“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 31, 2011

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံယူ

ဧရာဝတီ Friday, 29 July 2011 12:29 သတင်းတိုများ (ပေးပို့ သူ ဗမာ့သွေး)
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ရွန် ဟော့ဖ်မန်းက ကနေဒါ တက္ကသိုလ် ၂ ခုမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်များကိုယ်စား သွားရောက်ပေးအပ်ကြောင်း Ccnadian Friends of Burma ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

ကနေဒါသံအမတ်ကြီးက ပြီးခဲ့သည့် သီတင်းနှစ်ပတ်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် မတွေ့ဆုံမီ ယင်းသို့ ပေးအပ်ခြင်းဖြစ်ပြီး ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို အော့တိုဝါမှ ကာလီတန် တက္ကသိုလ်နှင့် မင်မိုရီယယ် နယူးဖောင်လန် တက္ကသိုလ်တို့မှ ဖေဖော်ဝါရီလအတွင်းက ပေးအပ်ခြင်းဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, July 30, 2011

ကားရပ်နားရန် နေရာ၏ အခက်အခဲ

ရန်ကုန်မြို့တွင် ကားပါကင် ပြဿနာကို ပိုမိုရင်ဆိုင်လာရ
လက်ရှိ အနေအထားများအရ ရန်ကုန်မြို့တွင် ကားပါကင် ပြဿနာကို ပိုမိုရင်ဆိုင်လာရပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။ ရန်ကုန်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ် စီးရေသည် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးကို လွှမ်းခြုံပါက နှစ်သိန်းခွဲကျော်သာ ရှိနေသည်။ ထိုအထဲတွင် ကိုယ်ပိုင်ယာဉ်ငယ် စီးရေသည် တစ်သိန်းကျော်သာ ရှိသည်။ ခရီးသည်တင် လိုင်းကားစီးရေသည် ရှစ်ထောင်ခန့်သာ ရှိပြီး စီးတီးတက္ကစီ အစီးရေသည် တစ်သောင်းခွဲ ၀န်းကျင်ခန့် ရှိသည်။ ရန်ကုန်မြို့တော်၏ အကျယ်အ၀န်းသည် ဧရိယာ စတုရန်းမိုင် ၃၀၀ကျော် ရှိသည်။ အဆိုပါ ယာဉ်အစီးရေနှင့် ရန်ကုန်မြို့ပြဧရိယာ အနေအထားတွင် ယာဉ်ရပ်ရန်နေရာ မရှိဟူသော ပြဿနာမှာ မဖြစ်သင့်သော အနေအထားပင် ဖြစ်သည်။ အဘယ်ကြောင့် ယာဉ်ရပ်ရန်နေရာ မရှိရသနည်း။ ပုံစံအမျိုးမျိုးသော၊ အမည်အမျိုးမျိုးသော အဆောက်အအုံ တိုင်းတွင် ယာဉ်ရပ်ရန်နေရာ အလုံအလောက် စီမံထားရှိမှု မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့နေမှုများတွင် ကားပါကင် မရှိခြင်းသည် အဓိက ပြဿနာ ဖြစ်သည်။ စည်ပင်သာယာက သတ်မှတ်ထားသည့် အထပ်မြင့် အဆောက်အအုံတိုင်း၌ ပါသင့်ပါထိုက်၊ ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များတွင် ကားရပ်နားရန် နေရာလည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ရေစီးရေလာ၊ ရေဆက်သွယ်မှု၊ မီး၊ အမှိုက်စွန့်ပစ် စနစ်များ အပါအ၀င် ကားပါကင်သည်လည်း တစ်ခုအပါအ၀င် ပါရှိရမည်ဖြစ်ပြီး ထိုအင်္ဂါရပ်များနှင့် ပြည့်စုံမှ လူနေထိုင်ခွင့် ရရှိမည်ဟု သတ်မှတ်ထားသည်။ သို့သော် အထပ်မြင့်အဆောက်အအုံ အများစုတွင် ကားရပ်နားရန် သီးသန့်နေရာ မရှိပေ။ ''လမ်းသွယ်တွေနဲ့ အဓိက လမ်းမကြီးတွေကို ချိတ်ဆက်ထားတဲ့ လမ်းတွေမှာလည်း အထပ်မြင့်နဲ့ ကွန်ဒိုဆိုပြီး အဆင့်မြင့်တိုက်တွေ အမည်ခံပြီး ဆောက်လာကြပါတယ်။ ကွန်ဒိုတွေ၊ တာဝါတွေနဲ့ အဆင့်မြင့် အိမ်ရာတွေမှာ နေထိုင်နိုင်တဲ့ အနေအထားက အနည်းဆုံး ကားတစ်စီး လောက်တော့ ပိုင်ဆိုင်တဲ့ အနေအထားတွေပါ။ တစ်ခန်း တစ်စီးတောင် အနိုင်နိုင် ဖြစ်နေတာ၊ ကုမ္ပဏီတွေ၊ ရုံးခန်းတွေ၊ ဈေးဝယ်စင်တာတွေနဲ့တွဲပြီး ဖွင့်ထားတဲ့ နေရာတွေမှာ ကားပါကင်ပြဿနာ တက်တော့တာပါပဲ။ နောင်ဆောက်မယ့် အဆောက်အအုံတွေမှာ ဒါတွေကို မဖြစ်မနေ ထည့်သွင်း တွက်ချက်ရမှာပါ''ဟု ဒုတိယ ရဲမှူးကြီး မျိုးအောင်(အငြိမ်းစား)က သုံးသပ်သည်။ ဈေးဝယ်စင်တာကြီးများနှင့် ကားပါကင် ပြဿနာကြောင့် နောက်ပိုင်း အချို့သော ဈေးဝယ်စင်တာများတွင် ကားပါကင်နေရာအတွက် ထည့်သွင်း ဆောင်ရွက်လာကြ သော်လည်း ယခင်က အစိုးရရုံး အဆောက်အအုံများကို လေလံယူ ပြန်လည်ပြုပြင်ကာ ဖွင့်လှစ်လာကြသော နေရာများတွင်မူ ကားရပ်နားရန် အခက်အခဲများ ရှိနေကြသည်။ ကားရပ်နားရန် အခက်အခဲများကြောင့် ကားပိုင်ရှင်များ အနေဖြင့် ကားအတွက် အထွေထွေ ကုန်ကျစရိတ်များအပြင် ကားရပ်နားခ ကားပါကင်ကြေးမှာ တစ်လ ကျပ်ငါးသောင်းမှ တစ်သိန်းကြားခန့် ကုန်ကျမှု ရှိနေကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဓာတုပစ္စည်းစွန့် ပစ်မှု စနစ်ကျသင့်ပြီ

ဓာတုပစ္စည်း အသုံးပြု လုပ်ကိုင်ရတဲ့ ရွှေပန်းထိမ်၊ ဆီအုန်းတို့လို လုပ်ငန်းအချို့က လူနေအိမ်နဲ့ နီးကပ်တာ၊ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းတွေကို စနစ်တကျ မစွန့်ပစ်တာတွေက ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ သိရတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင်(၁)၊ (၂) က အရိုးအကြော အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးချစ်စိုးက ‘ရွှေလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဆိုင်ရာနိုက်(cyanide) ဓာတုဒြပ်ပေါင်းက အရမ်းပြင်းတဲ့ အဆိပ်တစ်မျိုးဖြစ်တယ်၊ လူကို အန္တရာယ်ပေးနိုင်တဲ့အတွက် သတိ ထားသင့်တယ်၊ ခန္ဓာကိုယ်ထဲ နည်းနည်းချင်း ဝင်နေရင်လဲ တဖြည်းဖြည်းနဲ့ ဒုက္ခပေးမှာပဲ၊ ဒါကြောင့် မသုံးမဖြစ်လို့ သုံးရမယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာပဲ သုံးပြီး ပတ်ဝန်းကျင်ကို မပြန့်အောင် ဂရုတစိုက် ထိန်းသိမ်းသင့်တယ်၊ လူနေအိမ်နဲ့ နီးတဲ့နေရာမှာ အလွယ်တကူ စွန့်ပစ်တာ၊ မြေကြီးပေါ် သွန်ချတာတွေ မလုပ်သင့်ဘူး၊ ဆိုင်ရာနိုက် ဓာတုဒြပ်ပေါင်းက လူနေအိမ် အနီးပတ်ဝန်းကျင်မှာ မရှိသင့်တဲ့ အရာပဲ’ လို့ ရှင်းပြပါတယ်။ ‘လုပ်ငန်းတချို့မှာ ချွတ်ဆေးအဖြစ်သုံးတဲ့ Oleic acid, Stearic acid ဆိုလဲ ဓာတုပစ္စည်း တစ်မျိုးပဲ၊ ကာဘွန်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက် စတဲ့ ဓာတုပစ္စည်းတွေက လေထုထဲမှာ လိုတာထက် ပိုမပါဖို့ သတ်မှတ်ချက်တွေရှိတယ်၊ လိုတာထက် ပိုလာရင် ဒီဓာတု အနံ့တွေ၊ အမှုန်တွေက လူရဲ့ ကျန်းမာရေးကို ထိခိုက်တဲ့အထိ အန္တရာယ်ပေးနိုင်တယ်’လို့ ဒေါက်တာ ဦးချစ်စိုးက ပြောပါတယ်။

သူကဆက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆုတ်ပွတာတွေ ဖြစ်လာမယ်။ လေပြွန်ချောင်းရောင်ပြီး ချောင်းဆိုတာ၊ မောတာတွေဖြစ်မယ်။ ကြာရင် အဆုတ်ကင်ဆာအထိ ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဓာတုပစ္စည်း အသုံးပြုတဲ့ စက်မှုလုပ်ငန်းတွေ အနေနဲ့ လူနေအိမ်ခြေအနီး ဝန်းကျင်နဲ့ မိုင်ချီပြီး ဝေးတဲ့နေရာမှာပဲ လုပ်သင့်တယ်လို့ သိရတယ်။ ဒေါက်တာဦးချစ်စိုးက ‘ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကလဲ ဒီလို ဓာတုပစ္စည်း ဒြပ်ပေါင်း စွန့်ပစ်မှုတွေက အန္တရာယ်ရှိတယ်လို့ သိရင် ကန့်ကွက်သင့်တယ်၊ လုပ်ငန်းရှင်တွေ အနေနဲ့လဲ သူများက ဥပဒေနဲ့ ထိန်းပေးမှ တားဆီးမှ မကျေမနပ်နဲ့ လုပ်ငန်းပိတ်လိုက်ရတာမျိုး မဖြစ်သင့်ဘူး၊ ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ ထိန်းသိမ်းသင့်တယ်’လို့ ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

သံဈေးတွင် အသက် ၁၄ နှစ် အရွယ် ကလေးငယ် တစ်ဦး အလုပ်လုပ်ရင်း သေဆုံးမှု ဖြစ်



လသာမြို့နယ် သံဈေးတွင် အသက် ၁၄ နှစ်အရွယ်ရှိ မောင်ကို ကိုလတ် ဆိုသူ လူငယ်တစ်ဦး ဇူလိုင် ၁၈ ရက်က ၀ယ်ယူသူ ၏ပစ္စည်းကို လိုက်ပို့ရင်း နောက်စေ့ပေါက်ပြဲဒဏ် ရာဖြင့် သေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မောင်ကိုကိုလတ် (၁၄ နှစ်)သည် ၎င်းဆိုင်မှ ၀ယ်ယူသူ ၏မီးဖိုကိုထမ်း၍ ကားပေါ်သို့တင် ရာတွင် လဲကျပြီး နောက်စေ့နှင့်အုတ် ခုံရိုက်မိ၍ အပေါ်မှမီးဖိုထပ်ပိကာ သေဆုံးသွားခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသူတစ်ဦးက “ကျွန်တော်သွားကြည့်တော့ သွေး တွေယိုနေပြီ။ သွေးသုံးခါအန်တယ်။ အနီးအနားက ကားသမားတွေက လည်း ကြောက်လို့လိုက်မပို့ရဲဘူး။ မီးဖိုကြီးက အကြီးကြီးပဲ။ ပြဿနာ ဖြစ်ပြီးတော့ မီးဖိုကြီးကိုသယ်တာ ဈေးစည်ပင်နှစ်ယောက် မသယ်ရ တယ်။ အဲဒါကို ကလေးတစ်ယောက် က သယ်တော့ဖြစ်တော့မှာပေါ့”ဟု ပြောသည်။
မောင်ကိုကိုလတ်မှာ ဒလမြို့ နယ်၊ အမှတ် ၃၂၅၃၊ တကောင်း လမ်း၊ ကျန်စစ်သားရပ်ကွက်တွင်နေ ထိုင်ပြီး ဖခင်မရှိဘဲမိခင်ဖြစ်သူကိုလုပ် ကျွေးနေသူဖြစ်သည်။ အဆိုပါဖြစ် ရပ်ကြောင့် ဆိုင်ခန်းအား ယာယီ ပိတ်ခိုင်း ထားသည်ဟု ဈေးစည်ပင်မှ သိရသည်။

“ဆိုင်ခန်းကို ယာယီပိတ်ခိုင်း ထားပါတယ်။ ဌာနကလူကြီးတွေကို လည်း ဒီကိစ္စဖြစ်ပြီးတာနဲ့ တင်ပြ ထားပါတယ်။ ကျွန်မကတော့ ကိုယ့် ရှေ့မှာတွေ့ရင် ကလေးတွေကို အဲဒီ လို အရမ်းမခိုင်းနဲ့လို့ ပြောရတယ်။ လူငယ်ရင် ပေးရတဲ့ အလုပ်သမားခ ပိုက်ဆံကနည်းတယ်။ လူကြီးရင် ပေး ရတဲ့ အလုပ်သမားခ ပိုက်ဆံကများ တယ်လေ”ဟု ဈေးစည်ပင်သာယာ ရေးမှတာဝန်ရှိသူတစ်ဦးက ပြော သည်။

သက်ဆိုင်ရာ မြို့နယ် အလုပ် သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးကလည်း ၁၆ နှစ်အောက်အလုပ် လုပ်နေသူများကို အလုပ်လုပ်နေ သောကလေးဟုခေါ်ကြောင်း၊ အဆို ပါ အလုပ်လုပ်နေသောကလေးများ အလုပ်လုပ်ရင်း ထိခိုက်ဒဏ်ရာရ သေဆုံးပါက အလုပ်ရှင်ကို အရေးယူ နိုင်ကြောင်း၊ ထိခိုက်သူ၊ သေဆုံးသူ မိသားစုအနေနဲ့ လာရောက်တိုင် ကြားနိုင်ကြောင်း၊ ယခုဖြစ်ရပ်တွင် သေဆုံးသူမိသားစုဘက်မှ လာရောက် တိုင်ကြားမှု မရှိသေးကြောင်း ပြော သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက် ၍ လသာမြို့နယ်ရဲစခန်းမှ ဆိုင်ရှင် ဖြစ်သူကို ၁၅၁/၂၀၁၁ ပ ၃၀၄ (က) အရ အရေးယူ ထားကြောင်း သိရ သည်။

ကလေးသူငယ်များမှာ မိသား စုဝင်ငွေ ထောက်ပံ့ရန်အတွက် အလုပ်လုပ်နေကြရခြင်းဖြစ်ကြောင်း၊ မိသားစု ရပ်တည်နိုင်မှုအတွက် တစ် ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ သဘောတူညီချက် ကို ၀င်ရောက်ခဲ့ပြီးနောက် သဘော တူညီချက်တွင် ပါဝင်သောအခွင့်အ ရေးများကို အကောင်အထည်ဖော် နိုင်အောင် ကလေးသ ငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းထား ကြောင်း ဇူလိုင် ၁၉ ရက်ထုတ် ကုမု ဒြာ ဂျာနယ်တွင် ယူနီဆက်မှ တာဝန် ရှိသူတစ်ဦး၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

လူမင်းသောင်းထွန်း
http://moviemyanmar.com/archives/17421?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+myanmardaily+%28MyanmarDaily.net%27s+Latest+News%29

အပြည့်အစုံသတင်းဖတ်ရန်....

ဘောပွဲ သို့ မဟုတ် ဆဲပွဲ


မြန်မာ-အိုမန်ဘောလုံးပွဲ အကြမ်းဖက်ပရိသတ်များကို စတင်အရေးယူတော့မည်။

ပွဲချိန်မိနစ် ၄၀ခန့်သာ ကစားခဲ့ရပြီး ပရိသတ်များကို ထိန်းသိမ်း၍ မရတော့သဖြင့် ပြိုင်ပွဲရပ်ဆိုင်းခဲ့ရသော ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဇုန် ဒုတိယအဆင့်မြန်မာအသင်းနှင့် အိုမန်အသင်းတို့၏ ပွဲစဉ်တွင် အကြမ်းဖက်ခဲ့သော သူများကို ဓာတ်ပုံအထောက်အထားများဖြင့် အရေး ယူမှုများ စတင်ပြုလုပ်နေကြောင်း မျက်မြင်တွေ့ကြုံနေရသူများက ပြောကြားသည်။ ဘောလုံးပွဲစဉ်တွင် အကြမ်းဖက်မှုပြု လုပ်ခဲ့သော ပရိသတ်များအား အရေးယူမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေရှင်ျးေဆာင်ရွက်သွားရန် အစည်းအဝေးပြုလုပ်နေကြောင်းတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဇူလိုင်လ ၂၉ ရက်နေ့နေ့လယ် ၁၂နာရီခန့်ကပြောကြားသည်။
“ကျွန်တော်တို့ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး FIFAကဘယ်လိုအရေးယူမယ်ဆိုတာမသိသေးဘူး။ အကြမ်းအားဖြင့် FIFA ကကျင်းပတဲ့ ပွဲနဲ့ပတ်သက်ပြီး အဲဒီကွင်းထဲ ပစ္စည်းတစ်ခုကျရင်ဒေါ်လာ ၅၀၀၀လောက်ဒဏ်ငွေပေးရတယ်။ အခုဘယ်လိုလာမလဲမသိဘူး” ဟုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ဇူလိုင်လ မွန်းလဲ ၁နာရီခန့်က ပြောကြားသည်။ ယင်းနေ့ပွဲစဉ်က ပွဲချိန် ၃၈ မိနစ်ခန့်၌ ပရိသတ် ၃၀၀၀၀ကျော်ထဲမှ ၃၀၀၊ ၄၀၀ ခန့်က ခုံများရိုက်ချိုးခြင်း၊ သံတိုင်များချိုးခြင်း၊ ရေသန့်ဘူးများ ဖိနပ် များဖြင့် ကွင်းထဲသို့ ပစ်ပေါက်ခဲ့ကြောင်း၊ နောက်ပိုင်း FIFA ပွဲစဉ်များ၌ ဝင်ကြေးပေးကြည့်ရှုရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကြောင့် လူမျိုးနှင့် နိုင်ငံသိက္ခာကျဆင်းခဲ့ရကြောင်း ၂၀၁၁ ခုနှစ် သြဂုတ် ၁ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘောပွဲ သို့ မဟုတ် ဆဲပွဲ


မြန်မာ-အိုမန်ဘောလုံးပွဲ အကြမ်းဖက်ပရိသတ်များကို စတင်အရေးယူတော့မည်။

ပွဲချိန်မိနစ် ၄၀ခန့်သာ ကစားခဲ့ရပြီး ပရိသတ်များကို ထိန်းသိမ်း၍ မရတော့သဖြင့် ပြိုင်ပွဲရပ်ဆိုင်းခဲ့ရသော ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဇုန် ဒုတိယအဆင့်မြန်မာအသင်းနှင့် အိုမန်အသင်းတို့၏ ပွဲစဉ်တွင် အကြမ်းဖက်ခဲ့သော သူများကို ဓာတ်ပုံအထောက်အထားများဖြင့် အရေး ယူမှုများ စတင်ပြုလုပ်နေကြောင်း မျက်မြင်တွေ့ကြုံနေရသူများက ပြောကြားသည်။ ဘောလုံးပွဲစဉ်တွင် အကြမ်းဖက်မှုပြု လုပ်ခဲ့သော ပရိသတ်များအား အရေးယူမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေရှင်ျးေဆာင်ရွက်သွားရန် အစည်းအဝေးပြုလုပ်နေကြောင်းတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဇူလိုင်လ ၂၉ ရက်နေ့နေ့လယ် ၁၂နာရီခန့်ကပြောကြားသည်။
“ကျွန်တော်တို့ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး FIFAကဘယ်လိုအရေးယူမယ်ဆိုတာမသိသေးဘူး။ အကြမ်းအားဖြင့် FIFA ကကျင်းပတဲ့ ပွဲနဲ့ပတ်သက်ပြီး အဲဒီကွင်းထဲ ပစ္စည်းတစ်ခုကျရင်ဒေါ်လာ ၅၀၀၀လောက်ဒဏ်ငွေပေးရတယ်။ အခုဘယ်လိုလာမလဲမသိဘူး” ဟုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ဇူလိုင်လ မွန်းလဲ ၁နာရီခန့်က ပြောကြားသည်။ ယင်းနေ့ပွဲစဉ်က ပွဲချိန် ၃၈ မိနစ်ခန့်၌ ပရိသတ် ၃၀၀၀၀ကျော်ထဲမှ ၃၀၀၊ ၄၀၀ ခန့်က ခုံများရိုက်ချိုးခြင်း၊ သံတိုင်များချိုးခြင်း၊ ရေသန့်ဘူးများ ဖိနပ် များဖြင့် ကွင်းထဲသို့ ပစ်ပေါက်ခဲ့ကြောင်း၊ နောက်ပိုင်း FIFA ပွဲစဉ်များ၌ ဝင်ကြေးပေးကြည့်ရှုရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကြောင့် လူမျိုးနှင့် နိုင်ငံသိက္ခာကျဆင်းခဲ့ရကြောင်း ၂၀၁၁ ခုနှစ် သြဂုတ် ၁ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကောနေသော အမိ ဧရာဝတီ


ဧရာဝတီမြစ်ရေ လျော့နည်းချိန်တွင် အချို့နေရာများ၌ လမ်းလျှောက်ဖြတ်ကူးနိုင်သည်အထိ ဖြစ်နေသောကြောင့် ၄င်းကိုထိခိုက်စေသော လုပ်ငန်းမှန်သမျှကို တားဆီးပေးရန် လိုအပ်နေပြီဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တို့က ဆိုသည်။ ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသများတွင် အဆမတန် သစ်ခုတ်လှဲမှုများ၊ ရွှေအပါအဝင် ဓါတ်သတ္တုများ အလွန်အကျွံ တူးဖော်ခြင်းများကြောင့် အဓိကတိမ်ကောလာခြင်းဖြစ်ပြီး မြစ်ထဲတွင် သောင်များဖြစ်ထွန်းလာမှုနှင့်အတူ ရေကြောင်းများ ပြောင်းလဲလာခြင်း၊ ရေကြောင်း ပြောင်းလဲမှု ပိုမိုခက်ခဲလာခြင်းနှင့် အချိန်အခါမဟုတ် ရေကြီးခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ “နွေရာသီဆိုရင် စစ်ကိုင်းရဲ့ တချို့နေရာတွေမှာ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ကမ်း သည်ဘက်ကမ်း ခြေလျက်ဖြတ်ကူးလို့ ရနေပြီ။ ရေက ဒူးဆစ်လောက်ပဲ ရှိမယ်။ နောက်ပြီး စစ်ကိုင်းဝန်းကျင်မှာ ဧရာဝတီမြစ်ရေက အရမ်းနည်းနေတဲ့အတွက် စစ်ကိုင်းမြို့အတွက် ရေပေးဝေရေးကိုလည်း ထိခိုက်စေတယ်” ဟု FREDA အသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။

ယခု ဧရာဝတီသည် ယခင်က ဧရာဝတီနှင့် လုံးဝကွဲပြားခြားနားသွားပြီဖြစ်ကြောင်း ဗေဒသဘော၊ လူမှုစီးပွားရေး၊ ရေအရင်းအမြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကူးသန်းသွားလာရေးတို့အပြင် သမိုင်းယဉ်ကျေးမှုအမြင်တွင်လည်း လှပပျိုမျစ်စွာ စီးဆင်းနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ “ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကြောင့် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတယ်။ ဘာပဲလုပ်လုပ်ပေါ့။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဧရာဝတီကို အန္တရာယ်ပေးနိုင်တဲ့ဟာမျိုးဆိုရင် မလုပ်ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်” ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ရှစ်လေးလုံးအရေးတော်ပုံမှ ပြောနေသည်

*ရေးသူ-အာကာထက်* { မိုးမခ }
ရှစ်လေးလုံးသည် အရေးအခင်းမဟုတ် ၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးပြီးလျှင် ဒုတိယမြောက် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဖြစ်သည် (ဆရာကြီး ဒဂုန်တာရာ)

ရှစ်လေးလုံးသည် ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည် (ဒေါ်အောင်ဆန်းစုကြည်)


ကျုပ်တို့ကျောင်းသားတွေဟာ ကွန်ပါဘူး မရလို့၊ ဘောပင် မရလို့ လမ်းမတွေပေါ်ထွက်ပြီး သောက်ကမြင်းကျောထကြတာ မဟုတ်ဘူး။ မတရားမှုကို တော်လှန်ဖို့အတွက် ကျောင်းခန်းတွေထဲက ထွက်လာတာဖြစ်တယ် (မင်းကိုနိုင် - ၁၉၈၉ ပြည်ထောင်စုနေ့ ဒီ/ငြိမ်း ဌာနချုပ်)


စစ်တပ်ဆိုတာ မိုးပေါ်ကို ထောင်မပစ်ဘူး။ ပစ်ရင် မှန်အောင်ပစ်တယ် (အာဏာရှင်ဟောင်း ဦးနေဝင်း - ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်လေးတွင် တိုင်းပြည်ကိုပြောသည့် မိန့်ခွန်း)




စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားပါနဲ့ (စစ်အာဏာသိမ်း ဒုတိယ ခေါင်းဆောင် ဦးအောင်ကြီး)။

အထက်ပါ စကားလုံးများသည် ကျနော်တို့တတွေရဲ့ နုနယ်သည့် ကျောင်းသားဘဝမှာပင် မိမိ တိုင်းပြည်မှာ ဘာတွေဖြစ်နေသည်၊ ဘာတွေလုပ်ရမည်၊ ဘယ်သူတွေသည် အမှန်တရားရဲ့ဘက်တော်သား ဖြစ်သည်၊ မည်သူတွေသည် တိုင်းပြည်ကို ဖျက်စီးနေသူများဖြစ်သည် ဆိုသည်ကို ဆုံးဖြတ်ပေးခဲ့သည့် စကားလုံးများပင် ဖြစ်ပေသည်။ မိမိတိုင်းပြည်ကိုလည်း နောက်ပြန် လှည့်ကြည့်မိလိုက်သည့်အချက်များ ဖြစ်ခဲ့ရပေသည်။

ကျောင်းသားဘဝဆိုသည်မှာ ပျော်ရွှင်မှုများအတည့်ဖြင့် ရှေ့တက်လှမ်းမည်ဟု မျှော်လင့်မိခဲ့သော်လည်း ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့် လူမဆန်သည့် လုပ်ရပ်ပိုင်ရှင် ဦးနေဝင်း စကားလုံးသည် နုနယ်သည့် ကျနော်တို့ဘဝများစွာကို နာကျည်းစရာစိတ်၊ တော်လှန်ရေးဆိုသည့်ဘဝ၊ တော်လှန်ရမည်ဆိုသည့် အသိစိတ်များကိုစတင် ကိန်အောင်းလိုက်စေခဲ့ပေသည်။

အထက်ပါ အဆိုအမိန့်များတွင် အပေါ်မှ အဆိုအမိန့်ပိုင်ရှင် ၃ ဦးသည် တတိုင်းပြည်လုံး လေးစားရသောသူ ၃ ဦးဖြစ်ပြီး အောက်မှ အဆိုအမိန့်ပိုင်ရှင် ၂ ဦးမှာတော့ တိုင်းပြည်ကို စစ်ကျွန်စနစ်သို့ စနစ်တကျ သွတ်သွင်းခဲ့သူ ၂ ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပေသည်။

၁၉၆၂ မှသည် ၁၉၈၈ အထိ တိုင်းပြည်တွင် စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေရန် အရောင်အမျိုးမျိုးပြောင်းလဲပြီး အုပ်ချုပ်ခဲ့သူများလည်း ဖြစ်ပေသည်။ ထို ခေတ်ဆိုး စနစ်ဆိုးကာလများကို အပြီးတိုင် ခြေမှုန်းသုတ်သင်လိုက်သည့် ရှစ်လေးလုံးအရေးတော်ပုံကြီးကို စတင်မွေးဖွာပေးလိုက်ရာ ရန်ကုန်စက်မှု တက္ကသိုလ်မှ လွင့်ထွက်လာသည့် မီးပွားသည် နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် ခိုအောင်းနေခဲ့သည့် ယမ်းအိုးပေါ်သို့ ကျရောက်ခဲ့ပေသည်။

ကျောင်းသားများ ဦးဆောင်မှုဖြင့် တတိုင်းပြည်လုံး ထကြွတော်လှန်ခဲ့သည့် ၈. ၈. ၈၈ ရှစ်လေးလုံး အရေးတော်ပုံနေ့ကြီးသည် မြန်မာတွင်မက ကမ္ဘာသို့ပင် ကျော်ကြားခဲ့ရပေသည်။ အာဇာနည် ထောင်ပေါင်း များစွာတို့မှာ အသက်ပေါင်းများစွာ ဘဝပေါင်းများစွာကို ပေးဆပ်ခဲ့ရပေသည်။ ပေးဆပ်နေရတုန်းပင် ဖြစ်ပေသည်။

ကျနော်တို့ကိုယ်တိုင်ဆင်နွှဲခဲ့သည့် ရှစ်လေးလုံးတိုက်ပွဲသည် မဆလ တပါတီစနစ်ဆိုးကို အပြီးတိုင်ချေမှုန်းခဲ့ပြီးလည်း ဖြစ်ပေသည်။ ထိုသည်ကိုပင် ဦးအောင်ကြီးမှ ဦးနေဝင်း ကိုယ်တိုင်ကပင် ရိုက်ခွဲဖျက်စီးလိုက်သည်ဟုပင် ပြောခဲ့သေးသည်။ (သူ့အဆိုအရ မဆလ အိုးချမ်းပဲ့ပါတီ) အမှန်မှာ လူထုတော်လှန်ရေးကို သေးသိမ်အောင်ပြောချင်းပင် ဖြစ်ပါသည်။ မဆလ လက်ဝေခံ စစ်ခေါင်းဆောင် အဆက်ဆက်မှ ရှစ်လေးလုံးနေ့ကို သေးသိမ်ပပျောက်အောင် နည်းမျိုးစုံဖြင့် ဖျောက်ဖျက်နေသော်လည်း ကျနော်တို့မျိုးဆက်များမှ ထိုနေ့ရောက် တိုင်းပြည်တွင်း၊ ပြည်ပတွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၃ နှစ်ကာလသို့ပင် ရောက်ရှိခဲ့ပေသည်။

သမိုင်းဆိုသည်မှာ မည်သို့မှ ဖျောက်ဖျက်၍ မရသလို၊ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားသူများသည် သမိုင်း၏တရားခံများပင် ဖြစ်ပေသည်။ သမိုင်းဆိုသည်မှာ မှန်သည် မှားသည်မရှိ၊ တကယ်ဖြစ်ခဲ့သည်ကို သမိုင်းဟု ခေါ်ပါသည်။ ထို့ကြောင့် ထိုနေ့ ထိုရက်ကိုရောက်တိုင်း ကျနော်တို့ ရင်ထဲမှာ လက်ဆုပ်လက်ကိုင်မပြနိုင်သည့် ခံစားချက်တွေကို ကိုယ်စီကိုယ်စီ ခံစားနေကြမည်။ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ တော်လှန်ဖက် သူငယ်ချင်းများ ရင်ထဲတွင်လည်း ထိုခံစားချက်မျိုး ရှိနေမည်ဆိုသည်ကို ကျနော် ယုံကြည်မိနေပါသည်။ ထိုနည်းအတူ သားပျောက် မိခင်များ၊ သားသမီးကို ရှင်ကွဲခွဲနေရသည့် မိခင် ဖခင်များလည်း ထိုနည်းတူစွာ အောက့်မေ တသသ ဖြစ်နေကြပေမည်။

ကျနော်တို့ မှီတင်းနေထိုင်ရာ အမိနိုင်ငံတော်ကြီးသည်ကား ရှေးပဒေသရာဇ်တွေလက်ထက် မှသည် ယနေ့အထိ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့် ရှင်သန်နေရသည်မှာ အင်မတန်မှ နည်ကျည်းဖွယ်ရာအတိပင် ဖြစ်ပေသည်။

ထိုအရေးတော်ပုံကြီးမှ ကျနော်တို့အား များစွာသော သင်္ခန်းစာတွေကို ပေးခဲ့ပေသည်။ ကျနော်တို့လုပ်နိုင်ခဲ့သည်မှာ ပြည်သူလူထုကို တော်လှန်ရေးထဲသို့ ပါဝင်လာအောင် လှုံ့ဆော်နိုင်ခဲ့ပြီး မတရားသည့် တပါတီစနစ်အား မြေလှန်ခဲ့သော်လည်း ကျနော်တို့တွင် တိကျသည့် ဦးဆောင်မှုစနစ် မရှိခြင်း၊ တိကျသေချာသည့် ညီညွတ်ရေးလမ်းစဉ်များ မရှိခြင်း၊ အပြန်အလှန် လေးစားသည့်စနစ်ကို မတည်ဆောင်နိုင်ခြင်း၊ စစ်အာဏာရှင်တို့၏ ပရိယာယ်ကို ကြိုတင် မဆန်းစစ်နိုင်ခြင်း၊ မိမိ လုပ်သင့်လုပ်ထိုက်သည့်အခြေအနေတွင် တွေဝေနေခဲ့ခြင်း၊ မာန်မာန တရားတွေအား ပြိုင်နေခြင်းများဖြင့် အချိန်များကုန်ခဲ့ရပေသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးမှလည်း မင်းတို့ကောင်တွေ ဒါတွေဖြစ်နေပြီဆိုတာကို မီးမောင်းထိုးပြခဲ့ပေသည်။ ထို့ကြောင့် အင်အားကြီးမားသည့် ကျနော်တို့ မြန်မာ့တော်လှန်ရေးလှိုင်းကြီးသည်လည်း တဖြည်းဖြည်း အင်အားချိနဲ့ခဲ့ပြီး အောင်မြင်မှုနဲ့ ဝေးခဲ့ရပေသည်။ အထူးသဖြင့် ခေါင်းဆောင်ဆိုသူများ ညီညွတ်ရေးတရားဟောနေသူများ ကိုယ်တိုင်ပင် ညီညွတ်ရေးများ ပျက်စီးနေသည်ကို တွေ့ရပေသည်။

ယနေ့အချိန်အခါတွင် တော်လှန်ရေးသမားများ၊ ဒီမိုကရက်တစ်ဆိုသူများကိုယ်တိုင် ပြန်ဆန်းစစ်သင့်သည်မှာ မိမိအနေဖြင့်ရော ဒီမိုကရေစီကျင့်စဉ်ကို တကယ်တမ်း ယုံကြည်နေပါသလား၊ တကယ်ရော ကျင့်သုံးနေပါသလား ဆိုသည်ပင်ဖြစ်သည်။

အများအားဖြင့် တွေ့ရသည်မှာ အများစုသဘောထားကို လက်ခံသည်၊ အနည်းစုသဘောထားကို လေးစားသည်ဟု ယျေဘူယ ပြောနေသော်ငြားလည်း၊ တကယ်တမ်း တွေ့နေရသည်မှာ မိမိနှင့် သဘောထား မတိုက်ဆိုင်လျှင် လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို လိုအပ်ရင် နောက်ထပ် တဖွဲ့ထောင်ရန် ဝန်မလေးတော့ပါ။

အများဘက်မှ ရပ်တည်သူများကလည်း အနည်းစုကို ရန်သူလို သဘောထားပြီး အဖွဲ့အတွင်းမှဖယ်ထုတ်ရန် ကြိုးစားကြပေသည်။ အုပ်စုဖွဲ့ခြင်း တဦးဦးနှင့်အားပြိုင်ခြင်း၊ မင်း ဘာကောင် ငါ ဘာကောင် ဆိုသည့် အစွယ်များကို ရသည့်နေရာကနေ ထုတ်ပြတတ်ကြပေသည်။ ထိုကဲ့သို့ အတွေးအခေါ်များကြောင့် မိမိအဖွဲ့အစည်းတွင် အင်အားများ ချို့တဲ့ပြီး သူ့အလိုလို ပြိုကွဲ ပျက်စီးခဲ့သည့် သာဓက များစွာရှိခဲ့ပေသည်။

ဒါကြောင့်လည်း စစ်အာဏာရှင်စနစ်မှာ တကျော့ပြန် ခေါင်းထောင်နေခြင်းဖြင့် ကြုံတွေ့ခဲ့ရပေသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ထိုသို့သော ဖြစ်ရပ်များကို မျက်ရည်စက်လက်ဖြင့် ယူကြုံးမရဖြစ်နေမည်မှာ သေချာပါသည်။ ကျဆုံးသွားခဲ့သော အာဇာနည် အထောင်သောင်းတို့ကလည်း ကျနော်တို့အား သေချာပေါက် အသုံးမကျတဲ့ကောင်တွေအဖြစ် သတ်မှတ်နေမည်မှာ မလွဲပါ။

ထို့ကြောင့် နောင်လာမည့်ကာလများတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေးနေသည့် သင်္ခန်းစာများကို သေချာစွာယူကြရင်း အနာဂတ်တိုင်းပြည်အတွက်၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအရေးအတွက် ညီညွတ်သော၊ လေးစားမှု အပြည့်ရှိသော၊ အချောင်သမား စိတ်ကင်းစင်သော၊ စိတ်ကောင်း စေတနာကောင်းများကို မွေးမြူနိုင်မှသာ မြန်မာပြည်ကြီး တိုးတက်အောင်မြင်မည် ဖြစ်ပေသည်။

ယနေ့အချိန်အခါတွင် ကျနော်တို့တွင် မှန်ကန်တိကျသည့်၊ ပြည်သူ့မျက်နှာကိုသာကြည့်သည့် ခေါင်းဆောင်ကောင်းတွေ ရှိနေပါသည်၊ ထိုခေါင်းဆောင်များကို ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ သူတို့တတွေသည် ပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာဖို့အတွက် ပြည်သူ့မျက်ရည်များ ထာဝရတိတ်သွားစေရန်အတွက် မီးပုံထဲတွင်ကနေသည့် သူရဲကောင်းငှက်များပင် ဖြစ်ပါသည်။ ထိုသူများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများပင် ဖြစ်ပါသည်။

ကျနော်တို့အားလုံး ထိုခေါင်းဆောင်များနောက်သို့ နောက်လိုက်ကောင်းများ ပီသစွာဖြင့် အတူလက်တွဲပြီး ချီတက်ရန်သာ ဖြစ်ပါသည်။ ဖြစ်ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ ဘယ်လမ်းကိုလိုက်မလဲဆိုသည်ကို တိကျစွာဆုံးဖြတ်ဖို့ အချိန်ရောက်နေပေပြီ။

ယနေ့ အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသည့် လှိုင်းဆိုသည်မျိုးကို ကျနော်တို့ မြန်မာနိုင်ငံက လွန်ခဲ့သည့် ၂၃ နှစ်မှာကတည်းက စတင်ပြီးခဲ့ပြီဖြစ်သည်။ ကျနော်တို့လူမျိုးတွေ မညံ့ပါ။ သို့သော် တူနီးရှားလို၊ အီဂျစ်လိုနိုင်ငံများတွင် အောင်မြင်မှု ရနေပေသည်။ ကျနော်တို့ မအောင်မြင်သေးပါ။ အင်မတန်မှ ဝမ်းနည်းစရာကောင်းလှပါသည်။ သို့သော် ကျနော်တို့ ဇွဲလျှော့စရာ မလိုပါ၊ ယုံကြည်ချက်ပြည့်ဝစွာဖြင့် ရှစ်လေးလုံးအချိန်က စိတ်ဓာတ်ကို မွေးမြူရင်း မပြီးဆုံးသေးသည့်တိုက်ပွဲအား ဆက်လက်တိုက်ပွဲ ဝင်နေရဦးမည်ဖြစ်ပါသည်။

ရှစ်လေးလုံးအရေးတော်ပုံနေ့ ကမ္ဘာတည်သရွေ့ တည်ရှိရမည်။
ပြည်သူကို မတရားအနိုင်ကျင့် စော်ကားသူများ ကျဆုံးရမည်။

ဒီမိုကရေစီရေးတိုက်ပွဲ ချွင်းချက်မရှိ အောင်မြင်ရမည်။
ကျဆုံးသွားသော အာဇာနည် သူရဲကောင်းအပေါင်းအား အစဉ်လေးစား ဂုဏ်ပြုလျှက်။

-အာကာထက်
{ မိုးမခ }
ဇူလိုင် ၂၉၊ ၂၀၁၁

အပြည့်အစုံသတင်းဖတ်ရန်....

၂၀၀၇ သံဃာ့လှုပ်ရှားမှု အကြောင်း သတင်းပို့သူ ရွှေသံစဉ် ကိုဝင်းမော်- *

ရေးသူ-သားကြီး(AAPP)* { မိုးမခ }

"---ရသမျှ သစ်တို သစ်စလေးတွေနဲ့ ဂစ်တာတလက် ဖြစ်အောင် ဖန်တီးပြီး ဘ၀တူ နိုင်ငံရေး အကျဉ်းသား ညီငယ်တွေကို ဂစ်တာတီး သင်ပေးရင်း ကိုယ်ပိုင် သီချင်းလေးတွေကို ရေးဖွဲ့ခဲ့ပါသေးတယ်။ ထောင်တွင်း ရှာဖွေရေး လာချိန်မှာတော့ ဂစ်တာလေးကို တစစီ ဖြုတ်ရ၊ ဖွက်ရ၊ ပြီးမှ ပြန်ဆင်ရတာပေါ့လေ---"

နူးညံ့တဲ့ နှလုံးသားနဲ့ဂီတသမားတယောက်ဘ၀ကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေး သမားတယောက်အဖြစ် ဘ၀ တဆစ်ချိုး ပြောင်းခဲ့ရသူတယောက် ဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင်က “Computer Control” အမည်ရှိ တီးဝိုင်းမှာ လိဒ် ဂီတာသမား တစ်ယောက် အဖြစ် ရှိနေခဲ့တဲ့သူ။ “ရွှေသံစဉ်” ဂစ်တာဝိုင်းကို ဦးဆောင်ခဲ့သူ။ ၈၈ အရေးတော်ပုံကြီးထဲမှာ အနုပညာသည်အုပ်စုတွေနဲ့ ပါဝင်ခဲ့သူပါ။

၁၉၉၆ ခုနှစ် နိုဝင်ဘာလ မှာတော့ ‘၈၈ တော်လှန်ရေးနှင့် စွန့်လွှတ်ခြင်း’ ‘ခွပ်ဒေါင်းဝိဥာဉ်’ အမည်ရှိ တေးသီချင်းများနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံ သီဆိုခဲ့တဲ့အတွက် အစိုးရကို ဆန့်ကျင်တယ်လို့ စွပ်စွဲခံရပြီး ပုဒ်မ ၅(ည) နဲ့ ထောင်၇ နှစ် ချခံရပါတယ်။

အဲဒီအချိန် အပြင်မှာတော့ ဖခင်ကြီး။ ဇနီး မသဇင်။ သားသမီး ၄ ယောက် ကျန်ခဲ့ပါတယ်။ ၁၉၉၇ နိုဝင်ဘာမှာတော့ မိသားစုနဲ့ဝေးရာ တောင်ငူထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

တောင်ငူထောင်ထဲမှာ နေထိုင်ရစဉ် ကာလမှာ ဘ၀တူ နိုင်ငံရေး အကျဉ်းသား ရဲဘော်များရဲ့ အချစ်ခင်ရဆုံး ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။ စိတ်ရှည်တယ်၊ သီးခံတတ်တယ်၊ ညှာတာမှုရှိတယ်၊ ရပ်တည်ချက်ရှိတယ် ဆိုတာ ကိုဝင်းမော်ရဲ့ အရည်အချင်းတွေပါပဲ။

အကျဉ်းထောင်ထဲ၊ တိုက်ခန်းလေးထဲမှာ နေနေရစဉ် ရသမျှ သစ်တို သစ်စလေးတွေနဲ့ ဂစ်တာတလက် ဖြစ်အောင် ဖန်တီးပြီး ဘ၀တူ နိုင်ငံရေး အကျဉ်းသား ညီငယ်တွေကို ဂစ်တာတီး သင်ပေးရင်း ကိုယ်ပိုင် သီချင်းလေးတွေကို ရေးဖွဲ့ခဲ့ပါသေးတယ်။ ထောင်တွင်း ရှာဖွေရေး လာချိန်မှာတော့ ဂစ်တာလေးကို တစစီ ဖြုတ်ရ၊ ဖွက်ရ၊ ပြီးမှ ပြန်ဆင်ရတာပေါ့လေ။

၁၉၉၉ ဇန်န၀ါရီ ၃၁ (နှစ် ၅၀ ပြည့် ကရင်တော်လှန်ရေးနေ့) အထိမ်းအမှတ်ပွဲလေး တောင်ငူထောင်ထဲမှာ ထောင်ကျ KNU ရဲဘော်တွေက စီစဉ်ကြတယ်။ အဲဒီပွဲလေးအတွက် KNU ရဲဘော်တွေနဲ့ ကိုဝင်းမော်က ပူးပေါင်းလို့ သီချင်းတပုဒ် ရေးခဲ့ပါတယ်။ အဲဒီသီချင်းက “ထော်ကော်သူးလေ ထော်” တကယ့်ကို အမှတ်တယ ဖြစ်စေခဲ့တဲ့ သီချင်းပါ။ “နီထောသော ရာသီဦးမှာ လွမ်းစရာ့မြေ၊ တို့ရိုးရာဓလေ့ရဲ့ အသံ ‘ဘိပန်’ နားမှာ စွဲလို့လေ၊ တို့မျှော်လင့်ခြင်းတွေ” ရင်ထဲမှာ အမြဲ သတိရစေတဲ့ သီချင်းလေးပါ။

အကျဉ်းထောင်ထဲမှာ နေနေရစဉ် “ချယ်ရီ” “ဧည့်ဆိုး” “freedon from fear” အစရှိတဲ့ သူဖန်တီးခဲ့တဲ့ သီချင်းတွေ အများကြီးပါ။
ကိုဝင်းမော်က ၂၀၀၂ နိုဝင်ဘာ ၂၁ ရက်မှာ ထောင်က လွတ်ပါတယ်။ အဲဒီနောက် ထောင်ကျနေစဉ်ကာလ ယိမ်းယိုင်ခဲ့ရတဲ့ မိသားစုဘ၀ ကို ကြိုးစား တည်ဆောက်ရင်း “အလင်္ကာ” ဆိုတဲ့ ဂစ်တာဝိုင်းတခု ပြန်ပြီး ထူထောင်နိုင်ခဲ့ပါတယ်။

မိသားစုဘ၀မှာ အိမ်ထောင်ဦးစီး တယောက် အနေနဲ့ ဖခင်ကြီး၊ ဇနီး၊ သားသမီး ၄ ယောက်ကို တာဝန်ယူ ဦးဆောင်နေသူ ဖြစ်ပေမယ့်လည်း ထောင်တွင်း အတူနေခဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တွေ့ဆုံလို့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် အမြဲ ဆွေးနွေး၊ တိုင်ပင်၊ အကြံပေးနေသူပါ။ လွတ်လပ် ပွင့်လင်းတဲ့ အနုပညာသမားတယောက် အနေနဲ့ မြန်မာပြည်ရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို အမြဲ လိုလားနေသူပါ။

ဒီလိုနဲ့ ကိုဝင်းမော်ဟာ ဂစ်တာသမားတယောက် အဖြစ် ရပ်တည်နေပေမယ့်လည်း ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုတွေ၊ ကြေကွဲစရာတွေကို မှတ်တမ်းတင်တဲ့သူ၊ ထုတ်ဖော်သူ ဖြစ်လာပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဖြစ်လာချိန်မှာတော့ ကိုဝင်းမော်ဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှု၊ ဘာသာတရားအပေါ် စော်ကားမှု၊ လူမဆံမှုတွေကို ဒီမိုကရက်တစ် မြန်မာ့အသံကနေ ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့သူ တဦး ဖြစ်လာပါတယ်။

၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကိုဝင်းမော် ဖမ်းဆီးခံရတယ်။ စစ်ကြောရေးကာလတွင်း ပြင်းပြင်းထန်ထန် နှိပ်စက်ခံရကာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်၊ သံတွဲထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ တဖန် ၂၀၁၁ အတွင်းမှာ ကျောက်ဖြူထောင်ကို ထပ်မံ ပြောင်းရွှေ့ခံရပါတယ်

ဂစ်တာသမား၊ အနုပညာသမားတယောက်ရဲ့ စိတ်ဓာတ်ကတော့ ဖိနှိုပ်မှုကို ဆန့်ကျင်လို့ လွတ်လပ်မှုကို အမြဲ လိုလားနေဆဲပါ။
“ကိုဝင်းမော် တယောက် ဖခင်ကြီး၊ ချစ်တဲ့ဇနီး၊ သားသမီးများနဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပါစေ။”

-သားကြီး(AAPP)
ဇူလိုင် ၃၀၊ ၂၀၁၁

အပြည့်အစုံသတင်းဖတ်ရန်....

Friday, July 29, 2011

၁၉၇၅ ၇၆ ၇၇ ဘော့လုံး အသင်း တွေရဲ့ ခြေမမှီသေးတဲ့  မြန်မာ့ အသင်း

မြန်မာပရိသတ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲပျက် ရန်ပိုင် Thursday, 28 July 2011 19:32 (ပေးပို့ သူ ဗမာ့သွေး)
ကမ္ဘာဖလားခြေစစ်ပွဲ အတွက် မြန်မာနှင့် အိုမန်အသင်းတို့ ယနေ့ညနေက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ရာ မြန်မာအသင်း ၂ ဂိုးရှုံးပြီးချိန်တွင် ပရိသတ်က ကွင်းအတွင်းသို့ ရေသန့်ဗူး၊ ပုလင်း၊ ခဲ၊ ချွန်ထက်သော အရာများနှင့် ပစ်ပေါက်သည့် အတွက် ပွဲပျက်သွားသည်။



ပွဲစပြီး ၂၁ မိနစ်တွင် အိုမန်အသင်းမှ ကျောနံပါတ် ၂၀ က အဖွင့်ဂိုးကို သွင်းယူလိုက်သည့် အတွက် အိုမန်က တဂိုးအသာဖြင့် ဦးဆောင်နေပြီး ၃၇ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ ပေးခံရသည်။

ပရိသတ် အားပေးသံများ ပိုမို ဆူညံလာပြီး မကြာမီ ကွင်းအတွင်းသို့ ပစ်ပေါက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ကွင်း လေးဘက်လေးတန်ရှိ လုံခြုံရေး ရဲများကိုပါ ရေသန့်ဗူးများ၊ ထီးများ၊ ချွန်ထက်သော၊ မာကျော အရာများဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ထိုပစ်ပေါက်မှုကြောင့် အရန်ခုံတန်းတွင် ထိုင်နေသည် အိုမန်ဘောလုံးသမားတဦး၏ ဦးခေါင်းကို ထိခိုက်မိသွားသည်။ ဒိုင်လူကြီး၊ နှစ်ဘက် နည်းပြ တချို့ နှင့် လူ ၂၀ ခန့် ဒဏ်ရာ ရသွားကြောင်း The Voice ဂျာနယ် အင်တာနက်စာမျက်နှာရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက တားမြစ်သော်လည်း ထိုပရိသတ်တို့က ဆက်လက် ပစ်ပေါက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုသို့သော ဆူပူမှုများကြောင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်၏ အရေးယူခြင်းကို မြန်မာဘောလုံး အသင်းခံရဖွယ်ရှိသည်၊ မြန်မာဘောလုံးအသင်း အိမ်ကွင်း ကစားခွင့် ပိတ်ပင်ခံရဖွယ် ရှိသည့် အပြင် ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်ဟု ဦးဇော်ဇော်က The Voice ဂျာနယ်ကို ပြောသည်။

အိုမန်မြေပေါ်တွင် ပထမအကျော့ ကစားစဉ်က မြန်မာအသင်း၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ရသည့်အတွက် ယခု အိမ်ကွင်းတွင် ပရိသတ်၏ အားဖြင့် အနိုင်ကစားရန် မျှော်လင့်ထားပြီး ပရိသတ်များလည်း တခဲနက် အားပေးရန် နေ့လယ် ၁၂နာရီ ၀န်းကျင်ကပင် ကွင်းအတွင်း ၀င်ရောက် နေယူထားခဲ့ကြသည်။

ပရိသတ် ကွင်းလုံးပြည့်သွားသည်အပြင် ပွဲမစခင်ကတည်းကပင် လက်မှတ်အတုများ ပျံ့နေသည်အတွက် ကွင်းလျှံထွက်သွားသည်။ မီးရှုးစင်ပေါ်အထိ တက်ရောက်ကြည့်ရှု ပေးရသူများပင် ရှိခဲ့သည်။

မြန်မာအသင်း ကွင်းထဲသို့ ၀င်လာစဉ် ပရိသတ်က "မြန်မာ၊ မြန်မာ" ဟူသော ကြွေးကြော်သံများကို ကွင်းလုံးညံအောင် ဟစ်အော်ကာ နိုင်ငံတော်သီချင်းကို သီဆို အားပေးသံများဖြင့် ဆူညံနေသည်ကို မြန်မာ့ရုပ်မြင်သံကြား၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တွေ့ရသည်။ ရုတ်ရုတ်သဲသဲဖြစ်ချိန်တွင် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို ရပ်လိုက်သည်။

ယခုအခါ အာရှဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက အိုမန်အသင်း အား အနိုင်ပေးလိုက်သဖြင့် အိုမန် အသင်းသည် နှစ်ပွဲပေါင်း ၄ဂိုးပြတ်ဖြင့် အနိုင်ရသွားပြီ ဖြစ်သည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်မလုပ်ရန် KNU တားမြစ်

ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် ကေအိုင်စီ (ပေးပို့ သူ ဗမာ့သွေး)
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဆက်သွယ် မည့် ထားဝယ်-ကန်ချနပူရီ အဝေးပြေးလမ်းဖောက် လုပ်နေ သည့် ဆောက်လုပ် ရေးလုပ်ငန်းကို ထို ဒေသတွင် လှုပ်ရှားနေသည့်ကရင်အမျိုးသားအစည်း အရုံး KNU မှ တားမြစ်ထားသည်ဟုသိရသည်။

၎င်းစီမံကိန်း၏ ဆောက်လုပ်ရေး အလုပ်သမားများကို KNU မှ ဇူလိုင်လ အစောပိုင်းက တားဆီး ထားခြင်းဖြစ်ပြီး Italian-Thai Development Company မှ ၎င်းတို့၏ လုပ်ငန်း ပြန်လည် စတင်ရန်အတွက် ဇူလိုင်လ ၁၆ရက်နေ့ တွင် KNU နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဒီစီမံကိန်းလုပ်ငန်း စလုပ်လာပြီးတော့လေ ကျမတို့အနေနဲ့ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ အိုးအိမ်ပြောင်းရွှေ့မှု၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ နောက်တခုက လုံခြုံရေးအတွက် အဲဒီအချက် ၃ချက် မဖြစ်ပေါ်လာဖို့ တားဆီးသွားရမယ်။”ဟု ပြောသည်။

သို့သော် ထိုင်းဆောက်လုပ်ရေးတာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အကြောင်း အသေးစိတ်ကို KNU အနေနှင့် ရှင်းပြခဲ့ခြင်း မရှိ ပေ။

အဆိုပါကားလမ်းတလျှောက်တွင် ကရင်ကျေးရွာ စုစုပေါင်း ၂၁ရွာရှိသည့်အနက် ၈ရွာမှာ ကေအဲန်ယူနှင့် အစိုးရတပ်တို့ တိုက်ခိုက် ကြသည့် ၁၉၉၇နောက်ပိုင်း ဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ကြရ ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ် သက်ပြီး အချက်အလက်စုဆောင်းနေသည့် Burma Issue (BI) အဖွဲ့က ပြောသည်။

ကျန်ရှိနေသည့် ကရင်ကျေးရွာ ၁၃ရွာမှ ကရင်ဒေသခံလူထုမှာ ခြံစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်း ကြောင်းပြုလျှက်ရှိပြီး လက်ရှိအချိန်တွင် ပြောင်းရွှေ့နေထိုင်မှုများမရှိသေးကြောင်း လည်း BI က ပြောဆိုသည်။

ထားဝယ်-ကန်ချနပူရီသို့ ဆက်သွယ်သည့် ၆လမ်းသွားအဝေးပြေးလမ်းမကြီးတစ်လျှောက်သည်ကရင်အမျိုးသား အစည်းအရုံး (KNU) လှုပ်ရှားနေသည့်နယ်မြေ ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာရှိ နဘုလဲကျေးရွာ အပါအဝင် ရွာပေါင်း ၇ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး သို့သော် လက်ရှိ မှာ ကုမ္ပဏီမှ စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း တစုံတရာ လုပ်ဆောင်ခြင်းမျိုးမရှိသေး ကြောင်း ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် Italian-Thai Development က ထိုင်းဘတ်ငွေသန်း (ဘီလီယံ) ၄၀၀ကျော် ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ အတွက် အဆောက်အအုံများနှင့် စက်မှုဇုံနယ်မြေများ တည်ဆောက်ခြင်း၊ရေနံ ဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိစက်ရုံ၊လျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက်ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်ခြင်း၊ ကားလမ်းနှင့် ရထားလမ်းတစ်လျှောက် ရေနံပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါဝင်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း၌ တည်ရှိပြီးချဉ်းကပ် ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက် (LAD)-၁၅မီတာရှိ ဒီရေအမြင့် ကွာခြားချက် ၅မီတာရှိ GMSနှင့် BIMSTIC နိုင်ငံများ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အချိန်နှင့်ကုန်ကျစရိတ် လျော့ချနိုင်မည်ဆိပ်ကမ်း တွင် DWT ၅၀၀၀၀ရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် ရေနက် ဆိပ်ကမ်းဝန်ဆောင်မှုအပြင် နယ်စပ်ဖြတ်ကျော် အဝေးပြေးလမ်းမများနှင့် စက်မှုကုန်ထုတ်နယ်မြေများ ပါဝင်သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရှမ်းပြည်တောင်ပိုင်း တပ်များက အစိုးရ စစ်ယာဉ်တန်းကို ခြုံခိုတိုက်

ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် ကွန်းချမ်း (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်ကို ပိတ်ဆို့ဝန်းရံထားသည့် အစိုးရ တပ်ကို စစ်ကူပေးရန်လာသော စစ်ယာဉ်တန်း တခုကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-Sက ဗုဒ္ဓဟူးနေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ကြောင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

“ စစ်ရေးအရ တဖက်နဲ့ တဘက် ကူညီတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ ရှေ့တန်းတိုက်ပွဲမှာ တိုက်ရိုက်အကူအညီ မပေးနိုင်တာတောင်မှ ကျနော်တို့ ရှိနေတဲ့ ဒေသတဝိုက်မှာ ကျနော်တို့ ရန်သူတွေကို တိုက်ခိုက်ခြင်း အားဖြင့် လက်ရှိ ဖြစ်နေတဲ့ စစ်မျက်နှာပြင်တွေကို ကျနော်တို့ အကူအညီပေးခြင်း ဖြစ်ပါတယ်” ဟုဗိုလ်မှူး စိုင်းလောင် ဆိုင်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တပ်မတော်-တောင်ပိုင်းက မဟာမိတ်အဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟုလည်း ခေါ်တွင်သည့် ဗဟိုအစိုးရ၏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသော အဖွဲ့ကို ကူညီမှုဟုရည်ညွှန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

SSPP ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလှကလည်း SSA-S ၏ ခြုံခို တိုက်ခိုက်မှုသည် SSPP ကို စစ်ရေးအရ တနည်းတလမ်းဖြင့် အကူအညီပေးခြင်း ဖြစ်ကြောင်း သဘောတူညီသည်။

SSPP ဝမ်ဟိုင်းဌာနချူပ် တောင်ဘက် ၁ဝ မိုင်အကွာရှိ ဝမ်ကျိန်းကျေးရွာအုပ်စုအတွင်း ၁ဝ မိနစ်ကြာ ဖြစ်ပွားသည့် ခြုံခို တိုက်ခိုက်မှုကြောင့် မိုင်းနောင်မြို့ အခြေစိုက် စကခ ၂ လက်အောက်ခံ ခမရ ၅၇၇ မှ ဗိုလ်မှူးကြီး ဝင်းညွန့်နှင့် တပ်ကြပ်တဦး၊ တပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

သို့သော်လည်း မဇ္ဇျိမအနေနှင့် သီးခြားအတည်ပြုချက် မရရှိနိုင်ပါ။

ထိုနေ့တွင်ပင် ထော်လာဂျီကား ၅ စီးကို ချောဆွဲပြီး မိုင်းတုံတပ်စခန်းသို့ ရိက္ခာပို့သည့် ခမရ ၃၂၅ တပ်ကို SSPP ၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်က ၂ ကြိမ် ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

ပထမအကြိမ် တိုက်ခိုက်မှုတွင် တပ်သား တဦး ကျဆုံးပြီး၊ တပ်ကြပ်တဦး၊ ဒု တပ်ကြပ်တဦး အပါအဝင် ၅ ဦး ဒဏ်ရာ ရရှိကာ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ဒဏ်ရာရသူ အများအပြား ရှိသော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း သူက ပြောသည်။

ဇူလိုင်လ ၁၁ ရက်မှစ၍ အစိုးရတပ်က SSPP ၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ ၁၈ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသအတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ အထက်တန်းကျောင်းခွဲ တကျောင်း၊ ပရဟိတတကျောင်းနှင့် မူလတန်း ၁၃ ကျောင်းမှ ကျောင်းသူ ကျောင်းသား တထောင်ကျော် ယနေ့တိုင်
ကျောင်း မတက်နိုင်ဘဲ လုံခြုံရာသို့ တိမ်းရှောင်နေရပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။

လက်ရှိတွင် ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် အစိုးရတပ်များ ရောက်ရှိနေပြီး SSPP ဒေသဝန်းကျင်တွင် တပ်ရင်း ၂ဝ ခန့် တပ်စွဲထားသော်လည်း စခန်းသိမ်း ထိုးစစ်ဆင်မှု မဖြစ်ပွားသေးကြောင်း SSPP က ပြောသည်။

တနင်္လာနေ့က အစိုးရတပ်က ဒေသခံ သံဃာတော် ၂ ပါးကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း ပြည့်စုံ လုံလောက်သည့် ကမ်းလှမ်းခြင်း မဟုတ်ဟုဆိုကာ SSPP က လက်မခံခဲ့ပေ။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာစစ်တပ်အား စုပေါင်းတိုက်ခိုက်ရန် UNFC တိုက်တွန်း

ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ UNFC သည် အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နယ်မြေ အတွင်းဝင်ရောက် တပ်စွဲစခန်းချထားသည့် မြန်မာစစ်တပ်အားတစည်း တလုံးတည်း ဝိုင်းဝန်းတိုက်ခိုက်ကြရန် ယမန်နေ့က တိုက် တွန်းလိုက်ပါသည်။


“စစ်အုပ်စုကို ကျနော်တို့ တဖွဲ့ချင်း တိုက်နေလို့ အရာထင်မှာမဟုတ်ဘူး။ အချို့လဲ အရှိန်မြင့် တိုက်နေတယ်။ တချို့လဲ အရှိန်မြင့် တိုက်လို့မရတဲ့အခြေအနေမှာရှိတယ်။ ဒီတော့ နိုင်ငံရေးနဲ့ဘဲတိုက်တိုက်၊ စစ်ရေးနဲ့ဘဲ တိုက်တိုက် UNFC တဖွဲ့လုံး စည်းစည်းလုံး လုံးနဲ့ တချိန်ထဲ ထတိုက်မှဘဲ ရတော့မယ်။ ဒီအတွက် ကျနော်တို့ UNFC အနေနဲ့ ဆုံးဖြတ်ချက် တခု တော့ အမြန်ဆုံးရှိမှ ရတော့ မယ်” ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဂျူလိုင်လ ၂၇ ရက်ထုတ် အဆိုပါ နိုးဆော်စာ၌ UNFC ဒုတိယဥက္ကဌ အေဘယ်လ်တွိဒ် လက်မှတ်ရေးထိုး ထားပြီး ဦးသိန်းစိန်အစိုးရ ၏ ထိုးစစ် စစ်ဆင်တိုက်ခိုက်မှု ဦးတည်စီမံချက်မှာ စတုတ္ထဗမာ အင်ပါယာတည် ဆောက်ကာ တိုင်းရင်းသားများအား ဆက်လက် ကျွန်ပြုဖိနှိပ်သတ်ဖြတ်သွားမည်ဖြစ်ကြောင်း ပါရှိ၏။ ထို့အတွက် UNFC ၏ နိုင်ငံရေးဦးတည်ချက် မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်တိုင်းရင်းသား လူမျိုးတိုင်းတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့် အဝရရှိရေးတို့ပင်ဖြစ်သည် - ဟု ဆိုသည်။

“ဗမာအစိုးရ အဆက်ဆက်က တိုင်းရင်းသားအရေးတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လက်ခံချင်းမရှိ၊ အမြဲ ပယ်ချ ခံရ တယ်။ အခု သမ္မတ ဦးသိန်းစိန်ခေတ်မှာလဲ နိုင်ငံရေးနည်းနဲ့တိုင်းရင်းသားပြဿနာတွေကိုဖြေရှင်း မဲ့အစား စစ်ရေးနည်း နဲ့သာ ဖြေရှင်းလိုတဲ့ သဘောထားတွေ ရှိနေတယ်၊တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ နယ်မြေတွေမှာ တပ်တွေတိုးချဲ့ တည်ဆောက်၊ ထိုးစစ်တွေတိုးပွား လုပ်ဆောင်လာနေတယ်” - ဟု ပါရှိပါသည်။

ထို့အပြင် နိုးဆော်စာ၌ UNFC ၏ နိုင်ငံရေးဦးတည်ချက်ပန်းတိုင်သို့ မရောက် ရောက်အောင် မိမိနယ်မြေ ပေါ်တွင် စခန်းချ နေ ထိုင်ခြင်းနှင့် ထိုးစစ်၊ စစ်ဆင်နေသော ဦးသိန်းစိန်အစိုးရ၏ စစ်တပ်များကိုတညီတညွတ် တည်း ဝိုင်းဝန်းတိုက်ခိုက်သွားရန် - လည်း ဖေါ်ပြထားပါသည်။

ထိုင်းနယ်စပ်နေ သျှမ်းခေါင်းဆောင် တဦးက - UNFC အနေဖြင့်မည်မျှတိုက်တွန်းနေပါစေ၊ ပြည်ထောင်စု တပ်မတော် မပေါ်ထွန်း လာသ၍၊ စစ်မိန့်ပေးမယ့် ဗဟိုစစ်ဦးစီးချုပ်တခုတည်းမရှိသေးသ၍ထိရောက်မည်ဟုတ် ကြောင်း သုံးသပ်ပါသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC သည် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ များစုပေါင်း ဖွဲ့စည်းထားပြီး ပြည်ထောင်စုတပ်မတော် ပေါ်ထွန်းလာဖို့ရန်လည်း စိုင်းပြင်းနေသည်။

UNFC တွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင် လွတ်လပ်ရေးအဖွဲ့ချုပ် KIO ၊ ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ KNPP ၊ကရင်အမျိုးသား အစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီNMSP၊ သျှမ်းပြည်တိုးတက် ရေးပါတီ- သျှမ်းပြည်တပ်မတော် SSPP/SSA တို့ဖြစ် ကြသည်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကလေးများ စစ်တပ်ထဲရောင်းစားသူ တရားစွဲခံရ

ရန်ပိုင် Thursday, 28 July 2011 18:42 (ပေးပို့ သူ ဗမာ့သွေး)
အသက် မပြည့်သေးသည့် ကလေး ၂ ယောက်ကို လိမ်လည် ခေါ်ဆောင်ပြီး စစ်တပ်သို့ ရောင်းစားသည့် အမျိုးသမီးတဦးကို ကလေးမိဘများက ပြည်မြို့နယ် တရားရုံးတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၀ နေ့က ခေတ္တရာမြို့သစ် ရွှေတံခါးရပ်ကွက်ရှိ ကုလသမဂ္ဂ ကလေးသူငယ်ဖွံဖြိုးရေး အစီအစဉ် (Unicef) မှ ဖွင့်လှစ်သည့် ကျောင်းရှိ မောင်ချစ်သဲကို (အသက် ၁၅နှစ်) နှင့် သူငယ်ချင်းဖြစ်သူ မမိုးမိုးခိုင် (အသက် ၁၄ နှစ်) တို့အား အိမ်နီးချင်းဖြစ်သည့် ဒေါ်မြင့်မြင်ချိုက နေပြည်တော်၌ အလုပ်ရမည်ဆိုကာ ခေါ်ဆောင်၍ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ အမှတ် (၆၀၅) အမြောက်တပ်ရင်းသို့ ပို့ဆောင် ရောင်းစားခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။

“သားက အလုပ်ရမယ်ဆိုလို လိုက်သွားတာ။ စစ်တပ်ထဲဆိုတော့ မနေနိုင်ဘူးဆိုပြီး မိဘကို အတင်းပြန်ခေါ်ခိုင်းလို့ သွားခေါ်တော့မှ ဒီအမျိုးသမီးက လိမ်ခေါ်ပြီး ရောင်းစားတာကို သိရတာ” ဟု ၎င်းက ပြောသည်။

အမှတ် (၆၀၅) တပ်ရင်းက ဒေါ်မြင့်မြင်ချိုအား တပ်သားသစ် ပို့ဆောင်သည့်အတွက် ငွေကျပ် ၁ သိန်း ပေးသည်ဟု သိရကြောင်း၊ သို့သော် တပ်ရင်း တာဝန်ရှိသူများက ကလေးကို မိဘများလက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။

အလားတူ ပြည်မြို့ ရွာဘဲနယ်မြေ မင်္ဂလာဦး ရပ်ကွက်အတွင်း နေထိုင်သည့် မောင်ကောင်းထက်မောင်ကိုလည်း အဆိုပါတပ်သို့ပင် ဒေါ်မြင့်မြင့်ချိုက သွားရောက် ပို့ဆောင်ခဲ့သေးကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ လှည်းကူးမြို့နယ်ရှိ အမြောက်တပ်ရင်း (၆၀၅) သို့ ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

အသက် ၁၄ နှစ် အရွယ်ရှိ မမိုးမိုးခိုင်ကိုမူ ဒေါ်မြင့်မြင့်ချိုက တပ်ကြပ်ကြီးတဦး၏ ဇနီးဖြစ်သူ မစိုးစိုးဦး မှတဆင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ၀ါဝါ၀င်းစားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးနှစ်ဦးမှာ Unicef နှင့် မြန်မာနိုင်ငံ ခရစ်ယာန်များကောင်စီတို့ ပူးပေါင်းကာ ကျောင်းမနေနိုင်သည့် ကလေးသူငယ်များအား အသက်မွေးဝမ်းကျောင်းပညာကိုပါ တွဲဖက်သင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။

အဆိုပါ အမှုကို Unicef ၏ အကူအညီဖြင့်ပင် ပြည်မြို့တွင် ဖွင့်လှစ်ထားသည့် ပြစ်မှုကျူးလွန် အစော်ကားခံရသည့် ကလေးသူငယ်များအား တရားဥပဒေအရ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဖြစ်သည့် Legal Aid ဆိုသည့်အဖွဲ့က လိုက်ပါ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

စစ်သားအဖြစ် ရောင်းစားခံရသည့် မောင်ချစ်သဲကို၏ မိခင် ဒေါ်သန်းသန်းချိုက နောင်တွင် ကလေးများ လူကုန်ကူးခြင်း မခံရစေရန် တရားဥပဒေအရ အရေးယူပေးစေရေး ယခုကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် လူအခွင့်အရေးလှုပ်ရှားသူ တဦးကလည်း ယခုအခါ ပြည်မြို့တွင် စီးပွားရေး အခြေအနေအရ ကျောင်းမနေနိုင်သည့် လက်လုပ်လက်စား ကလေးသူငယ်များကို စစ်တပ်အတွင်းသို့ ရောင်းစားမှုများ ပိုမို များပြားလာကြောင်း၊ ယခုအမှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့သို့လည်း တိုင်ကြားထားကြောင်း သိရသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာကလေးငယ် ၈ ဦးကို လူကုန်ကူးဂိုဏ်းမှ ထိုင်းရဲ ကယ်ဆယ်

Wednesday, 27 July 2011 10:22 The Nation မောက္ခသတင်း (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင်မြို့ မူအန်နယ်မြေရှိ ငှါးရမ်းထားသော အခန်းတစ်ခန်းကို ထိုင်းရဲမှ ၀င်ရောက်စစ်ဆေးပြီး အသက် ၃ နှစ်မှ ၁၄ နှစ် အရွယ် ကလေးငယ်များကို မြန်မာ လူကုန်ကူးသူ ၃ ဦး လက်မှ ကယ်တင်နိုင်ခဲ့သည်။



ကလေးငယ်များကို လမ်းမကြီးများပေါ်တွင် တောင်းရမ်းခိုင်းပြီး နေ့စဉ် ဘတ်ငွေ ၅၀၀ မရှာပေးနိုင်ပါက နှိပ်စက် ခံကြရသည်ဟုလည်း သတင်းရရှိသည်။

ပြည်နယ်ရဲချုပ် ဒုဗိုလ်ချုပ် ချိုင်ယသီရိအမ်ပမ်ကာက ဖမ်းဆီး ထားမိသူတို့မှာ မြန်မာ အမျိုးသား တင်ဝင်း (အသက် ၅၇ နှစ်) နှင့် မြန်မာ အမျိုးသမီး ၂ ဦး၊ ချွေကြီး (၅၄ နှစ်) နှင့် မချို (၄၇ နှစ်) တို့ဖြစ်ကြောင့် ပြောပြခဲ့သည်။

ယခင်က အသက် ၁၄ နှစ်နှင့် အသက် ၁၆ နှစ် အရွယ် မိန်းကလေးငယ် ၂ ဦးတို့မှာ နှိပ်စက်ခံခဲ့ရပြီး ထွက်ပြေး လွတ်မြောက် ခဲ့ကြသည်။ သူတို့က ရဲဖက်သို့ ပြောပြခဲ့ရာတွင် သူတို့နှင့် အခြားသော ကလေးငယ်များကို အတင်းအဓမ္မ တောင်းရမ်း ခိုင်းစေခဲ့ကြပြီး မိန်းကလေးငယ် ၂ ဦးမှာ ဂိုဏ်းခေါင်းဆောင်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ကြရသည်။

ရဲချုပ်က ပြောကြားရာတွင် ဤလူကုန်ကူးဂိုဏ်းမှာ မယ်ဆိုင်မြို့၊ ချင်းရိုင်ခရိုင် တဖက်ခြမ်းတွင် နေထိုင်ကြသည့် ကရင်နှင့် မြန်မာ မိသားစုများမှ ကလေးငယ်များကို ခိုးယူခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကလေးငယ်များကို ချင်းမိုင်မြို့တွင် နေထိုင်စေပြီး ထိုင်းစကား ပြောသင်ပေးပြီး အ၀တ်နွမ်းများ ၀တ်ဆင်ပေးကာ လမ်းမပေါ်တွင် ငွေတောင်းရမ်းရန် စေခိုင်းခဲ့ကြသည်။ ကလေးတစ်ဦးချင်းမှ နေ့စဉ် ဘတ်ငွေ ၅၀၀ မတောင်းရမ်းနိုင်ပါက ရိုက်နှက်ခံကြရသည်။ တင်ဝင်းဆိုသူက မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားကြောင်း ရဲချုပ်က ရှင်းပြခဲ့သည်။

ရဲဖက်က ဆက်လက် စစ်ဆေးနေပြီး အခန်းသို့ မရောက်မီ အပြင်ထွက်သွားကြသော အခြားကလေးငယ် ၁၀ ဦးကိုလည်း ကယ်တင်ရဦးမည်ဖြစ်သည်။ အဖမ်းခံထားရသည့် ၃ ဦးမှာ လူကုန်ကူးမှု၊ တရားမ၀င် ၀င်ရောက်မှုတို့ အပြင် တင်ဝင်းမှာ အသက် ၁၅ နှစ်အောက် ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ဖြင့်လည်း ရုံးတင်ခံရမည်ဖြစ်သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်စု တရားစခန်း ဝင်မည်

မျိုးသန့် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၆ မိနစ်
ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် သောကြာနေ့မှစ၍ တရားစခန်း ၃ ရက်ဝင်မည် ဖြစ်ကြောင်း NLD ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောသည်။
“ မနက်ဖြန်ကစပြီး တရားစခန်း ၃ ရက်ဝင်မယ်
ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းမှာ ” ဟု မဇ္ဈိမကို ပြောသည်။
ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် တရားအားထုတ်မည့် တရားစခန်းကို ပြောရန် ငြင်းဆိုသော်လည်း ရန်ကုန် ၁၀ မိုင်ကုန်းရှိ ကျောင်းတိုက်တွင် စခန်းဝင်မည်ဟု ယုံကြည်ရသည်။

ပဲခူးမြို့တွင်လည်း ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းတိုက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့ နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီးနောက် တလပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန် ၁၀ မိုင်ကုန်းရှိ
ရွှေတောင်ကုန်း ပဏ္ဍိတရာမ သံဃာတော်များကို ဆွမ်းကပ်လှူခဲ့ဖူးသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြေသိမ်းမှုကြောင့် ရှမ်းတိုက်ပွဲများဖြစ်ရ

ကိုပေါက် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၂ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် ရှမ်းလက်နက်ကိုင် တပ်များ အကြား တိုက်ပွဲများ
ဖြစ်ပွားနေရခြင်းမှာ အာဏာပိုင်များက ဒေသခံများ၏ လယ်မြေ မတရား သိမ်းပိုက်မှုများကြောင့်သာ ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားသား ဒီမိုကရက်တစ်ပါတီ SNDP မှ ဦးစောယွန်းပိုင်က ပြောသည်။

“မကျေနပ်မှုတွေကတော့ ရှိနေကြမှာပဲလေ။ အဲဒီကနေ ပေါက်ကွဲတာပေါ့။ နယ်မြေ အသိမ်းခံရတယ်ဆိုတော့လည်း ဘယ်သူ ကျေနပ်မလဲဗျာ။ ပိုင်ရှင်က တောဘက်က အဖွဲ့အစည်းတွေကို သွားတိုင်မှာပေါ့ဗျာ။ ရန်ငြိုးရန်စကတော့ အဲဒီက စတာ ဖြစ်မှာပါ။ အလကားနေရင်းသက်သက်တော့ ဒီကိစ္စ မဖြစ်ပါဘူးဗျ။ အဲတော့ ကြုံရင်ကြုံသလို ချကြတာပေါ့” SNDP တောင်ပိုင်း ဥက္ကဋ္ဌ ဦးစောယွန်းပိုင်က ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်း မတရားမှုများ ဖြစ်ပေါ်ပါက SNDP ပါတီအား တိုင်ကြားနိုင်ကြောင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် ဆောင်ရွက်လာခဲ့ရာ မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဆန်နှင့် ခိုလမ်မြို့နယ်များမှ တိုင်ကြားစာများအား စီစစ်လက်ခံရရှိထားသည်။

တိုင်ကြားစာအများစုမှာ အစိုးရတပ်မှ လယ်မြေများ မတရား သိမ်းပိုက်ထားမှုများ ဖြစ်ကြောင်း ဦးစောယွန်းပိုင်က “ခိုလမ်ဘက်မှာ မီးရထားလမ်းဖြတ်မှာ မလွတ်လို့ဆိုပြီး လိုတာက နည်းနည်း သိမ်းလိုက်တာက အများကြီးပေါ့။ ပေ ၁ဝဝ လောက် လိုတာကို ပေ ၅ဝဝ လောက် အလွန်အကျွံ သိမ်းပစ်တာပေါ့။ လယ်စိုက်တဲ့နေရာတွေကို လိုက်သိမ်းတာမျိုး ရှိတယ်” ဟု ဥပမာတခု ထုတ်ပြ ပြောဆိုသည်။

ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေးတွင်း အတွက် လယ်တဧကလျှင် လျော်ကြေး ၂၄ဝ၁၈ ကျပ်ဖြင့် လယ်မြေများ သိမ်းယူမှုနှင့် နမ်ဆန်မြို့နယ်တွင်လည်း အလားတူ မြေသိမ်းမှုများ ဖြစ်ခဲ့ပြီး မိုင်းကိုင်မြို့နယ်မှ ထော်လာဂျီတစီးအား တပ်မှ ချောစွဲထားစဉ် တောထဲ၌ မီးလောင်ကျွမ်းပြီး ယာဉ်မောင်း သေဆုံးခဲ့ရမှု စသည့် မတရားမှုများအား စီစစ် လက်ခံ ရရှိထားကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာများနှင့် ပတ်သက်၍ “တချို့ကိစ္စကို ပြည်နယ်လွှတ်တော်မှာ တယ်ပြမယ်၊ တချို့ကိစ္စကျ
ပြည်ထောင်စု လွှတ်တော်မှာ တင်ပြမယ်၊ တချို့ကို ILO နဲ့ ညှိနှိုင်းမယ်။ တချို့ကိစ္စလေးတွေ NGO နဲ့ ညှိနှိုင်းမယ်” ဟု SNDP ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

ပြည်နယ် ဝန်ကြီးချုပ်အားလည်း တပါတည်း တိုင်ကြားခြင်း ဖြစ်သည်။ အနယ်နယ်မှ တိုင်ကြားမှုများ များပြားသော်
လည်း ခိုင်လုံသည့် သက်သေ အထောက်အထား ရှိသည့် တိုင်ကြားစာများကိုသာ တောင်ကြီး SNDP ရုံးက လက်ခံထားကြောင်း သိရသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၇ နေရာ အနိုင်ရရှိထားသော SNDP ပါတီသည် ရှမ်းပြည်နယ် အစိုးရ
တွင်လည်း ဝန်ကြီး ၂ နေရာ ရရှိထားသည်။

ရှမ်းပြည်နယ်အတွင်း ဇူလိုင်လ ဒုတိယအပတ် အတွင်းမှ ပြန်လည် ဖြစ်ပွားနေသော တိုက်ပွဲများမှာ မြေယာများ အဓမ္မသိမ်းယူရာမှ ဖြစ်ပွားရသည့် အလျောက် နှစ်ရှည် အထိန်းသိမ်းခံနေရသော ဦးခွန်ထွန်းဦး၊ စဝ်ဆေထင်တို့ အပါအဝင် ရှမ်းခေါင်းဆောင်များ လွတ်မြောက်ရေးနှင့် မဆိုင်ကြောင်း ဦးစောယွန်းပိုင်က ပြောသည်။

“ရှမ်းခေါင်းဆောင်တွေ လွှတ်ပေးလိုက်လို့ အပစ်အခတ်တွေ ရပ်သွားမယ်ဆိုတာ သိပ်မဖြစ်နိုင်ဘူးဗျ။ ခုတိုက်နေတာ
တွေက ခွန်ထွန်းဦးတို့၊ စဝ်ဆေထင်နဲ့ သိပ်မဆိုင်ဘူးဗျ။ သူတို့ကို လွှတ်လိုက်လို့ အပစ်အခတ်တွေ ရပ်သွားမယ်လို့ သိပ်မထင်ဘူးဗျ” ဟု သူက ပြောသည်။

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် SNDP မှ တင်ပြခဲ့ပြီး မကြာမီ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ဖြင့် တနှစ် လျှော့ချလာသော်လည်း နောက်ထပ် ထူးခြားမှု မရှိခဲ့ကြောင်း ဦးစောယွန်းပိုင်က ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို စက်တင်္ဘာလတွင် ပြန်လည် ကျင်းပနိုင်ဖွယ်
ရှိသည်ဟု ယူဆရကြောင်း ဦးစောသန်းမြင့်က ပြောသည်။

SNLD ပါတီအာဘော် အပတ်စဉ် ဂျာနယ်ကို မြန်မာ-ရှမ်း နှစ်ဘာသာဖြင့် ဇူလိုင်လတွင် စတင်ထုတ်ဝေရန် စီစဉ်ထားသော်လည်း ပါတီအကြောင်းမှ လွဲ၍ အခြားအကြောင်းအရာများ မဖော်ပြရဟု စာပေစီစစ်ရေးမှ ဆိုသဖြင့် မထုတ်ဝေနိုင်သေးကြောင်းလည်း ကြားသိရသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီတိုက်ခိုက်

ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် BNI (ပေးပို့ သူ ဗမာ့သွေး)
သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အားမြန်မာ စစ်တပ် တပတ်ကျော်ကြာ ဝိုင်းရံနေချိန် သျှမ်းပြည် တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီတိုက်ခိုက်နေ ကြောင်း စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ ဌာနချုပ်ဘက်ကို အင်အားထပ်ဖြည့်မယ့် ဗမာတပ်တွေကို စဝ်ယွက်စစ်ခေါင်းဆောင်တဲ့လက် အောက်ခံတပ်တွေက လမ်းမှာဖြတ်တိုက်တယ်။ မနေ့က မိုင်းနောင်ဘက်မှာတိုက်ပွဲအကြီး
အကျယ်ဖြစ်တယ်။ ကျေးသီး မိုင်းနောင်လမ်းဘက်လဲ အဲလိုဘဲ”- ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။


ဂျူလိုင် ၂၇ ရက် သျှမ်းပြည်တပ်မတော် SSPP/SSA မှ သီပေါမြို့နယ် မိုင်းတုံ - မိုင်းလာ ကျေးရွာအုပ်စု၌ တိုက်ပွဲ နှစ်ကြိမ်၊ မိုင်းရှူး မြို့နယ်၌ တကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် လည်း SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း ဘက်အင်းအားဖြည့်သည့်မြန်မာစစ်တပ်အား မိုင်းနောင်မြို့ နယ်ခွဲ အတွင်း ခြုံတိုက်ခိုက်သောကြောင့် မြန်မာဘက်က ဗျူဟာမှူး အဆင့်အပါအဝင် တပ်ကြပ်တယောက်၊ စစ်သည် တယောက် ဒဏ်ရာရသွားကြောင်း - ပြောပါသည်။


“ကျနော်တို့လှုပ်ရှားနေတဲ့ နယ်မြေအတွင်းမှာဘဲ တိုက်ခိုက်တာပါ။ မြောက်ပိုင်းနယ်မြေကို မြန်မာတပ်တွေ အင်အားသွားဖြည့်မယ့် သတင်းရထားလို့ ခြုံခိုတိုက်ခိုက်တာဘဲဖြစ်ပါတယ်။ ဘယ်နေရာဘဲတိုက်တိုက် ဘုံရန် သူတယောက်ထဲကိုဘဲ တိုက်တယ်ဆိုတော့ သဘောတူညီချက်အရ ကူညီတိုက်ခိုက်တာပါဘဲ” - ဟု RCSS ပြောရဲဆိုခွင့် ဗိုလ်မှူးလောဝ်ဆိုင် ကပြောပါသည်။


ဂျူလိုင် ၂၅ ရက်က မြန်မာစစ်တပ် စကခ ၁၇ လက်အောက်ခံ မိုင်းပန်အခြေစိုက် ခမယ ၅၇၇ တပ်ရင်းအား RCSS/SSA လက် အောက်ခံတပ်ဖွဲ့တဖွဲ့က မိုင်းနောင်မြို့နယ်ခွဲ ဝမ့်စင်းတိုက်နယ် နမ့်မောင်တံတား နှင့် လုံယန်းကွင်းပြင် အကြား ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ မြန်မာဘက်မှာ ဗျူဟာမှူး ဗိုလ်မှူး ဝင်းညွှန့် အပါအဝင် တပ်ကြပ်ကြီးတယောက်၊ ရဲဘော်တယောက် ဒဏ်ရာအပြင်း အထန် ရရှိပြီး ရှေ့မတက်ရဲဘဲ နောက်ပြန်လှည့် သွား ကြောင်း ဆိုသည်။


သီပေါမြို့နယ်အတွင်းတိုက်ပွဲတွင် SSPP/SSA သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ လက်လောက်ခံ ဗိုလ် စိုင်းယွေး ဦးဆောင် သည့် စစ်ကြောင်းတကြောင်း မြန်မာတပ် ခမယ ၃၂၅ အား မိုင်းတုံတိုက်နယ်၊ မိုင်းလာ ကျေးရွာအုပ်စု၊ ပုံလျဲန်းရွာအနီး၌ ယမန့် နေ့က နှစ်ကြိမ်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ မွန်းတည့်ချိန်တိုက်ပွဲတွင် မြန်မာဘက်မှ ရဲဘော်တယောက်သေဆုံးပြီး ၅ ယောက် ဒဏ် ရာရရှိကြောင်း၊ ညနေပိုင်းတိုက်ပွဲ အပြင်းအထန် တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း အသေအပျောာက်စာရင်းမရရှိသေးကြောင်း ဗိုလ်မှူးစိုင်လ ကပြောပါသည်။


မြန်မာအစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော်အကြား ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွား၏။ ဌာနချုပ် ဝမ့်ဟိုင်းအားလည်း မြန်မာတပ် ၁၀ ရင်းကျော်က ဝိုင်းရံထားဆဲဖြစ်၏။ ထိုအခြေအနေ အတွင်း အပစ်ရပ်ပြီး ငြိမ်းချမ်းရေး တည် ဆောက်ရန် မြန်မာဘက်မှ သံဃာတော်နှစ်ပါးစေလွှတ်ပြီး ဆွေးနွေးခဲ့ သေး၏။ သျှမ်းပြည်တပ်မတော်ဘက်တွင်မူ ရှေ့တန်းတက် မြန်မာ တပ်များရုပ်သိမ်းပေးခြင်းမရှိဘဲ ငြိမ်းချမ်းရေး အတွက်ကမ်းလှမ်းလာသည်မှာ အပြောနှင့် လက်တွေ့အလုပ်မညီဟု ဝေဖန်သုံးသပ်ပါသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တိုင်းရင်းသားဒေသ စစ်ပွဲများ အမြန်ဆုံးရပ်ရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

ထွန်းထွန်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၇ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ပထမဆုံး လူသိရှင်ကြား ပန်ကြားမှု ဖြစ်သော အစိုးရ တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် ကြာသပတေးနေ့က ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တကွ ကချင်လွတ်မြောက်ရေး အဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီနှင့် ရှမ်းပြည်တပ်မတော်တို့သို့ လိပ်မူထားသော အိတ်ဖွင့်
ပေးစာတွင် “တိုင်းရင်းသား လူမျိုးများ အားလုံး၏ အကျိုးစီးပွားများကို ရှေးရှု၍ ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်ခတ်ရပ်ဆဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်” ဟု ပါရှိသည်။

“ ယင်းပဋိပက္ခများကြောင့် သေကြေပျက်စီးမှုများ ဝမ်းနည်းဖွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုးကြီးသည့်
နိုင်ငံပိုင် အဆောက်အဦးများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရပါသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေ ကြသည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ ကူးစက် ပျံ့နှံ့မည့် အန္တရာယ်ရှိနေပါသည်” ဟုလည်း ပါရှိသည်။



“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံ ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား အားလုံးသည် နှစ်ပရိစ္ဆေဒများစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင်ခဲ့ကြသော ညီအကိုမောင်နှမများ ဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများအားလုံး ချစ်ကြည်ရင်းနှီး သွေးစည်းညီညွတ်ရေးသည် အလွန်အရေးကြီးပါသည်” လည်း ပါရှိသည်။

နိုဝင်ဘာ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲပြီး နောက်တရက်ကပင် ကရင်ပြည်နယ်တွင်း တကျော့ပြန် စတင်ခဲ့သော စစ်ပွဲများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်များတွင်ပါ ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဗဟိုအစိုးရ တပ်အောက်သို့ ဖိအားပေး သွတ်သွင်းရန် ကြိုးစားလာခဲ့ခြင်းက ယခင် အပစ်ခတ်ရပ် အဖွဲ့များကိုပါ စစ်ပွဲတွင်းသို့ ဆွဲခေါ်လာတော့သည်။

တိုင်းပြည်တခုတွင် စစ်တပ်တခုတည်း ရှိရေးမူကို နေပြည်တော်က တဖတ်သတ် ကြိုးစားနေချိန်တွင် ဖြစ်ပွားနေသော စစ်ပွဲများအကြောင်းကိုလည်း နေပြည်တော် ထိပ်တန်းအရာရှိများအကြား ထုတ်ဖော်ပြောဆိုမှု မပြုလုပ်ကြသလို အကဲဆတ်ထိ မခံသော အကြောင်းအရာ တခုဖြစ် နိုင်ငံရေးပါတီများကလည်း သတ်မှတ် ထားကြသည်။

“အခြေအနေအရ ဒီကိစ္စတွေ ငြိမ်းချမ်းဖို့အတွက် ဆောင်ရွက်ပေးချင်တယ်လို့ ထုတ်ကြေညာလိုက်တာပဲ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းရန် အသင့်ရှိနေပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အခု ပြည်တွင်းစစ်မီး တောင်လောက်နေတဲ့ အနေအထားကို ရောက်နေတယ်။ ဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ဆိုတာ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် လုပ်ဖို့ကောင်းတယ်။ အဖွဲ့အစည်း ရွေးနေစရာ မလိုပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ တင်ပြကြဖို့၊ ဆွေးနွေးကြဖို့၊ ညှိနှိုင်းကြဖို့ဆိုတာ အမြဲတမ်း လိုနေတာပဲ” ဟု NLD က ဗဟိုကော်မတီဝင် ဦးဝင်းတင်က ဆိုသည်။

ယခုထုတ်ပြန်ချက်ကို မိမိတို့အနေဖြင့် ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးပွင့်ဆိုင် ဆွေးနွေး သွားမှာကိုလည်း လိုလားကြောင်း ပြန်လည် ပူးပေါင်းထားသည့် ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ တိုင်းရင်းသားများကို ကိုယ်စားပြုပြီးတော့ လက်ရှိ အစိုးရနဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ဆွေးနွေးပေးနိုင်မယ် ဆိုရင်တော့၊ တောင်းဆိုပေးမယ် ဆိုရင်တော့ ကျနော်တို့က လိုလားပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့အထိ ရှမ်းနှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ရှိနေသည်။ တိုက်ပွဲများကြောင့် ကျောင်းများပင် ပိတ်ထားရကာ အစိုးရဘက်မှ လေယာဉ်ဖြင့်ပင် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ရှမ်းပြည်တပ်မတော် SSA အရာရှိများထံမှ သိရသည်။

ကချင်ပြည်နယ်တွင်လည်း KIO နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန်အတွက် စာဖြင့် အပြန်အလှန် ညှိနှိုင်းနေ သော်လည်း ယခုအချိန်အထိ မစေ့စပ်နိုင်သေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ ဖြစ်သည်။ စစ်ဘေးကြောင့် ဒုက္ခသည် ၁၆ဝဝဝ ကျော် ရှိနေကာ အကူအညီများ လိုအပ်နေကြောင်းလည်း KIO ကျန်းမာရေးဌာန အရာရှိတဦး
ပြောဆိုချက်အရ သိရသည်။

ကရင်ပြည်နယ်တွင်လည်း ဒေသခံတပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဇူလိုင်လ ၂၁ ရက်နေ့ထိ တဖက်နှင့် တဖက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိခဲ့ပြီး ဘက်ပြောင်းသွားသည့် ဗိုလ်ချုပ်နှုတ်ခမ်းမွှေး တပ်များ မြဝတီမြို့အနီး လှုပ်ရှားမှုရှိသဖြင့် ရွာသားများအား ရွာပြင်မထွက်ရန် DKBA တပ်များက တပ်လှန့်ထားခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ဘယ်နည်းနဲ့ဖြစ်ဖြစ်ပေါ့ဗျာ။ ငြိမ်းချမ်းရေး ရချင်တယ်။ ဘယ်လိုနည်းနဲ့ ရနိုင်မလဲ ဆိုတာ။ တယောက်နဲ့ တယောက် တိုက်ပြီး ချေမှုန်းနေတာတော့ မလိုချင်ဘူးဗျ အမှန်အတိုင်း ပြောရင်၊ ပြည်တွင်း ငြိမ်းချမ်းဖို့ ဆိုရင်” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် တရပ်ဖွဲ့စည်းရန်ကိုလည်း ဇူလိုင်လ ၂၇ ရက်နေ့က ၃၇ ပါတီနှင့် ပြည်ထောင်စုကော်မရှင် တွေ့ဆုံပွဲတွင် တိုင်းရင်းသား ၅ ပါတီက တောင်းဆိုခဲ့ကာ လွှတ်တော်၌ တင်ပြသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့သည်။

တောင်းဆိုခဲ့သည့် ၅ ပါတီမှာ မွန်၊ ရခိုင်၊ ဖလုံစဝေါ်၊ ရှမ်းနှင့် ချင်းအမျိုးသားပါတီတို့ ဖြစ်သည်။

“ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအခြေအနေက လိုအပ်နေတယ်လေ။ ခဏခဏ ပစ်နေတာတွေ၊ ခတ်နေတာတွေ ရှိတယ်လေ။ ပြည်သူတွေကလည်း သိပ်ပြီး အေးအေးဆေးဆေး မနေရဘူးပေါ့။ ရွာတွေဘက်က တိုက်ပွဲဖြစ်တဲ့ အခြေအနေတွေမှာ ဒါက ပထမ အရေးကြီးတဲ့ အရာလို ဖြစ်နေတာ ငြိမ်းချမ်းရေးကလေ” ဟု ဖလုံစဝေါ်ပါတီ အတွင်းရေးမှူး ဦးစောဘီကျင်ဦးက ပြောသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျောက်စိမ်း သိန်းတထောင်ဖိုး ရှမ်းပြည်တွင် ဖမ်းဆီး

သန်းထိုက်ဦး Thursday, 28 July 2011 18:09 (ပေးပို့ သူ ဗမာ့သွေး)
သိန်းတထောင်ဝန်းကျင် တန်ဖိုးရှိသည့် ကျောက်စိမ်းများကို ရှမ်းပြည်နယ် လားရှိုး - သိန္နီ ကားလမ်း၊ ရေပူ စစ်ဆေးရေးဂိတ်က ယခုလ ၁၆ ရက်နေ့တွင် သိမ်းဆည်းလိုက်ကြောင်း သိရသည်။

သယ်ဆောင်ခွင့် လက်မှတ် မရှိသဖြင့် ကျောက်ကုန်သည် ၁၂ ဦးခန့် ပိုင်ဆိုင်သည့် ထိုကျောက်စိမ်းများ အသိမ်းခံရခြင်း ဖြစ်သည်ဟု ပိုင်ရှင်တဦးဖြစ်သူ ဒေါ်စိုးစိုးက ဧရာဝတီကို ပြောသည်။

“တခါမှ အဖမ်းခံရတာ မကြုံဘူး၊ ဒီတခါ ကြုံဖူးတော့ အရင်းကို ပြုတ်သလောက် ဖြစ်သွားတာပါပဲ” ဟု သူက ရှင်းပြသည်။

ထိုကျောက်စိမ်းတုံးများကို ယခုလဆန်းပိုင်း နေပြည်တော် ကျောက်မျက် ရောင်းချပွဲသို့ သွားရောက်ခဲ့သည့် တရုတ်နိုင်ငံသားများထံမှ ၀ယ်ယူထားကြခြင်း ဖြစ်ကြောင်း ဒေါ်စိုးစိုးက ပြောသည်။

“တရုတ်နိုင်ငံသားတွေက ကုန်သည်ကြီးတွေ။ ကိုယ်က သူတို့ဆီက လက်လီကလေး ၀ယ်ရတယ်။ သယ်ဆောင်ခွင့် လက်မှတ်တွေ ဘယ်လိုလုပ် ငှားမှာလဲ” ဟု ဒေါ်စိုးစိုးက ရှင်းပြသည်။

တရုတ်နိုင်ငံသို့ သွားမည့် ထိုကျောက်စိမ်းတုံးများကို လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲ၊ စစ်တပ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ နောက်တနေ့တွင် ကျောက်များ ပြန်လည် ရရှိရန် သွားရောက် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

လဆန်းပိုင်းက ပြုလုပ်သည့် ကျောက်မျက်ပွဲတွင် တရုတ်ကုန်သည်ထက် ပြည်တွင်း ကုန်သည်တို့၏ ၀ယ်ယူမှုက ပိုမို များပြားကြောင်း သိရသည်။



ထိုသို့ ဖြစ်ရခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား ကုန်သည်များ ၀ယ်ယူလာသည့် ကျောက်၏ တန်ဖိုး အပေါ် ၃၀ ရာခိုင်နှုန်း အခွန် ကောက်ခံမည်ဟု ပြဋ္ဌာန်းလိုက်သောကြောင့် ဖြစ်ဖွယ်ရှိကြောင်း ကျောက်ကုန်သည်များက သုံးသပ်ကြသည်။

ကျောက်စိမ်းကို တရုတ်လူမျိုးများ အလွန် နှစ်သက်ပြီး အမြတ်တနိုး ၀တ်ဆင်ကြသည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို လက်ကောက်၊ လည်ဆွဲ စသည့် အချောထည်ပုံ အမျိုးမျိုး ထုဆစ်ကာ အရောင်းအ၀ယ် လုပ်ကြသည်။

ရှမ်းပြည်နယ် မူဆယ်မြို့ တဖက်ကမ်းရှိ တရုတ်နိုင်ငံ ရွှေလီမြို့သည် တရားဝင်နည်း၊ တရားမ၀င်နည်းများဖြင့် ရောက်ရှိသွားသော မြန်မာ့ကျောက်စိမ်းများကို အကြီးအကျယ် ရောင်းဝယ်သည့် ဒေသတခု ဖြစ်သည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လာဘ်စားမှုဖြင့် သင်္ကာမကင်းခံရသူ ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို စစ်ဆေး

ဧရာဝတီ Thursday, 28 July 2011 12:00 (ပေးပို့ သူ ဗမာ့သွေး)
လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည် ဆိုသော ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။



အဆိုပါ ၅ ဦးမှာ လက်ရှိ စစ်တပ်တွင် တပ်မတော်စစ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကျော်ဖြိုး (DSA – ၂၂)၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ ကစထမှူး ဗိုလ်ချုပ်မြင့်စိုး (OTS-၆၀)၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး (DSA-၂၄)၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး (OTS-၆၃) တို့ ပါဝင်ကြောင်း စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင် အရင်တြိဂံဒေသ တိုင်းမှူးလုပ်ခဲ့တယ်။ လက်ရှိတိုင်းမှူးရော၊ အရင်တိုင်းမှူးရော ခေါ်အစစ်ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူးလုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတ ဦးသိန်းစိန်ဆီ တိုင်တယ်။ ကမ်းရိုးတန်းတိုင်းမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ လက်ရှိတိုင်းမှူးရော အဲဒီလို အတိုင်ခံရတာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“အတိုင်ခံရတာဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေနဲ့တကွ အပြစ်ကျူးလွန်ခဲ့တာ မပြနိုင်ရင်တော့ ရာထူးက အနားပေး ခံရတာတို့၊ နုတ်ထွက်ခိုင်းတာတို့ ဖြစ်မှာမဟုတ်ဘူး။ သက်သေမပြနိုင်ရင်တော့ သတိပေးတဲ့အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။

ယခုလအတွင်း ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ဗိုလ်ချုပ်တင်ငွေသည် မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သော မြေကွက် အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ပြီး လက်ရှိမန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် သက်သေ သာဓကနှင့်တကွ အာဏာ အလွဲသုံးစားပြု မြေကွက်ရောင်းစားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းသည်လည်း ဇွန်လတွင် ရာထူးမှ အနားပေးခံလိုက်ရပြီး အစိုးရသစ်တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်းခံလိုက်ရသော ထိပ်တန်း စစ်တပ် အဆင့်မြင့်အရာရှိ တဦးဖြစ်ခဲ့သည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်းတာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့်နီးစပ်သူ စစ်အရာရှိများကို အရေးကြီးသော ရာထူးတာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြ သည်။

“ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီ ဆိုတာနဲ့ ဦးစီးချုပ်က သူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့သူတွေကို လာဘ်ပေးလာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ်တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ ဒါက တပ်မတော်မှာ အစဉ်အလာလို ဖြစ်နေပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်တွင်း အခြေအနေများ၊ ရာထူးအပြောင်းအလဲ လုပ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြ၍ ညွှန်ကြားမှုခံယူသည်ဟု စစ်ဘက်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, July 28, 2011

စစ်ရဲ့သားကောင်မှာ လူတွေချည်းမဟုတ်၊ တိရစ္ဆာန်တွေလည်းပါ

ဂျင်အင်ဒရူး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၇ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် နယ်စပ်ဒေသများတွင်ဖြစ်ပွားနေသည့် စစ်ပွဲများသည် ကရင်ပြည်သူများကိုဘေးဒုက္ခအန္တရာယ် ကျရောက်စေသည်သာမက ဒေသတွင်းရှိ တောရိုင်း တိရစ္ဆာန်များကိုလည်း တိုးမြှင့်ခြိမ်းခြောက် လာနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာအသစ် တစောင်ကဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က သဘာဝ ဘေးမဲ့တောအဖြစ် ၁၉၈၉ ခုနှစ်က သတ်မှတ်ခဲ့သော မဲကသာ တောကြီးအတွင်း ဆင်ရိုင်းကောင်ရေသည် ခန့်မှန်းခြေ ၁၅ ကောင်အထိ ကျဆင်းသွားခဲ့သည်ဟု ကရင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုလှုပ်ရှားမှုကွန်ရက် Karen Environmental and Social Action Network (KESAN) က ဂျူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါဘေးမဲ့တောအတွင်း နေထိုင်ကြသည့် နောက်ထပ် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၆ဝ ခန့်အနက် သုံးပုံတပုံ ခန့်မှာ မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟုလည်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။


မဲကသာ ဘေးမဲ့တောသည် ထိုင်းနိုင်ငံသဘာဝ တောရိုင်း တိရစ္ဆာန် ဥယျာဉ်နှင့် ထိစပ်တည်ရှိပြီး အကျယ်အဝန်း အားဖြင့် ၁၅၆ စတုရန်း ကီလိုမီတာ ရှိသည်။ ကရင်နှင့် မြန်မာ စစ်တပ်များ တိုက်ပွဲဖြစ်လျှင် ထွက်ပြေးနိုင်ရန် အတွက် မြန်မာဘက်ခြမ်းမှ ရွာသားများသည် အမြဲအသင့်ပြင်ထားကြရပြီး သူတို့သည် မကြာခဏပင် ပြည်တွင်း ရွှေ့ပြောင်း နေထိုင်သူ ရွာပုန်းရွာရှောင် ဒုက္ခသည်များ အဖြစ် ကျရောက်ကြရသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

အတောမသတ် ဖြစ်ပွားနေသော တိုက်ပွဲများသည် ဆင်ရိုင်းကောင်ရေနှင့် အခြား တိရစ္ဆာန်မျိုးစိတ်များ လျော့နည်း ကျဆင်းနေရခြင်း၏ တခုတည်းသော အကြောင်း မဟုတ်ပါဟုလည်း ကီဆန် အစီရင်ခံစာကဆိုသည်။ အမဲလိုက်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ တရားမဝင် သစ်ခုတ်လှဲခြင်း၊ တောပြုန်းစေခြင်းတို့သည်လည်း အဓိကခြိမ်းခြောက်နေသည့် အချက်များဖြစ်သည်ဟု ဆိုသည်။

ရှားပါး တိရစ္ဆာတမျိုးဖြစ်သည့် ဆူမားထရားကြံ့ ဆိုလျှင် ယခုအခါ လုံးဝပျောက်ကွယ် သွားခဲ့ပြီဖြစ်သည် ဟုလည်း ဆိုသည်။ အခြား မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်ရှိသည့် မျိုးစိတ်များမှာ နို့တိုက်သတ္တဝါ ၂၂ မျိုး၊ ငှက်မျိုးစိတ် ၂၃ ခု၊ တွားသွားသတ္တဝါ ၈ မျိုးနှင့် ကုန်းနေ၊ရေနေ သတ္တဝါ ၅ မျိုးတို့ ဖြစ်ကြသည်။

အန္တရာယ် အရှိဆုံး အခြားမျိုးစိတ်များမှာ ကျား၊ အစက်အပြောက်များပါ ကျားသစ်တို့ ဖြစ်ကြသည်ဟု ကီဆန် အစီရင်ခံစာက မြေမြှုပ်မိုင်းကြောင့် သေဆုံးနေသော အရွယ်ရောက်ပြီး ကျားသစ်တကောင်၏ ဓါတ်ပုံနှင့် အတူ ဖော်ပြရေးသားထားသည်။

ကီဆန် အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ကရင်ရွာသားများ ၂ဝဝ၈ ခုနှစ်မေလမှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအထိ ကွင်းဆင်းလေ့လာ ပြုစုခဲ့ကြခြင်း ဖြစ်သည်။

ဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သူတို့၏ လေ့လာသုတေသနလုပ်ငန်းများ အနှောင့်အယှက် အဟန့် အတား ဖြစ်ခဲ့ရသည်။ “ ဒေသတွင်းလုံခြုံမှု မရှိခြင်းကြောင့် ပညာရပ်ဆိုင်ရာ လေ့လာခြင်း လုပ်ငန်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အန်ဂျီအိုများ၏ ဆန်းစစ် လေ့လာခြင်း လုပ်ငန်းများ ကဲ့သို့သော ပြင်ပမှ ဝင်ရောက် စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို အထူးတလည် အဟန့်အတား ဖြစ်စေခဲ့သည်" ဟု အစီရင်ခံစာတွင်
ရေးသားထားသည်။

သစ်တောနှင့် သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ကြပါရန်လည်း ကီဆန် အစီရင်ခံစာက ဒေသခံကရင်ပြည်သူများကို တိုက်တွန်း နှိုးဆော်ထားသည်။

“ (ကရင်ယဉ်ကျေးမှုကဲ့သို့သော) ဇီဝမျိုးစုံလင်မှုသည် အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် ပြင်ပနိုင်ငံတကာမှဆောင်ရွက်ပေးမည့်သူများ ရောက်ရှိလာသည်အထိ စောင့်ဆိုင်း မနေနိုင်ပါ ” ဟု အစီရင်ခံစာက ဆိုသည်။

“ သစ်တောများ ထိန်းသိမ်းရန်နှင့် ဇီဝမျိုးစုံလင်မှုကို ထိန်းသိမ်းရန်အတွက် ဒေသခံ ပြည်သူများ အနေနှင့် သူတို့ တတ်စွမ်းသမျှ ပါဝင် လုပ်ကိုင်ကြရမည် ဖြစ်သည်။ ထိုသို့ လုပ်ကိုင်ခြင်း မရှိပါက သစ်ထုတ်ခြင်း၊ ဆည်များ တည်ဆောက်ခြင်းနှင့် အခြား စက်မှုလုပ်ငန်းများက သယံဇာတ ထုတ်ယူမှုများကြောင့် ပျက်စီးဆုံးရှုံးရတော့မည် ” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

အစီရင်ခံစာ ပြုစုရခြင်း၏ ရည်ရွယ်ချက်မှာ "ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ မိရိုးဖလာ သိရှိထားသော အသိပညာများဖြင့် သစ်တောများကို ကယ်တင်ရန် ကြိုးပမ်းခြင်းသည် မိမိတို့နိစ္စဓူဝ လုပ်ဆောင်နေရသော ရှင်သန်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများနှင့် အတူတူပဲဆိုသည်ကို သူတို့အား ပြသရန်ပင်ဖြစ်သည် ” ဟု အစီရင်ခံစာတွင် ဆိုထားသည်။

အစီရင်ခံစာကို သုတေသန ရလဒ်များဖြင့် ကျောထောက် နောက်ခံပြု ရေးသားထားခြင်း ဖြစ်ပြီး စစ်ပွဲကို အဆုံးသတ် ကြရန်လည်း အကြံပြုချက်အဖြစ် ရေးသားထားသည်။ သစ်တောများကို ပျက်စီးဆုံးရှုံးစေသည့် သစ်ထုတ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ရာဘာပင် စိုက်ပျိုးခြင်းများကို မပြုလုပ်ကြရန်နှင့် အမဲလိုက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်သည့် ဥပဒေများ ပြဋ္ဌာန်း ကာကွယ်ကြပါရန်လည်း အဆိုပါအစီရင်ခံစာက တိုက်တွန်း အကြံပြုထားသည်။

yRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */