပြန်ပြီး စိစစ်ပေးနိုင်အောင် မြန်မာအစိုးရသစ် အဖွဲ့ကို တင်ပြဖို့အတွက် ကြိုးပမ်းနေကြပါတယ်။

ဒီနိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကလည်း သူတို့ကို ပြန်ပြီး လွှတ်ပေးဖို့အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတာပါ။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က အခုထိ ဘာမှ လုပ်ဆောင်ပေးတာမျိုး မတွေ့ရသေးဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက ပြောပါတယ်။

“အခုချိန်ထိ မြန်မာအာဏာပိုင်တွေဘက်က နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာမှ လုပ်ဆောင်ပေးတာမျိုး မရှိသေးပါဘူး။ တက်လာတဲ့ အစိုးရသစ်အဖွဲ့ အနေနဲ့ သူတို့ကို ဆက်ပြီး ချုပ်နှောင်ထားစရာအကြောင်း မရှိပါဘူး။ သူတို့ကို ပြန်ပြီး လွှတ်ပေးဖို့ ကမ္ဘာတ၀န်းကရော၊ ပြည်တွင်းကပါ မကျန် ဆက်နွယ်ပတ်သက်နေသူ အားလုံးက တောင်းဆိုခဲ့ကြတာပါ။

“ဒါပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မကြာသေးခင်ကပဲ ထုတ်ဖော် တောင်းဆိုချက်တွေ၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကျနော် တောင်းဆိုထားတာတွေနဲ့ အာဆီယံ အဖွဲ့ဝင်တွေရဲ့ တောင်းဆိုချက် အားလုံးကို အစိုးရသစ် အဖွဲ့က အခုချိန်ထိ မတုံ့ပြန်သေးပါဘူး။” လို့ ပြောသွားပါတယ်။

ဒါ့အပြင် စစ်အစိုးရလက်ထက် တရားရေးစနစ်ကို ပြန်ပြီး ပြုပြင်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ဘ၀ ရှင်သန်လာအောင် အစိုးရသစ်က လုပ်ဆောင်ပေးဖို့လည်း ပန်ကြားလိုက်ပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘ၀တွေ ရှင်သန်လာဖို့အတွက် လုပ်ရပ်တွေကို အစိုးရသစ် အဖွဲ့က လုပ်ဆောင်လာမယ်လို့ ကျနော် ယုံကြည် မျှော်လင့်ထားသလို လုပ်ပေးပါလို့လည်း ကျနော် ပန်ကြားချင်ပါတယ်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ပေးဖို့တွေနဲ့ စတင်ပြီး တရားရေးစနစ်ကို ပြန်လည် ပြုပြင်ပေးဖို့ပါ။ စစ်အစိုးရလက်ထက်က တရားရေးစနစ်မှာ တရားသူကြီးတွေအဖို့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် မရှိခဲ့တဲ့အတွက် အခုအစိုးရသစ် အနေနဲ့ ဒီကိစ္စကို အရေးတကြီး ချက်ချင်း လုပ်ဆောင်ပေးဖို့ ကျနော် အကြံပြုချင်ပါတယ်။” လို့ ပြောသွားပါတယ်။

မစ္စတာ ကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို နောက်တကြိမ် လာရောက်နိုင်ဖို့အတွက် အစိုးရသစ်အဖွဲ့နဲ့ ဆွေးနွေး ညှိနှိုင်းနေပြီး လာရောက်ခွင့် ရခဲ့ရင် ဒီအကျဉ်းသားတွေအတွက် အဓိက လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံးအတွက် တရားရေးဆိုင်ရာ တိုင်ပင်ခွင့်တွေရဖို့ လိုပါတယ်။ ဒါ့အပြင် ဒီအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ စားသောက် နေထိုင်ရတဲ့ အခြေအနေတွေအတွက် ကျနော် သိပ်ကို စိုးရိမ်ပါတယ်။ တချို့ဆို မိသားစု ထောင်ဝင်စာတွေ့ခွင့် မပေးတာမျိုးတွေ ရှိနေတာမို့ မိသားစုနဲ့ တွေ့ခွင့်တွေလည်း ပေးဖို့ လိုပါတယ်။ တကယ်လို့ ကျနော် နောက်တခေါက် မြန်မာနိုင်ငံထဲကို ပြန်ပြီးသွားခွင့်သာ ရလာခဲ့ရင် ဒီကိစ္စဟာ ကျနော် အရေးတကြီး လုပ်ရမယ့် အလုပ်တွေ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံကို လာရောက်ခွင့်ရဖို့ အာဏာပိုင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းနေမှုတွေအတွက် အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေ ရထားတာမို့ မကြာခင်လတွေ အတွင်းမှာပဲ လာရောက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း မစ္စတာ ကင်တားနားက ပြောကြားခဲ့ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

နေပြည်တော် စီးပွားရေးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်


နေပြည်တော်မှာ အစိုးရက အခုလ အတွင်း ကျင်းပဖို့ရှိတဲ့ မြန်မာနိုင်ငံရဲ့ မက်ခရို (Macro) စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဖို့ စီစဉ်ထားတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်က RFA ကို ဒီကနေ့ ပြောကြားပါတယ်။

“သူ့ကို ပုဂ္ဂိလက အနေနဲ့ ဖိတ်ဖို့ရှိမယ်ဗျာ။ နိုင်ငံ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ဖို့ အတွက်ကို ပါတီတို့ ပြည်သူတို့ မခွဲခြားဘဲနဲ့ပေါ့နော်၊ အားလုံးကတော့ ပြောရရင်တော့ သန်း ၆ဝ ထဲက ပြည်သူတွေချည်း ပါပဲနော်။ အဲဒါ ဖိတ်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်းချင်း မြှင့်တင်သွားဖို့ အစီအစဉ်လေးတော့ ရှိပါတယ်ဗျာ။ တဘက်ကတော့ ကမ်းလှမ်းထားတယ်ပေါ့ဗျာ၊ ကျန်တဲ့တဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျနော် ထင်ပါတယ်၊ သူလည်း တက်ပါလိမ့်မယ်”

ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ကိုယ်စားပြုပြီး ဖိတ်ကြားမှာ မဟုတ်ဘဲ လူပုဂ္ဂိုလ် တဦးချင်းအရ သီးသန့် ဖိတ်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲဟာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နေပြည်တော်မှာ တတိယမြောက် ကျင်းပမှာဖြစ်ပြီး၊ မကြာသေးခင်က ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ e-Government အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။

နောက်ပိုင်းမှာ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာပညာရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အခုကျင်းပမယ့် မက်ခရို (Macro) စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တခြား တည်ဆဲ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ပညာဒါန ပေးဝေမျှပါ

ဗေဒါအင်စတီကျုကို ကယ်တင်ကြပါအရှင်ပညာနန္ဒ
ဇူလိုင် ၂၄၊ ၂၀၁၁
ရန်ကုန်မြို့မှာ အခမဲ့ပညာသင်ကြားပေးနေတဲ့ ဗေဒါအင်စတီကျုကျောင်းဟာ ရန်ပုံငွေအခက်အခဲကြောင့် ဆက်ဖွင့်ဘို့ အခက်အခဲဖြစ်နေတယ်ဆိုတာ ကြားသိရလို့ စိတ်မကောင်းဖြစ်မိပါတယ်။
ဒီကျောင်းကနေ လူငယ်တွေအတွက် သမိုင်း နိုင်ငံရေးသိပံ္ပ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတာဖြစ်လို့ ကျောင်းရပ်ဆိုင်းသွား မှာကို တာဝန်ရှိသူတွေအနေနဲ့ လိုလားမှာ မဟုတ်သလို ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ၀မ်းနည်း ပက်လက်ဖြစ် နေကြမှာပါ။ တကယ်တော့ ဒီကျောင်းလေးဟာ အာဏာပိုင်တွေ ဖိအားပေး နှောင့်ယှက်နေတဲ့ကြားထဲက ကြံ့ကြံ့ခံ ရပ်တည်နိုင်အောင် ကြိုးစားရုန်းကန်ရင်း လိမ်ဖယ်လိမ်ဖယ် သွားနေရတာပါ။
အဲဒီလို အခက်အခဲတွေကြားကနေ လူငယ်တွေကို ရှားရှားပါးပါးပညာတွေ သင်ကြားပေးနေတဲ့ ဒီကျောင်းလေး ပြိုကျပျက်စီးသွားမှာကို မလိုလားတာကြောင့် ကျောင်းလေး ဆက်လက်ရပ်တည်နိုင်ဘို့ မိမိ စွမ်းနိုင်သမျှ လုပ်ဆောင်ပေးဖို့ သန္နိဋ္ဌာန် ချလိုက်သလို ဒီကျောင်းလေးရဲ့သမိုင်းလေးနဲ့ လုပ်ဆောင်ချက်တွေကို အများသိနိုင်ဖို့ ထပ်ဆင့်ဝေငှလိုက်ပါတယ်။

ဗေဒါသင်တန်းကျောင်းကို နိုဝင်ဘာ (၂၀) ရက် ၂၀၁၀ရွေးကောက်ပွဲအပြီးနဲ့  ဒေါ်အောင်းဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်း အနာဂတ်လူငယ်များရဲ့ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးဖို နဲ့ လူငယ်များကိုအခြေခံပြီး နိုင်ငံရေးနဲ့ပက်သက်တဲ့ အသိပညာ ဗဟုသုတတိုးပွားဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။
ဒီကျောင်းလေး စဖွင့်တော့ မူလရှိခဲ့တဲ့နေရာမှာ ၁၂ပေ ၁၆ ပေ အခန်းလေးကို ငှားပြီး ဖွင့်လှစ်ခဲ့ရပါတယ်။ အဲဒီမှာကျောင်းစဖွင့်လို့ မကြာခင်မှာပဲ အိမ်ရှင်ကို အိမ်မငှားဖို့ အာဏာပိုင်တွေက ဖိအားပေး ခြိမ်းခြောက်တဲ့အတွက် နောက်လိပ်စာတခုကို ပြောင်းရွေ့ခဲ့ရပါတယ်။ ခုဆိုရင် ကျောင်းလေးရဲ့ သက်တမ်းဟာ (၉) လ နီးပါး ရှိခဲ့ပါပြီ။ ကျောင်းစဖွင့်တဲ့ သက်တမ်းကာလအတွင်းမှာ အပတ်စဉ် (၆) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဘာသာရပ် (၁၁) မျိုး သင်ကြားပို့ချပေးခဲ့တာ တွေ့ရပါတယ်။ ခု ခုနှစ်ကြိမ်မြောက် မှာတော့ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဆင်ပြေရင်တော့ ဆက်လက်ဖွင့်နေအုံးမှာပါ။ ဆက်ပြီး ဖွင့်ဖြစ်ခဲ့ရင်တော့ အဌမအပတ်စဉ် က စပြီး န၀မ အပတ်စဉ် သင်တန်းကာလကို (၂) လ သတ်မှတ်ထားပြီး နာရီအားဖြင့် (၇၀၀) ကျော် ကြာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်ကြားပေးမယ့်ဘာသာရပ်တွေကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ သမိုင်း စတဲ့ ဘာသာရပ် (၂၁) မျိုးကို သင်ကြားပေးမှာဖြစ်ပါတယ်။
သင်ကြားပေးရတဲ့ ရည်ရွယ်ချက်ကတော့
၁။ ပညာလူ့အဖွဲ့အစည်း တည်ဆောက်ရန်၊
၂။ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရန်၊
၃။ အမှန်တရားကို သိရှိနားလည်တဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းတွေ ပေါ်ထွက်လာစေရန်တို့ ဖြစ်ပါတယ်။
အဲဒီလို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ စေတနာ့ဝန်ထမ်းတွေက ကြိုးစားလုပ်ဆောင်နေပေမယ့် အာဏာပိုင်ဆိုသူတွေက နည်းမျိုးစုံနဲ့ လိုက်လံ နှောင့်ယှက်နေတာတွေဟာ တကယ့်ကို အောက်တမ်းကျပြီး အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေပါ။ ပြည်သူကို အသိပညာ အတတ်ပညာပေးတဲ့ လုပ်ငန်းတွေကို ကိုယ်တိုင်လည်းမလုပ် ၊သူများလုပ်တာလည်းမကြိုက်တဲ့သူဆိုလို့  ကမ္ဘာမှာ ဦးသိန်းစိန် စစ်အစိုးရပဲ ရှိမှာပါ။
ဒီနေရာမှာ ငါးရားငါးဆယ်ဇာတ်တော်ထဲက အာရာမဒူသက ဇာတ်တော်ကို သတိရမိပါတယ်။
ဇာတ်တော်က ဒီလိုပါ။
ဗာရာဏသီပြည်မှာ ဥယျာဉ်စောင့်တယောက်က နက္ခတ်ပွဲလမ်းသဘင် သွားကြည့်ချင်လို့ ဥယျာဉ်ထဲမှာနေတဲ့ မျောက်တွေကို သူ့ကိုယ်စား သစ်ပင်ရေလောင်း ခိုင်းပါတယ်။ မျောက်ခေါင်းဆောင်က သူ့တပည့်ငယ်သားတွေ ကိုပြောတယ်။
“ရေဆိုတာ တန်ဖိုး ရှိတယ် အလကားမဖြုန်းတီးကြနဲ့၊ ဘယ်သစ်ပင် ရေဘယ်လောက် လောင်းရမယ်ဆိုတာ သစ်ပင်အမြစ်ကို နှုတ်ကြည့်ကြ၊ အမြစ်တိုတဲ့အပင်ကို ရေနည်းနည်းလောင်းပြီး၊ အမြစ်ရှည်တဲ့အပင်ကို ရေများများလောင်း …”
ဖို့ညွန်ကြားပါတယ်။ လက်အောက်ငယ်သား မျောက်တွေလည်း ဆရာကြီးခိုင်းတဲ့အတိုင်း သစ်ပင်အမြစ်တွေ နှုတ်ကြည့်ပြီး ရေလောင်းကြပါတယ်။ မျောက်တွေ သစ်ပင်တွေနှုတ်ပြီး ရေလောင်းနေတာကို ဘုရားအလောင်းပညာရှိက တွေ့လို့ ဘာကြောင့်သစ်ပင်တွေကို နှုတ်ပြီး ရေလောင်းနေကြတာလည်းလို့ မေးကြည့်ပါတယ်။
သူတို့လည်း မသိဘူး … ခေါင်းဆောင်မျောက်ကြီးက အဲဒီလိုလုပ်ရမယ်ဆိုလို့ လုပ်နေတဲ့အကြောင်း ပြန်ဖြေပါတယ်။ မျောက်တွေ အဖြေကိုကြားတော့ ဘုရားအလောင်း ပညာရှိကြီးက ပြောပါတယ်။
အို … လူမိုက်တို့ (မျောက်မိုက်တို့ )
ပညာမရှိတဲ့သူတွေဟာ သူတပါးအကျိုးစီးပွားဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်တော့ လုပ်တာပါပဲ တဲ့။ ဒါပေမဲ့ အကျိုးရှိတဲ့လုပ်ငန်းတွေကို အကျိုးရှိအောင်မလုပ်တတ်တာကြောင့် ဘယ်သူမှ အကျိုးမဖြစ်တဲ့အပြင် အခြားသူတွေ ပိုပြီးဒုက္ခရောက်တတ်တဲ့အကြောင်း၊ လူမိုက်တွေဟာ အကျိုးရှိတဲ့လုပ်ငန်းတွေကို မလုပ်နိုင်ကြောင်းနဲ့ အကျိုးမဲ့အလုပ်တွေကိုသာလုပ်ဖို့ ကျွမ်းကျင်ကြကြောင်း ဟောပြပါတယ်။
စစ်အစိုးရအဆက်ဆက်ကို ကြည့်လိုက်ရင် မျောက်တွေ သစ်ပင်ရေလောင်းနေတာနဲ့ တူနေတာကို တွေ့ရပါတယ်။ အကျိုးရှိတဲ့အလုပ်တွေကို သူတို့လည်း မလုပ်သလို သူတပါးလုပ်တာတွေကိုလည်း ပျက်စီးအောင် ဖျက်ဆီးနေတာတွေကို ကြည့်ရင် လူမိုက်တွေဖြစ်နေတာ ထင်ရှားပါတယ်။
ဘာဘဲဖြစ်ဖြစ် လူမိုက်တွေ အနှောင့်အယှက်ပေးနေတဲ့ကြားထဲက ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေတဲ့ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့စေတနာကတော့ တကယ့်ကို လေးစားစရာ၊ အားကျစရာ အတုယူစရာပါ။ သူတို့လုပ်ဆောင်ချက်တွေ အဆင်ပြေအောင်ပံ့ပိုးပေးဖို့ ပြည်တွင်း ပြည်ပမှာ ရှိနေကြသူတွေက တတတ်တအား ပါဝင်ကူညီကြမယ်ဆိုရင်တော့ ကျောင်းလေးက ဆက်လက် ရပ်တည်နေအုံးမှာ ဖြစ်လို့ စေတနာရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။ ။
အရှင်ပညာနန္ဒ (ဂျူလိုင်၊ ၁၀၊ ၂၀၁၁)
ဗေဒါကျောင်းရဲ့ အစီအစဉ်တွေကိုသိရှိလိုပါ ပူးတွဲပါ ဖိုင်ကိုဖွင့်ပြီးလေ့လာနိုင်ပါတယ်။ ။

အပြည့်အစုံသတင်းဖတ်ရန်....

“ ပြည်သူတွေအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ”

မောင်ချင့်ချိန်
ပဲခူးမြို့နဲ့ဟင်္သာတမြို့တွေရေကြီးပြန်ပြီတဲ့ ၊ ပဲခူးမြို့ဆို ဘူတာကြီးက သင်္ဘောဆိပ်လားထင်ရလောက်အောင် ဆိုးဆိုးရွားရွားဖြစ်နေတာတဲ့၊ မနှစ်ကလည်း မန္တလေးနဲ့ ပဲခူးမြို့ တွေမှာ ဒီလို ရေကြီးတဲ့ဘေးဒုက္ခ ကြုံခဲ့ကြပါသေးတယ်၊ ပြည်သူတွေအဖို့ကတော့ ကံကြမ္မာကိုပုံချတာ ၊ ကပ်ဆိုက်နေတာလို့ စဉ်းစားတာတွေ မြင်ကြားနေရပါလေရဲ့ ။

တကယ်တော့ ကိုယ်ကျိုးစီးပွားနဲ့အာဏာတည်မြဲရေးအတွက်ပဲဦးစားပေးတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့အုပ်ချုပ်မှုအောက်မှာ ရရာခိုးပြီးရပ်တည်နေရတဲ့ ၀န်ထမ်းတွေရဲ့ပေါ့လျော့မှု ကြောင့် ၊ ဆည်မြောင်းဦးစီးဌာန၀န်ထမ်းတွေကြောင့်နဲ့ (အထူးသဖြင့်) နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်နေပါတယ်ဆိုတဲ့ အစိုးရအယောင်ဆောင် စစ်ယူနီဖေါင်းချွတ်တွေ ကြောင့်ပါဆိုတာများ ရေဘေးသင့်ပြည်သူတွေသိကြရင် ဘယ်လိုခံစားကြရပါလေမလဲ ။

ဟာ..! သူ့ဘာသာသဘာဝဘေးရေကြီးတာပဲ ၀န်ထမ်းတွေနဲ့ဘာဆိုင်လဲ ၊ ငါတို့အာဏာပိုင်တွေနဲ့ရော ဘာဆိုင်လို့လဲ၊ နိုင်ငံရေးနဲ့နွယ်ပြောချင်လို့ ဇွတ် ဆက်စပ်နေတာပဲလို့ စစ်ဗိုလ်ချုပ်ကြီးတွေအသိုင်းဝိုင်းက ပြောချင်ပါလိမ့်မယ် ၊ ပြီးတော့ပြောချင်းပြော မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနကိုပဲပြောရမှာ ဆည်မြောင်းဦးစီးဌာနက ဘယ်လိုပါလာရတာ လဲလို့လည်း မေးစရာရှိနိုင်ပါတယ် ၊ ပြောပါ့မယ် ။

ရေကြီးတာက သဘာဝဘေးပါ ၊ ဒါပေမဲ့ ရေကြီးမှာကိုကြိုမသိတာ၊ ပြည်သူတွေကိုကြိုတင်ရွှေ့ပြောင်းမှုမလုပ်နိုင်တာ၊နှစ်တိုင်းလို ဒီမြို့တွေမှာရေကြီး တတ်မှန်းသိလျက်နဲ့ ရေလွှဲမြောင်းတွေမဖေါက်တာ၊ ရေတားတာတမံတွေမဆောက်တာ ၊ ရေကြီးမှုဖြစ်လာတဲ့ အချိန်မှာ လုံလောက်တဲ့ ကယ်ဆယ် ကူညီရေးအစီအစဉ်တွေမရှိတာ ဆိုတာတွေ ကတော့ နိုင်ငံတော်ကိုအုပ်ချုပ်နေပါတယ်ဆိုသူတွေရဲ့ ကိုယ်ကျိုးပဲရှာလိုမှု ၊ ပြည်သူတွေအပေါ် စေတနာ မမှန်မှုနဲ့ နိုင်ငံ့ဝန်ထမ်းဆိုသူတွေရဲ့ တာဝန်မဲ့မှုတွေ ကြောင့်ပါ ။

အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကိုကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးပိုင်းက စီပွားရေးလုပ်ငန်းရှင်တွေဆီကလာဘ်စား ၊ လုပ်ပိုင်ခွင့်တွေချ ပေး ၊ အကျိုးတူရှယ်ယာ တွေဝင်ထားပြီး မမျှော်မှန်းနိုင်အောင်ချမ်းသာနေကြပေမဲ့ ၀န်ထမ်းလောကမှာတော့ လစာသက်သက်မလောက်ငှမှုကိုဖြေ ရှင်းဘို့ လာဘ်စားတာ ၊ သက်ဆိုင်ရာလုပ်ငန်းသုံး ပစ္စည်းစာရင်းပိုတင်တာ ၊ ဈေးနှုန်းပိုတင်တာ ၊ ခိုးရောင်းစားတာလုပ်ကြရပါတယ် ၊ လုပ်ပိုင်ခွင့်နေရာက ပစ္စည်းခိုးခွင့် ဒါမှမဟုတ် လာဘ်စားဂွင်ဖန်ခွင့် ရှိတဲ့နေရာမဟုတ်ရင် တော့ အချိန်ခိုးကြပါတယ် ၊(ဥပမာ နိုင်ငံ့ဝန်ထမ်းတာဝန်ချိန်အတွင်းမှာ ဈေး လည်ရောင်းတာ၊ချဲထိုး ချဲရောင်း ချဲတွက်လောင်းကစားလုပ်တာ၊အထက်အရာရှိနဲ့ညှိပြီး တခြား အလုပ်တွဲလုပ်နေတာမျိုးတွေက အချိန်ခိုးတာတွေပါ)။

ဝန်ထမ်းကဘာခိုးခိုး အဲ့ဒီဒါဏ်ကို ပြည်သူတွေပဲခံကြရပါတယ်၊(၀န်ထမ်းတွေကိုယ်တိုင်လဲပြန်ခံကြရပါတယ်)၊ဆေးရုံမှာလုပ်တဲ့ဝန်ထမ်းက ဆေးတွေ ခိုးထုတ်ရောင်းရင် လူနာ တွေက ဆေးရုံမှာဆေးမရှိတဲ့ဒါဏ်ကိုခံကြရပါတယ်၊အပြင်ဈေးတွေနဲ့ ကိုယ်ဘာသာဝယ်သုံးကြရပြီး မ၀ယ်နိုင်တဲ့ပြည်သူတွေအဖို့ ရောဂါကနိုင်သွားတာခံလိုက်ကြရပါတယ် ၊ လမ်း/တံတားတည်ဆောက်တဲ့ လုပ်ငန်းတွေမှာလုပ်တဲ့သူတွေကခိုးရင် လမ်းတွေမြန်မြန်ပျက်ပြီး လမ်းပန်းဆက်သွယ်ရေးနှောင့်နှေးမှုတွေဖြစ်လာတာကြောင့် သယ်ယူပို့ ဆောင်ခစရိတ်တွေပိုလာပြီး ကုန်ပစ္စည်းတွေဈေးတက်တဲ့ဒါဏ်ကို ပြည်သူ တရပ်လုံး ခံကြရပါတယ် ။

ခုလိုရေဘေးဒါဏ်ခံရတာကတော့ အချိန်ခိုးတဲ့ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ် ၊ အထက်မှာပြောခဲ့တဲ့ ဆည်မြောင်းဦးစီးဌာန၀န်ထမ်းတွေရဲ့ အချိန်ခိုးမှုကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ဒီလိုပါ…..လူတွေက မိုးဇလ(မိုးလေ၀သနဲ့ဇလဗေဒဌာန)ကိုပဲသိကြပြီး အဲ့ဒီဌာနအတွက်အချက်လက်တွေ ဘယ်ဌာနတွေကနေရနေတယ်ဆိုတာ မသိကြ ပါဘူး ၊ အဲဒီမိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာန (မိုးဇလ)အတွက် မြစ်ချောင်းဆိုင်ရာအချက်လက်တွေကို ဆည်မြောင်းဦးစီးဌာနကပေးရတာပါ ၊ ဆည်မြောင်းဦးစီးဌာနအတွက် လိုအပ်တဲ့အချက်လက်တွေကိုလဲ မိုးဇလဆီကနေယူရပါတယ် ၊ ဆည်မြောင်း ဦးစီးဌာနမှာ စီမံရေးရာဌာန ၊ ငွေစာရင်းဌာန ၊ ဖြည့်တင်းရေးဌာန ၊ တည်ဆောက်ရေးဌာန ၊ မြေတိုင်းဌာန ၊ ပုံဆွဲဌာန၊ မော်တော်ယာဉ်နဲ့ယန္တယားဌာန ၊ စက်ပြင်ဌာန၊ စာဝင်စာထွက်ဌာန ၊ ဇလဗေဒလေ့လာရေးဌာနလို့ ဌာနခွဲတွေရှိပြီး မြို့တိုင်းမှာ ရုံးခွဲဌာနခွဲတွေ ရှိပါတယ်၊ အခုလိုရေကြီးမှုဖြစ်စဉ်တွေအတွက် ပြည်သူတွေကို ရေကြီးမဲ့အကြောင်းကြိုတင်သတိပေးနိုင်ဘို့ မြစ်ချောင်းတွေမှာရှိနေတဲ့ ရေအမြင့်နဲ့ပမာဏကို နေ့တိုင်း တနေ့ သုံးကြိမ် တိုင်းတာစစ်ဆေးတွက်ထုတ်ပေးနေဘို့နဲ့ နေရာဒေသတွေအလိုက် မိုးရေချိန်တွေတိုင်းတာစစ်ဆေးနေဖို့က ဆည်မြောင်းဦးစီးဌာန၊ ဇလဗေဒလေ့လာရေး ဌာနခွဲရဲ့ တာဝန်ဖြစ်ပါတယ် ။

ဆည်မြောင်းဦးစီးဌာန၊ ဇလဗေဒလေ့လာရေးဌာနခွဲရဲ့ထူးခြားချက်က တစ်နိုင်ငံလုံးမှာ အထက်ဗမာပြည်ရုံး(မန္တလေး)နဲ့ အောက်ဗမာပြည်ရုံး(ရန်ကုန်) ဆိုပြီး နှစ်ရုံးထဲရှိတာ ဖြစ်ပါတယ် ၊ အထက်ဗမာပြည်ရုံး(မန္တလေး)က တပ်ကုန်းအထက် (ချင်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း နဲ့ ကယားပြည်နယ်) မှာ ရှိတဲ့ မြို့တွေ မြစ်ချောင်းတွေကိုတာဝန်ယူရပြီး အောက်ဗမာပြည်ရုံး(ရန်ကုန်)ကတော့ တပ်ကုန်းကနေ အောက်ဘက် ( ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည် နယ် ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း)မှာရှိတဲ့ မြို့ တွေ မြစ်ချောင်းတွေကိုတာဝန်ယူရပါတယ် ၊ အဓိက,က မြစ်တွေထဲကိုစီးဝင်တဲ့ချောင်းတွေ မှာ ရေမှတ်စခန်းတွေထားရှိပြီး ရေအမြင့်(Level)ကို နေ့စဉ် တနေ့သုံးကြိမ်တိုင်းတာမှတ်တမ်းတင်တာ ၊ လစဉ် ရေစီးနှုန်း ၊ ချောင်းအကျယ်နဲ့ ရေအနက်ကိုတိုင်းတာစစ်ဆေး တာ ၊ ရေထဲမှာဆားငံဓါတ်နဲ့ သဲနုံး ပါဝင်နှုန်းတိုင်းတာစစ်ဆေးတာတွေလုပ်ရပါတယ် ၊ အဲဒီလို မြစ်တွေထဲကိုစီးဝင်တဲ့ချောင်းတွေမှာ ရေမှတ်တိုင်တွေထားရှိပြီး ရှိနေတဲ့ ရေ အမြင့်ကို (တနေ့သုံးကြိမ်) မှတ်တမ်းတင်ဖို့နဲ့ ရေမှတ်တိုင်တွေကောင်းမွန်စွာတည်ရှိနေဖို့ ရေမှတ်ကြည့်လုပ်သားအဖြစ် ဆည်မြောင်းဦးစီးဌာန ၊ ဇလဗေဒလေ့ လာရေးဌာနခွဲ ရဲ့ နေ့စားလရှင်းဝန်ထမ်း ခန့်အပ်ထားရှိရပါတယ် ၊ များသောအားဖြင့် ရေမှတ်တိုင်နဲ့အနီးဆုံးရွာက ရယကဥက္ကဌမိသားစုဝင် တယောက် ယောက်က ရေမှတ်လုပ်သားအဖြစ် တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ် ။

ဆည်မြောင်းဦးစီးဌာန၊ ဇလဇေဒလေ့လာရေးဌာနခွဲရဲ့ ပညာရှင်ဝန်ထမ်း(မြို့ပြအင်ဂျင်နီယာ)တွေဖြစ်တဲ့ ဒုလက်ထောက်ဦးစီးမှုး(AES)၊ လက်ထောက် ဦးစီးမှုး(ES)၊ ဒုဦးစီးမှုး (SAE)တွေက တာဝန်ယူအုပ်ချုပ်ရတဲ့ရေမှတ်စခန်းတွေကို လစဉ်လှည့်လည်စစ်ဆေးပြီး ရေအမြင့်မှတ်တမ်းအချက်အလက်တွေ ရယူရတာဖြစ်ပါတယ် ၊ သက်ဆိုင်ရာဦးစီး အရာရှိ(AE)နဲ့ လက်ထောက်ညွှန်ကြားရေးမှုး(EE)တို့ဆီကနေ ခရီးသွားလာခွင့်အမိန့်(MO)ကိုသာထုတ်ယူရ ပြီး ခရီးစရိတ်ကိုတော့ ကိုယ့်ဘာသာရှာဖွေသွားကြရပါတယ် ၊ ခရီးကာလကုန်ဆုံးပြီးရုံးပြန်ရောက်တဲ့အချိန်ကျမှ သွားခဲ့တဲ့ခရီးစဉ်နဲ့ ရထားခ ၊ ကားခ တွေချရေးပြီး ခရီးစရိတ်(TA)အဖြစ်တင်ပြတောင်းခံကြရတာဖြစ်ပါတယ် ၊ အဲဒီလို တောင်းခံတဲ့အခါ စားစရိတ်(DA)ကို နေ့တွက်နဲ့ တနေ့ ၁၅ ကျပ်နှုန်း သာ နိုင်ငံတော်ခွင့်ပြုစရိတ်အဖြစ် သတ်မှတ်ပေးတာဖြစ်ပါတယ် ၊ ခရီးသွားတဲ့အချိန်လမ်းမှာဝယ်စားရင် မနက်/နေ့လည်/ညစာတွေအတွက် ကျပ် ၃၀၀၀နဲ့တောင် မလောက်နိုင်တဲ့ခေတ်မှာ တနေ့လုံးစာစားစရိတ်ကို ၁၅ ကျပ်ပဲသတ်မှတ်ထားတော့ ရက်ရှည်ခရီးသွားလာတဲ့ ဝန်ထမ်းတိုင်း ချေးငှား သွားတဲ့ ငွေပြန်မဆပ်နိုင်ဖြစ်ပြီး ဒုက္ခရောက်ကြရပါတယ် ၊ အဲဒါ ဆည်မြောင်းဦးစီးဌာနဝန်ထမ်းမှမဟုတ်ပါဘူး ၊ နိုင်ငံဝန်ထမ်းတိုင်း ရင်ဆိုင်ကြရတာဖြစ် ပါတယ်။

အဲဒီတော့ ရေမှတ်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျသွားပြီး လှည့်လည်စစ်ဆေးရမဲ့ဝန်ထမ်းတွေဟာ တကယ်ခရီးသွားရင်အိပ်စိုက်ရတဲ့အတွက် ရုံးမှာသာ MOထုတ်ခရီး အထွက်ပြကြပြီး ဘယ်သူမှတကယ်မသွားကြတော့ပါဘူး ၊ ရေမှတ်စောင့်တွေကို ရေမှတ်စာအုပ်ရဲ့ လစဉ်ဇယားကွက်အောက်က စစ်ဆေးသူနေရာမှာ လက်မှတ်တုထိုးတတ် အောင်သင်ပေးထားကြပြီး ခရီးစဉ် ၊ လုပ်ငန်းဆောင်ရွက်မှုတင်ပြစာနဲ့ ခရီးစရိတ်တောင်းခံလွှာတွေထဲက အတိုင်းကိုက်ညီအောင် ညှိလုပ်ကြပါတယ် ၊ တကယ်ခရီးမသွား ကြဘူးဆိုတာကို သက်ဆိုင်ရာဦးစီးအရာရှိ(AE)တွေသိပေမဲ့ အလုပ်သမားမငှားရပဲ ငှားရပါတယ်လို့တင်တဲ့ဘောက်ချာတွေ ၊ မြစ်ထဲမှာတိုင်းတာဖို့ စက်လှေမငှားရပဲ ငှားပါတယ်စာရင်းပြတဲ့ဘောက်ချာတွေ ၊ ရေမှတ်တိုင်ဘာမှမဖြစ်ပဲ ပျက်ဆီးမှုပြုပြင်ရပါတယ်လို့ သစ်ဖိုး ၊ သင်္ဘောဆေးဖိုးတောင်းခံလွှာတွေ စတာတွေမှာ SAE တွေနဲ့ ES , AES တွေက လက်မှတ်ထိုးပေးကြရတာမို့ အပြန်လှန်ကျေးဇူးပြုကြတဲ့သဘောမျိုး မသိကျိုးကျွံပြုနေကြတာပါပဲ ။

စစ်ဆေးမဲ့သူတွေမလာတော့ နေ့တိုင်း မနက်၆နာရီ ၊ နေ့၁၂နာရီ ၊ ညနေ ၆နာရီတွေမှာ ရေမှတ်တိုင်ရှိရာသွားကြည့်ရေမှတ်ဖတ်ပြီး စာရင်းရေးသွင်းရ မဲ့ရေမှတ်လုပ်သား တွေကလည်း ဘယ်သူမှပုံမှန်သွားမကြည့်ကြတော့ပါဘူး ၊ သက်ဆိုင်ရာ SAE ကလှမ်းတောင်းမှ ခန့်မှန်းဖြည့်စွက်ထားတဲ့ ရေမှတ် ဇယားစာရွက်ကိုပေးပို့ကြတာဖြစ်ပါတယ် ၊ ဘယ်မြစ်ထဲကိုစီးဝင်တဲ့ ဘယ်ချောင်းရဲ့ ဘယ်လရေတိုင်းတာမှုမှတ်တမ်းဆိုတဲ့စာရွက်ကို သက်ဆိုင်ရာ AE , SAE တွေလက်မှတ်ထိုးပြီး သုတေသနဌာနကိုပို့ရပါတယ် ၊ အဲဒီလို တနိုင်ငံလုံးကမြစ်ချောင်းတွေရဲ့ မှတ်တမ်းစာရွက်မိတ္တူတွေကို မိုးလေဝသနဲ့ ဇလဇေဒဦးစီးဌာန(မိုးဇလ)က ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)ကနေ လစဉ်တောင်းယူပြီး သူတို့တိုင်းတာစစ်ဆေးလို့ရထားတဲ့ နေရာဒေသအလိုက် မိုးရေချိန်တွေနဲ့ ပြန်ညှိတွက်ချက်အဖြေရှာရတာဖြစ်ပါတယ် ၊ ချောင်းတွေမှာဖြစ်ပေါ်တဲ့ရေအမြင့်အမှန်ကိုသိမှ အဲဒီ ချောင်းတွေစီးဝင်တဲ့မြစ်မှာ ဖြစ် လာမဲ့ရေအမြင့်ကိုတွက်ချက်ခန့်မှန်းနိုင်ပြီး မြစ်ကြောင်းတလျှောက်မှာရှိတဲ့မြို့ရွာတွေရဲ့ စိုးရိမ်ရေမှတ်ကိုသိနိုင်မှာဖြစ်တာကို အဲဒီလိုလိမ်ညာ ရေးသွင်းထားတဲ့စာရင်းတွေနဲ့ပဲလည်ပတ်နေကြတော့ ဘယ်လိုမှမှန်အောင်မတွက်နိုင်ကြတော့တဲ့အတွက် ဘယ်လောက်ထိရေမြင့်တက်မှုဖြစ်လာမယ် ဆိုတာ ကြိုတင်မသိ ကြတော့တာဖြစ်ပါတယ် ။

ဒီလိုအခြေအနေတွေကိုကြည့်ရင် ပြည်သူတွေရေဘေးဒဏ်ခံကြရတာဟာ ရရာခိုးပြီးရပ်တည်နေရတဲ့ ၀န်ထမ်းတွေရဲ့ပေါ့လျော့မှုကြောင့် ၊ ဆည် မြောင်းဦးစီးဌာန၀န်ထမ်း တွေကြောင့်နဲ့ (အထူးသဖြင့်)နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်နေပါတယ်ဆိုတဲ့ အစိုးရအယောင်ဆောင် စစ်ယူနီဖေါင်းချွတ် တွေကြောင့်ဆိုတာ သိသာထင်ရှားပါလိမ့်မယ် ၊ တိုင်းသူပြည်သားတွေရဲ့ကံကြမ္မာဟာ တိုင်းပြည်အုပ်ချုပ်သူတွေအပေါ်မှာပဲမူတည်ပါတယ် ၊ အစိုးရက ဝန်ထမ်းတွေရဲ့ပြည့်စုံလုံလောက်မှုကိုမဖန်တီးပေးနိုင်တော့ ရရာခိုး ရပ်တည်ကြတဲ့ထွက်ပေါက်ရှာကြမှုကနေ ပြည်သူတွေကို ဘေးဒုက္ခတွေဖြစ်စေခဲ့ တာပါပဲ ။

ဒါ ဝဋ်ကြွေးတွေဆပ်နေကြရတာမဟုတ်ပါဘူး ၊ အတိတ်ဘဝကုသိုလ်ကံနည်းခဲ့လို့မဟုတ်ပါဘူး ၊ ဘုရားသခင်အလိုကျ ဆိုတာလည်း မဟုတ်ပါဘူး ၊ သဘာဝဘေးအန္တရာယ် သက်သက်လည်းမဟုတ်ပါဘူး၊ ဖွံ့ဖြိုးတိုးတက်နေပါပြီလို့ပြောင်လိမ်ပြီး မတရားအနိုင်ကျင့်မှု မျိုးစုံနဲ့အုပ်ချုပ်နေတာရဲ့ ဆိုးကျိုးတွေသာ ဖြစ်ပါတယ် ၊ ၂၀၀၈ မေလက ပြည်သူတွေသိန်းနဲ့ချီသေကြေဆုံးရှုံးရတဲ့ နာဂစ်မုန်တိုင်းဖြစ်နေ ချိန် မုန်တိုင်းသင့်ပြည်သူတွေကို ထိရောက် တဲ့ကယ်ဆယ်ကူညီရေးတွေမလုပ်ပဲ သူတို့အာဏာစက်ခိုင်မြဲရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ဇွတ်အဓမ္မလုပ်ခဲ့တာကိုကြည့်ရင် ပြည်သူတွေ အပေါ် ငဲ့ညှာစဉ်းစားမှုမရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့သဘောထားကို သိမြင်နိုင်ပါတယ် ။

အစိုးရအမည်ခံထားတဲ့ စစ်ဗိုလ်ချုပ်တွေသာ ပြည်တွင်းစစ်မှာနေ့စဉ်သုံးနေတဲ့ အမြှောက်ဆံ၊ ကျည်ဆန်ဗုံးလက်နက်တွေ အတွက် ကုန်ကျမဲ့ငွေတွေကို ရေကြီးလေ့ရှိတဲ့မြို့တွေ မှာ ရေလွှဲမြောင်းတွေဖေါက်ဖို့သုံးမယ်ဆိုရင် ၊ ရေတား တာတမံတွေ တည်ဆောက်ဖို့ သုံးမယ်ဆိုရင် ၊ ကယ်ဆယ်ရေးလုပ်ငန်း သုံး ပစ္စည်းတွေဆောင်ထားဖို့သုံးမယ်ဆိုရင် ပြည်သူတွေခုလိုအဖြစ်ဆိုးတွေ ကြုံကြရပါ့မလား ။

အရင်းစစ်ရင်မြေမှာအမြစ်ဆိုသလို ပြည်သူတွေဆင်းရဲမွဲတေနေရတာရဲ့အဓိကတရားခံ ၊ ပြည်သူတွေ ရေ ၊ မီး ၊ မုန်တိုင်း ၊ ရောဂါဘယတွေနဲ့ ဘေးအန္တရယ်အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရတာတွေရဲ့အဓိကတရားခံ ၊ ပညာရေး ကျန်းမာရေး စီးပွားရေး ကဏ္ဍစုံမှာနိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေမရှိအောင် တိုင်းပြည်နိမ့်ကျနေရ တာတွေရဲ့ အဓိကတရားခံ ၊ နိုင်ငံသားအချင်းချင်းပြန်သတ်နေကြရတဲ့ ပြည်တွင်းစစ်ကိုငြိမ်းအေးအောင် မကြိုးစားပဲ ကြီးထွားသထက်ကြီးထွားအောင်လုပ်နေတဲ့ အဓိက တရားခံဟာ အစိုးရအယောင်ဆောင်စစ်ဗိုလ်ချုပ်တွေသာဖြစ်တာမို့ စစ်တပ်ကြီးစိုးချယ် လှယ်နေတဲ့ ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေးကို ပြည်သူတရပ်လုံး ပါဝင်ဆောင်ရွက် ကြသင့်တယ်ဆိုတာ “ ပြည်သူတွေအတွက် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ” ဆိုတဲ့အချက်တွေနဲ့ နှိုင်းယှဉ်တင်ပြလိုက်ရ ပါတယ်..။

မောင်ချင့်ချိန်

အပြည့်အစုံသတင်းဖတ်ရန်....

That government still here in 2011

အပြည့်အစုံသတင်းဖတ်ရန်....

We did that in 88 why you can't do in 2011?

အပြည့်အစုံသတင်းဖတ်ရန်....

Monday, August 01, 2011

1988 not to be forgotten

အပြည့်အစုံသတင်းဖတ်ရန်....

မေ့မရတဲ့ ၈ ၈ ၈ ၈ အရေးတော်ပုံ


အပိုင်း (၁)

အပိုင်း (၂)


အပိုင်း (၃)

အပိုင်း (၄)

အပိုင်း (၅)

အပိုင်း (၆)

အပြည့်အစုံသတင်းဖတ်ရန်....

ဂီတအနုပညာရှင်တဦးက ကျောင်းသားတော်လှန်ရေးသမားဖြစ်လာသော ကိုသီရီညွန့်  ရဲ့ ပုံရိပ်များ။


သွေးနီည (ရေးဆို သိရိညွန့် ။ Video တည်းဖြတ် မသဒ္ဓါ)

ရေနည်းငါး (ရေးဆို သိရိညွန့် ။ Video တည်းဖြတ် မသဒ္ဓါ)

ရွှေဝါရောင် သမိုင်းသစ် (ရေးဆို သိရိညွန့် ။ Video တည်းဖြတ် မသဒ္ဓါ)

ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီသမားမှန်သမျှဟာ စစ်အာဏာရှင်စနစ်ဆိုးကြီးကို ငါတို့ မျိုးဆက်မှာ အမြစ်ပြတ်ချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲသဏ္ဍာန်အမျိုးမျိုးနဲ့ ပေါင်းစပ်ပြီး ညီညီညွတ်ညွတ်လုပ်ကိုင်သွားမှပဲ ဒီတော်လှန်ရေးဟာ အောင်ပွဲခံနိုင်ပါလိမ့်မယ်။
အဲဒီတိုက်ပွဲသဏ္ဍာန်အမျိုးမျိုးထဲမှာတခု အရေးပါတဲ့တိုက်ပွဲဟာ ဂီတနဲ့ စာပေအနုပညာဝါဒဖြန့် ချီရေးသာ ဖြစ်ပါကြောင်း--။
http://www.8888peopletoday.net/









အပြည့်အစုံသတင်းဖတ်ရန်....

တဲ့တဲ့လုပ် အဟုတ်ဖြစ်တယ်

ညိုကြီး(ပေးပို့ သူ -အိမ်မက်မဟုတ်ပါ)
http://fine-leaves.blogspot.com/2011/07/blog-post_15.html
မပြောချင်တော့တဲ့ဟာကို ပြောရဦးတော့မယ်။ ကချင်မှာလည်း တိုက်ပွဲတွေဖြစ်၊
ရှမ်းဖက်မှာလည်းဖြစ်၊ ကရင် နယ်ထဲ မှာလည်းဖြစ်။ စစ်တိုက်တယ် ဆိုမှတော့
အကြမ်းဖက်မှု ဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ အကြမ်း ဖက်တဲ့အတွက် မြေဇာပင်
ဖြစ်ရတဲ့ သူတွေလည်း အများကြီးပါ။ တိုက်ပွဲတွေ ဖြစ်ရတာကလည်း အုပ်ချုပ်သူက
အေးအေးချမ်းချမ်း ဖြေရှင်း လိုတဲ့ ဆန္ဒမရှိတာကနေ စတာကိုး။ ဘယ်သူပဲဖြစ်ဖြစ်
အစော်ကားခံရတာ များလာ ရင် တန်ပြန်ကြမှာပဲ။

ဒီနေရာမှာ တန်ပြန်တဲ့ ကိစ္စကို နည်းစနစ်ကျကျ တန်ပြန်ဖို့ ပြောလိုပါတယ်။
အခု လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ဟာ နယ်စပ်မျဉ်း တခုခုနဲ့
ပတ်သက်နေရတယ်။ ထိုင်းမဟုတ်ရင် တရုတ်ပေါ့။ အိန္ဒိယ နယ်စပ်မျဉ်းမှာ တော့
လောက် လောက်လားလား တိုက်နေတဲ့ အဖွဲ့မရှိလေတော့ သိပ်တော့ မပြောလိုပါဘူး။
ပြောချင်တာ က ဒီလို။ လက်နက်ကိုင် တိုက် နေတဲ့ အခြေအနေဆိုတော့
လက်နက်လိုတာပေါ့။ ကိုယ်ပိုင် ပန်းပဲဖိုက လက်နက် မထုတ်နိုင်ဖူးဆိုရင်
သူများဆီက ဝယ်ရ မှာက သေချာတယ်။ အဲဒီတော့ လက်နက်ဝယ်ဖို့ ငွေလိုတယ်။
တချိန်ထဲ မှာလည်း ငွေရှိဦးတော့ ကိုယ့်နယ်စပ်မှာ လက်နက်ဈေးကွက်က
ကိုယ်ဝယ်လိုသလောက် ဈေးကွက်ရှိသေးရဲ့ လား။ ဈေးကွက်ပျက်သွားပြီလား
ဆိုတာကိုလည်း စောကြောဖို့ လိုပါတယ်။ သေနတ် အလက် နှစ်ဆယ်သုံးဆယ် လောက်
ဝယ်လို့ ရတာမျိုးကို ဆိုလိုတာမဟုတ်ပါ။ ရာစည်း ထောင်စည်း ဝယ်ဖို့
ငွေရှိရင်ကော ဝယ်လို့ရသေးရဲ့ လားလို့ ဆိုလိုတာဖြစ်ပါတယ်။

သမရိုးကျ စစ်တိုက်ခြင်းဟာ ငွေအတော်ကုန်တဲ့ အလုပ်ဖြစ်ပါတယ်။ ကြာရင်
ငွေသိပ်မတတ်နိုင်တဲ့ဖက်က ရှုံး လေ့ရှိတယ်။ ဒါဟာလည်း နေ့စဉ် စီးပွားရေး
ကိစ္စလို ဖြစ်တယ်ဆိုတာ သဘောပေါက်မှာပါ။ နောက် တိုက်မယ့် ခိုက်မယ့် လူကလည်း
လိုတယ်။ လူရတော့လည်း ကျွေးဖို့ မွေးဖို့၊ ဆေးကုဖို့၊
လေ့ကျင့်သင်တန်းပေးဖို့ ဒါတွေ လိုပြန်သေးတယ်။ မဆုံးနိုင်ဘူး လုပ်ရမယ့်
အလုပ်က။ ရန်သူက ကိုယ့်ကို သမရိုးကျ စစ်ပွဲထဲ ဆွဲသွင်းတာကို ကိုယ့်ဖက်က
နားလည်ထားဖို့ လိုတယ်။ ရေရှည်မှာ ကိုယ်က သမရိုးကျ စစ်ကို ဘယ်လောက်
အချိန်ယူပြီး တိုက်နိုင်မလဲ။ စဉ်းစားဖို့ ဖြစ်ပါတယ်။

တိုတိုပြောရရင် တချိန်တုန်းက အိုင်ယာလန် သူပုန်တွေ လုပ်သလို
လုပ်မှဖြစ်တော့မယ်။ စစ်ကြောင်းတွေနဲ့ ချီပြီး တိုက်ရ တာကို အကန့်အသတ်နဲ့
ထားထားဖို့ လိုတယ်။ အိုင်ယာလန်က အိုင်အာအေ သူပုန်တွေဟာ အိုင်ယာ
လန်တောတောင် တွေထဲမှာ သူပုန်စစ်သားတွေနဲ့ ချီတက်ပြီး အင်္ဂလိပ်တွေကို
တိုက်ခဲ့တာမဟုတ်ဘူး။ မြို့ပေါ်မှာ အစိုးရ ယန္တယားတွေကို တိုက်တယ်၊ ခွဲတယ်၊
အစိုးရလူတွေကို သုတ်သင်တယ်။ အိုင်အာအေဟာ စစ်ယူနီ ဖောင်း မဝတ်ဖူး။
သူလိုငါလို အဝတ် အစားတွေနဲ့ မြို့ပေါ်မှာသာ လှုပ်ရှားတယ်။ နောက်ဆုံးတော့
အင်္ဂလိပ် အစိုးရဟာ အိုင်ယာလန်တောင်ပိုင်းကို လွတ်လပ်ရေး ပေးလိုက်ရတယ်။

ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရေရှည်တိုက်ပွဲဝင်ဖို့
အိုင်အာအေ နည်းကို သုံးဖို့ လိုလာတယ်။ စစ်သွေးကြွအောင် မြှောက်ပေးတာ
မဟုတ်ပါ။ ကိုယ်နိုင်တဲ့ဝန်နဲ့အားကို ပြောလိုတာသာ ဖြစ်ပါတယ်။ ဒီလိုနည်း
ကို ရွေးရတာ ကလည်း အုပ်ချုပ်သူတွေရဲ့ ဗိုလ်ကျလွန်းတဲ့ စနစ်ကြောင့်ပါ။
နောက်တချက်က နယ်စပ်တွေကို အားပြုပြီး တိုက်ရတော့ ထိုင်းမျက်နှာကြည့်ရ၊
တရုတ်မျက်နှာကြည့်ရ၊ ကုလားမျက်နှာကြည့်ရ ဖြစ်လာတယ်။ ရေရှည်မှာ ကိုဖက်က
အရှုံးချည်းပဲ။ ဒါကြောင့် စစ်မြေပြင်ဟာ တောတောင်တွေထက် မြန်မာပြည်ထဲက
မြို့တွေ သာ ဖြစ်သင့်တယ်။ သူပုန်တွေ အတွက် ခံစစ်သေ သဘောဟာ ရေရှည်မှာ
နစ်နာတယ်။ ခံစစ်သေသဘောမှာ ရေရှည်ခံစစ်သေကော၊ ရေတိုခံ စစ်သေ ကော ဘယ်ဟာမှ
မကောင်းဖူး။ ယာယီနာရီပိုင်း ခံစစ်သေမျိုးတောင် ခဏခဏကြုံလာရင် မကောင်းပါ။
ကျည်ဆံ သိပ်ဖြုန်း ရလို့ ဖြစ်ပါတယ်။ ကျည်ဆံက ဝယ်ရတာကိုး။ ကိုယ့်စက်ရုံ က
ထွက်နေတယ်ဆိုရင်တော့ တမျိုးပေါ့။

ကိုယ်လုပ်ရမယ့် အလုပ်ကို တဲ့တဲ့ လုပ်တာသာ အကောင်းဆုံးပါ။
တိုက်မယ့်သူကလည်း တိုက်သာတိုက်။ သို့ သော် ဘယ်နည်းနဲ့ တိုက်မှာလဲ။
တောထဲမှာ တိုက်မှာလား မြို့ထဲမှာ တိုက်မှာလား။ လမ်းရွေးရပါတော့မယ်။
အရင်တုန်းက အဝေးရောက်အစိုးရ ဖွဲ့ပြီးစ အတော်လေး အားကိုးရမယ်လို့
ထင်ခဲ့ကြတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် လိုအပ်မယ့် ပစ္စည်းတွေ
ကမ္ဘာပတ်ပြီး ရှာဖွေပေးနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ အောက်က လူတွေကလည်း
ခင်ဗျားတို့သာရှာ ကျုပ်တို့ကတိုက်မယ်ဆိုတဲ့ ဝမ်းသာအားရ စိတ်မျိုး
ရှိခဲ့ကြတယ်။ ဒါပေမယ့် အဝေးရောက်အစိုးရဟာ တိုက်ပွဲဝင်မယ့် အလုပ်မျိုး ကို
ဘေးဖယ်ပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ လော်ဘီလုပ်တဲ့ ဂွင်မျိုးထဲမှာပဲ
နေခဲ့တယ်။ ကုလသမဂ္ဂလို နေရာ မျိုးမှာ အစည်းအဝေး ထိုင်ရတာတွေကို
ပိုပြီးနှစ်သက်သလို ဖြစ်ခဲ့တယ်။ လက်နက်ကိုင် တိုက်ပွဲဝင်နေသူတွေ အတွက်
ဘာမှ ဆောင်ရွက် မပေးနိုင်ခဲ့ဘူး။ အပြစ်တင်တာ မဟုတ်ပါ။
ပြန်ပြီးသုံးသပ်ပြတာသာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်တဲ့သူတွေအတွက် ဘာမှ
လုပ်မပေးနိုင်ဘဲ လက်နက်ကိုင်နယ်ထဲမှာ လာပြီး အခြေစိုက်တာကိုက စမှားနေတယ်။
လက်နက်ကိုင် ဒေသခံ တွေ အဖွဲ့တွေအတွက် ကူညီတိုက်ပွဲ ဝင်တာမျိုး
မဟုတ်တဲ့အတွက် ရေရှည်မှာ အဲသလို အဖွဲ့မျိုးတွေ တင်ကြွေး ထားရတဲ့အတွက်
ဝန်ထုပ်ဝန်ပိုးလို ဖြစ်ခဲ့ရတယ်။ အဲသလို အဖွဲ့မျိုးတွေ အတော်များများ
တောထဲမှာ ရှိခဲ့တယ်။ ကိုယ့်ဟာကို သိကြမယ်လို့ ပြောလိုပါတယ်။ မီဒီယာမှာ
လူသိပိုများတာကလွဲလို့ စစ်ရေးလုပ်ငန်းအရ ဘာ အမြတ်မှ မထွက်ခဲ့ပါ။
ပြောခြင်တာကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို တဲ့တဲ့ လုပ်ကြဖို့ ပြောလိုရင်း
ဖြစ်ပါ တယ်။ တိုက်မယ်ဆို လည်း တိုက်ပါ။ ကမ်ပိန်းလုပ်မယ့် သူကလည်း
ကမ်ပိန်းလုပ်ပေါ့။ အကြမ်းမဖက်ကို ကြိုက်တဲ့သူက အကြမ်းဖက်နေတဲ့ နေရာဒေသ
အတွင်းမှာ တလွှားလွှား လာလုပ်နေတာမျိုးကတော့ သရုပ် ပျက်တယ်။ ရောကျော်
လုပ်တာမျိုးက မရိုးသားဟု ပြောလိုတယ်။

ရှေ့မှာ မြို့ပေါ်တိုက်ပွဲတွေ အုပ်တာတွေ နှက်တာတွေ များသထက်များလာရင်
အကြမ်းဖက်သမားလို့ ပြောကြ ပါလိမ့်မယ်။ ပြောပါစေ။ ဒီလမ်းကို မိမိတို့က
ကြိုက်လို့ရွေးတာ မဟုတ်ပါ။ နောက်ဆုံးရွေးစရာ မရှိလို့ ရွေးခဲ့ရ တာသာ
ဖြစ်တယ်။ နောက်ဆုံး ပြောလိုတာက သမရိုးကျ စစ်တိုက်တဲ့နည်းကို လျှော့ပြီး
မြို့ထဲတွေမှာ တိုက်ပွဲ ဝင်မှသာ အာဏာရှင်တို့ဖက်က ကိုယ့်ဖက်ကို
အရေးစိုက်ပြီး တန်းတန်းတူတူ စကားပြောလာမှာ ဖြစ်ပါတယ်။ အဲသလိုပဲ
အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ် တွေလည်း ဝပ်ဆင်းသွားမှာ ဖြစ်ပါတယ်။
အရပ်ဝတ်ဝတ်ပြီး မြို့ပေါ် မှာသာ တက်ချကြပါလို့ နောက်ဆုံးအကြံပြုလိုပါတယ်။

ဇော်မင်းRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြက်တူရွေး၏ ပညာရေး

http://bigbbrown.blogspot.com/2011/07/parrots-education-rabindranath-tagore.html
(မူရင်း - ရာဗိန်ဒရာနတ်တဂိုး၊ ဘာသာပြန် - တိုက်စိုး)(ပေးပို့ သူ -အိမ်မက်မဟုတ်ပါ)

တစ်ရံရောအခါ ကြက်တူရွေးတစ်ကောင်ရှိလေသည်။ ထိုကြက်တူရွေးသည် အသိပညာမဲ့၏။
သူသည် တေးဆိုလေ့ရှိသော်လည်း တရားစာပေကိုဘယ်အခါမှ မရွတ်။ မကြာခဏ ခုန်စွေ့
ခုန်စွေ့ လုပ်တတ်သော်လည်း အမူအရာ၌ မသိမ်မွေ့။

ဘုရင်မင်းကြီးသည် ဤသို့ တွေးလေသည်။ ပညာမဲ့ခြင်းသည် အကျိုးယုတ်ရာ
ယုတ်ကြောင်းသာ။ သူမိုက်နှင့် ပညာရှိ(သည်) အစားစားရာတွင် မကွာကြသော်လည်း
လောကစီးပွားဆောင်ရာတွင်ကား ကွာလှချေသည်။ မင်းကြီးသည် ဤသို့ တွေး၍
တူတော်များကို ရှေ့တော်သို့ခေါ်ကာ၊ ကြက်တူရွေးကို ပညာကောင်းစွာ သင်ပေးရန်
မိန့်လေသည်။ ထိုအခါ မင်းရင်ပြင်၌ သုခမိန်များ၏ အစည်းအဝေးသည် ဖြစ်၏။
သုခမိန်များသည် မဆိုင်းမတွပင် ပြဿနာ၏ ဇာစ်မြစ်ကို စိစစ်ကြပြီးလျှင်
ငှက်သတ္တဝါများသည် အသိုက်စုတ် အသိုက်ပဲ့တွင် နေလေ့ရှိသောကြောင့်
အသိပညာမဲ့ရသည်။ ထို့ကြောင့် ကြက်တူရွေး၏ ပညာရေးအတွက် ပထမ လိုအပ်ချက်သည်
သင့်လျော်သော ကြက်တူရွေးအိမ်ပင် ဖြစ်သည်ဟု ဆုံးဖြတ်ကြလေသည်။
သုခမိန်များသည်
ဆုလာဘ်ကိုယ်စီဖြင့်အိမ်သို့ ပြန်ကြလေသတည်း။

ရွှေလှောင်အိမ်တစ်ခုကို အဆန်းတကြယ် လှပတင့်တယ်အောင် စီရင်ကြလေသည်။
အရပ်ရပ်မှ လူအများလည်း ထိုလှောင်အိမ်ကို ကြည့်ရန် စုဝေး လာရောက်ကြလေသည်။
အချို့က လှောင်အိမ်ကို စူးစူးစိုက်စိုက်ကြည့်ရာမှ 'ယဉ်ကျေးမှုဖြင့်
အကျဉ်းကျပါပကော'ဟု ပြောဆို ငိုကြွေးကြလေသည်။ အချို့ကလည်း 'ယဉ်ကျေးမှုမပါ
ဘာဖြစ်သမို့လဲ၊ လှောင်အိမ်က အကောင်အထည်နဲ့ ကျန်ရစ်ခဲ့မှာပဲ၊
ရွှေခဲကြက်တူရွေးတော့ ကံကောင်းတာပဲ'ဟု မှတ်ချက်ချကြလေသည်။ ပန်းတိမ်သည်လည်း
ငွေထုပ်ပိုက်၍ မိမိရပ်ရွာသို့ လွှင့်လေသတည်း။

ဆရာပဏ္ဍိတ်သည် ကြက်တူရွေးကို စာသင်ရန် ပြင်လေသည်။ သူသည် ဣနြေ္ဒသမ္ပတ္တိဖြင့်
နှာတရှုပ်ရှူလိုက်ကာ 'စာစုံမှ ပညာကုန်မယ်'ဟု မိန့်လေသည်။ ထိုအခါ
ဘုရင့်တူတော်များလည်း စာရေးတော် တသီချည်း ခေါ်လာကြလေသည်။
စာရေးတော်များလည်း ကျမ်းအစောင်စောင်မှ ရေးကူးကြလေသည်။ ကူးသည့်စာမူမှ တဖန်
ရေးကူးကြပြန်လေသည်။ နောက်ဆုံး၌ အတိုင်းမသိ မြင့်မားသော စာအထပ်ကြီး
ဖြစ်လာလေတော့သည်။ လူအများလည်း 'အလိုလေး၊ ယဉ်ကျေးမှု ဘုံဗိမာန်ကြီးဟာ
တိမ်တိုက်တွေအကြား ထိုးဝင်မတတ် မြင့်မားပါပေရဲ့'ဟု ရင်သပ်ရှုမော ကြလေသည်။
စာရေးတော်များသည် အသပြာအိတ် အပြည့်ဖြင့် အရပ်သို့ ပြန်ကြလေသတည်း။
ဘုရင့်တူတော်များလည်း လှောင်အိမ်ကို အကျအန ဖြစ်အောင် ကြိုးစားကြပါပေ၏။
လှောင်အိမ်ကို သူတို့ ပွတ်တိုက်မွမ်းမံ အရောင်တင်ကြသည်ကို လူအများက
ကြည့်ရင်း၊ 'ဒါမှ တကယ့်တိုးတက်ရေး' ဟု ပြောကြလေသည်။

လောက၌ ဘယ်အရာတွင် ချို့တဲ့နေနေ၊ ကဲ့ရဲ့ သင်္ဂြိုဟ်ဆိုတတ်သူ ဦးရေတွင်မူ
မချိုတဲ့တတ်ပေ။ သူတို့က လှောင်အိမ်နှင့် ပတ်သက်သူမှန်သမျှ ကြက်တူရွေးက
လွဲလျှင် ကြီးပွားကြပါပေသည်ဟု လျှောက်၍ သတင်းလွှင့်ကြလေသည်။ မင်းကြီးလည်း
ထိုသတင်းကို ကြားရ၍ တူတော်များကို မေးလေသည်။ တူတော်များက 'ထမင်း မဝ
တစ်ချက် ဝ တစ်ချက်နဲ့ လူများဟာ ပါးစပ်အားတိုင်း သွားပုတ်လေလွင့်
ပြောနေကြခြင်းပါ' ဟု လျှောက်တင်ကြလေသည်။ လျှောက်တင်ချက်ကို သဘောတော်
တွေ့သဖြင့် ဘုရင်မင်းကြီးက တူတော်များအား ကျောက်မျက်ကျောက်မြတ်များ
သဒ္ဓါတော်မူလေသည်။

တစ်နေ့သ၌ ဘုရင်မင်းကြီးသည် (မိမိ၏) ပညာရေးဌာနက ရွှေခဲကြက်တူရွေးအတွက်
ဘယ်ပုံဘယ်နည်း စီမံနေသည်ကို ကိုယ်တော်တိုင် မြင်လိုသဖြင့် ပညာရေး
ခန်းမဆောင်သို့ ကြွလေသည်။ ထိုအခါ ဆိုင်ရာတို့က စည်းခရာ ပတ်သာပုံမောင်း
တီးမှုတ်၍ ကြိုကြလေသည်။ သုခမိန်များကလည်း ဂါထာမန္တရားကို တစ်ခဲနက်
ရွတ်ဆိုကြလေသည်။ ရွှေပန်းတိမ်တော်များ၊ စာရေးတော်များ၊ စာကြပ် စာမများ၊
ထိုသူအသီးသီး၏ အထောင်အသောင်းမကသော ဆွေမျိုး အရင်းအဖျားများကလည်း
အုတ်အုတ်သဲသဲ ကောင်းချီးပေးကြလေသည်။ ဤတွင် တူတော်များလည်း
အားရရွှင်ပြုံးစွာ မင်းကြီး၏ စိတ်ဆန္ဒကို မေးလျှောက် ကြလေသည်။ မင်းကြီးက
'ပညာရေး မူဝါဒကဖြင့် ဟန်ဟန်ပန်ပန်ရှိတဲ့ ပုံသဏ္ဍာန်ပဲ' ဟုမိန့်လေသည်။

ဘုရင်မင်းကြီးလည်း အလွန်ကျေနပ်၍ ဆင်တော်ပေါ်သို့ တက်တော့မည်အပြုတွင်
ခြုံကွယ်၌ပုန်းနေသော အပြစ်ရှာသူတစ်ဦးက 'အရှင်မင်းကြီး၊ ကြက်တူရွေးကော
တွေ့ပါရဲ့လားဘုရာ့'ဟု ဟစ်အော်လိုက်လေသည်။ ထိုအခါမှ မင်းကြီးက ငါ
သတိချွတ်နေမိသည်ဟု ဆိုကာ သုခမိန်များဘက်လှည့်၍ ကြက်တူရွေးကို
သင်ပုံသင်နည်းစုံစမ်းကြည့်လေသည်။ သူတို့က သင်ပုံသင်နည်းကို မင်းကြီးအား
ပြလေသည်။ ဘုရင်မင်းကြီးလည်း အလွန် နှစ်ထောင်းအားရခြင်း ဖြစ်လေ၏။
သင်ပြပုံနည်းစနစ်သည် ခန့်ထည်လှသဖြင့် ထိုနည်းစနစ်နှင့်
စာလျှင်ကြက်တူရွေးမှာ နုပ်နုပ်ဖွဲဖွဲကဲ့သို့ပင် ဖြစ်တော့သည်။
မင်းကြီးလည်း အစီအစဉ်ကို အပြစ်ပြောစရာ ဘာမှမရှိဟု ကျေနပ်မိလေသည်။ အကယ်၍
ကြက်တူရွေးက ထိုအစီအစဉ်ကို ဆင်ခြေဆင်လက် တက်မည်ဆိုလျှင်လည်း
ဆင်ခြေတက်နိုင်စရာ အကြောင်းမမြင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့လည်မျိုတွင်
စာရွက်တွေ နင့်နေသဖြင့် အသံသဲ့သဲ့ပင် မထုတ်နိုင်ရှာသောကြောင့် ပေတည်း။
ကြက်တူရွေး၏အဖြစ်သည် ကြက်သီးထစရာပင် ကောင်းတော့သည်။

ဤအခါ၌မူ ဘုရင်မင်းကြီးသည် ဆင်တော်ပေါ်သို့တက်ရင်း အပြစ်ရှာသူများကို
မလွတ်အောင် အပြစ်ဒဏ်ခတ်ရန် အမိန့်ပေးလေသည်။

ကြက်တူရွေးလည်း ကျိုးနွံစွာ သင့်အံလေ့လာရင်း နမူးနထူးဖြစ်လာလေသည်။
အားရလောက်သည့် တိုးတက်ရေးပါပေ။ သို့သော် အကွပ်အညှပ် အစီအမံအကြားမှပင်
အဖြစ်မှန်သည် ပေါ်လာတတ်လေသည်။ လှောင်အိမ်တွင်း၌ နေရောင်ခြည်ကလေး မပြူတပြူ
ရှိစအချိန်တွင် ရွှေခဲကြက်တူရွေးသည် အနှောင်အဖွဲ့ကို
ရုန်းကန်ငြင်းဆန်သည့်ပမာ အတောင်တဖျပ်ဖျပ် ခတ်လေသည်။ ထို့ပြင်
ယုံချင်မှလည်း ယုံပေရော့။ နှုတ်သီးချည့်နဲ့နဲ့ဖြင့် သံတိုင်ကို သနားစရာ
ဆိတ်လေသည်။ ထိုအခါ မြို့ကွပ်က 'တယ်ရိုင်းပါကလား'ဟု ကြိမ်းဝါးလေသည်။
မကြာမီ ပန်းပဲသမားသည် ပန်းပဲဖိုကို သယ်ဆောင်၍ မင်းကြီး၏ ပညာရေးဌာနသို့
ရောက်လာလေသည်။ တူသံ ပေသံတွေလည်း ဆူညံမစဲ ရှိပါပေ၏။ တူသံစဲသည်နှင့်
တစ်ပြိုင်နက် သံကြိုးလည်း အဆင်သင့် ဖြစ်လေပြီ။ ကြက်တူရွေး၏
အတောင်နှစ်ဖက်ကိုလည်း ကိုက်ညှပ်၍ ပြီးခဲ့လေပြီ။ မင်းကြီး၏
ယောက်ဖတော်များက 'ဒီငှက်သတ္တဝါတွေဟာ ဥာဏ်ကလည်းမွဲ ကျေးဇူးတရားကိုလည်း ဘာမှ
မသိပါကလား'ဟု မသက်မသာ ခေါင်းရမ်းမိကြလေသည်။ ဆရာပဏ္ဍိတ်လည်း ကျမ်းထုတ်ကို
တစ်ဖက်၊ ကြိမ်လုံးကို တစ်ဖက် ဆောင်၍ စာချလေသည်။ မြို့ကွပ်သည်
အစောင့်အရှောက်ကောင်းသည့်အတွက် လည်းကောင်း၊ ပန်းပဲသမားသည်
သံကြိုးခိုင်ခိုင်လုပ်နိုင်သည့်အတွက် လည်းကောင်း ဘွဲ့တံဆိပ်
အသနားခံရပြန်လေသတည်း။

ရွှေခဲကြက်တူရွေးလည်း သေလေတော့၏။

ကြက်တူရွေး ဘယ်အခါက သေလိုက်မှန်း သိသူမရှိကြ။ အပြစ်ရှာသူက ထိုသတင်းကို
ပထမဆုံး လွှင့်လိုက်လေသည်။ ဘုရင်မင်းကြီးလည်း တူတော်များကို ခေါ်၍
သတင်းမေးလေသည်။ တူတော်များက ကြက်တူရွေးကို စာသင်ပြီးကြောင်း
လျှောက်တင်ကြလေသည်။

မင်းကြီးက 'သူ ခုန်သေးသလား' ဟု မေးလေသည်။
တူတော်များက 'မခုန်တော့ပါ' ဟု လျှောက်သည်။
'ပျံသေးသလား'
'မပျံတော့ပါ'
'ကြက်တူရွေးကို ခေါ်ခဲ့' ဟု မင်းကြီးက အမိန့်ပေးလေသည်။

မြို့ကွပ်လည်း ကြက်တူရွေးကို အစောင့်အကြပ်ဖြင့် ရှေ့တော်သို့ သွင်းလေသည်။
ဘုရင်မင်းကြီးလည်း ကြက်တူရွေး၏ ကိုယ်ကို လက်ညှိုးနှင့်
ထိုးစမ်းကြည့်လေသည်။ ရွှေခဲကြက်တူရွေး၏ ကိုယ်တွင်းမှ စာရွက်မာကောက်ကောက်
အသံတွေသာ ထွက်လာလေသတည်း။ ။

တိုက်စိုး

(မူရင်း - ရာဗိန်ဒရာနတ်တဂိုး၊ ဘာသာပြန် - တိုက်စိုး)

စာပေလောကစာအုပ် အမှတ် ၂၇၂ - " တဂိုး၏ စာ "(ကဗျာ/စာရေးဆရာအစုံ
မြန်မာပြန်သည်)၊ စာမျက်နှာ ၂၂၆ မှ ကူးယူမျှဝေသည်။

တဂိုး၏ စာ - ပုံနှိပ်မှတ်တမ်း
ပထမအကြိမ် - ၁၉၆၆ (နှလုံးလှ စာပေတိုက်)
ဒုတိယအကြိမ် - စက်တင်ဘာ၊ ၁၉၈၈ (စာပေလောက စာအုပ်တိုက်)

------------------------------------------
တဂိုး ၏ "ကြက်တူရွေး၏ ပညာရေး" ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်လိုသူများအတွက်
အင်တာနက်လိပ်စာမှာ
http://home.iitk.ac.in/~amman/soc748/tagore_parrot.pdf

http://www.parabaas.com/translation/database/translations/stories/gRabindranath_parrot.html
------------------------------------------

"ကြက်တူရွေး၏ ပညာရေး" မှာ ယနေ့ လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို
အိန္ဒိယ ဂန္ထ၀င် ဆရာကြီးတဂိုးက ကြိုတင်ပြီး သရော်စာ ရေးထားသလားဟုပင်
အောက်မေ့ရပါ၏။ တဂိုးသာ သက်ရှိထင်ရှားရှိနေလျှင် မြန်မာစစ်အာဏာရှင်များက
၎င်းအား Black List သွင်းကာ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖွယ်ရာ ရှိပေကြောင်း။
။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျွန်မဖတ်ဖို့ (၃ဝ) ၂

http://www.99sanay.com/2011/07/blog-post_22.html(ပေးပို့ သူ -အိမ်မက်မဟုတ်ပါ)
(၁) အပြစ်ရှာညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသူတွေ မဟုတ်ပေမယ့်
လူတွေအမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၂) အလုပ်များနေတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘာအတွက်အလုပ်များနေလဲ
ဆိုတာပဲဖြစ်တယ်။ လူ့ဘဝရဲ့အကြီးမားဆုံး အနှောင့်အယှက်နဲ့ ပြဿနာက
ဦးတည်ချက်မရှိဘဲ အလုပ်များနေတာပဲဖြစ်တယ်။

(၃) သူငယ်ချင်းဆိုတာ အဖိုးတန်ရတနာပါ။ တစ်ခါတလေမှာ စကားလေးတစ်ခွန်းနဲ့တင်
သင့်ကိုနလန်ထ ပြောင်းလဲစေနိုင်ပါတယ်။

(၄) လူတစ်ယောက်နဲ့ခင်မင်ဖို့ အခွင့်အရေးလိုတယ်။
လူတစ်ယောက်ကို နားလည်ဖို့ အသိဉာဏ်လိုတယ်။
ချစ်ချစ်ခင်ခင်ပေါင်းသင်းဖို့ ခွင့်လွှတ်နားလည်ခြင်းလိုတယ်။

(၅) ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။

(၆) လူ့ဘဝမှာ ရက်သုံးရက်ပဲရှိတယ်။
မနေ့ကမှာ ရှင်သန်နေတာက လူကို တွေဝေမိန်းမောစေတယ်။
မနက်ဖြန်မှာ ရှင်သန်နေတာက လူကို စောင့်မျှော်စေတယ်။
ဒီနေ့မှာ ရှင်သန်နေတာကမှ လက်တွေ့ကျတယ်။

(၇) အခွင့်အရေးဆိုတာ သူခိုးတစ်ယောက်နဲ့တူတယ်။ မသိမသာနဲ့
အသံတိတ်ရောက်လာတတ်ပြီး ထွက်သွားတဲ့အချိန် သင့်မှာ ဆုံးရှုံးနစ်နာမှုတွေ
ကျန်ခဲ့တတ်တယ်။

(၈) Jesusက သောကြာနေ့မှာ လက်ဝါးကပ်တိုင်ပေါ်သံရိုက်ပြီး
အဆုံးစီရင်ခံခဲ့ရတယ်။ အဲဒီနေ့က တစ်ကမ္ဘာလုံး
မျှော်လင့်ချက်မဲ့တဲ့နေ့ဖြစ်တယ်။ ဒါပေမဲ့ သုံးရက်အကြာမှာ
ခရစ်တော်ထမြောက်ပွဲနေ့ (Easter day) ဖြစ်ခဲ့တယ်။

(၉) ကြီးမြတ်သူက ပတ်ဝန်းကျင်ကို ပြောင်းလဲတယ်။
ထက်မြက်သူက ပတ်ဝန်းကျင်ကို အသုံးပြုတယ်။
သာမန်လူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတယ်။
လူဖျင်းလူညံ့က ပတ်ဝန်းကျင်ကို အပြစ်တင်တယ်။

(၁ဝ) တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေးတည်ငြိမ်တဲ့အပြုအမူက
စိတ်တိုဒေါသထွက်တာထက် ပိုအင်အားရှိတယ်။

ငြိမ်းချမ်းသိမ်မွေ့တဲ့ အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တာက
အော်ကြီးဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာထက်
တစ်ဘက်လူကို ပိုကြောက်လန့်စေတယ်။

ခွင့်လွှတ်ခြင်းနဲ့နားလည်ခြင်းက
ထိခိုက်နာကျင်ခြင်းနဲ့ ဆဲရေးစော်ကားခြင်းထက်
တစ်ဘက်လူရဲ့ စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက်နိုင်သလို
ဘေးကြည့်သူတွေကိုလည်း ဂရုဏာဖြစ်စေတယ်။

ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက
အကြမ်းဖက်၊ ရိုင်းစိုင်းခြင်းထက်
လူတွေရဲ့စိတ်ဝိညာဉ်ကို ပိုတိုးတက်ကောင်းမွန်စေပါတယ်။

ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်က စာစုတွေကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


I Love You
http://www.99sanay.com/2011/07/i-love-you.html
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ယောက်ျားသားသူငယ်ချင်းတချို့
အရက်စုသောက်နေကြတယ်။ အဲဒီထဲမှာ ယောက်ျားတချို့က အထူးအဆန်းလေး
စမ်းသပ်ကြည့်ချင်ကြတာနဲ့ ကိုယ့်မိန်းမဆီ "နင့်ကို ငါချစ်တယ်"ဆိုတဲ့
မက်ဆေ့ရေးပို့ကြဖို့ အကြံထုတ်တယ်။ သူတို့ရေးပို့ပြီးနောက်
အသက်အရွယ်မတူတဲ့ မိန်းမတွေဆီကရတဲ့ အဖြေကို အောက်ပါအတိုင်း တွေ့ရတယ်။

အသက်(၂ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- နင့်ကိုလည်း ငါချစ်တယ်!
အသက်(၃ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင်သောက်တာများသွားပြီထင်တယ်!
အသက်(၄ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် နေကောင်းပါတယ်နော်!

အသက်(၅ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် လူမှားပို့လိုက်တာလား!
ပြန်လာရင် ရှင်နဲ့ကျုပ်တွေ့မယ်!

အသက်(၆ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- အငြိမ်းစားယူပြီး
ရှင်အားယားနေလည်း တောင်သွားတက်ပါလား!

အသက်(၇ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သားဆီ ချက်ချင်းဖုန်းဆက်တယ်။
"သား... သားဖေဖေ နေမကောင်းဘူး။ ဆရာဝန်မြန်မြန် သွားပြပါ"

အသက်(၈ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သူ့ဘာသာသူ ရွတ်နေတယ်။
"အင်း... ဒီနေ့ သူဆေးသောက်ဖို့ မေ့သွားပြီထင်တယ်!"

သံသယမရှိ... အသက်အရွယ်မရွေး "I Love You"တယ်ဆိုတိုင်း ယုံနိုင်ကြပါစေ။
ဖတ်မိတာလေးပါ.. ဘာသာပြန်မျှဝေပါတယ်

နိုင်းနိုင်းစနေRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျွန်မဖတ်ဖို့ (၃ဝ)

http://www.99sanay.com/2011/07/blog-post_22.html (ပေးပို့ သူ -အိမ်မက်မဟုတ်ပါ)
(၁) အပြစ်ရှာညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသူတွေ မဟုတ်ပေမယ့်
လူတွေအမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၂) အလုပ်များနေတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘာအတွက်အလုပ်များနေလဲ
ဆိုတာပဲဖြစ်တယ်။ လူ့ဘဝရဲ့အကြီးမားဆုံး အနှောင့်အယှက်နဲ့ ပြဿနာက
ဦးတည်ချက်မရှိဘဲ အလုပ်များနေတာပဲဖြစ်တယ်။

(၃) သူငယ်ချင်းဆိုတာ အဖိုးတန်ရတနာပါ။ တစ်ခါတလေမှာ စကားလေးတစ်ခွန်းနဲ့တင်
သင့်ကိုနလန်ထ ပြောင်းလဲစေနိုင်ပါတယ်။

(၄) လူတစ်ယောက်နဲ့ခင်မင်ဖို့ အခွင့်အရေးလိုတယ်။
လူတစ်ယောက်ကို နားလည်ဖို့ အသိဉာဏ်လိုတယ်။
ချစ်ချစ်ခင်ခင်ပေါင်းသင်းဖို့ ခွင့်လွှတ်နားလည်ခြင်းလိုတယ်။

(၅) ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။

(၆) လူ့ဘဝမှာ ရက်သုံးရက်ပဲရှိတယ်။
မနေ့ကမှာ ရှင်သန်နေတာက လူကို တွေဝေမိန်းမောစေတယ်။
မနက်ဖြန်မှာ ရှင်သန်နေတာက လူကို စောင့်မျှော်စေတယ်။
ဒီနေ့မှာ ရှင်သန်နေတာကမှ လက်တွေ့ကျတယ်။

(၇) အခွင့်အရေးဆိုတာ သူခိုးတစ်ယောက်နဲ့တူတယ်။ မသိမသာနဲ့
အသံတိတ်ရောက်လာတတ်ပြီး ထွက်သွားတဲ့အချိန် သင့်မှာ ဆုံးရှုံးနစ်နာမှုတွေ
ကျန်ခဲ့တတ်တယ်။

(၈) Jesusက သောကြာနေ့မှာ လက်ဝါးကပ်တိုင်ပေါ်သံရိုက်ပြီး
အဆုံးစီရင်ခံခဲ့ရတယ်။ အဲဒီနေ့က တစ်ကမ္ဘာလုံး
မျှော်လင့်ချက်မဲ့တဲ့နေ့ဖြစ်တယ်။ ဒါပေမဲ့ သုံးရက်အကြာမှာ
ခရစ်တော်ထမြောက်ပွဲနေ့ (Easter day) ဖြစ်ခဲ့တယ်။

(၉) ကြီးမြတ်သူက ပတ်ဝန်းကျင်ကို ပြောင်းလဲတယ်။
ထက်မြက်သူက ပတ်ဝန်းကျင်ကို အသုံးပြုတယ်။
သာမန်လူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတယ်။
လူဖျင်းလူညံ့က ပတ်ဝန်းကျင်ကို အပြစ်တင်တယ်။

(၁ဝ) တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေးတည်ငြိမ်တဲ့အပြုအမူက
စိတ်တိုဒေါသထွက်တာထက် ပိုအင်အားရှိတယ်။

ငြိမ်းချမ်းသိမ်မွေ့တဲ့ အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တာက
အော်ကြီးဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာထက်
တစ်ဘက်လူကို ပိုကြောက်လန့်စေတယ်။

ခွင့်လွှတ်ခြင်းနဲ့နားလည်ခြင်းက
ထိခိုက်နာကျင်ခြင်းနဲ့ ဆဲရေးစော်ကားခြင်းထက်
တစ်ဘက်လူရဲ့ စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက်နိုင်သလို
ဘေးကြည့်သူတွေကိုလည်း ဂရုဏာဖြစ်စေတယ်။

ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက
အကြမ်းဖက်၊ ရိုင်းစိုင်းခြင်းထက်
လူတွေရဲ့စိတ်ဝိညာဉ်ကို ပိုတိုးတက်ကောင်းမွန်စေပါတယ်။

ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်က စာစုတွေကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီတခါလည်း ကမ္ဘာကျော်ပြန်ပြီ မပြောမရှိနဲ့ 


နိုင်အောင်ကျ မကန်နိုင် ရှုံးရင်လူချ. စည်းလုံးကြပါတဲ့ ဒို့ ဗမာ

အပြည့်အစုံသတင်းဖတ်ရန်....

စည်းကမ်း မရှိကြဘူး ဆိုသတဲ့လား

မြန်မာတွေ စည်းကမ်းမဲ့တယ် .....ဟုတ်ပါတယ် စည်းကမ်းမရှိတာအမှန်ပါ။

ကျွန်တော့ ဘ၀မှာ ဒီမိုကရေစီ နဲ့ မနေဘူးဘူး..........

မွေးလာကတည်းက စစ်ကျွန်လက်အောက် စည်းကမ်းမရှိတာအမှန်ပဲ

လူကူးမျဉ်းကျား က လမ်းဖြတ်ကူးတာ လက်ချိုးရေလို့ရတယ် အမှိုက်လား လမ်းတွေ့ပစ်တယ်

ဆေးလိပ် နေရာတကာသောက်တယ် ( ဒါတွေ ဘာလို့ ဖြစ်နေသလဲ စဉ်းစားပါ)

ကျွန်တော် တို့ တိုင်းပြည်မှာ စည်းကမ်းမဲ့တာ လူတိုင်းပဲ ဒီလိုဖြစ်နေတာ အနှစ် ၄၀ ရှိပြီ

ကျွန်တော် တို့ ကို ဒီလိုဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့ကြတာလဲ နိမ့်ကျတဲ့ လူမှုဘ၀တွေ

နိမ့်ကျတဲ့ အခြေခံပစ္စည်းတွေ နိမ့်ကျတဲ့ ပညာရေး စနစ်တွေ နိမ့်ကျတဲ့ သင်ကြားမှုတွေ

ပြော၇ရင် တထောင့်တစ်ည ပုံပြင်တွေပါပဲ

ကိုယ်တိုင်လည်း သိတယ် မြင်နေရတယ် လူတွေဘယ်လောက် အောက်တန်းကျ ကိုယ်ကျင့်တရားပျက်နေကြပြီလဲ ဆိုတာ ဟုတ်ပြီ ဒါဆို

ကျွန်တော် တို့ တစ်နိုင်ငံလုံးကို လက်ညိုးထိုး အပြစ်ပြောရင် ပြီးပြီလား...........


လူတိုင်းကို အပြစ်ပြောကြမှာလား ... အခြေခံ လူတန်းစားတွေ အသိပညာ အတတ်ပညာ စားဝတ်နေရေးအတွက် တိုင်းပြည်က လုပ်ပေးနေသလား ။ တိုင်းပြည်က လုပ်ပေးနိုင်ပြီလား..။ တိုင်းပြည်အုပ်ချုပ်သူတွေ ကို ပြည်သူက ဘယ်လို သဘောထားသလဲ အဘက်ဘက်စဉ်းစားရမှာပါ၊

ဥပမာ တခု ( အခု ရန်ကုန်မှာ အထူးကားတွေ ခေတ်စားနေတယ် စစခြင်းတုန်းက လူပို မတင်ရပါဘူး တယောက်ကို 200 ပေးစီးရပါတယ်
တကယ်လဲ လူပိုမတင်ကြပါဘူး နောက်ပိုင်း လူစီးများလာတော့ ရသလောက်တင်တယ် ဆန့်သလောက် စီးခိုင်းတယ်။
ကားမှာလည်း စာတန်းကြီးက ကပ်ထားသေးတယ် လူပိုမတင်ပါတဲ့ ဒါဆို ဒီကိစ္စကို အထက်ကလူကြီးတွေ မသိကြဘူးလား
မသိချင်ယောင်ဆောင်နေတာလား...... တွေးကြည့်ကြပါ။)

စည်းကမ်းတခု ထုတ်ရင် စည်းကမ်း ထုတ်တဲ့လူတွေကိုယ်တိုင် လိုက်နာမှ ဖြစ်မှာပါ အခုတော့ မြန်မာပြည်မှာ မသိရင်

ပြည်သူတွေ ကပဲ အောက်တန်းကျနေသလို ပြည်သူတွေပဲ စည်းကမ်းဖောက်နေကြသလိုလို...

ပြည်သူကို သေနတ်ကိုင် အုပ်ချုပ်နေတဲ့ စစ်တပ်ရှိနေသရွေ့တော့ သူတို့ ထုတ်တဲ့ ဥပဒေကို ဘယ်သူက လေးစားချင်မှာလဲဗျာ
တိုင်းပြည်ကို စည်းကမ်းရှိချင်တယ် ဆိုရင် အုပ်ချုပ်သူကိုယ်တိုင် စည်းကမ်းကို လိုက်နာမှရပါမယ်

လေးစားစွာဖြင့်

ချမ်းမြေ့

အပြည့်အစုံသတင်းဖတ်ရန်....

လူတိုင်းနဲ့ တည့်အောင်နေဖို့ ဗုဒ္ဓက မမှာခဲ့ဘူး ။ လူမိုက်ကိုတော့ ရှောင်ရမယ် ။

လိုအပ်တဲ့အချိန်မှာ လိုသလိုအသုံးပြုနိုင်ဖို့ လူတိုင်းနဲ့ တည့်အောင်မပေါင်းတတ်ဘူး ။ အဲဒီကိစ္စ ကို လိမ်လည်မှုတစ်ခုလို့မြင်တယ် ။ လူတိုင်းနဲ့တည့်ဖို့ဆိုတာ ဟန်ဆောင်မှုတွေ လုပ်နေကြရမယ် ။ ဒါကြောင့်မို့လည်း ဗုဒ္ဓက (အ သေ၀နာစ ဗာလာနံ ) ဆိုပြီး မင်္ဂလာတရား တော်မှာ ဟောထားတာရှိတာပဲ ။ လူမိုက်တွေရယ် .. မိုက်မဲတဲ့ အကုသိုလ်တရားဆိုးတွေရယ် နဲ့ မပေါင်းသင်းနဲ့ .. ဝေးဝေးနေလို့ ဆုံးမခဲ့တယ် ။ ပေါင်းရမဲ့လူ နည်းပစေ ဟန်ဆောင်ပေါင်းမှ ကြိုက်တဲ့ လူမိုက်တွေကိုတော့ မပေါင်းနိုင်ဘူး ။ ဒါ ဘ၀ရည်မှန်းချက် ထဲက အရေးအကြီးဆုံး တစ်ခုပဲ ။ အသက်အရွယ် .. ဘ၀အတွေ့အကြုံ .. ရင့်ကျက်မှု မတူညီတဲ့လူတွေ .. ဘယ်လိုတည့်အောင်ပေါင်းမလဲ ။ တော်တော်ခက်မယ် ။ တရားရှိရင် နှလုံးသွင်းမှန်ရင် တည့်ပါတယ်လို့ ပြောကြမယ် ။ အဲဒီ နှလုံးသွင်းမှန်ပြီး တရားရှိမှတော့ ရင့်ကျက်သူ လူကြီးဖြစ်နေပြီပဲ ။ အဲဒါကိုက ပညာရှိတဲ့သူဖြစ်နေပြီ ။ လူမိုက်မှ မဟုတ်တော့တာ ။ ဒီလိုလူက လောကမှာ ရှားရှားပါးပါး တွေ့ရမဲ့ ကလျာဏ မိတ္တ ထဲမှာပါနေပြီ ။ လူမိုက်တွေများတဲ့ လောကီထဲမှာ .. လူတိုင်းနဲ့တော့ တည့်အောင် မပေါင်းနိုင်ဘူး ။ လူမိုက်တွေနဲ့ တည့်အောင် ပေါင်းဖို့ ကြိုးစားဖို့ မလိုဘူး ။ ( ဝေးအောင်နေဖို့ပဲ လိုပါတယ် ) ။

(အ.ဘ.ယ)

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */